Search

တရားဟောချက်များ

ဘာသာရပ် ၈ - သန့်ရှင်းသောဝိညာဉ်တော်

[8-3] သခင်ယေရှုကို မိတ်ဆွေယုံကြည်သောအခါ သန့်ရှင်းသောဝိညာဉ်တော်ရရှိခဲ့သလား (တမန်တော်ဝတ္ထု ၁၉:၁-၃)

သခင်ယေရှုကို မိတ်ဆွေယုံကြည်သောအခါ သန့်ရှင်းသောဝိညာဉ်တော်ရရှိခဲ့သလား
(တမန်တော်ဝတ္ထု ၁၉:၁-၃)
“အာပေါလုသည် ကောရိန္သုမြို့၌ရှိနေစဉ် ပေါလုသည် ကုန်းတွင်းပိုင်းဒေသများကိုဖြတ်၍ ဧဖက်မြို့သို့ ဆင်းလာ၏။ ထိုအခါ တပည့်တော်အချို့တို့ကို တွေ့သဖြင့်“သင်တို့ယုံကြည်ကြသောအခါ သန့်ရှင်းသောဝိညာဉ်တော်ကို ခံယူရရှိကြသလော”ဟု မေးလေရာ သူတို့က “သန့်ရှင်းသောဝိညာဉ်တော်ရှိကြောင်းကိုပင် အကျွန်ုပ်တို့မကြားဖူးပါ”ဟု ဖြေကြားကြ၏။ ပေါလုကလည်း “သို့ဖြစ်လျှင် မည်သည့်ဗတ္တိဇံကို ခံခဲ့ကြသနည်း”ဟု မေးလျှင် သူတို့က “ယောဟန်၏ဗတ္တိဇံကို ခံခဲ့ကြပါသည်”ဟု ဖြေကြားကြ၏။”
 

"ဗတ္တိဇံယောဟန်လက်ထက်မှစ၍ ယခုတိုင်အောင်ကောင်းကင်နိုင်ငံတော်သည် အနိုင်အ ထက်ပြုခြင်း၊အတင်းအဓမ္မပြုခြင်းဖြင့်သောင်းကျန်းသူများက အနိုင်အထက်ပြုကြသည်" ဟု အဘယ်ကြောင့် သမ္မာကျမ်းစာကပြောသနည်း
အကြောင်းမှာသခင်ယေရှုသည် သူ၏နှစ်ခြင်းခံယူခြင်းနှင့် ကား တိုင်းတော်ပေါ်တွင်သူသွန်းလောင်းသောအသွေးတော်အားဖြင့် အပြစ်အားလုံးကိုချေဖျက်သွားခဲ့သည်ဟူသောသတင်းကောင်း ကိုယုံကြည်ခြင်းအားဖြင့် လူတွေကကောင်းကင်နိုင်ငံတော်ကို အပြီးအပိုင်သိမ်းပိုင်ခြင်းကြောင့်ဖြစ်သည်

ပေါလု ဟောပြောသောသတင်းသည် အဘယ်ကဲ့သို့သောသတင်းဖြစ် သနည်း။ သူသည် သခင်ယေရှု၏ဗတ္တိဇံခံခြင်းနှင့်သူ၏အသွေးတော်သတင်း ကို ဟောပြောခဲ့သည်။ တမန်တော်ဝတ္ထု ၁၉း၁ ထဲတွင် “အာပေါလုသည် ကောရိန္သုမြို့၌ရှိနေစဉ် ပေါလုသည် ကုန်းတွင်းပိုင်းဒေသများကိုဖြတ်၍ ဧဖက်မြို့သို့ ဆင်းလာ၏။ ထိုအခါ တပည့်တော်အချို့တို့ကို တွေ့သဖြင့် 2“သင်တို့ယုံကြည်ကြသောအခါ သန့်ရှင်းသောဝိညာဉ်တော်ကို ခံယူရရှိကြသလော”ဟု မေးလေရာ သူတို့က “သန့်ရှင်းသောဝိညာဉ်တော်ရှိကြောင်းကိုပင် အကျွန်ုပ်တို့မကြားဖူးပါ”ဟု ဖြေကြားကြသည်။ သို့သော်ဤလူ များသည်သခင်ယေရှု၏နှစ်ခြင်းမင်္ဂလာ၏ အဓိပ္ပါယ်ကိုမသိဘဲလျက် သခင် ယေရှုကိုယုံကြည်ခဲ့ကြသည်။ သူတို့သည် သန့်ရှင်းသောဝိညာဉ်တော်ကိန်း ဝပ်မှုဖြစ်စေ သောသတင်းကောင်းကို မသိရှိခဲ့ကြပေ။ ထိုအကြောင်း ကြောင့် ရှင်ပေါလုက" သင်တို့ယုံကြည်ကြသောအခါ သန့်ရှင်းသောဝိညာဉ် တော်ခံယူကြသလား" ဟုမေး မြန်းခြင်းဖြစ်သည်။ ဧဖက်မြို့တွင်ရှိသော တပည့်တော်အချို့တို့အတွက် ဤမေးခွန်းသည် မကြားစဖူး၊ ဆန်းသစ် သောမေးခွန်းဖြစ်သည်။ အခြားသောသူများက "သင်တို့ခရစ်တော်ကိုယုံ ကြည်ကြသလား" ဟု မေးနိုင်ပေသည်။ သတင်းကောင်း၌ သူတို့၏ ယုံကြည်ခြင်းအသစ်ဖြစ်စေခြင်းအားဖြင့် သူတို့သည်သန့်ရှင်းသော ဝိညာဉ် တော်ရရှိရန် ရှင်ပေါလုက ဤထူးဆန်းသောမေးခွန်းကို မေးမြန်းခြင်း ဖြစ်သည်။ ရှင်ပေါလု၏သာသနာလုပ်ငန်းသည် သခင်ယေ ရှုဗတ္တိဇံခံယူ ခြင်းနှင့်သူ၏ အသွေးတော်သတင်းကောင်းကို ဝေငှခြင်း ဖြစ်သည်။ ပေါလု၊ ပေတရုနှင့်ယောဟန် တို့သည်လည်း ဗတ္တိဇံယောဟန် အားဖြင့်သခင်ယေရှု ၏ဗတ္တိဇံခံယူခြင်းအကြောင်း ကိုသက်သေခံကြသည်။
