Search

တရားဟောချက်များ

ဘာသာရပ် ၈ - သန့်ရှင်းသောဝိညာဉ်တော်

[8-2] လူတစ်ဦးတစ်ယောက်သည် ကိုယ်တိုင်ကြိုးပမ်းမှုအားဖြင့် သန့်ရှင်းသောဝိညာဉ်တော်ကို အမှန်ရရှိနိုင်မလား (တမန်တော်ဝတ္ထု ၈း၁၄-၂၄)

လူတစ်ဦးတစ်ယောက်သည် ကိုယ်တိုင်ကြိုးပမ်းမှုအားဖြင့် သန့်ရှင်းသောဝိညာဉ်တော်ကို အမှန်ရရှိနိုင်မလား
(တမန်တော်ဝတ္ထု ၈း၁၄-၂၄)
“ရှမာရိနယ်သားတို့သည် ဘုရားသခင်၏နှုတ်ကပတ်တရားကိုလက်ခံကြကြောင်း ဂျေရုဆလင်မြို့တွင်ရှိသော တမန်တော်တို့သည် ကြားသိကြသောအခါ ပေတရုနှင့်ယောဟန်တို့ကို သူတို့ထံသို့စေလွှတ်ကြ၏။ ထိုတမန်တော်နှစ်ပါးသည်ရောက်လာ၍ သန့်ရှင်းသောဝိညာဉ်တော်ကို ထိုသူတို့ခံယူရရှိမည့်အကြောင်း သူတို့အတွက်ဆုတောင်းပေးကြ၏။ အဘယ် ကြောင့်ဆိုသော် ထိုသူတို့သည် သခင်ယေရှု၏နာမတော်၌ ဗတ္တိဇံခံရုံမျှသာရှိကြပြီးသူတို့တွင် မည်သူ့အပေါ်၌မျှ သန့်ရှင်းသောဝိညာဉ်တော်သက် ရောက်ခြင်းမရှိသေးချေ။ ထို့နောက် ပေတရုနှင့်ယောဟန်တို့သည် သူတို့အပေါ်လက်တင်ကြသောအခါ သူတို့သည် သန့်ရှင်းသောဝိညာဉ်တော်ကိုခံယူရရှိကြ၏။ တမန်တော်တို့လက်တင်ခြင်းအားဖြင့် ဝိညာဉ်တော်ကို လူတို့ရရှိကြောင်း ရှိမုန်မြင်လျှင် တမန်တော်တို့ထံသို့ ငွေကိုယူဆောင်လာ၍ “အကျွန်ုပ်လက်တင်သူတိုင်း သန့်ရှင်းသောဝိညာဉ်တော်ကိုခံယူရရှိစေရန် အကျွန်ုပ်အားလည်း ဤအခွင့်ကိုပေးပါ”ဟု ဆိုလေ၏။ ထိုအခါ ပေတရုက “သင်သည် ဘုရားသခင်၏ကောင်းချီးလက်ဆောင်ကို ငွေအားဖြင့်ဝယ်ယူနိုင်သည်ဟုထင်မှတ်သောကြောင့် သင်၏ငွေသည် သင်နှင့်အတူပျက်စီးပါစေ။ သင်၏စိတ်နှလုံးသည် ဘုရားသခင်၏ရှေ့တော်၌ မမှန်ကန်သော ကြောင့် သင်သည် ဤအမှုအရာ၌ ပါဝင်ခွင့်မရှိ။ သင့်ဝေစုလည်းမရှိ။ ထို့ကြောင့် သင်၌ရှိသော ဤမကောင်းမှုအတွက် နောင်တရလျက် သခင်ဘုရားထံဆုတောင်းလော့။ သို့ပြုလျှင် သင့်စိတ်နှလုံး၏အကြံအစည်အတွက် သင်သည် ခွင့်လွှတ်ခြင်းခံရကောင်းခံရလိမ့်မည်။ အကြောင်း မူကား သင်သည် ခါးသီးသောသည်းခြေနှင့် မတရားမှု၏အနှောင်အဖွဲ့ထဲ၌ရှိနေသည်ကို ငါမြင်သည်”ဟု ဆိုလေ၏။ ရှိမုန်ကလည်း “သင်တို့ပြောသည့်အရာတစ်ခုမျှ အကျွန်ုပ်အပေါ်မသက်ရောက်စေရန် အကျွန်ုပ်အတွက် သခင်ဘုရားထံ ဆုတောင်းပေးကြပါ”ဟု ပြန်ပြောလေ၏။”
 

လူတစ်ဦးသည် လက်တင်ခြင်းအားဖြင့် သန့်ရှင်းသောဝိညာဉ်တော်ရရှိနိုင်မလား။
မရနိုင်ပါ။ ထိုသူသည် ရေနှင့်ဝိညာဉ်တော်သတင်း ကို ယုံကြည်ရမည်ဖြစ်သည်။

ခေါင်းစဉ်အပေါ်မူတည်ပြီး "လူတစ်ယောက်သည်ကိုယ်တိုင် ကြိုးစား မှုဖြင့် သန့်ရှင်းသောဝိညာဉ်တော်ကို ကိန်းဝပ်ခြင်း" ရရှိနိုင်မည်/မရရှိနိုင် မည့်ဟူသောအကြောင်းကို ကျွန်တော်ဝေငှလိုပါသည်။ ကနဦးအသင်း တော်ခေတ်ကာလတွင် တမန်တော်များသည် ဘုရားသခင်ထံမှ တန်ခိုးရရှိ ကြကာ နေရာအနှံ့အပြား သို့ ဘုရားသခင်က သူတို့ကိုစေလွှတ်ခဲ့ပါသည်။ တမန်တော်ဝတ္ထုထဲတွင် သဘာဝတရားထက်သာလွန်သောအဖြစ်အပျက် များစွာရှိသည်။ ယင်းအပြစ်အပျက်ထဲမှ တစ်ခုသည် တမန်တော်များက ယုံကြည်သောသူများ၏ခေါင်းပေါ်မှာ လက်တင်သောအခါ သူတို့အပေါ် သန့်ရှင်းသောဝိညာဉ်တော်ဆင်းသက်ခြင်းဖြစ်သည်။ ကျမ်းစာထဲတွင်"ခရစ် တော်ကိုယုံကြည်ပြီးဖြစ်သော်လည်း သန့်ရှင်းသော ဝိညာဉ်တော်မရရှိသေး သောသူများအပေါ်တွင် တမန်တော်များကလက်တင် သောအခါ သူတို့ သည် သန့်ရှင်းသောဝိညာဉ်တော်ရရှိခဲ့ကြသည်" ဟုဖော်ပြထားပါသည်။ 
လက်တင်ခြင်းအားဖြင့်သူတို့သည် သန့်ရှင်းသောဝိညာဉ်တော်ကို အဘယ်သို့ရရှိခဲ့ကြသနည်း။ ထိုအချိန်တွင် ဘုရားသခင်၏နှုတကပတ် တော်ကို ရေးသားနေသည့်အချိန်ဖြစ်သည်။ နှုတ်ကပတ်တော်ရေးသားခြင်း မပြီးဆုံးသေးပေ။ ထိုကြောင့် ဘုရားသခင်က တမန်တော်များအပေါ်တွင် သူ၏သာသနာလုပ် ငန်းလုပ်ဆောင်နိုင်ရန်အတွက် တန်ခိုးတော်အထူး ပေးခဲ့ခြင်းဖြစ်သည်။ ဘုရားသခင်သည် တမန်တော်များနှင့်အတူပါရှိပြီး၊ သူတို့အားဖြင့် အံ့သြဖွယ်နိမိတ် လက္ခဏာများစွာပြုခဲ့သည်။ လူတွေက သခင်ယေရှုခရစ်တော်ကို ဘုရားသခင် ၏သားတော်နှင့် ကယ်တင်ရှင်အ ဖြစ် ယုံကြည်လက္ခံအောင် လူတွေမျက်စိဖြင့်ဘု ရားသခင်ပြုသောအံ့သြ ဖွယ်နိမိတ်လက္ခဏာများကို မြင်နိုင်သည့်အချိန်သည် အခွင့်ထူးတစ်ရပ်ဖြစ် သည်။ သခင်ယေရှုခရစ်တော်သည် ဘုရားသခင်ဖြစ်ကြောင်းကို၄င်း၊ သူ သည်ဘုရားသခင်၏ သားတော်၊ကယ်တင်ရှင်ဖြစ်ကြောင်းကို၄င်း သက်သေ ပြနိုင်ရန် တမန်တော်တော်အားဖြင့် သန့်ရှင်းသောဝိညာဉ်တော်၏ လုပ် ဆောင်ချက်များ တန်ခိုးရှိစွာဖြင့်ပြသခြင်းသည် ဘုရားသခင်အတွက်အဖြစ် အနေလိုအပ်နေသောအရာတစ်ခုဖြစ်သည်။ ကနဦးအသင်းတော်ခေတ်တွင် သန့်ရှင်းသောဝိညာဉ်တော်သည် အံ့သြဖွယ်နိမိတ်လက္ခဏာများအားဖြင့် အမှုမပြုခဲ့လျှင် မည်သူမည်ဝါကမျှ သခင်ယေရှုကိုကယ်တင်ရှင်အဖြစ် ယုံကြည်ကြမည်မဟုတ်ပေ။ 
သို့ရာတွင် ယနေ့ ကျွန်ုပ်တို့သည် မျက်စီဖြင့်မြင်နိုင်သော အံ့သြဖွယ်နိ မိတ်လက္ခဏာများအားဖြင့် သန့်ရှင်းသောဝိညာဉ်တော်ရရှိရန်အလိုအပ် တော့ပေ။ အကြောင်းမှာ သမ္မာကျမ်းစာသည် ပြီးပြည့်စုံခဲ့ပြီဖြစ်သည်။ သန့် ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်းသည် ယခုတွင် ယုံကြည်မှုပေါ်တွင်မူ တည်သည်။ အခြားစကားလုံးဖြင့် ဖော်ပြရလျှင် သမ္မာတရားသတင်းကိုယုံ ကြည်ခြင်းဖြစ်သည်။ ဘုရားသခင်မျက်မှောက်တွင် သမ္မာတရားသတင်း ကောင်းကို ယုံကြည်သောသူများအပေါ် သန့်ရှင်းသောဝိညာဉ်တော်ကိန်း ဝပ်ခြင်းကို ဘုရားသခင်ကပေးခဲ့သည်။ ဘုရားသ ခင်၏နှုတ်ကပတ်တော် သည် သခင်ယေရှု ဤလောကသို့ကြွလာခြင်းနှင့် သူ၏ဗတ္တိဇံခံယူခြင်း အ သွေးတော်သွန်းလောင်းခြင်းများအားဖြင့်ပြည့်စုံခဲ့ပြီဖြစ်သောကြောင့်ဘုရား သခင်၏နှုတ်ကပတ်တော်ကိုယုံကြည်သောသူများအပေါ် သန့်ရှင်းသောဝိ ညာဉ်တော်ကိန်းဝပ်လျက်ရှိသည်။ 
ယခုခေတ်ကာလတွင် သင်းအုပ်ဆရာများစွာတို့က မျက်စိဖြင့်မြင်နိုင် ရှုနိုင်သောနိမိတ်လက္ခဏာများသည် သန့်ရှင်းသောဝိညာဉ်တော်ကိန်း ဝပ်ခြင်းလက္ခဏာဖြစ်သည်ဟု သွန်သင်ကြသည်။ သူတို့က ယုံကြည်သူများ အား အံ့သြဖွယ်နိမိတ် လက္ခဏာများအားဖြင့် သန့်ရှင်းသောဝိညာဉ်တော်ရ ရှိရန် ဦးဆောင်လမ်းပြကြသည်။ သူတို့က အခြားသောဘာသာစကားပြော ဆိုခြင်းသည် သန့်ရှင်းသော ဝိညာဉ်တော်ဆင်းသက်လာခြင်း၏နိမိတ်လက္ခ ဏာဖြစ်သည်ဟု လူတွေကို မှားယွင်းစွာသွန်သင်ခြင်းအားဖြင့် လှည့်ဖြား ကြသည်။ ယင်းကဲ့သို့သော သင်းအုပ်ဆရာများက သူတို့ ကိုယ်တိုင် အံ့သြ ဖွယ်နိမိတ်လက္ခဏာပြုသော တမန်တော်များဖြစ်ကြသည်ဟု ယူဆတတ် ကြသည်။ စိတ်လှုပ်ရှားမှုများအားဖြင့် ဘုရားသခင်ကို မြည်းစမ်းလိုသော ဘာသာတရားစိတ်ဝင်စားသူများကို သူတို့က ဆွဲဆောင်တတ်ကြသည်။
ဤစိတ်လှုပ်ဝင်စားဖွယ်ကောင်းသောလုပ်ဆောင်မှုများသည် ကမ္ဘာ တစ်ဝှမ်းရှိခရစ်ယာန်များထံသို့ပျံ့နှံ့သွားခဲ့သည်။ လူများစွာတို့သည် သူတို့ ၏ယုံကြည်ခြင်း နောက်ကိုလိုက်ကြပြီး၊ သဘာဝတရားထက်လွန်ကဲသော အမှုများပြုလုပ်ခြင်းအားဖြင့် ဝိညာဉ်ဆိုးများကိုရရှိခဲ့ကြသည်။ ယခုချိန်၌ ပင်စိတ်ဝင်စားဖွယ်ကောင်းသောအရာများအားဖြင့် သာသနာလုပ်ငန်းလွှမ်း မိုးခြင်းခံရသောသူများက လက်တင်ခြင်းအားဖြင့် သန့်ရှင်းသောဝိညာဉ် တော်ရရှိသည်ဟု ယူဆကြသည်။
