Search

တရားဟောချက်များ

ဘာသာရပ် ၉ - ရောမဩဝါဒစာ (ရောမဩဝါဒစာအနက်ဖွင့်ကျမ်းများ)

[1-4] ဖြောင့်မတ်သောသူများသည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်ကြသည် (ရောမ ၁း၁၇-၁၈)

(ရောမ ၁း၁၇-၁၈)
“အဘယ်ကြောင့်ဆိုသော် “ဖြောင့်မတ်သောသူသည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်လိမ့်မည်”ဟု ကျမ်းစာ၌ရေးထားသည့်အတိုင်း ယုံကြည်ခြင်းအပေါ်အခြေခံလျက် ယုံကြည်ခြင်းသို့ပို့ဆောင်သည့်ဘုရားသခင်၏ဖြောင့်မတ်ခြင်းတရားသည် ဤကောင်းမြတ်သောသတင်း၌ထင်ရှားလျက်ရှိ၏။ဘုရားသခင်၏အမျက်တော်သည် ကောင်းကင်မှထင်ရှားလျက် သမ္မာတရားကို မတရားမှုဖြင့်တားဆီးပိတ်ပင်သောသူတို့၏ဘုရားတရားမဲ့ခြင်းနှင့် မတရားမှုအလုံးစုံတို့အပေါ်သို့ သက်ရောက်၏။”
 

ကျွန်ုပ်တို့သည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်ရမည်

“ဖြောင့်မတ် သောသူများသည် ယုံကြည်ခြင်းအားဖြင့် အသက် ရှင်ရမည်”ဟု ဖော်ပြထားသည်။ ကျွန်ုပ်တို့သည် ယုံ ကြည်ခြင်းအား ဖြင့် အသက်ရှင်ကြသလော။ မရှင်ကြသလော။ ဖြောင့်မတ် သူများ အသက်ရှင်နိုင်သောတစ်ခုတည်းသောနည်းလမ်းမှာ ယုံကြည် ခြင်း အားဖြင့် ဖြစ်သည်။ ယုံကြည်ခြင်းသည် ဖြောင့်မတ်သူများကို အ သက်ရှင်စေသည်။ ကျွန်ုပ်တို့သည် ဘုရားသခင်ကို ယုံကြည်ကြသော အခါ အသက်ရှင်နိုင်ကြ၍ အားလုံးသည် အဆင်ပြေချောမွေ့သည်။ ဖြောင့်မတ်သောသူများသာလျှင် ယုံကြည်ခြင်းအားဖြင့် အသက်ရှင် ကြသည်။ ‘သာလျှင်’စကားလုံးမှ အခြားသူမဟုတ် ဖြောင့်မတ်သူများ သာလျှင် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်နိုင် သည်ကို ဆိုလိုသည်။ ထိုနောက် အပြစ်သားများသည် အဘယ်သို့နည်း။ အပြစ်သားများ သည် ယုံကြည်ခြင်းအားဖြင့် အသက်မရှင်နိုင်ကြပေ။ ယခုတွင် သင် သည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်သလော။  ကျွန်ုပ်တို့သည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်ရကြမည် ဖြစ်သည်။ 
