Search

တရားဟောချက်များ

ဘာသာရပ် ၉ - ရောမဩဝါဒစာ (ရောမဩဝါဒစာအနက်ဖွင့်ကျမ်းများ)

[1-1] ရောမဩဝါဒစာအခန်းကြီး ၁ ကို မိတ်ဆက်ခြင်း

“တမန်တော်ရှင်ရှင် ပေါလုရေးထားသော ရောမဩဝါဒစာစောင်”ကို သမ္မာကျမ်းစာ၏ ဘဏ္ဌာအဖြစ် ရည်ညွှန်းနိုင်သည်။ ၎င်းစာစောင်တွင် လူတစ်ဉီးသည် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို ယုံကြည်ခြင်းအားဖြင့် ဘုရား သခင်၏ဖြောင့်မတ်ခြင်းမည်သို့ ရရှိနိုင်သည်ကို အဓိက ဖော်ပြထား သည်။ ရောမဩဝါဒစာကို ရှင်ယာကုပ်ဩဝါဒစာ နှင့်နှိုင်းယှက်သော် လူတစ်ဉီးသည် ရောမဩဝါဒစာကို ‘ဘဏ္ဌာတိုက် များစကား’ နှင့် ရှင်ယာကုပ်ဩဝါဒစာကို ‘ကောက်ရိုးစကားများ’အ ဖြစ် သတ်မှတ်ခဲ့သည်။ သို့သော် ရှင်ယာကုပ်ဩဝါဒစာသည် ရောမဩ ဝါဒစာကဲ့သို့ ဘုရားသခင်၏နှုတ်ကပတ်တော် ဖြစ်သည်။ တစ်ခုတည်းသောခြားနားချက်မှာ ရောမဩဝါဒစာတွင် သမ္မာကျမ်း စာ၏ယေဘုယျခြုံငုံလေ့လာချက်ကို ပြင်ဆင်ထား၍ ရှင်ယာကုပ်ဩ ဝါဒစာသည် ဘုရားသခင်၏အလိုတော်အားဖြင့် ဖြောင့်မတ်သူများ အသက်ရှင်စေသောနှုတ်ကပတ်တော်ဖြစ်သောကြောင့် ၎င်းသည် တန်ဖိုးကြီးသည်။ 
 

ရှင်ပေါလုသည် မည်သူ ဖြစ်သနည်း

ရောမ ၁း၁-၇ကို ဖတ်ရှုကြပါ စို့။ “ဘုရား သခင်၏ကောင်းမြတ်သောသတင်းအတွက် သီးသန့်ရွေးချယ်ထားခြင်းခံရ၍ တမန်တော်အဖြစ်ခေါ်ယူတော်မူခြင်းခံရသော ခရစ်တော်ယေရှု၏အစေအပါးငါပေါလုသည် စာရေးလိုက်ပါ၏။ ဤကောင်း မြတ်သောသတင်းသည် မိမိ၏ပရောဖက်များအားဖြင့် သန့်ရှင်းသောကျမ်းစာ၌ ရှေးမဆွကပင် ဘုရားသခင်ကတိပေးထားတော်မူသောအ ရာဖြစ်ပြီး ဘုရားသခင်၏သားတော်အကြောင်းဖြစ်၏။ သားတော်သည် လူသားအနေဖြင့် ဒါဝိဒ်၏အမျိုးအနွယ်မှ ပေါ်ထွန်းတော်မူ၍ မြင့်မြတ်သန့်ရှင်းခြင်း၏ဝိညာဉ်တော်အနေဖြင့်ဆိုလျှင် သေသောသူတို့ထဲမှ ရှင်ပြန်ထမြောက်ခြင်းဖြင့် တန်ခိုးနှင့်တကွ ဘုရားသခင်၏သားတော်အရာ၌ ခန့်အပ်ထားခြင်းခံရသော ငါတို့၏သခင်ယေရှုခရစ်တော်ဖြစ်၏။ ထိုသခင်၏နာမတော်အတွက် လူမျိုးအပေါင်းတို့ထဲတွင် ယုံကြည်ခြင်းနှင့်ဆိုင်သောနာခံမှုရှိစေရန် ကျေးဇူးတော်ကိုလည်းကောင်း၊ တမန်တော်ဖြစ်ခြင်းအခွင့်ကိုလည်းကောင်း ကိုယ် တော်အားဖြင့် ငါတို့ရရှိကြ၏။ သင်တို့သည်လည်း ထိုလူမျိုးတို့ထဲတွင်ပါဝင်၍ ယေရှုခရစ်တော်နှင့်သက်ဆိုင်မည့်အကြောင်း ခေါ်ယူတော်မူခြင်းခံရသူများဖြစ်ကြ၏။ ထိုသို့ ဘုရားသခင်ချစ်တော်မူ၍ သန့်ရှင်းသူများအဖြစ်ခေါ်ယူတော်မူသော ရောမမြို့သူမြို့သားအ ပေါင်းတို့ထံသို့ ဤစာကို ငါရေးလိုက်ပါ၏။ ငါတို့အဖဘုရားသခင်နှင့် သခင်ယေရှုခရစ်တော်ထံမှ ကျေးဇူးတော်နှင့်ငြိမ်သက်ခြင်းသည် သင်တို့၌ရှိပါစေသော။”
ဤကျမ်းချက်များကို “ရောမမြို့၌ရှိသော ခရစ်ယာန်များထံ ရှင်ပေါလု၏နှုတ်ဆက်ခြင်း”အဖြစ် သတ်မှတ်နိုင် သည်။ ရှင်ပေါလုက သူတို့ အား ဘုရားသခင်၏ဖြောင့်မတ်ခြင်းဖြစ်လာသူ သခင်ယေရှုခရစ် တော်၏အစေခံများအဖြစ် နှုတ်ဆက်သည်။ 
အပိုဒ် ငယ် ၁ တွင် ‘ရှင်ပေါလုသည် မည်သူဖြစ်သနည်း’ဟူသော မေးခွန်း အကြောင်းကို ပြောထားသည်။ သူသည် ဒမာသက်သို့ သွားသောလမ်း၌ သေခြင်းမှ ရှင်ပြန်ထမြောက်တော်မူခဲ့သောသခင်ကို တွေ့ခဲ့၍ ဟေလသလူမျိုး များထံ သတင်းကောင်းဟောပောရန် သခင်ရွေးကောက်တော်မူ သော တန်ဆာပလာ(တမန် ၉း၁၅)ဖြစ်သောယုဒလူမျိုး တစ်ဉီးဖြစ် သည်။ 
 


ရှင်ပေါလုက ဓမ္မဟောင်းကျမ်း၌ ယဇ်ပူဇော်ခြင်းစနစ်နှင့်ပ ရောဖက်များ အပေါ်အခြေပြု၍ စစ်မှန်သောသတင်း ကောင်းကို ဟောပြောသည်


