Search

တရားဟောချက်များ

ဘာသာရပ် ၈ - သန့်ရှင်းသောဝိညာဉ်တော်

[8-20] သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်း ခံပြီးသောသူများသည် အခြားသူများအား သန့်ရှင်းသောဝိညာဉ်တော်ရရှိရန် ကူညီလမ်းပြပေးသည်

သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်း ခြံ့ပီးသောသူများသည် အခြ
( ရှင်ယောဟန်ခရစ်ဝင်၂၀း၂၁-၂၃ )
“ထိုတပည့်တော်ကိုမြင်သောအခါ ပေတရုက “သခင်ဘုရား၊ ဤသူကား မည်သို့ဖြစ်မည်နည်း”ဟု ယေရှုအား မေးလျှောက်၏။ ယေရှုကလည်း“ငါကြွလာသည့်တိုင်အောင် သူ့ကိုအသက်ရှင်စေရန် ငါအလိုရှိလျှင်လည်း သင်နှင့်မည်သို့ဆိုင်သနည်း။ သင်သည် ငါ့နောက်သို့လိုက်လော့”ဟု မိန့်တော်မူ၏။ သို့ဖြစ်၍ “ထိုတပည့်တော်သည် သေရမည်မဟုတ်”ဟူသောစကားသည် ညီအစ်ကိုတို့ကြားတွင် ပျံ့နှံ့သွား၏။ သို့သော် ယေရှုက “ထိုသူသည် သေရမည်မဟုတ်”ဟု မိန့်တော်မူသည်မဟုတ်ဘဲ“ငါကြွလာသည့်တိုင်အောင် သူ့ကိုအသက်ရှင်စေရန် ငါအလိုရှိလျှင်လည်း သင်နှင့်မည်သို့ဆိုင်သနည်း”ဟူ၍သာ မိန့်တော်မူ၏။”
 
 
သခင်ယေရှုကဖြောင့်မတ်သောသူများအ ပေါ်မည်သည့်တန်ခိုးပေးအပ်ခဲ့သနည်း။
သူသည် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းအားဖြင့် မည်သည့်အပြစ်မျိုးမဆိုခွင့်လွတ်ရန်အတွက် အခွင့်အာဏာပေးခဲ့သည်။
 
ရှင်ယောဟန်ခရစ်ဝင်အခန်းကြီး၂၀တွင် သခင်ယေရှု၏ ရှင်ပြန်ထ မြောက်ခြင်းကို မှတ်တမ်းတင်ထားပါသည်။ ကျွန်ုပ်တို့သခင်ယေရှုသည် သေခြင်းမှ ရှင်ပြန်ထမြောက်ခဲ့ပြီး သူ၏ တပည့်တော်များအား "သန့်ရှင်း သောဝိညာဉ်တော်ကိုခံယူကြလော့" ဟု မိန့်တော်မူခဲ့သည်။ သခင်ယေရှု၏ တပည့်တော်များက သန့်ရှင်းသောဝိညာဉ်တော်ကို သူ့ထံမှဆုကျေးဇူးအ ဖြစ်ရရှိခဲ့ကြသည်။ သခင်ယေရှုသည် သူတို့အပေါ်သန့်ရှင်းသောဝိညာဉ် တော် ပေးအပ်ခဲ့ပြီး သူ၏ဗတ္တိဇံခံယူခြင်းနှင့် အသွေးတော်က သူတို့အပြစ် များအားလုံးကို ဆေးကြောခဲ့ပြီဟု ယုံကြည်သောသူများအပေါ်မှာ ထာဝရ အသက်ပေးခဲ့သည်။ သခင်ယေရှု၏ ဗတ္တိဇံခံယူခြင်းသည် ကယ်တင်ခြင်း နှင့် ဒွန်တွဲလျက်ရှိသည်ဟု သမ္မာကျမ်းစာက ဖော်ပြထားပါသည်။ ၄င်း၏ အဓိပ္ပါယ်မှာ သူဗတ္တိဇံခံယူခြင်းသည် လူသားများအားလုံးကို အပြစ်မှ ကယ် တင်ခဲ့ခြင်းဖြစ်သည် (၁ပေ ၃း၂၁)။
 


သခင်ယေရှုသည်အဘယ်ကြောင့်ဗတ္တိဇံခံယူခဲ့သနည်း


ယောဟန်သည်အဘယ်ကြောင့် သခင်ယေရှုကို ဗတ္တိဇံပေးခဲ့သနည်း။ ဤမေးခွန်းအဖြေသည် မဿဲ၃း၁၅တွင် သခင်ယေရှုပြောခဲ့သော အ ကြောင်းအရာမှ ကွက်ကွက်ကွင်းကွင်းတွေ့ရှိနိုင်သည်။ “ယေရှုကလည်း “ယခုအခါတွင် အခွင့်ပေးလော့။ အကြောင်းမူကား ငါတို့သည် ဖြောင့်မတ်ခြင်းအလုံးစုံကို ဤသို့ပြည့်စုံစေသင့်၏”(မဿဲ ၃း၁၅)။ ထိုကြောင့် အလုံး စုံသောတရားတို့ကို အကုန်အစင်ကျင့်သင့်သည်ဖြစ်၍ ယခုခွင့်ပေးပါ။" ဤနေရာတွင် "ထိုကြောင့်" စကားလုံးသည် သခင်ယေရှုသည် ဗတ္တိဇံကို ခံ ယူစဉ်တွင် လောကလူသားများ၏ အပြစ်များကို ယူဆောင်သွားခဲ့ခြင်းကို ဆိုလိုသည်။ သူ၏ဗတ္တိဇံခံယူခြင်းသည် ဓမ္မဟောင်းကျမ်းစာခေတ်ကာလ တွင် ဖော်ပြထားသောလက်တင်ခြင်းနှင့်အတူတူပင်ဖြစ်သည်။ သူဗတ္တိဇံခံ ယူခြင်း၏ရည်ရွယ်ချက်မှာ လောကအပြစ်များအားလုံးကို သခင်ယေရှုထံ သို့ လွှဲပြောင်းပေးခြင်းဖြစ်သည်။
"ဖြောင့်မတ်ခြင်းအားလုံး"သည် မည်သည့် အဓိပ္ပါယ်ဆောင်သနည်း။ "ပြည့်စုံစေသင့်" စကားစုသည် အဘယ်အရာကို ဆိုလိုသနည်း။ " ဖြောင့် မတ်ခြင်းအားလုံး"သည် သခင်ယေရှုသည် ဗတ္တိဇံခံယူခြင်းအားဖြင့် လော က အပြစ်များအားလုံး သူယူဆောင်သွားခြင်းအတွက် သင့်လျှော်သည်ကို ဆိုလိုသည်။ "ပြည့်စုံစေ" စကားစုသည် ဤအရာများအားလုံးသည် ဘုရား သခင်၏မျက်နှာတော်တွင် အသင့်လျှော်ဆုံးနှင့် အတရားဆုံးဖြစ်သည်ကို ပြဌာန်းထားပါသည်။ 
သခင်ယေရှုသည် သူ၏ဗတ္တိဇံခံယူခြင်းအားဖြင့် လူသားအားလုံး၏ အ ပြစ်ကို ယူဆောင်သွားခဲ့ပြီး သူ့ကို ယုံကြည်သောသူများအားလုံးအတွက် အ ပြစ်ဟူသမျှ သုတ်သင်ဖြေရှင်းပေးခဲ့သည်။ သူတို့အပြစ်အတွက် တရားစီရင် ခြင်းခံရန် သခင်ယေရှုသည် ဗတ္တိဇံကို ခံယူခဲ့ပြီး ကားတိုင်တင်သတ်ခြင်းခံ ခဲ့သည်။ ဤအရာသည် အပြစ်ဖြေလွတ်ခြင်းသတင်းကောင်းဖြစ်သည်။ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရားသည် အပြစ်သားများ၏ အပြစ်များ အားလုံးကို အဝေးသို့ ဖယ်ထုတ်ပေးခဲ့သော အပြစ်လွတ်ခြင်းပင်ဖြစ်သည်။
မဿဲ၃း၁၃-၁၇တွင် ဖော်ပြထားသည့်အတိုင်း သခင်ယေရှု၏ ဗတ္တိဇံခံ ယူခြင်းလျှို့ဝှက်ချက်ကို လူတွေကသိရှိလျှင် သူတို့သည် အပြစ်လွတ်ခြင်းရ ရှိပြီး သန့်ရှင်းသောဝိညာဉ်တော် ရရှိကြမည်ဖြစ်သည်။ လူအများရှေ့တွင် သခင်ယေရှု၏ သာသနာလုပ်ငန်းဖြစ်သော- သူ၏ဗတ္တိဇံခံယူခြင်း၊ ကား တိုင်တင်သတ်ခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်းတို့သည် ဘုရားသခင်၏ ကြို တင်ခွဲခန့်ထားသည့်အတိုင်း ကျွန်ုပ်တို့သည် ကယ်တင်ခြင်းရရှိရန်အတွက် ပြင်ဆင်ပေးထားခဲ့သည်။ ဤနည်းလမ်းအားဖြင့် သခင်ယေရှုသည် အပြစ် သားများအားလုံး၏ ကယ်တင်ရှင်ဖြစ်လာခဲ့သည်။ သူ၏ဗတ္တိဇံခံယူခြင်းနှင့် အသွေးတော်သည် ကျွန်ုပ်တို့အပြစ်များကို ဆေးကြောပေးခဲ့သော ကယ် တင်ခြင်းတရားပင်ဖြစ်သည်။
သခင်ယေရှု၏ ဗတ္တိဇံခံယူခြင်းနှင့် အသွေးတော်သတင်းကောင်းကို သိရှိယုံကြည်မှသာလျှင် လူတွေကသန့်ရှင်းသောဝိညာဉ်တော် ရရှိနိုင်ကြ မည်။ သခင်ယေရှု၏ ဗတ္တိဇံခံယူခြင်းသည် လောကအပြစ်များအားလုံးကို ယူဆောင်သွားခဲ့သောကြောင့် ကျွန်ုပ်တို့အပြစ်များသည် သခင်ယေရှုအ ပေါ်သို့လွှဲပြောင်းပေးခဲ့သည်။ ကားတိုင်တော်ပေါ်တွင် လူသားများအားလုံး ကိုယ်စားအသေခံခြင်းသည် ကျွန်ုပ်အတွက်အသေခံခြင်းဖြစ်ပြီး သူ၏ရှင် ပြန်ထမြောက်ခြင်းသည် ကျွုန်ုပ်၏ရှင်ပြန်ထမြောက်ခြင်းဖြစ်သည်။ ထို နည်းတူ၊ သခင်ယေရှု၏ဗတ္တိဇံခံယူခြင်းနှင့် ကားတိုင်တော်ပေါ်တွင် သူ သွန်းလောင်းခဲ့သောသွေးတော်သည် အပြစ်များဖြေလွတ်ခြင်းနှင့် သန့်ရှင်း သောဝိညာဉ်တော်ရရှိခြင်း သတင်းကောင်းဖြစ်သည်။
မိတ်ဆွေသည် သခင်ယေရှု၏ဗတ္တိဇံခံယူခြင်း အကြောင်းကို လေ့လာ ပြီး သတင်းကောင်းကို ယုံကြည်မည်ဟု ကျွန်တော်မျှော်လင့်သည်။ သို့မှ သာ မိတ်ဆွေ၏ အပြစ်များသည် အဝေးသို့ လွင့်ပျောက်ကာ သန့်ရှင်းသော ဝိညာဉ်တော် ရရှိမည်ဖြစ်သည်။ သခင်ယေရှုသည် အဘယ်ကြောင့် ဗတ္တိဇံ ခံယူသနည်း။ ၄င်းသည် လောကလူသားများအပြစ်ကို ယူဆောင်သွားရန် အတွက်ဖြစ်သည်။ “ယေရှုကလည်း “ယခုအခါတွင် အခွင့်ပေးလော့။ အ ကြောင်းမူကား ငါတို့သည် ဖြောင့်မတ်ခြင်းအလုံးစုံကို ဤသို့ပြည့်စုံစေသင့်၏”(မဿဲ ၃း၁၅)။ အာမင်။ ဟာလေလုယ။
ယနေ့ အချို့သောသူများက အခြားသောဘာသာစကားပြောခြင်း သည် သန့်ရှင်းသော ဝိညာဉ်တော်ရရှိခြင်းသက်သေဖြစ်သည်ဟု ယုံကြည် ကြသည်။ သို့သော် သန့်ရှင်းသော ဝိညာဉ်တော်ရရှိခြင်းသက်သေသည် သန့်ရှင်းသော ဝိညာဉ်တော်အမှန်ရရှိသောသူများ၏ နှလုံးသားများတွင် ကျိန်းဝပ်သောသတင်းကောင်းကို တန်ဖိုးထား ယုံကြည်ခြင်းဖြစ်သည်။
 


