Search

တရားဟောချက်များ

ဘာသာရပ် ၈ - သန့်ရှင်းသောဝိညာဉ်တော်

[8-19] ဗိမာန်တော်ကုလားကာစုတ်ပြဲစေသော သတင်းကောင်း (ရှင်မဿဲခရစ်ဝင် ၂၇း၄၅-၅၄) 

ဗိမာန်တော်ကုလားကာစုတ်ပြဲစေသော သတင်းကောင်
(ရှင်မဿဲခရစ်ဝင် ၂၇း၄၅-၅၄) 
“မွန်းတည့်ချိန်မှစ၍ မွန်းလွဲသုံးနာရီတိုင်အောင် မြေတစ်ပြင်လုံး၌ အ မှောင်ကျရောက်လေ၏။ မွန်းလွဲသုံးနာရီခန့်တွင် ယေရှုသည် ကျယ်လောင်သောအသံဖြင့်“ဧလိ၊ ဧလိ၊ လာမာ ရှာဗခသာနိ”ဟု အော်ဟစ်တော်မူ၏။ ၎င်း၏အဓိပ္ပာယ်မှာ“အကျွန်ုပ်၏ဘုရား၊ အကျွန်ုပ်၏ဘုရား၊ အကျွန်ုပ်ကို အဘယ်ကြောင့်စွန့်ပစ်တော်မူသနည်း”ဟူ၍ ဖြစ်၏။ ထိုအရပ်၌ ရပ်နေသောသူအချို့တို့သည်ကြားလျှင် “ဤသူသည် ဧလိယကိုခေါ်နေသည်”ဟု ဆိုကြ၏။ ထိုအခါ သူတို့အထဲမှ တစ်ယောက်သည် ချက်ချင်းပြေးသွား၍ ရေမြှုပ်ကိုယူကာ ဝိုင်ချဉ်နှင့်ပြည့်စေပြီးလျှင် ၎င်းကိုကျူရိုးပေါ်တပ်လျက် ကိုယ်တော်အားသောက်စေ၏။ သို့သော် အခြားသောသူတို့က “ရှိပါလေ စေ။ ဧလိယသည် သူ့ကိုကယ်တင်ရန် လာမည်မလာမည်ကို ငါတို့ ကြည့်ကြစို့”ဟု ဆိုကြ၏။ ထို့နောက် ယေရှုသည် နောက်တစ်ဖန် ကျယ်လောင်သောအသံဖြင့်ကြွေးကြော်ပြီးလျှင် အသက်ကိုစွန့်တော်မူ၏။ထိုအခါ ဗိမာန်တော်ကန့်လန့်ကာသည်အထက်စွန်းမှ အောက်စွန်းတိုင်အောင် နှစ်ခြမ်းကွဲသွားလေ၏။ မြေကြီးသည်လှုပ်၍ ကျောက်များသည် အက်ကွဲလေ၏။ သင်္ချိုင်းဂူများလည်းပွင့်သဖြင့် အိပ်ပျော်ကြပြီဖြစ်သောသန့်ရှင်းသူများစွာတို့၏ကိုယ်ခန္ဓာသည် ထမြောက်ကြ၏။ ယေရှုထမြောက်တော်မူပြီးနောက် သူတို့သည် သင်္ချိုင်းဂူများမှထွက်လာ၍ သန့်ရှင်းသောမြို့တော်သို့ဝင်ကာ များစွာသောသူတို့ထံ ထင်ရှားကြ၏။ တပ်မှူးမှစ၍ သူနှင့်အတူ ယေရှုကိုစောင့်ကြည့်နေသောသူတို့သည် ငလျင်လှုပ်ခြင်းနှင့် ဖြစ်ပျက်သောအရာများကိုတွေ့မြင်ကြသောအခါ အလွန်ကြောက်ရွံ့လျက် “ဤသူသည် အမှန်ပင် ဘုရားသခင်၏သားတော်ဖြစ်သည်”ဟု ဆိုကြ၏။”
 
ကားတိုင်ပေါ်တွင် သခင်ယေရှုသည် သူ၏ဝိညာဉ်ကိုဆက်ကပ်ခဲ့သောအခါ အ ဘယ်ကြောင့်ဘုရားသခင်၏ဗိမာန်တော်ကု လားကသည် နှစ်ခြမ်းကွဲခဲ့သနည်း
အကြောင်းမှာသခင်ယေရှု၏ဗတ္တိဇံခံယူခြင်းနှင့်အသေခံ တော်မူခြင်းကို ယုံကြည်သောသူများအတွက် ဘုရားသခင်၏နိုင်ငံတော်ဖွင့်ဟပေးခဲ့သော ကြောင့်ဖြစ်သည်
 
ဤသတင်းကောင်းသမ္မာတရားကို နားလည်သိရှိရန်အတွက် ဓမ္မ ဟောင်းကျမ်းတွင် ဘုရားသခင်ရှေ့တော်မှောက်၌ လူတွေ၏ အပြစ်များကို ခွင့်လွှတ်ရန် ပြုလုပ်သောယဇ်ပူဇော်ခြင်းနှင့် ဆိုင်သောစနစ်ကို လူတစ်ဦး သည် ရှေ့ဦးစွာ သိရှိနားလည်ရမည်ဖြစ်သည်။ အောက်တွင်ဖော်ပြထား သော သမ္မာတရားများကို မိတ်ဆွေ သိရှိယုံကြည်ရမည်ဖြစ်သည်။
ဓမ္မဟောင်းကျမ်းရှိ ဝတ်ပြုရာကျမ်းအခန်းကြီး ၁၆ တွင် မှတ်တမ်း တင်ထားသည့်အတိုင်း အပြစ်ဖြေလွှတ်ခြင်းဆိုင်ရာ ရှေးဟောင်းယဇ်ပူ ဇော်ခြင်းအရ ယဇ်ပရောဟိတ်ကြီးသည် အသက်ရှင်သော ဆိတ်ပေါ်တွင် လက်တင်ပြီး လူများ၏ တစ်တာအတွင်းကျူးလွန်ခဲ့သော အပြစ်များအား လုံးကို ၄င်းအပေါ်သို့လွှဲပြောင်းပေးခဲ့သည်။ ထိုနောက် ဣသရေလလူမျိုး များကိုယ်စား ယဇ်ပူဇော်ခြင်းခံသော ယဇ်ကောင်ကိုသတ်ပြီး ယဇ်ပရော ဟိတ်ကြီးက ၄င်း၏အသွေးကို ကျေးဇူးတော်ပလ္လင်ပေါ်တွင် ဖြန်းခဲ့သည်။ ဤလုပ်ဆောင်ချက်က ဣသရေလလူမျိုးများအတွက် အပြစ်ဖြေရာယဇ် ဖြစ်သည်။ ထိုနည်းတူ၊ လက်တင်ခြင်းကိုယုံကြည်သောသူများသာလျှင် အ သွေးတော်နှင့် ဘုရားသခင်၏နှုတ်ကပတ်တော်ကို သန့်ရှင်းသောဌာနသို့ ဝင်ရောက်နိုင်သည်။
ယဇ်ပရောဟိတ်များသည် ဝတ်ပြုအစည်းအဝေး လုပ်ဆောင်ရန်အ တွက် တဲတော်၏ပထမအခန်းတွင် အမြဲတမ်း ဝင်ရောက်ရမည် ဖြစ်သည်။ သို့သော် ဒုတိယအခန်း၊ အသန့်ရှင်းဆုံးသောနေရာတွင် ယဇ်ပရောဟိတ် ကြီးသည် အသွေးအားဖြင့် တစ်နှစ်တစ်ကြိမ် ဝင်ရောက်နိုင်သည်။ ထိုနေ ရာတွင် သူသည် မိမိအတွက်နှင့် လူတွေသတိမမူခြင်းအားဖြင့် ပြုမိခဲ့သော အပြစ်များအတွက် ယဇ်ပူဇော်ခြင်း အမှုပြုခဲ့သည် (ဟောဗြဲ ၉:၆-၇)။ ထို နည်းတူ၊ ယဇ်ပရောဟိတ်ကြီးသည် လက်တင် ခြင်းအားဖြင့် ယဇ်ကောင်၏ အသွေးမပါဘဲ အသန့်ရှင်းဆုံးသောနေရာသို့ မဝင်ရောက်နိုင်ပေ။
 