အပိုဒ်ငယ် ၂ တွင် တမန်တော်ရှင်ပေါလုက ဓမ္မဟောင်းကျမ်းနှုတ်ကပတ်တော်များကို အခြေပြု၍ သတင်းကောင်းကို ဟောပြောခဲ့သည်။ သူက “ဘုရားသခင်၏သတင်း ကောင်း”ကို “ဤကောင်းမြတ်သောသတင်းသည် မိမိ၏ပရောဖက်များအားဖြင့် သန့်ရှင်းသောကျမ်းစာ၌ ရှေးမဆွကပင် ဘုရားသခင်ကတိပေးထားတော်မူသောအရာ”ဖြစ်သည်ဟု သတ်မှတ်ခဲ့သည်။ ဤကျမ်းချက်အား ဖြင့် တမန်တော်ရှင်ပေါလုသည် ဓမ္မာဟောင်းကျမ်း၌ ယဇ်ပူဇော်ခြင်း စနစ်ကို အခြေပြုသော ရေနှင့်ဝိညာဉ်တော်သတင်းကောင်းဟော ပြောခဲ့သည်ကို ကျွန်ုပ်တို့တွေ့နိုင်ကြသည်။ ထို့ပြင် အပိုဒ်ငယ် ၂တွင် ရှင်ပေါလုသည် သတင်းကောင်း လုပ်ငန်းလုပ်ဆောင်ရန် ရွေးကောက်ခြင်းခံရသည်ဟု ညွှန်ပြထား သည်။ 
‘သန့်ရှင်းသောနှုတ်ကပတ်တော်၌ ကိုယ်တော် ၏ပရောဖက်များအားဖြင့်’စကားစုသည် ဓမ္မဟောင်းကျမ်း၌ ယဇ်ပူ ဇော်ခြင်းစနစ် သို့မဟုတ် ပရောဖက်ပြုချက်များ၌ ထင်ရှားသော သ ခင်ယေရှုခရစ်တော်ကို စေလွှတ်ရန် ဘုရားသခင်၏ကတိတော်ကို ပြ ဌာန်းထားသည်။ မောရှေ၊ ဟေရှာယ၊ ယေဇကျေလ၊ ယေရမိနှင့်ဒံယေလတို့ အပါအဝင် ဓမ္မဟောင်းကျမ်း၏ပရောဖက်များအားလုံးတို့သည် သခင် ယေရှုက အလောကသို့ ကြွဆင်းတော်မူ၍ လောကအပြစ်များယူ ဆောင်သွားတော်မူပြီးနောက် ကားတိုင်ပေါ်တွင် အသေခံတော်မူ သည့်အကြောင်းကို သက်သေခံခဲ့ကြသည်။ တမန်တော်ရှင်ပေါလု ဟောပြောခဲ့သောသတင်းကောင်းမှာ အဘယ်အရာနှင့်တူသနည်း။ ဘုရားသခင်၏သား တော်၊ သခင်ယေရှုခရစ်တော်အကြောင်းပြောကြားသော ရေနှင့်ဝိ ညာဉ်တော်သတင်းကောင်းကို သူဟောပြောခဲ့သည်။ 
လူအချို့ က ဓမ္မဟောင်းကျမ်းနှုတ်ကပတ်တော်သည် နိဂုံးချုပ်ခဲ့သည်ဟု ပြော ကြ၍ အခြားသူများက ထိုအချက်ကိုပဲခုခံ၍ မဿဲ ၁၁း၁၃ ကျမ်းချက် ကို သက်သေအဖြစ် ပြင်ဆင်ထားကြသည်။ အချို့နာမည်ကျော်ဧဝံဂေလိဆရာကြီးများပင်လျှင် ဓမ္မ ဟောင်းကျမ်း၏အစိတ်အပိုင်းတစ်ခုလုံးကို လျစ်လျူရှုကြသည်။ 
သို့သော် ဘုရားသခင်သည် ဓမ္မ ဟောင်းကျမ်းအားဖြင့် ကျွန်ုပ်တို့ထံ ကတိတစ်ခုကို ပြုတော်မူခဲ့၍ ဓမ္မသစ်ကျမ်းတွင် သခင်ယေရှုခရစ်တော်အားဖြင့် ဤကတိတော်ကို ပြည့်စုံစေတော်မူခဲ့သည်။ ထိုကြောင့် ယုံကြည်မှုကမ္ဘာ၌ ဓမ္မသစ်ကျမ်းသည် ဓမ္မဟောင်းကျမ်းမ ရှိဘဲ မတည်ရှိနိုင်သည့်အတိုင်း ဓမ္မဟောင်းကျမ်းနှုတ်ကပတ်တော် သည်လည်း ဓမ္မသစ်ကျမ်းနှုတ်ကပတ်တော်မပါဘဲ မပြည့်စုံနိုင်ပေ။ 
တမန် တော်ရှင်ပေါလုသည် ဘုရားသခင်၏ကယ်တင်ခြင်းအတွက် ရွေး ကောက်ခြင်းခံတော်မူခဲ့သည်။ ထိုနောက် မေးခွန်းမှာ “သူသည် မည်သို့သော သတင်းကောင်းမျိုးကို ဟောပြောခဲ့သနည်း” ဖြစ်သည်။ သူသည် ဓမ္မဟောင်းကျမ်းကို အခြေပြု၍ သခင်ယေရှုခရစ်တော်သည် ဤ လောကသို့ ကြွဆင်းတော်မူခဲ့၍ ရေနှင့်ဝိညာဉ်တော်သတင်းကောင်း အားဖြင့် ကျွန်ုပ်တို့အပြစ်များအားလုံးမှ ကျွန်ုပ်တို့ကို ကယ်တင်တော် မူခဲ့သည်ဟူသောအချက်ကို သူဟောပြောခဲ့သည်။ ထိုကြောင့် ကျွန်ုပ်တို့ သည် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းဟောပြောသည့်အခါတိုင်း တွင် ကျွန်ုပ်တို့သည် ဓမ္မဟောင်းကျမ်း၏ ပရောဖက်ပြုချက်များနှင့် ယဇ်ပူဇော်ခြင်းစနစ်များကို အခြေပြုသင့်ကြသည်။ သို့မှသာလျှင် လူများက ရေနှင့်ဝိညာဉ်တော်သတင်းကောင်းသည် သမ္မာတရားဖြစ်သည်ကိုလည်းကောင်း၊ ဓမ္မသစ်ကျမ်းသည် ဓမ္မ ဟောင်းကျမ်း၏ကတိတော်စကားများပြည့်စုံခြင်းဖြစ်သည်ကို လည်း ကောင်း သိကြလိမ့်မည်။ 
ဓမ္မသစ်ကျမ်းအစက တည်းက ယောဟန်ထံမှ သခင်ယေရှုခံယူတော်မူခဲ့‌သောဗတ္တိဇံနှင့် ကားတိုင်ပေါ်တွင် အသွေးတော်ကို အထူးတလှယ်ဖော်ပြထားသည် ကို ကျွန်ုပ်တို့တွေ့နိုင်ကြသည်။ ဓမ္မဟောင်းကျမ်း၏လုပ်ထုံးလုပ် နည်းတွင် အပြစ်သားတစ်ဉီးအတွက် ရွေးနှုတ်ခြင်းခံရသောနည်း လမ်းဖြစ်သော ယဇ်ပူဇော်ခြင်းစနစ်ရှိခဲ့သည်။ သူသည် အပြစ်ဖြေရာယဇ်ကောင်၏ဉီးခေါင်း ပေါ်တွင် လက်များတင်ခြင်းအားဖြင့် အပြစ်များကို လွှဲပြောင်း၍ အ ပြစ်များဖြေလွှတ်ခြင်းခံရရန်အတွက် အသွေးသွန်းလောင်း အသေခံ ရမည် ဖြစ်သည်။ 
ထိုနောက် ဓမ္မဟောင်းကျမ်း၌ အပြစ်ဖြေလွှတ်ခြင်းအတွက် ယဇ်ပူ ဇော်ခံတိရစ္ဆာန်ပေါ်တွင် လက်များတင်ခြင်းနှင့် အသွေးသွန်းလောင်း ခြင်းရှိလျှင် ဓမ္မသစ်ကျမ်းတွင် အဘယ်အရာ ရှိခဲ့သနည်း။ သခင်ယေရှုခံယူ‌တော်မူခဲ့သောဗတ္တိဇံနှင့် ကားတိုင်ပေါ်တွင် အသွေး တော်ရှိခဲ့သည်။ ထိုပြင်၊ ဓမ္မဟောင်းကျမ်း၌ ဖော် ပြထားသော ယဇ်ပရောဟိတ်(ဝတ်ပြု ၁၆း၂၁)သည် ဓမ္မသစ်ကျမ်း၌ ဗတ္တိဇံယောဟန်နှင့်အတူတူ ဖြစ်သည်။ 
အပိုဒ်ငယ် ၃ နှင့် ၄ တွင် “သခင်ယေရှုသည် အဘယ်သို့သော ပုဂ္ဂိုလ်ဖြစ်တော်မူသနည်း”ဟူသော မေးခွန်းအ ကြောင်းကို ပြောထားသည်။ အပိုဒ်ငယ်များက ကိုယ်တော်၏ဆွေစဉ်မျိုးဆက်အ ကြောင်းကို ရှင်းပြထားသည်။ သခင်ယေရှုခရစ်တော်သည် ဒါဝိဒ်၏မိသားစုနှင့် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် စင်ကြယ်စွာ ဖွားမြင်တော်မူခဲ့၍  ကိုယ်တော့်ကို သေခြင်းမှရှင်ပြန်ထမြောက်စေသောတန်ခိုးတော် အားဖြင့် ဘုရားသခင်၏သားတော်အဖြစ် အသိအမှတ်ပြုခြင်းခံရ တော်မူခဲ့သည်။ ထို ကြောင့် ကိုယ်တော်သည် ကိုယ်တော့်ကို ယုံကြည်ခဲ့သောသူများအ ပေါ် ရေနှင့်ဝိညာဉ်တော်ကို ပေးအပ်တော်မူခြင်းအားဖြင့် ကယ်တင် ရှင်ဖြစ်တော်မူခဲ့သည်။ သခင်ယေရှုခရစ်တော်သည် ယုံကြည်သူများအတွက် ကယ်တင်ရှင်၏အရှင်၊ ဘုရင်တကာတို့၏ ဘုရင်၊ ကောင်းကင်ဆိုင်ရာထာဝရယဇ်ပရောဟိတ်ဖြစ်လာတော်မူခဲ့ သည်။ 
အချို့သောခရစ်ယာန်သီအိုလော်ဂျီ၌ သခင်ယေရှု၏ ဘုရားဖြစ်တော်မူခြင်းကို ငြင်းပယ်ခဲ့ကြသည်။ ဤသီအိုလော်ဂျီများ က “ကိုယ်တော်သည် ထူးချွန်သောလူငယ်တစ်ဉီးသာဖြစ်သည်”ဟု ဆိုကြသည်။ ထိုပြင်၊ အသစ်သော သီအို လောဂျီအရ “ဘာသာတရားအားလုံး၌ ကယ်တင်ခြင်းရှိသည်။” ထိုကြောင့် လီဘရယ်ကျမ်းစာသင် ကျောင်းများ၌ သူတို့သည် exorcism, ဗုဒ္ဓဘာသာ၊ ကဲသိုလိတ်နှင့် ဤကမ္ဘာပေါ်တွင်ရှိသောအခြားဘာသာတရားများအားလုံးကို လက် ခံရမည်ဟု လူများက အခိုင်အမာ ပြောဆိုကြသည်။ သီအိုလော်ဂျီ သို့မဟုတ် အ သစ်သောသီအိုလော်ဂျီက အရာခပ်သိမ်းတို့ကို အလေးအမြတ်ထား သင်သောကြောင့် လူသားအားလုံးသည် စည်းလုံး၍ ‘တစ်လုံးတစ်ဝ’ ဖြစ်လာရမည်ဟု ပြောသည်။ 
သို့သော် အစအဉီး၌ ဘုရားသခင်သည်ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်း တော်မူခဲ့သည်ဟု သမ္မာကျမ်းစာတွင် ရှင်းလင်းစွာ ဖော်ပြထားသည်။ ထိုနောက် ဤဘုရားသည် မည်သူဖြစ် တော်မူသနည်း။ သခင်ယေရှုခရစ်တော်ဖြစ် တော်မူသည်။ ‘ခရစ်တော်’နာမတော်အဓိပ္ပါယ်မှာ ဆီဖြင့်ဘိသိက်ခြင်းခံရ ခြင်း ဖြစ်သည်။ ဓမ္မ ဟောင်းကျမ်းတွင် ရှင်ဘုရင် သို့မဟုတ် ပရောဖက်တစ်ပါးသည် ယဇ် ပရောဟိတ်ထံမှ မိမိခေါင်းများပေါ်၌ ဘိသိက်ခြင်းခံရသည်။ ထို ကြောင့် သခင်ယေရှုကို ဘုရင်တကာတို့၏ဘုရင်အဖြစ် ရည်ညွှန်း ခြင်း ဖြစ်သည်။ သခင်ယေရှုအား ဘုရားအဖြစ် ငြင်းပယ်သောသူ တစ်ဉီးသည် ဘုရားသခင်ကို ယုံကြည်သူတစ်ဉီး မဖြစ်ပေ။  
ယခုချိန်များတွင် တစ်ကမ္ဘာလုံးတွင်ရှိသော လူသားများ၏ယုံကြည်မှုများသည် ဘာသာတရားများစွာတို့ကို အ ခြေပြုသော Ecumenicalism(ပတ်ဝန်းကျင်သဘာဝယုံကြည်မှု)သို့ ပြန်လှည့်ကြသည်။ သူတို့သည် ဗုဒ္ဓဘာ သာနှင့်ကွန်ဖြူးရှပ်ကဲ့သို့သော အခြားမယုံ ကြည်သောဘာသာတရား များနှင့် စုပေါင်း၍ ချီးမွမ်းကိုးကွယ် ဝတ်ပြုကြသည်။ အချို့သောအချိန် များတွင် ပရိသတ်များသည် ဗုဒ္ဓနည်းလမ်းအတိုင်းကိုးကွယ်၍ အခြား သောအချိန်များတွင် ခရစ်ယာန်နည်းလမ်းအတိုင်းကိုးကွယ်ကြ သည်။ ကောင်း ပြီ၊ ဟင်းမျိုးစုံရောမှ အရသာကောင်းသောအစားအစာရှိနိုင်သည်။ သို့ သော် ယုံကြည်ခြင်းတွင် ပို၍သန့်ရှင်းလေလေပိုကောင်းလေလေ ဖြစ် သည်။ 
ထိုကြောင့် အပိုဒ်ငယ် ၃ နှင့် ၄ “သ ခင်ယေရှုသည် မည်သူဖြစ်တော်မူသနည်း’ မေးခွန်းကို ဖြေကြားခြင်း မှာ ကိုယ်တော်သည် သေခြင်းမှ ရှင်ပြန်ထမြောက်စေသောမိမိတန် ခိုးတော်အားဖြင့် ဘုရားသခင်၏သားတော်အဖြစ် သတ်မှတ်ခြင်းခံရ သောအရှင် ဖြစ်တော်မူသည်။ ခရစ်တော်သည် ကျွန်ုပ်တို့အတွက် သခင်နှင့်ကယ် တင်ရှင် ဖြစ်တော်မူသည်။ 
အပိုဒ်ငယ် ၅ နှင့် ၆ တို့တွင် ရှင်ပေါက ဘုရားသခင် အားဖြင့် မည်သို့ဖြင့် တမန်တော်တစ်ပါးဖြစ်လာခဲ့သည့်အကြောင်း ကို ပြောထားသည်။ သူသည် ဟေလသလူမျိုးများထံသ တင်းကောင်းဟောပြေသောရန် သက်သေတစ်ဉီးဖြစ်လာခဲ့သော ကြောင့် သူတို့သည် သခင်ယေရှုခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းခံခဲ့ရကြသည်။ 
 


တမန်တော်ရှင်ပေါလုသည် မည်သို့သောအခွင့်အာဏာမျိုး ကို ပိုင်ဆိုင်သနည်း။


အပိုဒ် ငယ် ၇ တွင် ဖော်ပြထားသည့်အတိုင်း တမန်တော်ရှင်ပေါလုသည် ဘုရားသခင်၏နာမတော်အားဖြင့် သခင်ယေရှု၌ ယုံကြည်သူများကို ကောင်းကြီးပေးရန် အခွင့်အာဏာရှိခဲ့သည်။ တမန်တော်တစ်ပါး၏ အခွင့်အာဏာဟူသည်မှာ သခင်ယေရှုခရစ်တော်၏နာမတော်အား ဖြင့် လူသားများအားလုံးကို ကောင်းကြီးမင်္ဂလာချပေးနိုင်သော ဝိ ညာဉ်ရေးရာတန်ခိုးကို ဆိုလိုသည်။ 
ထိုကြောင့် ရှင်ပေါလုက “ခမည်းတော်ဘုရားနှင့်သခင်ယေရှုခရစ်တော်ထံမှ ကျေးဇူးတော်နှင့်ငြိမ်သက်ခြင်းသည် သင်တို့အပေါ်၌ ရှိပါစေ”ဟု ပြောကြားနိုင်ခဲ့သည်။ 
ဤတွင် ဤကောင်းကြီးမင်္ဂလာအကြောင်းနှင့်ပတ် သက်၍ အနည်းငယ်ပို၍ ကျွန်တော်စဉ်းစားလိုပါသည်။ တမန် တော်ရှင်ပေါလုသည် လူသားများအတွက် ကောင်းကြီးမင်္ဂလာများ ပြုလုပ်ရန် အခွင့်အာဏာရှိခဲ့ဟန်တူ၍ ကျွန်ုပ်တို့သည် တနင်္ဂနွေနေ့ ဝတ်ပြုကိုးကွယ်ခြင်းပြီးဆုံးသောအခါတိုင်းတွင် ကောင်းကြီးမင်္ဂလာ များအားဖြင့် အဆုံးသတ်ကြသည်။ “ဘုရားသခင်သည် ဤသို့သော ကောင်းကြီးမင်္ဂလာမျိုးကို ယုံကြည်သူများထံပေးရန် အလိုတော်ရှိ သည်။” ကောင်း ကြီးမင်္ဂလာ၏မူရင်းစကားလုံးများမှာ အောက်ပါအတိုင်း ဖြစ်သည်။ 
တောလည်ရာကျမ်း ၆း၂၂ ဖြင့်အစပြုကြပါစို့။ “တစ်ဖန် ထာဝရဘုရားက မောရှေအား “အာရုန်နှင့်သူ၏သားတို့အား ဆင့်ဆိုလော့။ သင်တို့သည် အစ္စရေးအမျိုးသားတို့အား‘ထာဝရဘုရားသည် သင့်ကိုကောင်းချီးပေး၍ စောင့်ထိန်းတော်မူပါစေသော။ ထာဝရ ဘုရားသည် သင့်အပေါ် မျက်နှာတော်အလင်းကို ထွန်းလင်းစေ၍ ကရုဏာသက်တော်မူပါစေသော။ ထာဝရဘုရားသည် သင့်ဘက်သို့ မျက်နှာတော်ကို လှည့်၍ သင့်အား ငြိမ်းချမ်းမှုကိုပေးတော်မူပါစေ သော’ဟု ကောင်းချီးပေးရမည်။ ဤသို့ဖြင့် သူတို့သည် အစ္စရေးအမျိုးသားတို့အပေါ် ငါ၏နာမတော်ကိုတည်စေ၍ ငါသည် သူတို့ကိုကောင်းချီးပေးမည်”ဟု မိန့်တော်မူ၏။”
ယဇ်ပရော ဟိတ်အာရုနှင့်သူ၏သားတို့ထံ “ဤနည်းလမ်းဖြင့် ဣသရေလလူမျိုး များကို သင်ကောင်းကြီးပေးသင့်သည်”ဟု ပြောခဲ့သည်။ သူတို့သည် ဤနည်းလမ်း အားဖြင့် ဣသရေလလူမျိုးများကို ကောင်းကြီးပေးကြလျှင် ဘုရားသ ခင်သည် နှုတ်ကပတ်တော်၌မိန့်တော်မူခဲ့သည့်အတိုင်း သူတို့ကို အ မှန်အကန် ကောင်းကြီးမင်္ဂလာများချပေးတော်မူလိမ့်မည်။ ကျွန်ုပ်တို့ သည် ရှင်ပေါလု၏ဩဝါဒစာအားလုံးကို ယုံကြည့်ကြလျှင် သူက “ဘု ရားသခင်၏ကျေးဇူးတော်သည် သင်တို့နှင့်အတူရှိတော်မူပါစေ”ဟု ပြောလေ့ရှိသည်ကို ကျွန်ုပ်တို့တွေ့နိုင်ကြသည်။ သူကိုယ်တော် ကောင်းကြီးမင်္ဂလာ များပေးအပ်ခြင်းမဟုတ်ဘဲ ကောင်းကြီးမင်္ဂလာချပေးသောသူမှာ ဘု ရားသခင်ဖြစ်တော်မူသည်ကို ဤအရာက ညွှန်ပြထားသည်။ ထိုကြောင့် တမန်တော် ရှင်ပေါလုက သူရေးထားသောဩဝါဒစာအားလုံးတွင် ယုံကြည်သူ များအပေါ် ကောင်းကြီးမင်္ဂလာအမြဲတမ်း ပေးခဲ့သည်။ 
ရှင်ပေါလုသည် ဘုရားသခင်၏လူများအပေါ် ကောင်းကြီး မင်္ဂလာများစွာပေးအပ်ရန် အခွင့်အာဏာရှိသည်။ ဤအခွင့်အာဏာ ကို ခရစ်ယာန်အမှုတော်ဆောင်များအားလုံးထံ ပေးအပ်ခြင်းမဟုတ် ပေ။ ဘုရားသခင် ၏အစေခံများထံ ပေးအပ်ခဲ့သည်။ ဘုရားသခင်၏အစေခံများသည် ကောင်းကြီးမင်္ဂလာများပေးအပ်ရန် အမှန်အကန် ဆန္ဒရှိကြသည်ဟု ပြောသော ဘုရားသခင်၏အစေခံများက ကောင်းကြီးမင်္ဂလာများချ ပေးသောအခါ ဘုရားသခင်သည် ထိုကောင်းကြီးမင်္ဂလာနှင့်အညီ ဤ ကောင်းကြီးမင်္ဂလာများအမှန်အကန် သူတို့ထံ ဘုရားသခင်ချပေး တော်မူသည်။ 
ဘုရားသခင်သည် ကောင်းကင်ဆိုင်ရာအခွင့်အာဏာကို မိမိအစေခံများထံသာမက ဒုတိ ယမွေးဖွားခြင်းခံရသော ယုံကြည်သူများအားလုံးအပေါ်တွင်လည်း ပေးအပ်တော်မူသည်။ ဘုရားသခင်က “တစ်စုံတစ်ဦး၏အပြစ်များကို သင်တို့ခွင့်လွှတ်လျှင် ထိုသူသည် အပြစ်ခွင့်လွှတ်ခြင်းကိုခံရ၏။ တစ်စုံတစ်ဦး၏အပြစ်များကို သင်တို့ချည်နှောင်ထားလျှင် ထိုအပြစ်များသည် သူ၌ ချည်နှောင်ထားခြင်းခံရ၏”(ယောဟန် ၂၀း ၂၃)ဟု မိန့်တော်မူသည်။ ကိုယ်တော်သည် ဖြောင့်မတ်သူများအားလုံးအပေါ် အခွင့်အာဏာမိုးကို ပေးအပ်တော်မူသည်။ ထို ကြောင့် လူတစ်ဉီးသည် ဒုတိယမွေးဖွားခြင်းခံရသောယုံကြည်သူများ သို့မဟုတ် အစေခံများကို တိုက်ခိုက်ခြင်းသည် ဘုရားသခင်ကို တိုက် ခိုက်ခြင်းဖြစ်သောကြောင့် သူသည် သူတို့ကို မတိုက်ခိုက်သင့်ကြ ပေ။ ဘုရားသခင်သည် တမန်တော်များ၊ အစေခံများနှင့် ဖြောင့်မတ်သူများထံ ကောင်းကြီးမင်္ဂလာနှင့်အမင်္ဂလာအခွင့်အာဏာ ကို ပေးအပ်တော်မူခဲ့သည်။ 
 