ဘုရားသခင်သည်ဖြောင့်မတ်သောသူများအားလုံးအပေါ် အပြစ်လွှတ်ခြင်းအခွင့်အာဏာပေးခဲ့သည်


သခင်ယေရှုသည် သူ၏တပည့်တော်များထံ “တစ်စုံတစ်ဦး၏အပြစ်များကို သင်တို့ခွင့်လွှတ်လျှင် ထိုသူသည် အပြစ်ခွင့်လွှတ်ခြင်းကိုခံရ၏။ တစ်စုံတစ်ဦး၏အပြစ်များကို သင်တို့ချည်နှောင်ထားလျှင် ထိုအပြစ်များသည် သူ၌ ချည်နှောင်ထားခြင်းခံရ၏”(ယောဟန် ၂၀း၂၃)ဟု ပြောခြင်း အားဖြင့် အပြစ်လွတ်ခြင်း အခွင့်အာဏာကိုပေးခဲ့သည်။ ဤအရာ၏ ပြည့်စုံခြင်းသည် ရေနှင့်ဝိညာဉ်တော်သတင်းကို တပည့်တော်များ ဟော ပြောကြသောအခါ အပြစ်ရှိသောသူများသည် နားထောင်ပြီး ယုံ ကြည် ကြသောကြောင့် အပြစ်လွတ်ခြင်း ရရှိခဲ့ကြသည်။ သို့သော် သူတို့သည် ရေနှင့် ဝိညာဉ်တော်သတင်းကောင်းကို ယုံကြည်ကြသော်လည်း သူ တိုမှာ မည်သူမည်ဝါ၏ အပြစ်ကိုမျှ မလွတ်နိုင်ပေ။
သခင်ယေရှု၏ နောက်လိုက်တပည့်တော်များသည် ရေနှင့် ဝိညာဉ် တော်သတင်းကောင်းအားဖြင့် လူတိုင်း၏ အပြစ်ကိုခွင့်လွတ်နိုင်သောအ ခွင့်အာဏာရှိသည်။ ထိုကြောင့် သူတို့သည် နှုတ်ကပတ်တော်ကို ဟော ပြောကြလျှင် ကျွန်ုပ်တို့သည် ယုံကြည်ရကြမည်ဖြစ်သည်။ မိတ်ဆွေ၏ အပြစ်များအားလုံး သုတ်သင်ဖယ်ရှားရန် သခင်ယေရှုခရစ်တော်သည် မိတ် ဆွေကို ရေနှင့် ဝိညာဉ်တော်သတင်းကောင်း ပေးအပ်ခဲ့သည်ဟု ကျွန်ုပ်တို့ ယုံကြည်ရမည်။ သို့မှသာလျှင် မိတ်ဆွေသည် အပြစ်လွတ်ခြင်း အခွင့်ရရှိပြီး သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်း ရရှိကြမည်ဖြစ်သည်။ရေနှင့် ဝိ ညာဉ်တော်သတင်းကောင်းကို ဟောပြောခြင်းအားဖြင့် လူတွေက သူတို့ အ ပြစ်မှ ကယ်တင်သောတန်ခိုးကို ကျွန်ုပ်တို့အပေါ် သခင်ယေရှုကပေးခဲ့ သည်။ 
 

လောကကိုအစိုးရသောသူများ၏တန်ခိုး

ယခင်က ကျွန်ုပ်တို့နေထိုင်သောနေရာတွင် ကြမ်းတမ်းသောလမ်းပေါ် တွင် ဘတ်စကားစီးရသည်။ လူတွေက ကားပေါ်မှဆင်းပြီး ကားကို တောင် ထိပ်သို့ ရောက်အောင်တွန်းရသည်။ တခါက ကိုးရီးယားသမ္မတသည် ထို လမ်းရှိ အပူငွေ့စွမ်းအားထုတ်လုပ်ရေး ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် ခဲ့သည်။ လူတွေက ထိုသတင်းကို ကြားသောအခါ လမ်းကိုသန့်ရှင်းစေပြီး လမ်းဘေးနားတွင် သစ်ကိုင်းများခင်းခြင်းအားဖြင့် သမတ္တကိုကြိုဆိုခဲ့ကြ သည်။ ထိုနေ့ရောက်လာသောအခါ ဘေးနှင့်အနောက်တွင် ဆိုင်ကယ်များ ဝန်းရံထားသော သမ္မတကား လာခဲ့သည်။ လူတွေက သူတို့ လက်တွင် နိုင်ငံတော်အလံများကို ကိုင်လျက် သမ္မတကို ကြိုဆိုခဲ့ကြသည်။ သမ္မတ က "ဤလမ်းသည် အလွန်ကြမ်းတမ်းပြီးပြုပြင်ရန်လိုအပ်သည်" ဟုမှတ် ချက်ချလိုက်သည်။ ရက်အနည်းငယ်ကြာလာသောအခါ ထိုလမ်းသည် သဲ နှင့်ကတ္တရာခင်းထားသော လမ်းမဖြစ်လာခဲ့သည်။
နေရာတွင် မည်သည့် အရာဖြစ်ပျက်ခဲ့သနည်း။ သမ္မတမှ မှတ်ချက်ချ သော အရာကြောင့် ဤလမ်း၏ အခြေအနေသည် ပြောင်းလဲသွားခဲ့သည်။ သမ္မတ၏ အမိန့်သည် ကြီးမားသောတန်ခိုးရှိသည်။သို့သော် ခရစ်တော် ပေးခဲ့သော ရေနှင့်ဝိညာဉ်တော်သတင်းကောင်းသည် ထိုထက်အဆပေါင်း များစွာ တန်ခိုးရှိသည်ကို ကျွန်ုပ်တို့သတိထားမိသည်။ ဤသတင်းကောင်း သည် ကျွန်ုပ်တို့ဘဝတလျှောက်တွင် ကျွန်ုပ်တို့ အပြစ်များမှ လွတ်မြောက် စေသောတန်ခိုးဖြစ်သည်ကို ကျွန်ုပ်တို့ ယုံကြည်ရမည် ဖြစ်သည်။
 


အပြစ်တရားများမှလွတ်မြောက်စေသောစစ်မှန်သောအခွင့်အာဏာ


“တစ်စုံတစ်ဦး၏အပြစ်များကိုသင်တို့ခွင့်လွှတ်လျှင်ထိုသူသည် အပြစ် ခွင့်လွှတ်ခြင်းကိုခံရ၏။ တစ်စုံတစ်ဦး၏အပြစ်များကို သင်တို့ချည်နှောင်ထားလျှင် ထိုအပြစ်များသည် သူ၌ ချည်နှောင်ထားခြင်းခံရ၏။” သူတို့ အပြစ်များအားလုံးဖြေလွတ်ခဲ့ပြီ ဟူသောသ တင်းကောင်းကို သခင်ယေရှု ၏တပည့်တော်များကို ဟောပြောခဲ့ကြသည်။ သူတို့က လူတွေအားထံ "သခင်ယေရှုသည်သူ၏ဗတ္တိဇံခံယူခြင်းနှင့်အသွေးတော်အားဖြင့် လောက သားများ၏ အပြစ်များအားလုံး ယူဆောင်သွားခဲ့ပြီ။ စိုးရိမ်စရာအကြောင်းမ ရှိတော့ပေ။ မိတ်ဆွေသည် အနာဂတ်တွင် အပြစ်ပြု နိုင်သော်လည်း သခင် ယေရှုသည် ယောဟန်အားဖြင့် ဗတ္တိဇံခံယူခဲ့ပြီး နောက် ကားတိုင်ပေါ်တွင် အသွေးတော်သွန်းလောင်းခြင်းအားဖြင့် မိတ်ဆွေ၏ နေ့စဉ်အပြစ်များအား လုံး သူယူဆောင်သွားခဲ့ပြီးဖြစ်သည်။ သခင်ယေရှုသည် မိတ်ဆွေကို ကယ် တင်ခဲ့ပြီ။ ၄င်းကို မိတ်ဆွေ ယုံကြည်ရမည် ဖြစ်သည်။ 
သခင်ယေရှု၏ တပည့်တော်များအားဖြင့် ရေနှင့်ဝိညာဉ်တော်သတင်း ကောင်းကို ကြားနာယုံကြည်ခြင်းဖြင့် အပြစ်သားများသည် ရွေးနှုတ်ကယ် တင်ခြင်းရရှိသည်။ ရေနှင့်ဝိညာဉ်တော်သတင်းကောင်းအားဖြင့် အပြစ်ဖြေ လွတ်ခြင်း အခွင့်အာဏာကို သူ၏တပည့်တော်များထံ သခင်ယေရှုက ပေး ခဲ့သည်။ သခင်ယေရှု၏ တပည့်တော်များသည် ရေနှင့်ဝိညာဉ်တော်သတင်း ကောင်းကို လောကတွင်ရှိသော လူသားများ ထံဟောပြောခဲ့ကြသော ကြောင့် ယုံကြည်သောသူများသည် အပြစ်လွတ်ခြင်း အခွင့်ရရှိခဲ့သည်။ သ ခင်ယေရှုသည် သူတို့ အပေါ်အပြစ်လွတ်ခြင်းအခွင့်အာဏာနှင့်အတူ ဤ ဆုကျေးဇူးကိုပေးခဲ့သည်။
မြောက်များစွာသောလူတို့သည် ယခင်က ကျွန်တော်ထုတ်ဝေခဲ့သော စာအုပ်များကို ဖတ်ပြီး ထိုစာအုပ်များ ဖတ်ရှုခဲ့ပြီးနောက် အပြစ်တရားမှ လွတ်ငြိမ်းခွင့် ရရှိခဲ့သည်။ အချို့သောသူများက “သူသည် ငါတို့ကျူးလွန်သောအပြစ်များအတွက် ထိုးဖောက်ခြင်းခံရ၏။ ငါတို့၏ဒုစရိုက်များအ တွက် ချိုးဖဲ့ခြေမွှခြင်းခံရ၏။ ငါတို့အတွက် ငြိမ်းချမ်းခြင်းကိုဖြစ်စေသော ဆုံးမခြင်းသည် သူ့အပေါ်ကျရောက်၍ သူခံရသောဒဏ်ရာဒဏ်ချက်အား ဖြင့် ငါတို့သည် အနာပျောက်ကင်းလျက်ရှိကြ၏” (ဟေရှာယ၅၃း၅) ကို ကိုးကားခြင်းအားဖြင့် ညသခင်ယေရှုကား တိုင်တော်ပေါ်တွင် အသေခံခြင်း သည် လောကအပြစ်များ ယူဆောင်ရန် သူ၏ဗတ္တိဇံခံယူခြင်း၏ အဖြေဖြစ် သည်ဟု သူတို့သည်နားလည်ကြ ကြောင်းဝန်ခံခဲ့ကြသည်။ 
သခင်ယေရှုသည် သေခြင်းမှထမြောက်ခဲ့ပြီးနောက် သူ၏ တပည့်များ ထံ “ထိုသို့မိန့်တော်မူပြီးနောက် သူတို့အပေါ်မှုတ်တော်မူလျက်“သန့်ရှင်းသောဝိညာဉ်တော်ကိုခံယူရရှိကြလော့။ တစ်စုံတစ်ဦး၏အပြစ်များကို သင်တို့ခွင့်လွှတ်လျှင် ထိုသူသည် အပြစ်ခွင့်လွှတ်ခြင်းကိုခံရ၏။ တစ်စုံတစ်ဦး၏အပြစ်များကို သင်တို့ချည်နှောင်ထားလျှင် ထိုအပြစ်များသည် သူ၌ ချည်နှောင်ထားခြင်းခံရ၏”ဟု မိန့်တော်မူ၏”(ယောဟန်၂၀း၂၂-၂၃) ဟု မိန့်တော်မူခဲ့သည်။ သခင်ယေရှုသည် သူ၏တပည့်များထံ လူတွေ၏ အပြစ် များလွတ်ရန် အခွင့် အာဏာပေးခဲ့သည်။
ကျွန်ုပ်တို့သည်သမ္မာတရားကို မယုံကြည်မီရှုပ်ထွေးခြင်း၊ လှစ်လပ် ခြင်းနှင့် အပြစ်တရားများက ကျွန်ုပ်တို့ကို ချည်နှောင်ထားသည်။ သို့ သော်ယခု ကျွန်ုပ်တို့သည် သခင်ယေရှု၏ဗတ္တိဇံခံယူခြင်းနှင့် အသွေးတော် ကို ယုံကြည်ခဲ့ပြီ။ အပြစ်မှ လွတ်မြောက်ခြင်းရရှိခဲ့သည်။ ကျွန်ုပ်တို့သည် အခြားသူများထံ ဤသတင်းကောင်းကို ဟောပြောရကြမည်ဖြစ်သည်။ ထို့ ပြင်၊ ကျွန်ုပ်တို့အရှင်သခင်က သူ၏တပည့်တော်များအားငြိမ်သက်ခြင်း ပေးခဲ့သည်။ သခင်ယေရှုသည်လည်း ကျွန်ုပ်တို့အား ငြိမ်သက်ခြင်းပေးခဲ့ပြီး သန့်ရှင်းသောဝိညာဉ်တော်၏ ကောင်းချီးကိုလည်းပေးခဲ့သည်။ ဘုရားသ ခင်ထံမှ ငြိမ်သက်ခြင်းနှင့် သန့်ရှင်းသောဝိညာဉ်တော်ရရှိနိုင် ရန်အတွက် သခင်ယေရှု၏ဗတ္တိဇံခံယူခြင်းနှင့် ကားတိုင်တော်တွင် သူသွန်းလောင်းခဲ့ သောအသွေးတော်ကို ယုံကြည်ခြင်းအားဖြင့် အပြစ်မှ လွတ်ငြိမ်းခြင်းရရှိ ကြမည်ဖြစ်သည်။
ကျွန်ုပ်တို့အား အပြစ်တရားမှ လွတ်မြောက်စေသောအရာမှာ ရေနှင့်ဝိ ညာဉ်တော်သတင်းကောင်းကို ယုံကြည်ခြင်းပင်ဖြစ်သည်။ ဤအရာသည် ကောင်းကင်နိုင်ငံတော်နှင့် ပတ်သက်သောကောင်းချီးမင်္ဂလာများ ရရှိစေ သောဝိညာဉ်ပိုင်းဆိုင်ရာ ယုံကြည်ခြင်းပင်ဖြစ်သည်။ သို့သော်လူတစ် ယောက်၏စိတ်ထဲတွင် ထင်ယောင်ထင်မှားယုံကြည်ခြင်းက ပျက်စီးခြင်း သို့ပို့ဆောင်ပေးသည်။ ကျွန်ုပ်တို့သည် ရေနှင့်ဝိညာဉ်တော်သတင်းကောင်း ကိုယုံ ကြည်ခြင်းအားဖြင့် ရွေးနှုတ်ကယ်တင်ခြင်းရရှိကြမည်။ သို့ပြုမှသာ လျှင် ကျွန်ုပ်တို့သည် သန့်ရှင်းသောဝိညာဉ်တော်ရရှိနိုင် ကြမည်ဖြစ်သည်။ ထိုသို့ယုံကြည်ခြင်းရှိနိုင်ရန်အတွက် ကျွန်ုပ်တို့သည် လောကီရေးရာအ တွေးအခေါ်များကို စွန့်ပစ်ကာ ရေနှင့်ဝိညာဉ်တော်သတင်းကောင်းသို့ ပြန် လှည့်ပြီး ယုံကြည်ရကြမည်ဖြစ်သည်။
သန့်ရှင်းသောဝိညာဉ်တော်ရရှိရန် လိုအပ်သောယုံကြည်ခြင်းသည် သခင်ယေရှုသည် ကျွန်ုပ်တို့အတွက်ဗတ္တိဇံခံယူပြီး၊ အသေခံခြင်းသတင်း ကောင်းကို လက်ခံခြင်းပင်ဖြစ်သည်။ ကျွန်ုပ်တို့သည် ရေနှင့်ဝိညာဉ်တော် သတင်းကောင်းကို ယုံကြည်ခဲ့ကြသောကြောင့် ဘုရားသခင်သည် ကျွန်ုပ် တို့အတွက်အပြစ်လွတ်ခြင်း၊ ငြိမ်သက်ခြင်းနှင့် သန့်ရှင်းသောဝိညာဉ်တော် ကိန်းဝပ်ခြင်းများ ပြင်ဆင်ပေးခဲ့သည်။ သခင်ယေရှုက သူ၏တပည့်များ အား သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်းပေးခဲ့ပြီးရေနှင့် ဝိညာဉ်တော် သတင်းကောင်းကို ယုံကြည်သောသူအယောက်စီတိုင်းအပေါ် အပြစ်လွတ် ခြင်း အခွင့်အာဏာပေးခဲ့သည်။ 
ဤသတင်းကောင်းကို ယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် သန့်ရှင်း သော ဝိညာဉ်တော်ကို ရရှိကြသည်။ ရေနှင့်ဝိညာဉ်တော်သတင်းကောင်း သည်လည်း မြောက်များစွာသောသူများအား သန့်ရှင်းသောဝိညာဉ်တော် ကို ရရှိစေခဲ့သည်။ ကျွန်ုပ်တို့သည် သတင်းကောင်းကို ကျွန်ုပ်တို့အိမ်နီးချင်း များနှင့် လောကသားများထံ ဟောပြောကြသောအခါ သူတို့၏ နှလုံးသား ၌ လက်ခံသမျှသောသူတို့သည် သန့်ရှင်းသောဝိညာဉ်တော်ကို ရရှိခဲ့ကြ သည်။ ကျွန်ုပ်တို့ ဟောပြောသော သတင်းကောင်းက အခြားသူများအား သန့်ရှင်းသောဝိညာဉ်တော် မရရှိစေလျှင် ကျွန်ုပ်တို့ ဟောပြောသောသ တင်းကောင်းသည် စစ်မှန်သော သတင်းကောင်းမဟုတ်ပေ။ တနည်းအား ဖြင့်၊ ကျွန်ုပ်တို့ဟောပြောသောသတင်းကောင်းသည် အခြားသူများအား သန့်ရှင်းသော ဝိညာဉ်တော်ရရှိစေလျှင် ထိုသတင်းကောင်းသည် စစ်မှန် သော သတင်းကောင်းဖြစ်သည်။
ကျွန်ုပ်တို့သည် ဤသို့သော သတင်းကောင်းမျိုးကို ရရှိခြင်းအတွက် မည်မျှ ကောင်းချီးခံစားကာ ကျေးဇူးတင်စရာဖြစ်သနည်း။ မိတ်ဆွေနှင့် ကျွန်တော်တို့ ဟောပြောသောသတင်းကောင်းသည် ပြည့်စုံပြီး မြှင့်တင် ပေးသော သတင်းကောင်းဖြစ်ပါသည်။ သို့သော် ဝမ်းနည်းစရာတစ်ခုမှ ယ နေ့ ဤသတင်းကောင်းကို သိရှိယုံကြည်သောသူတွေ့ရှိရန် အလွန်ခက်ခဲ ခြင်းဖြစ်သည်။ ထိုကြောင့် ကျွန်ုပ်တို့သည် လောကတစ်ခုလုံးသို့ သတင်း ကောင်းဟောပြောရမည်ဖြစ်သည်။ ကျွန်ုပ်တို့သည် လူတွေကို သန့်ရှင်း သောဝိညာဉ်တော် ရရှိစေရန် ကူညီရကြမည်ဖြစ်သည်။
 

