Search

တရားဟောချက်များ

ဘာသာရပ် ၉ - ရောမဩဝါဒစာ (ရောမဩဝါဒစာအနက်ဖွင့်ကျမ်းများ)

[1-2] သတင်းကောင်း၌ ထင်ရှားခဲ့သော ဘုရားသခင်၏ဖြောင့်မတ်ခြင်း (ရောမ ၁း၁၆-၁၇)

(ရောမ ၁း၁၆-၁၇)
“ငါသည် ကောင်းမြတ်သောသတင်းအတွက် ရှက်ကြောက်ခြင်းမရှိ။ အကြောင်းမူကား ဤသတင်းသည် ဦးစွာဂျူးလူမျိုး ထို့နောက် ဂရိလူမျိုးအပါအဝင် ယုံကြည်သောသူအပေါင်းတို့အား ကယ်တင်ခြင်းရရှိစေသော ဘုရားသခင်၏တန်ခိုးတော်ဖြစ်၏။ အဘယ် ကြောင့်ဆိုသော် “ဖြောင့်မတ်သောသူသည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်လိမ့်မည်”ဟု ကျမ်းစာ၌ရေးထားသည့်အတိုင်း ယုံကြည်ခြင်းအပေါ်အခြေခံလျက် ယုံကြည်ခြင်းသို့ပို့ဆောင်သည့်ဘုရားသခင်၏ဖြောင့်မတ်ခြင်းတရားသည် ဤကောင်းမြတ်သောသတင်း၌ထင်ရှားလျက်ရှိ၏။”
 


ကျွန်ုပ်တို့သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ရရှိကြမည်


တမန်တော်ရျင်ပေါလုသည် ခရစ်တော်၏သတင်းကောင်းကို ရှက်ကြောက်ခြင်းမရှိခဲ့ပေ။ သူက သတင်းကောင်းကို မှန်ကန်စွာ သက်သေခံသည်။ သို့သော် လူများစွာတို့သည် သခင် ယေရှုကို ယုံကြည်ကြသော်လည်း ငိုကြွေးခြင်းမှာ သူတို့၏အပြစ် များအတွက် ဖြစ်သည်။ သူတို့သည် ဘုရား သခင်၏ဖြောင့်မတ်ခြင်းအသိအမှတ်မပြုဘဲ လျစ်လျူရှိခဲ့ကြသော ကြောင့် ဖြစ်သည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ယုံကြည်ခြင်းနှင့် ကိုယ်ပိုင်ဖြောင့်မတ်ခြင်းကို စွန့်ပစ်ခြင်းအားဖြင့် ကယ်တင်ခြင်းခံရ ကြသည်။ 
တမန်တော်ရှင်ပေါလုသည် ဘာကြောင့် သတင်းကောင်းမရှက် ကြောက်ခဲ့သနည်း။ ပထမအနေဖြင့်၊ ဘု ရားသခင်၏ဖြောင့်မတ်ခြင်းသည် သတင်းကောင်း၌ ထင်ရှားခဲ့သော ကြောင့် ဖြစ်သည်။ 
ဂရိဘာသာစကားအားဖြင့် သတင်းကောင်း euaggelion’ ဖြစ်၍ အဓိပ္ပါယ်မှာ ‘ကောင်းသောသတင်းများ’ ဖြစ်သည်။ သခင်ယေရှုခရစ် တော်သည် ဗက်လင်မြို့၌ ဖွားမြင်ခြင်းခံယူတော်မူခဲ့သောအခါ ဘု ရားသခင်၏ကောင်းကင်တမန်များထင်ရှားခဲ့ကြ၍ ညသန်းခေါင်ချိန် တွင် သိုးများထိန်းကျောင်းသောသိုးထိန်းများထံ “အမြင့်ဆုံးသောအရပ်၌ ဘုရားသခင်သည် ဘုန်းကြီးတော်မူစေသတည်း။ မြေကြီးပေါ်၌လည်း နှစ်သက်တော်မူသောသူတို့အပေါ် ငြိမ်သက်ခြင်းရှိစေသတည်း”(လုကာ ၂း၁၄)ဟု ပြောခဲ့ကြသည်။ ၎င်းမှာ ကောင်းသောသတင်း များ- ‘လူသားများအပေါ် ငြိမ်သက်ခြင်း၊ စေတနာ’ ဖြစ်သည်။ ကိုယ်တော်၏သတင်းကောင်းသည် ကျွန်ုပ် တို့အား အပြစ်များအားလုံးမှ ကယ်တင်‌တော်မူခဲ့၍ လောကအပြစ် များကို ဆေးကြောပေးခဲ့သည်။ သခင်ယေရှုသည် ကျွန်ုပ်တို့အပြစ်များအားလုံးကို ဆေးကြောပေး တော်မူခဲ့သည်။ ကိုယ်တော်တိုင် အမှိုက်ကျင်းထဲမှာ ပိုးကောင်း များကဲ့သို့ သောသူများနှင့် ရွှံဗွက်ထဲမှ ကျွံနေသောသူများ၏အပြစ် များအားလုံးကို ဆေးကြောပေး‌တော်မူခဲ့သည်။ ပထမအနေဖြင့်၊ ဘုရားသခင်၏ဖြောင့်မတ်ခြင်းသည် သတင်းကောင်း၌ ထင်ရှားခဲ့သည်ဟု တမန်တော်ရှင်ပေါလုက ပြော ခဲ့သည်။ ဘုရားသခင်၏ဖြောင့်မတ်ခြင်း သည် ကျွန်ုပ်တို့အပြစ်များအားလုံး ဖယ်ရှားပေးခဲ့သော သတင်း ကောင်း၌ထင်ရှားခဲ့သည်။ ဘုရားသခင်၏ဖြောင့် မတ်ခြင်းက ကျွန်ုပ်တို့ကို သန့်ရှင်းသူများနှင့် ဖြောင့်မတ်သူများဖြစ် စေခဲ့သည်။ ၎င်းသည် ကျွန်ုပ်တို့အား ထာဝရအသက်ရရှိစေ၍ အပြစ် ကင်းစင်စေခဲ့သည်။ 
လူသားများ ၏ဖြောင့်မတ်ခြင်းများမှာ အဘယ်အရာ ဖြစ်သနည်း။ ကျွန်ုပ်တို့သည် ဝါးကြွားစရာအ ကြောင်း တစ်စုံတစ်ခုရှိကြသောအခါ ကျွန်ုပ်တို့သည် ဘုရားရှေ့ တော်၌ မိမိကိုယ်ကိုကိုယ် ပြသလိုကြသည်။ လူတစ်ဉီးသည် ကောင်းမှုကုသိုလ်များပြုခြင်းအားဖြင့် ဝါကြွားတတ် ကြ၍ လူသားများ၏ဖြောင့်မတ်ခြင်းကို ပုံဖော်ပြသည်။ သို့သော်၊ ကျွန်ုပ်တို့အား အပြစ်များအားလုံးမှ ကယ်တင်ခဲ့သော သခင်ယေရှု၏ ဖြောင့်မတ်ခြင်းလုပ်ဆောင်ချက်သည် သတင်းကောင်း၌ ထင်ရှားခဲ့ သော ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ရရှိစေခဲ့သည်။ ဤအရာမှာ ဘုရားသခင်၏ ဖြောင့်မတ် ခြင်း ဖြစ်သည်။ 
ဤနေ့များ ခရစ်ယာန်အများစုသည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းသတင်း ကောင်းကို မသိဘဲ သတင်းကောင်းဟောပြောသည်။ သူတို့က “သခင်ယေရှုကို ယုံကြည်ပါ၊ သင်သည်ကယ်တင်ခြင်းခံရ ၍ ချမ်းသာလာလိမ့်မည်”ဟု ပြောကြသည်။ သို့သော် ဤအရာများသည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းသတင်းကောင်း သွန်သင်မှုများမဟုတ်ကြပေ။ သတင်း‌ကောင်းသည် အခြား သောအရာထက် ပို၍လူသိများသော်လည်း လူအများစုသည် သတင်း ကောင်းကို လျစ်လျူရှု၍ နားမလည်ကြပေ။ သမ္မာကျမ်းစာသည် အရောင်းရဆုံး သောစာအုပ်ဖြစ်ဟန်တူသော်လည်း လူများက ၎င်း၏အချက်အ လက်များကို အမှန်အကန် မသိကြသေးပေ။ ဤလောက၌ တန်ဖိုးအရှိဆုံနှင့် အကျိုးပြုဆုံးသော အရာမှာ ဘုရားသခင်ပေးအပ်တော်မူခဲ့သော သတင်းကောင်း ဖြစ် သည်။ 
“ဘုရားသခင်၏ဖြောင့်မတ်ခြင်းသည် ယုံကြည် ခြင်းမှ ယုံကြည်ခြင်းသို့ ထင်ရှားခဲ့သည်။” ဘုရားသခင်၏သတင်းကောင်းမှာ သဲ ကန္တာရ၌ အိုအေစစ်နှင့်တူသည်။ သခင်ယေရှုသည် အပြစ်များစွာ ကျူးလွန်ခဲ့သောအပြစ်သား များအတွက် ကြွတော်မူခဲ့၍ သူတို့၏အပြစ်များအားလုံးကို ဆေး ကြောပေးတော်မူခဲ့သည်။ သို့သော် လူသားများသည် မိမိကိုယ်ပိုင်ဖြောင့်မတ် ခြင်းကို တည်ထောင်ရန် ကြိုးစားစဉ် လောကအပြစ်များကို ဆေး ကြောပေးခဲ့သော ကိုယ်တော်၏ဖြောင့်မတ်ခြင်းဆုကျေးဇူးကို ငြင်း ပယ်ခဲ့ကြသည်။ မိမိကျိုးစားအားထုတ်ခြင်း (အစေခံခြင်း၊ ဆက်ကပ်ခြင်း၊ ဝန်တာရှိခြင်း၊ လှူဒါန်းခြင်းများ၊ နောင် တနှင့်စပ်ဆိုင်သောဆုတောင်းခြင်းများ၊ အစာရှောင်ဆုတောင်းခြင်း များ၊ ဘုရား၏နေ့ရက်ကို စောင့်ရှောက်ခြင်း၊ ဘုရားသခင်၏နှုတ်က ပတ်တော်ကို လက်တွေ့ကျင့်ဆောင်ခြင်း စသည်ဖြင့်)ကို ပြသ၍ ဘု ရားသခင်၏ဆုကျေးဇူးကို ငြင်းပယ်သောသူများသည် ကိုယ်တော်၏ ဖြောင့်မတ်ခြင်းကို ငြင်းပယ်သောသူများ ဖြစ်ကြသည်။ လူတစ်ဉီး၏ဖြောင့်မတ်ခြင်းကို စွန့် လွှတ်မှသာလျှင် လူတစ်ဉီးသည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ရရှိနိုင်သည်။ 
 