 

ဓမ္မသစ်ကျမ်းတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့အတွက် သခင်ယေရှုသည် ယဇ်ပူဇော်ခြင်းခံခဲ့သည်

 
ဓမ္မသစ်ကျမ်းတွင် လူတစ်ဦးသည် သခင်ယေရှုဗတ္တိဇံခံယူခြင်းနှင့် ကားတိုင်တော်ပေါ်တွင် သူသွန်းလောင်းခဲ့သောအသွေးတော်ကို ယုံကြည် ခြင်းအားဖြင့် ဘုရးသခင်၏နိုင်ငံတော်သို့ ဝင်ရောက်နိုင်သည်ဟု သိရှိရ သည်။ ဘုရားသခင်၏ ဗိမာန်တော်ကုလားကာသည် မည်သည့်အချိန်တွင် အပေါ်မှအောက်သို့ နှစ်ခြမ်းကွဲစုတ်ပြဲခဲ့သနည်း။ သခင်ယေရှုသည် ဤ လောကသို့ကဆင်းလာပြီး ယောဟန်အားဖြင့် ဗတ္တိဇံကိုခံခဲ့ပြီးနောက် ကား တိုင်တင်သတ်ခံသည့်အချိန်တွင် ဖြစ်ပျက်ခဲ့သည်။
ဤအဖြစ်အပျက်၏ယူဆချက်သည် အဘယ်အရာဖြစ်သနည်း။ သခင် ယေရှုသည် ယဇ်ကောင်အဖြစ် ဤလောကသြွို့ကဆင်းလာခဲ့သည်။ ဘုရား သခင်၏ သိုးသူငယ်တော်ဟုသိရသည်။ သူသည် ယောဟန်မှ ဗတ္တိဇံခံယူ ခြင်းအားဖြင့် လောကအပြစ်များအားလုံး ယူဆောင်သွားခဲ့ပြီး ကားတိုင် တင်သတ်ခံခြင်းအားဖြင့် လူသားများအပြစ်ကို ဆေးကြောပေးခဲ့သည်။ ကု လားကာစုတ်ပြဲခြင်းသည် ဘုရားသခင်နှင့် ကျွန်ုပ်တို့ကြားတွင် တားဆီး ထားသော လူသားများပြစ်အားလုံးသည် သခင်ယေရှု ဗတ္တိဇံခံယူခြင်းနှင့် ကားတိုင်တော်ပေါ်တွင် သူသွန်းလောင်းခဲ့သောအသွေးတော်အားဖြင့် ဖျက် စီးသွားခြင်းပုံဥပမာ ဖြစ်သည်။ 
အပြစ်၏အခဖြစ်သော သေခြင်းတရားအခကိုပေးခြင်းအားဖြင့် ဤ တားဆီးပိတ်ပင်ထားသောအရာကို သခင်ယေရှုကိုယ်တိုင်က ချိုးဖျက် ခဲ့သည်။ လောကအပြစ်များကို ယူဆောင်သွားရန်အတွက် သခင်ယေရှု သည်ဗတ္တိဇံခံယူပြီး ကားတိုင်တင်သတ်ခြင်း ခံခဲ့ရသည်။ ဤအကြောင်း ကြောင့် ဘုရားသခင်၏ဗိမာန်တော် ကုလားကာသည် နှစ်ခြမ်းကွဲသွားခဲ့ ခြင်းဖြစ်သည်။ ယဇ်ပရောဟိတ်များသာလျှင် တဲတော်သို့ လက်တင်ခြင်း အားဖြင့်ယုံကြည်မှုနှင့်အတူ ဝင်ရောက်နိုင်ပြီး ယခု ကျွန်ုပ်တို့သည် ကောင်း ကင်နိုင်ငံတော်သို့ ဝင်ရောက်နိုင်ကြသောကြောင့် သခင်ယေရှု၏ဗတ္တိဇံခံ ယူခြင်းနှင့် အသွေးတော်ကို ကျေးဇူးတင်ပါသည်။
သခင်ယေရှု ကားတိုင်တင်သတ်ခြင်းခံရသောအချိန်တွင် သူသည် “မွန်းလွဲသုံးနာရီခန့်တွင် ယေရှုသည် ကျယ်လောင်သောအသံဖြင့်“ဧလိ၊ ဧလိ၊ လာမာ ရှာဗခသာနိ”ဟု အော်ဟစ်တော်မူ၏။ ၎င်း၏အဓိပ္ပာယ်မှာ “အကျွန်ုပ်၏ဘုရား၊ အကျွန်ုပ်၏ဘုရား၊ အကျွန်ုပ်ကို အဘယ်ကြောင့်စွန့်ပစ်တော်မူသနည်း”ဟူ၍ ဖြစ်၏”(မဿဲ ၂၇း၄၆)ပြောခြင်းအားဖြင့် ကြီးသော အသံဖြင့် ငို‌‌ကြွေးခဲ့သည်။ နောက်ဆုံး တွင် သူသည်"အမှုပြီးပြီ" (ယောဟန် ၁၉:၃၀) ဟုပြောခြင်းအားဖြင့် သူ၏ဝိညာဉ်ကို ပေးအပ်ခဲ့သည်။ သခင်ယေ ရှုသည် ယောဒန်မြစ်တွင် ယောဟန် အားဖြင့် ဗတ္တိဇံခံခဲ့သောအချိန်မှစပြီး လောကအပြစ်များအားလုံးကို သူယူ ဆောင်သွားခဲ့သောကြောင့် ကားတိုင် တော်ပေါ်ရှိသည့်အချိန်တွင် သူ၏ခ မည်းတော်က စွန့်ပစ်ခဲ့သည်။
လူသားများအားလုံးအပြစ်မှ ကယ်တင်ခြင်းရရှိရန်အတွက် သခင် ယေရှုသည် အသေခံခဲ့သည်။ သခင်ယေရှုဗတ္တိဇံခံယူခြင်းနှင့် ကားတိုင် တော်ပေါ်တွင် သူ၏အသွေးတော်ကို ယုံကြည်သောသူများသည် ကယ်တင် ခြင်း ရရှိခဲ့ကြသည်။ ကျွန်ုပ်တို့သည် အပြစ်သားများအဖြစ် မွေးဖွါးခြင်းခံပြီး တရားစီရင်ခြင်းခံရမည် သူများဖြစ်ကြသောကြောင့် ကျွန်ုပ်တို့အပြစ်များ အားလုံးယူဆောင်သွားရန် သခင်ယေရှု ဗတ္တိဇံခံယူခြင်းပင် ဖြစ်သည်။