ရေနှင့်ဝိညာဉ်တော်သတင်းကောင်းငြင်းပယ်ရန်စာတန်၏လှည့်စားခြင်းခံရသောသူများ

သခင်ယေရှုကို ယုံကြည်ပြီးသောသူများကိုပင် ကျွန်ုပ်တို့ကူညီနေ သည်။ မြောက်များစွာသောလူတို့သည် သခင်ယေရှုကို ယုံကြည်ခဲ့ကြသော် လည်း သန့်ရှင်းသောဝိညာဉ်တော် မရရှိခဲ့ကြပေ။ ထိုကြောင့် ကျွန်ုပ် တို့သည် သူတို့ကို သတင်းကောင်းဟောပြောခြင်းအားဖြင့် ကူညီကာ သန့် ရှင်းသော ဝိညာဉ်တော်ရရှိရန် ကူညီပေးခဲ့သည်။
လူတစ်ဦးသည် သခင်ယေရှုကို ယုံကြည်သော်လည်း သန့်ရှင်းသော ဝိ ညာဉ်တော်မရရှိလျှင် သူ၏ယုံကြည်ခြင်းတွင် ပြဿနာအချို့ရှိနိုင်သည်။ သခင်ယေရှုကို ယုံကြည်ခြင်းအားဖြင့် သန့်ရှင်းသောဝိညာဉ်တော် ရရှိ သောသူများသာလျှင် စစ်မှန်သောယုံကြည်ခြင်းကို ပိုင်ဆိုင်သူများဖြစ် ကြောင်း အသိအမှတ်ပြုရပါသည်။ ထိုကြောင့် ကျွန်ုပ်တို့သည် သန့်ရှင်း သောဝိညာဉ်တော်ရရှိစေသော ယုံကြည်ခြင်းကို သာစွဲကိုင်ရကြမည် ဖြစ် သည်။ဤသတင်းကောင်း၏သမ္မာတရားသည် သန့်ရှင်းသောဝိညာဉ်တော် ရရှိစေသော သတင်းကောင်းဖြစ်သောကြောင့် ကျွန်ုပ်တို့သည် ရေနှင့်ဝိ ညာဉ်တော်သတင်းကောင်းကို သိရှိရမည်ဖြစ်သည်။
အခြားသူများသည် သန့်ရှင်းသောဝိညာဉ်တော် ရရှိနိုင်ရန်အတွက် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို ကျွန်ုပ်တို့ ဟောပြောကြသည်။ သို့ သော် သတင်းကောင်း ဟောပြောသောသူများသည် နှောင့်ယှက်တားဆီး ခြင်းအခက်အခဲများစွာ ကြုံတွေ့ရကြမည် ဖြစ်သည်။ အချို့သော ခရစ် ယာန်များသည် အချိန်ကြာမြင့်စွာ ကြိုးပမ်းအားထုတ်ခြင်းအားဖြင့် သန့် ရှင်းသော ဝိညာဉ်တော်ရရှိနိုင်ကြသည်ဟု ယူဆတတ်ကြသည်။ သူတို့မှာ သန့်ရှင်းသော ဝိညာဉ်တော်ရရှိခြင်းအတွက် သိက္ခာမဲ့ခြင်းဖြစ်သည့် ရှုပ် ထွေးမှု အတွေ့အကြုံများစွာရှိသည်။ သူတို့ကို ရေနှင့်ဝိညာဉ် တော်သတင်း ကောင်းအားဖြင့် မီးမောင်းထိုးပြရန် အချိန်များစွာနှင့် ပေးဆပ်မှုများစွာလို အပ်သည်။
ဤသတင်းကောင်းကို ယုံကြည်ခြင်းအားဖြင့် သန့်ရှင်းသောဝိညာဉ် တော်ရရှိနိုင်သည်ဟု လူတိုင်းထင်ခဲ့လျှင် ရေနှင့်ဝိညာဉ်တော်သတင်း ကောင်းကို မည်သူတွေက မယုံကြည်ကြမည်နည်း။ စစ်မှန်သောသတင်း ကောင်း မလာမီ စာတန်သည် မှားယွင်းသောသတင်းအားဖြင့် လူတွေကို လှည့်စားခဲ့သည်။ ထိုသို့သော သူများက သူတို့သည် သခင်ယေရှု၏ သ တင်းကောင်းကို ယုံကြည်ခဲ့ပြီးဟု မိမိကိုယ်ကိုထင်ခဲ့သောကြောင့် သူတို့ သည် အလွန်တရာအံ့သြမိန်းမောကြမည်ဖြစ်သည်။ ထိုကြောင့် သူတို့သည် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို ငြင်းပယ်ခဲ့ကြခြင်းဖြစ်သည်။
ဤခေတ်ကြီးတွင် မြောက်များစွာသော လူများ၏ မျက်စိကို စာတန် သည် ကန်းစေခဲ့သောကြောင့် သူတို့သည် စစ်မှန်သောရေနှင့်ဝိညာဉ်တော် သတင်းကောင်းကို ပြည့်စုံစွာ လက်ခံခြင်း မရှိပေ။ ထိုအကြောင်းကြောင့် သခင်ယေရှုကို ယုံကြည်ခြင်းသည် လွယ်ကူသော အလုပ်ဖြစ်သည်ဟု သူ တို့က ထင်ကြသည်။ သို့သော် သတင်းကောင်း၏ သမ္မာတရားကို လုံးဝ ယုံ ကြည်ခြင်းသည် လွယ်ကူသော အလုပ်မဟုတ်ပေ။ စစ်မှန်သောရေနှင့် ဝိညာဉ်တော်သတင်းကောင်းသည် မှားယွင်းသော သတင်းကောင်းက ပျက် စီးစေခဲ့သည်။
အချို့သောလူများက ဘုရားကျောင်းတက်ပြီး သခင်ယေရှုကို ယုံကြည်သည်ဟုပြောလျှင် လူတိုင်းကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက် နိုင်မည်ဟု ထင်တတ်ကြသည်။ လူများစွာတို့သည် မိမိကိုယ်ကို ကြိုးပမ်း အားထုတ်မှုများဖြစ်ကြသော ဆုတောင်းခြင်းနှင့် အစာရှောင်ခြင်းအားဖြင့် သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်း ရရှိနိုင်သည်ဟု ယုံကြည်ကြသည်။ သို့သော် ဤသို့သော ယုံကြည်ခြင်းသည် သန့်ရှင်းသောဝိညာဉ်တော် ရရှိ ခြင်းသမ္မာတရားနှင့် ဝေးကွာလျက်ရှိသည်။ သူတို့က အခြားသော ဘာသာ စကား ပြောဆိုခြင်းနှင့် အံ့သြဖွယ် နိမိတ်လက္ခဏာပြသခြင်းတို့သည် သန့် ရှင်းသော ဝိညာဉ်တော်ရရှိခြင်း၏ နိမိတ်လက္ခဏာဖြစ်သည်ဟု ထင် ကြသည်။
ထိုကြောင့် သူတို့သည် သန့်ရှင်းသောဝိညာဉ်တော်ရရှိခြင်း အကြောင်း ကို အနည်းငယ်သာ သိရှိခဲ့ကြသည်။ သူတို့သည် စစ်မှန်သော ရေနှင့် ဝိ ညာဉ်တော်သတင်းကောင်းကို ယုံကြည်ရန် မရှိမဖြစ်လိုအပ်သည်။သို့သော် ဘုရားသခင်၏ စကားတော်ကို ယုံကြည်ခြင်းအားဖြင့် လူတစ်ဦးသည် သန့်ရှင်းသော ဝိညာဉ်တော်ရရှိနိုင်သည်ဟု သမ္မာကျမ်းစာက ဖော်ပြထား ပါသည်။ ဘုရားသခင်သည် သူ၏စကားတော်တွင် သန့်ရှင်းသောဝိညာဉ် တော်ရရှိခြင်း၏ လျှို့ဝှက်ချက်ကို ဖုံးအုပ်ထား သည်။
 

သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်းရရှိလိုသောသူများ

တခါက ကျွန်တော့် လုပ်ဖော်ဆောင်ဘက်များနှင့်အတူ ထိုင်ဝမ်နိုင်ငံ သို့ ကျွန်တော် သွားခဲ့သည်။ ထိုနေရာတွင် ရှိသောလူများက သန့်ရှင်းသော ဝိညာဉ်တော်နှင့် ပတ်သက်သော စာအုပ်များတောင်းခဲ့ကြသည်။ ဂျပန်နှင့် ရုရှနိုင်ငံများတွင်လည်း ထိုသို့ တောင်းဆိုခဲ့ကြသည်။ မြောက်များစွာသော လူများသည် သန့်ရှင်းသော ဝိညာဉ်တော်ကိန်းဝပ်ခြင်း စာအုပ်များ တောင်း ဆိုခြင်းအကြောင်းမှာ ယနေ့လူများစွာတို့သည် သန့်ရှင်းသော ဝိညာဉ်တော် ကိန်းဝပ်ခြင်းရရှိရန် စိတ်အားထက်တန်ကြသောကြောင့် ဖြစ်သည်။ မြောက်များစွာသော လူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်ကိန်းဝပ်ခြင်း မရှိခဲ့ကြသောကြောင့် သူတို့သည် သခင်ယေရှုကို ယုံကြည်ကြသော်လည်း သန့်ရှင်းသောဝိညာဉ်တော်အမှန်တကယ်ရရှိ/မရရှိခြင်းကို လုံးဝမသိခဲ့ ကြ ပေ။
သခင်ယေရှုကို ယုံကြည်ပြီး သူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်ရ ရှိကြကြောင်း ကြွေးကြော်သောလူပေါင်းများစွာရှိသည်။ သို့သော် သန့်ရှင်း သောဝိညာဉ်တော် ထာဝစဉ်ရရှိသော လူအနည်းငယ်သာရှိသည်။ မြောက် များစွာသော လူတို့သည် သခင်ယေရှုကို ယုံကြည်ကြသော်လည်း သန့်ရှင်း သောဝိညာဉ်တော်မရရှိကြပေ။ ထိုကြောင့် သူတို့သည် သန့်ရှင်းသောဝိ ညာဉ်တော်ကို တောင့်တနေကြ ခြင်းဖြစ်သည်။
ခရစ်ယာန်လောကတွင် သန့်ရှင်းသောဝိညာဉ်တော်လက်ခံခဲ့သည်ဟု ထင်မှတ်သော လူများစွာရှိသည်။ အချို့သောသူများက သူတို့၏ အိပ်မက် တွင် သခင်ယေရှုနှင့် တွေ့ဆုံကြောင်း ပြောကြသည်။ အချို့သောသူများက သူတို့သည် နတ်ဆိုးများကို နှင်ထုတ်နိုင်ကြသောကြောင့် သန့်ရှင်းသော ဝိ ညာဉ်တော်သည် သူတို့နှင့်အတူရှိကြောင်း ကြွေးကြော်ကြသည်။ ဤသို့ဖြင့် သူတို့ကိုယ်တွေ့ အတွေ့အကြုံများအပေါ် အခြေပြုသောယုံကြည်ခြင်း များရှိသူအားဖြင့် သန့်ရှင်းသောဝိညာဉ်တော် အမှန်တကယ်ရရှိလိုသော လူ အနည်းငယ်သာရှိသည်။
ဤလောကတွင် ဖြူစင်သောရေနှင့် ဝိညာဉ်တော်သတင်းကောင်း အားဖြင့် သန့်ရှင်းသော ဝိညာဉ်တော်ကိန်းဝပ်ခြင်းရရှိနည်း စာအုပ်များ မရှိ ခြင်းသည် ထူးဆန်းသည်ဟု ကျွန်တော်ယူဆထားသည်။ လူများစွာတို့သည် သန့်ရှင်းသော ဝိညာဉ်တော်နှင့် အတွေ့အကြုံများအကြောင်းကို ပြောကြ သော်လည်း အဘယ်ကြောင့် သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်း စာ အုပ်များမရှိကြသနည်း။ မိတ်ဆွေသည် ကမ္ဘာတစ်ဝှမ်းလုံးတွင် ရှာဖွေလျှင် ဤသို့သော စာအုပ်များ မရှိသည်ကို တွေ့ရှိသည်။
သန့်ရှင်းသော ဝိညာဉ်တော်ရရှိခဲ့သည်ဟု မှားယွင်းစွာ ခုခံပြောဆို တတ် သောသူများသည် သခင်ယေရှုကို ကိုယ်တိုင်မြင်တွေ့ပြီး ကောင်း ကင်နိုင်ငံတော်နှင့် ငရဲပြည်သို့ သွားရောက်ခဲ့ကြသည်ဟု ပြောတတ်ကြ သည်။ သခင်ယေရှုက "သင်စောစောရောက်လာခဲ့တယ်။ လောကတွင်သင် လုပ်ဆောင်စရာများစွာရှိတယ်။ ထိုကြောင့် ထိုနေရာသို့ မြန်မြန်ပြန်လှည့် ပါ"ဟု မိန့်တော်မူသည်ဟု သူတို့ကဆိုတတ်ကြသည်။ ဤသို့သော အတွေ့ အကြုံများသည် မဖြစ်နိုင်သောအရာဖြစ်သည်။ သို့သော် သူတို့တွေ့ခဲ့သော သခင်ယေရှုသည် စစ်မှန်သော ယေရှုဖြစ်မည်လား။ သူတို့သည် မိမိစိတ်ထဲ တွင် အပြစ်ရှိလျက်ပင် သခင်ယေရှုသည်ထို သူတို့ကို တွေ့မည်လား။ သ ခင်ယေရှုသည် အပြစ်သားများနှင့် ဆက်နွယ်ခြင်းရှိသလား။
ယနေ့ခရစ်ယာန်အများစုတို့သည် သခင်ယေရှု၌ ယုံကြည်ခြင်းကို ထိန်းသိမ်းကြသော်လည်း သူတို့သည် သန့်ရှင်းသောဝိညာဉ်တော် ကိန်းဝပ် ခြင်းမရရှိကြသည်ကို အမှန်ပင်ဖြစ်သည်။ ထိုကြောင့် သန့်ရှင်းသောဝိညာဉ် တော်ရရှိသော ကျွန်ုပ်တို့သည် အခြားသူများ ဤဆုကျေးဇူးရရှိစေသော သ တင်းကောင်းကို ကျွန်ုပ်တို့ နေရာအနှံ့ ဟောပြောရကြမည်ဖြစ်သည်။ လူ တိုင်းက သန့်ရှင်းသော ဝိညာဉ်တော်ရရှိသင့်သည်။ ထိုသို့ ရရှိနိုင်ရန်အ တွက် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းသည် မရှိမဖြစ်လိုအပ်သည်။ သတင်းကောင်းကို ယုံကြည်ခြင်းအားဖြင့် သာလျှင် သန့်ရှင်းသော ဝိညာဉ် တော်ရရှိနိုင်သည်။ ကျွန်ုပ်တို့အားလုံး သိရှိသောသမ္မာ တရားသတင်း ကောင်းအားဖြင့် ကျွန်ုပ်တို့သည် ဘုရားသခင်ထံမှ သန့်ရှင်းသော ဝိညာဉ် တော်ဆုကျေးဇူးရရှိနိုင်ပါသည်။ 
ဘုရားသခင်သည် ကျွန်ုပ်တို့အား ရေနှင့်ဝိညာဉ်တော်သတင်းကောင်း ကို ပေးအပ်ခဲ့သောကြောင့် ကျွန်ုပ်တို့ သူ့ကိုကျေးဇူးတင်ကာ ကျေးဇူးတော် ချီးမွမ်းရကြမည်ဖြစ်သည်။ ဤစာအုပ်ကို ကျွန်တော်ရေးသားသော အချိန် တွင် သန့်ရှင်းသော ဝိညာဉ်တော်၏ ပျော်ရွှင်ခြင်းကို ကျွန်တော်ခံစားခဲ့ သည်။ ဤစာအုပ်ကို ထုတ်ဝေခဲ့ပြီးသောအခါ လူများစွာတို့သည် ရေနှင့်ဝိ ညာဉ်တော် သတင်းကောင်းကို ယုံကြည်ခြင်းအားဖြင့် သန့်ရှင်းသော ဝိ ညာဉ်တော်ကိန်းဝပ်ခြင်းရရှိခဲ့ကြသည်။ “သင်သည် အရေဖျားမလှီးသောသူတို့အိမ်သို့ဝင်၍ သူတို့နှင့်အတူစားသောက်ပါသည်တကား”ဟု သူ့ကိုပြစ်တင်ပြောဆိုကြ၏”(တမန် ၁၁း၃)။ သို့သော် ရှင်ပေတရုက သူတို့ထံ အစမှအရာခပ်သိမ်းအားလုံး အကုန်အစင်ရှင်းပြခဲ့သည်။
ကျွန်ုပ်တို့အားလုံးသည် သန့်ရှင်းသောဝိညာဉ်တော်ကို လက်ခံရကြ မည် ဖြစ်သည်။ တစ်ကမ္ဘာလုံးတွင်ရှိသောခရစ်ယာန်များသည် အထူးသ ဖြင့် ကမ္ဘာ့သမိုင်း ဝရုံးဿုံးကားအချိန်၌ သန့်ရှင်းသောဝိ ညာဉ်တော်ရရှိ ခြင်းကို စိတ်ဝင်စားကြသည်။ ကျွန်တော်သည် သန့်ရှင်းသောဝိညာဉ်တော် လမ်းပြသည့်အတိုင်း သန့်ရှင်းသောဝိညာဉ်တော်ရရှိရန် သမ္မာကျမ်းစာနှင့် ညီညွတ်သောလမ်းကို ဟောပြောနေသည်။ သင်သည် ရောင့်ရဲသောဘဝ ဖြင့်အသက်ရှင်ရန် သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်းသမ္မာ တရားကို ယုံကြည်ရမည် ဖြစ်သည်။ ထိုအရာသည် သင်၏အတွင်းနှလုံးသား၌ သန့်ရှင်းသောဝိညာဉ် တော်လက်ခံရန် နောက်ဆုံးအခွင့်အရေး ဖြစ်သည်။ 
သခင်ယေရှုခရစ်တော်သည် ကျွန်တော့်အား ရေနှင့်ဝိညာဉ်တော်သ တင်းကောင်းကို ပေးအပ်တော်မူခဲ့၍ သန့်ရှင်းသောဝိညာဉ်တော်၏ဆုကျေး ဇူးကို ကျွန်တော့်အား အမွေခံစေတော်မူခဲ့သော ကြောင့် ကျွန်တော်သည် လူတိုင်းအား သန့်ရှင်းသောဝိညာဉ်တော်ရရှိရန် ကူညီပေးသော သတင်း ကောင်းအကြောင်း ဟောပြောရန် စိတ်ဆန္ဒပြင်းပြခြင်း ဖြစ်သည်။ 
 