ယုံကြည်သူများထံ ဝိညာဉ်ရေးရာဆုကျေးဇူးသွတ်သွင်းရန် ဆန္ဒရှိသောတမန်တော်ရှင်ပေါလု

ရောမ ၁း၈-၁၂ ကို ဖတ်ကြပါစို့။ “သင်တို့၏ယုံကြည်ခြင်းသည် ကမ္ဘာတစ်ဝန်းလုံးတွင် ကျော်ကြားလျက်ရှိသည်ဖြစ်၍ ငါသည် သင်တို့အား လုံးအတွက် ငါ၏ဘုရားသခင်ကို ယေရှုခရစ်တော်အားဖြင့် ပထမဦးစွာကျေးဇူးတင်၏။ ငါသည်ဆုတောင်းသောအခါ သင်တို့ကိုအမြဲမ ပြတ်သတိရလျက် ဘုရားသခင်၏အလိုတော်ရှိလျှင် တစ်ချိန်ချိန်တွင် တစ်နည်းနည်းဖြင့် သင်တို့ထံသို့လာရသောအခွင့်ရှိပါမည့်အကြောင်း အစဉ်တောင်းလျှောက်နေ၏။ ဤအကြောင်းအရာနှင့်ပတ်သက်၍ ငါ့အတွက်သက်သေခံပေးသောသူမှာ သားတော်၏ကောင်းမြတ်သောသတင်းကို ငါဟောပြောလျက် ငါ၏ဝိညာဉ်အားဖြင့် ဝတ်ပြုသောဘုရားသခင်ဖြစ်တော်မူ၏။သင်တို့ကို ငါအလွန်တွေ့မြင်လိုသည်မှာ သင်တို့အား ဝိညာဉ်ဆုကျေးဇူးအချို့ကိုဝေမျှပေး၍ သင်တို့ကိုခိုင်ခံ့မြဲမြံစေရန်ဖြစ်၏။ထိုသို့ဆိုသော် သင်တို့နှင့်အတူရှိစဉ် ငါနှင့်သင်တို့နှစ်ဦးနှစ်ဖက်၏ယုံကြည်ခြင်းအားဖြင့် နှစ်သိမ့်မှုကို အတူတကွခံစားနိုင်ရန်ဖြစ်၏။”
ပ ထမအနေဖြင့် တမန်တော်ရှင်ပေါလုသည် ဘုရားသခင်ထံ မည်သည့် အရာအတွက် ကျေးဇူးတင်သနည်း။ သူတို့သည် သခင်ယေရှုကို ယုံကြည်ခဲ့ကြ၍ သူတစ်ပါးထံ သတင်း ကောင်းကို သူတို့အားဖြင့်ဟောပြောသောကြောင့် သူသည် ရောမမြို့ ၌ရှိသောခရစ်ယာန်များအတွက် ဘုရားသခင်ကို ချီးမွမ်းခဲ့သည်။ 
အပိုဒ်ငယ် ၉နှင့်၁၀ တွင် လူတစ်ဉီးက “တမန်တော်ရှင်ပေါလု သည် ဘာကြောင့် သူ၏သာသနာလုပ်ငန်းအတွင်း ရောမမြို့သို့ သွား လိုခဲ့သနည်း”ဟု မေးခွန်းမေးနိုင်သည်။ ထိုအချိန်တွင် ရောမမြို့၌ ရေနှင့်ဝိညာဉ် တော်သတင်းကောင်းဟောပြောလျှင် တစ်ကမ္ဘာလုံးသို့ ကျယ်ပြန့် မည် ဖြစ်သောကြောင့် သူသည် ရောမမြို့သို့ သွားလိုခြင်းအကြောင်း ဖြစ်သည်။ ယနေ့တစ် ကမ္ဘာလုံးက အမေရိကကို ကြည့်နေသကဲ့သို့ ရှေးခေတ်တွင် “လမ်း အားလုံးသည် ရောမမြို့သို့ရောက်သည်”ဟု ဆိုရိုးစကားရှိသည့်အ တိုင်း ရောမမြို့သည် ကမ္ဘာအလယ်ဗဟို ဖြစ်သည်။ 
ကျွန်ုပ်တို့သည် အမေရိကနိုင်ငံ၌ သတင်းကောင်းဟော ပြောခြင်းအမှုများစွာ လုပ်ဆောင်နေသည်။ ကျွန်ုပ်တို့သည် အမေရိကနိုင်ငံ၌ ရေနှင့်ဝိညာဉ်တော်သတင်းကောင်းဟောပြောကြ လျှင် အမှုတော်ဆောင်များစွာတို့သည် ပေါ်ပေါက်လာ၍ အခြားသူ များထံ ဤလှပသောသတင်းကောင်းဟောပြောရန် ကမ္ဘာမြေသို့ လျှောက်သွားရကြလိမ့်မည်။ ထိုကြောင့် ရှင်ပေါလုသည် ရောမမြို့သို့ သွားရန် ဆန္ဒရှိခဲ့ ခြင်း ဖြစ်သည်။ 
 