ကျွန်ုပ်တို့အပြစ်များကို သခင်ယေရှု သုတ်သင်ဖယ်ရှားခြင်းမပြုမီ အချိန်အထိ ကောင်းကင်နိုင်ငံတော်တံခါးသည် ပိတ်ပင်လျက်ရှိသည်။ သခင်ယေရှုသည် ယောဟန်အားဖြင့် ဗတ္တိဇံခံယူပြီး ကားတိုင်တော်ပေါ် တွင် အသေခံခဲ့သည့်အချိန်တွင် ဘုရားသခင်၏ဗိမာန်တော် ကုလားကာ သည် အပေါ်မှအောက်သို့ နှစ်ခြမ်းကွဲသွားခဲ့သည်။ ထိုကြောင့် သတင်း ကောင်းကို ယုံကြည်သောသူများအယောက်စီတိုင်းသည် ဘုရားသခင်၏ ကောင်းကင်နိုင်ငံဗိမာန်တော်သို့ ဝင်ရောက်နိုင်ကြခြင်း ဖြစ်သည်။
ကျွန်တော်သည် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို ယုံကြည်ခဲ့ သောကြောင့် ဘုရားသခင်ပေါ်ကျွန်တော်ကျေးဇူးတင်ပါသည်။ သခင်ယေရှု သည် သူ၏ဗတ္တိဇံခံယူခြင်းနှင့် အသွေးတော်အားဖြင့် ပြည့်စုံစေခဲ့ပြီးသော သတင်းကောင်းယုံကြည်ခြင်းအားဖြင့် ယခုကျွန်တော်သည် ကောင်းကင် နိုင်ငံတော်သို့ ဝင်ရောက်နိုင်သည်။ကျွန်ုပ်တန်ခိုးတော်များ၊ အောင်မြင်မှု များနှင့် ကြိုးပမ်းအားထုတ်မှုများအားဖြင့် ကယ်တင်ခြင်း မရရှိနိုင်ပေ။
ကောင်းကင်နိုင်ငံတော်သို့ဝင်ရောက်စေသော ကောင်းချီးမင်္ဂလာ သည်သာမန်ဆုတောင်းခြင်း၊ အလှူပေးခြင်းနှင့် ဝတ်ပြုကိုးကွယ်ခြင်းအား ဖြင့်မရရှိနိုင်ပေ။ သခင်ယေရှု၏ဗတ္တိဇံခံယူခြင်းနှင့် ကားတိုင်တော်ပေါ်တွင် သူသွန်းလောင်းသောအသွေးတော်ကို ယုံကြည်ခြင်းအားဖြင့်သာလျှင် လူ တစ်ဦးသည် အပြစ်မှကယ်တင်ခြင်းရရှိနိုင်သည်။ ဤသတင်းကောင်းကို ယုံကြည်ခြင်းအားဖြင့် လူတစ်ယောက်သည် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်နိုင်သည်။ သခင်ယေရှုသည် ကောင်းကင်နိုင်ငံတော်၏ တံခါးဝ ဖြစ်သည်။ သခင်ယေရှုကို ယုံကြည်သောသူများအတွက် အခြားသော ယုံ ကြည်ခြင်း မလိုအပ်တော့ပေ။ ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ခြင်း သည် လူတစ်ယောက်၏အလှူငွေပေးခြင်း၊ လောကီရေးရာကြိုးပမ်းခြင်း နှင့် အခြားသောကောင်းမှုပြုခြင်းများ၏ လျှော်ကြေးများအဖြစ် မပေးအပ် ခဲ့ပေ။ ယုံကြည်သူများအတွက် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ရန် စစ်မှန်ပြီး မရှိမဖြစ် လိုအပ်သောအရာသည် ယောဒန်မြစ်တွင် သခင်ယေရှု ဗတ္တိဇံခံယူခြင်းနှင့် ကားတိုင်တော်ပေါ်တွင် သူသွန်းလောင်းသော အသွေး တော်ကို ယုံကြည်ခြင်းပင် ဖြစ်သည်။ 
ရေ (ယောဒန်မြစ်တွင်သခင်ယေရှုဗတ္တိဇံခံယူခြင်း) နှင့် သူ၏အသွေး တော် (ကားတိုင်) ကိုယုံကြည်ခြင်းက မိတ်ဆွေအား ကောင်းကင်နိုင်ငံ တော်သို့ လမ်းပြပို့ဆောင်ပါလိမ့်မည်။ သခင်ယေရှုကို ယုံကြည်ခဲ့သော် လည်း မိမိနှလုံးသားထဲတွင် အပြစ်ရှိသောသူများသည် ယုံကြည်ရန်လို အပ်မှုတစ်ခု- ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို ယုံကြည်ရန် လိုအပ် သည်။ “သမ္မာတရားကိုသိကြသဖြင့် သမ္မာတရားသည် သင်တို့ကို လွတ်မြောက်စေလိမ့်မည်” (ယောဟန် ၈:၃၂)။
ကျွန်ုပ်တို့သည် ကျွန်ုပ်တို့သေရမည့်အချိန်ကို မသိခဲ့ကြသော်လည်း သခင်ယေရှုက သိရှိသည်။ သူသည် အပြစ်သားဘဝကို ကောင်းမွန်စွာ သိ ရှိခဲ့သောကြောင့် လွန်ခဲ့သောနှစ်ပေါင်းနှစ်ထောင်ခုနှစ်ခန့်တွင် သူ၏ဗတ္တိဇံ ခံယူခြင်းနှင့် ကားတိုင်တော်ပေါ်တွင် သူသွန်းလောင်းသောအသွေးတော် အားဖြင့် ကျွန်ုပ်တို့အပြစ်များကို ဆေးကြောပေးခဲ့သည်။
 


ကျွန်ုပ်တို့သည်ဘုရားသခင်၏ဗိမာန်တော်ကုလားကာနှစ်ခြမ်းကွဲပြဲခြင်း သတင်းကောင်းကိုယုံကြည်ရကြမည်ဖြစ်သည်