တမန်တော်များသက်သေခံသောဗတ္တိဇံသတင်းကိုကျွန်ုပ်တို့ကြည့်ကြပါစို့။ ရှေးဦးစွာ ရှင်ပေါလုက “လုံးဝမတည်ရ။ အပြစ်အရာ၌ သေဆုံးသောငါတို့သည် ၎င်းတွင် မည်သို့အသက်ရှင်နိုင်ဦးမည်နည်း။ သို့မဟုတ် ခရစ် တော်ယေရှု၌ ဗတ္တိဇံခံခဲ့သောငါတို့သည် ကိုယ်တော်၏အသေခံတော်မူခြင်း၌ ဗတ္တိဇံခံခဲ့ကြောင်း သင်တို့မသိကြသလော”(ရောမ ၆း၂-၃)ဟု ပြောခဲ့ သည်။ ထို့ပြင် “သို့ဖြစ်၍ ယုံကြည်ခြင်းရှိသောသူတို့သည် အာဗြဟံ၏သားသမီးများဖြစ်ကြသည်ကို သိမှတ်ကြလော့” (ဂလာတိ ၃း၇)။
၁ပေ ၃း၂၁ ထဲတွင် သခင်ယေရှု၏ဗတ္တိဇံသတင်းကို တမန်တော်ပေတ ရုက သက်သေခံထားသည်။ ထိုကျမ်းပိုဒ်ထဲတွင် “ဤအရာသည် ယခု သင်တို့ကိုကယ်တင်သော ဗတ္တိဇံကိုပုံဆောင်၏။ ဗတ္တိဇံသည် ကိုယ်ကာယ၏အညစ်အကြေးကို ချွတ်ပယ်ခြင်းမဟုတ်ဘဲ ယေရှုခရစ်တော်၏ရှင်ပြန်ထ မြောက်ခြင်းအားဖြင့် ကြည်လင်သောအသိစိတ်ကို ဘုရားသခင်ထံတောင်း လျှောက်ခြင်းဖြစ်၏” ဟု ဖော်ပြထားသည်။
ရှင်ယောဟန်ကလည်း ၁ယော ၅း၅-၈ ထဲတွင် ဤသတင်းကောင်းအ ကြောင်းကို သက်သေခံထားသည်။ “မည်သူသည် လောကကိုအောင်နိုင်သနည်း။ ယေရှုသည် ဘုရားသခင်၏သားတော်ဖြစ်သည်ဟု ယုံကြည်သောသူပင်မဟုတ်လော။ သက်သေခံတော်မူချက်၏သေချာမှု ယေရှုခရစ်တော်သည် ရေနှင့်သွေးအားဖြင့် ကြွလာတော်မူသောအရှင်ဖြစ်၏။ ရေအားဖြင့်သာမဟုတ်ဘဲ ရေနှင့်သွေးအားဖြင့်ကြွလာတော်မူ၏။ ဝိညာဉ်တော်သည် သက်သေခံသောအရှင်ဖြစ်၏။ အကြောင်းမှာ ဝိညာဉ်တော်သည် သမ္မာ တရားဖြစ်တော်မူ၏။ ဝိညာဉ်တော်၊ ရေ၊ သွေးတည်းဟူသော သက်သေသုံးပါးရှိ၍ ထိုသုံးပါးတို့သည် တညီတညွတ်တည်းဖြစ်ကြ၏။”
ဗတ္တိဇံဆရာယောဟန်သည် သတင်းကောင်းပြည့်စုံခြင်းအတွက် အ လွန်အရေးကြီးသောအချက်အလက်များကို တင်ပြခဲ့သည်။ မာလခိ ၃း၁-၃နှင့် ရှင်မ ဿဲ ၁၁း၁၀-၁၁ များထဲတွင် နှစ်ခြင်းဆရာယောဟန်အ ကြောင်းနှင့်ပတ်သက်ပြီး သမ္မာကျမ်းစာကဖော်ပြထားသည်။ နှစ်ခြင်းဆ ရာယောဟန်သည် လူသားအားလုံးကို ကိုယ်စားပြုသည်။ ဓမ္မဟောင်း ကျမ်းထဲတွင်ဧလိယက သူအကြောင်းကိုပရောဖက်ပြုထားပါသည်။ ဓမ္မ သစ်ကျမ်းထဲတွင် အပြစ်ဖြေရာယဇ်ကောင်အပေါ်တွင် လက်တင်ခြင်းအား ဖြင့် လူတစ်ဦး၏အပြစ်များကိုတင်ပြီးနောက် ၄င်း၏ အသွေးကို ယိုစီးစေ ရန်သတ်ခြင်းခံခဲ့သည်။ ဓမ္မသစ်ကျမ်းထဲတွင် သခင်ယေရှုသည် အပြစ်၏ အခကိုပေးဆပ်ကျေအေးစေရန်အတွက် သူ၏နှစ်ခြင်းခံယူခြင်းနှင့်ကား တိုင်တော်ပေါ်တွင်အသွေးတော်သွန်းလောင်းခြင်းအားဖြင့် ကမ္ဘာပေါ်ရှိလူ သား အားလုံး၏အပြစ်များကိုယူဆောင်ရန် အပြစ်ယဇ်ပူဇော်ခြင်းခံခဲ့သည်။ ဗတ္တိဇံဆရာ ယောဟန်သည် ယောဒန်မြစ်ထဲတွင် နှစ်ခြင်းပေးခြင်းအားဖြင့် လောကလူသား အားလုံး၏အပြစ်များကို သခင်ယေရှုပေါ်တွင် တင်ခဲ့ပြီဖြစ် သောကြောင့် သူသည် လူသားအားလုံးကိုကယ်တင်ခဲ့သည်။ 
