Search

တရားဟောချက်များ

ဘာသာရပ် ၈ - သန့်ရှင်းသောဝိညာဉ်တော်

[8-1] သန့်ရှင်းသောဝိညာဉ်တော်သည် ဘုရားသခင်၏ကတိစကားတော်၌ အမှုပြုသည် (တမန်တော်ဝတ္ထု ၁:၄-၈)

သန့်ရှင်းသောဝိညာဉ်တော်သည် ဘုရားသခင်၏ကတိစကားတော်၌ အမှုပြုသည်
 
(တမန်တော်ဝတ္ထု ၁:၄-၈)
“ထို့နောက် အတူတကွစုရုံးနေကြစဉ် ကိုယ်တော်က သူတို့အား“ဂျေ ရုဆလင်မြို့မှ ထွက်ခွာမသွားဘဲ ငါ့ထံမှ သင်တို့ကြားရသော ခမည်းတော်၏ကတိတော်ကို စောင့်နေကြလော့။ အကြောင်းမှာ ယောဟန်သည် ရေ၌ဗတ္တိဇံပေး၏။ သင်တို့မူကား မကြာမီအတွင်း သန့်ရှင်းသောဝိညာဉ်တော်၌ ဗတ္တိဇံခံရကြလိမ့်မည်”ဟု မိန့်မှာတော်မူ၏။ တစ်ဖန် သူတို့စုဝေးလာကြသောအခါ သူတို့က ကိုယ်တော်အား “သခင်ဘုရား၊ ကိုယ်တော်သည် ယခုအချိန်တွင် အစ္စရေးလူမျိုးအတွက် နိုင်ငံကို ပြန်လည်ထူထောင်ပေးတော်မူမည်လော”ဟု မေးလျှောက်ကြ၏။ ကိုယ်တော်ကလည်း“ခမည်းတော်သည် မိမိအခွင့်အာဏာဖြင့် စီရင်ထားတော်မူသောကာလများ၊ သို့မဟုတ် အချိန်အခါများကို သင်တို့သိရန်မလိုအပ်ပေ။ သို့သော် သင်တို့အပေါ်သို့ သန့်ရှင်းသောဝိညာဉ်တော်သက်ရောက်လာသောအခါ သင်တို့သည် တန်ခိုးကိုရရှိလျက် ဂျေရုဆလင်မြို့၊ ယုဒနယ်နှင့်ရှမာရိနယ်တစ်ခုလုံးသာမက မြေကြီးစွန်းတိုင်အောင် ငါ၏သက်သေများဖြစ်ကြလိမ့်မည်”ဟု မိန့်တော်မူ၏။”
 

သန့်ရှင်းသောဝိညာဉ်တော်ကျိန်းဝပ်ခြင်း သည်ဘုရားသခင်မှဆုကျေးဇူး ဖြစ်သလား။(သို့) လူတစ်ဦး၏ကြိုးပမ်းအား ထုတ်မှုအားဖြင့်ရရှိသော ဆုကျေးဇူးဖြစ်သလား
၄င်းသည်အပြစ်လွှတ်ခြင်းအခွင့်ရရှိသောသူများ အပေါ်ဘုရားသခင်ပေးထားသောဆုကျေးဇူး တစ်ခုဖြစ်သည်။ ၄င်းထဲတွင် ဘုရား သခင်၏ဂတိတော်ပြည့်စုံခြင်း အဓိပ္ပါယ်လည်း ပါဝင်သည်

တချိန်က ကျွန်တော်ဆုတောင်းနေသည့်အချိန်တွင် သန့်ရှင်းသော ဝိညာဉ်တော်နှင့်တူသည့်မီးလျှံကဲ့သို့သောတောက်ပသောအရာများကိုကျွန် တော်မြင်တွေ့ခဲ့ဘူးသည်။ သို့သော် ထိုမီးလျှံများသည်ကြည်ရှည်မရှိပေ။ စု ပုံထားသောအပြစ်ထဲတွင်ခဏအတွင်း ပျောက်ကွယ်သွားခဲ့သည်။ ထို ကြောင့်ယခုတွင် ကျွန်ုပ်တို့ထဲတွင် အပြစ်တရားကြောင့်ခဏအတွင်း ပျောက်ကွယ်သွားနိုင်သော ဝိညာဉ်တော်မဟုတ်၊ စစ်မှန်သောသတင်း ကောင်းအားဖြင့် အစဉ်အမြဲကျိန်းဝပ်တော်မူသော သန့်ရှင်းသောဝိညာဉ် တော်သမ္မာတရားကိုကျွန်တော်မိတ်ဆွေအားပြသလိုပါသည်။ ယခု ကျွန် တော်မိတ်ဆွေကို မိတ်ဆက်ရမည့်သန့်ရှင်းသောဝိညာဉ်တော်အကြောင်း သည်ဆုတောင်းခြင်းအားဖြင့်ရရှိနိုင်သောအရာမဟုတ်ပေ။ သို့သော် ရေနှင့် ဝိညာဉ် တော်သတင်းကို ယုံကြည်ခြင်းအားဖြင့်သာလျှင်ရရှိနိုင်သောအရာ ဖြစ်သည်။ 