 
လူသားများအားသူတို့အပြစ်များမှကယ်တင်ရန်အတွက် ကယ်တင် ရှင်သည် သတို့သမီးကညာမှ ဖွါးမြင်ခြင်းခံခဲ့သည်။ လောကအပြစ်များ အားလုံးကို ယူဆောင်ခဲ့ရန်အတွက် သခင်ယေရှုသည် သူ၏အသက် ၃၀ နှစ်တွင် ယောဒန်မြစ်၌ ရေနှစ်ခြင်းခံခဲ့သည်။ လူသားအားလုံး၏ အားနည်း ချက်နှင့် ပြုမိသောအမှားများမှ ဖြစ်လာသောအပြစ်များကို ခွင့်လွတ်ခြင်း ရရှိခဲ့သောကြောင့် သခင်ယေရှုကို ကျေးဇူးတင်ပါသည်။ သခင်ယေရှု၏ ဗတ္တိဇံခံယူခြင်းနှင့် အသွေးတော်သည် လူသား အားလုံးကယ်တင်ခြင်း ရရှိစေသောထာဝစဉ်သော့ချက်များ ဖြစ်ကြသည်။ သခင်ယေရှုသည် ဗတ္တိ ဇံခံယူပြီး ကားတိုင်တော်ပေါ်တွင်အသွေးတော် သွန်းလောင်းခဲ့သည်။ ထိုကြောင့် ယခုဤသတင်းကောင်းကို ယုံကြည်သောသူများသည် ကောင်း ကင်နိုင်ငံတော်သို့ ဝင်ရောက်နိုင် သည်။
သခင်ယေရှုသည် ကားတိုင်ပေါ်တွင် သူ၏ဝိညာဉ်ပေးအပ်ခဲ့သောအခါ ဘုရားသခင်၏ဗိမာန်တော်ကုလားကာစုတ်ပြဲခဲ့သည်။ သခင်ယေရှုသည် ကားတိုင်ပေါ်တွင် အသေခံခဲ့သောအခါ ဘုရားသခင်၏ဗိမာန်တော် ကုလားကာသည် မည်ကဲ့သို့ နှစ်ခြမ်းကွဲသွားခဲ့သနည်း။ အကြောင်းမှာ သတင်းကောင်းတွင် သခင်ယေရှုအားဖြင့် လူသားများအားလုံးသည် ကယ် တင်ခြင်းရရှိခြင်းပင် ဖြစ်သည်။
ဓမ္မဟောင်းကျမ်းတွင် ဣသရေလလူမျိုးများ၏တဲတော်အကြောင်းကို ကျွန်ုပ်တို့တွေ့ရှိနိုင်သည်။ မီးရှို့ရာယဇ်ပလ္လင်နှင့်ရေဇလုံ ရှိသည်။ ဤဇလုံ နောက်တွင်တဲတော်ရှိသည်။ တဲတော်နောက်ရှိ ကုလားကာနောက်တွင် ပဋိညာဉ်သေတ္တာတော်ရှိသည်။ ပဋိညာဉ်သေတ္တာတော်သည် ဘုရားသခင် ၏အတူပါရှိခြင်းနှင့် ဘုန်းတော်ကျိန်းဝပ်သောနေရာ ဖြစ်သည်။ ထိုကုလား ကာသည် အလွန်ခိုင်ခံအောင်ယက်ထားခြင်း ဖြစ်သည်။ မြင်းလေးကောင်း သည် လေးထောင့်မှဆွဲခဲ့သော်လည်း ထိုကုလား ကာသည်စုတ်ပြဲခြင်း မရှိပေ။ ရှေလမုန်မင်းကြီးသည် တဲတော်ကိုဗိမာန်တော်အဖြစ် အစားထိုးခဲ့ သော်လည်း အခြေခံပုံစံတည်ဆောက်မှုသည် မပြောင်းလဲပေ။ အသန့်ရှင်း ဆုံးသောနေရာသည် ကုလားကာအားဖြင့် ကာထားခဲ့သည်။ သို့သော် သခင်ယေရှုသည် ကားတိုင်ပေါ်တွင်အသေခံပြီး အသွေးတော်သွန်း လောင်းသည့်အချိန်တွင် ထိုကုလားကာသည် နှစ်ခြမ်းကွဲသွားခဲ့သည်။ ၄င်းက သခင်ယေရှုဗတ္တိဇံခံယူခြင်းနှင့် အသွေးတော်သွန်းလောင်းခြင်း အားဖြင့် ပြည့်စုံသော သတင်းကောင်းဖြစ်သည့်အကြောင်းကို သက်သေပြ သလိုခြင်း ဖြစ်သည်။
ဘုရားသခင်သည် လူသားများအားလုံးကို အပြစ်လွတ်ခြင်းနှင့် ထာဝရအသက်ပေးခဲ့သည်။ သတင်းကောင်းအားဖြင့် သူတို့ကိုပွေ့ဖက် ထားသည်။ သခင်ယေရှုသည် ယောဟန်အားဖြင့် ဗတ္တိဇံခံယူသောအချိန် နှင့် ကားတိုင်ပေါ်တွင် အသေခံခဲ့သောအချိန်တွင် အပြစ်၏အခကို ပေးအပ် ခဲ့သောယဇ်ကောင်ပင် ဖြစ်လေသည်။ သမ္မာကျမ်းစာတွင် “အကြောင်းမှာ အပြစ်၏အခသည် သေခြင်းဖြစ်၏”(ရောမ ၆း၂၃)ဟု ဖော်ပြထားပါသည်။ ဓမ္မဟောင်း ကျမ်းခေတ်ကာလတွင် လူတစ်ယောက်သည် ဘုရားသခင်၏ ဗိမာန်တော်သို့ ယဇ်ကောင်၏အသွေးဖြင့် ဝင်ရောက်နိုင်ပြီး အပြစ်လွတ် ခြင်းရရှိသည့်နည်းတူ ကျွန်ုပ်တို့သည်လည်း ကျွန်ုပ်တို့ယဇ်ကောင်ဖြစ်သော သခင်ယေရှုနှင့် အတူဘုရားသခင်ထံသို့ လာနိုင်ပြီး အပြစ်လွတ်ငြိမ်းချမ်း သာခွင့် ရရှိနိုင်ပါသည်။ ဤအရာသည်သမ္မာတရားဖြစ်သည်။ “အကြောင်း မှာ အပြစ်၏အခသည် သေခြင်းဖြစ်၏” စကားလုံးများက သတင်းကောင်း ၏ ပြီးပြည့်စုံခြင်းကို ကျွန်ုပ်တို့အား ဖော်ပြထားပါသည်။