သူတို့သည် သင်္ဘောတဖန်းရွက်များကို အတူတူချုပ်ခဲ့၍ မိမိကိုယ်ကိုကိုယ် ခြုံခဲ့သည်

 
ကမ္ဘာ ၃း၂၁ တွင် “ထာဝရအရှင်ဘုရားသခင်သည် အာဒံနှင့် သူ၏မယားအတွက် သားရေဝတ်ရုံကိုလုပ်၍ သူတို့အားဝတ်ဆင်ပေးတော်မူ၏”ဟု ဖော်ပြထားသည်။ 
ပထမလူသား၊ အာဒံသည် စာတန်၏လှည့် စားခြင်းသို့ ကျဆင်းခြင်းအားဖြင့် ဘုရားသခင်ကို ဆန့်ကျင်သောအ ပြစ်ကျူးလွန်ခဲ့သည်။ အာဒံနှင့်ဧဝတို့သည် အပြစ်ပြုခဲ့ကြပြီးနောက် လုပ်ဆောင် ခဲ့သောအရာမှာ သူတို့သည် သင်္ဘောတဖန်းရွက်များကို အတူတူ ချုပ် ခဲ့ကြ၍ မိမိကိုယ်ကိုကိုယ် ခြုံခဲ့ကြသည်။ သင်္ဘောတဖန်းရွက်မှ ချုပ်ခဲ့သောဝတ်လုံမှာ သား ရေဖြင့်ပြုလုပ်သောဝတ်လုံနှင့် ဆန့်ကျင်ဘက် ဖြစ်သည်။ ၎င်းမှာ ‘လူတစ်ဉီး၏ဖြောင့်မတ်ခြင်း’ နှင့် ‘ဘုရားသခင်၏ဖြောင့်မတ်ခြင်း’အကြားမတူညီမှု ဖြစ်သည်။ ကမ္ဘာ ၃း၇ တွင် “သူတို့သည် သဖန်းရွက်များကိုသီချုပ်လျက် မိမိတို့အတွက် ခါးဝတ်တန်ဆာကို ပြုလုပ်ကြ၏” ဟု ပြောခဲ့သည်။ သင် သည် မုံလာဉကို နွှင်ခဲ့ဖူးသလော။ ကျွန်ုပ်တို့ကိုးရီးယားလူမျိုးများသည် မုံလာဉ ရွက်များကို အညှာမှချိုး၍ အခြောက်ခံရန် ကောက်ရိုးနှင့်အတူတူ နွှင်သည်။ ကျွန်ုပ်တို့သည် ဆောင်းရာသီတွင် ၎င်းကို ပဲငါးပိဖြင့် ချက်ခဲ့ကြသည်။ ၎င်းသည် အလွန်ချိုမြိန်သည်။ 
အာဒံနှင့်ဧဝတို့သည် သင်္ဘော သဖန်းရွက်များကို အတူတူချုပ်၍ ဝတ်လုံများကို ပြုလုပ်ခဲ့ကြသည်။ ကောင်းမှုကုသိုလ်ပြုခြင်း၊ ကိုယ်ကျိုးရှာခြင်းနှင့် မိမိကိုယ်ကိုကိုယ် ဆက်ကပ်ခြင်းစသော ကောင်းမှုကုသိုလ်များသည် လူသားများ၏ဖြောင့်မတ်ခြင်း ဖွဲ့စည်း စေသည်။ ထိုအရာသည် မိမိကိုယ်ကိုကိုယ် ဖြောင့်မတ်ခြင်းဖြစ်၍ ဘုရား သခင်၏ဖြောင့်မတ်ခြင်းမဟုတ်ပေ။ သူတို့သည် သင်္ဘောသဖန်းရွက်များဖြင့် ဝတ်လုံများကိုယ်ကိုင် ပြုလုပ်ခြင်းသည် ဘုရားသခင်ရှေ့တော်၌ ကောင်းမှုကုသိုလ်များပြု ခြင်းအားဖြင့် သူတို့အပြစ်များဖုံးအုပ်ခြင်းအားဖြင့် မာန်မာနနှင့်ဆိုင် သောအပြစ်ကို ထင်ရှားစေသည်။ လူတစ်ဉီး၏ ဖြောင့်မတ်မှုကို ဝါကြွားခြင်း၊ လူတစ်ဉီး ၏ဆက်ကပ်ခြင်းများ၊ မိမိကိုယ်ကိုကိုယ် ပူဇော်ခြင်းများ၊ မိမိကိုယ်ကို ကိုယ်စုံစမ်းခြင်းများ၊ အစေခံခြင်းများနှင့် ဝတ်လုံတစ်ခု၌ နောင်တ နှင့်စပ်ဆိုင်သောဆုတောင်းခြင်းနှင့် လူတစ်ဉီး၏စိတ်ကို အပြစ်များ ဖြင့် ဖုံးအုပ်ခြင်းဖြစ်သော ‘ရုပ်တုကိုးကွယ်ခြင်း’မှာ ဘုရားသခင်ရှေ့ တော်၌ လူတစ်ဉီး၏မာန်မာနကို ထင်ရှားစေသည်။ 
ကျွန်ုပ်တို့သည် ဝတ်လုံများပြုလုပ်ရန် သစ်ရွက်များကို စုစည်းချုပ်ခြင်းအားဖြင့် ဘုရားသခင်ရှေ့တောမှာ ကျွန်ုပ်တို့နှလုံးသားများ၌ အပြစ်များဖုံးအုပ် နိုင်ကြမည်လော။ ကျွန်ုပ်တို့သည် ကောင်းမှုကုသိုလ်များအားဖြင့် အပြစ်များကို ဖုံးအုပ် နိုင်ကြမည်လော။ မဖုံးအုပ်နိုင်ကြပေ။ သစ်ရွက်များသည် တစ်ရွက်တွင် ကြွေကျရန်စ တင်လာခဲ့၍ သုံးရက်တွင် သစ်ရွက်များအားလုံး နောက်ဆုံး၌ ကြွေ ကျခဲ့ကြသည်။ သစ်ရွက်များဖြင့်ပြုလုပ်သောဝတ်လုံးများသည် ကြာရှည်မခံပေ။ သစ် ရွက်များကို ပေါင်းစည်း၍ ဝတ်လုံပြုလုပ်သောသူများ၊ တစ်နည်းအား ဖြင့် မိမိအကျင့်များဖြင့် ဘုရားသခင်ကို ကောင်းစွန်စွာအစေခံ၍ ဖြောင့်မတ်ရန်ကြိုးစားသောသူများသည် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်နိုင်ကြမည် မဟုတ်ပေ။ ကျွန်ုပ်တို့သည် ကိုယ်ပိုင်ဖြောင့်မတ်ခြင်းအားဖြင့် အပြစ်များဖြေ လွှတ်ခြင်းခံရနိုင်ကြမည် မဟုတ်ပေ။ 
အာဒံနှင့်ဧဝတို့သည် သင်္ဘောသဖန်းရွက်များဖြင့် ဝတ်လုံး များကို ပြုလုပ်၍ အပြစ်များကို ဖုံးအုပ်ရန် ကြိုးစားသောအခါ ဘုရား သခင်က အာဒံအား “အာဒံ၊ မင်းဘယ်မှာလဲ”ဟု ခေါ်တော်မူခဲ့သည်။ သူ သည် ဉယျာဉ်ရှိသစ်ပင်များအကြားဖုံးကွယ်နေစဉ် သူက “ကျွန်တော် သည် အဝတ်အချည်းစည်းဖြစ်သောကြောင့် ကြောက်၍ ပုန်းကွယ် တယ်”ဟု ပြောခဲ့သည်။ အပြစ်ရှိသောသူတစ်ဉီးသည် သစ်ပင်များအ ကြား ပုန်းကွယ်ရန် ကြိုးစားသည်။ သစ်ပင်များသည် သမ္မာကျမ်းစာတွင် လူများအဖြစ် ပြ ဌာန်းလေ့ရှိသည်။ နှလုံးသား၌ အပြစ်ရှိသော သူသည် လူများအကြားတွင် ပုန်းကွယ်ရန် မိမိကိုယ်ကိုကိုယ် ကြိုး စားနေခဲ့သည်။ သူသည် အလယ်မှာရှိသော ထိုင် ခုံ၊ အနောက်မှ မလှမ်းမဝေးသောနေရာ သို့မဟုတ် လူများအတူတူ စု ရုံးသောနေရာ ဘုရားသခင်၏အရှေ့ဘက်မဟုတ်သောနေရာများ တွင် ထိုင်ရန် နှစ်သက်သည်။ Why? အဘယ်ကြောင့်နည်း။ အကြောင်းမှာ သူသည် လူများအကြား မိမိကိုယ်ကိုကိုယ် ပုန်းလိုသောကြောင့် ဖြစ်သည်။ 
သို့သော် သူသည် ဘုရားရှေ့တော်၌ မိမိအပြစ်များကို မဖုံးကွယ်နိုင် ပေ။ သူသည် မိမိကိုယ်ပိုင်ဖြောင့်မတ်ခြင်း ကို စွန့်လွှတ်၍ ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ယုံကြည်ခြင်းအား ဖြင့် အပြစ်များခွင့်လွှတ်ခြင်းခံရကြမည် ဖြစ်သည်။ မရီရာသောယုံကြည်ခြင်းများပိုင်ဆိုင်သူများနှင့် သမ္မာတရားကို မယုံကြည်သူများသည် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်လိုကြ၍ ဤသို့သောလူများအကြားမိမိကိုယ်ကိုကိုယ် ပုန်း အောင်ကြသော်လည်း သူတို့သည် မိမိအကျင့်ကောင်းများဖြင့် အပြစ် များပုန်းကွယ်ရန် ကြိုးစားခြင်းဖြင့် အပ္ပါယ်ငရဲသို့ နိဂုံးချုပ်ကြလိမ့် မည်။ ဘုရားရှေ့တော၌အပြစ်သားများ သည် အပြစ်သားများအဖြစ် ထင်ရှားခဲ့ကြ၍ ဘုရားသခင်ထံတော် သို့  မိမိကိုယ်ကိုကိုယ် အရှုံးပေးကြသည်။ 
ဘုရားသ ခင်သည် သင်္ဘောသဖန်းရွက်များဖြင့် ဝတ်လုံသောချုပ်သောအာဒံထံ “မင်းက ဘာကြောင့် အသီးကို ယူခဲ့သလဲ။ မည်သူ့အသီးကို စားစေခဲ့ သလဲ”ဟု မေးတော်မူခဲ့သည်။ “အို၊ ဘုရား၊ ကျွန်ုပ်နှင့်အတူနေထိုင်ရန် ကိုယ်တော်ပေးခဲ့သော မိန်းမက အသီးကို ပေး၍ ကျွန်တော် စားခဲ့တယ်။” “ဧဝ၊ မင်းက ဘာကြောင့် ဒီလိုလုပ်သလဲ။” “မြွေကြီးသည် ကျွန်မကို လှည့်ဖြား ၍ ကျွန်မ စားခဲ့တယ်။” ထိုကြောင့် ဘုရားသခင်သည် မြွေကြီးထံ “မင်းက ဤသို့သော အရာကို လုပ်ဆောင်ခဲ့သောကြောင့် မင်းက အခြားသောတိရစ္ဆာန်အ ပေါင်းတို့ထက် ကျိန်ခြင်းခံရ၍ သင်၏ဘဝတစ်ခုလုံး မြေမှုန့်ကိုသာ စားရမည်”ဟု ပြောခဲ့သည်။ ထိုအရာမှာ မြွေကြီးသည် မိမိဝမ်းများဖြင့် တွားသွားရ ခြင်း ဖြစ်သည်။ တဖန် ဘုရားသခင်သည် အာဒံနှင့်ဧဝထံ “မင်းတို့အပြစ်ကျူးလွန်ခဲ့ကြ တယ်။ မင်းတို့က အပြစ်ပြုရန် စတင်သောသူများနှင့် မင်းတို့ကို အ ပြစ်ကျူးလွန်ရန် တိုက်တွန်းသောခေါင်းဆောင်များသည်လည်း အ ပြစ်သားများ  ဖြစ်ကြတယ်”ဟု မိန့်တော်မူခဲ့သည်။ ယခုနေ့ရက်များတွင် မိစ္ဆာပရောဖက်များသည် လည်း သူတို့၏မှားယွင်းသောသတင်းကောင်းကို ဟောပြောကြ၍ “မီးကို ခံယူကြပါ”ဟု ပြောကြသည်။ သူတို့၏လှည့်ဖြားမှုကို ခံခဲ့သောသူများ သည်လည်း မိစ္ဆာပရောဖက်များအဖြစ် သတ်မှတ်ခြင်းခံရ၍ အပ္ပါယ် ငရဲသို့ သွားရကြမည် ဖြစ်သည်။ 
 