ဤစာအုပ်အားဖြင့်  1သန့်ရှင်းသောဝိညာဉ်တော်ကျိန်းဝပ်ခြင်း ရရှိရန် ကျွန်တော်မိတ်ဆွေကိုလမ်းပြလိုပါသည်။ မိတ်ဆွေအား ကျွန်တော်ဝေငှနေ သောသတင်းကောင်းကို သန့်ရှင်းသောဝိညာဉ်တော်မှုတ်သွင်းခြင်းဖြစ် ကြောင်း မိတ်ဆွေသိရှိပါလိမ့်မည်။ ဤအချိန်တွင်ကျွန်ုပ်တို့သည် သန့်ရှင်း သောဝိညာဉ်တော်ကျိန်းဝပ်ခြင်းရရှိရန် ဘုရားသခင်၏တစ်ခုတည်း သော အလိုတော်ဖြစ်သည်။ မိတ်ဆွေသည် ဤစာအုပ်အားဖြင့်သန့်ရှင်း သောဝိ ညာဉ်တော်ကျိန်းဝပ်ခြင်းအကြောင်းကို သင်ယူပြီး ရရှိနိုင်ပါသည်။ ဤစာ အုပ်သည်မိတ်ဆွေအတွက်မလုံလောက်သေးလျှင် ယခင်က ကျွန်တော် ထုတ်ဝေခဲ့သောစာအုပ်နှစ်အုပ်ကိုဖတ်ရှုရန် ကျွန်တော်မိတ်ဆွေအား အကြံ ပြုလိုပါသည်။ဤစာအုပ်များအားဖြင့် ဘုရားသခင်ရှေ့မှောက်တွင် မိတ် ဆွေသည် ပြည့်စုံ သောယုံကြည်ခြင်းကိုရရှိပါလိမ့်မည်။
 
1ရေနှင့်ဝိညာဉ်တော်သတင်းယုံကြည်ခြင်းအားဖြင့်အပြစ်လွှတ်ငြိမ်းချမ်းသာခြင်းရရှိသောသူများဖြစ်ကြသောဒုတိယမွေးဖွါးခြင်းကိုခံသောသူများ၏နှလုံးသားထဲတွင်သန့်ရှင်းသော ဝိညာဉ်တော်ကိန်းဝပ်လျက် ရှိသည်။ သူသည်ယုံကြည် သူများအထဲတွင်တစ်ကြိမ်ဝင်ပြီးသည်နှင့် သူ့အထဲတွင်ထာဝရကိန်းဝပ်လျက် ရှိပြီး သတင်းကောင်းကိုယုံကြည်နေသရွေ့ဘယ်သောအခါမှ ထိုသူအထဲမှထွက်သွားတော့မည် မဟုတ်ပေ။ သူက ယုံကြည်သူများကိုအသိပညာထွန်းကား စေသည်။ ဘုရားသခင်၏အလိုတော်နှင့် အညီသမ္မာကျမ်းစာကိုသိရှိရန်လမ်းပြပေးသည်။ ဤလောကတွင်ရှိသောစုံစမ်းနှောင့်ယှက်ခြင်းများနှင့် အခက်အခဲများအောင်မြင် ကျော်လွှားရန် သူတို့ကို သန့်ရှင်းသောဝိညာဉ်တော်ကခွန်အားပေးသည်။ ဝိညာဉ်တော်အသီးကို ဝေဝေဆာဆာ သီးစေသည်။ သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်းအားဖြင့် ဘုရားသခင်၏ ဗိမာန်တော်အဖြစ် ယုံကြည်သူများ၏ခန္ဓာကိုယ်ကို ဘုရားသခင်ကချီးမြှောက်သည် (တမန် ၂:၃၈-၃၉၊ ယောဟန် ၁၄:၁၆၊ ၁၆:၈-၁၀၊ ၁ကော ၃:၁၆၊ ၆:၁၉၊ ဂလာ ၅:၂၂-၂၃)။

ပင်တေဂုတ္တေနေ့တွင် သခင်ယေရှု၏တပည့်တော်များအပေါ်သို့သန့် ရှင်းသောဝိညာဉ်တော်ဆင်းသက်သည့်နည်းတူ ခရစ်ယာန်များစွာတို့သည် သန့်ရှင်းသောဝိညာဉ်တော်ကိုရရှိရန်ကြိုးပမ်းနေကြသည်။ အချို့သောသူ များသည်ဤနည်းစနစ်ကိုအသုံးပြုခြင်းအားဖြင့်ငွေကြေးများစွာရရှိခဲ့သည်။ လူတွေကြိုးပမ်းအားထုတ်ခြင်းအားဖြင့် သန့်ရှင်းသောဝိညာဉ်တော်ရရှိနိုင် သည်ဟု သူတို့က ဟန်ဆောင်ပြော ဆိုတတ်ကြသည်။ သူတို့ကရူပါရုံမြင် တွေ့ခြင်း၊အံ့သြဖွယ်နိမိတ်လက္ခဏာပြုခြင်း၊ သခင်ယေရှု၏အသံတော် ကြားခြင်း၊အခြားဘာသာစကားပြောဆိုခြင်း၊ အနာရောဂါငြိမ်းစေခြင်းနှင့် နတ်ဆိုးများကိုနင်ထုတ်ခြင်းများပြုလုပ်လိုကြသည်။ သို့သော် သူတို့၏နှ လုံးသားများထဲတွင် အပြစ်ရှိကြကာသူတို့သည် ဝိညာဉ်ဆိုးများလွှမ်းမိုးမှု အောက်တွင်ရှိကြသည်။ ယခုချိန်၌ပင် လူများစွာတို့သည် နတ်ဆိုးများ၏ တန်ခိုးအောက်တွင်ရှိနေသည်ကို မသိမမှတ်ဘဲလျက် အ သက်ရှင်ကြ သည်။ ၄င်းသည် စာတန်မာရ်နတ်က လူတွေကို လိမ်ညာမှု သက်သက်ဖြစ် သောဖြစ်ရပ်ဆန်းများနှင့် အံ့သြဖွယ်နိမိတ်လက္ခဏာများ ပြဿသည့်နည်း စနစ်မျိုးစုံတို့ကို အသုံးပြုကာ လူတွေကိုဖြားယောင်းသွေးဆောင်ခြင်း ဖြစ် သည်။ 
သခင်ယေရှုကတပည့်တော်များအား “ဂျေရုဆလင်မြို့မှ ထွက်ခွာမသွားဘဲ ငါ့ထံမှ သင်တို့ကြားရသော ခမည်းတော်၏ကတိတော်ကို စောင့်နေကြလော့”(တမန် ၁း၄) ဟု မိန့်မှာတော်မူခဲ့သည်။ တမန်တော်ဝတ္ထုထဲ တွင် ဖော်ပြထားသောသန့်ရှင်းသောဝိညာဉ် တော်ရရှိခြင်းသည် "အတွေ့အ ကြုံ၊" "ဝတ်ပြုကိုးကွယ်ခြင်း၊" (သို့) "နောင် တရခြင်းအတွက် ဆုတောင်း ခြင်းများ"အားဖြင့် မဟုတ်ပေ။ သို့သော် သူတို့အပေါ်သို့သန့်ရှင်းသော ဝိ ညာဉ်တော်ပေးအပ်ခြင်းအတွက် "ဘုရားသခင်၏ ဂတိတော်စောင့်မျှော် ခြင်း"အားဖြင့်သာ ဖြစ်သည်။ ဤကျမ်းပိုဒ်ထဲတွင် ကျွန်ုပ်တို့သင်ယူရမည့် အရာသည် လူတွေ၏အရူးအမူး ဆုတောင်းခြင်း အားဖြင့် သန့်ရှင်းသောဝိ ညာဉ်တော်ကျိန်းဝပ်ခြင်းမဖြစ်ပေါ်နိုင်ပေ။ လူသားများအပေါ် ခမည်းတော် ဘုရားသခင်နှင့် သခင်ယေရှုခရစ်တော်ပေးအပ် ထားသောရေ နှင့်သန့်ရှင်း သောဝိညာဉ်တော်သတင်းကောင်းကိုလုံးဝယုံကြည်နိုင်ခြင်းသည် ဘုရားသ ခင်၏ကျေးဇူးတော်ပင်ဖြစ်သည်။ ကျွန်ုပ်တို့အပေါ် သခင်ယေရှုခရစ်တော် ပေးအပ်ထားသောသတင်းကိုယုံကြည်ခြင်းအားဖြင့်စစ်မှန်သော သန့်ရှင်း သောဝိညာဉ် တော်ကျိန်းဝပ်ခြင်းပေါ်သည်။ ကျွန်ုပ်တို့သည် သန့်ရှင်းသော ဝိညာဉ်တော်ကျိန်းဝပ်ခြင်းရရှိခံစားနိုင်ရန်အ တွက်ဘုရားသခင်က ကျွန်ုပ် တို့အားရေနှင့်ဝိညာဉ်တော်၏ သမ္မာတရားကို ပေးခဲ့ပါသည် (၁ ယောဟန် ၂း၂-၅)။
"သန့်ရှင်းသောဝိညာဉ်တော်ဂတိတော်" စကားစုကို ဓမ္မသစ်ကျမ်းနေ ရာအများအပြားတွင် တွေ့ရှိနိုင်သည်။ ရှင်ပေတရုက ပင်တေဂုတ္တေနေ့သန့် ရှင်းသော ဝိညာဉ်တော်ဗတ္တိဇံခံသောအချိန်တွင် သူဟောပြောသောဒေသ နာထဲတွင် “ပေတရုကလည်း “သင်တို့၏အပြစ်များခွင့်လွှတ်ခြင်းကျေးဇူးအတွက် နောင်တရ၍ သင်တို့တစ်ဦးစီသည် ယေရှုခရစ်တော်၏နာမတော်၌ ဗတ္တိဇံခံကြလော့။ ထိုအခါ သန့်ရှင်းသောဝိညာဉ်တော်တည်းဟူသော ကောင်းချီးလက်ဆောင်ကို ရရှိကြလိမ့်မည်။ 39အကြောင်းမူကား ဤကတိတော်သည် သင်တို့နှင့်သင်တို့၏သားသမီးများမှစ၍ အဝေး၌ရှိသောသူအားလုံးဖြစ်ကြသော ငါတို့၏ဘုရားသခင်ထာဝရဘုရားခေါ်တော်မူသမျှသောသူတို့အတွက်ဖြစ်၏”ဟု ဆိုလေ၏”(တမန် ၂း၃၈-၃၉)ဟု ဟု ဟော ပြောခဲ့သည်။ သန့်ရှင်းသောဝိညာဉ်တော်ကျိန်းဝပ်ခြင်းသည် အပြစ်လွှတ် ငြိမ်းချမ်းသာခွင့်ရရှိသောသူများအပေါ် ဘုရားသ ခင်ပေးထားသောဆုကျေး ဇူးတစ်ခုဖြစ်ပြီး၊ ၄င်းသည် ဘုရားသခင်၏ဂတိတော် ပြည့်စုံခြင်းအကြောင်း ဖြစ်သည်။ ဓမ္မသစ်ကျမ်းထဲတွင် ဖော်ပြထားသောသန့်ရှင်းသောဝိညာဉ် တော်သည် ဘုရားသခင်နှင့် လူများကြားအပေးအယူလုပ်ခြင်းအား ဖြင့်ရရှိ သောအရာမဟုတ်ပေ။ သို့သော် ၄င်းသည် ဘုရားသခင်ထံမှလာသော ဂတိတော်နှင့်ပတ်သက်သည့်ဆုကျေးဇူးတစ်ခု ဖြစ်သည်။ ထိုကြောင့်တ မန်တော်ဝတ္ထုထဲတွင်ဖော်ပြထားသည့်အတိုင်း သန့်ရှင်းသောဝိညာဉ်တော် ကျိန်းဝပ်ခြင်းသည် ဆုတောင်းခြင်းအားဖြင့် ရရှိနိုင် သောအရာမဟုတ်ပေ (တမန် ၈:၁၉-၂၀)။
ကျွန်ုပ်တို့အပေါ်သခင်ယေရှုပေးထားသောရေနှင့် ဝိညာဉ်တော်၏သ တင်းကိုယုံကြည်သောသူများအပေါ် သန့်ရှင်းသောဝိညာဉ်တော် သက် ရောက်ခဲ့ပါသည်။ တပည့်တော်များသည် သန့်ရှင်းသောဝိညာဉ်တော်ကျိန်း ဝပ်ခြင်းရရှိနိုင်ရန်အတွက် သခင်ယေရှုကသန့်ရှင်းသောဝိညာဉ်တော်စေ လွှတ်မည်ဟု ဂတိပေးထားခဲ့သည်။ “အကြောင်းမှာ ယောဟန်သည် ရေ၌ဗတ္တိဇံပေး၏။ သင်တို့မူကား မကြာမီအတွင်း သန့်ရှင်းသောဝိညာဉ်တော်၌ ဗတ္တိဇံခံရကြလိမ့်မည်”ဟု မိန့်မှာတော်မူ၏”(တမန် ၁း၅)။
သန့်ရှင်းသော ဝိညာဉ်တော်ကျိန်းဝပ်ခြင်းကို လက်ခံရရှိခဲ့ကြသော သမ္မာ ကျမ်းစာထဲ၌ရှိသောယုံကြည်မှုများကိုကြည့်ခြင်းအားဖြင့် သန့်ရှင်း သောဝိညာဉ်တော်ကျိန်းဝပ်ခြင်းသည် သူတို့၏ကြိုးပမ်းအားထုတ်ခြင်းအား ဖြင့်မဟုတ်၊ ဘုရားသခင်၏အလိုတော်အားဖြင့်ဖြစ်သည်ကို ကျွန်ုပ်တို့သိရှိ နိုင်ပါသည်။ တမန်တော်ဝတ္ထုထဲတွင် တပည့်တော်များအပေါ် သန့်ရှင်း သောဝိညာဉ်တော်ကျိန်းဝပ်ခြင်းပေါ်ပေါက်လာခဲ့ခြင်းသည် လူတွေ၏ကြိုး ပမ်းအားထုတ်မှု (သို့) ဝိညာဉ်ရေးရာအောင်မြင်မှုများကြောင့် မဟုတ်ပေ။ 
တမန်တော်ဝတ္ထုထဲတွင်ဖော်ပြထားသည့်အတိုင်း သူ၏တပည့်တော် များ အပေါ်သန့်ရှင်းသောဝိညာဉ်တော်ဆင်းသက်လာခြင်းသည် မကြာမီအ စစ်အမှန် ပေါ်ပေါက်ခဲ့သည်။ ၄င်းသည် သခင်ယေရှုပြောခဲ့သော" ယခုမှစ နေ့ရက်များစွာမကြာမှီ" စကားအတိုင်းဖြစ်ပေါ်လာခဲ့သည်။ ကနဦးအသင်း တော်ခေတ်ကာလတွင် ဤအရာသည် ပထမဦးဆုံးသောကောင်းချီးမင်္ဂလာ ဖြစ်သည်။ သမ္မာကျမ်းစာကို ကြည့်ခြင်းအားဖြင့် ဘုရားသခင်၏ဂတိတော် သည်အစာရှောင်ခြင်း၊ ဆုတောင်းခြင်း (သို့)မိမိကိုယ်ကို ဆက်ကပ်ခြင်း အားဖြင့် မပြည့်စုံဘဲသခင်ယေရှုကို ယုံကြည်ခြင်းအားဖြင့်သာ ပြည့်စုံခဲ့ သည်။
 