ဘုရားသခင်သည် လူသားများကိုအပြစ်မှကယ်တင်ရန်အတွက် ကြီး များသောလုပ်ဆောင်ချက်နှစ်မျိုးကြံစည်ခဲ့ပြီး၊ ၄င်းတို့ကိုပြည့်စုံစေခဲ့သည်။ ပထမအချက်သည် သခင်ယေရှုသည် မာရိ၏ကိုယ်ခန္ဓာကိုအားဖြင့် သခင်ရှု သည် ဤလောကသို့ကြွလာပြီး၊ ရေနှစ်ခြင်းမင်္ဂလာခံယူကာ လောကလူ သားများ၏အပြစ်များကို ယူဆောင်ရန် အသေသတ်ခြင်းခံရမည့်အ ကြောင်းဖြစ်သည်။ ဒုတိယအချက်သည် ဗတ္တိဇံယောဟန်သည် ဧလိယ ဘက်အားဖြင့်မွေးဖွါးခြင်းခံရခြင်းဖြစ်သည်။ လူသားများကို အပြစ်မှကယ် တင်ရန်အတွက် ဘုရားသခင်သည် ဤဖြစ်ရပ်နှစ်မျိုးကို ဖြစ်ပျက်စေခဲ့ သည်။ ယင်းသည် သုံးပါးတစ်ဆူထဲတွင် ဘုရားသခင်စီစဉ်ခဲ့ သောလုပ်ငန်း ဖြစ်သည်။ ဘုရားသခင်သည် သခင်ယေရှုမမွေးဖွါးမီခြောက်လ အလိုတွင် ဗတ္တိဇံဆရာယောဟန်ကို ဤလောကသို့စေလွှတ်ခဲ့ပြီးနောက် လူသား များသည် သူတို့၏အပြစ် တရားအတွက်တရားစီရင်ခြင်းမှ လွှတ်မြောက် ကယ်တင်ရန်၊လူသားများ၏ကယ်တင်ရှင်သခင်ယေရှုခရစ်တော်ကို ဤ လောကသို့ စေလွှတ်ခဲ့သည်။ 
မဿဲ ၁၁း၉ ထဲတွင် ဗတ္တိဇံယောဟန်အကြောင်းနှင့်ပတ်သက်ပြီး သခင်ယေရှုက သက်သေခံခဲ့သည်။ “ထိုသို့မဟုတ်လျှင် မည်သည့်အရာကိုကြည့်ရှုရန် ထွက်သွားကြသနည်း။ ပရောဖက်ကိုလော။ မှန်ပေ၏။ ပရောဖက်ထက်ပင် ကြီးမြတ်သောသူဖြစ်သည်ဟု သင်တို့အား ငါဆို၏။” ထိုမျှမက နှစ်ခြင်းဆရာယောဟန်သည် လောကလူသားအားလုံး ၏အပြစ်များကို သခင်ယေရှုအပေါ်တင်ခဲ့ပြီး၊ နောက်တနေ့တွင် “နောက် တစ်နေ့၌ ယောဟန်သည် မိမိထံသို့ ယေရှုကြွလာတော်မူသည်ကိုမြင်လျှင် “ကြည့်လော့။ ဤလောက၏အပြစ်ကိုယူဆောင်သွားသော ဘုရားသခင်၏သိုးသငယ်တော်ပေတည်း” (ယောဟန် ၁း၂၉)ဟု ပြောကာ သက်သေခံခဲ့ သည်။
သခင်ယေရှုကိုနှစ်ခြင်းပေးခဲ့သူယောဟန်အကြောင်းကို သမ္မာကျမ်း စာထဲတွင် မှတ်တမ်းတင်ခြင်းများစွာရှိသည်။ ကျွန်ုပ်တို့သည် သူ့အ ကြောင်းကို သိရှိရန်ကြိုးပမ်းသင့်ပေသည်။ နှစ်ခြင်းဆရာယောဟန်သည် သခင်ယေရှုမတိုင်မှီအချိန်ကတည်းက ဤလောကသို့ကြွလာခဲ့သည်။ သူ လုပ်ဆောင်ရမည့်လုပ်ငန်းကဏ္ဍသည် ဘုရားသခင်စီမံထားခဲ့သောသတင်း ကောင်းပြည့်စုံစေခြင်းဖြစ်သည်။ သခင်ယေရှုသည် ယောဟန်ထံမှ လူသား အားလုံး၏အပြစ်များကိုလက်ခံခဲ့ပြီး၊ ဘုရားသခင်၏ အလိုတော်ပြည့်စုံရန် အတွက် ထိုအပြစ်များကို ယောဟန်ကသူ့အပေါ်လွှဲပြောင်း ပေးခြင်း ဖြစ်သည်။