ကောင်းကင်နိုင်ငံတော်သို့သွားသောလမ်းခရီးသည် သတင်းကောင်း ပင် ဖြစ်သည်။ ကုလားကာနှစ်ခြမ်းကွဲသွားခြင်းသည် ဘုရားသခင်၏ နိုင်ငံ တော်ဖွင့်လှစ်ခြင်း ဖြစ်သည်။ ကျွန်ုပ်တို့သည် "အော်.. ယေရှုသည် ကျွန်ုပ် အပြစ်များကို ယူဆောင်သွားခဲ့တယ်။ အော်… ယေရှုသည်ကားတိုင် ပေါ်တွင် အပြစ်ကြွေးများအားလုံး ပေးဆပ်ခဲ့တယ်" ဟု ပြောခြင်းအားဖြင့် ဤသတင်းကောင်းကို သိရှိယုံကြည်သောအခါ ကျွန်ုပ်တို့ရှေ့မှောက်တွင် ကောင်းကင်နိုင်ငံတော် တံခါးဝသည် ဖွင့်လှစ်လျက်ရှိသည်။ သခင်ယေရှု၏ ဗတ္တိဇံခံယူခြင်းနှင့် သူ၏အသွေးတော်ကို ယုံကြည်ခြင်းအားဖြင့် ရွေးနှုတ် ကယ်တင်ခြင်းရရှိသောသူများအတွက် ကောင်းကင်နိုင်ငံတော်သည် ဖွင့် လှစ်လျက်ရှိသည်။ သခင်ယေရှု၏အသွေးတော်က အပြစ်သားများအား သေခြင်းမှ ကယ်တင်ခဲ့ပြီး သူ၏ဗတ္တိဇံခံယူခြင်းသည် လူသားများအားလုံး ၏ အပြစ်ကို ယူဆောင်သွားရန်အတွက် ဖြစ်သည်။
ကားတိုင်တော်ပေါ်တွင် သခင်ယေရှုသည် သူ၏ဝိညာဉ်ကို ပေးအပ်ခဲ့ သောအခါ မြေကြီးတုန်လှုပ်ပြီး ကျောက်များအက်ကွဲဖွင့်ဟလျက်ရှိသည်။ ထိုနောက် သူ၏အသွေးတော်သည် မြေကြီးပေါ်သို့ စီးကျလျက် ပို၍နှိမ့် သောနေရာသို့ စီးဆင်းလျက်ရှိသည်။ သခင်ယေရှုသည် ကားတိုင်ပေါ်တွင် အသေခံသောအခါ လူသားများအားလုံး၏အပြစ်သည် သုတ်သင်ပယ်ရှင်း သွားခဲ့ရပြီး သတင်းကောင်းပြည့်စုံခြင်းရှိကာ ယုံကြည်သူအားလုံးတို့သည် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်နိုင်ခဲ့ကြသည်။ ဤအရာသည် ဒုတိယ မွေးဖွါးခြင်း ခံသောသူများအတွက် သမ္မာတရား ဖြစ်ပါသည်။
သခင်ယေရှုခရစ်တော်သည် စစ်မှန်သောလူသားတစ်ဦးအဖြစ် တည် ရှိခြင်းကို ငြင်းပယ်ရန် သုတေသနပြုစုသော ကျမ်းတတ်ပုဂ္ဂိုလ်များစွာ ရှိသည်။ သို့သော် သခင်ယေရှု တည်ရှိခြင်းနှင့်ပတ်သက်ပြီး များစွာသော သမိုင်းအထောက်အထားများကို သူတို့ပြုစုသော ဆန့်ကျင်ဘက် သုတေ သနပြုခြင်းများကမခုခံနိုင်ကြပေ။ ထိုသူတို့ကြားတွင် မြောက်များစွာ သော သူတို့သည် သခင်ယေရှု၏ ဗတ္တိဇံခံယူခြင်း နှင့်အသွေးတော် သတင်း ကောင်းကို ယုံကြည်သော သူများစွာရှိကြသည်။ သခင်ယေရှု တည်ရှိခြင်း၊ သက်သေအထောက်အထားသည်သူတည်ရှိခြင်း၊ ငြင်းပယ်ခြင်းထက် ပို၍ခိုင်မာမှုရှိသည်ကို သူတို့သည် နားလည်ခဲ့ကြသည်။ သူတို့သည် ဤသ တင်းကောင်းဖြစ်သော သခင်ယေရှုမွေးဖွါးခြင်း၊ ဗတ္တိဇံခံယူ ခြင်း၊ သေခြင်း၊ ရှင်ပြန်ထမြောက်ခြင်း၊ ကောင်းကင်ဘုံသို့ချီဆောင်ခြင်းနှင့် ဒုတိယအကြိမ် လာခြင်းကို သိရှိယုံကြည်လာကြသောအခါ သူသည် သခင်ယေရှုကို ကယ်တင်ရှင်အဖြစ် လက်ခံခဲ့ကြသည်။
ကျွန်ုပ်တို့သည် သခင်ယေရှု၏ ဗတ္တိဇံခံယူခြင်းကို သက်သေမခံခဲ့ကြ ပေ။ လွန်ခဲ့သောနှစ်ပေါင်းနှစ်ထောင်ခန့်တွင် ဖြစ်ပျက်သောအရာများကို ကျွန်ုပ်တို့သည် ကိုယ်ထိလက်ရောက်မြင်တွေ့ခြင်း မရှိကြပေ။ သို့သော် လည်း သမ္မာကျမ်းစာအားဖြင့် လူတိုင်းသည် ဤသတင်းကောင်း ကိုဆက် သွယ်နိုင်ကြခြင်း ဖြစ်သည်။ သခင်ယေရှုသည် သူ၏ဗတ္တိဇံခံယူခြင်းနှင့် အသွေးတော်အားဖြင့် လူနှင့်ဘုရားသခင်ကြားတွင် တားဆီးပိတ်ပင်သော အနှောင့်အယှက်များ ချိုးဖြတ်ခဲ့သည်။ ထိုကြောင့် ဘုရားသခင်၏ ကောင်း ကင်နိုင်ငံတော်သည် ထိတ်ဖျားမှ အောက်ဆုံးထိတိုင်အောင် နှစ်ခြမ်းကွဲခဲ့ သည်။