ဘုရားသခင်သည် အာဒံနှင့်၎င်း၏မိန်းမအတွက် သားရေးဝတ် လုံကို ပြုလုပ်ပေးတော်မူခဲ့သည်


ကိုယ်တော်သည် “စာတန်၏လှည့်ဖြားခြင်းခံရသဖြင့် အ ပြစ်ကျူးလွန်သူ အာဒံနှင့်ဧဝတို့ကို သူတို့ဖြစ်သည့်အတိုင်း ငါမစွန့် ပစ်ရပါ။ ငါက ငါ့ပုံသဏ္ထာန်နှင့်အညီ လူကို ဖန်ဆင်းရန်နှင့် သူတို့အား ငါ၏သားများဖြစ်ရန်ဆုံးဖြတ်ခဲ့သောကြောင့် ငါ့အကြံအစည်ကို ပြည့် စုံစေရန် ငါက သူတို့ကို ကယ်တင်လိမ့်မည်”ဟု စဉ်းစားတော်မူခဲ့ သည်။ ဤအကြံအစည်မှာ ဘုရားသခင်၏ အကြံအစည် ဖြစ်သည်။ ထို ကြောင့်  ဘုရားသခင်သည် သူတို့အပြစ်များကို တိရစ္ဆာန်ပေါ်တွင် လွှဲ ပြောင်းတော်မူ၍ တိရစ္ဆာန်ကို သတ်ခဲ့ကာ အရေခွံခွါကာ သားရေမှ သားရေအင်္ကျီများကို ပြုလုပ်၍ အာဒံနှင့်ဧဝတို့ကို သားရေအင်္ကျီဖြင့် ခြုံစေတော်မူခဲ့သည်။ ကိုယ်တော်သည် ကျွန်ုပ်တို့ကယ်တင်ခြင်း၏သင်္ဂေတအဖြစ် ၎င်းကို ပြုလုပ်ပေးတော်မူခဲ့သည်။ အမှန်အကန်ပြောရလျှင် သင်္ဘော သဖန်းရွက်များဖြင့်ပြုလုပ်သောဝတ်လုံများသည် တစ်ရက်အတွက် သာကြာရှည်ခံနိုင်၍ အကြိမ်ကြိမ်ပြုပြင်ရန် လိုအပ်သည်။ ဘုရားသခင်သည် အာဒံနှင့်ဧဝတို့ကို ထာဝရအသက်ဖြင့် လွှမ်းခြုံတော်မူခဲ့၍ “အာဒံနှင့်ဧဝတို့၊ လာကြပါ။ ငါက မင်းတို့ဝတ် ဆင်ဖို့ရန်အတွက် တိရစ္ဆာန်မှ သားရေအင်္ကျီကို အသစ်ဆက်ဆက် လုပ်ပေးခဲ့တယ်။ မင်းတို့အတွက် အသေခံခဲ့သောတိရစ္ဆာန်၏အရေခွံ ဖြစ်တယ်”ဟု မိန့်တော်မူခဲ့သည်။ ဘုရားသခင်သည် အာဒံ နှင့်ဧဝတို့အား ဘဝသစ်များပေးအပ်တော်မူရန် ဘုရားသခင်၏ဖြောင့် မတ်ခြင်းဖြင့် သားရေဝတ်လုံများဖြင့် အာဒံနှင့်ဧဝတို့ကို ခြုံစေတော် မူခဲ့သည်။ ဘုရားသ ခင်သည် ယုံကြည်သူများအား ကိုယ်တော်၏ဖြောင့်မတ်ခြင်းကယ် တင်ခြင်းအားဖြင့် ခြုံစေတော်မူသကဲ့သို့ ကိုဘ်တော်သည် အာဒံနှင့် ဧဝတို့အတွက် သားရေအင်္ကျီများကို ပြုလုပ်ပေးတော်မူခဲ့၍ သူတို့ကို ခြုံစေတော်မူခဲ့သည်။ 
သို့သော် ဘုရားသခင်၏ကယ်တင်ခြင်းမပါသော လူသား များ၏ကယ်တင်ခြင်းမှာ သင်္ဘောသဖန်းရွက်များဖြင့် ပြုလုပ်ခဲ့သော ဝတ်လုံဖြစ်သည်။ ဘုရားသခင်သည် ကျွန်ုပ်တို့အား ဘု ရားသခင်၏ဖြောင့်မတ်ခြင်းဖြစ်သော သာရေအင်္ကျီများကို ခြုံစေ တော်မူခဲ့သည်။ ကိုယ်တော်သည် ကိုယ်ခန္ဓာနှင့်အသွေးတော်ကို ကျွန်ုပ်တို့အားပေး အပ်တော်မူခြင်းအားဖြင့် ဘုရားသခင်၏ဖြောင့်မတ်ခြင်းနှင့်အတူ အ ပြစ်များဖြေလွှတ်ခြင်းကို ခြုံစေတော်မူခဲ့သည်။ ကိုယ်တော်သည် ကျွန်ုပ်တို့နေရာတွင် တရားစီရင်ခြင်းအားလုံးခံစားရအတွက် ဗတ္တိဇံနှင့်ကားတိုင်ပေါ်အ သေခံတော်မူခြင်းအားဖြင့် ကျွန်ုပ်တို့အပြစ်များအားလုံးကို ယူဆောင် သွားတော်မူခဲ့သည်။ ကျွန်ုပ်တို့သည် သ ခင်ယေရှု၏ဗတ္တိဇံနှင့်အသွေးတော်သတင်းကောင်းအားဖြင့် ဘုရားသ ခင်၏ဖြောင့်မတ်ခြင်းကို ယုံကြည်ကြသောအခါ အပြစ်များ၏ခွင့် လွှတ်ခြင်းရရှိစေတော်မူခဲ့သည်။ ထိုအရာမှာ အပြစ်သားများကို အပြစ်များ မှ ကယ်တင်ပေးခဲ့သောသတင်းကောင်း ဖြစ်သည်။ 
ဤလောက၌ ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ငြင်းပယ်၍ ကိုယ်ပိုင်ဖြောင့်မတ်ခြင်းကို တည်ထောင်ရန် ကြိုးစားသောသူများစွာ ရှိသည်။ သူတို့ သည် ကိုယ်ပိုင်ဖြောင့်မတ်ခြင်းကို ပယ်ဖျက်ရကြမည် ဖြစ်သည်။ ရောမ ၁၀း၁-၄ တွင် “ညီအစ်ကိုတို့၊ ငါ့စိတ်နှလုံး၏လိုအင်ဆန္ဒနှင့် အစ္စရေးလူမျိုးတို့အတွက် ဘုရားသခင်ထံ ငါဆုတောင်းသောအရာမှာ သူတို့ကယ်တင်ခြင်းရရှိရန်ဖြစ်၏။ သူတို့သည် ဘုရားသခင်အတွက် ထက်သန်သောစိတ်ရှိကြောင်း ငါသက်သေခံ၏။ သို့သော် ထိုထက်သန်သောစိတ်သည် စစ်မှန်သောအသိပညာအားဖြင့်မဟုတ်။ အကြောင်းမှာ သူတို့သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကိုမသိဘဲ မိမိ၏ဖြောင့်မတ်ခြင်းကိုတည်စေရန် ရှာကြံလျက် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို မနာခံသောကြောင့်ဖြစ်၏။ ခရစ်တော်သည် ယုံကြည်သောသူတိုင်း ဖြောင့်မတ်ခြင်းကိုရရှိရန် ပညတ်တရား၏အဆုံးသတ်ရာဖြစ်တော်မူ၏”ဟု ဖော်ပြထား သည်။ 
ဣသရေလလူမျိုးများသည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို လျစ်လျူရှု၍ ကိုယ်ပိုင်ဖြောင့်မတ်ခြင်းကို တည် ထောင်ရန် သူတို့၏ဉပ‌ဒေကို လိုက်လျှောက်ရန် အခိုင်အမာ တိုက် တွန်းခဲ့သည်။ ဘုရားသခင်သည် လူသားများအား အပြစ်ကို သတိချပ်ရန် ပ ညတ်တော်ကို ပေးအပ်တော်မူခဲ့သည်။ လူသား များသည် ပညတ်တော်ဆယ်ပါးအားဖြင့် အပြစ်ပညာကို ရှိခဲ့ကြ၍ တဲတော်၌ ယဇ်ပူဇော်သက္ကာအားဖြင့် အပြစ်များမှ သူတို့ကို ကယ် တင်ပေးသော ကိုယ်တော်၏ကယ်တင်ခြင်းဖြောင့်မတ်ခြင်းကို ယုံ ကြည်ခြင်းအားဖြင့် အပြစ်ဖြေလွှတ်ခြင်းကို ရရှိကြသည်။ ထိုကြောင့် တဲတော်၌အပြစ်ဖြေရာယဇ်မှာ သခင်ယေရှု သည် ဓမ္မသစ်ကျမ်း၌ ဘုရားသခင်ကိုယ်စားပြုသောအရှင် ဖြစ်တော် မူခဲ့သည်ဟု ပြဌာန်းထားသည်။ သို့သော် ဣသရေလလူမျိုးများ သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို မသိခဲ့ကြပေ။ 
 