သခင်ယေရှု၏တပည့်တော်များအပေါ်သန့်ရှင်းသောဝိညာဉ်တော်ရုတ်တရက် ဆင်းသက်လာခြင်း


“ပင်တေကုတ္တေပွဲနေ့ရောက်သောအခါ ထိုသူအပေါင်းတို့သည် တစ် နေရာတည်း၌ စုဝေးနေကြ၏”(တမန် ၂း၁)။ သခင်ယေရှု၏နောက် လိုက်တပည့်တော်များသည် သူတို့အပေါ် သန့်ရှင်းသောဝိညာဉ်တော်စေ လွှတ်မည့်ဂတိတော်ပြည့်စုံခြင်းအတွက် တစ်နေရာတွင် စုဝေး၍စောင့်မျှော် ခဲ့ကြသည်။ နောက်ဆုံးတွင် သူတို့အပေါ်သို့ သန့်ရှင်းသောဝိညာဉ်တော် ဆင်းသက်ခဲ့သည်။
“ထိုအခါ ပြင်းထန်သောလေတိုက်ခတ်သံနှင့်တူသည့် အသံသည် ကောင်းကင်မှ ရုတ်တရက်ပေါ်ထွက်လာ၍ သူတို့ထိုင်နေသောအိမ်တစ် အိမ်လုံးကို ဖုံးလွှမ်းလေ၏။ ထို့နောက် ဖြာထွက်သည့်မီးလျှံကဲ့သို့သောလျှာများသည် သူတို့ရှေ့၌ပေါ်ထွက်လာ၍ သူတို့တစ်ဦးစီအပေါ်တည်လေ၏။ 4ထိုအခါ သူတို့အားလုံးသည် သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝလျက် ဝိညာဉ်တော်သည် သူတို့အား ပြောနိုင်စွမ်းပေးတော်မူသည့်အတိုင်း အခြားသောဘာသာစကားများဖြင့် စတင်ပြောဆိုကြ၏”(တမန် ၂း၂-၄)။
သန့်ရှင်းသောဝိညာဉ်တော်သည်"ကောင်းကင်မှရုတ်တရက်"ဆင်းသက်လာခဲ့သည်။ ဤနေရာတွင်"ရုတ်တရက်"စကားလုံးသည် လူသားများ ဆန္ဒအားဖြင့် ဖြစ် လာသည်ကိုမဆိုလိုပေ။၄င်းအပြင်၊ "ကောင်းကင်ပေါ်မှ" စကားစုသည်သန့်ရှင်းသောဝိညာဉ်တော်အား မည်သည့်နေရာမှလာသည် ကို၄င်း၊ လူတွေ၏ဆန္ဒနှင့် ကြိုးပမ်းအားထုတ်ခြင်းအားဖြင့် သန့်ရှင်းသော ဝိညာဉ်တော်ကျိန်းဝပ်ခြင်းရရှိသည်ဟူသောခံယူချက်ကို မှားယွင်းခြင်းရှိ ကြောင်းကို၄င်း ဖော်ပြပေးလိုခြင်း ဖြစ်သည်။ သန့်ရှင်းသောဝိညာဉ် တော် ကိုဆုတောင်းခြင်းများအားဖြင့် ရရှိသည် ဟုပြောခြင်းကလိမ်ညာမှုသက် သက်ဖြစ်သည်ကို "ကောင်းကင်မှ" စကားစုက ထင်ရှားစေသည်။ 
အခြားစကားလုံးများအားဖြင့် ဖော်ပြရလျှင် ၊ကောင်းကင်မှသန့်ရှင်း သော ဝိညာဉ်တော်ရုတ်တရက်ဆင်းသက်လာသည်ဟုပြောကြားခြင်းသည် သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်းက အခြားသောဘာသာစကား ပြောဆိုခြင်း (သို့) မိမိကိုယ်ကိုယဇ်ကောင်အဖြစ် ပူဇော်ခြင်းများဖြစ်သော လောကအရာများအားဖြင့် မဖြစ်ထွန်းသည်ကိုဆိုလိုခြင်းဖြစ်သည်။ သခင် ယေရှုတပည့်တော်များက လူမျိုးတကာများထံ သတင်းကောင်းဟောပြော သောအခါအခြားသောဘာသာစကားကို ပထမဦးဆုံးပြော ကြားခဲ့သော သူများဖြစ်ကြသည်။ ဤကဲ့သို့ ဖြစ်ရခြင်းအကြောင်းသည် သန့်ရှင်းသော ဝိညာဉ်တော်အကူအညီဖြင့်သူတို့သည် ဂျူးဘာသာစကားပြောကြားသော တိုင်းတပါးများထံ ဧဝံဂေလိတရားကို သူတို့၏ဘာသာစကားအားဖြင့် ဝေငှသက်သေခံခဲ့သည်။ တပည့်တော်အများစုတို့သည် ဂါလိလဲမြို့သား များဖြစ်ကြသောကြောင့် နေရာဒေသအသီးသီးမှလာကြသော လူတွေက သူတို့ပြောသောအခြားသောဘာသာစကားများသည် သူတို့၏ဘာသာ စကားကဲ့ သို့ကြားသောကြောင့် အလွန်အံ့သြတွေဝေနေကြသည်။
“ထို့နောက် ဖြာထွက်သည့်မီးလျှံကဲ့သို့သောလျှာများသည် သူတို့ရှေ့၌ပေါ်ထွက်လာ၍ သူတို့တစ်ဦးစီအပေါ်တည်လေ၏။ 4ထိုအခါ သူတို့အားလုံးသည် သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝလျက် ဝိညာဉ်တော်သည် သူတို့အား ပြောနိုင်စွမ်းပေးတော်မူသည့်အတိုင်း အခြားသောဘာသာစကားများဖြင့် စတင်ပြောဆိုကြ၏”(တမန်၂း၃-၄)။ ဤနေရာတွင်ကျွန်ုပ်တို့အထူးသ ဖြင့် အာရုံပြုရမည့် စာပိုဒ်မှာသန့် ရှင်းသောဝိညာဉ်တော်သည် "သူတို့အ ပေါ် တွင်ဆင်းသက်သည်" ဟူသောစကားစုဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ် တော်ဆင်းသက်ခြင်းကို စောင့်မျှော်ရန်နေရာတစ်ခုတွင်စုရုံးလျက် ရှိသော တပည့်တော်များသည် ရေနှင့်ဝိညာဉ်တော်၏ဒုတိယအကြိမ်မွေးဖွါး ခြင်းသတင်းကို ယုံကြည်ခဲ့ကြသည်။ 
ဤကျမ်းပိုဒ်ထဲတွင် ဖော်ပြထားသောအကြောင်းအရာကို ခရစ်ယာန် များစွာတို့ကလွှဲမှားစွာယုံကြည်ကြ၍၊ သူတို့သည် ဆုတောင်းနေကြသည့် အချိန်တွင် သန့်ရှင်းသောဝိညာဉ်တော်သည် လေဗွေကဲ့သို့အသံပြုကာ ဆင်းသက်လာခြင်း ဖြစ်သည်ဟုယုံကြည်ကြသည်။ သို့သော်ဤယုံကြည် ခြင်းသည် မထီမဲ့မြင်ပြုခြင်းနှင့် စိတ်ရှုပ်ထွေးခြင်းမှလာသောသန့်ရှင်းသော ဝိညာဉ်တော်အကြောင်း လွှဲမှားစွာ ယုံကြည်ခြင်းပင်ဖြစ်သည်။ သန့်ရှင်း သောဝိညာဉ်တော်သည်လူတွေအပေါ်ဆင်းသက်လာသောအခါ ယင်းကဲ့သို့ အသံဗလာပြုသလား။ သူသည် အသံလုံးဝမပြုပါ။
လူတွေက သူတို့နားဖြင့် ကြားရသောအသံများသည် လူများ၏ ဝိညာဉ်ကို ဖျက်ဆီးရန်ကြိုးပမ်းနေသောစာတန်၏အသံပင် ဖြစ်သည်။ စာ တန်သည် သန့်ရှင်းသောဝိညာဉ်တော်အဖြစ် ဟန်ဆောင်ခြင်းအားဖြင့် လူတွေ၏စိတ်ကို ရှုပ်ထွေးစေရန်ထင် ယောင်ထင်မှားဖြစ်ရန် ပရိယာယ် ကိုအသုံးပြုခြင်း၊ အသံတုပြုလုပ်၍လူတွေကို သွေးဆောင်ခြင်း နှင့်မှားယွင်း သောနိမိတ်လက္ခဏာများပြုလုပ်ရန်ကြိုးပမ်းသောအခါ ဤကဲ့သို့သော အသံများကို အသုံးပြုသည်။ လူတွေက