ရှင်ပေါလုဟောပြောသောဝိညာဉ်ဆုကျေးဇူးအကြောင်း


အပိုဒ်ငယ် ၁၁ တွင် “သင်တို့ကို ငါအလွန်တွေ့မြင်လိုသည်မှာ သင်တို့အား ဝိညာဉ်ဆုကျေးဇူးအချို့ကိုဝေမျှပေး၍ သင်တို့ကိုခိုင်ခံ့မြဲမြံစေရန်ဖြစ်၏”ဟု ဖော်ပြထားသည်။ လူမျာသည် ခိုင်ခံ့မြဲမြံစေရန် ဝိညာဉ် ဆုကျေးဇူးအချို့ဝေမျှခြင်းဟု တမန်တော်ရှင်ပေါလုပြောသောအခါ အဘယ်အရာကို ဆိုလိုသနည်း။ သူပြောကြားသောဝိညာဉ်တော်ဆုကျေးဇူးမှာ ကျွန်ုပ်တို့ ဟောပြောနေကြသော ရေနှင့်ဝိညာဉ်တော်သတင်းကောင်း ဖြစ် သည်။ အပိုဒ်ငယ် ၁၂ တွင် “ထိုသို့ဆိုသော် သင်တို့နှင့်အတူရှိစဉ် ငါနှင့်သင်တို့နှစ်ဦးနှစ်ဖက်၏ယုံကြည်ခြင်းအားဖြင့် နှစ်သိမ့်မှုကို အတူတကွခံစားနိုင်ရန်ဖြစ်၏”ဟု ဖော်ပြထားသည်။ လူများ ခိုင်ခံ့မြဲမြံစေရန်နှင့် ရှင်ပေါလုနှင့်သူတို့ အပြန်အလှန်ယုံကြည်မှုများ ဖြင့် လူများကို ခွန်အားပေးရန် ဝိညာဉ်ဆုကျေးဇူးအချို့ ဝေမျှခြင်းမှာ  ရေနှင့်ဝိညာဉ်တော်သတင်းကောင်းဟောပြောခြင်းအားဖြင့် ရှင်ပေါ လုသည် လူများအား ငြိမ်သက်စေရန်၊ နှစ်သိမ့်မှုရရှိရန်၊ ကောင်းကြီး မင်္ဂလာများခံစား၍ တူညီသောယုံကြည်မှုဖြင့် မိတ်သဟာယဖွဲ့ရန် ဖြစ်သည်။  
အပြန်အလှန် ယုံကြည်ခြင်းများအားဖြင့် သူတို့နှင့်အတူ ခွန်အားပေးရန် တမန် တော်ရှင်ပေါလုက ဆန္ဒရှိခဲ့သည်ဟု ပြောကြားခြင်းက သူသည် ရောမအသင်းတော်သို့ နောက်တစ်ဖန် ရေနှင့်ဝိညာဉ်တော်သတင်း ကောင်းဟောပြောရန် တောင့်တခဲ့သည်ကို ပြသထားသည်။ ယခု တွင်၊ ကျွန်ုပ်တို့အသင်းတော်၌ သင်းဝင်သူအားလုံးသည် ရေနှင့်ဝိ ညာဉ်တော်သတင်းကောင်းကို ရှင်းလင်းစွာ နားလည်သဘောပေါက် ၍ ယုံကြည်ကြသော်လည်း အချိန်ကြာလာသည်နှင့်အမျှ စစ်မှန် သောသတင်းကောင်းကို မယုံကြည်သူ သာမန်ခရစ်ယာန်အချို့ပေါ် ပေါက်နိုင်သည်။ ဤသို့ဖြင့် ရောမမြို့၌အသင်း တော်သည် သတင်းကောင်းအသစ်လန်းဆန်းမျုလိုအပ်နိုင်သည်။ 
ထိုကြောင့် တ မန်တော်ရှင်ပေါလုက သူသည် ကိုယ်တော်၌ အပြန်အလှန်ယုံကြည် ခြင်းများအားဖြင့် ခွန်အားရရှိသည်ဟု ပြောခဲ့သည်။ တစ်ကယ်တန်းကျတော့ ကျွန်ုပ်တို့သည် ဘုရားသ ခင်၏မျက်မှောက်တော်၌ နှစ်သိမ့်မှုရရှိကြ၍ ကျွန်ုပ်တို့နှလုံးသားများ သည် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းယုံကြည်ခြင်းအပေါ် ကျေး ဇူးတင်ကာ ငြိမ်သက်ခြင်းခံစားနိုင်ကြသည်။ ကျွန်ုပ်တို့သည် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းမပါ ဘဲ စိတ်ငြိမ်းချမ်းမှုကို ရရှိနိုင်ကြမည် မဟုတ်ပေ။ 
ထိုပြင်၊ “သင်တို့ကို ငါအလွန်တွေ့မြင်လိုသည်မှာ သင်တို့အား ဝိညာဉ်ဆုကျေးဇူးအချို့ကိုဝေမျှပေး၍ သင်တို့ကိုခိုင်ခံ့မြဲမြံစေရန်ဖြစ်၏”ဟု ဖော်ပြထား သည်။ ဤဝိညာဉ်ဆုကျေးဇူးမှာ ရေနှင့်ဝိညာဉ်တော်သတင်းကောင်း ဖြစ်သည်။ လူတစ်ဉီးသည် ရေနှင့်ဝိညာဉ်တော်သတင်း ကောင်းကို ယုံကြည်မှသာလျှင် ဘုရားသခင်၏သားသမီးဖြစ်လာ၍ ကောင်းကြီးမင်္ဂလာများခံစားနိုင်သည်။ သို့သော် လူများ သည် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းမသိဘဲလျက် ဆေးလိပ် နှင့်အရက်သောက်ခြင်းကို ဖျက်၍ အမှားမပြုလုပ်လျှင် သူတို့သည် သခင်ယေရှုကို တစ်နည်းနည်းယုံကြည်ခဲ့ကြသော်လည်း အဘယ် အ ကျိုးရှိလိမ့်မည်နည်း။ သူတို့လုပ်ဆောင်မှုများသည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းနှင့် လုံးဝပတ်သက်မှုမရှိပေ။ ဘုရားသ ခင်၏ဖြောင့်မတ်ခြင်းသည် လူသားများ၏ဖြောင့်မတ်ခြင်းထက် အ တိုင်းအဆမရှိပို၍ ကြီးမားသည်။ လူများ ကို ဘုရားကျောင်းသို့ ခေါ်ဆောင်ရန် လွယ်ကူနိုင်သော်လည်း သူတို့ ထံ ရေနှင့်ဝိညာဉ်တော်သတင်းကောင်းဟောပြောရန် ပို၍အရေးကြီး သောကြောင့် သူတို့သည် အပြစ်များအားလုံးမှ ဖြေလွှတ်ခြင်းခံရ ကြ၍ ကောင်းကင်ဆိုင်ရာ ဝိညာဉ်ကောင်းကြီးမင်္းလာများကို လွှမ်း ခြုံခြင်းအားဖြင့် သူတို့သည် ဘုရားသခင်၏သားသမီးများဖြစ်လာနိုင် ကြသည်။ 
တမန်တော်ရှင်ပေါလုက ရောမမြို့တွင်ရှိသောယုံကြည်သူများထံ မိမိယုံကြည်မှုဖြင့် ခွန်အား ပေးရန် ဆန္ဒရှိခဲ့သည်။ ထိုကြောင့် သူက “ထိုသို့ဆိုသော် သင်တို့နှင့်အတူရှိစဉ် ငါနှင့်သင်တို့နှစ်ဦးနှစ်ဖက်၏ယုံကြည်ခြင်းအားဖြင့် နှစ်သိမ့်မှုကို အတူတကွခံစားနိုင်ရန်ဖြစ်၏”ဟု ပြောခဲ့သည်။ ထိုကြောင့် တမန်တော်ရှင်ပေါလုသည် သူ တို့အား ယုံကြည်မှုရှိစေရန် အသင်းတော်၏ပရိသတ်များအားလုံးထံ စစ်မှန်သောသတင်းကောင်းကို ဟောပြောသဖြင့် သူတို့သည် ရေနှင့် ဝိညာဉ်တော်သတင်းကောင်းယုံကြည်ခြင်းအားဖြင့် ခိုင်ခံမြဲမြံနိုင်ကြ မည် ဖြစ်သည်။ သူသည် ရောမအသင်းတော်၌ ယုံကြည်သူများထံ ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို ဟော ပြော၍ ထိုအရာသည် မှန်ကန်သောအရာဖြစ်သည်ကို သိစေရမည် ဖြစ်သည်။ 
ဤအရာမှာ တမန်တော်ရှင် ပေါလုသည် ယနေ့ကမ္ဘာ၌ အခြားဧဝံဂေလိဆရာများနှင့်မတူညီသည့် အချက် ဖြစ်သည်။ တမန်တော်ရှင်ပေါလုသည် ရောမအသင်းတော်သို့ ပေးပို့ သော ဩဝါဒစာတွင် သူသည် လူများက ဝိညာဉ်ဆု‌ကျေးဇူးအချို့ဝေ မျှ ခြင်းအားဖြင့် ခိုင်ခံ့မြဲမြံစေလို၍ လူများနှင့်သူတို့၏နှစ်ဉီးနှစ်ဖက် ယုံကြည်မှုအားဖြင့်သူတို့ကို ခွန်အားပေးလိုသည်။ ဤအရာမှာ ယနေ့တည်ရှိသောအ သင်းတော်များ၏တရားဟောဆရာများသည် တမန်တော်ရှင်ပေါလု ထံမှ သင်ယူသင့်ကြသည်။ တမန်တော်ရှင်ပေါ လုသည် လူတစ်ဉီးက မှန်ကန်သောညီအစ်ကိုနှင့်မှားယွင်းသောညီ အစ်ကိုကို ပိုင်းခြားနိုင်မည့် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို ဟောပြောလေ့ရှိခဲ့သည်။ ဤနေ့ရက်များတွင် အသင်းတော်များက အသစ်ပါဝင်သူ များအဖွဲ့ကို ဓမ္မသွန်သင်မျုများကို ခြောက်လအတွင်း လက်ခံစေကြ ၍ တစ်နှစ်အတွင်း သူတို့ကို ဗတ္တိဇံပေးခဲ့ကြသည်။ ထိုသို့ ပြုကြသည်။ သခင်ယေရှုသည် ရေနှင့်ဝိညာဉ်တော် သတင်းကောင်းကို ပြည့်စုံစေတော်မူခဲ့သလော၊ မပြည့်စုံစေတော်မူခဲ့ သလောဟူ၍ မသိဘဲလျက် သူတို့သည် ဗတ္တိဇံကို ခံယူခဲ့ကြသည်။ တစ်နည်းအား ဖြင့် လူများသည် အသင်းဝင်သူများဖြစ်ကြသော်လည်း သူတို့သည် ကိုယ်တော်၏ဖြောင့်မတ်ခြင်းကိုခံရသော ဘုရားသခင်၏သားသမီး များမဖြစ်လာနိုင်ကြပေ။ ယနေ့အသင်းတော်များ၏အမှုတော်ဆောင်များသည် ယုံကြည်သူအ သစ်များထံ တောင်းဆိုသောအရာတစ်ခုမှာ ပညတ်တော်ဆယ်ပါးနှင့် တမန်တော်များကျင့်ဝတ်ကို အလွှတ်ကျက်မှတ်ခြင်း ဖြစ်သည်။ ယုံကြည်သူအသစ်များသည် အလွှတ်ကျက်ခြင်းစာမေးပွဲ အောင်မြင်လျှင် သူတို့အား “မင်းက အရက်ဖြတ်မလား။ ဆေးလိပ် ဖြတ်မလား။ လတိုင်းဆယ်ဖို့တစ်ဖို့ပေးမလား။ ကောင်းသောဘဝဖြင့် အသက်ရှင်မလား”ဟု မေးခဲ့ကြသည်။ 
ဥရောပ၊ အာရှနှင့် တစ် ကမ္ဘာလုံးတွင်ရှိသောအသင်းတော်များသည် ဘုရားသခင်၏ဖြောင့် မတ်ခြင်းနှင့်ဝေးကွာရသည့်အကြောင်းမှာ သူတို့သည် လူသားများ၏ ဖြောင့်မတ်ခြင်းကို လိုက်လံကြသောကြောင့် ဖြစ်သည်။ ယခုတွင် ကိုးရီးယားနိုင်ငံ သို့မဟုတ် ‘အာရှ၏ယေရုရှလင်’၌ပင်လျှင် ခရစ်ယာန်လူဉီးရေမှာ လျော့နည်းလျက်ရှိသည်။ ယခုတွင် အသင်းတော်၌ ချီးမွမ်းခြင်းပွဲတော် သို့မ ဟုတ် သီချင်းဆိုပွဲကဲ့သို့သော အထူးအစီအစဉ်များမရှိလျှင် ဘုရား ကျောင်းသို့ မည်သူမည်ဝါမျှ မရောက်လာသည့်အချိန် ဖြစ်ပါသည်။ လူသားများသည်လာ၍ လူသားများထံ “ဆေးလိပ် မသောက်နှင့်၊ သီလနှင့်အသက်ရှင်ပါ၊ ဉပုသ်နေ့စောင့်ရှောက်ပါ၊  စေ တနာ့အလုပ်များစွာလုပ်ဆောင်ပါ’ဟူသော ခေါင်းစဉ်များကို လူငယ် များထံဟောပြောသာမန်တရားဟောချက်များသည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းနှင့်ပတ်သက်မှုရှိပေ။ 
လူတစ်ဉီးသည် အပြစ် ပြုရန်လျှင်မြန်ပြီး အပြစ်ပြုလွယ်သောကြောင့် သူသည်သခင် အပေါ် မှိခိုရခြင်း ဖြစ်သည်။ ထိုကြောင့် လူများသည် ဘုရားသခင်၏အသင်း တော်သို့ လာရောက်ကြသောအခါ ကျွန်ုပ်တို့သည် ရေနှင့်ဝိညာဉ် တော်သတင်းကောင်းဟော‌ေပြောသောကြောင့် သူတို့သည် ဘုရား သခင်၏ဖြောင့်မတ်ခြင်းကို ရရှိနိုင်ကြသည်။ ကျွန်ုပ်တို့သည် မပြည့်စုံသောသူများဖြစ်ကြသော် လည်း သင်နှင့်ကျွန်တော်တို့သည် အပြစ်ကင်းစင်ကြသည်ဟု ပြော သော ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ကျွန်ုပ်တို့သည် သူတို့အပေါ် လွှဲပြောင်းသင့်ကြသည်။ 
ဤအရာကို စိတ်ထဲမှာ မြဲမြံ စွာ ထိန်းသိမ်းပါ။ လူတစ်ဉီးသည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ယုံကြည်ခြင်းအားဖြင့် အပြစ်ကင်းစင်သူဖြစ်လာခဲ့ပြီးနောက် ဘုရား သခင်၏အလိုတော်နှင့်အညီ အသက်ရှင်နိုင်သည်။ လူတစ်ဉီးသည် မိမိအပြစ်ပြဿနာများကို ဖြေရှင်းခဲ့ပြီးမှ သာလျှင် သတင်းကောင်းကို ဟောပြောနိုင်သည်။ သူတစ်ပါးထံ သတင်း ကောင်းဟောပြောခြင်းကျွန်ုပ်တို့၏လုပ်ငန်းမှာ ကျွန်ုပ်တို့အပြစ်၏ ပြ ဿနာများနှင့်ရှေ့တိုး၍မရနိုင်ပေ။ လူတစ်ဉီးသည် အပြစ်ပြဿနာများကို မဖြေ ရှင်းလျှင် သူတစ်ပါးထံ စစ်မှန်သောသတင်းကောင်း မဟောပြောနိုင် ပေ။ 
တမန်တော်ရှင်ပေါလုက သူတစ်ပါးထံ ဝိ ညာဉ်တော်ဆုကျေးဇူးအချို့တို့ကို အမှန်အကန် ဝေမျှနိုင်ခဲ့သည်ဟု ပြောထားသည်။ ရှင်ပေါလုပြောခဲ့သော ဝိညာဉ်ဆုကျေးဇူးမှာ ပစ္စုပ္ပန်ခရစ်ယာန်ဘာသာ၌ ပင်တေကုတ္တေ လှုပ်ရှားမှု၌ ထူးခြားသောဘာစကားပြောကြားခြင်း သို့မဟုတ်အနာ ရောဂါငြိမ်ခြင်းဆုကျေးဇူးမဟုတ်ပေ။ အချို့သောခရစ်ယာန်များက ရူပါရုံမြင်တွေ့ခြင်း၊ ပ ရောဖက်ပြုခြင်း၊ အခြားသောဘာသာစကားပြောခြင်း သို့မဟုတ် အ နာရောဂါငြိမ်းစေခြင်းစသော ထူးခြားသောအဖြစ်အပျက်အချို့တို့ ကို ဆုကျေးဇူးများအဖြစ် လေးစားတတ်ကြသည်။ သို့သော် ဤအ ရာများသည် ကောင်းကင်မှလာသော ဝိညာဉ်ဆုကျေးဇူးများမဟုတ် ကြပေ။ ဆုတောင်းနေစဉ် ရူပါရုံများမြင်တွေ့ခြင်းမှာ ဝိညာဉ်ဆုကျေးဇူးမဟုတ်ပေ။ လူတစ်ဉီးသည် ရိုင်းပျင်းစွာ အော် ဟစ်ခြင်း သို့မဟုတ် သူသည် ထူးဆန်းသောအသံကို ကြားသောအ ခါ သုံးညလုံးလုံးအိပ်မပျော်၍ လှိုင်ဂူထဲတွင် တစ်ယောက်တည်းနေ ထိုင်ခြင်းတို့သည် ဘုရားသခင်၏ဆုကျေးဇူးမဟုတ်ပေ။ လူတစ်ဉီးသည် အခြားသောဘာသာစ ကားကို ပြော၍ လျှာလိပ်သဖြင့် ‘လာ-လာ-လာ-လာ’ဟု ထူးဆန်း သောစကားလုံးများကို အော်ဟစ်ပြီးနောက် ကြမ်းပြင်ပေါ်လွင် မူးလဲ သောသူသည် သန့်ရှင်းသောဝိညာဉ်တော်ရရှိသောသူမဟုတ်ပေ။ ထိုအရာသည် စိတ်မထိန်းနိုင်ဘဲ ရူးသွပ်သောအမူအရာနှင့်တူသည်။ သို့သော် သူတို့သည် ခရစ်ယာန်များအား အခြား သောဘာသာစကားများပြောနည်း သို့မဟုတ် သန့်ရှင်းသောဝိညာဉ် တော်ရရှိနည်းသွန်သင်နိုင်ကြသည်ဟု တိုက်တွန်းသော ‘ခရစ်မား တစ်နိုးထဉီးဆောင်သူများ’စွာရှိကြသည်။ သူတို့သည် မှားယွင်းသောအရာတစ်စုံတစ်ခု ကို ပြုလုပ်၍ သူတို့ပိုင်ဆိုင်သောယုံကြည်ခြင်းများသည် မှန်ကန် သောအရာတစ်စုံတစ်ခု မဟုတ်ပေ။ 
ကျွန်ုပ်တို့သည် ဘုရားသခင်၏ဝိညာဉ်ရေးရာလုပ် ငန်းကို သစ္စာရှိစွာလုပ်ဆောင်၍ ကိုယ်တော့်နောက်တော်သို့ လိုက် လျှောက်ကြသောအခါ သန့်ရှင်းသောဝိညာဉ်တော်အသက်စမ်းရေ သည် ကျွန်ုပ်တို့နှလုံးသားများမှ စီးထွက်လာသည်။ ကျွန်ုပ်တို့သည် ဇာတိလုပ်ဆောင်ချက်များ လျော့နည်းစေ၍ ဝိညာဉ် ရေးရာလုပ်ဆောင်ချက်များလိုက်လျှောက်ကြသောအခါ ကျွန်ုပ်တို့ နှလုံးသား၌ သန့်ရှင်းသောဝိညာဉ်တော်ရေသည် စီးထွက်လာသည်။ ခရစ်ယာန်များသည် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းယုံကြည် ခြင်းအားဖြင့် အပြစ်ဖြေလွှတ်ခြင်း ဝိညာဉ်ရေးရာဆုကျေးဇူးရရှိသင့် ကြသည်။ ယနေ့အသင်းတော်များ၏ထိုင်ခံများများအားဖြင့် များစွာ သောခရစ်ယာန်တို့သည် ယခုတွင် အပ္ပါယ်ငရဲသို့ ဉီးတည်နေကြ သည်ဟု လူအချို့က ပြောကြသည်။ ယနေ့အသင်းတော်များသည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ဟောပြောကြမည့်အစား လူသား များ၏ဖြောင့်မတ်ခြင်းကိုသာ ခွန်အားပေးကြသည်ဟု ဤအရာက ညွှန်ပြထားသည်။ ညီအစ်ကိုများ၊ လူတစ်ဉီးသည် ဘုရား‌ကျောင်းသို့ တက်ပြီး နောက် လူသားများ၏ဖြောင့်မတ်ခြင်းများစွာတို့ကို ပုံထားလျှင် တောင် သူသည် ဤသို့သောလုပ်ဆောင်ချက်များအားဖြင့် ဝိညာဉ် ဆုကျေးဇူးများရရှိနိုင်သည်ကို မဆိုလိုပေ။ ကျွန်ုပ်တို့သည် ဝိညာဉ်ဆုကျေးဇူးကို ရရှိနိုင်ရန် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို ယုံကြည်ခြင်းအားဖြင့် ကျွန်ုပ် တို့နှလုံးသားများ၌ ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို သိမ်းယူသင့် ကြသည်။ 
အပိုဒ်ငယ် ၁၃မှ ၁၇ ကို ဖတ်ရှု ကြပါစို့။ “ညီအစ်ကိုတို့၊ ငါသည် အခြားသောလူမျိုးခြားတို့တွင် အသီးအပွင့်ရရှိသကဲ့သို့ သင်တို့တွင်လည်း အသီးအပွင့်တစ်စုံတစ်ခုရရှိရန် သင်တို့ထံသို့လာမည်ဟု အကြိမ်ကြိမ်စီစဉ်ခဲ့သော်လည်း ယခုတိုင်အောင် တားဆီးခြင်းခံရကြောင်းကို သင်တို့မသိဘဲမနေစေလိုပါ။ ငါသည် ဂရိလူမျိုးနှင့်လူရို င်းတို့အပေါ်၌ဖြစ်စေ၊ ပညာရှိနှင့်ပညာမဲ့တို့အပေါ်၌ဖြစ်စေ အကြွေးတင်သူဖြစ်၏။ 15ထို့ကြောင့် ငါ့အနေဖြင့် ရောမမြို့၌ရှိသော သင်တို့အားလည်း ဤကောင်းမြတ်သောသတင်းကိုဟောပြောရန် စိတ်အားထက်သန်လျက်ရှိ၏။ ငါသည် ကောင်းမြတ်သောသတင်းအတွက် ရှက်ကြောက်ခြင်းမရှိ။ အကြောင်းမူကား ဤသတင်းသည် ဦးစွာဂျူးလူမျိုး ထို့နောက် ဂရိလူမျိုးအပါအဝင် ယုံကြည်သောသူအပေါင်းတို့အား ကယ်တင်ခြင်းရရှိစေသော ဘုရားသခင်၏တန်ခိုးတော်ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် “ဖြောင့်မတ်သောသူသည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်လိမ့်မည်”ဟု ကျမ်းစာ၌ရေးထားသည့်အတိုင်း ယုံကြည်ခြင်းအပေါ်အခြေခံလျက် ယုံကြည်ခြင်းသို့ပို့ဆောင်သည့်ဘုရားသခင်၏ဖြောင့်မတ်ခြင်းတရားသည် ဤကောင်းမြတ်သောသတင်း၌ထင်ရှားလျက်ရှိ၏။”
တမန်တော်ရှင် ပေါလုက ရောမမြို့သို့ သွားလိုခဲ့သည်။ သို့သော် သူသည် ဟန့်တား ခြင်းခံခဲ့ရသောကြောင့် သူသည် မသွားနိုင်ခဲ့ပေ။ ထိုကြောင့် သူသည် မိမိသာသနာလုပ်ငန်းတံခါးဖွင့် လှစ်ရန်အတွက် ဆုတောင်းခဲ့သည်။ ထိုနည်းတူ၊ ကျွန်ုပ်တို့ သည် စာပေသာသနာလုပ်ငန်းများအားဖြင့် တစ်ကမ္ဘာလုံးသို့ သ တင်းကောင်းဟောပြောစဉ် ဤသို့သောဆုတောင်းခြင်းမျိုးဖြင့် ဆု ‌တောင်းသင့်ကြသည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏နှလုံးသားကို ရွေ့လျားရန် တို့ထိ၍ ဘုရားသခင်သည် ကျွန်ုပ်တို့အတွက် တံခါးနှင့် လမ်းဖွင့်ပေးမှသာလျှင် ကျွန်ပ်တို့သည် တစ်ကမ္ဘာလုံးသို့ ရေနှင့်ဝိ ညာဉ်တော်သတင်းကောင်း ဟောပြောနိုင်ကြမည် ဖြစ်သည်။ 
 