နှစ်ခြင်းဆရာယောဟန်သည် သခင်ယေရှုကိုနှစ်ခြင်းပေးခဲ့သော ကြောင့် သူ့ကိုနှစ်ခြင်းဆရာယောဟန်ဟုခေါ်ခြင်းဖြစ်သည်။ ယောဟန်အား ဖြင့် သခင်ယေရှုနှစ်ခြင်းခံယူခြင်းသည် မည်သည့်အဓိပ္ပါယ်ရှိသနည်း။ "ဗတ္တိဇံ" စကားလုံးသည် "ဆေးကြောပေးရန်" ဟု ပြဌါန်းထားပါသည်။ လော ကလူသားအားလုံးတို့၏အပြစ်များကို ဗတ္တိဇံခံယူခြင်းအားဖြင့်သခင် ယေရှုအပေါ်တွင် လွှဲပြောင်းခဲ့ပြီဖြစ်သောကြောင့် အပြစ်များအားလုံးဆေး ကြောခြင်းခံခဲ့ပြီးဖြစ်သည်။ သခင်ယေရှု၏နှစ်ခြင်းခံယူခြင်းသည် ဓမ္မ ဟောင်းကျမ်းထဲတွင် အပြစ်ဖြေလွှတ်ခြင်းယဇ်ပြုသောအခါ ကျင့်သုံးခဲ့ သော "လက်တင်ခြင်း"နှင့်အဓိပ္ပါယ်ချင်းတူပါသည်။ ဝိညာဉ်ပိုင်းဆိုင်ရာနှစ် ခြင်း၏အဓိပ္ပါယ်သည် "လွှဲပြောင်းပေးခြင်း" "ဆေးကြောပေးခြင်း" (သို့) "နစ်မြှုပ်ခြင်း" ဖြစ်သည်။ ယောဟန်အားဖြင့် သခင်ယေရှု၏နှစ်ခြင်းခံခြင်း သည် လောကတွင်ရှိသောလူသားအားလုံး၏အပြစ်များကို ယူဆောင်ရန်အ တွက် ပြုလုပ်ထားသော ကယ်တင်ခြင်းလုပ်ဆောင်ချက်တစ်ခု ဖြစ်သည်။
သခင်ယေရှုနှစ်ခြင်းခံယူခြင်းသည် ဓမ္မဟောင်းကျမ်းစာထဲရှိ အပြစ် ဖြေလွှတ်ရန် ပူဇော်ခြင်းခံသောယဇ်ကောင်အပေါ် လွှဲပြောင်းခြင်းနိယာမ နည်းတူလက်တင်ခြင်းသည်လည်း အပြစ်လွှဲပြောင်းပေးခြင်းပင်ဖြစ်သည်။ တနည်းအားဖြင့်၊ ဣသရေလလူမျိုးများသည် အပြစ်ဖြေလွှတ်ရာနေ့၌ ယဇ် ပရောဟိတ်များ၏လက်တင်ခြင်းအားဖြင့် သူတို့ပြုသောနှစ်စဉ်အပြစ် များကို ယဇ်ကောင်ပေါ် တင်လွှဲပြောင်းခဲ့ကြသည်။ ဓမ္မဟောင်းကျမ်းထဲရှိ ဤယဇ်ပူဇော်ခြင်းနှင့် သခင်ယေရှု၏နှစ်ခြင်းခံယူ ခြင်းနှင့်ကားတိုင်ပေါ် တွင်အသေခံခြင်းတို့၏လုပ်ဆောင်ချက်တူညီသည်။
ဣသရေလလူမျိုးများ၏အပြစ်များကိုဖြေလွှတ်ရန် ဘုရားသခင်က အပြစ်ဖြေရာနေ့ကိုသတ်မှတ်ပေးခဲ့သည်။ ခုနစ်လပိုင်း ဆယ်ရက်နေ့တွင် လူတွေ၏ အပြစ်များဖြေလွှတ်ခြင်းရရှိရန် ယဇ်ပူဇော်ခြင်းခံသောယဇ် ကောင်ပေါ်တွင် လက်တင်ခြင်းအားဖြင့် ယဇ်ပရောဟိတ်သည် လူတွေ၏ နှစ်စဉ်ပြုသောအပြစ်များကို လွှဲပြောင်းပေးခဲ့သည်။ ဤယဇ်ပူဇော်ခြင်းစ နစ်သည် ဘုရားသခင်ထူထောင်ပေးခဲ့ခြင်း ဖြစ်သည်။ ယင်းသည် အပြစ် ဖြေလွှတ်ရာယဇ်ကောင်အပေါ်လူတွေ၏ အပြစ်များလွှဲပြောင်းပေးနိုင်ရန် တစ်ခုတည်းသောနည်းလမ်းဖြစ်သည်။ လက်တင်ခြင်း အားဖြင့်အပြစ်များ လွှဲပြောင်းပေးခြင်းသည်လည်း ဘုရားသခင်ထူထောင်ခဲ့သော ထာဝရပ ညတ်တော်ဖြစ်သည်။
“အာရုန်သည် မိမိလက်နှစ်ဖက်ကို အသက်ရှင်သောဆိတ်သငယ်၏ခေါင်းပေါ်၌ တင်၍ အစ္စရေးအမျိုးသားတို့၏ဒုစရိုက်ရှိသမျှ၊ သူတို့ကျူးလွန်သောအပြစ်ရှိသမျှတို့ကို ဖော်ပြဝန်ခံရမည်။ ထိုအပြစ်တို့ကို ဆိတ်သငယ်၏ခေါင်းပေါ်၌တင်ထားပြီး ထိုဆိတ်သငယ်ကို တာဝန်ရှိသူမှတစ်ဆင့် တောကန္တာရထဲသို့ လွှတ်လိုက်ရမည်။ ဆိတ်သငယ်သည် သူတို့၏အပြစ်ရှိသမျှကို လူသူကင်းဝေးရာအရပ်သို့ ယူဆောင်သွားမည်။ တာဝန်ရှိသူသည် ဆိတ်သငယ်ကို တောကန္တာရထဲသို့ လွှတ်လိုက်ရမည်” (ဝတ်ပြုရကျမ်း ၁၆း၂၁-၂၂)။
ဓမ္မဟောင်းကျမ်းထဲတွင် အပြစ်သားတစ်ဦးက သူတို့အပြစ်များဖြေ လွှတ်ခြင်းရရှိရန် ယဇ်ပူဇော်ခြင်းခံသောယဇ်ကောင်ပေါ်တွင် သူ၏လက်ကို တင်ပြီး၊ ယင်းပေါ်တွင် အပြစ်များကိုလွှဲပြောင်းပေးခဲ့သည်။ အပြစ်ဖြေရာ နေ့တွင် ယဇ်ပရောဟိတ်ကြီးအာရုံသည် ဣသရေလလူမျိုးအားလုံးကိုယ် စားသူ၏လက်ကိုယဇ်ကောင်ပေါ် တွင်တင်ပြီး ဣသရေလလူမျိုးများ၏အ ပြစ်များကို ယင်းပေါ်တွင်လွှဲပြောင်းပေးခဲ့သည်။ ၄င်းယဇ်ကောင်သည် သူတို့အပြစ်များကို ယူဆောင်လာခဲ့ပြီးနောက် ထိုယဇ် ကောင်ကိုသတ်ခဲ့ သည်။