ဟေလသလူမျိုးများသည်လည်း ရေနှင့်ဝိညာဉ်တော်သတင်း ကောင်းကို ယုံကြည်ရကြမည် ဖြစ်သည်

သခင်ယေရှု၏တပည့်တော်များသည် အခြားသူများအား သန့်ရှင်း သောဝိညာဉ်တော်ကိန်းဝပ်ခြင်း မည်သို့ရရှိစေကြသည်ကို သမ္မာကျမ်းစာ က ဖော်ပြထားသည်။ ဟေလသလူမျိုးများသည်လည်း သန့်ရှင်းသော ဝိညာဉ်တော်ရရှိနိုင်ရန်အတွက် တပည့်တော်များကဲ့သို့ တူညီသောယုံ ကြည်မှုကို စောင့်ထိန်းရကြမည် ဖြစ်သည်။ ထိုပြင်၊ အထူးသဖြင့် ဟေလသ လူမျိုးများသည် ဘုရားသခင်၏နိုင်ငံတော် သို့ဝင်ရောက်နိုင်ရန်အတွက် တပည့်တော်များပိုင်ဆိုင်သော ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို ယုံ ကြည်ကြရန် လိုအပ်သည်။ ထိုကြောင့် ဟေလသလူမျိုးများဖြစ်ကြသူ ကျွန်ုပ်တို့သည်လည်း သန့်ရှင်းသောဝိညာဉ်တော်ရရှိနိုင်ရန်အတွက် စစ်မှန် သောသတင်းကောင်းကို ယုံကြည်ရကြမည် ဖြစ်သည်။ ဟေလသလူ မျိုးဖြစ်သူ ကောနိလိသည် သန့်ရှင်းသောဝိညာည်တော်ရရှိရန် မရှိမဖြစ်လို အပ်သောရေ နှင့်ဝိညာဉ်တော်သတင်းကောင်းဖြစ် အလင်းရရှိရန်အတွက် ဘုရားသခင်သည် ပေတရုအား သူ့ထံ စေလွှတ်တော်မူခဲ့သည်။ 
သန့်ရှင်းသောဝိညာဉ်တော်ဆုကျေးဇူးကို ဟေလသလူမျိုးများထံ သွန်းလောင်းခြင်းခံရသည်ဟု ယုဒယုံကြည်သူများသည် ကြားကြသောအ ခါ အံ့ဩခဲ့ကြသည်။ ပေတရုသည် ရေနှင့်ဝိညာည်တော် သ တင်းကောင်း ကို သူ့အား အရေဖျားလှီးခြင်း မခံရပေဟု ပြစ်တင်ဝေဖန်သောသူများထံ ဟောပြောခဲ့ပြီးနောက် သူသည် ယေရုရှလင်မြို့အသင်းတော်သို့ ပြန် လှည့်ခဲ့သည်။ “သင်သည် အရေဖျားမလှီးသောသူတို့အိမ်သို့ဝင်၍ သူတို့နှင့်အတူစားသောက်ပါသည်တကား”ဟု သူ့ကိုပြစ်တင်ပြောဆိုကြ၏” (တ မန် ၁၁း၃)။ သို့သော် ပေတရုသည် သူတို့ထံ အစမှစ၍ အကုန်အစင် ရှင်းပြခဲ့သည်။
သူ၏ရှင်းပြချက်ကို တမန် ၁၁း၅-၁၇ တွင် ကွက်ကွက်ကွင်းကွင်း ဖော်ပြထားသည်။ “ငါသည် ယုပ္ပေမြို့၌ ဆုတောင်းလျက်နေစဉ် အာရုံမှုန်ဝါးတွေဝေ၍ ရူပါရုံတစ်ခုကိုမြင်ရ၏။ ထောင့်လေးခုမှထိန်းထားပြီး ကောင်းကင်မှလျှောကျလာသည့် ရွက်ထည်စကြီးနှင့်တူသောအရာတစ်ခုသည် နိမ့်ဆင်းလာ၍ ငါ့ထံသို့ရောက်လာ၏။ ငါသည် ထိုအရာထဲသို့ စူးစိုက်၍စေ့စေ့ကြည့်လိုက်ရာ မြေကြီးပေါ်ရှိခြေလေးချောင်းသတ္တဝါများ၊ သားရဲတိရစ္ဆာန်များ၊ တွားသွားသတ္တဝါများနှင့် မိုးကောင်းကင်ငှက်များကို မြင်ရ၏။ ထို့နောက်‘ပေတရု၊ ထ၍သတ်စားလော့’ဟု ငါ့အားပြောသောအသံကိုလည်း ငါကြားရ၏။ သို့သော် ငါက ‘မဖြစ်နိုင်ပါ သခင်ဘုရား၊ အကြောင်းမူကား မစင်ကြယ်သောအရာ၊ သို့မဟုတ် ညစ်ညူးသောအရာသည် အကျွန်ုပ်ခံတွင်းထဲသို့ မဝင်ဖူးပါ’ဟု လျှောက်၏။ ထိုအခါ ဒုတိယအကြိမ်ကောင်းကင်မှ အသံထွက်ပေါ်လာ၍‘ဘုရားသခင်စင်ကြယ်စေသည့်အရာကို ညစ်ညူးသည်ဟု သင်မဆိုနှင့်’ဟု ဆိုလေ၏။ ဤသို့ သုံးကြိမ်တိုင်တိုင်ဖြစ်ပြီးနောက် ထိုအရာအားလုံးသည် ကောင်းကင်သို့ ပြန်လည်ရုပ်သိမ်းခြင်းခံရ၏။ ထိုခဏချင်းတွင် ဆီဇာရီးယားမြို့မှ ငါ့ထံသို့စေလွှတ်လိုက်သည့် လူသုံးဦးတို့သည် ငါရှိနေသောအိမ်သို့ ရောက်လာကြ၏။ ထိုအခါ သန့်ရှင်းသောဝိညာဉ်တော်က ‘သံသယမရှိဘဲ သူတို့နှင့်အတူလိုက်သွားလော့’ဟု ငါ့အား မိန့်တော်မူ၏။ ဤညီအစ်ကိုခြောက်ဦးတို့သည်လည်း ငါနှင့်အတူလိုက်သွား၍ ငါတို့သည် ထိုသူ၏အိမ်သို့ဝင်ကြ၏။ ထိုသူက ကောင်းကင်တမန်သည် သူ့အိမ်ထဲ၌ရပ်လျက် ‘ယုပ္ပေမြို့သို့ လူလွှတ်၍ ပေတရုဟုခေါ်သောရှိမုန်ကို ခေါ်ဖိတ်လော့။ သူသည် သင်နှင့် သင်၏မိသားစုအားလုံး ကယ်တင်ခြင်းရရှိစေမည့်တရားစကားကို သင့်အား ဟောပြောလိမ့်မည်’ဟု မြွက်ဆိုသည်ကို သူမြင်ရကြောင်း ငါတို့အား ပြောပြခဲ့၏။ ထို့နောက် ငါစတင်ဟောပြောလေရာ သန့်ရှင်းသောဝိညာဉ်တော်သည် အစအဦးက ငါတို့အပေါ်သို့သက်ရောက်သကဲ့သို့ ထိုသူတို့အပေါ်သို့လည်း သက်ရောက်တော်မူ၏။ ထိုအခါ‘ယောဟန်သည် ရေ၌ဗတ္တိဇံပေး၏။ သင်တို့မူကား သန့်ရှင်းသောဝိညာဉ်တော်၌ ဗတ္တိဇံခံရကြလိမ့်မည်’ဟု သခင်ဘုရားမိန့်တော်မူသောစကားကို ငါသတိရ၏။ ဤသို့ဖြင့် ဘုရားသခင်သည် သခင်ယေရှုခရစ်တော်ကိုယုံကြည်သောငါတို့အား ပေးတော်မူသကဲ့သို့ ထိုသူတို့ကိုလည်း တူညီသောကောင်းချီးလက်ဆောင်ကို ပေးတော်မူလျှင် ငါသည် မည်သို့သောသူဖြစ်၍ ဘုရားသခင်ကို တားဆီးနိုင်မည်နည်း”ဟု ဆိုလေ၏။”
ပေတရုသည် အရေဖျားလှီးခြင်းမခံသောသူများထံသွားသည်သာမက သူတို့နှင့်အတူစားသောက် ၍ သန့်ရှင်းသောဝိညာဉ်တော်၏လမ်းပြမှုအပေါ် ကျေးဇူးတင်လျက်ရှိကြောင်း ပြောခဲ့သည်။ သူတို့ သည် ဤအရာများကို ကြားကြသောအခါ တိတ်ဆိတ်စွာနေကြ၍ သူတို့အားလုံး- ကောနိလိ၊ ၎င်း၏ ဆွေမျိုးများနှင့် ရင်းနှီးသောသူငယ်ချင်းများထံ နောင်တနှင့်အသက် ကို ပေးအပ်တော်မူခဲ့သော ဘုရားသခင်၏ဘုန်းအသရေတော်ကို ချီးမွမ်းကြ သည်။ 
 
 
သန့်ရှင်းသောဝိညာဉ်တော်ရရှိခြင်းအတွက်တမန်တော်များ၏ သတင်းကောင်း

တမန်တော်များ၏ သာသနာလုပ်ငန်းမှာ အဘယ်အရာနည်း
သန့်ရှင်းသောဝိညာဉ်တော်ရရှိရန်အတွက် ရေနှင့်ဝိညာဉ်တော်သတင်းကောင်း ဟောပြောခြင်း ဖြစ်သည်
 