သို့သော် ရှိမုန်ကဲ့သို့ သူတို့သည်ဤသင်ခန်းစာထဲတွင်အဓိကဖော်ပြ ထားသောနတ်ဝဇ္ဇာအတတ်များနှင့်တူသည်။ သူတို့သည် မိမိကိုယ်ကိုနှစ် ထောင်းအားရခြင်း နှင့်ကိုယ်ကာယလောဘတန်ခြင်းများအားဖြင့် စိတ် ပျော်ရွှင်ခြင်းများကိုခံစားခဲ့ကြသည်။ သို့သော် သူတို့၏လုပ်ဆောင်ချက်များ သည် လူတစ်ဦးနှင့်တစ်ဦး အကြားတွင် ပဋိပက္ခဖြစ်စေသည်။ ဤကဲ့သို့ သော မှားယွင်းသောသွန်သင်မှုများက ဘုရား သခင်ရှေ့တော်မှောက်၌ သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်းရရှိရန် စစ်မှန်သောနည်းလမ်းမှ သွေဖယ်သွားစေသည်။ 
ယနေ့၌ပင်လျှင် မှားယွင်းသောပရောဖက်များကသူတို့၏အံ့သြဖွယ် ကောင်းသောဘာသာရေးလှုပ်ရှားမှု၊ သန့်ရှင်းသောဝိညာဉ်တော်၏ လုပ် ငန်းကို လုပ်ဆောင်နေသကဲ့သို့ဟန်ဆောင်မှုပြုကာ စာတန်၏လုပ်ငန်းလုပ် ကိုင်ကြပါသည်။ စစ်မှန်သော ခရစ်ယာန်များသည် ဘုရားသခင်၏နှုတ်က ပတ်တော်အပေါ် တွယ်ကပ်ပြီး၊ သန့်ရှင်းသောဝိညာဉ်တော်ကျိန်းဝပ်ခြင်းရ ရှိရန်နည်းလမ်းတစ်ခု တည်းပေးနိုင်သောအသိပညာကိုသာတွယ်တာမည် ဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော် ကိုယ်ကာယဖြင့်ခံစား ချက်ပေါ်အ ရေးထားသောပင်တေဂုတ္တေသမားများသည် သူတို့၏အဓိပ္ပါယ် ကင်းမဲ့ သောယုံကြည်မှုများပယ်ဖျက်ကာ သန့်ရှင်း သောဝိညာဉ်တော်အမှန်တ ကယ် ကျိန်းဝပ်စေနိုင်သောဘုရားသခင်၏နှုတ်က ပတ်တော်ဘက်သို့ပြန် လှည့်ကာ သမ္မာတရားကို ယုံကြည်ရန်လိုအပ်သည်။ 
ထိုချိန်ခေတ်ကာလတွင်ရှိမုန်သည်ထင်ပေါ်ကျော်ကြားသော မှော်ဆ ရာတစ်ပါးဖြစ်သည်။ သခင်ယေရှု၏နောက်လိုက်တပည့်တော်များက လူ တွေအား သန့်ရှင်း သောဝိညာဉ်တော်ရရှိစေခြင်းကိုမြင်တွေ့ခဲ့သောအခါသူ ကသန့်ရှင်းသော ဝိညာဉ်တော်ကိုငွေကြေးဖြင့်ဝယ်ယူလိုခဲ့သည်။ ဤကဲ့ သို့သော ယုံကြည်ခြင်းသွေ ဖယ်မှုရှိသောသူများသည် စာတန်၏ကျေးကျွန် များဖြစ်လာခဲ့ကြသည်။ စာတန်က သူ၏လုပ်ငန်းလုပ်ဆောင်ရန် သူတို့ကို အသုံးပြုသည်။ ရှိမုန်သည် သန့်ရှင်းသော ဝိညာဉ်တော်ကို လက္ခံရရှိ လိုခဲ့သော်လည်း သူ၏လိုအင်တောင့်တမှုသည် လောဘ ရမ္မက်မှအပအ ခြားဘာမျှ မရှိပေ။ ဤကဲ့သို့သောယုံကြည်ခြင်းသည် စစ်မှန်သော ဝိညာဉ် တော်ရရှိနိုင်သော သက်ဝင်သောယုံကြည်ခြင်းမဟုတ်ကြောင်းကို ကျွန်ုပ် တို့တွေ့ရှိနိုင်သည်။ 
ရှိမုန်သည် သူ၏တစ်ကိုယ်ကောင်းဆန်အတ္တစိတ်ပြည့်စုံရန် သန့်ရှင်း သောဝိညာဉ်တော်တန်ခိုးရရှိခြင်းအလိုငှါ သန့်ရှင်းသောဝိညာဉ်တော်ကို ငွေကြေးဖြင့် ဝယ်ယူလိုခြင်းဖြစ်သည်။ ဤအကြောင်းကြောင့် ဘုရားသခင် ၏စေခံကျွန် ပေတရုက သူ့ကို ပြင်းထန်စွာကြိမ်းမောင်းအော်ဂေါက်ခြင်း ဖြစ်သည်။ ရှိမုန်သည် သခင်ယေရှု ကိုယုံကြည်သူဟု ဖော်ပြထားသော် လည်း အပြစ်လွှတ်ခြင်းအားဖြင့် သန့်ရှင်းသောဝိ ညာဉ်တော်ရရှိသူမဟုတ် ခဲ့ပေ။ အခြားသောစကားလုံးဖြင့်ဖော်ပြရလျှင် သူသည်ဘုရားသခင်ထံ လောကအရာစည်းစိမ်များကို ဘုရားသခင်ထံပေး လှူခြင်းအားဖြင့် သန့် ရှင်းသောဝိညာဉ်တော်ကျိန်းဝပ်ခြင်းရရှိနိုင်သည်ဟု သူထင်ခဲ့သည်။
သူ၏အပြင်ပန်းသဏ္ဍာန်သည် သခင်ယေရှုကိုယုံကြည်သူတစ်ဦးဖြစ် သည် ဟုထင်ရှားခဲ့သော်လည်း သူ၏အတွင်းစိတ်သည် သခင်ယေရှု၏ စစ်မှန်သောစကား နှင့်လုံးပတ်သက်မှုမရှိပေ။ သူသည် လောဘရမ္မက်နှင့် ပြည့်လျှံလျက်ရှိသည်။ ရှိမုန်၏စိတ်ကိုသိသော ပေတရုက ဘုရားသခင်၏ ဆုကျေးဇူးဖြစ်သောသန့်ရှင်းသောဝိညာဉ်တော်ကို ငွေကြေးမျှဖြင့်ဝယ်ယူ ရန် ကြိုးစားခြင်းအတွက် သူ့ကိုကြိမ်းမောင်းခဲ့သည်။ ရှိမုန်သည် သူ၏ငွေ ကြေးဖြင့်ပျက်ဆီးလိမ့်မည်ဟု ပေတရုက ပြောခဲ့သည်။
ယနေ့မျက်မှောက်ကာလတွင် မိစ္ဆာပရောဖက်များသည် သူတို့ပြု သော အံသြဖွယ်နိမိတ်လက္ခဏာများသည် သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်ချက်များဖြစ်ကြောင်း လူတွေကို လှည့်ဖြားစေသော ဝိညာဉ်ဆိုး များကို စွဲကပ်ပိုင်ဆိုင်ကြသည်။ ဤတန်ခိုးမျိုးကိုအလေးအမြတ်ထားပြီး သန့်ရှင်းသောဝိညာဉ်တော်ရရှိရန် အသည်းအသန်ဆုတောင်းနေသူများကို ကျွန်ုပ်တို့ မကြာခ ဏတွေ့နိုင်သည်။ သို့ရာတွင် မည်သူမည်ဝါကမျှ လော ကအရာများတပ်မက်ခြင်းကြောင့် ဆုတောင်းခြင်းအားဖြင့် သန့်ရှင်းသော ဝိညာဉ်တော်၏ကျိန်းဝပ်ခြင်းမရရှိနိုင်သည်ကို စိတ်ထဲတွင် မြဲမြဲမြံ မြံသိရှိ သင့်သည်။ 
မိတ်ဆွေ၏ပတ်ဝန်းကျင်တွင် ခရစ်မဲတစ်လှုပ်ရှားမှုယုံကြည်သူများရှိ သလား။ ဤကဲ့သို့သောလူများကို မိတ်ဆွေ ကြပ်ကြပ်သတိထားရမည် ဖြစ်သည်။ သူတို့က လူတွေကို စိတ်လှုပ်ရှားမှုဖြစ်စေသောယုံကြည်ခြင်းမျိုး ဖြင့်ချဉ်းကပ်လေ့ရှိသည်။ သူတို့က နတ်ဆိုးများကိုနင်ထုတ်နိုင်ကြောင်းနှင့် သူတို့လက်တင်ခြင်းအားဖြင့် လူတွေက သန့်ရှင်းသောဝိညာဉ်တော်ရရှိနိုင် ကြောင်း သူတို့ကပြောတတ်ကြသည်။ သို့သော် သူတို့သည် သန့်ရှင်သော ဝိညာဉ်တော်တန်ခိုးကိုမပိုင်ဆိုင်ကြပေ။ သူတို့သည် ဝိညာဉ်ဆိုးတန်ခိုးများ ကို ပိုင်ဆိုင်ကြသည်။ လက်တင်ခြင်းအားဖြင့် သန့် ရှင်းသောဝိညာဉ်တော်ရ ရှိသည်ဟု အခိုင်အမာပြောဆိုသူများက သူတို့အပါအဝင် အခြားသူများကို ဝိညာဉ်ဆိုးရရှိစေသောလမ်းသို့တွန်းပို့ပေးနေသည်။ 
စစ်မှန်သောသန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်းသည် ရေနှင့်ဝိ ညာဉ် တော်တရားစကားများကို ယုံကြည်သောသူများအပေါ်သက်ရောက် သည် (၁ယော ၅း၃-၇)။ ရေနှင့်ဝိညာဉ်တော်သတင်းစကားကို သမ္မာကျမ်း စာထဲတွင် ကွက်ကွက်ကွင်းကွင်းဖော်ပြထားသော်လည်း များစွာသောလူ များက သူတို့စိတ်ထဲတွင် အပြစ်ရှိသောကြောင့် သဘာဝတရားထက်သာ လွန်သော တန်ခိုးများနှင့်အတွေ့အကြုံများ ဖြစ်သောမေ့မျောခြင်း၊ အခြား သောဘာသာစကားပြောဆိုခြင်း၊ အကြားအမြင်ရခြင်း၊ နှင့်နတ်ဆိုးများကို နှင်ထုတ်ခြင်းများအားဖြင့် ဘုရားသခင်၏မျက်မှောက်တော်ခံစားရန် သူတို့ သည် ကြိုးပမ်းကြသည်။ ဤသို့သောနည်းလမ်းအားဖြင့် မစ္ဆာပရောဖက် များက လူများစွာတို့အား ဝိညာဉ်ဆိုးမှလာသော အယူသီးသောခရစ်ယာန် ဘာသာကို ယုံကြည်ရန် စွဲဆောင်နိုင်ခြင်းဖြစ်သည်။
ပေတရုက၏ ရှိမုန်အား “သင်သည် ဘုရားသခင်၏ကောင်းချီးလက်ဆောင်ကို ငွေအားဖြင့်ဝယ်ယူနိုင်သည်ဟုထင်မှတ်သောကြောင့် သင်၏ငွေသည် သင်နှင့်အတူပျက်စီးပါစေ။ သင်၏စိတ်နှလုံးသည် ဘုရားသခင်၏ရှေ့တော်၌ မမှန်ကန်သောကြောင့် သင်သည် ဤအမှုအရာ၌ ပါဝင်ခွင့်မရှိ။ သင့်ဝေစုလည်းမရှိ။ ထို့ကြောင့် သင်၌ရှိသော ဤမကောင်းမှုအတွက် နောင်တရလျက် သခင်ဘုရားထံဆုတောင်းလော့။ သို့ပြုလျှင် သင့်စိတ်နှလုံး၏အကြံအစည်အတွက် သင်သည် ခွင့်လွှတ်ခြင်းခံရကောင်းခံရလိမ့်မည်။ အကြောင်းမူကား သင်သည် ခါးသီးသောသည်းခြေနှင့် မတရားမှု၏အနှောင်အဖွဲ့ထဲ၌ရှိနေသည်ကို ငါမြင်သည်”ဟု ဆိုလေ၏။ ရှိမုန်ကလည်း “သင်တို့ပြောသည့်အရာတစ်ခုမျှ အကျွန်ုပ်အပေါ်မသက်ရောက်စေရန် အကျွန်ုပ်အတွက် သခင်ဘုရားထံ ဆုတောင်းပေးကြပါ”ဟုပြစ်တင် ခဲ့သည်။ ဤနေ့ရက်များတွင် အမှုတော်ဆောင်များစွာတို့သည် ဤကဲ့သို့ သောလုပ်ဆောင်ချက်ကိုနှစ်သက်ကြသောကြောင့် ဝမ်းနည်းပူဆွေးမှုများ ဖြင့် ကျွန်ုပ်တို့ကြည့်ရှုသင့်သည်။ သူတို့အများစုသည် ခရစ်မားတစ်(ဒ်)လှုပ် ရှားမှုခံယူသူများ ဖြစ်ကြသည်။ သူတို့က သူတို့၏သိုးစုများထံမှ ငွေကြေး တောင်းခံကြသည်။ ဤကဲ့သို့သောယုံကြည်ခြင်းများကို ကျွန်ုပ်တို့ သတိ ထားပြီး၊ စစ်မှန်သောရေနှင့်ဝိညာဉ်တော်ကိုယုံကြည်ခြင်းအားဖြင့် သန့်ရှင်း သောဝိညာဉ်တော်ကိန်းဝပ်ခြင်းလက္ခရရှိသင့်ပါသည် (မဿဲ ၃း၁၅၊ ၁ပေ ၃း၂၁၊ ယောဟန် ၁း၂၉၊ ယောဟန် ၁၉း၂၁-၂၃)။ 
 