စစ်မှန်သောယုံ ကြည်ခြင်းကို သင်ယူရန် အချိန်ယူရသည်။ ကျွန်ုပ်တို့သည် ဘုရားသခင်ကို ယုံကြည် သောအခါ အသက်ရှင်၍ ကျွန်ုပ်တို့သည် ဘုရားသခင်ကို မယုံကြည်ကြသောအခါ သေကြ သည်ကိုကျွန်ုပ်တို့နားလည်သဘောပေါက်ရ ကြမည့်အရာ ဖြစ်သည်။ ဖြောင့်မတ်သူများသည် ယုံကြည်ခြင်း အားဖြင့် အသက်ရှင်ရခြင်းမှာ ကောင်းကြီးမင်္ဂလာဖြစ်သည်ဟု ကျွန်ုပ်တို့နားလည်သဘောပေါက် ရမည် ဖြစ်သည်။ ငှက်များသည် အတောင်ပံများရှိကြသော်လည်း အသုံးအပြုလျှင် သူတို့သည် မြေကြီး၌ကျင်လည်သော သားရဲများ၏ ဖမ်းစားခြင်းနှင့်သတ်ခြင်းခံရမည် ဖြစ်သည်။  ထိုကြောင့် ဖြောင့်မတ် သူများသည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်ရန် ဉီးတည်နေကြ သည်။ ယုံကြည်သူများသည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်ရန် ကောင်း ကြီးမင်္ဂလာချပေးတော်မူခဲ့သည်။ သူတို့သည် ယုံကြည်ခြင်း အားဖြင့် အသက်မရှင်နိုင်ကြလျှင် သူတို့ဝိညာဉ်များသည် သေကြ လိမ့်မည်။ 
ခရစ်ယာန်တစ်ဉီးဘဝနှင့်စစ်မှန်သောလမ်းသည် ယုံကြည်ခြင်း ဖြင့်အစပြုသည်။ ဖြောင့်မတ်သူများသည် ရေနှင့်ဝိညာဉ်တော်အား ဖြင့် ဒုတိယမွေးဖွားခြင်းခံရပြီးနောက် လူမှုအဖွဲ့အစည်သို့ မည်သို့တိုး ဝင်နိုင်ကြသနည်း။ ကျွန်ုပ်တို့အတွက် တစ်ခုတည်းသောနည်းလမ်း မှာ ယုံကြည်ခြင်းအားဖြင့် အသက်ရှင်ခြင်းဖြစ်သည်ဟုကျွန်ုပ်တို့သိရ ကြမည် ဖြစ်သည်။
သင်သည် နားလည်သဘောပေါက်သလော။ ထိုအရာသည် ဖြောင့်မတ်သူများအတွက် အသက်ဖြစ်သည်။  ယုံကြည်ခြင်းမပါ လျှင် ကျွန်ုပ်တို့သည် သေ၍ အခက်အခဲများကို အောင်မြင်ရန် တန်ခိုးမရှိကြပေ။ ယုံကြည်ခြင်းအားဖြင့် အသက်မရှင်၊ ယုံကြည်ခြင်း ကို အသုံးမပြုသောသူတစ်ဉီးသည် အခက်အခဲများနှင့်ရင်ဆိုင်ရသော အခါ သူသည် နောက်ဆုံးတွင် သေလိမ့်မည်။ 
လူတစ်ဉီးသည် ဘုရားသခင်ကို ယုံကြည် ၍ “သခင်၊ သခင့်ကို ကျွန်တော်ယုံကြည်သည်”ဟု ဝန်ခံသောအခါ သူသည် မရောင့်ရဲ တင်းတိမ်မှုမရှိ၊ အားနည်းလျှင်လည်း အသက်ရှင် နိုင်သည်။ သူ သည် ဘုရားသခင်ကို ယုံကြည်သောကြောင့် အသက်ရှင်နိုင်သည်။  လူတစ်ဉီးသည် ဘုရားသခင်ကို ယုံကြည်သည့် ပမာဏအတိုင်း ဘုရားသခင်သည် ထိုသူကို မစတော်မူသည်။ 
 

