Search

တရားဟောချက်များ

ဘာသာရပ် ၉ - ရောမဩဝါဒစာ (ရောမဩဝါဒစာအနက်ဖွင့်ကျမ်းများ)

[1-3] ဖြောင့်မတ်သောသူသည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်လိမ့်မည် (ရောမ ၁း၁၇)

(ရောမ ၁း၁၇)
“အဘယ်ကြောင့်ဆိုသော် “ဖြောင့်မတ်သောသူသည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်လိမ့်မည်”ဟု ကျမ်းစာ၌ရေးထားသည့်အတိုင်း ယုံကြည်ခြင်းအပေါ်အခြေခံလျက် ယုံကြည်ခြင်းသို့ပို့ဆောင်သည့်ဘုရားသခင်၏ဖြောင့်မတ်ခြင်းတရားသည် ဤကောင်းမြတ်သောသတင်း၌ထင်ရှားလျက်ရှိ၏၊”
 

ကျွန်ုပ်တို့သည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်ရမည်

ကျွန်ုပ်တို့သည် မည်သည့်အရာ အားဖြင့် အသက်ရှင်ရမည်နည်း။ ယုံကြည်ခြင်းအားဖြင့် အသက်ရှင်ရမည်။ ဖြောင့်မတ်သူများသည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်ကြသည်။ ‘ယုံကြည်ခြင်း’စကားလုံးသည် သာမန်စကားလုံးဖြစ်သော်လည်း ၎င်း သည် သမ္မာကျမ်းစာ၏ အဓိကအချက် ဖြစ်သည်။ ဖြောင့်မတ်သူများသည် ယုံကြည်ခြင်းအားဖြင့် အ သက်ရှင်ကြသည်။ ဖြောင့်မတ်သူများ သည် မည်သည့်အရာအားဖြင့် အသက်ရှင်ကြသနည်း။ ကျွန်ုပ်တို့သည် ဘုရားသခင်ကို ယုံကြည်ခြင်း အားဖြင့် အသက်ရှင်ကြသည်။ ကျွန်ုပ်တို့သည် အသွေး အသားရှိကြ၍ သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်ုပ်တို့၌ ကိန်းဝပ် တော်မူသောကြောင့် ကျွန်ုပ်တို့သည် ဤကဏ္ဌမှ အလင်းရကြလိမ့် မည်ဟု ကျွန်တော် မြော်လင့်သည်။ ကျွန်ုပ်တို့သည် သမ္မာကျမ်းစာကို စာသား အတိုင်းနားလည်နိုင်ကြသော်လည်း သမ္မာကျမ်းစာ၌ ဖုံးအုပ်ထား သောအနက်အဓိပ္ပါယ်များကို မသိဘဲ ကျွန်ုပ်တို့အတွေးအခေါ်များ ဖြင့် သမ္မာကျမ်းစာကို အနက်ဖွင့်လိုကြသည်။ ကျွန်ုပ်တို့သည် ဇာတိအသွေးအ သားနှင့် ဝိညာဉ်တော်ဒွန်တွဲ၍ ရှိကြသည်။ ကျွန်ုပ်တို့သည် အပြစ်ဖြေလွှတ်ခြင်းရရှိကြ သောကြောင့် ကျွန်ုပ်တို့ဖြောင့်မတ်သူများသည် ယုံကြည်ခြင်းအား ဖြင့် အသက်ရှင်ရကြမည်ဟု သမ္မာကျမ်းစာက ပြောသည်။ 
 

သို့သော် ပြဿနာမှာ ဇာတိသည်မကောင်းနိုင်ခြင်း ဖြစ် သည်

သို့သော် ပြဿနာမှာ ကျွန်ုပ်တို့သည် ဇာတိအသွေးအသားရှိကြခြင်း ဖြစ် သည်။ ထိုကြောင့် များစွာသောကိစ္စများတွင် ကျွန်ုပ်တို့သည် ဇာတိအသွေး အသားအရ တရားစီရင်ကြသည်။ တစ်ခါတစ်ရံ ကျွန်ုပ်တို့သည် ဇာတိအသွေးအသားတွေးခေါ်မှု များအားဖြင့် တစ်စုံတစ်ခုကို ပိုင်းခြားဆုံးဖြတ်သောကြောင့် ယုံကြည် ခြင်းရောက်လာသောအခါ ကျွန်ုပ်တို့သည် ကိုယ်တော်၏နှုတ်ကပတ် တော်ကို ပြည့်စုံစွာ မယုံကြည်ကြပေ။ သို့သော် ဖြောင့်မတ် သူများသည် ယုံကြည်ခြင်းအားဖြင့်သာလျှင် အသက်ရှင်ရမည်ဟု သမ္မာကျမ်းစာက ဖော်ပြထားသည်။ ထိုနောက် ဤအရာသည် အဘယ်အရာကို ဆိုလိုသနည်း။ သင်သည် “ဖြောင့်မတ်သူများသည် ယုံ ကြည်ခြင်းအားဖြင့် အသက်မရှင်နိုင်နေရာမှာ မည်သည့်နေရာဖြစ်သ နည်း။ ယနေ့ ဤ ကျမ်းချက်အကြောင်းကို ကျွန်တော်သင့်အား ‌ပြောပါရစေ။ ကျွန်ုပ်တို့သည် ယုံကြည်ခြင်းအားဖြင့် အသက် ရှင်ရကြမည် ဖြစ်သည်။ ကျွန်ုပ်တို့သည် မိမိစိတ်များ ၌ ထိုအကြောင်းကို ကောင်းမွန်စွာ သိကြသည်ဟု ထင်ကြသော် လည်း တစ်စုံတစ်ခုရှင်းပြရန်ကြိုးစားသောအခါ ကျွန်ုပ်တို့လျစ်လျူရှု ခြင်းကို နားမလည်တတ်ကြပေ။ အပြစ်သားတစ်ဉီးတိုက်ခိုက်သော ပုန်ကန် မှုမှာ အဘယ်အရာ ဖြစ်သနည်း။ ဒု တိယမွေးဖွားခြင်းမခံရသေးသောသူတစ်ဉီးသည် မိမိအတွေးအခေါ် များနှင့် ဇာတိအသွေးအသားကို တိုက်ခိုက်သည်။ မည်သူသည် ဒုတိယမွေးဖွားခြင်းခံ ရသောသူကို တိုက်ခိုက်သနည်း။ လူတစ်ဉီးနှင့်အတူ ဇာတိအသွေးအသား နှင့်ဝိညာဉ်သည် အချင်းချင်းတိုက်ခိုက်သည်။ ကျွန်ုပ် တို့သိခဲ့သောအရာများကို ကျွန်တော်မကြာခဏပြောရခြင်းအ ကြောင်းကို သင်သည် အံ့သြနိုင်သော်လည်း ထိုအရာသည် ပြော ကြားရန်ထိုက်တန်သောကြောင့် ကျွန်တော်ဤအရာကို မကြာခဏ ရှင်းပြရခြင်းဖြစ်သည်။ 
ဒုတိယမွေးဖွားခြင်းခံရသောသူများပင်လျှင် အသွေးအ သားရှိသောကြောင့် သူ၏ကိုယ်ကာယနှင့်ဝိညာဉ်သည် အဆက်မ ပြတ် တစ်ခုနှင့်တစ်ခု တိုက်ခိုက်သည်။ ယုံ ကြည်ခြင်းအားဖြင့် အသက်ရှင်မည့်အစား ပြဿနာအားလုံးကို ကိုင် တွယ်ရန်ကြိုးစား၍ သပ်သပ်ရပ်ရပ် အသက်ရှင်ရန် ပို၍ နှစ်သက် သော အသွေးအသားအစိတ်အပိုင်းတစ်ခုရှိသည်။ ဘုရားသခင်သည် အသက်ရှင်ရန်ပြော ကြားတော်မူသော ယုံကြည်ခြင်းအရ အသက်ရှင်ခြင်းနှင့်ဝေးသော၊ အမှားတစ်စုံတစ်ခုမျှ မရှိဘဲ ပြည့်စုံခြင်းသို့ရောက်ရန် ကြိုးစား၍ သပ် သပ်ရပ်ရပ်အသက်ရှင်လိုသည် ဖြောင့်မတ်သူတစ်ဉီး၏ ဇာတိ၌ အ လိုအလျောက်ပေါ်ပေါက်သည်။ 
ထိုကြောင့်  ဖြောင့်မတ်သူ များ၏ကိုယ်ကာယသည် ဝိညာဉ်ရေးရာလုပ်ငန်းများ၌ပင် ပြည့်စုံ ခြင်းသို့ ရောက်ရန် ဆန္ဒရှိ၍ ဝိညာဉ်ရေးရာပြဿနာများအားလုံးကို ကိုင်တွယ်ရန် ကြိုးစား၍ ထိုနည်းတူ ဇာတိအသွေးအသားဖြင့် ပြည့် စုံခြင်းသို့ ရောက်ရန် မြော်လင့်သည်။ သို့သော် လူတစ်ဉီးသည် ဇာတိအသွေးအသား ဖြင့် ယုံကြည်ခြင်းအသက်တာသို့ ရောက်နိုင်မည်လော။ ရှင်ပေါလုက “အကြောင်းမူကား ငါသည် ကိုယ်ပြုလိုသည့် ကောင်းသောအမှုကိုမပြုဘဲ မပြုလိုသည့် မ ကောင်းသောအမှုကို ပြုနေ၏”(ရောမ ၇း၁၉)ဟု မိန့်တော်မူခဲ့သည့် အတိုင်း ဇာတိအသွေးအသားသည် ဘယ်တော့မှ မကောင်းပေ။ ဇာတိအသွေးအသားသည် အပြစ်ကိုသာကျူးလွန်သော်လည်း ဘုရား သခင်၏မျက်မှောက်တော်၌ ကျွန်ုပ်တို့သည် သပ်ရပ်စွာ အသက်ရှင် လိုသော ဇာတိအသွေးအသားတစ်ခုကို ရှိသည်။ 
 