ခရစ်မားတစ်(ဒ်)ခံယူသောသူများက လက်တင်ခြင်းအားဖြင့် အလုပ်လုပ်ကြသည်။


ကျွန်ုပ်တို့သည် ဤကဲ့သို့သောယုံကြည်ခြင်းမျိုးကို ခပ်ဝေးဝေးရှောင် သင့်သည်။ ယခုခေတ်တွင် အချို့သောသူများကတန်ခိုးရရှိပြီးသောသူများ က လက်တင်လျှင် သန့်ရှင်းသောဝိညာဉ်တော်တန်ခိုးရရှိနိုင်သည်ဟု အဓိပ္ပါယ်မရှိသော ယုံကြည်ခြင်းမျိုး ရှိကြသည်။ လူများစွာတို့သည် တမန် တော်များလက်တင် ဆုတောင်းပေးခြင်း အားဖြင့်သန့်ရှင်းသော ဝိညာဉ် တော်ရရှိသည်ဟု သမ္မာကျမ်းစာထဲတွင် ဖော်ပြထားသောကြောင့် သူတို့ သည် လက်တင်ခြင်းအားဖြင့် သန့်ရှင်းသောဝိညာဉ်တော်ရရှိကြမည်ဟု ထင်ကြသည်။ ဟန်ဆောင်သူအချို့တို့ကသူတို့ လက်ကို အခြားသောသူ များအပေါ်တွင်တင်ခြင်းအားဖြင့် သန့်ရှင်းသောဝိညာဉ် တော်ကိန်းဝပ် ခြင်းပေးနိုင်လိမ့်မည်ဟု အဓိပ္ပါယ်မရှိသော ယုံကြည်ခြင်း မျိုးရှိကြသည်။ ဤကဲ့သို့သော လူတန်းစားများရှိသောကြောင့်ကျွန်ုပ်တို့အထူး သတိပြုရ မည်ဖြစ်သည်။ 
သို့ရာတွင် သူတို့၏ယုံကြည်ခြင်းသည် ကနဦးအသင်းတော်ခေတ် တမန်တော်များ၏ယုံကြည်မှုနှင့်အလွန်အမင်းကွာဟမှုရှိကြောင်းကို ကျွန်ုပ် တို့ သိရှိနားလည်သင့်သည်။ ယခုခေတ်ကာလတွင် အချို့သောခရစ် ယာန်များအတွက် အပြင်းထန်ဆုံးသောစိန်ခေါ်မှုသည် သူတို့သည် စစ်မှန် သောရေနှင့်ဝိညာဉ်တော်သတင်း ကို မယုံကြည်ခြင်းပင်ဖြစ်သည်။ သူတို့က ဘုရားသခင်ကိုယုံကြည်ကြသည်ဟု ပြောကြသည်။ သို့သော် သူတို့က ဘုရားသခင်ကို မလေးစားဘဲ၊”မိမိကိုယ်ကိုနှင့် အခြားသူများကိုလှည့်စား ကြသည်။ သို့သော်လည်း အပြစ်သားတစ်ယောက်သည် သန့်ရှင်းသောဝိ ညာဉ်တော်ကိန်းဝပ်ခြင်းမရနိုင်ပါ။ အခြားသူများကိုလည်း သန့် ရှင်းသော ဝိညာဉ်တော်ကိန်းဝပ်ခြင်းမပေးနိုင်ပါ။ အပြစ်သားတစ်ဦးအပေါ်မှာ သန့် ရှင်းသောဝိညာဉ်တော်ဆင်းသက်နိုင်သည်ဟု လူတစ်စုံတစ်ယောက်က ပြောလျှင် ထိုဝိညာဉ်သည် သန့်ရှင်းသောဝိညာဉ်မဟုတ်ဘဲ သန့်ရှင်းသော ဝိညာဉ်ဟန် ဆောင်သည့် စာတန်၏ဝိညာဉ်ပင်ဖြစ်လိမ့်မည်။ 
ကနဦးအသင်းတော်ခေတ်တွင်ရှိသော တမန်တော်များသည် သခင် ယေရှုခရစ်တော်သည် ကယ်တင်ရှင်ဖြစ်ကြောင်းကို၄င်း၊ သူသည် ယော ဟန်ဗတ္တိဇံပေးခြင်းနှင့် ကားတိုင်တော်ပေါ်တွင်အသေခံခြင်းအားဖြင့် လူ သားများ၏အပြစ်အား လုံးယူဆောင်ခဲ့ကြောင်းကို၄င်း သိရှိယုံကြည်သော သူများဖြစ်ကြသည်။ သူတို့သည် သခင်ယေရှုနှစ်ခြင်းမင်္ဂလာခံယူခြင်းနှင့် လက်ဝါးကပ်တိုင်တော်ပေါ်တွင် သွန်းလောင်း သောအသွေးတော်သမ္မာတ ရားကို ယုံကြည်ခဲ့ကြသောကြောင့် သူတို့သည် သန့်ရှင်းသောဝိညာဉ်တော် ကိန်းဝပ်ခြင်းရရှိနိုင်ခဲ့ကြသည်။ သူတို့သည် ရေနှင့်ဝိညာဉ်တော်သတင်းကို အခြားသူများထံဝေငှသက်သေခံခဲ့ကြသည်။ ထိုကြောင့် သူတို့သည် အခြား သူများအပေါ်သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်အောင် ကူညီနိုင်ခဲ့ကြ သည်။ 
သို့သော်လည်း ယခုခေတ်ကာလတွင် များစွာသောခရစ်ယာန်များမှာ မှား ယွင်းသောတဖက်စွန်းယုံကြည်ခြင်းရှိကြသည်။ ယခုခေတ်ကာလတွင် အပြစ်သား တစ်ယောက်သည် အခြားအပြစ်ရှိသောအမှုတော်ဆောင်တစ် ဦး၏လက်တင်ခြင်းအားဖြင့် သန့်ရှင်းသောဝိညာဉ်တော်ရရှိနိုင်မလား။ ၄င်း သည်လုံးဝမဖြစ်နိုင်သော အရာဖြစ်သည်။ သူတို့နှလုံးသားထဲတွင်အပြစ်ရှိ ကြသော်လည်း သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်းရရှိခဲ့ကြသည်ဟု ပြောဆိုသူများလည်းရှိသည်။ လူတစ် စုံတစ်ဦးသည် သူနောက်လိုက်သော သူများမျက်စိတွင် ကောင်းသောသိုးထိန်းပမာဖြစ်သော်လည်း သူ၏နှလုံး ထဲတွင် အပြစ်ရှိလျှင် ထိုသူသည် မည်သူမည်ဝါအပေါ် တွင်သန့် ရှင်းသော ဝိညာဉ်တော်ကိန်းဝပ်ရန် လုံးဝစွမ်းဆောင်နိုင်မည်မဟုတ်ပေ။ 
မည်သို့ဆိုစေကာမူ လူများစွာတတို့သည်ဤမှားယွင်းသောယုံကြည် ခြင်းမျိုး ရှိကြသည်။ ဤအကြောင်းကြောင့် မှားယွင်းသောပရောဖက် များက လူတွေကို ငရဲထဲသို့ခေါ်ဆောင်နိုင်ကြခြင်းဖြစ်သည်။ ဤကဲ့သို့သော ယုံကြည်ခြင်းမျိုးကိုသွန် သင်သောသူများသည် မှားယွင်းသောပရောဖက် များဖြစ်ကြသည်ကို မိတ်ဆွေသိသင့်ပါသည်။ ဤလူများသည် ဝိညာဉ်ဆိုး များသိမ်းပိုက်ခြင်းခံသောသူများ ဖြစ်ကြသည်။
လူတစ်ဦးသည် အပြစ်ရှိလျှင် သန့်ရှင်းသောဝိညာဉ်တော်သည် ထိုသူ အထဲတွင်ကိန်းဝပ်နိုင်မလား။ မကိန်းဝပ်နိုင်ပေဟုဖြေရပေမည်။ အပြစ်ရှိ သောလူတစ်ဦးသည် အခြားသူများကို သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ် ခြင်းအမှုကို စွမ်းဆောင်ပေးနိုင်လား။ မစွမ်းဆောင်နိုင်ပေဟု တဖန်ဖြေရပေ မည်။ ယခုခေတ် ခရစ်မားတစ်(ဒ်) ယုံကြည်ခြင်းစွဲကိုင်သူများသည် သူတို့ အထဲတွင် အပြစ်ရှိလျက်နှင့် အံ့သြဖွယ်နိမိတ် လက္ခဏာများပြုလုပ်ခြင်း သည် မည်သူ့လုပ်ဆောင်ချက်ဖြစ် သနည်း။ ဝိညာဉ်ဆိုးများ၏လုပ်ဆောင် ချက်ဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော်သည် အပြစ်ရှိသောလူတစ်ဦး ထဲတွင်မကိန်းဝပ်နိုင်ပေ။ သန့်ရှင်းသောဝိညာဉ် တော်သည် ရေနှင့်ဝိညာဉ် တော်၏ သတင်းကိုယုံကြည်သူသောသူများအထဲ၌သာ ကိန်းဝပ်လျက်ရှိ သည်။ မိတ်တွေအပေါ်တွင်ရှိသောဝိညာဉ်တော်သည် သန့်ရှင်းသောဝိ ညာဉ်တော်ဖြစ်သည်ဟု သေချာ စွာသိရှိသလား။
ယောဟန် ၃း၅ တွင် သခင်ယေရှုက “သင့်အား ငါအမှန်အကန်ဆိုမည်။ လူသည် ရေနှင့်ဝိညာဉ်တော်အားဖြင့် မွေးဖွားခြင်းကိုမခံလျှင် ဘုရား သခင်၏နိုင်ငံတော်သို့မဝင်နိုင်”ဟု မိန့်မှာခဲ့သည်။ ထိုကြောင့် စစ်မှန်သော ရေနှင့်ဝိညာဉ်တော်သတင်းကို ယုံကြည်ခြင်းအားဖြင့်သာလျှင် သန့်ရှင်း သောဝိညာဉ်တော်ကိန်းဝပ်ခြင်း ရရှိနိုင်သည်။ ယနေ့ခေတ်ကြီး တွင်ခရစ် ယာန်များစွာတို့ပြုသောမှားယွင်းမှု တစ်ခုသည် အပြစ်ရှိသောအမှုတော် ဆောင်တစ်ဦးမှ လက်တင်ခြင်းအား ဖြင့်သန့်ရှင်းသောဝိညာဉ်တော်ကိန်း ဝပ်ခြင်းရရှိနိုင်သည်ဟု ယုံကြည်ခြင်း ဖြစ်သည်။ ၄င်းသည် မဟာမှားယွင်းမှု တစ်ခုပင် ဖြစ်သည်။ ယနေ့ ခေတ်ကာလတွင် များစွာသောခရစ်ယာန် များနှင့် အမှုတော်ဆောင်များက လက်တင်ခြင်းအားဖြင့် သန့်ရှင်းသောဝိ ညာဉ်တော်ကိန်းဝပ်ခြင်းရရှိနိုင်သည်ဟု ယုံကြည်နားလည်ခဲ့ကြသည်။ 
 


စစ်မှန်သောအပြစ်လွှတ်ခြင်းနှင့်လက်တင်ခြင်းတို့၏ဆက်စပ်မှု


"လက်တင်ခြင်း" ဟူသည် အရာဝတ္ထုတစ်ခုကို လူတစ်ဦးထံလွှဲပြောင်း ပေးခြင်း အဓိပ္ပါယ်ဆောင်ပါသည်။ ဤသို့စဉ်းစားကြည့်ပါ။ ကျွန်ုပ်တို့သည် မိုက်ခွက်ဖြင့် စကားပြောသောအခါ အသံလှိုင်းများသည် ဝါယာကြိုးမှအသံ ချဲ့စက်သို့ကူးသွားပြီး၊ ၄င်းမှ အသံအိုးထဲသို့ ကျယ်လောင်စွာထွက်လာ သောကြောင့်လူ တိုင်းက ၄င်းစကားသံကိုကြားသိနိုင်သည်။ ထိုနည်းတူ၊ ဓမ္မဟောင်းခေတ်ကာလတွင် အပြစ်သားတစ်ဦးသည် ယဇ်ပူဇော်ခြင်းခံ သောယဇ်ကောင်အပေါ်လက်တင်သောအခါ ထိုသူ၏အပြစ်များကို ယင်း ယဇ်ကောင်ပေါ်သို့လွှဲပြောင်းကာ ထိုသူ သည်အပြစ်လွှတ်ငြိမ်းချမ်းသာခွင့် ရရှိခဲ့သည်။ ဤသို့အားဖြင့် ဘုရားသခင်၏ အစေခံများသည် သူတို့လက်ကို သူတို့အပေါ်တင်သောအခါ ဘုရားသခင်၏တန်ခိုး တော်သည် လူတွေပေါ် တွင်လွှဲပြောင်းပေးခြင်းဖြစ်သည်။ ထိုနည်းတူ၊ လက်တင်ခြင်း၏ အဓိပ္ပါယ် သည် "လွှဲ ပြောင်းပေးခြင်း၊ ကူးပြောင်းခြင်း" ဖြစ်သည်။ 
ခရစ်မားတစ်(ဒ်)ယုံကြည်ခြင်းခံယူသူများသည် လူတွေအပေါ်လက် တင်ခြင်းအားဖြင့် သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်း မပေးနိုင်ပေ။ ထိုသို့ပေးနိုင်မည့်အစားသူတို့သည် ဝိညာဉ်ဆိုးများကိုသာပေးကြသည်။ နတ်ဆိုးဝိညာဉ်ဆိုးရှိသောလူတစ်ဦးက အခြားသောသူများအပေါ်မှာလက် တင်ခြင်းအားဖြင့် ဝိညာဉ်ဆိုးများကိုသာပေးနိုင်သည်ကို မိတ်ဆွေ သတိ ထားသင့်ပေသည်။ နတ်ဆိုးစွဲသော လူတစ်ဦးက အခြားသူများအပေါ်လက် တင်သောအခါ စာတန်သည်အပြစ်သား များအားဖြင့်အမှုပြုသောကြောင့် သူတို့သည် ထိုသူအပေါ် ဝိညာဉ်ဆိုးများလွှဲပြောင်းပေးခြင်းသာဖြစ်သည်။ ဤအကြောင်းကြောင့် သန့်ရှင်းသောဝိညာဉ်တော် ကိန်းဝပ်ခြင်းရရှိလိုသူ များသည်ရေနှင့်ဝိညာဉ်တော်သတင်းကို ယုံကြည်ရမည်ဖြစ်သည်။ အပြစ် နှောင်ထဲတွင် ရှိသောသူများသည် သခင်ယေရှုကိုယုံကြည်ကြသော်လည်း သူတို့သည် အပြစ်လွှတ်ငြိမ်းခြင်းမရလျှင် စာတန်သည်သူတို့ကိုအုပ်စိုး နေသည်။ 
လူတစ်ဦးသည် နတ်ဆိုးစွဲသောလူတစ်ဦးထံမှ လက်တင်ခြင်းရရှိလျှင် ဝိညာဉ်ဆိုးများသည် ထိုသူအထဲမှထွက်သွားပြီး သူသည် မှားယွင်းသော နိမိတ်လက္ခဏာများကိုပြုလုပ်နိုင်မည်ဖြစ်သည်။ လက်တင်ခြင်းအားဖြင့် ဝိ ညာဉ်ဆိုးများသည် အခြားသူများပေါ်တွင် ကိန်းဝပ်နိုင်ကြောင်းကို၄င်း၊ ရေနှင့်ဝိညာဉ်တော်သတင်းကို ယုံကြည်ခြင်းအားဖြင့် သန့်ရှင်းသောဝိညာဉ် တော်ကိန်းဝပ်ခြင်း ရရှိနိုင်သည်ကို ၄င်း၊ ကျွန်ုပ်တို့သိရှိရမည်ဖြစ်သည်။
လက်တင်ခြင်းသည် ဘုရားသခင်စတင်ထူထောင်သည့်အခြားသော သူများ အပေါ် တစ်စုံတစ်ခုကိုလွှဲပြောင်းပေးခြင်းနိယာမတစ်ခုဖြစ်သည်။ သို့သော် စာတန်သည် လက်တင်ခြင်းအားဖြင့် လူတွေအပေါ် ဝိညာဉ်ဆိုး များကို ရရှိစေသည်။ ယခု မျက်မှောက်ကာလတွင် သန့်ရှင်းသောဝိညာဉ် တော်တန်ခိုးကို ငွေဖြင့်ဝယ် ယူရန် လူများစွာတို့ကကြိုးစားခြင်းသည် ပို၍ ကြီးမားသောပြသနာတစ်ခု ဖြစ်သည်။
 


ခရစ်ယာန်အများစုကသန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်း သမ္မာတရားကို လွှဲမှားစွာသိရှိသည်


သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်းကိုမည်ကဲ့သို့ရရှိနိုင်မည်နည်းဟု မေးသောအခါ လူများစွာတို့က အပြစ်နောင်တရခြင်းနှင့်စပ်ဆိုင်သော ဆုတောင်းခြင်းနှင့် အစာရှောင်ခြင်းများအားဖြင့်ရရှိသည်ဟု ဖြေကြသည်။ ၄င်းအဖြေသည် မှားပါသည်။ မိတ်ဆေါသည် ဘုရားသခင်ထံအထူးဆု တောင်းသောအခါ မိတ်ဆွေ အပေါ်သန့်ရှင်းသောဝိညာဉ်တော်ဆင်းသက် ပါသလား။ မဆင်းသက်ပါ။ ရေနှင့်ဝိ ညာဉ်တော်သတင်းကိုယုံကြည်သူများ အပေါ်၌သာလျှင် သန့်ရှင်းသောဝိညာဉ် တော်ကိန်းဝပ်ခြင်းရောက်ရှိလာ သည်။
ဘုရားသခင်သည် သမ္မာတရားဖြစ်သောကြောင့် သူက သန့်ရှင်းသော ဝိညာဉ်တော်ကိန်းဝပ်ခြင်းရရှိရေးအတွက် ဥပဒေကိုထူထောင်းပေးခဲ့သည်။ သူ၏ နှလုံးသားထဲ၌အပြစ်ရှိသောလူတစ်ဦးအပေါ် သန့်ရှင်းသောဝိညာဉ် တော်ကိန်းဝပ်နိုင်မလား။ အဖြေသည် လုံးဝမကိန်းဝပ်နိုင်ပေ။ လူတစ်ဦး သည် လက်တင်ခြင်းအားဖြင့် သန့်ရှင်းသောဝိညာဉ်တော်မကိန်းဝပ်ခြင်းမ ရရှိနိုင်ပေ။ လူတစ်ဦးသည် နိုးထမှုအစီအစဉ်၌တက်ရောက်ခြင်း၊ ဘုရားသ ခင်ထံသို့အားရပါးရဆုတောင်းခြင်းအားသန့်ရှင်းသောဝိညာဉ်တော်ကို ရရှိ နိုင်ရင်တောင်မှ သန့်ရှင်းသောဝိညာဉ်တော်သည် ထိုသူအထဲတွင် ရှိလိမ့် မည်မဟုတ်ပေ။ အပြစ်သားတစ်ဦးသည် သန့်ရှင်း သောဝိညာဉ်တော်ကိန်း ဝပ်ခြင်းကို လုံးလုံးလျားလျားရရှိနိုင်မည်မဟုတ်ပေ။ အပြစ်သားများသည် စစ်မှန်သောသန့်ရှင်းသော ဝိညာဉ်တော်ကိန်းဝပ်ခြင်းကို ဆုကျေးဇူးတစ်ပါး အဖြစ်ရရှိနိုင်သည်။ သို့သော် သူတို့သည် ရေနှင့်ဝိညာဉ်တော် သတင်းကို ယုံကြည်ခြင်းအားဖြင့် အပြစ်လွှတ်ခြင်းအခွင့်ရရှိမှသာလျှင် သန့်ရှင်း သော ဝိညာဉ်တော်ကိန်းဝပ်ခြင်းကို ရရှိနိုင်မည် ဖြစ်သည်။ 
ရေနှင့်ဝိညာဉ်တော်သတင်းကိုမသိသောသူများသည် သန့်ရှင်းသော ဝိညာဉ်တော်ကိန်းဝပ်ခြင်းကို ရရှိနိုင်မည်မဟုတ်ပေ။ ယခုခေတ်ကာလတွင် ရေနှင့် ဝိညာဉ်တော်သတင်းကို ခရစ်ယာန်စာအုပ်စာပေများ၊ အသင်းတော် ဝတ်ပြုခြင်းများ၊ အင်တာနက်များနှင့် ကမ္ဘာတစ်ဝှမ်းလုံးတွင်ရှိသော အီ လက်ထရောနိတ်စာ အုပ်များအားဖြင့်ကမ္ဘာနေရာအနှံ့အပြားသို့ တဟုန်ထိုး ပျံ့နှံ့သွားခဲ့ပြီဖြစ်သည်။ ထိုကြောင့် စစ်မှန်သောသတင်းကောင်းကို လိုက် လံရှာဖွေသောသူများက ထိုအကြောင်းကို ယုံကြည်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်ကိန်းဝပ်ခြင်းရရှိနိုင်သည်။ မိတ်ဆွေသည် သန့်ရှင်းသောဝိ ညာဉ်တော်ကိန်းဝပ်ခြင်းမရရှိသေးလျှင်ရေနှင့်ဝိညာဉ်တော်သတင်းကို မိတ် ဆွေ ယုံကြည်သင့်ပါသည်။
 