ဓမ္မသစ်ကျမ်းထဲရှိယောဟန်အားဖြင့် သခင်ယေရှုရရှိသောဗတ္တိဇံ၊ဂရိစ ကား လုံးဖြင့် "Baptisma" "ဆေးကြောပေးခြင်း၊ နစ်မြှုပ်ခြင်း၊ လွှဲပြောင်း ပေးခြင်း" စသော ဝိညာဉ်ရေးရာအနက်အဓိပ္ပါယ်နှင့်ဆင်တူသည်။ ဓမ္မ ဟောင်းကျမ်းထဲတွင် ယဇ်ပရောဟိတ်ကြီးက ယဇ်ကောင်အပေါ် ဣသရေ လလူတို့၏အပြစ်များကို လွှဲပြောင်းပေးရန် လက်တင်သကဲ့သို့ လူသားအား လုံး၏အပြစ်များကို နှစ်ခြင်းဆ ရာယောဟန်က သခင်ယေရှု၏နှစ်ခြင်းခံ ခြင်းအားဖြင့် သူ့အပေါ်သို့လွှဲပြောင်းပေးခဲ့သည်။ ထိုနောက် သခင်ယေရှု သည် ကျွန်ုပ်တို့အပြစ်များဖြေလွှတ်ရန်အတွက် ကားတိုင်တော်ပေါ်တွင် အသေခံခဲ့သည်။ ဤအကြောင်းအရာသည် သမ္မာတရား နှင့်ပြည့်စုံသောသ တင်းကောင်းပင်ဖြစ်ပါသည်။
ယဇ်ပရောဟိတ်ကြီးအာရုံသည် ဣသရေလလူမျိုးများကိုယ်စားအ ပြစ်ဖြေရာယဇ်ဆက်ကပ်ပေးသည့်နည်းတူ အာရုံ၏အမျိုးအနွယ်မှဆင်း သက်လာသော နှစ်ခြင်းဆရာယောဟန်သည် သခင်ယေရှုကိုနှစ်ခြင်းပေး ခြင်းအားဖြင့် လူသားအားလုံး ကိုယ်စားလုပ်ဆောင်စရာအမှုများကို လုပ် ဆောင်ပေးခဲ့ပြီးဖြစ်သည်။ ဤလက်တင်ခြင်းအားဖြင့်လူသားအားလုံး၏ အပြစ်များကို သခင်ယေရှုအပေါ်လွှဲ၏ပြောင်းပေးခဲ့သည်။ အောက်တွင် ဖော်ပြထားသော ဆာလံ ၅၀း၄-၅အရ သမ္မာကျမ်းစာထဲတွင် ဘုရား သခင်က သူ၏မေတ္တာတော်အံသြဖွယ်အကြံအစည် များကိုဖော်ပြထားခဲ့ သည်။ “ကိုယ်တော်သည် မိမိ၏လူမျိုးတော်ကို စစ်ကြောစီရင်ရန် အထက်ကောင်းကင်နှင့် ကမ္ဘာမြေကြီးကိုဆင့်ခေါ်လျက် “ယဇ်ပူဇော်ခြင်းအားဖြင့် ငါနှင့်ပဋိညာဉ်ဖွဲ့ကြသည့် ငါ၏သန့်ရှင်းသူတို့ကို ငါ့ထံသို့စုဝေးစေကြလော့”ဟု မိန့်တော်မူ၏”(ဆာလံ ၅၀း၄-၅)။ အာမင်။
အသင်းတော်သမိုင်းတွင် ကနဦးအသင်းတော်၌နှစ်ရာစုအထိ ခရစ္စ မတ်မရှိဟုဆိုထားပါသည်။ ဇန်နဝါရီလ (၆)ရက်နေ့သည် ယောဒန်မြစ်တွင် ဗတ္တိဇံယောဟန်အားဖြင့် "သခင်ယေရှု၏နှစ်ခြင်းခံသောနေ့"အဖြစ် ကနဦး ယုံကြည်သူများနှင့် သခင်ယေရှု၏နောက်လိုက်တပည့်တော်များက အမှတ် တရကျင်းပခဲ့ကြသည်။ သူတို့၏ယုံကြည်ခြင်းထဲတွင် သခင်ယေရှု၏နှစ် ခြင်းခံခြင်းကို အဘယ်ကြောင့် ထူးခြားစွာအလေးအမြတ်ထားခဲ့ကြသ နည်း။ အဖြေမှာ တမန်တော်များ၏ထုံးတမ်း စဉ်လာအရ ရေနှစ်ခြင်းသည် ခရစ်ယာန်ဘာသာ၏အဓိကသော့ချက် ဖြစ်သောကြောင့် ဖြစ်သည်။ သို့သော် ယုံကြည်သူများ၏နှစ်ခြင်းမင်္ဂလာခံယူခြင်း နှင့်သခင် ယေရှု၏နှစ် ခြင်းခံယူခြင်းတို့ကို စိတ်ရှုပ်ထွေးမှုမရှိကြောင်း မိတ်ဆွေကို ကျွန်တော် မြော်လင့်မိသည်။