သန့်ရှင်းသောဝိညာဉ်တော် ဆင်းသက်လာခြင်း သက် သေအထောက်အထားသည်ဤအရာများဖြစ် သည်ဟု လွှဲမှားစွာခံယူတတ်ကြသည်။ လူတွေကသန့်ရှင်းသောဝိညာဉ် တော်ဆင်းသက်လာသောအခါ ကြီးသောလေပြင်း မုန်တိုင်းအသံ "ဝုန်းဝုန်း..." ကဲ့သို့အသံပြုလိမ့်မည်ဟုထင်တတ်ကြသည်။ ၄င်းတို့သည် နတ်ဆိုးဝိညာဉ်ဆိုးများ၏ စုံစမ်းသွေးဆောင်ခြင်းပင်ဖြစ်သည်။ တမန်တော် ဝတ္ထုထဲတွင် ဖော်ပြထားသောသန့်ရှင်းသောဝိညာဉ်တော်ဆင်းသက် လာ ခြင်းကို သတင်းကောင်းကိုယုံကြည်ခြင်းအားဖြင့်သာ ဖြစ်သည်။
 


ရှင်ပေတရု၏ယုံကြည်ခြင်း (၁ပေ ၃း၂၁) သည် သန့်ရှင်းသောဝိညာဉ်တော် ရရှိရန်အတွက် လုံလောက်သောယုံကြည်ခြင်း ဖြစ်သည်


တမန်တော်ဝတ္ထုအခန်းကြီး၂ထဲတွင်ဖော်ပြထားသောပထမပင်တေဂုတ္တေနေ့ဖြစ်ရပ်ကိုကြည့်ခြင်းအားဖြင့် သမ္မာတရားဖြစ်သောရေနှင့်ဝိညာဉ် တော်သတင်းကောင်းကိုသူတို့ယုံကြည်ခဲ့ကြသောကြောင့် သူတို့အပေါ်သန့် ရှင်းသောဝိညာဉ်တော်ဆင်းသက်ခဲ့သည့်အကြောင်းကိုအလေးအနက်ထားရန်ဘုရားသခင်အလိုတော်ရှိသည်။ သို့သော်လူများစွာတို့က “ပင်တေ ဂုတ္တေ”နေ့သည် အချို့သောသဘာဝတရားထက်လွန်ကဲ သည့်နိမိတ်လက္ခ ဏာများနှင့်ညည်းတွားခြင်းပြုသောအသံဗလံများအားဖြင့် သန့်ရှင်းသောဝိ ညာဉ်တော်သည်ကောင်းကင်မှဆင်းသက်လာသည်ဟု ယုံကြည်ကြသည်။ 
ဤသို့သောအခြေနေမျိုးများကြောင့် ယနေ့တွင်နိုးထမှုအစည်းအဝေး များ ကျင်းပခြင်းဖြစ်သည်။ သူတို့သည် သွေးရူးသွေးတန်းဆုတောင်း ခြင်းများ၊ အစာရှောင်ခြင်း (သို့)လက်တင်ခြင်းအားဖြင့် သန့်ရှင်းသော ဝိညာဉ်တော်ရရှိကြလိမ့်မည်ဟုယုံကြည်ခြင်း ဖြစ်သည်။ နတ်ဆိုးစွဲခြင်း၊ သတိမေ့မူးလဲခြင်း၊ ရက်အနည်းငယ်အတွင်း စိတ်ပျော်ရွှင်စွာနေထိုင်ခြင်း (သို့) ထိန်းချုပ်မရတုန်ရီပြုသောအသံ စသောအခြင်းအရာများသည် သန့်ရှင်းသောဝိညာဉ်တော်၏လုပ်ဆောင်ချက်မဟုတ်ပေ။ 
သန့်ရှင်းသောဝိညာဉ်တော်သည်စဉ်းစားဆင်ခြင်နိုင်စွမ်းရှိသောသူဖြစ်သည်။ သူသည်လူတွေ၏အခြေအနေကိုလျစ်လျူရှုလိမ့်မည်မဟုတ်ပေ။ သန့်ရှင်းသောဝိညာဉ်တော်သည်ဘုရားလူဖြစ်ကာ၊ သူ့မှာ စဉ်းစားနိုင်သေ ဉာဏ်၊စိတ်လှုပ်ရှားမှုနှင့်လိုအင်ဆန္ဒရှိသောကြောင့် လူသားများအပေါ်အ နိုင်အထက် ပြုကာမတရားမလုပ်တတ်ပေ။ လူတွေကရေနှင့်ဝိညာဉ်တော် သတင်းကောင်းစကားများကို ယုံကြည်သောအခါမှသာ သူသည် လူတွေ ပေါ်တွင်ဆင်းသက်လာခြင်း ဖြစ်သည် (တမန် ၂း၃၈)။ 