သခင်ယေရှုသည် ဘာကြောင့် ဗတ္တိဇံခံယူတော်မူခဲ့သနည်း

သခင်ယေရှုသည် ဘာကြောင့် ဗတ္တိဇံခံယူတော်မူခဲ့သနည်း။ သခင်ယေရှု သည် ဤလောကအပြစ်များအားလုံးကို ဆေးကြောပေးတော်မူရန် အတွက် ဗတ္တိဇံယောဟန်သည် သခင်ယေရှုကို ဗတ္တိဇံပေးခဲ့သည်။ သခင်ယေရှုသည် ဗတ္တိဇံခံယူ တော်မမူမီ ဗတ္တိဇံယောဟန်ထံ “ယခုအခါတွင် အခွင့်ပေးလော့။ အ ကြောင်းမူကား ငါတို့သည် ဖြောင့်မတ်ခြင်းအလုံးစုံကို ဤသို့ပြည့်စုံစေသင့်၏” (မဿဲ ၃း၁၅)ဟု မိန့်တော်မူခဲ့သည်။ ဤအကြောင်းကြောင့် သခင်ယေရှုသည် ဗတ္တိဇံခံယူတော်မူခဲ့ခြင်း ဖြစ်သည်။ ကိုယ်တော်သည် ဗတ္တိဇံခံယူတော်မူခဲ့သောကြောင့် လူသားများ၏အပြစ်များအားလုံး ကို ဆေးကြောတော်မူနိုင်ခဲ့ခြင်း ဖြစ်သည်။ ကိုယ်တော်သည် ဗတ္တိဇံခံယူ တော်မူခြင်းအားဖြင့် ဤလောကအပြစ်များကို ယူဆောင်သွားတော် မူခဲ့သည်။ “ကြည့်လော့။ ဤလောက၏အပြစ်ကိုယူဆောင်သွားသော ဘုရားသခင်၏သိုးသငယ်တော်ပေတည်း”(ယောဟန် ၁း၂၉)။ ကိုယ်တော်သည် အပြစ်များအားလုံး ကို ယူဆောင်သွားတော်မူခဲ့၍ အပြစ်များပေးဆပ်ရန် ကားတိုင်ပေါ် တွင် အသေခံတော်မူခဲ့သည်။ သို့ သော် ဣသရေလလူမျိုးများက သခင်ယေရှုသည် အပြစ်များ၏ပြည့် စုံသောကယ်တင်ရှင်ဖြစ်တော်မူခဲ့သည်ဟု မယုံကြည်ခဲ့ကြပေ။ 
ဣသရေလလူမျိုးများ သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းအပေါ် မဆက်ကပ်ခဲ့ကြသော် လည်း သခင်ယေရှုသည် ယုံကြည်သူအားလုံးအပေါ် ဖြောင့်မတ်ခြင်း အတွက် ပညတ်တော်၏နိဂုံးဖြစ်တော်မူသည်။ ပညတ် တော်၏နိဂုံးမှာ သခင်ယေရှုသည် လောကအပြစ်များအားလုံးဆေး ကြောပေးတော်မူခြင်းကို ဆိုလိုသည်။ 
 ခရစ်တော်သည် ယုံကြည်သူအားလုံး အားစင်ကြယ်စေတော်မူရန်အတွက် ပညတ်တော်၏ကျိန်ခြင်းအဖြစ် တရားစီရင်ခြင်းခံတော်မူခဲ့သည်။ ကိုယ်တော်သည် ပညတ်တော်၏ကျိန်ခြင်းကို နိဂုံးချုပ်တော်မူခဲ့ သည်။ သခင်ယေရှု သည် လူသားများအားလုံးအား အပြစ်များမှ ကယ်တင်တော်မူခဲ့ သည်။ သခင်ယေရှုသည် လူသားများအားလုံး၏အပြစ်များကို ဆေးကြောပေးတော်မူရန်အတွက် ဗတ္တိဇံခံယူတော်မူခဲ့သည်။ ကိုယ်တော်သည် ဗတ္တိဇံခံယူတော်မူရန် ယော ဟန်ထံသို့ မိမိကိုယ်ခန္ဓာကို ပေးဆပ်တော်မူခြင်းနှင့် လောကအပြစ် များအားလုံးကို မိမိကိုယ်ခန္ဓာပေါ်သို့ လွှဲပြောင်းတော်မူခြင်းအားဖြင့် လောကအပြစ်များအားလုံးကို ယူဆောင်သွားတော်မူခဲ့သည်။ ထိုသို့ဖြင့် ကိုယ်တော် သည် လူသားများအားလုံးကို အပြစ်များမှ ကယ်တင်တော်မူခဲ့သည်။ ကိုယ်တော်သည် ဗတ္တိဇံနှင့်အသေခံတော်မူခြင်းအား ဖြင့် ဤလောကအပြစ်များယူဆောင်သွားတော်မူခြင်းအားဖြင့် ပ ညတ်တော်၏ကျိန်ခြင်းတရားစီရင်ခြင်းကို နိဂုံးချုပ်စေတော်မူခဲ့ သည်။ ကိုယ်တော်သည် ကျွန်ုပ်တို့အား တရားစီရင်ခြင်း နှင့် ပညတ်တော်၏ကျိန်ခြင်းမှ ပြည့်စုံစွာ ကယ်တင်တော်မူခဲ့သည်။ 
၎င်းမှာ ပညတ်တော်၏နိဂုံး နှင့် ဘုရားသခင်၏ကယ်တင်ခြင်းဖြောင့်မတ်ခြင်းအစဖြစ်သည်။ သခင် ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူခြင်းနှင့် ကား တိုင်ပေါ်သို့ သွားခြင်းအားဖြင့် လောကအပြစ်များကို လုံလောက်စွာ ယူဆောင်သွားတော်မူခဲ့သည်။ လူတစ်ဉီးသည် သခင်ယေရှု ၏ကယ်တင်ခြင်းဖြောင့်မတ်ခြင်းကို အမှန်အကန် ယုံကြည်လျှင် တောင် လူတစ်ဉီး၏နှလုံးသား၌ အပြစ်ရှိခြင်းမှာ မည်သို့ ဖြစ်လာနိုင် သနည်း။ “ဘုရားသခင်၏ဖြောင့်မတ်ခြင်းသည် ယုံ ကြည်ခြင်းမှ ယုံကြည်ခြင်းသို့ ထင်ရှားခဲ့သည်။” သ ခင်ယေရှု၏ဗတ္တိဇံနှင့်အသွေးတော်မှာ ဘုရားသခင်၏ဖြောင့်မတ်ခြင်း ဖြစ်သည်။ ဘုရားသခင်၏ဖြောင့်မတ် ခြင်းယုံကြည်ခြင်းမှာ သခင်ယေရှု၏ဗတ္တိဇံနှင့်အသွေးတော်ကို ယုံ ကြည်ခြင်း ဖြစ်သည်။ 
ဘုရားသခင်၏ဖြောင့်မတ်ခြင်းမှာ သခင်ယေရှု၏ ဗတ္တိဇံအားဖြင့် တရားဝင်ပြည့်စုံခဲ့သည်။ သင်သည် ၎င်းကို ယုံကြည်ရန် ကျွန်တော်ဆန္ဒပြုလိုပါသည်။ ထိုနောက် သင်သည် အ ပြစ်များအားလုံးမှ ကယ်တင်ခြင်းခံရလိမ့်မည်။ သခင်ယေရှု၏ဗတ္တိဇံအားဖြင့် အပြစ်သားများသည် အပြစ် ကင်းစင်လာနိုင်ရန် ဖြောင့်မတ်ခြင်းကို ပေးအပ်ခြင်း ဖြစ်သည်။ ထိုပြင် ဘုရားသခင်၏တရားစီရင်ခြင်းဖြောင့်မတ်ခြင်း မှာ သခင်ယေရှု၏အသေခံခြင်း ဖြစ်သည်။ “ “ခရစ်တော်သည် ပညတ်တော်၏နိဂုံးဖြစ်သည်။” ဘုရားသခင်၏တရားစီရင်ခြင်း သည် ပညတ်တော်တည်ရှိနေသရွေ့ မယုံကြည်သူများသူများအပေါ် တရားစီရင်ခြင်းရောက်လာလိမ့်မည်။ အပြစ်၏အခမှာ သေခြင်း၊ ကျိန်ခြင်းနှင့် အပ္ပါယ်ငရဲဖြစ်သည် ဟု ဘုရားခသင်၏ပညတ်တော်သည် အပြစ်ကို ထင်ရှားစေ၍ သက် သေပြသသည်။ ထိုကြောင့် သခင်ယေရှု၏ ဗတ္တိဇံနှင့် ကားတိုင်ပေါ်တွင် အသွေးတော်သည် ပညတ်‌တော်ကျိန် ခြင်းကို နိဂုံးချုပ်စေခဲ့သည်။ သခင်ယေရှု သည် ကျွန်ုပ်တို့အပြစ်များအားလုံးကို ယူဆောင်သွား‌တော်မူခဲ့၍ ဖြောင့်မတ်ခြင်းအားလုံးပြည့်စုံစေ၇န် ပညတ်တော်ကို နိဂုံးချုပ်စေ ခဲ့သည်။ 
 

ပညာမဲ့သူများသည် သူတို့၏မီးခွက်ကိုယူ၍ ၎င်းတို့တွင် ဆီမပါဘဲယူလာခဲ့ကြသည်

မဿဲ ၂၅း၁-၁၃ ကို ကြည့် ကြပါစို့။ ကိုယ်တော်၏ပေါ် ထွန်းခြင်း၊ သတို့သားကို စောင့်မြော်ခဲ့သော အပျိုကညာဆယ်ဉီး ပုံ ဥ ပမာကို တွေ့ရသည်။ ဘုရားသခင်၏ဖြောင့်မတ်ခြင်းမှာ နှုတ် ကပတ်တော်အားဖြင့် မည်သို့ဖြစ်လာသည်ကို ကြည့်ကြပါစို့။ 
 “ထိုကာလ၌ ကောင်းကင်နိုင်ငံတော်သည် မိမိတို့မီးခွက်များကိုယူဆောင်လျက် သတို့သားကိုကြိုဆိုရန် ထွက်သွားသည့် အပျိုကညာဆယ်ယောက်နှင့်တူလိမ့်မည်။ ထိုသူတို့ထဲမှ ငါးယောက်သည် မိုက်မဲသောသူဖြစ်ကြပြီး ငါးယောက်သည် ပညာသတိရှိသောသူဖြစ်ကြ၏။ မိုက် မဲသောသူတို့သည် မိမိတို့၏မီးခွက်ကို ယူသွားကြသော်လည်း မိမိတို့နှင့်အတူ ဆီကိုမယူသွားကြ။ ပညာသတိရှိသောသူတို့မူကား မိမိတို့မီးခွက်နှင့်အတူ ဆီကို ဘူးထဲ၌ယူသွားကြ၏။ 5သတို့သားသည် ကြန့် ကြာနေသောကြောင့် သူတို့အားလုံးသည် ငိုက်မျဉ်း၍ အိပ်ပျော်ကြ၏။ ညသန်းခေါင်၌ ‘ကြည့်ရှုလော့။ သတို့သားရောက်လာပြီ။ သူ့ကိုကြိုဆိုရန် ထွက်ခဲ့ကြလော့’ဟူသောအော်ဟစ်သံထွက်ပေါ်လာရာ အပျိုကညာအားလုံးတို့သည် ထ၍ မိမိတို့၏မီးခွက်များကို ပြင်ဆင်ကြ၏။ ထိုအခါ မိုက်မဲသောသူတို့က ‘ငါတို့မီးခွက်များမီးငြိမ်းတော့ မည်ဖြစ်၍ သင်တို့၏ဆီအချို့ကို ငါတို့အားပေးကြပါ’ဟု ပညာသတိရှိသောသူတို့ကိုပြောကြ၏။ သို့သော် ပညာသတိရှိသောသူတို့က ‘ထိုသို့ပြုလျှင် သင်တို့နှင့်ငါတို့အတွက် လုံလောက်မည်မဟုတ်ပါ။ ဆီရောင်းသောသူတို့ထံသို့သာသွား၍ မိမိတို့အတွက် ဝယ်ယူကြပါ’ဟု ပြန်ပြောကြ၏။ သူတို့သွား၍ ဝယ်နေကြစဉ် သတို့သားရောက်လာသဖြင့် အသင့်ရှိနေသောသူတို့သည် သတို့သားနှင့်အတူ မင်္ဂလာ ဆောင်ပွဲသို့ဝင်ကြ၏။ ထိုအခါ တံခါးကိုပိတ်ကြ၏။ထို့နောက် အခြားသောအပျိုကညာတို့သည်လည်း ရောက်လာ၍ ‘အရှင်၊ အရှင်၊ ကျွန်မတို့အား တံခါးဖွင့်ပေးပါ’ဟု ဆိုကြ၏။ သို့သော် သတို့သားက ‘သင်တို့အား ငါအမှန်ဆိုမည်။ သင်တို့ကို ငါမသိ’ဟု ပြန်ပြောလေ၏။ သို့ဖြစ်၍ သတိနှင့်စောင့်နေကြလော့။ အကြောင်းမူကား ထိုနေ့ရက်နှင့် ထိုအချိန်နာရီကို သင်တို့မသိကြ”(မဿဲ ၂၅း၁-၁၃)။ 
ကောင်းကင်နိုင်ငံတော်မှာ မိမိမီးခွက်များ ကို ယူ၍ သတို့သားကို တွေ့ရန်သွားခဲ့သော အပျိုကညာဆယ်ဉီးနှင့် တူသည်ဟု ဖော်ပြထားသည်။ မည်သူများသည် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ကြ သနည်း။ ဤအပျိုကညာဆယ်ဉီးမှ မည်သူများသည် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ခဲ့ကြသနည်း။ သူတို့သည် သခင်ယေရှုကို ယုံကြည်ခဲ့ကြသော်လည်း ဘာကြောင့် အပျိုကညာအချို့သာလျှင် ကောင်းကင်နိုင်ငံတော်သို့ မဝင်ရောက်နိုင်ခဲ့ကြသနည်း။ ကိုယ်တော် သည် ကျွန်ုပ်တို့အား ဤကျမ်းချက်များအားဖြင့် ဤအကြောင်းကို ပြောကြားတော်မူသည်။ အပျိုကညာဆယ်ဉီးမှ ငါးဉီးတို့ သည် မိုက်မဲ၍ အခြားငါးဉီးတို့မှာ ပညာရှိကြသည်။ ပညာမဲ့သောသူ များသည် ဆီမပါဘဲ သူတို့မီးခွက်များကို ယူဆောင်ခဲ့သည်။ မီးခွက်များမှာ ‘အသင်းတော်များ’ကို ဆိုလို သည်။ သူတို့ သည် ဆီမပါသောမီးခွက်များ ယူဆောင်ရခြင်းအကြောင်းသည် သန့် ရှင်းသောဝိညာဉ်‌တော် (သမ္မာကျမ်းစာ၌ ဆီမှာ သန့်ရှင်းသောဝိညာဉ် တော်ကို ပြဌာန်းသည်)မပါဘဲ ဘုရားကျောင်းသို့ တက်ရောက်သူများ ကို ကိုယ်စားပြုသည်။ 
ပညာမဲ့သောသူများသည် မည် သည့်အရာကို ပြုခဲ့ကြသနည်း။ သူတို့သည် ဆီမပါဘဲ မီးခွက်များကို ယူဆောင်လာခဲ့ကြသည်။ ဒုတိယမွေးဖွားခြင်းမခံ ရသေးသောလူတစ်ဉီးသည် သခင်ယေရှုကို ယုံကြည်သော်လည်း ဘု ရားကျောင်းသို့ သစ္စာရှိစွာဖြင့် တက်ရောက်နိုင်သည်။ လူတိုင်းက “ငါ့အသင်း တော်သည် အမှန်အကန် ရှေးရိုးဆန်တယ်”ဟု ပြောကြသည်။ ဤလောက၌ ခရစ်ယာန် အားလုံးသည် ထိုသို့ပြောကြားကြသည်။ သူတို့သည် သူတို့ဂိုဏ်းဂဏများ၌ စတင်တည် ထောင်သူဖခင်များနှင့်အချို့သောအကျင့်စရိုက်များအတွက် အလွန် ဝါကြွားတတ်ကြသည်။ မိုက်မဲသောသူများသည် ဆီမပါ သော မီးခွက်များယူဆောင်ခဲ့ကြသော်လည်း ပညာရှိသောသူများ သည် သူတို့၏မီးခွက်များ၌ ဆီအပြည့်ဖြင့် ယူဆောင်လာခဲ့ကြသည်။ 
လူသားများသည် အဘယ်သို့ ဖြစ် ကြသနည်း။ လူတစ်ဉီး သည် ဘုရားရှေ့တော်၌ မြေအိုး ဖြစ်သည်။ သူ သည် မြေမှုန့်သက်သက် ဖြစ်သည်။ လူ တစ်ဉီးသည် မြေမှုန့်မှ ဖန်ဆင်းထားသည်။ ထိုကြောင့် လူသားများသည် ဘု ရားပါဝင်နိုင်သောမြေအိုး ဖြစ်ကြသည်။ ပညာရှိသောသူများသည် မိမိ အိုး များကို ဆီအပြည့်ထည့်၍ မီးခွက်များကို ယူဆောင်ခဲ့ကြသည်။ 
 