ကျွန်ုပ်တို့သည် ဇာတိအသွေးအသားဖြင့် ယုံကြည်ခြင်း အသက်တာကို မဉီးဆောင်နိုင်ကြပေ

ထိုကြောင့် အတိအ ကျပြောရလျှင် ဇာတိအသွေးအသားနှင့် စင်ကြယ်သောဘဝဖြင့် အ သက်ရှင်ရန်ကြိုးစားခြင်းသည် မှန်ကန်သောယုံကြည်ခြင်းနှင့် ဝေး ကွာသည်။ ကျွန်ုပ်တို့သည် သမ္မာကျမ်းစာ၏ရှုထောင့်မှ ဘုရားသခင်အပေါ် ဆန့်ကျင်ဘက် အ တွေးအခေါ်များနှင့် ဗီဇများရှိကြသည်။ ဇာတိအသွေးအသားဖြင့် ပြဿနာများတစ်စုံ တစ်ခုမရှိဘဲ ဇာတိအသွေးအသားဖြင့် ပြည်စုံခြင်းနှင့် ယုံကြည်ခြင်း အသက်တာဖြင့်ဉီးဆောင်ခြင်းများသည် လုံးဝမဖြစ်နိုင်ပေ။ လူသားများ၏ဇာတိအသွေးအသား သည် မြေမှုန့်နှင့်တူသည်။ သမ္မာကျမ်းစာက “ငါတို့သည် မြေမှုန့်ဖြစ်ကြောင်းကို သတိရတော်မူ၏”(ဆာလံ ၁၀၃း၁၄)ဟု ဖော် ပြထားသည်။ ကိုယ်ခန္ဓာသည် မပြည့်စုံသောကြောင့်  အသွေးအသားသည် ခေတ္တခ ဏအတွင်းထင်ရှားပြီးနောက် ကွယ်ပျောက်သော အခိုးအငွေ့နှင့်တူ သည်။ ဒု တိယမွေးဖွားခြင်းခံရသူနှင့် ဒုတိယမွေးဖွားခြင်းမခံရသူတို့သည် အ ပြစ်မပြုရန် အစွမ်းအစရှိသလော။ ဒုတိယမွေးဖွားခြင်းခံခဲ့သောသူတစ်ဉီးသည် အပြစ် ရှောင်နိုင်မည်လော။ ကိုယ်ခန္ဓာအသွေးအသားသည် အ ပြစ်မပြုဘဲ ရှင်နိုင်လျှင် ကျွန်ုပ်တို့သည် ယုံကြည်ခြင်းအားဖြင့်အ သက်ရှင်ရန် မလိုအပ်ပေ။ ထိုနောက် ကျွန်ုပ်တို့သည် ကိုယ်ခန္ဓာ ခွန်အားဖြင့် အသက်ရှင်နိုင်ကြမည်လော။ ထိုအရာသည် မဖြစ်နိုင်သည်ကို ကျွန်ုပ်တို့အမှန်အ ကန်သိကြသည်။ ပြဿနာ မှာ ကျွန်ုပ်တို့သည် ဒုတိယမွေးဖွားခြင်းခံရသည်ဖြစ်စေ၊ မခံရသည် ဖြစ်စေ၊ ဇာတိအသွေးအသားသည် အလွန်အားနည်းသောကြောင့် အပြစ်ကို ဆက်တိုက်ပြုနေသည်ကို သိ၍ အသိအမှတ်ပြုခြင်း ဖြစ် သည်။ 
ကျွန်ုပ်တို့ သည် ဇာတိအသွေးအသားများအကြောင်းကို မည်မျှ သိကြသနည်း။ ကျွန်ုပ်တို့သည် မိမိ အကြောင်းကို မည်မျှ သိကြသနည်း။ သင်သည် မိမိကိုယ်ကိုကိုယ် ၁၀၀%သိသည်ဟု ယူ ဆနိုင်သော်လည်း သင်သည် အပြစ်ကျူးလွန်သည်ကို အမှန်အကန် မယုံကြည်သောကြောင့် သင်၏မိမိကိုယ်ကိုကိုယ်အသိအမှတ်ပြုခြင်း မှာ သင်၏စစ်မှန်သောအကျင့်နှင့် ဆန့်ကျင်ဘက် ဖြစ်သည်။ သင်သည် မိမိအကြောင်းကို ရာခိုင်နှုန်းမည်မျှ သိသနည်း။ ၅၀% သည် အလွန်များပြားလိမ့်မည်။ လူများသည် မိမိအကြောင်းကို ၁၀ သို့မဟုတ် ၂၀% ခန့်သာ အများဆုံးနားလည်သဘောပေါက်လေ့ရှိကြသည်။ အမှန်အကန်မှာ သူတို့သည် မိမိအ ကြောင်းကို ၁၀၀% သိကြသည်ဟု ယူဆကြ သော်လည်း ၁၀ သို့မဟုတ် ၂၀% ခန့်သာ သိကြသည်။ သူတို့ သည် ကြီးမားသောဒုစရိုက်များပြုမိကြသောအခါ သူတို့သည် စိတ် ဓါတ်ကျဆင်၍ ကိုယ်တော်၏နောက်သို့ မလိုက်လျှောက်ကြပေ။ ထိုနောက် သူတို့သည် အဆုံးထိတိုင်အောင် သူတို့၏ ယုံကြည်ခြင်းများ စောင့်ရောင်နိုင်သည် သို့မဟုတ်မစောင့်ရှောက်နိုင် သည်ဟု မေးခွန်းမေးသောအခါ ထိုအရာသည် မဖြစ်နိုင်ဟု နိဂုံးချုပ် တတ်ကြသည်။ 
ညစ်ညမ်သောရေနှင့်အမှိုက်သည် ဇာ တိပကတိစိတ်အတွေး ပြွန်မှ ထွက်လာသည်။ သူတို့အ တွက် ယုံကြည်ခြင်းအားဖြင့် ဆက်ကပ်သောဘဝများဖြင့် အသက် ရှင်ရန် မဖြစ်နိုင်ပေ။ “ဪ၊ ကိုယ်တော်၏နောက်တော်သို့လိုက်ရန် မ ဖြစ်နိုင်တော့ပါ။ ကျွန်တော့်အပြစ်များအားလုံး တစ်ကြိမ်တည်းဖယ်ရှားခြင်းခံရပြီးနောက် ကျွန်တော်ကိုယ်ခန္ဓာ သည် ပိုကောင်းလိမ့်မည်ဟု ကျွန်တော်ယူဆခဲ့သော်လည်း ကျွန် တော်သည် ဒုတိယမွေးဖွားခြင်းခံခြင်းအချိန်ကြမြှင့်ခဲ့သော်လည်း ကိုယ်ခန္ဓာသည် အားနည်း၍ ပြည့်စုံခြင်းမရှိနိုင်ပါ။ ကိုယ်ခန္ဓာသည် အသုံးမဝင်၊ ရုပ်ဆိုးသည်။” ကျွန်ုပ်တို့သည် မိမိကိုယ်ကိုကိုယ်အကြောင်းကို လုံးဝမသိကြ၍ အထူးသဖြင့် ကျွန်ုပ် တို့ကိုယ်ခန္ဓာါအမှားများကို မဝန်ခံချင်ကြပေ။ ထိုကြောင့် ဆိုးကျိုးမှာ ဇာတိအ တွေးအခေါ်များ ကိုယ်ခန္ဓာမှ ထွက်လာသည်ဟု ကျွန်ုပ်တို့မြင်တွေ့ ကြသောအခါ ကျွန်ုပ်တို့သည် သစ္စာရှိသောဘဝများဖြင့် အသက်မရှင် နိုင်တော့ကြပေ။ ကျွန်ုပ်တို့သည် ကိုယ်ခန္ဓာအားဖြင့် ယုံကြည်ခြင်းဘဝဖြင့် အသက်မ ရှင်နိုင်ကြပေ။ လူသားများ ၏ကိုယ်ခန္ဓာမှာ အဘယ်အရာ ဖြစ်သနည်း။ ကျွန်ုပ်တို့သည် လူသားများ၏ကိုယ်ခန္ဓာကို ကိုယ်ပိုင်ကြိုးစား ခြင်းအားဖြင့် ကောင်းမွန်စွာ သွန်သင်လျှင် ဘုရားသခင်၏ရှေ့တော်၌ စင်ကြယ်ခြင်းသို့ ရောက်၍ ပြည့်စွာသောဘဝဖြင့် အသက်ရှင်ကြ လိမ့်မည်လော။ ထိုအရာသည် လုံးဝမ ဖြစ်နိုင်၍ ကိုယ်ခန္ဓာသည် သေသည့်ထိတိုင်အောင် အပြစ်ကျူးလွန် လိမ့်မည်။ 
 