ယခုတွင် သခင်ယေရှု၏ဗတ္တိဇံခံယူခြင်းနှင့် အသွေးတော်အားဖြင့် ပြည့်စုံခဲ့ပြီးသော ဤသတင်းကောင်းကို ယုံကြည်သော သူအယောက်စီ တိုင်းတို့သည် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်နိုင်သည်။ ဤသတင်း ကောင်းဖြစ်သော သခင်ယေရှု၏ ဗတ္တိဇံခံယူခြင်းနှင့် အသွေးတော်တို့သည် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်စေသောသော့ချက် ဖြစ်သည်ဟု မိတ် ဆွေ ယုံကြည်သလား။
တခါက ကျွန်တော်ကိုယ်တိုင်အပြစ်သားတစ်ဦး ဖြစ်ခဲ့သည်။ သခင် ယေရှုကို ကျွန်ုပ်ကယ်တင်ရှင်အဖြစ် ယုံကြည်ခဲ့သည်။ သို့သော်သတင်း ကောင်းကို လျစ်လျူရှုခဲ့သည်။ သို့သော် တနေ့သောအခါ သမ္မာကျမ်းစာ၌ ဖော်ပြထားသော ဘုရားသခင်၏ အခြေအနေမဲ့ ကျွန်ုပ်အပေါ်ချစ်သော မေတ္တာတော်ကို ကျွန်တော်ဖတ်ရှုခဲ့သည်။ သခင်ယေရှုသည် ကျွန်ုပ် အ တွက်ဗတ္တိဇံခံယူကြောင်း၊ ကားတိုင်ပေါ်တွင် ကျွန်ုပ်အတွက် အသေခံ ကြောင်းနှင့် ကျွန်ုပ်အတွက် ရှင်ပြန်ထမြောက်ခဲ့ကြောင်း ကျွန်တော် သိရှိခဲ့သည်။ ယောဒန်မြစ်တွင် ဗတ္တိဇံခံယူခြင်းအားဖြင့် သခင်ယေရှုသည် ကျွန်ုပ်တို့ကို ကယ်တင်ခဲ့ပြီး သူသည် ကျွန်ုပ်တို့ကို ချစ်သောကြောင့် အပြစ် ၏ အခပေးဆပ်ရန် အသေခံခဲ့သည်။ ဤသတင်းကောင်းကို ယုံကြည်ခြင်း အားဖြင့် ကျွန်ုပ်တို့သည် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်နိုင်ကြသည်။
ဤအရာသည် လူသားများအတွက် ဘုရားသခင်၏ အကြီးမားဆုံး သော ဖြောင့်မတ်ခြင်းဖြစ်ပြီး သမိုင်းတွင် မှတ်တမ်းတင်ထိုက်သော အရာ လည်း ဖြစ်ပါသည်။ သခင်ယေရှု၏ သာသနာလုပ်ငန်းများဖြစ်ကြသော သူဖွားမြင်ခြင်း၊ ယောဒန်မြစ်တွင် ဗတ္တိဇံခံယူခြင်း၊ ကားတိုင်ပေါ်တွင် အ သေခံခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်းတို့သည် ကျွန်ုပ်တို့အား အပြစ်မှ ကယ်တင်ရန်အတွက် ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် သေပြီးနောက် ငရဲသို့ ဦးတည်နေသောသူများ ဖြစ်ကြသည်။ သို့သော်သခင်ယေရှုသည် ကျွန်ုပ် တို့ဝိညာဉ်ကို ထာဝရငရဲသို့ သွားခြင်းမှ ငဲ့ညာခဲ့သည်။ သူက ကျွန်ုပ်တို့ အား ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်နိုင်ရန်အတွက် သတင်းကောင်းကို ပေးအပ်ခဲ့သည်။
ချစ်သောညီအစ်ကိုများ၊ သခင်ယေရှုသည် ကားတိုင်တင် သတ်ခြင်းခံ သည့်အချိန်တွင် ရောမစစ်သားတစ်ဦးက သူ၏နံဘေးမှ လှံဖြင့် ထိုးသော အခါ အသွေးနှင့်ရေသည် ချက်ချင်းထွက်လာခဲ့သည်။ ဤအရာသည် သမ္မာ ကျမ်းစာထဲတွင် ဖော်ပြခဲ့ပြီးသောအကြောင်းအရာ ဖြစ်သည်။ ဤအ ကြောင်းအရာသည် သခင်ယေရှု၏ ဗတ္တိဇံခံယူခြင်းနှင့် သူ၏အသွေး တော် သတင်းကောင်း သမ္မာတရားကို သက်သေခံသည်။
ကားတိုင်တော်ပေါ်တွင် သခင်ယေရှု၏ အသွေးတော်ကိုယုံကြည်ခြင်း သည် မိတ်ဆွေအပြစ်များအားလုံးမှ လွတ်မြောက်နိုင်ရန် လုံလောက်သည် ဟု မိတ်ဆွေယူဆပါသလား။ သခင်ယေရှု၏ ဗတ္တိဇံခံယူခြင်းသည် အရေး ကြီးသလား။ မိတ်ဆွေ၏ကယ်တင်ခြင်းအတွက် မတော်တဆဖြစ်ပေါ်သော အရာ ဖြစ်သလား။ မိတ်ဆွေသည် ထိုသို့ယုံကြည်လျှင် ကျေးဇူးပြုပြီး နောင် တရလိုက်ပါ။ ယခုတွင် ကျွန်ုပ်တို့သည် သခင်ယေရှု၏ ဗတ္တိဇံခံယူခြင်းနှင့် အသွေးတော်ကိုယုံကြည်ပြီး ၄င်းသည် ဘုရားသခင်၏ သမ္မာတရားဖြစ် သည်ဟု အသိအမှတ်ပြုသင့်သည်။
 