ဆီမပါဘဲ မီးခွက်များကိုသာ ယူဆောင်သော မိုက်မဲသော အပျိုများသည် သူတို့၏ခံစားမှုများကို မီးရှို့ကြသည်

သခင်ယေရှုကို ယုံကြည်သူများအ ကြားပညာမဲ့သောသူများရှိကြသ်ဟု သမ္မာကျမ်းစာက ဖော်ပြထား သည်။ သူတို့သည် ဆီမပါဘဲ မီးခွက်များကို ယူဆောင်ခဲ့ကြသည်။ သူတို့သည် ဒုတိယမွေးဖွားခြင်းမခံရကြ သည်ကို ဆိုလိုသည်။ ဆီမပါ သောမီးစာသည် ကြာရှည်ခံနိုင်သလော။ ဤတွင် ကျွန်ုပ်တို့သိရမည့် အရာများမှာ ဆီမပါသော မီးခွက်သည် မည်သို့ပင် ကောင်းဟန်တူ စေကာမူ လျှင်မြန်စွာ လောင်ကျွမ်းခဲ့ရခြင်း ဖြစ်သည်။ ဒုတိယမွေးဖွားခြင်းမခံရသေးသော ယုံကြည်သူများသည် အစောပိုင်း၌ သခင်အပေါ် မေတ္တာဂရုဏာမရှိ ခဲ့ကြပေ။ ဤအရာသည် ၄နှစ်၊ သို့မဟုတ် ၅ နှစ်သာ  ကြာပါသည်။ နောက်ပိုင်းတွင် သခင်အ တွက် ဂရုဏာမေတ္တာသည် ချုပ်ငြိမ်းသွားခဲ့ရသည်။ သူတို့က အ ပြစ်ဖြေလွှတ်ခြင်းမခံရကြသည်ဟု သူတို့နားလည်သဘောပေါက်ရ ကြမည် ဖြစ်သည်။ 
ဒုတိယမွေးဖွားခြင်းမခံရ သေးသောသူများ သို့မဟုတ် ဆီ(သန့်ရှင်းသောဝိညာဉ်တော်)မပါ သောသူများသည် အောက်ပါအတိုင်း ပြောတတ်ကြသည်။ “ငါသည် လွန်ခဲ့သောအချိန်ကတည်းက ကောင်းသောယုံကြည်ခြင်းရှိခဲ့တယ်။ ငါက အစပိုင်းတွင် ကောင်းသော်လည်း ယခုတွင် မကောင်းတော့ပါ။ မင်းက မကြာမီ ငါ့လိုဖြစ်လိမ့်မည်။” သူတို့သည် ဒုတိယမွေးဖွားခြင်းမခံရဘဲ ဘာသာရေးဖြင့်သာ အသက်ရှင်ကြသော မိစ္ဆာပရောဖက်များနှင့် မိစ္ဆာယုံကြည်သူများ ဖြစ်ကြသည်။ သူတို့၏ ယုံ ကြည်ခြင်းသည် ဆီ (သန့်ရှင်းသောဝိညာဉ်‌တော်)ပေါ်တွင် အခြေမ ပြုထားသောကြောင့် ကယ်တင်ခြင်းယုံကြည်ခြင်း ရှိရကြမည် ဖြစ် သည်။ သူတို့၏ ယုံကြည်ခြင်းများသည် စိတ်ခံစားချက်များအပေါ်၌သာ အခြေပြု သည်။ သူုတိ့သည် သခင်ယေရှုခရစ်တော်၏ရေနှင့်အသွေးကို ယုံ ကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းရရှိကြ၍ ဘုရားသခင်၏ဆီကို ဆု ကျေးဇူးအဖြစ် ရရှိရကြမည် ဖြစ်သည်။ မီးစာမှာ လူသားများ၏နှလုံးသားအတွက် ရပ်တည် သည်။ 
အထက်ကကျမ်းချက်တွင် အပျိုကညာများသည် သတို့သားကို စောင့်နေကြသည်။ ဤတွင် ကျွန်ုပ်တို့သည် ဣသ ရေလလူမျိုးများ၏ ယဉ်ကျေးမှုနောက်ခံကို ကောင်းမွန်စွာ နားလည် သဘောပေါက်ရမည် ဖြစ်သည်။ သူတို့သည် ညအချိန်တွင် မင်္ဂလာဆောင်ပွဲကျင်းပ၍ သတို့ သားရောက်လာသောအခါ စတင်ကြသည်။ ထိုကြောင့် သတို့သမီးသည် သတို့သား ကို စောင့်ရမည် ဖြစ်သည်။ ဤအရာသည် ဣသရေလလူမျိုးများ၏ မင်္ဂလာဆောင်ပွဲ ဖြစ်သည်။ 
“သတို့သားသည် နောက်ကျစဉ် သူတို့သည် ငိုက်မျဉ်း အိပ်ပျော်ခဲ့ကြသည်။” “ကြည့်ကြလော့။ သတို့သားလာနေပြီ”ဟု ကြွေးကြော်သံထွက်လာသည်။ ထိုနောက် သတို့သ မီးသည် ထ၍ အလှပြင်ဆင်ခဲ့ရသည်။ အပျိုကညာများသည် သတို့သားကို စောင့်နေကြသောအခါ “ကြည့်ကြလော့။ သတို့သား လာနေပြီ”ဟု ကြွေးကြော်သံနှင့်အတူ သတို့သားရောက်လာခဲ့သည်။ “အပျိုကညာအားလုံးတို့သည် ထ၍ မိမိတို့၏မီးခွက်များကို ပြင်ဆင်ကြ၏။ထိုအခါ မိုက်မဲသောသူတို့က ‘ငါတို့မီးခွက်များမီးငြိမ်းတော့မည်ဖြစ်၍ သင်တို့၏ဆီအချို့ကို ငါတို့အားပေးကြပါ’ဟု ပညာသတိရှိသောသူတို့ကိုပြောကြ၏။”
မိုက်မဲ့သောသူများသည် အမြဲတမ်းရူးသွပ်နေကြသည်။ သူတို့သည် သတို့သားမ ရောက်မီ ဆီကို ပြင်ဆင်သင့်ကြသည်။ မီးစာသည် မည်သို့ပင် အားနည်းစေကာမူ ဆီဖြင့်ပြည့် သောမီးခွက်သည် သေလိမ့်မည် မဟုတ်ပေ။ 
ဆီမပါဘဲ မီးခွက်များကို ယူဆောင်သော မိုက်မဲ သောအပျိုကညာတို့သည် မီးစာများကိုသာ လောင်ကျွမ်းခဲ့သည်။ သူတို့၏နှလုံးသား များသည် လောင်ကျွမ်းသည်ဟု ဆိုလိုသည်။ “ငါသည် ဒုတိယမွေးဖွားခြင်းခံရမည်။ ဒုတိယမွေးဖွားခြင်းခံသောဘဝဖြင့်အသက်ရှင်၍ သန့်ရှင်းသောဝိ ညာဉ်တော်ဖြင့် ပြည့်ဝရမည် ဖြစ်သည်။” သူတို့သည် သူတို့၏နှလုံးသားများကို ဤသို့ဖြင့် ရိုးသားစွာ လောင်ကျွမ်းစေခဲ့ကြသည်။ ကျွန်ုပ်တို့ငယ်ငယ်တုန်းက ညအချိန်တွင် အခန်းများ၌ အ လင်းရရှိရန်အတွက် ရေနံထည့်ထားသောမီးခွက်များကို အသုံးပြုခဲ့ ကြသည်။ ကျွန်ုပ်တို့သည် မီးခွက်ကို စာရွက်တစ်ရွက်လောင်ကျွမ်းစေကြလျှင် ၎င်းသည် မျက်စိတစ်မှိတ် အတွင်း လောင်ကျွမ်းခဲ့ရသည်။ မီး မှာ ဒူးခန့်မြှင့်၍ အလွန်တောက်ပသော်လည်း ၎င်းသည် ချက်ခြင်း လောင်ကျွမ်းခဲ့သည်။ 
အပ္ပါယ်ငရဲသို့ သွားသောပညာမဲ့သောအပျိုကညာများသည် ဆီမပါ မိမိနှလုံးသားများ(စိတ်လှုပ်ရှားမှုများ)လောင်ကျွမ်းသောသူများ ဖြစ် ကြ၍ သူတို့သည် ကိုယ်တော်ကို အမှန်အကန် တွေ့ကြသောအခါ သူ တို့၏ယုံကြည်ခြင်းမီးများသည် သေသွားလိမ့်မည်။ သူတို့သည် အထဲ၌ သန့်ရှင်းသော ဝိညာဉ်တော်မရှိကြပေ။ သူတို့သည် သန့်ရှင်း သောဝိညာဉ်တော်မရှိကြလျှင်လည်း သူတို့သည် မှန်ကန်စွာ ယုံ ကြည်ကြသည်ဟု ယူ‌ဆကြသည်။ “♬လောင်ကျွမ်းသောဝိညာဉ်တော်၊ ကြွဆင်းပါ၊ ကြွဆင်း ပါ♬” သူတို့သည် ကြီးမားသော ရှုပ် ထွေးမှုများ၌ ရှိနေကြသည်။ ထိုနောက် မိန်းမများသည် ကခုန်ခြင်း (သူတို့က ၎င်းကို သန့်ရှင်းသောဝိညာဉ်တော်အက ဟု ခေါ်ကြသည်) သူတို့၏ရင်ဘက်ကို ရိုက်ခတ်လျက် “လာပါ၊ ကြွလာ ပါ”ဟု ပြောကြသည်။ သူတို့သည် မိုက်မဲ၍ ရူးသွပ်နေကြသည်။ ကျွန်ုပ်တို့သည် ကိုယ်တင်ရှင်ရှေ့တော်၌ အပြစ်ရှိကြလျှင် ကျွန်ုပ်တို့သည် မိုက်မဲသောသူများ ဖြစ်ကြသည်။ ကျွန်ုပ်တို့သည် သခင်ယေရှု ကို ယုံကြည်ကြသော်လည်း ကျွန်ုပ်တို့သည် မိုက်မဲသောအပျိုကညာ များကဲ့သို့ ဖြစ်ကြလိမ့်မည်။ မိုက်မဲ သောအပျိုကညာနှင့်မတူပါနှင့်။ 
 