ဖြောင့်မတ်သောသူများသည် မည်သို့အသက်ရှင်ကြသ နည်း


“မောရှေအားဖြင့် ထာဝရဘုရားမိန့်မှာထားသော ဤပညတ် တော်အလုံးစုံကို သင်တို့မစောင့်ထိန်း၊ မရည်ရွယ်ဘဲကျူးလွန်မိခြင်းတည်းဟူသော မောရှေမှတစ်ဆင့်ထာဝရဘုရားမိန့်မှာတော်မူသမျှသောပညတ်တော်တို့ကို ထာဝရဘုရားမိန့်မှာတော်မူသောနေ့မှစ၍ နောင်လာမည့်သင်တို့၏မျိုးဆက်အစဉ်အဆက်တို့က လူမမြင် ကွယ်ရာတွင် မရည်ရွယ်ဘဲကျူးလွန်မိမည်ဆိုလျှင် လူထုအပေါင်းတို့သည် စီရင်ထုံးဖွဲ့ချက်နှင့်အညီ မီးရှို့ရာယဇ်အတွက် နွားအုပ်ထဲမှနွားထီးပျိုတစ်ကောင်ကို မွှေးကြိုင်သောရနံ့အဖြစ် ဘောဇဉ်ပူဇော် သက္ကာ၊ သွန်းလောင်းရာပူဇော်သက္ကာနှင့်အတူ ထာဝရဘုရားအား ပူဇော်ရမည်။ ဆိတ်ထီးကလေးတစ်ကောင်ကိုလည်း အပြစ်ဖြေရာ ယဇ်အဖြစ် ပူဇော်ရမည်။ အစ္စရေးအမျိုးသားလူထုအပေါင်းတို့သည် မိမိတို့ မရည်ရွယ်ဘဲကျူးလွန်မိသောအမှားအတွက် ထာဝရဘုရားအဖို့ မီးဖြင့်ပူဇော်သောပူဇော်သက္ကာကိုလည်းကောင်း၊ အပြစ်ဖြေရာ ယဇ်ကိုလည်းကောင်း ထာဝရဘုရား၏ရှေ့တော်သို့ ယူဆောင်ခဲ့ကြသည်ဖြစ်၍ ယဇ်ပုရောဟိတ်သည် မရည်ရွယ်ဘဲကျူးလွန်မိသောအမှားအတွက် အပြစ်ဖြေလွှတ်ခြင်းကိုပြုပေးရမည်။ ထိုအခါ သူတို့သည် အပြစ်လွှတ်ခြင်းခံရမည်။ အစ္စရေးအမျိုးသားလူထုအပေါင်းတို့နှင့် သူတို့တွင် တည်းခိုနေထိုင်သောတိုင်းတစ်ပါးသားတို့သည် မရည် ရွယ်ဘဲကျူးလွန်မိသည်ဖြစ်၍ သူတို့အားလုံး အပြစ်လွှတ်ခြင်းခံရမည်။ လူတစ်ယောက်သည် မရည်ရွယ်ဘဲအပြစ်ပြုမိလျှင် သူသည် အပြစ်ဖြေရာယဇ်အတွက် တစ်နှစ်သားအရွယ် ဆိတ်မကလေးတစ်ကောင်ကို ပူဇော်ရမည်။မရည်ရွယ်ဘဲအပြစ်ပြုမိသော ထိုသူအတွက် ယဇ်ပုရောဟိတ်သည် ထာဝရဘုရားရှေ့တော်၌ အပြစ်ဖြေလွှတ်ခြင်းကိုပြုပေးရမည်။ အပြစ်ဖြေလွှတ်ခြင်းကိုပြုပေးသောအခါ ထိုသူသည် အပြစ်လွှတ်ခြင်းခံရမည်။ မရည်ရွယ်ဘဲအပြစ်ပြုမိသောသူနှင့်ပတ်သက်၍ အစ္စရေးအမျိုးသားတို့တွင် အမျိုးသားချင်းအတွက်ဖြစ်စေ၊ သူတို့တွင် တည်းခိုနေထိုင်သော တစ်ပါးအမျိုးသားအတွက်ဖြစ်စေ တရားသည် တစ်မျိုးတည်း ဖြစ်ရမည်”(တောလည် ၁၅း၂၂-၂၉)။ 
“မောရှေအားဖြင့် ထာဝရဘုရားမိန့်မှာထားသော ဤပညတ် တော်အလုံးစုံကို သင်တို့မစောင့်ထိန်း၊ မရည်ရွယ်ဘဲကျူးလွန်မိခြင်းတည်းဟူသော မောရှေမှတစ်ဆင့်ထာဝရဘုရားမိန့်မှာတော်မူသမျှသောပညတ်တော်တို့ကို ထာဝရဘုရားမိန့်မှာတော်မူသောနေ့မှစ၍ နောင်လာမည့်သင်တို့၏မျိုးဆက်အစဉ်အဆက်တို့က လူမမြင် ကွယ် ရာတွင် မရည်ရွယ်ဘဲကျူးလွန်မိမည်ဆိုလျှင်” သမ္မာ ကျမ်းစာ၌ “မကြံရွယ်ဘဲကျူးလွန်သောအပြစ်”ကဲ့သို့ ဖော်ပြချက် များစွာရှိသည်။ ကိုယ်ခန္ဓာသည် မကြံရွယ်ဘဲ အပြစ်ကျူး လွန်၍ မလုပ်သင့်သောအရာကို ပြုလုပ်သည်။ ကျွန်ုပ် တို့သည် အပြစ်ဖြေလွှတ်ခြင်းခံရပြီးနောက်တောင် ကိုယ်ခန္ဓာသည် ပြည့်စုံလာနိုင်သလော၊ မပြည့်စုံနိုင်သလောဟု ကျွန်တော် မေးခဲ့ သည်။ ကျွန်ုပ်တို့သည် ရွေးနှုတ်ခြင်းခံ ရပြီးနောက် ကိုယ်ခန္ဓာသည် ပြည့်စုံစွာ ဖြောင့်မတ်ဟန်တူသည်။ သို့သော် အမှန်အကန်မှာ ကျွန်ုပ်တို့သည် မိမိ ကိုယ်ကိုကိုယ် ဖွင့်ပြမည့်အစား မိမိကိုယ်ကိုကိုယ် ဖုံးအုပ်ထားခြင်း ဖြစ်သည်။ ကိုယ် ခန္ဓာသည် အမှိုက်ပုံသို့ကျသွား၍ တစ်ချိန်လုံးအပြစ်ကျူးလွန်သည်။ ကိုယ်ခန္ဓာ သည် ဘုရားသခင်မုန်းတော်မူသော အပြစ်များကို အစဉ်အမြဲကျူး လွန်သည်။ ကိုယ်ခန္ဓာသည် အရေတွက်နိုင်သောအချိန်တွင် အပြစ်ကျူး လွန်သည်မဟုတ်လော။ ဘုရားသခင်အလိုတော်အတိုင်း ကိုယ်ခန္ဓာသည် အမြဲတမ်း အသက်ရှင်နိုင်မည်လော။ ကိုယ်ခန္ဓာသည် ဘုရားသခင်နှစ်သက်တော်မမူသော အရာများကို အမြဲတမ်းပြုသည်။ ကိုယ်ခန္ဓာသည် အပြစ်ကို အထိန်းအချုပ်မရှိအမြဲ တမ်းအပြစ်ကျူးလွန်သည်။ 
ဘုရားသခင်၏ပညတ် တော်တွင် ပညတ်တော်ဆယ်ပါးနှင့်အထုံးအဖွဲ့အသေးစိတ် ၆၁၃ ပိုဒ် ပါဝင်သည်။  ငါမှ တစ်ပါးအခြားသောဘုရားကို မကိုးကွယ်နှင့်။ ရုပ်တုဆင်းတုကို ကိုယ့်အဖို့မလုပ် နှင့်။ သင်၏ဘုရားသခင်ထာဝရဘုရား၏နာမတော်ကို မုသာနှင့် ဆိုင်၍ မမြွက်နှင့်။ ဉပုသ်နေ့ကို သန့်ရှင်းစေခြင်းငှါ ထိုနေ့ရက်ကို အောက်မေ့ လော့။ သင်၏မိဘကို ရို သေစွာပြုလော့။ လူ့အသက်မသတ်နှင့်။ သူ့မယားကို မပြစ်မှားနှင့်။ သူ့ဉစ္စာကို မခိုးနှင့်။ ကိုယ်နှင့်စပ်ဆိုင်သောသူတစ် ဘက်၌ မမှန်သောသက်သေကို မခံနှင့်။ ကိုယ်နှင့်စပ်ဆိုင်သောသူ၏အိမ်ကို တပ်မက် လိုချင်သောစိတ်မရှိနှင့်။” ပထမပိုင်းပညတ်တော်လေးချက်တို့သည် ဘုရားသခင်နှင့်ဆက်နွယ်မှုများအကြား စောင့်ရှောက်ရမည့်ပညတ် များဖြစ်ကြသည်။ အချက်ငါးမှ တစ်ဆယ် ကျန်သောပညတ်များသည် လူသားများအကြားစောင့်ရှောက်ရမည့် ပညတ်များ ဖြစ်ကြသည်။ သို့သော် ကိုယ်ခန္ဓသည် ပညတ်တော်ကို နာခံရန် ဝမ်း မြောက်ခြင်းရှိသလော။ 
လမ်းပေါ်တွင် သွားလာဖြတ်သန်းသူများ လုံခြုံစွာသွားနိုင်ရန်အတွက် အဖြူရောင်မျဉ်းများရှိကြသည်။ သို့သော် ကိုယ်ခန္ဓာ သည် လမ်းစည်းကမ်းများကို မလိုက်နိုင်ပေ။ လူများသည် အခြားသူများက သူတို့ကိုစောင့် ကြည့်နေသည်ဟု ကြောက်၍ မျဉ်းများဖြင့် လမ်းကို ဖြတ်ကျော်ကြ သည်။ အမှန်အကန် မှာ သူတို့သည် လမ်းစည်းကမ်းကို မလိုက်နာလိုကြပေ။ သူတို့သည် ပတ်ဝန်းကျင်တွင် မည်သူမည်ဝါမျှ မရှိသည့်အခါ မီးပွိုင့် အချက်ပြချက်ကို မလိုက်နာဘဲ လမ်းဖြတ်ကူးကြသည်။ 
ကိုယ်ခန္ဓာသည် အပြစ်ကို အ လိုအလျောက် ကျူးလွန်သည်။ သူတို့သည် ပညာရှိကြလျှင် အခြားသူများမြင် သည်ဖြစ်စေ၊ မမြင်သည်ဖြစ်စေ သူတို့သည် လမ်းစည်းလမ်းလိုက်နာ သင့်ကြသည်။ သို့သော် သူတို့သည် ကိုယ်ခန္ဓာအားဖြင့်သာ အ သိအမှတ်ပြုရုံမျှသာ ရှိကြသည်။ ကျွန်ုပ်တို့သည် လမ်းစည်းလမ်းအရ လမ်းကို မဖြတ် ကျော်လိုကြဘဲ အတတ်နိုင်ဆုံး လမ်းစည်းကမ်းချက်များကို မလိုက် နာရန် ကြိုးစားကြသည်။ 