ပရောဖက်ယောလကြိုတင်ဟောကြားထားသည့်အတိုင်းတပည့်တော်များအပေါ်သန့်ရှင်းသောဝိညာဉ်တော်ဆင်းသက်လာခဲ့သည်ဟု ရှင်ပေတရု ကသက်သေခံခဲ့သည်။ အပြစ်လွှတ်ခြင်းအခွင့်ရရှိသော သူများအပေါ်သန့် ရှင်းသောဝိညာဉ်တော်ဆင်းသက်ခြင်းသည် ဘုရားသခင်၏ဂတိတော်ပြည့် စုံခြင်းဖြစ်သည်။အခြားသောစကားလုံးအားဖြင့်ဖော်ပြရလျှင်သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်းကိုသခင်ယေရှုသည် ယောဟန်အားဖြင့်နှစ်ခြင်း မင်္ဂလာခံယူပြီး၊လူသားများအားသူတို့၏အပြစ်မှ ကယ်တင် ရန်ကားတိုင် ပေါ်တွင်အသေခံခဲ့သည်ဟု ယုံကြည်သော သူများအပေါ်ပေးထားသော သမ္မာတရားဖြစ်သည်။ကျွန်ုပ်တို့သည်သခင်ယေရှုသည် အဘယ်ကြောင့်နှစ် ခြင်းခံခဲ့ သည်ကို၄င်း၊ကျွန်ုပ်တို့သည်အဘယ်ကြောင့်၄င်းယုံကြည်ရမည်ကို ၄င်းသိရှိရန်လိုသည်ဟု ရှင်ပေတရု၏ဒေသနာနှင့် ယောလ၏ပရောဖက် ပြုခြင်းများအားဖြင့်သိရှိသည်။
ရှင်ပေတရုဟောပြောခဲ့သောသတင်းကောင်းကို မိတ်ဆွေယုံကြည်သ လား (၁ပေ၃း၂၁)။ (သို့) သတင်းကောင်းနှင့်ဆန့်ကျင်ဘက်ဖြစ်သောအသုံး မရ၊ အစွဲအလမ်းကြီးသောယုံကြည်ခြင်းများ မိတ်ဆွေမွေးထားသေးသ လား။ ဘုရားသခင်၏အကြံအစည်တော်ကို လျစ်လျူရှုလျက်ကိုယ်ပိုင်ကြိုး စားခြင်းအားဖြင့် သန့်ရှင်းသောဝိညာဉ် တော်ရရှိရန်ကြိုးပမ်းသလား။ လူ တစ်စုံတစ်ယောက်သည် ဘုရားသခင်ကို ယုံကြည် သည်ဖြစ်စေ၊သူတို့၏ အပြစ်များအဝေးသို့ ဖယ်ထုတ်ရန်အတွက် နောင်တရခြင်းနှင့် ဆိုင်သော ဆုတောင်းခြင်းများပြုသည်ဖြစ်စေရေနှင့် ဝိညာဉ်တော်၏သတင်းကို ယုံ ကြည်ခြင်းမရှိလျှင် သန့်ရှင်းသေသာဝိညာဉ် တော်ကိန်းဝပ်ခြင်းရရှိရန် နည်းလမ်းမရှိပေ။
ရေနှင့်ဝိညာဉ်တော်သတင်းသိရှိခြင်းမရှိဘဲလျက်သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်းရရှိရန် မိတ်ဆွေစောင့်မျှော်သေးသလား။ မိတ်ဆွေ၏ နှလုံးသားများထဲတွင် သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်စေသော သခင် ယေရှုနှစ်ခြင်းခံယူခြင်းနှင့်ကားတိုင်တော်ပေါ်တွင် သွန်းလောင်းသောအ သွေးတော်တို့၏ စစ်မှန်သောအဓိပ္ပါယ်ကိုမိတ် ဆွေသိရှိသလား။ ရေနှင့်ဝိ ညာဉ်တော်ကိုယုံကြည်မှသာလျှင် သန်ု့ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်း ရှိနိုင်သည်ဟုမိတ်ဆွေယုံကြည်သင့်ပါသည်။ စစ်မှန်သောသန့်ရှင်း သောဝိ ညာဉ်တော်ကိန်းဝပ်ခြင်းသည်ရေနှင့် ဝိညာဉ်တော်သတင်းကောင်းကို ယုံ ကြည် သောသူများအပေါ်၌သာသက်ရောက်လျက်ရှိသည်။ ကျွန်ုပ်တို့အ ပေါ်သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်နိုင်ရန်အတွက်ရေနှင့် ဝိညာဉ်တော် သူ၏သတင်းကောင်းကို ကျွန်ုပ်တို့အား လက်ကမ်းပေးအပ်သောဘုရားသ ခင်ကို ကျွန်ုပ်တို့ကျေးဇူးတင်လျက်ရှိသည်။