မှားယွင်းသောယုံကြည်ခြင်း၏အကြီးဆုံးသောသာဓက

ယနေ့ခေတ်ကာလတွင် မမှန်ကန်သောဝိညာဉ်များရရှိသောသူများ၏ အရိပ် လက္ခဏာများကို ဆန်းစစ်သောအခါ နတ်ဆိုးများအမှန်တည်ရှိသည် ကို ကျွန်ုပ်တို့ တွေ့ရှိနိုင်သည်။"သန့်ရှင်းသောဝိညာဉ်တော်ရရှိရေးအတွက် နှိုးထမှုအစည်းအဝေး"များသည် သန့်ရှင်းသောဝိညာဉ်တော်ကိုရရှိရန် အ သည်းအတန်ဆန္ဒရှိသောသူများ ဖြစ်ကြသည်။ ဤအစည်းအဝေးများတွင် လူတွေက ငိုကြွေး ခြင်းနှင့်အစာရှောင်ခြင်းများပြုကြကာလက်ခုပ်တီးပြီး နောင်တရခြင်းနှင့် ပတ်သက်သောဆုတောင်းခြင်းများဆက်ကပ်ကြသည် ကို ကျွန်ုပ်တို့တွေ့ရသည်။ သူတို့သည် အရူးအမူးဆုတောင်းခြင်းမပြုလျှင် သန့်ရှင်းသောဝိညာဉ်တော်သည် သူတို့ အပေါ်သက်ရောက်မည်မဟုတ် ကြောင်း တရားဟောဆရာက သူတို့ကို လမ်းညွှန်ပေးသည်။ ထိုနောက် လူတွေက "ဘုရားသခင်"ဟု ငိုကြွေးကြပြီး၊ အရူးအမူး ဆုတောင်းကြသည်။
ဤကဲ့သို့သောအပြုအမူ အရူးအမူးဆုတောင်းခြင်းအားဖြင့် သန့်ရှင်း သောဝိညာဉ်တော်ရရှိနိုင်မည်လား။ မရနိုင်ပေ။ ဤအစည်းအဝေးများတွင် လူတွေ က ထူးခြားသောအသံဗလံများပြုနေသည့်အချိန်တွင် သူတို့သည် ငယ်သံပါအောင် အော်ခြင်း၊ နောက်သို့မူးလဲခြင်း၊နှင့်တုန်ရီတုန်ရီဖြစ်ခြင်း များ မိတ်ဆွေမြင်တွေ့နိုင်သည်။ အချို့သောသူများသည် နောက်သို့မူးလဲ ပြီး ဟိုဘက်ဒီဘက် မြေပေါ်တွင် လိမ့်လူးကာ ငယ်သံပါအောင်ဟစ်ကြွေး ပြီး အခြားသောဘာသာစကားကိုစပြော လာတော့သည်။ အစည်းအဝေး တလျှောက်တွင် အချို့သောသူများသည် အသံကျယ်လောင်စွာ ခေါင်း ညိတ်ဟစ်အော်လိုက်ပြီး သူတို့စိတ်လှုပ်ရှားသောအသံခြင်း ပရိတ်သတ် များကိုလွှမ်းမိုးသည်။ သူတို့ထဲမှလူအချို့တို့သည် ဝက်ရူးရောဂါစွဲသလို ကတုန်ကရင်ဖြစ်ကာ အခြားသောဘာသာစကားကိုစပြောလာတော့သည်။ လူတွေက ဤဖြစ်ရပ်ဆန်းများကိုသန့်ရှင်းသောဝိညာဉ်တော်သည် သူတို့အ ပေါ်တက်ရောက်သည့်သက်သေဖြစ်သည်ဟု ပြောကြသည်။ သို့သော် စာ တန်သည် သူ၏လုပ်ငန်းလုပ်ဆောင်သောအခါ မည်သည့်အရာဖြစ်ပျက် သည်ကို စဉ်းစားကြည့်ပါ။ ၄င်းသည် သန့်ရှင်းသောဝိညာဉ်တော်၏လုပ် ဆောင်ချက်ဖြစ်သလား။ လုံးဝမ ဟုတ်ပေ။
 

စာတန်သည် ခရစ်ယာန်များစွာတို့ကို လှည့်ဖြားသည်

ယခုချိန်တွင် ခရစ်ယာန်များစွာတို့သည် စာတန်နှစ်သက်သောဘာ သာ ရေးလှုပ်ရှားမှုမျိုးကို ဦးတည်နေကြသည်။ သန့်ရှင်းသောဝိညာဉ်တော် ရရှိနိုင်ရန် အတွက် တန်ခိုးရှိသောအမှုတော်ဆောင်တစ်ဦးထံမှလက်တင် ခြင်းရရှိရန် လိုအပ်သည်ဟု ပြောခြင်းအားဖြင့် စာတန်သည် လူတွေကို လှည်းစားသည်။ ခရစ်ယာန်များစွာတို့က ဤအရာကို သာဘာဝကျသော ယုံကြည်ခြင်းဖြစ်သည်ဟု ထင်ကြသည်။ သူတို့သည် အလွန်အမင်းဆု တောင်းလျှင် သန့်ရှင်းသောဝိညာဉ်တော်ရရှိနိုင်မည်ဟု စာတန်က လူတွေ ၏အတွေးထဲတွင် မျိုးစေ့ကြဲနေသည်။ ဤကဲ့သို့ သောယုံကြည်ခြင်းမျိုး လူနှစ်ဆ၊ သုံးဆစသည့်ဖြင့်တိုးပွါးနိုင်ရန်စာတန်သည် ကြိုး ပမ်းနေခဲ့သည်။
ထိုကြောင့် လူများစွာတို့က ရေနှင့်ဝိညာဉ်တော်သတင်းအကြောင်းကို လေ့လာသင်ယူ သိရှိရန်ကြိုးပမ်းအားထုတ်ခြင်းမရှိကြပေ။ ရေနှင့်ဝိညာဉ် တော်သတင်းကိုသိရှိရန်နှင့်ယုံကြည်ရန် စာတန်၏ဖြားယောင်းသွေးဆောင် မှုကို ကျွန်ုပ်တို့ရှောင်ကြဉ်ရန် ကြိုးပမ်းရမည်ဖြစ်သည်။ ရေနှင့်ဝိညာဉ်တော် သတင်းကို ယုံကြည် သူများအပေါ် သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ် ခြင်းရှိသည်။ မိတ်ဆွေသည် ဤအကြောင်းအရာကိုယုံကြည်ရမည်ဖြစ် သည်။
 

သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်းနှင့်ပတ်သက်ပြီးခရစ် ယာန်များ၏ မှားယွင်းသောခံယူချက်များ

ပထမနေဖြင့်၊ ခရစ်မားတစ်(ဒ်)ခံယူချက်စွဲကိုင်သောခရစ်ယာန်ဘာ သာယုံကြည်သူများမ၏ ယုံကြည်ခြင်းများ၌ ကြီးမားသောမှားယွင်းမှုရှိ သည်။ သူတို့၏နှလုံးသားထဲတွင် အပြစ်ရှိလျက်နှင့် သူတို့သည် သန့်ရှင်း သောဝိညာဉ်တော်ကိုရရှိရန် ကြိုးပမ်းကြသည်။ သူတို့၏နှလုံးသားများထဲ တွင် အပြစ်ရှိသော်လည်းသူတို့သည် သန့်ရှင်းသောဝိညာဉ်တော်ကိန်း ဝပ်ခြင်းရရှိနိုင်လိမ့်မည်ဟု သူတို့က မှားယွင်းစွာ ယုံကြည်ကြသည်။ သို့ သော် ရေနှင့်သန့်ရှင်းသောဝိညာဉ်တော် သတင်းကိုယုံကြည်ခြင်းမရှိသော လူတစ်ဦးသည် သန့်ရှင်းသောဝိညာဉ်တော်ကို အပြည့်အဝမရရှိ နိုင်ပေ။
ဒုတိယအနေဖြင့်၊ လူတွေ၏မာန်မာနကြီးခြင်းသည် သန့်ရှင်းသော ဝိညာဉ်တော်ကိန်းဝပ်ခြင်းရရှိရန် ဆီးတားနေသည်ကိုတွေ့ရသည်။ လူတစ် ဦးသည် မာန်မာနကြီးမရှိပါက သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်းရ ရှိနိုင်သည်ကို ဆိုလိုသလား။ မာန်မာနအနည်းငယ်မျှမရှိသောသူဤလော ကတွင်ရှိသလား။ ဘုရားသခင် ခွင့်လွှတ်ခြင်းမရသောမာန်မာနကြီးသောလူ တစ်ဦးသည် ဘုရားသခင်၏နှုတ်က ပတ်တော်အပေါ် သူတို့၏ထင်မြင်ချက် များကိုရောဖြည့်ထားသောသူများဖြစ်ကြသည်။ လူများစွာတို့သည် သူတို့၏ ကိုယ်ပိုင်နည်းလမ်းအားဖြင့်၄င်း၊ စစ်မှန်သော ရေနှင့်ဝိညာဉ်တော်သတင်း ကို လျစ်လျူရှုခြင်းအားဖြင့်၄င်း သန့်ရှင်းသောဝိညာဉ် တော်ကိန်းဝပ်ခြင်းရ ရှိရန် ကြိုးစားကြသည်။သို့ရာတွင် ရေနှင့်ဝိညာဉ်တော်သတင်းကို ယုံကြည် သူသောသူများအပေါ်၌သာ သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်း သက် ရောက်သည်။
တတိယအနေဖြင့်၊ လူတစုံတယောက်သည် ဘုရားသခင်၏ရှေ့တော် မှောက်တွင် မိမိအပြစ်များကို ရိုးသားစွာဝန်ချတောင်းပန်မှသာလျှင် သန့်ရှင်းသော ဝိညာဉ်တော်ကိန်းဝပ်နေသည်ဟုဆိုကြသည်။ ထိုကြောင့် သန့်ရှင်းသောဝိညာဉ် တော်ကိန်းဝပ်ခြင်းရရှိရန်အတွက် သူတို့၏အပြစ်များ ဝန်ချတောင်းပန်ရမည်ဟု သူတို့ သည်တိုက်တွန်းခြင်းခံကြသည်။ သို့သော် လူတစ်ဦးသည် မိမိအပြစ်များကို သာမန်ကာရှင်ကာ ဝန်ချတောင်းပန် ရုံမျှဖြင့် သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်း မသက်ရောက်သည်ကို မိတ်ဆွေ မှတ်ထားရမည်ဖြစ်သည်။ ယနေ့ခေတ်ကာလတွင် ခရစ်ယာန် များစွာတို့သည် သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်းနှင့် ဝိညာဉ်တော် ဖြင့် ပြည့်ဝခြင်းကို တောင့်တကြသော်လည်း သူတို့၏နှလုံးသားထဲတွင် အပြစ်ရှိကြသောကြောင့် သန့်ရှင်းသောဝိညာဉ် တော်ကိန်းဝပ်ခြင်းမရနိုင် ကြပေ။ ဤကဲ့သို့ သောနည်းလမ်းဖြင့်တောင့်တသောသူများကို နတ်ဆိုး များက ချုပ်နှောင်ကြပါလိမ့်မည်။
စတုတ္ထအနေဖြင့်၊ ကျွန်ုပ်တို့သည် ဘုရားသခင်ထံကောင်းချီးမင်္ဂလာ ကို စိတ်အားထက်သန်စွာတောင်းလျှောက်လျှင် သန့်ရှင်းသောဝိညာဉ် တော်ကိန်းဝပ်ခြင်းရရှိနိုင်သည်ဟု အချို့သောသူများကပြောတတ်ကြ သည်။ သို့သော်အသားနားခံ တောင်းလျှောက်ခြင်းအားဖြင့် သန့်ရှင်းသောဝိ ညာဉ်တော်ကိန်းဝပ်ခြင်း မရနိုင်ပေ။ 
ပဉ္စမအနေဖြင့်၊ ဝိညာဉ်တော်တန်းအချို့တို့ကိုပိုင်ဆိုင်ခြင်းသည် သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်းသက်သေဖြစ်သည်ဟု လူအချို့တို့ က ပြောကြသည်။ အခြားသောဘာသာစကားပြောခြင်းကိုအများအားဖြင့် သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်းသက်သေဖြစ်သည်ဟု အထင်ကြီး တတ်ကြသည်။ လူတစ်ဦးသည် သခင်ယေရှု၏နာမတော်အားဖြင့်နတ် ဆိုးများကိုနှင်ထုတ်ခြင်း (သို့)အခြားသောဘာ သာစကားပြောခြင်းကြောင့် ထိုသူ၏နှလုံးသားထဲတွင်သန့်ရှင်း သောဝိညာဉ်တော်မ ကိန်းဝပ်နိုင်ပေ။ စာ တန်သည်အပြစ်တရားကိုပိုင်ဆိုင်သည်။ မိမိနှလုံးသားထဲတွင် အပြစ်ရှိ သောလူတစ်ဦးသည် ထူးဆန်းသောတန်ခိုးကိုပိုင် ဆိုင်သောကြောင့် ထိုသူ အထဲတွင်သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်သည်ဟု ပြောနိုင်မလား။ တဖန်၊ ၄င်းသည် နတ်ဆိုးများ၏လိမ်ညာလှည့်ဖြားခြင်း သာဖြစ်သည်။
ကျွန်ုပ်တို့ထံ သခင်ယေရှုပေးထားသောရေနှင့်သန့်ရှင်းသောဝိညာဉ် တော်သတင်းသည် သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်းရရှိရန် ကျွန်ုပ် တို့ကိုမီးမောင်းထိုး ပြသောစစ်မှန်သောသတင်းဖြစ်သည်။ အခြားသော နည်းလမ်းများ အားဖြင့် သန့်ရှင်းသောဝိညာဉ်တော်နှင့်အပြစ်လွှတ်ခြင်းရရှိ နိုင်သည်ဟု မိတ်ဆွေ ထင်လျှင် မိတ်ဆွေသည်အယူအဆအလွန်အမင်း လွှဲမှားခြင်းသာ ဖြစ်သည်။ မိတ်ဆွေသည် မှားယွင်းသောယုံကြည်ခြင်း များမှလွှတ်မြောက်ပြီး ဝိညာဉ်တော်အတွေးအခေါ်နှင့် သက်ဝင်သောယုံ ကြည်ခြင်းပိုင်ဆိုင်လိမ့်မည်ဟု ကျွန်တော်ယုံ မြော်လင့်မိပါသည်။
ယနေ့ ခရစ်ယာန်များစွာတို့သည် နတ်ဆိုးများချုပ်နှောင်မှုကိုခံနေကြ သည်ဟု ပုံကြီးချဲ့ဖော်ပြလိုခြင်းမဟုတ်ပေ။ ကမ္ဘာတစ်ဝှမ်းလုံးတွင်ရှိသောခ ရစ်ယာန်များစွာတို့သည် အထူးနိုးထမှုအစီအစဉ်များ (သို့) လက်တင်ခြင်းခံ ရခြင်း များအားဖြင့် သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်းရရှိလိုကြ သောကြောင့် သူတို့နတ်ဆိုးများ၏တန်ခိုးအောက်တွင် ရောက်ရှိနေကြခြင်း ဖြစ်သည်။ သူတို့ သည် အကောင်းဆုံးဖြစ်သည်ဟုသတ်မှတ်ခြင်းခံရသော ဆုတောင်းအိမ်များ၊ သက်ကြီးသင်းအုပ်ဆရာများ၊ နှိုးထမှုဦးဆောင်သော သူများ(သို့)သန့်ရှင်းသော ဝိညာဉ်တော်ရရှိရန်စွမ်းဆောင်နိုင်သည်ဟု သတ် မှတ်ခြင်းခံရသောသင်းအုပ်ဆ ရာများစသောပုဂ္ဂိုလ်များထံ သွားကြသည်။ လက်တင်ခြင်းအားဖြင့်သန့်ရှင်းသော ဝိညာဉ်တော်ရရှိရန်မြော်လင့်ချက် ဖြင့် သူတို့သည် ထိုသူများထံသွားကြသည်။ သို့သော် သူတို့သည် သခင် ယေရှုကို မည်မျှပင်ယုံကြည်ပါစေ၊ ဤကဲ့သို့သော ယုံကြည်ခြင်းအားဖြင့် မည်သူကမျှ သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်း မရရှိနိုင်ပေ။ တ နည်းအားဖြင့်၊ သန့်ရှင်းသောဝိညာဉ် တော်ကိန်းဝပ်ခြင်းကို ဘုရား သခင်က လွှဲ၍ မည်သူမည်ဝါကမျှမပေးစွမ်းနိုင်ပေ။
ရှိမုန်ကဲ့သို့ ယနေ့လူများစွာတို့သည် သန့်ရှင်းသောဝိညာဉ်တော်ကို ငွေကြေးဥစ္စာဓနဖြင့်ဝယ်ယူရန်ကြိုးစားကြသည်။ သူတို့သည် သတင်း ကောင်းမဟုတ်၊ လောကီသွန်သင်မှုများ ယုံကြည်ခြင်းအားဖြင့် သန့်ရှင်း သောဝိညာဉ်တော်ရရှိရန် ကြိုးပမ်းကြသည်။ ကမ္ဘာတစ်ဝှမ်းလုံးတွင်ရှိ သောခရစ်ယာန်အများစုတို့သည် ဤကဲ့သို့သောစိတ်နေသဘောထားထဲ တွင် တဝဲဝဲလည်နေကြသည်။ သန့်ရှင်းသော ဝိညာဉ်တော်ရရှိရန် အရည် အချင်းပြည့်မီသောသူများအပေါ် သန့်ရှင်းသောဝိညာဉ် တော်ဆင်းသက် လာသည်။ သန့်ရှင်းသောဝိညာဉ်တော်ရရှိခြင်း နိယာမတစ်ခုတည်းသည် ရေနှင့်ဝိညာဉ်တော်သတင်းကိုယုံကြည်ခြင်းဖြစ်ပြီး၊ ၄င်းသည် သမ္မာတရား အပေါ် တစ်ခုတည်းသောအဖြေ ဖြစ်သည် (တမန် ၂း၃၈)။
လက်တင်ခြင်းအားဖြင့် သန့်ရှင်းသောဝိညာဉ်တော်ရရှိခြင်းသည် ကန ဦး အသင်းတော်ခေတ်ကာလရှိ တိုတောင်းသောအချိန်အတွက်ဖြစ်နိုင် သည်။ ဤအချိန်ပြီးနောက် သူတို့သည် ရေနှင့်သန့်ရှင်းသောဝိညာဉ်တော် သတင်းကို သိရှိယုံကြည်ကြသောအခါ သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ် ခြင်း တခါတည်းသက်ရောက်ခဲ့သည်။ ထိုကြောင့် ဘုရားသခင်၏နှုတ်က ပတ်တော်ယုံကြည်ခြင်းအားဖြင့်သန့်ရှင်းသောဝိညာဉ်တော် ၏လုပ်ဆောင် ချက်ဖြစ်ပေါ်လာခြင်းကလွှဲ၍ ကျန်သောအရာများအားလုံးသည် နတ်ဆိုး များ၏လုပ်ဆောင်ချက်ဖြစ်သည်။ နတ်ဆိုးများသည် စာတန်၏အစေ ခံများ ဖြစ်ကြောင်းကို၄င်း၊ လူတွေက သခင်ယေရှုခရစ်တော်ကိုယုံကြည်ကြသော် လည်း အပြစ်လွှတ်ငြိမ်းခွင့်မရရှိရန်အတွက် စာတန်သည် ဉာဏ်ရည်ဉာဏ် နက်ကို အသုံးပြုပြီး ဤသို့သောနည်းလမ်းဖြင့် အလုပ်လုပ်ကြောင်းကို၄င်း ဘုရားသခင်က မိန့်မှာထားသည်။ လူတွေက သခင်ယေရှုကို ယုံကြည်လျှင် ၄င်း၊ လက်တင်ခြင်း ခံရလျှင်၄င်း၊ သန့်ရှင်းသောဝိညာဉ်တော်ပေးအပ်မည် ဟု ပြောခြင်းအားဖြင့်စာတန်သည် လူတွေကို လှည့်ဖြားသည်။ ယင်းကဲ့သို့ လိမ်ညာမှုများအားဖြင့် စာတန်သည် မိမိနိုင်ငံကို ထူထောင်ရန် ကမ္ဘာတစ် ဝှမ်းသို့နယ်ချဲ့နေသည်။
ယခုနတ်ဆိုးများချုပ်နှောင်ခြင်းခံသောသူများ၏ သွင်ပြင်လက္ခဏာ များကို ကျွန်ုပ်တို့ကြည့်ကြပါစို့။ ပထမအနေဖြင့်၊ နတ်ဆိုးလုပ်ဆောင်ချက် များအားဖြင့်အ လုပ်လုပ်နေသော ဗေဒင်ဆရာ(သို့)နတ်ဆရာ၏သွင်ပြင် လက္ခဏာကိုလေ့လာသောအခါ သူတို့သည် တုန်ရီတုန်ရီဖြစ်ခြင်း၊ မေ့မျော ခြင်းနှင့် အင်အားနည်းမောပန်းမူးဝေခြင်းများရှိသည်ကို ကျွန်ုပ်တို့ တွေ့ရှိရ သည်။ထို့ပြင် သူတို့လျှာများသည် ကောက်လိမ်ပြီး သူတို့ပါးစပ်ဖျားမှ သူတို့ သဘောမဟုတ်သောစကားလုံးများ ထွက်လာပါသည်။ သူတို့သည် ထူးခြား သောစကားများကိုပြောကြသည်။
လက်တင်ခြင်းအားဖြင့် နတ်ဆိုးများစွဲကပ်နေကြသော မှော်ဆရာများ နှင့်ခရစ်ယာန်များတို့သည် ဤအတွေ့အကြုံများ ကျင့်သုံးသောပိုင်ရှင်တစ် ပါး၏ လူများဖြစ်ကြသည်။ ခရစ်မားတစ်(ဒ်)နှိုးထမှုဦးဆောင်သူများသည် မိုက်ခွက်ကို ကိုင်ပြီး၊ "မီးလျှံ၊ မီးလျှံ၊ မီးလျှံ"ဟုဟစ်ကြွေးသောအခါ နား ထောင်သူပရိတ်သတ် များသည် စိတ်လှုပ်ရှား၍မိမိကိုယ်ကိုမထိန်းချုပ် နိုင်ကြပေ။ လက်တင်ခြင်း ခံယူလိုသောသူများသည် ပရတ်သတ်ရှေ့ မှောက်သို့ထွက်လာကြသည်။ သူတို့သည် ထိန်းချုပ်မရသော ကိုယ်ခန္ဓာ တုန်လှုပ်ချောက်ချားမှုအတွေ့အကြုံခံစားပြီး၊ အခြားသောဘာသာစကား ပြောကြတော့သည်။ ဤလှုပ်ရှားမှုလက္ခဏာများသည် သန့်ရှင်းသောဝိ ညာဉ်တော်၏ လုပ်ဆောင်ချက်ကိုယောင်ဆောင်သော နတ်ဆိုး များ၏လုပ် ဆောင်ချက်ဖြစ်သည်။
ရှေးဘာသာရေးတိုင်း၏နတ်ဆရာများနှင့် ဗေဒင်ဆရာများအသုံးပြု သောနတ်ဆိုးဝိညာဉ်ဆိုးပိုင်ဆိုင်သောသူများသည် လက်တင်ခြင်းအားဖြင့် နတ်ဆိုးများစွဲကပ်နေသောခရစ်ယာန်များ၏သွင်ပြင်လက္ခဏာနှင့် ဆင်တူ သည်။ သို့သော် လူတွေက ဤအကြောင်းကို မှားယွင်းစွာ သိရှိကြပြီး၊ ဤသက်သေအထောက်အထားကို လျစ်လျူရှုကြသည်။ ဤခရစ်ယာန်များ သည် ဤကဲ့သို့သောသွင်ပြင် လက္ခဏာများကြုံတွေ့သောအခါ သန့်ရှင်း သောဝိညာဉ်တော်ရရှိသည်ဟု ထင်ကြသောကြောင့် သူတို့သည် စိတ်ရှုပ် ထွေးတွေဝေကြသည်။
 