ထို နောက် ဘုရားသခင်သည် ကျွန်ုပ်တို့အား ပညတ်တော်ပေးအပ်တော် မူခြင်း၏ရည်ရွယ်ချက်မှာ မည်သည့်အရာ ဖြစ်သနည်း။ ပညတ်တော် သည် အပြစ်တရားကို သိစေသည် (ရောမ ၃း၂၀)။ ပညတ်တော်အားဖြင့် ကျွန်ုပ်တို့သည် ပ ညတ်တော်ဆယ်ပါးကို အမြဲတမ်းနာမခံသောအပြစ်သားများဖြစ်ကြ သည်ဟု သိစေသည်။ ကျွန်ုပ်တို့သည် အမြဲတမ်း အပြစ်ကျူးလွန်ကြသည်။ ပညတ်တော်က ကျွန်ုပ်တို့အား အကောင်း ကိုပြု၍ အဆိုးကို မပြုရန် အမြဲတမ်း တောင်းဆိုသည်။ သို့သော် ကိုယ်ခန္ဓာသည် ပညတ်တော်ကို စောင့် ရှောက်ရန် အလွန်အားနည်းနေသောကြောင့် အမြဲတမ်းအပြစ်ကျူး လွန်သည်။ ဖြောင့်မတ်သူများသည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်ရမည်ဟု သမ္မာကျမ်းစာက ပြောသည်။ သို့သော် ဤကိုယ်ခန္ဓာရှိသော ဖြောင့်မတ်သူများသည် ယုံကြည်ခြင်းအားဖြင့် မည်သို့ အသက်ရှင် ကြသနည်း။ သူတို့သည် ကိုယ်ခန္ဓာ၌ ပညတ်တော်အားဖြင့် အသက်ရှင်နိုင်ကြသောကြောင့် သူတို့သည် မည်သို့ အသက်ရှင်သ နည်း။ ဖြောင့်မတ်သူများသည် ဘုရားသခင်ကို ယုံကြည်ခြင်းအားဖြင့် အသက်ရှင်ကြသည်။ 
ဝိညာဉ်သည် ဘုရားသခင်၏အလိုတော်ကို လိုက်လျှောက်လိုသော်လည်း ကိုယ်ခန္ဓာသည် အမြဲတမ်းအပြစ်ကျူး လွန်၍ ပညတ်တော်ဆယ်ပါး အထုံးအဖွဲ့များအားလုံးကို နာမခံကြ ပေ။ ကိုယ်ခန္ဓာသည် အပြစ်ကျူးလွန်၍ ယနေ့ဤ အပြစ်ကျူးလွန်ကာ မနက်ဖြန်တွင် ထိုအပြစ်ကျူးလွန်သည်။ ကိုယ်ခန္ဓာသည် အခြားသောအပြစ်များထက်ပို၍ များပြား သောအပြစ်များ ကျူးလွန်ရန် ပို၍နှစ်သက်သောအပြစ်များစွာရှိ သည်။ လူ သားများ၏ကိုယ်ခန္ဓာသည် တစ်ဘဝလုံးအပြစ်များကျူးလွန်သည်။ ဤအရာသည် မှန်ကန်သလော။ မှားသလော။
ငါးချက်မြောက် ညတ်တော်ကို ကျွန်ုပ်တို့လေ့လာကြပါစို့။ “သင်၏မိဘကို ရိုသေစွာ ပြုလော့။” ထိုပညတ်တော်သည် အကျိုးအ ကြောင်းကောင်းမွန်၍ လူများသည် တစ်ချိန်လုံး ထိုပညတ်ကို မ စောင့်ရှောက်နိုင်ကြသော်လည်း စောင့်ရှောက်ရန် ကြိုးစားကြသည်။ ထိုအရာဆွေးနွေးခြင်းကို ကျွန်ုပ်တို့ ကျော်ကြပါစို့။ နောက် တစ်ချက်မှာ “လူ့အသက်မသတ်နှင့်” ဖြစ်သည်။ လူအနည်းငယ်သာ လူ့အသက်ကို အမှန် အကန်သတ်၍ ကျွန်ုပ်တို့အားလုံးသည် စိတ်များဖြင့် သူတစ်ပါးကို သတ်ကြသည်။ သို့သော် လူ့အသက်ကိုသတ်ခြင်းမှာ ကြီးလေးသောအပြစ်ဖြစ်သောကြောင့် ဤအရာကို ကျော်ကြပါစို့။ နောက်အချက်နှစ်ချက်မှာ “သူ့မယားကို မ ပြစ်မှားနှင့်” နှင့် “သူ့ဉစ္စာကို မခိုးနှင့်” ဖြစ်သည်။ ဤအပြစ်များသည် ကျွန်ုပ် တို့နေ့စဉ်အသက်တာများ၌ အလွယ်တကူကျူးလွန်ကြသည်။ လူအချို့တို့သည် ခိုးခြင်းနှင့် သူ့မယားကို ပြစ်မှားခြင်း ဗီဇ ရှိကြသည်။ သူတို့သည် အပြစ်များကျူးလွန်ခြင်း အကျင့်ရှိကြသည်။ သူတို့သည် တပ်မက်လိုချင်သောစိတ်ရှိကြသည်မဟုတ်လော။ (သမ္မာကျမ်းစာက တပ်မက်ခြင်းသည်လည်း အပြစ်ဖြစ်သည်ဟု ဖော်ပြသည်)။ သူတို့သည် သူတစ်ပါး၏ဉစ္စာများကို နဂို နေရာ(ခိုးခြင်း)မှ သိမ်းယူရန် အလွန်ကျွမ်းကျင်ကြသည်။ ကိုယ် ခန္ဓာသည် ဆိုးသောအရာများလုပ်လိုသည့်အချိန်တိုင်းတွင် လုပ် ဆောင်သည်။  
ကျွန်ုပ်တို့သည် ဤပြစ်များဆယ် မျိုးတို့မှ တစ်မျိုး သို့မဟုတ် နှစ်မျိုးတို့ကို ကျူးလွန်ကြသည် ဆိုကြပါ စို့။ ထိုအရာက ကျွန်ုပ်တို့အား ဘုရားရှေ့တော်၌ ဖြောင့်မတ်သူများ ဖြစ်စေသလော။ လုံးဝမဖြစ်စေပါ။ အနည်းငယ်သောအပြစ်သည်လည်း အပြစ်ဖြစ်သောကြောင့် ကျွန်ုပ်တို့သည် ဘုရားရှေ့တော်၌ ကိုယ်ခန္ဓာ အားဖြင့် တရားသောသူများနှင့် ဖြောင့်မတ်သောသူများ မဖြစ်လာ နိုင်ကြပေ။ ကိုယ်ခန္ဓာသည် အပြစ်များကို ကြိမ် ဖန်များစွာပြု၍ သေသည့်ထိတိုင်အောင် ယနေ့၊ မနက်ဖြန်အပြစ်များ ကျူးလွန်သည်။ ကိုယ်ခန္ဓာသည် သေသည့်ထိတိုင်အောင် ဘုရားရှေ့ တော်၌ အပြစ်များ ကျူးလွန်သည်။ ထို ကြောင့် သင်သည် တစ်ရက်အတွင် ဘုရားသခင်၏ရှေ့တော်၌ သန့် ရှင်းစင်ကြယ်သူဖြစ်လာခဲ့ဖူးသလော။ ကျွန်ုပ်တို့သည် ကိုယ်ခန္ဓာကို ကြည့် ကြ၍ ဝိညာဉ်နှင့်ခွဲခြားကြပါစို့။  သင်သည် ဘုရားရှေ့တော်၌ အပြစ် မ ပြုဘဲ ကိုယ်ခန္ဓာအားဖြင့် ပြည့်စုံခဲ့သလော။ လူတစ်ဉီးသည် အိပ်ပျော်နေသည့်အချိန်၌ပင်လျှင် အ ပြစ်ကျူးလွန်သည်။ သူသည် အိပ်မက်၌ပင် မကောင်းသောပုံများကို ကြည့်၍ စိတ်ကူးအားဖြင့် လှပသောမိန်းမများကို စဉ်းစားသည်။ ကျွန်ုပ်တို့အားလုံးသည် အပြစ်ကျူးလွန်ကြသည်။ 
ကိုယ်ခန္ဓာသည် ဘုရားသခင်မလုပ် ဆောင်စေလိုသောအရာများကို ပြု၍ ကိုယ်တော်လုပ်ဆောင်စေလို သောအရာများကို မပြုပေ။ ကျွန်ုပ်တို့အပြစ်များကို ဖယ်ရှား ခြင်းခံရပြီးနောက် ကိုယ်ခန္ဓာသည် အမြဲတမ်း အတူတူ ဖြစ်သည်။ ကျွန်ုပ်တို့သည် မည်သို့ဖြင့် ပြည့် စုံလာနိုင်ကြမည်နည်း။ ကျွန်ုပ်တို့ကိုယ်ခန္ဓာသည် မပြည့်စုံနိုင် လျှင် စင်ကြယ်ခြင်းနည်းလမ်းမှာ အဘယ်အရာ ဖြစ်သနည်း။ သို့သော် သ ခင်ယေရှုခရစ်တော်အားဖြင့် မဖြစ်နိုင်သလော။ 
ကျွန်ုပ်တို့သည် ထိုအပြစ်များကို ကျူးလွန်ခဲ့ကြသောသူများ ဖြစ်ကြ သည်။ ကျွန်ုပ်တို့သည် သခင်ယေ ရှုရှေ့တော်၌ အပြစ်ကျူးလွန်ခဲ့ကြသလော။  ကျွန်ုပ်တို့သည် ကျူးလွန်ခဲ့ကြသည်။ ကျွန်ုပ်တို့သည် ယခုအပြစ်ကျူးလွန်သလော။ မကျူး လွန်သလော။  ─ကျူးလွန်ကြသည်။ ─ ကျွန်ုပ်တို့သည် အပြစ်ဆက်လက်ကျူးလွန်သ လော။  ─ကျူးလွန်ကြသည်။ ─ ကျွန်ုပ်တို့သည် ကိုယ်ခန္ဓာရှိနေသရွေ့ သေသည့်အထိတိုင်အောင် အပြစ်ကျူးလွန်ကြ လိမ့်မည်။ ကျွန်ုပ်တို့သည် နောက်ဆုံးအသက်ရှူသည့်အထိ တိုင်အောင် အပြစ်ကျူးလွန်သော ဆိုးသောလူသားများ ဖြစ်ကြ သည်။ ထို နောက် ကျွန်ုပ်တို့သည် မည်သို့ဖြင့် ကျွန်ုပ်တို့အပြစ်များအားလုံးမှ ရွေးနှုတ်ကယ်တင်ခြင်းခံရနိုင်ကြမည်နည်း။ ပထမအနေဖြင့်၊ သင် သည် ဒုတိယမွေးဖွားခြင်းမခံရသေးလျှင် သင်သည်ဘုရားရှေ့တော်၌ အပြစ်များဖယ်ရှားခြင်းခံရရန် လိုအပ်သော အပြစ်သားဖြစ်သည်ကို ဝန်ခံရမည် ဖြစ်သည်။ ကျွန်ုပ်တို့သည် ရွေးနှုတ်ကယ်တင်ခြင်းခံရပြီး နောက် ကျွန်ုပ်တို့သည် အပြစ်သားများဖြစ်ကြသည်ကို ဝန်ခံရန်မလို အပ်သော်လည်း ကျွန်ုပ်တို့သည် အပြစ်ကျူးလွန်ခဲ့ကြသ်ဟု ဝန်ခံရ ကြမည် ဖြစ်သည်။ ကျွန်ုပ်တို့သည် သူတော်ကောင်းအဖြစ် ကြိုးစားမှုအောက်၌ ကိုယ်ခန္ဓာဖြင့် တစ်ခါတစ်ရံ ကောင်းသောအရာ များကို ပြုလုပ်လျှင်လည်း ကျွန်ုပ်တို့သည် အပြစ်ကျူးလွန်ခဲ့ကြသော အခါ မိမိကိုယ်ကိုကိုယ် ပြန်လည်တုန့်ပြန်ပြီးနောက် မိမိအပြစ်များ ကို ဝန်ချတောင်းပန်ရမည် ဖြစ်သည်။ ကျွန်ုပ်တို့သည် အပြစ်ကို အပြစ်အဖြစ် ဝန်ခံရကြမည် ဖြစ်သည်။ 
 