လူသားများအားလုံးထံ အကြွေးမှီတင်သောရှင်ပေါလု

တမန်တော်ရှင်ပေါလုက မည်သူများထံ အကြွေးတင်၍ အပိုဒ် ငယ် ၁၄ နှင့် ၁၅ တွင် သူပြောခဲ့သော အကြွေးမျိုးမျိုး အဘယ်အရာ ဖြစ်သနည်း။ သူသည် ဂရိလူမျိုးများနှင့် တစ်ပါးအမျိုးသားများအပေါ် အ ကြွေးတင်သည်ကိုလည်းကောင်း၊ သူတို့ထံ ရေနှင့်ဝိညာဉ်တော်သ တင်းကောင်း ဟောပြောခြင်းအကြွေးတင်သည်ကိုလည်းကောင်း သူ ပြောခဲ့သည်။ ထိုကြောင့် သူသည် တတ်နိုင်တရွေ့ ရောမမြို့တွင်ရှိသောဤလူများထံ သတင်းကောင်း ဟောပြောရန် ဆန္ဒရှိခဲ့သည်။ 
ထိုကြောင့် အသင်း တော်အပေါ် တမန်တော်ရှင်ပေါလုရေးသားသောဩဝါဒစာ၏ရည် ရွယ်ချက်မှာ စစ်မှန်သောသတင်းကောင်းဟောပြောခြင်း ဖြစ်သည်။ ရောမမြို့တွင်ရှိသောအသင်းတော်အတွင်း၌ ရှိသောလူသားများ၏နှလုံးသား၌ပင်လျှင် ယုံကြည်ခြင်းအားဖြင့် ရေ နှင့်ဝိညာဉ်တော်သတင်းကောင်း ခိုင်ခံ့စွာ မရပ်တည်နိုင်သည်ကို သိ သိခဲ့သောကြောင့် သူက သတင်းကောင်းကို ဝိညာဉ်ဆုကျေးဇူးအဖြစ် ရည်ညွှန်းထားခြင်း ဖြစ်သည်။ ထိုကြောင့် သူသည် အသင်းတော်အတွင်း၌ရှိခဲ့သောသူများ နှင့် ကမ္ဘာပေါ်တွင်ရှိသောလူသားအားလုံးထံ ရေနှင့်ဝိညာဉ်တော်သ တင်းကောင်းကို ဟောပြောခဲ့သည်။ သူ သည် ပညာရှိသူများ၊ ပညာမဲ့သူများ၊ ဂရိလူမျိုးများနှင့် တစ်ပါးအမျိုး သားများထံ အကြွေးမြီတင်ခဲ့သည်ဟု သူပြောခဲ့သည်။ 
ရှင်ပေါလုသည် မည် သို့သောအကြွေးမျိုးကို တင်ခဲ့သနည်း။ သူသည် ကမ္ဘာပေါ်တွင်ရှိ သောလူသားအားလံဒးထံ ရေနှင့်သန့်ရှင်းသောဝိညာဉ်တော်သတင်း ကောင်းဟောပြောရန် အကြွေးမြီတင်ခဲ့သည်။ သူသည် ကမ္ဘာပေါ်တွင်ရှိသောလူသားများထံ တင်နေသော အကြွေးများ အားလုံးကို ပေးဆပ်ရန် တိုက်တွန်းခဲ့သည်။ ဤသို့ဖြင့် ယခု တွင် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းပိုင်ဆိုင်ူသူများသည် သ တင်းကောင်းဖြန့်ချိရန် အကြွေးတင်ကြသည်။ သူတို့ပေးဆပ်ရ မည့်အကြွေးမှာ သတင်းဟောပြောခြင်းလုပ်ငန်း ဖြစ်သည်။ ဤအကြောင်း ကြောင့် ကျွန်ုပ်တို့သည် ဤအချိန်တွင် တစ်ကမ္ဘာလုံးသို့ ရေနှင့်ဝိ ညာဉ်တော်သတင်းကောင်းဟောပြောရခြင်း ဖြစ်သည်။ 
လူများက ကားတိုင်၏အသွေးတော်သာ လျှင် ကယ်တင်ခြင်းအားလုံးဖြစ်သည်ဟု မှားယွင်းစွာ ယူဆတတ် ကြသည်။ သို့သော် ကောင်းကင်နှင့်ဆိုင် သောသမ္မာကျမ်းသက်သေခံသည့်သတင်းကောင်းမှာ တမန်တော်ရှင် ပေါလုသက်သေခံခဲ့သော ရေနှင့်ဝိညာဉ်တော်သတင်းကောင်း ဖြစ် သည်။ ထို ကြောင့် ရောမဩဝါဒစာ အခန်းကြီး ၆ တွင် ရှင်ပေါလုက သူသည် သခင်ယေရှုခရစ်တော်နှင့်ကိုယ်တော်၏အသေခံတော်မူခြင်း၌ ဗတ္တိဇံ ခံယူခဲ့သည်ဟု ပြောခဲ့သည်။ ရောမအသင်းတော် တွင် ကားတိုင်၏အသွေးတော်ကိုသာ ယုံကြည်ခဲ့သော သာမန်ခရစ် ယာန်များရှိခဲ့သောကြောင့် ရှင်ပေါလုက သခင်ယေရှုခံယူတော်မူခဲ့ သော ဗတ္တိဇံ၏လျှို့ဝှက်ချက်ကို ဟောပြောလိုခြင်း ဖြစ်သည်။ ဤသို့ဖြင့် ကျွန်ုပ်တို့ သည် အသင်းတော်၌ အချိန်ကြာမြှင့်စွာနေခဲ့ကြသော်လည်း ရေနှင့် ဝိညာဉ်တော်သတင်းကောင်း မကြားရသေးသောသူများထံ သတင်း ကောင်းဟောပြောရခြင်း ဖြစ်သည်။ ခရစ်ယာန်များအား သူတို့သည် အပြစ်ရှိသလော၊ မရှိသလောဟု မေး သောအခါ သူတို့က ဤမေးခွန်းသည် သူတို့အတွက် အသုံးမဝင်၊ သူ တို့၏ကိုယ်ရေးကိုယ်တာကိစ္စနှင့်မပတ်သက်ပေဟု ယူဆကြသည်။ သို့သော် ဤမေးခွန်းသည် အလွန်အရေးပါ၍ အ လွန်တန်ဖိုးကြီးသောအချက် ဖြစ်သည်။ လူသား များသည် အပြစ်များကြောင့် အပ္ပါယ်ငရဲသို့ ဉီးတည်နေကြလျှင် ဤ သို့သောမေးခွန်းမျိုးကို သူတို့ထံ မည်သူကမေး၍ ဖြေရှင်းချက်ကို ပြင်ဆင်ပေးနိုင်မည်နည်း။ ရေနှင့်ဝိညာဉ်တော်သ တင်းကောင်းအားဖြင့် ဒုတိယမွေးဖွားခြင်းခံရပြီးနောက် မိမိနှလုံး သား၌ အပြစ်ကင်းစင်သောသူများသာလျှင် ဤသို့သောမေးခွန်းမျိုး ကို မေးနိုင်၍ လူများထံ မှန်ကန်သောအဖြေကို ပြောကြားနိုင်ကြ သည်။ ဒုတိယမွေးဖွားခြင်းခံရသောယုံကြည်သူများ သာလျှင် အပြစ်သားများတစ်ကြိမ်တစ်ခါမျှ မကြားဘူးသေးသော ရေ နှင့်ဝိညာဉ်တော်သတင်းကောင်းဖြစ်သော မှန်ကန်သောသတင်း ကောင်းကို ဝေငှခြင်းအားဖြင့် အပြစ်သားများကို ဒုတိယမွေးဖွားခြင်း ခံစေနိုင်ကြသည်။ 
ညီအစ်ကိုမောင်နှမ များ၊ လူတစ်ဉီးသည် သခင်ယေရှုကို ယုံကြည်လျှင်လည်း ရေနှင့်ဝိ ညာဉ်တော်သတင်းကောင်းအားဖြင့် ဒုတိယမွေးဖွားခြင်းမခံရလျှင် သူတို့သည် ဘုရားသခင်၏နိုင်ငံတော်ကို မြင်နိုင်မည်မဟုတ်ပေ။ ထိုကြောင့် သင့်ထံ ရေနှင့်ဝိ ညာဉ်တော်သတင်းကောင်းဟောပြောခြင်းအားဖြင့် အပြစ်ဖြေလွှတ် ခြင်းရရှိစေရန် သင့်အားအပြစ်သားများကို တွေ့ဆုံသောအခါ ကျေး ဇူးတင်ရမည် ဖြစ်သည်။ ထိုနောက် သင်သည် ကြီးမားသောကောင်းကြီးမင်္ဂလာကို ခံစားရ လိမ့်မည်။ 
 