စာတန်သည် ဗေဒင်ဆရာတစ်ဦးကဲ့သို့ ယုံကြည်သူများအားဖြင့် အလုပ်လုပ်သည်

ဆုတောင်းခြင်းအားဖြင့်ပရောဖက်ပြုနိုင်ရန် စာတန်သည် လူတွေကို နတ်ဆိုးစွဲကပ်စေနိုင်သည်။ သူတို့က "မိတ်ဆွေဟာ မြင့်မြတ်သောခေါင်း ဆောင်တစ်ဦး ဖြစ်လာမယ်။ ထောင်နှင့်ချီသောသိုးစုများသည် မိတ်ဆွေ ရှေ့မှောက်တွင် စုရုံးလာမယ်။ ဘုရားသခင်က မိတ်ဆွေကို အနာဂတ်တွင် ပုံသွင်းပြုပြင်ပြီး၊ ခေါင်းဆောင် ကောင်းတစ်ဦးအဖြစ်ချီးမြှောက်မယ်" ဟူ၍ ပြောခြင်းအားဖြင့် ပရောဖက်ပြုကြသည်။ အခြားသောသူများက သူတို့ နောက်ကိုလိုက်နိုင်ရန်နှင့် သူတို့ဘဝတစ်လျှောက်တွင် နတ်ဆိုးများ၏အ စေခံကျွန်ကဲ့သို့အသက်ရှင်နိုင်ရန်အတွက် သူတို့သည် အချို့သော သူများထံ "မိတ်ဆွေဟာ ဘုရားသခင်၏အစေခံကောင်း တစ်ဦးဖြစ်လာ မယ်။ မိတ်ဆွေဟာ ဘုရားသခင်၏ဂုဏ်အသရေရှိသော အစေခံကျွန်ဖြစ် လာမယ်" လှည့်စားသောစကားများပြောကြသည်။ 
ဗေဒင်ဆရာများကလည်း အခြားသူများ၏အနာဂတ်အကြောင်းများ ကို ကြိုတင်ဟောကိန်းထုတ်တတ်ကြသည်။ "လာလတံ့သောအချိန်များ တွင် မိတ်ဆွေရေကိုသတိထားပါ။" "မိတ်ဆွေငွေကြေးရရှိနိုင်သည့်ကိန်းရှိ တယ်။" "မြင့်မြတ်သော လူတစ်ဦးသည်အရှေ့အရပ်ကလာပြီး၊ မိတ်ဆွေကို ကူညီပါလိမ့်မယ်။" ဤအရာများသည် သူတို့ပြောသောအကြောင်းအရာ များဖြစ်သည်။ နတ်ဆိုးပူးကပ်သောသူများမှ ပထမဦးဆုံးသောသွင်ပြင် လက္ခဏာမှာ မှားယွင်းသောပရောဖက်ပြုခြင်း ဖြစ်သည်။
ထိုနောက်သူတို့သည် သူတို့ကိုယ်တိုင်နားမလည်သောဘာသာစကား များကို ပြောကြသည်။ သူတို့သည် ကယောက်ချောက်ချားဖြစ်ကာ သူတို့၏ ကိုယ်ပိုင်အ ရည်အသွေးများကိုဖောက်ပြန်သည့်လက္ခဏာများပြတတ်ကြ သည်။ နတ်ဆရာတစ်ပါး (သို့) ဗေဒင်ဆရာတစ်ပါးကို မိတ်ဆွေတွေ့သော အခါ သူတို့လုပ်ဆောင်ချက်သည် ယုတ္တိရှိသည်ဟု မိတ်ဆွေအခိုင်အမာ ပြောနိုင်သလား။ တခါတရံသူတို့သည် သူတို့ထက်အသက်ကြီးသောသူများ ရိုင်းစိုင်းစွာပြောဆိုတတ်ကြသည်။
သို့သော် စစ်မှန်သောသန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်း ရရှိ သောသူများသည် သမ္မာကျမ်းစာဖော်ပြထားသော သခင်ယေရှုသည် သူက ဗတ္တိဇံခံယူခြင်း နှင့်ကားတိုင်တော်ပေါ်တွင် အသေခံတော်မူခြင်းများအား ဖြင့် လောကသားများ၏အပြစ်များကိုဆေးကြောခဲ့သည်ဟူသော သမ္မာတ ရားကိုယုံကြည်ခြင်းအားဖြင့် သန့်ရှင်းသောဝိညာဉ်တော်ကိုရရှိကြသည်။ ဤလူများက အခြားသူများအား ရေနှင့်ဝိညာဉ်တော်သတင်းကို သိရှိယုံ ကြည်ခြင်းရှိရန်အတွက်၄င်း၊ အပြစ်ခွင့်လွှတ်ခြင်းနှင့် သန့်ရှင်းသောဝိညာဉ် တော်ကိန်းဝပ်ခြင်းရရှိရန်အတွက်၄င်း၊ ကူညီပေးသည်။ သူတို့သည် ဖြောင့် မတ်စွာ အသက်ရှင်ရန် မိမိကိုယ်ကို ကြိုးပမ်းကြသည်။ သူတို့၏ပင်ကိုစ ရိုက်များသည် ပျော်ရွှင်ဖွယ်ဖြစ်ပြီး၊ အခြားသူများသည် ဘုရားသခင်ကို ယုံ ကြည်ခြင်းအားဖြင့်ကောင်းချီးခံစားရန်နှင့်ဘုရား သခင်အလိုတော်ရှိသော အသက်တာမျိုးဖြင့် အသက်ရှင်အောင် မီးမောင်းထိုး လမ်းပြပေးနေသည်။ ထိုကြောင့် သူတို့သည် လောကအရာများထံသို့ပြန်လှည့်ရန် ကြံစည်နေကြ သောအခါ သူတို့သည် သန့်ရှင်းသောဘဝမျိုးဖြင့် အသက်ရှင်နိုင်ရန် အ တွက် ဘုရားသခင်ကသူတို့ကို ဆုံးမသည်။
အပြစ်အားလုံးလွှတ်ငြိမ်းချမ်းသာခွင့်ရရှိသောဖြောင့်မတ်သူများသည်ဝိညာဉ်ဆိုးများဖျက်ဆီးသောသူများနှင့် လုံးလုံးလျားလျားကွာခြားသည်။ လူတစ်ဦးသည် အပြစ်လွှတ်ငြိမ်းချမ်းသာခွင့်ရရှိပြီး၊ သန့်ရှင်းသောဝိညာဉ် တော်ကိန်းဝပ်ခြင်းရရှိလျှင် စစ်မှန်သော ပင့်ကိုယ်အရည်အသွေးများ ရှင်သန် လာနိုင်မည်ဖြစ်သည်။ ထို့ပြင် ဖြောင့်မတ်သောသူများသည် အခြား သောသူများသည် ဆိုးသွမ်း သောအခြေအနေများအောက်တွင် အသက်ရှင် နေကြမည်ကို၄င်း၊ သူတို့အမှန်လိုအပ်နေသောဘုရား သခင်၏စကားတော် ကို၄င်း သွန်သွင်းနိုင်ရန်အတွက်၄င်း၊ သူတို့သည်လွှတ်မြောက်ခြင်းအခွင့်ရ ရှိအောင်ဆုတောင်းပေးရန်အတွက်၄င်း၊ သူတို့ကို ကူညီပေးနိုင်သော မိမိ ကိုယ်ကိုဆက်ကပ်ရန်အတွက်၄င်း သူတို့သည်စိတ်ပူပန် ဝန်တာစိတ်ရှိ တတ်ကြသည်။
တနည်းအားဖြင့်၊ နတ်ဆိုးစွဲသောသူများ၏ပင်ကိုယ်စရိုက်သည် ကြောက်မက်ဖွယ်ကောင်းစွာပျက်ဆီးခြင်းခံသည်ကို ကျွန်ုပ်တို့တွေ့ရှိသည်။ သူတို့သည် တုန်ရီတုန်ရီဖြစ်ခြင်းနှင့် အခြားသောဘာသာစကားပြောခြင်း တို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ဆုကျေးဇူးများဖြစ်ကြသည်ဟု ယုံကြည်ကြသောကြောင့် စာတန်သည် သူတို့ကို ထိန်းချုပ်ပြီး၊ အနိုင်ကျင့် နေသည်။ သို့သော် ဤအတွေ့အကြုံများသည် သန့်ရှင်းသောဝိညာဉ်တော် ၏ဆုကျေးဇူးများလုံးဝမဟုတ်ပေ။ 
ဘုရားသခင်၏နာမတော်အားဖြင့်ပရောဖက်ပြုခြင်း၊ အံသြဖွယ်နိမိတ် လက္ခဏာများပြုလုပ်ခြင်းနှင့် အခြားသောဘာသာစကားပြောဆိုခြင်း စသည် တို့ပြုခြင်းအားဖြင့် သူတို့တန်ခိုးအပေါ် ဝါကြွားသောအမှုတော် ဆောင်များစွာရှိသည်။ သို့သော် သူတို့ ၏နှလုံးသားများထဲတွင် အပြစ်ရှိ လျှင် သူတို့ပိုင်ဆိုင်သော တန်ခိုးများက သူတို့သည် နတ်ဆိုးစွဲသောသူများ ဖြစ်ကြသည်ကို သက်သေပြသထားသည်။ ထိုကြောင့် သူတို့သည် အခြား သူအားအပေါ်သန့်ရှင်းသော ဝိညာဉ်တော်ကိန်းဝပ်ခြင်းအပေးဆောင်နိုင် ပေ။ သို့သော်သူတို့သည် ထိုနတ်ဆိုးတန်ခိုးများကို ပေးဆောင်နိုင်သည်။ စာတန်သည် လှည့်ဖြားသောသူဖြစ်သောကြောင့် သူတို့ပြုသောနိမိတ် လက္ခဏာများသည် ခဏအတောအတွင်း လွယ်လင့် တကူပျောက်ကွယ် သွားသည်။
သန့်ရှင်းသောဝိညာဉ်တော်၏လုပ်ဆောင်ချက်နှင့် နတ်ဆိုးတို့၏လုပ် ဆောင်ချက်များသည်ကွာခြားမှုရှိသည် သေချာစွာတွေ့ရှိနိုင်သည်။ သန့် ရှင်းသော ဝိညာဉ်တော်၏လုပ်ဆောင်ချက်သည် အစပိုင်းတွင် လက်တွေ့ မြင်တွေ့ခြင်း(သို့) အံ့သြဖွယ်ကောင်းသောဆုကျေးဇူးများမပေးစွမ်းနိုင် သော်လည်း အချိန်ကာလ ကြာလာသည်နှင့်အမျှ နံနက်ချိန်နေထွက်လာ သောအခါ တဖြည်းဖြည်းအပူရှိမြင့် တက်လာသကဲ့သို့ ဘုရားသခင်၏တန် ခိုးတော်သည် ဖြောင့်မတ်သူများနှလုံးသားထဲတွင် ရင့်ကျက်ကြီး ထွားလာ ပေသည်။
 