ယနေ့ယုံကြည်သူများအသုံးပြုနေသောနှစ်ခြင်းမင်္ဂလာခံယူခြင်းသည် ယောဟန်အားဖြင့်သခင်ယေရှုခံယူသောနှစ်ခြင်း မင်္ဂလာနှင့်အဓိပ္ပါယ်ခြား နားခြင်းရှိသည်။ ကျွန်ုပ်တို့သည် သန်ု့ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်း ကိုရရှိလိုလျှင် သခင်ယေရှု၏တပည့်များရှိသော ယုံကြည်ခြင်းမျိုးကို ပိုင် ဆိုင်ရန်လိုအပ်သည်။ ကျွန်ုပ်တို့သည် သခင်ယေရှုခရစ်တော်သည် ယော ဟန်ထံမှရရှိသောနှစ်ခြင်းမင်္ဂလာနှင့် ကားတိုင်တော်ပေါ်တွင် သူသွန်း လောင်းသောအသွေးတော်ကို ယုံကြည်ခြင်းအားဖြင့် သန့်ရှင်းသောဝိ ညာဉ်တော်ကိန်းဝပ်ခြင်းရရှိနိုင်မည်ဖြစ်သည်။ 
ကနဦးယုံကြည်သူများသည် နှစ်ခြင်းမင်္ဂလာခံယူခြင်းကို အလွန် အရေးကြီးသော ဘာသာရေးလုပ်ဆောင်ချက်တစ်ခုအဖြစ်ထင်ခဲ့လျှင်၄င်း၊ သခင်ယေရှု၏နှစ်ခြင်း ခံယူခြင်းကို ယုံကြည်ခြင်းမဏ္ဍိုင်တစ်ခုဖြစ်သည်ဟု ယုံကြည်လျှင်၄င်း၊ ယခုခေတ်ကာလတွင် ယောဟန်အားဖြင့် သခင်ယေရှု ၏နှစ်ခြင်းခံယူခြင်းကို ကယ်တင်ခြင်း ရရှိရန်အတွက် မရှိမဖြစ်လိုသောအ ရာဖြစ်ကြောင်းကို ကျွန်ုပ်တို့ ယူဆရမည်ဖြစ်သည်။ ထိုမျှမက၊ သခင် ယေရှုသည် ယောဟန်အားဖြင့်နှစ်ခြင်းမင်္ဂလာကို ခံခဲ့သောကြောင့် သူသည် ကားတိုင်တင်အသေခံရမည်ဟုဆိုသော ပြည့်စုံသောပညာ၏စစ် မှန်သော ယုံကြည်ခြင်းကို ကျွန်ုပ်တို့ရှာဖွေကာမှတ်ထားသင့်သည်။ သခင်ယေရှု သည် နှစ်ခြင်းမင်္ဂလာခံယူခဲ့ကြောင်း၊ လက်ဝါးကပ်တိုင်တော်ပေါ်တွင် သေ ခံခဲ့ကြောင်းနှင့် ကျွန်ုပ်တို့၏ကယ်တင်ရှင်ဖြစ်လာရန် သေခြင်းမှရှင်ပြန်ထ မြောက်ခဲ့ကြောင်းကို ကျွန်ုပ်တို့ယုံကြည်မှသာလျှင် သန့်ရှင်းသောဝိညာဉ် တော်သည် ကျွန်ုပ်တို့အထဲတွင် ကိန်းဝပ်ခြင်းရှိသည်ကို ကျွန်ုပ်တို့စွဲစွဲမြဲမြဲ မှတ်ထားရပေမည်။ သခင်ယေရှု၏နှစ်ခြင်းမင်္ဂလာခံယူ ခြင်းနှင့်လက်ဝါး ကားတိုင်တော်ပေါ် တွင်သူသွန်းလောင်းသောအသွေးတော်သည် သတင်း ကောင်း၌ ထူးခြားသော အဓိပ္ပါယ်ရှိသည်။ 
သန့်ရှင်းသောဝိညာဉ်တော်ရရှိရန် စိတ်ချလှုံခြုံသောနည်းလမ်းမှာ သခင် ယေရှု၏နှစ်ခြင်းခံယူခြင်းနှင့်သူ၏အသွေးတော်၏သတင်းကို ယုံ ကြည်ခြင်းပင် ဖြစ်သည်။ သခင်ယေရှု၏နှစ်ခြင်းခံယူခြင်းက လူသားအား လုံးတို့၏အပြစ်ဟူသမျှတို့ကို တစ်ခါတည်းဆေးကြောခဲ့သည်။ ၄င်းသည် သန့်ရှင်းသောဝိညာဉ်တော်ရရှိရန် ကျွန်ုပ် တို့ကိုမီးမောင်းထိုးပြသောအရာ သည် ကယ်တင်ခြင်းပေးနိုင်သောနှစ်ခြင်း ခံယူခြင်းပင် ဖြစ်သည်။ အချို့ သောသူများက သခင်ယေရှု၏နှစ်ခြင်းမင်္ဂလာတန် ခိုးတော်ကို နားမလည် ကြသောကြောင့် သူတို့က ၄င်းသည် ရိုးရိုးသာမန်ပြုလုပ် သောလုပ်ဆောင် မှုတစ်ခုအဖြစ်သာနားလည်ကြသည်။