ကျွန်ုပ်တို့သည် ယုံကြည်ခြင်းအားဖြင့် စင်ကြယ်ခြင်းခံ ရကြသည်


ထိုနောက် ကျွန်ုပ်တို့သည် အပြစ်ကျူးလွန်ခဲ့ပြီး နောက် အပြစ်၏ပြဿနာကို မည်သို့ ကိုင်တွယ်ကြသနည်း။ သခင်ယေရှုသည် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိ ဇံခံယူတော်မူခြင်းအားဖြင့် ကျွန်ုပ်တို့အပြစ်များအားလုံးကို ယူ‌ဆောင် သွားတော်မူခဲ့၍ ကျွန်ုပ်တို့အား ‌‌ရွေးနှုတ်ရန် ကားတိုင်ပေါ်တွင် တ ရားစီရင်ခြင်းခံရတော်မူခဲ့သည်ဟု ယုံကြည်ခြင်းအားဖြင့် စင်ကြယ် ခြင်းခံရကြသလော။  သ ခင်ယေရှုသည် ဗတ္တိဇံခံယူတော်မူခဲ့သောအခါ ကျွန်ုပ်တို့ ကိုယ်ခန္ဓာ အားဖြင့် ကျူးလွန်ခဲ့သောအပြစ်များအား လုံးကို ကိုယ်တော့်အပေါ် သို့ လွှဲပြောင်းခဲ့သည်ဟု ယုံကြည်ခြင်းအားဖြင့် စင်ကြယ်ခြင်းရရှိ သည်။ ထိုနောက် “ဖြောင့်မတ်သူများသည် ယုံကြည်ခြင်း အားဖြင့် အသက်ရှင်လိမ့်မည်”ဟူသော ကျမ်းချက်သည် အဘယ်အ ရာကို ဆိုလိုသနည်း။ 
ယုံကြည်ခြင်းဟူသည်မှာ ကိုယ်ခန္ဓာမဟုတ်၊ ဝိညာဉ်တော်ကို ယုံ ကြည်ခြင်း ဖြစ်သည်။ ဘုရားသခင်၊ ကိုယ်တော်၏နှုတ်ကပတ်‌တော်၊ ပညတ်တော်နှင့် ကိုယ်တော်၏ရွေးနှုတ်ခြင်းသာလျှင် ကျွန်ုပ်တို့ကို သန့်ရှင်း စေနိုင်၍ ကျွန်ုပ်တို့သည် ကိုယ်တော်ကို ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်သူ များဖြစ်လာကြပြီးနောက် ကျွန်ုပ်တို့သည် ပြည်စုံနိုင်ကြသည်။ ဤအရာသည် မှန်သလော။ မှားသလော။ မှန်ကန်သည်။ ကျွန်ုပ်တို့သည် အပြစ်များဖြေလွှတ်ခြင်းခံရခြင်း အားဖြင့် ဖြောင့်မတ်သူများဖြစ်လာကြလျှင်တောင် ကိုယ်ခန္ဓာသည်  အားနည်းနေသေး၍ ပြည့်စုံခြင်းမရှိနိုင်ပေ။ သမ္မာကျမ်းစာက “အကြောင်းမူကား လူသည် စိတ်နှလုံးဖြင့်ယုံကြည်၍ ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရပြီး နှုတ်ဖြင့်ဝန်ခံ၍ ကယ်တင်ခြင်းခံရ၏” (ရောမ ၁၀း၁၀)ဟု ဖော်ပြထားသည်။ သို့သော် ကိုယ်ခန္ဓာသည် တမန်တော်ရှင်ပေါ လုကဲ့သို့ အမြဲတမ်း အားနည်း၍ မပြည့်စုံပေ။ ထိုကြောင့် ကျွန်ုပ်တို့သည် ကိုယ်ခန္ဓာ အားဖြင့် တစ်ဖြည်းဖြည်းချင်း ဖြောင့်မတ်သူများမဖြစ်လာနိုင်၊ ဖြောင့်မတ်ခြင်းသို့လည်း မရောက် နိုင်ကြပေ။ ကိုယ်ခန္ဓာ သည် ဖြောင့်မတ်သောဘဝဖြင့် အသက် မရှင်နိုင်ပေ။ 
ဖြောင့်မတ်သူအသက်ရှင်နိုင်သောနည်း လမ်းတစ်ခုမှာ ဘုရားသခင်ချပေးတော်မူခဲ့သော အပြစ်များဖြေလွှတ် ခြင်းနှင့် ကောင်းကြီးမင်္ဂလာများလက်ခံခြင်း၊ ဘုရားသခင်ကို ယုံ ကြည်ခြင်း ဖြစ်သည်။ ကျွန်ုပ်တို့သည် ဘုရားသခင်ထံတော်မှရရှိခဲ့သော ကိုယ်တော်၏ဖြောင့်မတ်ခြင်းပေါ်တွင် ထာဝရမှီခိုခြင်းအားဖြင့် စင် ကြယ်နိုင်၍ ‌ဖြောင့်မတ်သူများဖြစ်လာကြကာ ကိုယ်တော့်ကို ယုံ ကြည်ခြင်းအားဖြင့် ထာဝရအသက်ရှင်နိုင်ကြသည်။ ကျွန်ုပ်တို့ဘဝများသည် ဘုရားသ ခင်ကို ယုံကြည်ခြင်းပေါ်တွင် မှီခိုသည်။ ထိုကြောင့် သမ္မာကျမ်းစာက ဖြောင့် မတ်သူများသည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်လိမ့်မည်ဟု ဖော် ပြထားခြင်း ဖြစ်သည်။ ကျွန်ုပ် တို့သည် ယုံကြည်ခြင်းအားဖြင့် စင်ကြယ်ခြင်းခံရကြ၍ ယုံကြည်ခြင်း အားဖြင့် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ရရှိကြကာ ၎င်းအားဖြင့် အသက်ရှင်ကြသည်။ ကိုယ်ခန္ဓာသည် မဖြောင့်မတ်သော်လည်း ၎င်းသည် မဖြစ်နိုင်သောကြေင့် လုံးဝစင်ကြယ်ရန် ကြိုးစားခြင်းသည် မိုက်မဲမှု တစ်ခု ဖြစ်သည်။ ကွှန်ုပ်တို့သည် ကိုယ်တော်ကို ကျွန်ုပ်တို့ဘုရား၊ သခင် နှင့် သိုးထိန်းအဖြစ် ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်၏အကူအညီ ရရှိကြသောအခါမှသာလျှင် ကျွန်ုပ်တို့သည် အသက်ရှင်နိုင်ကြသည်။ ထိုကြောင့် တမန်တော်ရှင်ပေါလုက ဓမ္မဟောင်းကျမ်းရှိဟာဗက္ကုတ္တကို ကိုးကား ၍ “ဖြောင့်မတ်သူများသည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်ကြ လိမ့်မည်”ဟု ပြောထားသည်။ သူက “ထိုအရာ(သတင်းကောင်း)အားဖြင့် ဘုရားသခင်၏ဖြောင့်မတ်ခြင်း သည် ထင်ရှားသည်”ဟု ပြောသည်။ ဘုရားသခင်၏ဖြောင့်မတ်ခြင်းမှာ အဘယ်အရာ ဖြစ်သ နည်း။ ထိုအရာသည် လူသားများ၏ဖြောင့်မတ်ခြင်းနှင့် တူသလော။ အပြစ်များကို အနည်း ငယ်တစ်စစီ လျော့နည်းစေခြင်းခြင်းက ကျွန်ုပ်တို့ကို သန့်ရှင်စေနိုင် မည်လော။ ကျွန်ုပ်တို့သည် သခင်ယေရှုကို ယုံကြည်ပြီးနောက် သို့မဟုတ် ယုံကြည်ခြင်းအားဖြင့်  အပြစ်ကို တစ်ကြိမ်တစ်ခါမျှ မကျူးလွန်ကြသောကြောင့် ပြည့်စုံကြ သလော။ 
သတင်းကောင်းအားဖြင့်သာလျှင် ဘုရားသခင်၏ဖြောင့် မတ်ခြင်းသည် ထင်ရှား၍ ကျွန်ုပ်တို့သည် ကိုယ်ခန္ဓာဖြင့် မဖြောင့် မတ်နိုင်ကြသောကြောင့် အပြစ်များဖြေလွှတ်ခြင်းအားဖြင့် ၎င်းသည် ကျွန်ုပ်တို့အား စင်ကြယ်စေသည်။ “ယုံကြည်ခြင်းပေါ်တွင် အ ခြေခံလျက် ယုံကြည်ခြင်းသို့ ဘုရားသခင်၏ဖြောင့်မတ်ခြင်းသည် ထင်ရှားသည်။” ကျွန်ုပ်တို့သည် ယုံကြည်ခြင်းအားဖြင့်သာလျှင် ဖြောင့်မတ် သူများဖြစ်လာကြသည်ကို ဆိုလိုသည်။ ဖြောင့်မတ်သူများသည် ဖြောင့်မတ်သူများဖြစ်လာကြပြီးနောက် ဘုရားသခင်ကို ယုံကြည် ခြင်းအားဖြင့် ‌အသက်ရှင်ကြသည်။ ဖြောင့်မတ်သူများသည် ဖြောင့်မတ်သူ များဖြစ်လာကြ၍ ယုံကြည်ခြင်းအားဖြင့် ကိုယ်တော်၏ဖြောင့်မတ် ခြင်းကို ရရှိကြကာ ကိုယ်တော်၏ကောင်းကြီးမင်္ဂလာများအားလုံးကို ရရှိသည်။ 
 

ကျွန်ုပ်တို့သည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်ရမည်

ယုံကြည်အားဖြင့်အသက်ရှင် ခြင်းမှာ ထိုသို့ ဖြစ်သည်။ လူတစ်ဉီး၏ဆန္ဒသည် မည်သို့ပင် အားသန်စေကာမူ သရဲထက်ပို၍ လွယ်ကူစွာပြိုလဲနိုင်သည်။ သူက “ကိုယ်တော်၊ ကျွန်တော်က ဒီအရာ၊ ဟိုအ ရာကို လုပ်မည်”ဟု ပြောလိမ့်မည်။ သို့သော် ကိုယ်ခန္ဓာသည် ၎င်းကို မလုပ်နိုင်ပေ။ ကျွန်ုပ်တို့ သည် အပြစ်များဖြေလွှတ်ခြင်းခံရပြီးနောက် ကိုယ်တော်ကို ယုံကြည် ခြင်းနှင့် အပြစ်နှင့်ပညတ်မှ ရွေးနှုတ်ခြင်းအားဖြင့် အသက်ရှင်ကြ သည်။ ကျွန်ုပ်တို့သည် အချိန်ကြာမြှင့်စွာ ယုံကြည်ခြင်းဘဝဖြင့် အသက်ရှင်ကြလျှင် ကိုယ် ခန္ဓာသည် ကောင်းသောအကျင့်၊ အရပ်ရှည်၍ စမတ်ကျကျပြောင်း လဲသလော။ မပြောင်းလဲပေ။ ထိုကြောင့် ယုံကြည်ခြင်းအားဖြင့် အ သက်ရှင်ခြင်းမှာ ဘုရားခသင်ကို လုံးဝယုံကြည်ခြင်း ဖြစ်သည်။ ကျွန်ုပ်တို့သည် သတင်းကောင်းကို လုံးဝယုံကြည် ခြင်းအားဖြင့် ဖြောင့်မတ်သူများဖြစ်လာကြ၍ ကိုယ်တော်ကို ယုံ ကြည်ခြင်းအားဖြင့် ဘုရားသခင်၏ကောင်းကြီးမင်္ဂလားများလုံးကို ရရှိခြင်းအားဖြင့် အသက်ရှင်ကြသည်။ ဖြောင့်မတ်သူများသည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်ကြသည်။ ထိုအရာမှာ ဘုရားသခင်ကို ယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် အသက်ရှင်ကြသည်။ သင်သည် ဤအရာကို ယုံကြည်သလော။  ─ယုံကြည်ကြသည်။ ─ သင်သည် ကိုယ်ခန္ဓာမှ မြော်လင့် ချက်များစွာရှိသလော။ သင်သည် ‘ကျွန်တော့်ကိုယ်ခန္ဓာသည် အခြားသောအစိတ်အပိုင်များ၌ မမှန်ကန်သော်လည်း ဤအပိုင်း၌ ၂၀% ခန့်သာ ကောင်းတယ်ဟု ကျွန်တော်မြော်လင့်သည်’ဟု ထင် သလော။ သို့သော် ဖြောင့်မတ်သူများသည် ယုံကြည်ခြင်းအားဖြင့် အ သက်ရှင်ကြလိမ့်မည်ဟု သမ္မာကျမ်းစာက ပြောသည်။ လူတစ်ဉီး သည် ၀.၁%ပင်လျှင် ကိုယ်ခန္ဓာအားဖြင့် အသက်မရှင်နိုင်ပေဟု ဘု ရားသခင်မိန့်တော်မူသည်။ ကိုယ် တော်ပြန်လည်ကြွလာတော်မူသည်အထိ အပြစ်မပြုခြင်း နှင့် ကိုယ် ခန္ဓာ၌ အပြစ်အနည်းငယ်ပမာဏမျှ မပြုရန်မြော်လင့်ခြင်းအားဖြင့် ယုံကြည်ခြင်းကို စောာင့်ရှောက်နိုင်သည်ဟု စိတ်ထဲမှာ ရှိသလော။ ကျွန်ုပ်တို့သည် ကျူးလွန်ခဲ့သော အပြစ်များစွာရှိနေသော်လည်း သခင်ယေရှုကို ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်သူများ ဖြစ်လာနိုင်ကြသည်။ ကျွန်ုပ်တို့သည် သခင်ယေရှုကို မယုံကြည်ကြလျှင် မည်သို့ ပင်ကောင်းစေကာမူ ကိုယ်ခန္ဓာအားဖြင့် အပြစ်သားများ ဖြစ်ကြ သည်။ ကျွန်ုပ်တို့သည် သခင်ယေရှုကို ၁၀၀% ယုံကြည်ကြ သောအအခါ စင်ကြယ်ခြင်းခံရသော်လည်း ကိုယ်တော်ကို ၁၀၀% မ ယုံကြည်ကြသောအခါ အပြစ်သားများ ဖြစ်ကြသည်။ ကျွန်ုပ် တို့ကျူးလွန်သောအပြစ်အနည်းငယ်သာရှိလျှင် ဘုရားသခင်သည် ဝမ်းမြောက်တော်မူမည်လော။ ကျွန်ုပ်တို့သည် ကိုယ်ခန္ဓာအားဖြင့် ဖြောင့်မတ်သူများဖြစ်လာကြလျှင် ဘုရားသခင်သည် ဝမ်းမြောက် တော်မူမည်လော။ 
 