မိတ်ဆွေ၏အပြစ်များအားလုံးမှဆေးကြောခြင်း ရရှိလိုသလား

 
ကျွန်ုပ်တို့သည် ကြွေးစာရင်း ပယ်ဖျက်ရန် အဖိုးအခပေးဆပ်ခြင်း လို အပ်သောကြောင့် ကျွန်ုပ်တို့၏ အပြစ်များအားလုံးဆေးကြောရန်အတွက် သခင်ယေရှု၏ ဗတ္တိဇံခံယူခြင်းနှင့် အသွေးတော်ကို ယုံကြည်ရမည် ဖြစ် သည်။ ကျွန်ုပ်တို့သည် သခင် ယေရှု၏ဗတ္တိဇံခံယူခြင်းနှင့် အသွေးတော် သ တင်းကောင်းကို မယုံကြည်ခြင်း အပြစ်မပြုသင့်ပေ။ ကျွန်ုပ်တို့အပြစ် များ ကို သခင်ယေရှုအပေါ် တိုက်ရိုက်လွှဲပြောင်းခြင်း မရှိသော်လည်း ဗတ္တိဇံဆ ရာယောဟန်ဟု ခေါ်သောကြားဝင်ဖြန်ဖြေသူက ကျွန်ုပ်တို့အတွက် ထိုအမှု ပြုလုပ်ခဲ့ပြီး ဖြစ်သည်။
သခင်ယေရှုသည် ကားတိုင်ပေါ်တွင် အသေခံခဲ့သောအခါ ယေရုရှ လင်မြို့ရှိ ယုံကြည်သူများ၏ သင်္ချိုင်းဂူအချို့ဖွင့်လှစ်ခဲ့ပြီး၊ သုံးရက်ကြာပြီး နောက် သူသည် ရှင်ပြန်ထမြောက်ကာ ဂါလိလဲမြို့သို့ သွားခဲ့သည်။ ဤအံ့ သြဖွယ်ကောင်းသော အဖြစ်အပျက်သည် အမှန်တကယ် ဖြစ်ပျက်ခဲ့သည်။ သို့သော် မြောက်များစွာသောလူတို့က ထိုအရာကို ယုံကြည်ခြင်းမရှိကြပေ။
သခင်ယေရှုသည် အပြစ်လွတ်ငြိမ်းချမ်းသာခွင့် ရရှိခဲ့သော ဖြောင့်မတ် သည့် ကျွန်ုပ်တို့အပေါ် ကောင်းကင်နိုင်ငံတော် ပေးအပ်ခဲ့သည်။ ကျွန်ုပ်တို့ ကိုယ်ကာယနှင့်ဆိုင်သောတန်ခိုး၊ ဘာသာတရားကြိုးပမ်းမှုများကြောင့် ကယ်တင်ခြင်းရရှိကာ ဒုတိယမွေးခြင်းမရရှိဘဲ သတင်းကောင်းကို ယုံ ကြည်ခြင်းအားဖြင့်သာလျှင် ကယ်တင်ခြင်းရရှိကာ ဒုတိယ မွေးဖွားခြင်း ရရှိခဲ့သည်။ ဤသတင်းကောင်းသည် လူတွေ တီထွင်သောပုံပြင် မဟုတ် ပေ။ သခင်ယေရှုသည် ဗတ္တိဇံခံယူစဉ်တွင် လောကလူသားများအားလုံး၏ အပြစ်များကို သူ့အပေါ်သို့ လွှဲပြောင်းပေးခဲ့သည်။ သခင်ယေရှုမှာ အပြစ် မရှိပေ။ သို့သော် သူသည် ဗတ္တိဇံခံယူစဉ်တွင် အပြစ်များကို ယူဆောင်သွား ခဲ့သောကြောင့် ကားတိုင်တော်ပေါ်တွင်အသေခံရမည်ဖြစ်သည်။
သခင်ယေရှုသည် သူ၏ဝိညာဉ်ပေးအပ်ခဲ့ပြီးနောက် မြေကြီးတုန်လှုပ် ခဲ့ပြီး ကျောက်ဆောင်များ အက်ကွဲဖွင့်လှစ်ခဲ့သည်။ သခင်ယေရှု အလောင်း ကို စောင့်သောတပ်မှူးနှင့် သူနှင့်အတူရှိသောသူများသည် မြေငလျင်လှုပ် ခြင်းနှင့် ဖြစ်ပျက်ခဲ့သောအရာများအားလုံး မြင်တွေ့ခဲ့ကြသည်။ သူတို့က “ဤသူသည် အမှန်ပင် ဘုရားသခင်၏သားတော်ဖြစ်သည်” (မဿဲ ၂၇:၅၄) သက်သေခံခြင်းအားဖြင့် ကြောက်ရွံ့ခြင်း ခံစားခဲ့ကြသည်။ 
အရိမသဲမြို့သားယောသပ်ဆိုသူ ချမ်းသာကြွယ်ဝသောသူသည် သခင် ယေရှု၏ အလောင်းတော်ကိုယူပြီး ဖြူစင်သောပိတ်ချောဖြင့် ရစ်ပတ်ကာ သူပိုင်ဆိုင်သောဂူတွင် ထားခဲ့သည်။ သုံးရက်မြောက်ထိတိုင်အောင် သင်္ချိုင်း ဂူကို လုံခြုံစွာ စောင့်ထိန်းရန် ယဇ်ပရောဟိတ်ကြီးများနှင့် ဖာရိရှဲများက အ မိန့်ထုတ်ပြန်ခဲ့သည်။ 
သို့သော်သခင်ယေရှုသည် သတင်းကောင်းကို ယုံကြည်သောသူများ အား အသစ်သောအသက်တာပေးရန် ရှင်ပြန်ထမြောက်ခဲ့သည်။ သူကား တိုင်တင်သတ်ခြင်း မခံမီ သူ၏တပည့်တော်များထံ ဂလိလဲမြို့တွင် တွေ့ မည်ဟု ကတိပေးခဲ့သည့်အတိုင်း သူသည် ဂလိလဲမြို့သို့ သွားခဲ့သည်။ သူ ၏မွေးဖွားခြင်း၊ ဗတ္တိဇံခံယူခြင်း၊ အသေခံခြင်း၊ ရှင်ပြန်ထမြောက်ခြင်း၊ ကောင်းကင်ဘုံသို့ ချီဆောင်ခြင်းခံခြင်းနှင့် ဒုတိယအဖြစ်အပျက်များ အား လုံးသည် သတင်းကောင်းယုံကြည်သောသူများကို ရည်ညွန်းလိုခြင်း ဖြစ် သည်။ ကျွန်တော်သည် သခင်ယေရှုသည် အသက်ရှင်တော်မူသော ဘုရား သခင်၏ သားတော်ဖြစ်သည်ကို၄င်း၊ ကျွန်ုပ်ကယ်တင်ရှင်ဖြစ် သည်ကို၄င်း သက်သေခံသောသူတစ်ဦး ဖြစ်လာပါသည်။
 