နတ်ဆိုးပူးကပ်သောခရစ်ယာန်များ

လူများစွာတို့သည်သန့်ရှင်း သောဝိညာဉ်တော်ရရှိရန် ကြိုးပမ်းကြသော်လည်း နတ်ဆိုးများပူးကပ်ခြင်းအကြောင်းသည် အဘယ်ကြောင့်နည်း
အကြောင်းမှာသူတို့သည်မှားယွင်းသောပရောဖက်များ ထံမှ လက်တင်ခြင်းအားဖြင့် နတ်ဆိုးများ ကိုရရှိကြ သောကြောင့်ဖြစ်သည်

သခင်ယေရှုကိုယုံကြည်သောယုံခရစ်ယာန်များသည် မှားယွင်းသော ပရောဖက်များထံမှလက်တင်ခြင်းအားဖြင့် နတ်ဆိုးများကိုရရှိသောကြောင့် သူတို့ ၏ကိုယ် ခန္ဓာများနှင့်ဝိညာဉ်များပျက်ဆီးခြင်းကိုကျွန်ုပ်တို့မြင်တွေ့ နိုင်ကြသောကြောင့် အလွန်အံ့သြစရာပင်ဖြစ်သည်။ သူတို့၏ယုံကြည်ခြင်း များသည် သမ္မာကျမ်းစာထဲတွင်ဖော်ပြ ထားသောစကားလုံးများအပေါ်တွင် မတည်ကြသောကြောင့် ဤလူများသည်ဘုရားသခင်နှင့်လုံးဝပတ်သက်မှု မရှိပေ။ သူတို့မသိသော လုပ်ငန်းများကို သူတို့သည် အလွန်အမင်းလုပ် ဆောင်ခြင်းကြောင့် လူများစွာ တို့သည် စာတန်၏ကျွန်များဖြစ်စေပါသည်။ သူတို့သည် ခရစ်ယာန်ဘာသာထဲတွင် သူတို့ပိုင်ဆိုင်သောတန်ခိုးများပြသ ခြင်း၌အ ဘယ်ကြောင့်မလွန်အမင်းကြိုးပမ်း ကြသနည်း။ အကြောင်းမှာ သူတို့သည် ၄င်းတန်ခိုးတို့ကို အသုံးမပြုလျှင် ခဏအ တွင်းပျောက်ကွယ် သွားမည် ဖြစ်သောကြောင့်ဖြစ်သည်။ ထိုကြောင့်သူတို့သည် အလွန်အလုပ် ရှုပ်နေကြခြင်းဖြစ်သည်။
သူတို့သည် သခင်ယေရှု၏နာမတော်အားဖြင့်ဆုတောင်းကြကာ အံ့ သြဖွယ်နိမိတ်လက္ခဏာများဆက်လက်ပြသရမည် ဖြစ်သည်။ "ကျွန်ုပ် မှာ သတင်း ကောင်းဝေငှခြင်းဆုကျေးဇူးရှိတယ်"ဟုပြောသောသူများသည် သ တင်းကောင်းမဝေငှလျှင် သူတို့၏အတုအယောင်ပျော်ရွှင်ခြင်းများသည် ကြာမီပျောက်ကွယ် သွားမည်ဖြစ်သောကြောင့်သူတို့သည် သတင်းကောင်း ကို အဆက်မပြတ်ဝေငှ ရကြမည်ဖြစ်သည်။ ဤလူများသည်စာတန်ပေး သောဆုကျေးဇူးများဖြစ်သည် အခြားသောဘာသာစကား ပြောခြင်း၊ အ နာရောဂါငြိမ်းခြင်းနှင့်ပရောဖက်ပြုခြင်းများအပေါ် သစ္စာမရှိလျှင်၄င်း၊ တ နည်းအားဖြင့်၊ သူတို့သည် စာတန်၏လုပ်ငန်းအပေါ်သစ္စာမရှိလျှင် စာတန် သည် အကြောင်းမရှိဘဲလျက် သူတို့ကိုဖျားနာစေသည်။ ဗေဒင်ဆရာတစ် ပါး (သို့)နတ်ဆရာများသည် စာတန်၏အစေခံတစ်ဦး၏အခန်း ကဏ္ဍများ ကိုလျစ်လျူရှုလျှင် နာတာရှည်ရောဂါစွဲကပ်လျက်ရှိပုံရသည်။ သူတို့သည် သူတို့၏တန်ခိုးမျာကိုအသုံးပြုပြီးနောက် သူတို့သည် စွန့်ပယ်ခြင်းခံရမည် ကိုစိုးရိမ်ကြသောကြောင့် သူတို့သည်စာတန် ထံမှရရှိသောဆုကျေးဇူးများ ကိုအသုံးပြုရခြင်း ဖြစ်သည်။ 
တချိန်တခါက သခင်ယေရှုကိုယုံကြည်ရာ၌ အလွန်စိတ်အားထက် တန်သူတစ်ဦးကို ကျွန်တော်သိရှိခဲ့သည်။ သူသည် ဘုရားသခင်ထံမှတန်ခိုး များစွာရရှိဟန်တူသည်။ သူက လူတွေအပေါ်သန့်ရှင်းသောဝိညာဉ်တော်အ ပြည့်အဝရရှိရန် တိုက်တွန်းခဲ့သည်။ လက်တင်ခြင်းအားဖြင့် နတ်ဆိုးများ မောင်းထုတ်ခြင်းနှိုးထမှုအစီ အစဉ်ကိုလည်သူဦးဆောင်ခဲ့သည်။ အခြား သောဘာသာစကားပြောခြင်းနှင့် အနာရောဂါငြိမ်းခြင်းစသော နိမိတ် လက္ခဏာများကို သူပြုလုပ်ခဲ့သည်။ သူပြုသော အံ့သြဖွယ်နိမိတ်လက္ခဏာ များအားဖြင့်သူ့ကိုလေးစားခြင်း၊ အားကျခြင်းခံရသော ပုဂ္ဂိုလ်တစ်ဦးဖြစ် ခဲ့သည်။ ယုံကြည်သူထောင်ပေါင်းများစွာတို့သည် သူ့နောက်သို့ လိုက်ခဲ့ ကြသည်။ သို့သော်မကြာမီ "သခင်ယေရှုခရစ်တော်သည် ရှုံးနှိမ့်သော သူ ဖြစ်သည်။ သူသည် ဘုရားသခင်၏သားတော်မဟုတ်" ဟုပြောဆိုခြင်း အားဖြင့် သခင်ယေရှုကို ငြင်းပယ်ခဲ့သည်။ သူသည် သခင်ယေရှုကို ကျိန်ဆဲ ခဲ့သည်။ သူသည် မိမိကိုယ်ကို ဘုရားဖြစ်သည်ဟု ကြွေးကြော်ခဲ့သည်။ နောက်ဆုံးတွင် သူ၏ နှလုံးသားထဲတွင်ဖြစ်စေ၊ ခရစ်ယာန်များစွာတို့၏နှ လုံးသားထဲ၌ဖြစ်စေ သူသည် သခင်ယေရှုကိုသတ်ခဲ့သည်။
စာတန်သည် သူတို့၏လမ်းညွှန်သူဖြစ်သောကြောင့် ဤသူကဲ့သို့သော သူများက ရေနှင့်ဝိညာဉ်တော်သတင်းကိုငြင်းပယ်ကြသည်။ သူတို့သည် အ စကတည်း ကမှားယွင်းသောယုံကြည်မှုရှိခဲ့ကြသည်။ အကြောင်းမှာ သူတို့ မှာ တမန်တော်များ ကဲ့သို့တူညီသောတန်ခိုးများရှိခြင်း၊ သူတို့အစွမ်းအစ များကိုပြသခြင်း၊ အခြားသောသူများအားအခြားသောဘာသာစကားများ ပြောစေခြင်းနှင့် လက်တင်ခြင်းအားဖြင့် နတ်ဆိုးများကိုနင်ထုတ်နိုင်ခြင်း စေသော မှားယွင်းသောယုံကြည်မှု များသူတို့မှာ ရှိကြသောကြောင့်ဖြစ် သည်။ သူတို့အပေါ်မှာ သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်း တက် ရောက်ခဲ့ကြောင်း သူတို့မှာခိုင်မာသောယုံကြည်ခြင်း ရှိသည်။
သူတို့သည် သန့်ရှင်းသောဝိညာဉ်တော်ရရှိခြင်းနည်းလမ်းများအ ကြောင်းကို သွန်သင်သည်။ သူတို့က နောင်တနှင့်စပ်ဆိုင်သောဆုတောင်း ခြင်းများအားဖြင့် သန့်ရှင်းသောဝိညာဉ်တော်ရရှိနိုင်သည်ဟု ထင်ကြသည်။ သို့သော် သန့်ရှင်းသောဝိညာဉ်တော်ရရှိနိုင်သောဤနည်းလမ်းသည် ဘုရား သခင်၏နှုတ်ကပတ်တော်အပေါ်အခြေပြုသောနည်းလမ်းမဟုတ်ပေ။သူတို့ သည်နှုတ်ကပတ်တော်ပေါ်တွင် အခြေပြုမည့်အစား၊ ခရစ်တော်၌ယုံကြည် သူတစ်ဦးသည် အခြားသောဘာသာစကားပြောပြီး၊ ပရောဖက်ပြုလျှင် ၄င်း သည် သန့်ရှင်းသောဝိညာဉ်တော်သက် ရောက်ခြင်းသက်သေဖြစ်သည်ဟု သူတို့ကပြောကြသည်။ လူများစွာတို့သည် သန့်ရှင်းသောဝိညာဉ်တော်ကိန်း ဝပ်ခြင်းအကြောင်းကို မှန်ကန်စွာနားမလည်ကြသောကြောင့် မှားယွင်း သောပရောဖက်များသွန်သင်မှုများသင်ယူခြင်းနှင့်လိုက် လျောက်ခြင်းများ အားဖြင့်သန့်ရှင်းသောဝိညာဉ်တော်ရရှိနိုင်သည်ဟု သူတို့က ယုံကြည်ကြ သည်။ ထိုကြောင့် စာတန်သည် ခရစ်ယာန်များအားဝိညာဉ်ဆိုး များဖြင့် ပြည့်စေပြီး၊ ဤလူများကိုအုပ်စိုးနိုင်ကြခြင်းဖြစ်သည်။ ဤနည်းလမ်းများ အားလုံးသည် စာတန်၏ကျော့ကွင်းများဖြစ် ကြသည်။
မှားယွင်းသောပရောဖက်များ၏သွန်သင်မှုများအားဖြင့် များစွာသော လူများသည် နတ်ဆိုးစွဲကြသည်။ သာမန်ယုံကြည်သူများအတွက် စိတ်လှုပ် ရှားဖွယ် မရှိသောဘာသာရေးအသက်ဖြစ်ဖြစ်စေသည်။ သို့သော် နတ်ဆိုးစွဲ သောသူများက ဝိညာဉ်ဆိုးများ၏တန်ခိုးကိုအသုံးပြု၍ စိတ်လှုပ်ရှားဖွယ် ကောင်းသောဘာသာရေးဘဝမျိုးတို့ကို ဦးဆောင်ဟန်ရှိသည်။ သူတို့အသုံး ပြုသော အစွမ်းအစများသည် အဘယ်အရာများဖြစ်ကြသနည်း။ သူတို့ သည် အနာရောဂါငြိမ်းခြင်းနှင့်အခြား သောဘာသာစကားပြောခြင်း အစွမ်း ရှိကြပြီး၊ လက်တင်ခြင်းအားဖြင့် အခြား သူများနတ်ဆိုးစွဲရန် စွမ်းဆောင် နိုင်ကြသည်။ လက်တင်ခြင်းသည် တစ်စုံတစ်ခုကို အခြားသူတစ်ဦးအပေါ် ပေးကမ်းခြင်းနှင့် ဤလက်တင်ခြင်းအားဖြင့် စာတန်၏ နိုင်ငံတော်သည်အ လွန်အမင်းတိုးတက်ကြောင်းကို ကျွန်ုပ်တို့သိရှိသင့်သည်။
 

လူသားများ၏ရမ္မက်အားဖြင့်စာတန်သည်အလုပ်လုပ်သည်

အခြေခံကျမ်းပိုဒ်တွင်ဖော်ပြထားသော ရှိမုန်ကဲ့သို့သော လူများထဲ တွင် စာတန်သည်အလုပ်လုပ်သည်။ ဤလူများက ရေနှင့်ဝိညာဉ်တော်သ တင်းယုံကြည်ခြင်း မရှိသော်လည်း လက်တင်ခြင်းအားဖြင့် သန်ု့ရှင်းသော ဝိညာဉ်တော်ရရှိနိုင်သည်ဟု ပြောကြသည်။ ယခုမျက်မှောက်ကာလတွင် စာတန်သည်များစွာသောလူများကိုလှည့်ဖြားခဲ့ပြီး၊ သူတို့သည် နောင်တရ ခြင်း၊ အစာရှောင်ခြင်း၊ မိမိကိုယ်ကို ဆက်ကပ်အပ်နှံခြင်းနှင့် လက်တင် ခြင်းများအားဖြင့် သန့်ရှင်းသောဝိညာဉ်တော်ရရှိရန်ကြိုးပမ်းကြသည်။ သို့ သော် သူတို့သည် နတ်ဆိုးစွဲကြကာ ကျိန်စာ သင့်သောဘဝသို့ ရောက်ရှိ လာခဲ့ကြသည်။ 
ယနေ့ခရစ်ယာန်ဘာသာက "လက်တင်ခြင်း" ခေါ်သောလုပ်ဆောင် ချက်အားဖြင့် လူတိုင်း၏စိတ်ထဲတွင် နတ်ဆိုးများလုပ်ငန်းကူညီတတ်ကြ သည်ကို ကျွန်ုပ်တို့သတိချပ်သင့်သည်။ ရှိမုန်ကဲ့သို့သောလက္ခဏာရှိသော ဤလူများသည် ဘုရားသခင်ရှေ့မှောက်တွင် မိစ္ဆာပရောဖက်များဖြစ်ကြ သည်။ သခင်ယေရှုကို ယုံကြည်သောသူများပင်လျှင် သူတို့၏နှလုံးသားထဲ ၌ပြစ်ရှိလျှင် နတ်ဆိုးစွဲနိုင်သည်။ ဤလူများသည် နတ်ဆိုးများ၏လုပ် ဆောင် ချက်များအားဖြင့် အံ့သြဖွယ်နိ မိတ်လက္ခဏာများပြုနိုင်ကြသည်။ စာတန်သည် မိမိလူများက သူတို့ပိုင်ဆိုင်သော နတ်ဆိုးများကို အခြားသူ များထံသို့ဝေငှနိုင်ရန်နှင့် ကမ္ဘာတစ်ဝှမ်းလုံးတွင် သူ၏နိုင် ငံတည်ဆောက် နိုင်ရန်အတွက် လက်တင်ခြင်းခံကြရန် လူတွေကို လမ်းပြနေသည်။ ယခု မျက်မှောက်ကာလတွင် 2ပင်တေဂုတ္တေ-ခရစ်မားတစ်(ဒ်)လှုပ်ရှားမှု အသင်း တော်များကို ခရစ်ယာန်အသင်းတော်များအဖြစ် တရားဝင်အသိအ မှတ်ပြု ခဲ့သည်။
 