ဘုရားသခင်၏ဖြောင့်မတ်ခြင်းသည် ကျွန်ုပ်တို့အား ဖြောင့် မတ်သူများဖြစ်စေခဲ့သည်

ရောမ ၃း၁-၈ ကိုကြည့်ကြပါစို့။ “သို့ဖြစ်လျှင် ဂျူးလူမျိုး၌ မည်သည့်သာလွန်ထူးခြားမှုရှိသနည်း။ အရေဖျားလှီးခြင်း၌ မည်သည့်အကျိုးရှိသနည်း။ အဘက်ဘက်၌ အ ကျိုးများစွာရှိ၏။ ပထမဦးစွာ သူတို့၌ ဘုရားသခင်၏နှုတ်ကပတ်တရားတော်များကို ယုံကြည်အပ်နှံထားတော်မူ၏။ ထိုသို့ဆိုလျှင် သူတို့တွင် မယုံကြည်သောသူအချို့ရှိပါက မည်သို့ဖြစ်မည်နည်း။ ဘု ရားသခင်၏သစ္စာတော်သည် သူတို့၏မယုံကြည်မှုကြောင့် ပျက်ပြယ်သွားမည်လော။ လုံးဝမပျက်ပြယ်နိုင်ရာ။ “ကိုယ်တော်သည် မိမိမိန့်တော်မူသောစကားအားဖြင့် ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရ၍တရားဆိုင်တော်မူသောအခါ အောင်မြင်မည့်အကြောင်းတည်း” ဟု ကျမ်းစာ၌ရေးထားသည့်အတိုင်း လူခပ်သိမ်းသည် လိမ်လည်သောသူဖြစ်သော်လည်း ဘုရားသခင်သည် ဖြောင့်မှန်တော်မူသောအရှင်ဖြစ်ပါစေသော။ သို့ရာတွင် ငါတို့၏မတရားမှုသည် ဘုရား သခင်၏ဖြောင့်မတ်ခြင်းကို ထင်ရှားစေလျှင် မည်သို့ဆိုရမည်နည်း။ လူသားတစ်ဦးအနေဖြင့်ငါဆိုသော် အမျက်တော်ကိုသက်ရောက်စေတော်မူသောဘုရားသခင်သည် မဖြောင့်မတ်သောအရှင်ဖြစ်သလော။ 6လုံးဝမဟုတ်ပေ။ ဟုတ်လျှင်မူကား ဘုရားသခင်သည် ဤလောကကို မည်သို့တရားစီရင်တော်မူမည်နည်း။ သို့သော် ငါ၏လိမ်လည်ခြင်းအားဖြင့် ဘုရားသခင်၏သမ္မာတရားသည် ကိုယ်တော်၏ဘုန်းအသရေတော်အဖြစ်သို့ တိုးပွားလျှင် ငါသည် အဘယ်ကြောင့် အ ပြစ်သားတစ်ဦးအဖြစ် စီရင်ခြင်းကိုခံရသေးသနည်း။ “ကောင်းကျိုးသက်ရောက်စေရန် မကောင်းသောအမှုကို ပြုကြကုန်စို့”ဟု ဆို၍မရနိုင်သလော။ လူအချို့တို့က ထိုကဲ့သို့ငါတို့ပြောဆိုနေသည်ဟုဆိုလျက် ငါတို့ကို စော်ကားပြောဆိုကြ၏။ ထိုသူတို့သည် ပြစ်ဒဏ်စီရင်ခြင်းကို ခံထိုက်ကြ၏”(ရောမ ၃း၁-၈)။ 
တမန်တော်ရှင်ပေါလု က “သို့ရာတွင် ငါတို့၏မတရားမှုသည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ထင်ရှားစေလျှင် မည်သို့ဆိုရမည်နည်း။ လူသားတစ်ဦးအနေဖြင့်ငါဆိုသော် အမျက်တော်ကိုသက်ရောက်စေတော်မူသောဘုရားသခင်သည် မဖြောင့်မတ်သောအရှင်ဖြစ်သလော”ဟု ပြောခဲ့ သည်။ ကိုယ်တော်သည် သေသည့်ထိတိုင်အောင် အပြစ်ကျူးလွန်သော ကိုယ်ခန္ဓာပိုင်ဆိုင်သောလူများကို မိမိကျေးဇူးတော်အားဖြင့် ကယ် တင်တော်မူလျှင် ဘုရားသခင်သည် မဖြောင့်မတ်၍ မှားတော်မူမည် လော။ တမန်တော်ရှင်ပေါလုက “ကျွန်ုပ်တို့အားနည်းချက်များ ပို၍ ထင်ရှားလေလေ ကျွန်ုပ်တို့အား အပြစ်များအားလုံးမှ ကယ်တင် သော ဘုရားသခင်၏ဖြောင့်မတ်ခြင်းသည် ပို၍ ကြီးမားသည်” ဖော် ပြသောအခါ သူ့ကို ပြောင်လှောင်သောသူများဖံ မည်သည့်အရာကို ပြန်မေးခဲ့သနည်း။ အပြစ်ကျူးလွန်သောလူတစ်ဉီးသည် မိမိဘဝ၌ မည်သို့စင်ကြယ်ခြင်းခံရမည်ကို တွေဝေနေသောသူများ ထံ တမန်တော်ရှင်ပေါလုက ပြောကြားသည်။ လူ သားများ၏အားနည်းချက်မှာ ဘုရားခသင်၏ဖြောင့်မတ်ခြင်းထင်ရှား စေရန် ဖြစ်သည်ဟု သူပြောသည်။ သေသည့်ထိတိုင်အောင် အပြစ်ကျူးလွန်မည့်ကိုယ်ခန္ဓာ ပိုင်ဆိုင်သော လူသားများသည် သူတို့၏အားနည်းချက်အားဖြင့် ဘု ရားသခင်၏ဖြောင့်မတ်ခြင်းကြီးမြတ်မှုကို ထင်ရှားစေသည်။ 
လူတစ်ဉီးသည် ကိုယ်တော်၏ ဖြောင့်မတ်ခြင်းနှင့်အတူ ကိုယ်ပိုင်ကြိုးစားခြင်းအားဖြင့် ဖြောင့်မတ် သူဖြစ်နိုင်လျှင်၊ လူတစ်ဉီးသည် ဘုရားသခင်၏အကူအညီအားဖြင့် ၉၇%နှင့် ကိုယ်ပိုင်ကြိုးစားခြင်းအားဖြင့် ၃%ဖြင့် ကယ်တင်ခြင်းခံရ နိုင်လျှင် ဘုရားသခင်၏ဖြောင့်မတ်ခြင်းသည် ဘာမျှ မဟုတ်တော့ ပေ။ ဘုရားသခင်သည် သခင်ယေရှုအားဖြင့် သေသည့်ထိတိုင်အောင် အပြစ်ဆက်လက်ကျူး လွန်သူများကို ပြည့်စုံစွာ ကယ်တင်တော်မူခဲ့သည်ဟု ရှင်ပေါလုက ပြောကြားသည်။ ထိုကြောင့် ကျွန်ုပ်တို့မဖြောင့်မတ်ခြင်း သည် ဘုရားသခင်၏ကြွယ်ဝသောဖြောင့်မတ်ခြင်းကို ထင်ရှားစေ သည်။ ကိုယ်ခန္ဓာသည် သေ သည့်ထိတိုင်အောင် နေ့တိုင် အပြစ်ကျူးလွန်၍ တစ်ရက်အတွင်းပင် လျှင် မပြည့်စုံနိုင်ပေ။ သခင်ယေရှုသည် မပြည့်စုံသောအပြစ်သား များကို ပြည့်စုံစွာကယ်တင်ခဲ့သည်ဟူသောအချက်သည် ဘုရားသ ခင်၏ဖြောင့်မတ် ခြင်းကို ပို၍ ထင်ရှားစေရန်ဖြစ်သည်။ ထိုကြောင့် တမန်တော်ရှင်ပေါလုက “ကောင်းကျိုးသက်ရောက်စေရန် မကောင်းသောအမှုကို ပြုကြကုန်စို့”ဟု ဆို၍မရနိုင်သလော။ လူအချို့တို့က ထိုကဲ့သို့ငါတို့ပြောဆိုနေသည်ဟုဆိုလျက် ငါတို့ကို စော်ကားပြောဆိုကြ၏။ ထိုသူတို့သည် ပြစ်ဒဏ်စီရင်ခြင်းကို ခံထိုက်ကြ၏” (ရောမ ၃း ၈)ဟု ပြောခဲ့သည်။ 