တမန်တော်များသည် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို အမှန် ဟောပြောခဲ့ကြသလား။ ရှေ့ဦးစွာ တမန်တော်ရှင်ပေတရုသည် ရေနှင့်ဝိ ညာဉ်တော် သတင်းကောင်းကို ယုံကြည်သည်/မယုံကြည်သည်ကို ခိုင်လုံ စွာသိရှိရန်လိုအပ်သည်။ သမ္မာကျမ်းစာတွင် ရှင်ပေတရုသည် "ယခုတွင် ကျွန်ုပ်တို့အား ကယ်တင်သောပုံ ဥပမာသည် ဗတ္တိဇံပင်ဖြစ်သည်" (၁ပေ ၃း၂၁) ဟုပြောခဲ့သည်။ သခင်ယေရှုဗတ္တိဇံခံယူကာ ကားတိုင်တော်ပေါ်တွင် အသေခံခဲ့ပြီးနောက် သခင်ယေရှုသည် အပြစ်သားများကို ကယ်တင်ခဲ့ သည်ဟု တမန်တော်ရှင်ပေတရုကယုံကြည်ခဲ့သည်။ သခင်ယေရှု ဗတ္တိဇံခံ ယူစဉ် (မဿဲ ၃း၁၅) အပြစ်အားလုံးကို သူ့အပေါ်သို့ လွှဲပြောင်းခဲ့ကြောင်း နှင့် ကျွန်ုပ်တို့အား ကယ်တင်ရန် ကားတိုင်တင်သတ်ခံကာ ရှင်ပြန်ထ မြောက်ခဲ့ကြောင်းကိုလည်း ယုံကြည်ခဲ့သည်။ 
ဤနေ့ရက်ကာလများတွင် ရှင်ပေတရုကဲ့သို့ ယုံကြည်ခြင်းရှိသူအမြား အပြားရှိသည်။ ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို ဟောပြောသောသူ များသည် ရှင်ပေတရုဟောပြောခဲ့သော သတင်းကောင်းကို ဟောပြော သောသူများဖြစ်ကြသည်။ ဤသမ္မာတရားကို ခံယူသောသူများသည် သန့် ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်း ရရှိစေခဲ့သည်။ 
ရှင်ပေတရုသည် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို ဟောပြော သောအခါ မြောက်များစွာသော လူတို့သည် သန့်ရှင်းသောဝိညာဉ်တော် ရ ရှိသည့်နည်းတူ ကျွန်ုပ်တို့သည်လည်း ထိုသမ္မာတရားကို ဟောပြောသော အခါ လူတွေက သတင်းကောင်းကို ယုံကြည်ပြီး သန့်ရှင်းသော ဝိညာဉ် တော်ရရှိကြမည်ကိုလည်း မြင်တွေ့ကြလိမ့်မည်။ သခင်ယေရှုကိုသာ ယုံ ကြည်လျှင် ကောင်းကင်နိုင်ငံတော်သို့ဝင် ရောက်နိုင်သည်ဟု ယုံကြည်ခြင်း အားဖြင့် သန့်ရှင်းသောဝိညာဉ်တော်မရနိုင်ပေ။ သို့သော် ရေနှင့်ဝိညာဉ် တော်သတင်းကောင်းကို ယုံကြည်ခြင်းအားဖြင့်သာ သန့်ရှင်းသောဝိညာဉ် တော်ရရှိနိုင်သည်။ 
တခါက ရှင်ပေတရုသည် ဟေလသလူများအား ကြမ်းပြင်ပေါ်တွင် တွားသွားနေသော ကြမ်းပိုးကဲ့သို့ တွေးခဲ့သည်။ ပညတ်တော်အရ သခင် ယေရှုဗတ္တိဇံ မခံမီ ကားတိုင်တော်ပေါ်တွင် အသေမခံမီ၊ ရှင်ပြန်ထမြောက် ခြင်းမရှိမီ သူတို့သည် မသန့်ရှင်းသောတိရိစ္ဆာန်များနှင့်တူသည်။ သို့သော် ဟေလသလူမျိုးများသည် ရေနှင့် ဝိညာဉ်တော်သတင်းကောင်းကို ယုံ ကြည်ခြင်းအားဖြင့် သန့်ရှင်းသော ဝိညာဉ်တော်ကိန်းဝပ်ခြင်းအားဖြင့် ကောင်းချီးခံစားနိုင်ခဲ့ကြသည်။ ထိုကြောင့် ကောင်းကင်မှ ပေတရုထံ “ဘု ရားသခင်စင်ကြယ်စေသည့်အရာကို ညစ်ညူးသည်ဟု သင်မဆိုနှင့်”(တ မန် ၁၀း၁၅)ဟု အသံလာခဲ့သည်။
ဟေလသလူများကဲ့သို့ ကျွန်ုပ်တို့သည် သန့်ရှင်းသောဝိညာဉ်တော်ကို မရရှိနိုင်ကြပေ။ သို့သော် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို ယုံကြည် ခြင်းအားဖြင့် ကျွန်ုပ်တို့သည် သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်းကို ရ ရှိနိုင်ကြသည်။ မိမိအတွေးအခေါ်ဖြင့်သာ ပြည့်ဝသောသူများအပေါ် သ တင်းကောင်းကို စိတ်ရှည်စွာဖြင့် ကျွန်ုပ်တို့ ဟောပြောလျှင် သူတို့သည် သ တင်းကောင်းကို ယုံကြည်ကာ နောက်ဆုံးတွင် သန့်ရှင်းသော ဝိညာဉ် တော်ရရှိကြမည်ဖြစ်သည်။ သူတို့သည် သခင်ယေရှု၏ ဗတ္တိဇံခံယူခြင်းနှင့် အသွေးတော်ကို ယုံကြည်ခဲ့ပြီးနောက် သူတို့၏ နှလုံးသားထဲတွင် အပြစ်မရှိ တော့ကြောင်း ဝန်ခံခဲ့ကြသည်ကို ကျွန်ုပ်တို့တွေ့ရှိနိုင်ပါသည်။ ထိုသို့ပြုမှ သာလျှင် သန့်ရှင်းသောဝိညာဉ်တော်သည် သူတို့အထဲတွင် ကိန်းဝပ်မည် ဖြစ်သည်။
ဤသတင်းကောင်းဟောပြောခြင်း၏ ရည်ရွယ်ချက်မှာ သတင်း ကောင်းကို အခြားသူများအားနားလည်စေခြင်းသက်သက်မဟုတ်ပေ။ သို့ သော်သူတို့ကို သန့်ရှင်းသောဝိညာဉ်တော်ရရှိစေရန်အတွက်ဖြစ်သည်။ ကျွန်ုပ်တို့ဟောပြောသော သတင်းကောင်းကို ယုံကြည်သောသူများ အ ပြစ်လွတ်ခြင်းရရှိခြင်းသည် အလွန်အရေးကြီးသည်။ တကြိမ်တည်းမှာပင် သူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်ကိန်း ဝပ်ခြင်းရရှိခြင်းသည်လည်း အလွန်အရေးကြီးသည်။ ကျွန်ုပ်တို့သည် လူတွေထံ သတင်းကောင်းဟော ပြောရုံသက်သက်မဟုတ်ဘဲ နောက်တစ်ဆင့်တက်ကာ သူတို့ကို သန့်ရှင်း သောဝိညာဉ်တော် ရရှိစေရန်အတွက်ဖြစ်သည်။
ကျွန်ုပ်တို့သည် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို လိုအပ်သော သူများအပေါ် ဤခံယူချက်ဖြင့် ဟောပြောရမည်ဖြစ်သည်။ ကျွန်ုပ်တို့သည် သတင်းကောင်း ဟောပြောခဲ့ပြီးနောက် ရပ်တန့်သွားခဲ့လျှင် ကျွန်ုပ်တို့ ကြိုး ပမ်းမှု၏အဓိပ္ပါယ်သည် ပျောက်ဆုံးသွားမည်ဖြစ်သည်။ ဤသတင်း ကောင်းသည် လူတွေအား သန့်ရှင်းသော ဝိညာဉ်တော်ကိန်းဝပ်စေသည်ကို ကျွန်ုပ်တို့ ဂရုစိုက်ရကြမည်ဖြစ်သည်။စိတ်ထဲတွင် မှတ်သားစရာတစ်ခုမှ ကျွန်ုပ်တို့သည် သတင်းကောင်းဟောပြောသောအခါ သန့်ရှင်းသော ဝိ ညာဉ်တော်မီးသည် ကမ္ဘာနေရာအနှံ့အပြားသို့ လောင်ကျွမ်းသောတောမီး ပမာ ပျံ့နှံ့သွားမည်ဖြစ်သည်။
ဧဝံဂေလိဆရာတစ်ပါးသည် ဤသတင်းကောင်းက ကမ္ဘာပေါ်တွင်ရှိ သော လူသားများအား သန့်ရှင်းသောဝိညာဉ်တော် ရရှိစေသည်ဟု ယုံ ကြည်လျှင် သူ၏သာသနာလုပ်ငန်းသည် သခင်ယေရှုခရစ်တော်ကို ယုံ ကြည်ရန်အတွက်သာ သွေးဆောင်ခြင်းမဟုတ်ဘဲ သူတို့ကို သန့်ရှင်းသော ဝိညာဉ်တော်ကိန်းဝပ်ခြင်း ရရှိရန်ကူညီဖေးမခြင်းဖြစ်သည်ကို ကောင်းမွန် စွာသတိပြုသင့်သည်။ ထိုကြောင့် ဤအချိန်တွင် ကျွန်ုပ်တို့သည် ရေနှင့်ဝိ ညာဉ်တော်သတင်းကောင်းကို ဟောပြောရန် ကျွန်ုပ်တို့အတွက် အလွန်အ ရေးကြီးသည်။
လူတစ်ဦသည် သန့်ရှင်းသော ဝိညာဉ်တော်ကိန်းဝပ်ခြင်း ရရှိနိုင်ရန်အ တွက် ကျွန်ုပ်တို့ ဟောပြောသောသတင်းကောင်းကို သူ၏ နားဖြင့်နား ထောင်ပြီးနှလုံးသားဖြင့် ယုံကြည်ရန်အတွက်သာ လိုအပ်သည်။ ကျွန်ုပ်တို့ ဟောပြောသောသတင်းကောင်းသည် လူတွေ၏ နှလုံးသားကိုလွှမ်းမိုး စေ သောသတင်းကောင်းဖြစ်သည်ကို သေချာသည်။ သတင်းကောင်း၏ တန် ခိုးသည် ဘုရားသခင်ပေးခဲ့သော အခွင့်အာဏာနှင့် ကောင်းချီးမင်္ဂလာ ဖြစ် သည်။
ရှင်ပေတရုသည် ယုဒလူမျိုးဧဝံဂေလိဆရာတစ်ပါးဖြစ်သည်။ ပေါလု သည် ဟေလသလူမျိုးဧဝံဂေလိဆရာဖြစ်သည်။ ရှင်ပေတရုသည် အိမ်ခေါင် မိုးပေါ်တွင် ဆုတောင်းစဉ်တွင် ကောင်းကင်ဖွင့်လှစ်ပြီး ခြုံထည်ကဲ့သို့ လေးထောင့်ချုပ်၍ သူ့အပေါ်သို့ ဆင်းသက်နေသည်ကို မြင်တွေ့ခဲ့သည်။ ၄င်းတွင်ရှိသောအရာများသည် မစားရန် သမ္မာကျမ်းစာ တားမြစ်ထားသော မသန့်ရှင်းသော တိရိစ္ဆာအသားများဖြစ်ကြသည်။ 
ရှင်ပေတရုက ထိုသို့သောညစ်ညူးပြီး မဆင်ကြယ်သော အသားမျိုး ကို မစားခဲ့ဘူးကြောင်းပြောခဲ့သည်။ သို့သော် ဘုရားသခင်သည် ၄င်းတို့ကို သတ်ပြီး စားရန် သူ့ကို မိန့်တော်မူခဲ့သည်။ ရှင်ပေတရုက "မဖြစ်နိုင်ပါ သ ခင်။ ညစ်ညူးသောအရာနှင့် မစင်ကြယ်သောအရာကို ကျွန်ုပ်တစ်ခါမျှ မ စားဖူးပါ" ဟုပြောဆိုလျက် ငြင်းဆိုခဲ့သည်။ ဤအဖြစ်အပျက်က အဘယ် အရာကို အကြံပေးသနည်း။ သခင်ယေရှုသည် ဗတ္တိဇံခံပြီးကားတိုင်ပေါ် တွင်အသေခံသည့်အချိန်တွင် ဟေလသလူမျိုးများအပါအဝင် လောကလူ သားများအားလုံး၏ အပြစ်များကို ဆေးကြောပြီဖြစ်ကြောင်း ဘုရားသခင် ကပြောခဲ့သည်။
မသန့်ရှင်းသော တိရစ္ဆာန်များကို သတ်စားရန် ဘုရားသခင်သည်သူ့ အား မိန့်တော်မူခြင်း၏ ဝိညာဉ်ပိုင်းဆိုင်ရာ အဓိပ္ပါယ်မှာ သခင်ယေရှုသည် ဤလောကသို့ ဆင်းခဲ့ပြီး၊ အပြစ်အားလုံးယူဆောင်သွားရန် ဗတ္တိဇံခံယူခဲ့ ကာ သူတို့အတွက်တရားစီရင်ခြင်းခံရန်အတွက် ကားတိုင် တင်သတ်ခြင်း ကို ယုံကြည်ခြင်းအားဖြင့် ဟေလသလူများသည်လည်း ဘုရားသခင်၏ သားသမီးများဖြစ်လာနိုင်ကြောင်းကို ပေတရုထံ သွန်သခင်လိုခြင်း ဖြစ် သည်။ 