2၂၂၁ရာစုတစ်ဝက်နောက်ပိုင်း အနောက်တိုင်း ခရစ်ယာန်ဘာသာသည် ဥစ္စာဓနပိုင်ဆိုင်မှုနှင့်လူအင် အားလျော့နည်း နေသည်ကိုတွေ့ရသည်။ တချိန်တည်းမှာပင်လျှင် ၄င်း၏ဆိုးကျိုးသည် သခင်ယေရှု နှင့်နီးကပ်စွာအသက်ရှင်ရန်နည်းလမ်းရှာဖွေသောခရစ်များစွာတို့သည် ခြောက်သွေ့သော ယခင်အ သင်းတော်ကို အားမရကြတော့ပေ။ အချို့သောသူ များသည်ဝိညာဉ်ရေးရာကြီးထွားခြင်းမရှိ (သို့)နှေး ကွေးခြင်းရှိသည်ကိုတွေ့ရှိရသည်။ ၄င်းအပြင်အခြားသူများသည်သခင် ယေရှုချစ်ခြင်းအပေါ် သူတို့ ယုံကြည်ခြင်းမကူးပြောင်းနိုင်ဘဲ စိတ်ပျက်လက်ပျက်ဖြစ်ဖြစ်ခဲ့ရကြသည်။
ဤအခြေအနေမျိုးကြားထဲတွင် ပင်တေဂုတ္တေ-ခရစ်မားတစ်(ဒ်)လှုပ်ရှားမှုထွက်ပေါ်လာခဲ့သည်။ ဤ လှုပ်ရှားမှုတွင် စိတ်ဝင်စားစွာဖြင့်ပါဝင်သူများသည် အခြားသောဘာသာစကားပြောဆိုခြင်း၊ ပရော ဖက်ပြုခြင်း၊ အံ့သြဖွယ်နိမိတ်လက္ခဏာပြုခြင်း၊ ပထမဉီးဆုံးသောပင်တေဂုတ္တေဖြစ်ပျက်မှု စသောစိတ် ပျော်ရွှင်ဖွယ်အတွေ့အကြုံများနှင့်ကျင့်သုံးမှုများကို ရှာဖွေခဲ့ကြသည်။ သူတို့စိတ်အား ထက်သန်မှုတွင် သူတို့သည်မိမိကိုယ်ကိုသန့်ရှင်းသောဝိညာဉ်တော်၏လွှမ်းမိုးမှုခံယူ ကြည်သည်ဟု လှိုက်လှိုက်လှဲလှဲ ပြောတတ်ကြသည်။ သို့သော်သူတို့၏အများဆုံးသွန်သင်မှုများနှင့်ကျင့်သုံးမှုများသည် သမ္မာကျမ်းစာ အပေါ်အခြေမပြုကြတော့ပေ။တိုးတက်သောကမ္ဘာကြီးတွင် ဤလှုပ်ရှားမှုသည် သူတို့၏လိုအပ်မှုများ ဖြည့်စွတ်ပေးခြင်းကြောင်း တဟုတ်ထိုးတိုး တက်လျက်ရှိခဲ့သည်။ သူတို့ခေါင်းဆောင်များက ချမ်း သြွာကယ်ဝခြင်းကောင်းချီးမင်္ဂလားနှင့်ကျန်းမာခြင်းစသောစိတ် ပျော်ရွှင်ခြင်း အားဖြင့်ခရစ်ယာန်လော ကကိုတိုးတက်အောင်စိတ်ဆွဲလမ်းစေခဲ့သည်။ နယူးလှုပ်ရှား မှုကဲ့သို့သော လွှဲမှားသောလှုပ်ရှားမှုများကို နယူးအပ်(ချ်)လှုပ်ရှားမှု၏သွန်သင်မှုများဖြစ်ကြောင်း တင်ပြကြသည်။

ဤကမ္ဘာလောကကြီးသည် နောက်ဆုံးသောကာလသို့တဖြည်းဖြည်း ရွေ့လျားနေသည်။ နောက်ဆုံးသောအချိန်များတွင် ကျွန်ုပ်တို့သည် ဒုတိယ အကြိမ်မွေး ဖွါးခြင်းခံယူလိုပါက နတ်ဆိုးများလုပ်ဆောင်ချက်များ၏လုပ် ဆောင်ချက်များကိုသိရှိပြီး၊ သူတို့၏လုပ်ဆောင်ချက်များကို ခိုင်ခံ့စွာတိုက် ထုတ်ရမည်ဖြစ်သည်။ ရေနှင့်ဝိညာဉ်တော်သတင်းကို ယုံကြည်ခြင်းအား ဖြင့် ကျွန်ုပ်တို့သည် အပြစ်တရားများမှ တစ်ကြိမ်တည်းနှင့်ထာဝရလွတ် ငြိမ်းပြီး သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်းကို ဆုကျေးဇူးတစ်ပါးအ ဖြစ်ရရှိကြရမည်ဖြစ်သည်။ ဘုရားသခင်၏ဝိညာဉ်တော်သည် ကျွန်ုပ်တို့အ ပေါ်မည်ကဲ့သို့ဆင်းသက်သည်ကို ပြည့်စုံစွာသိရှိခြင်းအားဖြင့် ကျွန်ုပ်တို့ သည်သမ္မာတရားသို့ပြန့်လှည့်ရကြမည်ဖြစ်သည်။
"ငါ့လူတို့သည် ပညာမဲ့သောကြောင့် ဆုံးရှုံးကြ၏" (ဟောရှေ ၄း၆) ဟု ဘုရားသခင်ဖော်ပြထားသည့်အတိုင်း ခရစ်မားတစ်(ဒ်)လှုပ်ရှားမှုခံယူသူ များ၏လွှဲမှားစွာလမ်းပြမှု၊ သူတို့၏ သတိလစ်မှုကြောင့် သမ္မာတရားရှာ ဖွေသူများသည် ဖျက်ဆီးခြင်းခံခဲ့ရကြသည်။ ပင်တေဂုတ္တေ-ခရစ်မား တစ်(ဒ်)အသင်းတော်များသည် သဲကန္တာရတွင်လူ တွေစုရုံးနေသောအခါ စတင်တည်ထောင်ခဲ့သည်ဟု လူတွေကပြောကြသည်။ အဘယ်ကြောင့် ဤသို့ဖြစ်ပျက်သနည်း။ ခရစ်မားတစ် (ဒ်)ခံယူသူ များသည် သူတို့၏တန်ခိုး အတုအယောင်များ၊ လက်တင်ခြင်းအားဖြင့် လူတွေကိုနတ်ဆိုး စွဲကပ် စေခြင်းများအသုံးပြုကာ လူတွေကိုလှည့်ဖြားခြင်းအားဖြင့် သူတို့အသင်း တော်များတိုးချဲ့စေသည်။ သူတို့ပိုင်ဆိုင်သောအစွမ်း အစများထဲကတစ်ခု သည် လက်တင်ခြင်းအားဖြင့် လူတွေကနတ်ဆိုးများ တစ်ကြိမ်စွဲကပ်လာ ကြသောအခါ သူတို့သည် ဘာသာရေးအသက်တာ ဦးဆောင်း ခြင်းအ ကြောင်းကို စိတ်အားထက်သန်ကြသည်။
ခရစ်မားတစ်(ဒ်)လှုပ်ရှားမှုခံယူသောသူများအတွက် အခြားသော လက္ခဏာသည် သူတို့သည် သူတို့၏ဘုရားကျောင်းများအတွက် ငွေကြေး များပေး လှူခဲ့ကြပြီး၊ သူတို့သည် အခြေအနေမဲ့တယူသန်သောယုံကြည် သူများဖြစ် ကြသည်။ ခရစ်ယာန်များစွာတိုု့သည် နတ်ဆိုးများ၏တန်ခိုး များအားဖြင့် ဧဝံဂေလိလုပ်ငန်းကို စိတ်အားထက်သန်စွာ လုပ်ဆောင် ကြသည်။ သို့သော် သူတို့၏နောက်ဆုံးသောခရီးစဉ်သည် ငရဲဖြစ်သည်ကို သူတို့ကမသိကြပေ။ ဤလူများက နတ်ဆိုးများ၏တန်ခိုးသည် သူတို့ရရှိ သောကယ်တင်ခြင်း၏သက်သေအဖြစ် ယုံကြည်ကြသည်။ သူတို့သည် ကောင်းကင်နိုင်ငံရောက်ကြမည်ဟု သံသာယလုံးဝမရှိကြပေ။ သို့သော် သူတို့သည် မိမိနှလုံးသားထဲတွင် အပြစ်ရှိပြီး၊ ထိုအပြစ်တရားကြောင့် ပျက် ဆီးခြင်းခံရမည့်သူများ ဖြစ်ကြသည်။
"သင်သည် ဘုရားသခင်ကိုယုံကြည်ကြသော်လည်း သင့်နှလုံးသားထဲ တွင်အပြစ်ရှိသလား" ဟုသူတို့ကိုမေးသောအခါ သူတို့က အပြစ်တရားထဲ၌ နေခြင်းသည် သဘာဝဖြစ်သည်ဟု ဖြေကြမည်ကို သေချာသည်။ လူတစ် ဦးသည် သခင်ယေရှုကိုယုံကြည်သော်လည်း သူ၏နှလုံးသားထဲ၌အပြစ်မရှိ ဘူးဆိုသည်မှာ မဖြစ်နိုင်သောအရာဖြစ်သည်ဟု သူတို့ကထင်တတ်ကြ သည်။
လူတွေက သူတို့၏နှလုံးသားများထဲ၌အပြစ်ရှိသော်လည်း ကောင်း ကင်နိုင်ငံသို့ ဝင်ရောက်ရန်ထိုက်တန်သည်ဟု ထင်တတ်ကြသည်။ အ ကြောင်းမှာ မှားယွင်းသောယုံကြည်ခြင်း သက်သေအထောက်အထား ကြောင့် သူတို့သည် သခင်ယေရှုကို ယုံကြည်ကြသည်ဟု နှစ်သိမ့်ခံစားခဲ့ သောကြောင့်ဖြစ်သည်။
၄င်းသည် အဓိပ္ပါယ်မရှိသောယုံကြည်ခြင်းဖြစ်သည် မဟုတ်လော။ သူတို့ ၏ယုံကြည်ခြင်းခိုင်ခံခြင်းသည် သူတို့မှာ သဘာဝတရားထက်လွန်ကဲ သောအစွမ်းအစအချို့တို့ကို ပိုင်ဆိုင်ကြသောကြောင့်ဖြစ်သည်။ သူတို့မှာ အခြားသောဘာသာ စကားပြောဆိုခြင်း၊ ရူပါရုံမြင်တွေ့ခြင်း၊ နှင့်ဖျားနာ သောသူများ၏အနာရော ဂါငြိမ်းစေခြင်း စသောအတွေ့အကြုံများရှိကြ သည်။ သူတို့က ဤအတွေ့အကြုံများသည် သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်ချက်ဖြစ်သည်ဟု ထင်ပြီး၊ မားမားမတ်မတ်ယုံကြည် ကြသည်။ ထိုကြောင့် သူတို့သည် ဤအတွေ့အကြုံ များအားဖြင့် ကယ်တင်ခြင်းနှင့် သန့်ရှင်းသောဝိညာဉ်တော် အမှန်တကယ်ရရှိကြသည်ဟု မိမိကိုယ်ကို ပြောကြသည်။
ဤလူများက ကယ်တင်ခြင်းအကြောင်းနှင့်ပတ်သက်ပြီးအသိပညာ နည်းပါးသောကြောင့် သာမန်မျက်စိဖြင့်မြင်နိုင်သော အစွမ်းအစများသူတို့ ပေါ်တွင် မဖြစ်ပေါ်သောအခါ သူတို့သည် မိမိကယ်တင်ခြင်း၌ စိတ်ချမှုမ ရှိတော့ပေ။ ထိုကြောင့် ဤလူများကကယ်တင်ခြင်းစိတ်ချမှုကို မြင်နိုင် သောအရာများအားဖြင့် သက်သေပြသရန် ကြိုးစားကြပြီး၊ နောက်ပိုင်းတွင် စာတန်သည် သူ၏လုပ်ငန်းတွင် အံ့သြဖွယ် သောအရာများပြုခြင်းဖြင့်အ ဆုံးသတ်သည်။ ဤလူများသည် ရေနှင့်ဝိညာဉ်တော် သတင်းကောင်းကို ယုံကြည်မည့်အစား အပြစ်နောင်တရခြင်း နှင့်ဆိုင်သောဆုတောင်းခြင်း (သို့) မိမိကိုယ်ကိုဆက်ကပ်ခြင်းအားဖြင့် ဘုရားသခင် ပေးမည့်အဖြေကို တွေ့ရှိရန် ကြိုးပမ်းနေကြသောကြောင့် သူတို့သည် သန့်ရှင်း သောဝိညာဉ် တော်ကိုရရှိမည့် အစားဝိညာဉ်ဆိုးများကို ရရှိကြသည်။ 
ဝိညာဉ်ဆိုးများက လူတွေ၏နားထဲတွင် "သင့်မှာအပြစ်ရှိတယ် မဟုတ်ဘူးလား" ဟု တိုးတိုးတိတ်တိတ်ပြောခြင်းအားဖြင့် လူတွေကိုစွပ်စွဲ ပြီး သူတို့သည် မိမိကိုယ်ကိုတရားစီရင်ခြင်းသို့ပြိုကျသွားရန် လမ်းပြသည်။ ယခုတွင်အပြစ် လွှတ်ခြင်း နှင့်သန့်ရှင်းသောဝိညာဉ်တော်ရရှိသောလူတစ် ဦးကို ကျွန်တော်သိသည်။ သူသည် သခင်ယေရှု၌ စိတ်အားထက်သန် သောယုံကြည်သူဖြစ်သော် လည်း မဆင်ခြင်တတ် သောသူဖြစ်သောအချိန်၊ ဒုတိယမွေးဖွါခြင်းမခံရသေးသော အချိန်တွင် သူတို့အပေါ် မှာတစုံတခု ဖြစ်ပျက်ခဲ့သည်။ ဤပုဂ္ဂိုလ်အခြားသောဘာ သာစကားပြောခဲ့ပြီး၊ အံ့သြ ဖွယ်နိမိတ်လက္ခဏာများကိုလည်းပြုခဲ့သည်။ သခင် ယေရှု၌သူ၏ယုံကြည် ခြင်းကို လျစ်လျူရှုပြီး နောင်တနှင့်စပ်ဆိုင်သောဆု တောင်းခြင်းအတွက် ညလုံးပေါက်ငိုကြွေး ဆုတောင်းခဲ့သော်လည်း သူ၏နှလုံးသားထဲတွင် ရှိ သောအပြစ်တရားက သူ့ကို ဆက်လက်နှိပ်စက်ခဲ့သည်။ ဤအရာသည်စာ တန်၏တိုးတိုးတိတ်တိတ်စကားပြော ခြင်းကိုအစပြုသောအချိန် ဖြစ်သည်။ "သင့်မှာအပြစ်ရှိတယ်။ သင်အသက်ရှင်သည် ထက်သေလျှင်ပိုကောင်း တယ်။" စာတန်သည် သူ့ထံသွားပြီး သူသည်အပြစ်ရှိသည် ဟုစွပ်စွဲပြီး၊ သူ့အပြစ် များကိုဖော်ပြကာ နှိပ်စက်ခဲ့သည်။ စာတန်သည် ထိုသူအား မိမိကိုယ်ကိုယ်ပြစ် တင်ရှုပ်ချရန်နှင့်တရားစီရင်ရန်အတွက် လမ်းပြခဲ့သည်။ သို့သော် သူလုပ်ဆောင် နိုင်သောအရာတစ်ခုသည် သူ၏နှလုံးသားထဲတွင်ရှိ သောအပြစ်များကို ဝန်ချတောင်းပန်ခြင်း ဖြစ်သည်။ သူသည်နှစ်လိုဖွယ် ကောင်းသောသတင်းကောင်းကို ကြားသိပြီးယုံကြည်သည့်အချိန်အထိ စာ တန်၏မတရားစွပ်စွဲခြင်းမှမလွှတ် မြောက်နိုင်ပေ။ 
ရေနှင့်ဝိညာဉ်တော်သတင်းကို မယုံကြည်သောသူများသည် စာတန် ၏သားကောင်များဖြစ်ကြသည်ကို မိတ်ဆွေသိသင့်သည်။ အပြစ်ခွင့်လွှတ် ခြင်းမရသောသူ များသည် စာတန်ကိုငြင်းပယ်နိုင်သောတန်ခိုးရှိကြသည် ကို မိတ်ဆွေ ယူဆပါသလား။ စစ်မှန်သော ရေနှင့်ဝိညာဉ်တော်သတင်းကို မစွဲကိုင်သောသူများကို စာတန်က ချည်နှောင်သိမ်းပိုက်သည်။ စာတန်ကို နှင်ထုတ်နိုင်ရန် ဘုရားသခင်၏ ရေနှင့်ဝိညာဉ်တော်သတင်းကို မရှိမဖြစ် လုံးဝလိုအပ်လျက်ရှိသည်။ ထိုကြောင့်၊ သခင်ယေရှုကို ယုံကြည်သောသူ များသည် ရေနှင့်ဝိညာဉ်တော် သတင်းကိုယုံကြည်ကြမည်ဖြစ်ပြီး၊ ၄င်းကို ကမ္ဘာပေါ်တွင်ရှိသောလူသားများထံသို့ ဝေငှကြမည် ဖြစ်သည်။ ဤအ ကြောင်းကိုကြားသောသူများက နာခံကြကာ ယုံကြည်ကြမည်ဖြစ်သည်။
 