ကျွန်ုပ်တို့သည် ဘေးကြပ်နံကြပ်ဖြစ်သောအခါ ယုံကြည်ခြင်းကို သင်ယူရကြသည်

သင်သည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်သည်/မရှင် သည့်အကြောင်းကို စဉ်းစားရန် ကျွန်တော်ဆန္ဒပြုလိုသည်။ လူတစ် ဉီးသည် ဒုတိယမွေးဖွားခြင်းခံခဲ့ပြီးနောက် ချက်ခြင်း ယုံကြည်ခြင်း အားဖြင့် အသက်မရှင်ပေ။ သူသည် ပထမပိုင်း၌ အခြေအနေအရ အသက်ရှင်သောကြောင့် သူသည် ယုံကြည်ခြင်းအားဖြင့် မည်သို့အ သက်ရှင်ရမည်ကို သင်ယူရမည် ဖြစ်သည်။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ လူတစ်ဉီးသည် လူတစ်ဉီးသည် ဤလောကတွင် မိမိလက်မောင်းများနှင့် ခြေထောက်များဖြင့် ငွေကြေးရှာဖွေအသက် ရှင်သောကြောင့် ဘုရားသခင်ကို ယုံကြည်ခြင်းအသုံးပြုရန် မဖြစ် နိုင်သောကြောင့် ဖြစ်သည်။  သို့သော် ကျွန်ုပ်တို့သည် ကိုယ်ကာယ အစွမ်းအစများနှင့် ကြိုးစားအား ထုတ်မှုများအားဖြင့်သာလျှင် အသက်ရှင်ကြလျှင် ကျွန်ုပ်တို့၏မြော် လင့်ချက်များကုန်ဆုံးသောအ ခါ ငြီးမောတွေဝေတတ်ကြသည်။  ကျွန်ုပ်တို့သည် အသက်မရှင်နိုင် ကြပေဟု ခံစားကြသည်။ ထိုနောက် ကျွန်ုပ်တို့သည် မည်သို့အသက် ရှင်ရကြမည်နည်း။ ကျွန်ုပ်တို့သည် ယုံကြည်ခြင်းကို အသုံးပြုရကြ မည်ဖြစ်သည်။ ကျွန်ုပ်တို့သည် ယုံကြည်မှုကို အသုံးမပြုဘဲ ဘုရားသ ခင်ကို ယုံကြည်ခြင်းမရှိကြလျှင် အမှန်အကန် အသက်မရှင်နိုင် ကြပေ။ 
ကျွန်ုပ်တို့သည် “သခင်၊ သခင့်ကို ကျွန်တော်ယုံကြည်တယ်။ မစတော်မူပါ”ဟု ပြော၍ သေးငယ်သောအမှုကိစ္စများ၌ပင်လျှင် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်ရကြမည် ဖြစ်သည်။ ကျွန်ုပ်တို့ သည် သေးငယ်သောကိစ္စများ၌ ဘုရားသခင်ကိုယုံကြည်ယုံကြည်ကြ သောအခါ “သခင်၊ သခင် ကိုကျွန်တော်ယုံကြည်သဖြင့် ကျွန်ုပ်ကို မစတော်မူပါ။ သခင်ကို ကျွန်တော်ယုံကြည်တယ်”ဟု ပြောကြသည်။ ကျွန်ုပ်တို့သည် သေးငယ်သောကိစ္မများ၌ပင်လျှင် ယုံကြည်ခြင်းအား ဖြင့်အသက်ရှင်ကြသည်ဟု သက်သေပြသကြသည်။ 
ကျွန်ုပ်တို့သည် ယုံကြည်ခြင်းရှိမှသာလျှင် အရာများ ပြီးမြောက် ရန်အတွက် ပို၍ စိတ်အားထက်ခြင်း တွေ့ကြုံ၍ မြော်လင့်ချက်များ ရှိနိုင်ကြသည်။ သို့သော် ကျွန်ုပ်တို့သည် ဘုရားသခင်ကို ယုံကြည် ခြင်းမရှိကြသောအခါ ဘုရားသခင်သည် ထိုအရာကို ခွင့်ပြုတော်မူခဲ့ သည်ဟု နားမလည်ကြသောကြောင့် ကျွန်ုပ်တို့သည် ယုံကြည်ခြင်း အားဖြင့် မတွေ့ကြုံသောကြောင့် ကျွန်ုပ်တို့သည် ဆုံးရှုံးကြသည်။  ကျွန်ုပ်တို့သည် ပြဿနာကို ယုံကြည်ခြင်းအားဖြင့် လွယ်ကူစွာ ဖြေ ရှင်းနိုင်သော်လည်း ကျွန်ုပ်တို့သည် ၎င်းကို မဖြေရှင်းနိုင်ကြပေ။ ယုံ ကြည်ခြင်းအားဖြင့် အသက်ရှင်ခြင်းသည် အမြဲတမ်းကောင်းသော ကြောင့် ကျွန်ုပ်တို့သည် ယုံကြည်ခြင်းအားဖြင့် မည်သို့အသက်ရှင်ရ မည်ကို သင်ယူရကြမည် ဖြစ်သည်။ 