 
မည်သူအားဖြင့်စစ်မှန်သောသတင်းကောင်းဟောပြောသနည်း
 
သခင်ယေရှု၏ ဗတ္တိဇံခံယူခြင်းနှင့် အသွေးတော်ကို ယုံကြည်သော သူ များသည် သမ္မာတရားသတင်းကောင်းကို သက်သေခံကြသည်။ အပြစ်မှ ကယ်တင်ခြင်းရရှိခဲ့သော ဤလူများ၏ သက်သေခံခြင်းများအားဖြင့် သ တင်းကောင်းသည် နေရာအနှံ့အပြားသို့ ကျော်စောသည်။ လူတစ်ဦးသည် သတင်းကောင်းအားဖြင့် အပြစ်မှလွတ်ခြင်း အခွင့်ရရှိသောအခါ ဘုရား သခင်၏ဝိညာဉ်တော်သည် သူ့ကိုအုပ်စိုးပြီး ထိုသူ၏လို အပ်ဆန္ဒ အတိုင်း မဟုတ် ဘုရားသခင်၏အလိုတော်အားဖြင့် သူ့ကို ပြောင်းလဲပေးခဲ့သည်။ ဘုရားသခင်၏နှုတ်ကပတ်တော်အားဖြင့် ပျောက်ဆုံးသော ဝိညာဉ်များရရှိ ခြင်းသည် ဖြောင့်မတ်သောသူများကို ပြုပြင်ပုံသွင်းပေးပြီး သူတို့ကို ပို၍ ခိုင်မာသော ယုံကြည်ခြင်း ပေးခဲ့သည်။ ထိုကြောင့် သူတို့သည် ဘုရား သခင်၏နာမတော်ကို ချီးမွမ်းနိုင်ကြခြင်း ဖြစ်သည်။ ဘုရားသခင်၏ စကား တော်သည် ထိုသူအထဲတွင် ကိန်းဝပ်လျက်ရှိသည်။ ထိုကိန်းဝပ်ခြင်း အား ဖြင့် နေ့စဉ်နေ့တိုင်းထိုသူ၏အထဲတွင် အသစ်ပြုပြင်ခြင်း ဖြစ်ပေါ်နေသည်။ ထိုကြောင့် ထိုသူ၏ ပြုပြင်ပြောင်းလဲမှုကို မြင်တွေ့ခြင်းအားဖြင့် လူတွေက "သူသည်အမှန်တကယ် လွတ်မြောက်ခြင်းခံသောသူ ဖြစ်သည်။ သူသည် စစ်မှန်သော ခရစ်ယာန်တစ်ဦးဖြစ်လာပြီး ဘုရားသခင်၏သား တော်လည်း ဖြစ်လာသည်" ဟု သက်သေခံကြသည်။
နတ်ဆိုးများက ဤသတင်းကောင်းကို ယုံကြည်လက်ခံကာ အရှုံး ပေးခဲ့သည်။ သူက"ငါသည်အရှက်ကွဲခဲ့ပါပြီ"ဟုပြောသည်။ "သို့သော် လော ကတွင် အပြစ်မရှိခြင်းသည် မှန်ကန်သည်။ မည်သူမည်ဝါကမျှ သူတို့နှလုံး သားတွင် အပြစ်မရှိပေ။"ထိုကြောင့် နတ်ဆိုးများသည် လူတွေ၏ စိတ်နှ လုံးသားတွင် အလုပ်လုပ်ခဲ့ပြီး သူတို့သစ္စာရှိသော အသက်တာကို နှောင့် ယှက် လိုသည်။ စာတန်၏လုပ်ဆောင်မှုသည် ဝိညာဉ်တော်နှင့် ပတ်သက် သော သတင်းကောင်းကောင်းချီးမင်္ဂလာများမရရှိရန် တားဆီးပိတ်ပင်ခြင်း ဖြစ်သည်။
စာတန်သည် သခင်ယေရှုနှင့် စစ်ပွဲဆင်နွဲရာတွင် ရှုံးနှိမ့်ခဲ့သည်။ စာ တန်သည် လူတွေ၏စိတ်ကို ထိန်းချုပ်ခြင်းအားဖြင့် သခင်ယေရှုကို ကား တိုင်တော်ပေါ်တွင် သတ်ခဲ့သည်။ သို့သော်လည်း သခင်ယေရှုသည် ဗတ္တိဇံ ခံယူစဉ်တွင် လောကလူသားများ၏ အပြစ်များကို ယူဆောင်သွားခဲ့ပြီး အ ပြစ်၏အခပေးဆပ်ရန် ကားတိုင်ပေါ်တွင် အသေခံခဲ့သည်။ ဤအကြောင်း ကြောင့် သတင်းကောင်းအားဖြင့် ယုံကြည်သူအားလုံးကို သူက လုံးဝကယ် တင် ခဲ့သည်။
စာတန်သည် လူသားများအား အပြစ်မှကယ်တင်ရန် ဘုရားသခင် ၏အကြံအစည်တော်ကို နှောင့်ယှက်တားဆီးခြင်း မပြုနိုင်ပေ။ သတင်း ကောင်း ပြည့်စုံစေရန်အတွက် သခင်ယေရှုသည် သူ၏ဗတ္တိဇံခံယူခြင်းနှင့် အသွေးတော်အားဖြင့် လူသားများ၏ အပြစ်အခ ဆပ်ပေးခဲ့သည်။ ယခု ဤ လောကတွင် အပြစ်တရား မရှိတော့ပေ။ သခင်ယေရှုသည် သူ၏ဗတ္တိဇံခံ ယူခြင်းအားဖြင့် အပြစ်များအားလုံး ယူဆောင်သွားခဲ့ပြီး "အမှုပြီးပြီ" (ယောဟန် ၁၉:၃၀) ဟု ပြောခြင်းအားဖြင့် ကားတိုင်ပေါ်တွင် အပြစ် အားလုံး ရိုက်သတ်ခဲ့ပါသည်။ သတင်းကောင်း ယုံကြည်သူများအား စွပ်စွဲ ပြစ်တင်ရန် စာတန်သည် လုံးဝ မတတ်နိုင်တော့ပေ။ သခင်ယေရှုသည် သူ ၏မွေးဖွါးခြင်း၊ ဗတ္တိဇံခံယူခြင်း၊ အသေခံခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်း အားဖြင့် စာတန်ကို အနိုင်ယူခဲ့သည်။
မိတ်ဆွေ၏ နှလုံးသားများထဲတွင် အပြစ်ရှိသေးသလား။ မရှိတော့ ပေ။ ခရစ်ယာန်များက "သမ္မာတရားသတင်းကောင်း ကိုယုံကြည်ခြင်း အားဖြင့် "ကျွန်ုပ်မှာ အပြစ်မရှိတော့ပေ" ဟုရောင့်ရဲစွာ ပြောကြားနိုင်ပါ သည်။ သခင်ယေရှု၏ဗတ္တိဇံခံယူခြင်းနှင့် အသွေးတော်သတင်းကောင်း ယုံကြည်သောသူများသည် သူတို့၏နှလုံးသားများတွင် အပြစ်တစ်အောင် စမျှမရှိပေ။
ယခုတွင် သတင်းကောင်းသည် မိတ်ဆွေ၏နှလုံးသားများတွင် အက္ခ ရာတင်ပြီး ဖြစ်သည်။ ယခုကျွန်ုပ်တို့သည် ဘုရားသခင်၏ ရှေ့တော် မှောက်တွင် နောင်တတရားမှ ကင်းလွတ်စွာရပ်နိုင်ကြသည်။ သခင်ယေရှု သည် ယောဒန်မြစ်တွင် ဗတ္တိဇံခံယူခြင်းအားဖြင့် မိတ်ဆွေ၏ အပြစ်များ အားလုံးယူဆောင်သွားခဲ့ပြီဟု မိတ်ဆွေ တို့အယောက်စီတိုင်း ယုံကြည်ကြ ပါသလား။ ယုံကြည်ကြလျှင် မိတ်ဆွေ၏ဘုရား သခင်အပေါ် ကျေးဇူးတင် ခြင်းနှင့် ပျော်ရွှင်မှုသည် ပြည့်စုံသွားမည် ဖြစ်သည်။ သတင်းကောင်းကို ယုံ ကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် ဤလောက၌ရှိသောအပြစ်မှ လွတ် မြောက်ကာ စင်ကြယ်ခဲ့ပြီးသောသူများ ဖြစ်ကြသည်။
“ခမည်းတော်သည် ငါတို့ကို မှောင်မိုက်ခြင်း၏အာဏာစက်မှ ကယ်နုတ်၍ မိမိချစ်တော်မူသော သားတော်၏နိုင်ငံတော်ထဲသို့ ရွှေ့ပြောင်းပို့ဆောင်တော်မူ၏။ ငါတို့သည် ထိုသားတော်အားဖြင့် ရွေးနုတ်ခြင်းတည်းဟူသော အပြစ်များခွင့်လွှတ်ခြင်းကျေးဇူးကို ရရှိကြ၏” (ကော လော သဲ ၁း၁၃-၁၄)။ ဟာလေလုယ။ ဘုရားသခင်ဘုန်းကြီးခြင်း ရှိပါစေ။
သခင်ယေရှုသည် သတင်းကောင်းအားဖြင့် ကယ်တင်ခြင်းတံခါးကို ဖွင့် လှစ်ခဲ့ပြီးဖြစ်သည်။ မိတ်ဆွေ၏နှလုံးသားတွင် တားဆီးနှောင့်ယှက် သော အရာများအားလုံးကို ဗိကုလားကာ နှစ်ခြမ်းကွဲသကဲ့သို့ မာန်တော် သတင်းကောင်းတန်ခိုးတော်အားဖြင့် ချိုးဖြတ်ရမည် ဖြစ်သည်။ သတင်း ကောင်းသည် မိတ်ဆွေနှင့် ကျွန်တော့်အတွက် ဖြစ်ပါသည်။ ဤသတင်း ကောင်းကို ယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် ကောင်းကင်နိုင်ငံ တော်သို့ ဝင်ရောက်နိုင်မည် ဖြစ်သည်။ ၄င်းသည် သန့်ရှင်းသောဝိညာဉ် ကိန်းဝပ်ခြင်း ရရှိစေသော ပြီးပြည့်စုံသော သမ္မာတရား ဖြစ်သည်။