ရှင်ပေတရုသည်လည်း သန့်ရှင်းသော ဝိညာဉ်တော်လက်ခံခဲ့ပြီး နောက် ဝိညာဉ်ပိုင်းဆိုင်ရာ ယုံကြည်ခြင်းမျက်စိဖြင့် မြင်တွေ့မည့်အစား ပ ညတ်တော်၏ ကျင့်ထုံးကျင့်နည်းအတိုင်း လိုက်လျှောက်ခဲ့သည်။ သို့သော် ဘုရားသခင်သည် ဟေလတ လူမျိုးများ၏ အပြစ်များကိုပင် ဆေးကြော ပေးခဲ့သည်ဟု ပေတရုသည်နောင်တရလျက် ယုံကြည်ခဲ့သည်။ သတင်း ကောင်း၏ ကြွယ်ဝပြည့်စုံခြင်းကို ပေတရုသည် ပို၍ သိရှိလာခဲ့သည်။ သူ သည် ဘုရားသခင်၏ နှုတ်ကပတ်တော် ဟောပြောစဉ်တွင် သန့်ရှင်းသော ဝိညာဉ်တော်သည် နားထောင်သောသူများအပေါ်မှာ ဆင်းသက်ခဲ့ကြောင့် မြင်တွေ့ခဲ့သည်။
ယနေ့ ဧဝံဂေလိဆရာများသည် သန့်ရှင်းသောဝိညာဉ်တော်ရရှိခြင်း ရှိ သည်/မရှိသည်ကို ကျွန်ုပ်တို့ မည်သို့ သိရှိနိုင်ကြမည်နည်း။ သူတို့သည် ရေ နှင့်ဝိညာဉ်တော်သတင်းကောင်းကို လက်ခံခြင်းရှိ/မရှိပေါ်တွင် ဆုံးဖြတ်ရ မည်ဖြစ်သည်။ ဧဝံဂေလိဆရာတစ်ပါးသည် ဘုရားသခင်၏ နှုတ်ကပတ် တော်ကို ဟောပြောသောအခါ သတင်းကောင်းကို ယုံကြည်သောသူသည် သန့်ရှင်းသော ဝိညာဉ်တော်ကိန်းဝပ်ခြင်းရရှိသည်။ ဧဝံဂေလိဆရာ၏ နှ လုံးသားထဲတွင် ကိန်းဝပ်သော သန့်ရှင်းသောဝိညာဉ်တော်သည် ထိုသူ အ ထဲတွင်လည်း ကိန်းဝပ်မည်ဖြစ်သည်။ ဧဝံဂေလိဆရာနှင့် နားထောင်သူတို့ သည် ငယ်ရွယ်သူငယ်ချင်းများကဲ့သို့ အချင်းချင်းတစ်ယောက်နှင့် တစ် ယောက် မိတ်သာဟရဖွဲ့ကြပါလိမ့်မည်။ သူတို့သည် သူတို့ထဲတွင်ကိန်းဝပ် သော ဘုရားသခင်၏ မေတ္တာတော်ကို မြင်တွေ့ကြလိမ့််မည်။ နားထောင် သူသည် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို ယုံကြည်ခြင်းအားဖြင့် ဘု ရားသခင်ပိုင်ဆိုင်သော လူတစ်ဦးဖြစ်လာခြင်းကို ဧဝံဂေလိဆရာက မြင် တွေ့ပါလိမ့်မည်။
ကျွန်ုပ်တို့သည် သတင်းကောင်းကို ဟောပြောသောအခါ သူတို့သည် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို ယုံကြည်သည်နှင့် တပြိုင်တည်း သန့်ရှင်းသော ဝိညာဉ်တော်သည် ယုံကြည်သူများအပေါ် ဆင်းသက်ခြင်း ကို ကျွန်ုပ်တို့တွေ့မြင်နိုင်သည်။ ၄င်းသည် ကယ်တင်ခြင်းမှလာသော အ တွေ့အကြုံနှင့် ဒွန်တွဲလျက်ရှိသည်။ ထိုရာသည် ရေနှင့်ဝိညာဉ်တော် သ တင်းကောင်း ဟောပြောခြင်း၏ အခြေခံအကြောင်းရင်းဖြစ်သည်။ ကျွန်ုပ် တို့ ဟောပြောသော သတင်းကောင်းသည် အခြား သောသူများအား သန့် ရှင်းသော ဝိညာဉ်တော်ကိန်းဝပ်ခြင်း ရရှိစေသော သတင်း ကောင်းဖြစ် ပါ သည်။
သန့်ရှင်းသော ဝိညာဉ်တော်ကိန်းဝပ်ခြင်းရရှိသောသူများသည် ဘုရား သခင်၏သားသမီးများဖြစ်ကြသည်။ ရေနှင့်ဝိညာဉ်တော်သတင်းကောင်း သည် အသင်းတော်ဂုဏ်းဂဏ၏ ခံယူချက်အယူဝါဒမဟုတ်ပေ။ ထို ကြောင့် ကျွန်ုပ်တို့သည် သတင်းကောင်းကို အခြားသူများထံ ဟောပြော သောအခါ သူတို့သည် ယုံကြည်ခြင်းရှိပြီးသန့်ရှင်းသော ဝိညာဉ်တော် ရရှိ ကြကာ ဘုရားသခင်၏ သားသမီးများဖြစ်လာခဲ့ကြသည်။ ဤကောင်းချီး  မင်္ဂလာသည် မည်မျှ ကြီးမြတ်သနည်း။ အလွန်အံ့သြဖွယ်ကောင်းသော သ တင်းကောင်းဖြစ်သည်မဟုတ်လော။ ဘုရားသခင်၏ လုပ်ဆောင် ချက်များ သည် ဘယ်လောက်အံ့သြဖွယ်ကောင်းသနည်း။ ရေနှင့် ဝိညာဉ်တော်သ တင်းကောင်းကို ဟောပြောသောသူများသည် ဘုရားသခင်၏ နိုင်ငံတော် ကို တည်ဆောက်သောသူများဖြစ်ကြသည်။ ကျွန်ုပ်တို့သည် သတင်း ကောင်းကို ဟောပြောရုံမျှသာရှိသော်လည်း သူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်ကို ရရှိခဲ့ကြသည်။ 
သခင်ယေရှုကို ယုံကြည်ခြင်းသည်တစ်ခု၊ သန့်ရှင်းသောဝိညာဉ်တော် ရရှိခြင်းသည် အခြားတစ်ခုဖြစ်သည်ဟု လူအချို့တို့က ထင်တတ်ကြသည်။ ထိုကြောင့် ခရစ်ယာန်များသည် သန့်ရှင်းသော ဝိညာဉ်တော်ရရှိခြင်းအ တွက်ဆုတောင်းတတ်ကြသည်။ သို့သော် ဘုရားသခင်၏ အစခံ ကျွန်များ အားဖြင့် ဟောပြောသော သတင်းကောင်းကို ကြားနာယုံကြည်သောအခါ သန့်ရှင်းသော ဝိညာဉ်တော်သည် သူတို့အပေါ်သို့ ဆင်းသက်ခဲ့သည်ဟု သ မ္မာကျမ်းစာက ဖော်ပြထားပါသည်။ကမ္ဘာ တစ်ဝှမ်းလုံးတွင်ရှိသော လူများ ကသန့်ရှင်းသော ဝိညာဉ်တော်ကို လိုလားတောင့်တကြသည်။ ကျွန်ုပ်တို့ ဟောပြောသော သတင်းကောင်းက သူတို့၏ လိုအပ်ဆန္ဒများကိုဖြည့် ဆည်းပေးခဲ့သည်။ ထိုကြောင့် ကျွန်ုပ်တို့သည် ကမ္ဘာနေရာအနှံအပြားသို့သ တင်းကောင်းဟောပြောနေကြခြင်းဖြစ်သည်။ ကျွန်ုပ်တို့သည် ဘုရားသ ခင်၏ မဟာစေခိုင်းချက်ကို သစ္စာရှိစွာ လုပ်ဆောင်သော သူ၏သားသမီး များနှင့် အမွေခံများ ဖြစ်ကြသည်။
ကျွန်ုပ်တို့သည် မိမိစိတ်ထဲတွင် ကျွန်ုပ်တို့ သာသနာလုပ်ငန်းသည် သန့်ရှင်းသော ဝိညာဉ်တော်ရရှိခြင်းဖြစ်သည်ဟု သိရှိလျက် ယုံကြည်ခြင်း အားဖြင့် သတင်းကောင်း ဟောပြောသင့်သည်။ ရေနှင့်ဝိညာဉ်တော် သ တင်းကောင်းသည် ဧဝံဂေလိဆရာများ အခြားသူများထံ ဧဝံဂေလိတရား ဟောပြောခြင်းမရှိမီ သူတို့ မှန်ကန်စွာ ယုံကြည်ရမည်အရာဖြစ်သည်။ သို့မှ သာ သတင်းကောင်းအပေါ် သူတို့ ယုံကြည်ခြင်းအားဖြင့် နားထောင်သူ များသည် သန့်ရှင်းသော ဝိညာဉ်တော်ရရှိကြမည်ဖြစ်သည်။ ဤနည်းလမ်း အားဖြင့် ကျွန်ုပ်တို့သည် သတင်းကောင်းယုံကြည်သော သူများအပေါ် ထာ ဝရအသက်ကို သွတ်သွင်းနိုင်မည် ဖြစ်သည်။ ကျွန်ုပ်တို့ပန်းတိုင်သည် ထိုသူတို့ကို မှောင်မိုက်တန်ခိုးများမှ ကယ်တင်ပြီး ဘုရားသခင်၏နိုင်ငံ တော်သို့ သွတ်သွင်းခြင်းပင် ဖြစ်သည်။ ဧဝံဂေလိဆရာများက မှောင်မိုက် တန်ခိုးတွင်သေခြင်းသို့ မျက်နှာမူသောအပြစ်သားများကို ဘုရားသခင်၏ သားတော်နိုင်ငံတော်သို့ ပို့ဆောင်ပေးသည်။ အပြစ်သားများ ဘုရားသခင် ၏ သားသမီးများဖြစ်စေခြင်းသည် အလွန်အရေးကြီးသော လုပ်ငန်းဖြစ် သည်။
မြောက်များစွာသောလူတို့သည် သန့်ရှင်းသောဝိညာဉ်တော် ရရှိခြင်း သော့ချက်ကိုမသိဘဲ သူတို့ကိုယ်တိုင် ကြိုးပမ်းခြင်းအားဖြင့် သန့်ရှင်းသော ဝိညာဉ်တော် ရရှိရန် ကြိုးပမ်းကြသည်။ သို့သော် ဤလုပ်ဆောင်ချက်သည် အချည်းနှီးသက်သက် ဖြစ်သည်။ အပြစ်များအားလုံးမှ လွတ်မြောက်ရန် သ တင်းကောင်းတခုတည်းသာ ယုံကြည်ရမည်ဖြစ်သည်။
မိတ်ဆွေသည် သန့်ရှင်းသောဝိညာဉ်တော်ကို မည်ကဲ့သို့ရရှိခဲ့သနည်း။ ဆုတောင်းခြင်းအားဖြင့် ရရှိခဲ့သလား။ လက်တင်ခြင်းအားဖြင့် ရရှိခဲ့သ လား။ ထိုသို့သော လုပ်ဆောင်ခြင်းအားဖြင့် သန့်ရှင်းသော ဝိညာဉ်တော် မ ရရှိနိုင်ပါ။ ကျွန်ုပ်တို့ သည်ရေနှင့် ဝိညာဉ်တော်သတင်းကောင်းကို ယုံကြည် သောအခါမှသာလျှင် သန့်ရှင်းသောဝိညာဉ်တော် ရရှိခဲ့သည်။ ကမ္ဘာပေါ် တွင်ရှိသော လူသားအားလုံး သန့်ရှင်းသောဝိညာဉ်တော် ရရှိစေရန်အတွက် ကျွန်ုပ်တို့သည် သတင်းကောင်းကို ဟောပြောပြီး ဆုတောင်းရမည် ဖြစ် သည်။
"တမန်တော်" စကားလုံးအဓိပ္ပါယ်မှာ "ဘုရားသခင်စေလွှတ်သောသူ" ဖြစ်သည်။ တမန်တော်များ အဘယ်အရာကို လုပ်ဆောင်ခဲ့ကြသနည်း။ လူသားက သန့်ရှင်းသော ဝိညာဉ်တော် ရရှိနိုင်ရန်အတွက် သူတို့သည် ရေ နှင့်ဝိညာဉ်တော် သတင်းကောင်းကို ဟောပြောခဲ့ကြသည်။ ဤလုပ်ငန်းကို ကျွန်ုပ်တို့နှင့်အတူ ထမ်းဆောင်ရန် မိတ်ဆွေ ဆန္ဒရှိသလား။ ကျွန်ုပ်တို့အား လုံးသည် သန့်ရှင်းသော ဝိညာဉ်တော်ကိန်းဝပ်ခြင်း ရရှိကြကာ ၄င်းကို လူ သားများအားလုံးထံ ဟောပြောရမည်ဖြစ်သည်။ သန့်ရှင်းသောဝိညာဉ် တော် ရရှိနိုင်ရန်အတွက် ကျွန်ုပ်တို့အား ဘုရားသခင်ပေးထားခဲ့သော သ တင်းကောင်းသမ္မာတရားအတွက် ဘုရားသခင်ကို ချီးမွမ်းပါ။