သခင်ယေရ၏နှစ်ခြင်းခံယူခြင်းက သတင်းကောင်းအစိတ်အပိုင်းများ ကို စုစည်းပေးသည်။ ၄င်းက သခင်ယေရှုသည် လောကအပြစ်များအားလုံး ကို ယူဆောင်သွားခဲ့ကြောင်းနှင့်၊ ကားတိုင်တော်ပေါ်တွင် သူသွန်းလောင်း သောအသွေးတော်အားဖြင့် အပြစ်အတွက် သူသည်တရားစီရင်ခြင်းကိုခံခဲ့ ကြောင်း ပြောပြသည်။ ဤသတင်းကောင်းစကားများကို သက်ဝင်ယုံကြည် သောသူများသည် ဘုရားသခင်ပိုင်ဆိုင်သောအသင်းတော်၏သင်းဝင်သူ တစ်ဦးဖြစ်လာနိုင်ပြီး၊ သန့် ရှင်းသောဝိညာဉ်တော်၏ကောင်းချီးမင်္ဂလာများ ၌ပျော်မွေ့သည်။ သူတို့၏အပြစ် များကိုခွင့်လွှတ်ခြင်းရရှိသောသူများအ ပေါ်သန့်ရှင်းသောဝိညာဉ်တော်သည် ဘုရားသခင်ထံမှလာ သောဆုကျေး ဇူးတစ်ပါးဖြစ်သည်။
သူ၏နှစ်ခြင်းခံယူခြင်းအားဖြင့် သခင်ယေရှုသည် "လောကအပြစ်များ ကိုယူဆောင်သွားသောဘုရားသခင်၏သိုးသူငယ်" (ယောဟန် ၁း၂၉) ဖြစ်ခဲ့ သည်။ ယောဟန် ၁း၆-၇ ထဲတွင် "ယောဟန်အမည်ရှိသောသူတယောက် ကို ဘုရားသခင်စေလွှတ်တော်မူ၏။ ထိုသူကိုလူအပေါင်းတို့သည် အမှီပြု၍ ယုံကြည်ခြင်းသို့ရောက် မည်အကြောင်းထိုသူသည် သက်သေခံဖြစ်၍၊ အ လင်းတော်၏အကြောင်းကို သက်သေခံခြင်းငှါလာ၏" ဟုဖော်ပြထား ပါသည်။ သခင်ယေရှုသည် ကျွန်ုပ်တို့အပြစ်များကို ယူဆောင်သွားသော ကယ်တင်ရှင်ဖြစ်ကြောင်းကိုယုံကြည်ရန် သမ္မာကျမ်းစာထဲတွင် ဖော်ပြ ထားသော ယောဟန်၏သာသနာလုပ်ငန်းနှင့် သက်သေခံချက်များကို ကျွန်ုပ်တို့နားလည်ရမည်ဖြစ်သည်။ သို့မှသာလျှင် ကျွန်ုပ်တို့သည် သခင် ယေရှုခရစ်တော်ကို ကျွန်ုပ်တို့၏ကယ်တင်ရှင်အဖြစ် ယုံကြည်နိုင်ရမည် ဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော်လက်ခံနိုင်ရန်အတွက် သူ၏သက် သေခံချက်အားဖြင့် ကျွန်ုပ်တို့ယုံကြည်ခြင်း ခိုင်မာစွာရပ်တည်ရန် လိုအပ် လျက်ရှိသည်။ ထိုကြောင့် သမ္မာတရားသတင်းကောင်း ပြည့်စုံစေရန်အ တွက် ယောဟန်အားဖြင့် သခင်ယေရှု၏နှစ်ခြင်းခံယူခြင်းနှင့် ကားတိုင် တော်ပေါ်တွင် သူသွန်းလောင်းသောအသွေးတော်ကို ကျွန်ုပ်တို့ယုံကြည်ရ မည်ဖြစ်သည်။
မဿဲ ၁၁း၁၂ ထဲတွင် “ဗတ္တိဇံဆရာယောဟန်လက်ထက်မှ ယခုတိုင်အောင် ကောင်းကင်နိုင်ငံတော်သည် အတင်းတိုးဝင်ခြင်းကိုခံရလျက် အတင်းတိုးဝင်သောသူတို့သည် ၎င်းကိုလုယူဝင်စားကြ၏” ဟုဖော်ပြထား ပါသည်။ ဤကျမ်းပိုဒ်သည် သမ္မာကျမ်းစာထဲရှိကျမ်းပိုဒ်များမှ နားလည်ရ ခက်ခဲသော ကျမ်းပိုဒ်တစ်ခုဖြစ်သည်။ သို့သော် "ဗတ္တိဇံဆရာယောဟန် လက်ထက်မှစ၍" ဟုသောစကားစုကို ကျွန်ုပ်တို့ အာရုံစူးစိုက်ရမည်ဖြစ် သည်။ ကျွန်ုပ်တို့သည် ကယ်တင်ခြင်းရရှိရန်အတွက် ယောဟန်၏သာသ နာလုပ်ငန်းနှင့် သခင်ယေရှု၏သာသနာလုပ်ငန်းသည် ဆက်နွယ်မှုရှိသည် ကို ဤကျမ်းပိုဒ်က ကွက်ကွက်ကွင်းကွင်း ကြွေးကြော်ထားပါသည်။
အနိုင်အထက်ပြုသောသူများ၏ရဲရင့်မှုကဲ့သို့ ရဲရင့်မှုအပြည့်ရှိသောယုံ ကြည်ခြင်းအားဖြင့် ကောင်းကင်နိုင်ငံတော်သို့ဝင်ရောက်နိုင်ရန် ဘုရားသ ခင်အလိုတော်ရှိသည်။ ကျွန်ုပ်တို့သည် နေ့တိုင်းအပြစ်ပြုကြသည်။ ကျွန်ုပ် တို့သည် ပျက်စီးလွယ်ကြသည်။ သို့သော် ကျွန်ုပ်တို့၏ဆိုး၇ွားနေသော အခြေအနေကို မကြည့်ဘဲ ရဲရင့်သောယုံကြည်ခြင်းအားဖြင့် ဘုရားသခင်က ကျွန်ုပ်တို့အားကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ခွင့်ပေးထားသည်။ ထိုကြောင့် ယောဟန်အားဖြင့် သခင်ယေရှု၏နှစ်ခြင်း ခံယူခြင်းနှင့်ကား တိုင်တော်ပေါ်တွင် သူသွန်းလောင်းသော အသွေးတော်အားဖြင့် သခင် ယေရှုသည် လောကလူသားအားလုံး၏အပြစ်များကို အဝေးသို့လွင့်ပျောက် ကွယ် စေသည်ဟု ဆိုသောသတင်းကောင်းကို ယုံကြည်ခြင်းအားဖြင့် လူတွေက ကောင်းကင်နိုင်ငံတော်သို့ဝင်ရောက်နိုင်သည်ကို ဤကျမ်းပိုဒ် ဆိုလိုခြင်းဖြစ်သည်။ တနည်းအားဖြင့်၊ သခင်ယေရှု၏နှစ်ခြင်းမင်္ဂလာခံယူ ခြင်းနှင့် အသွေးတော်သတင်းကောင်းအားဖြင့် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်နိုင် သည်ကိုဆိုလိုခြင်းဖြစ်သည်။ 
သခင်ယေရှု၏နှစ်ခြင်းမင်္ဂလာခံယူခြင်းက ကျွန်ုပ်တို့၏အပြစ်အားလုံး ကို ယူဆောင်သွားခဲ့သည်။ ကျွန်ုပ်တို့သည် ၄င်းကိုယုံကြည်ခြင်းအားဖြင့် သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်းရရှိနိုင်သည်ကို အာမခံချက်ပေး ထားခဲ့သည်။ ဤသတင်းကောင်းကို ကျွန်ုပ်တို့၏အိမ်နီးချင်းများ၊ ဆွေမျိုး သင်္ဂဟများနှင့် ကမ္ဘာပေါ်တွင်ရှိ သောလူသားအားလုံးများထံ ဝေငှရမည် ဖြစ်သည်။ သခင်ယေရှုသည် နှစ်ခြင်းမင်္ဂလာခံယူခြင်းအားဖြင့် လောက သားများ၏အပြစ်များကို သူ့အပေါ်သို့လွှဲ ပြောင်းပေးသွားခဲ့သည်ဟူသော သတင်းကောင်းကို ကျွန်ုပ်တို့ ယုံကြည်ရမည် ဖြစ်သည်။ ကျွန်ုပ်တို့၏ယုံ ကြည်ခြင်းအားဖြင့် အပြစ်လွှတ်ငြိမ်းချမ်းသာခြင်းနှင့် သန့် ရှင်းသောဝိညာဉ် တော်ကိန်းဝပ်ခြင်းများ ကျွန်ုပ်တို့ရရှိလိမ့်မည်။
ကျွန်ုပ်တို့၏အပြစ်အားလုံး ယူဆောင်သွားသော သခင်ယေရှု၏နှစ် ခြင်း မင်္ဂလာခံယူခြင်းနှင့်သူ၏အသွေးတော်သည် အပြစ်တရား၏တရားစီ ရင်ခြင်းဒဏ် ဖြစ်သည်။ ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကိုသာသနာပ လူများထံ ကျွန်ုပ်တို့ရှင်းပြရမည် ဖြစ်သည်။ ထိုသို့ဝေငှခြင်းအားဖြင့် သူတို့သည် သတင်းကောင်းကို ယုံကြည်ကြပြီး၊ သန့်ရှင်းသောဝိညာဉ် တော်ရရှိကြမည်ဖြစ်သည်။ မိတ်ဆွေသည် ၄င်းကိုယုံကြည်ရန် ကျွန်တော် ဆန္ဒပြုလိုက်ပါသည်။ သခင်ယေရှုသည် ယောဟန် အားဖြင့်နှစ် ခြင်းမင်္ဂ လာခံယူခြင်းနှင့်သူ၏အသွေးတော်ကိုယုံကြည်ခြင်းအားဖြင့်သာလျှင် လူ တစ်ဦးသည် အပြစ်လွှတ်ခြင်းအခွင့်နှင့်သန့်ရှင်းသောဝိညာဉ်တော် ကိန်းဝပ် ခြင်းရရှိနိုင်ပါသည်။
ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကိုယုံကြည်ခြင်းအားဖြင့် လူတိုင်း သည်သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်သော ဘုရားသခင်၏သား၊ ကျွန်ုပ် တို့၏ချစ်သော ညီအစ်ကိုမောင်နှမများဖြစ်လာနိုင်ပါသည်။ ပေါလုယုံကြည် သောသ တင်းကောင်းနှင့်တူသောသတင်းကောင်းကို မိတ်ဆွေပိုင်ဆိုင်ရ မည်ဖြစ်သည်။ သတင်းကောင်းကို ချပေးသောဘုရားသခင်ကို ကျွန်တော် ကျေးဇူးတင်ကာ ဂုဏ် ကျေးဇူးတော်ကိုချီးမွမ်းပါသည်။ အာမင်။