ဥပဒေမဲ့လျှို့ဝှက်မှုများသည် ကမ္ဘာပေါ်တွင်ရှိခဲ့ပြီးပြီ

ကမ္ဘာတစ်ခုလုံးသည် ယခုတွင် နတ်ဆိုးလှုပ်ရှားမှုများအားဖြင့်ဖုံးလွှမ်း နေသည်။ လူတွေကို သန့်ရှင်းသောဝိညာဉ်တော်ရရှိနိုင်သောသတင်းကို ကျွန်ုပ်တို့ဝေငှ လိုပါက သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်းအကြောင်း မှားယွင်းစွာနားလည်း သိရှိမှုကို ကျွန်ုပ်တို့ဖယ်ရှားရမည်ဖြစ်သည်။ 
ပထမအနေဖြင့်၊ လက်တင်ခြင်းအားဖြင့် သန့်ရှင်းသောဝိညာဉ်တော် ဆင်းသက်ခြင်းသည် လိမ်ညာခြင်းသက်သက်ဖြစ်ကြောင်းကို ကျွန်ုပ်တို့ရှင်း ရှင်းလင်းလင်း သိရှိရမည်ဖြစ်သည်။ "လက်တင်ခြင်းခံရပြီးနောက်အခြား သောဘာသာ စကားပြောဆိုခြင်း၊ နောင်တရခြင်းနှင့်အစာရှောင်ခြင်း အားဖြင့် တစုံတခုကိုလွန် လွန်ကဲကဲခံစားခြင်း၊ သခင်ယေရှုထံမှ သတင်းစ ကားများကိုတိုက်ရိုက်ကြား နာခြင်း" စသောအတွေ့အကြုံများသည် နတ် ဆိုးများ၏လုပ်ဆောင်ချက်ဖြစ်သည်ကို ကျွန်ုပ်တို့သေချာစွာ သက်သေခံ သင့်သည်။ ရေနှင့်ဝိညာဉ်တော်ကို ယုံကြည်ကသာလျှင် စာတန်လှည့်ဖြား မှုများမှ လူတွေကိုလွတ်မြောက်စေ နိုင်မည်ဖြစ်သည်။ ရေနှင့်ဝိညာဉ်တော် သတင်းအားဖြင့် ယုံကြည်ခြင်းကြောင့် ကျွန်ုပ်တို့သည် အပြစ်မှ ကယ်တင် ခြင်းရရှိနိုင်သည်။
ရေနှင့်ဝိညာဉ်တော်သတင်းအားဖြင့် စာတန်သည် "လိမ်ညာမှု၏ဖခင် ကြီး" ဖြစ်သည်ဟု ကျွန်ုပ်တို့သူ့ကို အနိုင်ယူရမည်ဖြစ်သည်။ စာတန်သည် ကမ္ဘာတစ်ဝှမ်းလုံးတွင်ရှိသောလူများကို မိမိကိုယ်ကိုပြစ်တင်ခြင်း ချည် နှောင်မှုဖြင့် ချည်နှောင်ခဲ့သည်။ ထိုကြောင့် သူတို့၏မှားယွင်းသောလမ်းပြမှု အတွေ့အကြုံများ နှင့်စိတ်ထားများသည် စာတန်၏လှည့်ဖြားမှုသက်ဖြစ် သည်ဟု သူတို့ကိုသိရှိ စေခြင်းအားဖြင့် ဤလူများသည် သမ္မာတရားကိုသိ ရန် ကျွန်ုပ်တို့သည် သူတို့ထံသို့ ပြန်လှည့်သင့်သည်။
ဤခေတ်ကာလများတွင် သန့်ရှင်းသောဝိညာဉ်တော်ကိုငွေဖြင့်ဝယ် ယူရန် ကြိုးပမ်းသောရှမရိလူမျိုး ရှိမုန်ကဲ့သို့သောသူများသည် အသင်း တော်တွင်အမှုတော် ဆောင်ကြသည်။ သူတို့သည် မျက်ကန်းကိုလမ်းပြ သောမျက်ကန်းများဖြစ်ကြသည်။ သူတို့သည် ရေနှင့်ဝိညာဉ်တော်သတင်း ကိုမသိ၊ သူတို့နှလုံးသားများထဲတွင် အပြစ်ရှိကြသောကြောင့် ပြည့်စုံသော ကယ်တင်ခြင်းရရှိသောနည်းလမ်းသို့ လူတွေကို မဦးဆောင်နိုင်ခဲ့ကြပေ။ ထိုကြောင့် သူတို့သည် ညလုံးပေါက်ဆုတောင်းခြင်း၊ အပြစ် နောင်တရခြင်း အတွက်ဆုတောင်းရန်ခေါ်ဖိတ်ခြင်းနှင့် လက်တင်ခြင်းများ ကိုအသုံးပြုခြင်း အားဖြင့် သူတို့နောက်သို့လိုက်သောသူများ၏နှလုံးသားများ ထဲတွင် စာ တန်ကိန်းဝပ်စေကြသည်။ တကယ်တန်းကျတော့၊ သူတို့သည် နတ်ဆိုးစွဲ သောသူများဖြစ်ကြသည်။ သူတို့သည် ဘုရားသခင်၏စကားတော်သို့ပြန် လှည့်ရန် ကျွန်ုပ်တို့အလိုရှိကြပါက ပြည့်စုံသောရေနှင့်ဝိညာဉ်တော်တရား ကို ဝေငှခြင်းအားဖြင့် စာတန်၏လုပ်ဆောင်ချက်များကို ကျွန်ုပ်တို့ဖျက်ဆီး ရမည် ဖြစ်သည်။ လူတွေက စာတန်အသုံးပြု သောနည်းဗျူဟာကိုမ သိလျှင် သူတို့သည် အကူအညီမဲ့ဒုက္ခခံခြင်းကလွှဲပြီးအခြား ရွေးစရာတစ်ခု မျှမရှိပေ။
ကျွန်တော်ဖော်ပြခဲ့ပြီးသည့်အတိုင်း အခြားသောဘာသာစကားပြော ခြင်းနှင့် လက်တင်ပြီးနောက်ပရောဖက်ပြုခြင်းစသော နိမိတ်လက္ခဏာ လုပ်ဆောင်မှုများသည် နတ်ဆိုးများ၏လှုပ်ရှားမှုများပင်ဖြစ်သည်။ တနည်း အားဖြင့်၊ ခရစ်မား တစ်(ဒ်)များပိုင် ဆိုင်သောတန်ခိုးများသည် နတ်ဆိုးများ ၏လုပ်ငန်းများအားဖြင့် ထင်ရှားသည်။ သူတို့ကို ကျွန်ုပ်တို့ သွန်သင်သင့်သည်။ "မိတ်ဆွေ၏နှလုံးသားထဲတွင် အပြစ်ရှိလျှင် မိတ်ဆွေ အထဲတွင် အလုပ်လုပ်သောသူသည် စာတန်ဖြစ်သည်။ မိတ်ဆွေ၏နှလုံး သားထဲတွင် အပြစ်ရှိလျှက်ပင် မိတ်ဆွေအထဲတွင် သန့်ရှင်းသောဝိညာဉ် တော်ကိန်း ဝပ်သည်ဟုမိတ်ဆွေထင်လျှင် မိတ်ဆွေသည် လှည့်ဖြားမှုခံနေ ခြင်းဖြစ်သည်။"
တမန်တော်ဝတ္ထု အခန်းကြီး ၁၆ ထဲတွင် အဓိကဖော်ပြထားသော တမန်တော်များ၏ယုံကြည်ခြင်းနှင့် လက်တင်ခြင်းခံရသောသူများသည် အထက်၌ဖော်ပြ ထားသောအမျိုးအစားဖြစ်သည်။ သူတို့သည် ဤကဲ့သို့ပြု ခြင်းအကြောင်းမှာ သူတို့နှစ်ဦးစလုံးတို့သည် သခင်ယေရှုခရစ်တော်၏ရေ နှင့်ဝိညာဉ်တော်သတင်းကို သိရှိခဲ့ကြသောကြောင့်ဖြစ်သည်။ သို့သော် တမန်တော်များ၏ယုံကြည်ခြင်းနှင့် ယခုခေတ်ကာလတွင် လက်တင်ခြင်း အားဖြင့်သန့်ရှင်းသော ဝိညာဉ်တော်ရရှိစေသောခရစ်ယာန်အများစု၏ယုံ ကြည်ခြင်းများသည် လုံးဝကွာခြားသည်။
အပြစ်လွှတ်ခြင်း အခွင့်ရရှိသောလူတစ်ဦး၏လက်တင်ခြင်းအားဖြင့် လူတ စုံတယောက်သည် သန့်ရှင်းသောဝိညာဉ်တော်ရရှိမလား။ မရရှိပါ။ ဘုရားသခင်၏ဝိညာဉ်တော်သည် ရေမျက်နှာပြင်ပေါ်တွင် လှုပ်ရှားတော် မူ၏ဟု သမ္မာကျမ်းစာက ဖော်ပြထားပါသည် (ကမ္ဘာ ၁း၂)။ ဤကျမ်းပိုဒ်၏ အနက်အဓိပ္ပါယ်သည် လူတစ်ဦး သည်အပြစ်လွှတ်ခြင်းအခွင့်ရရှိရန်နှင့် သန့်ရှင်းသောဝိညာဉ်တော်ရရှိရန်အတွက် ရေနှင့်ဝိညာဉ်တော်သတင်းကို ကြားသိပြီးယုံကြည်ရမည် ဖြစ်သည်။ ရေနှင့်ဝိညာဉ်တော် သတင်းကိုယုံ ကြည်သောဒုတိယမွေးခြင်းခံသောခရစ်ယာန် များအပေါ် ဘုရားသခင် သည် သန်ု့ရှင်းသောဝိညာဉ်တော်ကိုဆုကျေးဇူးအဖြစ်စေ လွတ်သည်။
ကျွန်ုပ်တို့သည် သန့်ရှင်းသောဝိညာဉ်တော်ရရှိရန်လက်တင်ခြင်းလို အပ်သည်ဟု လူတွေကို သွန်သင်ပါကကျွန်ုပ်တို့၏အပြစ်မှ ကယ်တင်ရန်ဘု ရားသခင်စီမံ ထားခဲ့သောရေနှင့်ဝိညာဉ်တော်သတင်းကို ငြင်းဆန်ခြင်းနှင့် တူသည်ကို ကျွန်ုပ်တို့ စွဲစွဲမြဲမြဲ မှတ်ထားသင့်ပေသည်။ လူတစ်ဦးသည်သန့် ရှင်းသောဝိညာဉ်တော်ကို အခြားသူများထံပေးအပ်နိုင်သည်ဟု ထင်မှတ် ခြင်းသည် ဘုရားသခင်ကိုစိန်ခေါ် ခြင်းနှင့်တူသည်။ ဤကဲ့သို့သော ယုံ ကြည်ခြင်းရှိသောသူများသည် စာတန်၏ကျော့ကွင်းထဲသို့လွယ်ကူ စွာကျ ရောက်သည်။ ဤဖြစ်ရပ်မျိုးဖြစ်ပျက်ရန် ကျွန်ုပ်တို့သည် ဘယ်တော့်အခါမှ ခွင့်မပြုသင့်ပေ။
ကျွန်ုပ်တို့သည် ရေနှင့်ဝိညာဉ်တော်သတင်းကိုယုံကြည်သောအခါ ကျွန်ုပ် တို့၏အပြစ်အားလုံးဖြေလွှတ်ခြင်းရရှိကြသည်။ ၄င်းအပြင်သန့်ရှင်း သောဝိညာဉ်တော်သည် အပြစ်လွှတ်သောသူများဖြစ်ကြကြောင်း သက် သေခံသည်။ ရေနှင့် ဝိညာဉ်တော်သတင်းကိုယုံကြည်သောသူများ၏နှလုံး သားများထဲတွင် အပြစ်တရားမရှိတော့ပေ။ သူသည် အပြစ်မပြုသော ကြောင့်အပြစ်တရားမရှိခြင်းမဟုတ်ပေ။ သို့သော် သူသည် ရေနှင့်ဝိညာဉ် တော်သတင်း၏တန်ခိုးကို ယုံကြည်သောကြောင့်ဖြစ်သည်။ ရေနှင့်ဝိညာဉ် တော်သတင်းက သူ၏နှလုံးသားထဲတွင်အပြစ်မရှိကြောင်း သက်သေခံ သည်။ သန့်ရှင်းသောဝိညာဉ်တော်ကလည်းအပြစ်မရှိဟု သက် သေခံ သည်။ မိမိနှလုံးသားထဲတွင်ဘုရားသခင်၏ဝိညာဉ်တော်မရှိဘဲသခင် ယေရှု သည် ကယ်တင်ရှင်အဖြစ် မခေါ်နိုင်ပေ။ 
နတ်ဆိုးစွဲသောသူများသည် ရေနှင့်ဝိညာဉ်တော်သတင်းကိုမသိရှိခဲ့ကြ ပေ။ သူတို့သည် ထိုအကြောင်းအရာနှင့်ပတ်သက်ပြီး ဆွေးနွေးခြင်းလည်း မရှိကြပေ။ သူတို့သည် ရေနှင့်ဝိညာဉ်တော်သတင်းကိုမသိသည့်အပြင် သူတို့သည် သမ္မာတရားကိုလည်း ပိုင်းခြားနိုင်စွမ်းမရှိပေ။ သူတို့သည် လက် တင်ခြင်းပြုလုပ် ခံယူသောအခါ၌ သာလျှင် သန့်ရှင်းသောဝိညာဉ်တော် ဆင်းသက်သည်ဟု ပြောကြသည်။ သို့သော် လက်တင်ခြင်းအားဖြင့် သန့် ရှင်းသောဝိညာဉ်တော်မ သက်ရောက်နိုင်ပေ။ ယခုတွင် စာတန်၏လုပ် ဆောင်ချက်များနှင့် ၄င်း၏မှားယွင်း သောသွန်သင်မှုများသည်ကမ္ဘာနေ ရာ အနှံ့အသင်းတော်ရှိလူများအပေါ်ကြီးမားစွာ လွှမ်းမိုးနေသည်ကို ကျွန်ုပ်တို့ နားလည်သင့်သည်။ ဤအကြောင်းကြောင့်၊ ရေနှင့် ဝိညာဉ်တော်သတင်း ကို ယုံကြည်ခြင်းအားဖြင့် စစ်မှန်သော သန့်ရှင်းသောဝိညာဉ် တော်ကိန်း ဝပ်ခြင်းရရှိရန် စေခိုင်းထားခြင်း ဖြစ်သည်။