သခင်သည် အပြစ်ရှိသော သတို့သမီးကို မည်သို့လက်ထပ်နိုင် မည်နည်း

သခင်ယေရှုသည် သန့်ရှင်းသောဘု ရားသခင် ဖြစ်တော်မူသည်။ သတို့သားမှာ ဘုရားနှင့် အပြစ်ကင်း စင်သူ ဘုရားသခင်၏သားတော်ဖြစ်သည်။ ဘုရားသခင်သည် ကျွန်ုပ်တို့၏သတို့သား ဖြစ်တော်မူ သည်။ သို့သော် သင်သည် အပြစ်ရှိလျက်ပင် ဘုရားသခင် ကို တွေ့ရန် မည်သို့ ကြိုးစားနိုင်ကြမည်နည်း။ သင်သည် နှလုံးသား၌ အပြစ် ရှိလျက်ပင် ဘုရားကို တွေ့လိုသလော။ ဤအရာသည် မိုက်မဲ၍ ရူးသွပ် သောလုပ်ဆောင်ချက် ဖြစ်သည်။ 
သခင်ယေရှု၊ သတို့သားသည် လောကသို့ ကြွဆင်းတော်မူခဲ့၍ သတို့သမီးများကို စင်ကြယ်စေတော်မူခဲ့သည်။ ကိုယ်တော်သည် ဗတ္တိ ဇံအားဖြင့် သူတို့အပြစ်များအားလုံးကို ဆေးကြောပေးတော်မူခြင်း အားဖြင့် သတို့သမီးများအား ဖြောင့်မတ်သူများ ဖြစ်စေတော်မူခဲ့ သည်။ ကိုယ်တော်သည် သူတို့ကို ကိုယ်တော်၌ သတို့သမီးများအဖြစ် ရွေးကောက်တော်မူခဲ့ သည်။ အချိန်ပြည့်စုံလာသောအခါ ငါးဉီးတို့က “လာကြပါ”ဟု ပြောခဲ့သည်။ သို့သော် ငါးဉီးတို့က အမှောင်ထဲမှာ ရပ်နေသေးသည်။ သူတို့မျက်နှာများသည် မှောင်မိုက်သည့်အချိန်တွင် မင်္ဂ လာဆောင်ပွဲကို မည်သို့ ကျင်းပနိုင်ကြမည်နည်း။ သူတို့သားသည် လာ၍ “မင်းတို့ ဘာလုပ်နေကြသလဲ”ဟု ပြောခဲ့သည်။ နောက်ဆုံးသတို့သမီးငါးဉီးတို့၏မျက်နှာများသည် အပြစ်များကြောင့် မှောင်မဲနေကြသည်။ သူတို့ အပြစ်များသည် ဤတွင် တွဲကပ်၍ သူတို့နှလုံးသားများ၌ ရှိကြသော ကြောင့် သူတို့သည် အလွန်ငိုကြွေးမြည်တမ်းခဲ့ရကြသည်။ 
ကိုယ်တော်သည် အပြစ်များကြောင့် ငိုကြွေးနေသောသ တို့သမီးကို မည်သို့ လက်ထပ်နိုင်မည်နည်း။ “ကျွန်တော်ကဲ့သို့သောသူကို စင်ကြယ် စေတော်မူသောကြောင့် ကိုယ်တော့်ကို ကျေးဇူးတင်ပါ၏။” ဤသို့သောပုဂ္ဂိုလ်သည် အားနည်းသော် လည်း သတို့သားသည် သူ့ကို ချစ်၍ သူ၏အားနည်းချက်များနှင့်အ ပြစ်များကို ဆေးကြောပေးတော်မူခဲ့သောကြောင့် သူသည် ဝိညာဉ် ရေးရာသတို့သားနှင့် ဝမ်းမြောက်လိမ့်မည်။ သတို့သားသည် သ တို့သမီးအား မိတ်ကပ်လိမ်းရန်၊ အဝတ်အစားများနှင့် အကောင်းဆုံး သောရေမွှေးများနှင့်အလှကုန်ပစ္စည်းများကို ပေးပို့သည်။ ထိုနောက် သတို့သမီးသည် ထိုအလှကုန်ပစ္စည်းများကို ဝတ်ဆင်၍ သတို့သားကို တွေ့ဆုံရန် အ ဆင်သင့်ဖြစ်နေသည်။ 
ကျွန်ုပ်တို့သခင် သည် သတို့သားအဖြစ် ကျွန်ုပ်တို့အား လမ်းပြရန် လောကသို့ စေ လွှတ်ခြင်းခံတော်မူခဲ့သောကြောင့် ကျွန်ုပ်တို့သည် သတို့သမီးအဖြစ် ကိုယ်တော့်ကို တွေ့နိုင်ကြခြင်း ဖြစ်သည်။ ကိုယ်တော်သည် ယောဒန်မြစ်၌ အပြစ်ဖြေလွှတ်ရန်အတွက် ကျွန်ုပ်တို့အား မိမိကိုယ် ခန္ဓာကို ပေးအပ်တော်မူခဲ့သည်။ “နှုတ်ကပတ်တော်သည် လူသားအဖြစ်ကိုခံယူ၍ အ ကျွန်ုပ်တို့တွင်စံမြန်းတော်မူသဖြင့် အကျွန်ုပ်တို့သည် ကိုယ်တော်၏ဘုန်းတော်ကို ဖူးမြင်ရကြ၏။ ထိုဘုန်းတော်ကား ခမည်းတော်ထံပါး၌ တစ်ပါးတည်းသောသားတော်အဖြစ် ရှိသောဘုန်းတော်ဖြစ်လျက် ကျေးဇူးတော်နှင့်လည်းကောင်း၊ သမ္မာတရားနှင့်လည်းကောင်း ပြည့် စုံ၏”(ယောဟန် ၁း၁၄)။
ကိုယ်တော်သည် ကျွန်ုပ်တို့အ ပြစ်များအားလုံးကို ယူဆောင်သွားတော်မူခဲ့သောကြောင့် ကျွန်ုပ်တို့ သည် ကိုယ်တော်ကို ယုံကြည်ခြင်းအားဖြင့် ကျေးဇူးတော်၊ သမ္မာတ ရားနှင့် အပြစ်ခွင့်လွှတ်ခြင်းပြည့်စုံခြင်းကို ရရှိနိုင်ကြသည်။ သတို့သားသည် ယောဒန်မြစ်၌ သတို့သမီး၏အပြစ်များအား လုံးကို ယူဆောင်သွားတော်မူခဲ့သည်။ ကိုယ်တော်သည် ကားတိုင်ပေါ်တွင် သူတို့နေရာတွင် တရားစီရင် ခြင်းခံရခြင်းအားဖြင့် သူတို့အပြစ်များမှ သတို့သမီးကို ကယ်တင်ခဲ့ သည်။ 
 

ကျွန်ုပ်တို့သည် သန့်ရှင်းသောဝိညာဉ်တော်ကို ငွေကြေးနှင့် စမ်းသပ်မှုအားဖြင့် ဝယ်ယူနိုင်ကြမည်လော

သို့သော် ပညာမဲ့သောအပျိုကညာများ သည်  သတို့သား အနီးအနားရောက်လာသောအခါ သူတို့၏မီးခွက် များ လောင်ကျွမ်းသွားခဲ့သောကြောင့် ပညာရှိသူများထံ ဆီမျှဝေရန် တောင်းခဲ့ကြသည်။ ကျွန်ုပ်တို့ သည် သန့်ရှင်းသောဝိညာဉ်‌တော်ကို မျှဝေနိုင်ကြမည်လော။ ကျွန်ုပ်တို့သည် သန့်ရှင်းသော ဝိညာဉ်တော်ကို ငွေကြေးဖြင့် ဝယ်ယူနိုင်ကြမည်လော။ ကျွန်ုပ်တို့သည် ကောင်းသောအကျင့်များ၊ စုံစမ်းခြင်းများနှင့် ငွေး ကြေးများဖြင့် အပြစ်ဖြေလွှတ်ခြင်း ဝယ်ယူနိုင်ကြမည်လော။ ပညာရှိသူများက သူတို့ထံ နိုးထမှုအစီအစဉ်တရားဟော ပြောသူများထံမှ သန့်ရှင်းသောဝိညာဉ်‌တော်ဝယ်ယူပါဟု ပြောခဲ့ကြ သည်။ ပညာမဲ့သောသူများက သူတို့ထံမှ ၎င်းကို ဝယ်ယူခဲ့ကြသည် ဟု ထင်ခဲ့ကြသည်။ သူတို့သည် ငွေကြေးဖြင့် ဆီကို ဝယ်ယူနိုင်လိမ့်မည်ဟု တွေးခဲ့ကြသည်။ သူတို့သည် ဘာသာရေးအသက်တာများဖြစ်သော အ လှူငွေများစွာပေးအပ်ခြင်းနှင့်အစေခံခြင်းများ၊ ရိုးရာဘုရားကျောင်း များသို့ တက်ရောက်ခြင်းများနှင့် အရပ်မနားဆုတောင်းခြင်းများက သူတို့ကို တစ်စုံတစ်ခုပေးကမ်းနိုင်ခြင်းတို့ဖြင့် အသက်ရှင်ရန် ကြိုး စားအားထုတ်ခဲ့ကြသည်။ သို့သော် မည်သို့ပင်ဖြစ်စေကာမူ ကိုယ် တော်ချပေးတော်မူခဲ့သော အပြစ်ဖြေလွှတ်ခြင်းကို လောကအရာ များအားဖြင့် မည်သူမည်ဝါကမျှ မဝယ်နိုင်ပေ။ ပညာမဲ့သူများသည် ကိုယ်တော်ရှေံတော်၌ ရပ်သည့်အထိတိုင် အောင် သူတို့၏စိတ်လှုပ်ရှားမှုများကို လောင်ကျွမ်းစေ၇န် ကြိုးစား ကြသည်။ ပညာမဲ့သောအပျိုက ညာတစ်ဉီးက “ကိုယ်တော့်နောက်တော်သို့ ကျွန်တော်လိုက်မည်၊ နောင်တနှင့်စပ်ဆိုင်သောဆုတောင်းခြင်းများပြုရန် တောင်ပေါ်သို့ ကျွန်ုပ်တက်မည်။ ကိုယ်တော့်ကို အစေခံကြပါစို့။ နိုင်ငံတကာသို့ သွား၍ သတင်းကောင်းဟောပြောကြပါစို့”ဟု ပြောခြင်းအားဖြင့် ဘာ သာရေးဘဝစတင်လာခဲ့ကြသည်။ 
နောက်ဆုံးတွင် သတို့သားသည် များစွာသောအခြံအရံများနှင့်အတူ ရောက်လာခဲ့သည်။ ပညာမဲ့သောသူများသည် သတို့ သားရောက်လာသောအခါ ဆီဝယ်ရန် သွားခဲ့ကြသော်လည်း အပြစ် ဖြေလွှတ်ခြင်းခံရ၍ ဆီ(သန့်ရှင်းသောဝိညာဉ်တော်)ပြင်ဆင်ခဲ့သော အပျိုကညာများသည် မင်္ဂလာဆောင်နှင်းပွဲသို့ သွားခဲ့ကြသည်။ သ တို့သားသည် အရာအားလုံး ပြင်ဆင်ခဲ့ပြီးနောက် သတို့သမီးများကို တွေ့ခဲ့သည်။ 
 ထိုနောက် သူသည် တံခါးကို ပိတ်ခဲ့သည်။ သခင်ယေရှုသည် အပျိုကညာငါးဉီးတို့ကို အကြောင်းမဲ့ ရွေးတော်မ မူခဲ့ပေ။ သမ္မာ ကျမ်းစာ၌ ‘ငါး’နံပါတ်မှာ ‘ကျေးဇူးတော်’ဖြစ်သည်။ အပျိုကညာငါးဉီးတို့ သည် ကျေးဇူးတော်နှင့် ကိုယ်တော်၏ကျေးဇူးတော်နှင့် ဖြောင့်မတ် ခြင်းလုပ်ငန်းများကို ယုံကြည်ခြင်းအားဖြင့် အပြစ်ဖြေလွှတ်ခြင်းခံရ သောသူများကို ရည်ညွှန်းသည်။ သူ တို့က သူတို့အတွက် သတို့သားပြုခဲ့သောအရာများကို အသိအမှတ် ပြု၍ သူတို့အား ဖြောင့်မတ်စေသောကိုယ်တော်၏ဖြောင့်မတ်ခြင်းကို ယုံကြည်ကြသည်။ သို့သော အခြားသော အပျိုကညာများသည် အမှန်အကန်လာ၍ “သခင်၊ သခင်၊ တံခါးဖွင့် ပေးတော်မူပါ”ဟု ပြောခဲ့သည်။ သို့‌သော် ကိုယ်တော်က “ငါအ မှန်အကန်ဆိုသည်မှာ သင်တို့ကို မသိပါ”ဟု ပြန်ဖြေတော်မူခဲ့သည်။ 
 