ရှင်ပေါလုမရှက်သောသတင်းကောင်း

အပိုဒ်ငယ် ၁၆ တွင် တမန်တော်ရှင်ပေါ လုက မည်သည့်အရာအတွက် မရှက်ခဲ့သနည်း။ ၎င်းမှာ ရေနှင့်ဝိညာဉ်တော်သတင်း ကောင်းဖြစ်သည်။ ဤသတင်း ကောင်းမှာ ယုံကြည်သူအားလုံးအတွက် ကယ်တင်ခြင်းရရှိရန် ဘု ရားသခင်၏တန်ခိုးတော်ဖြစ်သောကြောင့် ရှင်ပေါလုက ၎င်းကို “ငါ့ သတင်းကောင်း”(ရောမ ၂း၁၆, ၁၆း၂၅)ဟု မှည့်ခေါ်ခဲ့၍ သူက ထိုသ တင်းကောင်းကို ရှက်စရာအဖြစ် ထင်မှတ်မည့်အစား ဝါကြွား၍ ဉီး ထိတ်ထားခဲ့သည်။ သူသည် ရေနှင့်ဝိ ညာဉ်တော်သတင်းကောင်းမရှက်ရခြင်းအကြောင်းမှာ ဤသတင်း ကေင်းသည် ဘုရားသခင်နှင့်လူသားများအားလုံးခွဲခွါစေသော အပြစ် ၏အတားအဆီးကို ဖျက်ဆီး၍ လူသားများကို လုံးဝ အပြစ်ကင်းစင် သူဖြစ်စေသောသတင်းကောင်း ဖြစ်သောကြောင့် ဖြစ်သည်။ လူများသည် ကားတိုင် ၏အသွေးတော်သတင်းကောင်းကိုသာယုံကြည်ကြလျှင် အပြစ်များ ဆေးကြောခြင်းခံရလိမ့်မည်လော။ ဤသို့ သောယုံကြည်မှုအားဖြင့် ယခုတိုင်အောင် ကျူးလွန်သောအပြစ် များ မဆေးကြောနိုင်ဘဲ အနာဂတ်အပြစ်များကိုလည်း ဆေးကြောခြင်းမ ပေးနိုင်ပေ။ ထိုကြောင့် ဤသို့သောယုံကြည်ခြင်းပိုင်ဆိုင်သူများသည် နေ့တိုင်းနောင်တနှင့်စပ်ဆိုင်သောဆုတောင်းခြင်းများအားဖြင့် သူတို့ ၏အပြစ်များဆေးကြောရန် ကြိုးစားကြသည်။ သူတို့နှလုံးသားများသည် အပြစ်များဖြင့်သာ ပြည့်နေသည်ကိုလည်းကောင်း၊ သူတို့သည် အပြစ်သားများဖြစ်ကြ သည်ကိုလည်းကောင်း သူတို့ဝန်ခံကြသည်။ အပြစ်ပိုင်ဆိုင်သောခရစ်ယာန် အပြစ်သားများသည် ‘သတင်းကောင်း’မှာ သူတို့အတွက် ‘ဝမ်း မြောက်ဖွယ်ရာသတင်းကောင်း’မဟုတ်သောကြောင့် သူတို့သည် သ တင်းကောင်းအကြောင်းကို သူတစ်ပါးထံ မဟောပြောနိုင်ကြပေ။ ဂရိဘာသာစကားအားဖြင့် သတင်းကောင်းမှာ ‘euaggelion’  ဖြစ်၍ တစ်နည်းအားဖြင့် ဤလောကရှိအပြစ်များ အားလုံးကို ဖယ်ရှားပေးရန်အစွမ်းရှိသောသတင်းကောင်း ဖြစ်သည်။ စစ်မှန်သောသတင်း ကောင်းသာလျှင် ဒိုင်နမိုက်နှင့်တူသည်။ ဤအရာမှာ ဤလော ကရှိအပြစ်များ အားလုံးကို ဖယ်ထုတ်ပေးသောစစ်မှန်သောသတင်း ကောင်း ဖြစ်သည်။ ထိုကြောင့် အပြစ်ကို ဖယ်ရှားပေးနိုင်သော ရေနှင့်ဝိညာဉ်တော်သ တင်းကောင်းယုံကြည်သူရှင်ပေါလုကဲ့သို့သော လူတစ်ဉီးသည် ထိုသ တင်းကောင်းကို မရှက်ကြပေ။ ယနေ့များတွင် ခရစ် ယာန်များပင်လျှင် သတင်းကောင်းဟောပြောခြင်းကို ရှက်ဟန်တူ ကြသည်။ သို့သော် ဘုရားသခင်၏ဖြောင့် မတ်ခြင်းကို ပိုင်ဆိုင်သူများသည် သတင်းကောင်းဟောပြောကြ သောအခါ ဂုဏ်သိက္ခာနှင့်ဘုန်းတော်၌ ပို၍ ရပ်တည်ကြသည်။ တမန်တော်ရှင်ပေါလုသည် သတင်း ကောင်းဟောပြောနေစဉ် အနည်းငယ်ပမာဏမျှ ရှက်ကြောက်ခြင်းမ ရှိခဲ့ပေ။ သူဟောပြောသောသတင်း ကောင်းမှာ ရေနှင့်ဝိညာဉ်တော်သတင်းကောင်း ဖြစ်သောကြောင့် ဖြစ်သည်။ ဤလှပသော သတင်းကောင်းမှာ ယုံကြည်သူအားလုံးအတွက် ကယ်တင်ခြင်းပေး ရန် ဘုရားသခင်၏တန်ခိုးတော် ဖြစ်သောကြောင့် ဖြစ်သည်။ 
ဤသတင်းကောင်းမှာ အပြစ်မှ ဖြေလွှတ်ခြင်းခံရရန် သူ့ထံ သတင်းကောင်းဟောပြောသောအခါ ယုံ ကြည်သူအားလုံးအား အပြစ်ဖြေလွှတ်ခြင်းခံရစေသော တန်ခိုးကြီး သောသတင်းကောင်း ဖြစ်သည်။ တရားနာသူများသည် နှလုံးသားဖြင့် သတင်း ကောင်းကို သိမ်းပိုက်ကြလျှင် လောကအပြစ်များ အကုန်အစင် ဆေး ကြောခြင်းခံရကြသည်။ သို့သော် ကားတိုင်၏အသွေးတော်တစ်ခုတည်းသတင်းကောင်းက လူသား များထံ ဗီဇအပြစ်ကိုသာ ဖယ်ရှားသည်ဟု ပြောသောကြောင့် နေ့ တိုင်းနောင်တရခြင်းအားဖြင့် သူတို့နေ့စဉ်ကျူးလွန်သောအပြစ်များ ကို ဖယ်ရှားရမည်ဟုပြောသော မပြည့်စုံသော ကယ်တင်ခြင်းအ ကြောင်းကိုသာ ပြောသည်။ ၎င်းသည် တရားနာသူများအပေါ် အပြစ်၏အရသာကိုသာ ချန်ထားသည်။ 
သခင်ယေရှု၏တန် ခိုးတော်သည် မလုံလောက်သောကြောင့် ကိုယ်တော်သည် အပြစ်အ ချို့ကို ယူဆောင်သွားတော်မူခဲ့သလော။ သ ခင်ယေရှုသည် လူသားများကို ကောင်းမွန်စွာ သိတော်မူခဲ့သော ကြောင့် ကိုယ်တော်သည် အပြစ်တစ်စုံတစ်ခုကိုမျှ ချန်ထားတော်မမူ ခဲ့ပေ။ ကိုယ်တော်သည် ရေ၊ အသွေးနှင့် သန့်ရှင်း သောဝိညာဉ်တော်အားဖြင့် အပြစ်များအားလုံးကို ယူဆောင်သွား တော်မူခဲ့သည်။ ဤလှပသောသတင်းကောင်းသည် သခင်ယေရှု၏ဗတ္တိဇံ နှင့် ကားတိုင်ပေါ်တွင် အသွေးတော်သတင်းကောင်းကို ကြားနာ၍ ယုံကြည်သူများအားလုံးအပေါ် အပြစ်မှ ပြည့်စုံသောကယ်တင်ခြင်း ကို ပေးအပ်သည်။ 
ထိုကြောင့် သတင်းကောင်း မှာ ယုဒလူများဖြစ်စေ၊ ဂရိလူများဖြစ်စေ လူသားအားလုံးအပေါ် တူ ညီသောတန်ခိုးရှိသည်။ ရေ နှင့်ဝိညာဉ်တော်သတင်းကောင်းသည် သူတို့ထံ သတင်းကောင်း ဟောပြောသောအခါ သခင်ယေရှုကို ယုံကြည်သူအားလုံးအပေါ် အ ပြစ်မှ တူညီသောကယ်တင်ခြင်းပေးထားသည်။ တစ်ဖက်တွင် လူတစ်ဉီးသည် ရေနှင့်ဝိညာဉ်တော်သတင်း ကောင်းထက် အခြားသောအရာတစ်စုံတစ်ခုကို ဟောပြောသောအ ခါ သူသည် ဘုရားသခင်၏အမျက်တော်ကို ခံရလိမ့်မည်။ ထိုကြောင့် ရှင်ပေါလုက “သို့သော် ငါတို့ကဖြစ်စေ၊ ကောင်းကင်မှ ကောင်းကင်တမန်ကဖြစ်စေ သင်တို့အား ငါတို့ဟောပြောသည့်ကောင်းမြတ်သောသတင်းနှင့် ကွဲလွဲခြားနားသည့်အရာကို ဟောပြောလျှင် ထိုသူသည် ကျိန်ခြင်းကိုခံပါစေ”(ဂလာတိ ၁း၈)ဟု ပြောခဲ့သည်။ အခြားသ တင်းကောင်းအားလုံးမှ စစ်မှန်သောသတင်းကောင်းမှာ ရေနှင့်ဝိ ညာဉ်တော်သတင်းကောင်းသာလျှင် ဖြစ်သည်ဟု တမန်တော်ရှင်ပေါ လုက ရှင်းလင်းစွာ ဖော်ပြခဲ့သည်။ လူတစ်ဉီးသည် ဟေလသလူဖြစ်စေ၊ ယုဒလူဖြစ်စေ၊ သူသည် အစ္စ လမ်၊ ကွန်ဖြူးရှပ်၊ ဗုဒ္ဓ၊ တိုယဲမ်၊ နေဘုရား သို့မဟုတ်အခြားသောအ ရာတစ်စုံတစ်ခုကို ယုံကြည်သည်ဖြစ်စေ လူတိုင်းသည် သတင်း ကောင်းကို ကြားနာရန် အခွင့်အရေးရရှိကြသည်။ ထိုပြင်၊ ဤရေနှင့် ဝိညာဉ်တော်သတင်းကောင်းသည် သူတို့အား အပြစ်များအားလုံးမှ ကယ်တင်ခြင်းခံရသောအခွင့်ကောင်းကို ပြင်ဆင်ပေးသည်။ ထိုကြောင့် သခင်ယေရှုခရစ်တော်သည် ဘုရားဖြစ်တော်မူသည်ကိုလည်း ကောင်း၊ ကိုယ်တော်သည် စကြာဝဠာတစ်ခုလုံးကို ဖန်ဆင်းတော်မူ ခဲ့သည်ကိုလည်းကောင်း၊ ကိုယ်တော်သည် ကျွန်ုပ်တို့အား ကယ်တင် တော်မူရန် လူသားတစ်ဉီးအဖြစ် ဤလောကသို့ ကြွဆင်းတော်မူခဲ့ သည်ကိုလည်းကောင်း၊ ကိုယ်တော်သည် ယောဟန်ထံမှ ဗတ္တိဇံခံယူ တော်မူခြင်းအားဖြင့် ကျွန်ုပ်တို့အပြစ်များအားလုံးကို ယူဆောင်သွား တော်မူခဲ့သည်ကိုလည်းကောင်း၊ ကိုယ်တော်သည် ကားတိုင်ပေါ်တွင် အသေခံတော်မူခြင်းအားဖြင့် ကျွန်ုပ်တို့အပြစ်များအတွက် တရားစီ ရင်ခြင်းခံတော်မူခဲ့သည်ကိုလည်းကောင်း ကျွန်ုပ်တို့ဟောပြောသင့် ကြသည်။ 
ထိုကြောင့် တမန်တော်ရှင် ပေါလုသည် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို မရှက်ခဲ့ပေ။ ကားတိုင်တစ်ပါးတည်း ၏သတင်းကောင်းမှာ ရှက်စရာကောင်းသောသတင်းကောင်းဖြစ်ရ မည်ဖြစ်၍ ရေနှင့်ဝိညာဉ်တော်သတင်းကောင်းမှာ ရှက်စရာမဟုတ် သော်လည်း ၎င်းသည် ဝါးကြွားစရာ၊ ဂုဏ်သိက္ခာစီးဆင်းစေသော ကောင်းမွန်၍ တန်ခိုးရှိသောသတင်းကောင်း ဖြစ်သည်။ ဤသတင်းကောင်းကို ယုံကြည်သူများမှာ သူသည် ဘုရားသခင်၏သားသမီးဖြစ်စေခဲ့သောအချက်ကို ယုံကြည်ခြင်းအား ဖြင့် သန့်ရှင်းသောဝိညာဉ်တော်၏ပြည့်ဝခြင်းကို ခံစားရရှိကြသည်။ လှပ သောရေနှင့်ဝိညာဉ်တော်သတင်းကောင်း ဘယ်တော့်မှ ရှက်စရာ ကောင်းသောသတင်းကောင်းမဟုတ်ပေဟု ကျွန်တော်သင့်ကို ပြော ကြားသည်။ သို့သော် ကားတိုင်၏အသွေး တော်တစ်ပါးတည်သာယုံကြည်ခြင်းသည် ရှက်စရာကောင်းသော သတင်းကောင်း ဖြစ်သည်။ 
ခရစ်ယာန် များ၊ သင်သည် ကားတိုင်၏အသွေးတော်တစ်ပါးတည်းသတင်း ကောင်းကို ဟောပြောသည့်အချိန်တိုင်းတွင် ရှက်ခဲ့ကြသလော။ သခင်ယေရှု၏ဗတ္တိဇံမပါသော အသွေးတော်တည်းသ တင်းကောင်းကို သင်သည် ဟောပြော၍ ယုံကြည်ခဲ့သောအခါ ရှက် ခဲ့ပါသလော။ သင်သည် ဤသို့အသုံးမဝင်သောသ တင်းကောင်းမျိုးကို ဟောပြောခြင်းမှာ ရှက်သောကြောင့် သင်သည် ‘သခင်ယေရှုကို ယုံကြည်ပါ။ ယေရှုကို ယုံကြည်ပါ”ဟု ဟစ်ကြွေးရန် လမ်းမများပေါ်တွင် မထွက်မီ သင်သည် သခင့်အတွက် အမြဲတမ်းငို ကြွေးနိုင်သည်၊ သို့မဟုတ် သင်သည် မိမိခံစားချက်ပြည့်စေရန် အ ခြားသောစကားများဖြင့် တယူသန်စွာ ဆုတောင်းနိုင်သည်။ 
 လူတစ်ဉီးသည် ခံစားချက်စီးဆင်းလာ၍ တစ်စုံတစ် ခုပြုလုပ်ခြင်းမှာ ဤအရာဖြစ်သော်လည်း လူတစ်ဉီးသည် လှုံ့လစိတ် ဖြင့် လုပ်ဆောင်နိုင်သောအရာမဟုတ်ပေ။ ကားတိုင်ပေါ်တွင် အသွေးတော်ကိုသာ ယုံကြည်သူများသည် ဧဝံဂေလိအတွက် လမ်းမများပေါ်တွင် သွား ကြသည့်အခါ သူတို့သည် သောင်းသောင်းဖျဖျဟစ်ကြွေးကြ၍ စိတ် အနှောင့်အယှက် ဖြစ်စေသည်။ သူတို့သည် အသံချဲ့စက်ဖြင့် မိုက်ကို မိမိပါးစပ်ဖျားနှင့်ကပ်စေ၍ “သခင်ယေရှု၊ ကောင်းကင်နိုင်ငံတော်သို့၊ မယုံကြည်မှု၊ အပ္ပါယ်ငရဲသို့”စကားလုံးများ ဟစ်ကြွေးကြသည်။ သို့သော် ရေနှင့်ဝိညာဉ်တော်သတင်း ကောင်းယုံကြည်သူတစ်ဉီးသည် လူကြီးလူကောင်းဆန်သောဖက်ရှင် ဖြင့် သတင်းကောင်းကို ဟောပြော၍ သူ၏ကျမ်းစာကို ဖွင့်၍ လက္ဘက်ရည်သောက်ကာ အခြားသူများနှင့်နှီးနှောတိုင်ပင်ကြသည်။ 
 