ကျွန်ုပ်တို့သည် ကိုယ်ခန္ဓာအားဖြင့် ဖြောင့်မတ်သူများဖြစ်နိုင်ကြသလော။ ကျွန်ုပ်တို့သည် အပြစ်များဖြေလွှတ်ခြင်းခံရပြီးနောက် ပြည့်စုံသူများ ဖြစ်လာနိုင်ကြသလော။ ကိုယ်ခန္ဓာသည် မပြည့် စုံနိုင်ပေ။ သင်နှင့်ကျွန်တော်တို့သည် လူသားများအားလုံးမှမေးခွန်းတစ်ခွန်းမျှ မမေးနိုင်ကြသောအခါ ကိုယ်ခန္ဓာအားဖြင့် ဖြောင့်မတ်သူဖြစ်လာနိုင် သလော။ ─မဖြစ်လာနိုင်ပေ။─ သို့သော် ကိုယ်တော်သည် ကျွန်ုပ်တို့ အား ပြည့်စုံစွာ ကယ်တင်တော်မူခဲ့သလော။ မကယ်တင်တော်မူခဲ့ သလော။  ─ကယ်တင်တော်မူခဲ့သည်။─ ကိုယ်တော်သည် ကျွန်ုပ် တို့အား အပြစ်များအားလုံးမှ ပြည့်စုံစွာ ကယ်တင်တော်မူခဲ့သည်။ ကျွန်ုပ်တို့သည် သခင်ယေရှုကို နှလုံးသားများဖြင့် ယုံကြည်ကြလျှင် အပြစ်ဖြင့်ရှိနေသလော။  ─မရှိတော့ပေ။─ ကျွန်ုပ်တို့သည် မည်သို့ ပင်မဖြောင့်မတ်သူများဖြစ်စေကာမူကျွန်ုပ်တို့မှာ အပြစ်မရှိတော့ပေ။
ကိုယ်တော်သည် “တစ်ဖန် ‘မမှန်မကန်တိုင်တည်ပြောဆိုခြင်းမပြုဘဲ သင်ပြုထားသောကတိသစ္စာများကို ထာဝရဘုရားရှေ့တော်၌ စောင့်ထိန်းရမည်’ ဟု ရှေးလူတို့အားပြောထားသည်ကို သင်တို့ကြားရ၏။သို့သော် သင်တို့အား ငါဆိုမည်။ တိုင်တည်ပြောဆိုခြင်းကို လုံးဝမပြုရ။ ကောင်းကင်ကိုတိုင်တည်၍မပြောဆိုရ။ အကြောင်းမူကား ၎င်းသည် ဘုရားသခင်၏ပလ္လင်တော်ဖြစ်၏။ မြေကြီးကိုတိုင်တည်၍မပြောဆိုရ။ အကြောင်းမူကား ၎င်းသည် ကိုယ်တော်၏ခြေတင်ခုံဖြစ်၏။ဂျေရုဆလင်မြို့ကိုတိုင်တည်၍မပြောဆိုရ။ အကြောင်းမူကား ၎င်းသည် ကြီးမြတ်သောဘုရင်၏မြို့တော်ဖြစ်၏။ သင်၏ဦးခေါင်းကို တိုင်တည်၍မပြောဆိုရ။ အကြောင်းမူကား သင်သည် ဆံပင်တစ်ပင်ကိုမျှ ဖြူအောင်၊ သို့မဟုတ် မည်းအောင်မလုပ်နိုင်။ သို့ဖြစ်၍ သင်တို့သည် ဟုတ်သည်ကို ‘ဟုတ်ပါ၏’ မဟုတ်သည်ကို ‘မဟုတ်ပါ’ဟူ၍သာ ပြောဆိုကြလော့။ ၎င်းတို့ထက် ပိုသောစကားသည် မကောင်းသောအရာနှင့်စပ်ဆိုင်၏”(မဿဲ ၅း၃၃-၃၇)ဟု မိန့်တော်မူခဲ့သည်။ သင်သည် ကျိန်ဆိုသည့်အတိုင်းအလုပ်ဆောင်နိုင်သော ကြောင့် ကျိန်ဆိုခြင်းမှာ အပြစ်ဖြစ်သည်။ ထိုကြောင့် ကျိန်ဆိုခြင်း ဖြစ်စေ၊ နောက်နောင်တွင် တစ်စုံတစ်ခုလုပ်ဆောင်ရန်ဖြစ်စေ သစ္စာ မဆိုရပေ။ ကိုယ်တော်၏နှုတ်ကပတ်တော်ကို ယုံကြည်ပြီး အသက်ရှင်ပါ။ သင်သည် ကိုယ်တော်၏ဖြောင့်မတ်ခြင်းကို ယုံကြည်လျှင် ဖြောင့်မတ်သူဖြစ် လာနိုင်၍ သင်သည် ကိုယ်တော့်ကို ယုံကြည်လျှင် ကိုယ်တော်သည် သင့်ကို မစတော်မူလိမ့်မည်။ 
ထင်ယောင်ထင်မှားမှုများစွာ ရှိသည်။ ကျွန်ုပ်တို့မှာ ဇာတိပက တိစံနှုန်းရှိကြ၍ ကိုယ်ခန္ဓာရှိကြသောကြောင့် ထိုအရာအရ တရားစီ ရင်ကြသည်။ ထိုကြောင့် ဘုရားသ ခင်၏နှုတ်ကပတ်တော်ကို ယုံကြည်ခြင်းနှင့်မတွဲဖက်သောသူကျွန်ုပ် တို့၌ တရားသူကြီးတစ်ပါးရှိသည်။ ကျွန်ုပ်တို့အထဲ၌ တရားသူကြီးနှစ်ပါးရှိသည်။ တစ်ဉီးမှာ မိမိကိုယ်ကိုကိုယ် ဖြစ်၍ အခြား တစ်ပါးမှာ သခင်ယေရှု ဖြစ်သည်။ ထိုကြောင့် ထိုနှစ်ပါးတို့သည် ကျွန်ုပ်တို့၌ အုပ်စိုးရန် ကြိုး စားသည်။ ကျွန်ုပ်တို့သည် ကိုယ်ခန္ဓာ၏ ပညတ်များကို ပြုလုပ်လိုကြ၍ ကျွန်ုပ်တို့မှာ ကိုယ်ခန္ဓာရှိသော ကြောင့် ၎င်းဖြင့် တရားစီရင်ကြသည်။ ကိုယ် ခန္ဓာက “သင်သည် အပြစ်ဆက်လက်ကျူးလွန်လျှင်တောင် ကောင်း သည်။ သင်၏ကိုယ်ခန္ဓာသည် ၁၀၀%မဖြောင့်မတ်လျှင်တောင် သင့် ကို ဖြောင့်မတ်သူဖြစ်သည်ဟု ထောက်ခံမည်”ဟု ပြောသည်။ ကိုယ်ခန္ဓာ၏ တရားသူကြီးသည် သင့်အား အမှတ်ကောင်းများ အမြဲတမ်းပေး နေ သည်။ 
သို့သော် ဘုရားသခင်၏ဖြောင့်မတ်ခြင်းတရား သူကြီးသည် ကျွန်ုပ်တို့အား ၁၀၀%အပြစ်ကင်းစင်ရန် တောင်းဆို သည်။  He is holy. ကိုယ်တော်သည် သန့်ရှင်းတော်မူသည်။ ကျွန်ုပ်တို့သည် ယုံကြည်ခြင်းအားဖြင့် အပြစ်များဖြေ လွှတ်ခြင်းခံခြင်းအားဖြင့်သာလျှင် ဖြောင့်မတ်သူများ ဖြစ်လာနိုင်ကြ သည်။ ထိုကြောင့် ကိုယ်တော်၏သတင်း ကောင်းယုံကြည်သူများသည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းသို့ ရောက်ခဲ့ပြီး ဖြစ်သည်။ ကျွန်ုပ်တို့သည် ဖြောင့်မတ်သူများ ဖြစ်လာခဲ့ကြသည်။ ဘုရားသခင်ကို ယုံကြည်သူများသည် အမှန်အကန်အသက်ရှင်ကြသည်။ သူတို့သည် ဘုရားသခင်၏မစတော်မူခြင်းအားဖြင့် ကောင်း ကြီးမင်္ဂလာခံစားရကြသည်။ ဖြောင့် မတ်သူများသည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်ကြလိမ့်မည်။ မယုံကြည်သူများနှင့် ကိုယ်ခန္ဓာဖြင့်အသက်ရှင်သူများ သည် အသက်မရှင်နိုင်သည်ကို ဤအရာက ဆိုလိုသည်။ ကြီးမားသောပန်းချီ ကားတစ်ချပ်မှ အနည်းငယ်သောအစိတ်အပိုင်းတစ်ခုသာ ကျွန်တော် သင့်အားပေးနေသည်။ ကျွန်ုပ်တို့သည် ဟင်းချိုကို အဖြူဖြစ်သည့်အထိ အရိုးများကို ချက်ပြုတ်သကဲ့သို့ ကျွန်တော်သည် သင့်အား အနက်အဓိပ္ပါယ်ကို အသေးစိတ် လုံးစေ့ ပတ်စေ့ ထပ်ခါတလဲလဲ ပြောကြားရခြင်း ဖြစ်သည်။ 
 