ကျွန်ုပ်တို့၏အပြစ်များဖယ်ရှားမှသာလျှင် ကျွန်ုပ်တို့သည် သန့်ရှင်းသောဝိညာဉ်တော်ဆုကျေးဇူးရရှိနိုင်ကြသည်

ဆီ မပြင်ဆင်သောသူများသည် သခင်ကို မတွေ့နိုင်ကြပေ။ သခင်သည် ဘုရားသခင်၏ဖြော်င့မတ်ခြင်း ကို ယုံကြည်သူများနှင့် ကောင်းကင်နိုင်ငံတော်ကို စောင့်မြော်နေသူ များနှင့် နှလုံးသားများ၌ အပြစ်ဖြေလွှတ်ခြင်းအမှန်အကန်ခံရသော သူများကို ကောင်းကင်နိုင်ငံတော်သို့ သိမ်းယူ‌တော်မူလိမ့်မည်။ ကိုယ်တော်သည် ကတိစကား တော်များကို ပြောကြားတော်မူခဲ့သည်။ “သင်တို့၏အပြစ်များခွင့်လွှတ်ခြင်းကျေးဇူးအတွက် နောင်တရ၍ သင်တို့တစ်ဦးစီသည် ယေရှုခရစ်တော်၏နာမတော်၌ ဗတ္တိဇံခံကြလော့။” ထိုနောက် အပြစ်များဖြေလွှတ်ခြင်းခံရပြီး နောက် မည်သည့်အရာ ဖြစ်ပျက်သနည်း။ သမ္မာ ကျမ်းစာက “ထိုအခါ သန့်ရှင်းသောဝိညာဉ်တော်တည်းဟူသော ကောင်းချီးလက်ဆောင်ကို ရရှိကြလိမ့်မည်”(တမန် ၂း၃၈)ဟု ပြော သင်သည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းသတင်းကောင်းကို ရရှိလျှင် သင်၏နှလုံးသား၌ရှိ သောအပြစ်များကို အမှန်အကန် ဖယ်ရှားခြင်းခံရ၍ သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်အပေါ်သို့ တက်ရောက်လိမ့်မည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏သန့်ရှင်းသောဝိညာဉ်တော်ကို ကိုယ်ကာယဖြင့် မခံ စားနိုင်ကြပေ။ သို့မှသာ သန့်ရှင်းသောဝိညာဉ်တော် ကိန်းဝပ်တော်မူသည်။ ကျွန်ုပ်တို့သည် သန့်ရှင်းသောဝိ ညာဉ်တော်ရရှိ၍ နှလုံးသားများ၌ ဘုရားသခင်၏နှုတ်ကပတ်တော်ရ ရှိကြသောကြောင့် အပြစ်မရှိကြပေဟု မပြောနိုင်ကြပေ။ အပြစ်သည်အမှန်အကန်ရှိသည်။ ကိုယ်တော်၏ဖြောင့်မတ်ခြင်းကို လက်ခံ သောသူတစ်ဉီးသည် အားနည်းသော်လည်း ဖြောင့်မတ်သူဖြစ်လာ သည်။ သို့သော် သခင်‌၏ဖြောင့်မတ်ခြင်းကို မရသောသူသည် အပြစ်သားတစ်ဉီး ဖြစ်သည်။ 
 

ထိုအရာ၌ ဘုရားသခင်၏ဖြောင့်မတ်ခြင်းထင်ရှားခဲ့သည်

ကိုယ်တော်သည် ရေ နှင့်အသွေးအားဖြင့် ကြွလာတော်မူခဲ့သည်။ ကိုယ်တော်သည် ကျွန်ုပ်တို့အား ဗတ္တိဇံ အားဖြင့် အပြစ်များမှ ကယ်တင်တော်မူခဲ့သည်။ ကိုယ် တော်သည် ဗတ္တိဇံခံယူတော်မူခဲ့၍ အသွေးတော်သွန်းလောင်းတော် မူခြင်းအားဖြင့် အပြစ်များအားလုံးအတွက် တရားစီရင်ခြင်းကို ရက် ရက်စက်စက်ခံယူတော်မူခဲ့သောအခါ ကျွန်ုပ်တို့အပြစ်များအားလုံးကို ယူဆောင်သွားတော်မူခဲ့သည်။ တမန်တော်ရှင်‌ယောဟန်၊ ပေ တရုနှင့်ပေါလုတို့သည် ဤအကြောင်းနှင့်ပတ်သက်၍ အဘယ်အရာ ပြောကြသနည်း။ သူတို့အားလုံးသည် သခင်ယေရှု၏ကိုယ်ခန္ဓာနှင့်အသွေး အ ကြောင်းကို အတူတူပြောကြသည်။ သူတို့သည် သခင်ယေရှု၏ ဗတ္တိဇံနှင့် ကားတိုင်ပေါ်တွင် အသွေးတော်အကြောင်းကို ပြောကြ သည်။ မဿဲ၃း၁၃-၁၇ တွင် သခင်ယေရှု၏ဗတ္တိဇံကို တိကျစွာ ဖော်ပြထား သည်။ သ ခင်ယေရှုသည် အပြစ်သားများအား အပြစ်ကင်းစင်စေရန် နှင့် လော ကအပြစ်များအားလုံးကို ဆေးကြောပေးတော်မူရန်အတွက် ယော ဒန်မြစ်၌ ဗတ္တိဇံခံယူတော်မူခဲ့သည်။ 
၁ ပေ ၃း၂၁ ကို ကြည့်ကြ ပါစို့။ ကယ်တင်ခြင်း၏ပုံဆောင်ချက်မှာ ကိုယ်တော်၏ဗတ္တိဇံ ဖြစ်သည်ဟု ရှင်ပေတရုက သက်သေခံခဲ့သည်။ “ဤအရာသည် ယခု သင်တို့ကိုကယ်တင်သော ဗတ္တိဇံကိုပုံဆောင်၏။ ဗတ္တိဇံသည် ကိုယ်ကာယ၏အညစ်အကြေးကို ချွတ်ပယ်ခြင်းမဟုတ်ဘဲ ယေရှုခရစ်တော်၏ရှင်ပြန်ထမြောက်ခြင်းအားဖြင့် ကြည်လင်သောအသိစိတ်ကို ဘုရား သခင်ထံတောင်းလျှောက်ခြင်းဖြစ်၏။ ခရစ်တော်သည် ကောင်းကင်ဘုံသို့ကြွတော်မူ၍ ကောင်းကင်တမန်များ၊ အာဏာစက်များနှင့် တန် ခိုးတို့ကို မိမိလက်အောက်၌ချထားလျက် ဘုရားသခင်၏လက်ယာတော်ဘက်၌ရှိနေတော်မူ၏” ( ၁ ပေ ၃း၂၁-၂၂)။ 
 “ယခုတွင် သခင်ယေရှုခရစ်တော်၏ထမြောက်ခြင်းအားဖြင့် ဗတ္တိဇံ- ကျွန်ုပ်တို့အားကယ်တင်သော ပုံဆောင်ချက်တစ်ချက်ရှိ သည်”ဟု ဖော်ပြထားသည်။ ကိုယ်ခန္ဓာအားဖြင့် ကျွန်ုပ်တို့အပြစ်များအားလုံးကို ယူဆောင်သွား တော်မူခဲ့သော သခင်ယေရှု၏ဗတ္တိဇံသည် ကျွန်ုပ်တို့ကယ်တင်ခြင်း ၏သက်သေ ဖြစ်သည်။ ကားတိုင်ပေါ်တွင် ကိုယ်တော်သည် အသွေးတော်သွန်းလောင်း ခြင်းအချက်မှာ ကျွန်ုပ်တို့သည် အပြစ်များအတွက် တရားစီရင်ခြင်းခံ ခဲ့ရကြသည်ဟူသောအချက်ကို သက်သေပြသသည်။ ကျွန်တော်ပြောကြားသောအရာကို သင်သိသ လော။ ထို ကြောင့် သခင်ယေရှုသည် ရေ၊ အသွေးနှင့် သန့်ရှင်းသောဝိညာဉ် တော် ( ၁ ယော ၅း၆-၉)အားဖြင့် ကြွလာတော်မူခဲ့သောအရှင်ဖြစ် တော်မူသည်ဟု သမ္မာကျမ်းစာက ဖော်ပြသည်။ သခင်ယေရှုသည် လူသားတစ်ဉီးအဖြစ် လောကသို့ စေလွှတ်ခြင်းခံတော်မူခဲ့၍ ယဇ်ပ ရောဟိတ်အာရုန်သည် မိမိလူများ၏အပြစ်များကို လွှဲပြောင်းရန် ယဇ်ကောင်ပေါ်သို့ လက်များတင်ခြင်းနည်းလမ်းအားဖြင့် ကျွန်ုပ်တို့ အပြစ်များအားလုံးကို ယူဆောင်သွားတော်မူခဲ့သည်။ ရေမှာ ကျွန်ုပ်တို့အား ကယ် တင်သော- ဗတ္တိဇံပုံဆောင်ချက် ဖြစ်သည်။ ထိုအရာသည် ညစ်ညူးသော အရာကို ဖယ်ရှားခြင်းမဟုတ်ပေဟု ရေးသားခဲ့သည်။ ကျွန်ုပ်တို့သည် အပြစ်ဖြေလွှတ်ခြင်းခံရပြီးနောက် အပြစ်မကျူးလွန် ပေဟု မဆိုလိုပေ။ ကျွန်ုပ်တို့သည် သခင်ယေရှု ၏ဗတ္တိဇံကို ယုံကြည်ခြင်းအားဖြင့် အပြစ်ဖြေလွှတ်ခြင်း ရရှိကြသည်။ ထိုနောက် ကျွန်ုပ်တို့သည် ကိုယ်ကာယဖြင့် အပြစ်ကျူးလွန်ကြသလော။ လူများစွာတို့သည် အပြစ်ဖြေလွှတ်ခြင်းကို နားလည်မှုလွှဲ၍ “သင့်နှလုံးသား၌ အပြစ်မရှိလျှင် အပြစ်တဖန်မကျူး လွန်ပေ”ဟူသောဖော်ပြချက်ကို ပြောကြသည်။ ဤအရာသည် နားလည်မှုလွှဲမှားခြင်း ဖြစ် သည်။ သမ္မာ ကျမ်းစာက “အမှန်စင်စစ် အပြစ်မပြုဘဲ ကောင်းသောအမှုကိုသာပြုသည့်ဖြောင့်မတ်သောသူဟူ၍ ကမ္ဘာမြေကြီးပေါ်၌မရှိ”(ဒေသနာ ၇း ၂၀)ဟု ဖော်ပြထားသည်။ ကိုယ်ကာယ သည် အားနည်းသေးသည်။ သေသည့်တိုင် အောင် အားနည်းသေးသည်။ သေ သည့်တိုင်အောင် အပြစ်ကျူးလွန်သေးသည်။ “ဗတ္တိဇံသည် ကိုယ်ကာယ၏အညစ်အကြေးကို ချွတ် ပယ်ခြင်းမဟုတ်ဘဲ ယေရှုခရစ်တော်၏ရှင်ပြန်ထမြောက်ခြင်းအား ဖြင့် ကြည်လင်သောအသိစိတ်ကို ဘုရားသခင်ထံတောင်းလျှောက်ခြင်းဖြစ်၏။”  ကျွန်ုပ်တို့စိတ်များသည် သခင်ယေရှု၏ ဗတ္တိဇံနှင့်အသွေးတော်ကို ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်ထံ ကြည်လင်သောစိတ်သို့ ပြောင်းလဲသည်။ ကျွန်ုပ်တို့ စိတ်များသည် ကိုယ်တော်၏ဗတ္တိဇံအားဖြင့် ကျွန်ုပ်တို့၏အပြစ်များ အားလုံးကို ကိုယ်တော်ယူဆောင်သွားတော်မူခဲ့သည်ဟူသောအချက် ကိုယုံကြည်ခြင်းအားဖြင့် ဘုရားသခင်အား သခင်နှင့်ကယ်တင်ရှင် အဖြစ် မှည့်ခေါ်နိုင်သည်။ 
 