ဘုရားသခင်၏ဖြောင့်မတ်ခြင်းသတင်းကောင်းအကြောင်းကို မည်သို့ ပြောရသနည်း။

အပိုဒ်ငယ် ၁၇ တွင် ခရစ်တော်၏ကယ်တင်ခြင်းအကြောင်း နှင့်ပတ်သက်၍ မည်သည့်အရာကို ပြောခဲ့သနည်း။ “ဘုရားသခင်၏ဖြောင့်မတ်ခြင်း”ကို ဘုရားသခင်၏သတင်းကောင်း ၌ ထင်ရှားခဲ့သည်ဟု ပြောခဲ့သည်။ ဘုရားသခင်၏ဖြောင့်မတ်ခြင်းမှာ စစ်မှန်သောသတင်းကောင်း၌ ပြည့်စုံစွာ ထင်ရှားခဲ့သည်။ ဘုရား သခင်၏ဖြောင့်မတ်ခြင်းကို ယုံကြည်ခြင်းမှ ယုံကြည်ခြင်းသို့ ဖြောင့် မတ်ခြင်းတရား၌ ထင်ရှား၍ ယုံကြည်ခြင်းအားဖြင့် အသက်ရှင်သင့် သည်ဟု ပြောထားသည်။ ကားတိုင်၏အသွေးတော်တစ်ပါးတည်းဟောပြောသောသ တင်း ကောင်းတွင် ဘုရားသခင်၏ဖြောင့်မတ်ခြင်းမပါဝင်ပေ။ 
ညီအစ်ကိုများ၊ လူတစ်ဉီး သည် ဗီဇအပြစ်ဖြေလွှတ်ခြင်းခံခဲ့သော်လည်း နေ့စဉ်အပြစ်များအ တွက် နေ့တိုင်း နောင်တနှင့်စပ်ဆိုင်သောဆုတောင်းခြင်းပြုရမည်ကို လည်းကောင်း၊ လူတစ်ဉီးသည် တဖြည်းဖြည်းစင်ကြယ်လာခြင်းမှာ ပြည့်စုံစွာ ဖြောင့်မတ်သူဖြစ်လာနိုင်သည်ကိုလည်းကောင်း ပြောလျှင် ဤသို့သောယုံကြည်ခြင်းမျိုး၌ ဘုရားသခင်၏ဖြောင့်မတ်ခြင်းပါဝင် သလော။ ဤအရာသည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းထင်ရှား သောအရာမဟုတ်ပေ။ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို ထင်ရှားသောအရာတစ်စုံတစ်ခုမှာ ပြည့်စုံသော အရာကို ပြောသည်။ ရေနှင့်ဝိညာဉ်တော်သတင်းကောင်းသည် အစမှ အဆုံးထိ တိုင်အောင် ပြည့်စုံသောသတင်းကောင်းအကြောင်းကို ပြောသည်။ 
သင်သည် နေ့တိုင်း သို့မဟုတ် အပတ်တိုင်း သို့မဟုတ် လတိုင်း ရှက် ဖွယ်ကောင်းသောအရာများ ဖုံးအုပ်ရန် သင်္ဘော သဖန်းပင်ရွက် များကို အသစ်ပြုလုပ်ခြင်းအဖြစ် နေ့စဉ်ကျူးလွန်သောအပြစ်များ ကြောင့် နေ့တိုင်းနောင်တနှင့်စပ်ဆိုင်သောဆုတောင်းခြင်းများပြု လုပ်နိုင်သည်။ လူတစ်ဉီး သည် နေ့တိုင်းနောင်တဆုတောင်းခြင်းအားဖြင့် အပြစ်အပြစ်သား တစ်ဉီးဖြစ်လာခြင်းမှာ သင်္ဘောတဖန်းရွက်များဖြင့် မိမိရှက်ဖွယ် သောကိုယ်ခန္ဓာကို ဖုံးအုပ်ခြင်းနှင့်တူသည်။ ဤအရာသည် ကားတိုင်း၏အသွေးတော် တည်းသတင်းကောင်းကိုယုံကြည်သူများ၏ဘာသာရေးဘဝအခြေအ နေ ဖြစ်သည်။ သူတို့်သည် ဘုရားသခင်အခမဲ့ပေးတော်မူခဲ့သော သားရေ အဖုံးများကို မဝတ်လိုကြဘဲ သင်္ဘာတဖန်းရွက်များအဖုံးများကိုသာ ဝတ်ဆင်လိုသော မိုက်မဲသောသူများ ဖြစ်ကြသည်။ သခင်ယေရှု ၏ကားတိုင်ပေါ်တွင် အသွေး တော်မှာ သခင်ယေရှု၏ဗတ္တိဇံကြောင့် ဖြစ်၍သခင်ယေရှုသည် ကျွန်ုပ်တို့အပြစ်များကို ယူဆောင်သွားခြင်းအားဖြင့် ကားတိုင်ပေါ် တွင် အသွေးတော်သွန်းလောင်းခြင်းမဟုတ်ပေ။ ကိုယ်တော်သည် ဗတ္တိဇံခံယူတော်မူခဲ့သောအခါ ကျွန်ုပ်တို့အပြစ်များ ယူဆောင်သွားတော်မူခဲ့ပြီးနောက် လောကအ ပြစ်များအားလုံးကို ကားတိုင်ပေါ်တွင် ယူဆောင်ကာ လောကအပြစ် များပေးဆပ်ရန် အသေခံတော်မူခဲ့သည်။ ထိုကြောင့် ကားတိုင်မှာ ကိုယ်တော်ခံယူတော်မူခဲ့သော ဗတ္တိဇံ၏ကွင်းဆက်ဖြစ် သည်။ သခင်ယေရှုသည် ဗတ္တိဇံအားဖြင့် ကျွန်ုပ်တို့အ ပြစ်များအားလုံးကို ယူဆောင်သွားတော်မူခဲ့သောကြောင့် ကားတိုင် ပေါ်တွင် အသွေးတော်သွန်းလောင်းခြင်းမှာ ကျွန်ုပ်တို့အပြစ်များအား လုံးအတွက် ပြစ်ကြွေးပေးဆပ်ရန် နောက်ဆုံးလုပ်ဆောင်ချက် ဖြစ် သည်။ ကိုယ်တော်သည် ဗတ္တိဇံခံယူ တော်မူခဲ့သောကြောင့် ကားတိုင်ပေါ်တွင် အပြစ်၏ကျိန်ခြင်းအမင်္ဂ လာများအားလုံးကို လက်ခံတော်မူခဲ့သည်။ 
ကျွန်ုပ်တို့ သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို မည်သို့ရရှိနိုင်ကြမည်နည်း။ ကျွန်ုပ်တို့သည် ရေနှင့်ဝိညာဉ်တော်သ တင်းကောင်းကို သိ၍ ယုံကြည်ခြင်းအားဖြင့် ၎င်းကို ရရှိနိုင်ကြသည်။ သင်သည် “မင်းက ရေနှင့်ဝိညာဉ် တော်သတင်းကောင်း ယုံကြည်သူတစ်ဉီးဖြစ်သလား”ဟု ကျွန်တော့် ကို မေးနိုင်သည်။ ထိုနောက် ကျွန်တော်သည် ဤမေးခွန်းကို ‘ဟုတ်ပါတယ်’ဟု ချက်ခြင်းနှင့်ရှင်းလင်းစွာ ဖြေကြားနိုင်သည်။ ဘုရားသခင်၏ဖြောင့် မတ်ခြင်းရရှိခြင်းလျှို့ဝှက်ချက်မှာ ရေနှင့်ဝိညာဉ်တော်သတင်း ကောင်းယုံကြည်ခြင်း ဖြစ်သည်။ 
ဤသို့ဖြစ်ရခြင်းအကြောင်းမှာ ရေနှင့်ဝိ ညာဉ်တော်သတင်းကောင်းသည် သမ္မာတရားဖြစ်၍ ၎င်းက ဘုရား သခင်၏မေတ္တာတော်နှင့်ကိုယ်တော်၏ဖြောင့်မတ်ခြင်းကို ထင်ရှား စေသောကြောင့် ဖြစ်သည်။ ဘုရားသခင်သည် လူသားများအား အပြစ်ဖြေလွှတ်ခြင်းပါဝင် သော ရေနှင့်ဝိညာဉ်တော်သတင်းကောင်း၊ ကိုယ်တော်၏သားသမီး များဖြစ်လာခြင်းနည်းလမ်း၊ လူတစ်ဉီးသည် သန့်ရှင်းသောဝိညာဉ် တော်ရရှိခြင်းအားဖြင့် ထာဝရအသက်ကောင်းကြီးမင်္ဂလာနှင့် ကိုယ် ကာယနှင့်ဝိညာဉ်ရေးရာကောင်းကြီးမင်္ဂလာများ လောကတွင် ရရှိ နိုင်သောကြောင့် ဖြစ်သည်။ တမန်တော်ရှင်ပေါလုက သူဟောပြောသော ဘုရားသခင်၏ဖြောင့်မတ်ခြင်းသည် ရေနှင့်ဝိ ညာဉ်တော်သတင်းကောင်း၌ ပြည့်စုံစွာထင်ရှားခဲ့သည်ဟု ပြော ကြားခဲ့သည်။ ထိုကြောင့် ဘုရားသခင်၏ဖြောင့်မတ်ခြင်းမသိဘဲ လူသားများ ၏ဖြောင့်မတ်ခြင်းကိုသာထားရှိခြင်းသည် ဘုရားသခင်၏ရှေ့တော်၌ အပြစ်ပြုခြင်းနှင့်တူသည်။ ထိုပြင်၊ ကားတိုင်၏အသွေးတော်တည်း ယုံကြည်သောသတင်းကောင်းတွင် ဘုရားသခင်၏ဖြောင့်မတ်ခြင်းမ ပါဝင်သောကြောင့် မှားယွင်းသည်။ 
ဘုရားသခင်၏ဖြောင့်မတ် ခြင်းသည် ကိုယ်တော်ချပေးတော်မူခဲ့သော ရေနှင့်ဝိညာဉ်‌တော်သ တင်း‌ကောင်းကို ရည်ညွှန်းသည်။ ဓမ္မဟောင်းနှင့်ဓမ္မသစ်ကျမ်းများ သည် ကျွန်ုပ်တို့အား အပြစ်များမှ ကယ်တင်ပေးသောအရာများ ဖြစ် ကြသည်။ ဓမ္မဟောင်းကျမ်း သည် ဓမ္မသစ်ကျမ်းအတွက် ပြင်ဆင်ပေး၍ ဓမ္မသစ်ကျမ်းသည်လည်း ဓမ္မဟောင်းကျမ်း၌ရှိသောကတိစကားများကို ပြည့်စုံစေသည်။ ဘုရား သခင်သည် ကျွန်ုပ်တို့အား ကိုယ်တော်၏ဖြောင့်မတ်ခြင်းကို ပြည့်စုံ စွာ ထင်ရှားစေခဲ့သော စစ်မှန်သောသတင်းကောင်းကို ပေးတော်မူ ခြင်းအားဖြင့် လောကအပြစ်များမှ ကယ်တင်တော်မူခဲ့သည်။ ထိုကြောင့် ကိုယ်တော်သည် လူ သားများအား အပြစ်များအားလုံးမှ ကယ်တင်တော်မူခဲ့သည်။ 
ယခုချိန်၌ပင် တစ်ကမ္ဘာလုံး သည် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းသို့ ပြန်လှည့်သင့်ကြသည်။ လူသားများအား အပြစ်မှ ကယ်တင်ပေးသောတစ်ခုတည်းသောသတင်းကောင်းမှာ ရေနှင့်ဝိ ညာဉ်တော်သတင်းကောင်း ဖြစ်သည်။ ညီအစ်ကိုများ၊ တစ်ကမ္ဘာလုံးသည် ရေနှင့်ဝိညာဉ်တော်သတင်း ကောင်းသို့ ပြန်လှည့်ရကြမည် ဖြစ်သည်။ သူတို့သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်း ပါဝင်သော ရေနှင့်ဝိညာဉ်တော်သတင်းကောင်းသို့ ပြန်လှည့်ရကြ မည် ဖြစ်သည်။ 
ဤသို့ဖြစ်ရခြင်းအကြောင်းမှာ ရေနှင့်ဝိညာဉ်တော်သတင်းကောင်း သည် ကျွန်ုပ်တို့အား အပြစ်မှ ကယ်တင်ပေးနိုင်သော တစ်ခုတည်း သောသမ္မာတရား ဖြစ်သည်။ ဘုရားသခင်၏ဖြောင့်မတ်ခြင်းပါဝင်သော သတင်း ကောင်းသာလျှင် ကျွန်ုပ်တို့ကို ကယ်တင်နိုင်၍ အပြစ်ကင်းစင်သူများ ဖြစ်စေကာ ဘုရားသခင်၏သားသမီးများဖြစ်စေသည်။ ထိုပြင်၊ ကျွန်ုပ်တို့နှလုံး သားများ၌ ကိန်းဝပ်တော်မူသော သန့်ရှင်းသောဝိညာဉ်တော်သည် ဘုရားသခင်၏လူများကို ကာကွယ်၍ ဤသန့်ရှင်းသောဝိညာဉ်တော် သည် ကျွန်ုပ်တို့အတွက် ဆုတောင်းပေးကာ ကောင်းကြီးပေးတော်မူ လျက် ကျွန်ုပ်တို့နှင့် အစဉ်အမြဲရှိပြီး ကျွန်ုပ်တို့အား ဆုကျေးဇူးအဖြစ် ထာဝရအသက်ကို ပေးအပ်တော်မူသည်။ 