ကျွန်ုပ်တို့မှာ ယုံကြည်ခြင်း လိုအပ်သည်

သမ္မာကျမ်းစာကို သိခြင်းမှာ အ ရေးကြီးသော်လည်း ကျွန်ုပ်တို့သည် မည်မျှ ယုံကြည်ခြင်းမှာ ပို၍အ ရေးကြီးသည်။ လူအချို့တို့သည် သမ္မာကျမ်းစာ၌ ဘုရားသခင်၏ ဖန်ဆင်းခြင်းကိုသာ ယုံကြည်ကြသည်။ ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူခဲ့သည်ကိုလည်းကောင်း၊ သခင်ယေရှုသည် ဗီဇအပြစ်ကိုသာ ဆေးကြောပေးတော်မူခဲ့သည်ကို လည်းကောင်း လူအချို့တို့က ယုံကြည်ကြသည်။ သူတို့ ၏နေ့စဉ်အပြစ်များကို နေ့တိုင်းဆေးကြောသင့်သည်ဟု သူတို့ယုံ ကြည်ကြသည်။ သူတို့သည် ကိုယ်ခန္ဓာ၏ပညတ်နှင့်အညီ မိမိ ကိုယ်ကိုကိုယ် တရားစီရင်ခင်းများ ပြုကြသည်။ ကျွန်ုပ်တို့သည် မည်မျှ ယုံကြည်ကြသနည်း။ ဖြောင့်မတ်သူများသည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်ကြလိမ့်မည်။ ဖြောင့်မတ်သူဖြစ်လာခြင်းနှင့်အသက် ရှင်ခြင်းသည် ယုံကြည်ခြင်းအားဖြင့်သာလျှင် ဖြစ်နိုင်သည်။ အစမှ အဆုံး ထိတိုင်အောင် ကျွန်ုပ်တို့သည် ဘုရားခသင်ကို ယုံကြည်ခြင်း လိုအပ် သည်။ 
ထိုကြောင့် သင်သည် မည်မျှ ယုံကြည်သနည်း။ ‘ငါက မှန်ကန်တယ်၊ ကျွန်ုပ်ခန္ဓာကိုယ်သည် ကောင်းတယ်’ သို့မဟုတ်‘ငါက ဘုရားသခင်ကို ယုံကြည်ရန် အလွန်အားနည်းတယ်’ ဟု တွေး၍ သင်နှစ်သက်၍ ဇာတိပကတိအတွေးအခေါ်များ သိမ်း ပိုက်၍ မိမိကိုယ်ကိုကိုယ် တိုင်းတာသလော။ သင်သည် ယနေ့ ၈၀ %၊ နေ့တစ်နေ့ ၉၅% သို့သော် အခြားနေ့များတွင် ၅%သာ မိမိကိုယ်ကို ကိုယ်အမှတ်ပေး၍ ‘ငါသည် မမွေးရင်ပိုကောင်းမည်’ဟု ခံစားပါသ လော။ သင်သည် ထိုသို့ထင်နေသလော။  ─ ဟုတ်ပါသည်။ ─ ကျွန်တော်လည်းထင်သည်။
ကျွန်တော်သည် တစ် ခါတစ်ရံ ထိုသို့ ပြင်းပြင်းထန်ထန် ဖြစ်သည်။ ကျွန်တော်သည် ကိုယ်တော်ကို မယုံကြည်ဘဲ မသိရင် ပိုကောင်းလိမ့်မည်။ ယုံကြည် ခြင်းအားဖြင့် အသက်ရှင်ခြင်းမှာ ပို၍ ခက်ခဲလာပါသည်။ ယခုအထိ ကြောက်စရာဖြစ်လာပါတယ်။ အနာဂတ်မြင်တွေ့ရန်နှင့် အတိတ်ကို ပြန်လည်သတိရရန် ကျပ်တည်းလာတယ်။ သို့သော် ယခုထိ ယုံ ကြည်ခြင်းဘဝဖြင့် တစ်နည်းတစ်လမ်းအားဖြင့် အသက်ရှင်ခြင်းမှာ ဝမ်းမြောက်စရာ ဖြစ်တယ်။ ကိုယ်တော်၊ ယခုမှစ၍ ကိုယ်တော်နှင့်အ တူ ဆက်လက်လျှောက်လှမ်းဖို့ မဖြစ်နိုင်တော့ပါ။ ကိုယ်တော်ကို ကျွန်တော်သိခဲ့ပြီးနောက် ကျူးလွန်သောအပြစ်များ ပို၍ များပြား လာပါတယ်။ ကိုယ်တော်ကို ကျွန်တော်သိပြီးသည့်နောက်ပိုင်းတွင် အတွေးများစွာနှင့် စံနှုန်းများစွာ ထွက်လာတယ်။ ကိုယ်တော်ကို ကျွန်တော် ကောင်းမွန်စွာ မသိဘဲ လက်ချည်းသက်သက် နောက်သို့ လိုက်ခဲ့တယ်။ သို့သော် ယခုတွင် ကိုယ်တော်ကို ဆက်လက်လိုက် လျှောက်ရန် ရောင့်ရဲတင်းတိမ်မှုမရှိတော့ပါ။ ဘာကြောင့်လဲ။ ဘုရား သခင်သည် သန့်ရှင်း၍ ပြည့်စုံတော်မူသောကြောင့် ဖြစ်တယ်။ ဪ၊ ကိုယ်တော်၊ ကိုယ်တော်၏နောက်တော်သို့ ကျွန်တော်မလိုက်နိုင် တော့ပါ။ ကျွန်တော့်မှာ ရောင့်ရဲတင်းတိမ်မှုမရှိတော့ပါ”ဟု ကိုယ်ကို ကိုယ်စိတ်သက်သာသည့်အချိန်မှာတောင် စဉ်းစားခဲ့သည်။  
ထိုကြောင့် ဘုရားသခင်သည် ကျွန်ုပ်တို့အား ကောင်းမွန်စွာ သိတော်မူသောကြောင့် ယုံကြည်ခြင်းအားဖြင့် အ သက်ရှင်ရန် မိန့်တော်မူခြင်း ဖြစ်သည်။ ကိုယ်တော်က “သင်သည် ယုံကြည်ခြင်းအားဖြင့် ဖြောင့် မတ်ခြင်းခံစား၍ ကောင်းကြီးမင်္ဂလာခံစားရမည်။ သင်၏အပြစ်များ အားလုံးကို သခင်ယေရှု၏ဗတ္တိဇံအားဖြင့် ကိုယ်တော်အပေါ်သို့ လွှဲ ပြောင်းခဲ့တယ်။ သင်၏ကိုယ်ခန္ဓာသည် ပညတ်ပေါ်တွင် တုန့်ပြန် သောအခါ သင်သည်အမြဲတမ်းအပြစ်ကျူးလွန်တယ်။ ဒါကြောင့်၊ သင်သည် အပြစ်ကျူးလွန်နေသည်ကို ဝန်ခံပါ။ သင်၏ကယ်တင်ရှင် သည် အပြစ်များအားလုံးကို ယူဆောင်သွားတော်မူခဲ့သလား။ မယူ ဆောင်တော်မူခဲ့သလား။ -ဟုတ်ပါတယ်။ ယူဆောင်သွားတော်မူခဲ့ တယ်။- သင်၏အပြစ်များအားလုံးကို ကိုယ်တော့်အပေါ်သို့ လွှဲ ပြောင်းပေးခဲ့သလား၊ မလွှဲပြောင်းခဲ့သလား။ -ယူဆောင်သွားတော်မူ ခဲ့တယ်။- သင့်မှာ အပြစ်ရှိသလား။ မရှိသလား။ -မရှိတော့ပါ။- သင့် မှာ အပြစ်ရှိသလား။ မရှိသလား။ -မရှိပါ။- ကိုယ်တော်သည် သင့်ကို ကယ်တင်တော်မူခဲ့သလား။ မကယ်တင်တော်မူခဲ့သလား။ -ကယ် တင်တော်မူခဲ့တယ်။- “ယခု ငါစိတ်ထဲမှာ နေထွန်းတောက်သည်”ဟု ဓမ္မသီချင်း၌ စာသားကဲ့သို့ တိမ်တိုက်နှင့်အမှောင်နေ့များသည် တောက်ပသောနေရောင်ခြည်နေ့များဖြစ်လာပါတယ်”မိန့်တော်မူ သည်။ 
 


ကျွန်ုပ်တို့သည် အပြစ်သားများတဖန်မဖြစ်နိုင်တော့ပေ


ကျွန်ုပ်တို့သည် အနာဂတ်ကို စဉ်းစားကြသောအခါ မြော်လင့်ချက်မဲ့ နေနိုင်သော်လည်း ကျွန်ုပ်တို့သည် ယုံကြည်ခြင်းအားဖြင့် ကိုယ်တော် ကို ကြည့်ကြသောအခါ နေသာပြီး တောက်ပသည်။ ထိုကြောင့် ဖြောင့် မတ်သူများသည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်ကြလိမ့်မည်ဟု ဘုရားသခင်မိန့်တော်မူခြင်း ဖြစ်သည်။ သင် သည် ဤအရာကို ယုံကြည်သလော။ ─ယုံကြည်ပါသည်။─ ကျွန်ုပ်တို့သည် ယုံ ကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းခံရကြ၍ အသက်ရှင်ကြသည်။ ကျွန်ုပ်တို့သည် မည်သူ့ကို ယုံကြည်ကြသ နည်း။ ကျွန်ုပ်တို့သည် ဘုရားသခင် ကို ယုံကြည်ခြင်းအားဖြင့် အသက်ရှင်ကြသည်။ ဖြောင့်မတ်သူများသာလျှင် ယုံကြည်ခြင်းအားဖြင့် အ သက်ရှင်ကြသည်။ သင်သည် ထိုအရာကို ယုံကြည်သလော။ ─ယုံကြည်ပါသည်။─ သင်သည် ကိုယ်ခန္ဓာကို ကောင်းမွန်စွာ သင်တန်းပေးခြင်းအားဖြင့် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ပြဌာန်းနိုင်သလော။ ─မပြဌာန်းနိုင်ပေ။─ ကိုယ်ခန္ဂာသည် အဆိုးပြုသော အခါ ရားသခင်၏ဖြောင့်မတ်ခြင်းသည် မတရားသလော။ ကျွန်ုပ်တို့သည် အပြစ်သားများတဖန်ဖြစ် လာကြသလော။  ─မဖြစ်လာကြပေ။─
တမန်တော်ရှင်ပေါလုက ဂလာတိ ၂း၁၉ တွင် “အကြောင်း မူကား ငါသည် မိမိဖြိုဖျက်ခဲ့သော ထိုအရာများကို ပြန်လည်တည် ဆောက်လျှင် ကိုယ့်ကိုယ်ကိုယ် ပညတ်တရားဖောက်ဖျက်ကျူးလွန်သူဖြစ်ကြောင်း ထင်ရှားစေရာရောက်၏”ဟု ပြောခဲ့သည်။ ဗတ္တိဇံခံ ယူတော်မူခြင်းအားဖြင့် သခင်ယေရှုခရစ်တော်အပေါ်သို့ အပြစ်များ အားလုံး လွှဲပြောင်းခဲ့သည်ကိုလည်းကောင်း, ကားတိုင်ပေါ်တွင် ကိုယ်တော်သည် တရားစီရင်ခြင်းခံရတော်မူခဲ့သည်ကိုလည်းကောင်း ယုံကြည်သူတစ်ဉီးသည် အပြစ်သားတစ်ဉီး ဘယ်တော့မှ မဖြစ်လာ နိုင်တော့ပေ။ သခင်ယေရှုကို မငြင်းဆိုသောသူတစ်ဉီးသည် မိမိအပြစ်များအားလုံး ကိုယ်တော့်အပေါ်သို့ လွှဲပြောင်းခဲ့၍ သူသည် အပြစ်သားတစ်ဉီးဘယ် တော့်မှ မဖြစ်လာနိုင်သောကြောင့် သူသည် တစ်ကြိမ်တည်း စင် ကြယ်သူဖြစ်လာသည်။ သင်နားလည်သဘော ပေါက်သလော။ ─နားလည်သဘောပေါက်ပါသည်။─
ကျွန်ုပ်တို့အား ကယ်တင်တော်မူခဲ့သောဘုရားသခင်သည် ကျွန်ုပ်တို့ ၏ထာဝရသခင်နှင့်ခမည်းတော်ဖြစ်တော်မူသည်။ ကိုယ်တော် သည် ကျွန်ုပ်တို့အား အစဉ်မစတော်မူ၍ ကပ်ကမ္ဘာဆုံးထိတိုင်‌အောင် အတူရှိတော်မူသည်။ ထိုကြောင့် ကိုယ်တော်က “ယုံကြည်ခြင်း အားဖြင့် အသက်ရှင်ပါ။ သင်သည် ငါ့ကို ယုံကြည်လျှင် ငါမင်းကို မစ လိမ့်မည်။ ဒုတိယမွေးဖွားခြင်းခံရသောသင့်ကို ကောင်းကင်တမန် များအစေခံလိမ့်မည်”ဟု မိန့်တော်မူခြင်း ဖြစ်သည်။ ကောင်းကင်တမန်များသည် ဘု ရားသခင်နှင့်ကျွန်ုပ်တို့အကြား အစေခံများဖြစ်ကြသည်။ သူတို့က ဘုရားသခင်ထံ ကျွန်ုပ် တို့အကြောင်းအကုန်အစင် ပြောကြားကြသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့အား ကိုယ်တော်၏သားသမီး များဖြစ်စေတော်မူသည်။ ကျွန်ုပ်တို့ သည် သဘာဝအားဖြင့် အပြစ်သားများ ဖြစ်ကြသည်။ ကျွန်ုပ်တို့သည် ကိုယ်ခန္ဓာအ ကျင့်အားဖြင့် ဖြောင့်မတ်သူများ ဘယ်တော့်မှမဖြစ်လာနိုင်ကြသော် လည်း ကျွန်ုပ်တို့သည် ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်သူများဖြစ် လာနိုင်ကြသည်။ 
ကျွန်ုပ်တို့သည် ကိုယ်တော့်ကို ကျေးဇူးတင်ကြသည်။ ကိုယ်တော်သည် ယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့၏သိုးထိန်းနှင့် ခမည်းတော် ဖြစ်တော်မူသည်။