ကျွန်ုပ်တို့နှလုံးသားများအတွက် ဝိညာဉ်ရေရာအာဟာရမှာ မှာ သခင်ယေရှု၏ဗတ္တိဇံနှင့်အသွေးတော် ဖြစ်သည်

နှလုံးသားအတွက် အဟာရမှာ သခင်ယေရှု၏ ဗတ္တိဇံနှင့်အသွေးတော် ဖြစ်သည်။ နှလုံးသားအတွက် အာဟာရနှင့် ကျွန်ုပ်တို့အပြစ်များကို ဆေးကြောပေးသောပုံဆောက်ချက်မှာ သခင်ယေရှု၏ဗတ္တိဇံ ဖြစ် သည်။ ထိုကြောင့် တမန်တော်ရှင်ပေတရုက ဗတ္တိဇံသည် ကျွန်ုပ်တို့အား ကယ်တင်ခဲ့သောပုံဆောင်ချက်ဖြစ်သည် ဟု ပြောခဲ့သည်။ 
၁ ပေ ၁း၂၂-၂၃ ကို ကြည့်ကြ ပါစို့။ “သင်တို့သည် သမ္မာတရားကိုနာခံခြင်းအားဖြင့် သင်တို့၏စိတ်ဝိညာဉ်များကို သန့်ရှင်းစင်ကြယ်စေပြီး ဟန်ဆောင်မှုကင်းသည့် ညီအစ်ကိုချင်းချစ်သောမေတ္တာကိုရရှိကြသည်ဖြစ်၍ ဖြူစင်သောစိတ်နှလုံးဖြင့် အချင်း ချင်းခိုင်မြဲစွာချစ်ကြလော့။ သင်တို့သည် ယိုယွင်းပျက်စီးတတ်သောမျိုးစေ့အားဖြင့်မဟုတ်ဘဲ ယိုယွင်းပျက်စီးခြင်းနှင့်ကင်းသည့်မျိုးစေ့တည်းဟူသောအသက်ရှင်၍ အစဉ်တည်မြဲသည့် ဘုရားသခင်၏နှုတ် ကပတ်တော်အားဖြင့် အသစ်တစ်ဖန်မွေးဖွားစေခြင်းကိုခံရကြပြီ။” Amen. အာမင်။ 
ကျွန်ုပ်တို့သည် သခင်ယေရှု၏ဗတ္တိဇံနှင့်အသွေးတော်ကို ယုံကြည် ခြင်းအားဖြင့် ဒုတိယမွေးဖွားခြင်းခံရ၍ အပြစ်များအားလုံးဖြေလွှတ် ခြင်းခံရကြသည်။ ကျွန်ုပ်တို့သည် ကိုယ်တော်၏နှုတ်က ပတ်တော်ကို ယုံကြည်ခြင်းအားဖြင့် ဒုတိယမွေးဖွားခြင်းခံရကြသည်။ ကျွန်ုပ်တို့သည် ‘အသက်ရှင်၍ ထာဝ တည်မြဲသောဘုရားသခင်၏နှုတ်ကပတ်တော်အားဖြင့်’ ဒုတိယမွေး ဖွားခြင်းခံရကြသည်။ ဟာလေလုယာ။ ဒုတိယမွေးဖွားခြင်းသည် အသက်ရှင်၍ ထာဝရတည်မြဲ သောနှုတ်ကပတ်တော်အားဖြင့် ဖြစ်ပျက်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် ပေတံကို ရည်ညွှန်းသော ကာနွန် ဖြစ်သည်။ ၎င်းသည် ကယ်တင်ခြင်းအ တွက် စံသတ်မှတ်ချက် ဖြစ်သည်။ ဘုရားသခင်၏ကယ်တင်ခြင်း အတွက် ပေတံသည် ဘယ်တော့မှ မပြောင်းလဲပေ။ 
ဗတ္တိဇံယော ဟန်သည် ယောဟန် ၁း၂၉ တွင် “ကြည့်လော့။ ဤလောက၏အပြစ်ကိုယူဆောင်သွားသော ဘုရားသခင်၏သိုးသငယ်တော်ပေတည်း”  ဟုပြောခဲ့သည်။ ယောဒန်မြစ်၌ ဗတ္တိဇံခံယူတော်မူခဲ့သော ဘုရား သခင်၏သိုးသငယ်မှာ ကိုယ်တော်၏အသားနှင့်အသွေးအားဖြင့် ကျွန်ုပ်တို့အားကယ်တင်ခဲ့သော စစ်မှန်သောအသက်မုန့် ဖြစ်သည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်ကို ယုံကြည် ခြင်းအားဖြင့် စင်ကြယ်ခြင်းခံရ၍ ကယ်တင်ခြင်းခံရကြသည်။ ထိုကြောင့် သမ္မာကျမ်းစာ က “သို့ဖြစ်၍ ယုံကြည်ခြင်းသည် ကြားနာခြင်းအားဖြင့်ဖြစ်ပြီး ကြား နာခြင်းသည် ခရစ်တော်၏စကားတော်အားဖြင့်ဖြစ်၏” နှင့် “အ ဘယ်ကြောင့်ဆိုသော် “ဖြောင့်မတ်သောသူသည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်လိမ့်မည်”ဟု ကျမ်းစာ၌ရေးထားသည့်အတိုင်း ယုံကြည်ခြင်းအပေါ်အခြေခံလျက် ယုံကြည်ခြင်းသို့ပို့ဆောင်သည့်ဘုရားသခင်၏ဖြောင့်မတ်ခြင်းတရားသည် ဤကောင်းမြတ်သောသတင်း၌ထင်ရှားလျက်ရှိ၏” (ရောမ ၁၀း၁၇၊ ၁း၁၇)ဟု ဖော်ပြထား သည်။ ကျွန်ုပ် တို့သည် သတင်းကောင်းကို ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်သူ များဖြစ်လာနိုင်ကြသည်။ 
သင်သည် စင်ကြယ်ခြင်းခံခဲ့ရ ပြီ လော။ ─အမင်.─ သင်မှာ အပြစ်တစ်စုံတစ်ခုရှိသလော။ ထိုအရာသည် ဂရိဘာသာစကားအားဖြင့် ‘euaggelion’ ဖြစ်၍ သတင်း‌ကောင်း၊ သတင်းကောင်းများ ဖြစ်ကြ သည်။ ဘုရားသခင်၏ဖြောင့် မတ်ခြင်းမှာ အဘယ်အရာ ဖြစ်သနည်း။ ကိုယ်တော်သည် မိမိအသားနှင့်အသွေးကို ကျွန်ုပ်တို့အား ပေး အပ်တော်မူခြင်းအားဖြင့် ကျွန်ုပ်တို့အပြစ်များအားလုံးကို ဖယ်ရှား ပေးတော်မူခဲ့သည်ဟူသောအချက် ဖြစ်သည်။ ဘုရားသခင်၏ဖြောင့်မတ် ခြင်းမှာ ကျွန်ုပ်တို့အား စင်ကြယ်စေတော်မူခဲ့သည်။ ဘုရားသခင်၏ဖြောင့်မတ်ခြင်းမှာ အပြစ်ကင်းစင်သူ သခင်ယေရှုက လောကအပြစ်များကို ယူဆောင်သွားတော်မူခဲ့၍ အပြစ်သားများအ တွက် ကားတိုင်ပေါ်တွင် အသေခံတော်မူခြင်း ဖြစ်သည်။ ၎င်းသည် လောကအပြစ်များအားလုံးကို ဆေးကြောပေးခဲ့ သော ရေ၊ သခင်ယေရှု၏ဗတ္တိဇံ ဖြစ်သည်။ ဘု ရားသခင်၏ဖြောင့်မတ်ခြင်းမှာ သခင်ယေရှုသည် ဗတ္တိဇံနှင့် အသေခံ တော်မူခြင်းအားဖြင့် လောကအပြစ်များကို ယူဆောင်ပေးတော်မူခဲ့ သည်ဟူသောအချက်အားဖြင့် ပေးအပ်ခဲ့သည်။ ဘုရားသခင်၏ဖြောင့်မတ်ခြင်း တွင် ကိုယ်တော်၏ဗတ္တိဇံနှင့်အသေခံတော်မူခြင်းတို့ပါဝင်၍ ကား တိုင်မှာ တရားစီရင်ခြင်း၏ပုံဆောင်ချက် ဖြစ်သည်။ ဤအရာသည် သတင်းကောင်း၌ ထင်ရှားခဲ့သော ဘုရားသခင်၏ဖြောင့်မတ်ခြင်း ဖြစ်သည်။