ဤသ တင်းကောင်းကို အာရုံမပြုသေးသောသူများစွာရှိကြသည်ကို မြင် တွေ့ခြင်းမှာ အလွန်ဝမ်းနည်းစရာ ဖြစ်သည်။ လူတိုင်းသည် သခင်ယေရှု၏ဗတ္တိဇံကို ရှင်းလင်းစွာ နားလည်သဘောပေါက်ခြင်း အားဖြင့် ဤရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို ယုံကြည်ကြလိမ့် မည်ဟု ကျွန်တော်မြော်လင့်သည်။ ယောဟန်ထံမှ သခင်ယေရှုခံယူတော်မူခဲ့သော ဗတ္တိဇံမှာ သခင်ယေရှုသည် အလွန်နှိမ့်ချသောကြောင့် လက်ခံခြင်း မဟုတ်ပေ။ ကိုယ်တော်သည် လောကအပြစ်များ အားလုံးကို ထမ်းရန်အတွက် ဗတ္တိဇံခံယူတော်မူခြင်း ဖြစ်သည်။ မိန်းမဘွားသောသူများအကြားအကြီးမြတ်ဆုံးသောသူ၊ ယောဟန်သည် သခင်ယေရှုကို ဗတ္တိဇံပေးသောအခါ ကိုယ်တော်၏ ခေါင်းပေါ်တွင် လက်များတင်ထားခဲ့သည်။ ဤအရာသည် ဓမ္မဟောင်းကျမ်း၌ အပြစ်အနာအ ဆာကင်းမဲ့သော အပြစ်ဖြေရာယဇ်များ၏ခေါင်းပေါ်တွင် ယဇ်ပရော ဟိတ်များ၏လက်တင်ခြင်းနှင့်အဓိပ္ပါယ်တူသည် (ဝတ် ၁၆း၂၁)။ သခင်ယေရှုသည် ကားတိုင်ပေါ်တွင် အသေ ခံတော်မူခြင်းမှာ မိမိကိုယ်ခန္ဓာပေါ်တွင် အပြစ်များ ယူဆောင်သွား ခြင်း၏ ကွင်းဆက်ဖြစ်၍ လက်များတင်ခြင်းခံပြီးနောက် အပြစ်ဖြေ ရာယဇ်အတွက် အသွေးသွန်းလောင်း၍ သေခြင်းနှင့် ပြိုင်တူသည်။ ဤရေနှင့်ဝိ ညာဉ်တော်သတင်းကောင်းကို ဓမ္မဟောင်းနှင့်ဓမ္မသစ်ကျမ်းများတွင် ဖော်ပြထားသောကြောင့် အခြားသတင်းကောင်းယုံကြည်သူတစ်ဉီး သည် ဤမူရင်းအစိတ်အပိုင်းမှ တစ်ခုကို ချန်လှစ်ခြင်းမှာ မှားယွင်း သောယုံကြည်ခြင်း ဖြစ်သည်။ သခင်ယေရှုသည် ဤလောကသို့ ကြွလာတော် မူခဲ့သောအခါ အရေးကြီးဆုံးနှင့် ပထမဆုံးကိုယ်တော်ပြုတော်မူခဲ့ သောအရာမှာ ယောဟန်အားဖြင့် ဗတ္တိဇံခံယူခြင်း ဖြစ်သည်။ ကိုယ်တော်၏ဗတ္တိဇံသည် သင်္ဂေတတစ်ခုသာဖြစ်၍ ကိုယ်သည် နှိမ့်ချသောကြောင့် ဗတ္တိဇံခံယူတော်မူခဲ့သည်ဟု ယူဆ ခြင်းမှာ အလွန်မှားယွင်းသည်။ 
မည်သို့သောသူသည် အယူဝါဒလွှဲမှားသူ ဖြစ်သနည်း။ တိတု ၃း၁၀-၁၁ တွင် “ကွဲပြားမှုကိုဖြစ်စေသောသူအား တစ်ကြိမ်၊ နှစ်ကြိမ် သတိပေးပြီးလျှင် ပယ်ရှားလော့။ ထိုသို့သောသူသည် ဖောက်ပြန်လွဲမှားသောသူဖြစ်ပြီး မိမိမှားယွင်းနေကြောင်းသိလျက်နှင့် အပြစ်ပြုနေသူဖြစ်ကြောင်း သိမှတ်လော့” ဟု ဖော်ပြထားသည်။ ကွဲပြားတတ်သောလူတစ်ဉီးသည် အတ္တ ဆန်သောသူ ဖြစ်သည်။ မိမိ ကိုယ်ကိုကိုယ် အပြစ်စီရင်သောသူတစ်ဉီးဟူသည်မှာ သူသည် အပြစ် ရှိသည်ဟု ဝန်ခံ၍ တောင်းပန်သောသူတစ်ဉီး ဖြစ်သည်။ ထိုကြောင့် “ငါက အပြစ်သားတစ်ဉီးဖြစ်တယ်”ဟု ပြောသောခရစ်ယာန်တစ်ဉီးသည် ကွဲပြားသောသူ၊ အယူဝါဒမှားယွင်း သောသူ ဖြစ်သည်။ သမ္မာကျမ်းစာတွင် “ကွဲပြားမှုကိုဖြစ်စေသောသူအား တစ်ကြိမ်၊ နှစ်ကြိမ် သတိပေးပြီးလျှင် ပယ် ရှားလော့”ဟု ဖော်ပြထားသည်။ 
ဤသို့သော ခရစ်ယာန်တစ်ဉီးသည် ညစ်ညမ်းပြီး ဆွေးမြေ့၍ အပြစ်ကင်းစင်သူ တစ်ဉီးသည် ဤသို့အယူဝါဒလွှဲမှားသူများအနီးအနားသို့ မချဉ်းကပ် သင့်ကြပေ။ သူ၏ ကိုယ်ပိုင် ယုံကြည်မှုနှင့် ဘာသာရေးဘဝသည် ဆွေးမြေ့ခဲ့သောကြောင့် သူ သည် မိမိကိုယ်ကိုကိုယ်တရားစီရင်သောသူ ဖြစ်သည်။ ဘုရားရှေ့တော်၌ ခွင့်လွှတ် ၍မရနိုင်သောအပြစ်များကျူးလွန်သူတစ်ဉီးမှာ ရေနှင့်ဝိညာဉ်တော် သတင်းကေင်းကို ယုံကြည်ခြင်းအားဖြင့် အပြစ်ကင်းစင်ရန် မလိုချင် သောသူဖြစ်၍ သူသည် အပြစ်သားတစ်ဉီးဖြစ်သည်ဟု ပြောခြင်းအား ဖြင့် ဘုရားရှေ့တော်၌ ကိုယ်တော်၏ကယ်တင်ခြင်းကို ငြင်းပယ် သောအပြစ်ကို ဆက်လက်ကျူးလွန်နေသည်။ မိမိကိုယ်ကိုကိုယ် တရား စီရင်သောသူသည် သခင်ယေရှုကို ယုံကြည်သည်ဟု ယူဆသော် လည်း သူသည် အပြစ်ရှိသောကြောင့် မိမိကိုယ်ကိုကိုယ် အပြစ်သား ဖြစ်သည်ဟု မှည့်ခေါ်၍ အပ္ပါယ်ငရဲသို့ ဉီးတည်သော အယူဝါဒလွှဲမှား သူ ဖြစ်သည်။ 
ခရစ်ယာန်အချို့တို့သည် ‘အဲဒါက ငါ့အမှားပဲ’ဟု ပြောသောစတစ်ကာကို မိမိကားများနောက်ကျောတွင် ကပ်ထားသည်။ ဤအရာသည် လူ့အမြင်တွင် သနားကျင်နာ၍ နွေးထွေးမှုပေးသောအရာဖြစ်သော်လည်း သမ္မာတရားမှ ထိုအရာ သည် လူတစ်ဉီး၏အပြစ်များအားလုံးဖြစ်သောကြောင့် ဤကိစ္စမျိုး တို့သည် အပ္ပါယ်ငရဲသို့ သွား၍ သူသည် ကွဲပြားစေ‌သောသူဖြစ်လာ ကာ ကျိန်ခြင်းခံရခြင်းမှာ လူတစ်ဉီး၏ကိုယ်ပိုင်အပြစ်ကြောင့် ဖြစ် သည်ကို ဆိုလိုသည်။ ‘အဲဒီအရာက ငါ့အမှားပဲ’ မှာ လူတစ်ဉီးသည် သီလနှင့်အသက်ရှင်သည်ဟု ပြောသောအံ့သြစရာ တစ်ခု ဖြစ်သည်။ သို့သော် သူသည် သီလဖြင့်အသက်ရှင်နိုင်သည်ဟု ယူ ဆသူ ဤသို့သောဆောင်ပုဒ်မျိုးကို ထောက်သူပြောသောအရာမှာ လူသားများအား အပြစ်သား၏မျိုးစေ့များအဖြစ် ဖွင့်ဆိုထားသော ဘု ရားသခင်၏နှုတ်ကပတ်တော်များကို တိုက်ရိုက်စိန်ခေါ်သည်။ ဤသို့သော် လူသားများ အတွေးအခေါ်ကို လိုက်လံသောသူများသည် ကျိန်ခြင်းအမင်္ဂလာ အားလုံးအမှန်အကန် ခံစားရလိမ့်မည်။ 
သင်သည် မတော်တဆဖြင့် မိမိကိုယ်ကိုကိုယ် အပြစ်စီရင်သူများကြားတွင် ပါဝင်သလော။ အပြစ်ဖြေလွှတ်ခြင်းသည် ဖြောင့်မတ်ခြင်းဆိုင်ရာဓမ္မခံယူချက်ကို မရည်ညွှန်းပါဟု ဖော်ပြသော ရောမဩဝါဒစာ အခန်းကြီး ၃ အခြေပြု ကျွန်တော်တရားဟောချက် ကို သတိချပ်စွာတစ်ဖန်နားထောင်သင့်သည်။ ရောမသြဝါဒစာတွင် ဤအကြောင်း ကို လုံးစေ့ပတ်စေ့ ဖော်ပြထားသည်။ တမန် တော်ရှင်ပေါလုက တနေ့မည်သည့်အရာဖြစ်ပျက်လိမ့်မည်ကို ကြို တင်သိခဲ့သောကြောင့် သူက အပြစ်ကင်းစင်ခြင်းမှာ အပြစ်မရှိသော သူဖြစ်ခြင်းနှင့် အပြစ်သားတစ်ဉီးကို ဖြောင့်မတ်သူအဖြစ် မှည့်ခေါ် ခြင်းဖြစ်သည်ဟု ကြိုတင်ပြောကြားခဲ့သည်။ ရေနှင့်ဝိညာဉ်တော်သတင်းကောင်းသာလျှင် သမ္မာတ ရားဖြစ်သည်ဟု သူက ရှင်းလင်းစွာ သက်သေခံခဲ့သည်။ ထိုကြောင့် ကားတိုင်၏အသွေးတော်ကိုသာယုံကြည်သူ များသည် ရောမဩဝါဒစာကို ဖတ်ရှုနေစဉ် သူသည် လျစ်လျူရှု၍ နားကန်းခြင်းမှာ သဘာဝကျသည်။ တမန်တော် ရှင်ပေါလု၏ရောမဩဝါဒစာသည် ရေနှင့်ဝိညာဉ်တော်သတင်း ကောင်းကို သက်သေခံသောကြောင့် အလွန်ကြီးမြတ်သောနှုတ်က ပတ်တော်ဖြစ်သည်။ လူတစ်ဉီးသည် မယုံကြည်မီ အပြစ် သားတစ်ဉီးသဘာဝဖြစ်သည်လျှင်တောင် သခင်ယေရှုကို ယုံကြည် ပြီးနောက် ဖြောင့်မတ်သူ ဖြစ်ရလိမ့်မည်။ လူတစ်ဉီးသည် မိမိနှလုံးသား၌ အပြစ်မပိုင်ဆိုင်သော ဖြောင့်မတ်သူတစ်ဉီး အမှန်အကန် ဖြစ်သင့်သည်။ ဤအရာသည် လူတစ် ဉီးကစစ်မှန်သောယုံကြည်ခြင်းပိုင်ဆိုင်နိုင်သည့်နည်းလမ်း ဖြစ်သည်။
ဤအချိန်၌ပင်လျှင် လူ များ၏ယုံကြည်မှုများသည် မစုံလင်လျှင်လည်း သူတို့သည် ဒုတိယ မွေးဖွားခြင်းခံခဲ့သောအသင်းတော်အားဖြင့် ရေနှင့်ဝိညာဉ်တော်သ တင်းကောင်းနှုတ်ကပတ်တော်များကို နားဖြင့် ကြားကြသောအခါ သူတို့ယုံကြည်မှုများသည် ပြည့်စုံခြင်းသို့ အမှန်အကန် ရောက်ကြ လိမ့်မည်ဟု ကျွန်တော်မြော်လင့်သည်။ 
ကျေးဇူးပြု၍ ဤတရားဟောချက်များအားဖြင့် ရေနှင့်ဝိညာဉ် တော်သတင်းကောင်းအကြောင်းကို ပို၍ လေ့လာပြီး သမ္မာတရား နှုတ်ကပတ်တော်များကို အတည်ပြုလိုက်ပါ။ 
ဘုရားသခင်သည် ကောင်းကင်ဆိုင်ရာ ကောင်းကြီးမင်္ဂလာ၏ကြွယ်ဝခြင်းဖြင့် ကျွန်ုပ်တို့ ဖေးမတော်မူလိမ့် မည်ဟု ကျွန်တော်ယုံကြည်သည်။