ဓမ္မဟောင်းကျမ်းရှိလူများသည် ယုံကြည်ခြင်းအားဖြင့် အသက် ရှင်ခဲ့ကြ၍ ဓမ္မသစ်ကျမ်းရှိလူများအတွက် ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းရရှိခြင်းသည်လည်း သင့်တော်သည်။ ကျွန်ုပ်တို့သည် ကယ်တင်ခြင်း၌ မည်သို့ဖြင့် ရောင့်ရဲမှုရရှိကြသနည်း။ ကျွန်ုပ်တို့ သည် သခင်ယေရှုခရစ်တော်ပြုတော်မူခဲ့သောအမှုအရာကို ယုံကြည် ခြင်းအားဖြင့် ဖြောင့်မတ်သူများဖြစ်လာခဲ့ကြသလော။ ဟုတ်ပါသည်။ ကျွန်ုပ်တို့ ဖြစ်လာခဲ့ကြသည်။ ကျွန်ုပ်တို့သည် ကိုယ်တော်ကို ယုံ ကြည်ခြင်းအားဖြင့် အသက်ရှင်ကြသောအခါ ဘုရားသခင်သည် ကျွန်ုပ်တို့ကို မစတော်မူသည်။ အစပိုင်း၌ ဘုရားသခင်ကို ယုံကြည် ၍ သင်လိုအပ်မှုများကို တောင်းလျှင် ဘုရားသခင်သည် ကျွန်ုပ်တို့ကို မစတော်မူသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့အား ကယ်တင်ခြင်း ပေးအပ်တော်မူသည့်အတိုင်း အခြားသောအရာများကိုလည်း ပေး အပ်တော်မူသည်။ ယုံကြည်ခြင်းသည် ကျွန်ုပ်တို့ဘဝများအစိတ်အ ပိုင်းအားလုံး၌ ပြင်ဆင်ထားသည်။ ၎င်းသည် အသက်ဖြစ်သည်။ ဖြောင့်မတ်ခြင်းသို့ ပို့ဆောင်သောဘဝမှာ ယုံကြည်ခြင်းဖြစ်သည်။ ယုံ ကြည်ခြင်းသည် အသက် ဖြစ်သည်။ ၎င်းသည် ကိုယ်ခန္ဓာ၏အသွေး အသားကဲ့သို့ ဖြစ်သည်။ ဒုတိယမွေးဖွားခြင်းမခံရသေးသော သူတစ် ဉီးသည် ယုံကြည်ခြင်းမရှိသောအခါ လူတစ်ဉီး၏ကိုယ်ခန္ဓာသည် အ သွေးမရှိသောအခါ သေဆုံးသကဲ့သို့ သူ၏ဝိညာဉ်သည် သေဆုံးရ သည်။ ကျွန်ုပ်တို့သည် ဘုရားသခင်ကို ယုံကြည်၍ “ဘုရားသခင်၊ ကိုယ်တော့်ကို ကျွန်တော်ယုံကြည်တယ်။ ကိုယ်တော်သည် ကျွန် တော့်ကို မစတော်မူ၍ ပြဿနာကို ဖြေရှင်းပေးတော်မူသည်ကို ကျွန် တော်ယုံကြည်တယ်” ဟု ဝန်ခံသင့်ကြသည်။ 
ကျွန်ုပ်တို့သည် လိုအပ်မှုများကို မရှာဖွေမီ ဘုရားသခင်၏နိုင်ငံ တော်ကို ရှေးဉီးစွာ ရှာဖွေ၍ ဘုရားသခင်သည် ကျွန်ုပ်တို့ဆုတောင်း ချက်များကို အမှန်အကန်ချပေးတော်မူလိမ့်မည်ဟု ယုံကြည်ခြင်း သည် ယုံကြည်ခြင်း ဖြစ်သည်။ ကျွန်ုပ်တို့သည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်ရကြမည် ဖြစ်သည်။ ဖြောင့်မတ်သောသူများသာလျှင် ယုံ ကြည်ခြင်းအားဖြင့် အသက်ရှင်နိုင်ကြသည်။ ကျွန်ုပ်တို့သည် ဤ လောကတွင် အသက်ရှင်နေကြစဉ် တစ်နေ့နေ့ ကိုယ်ခန္ဓာဖြင့် စိတ်ပူ ပန်မှုခံစားရကြမည် ဖြစ်သည်။ ကျွန်ုပ်တို့သည် တစ်နေ့နေ့ အန္တရာယ် သို့မဟုတ် မလွဲသာမရှောင်သာနိုင်သောအခြေအနေကို တွေ့ကြုံကြ လိမ့်မည်။ ထိုအချိန်တွင် ကျွန်ုပ်တို့လိုအပ်သောအရေးကြီးဆုံးသော အရာမှာ ဘုရားသခင်ကို ယုံကြည်ခြင်း ဖြစ်သည်။ ဘုရားသခင်သည် ကျွန်ုပ်တို့အား ကယ်တင်တော်မူခဲ့၍ မစတော်မူသည်ကိုလည်း ကောင်း၊ ကိုယ်တော်သည် ကောင်းမြတ်တော်မူသည်ကိုလည်း ကောင်း ယုံကြည်ခြင်း ရှိရမည် ဖြစ်သည်။ 
ထိုပြင် ကျွန်ုပ်တို့ဆုတောင်းချက်များနှင့် ရှာဖွေမှုများသည် ဘု ရားသခင်အတွက် သင့်တော်လျှင် ကိုယ်တော်သည် ချပေးသနား တော်မူလိမ့်မည်ဟု ယုံကြည်ခြင်းရှိရန် လိုအပ်သည်။ ကျွန်ုပ်တို့သည် ကိုယ်ခန္ဓာ၌ စိတ်ပူပန်မှုများတွေ့ကြုံကြသောအခါ ယုံကြည်ခြင်း သည် ကျွန်ုပ်တို့အား ကိုယ်တော်၏ကျေးဇူးတော်သို့ လမ်းပြပို့ဆောင် တော်မူသည်။ ဘုရားသခင်၌ ယုံကြည်ခြင်းသည် ဘုရားရှေ့တော်၌ ကျွန်ုပ်တို့မြော်လင့်ချက်များပြည့်စုံစေရန် ကျွန်ုပ်တို့အတွက် လှုံ့ ဆော်ပေးသောတန်ခိုးဖြစ်လာသည်။ 
 


ကျွန်ုပ်တို့သည် သေးငယ်သောအမှုများမှ ယုံကြည်ခြင်းကို အသုံးပြုရမည် ဖြစ်သည်။ 


ကျွန်ုပ်တို့သည် မည်သို့ဖြင့် အသက်ရှင်ရကြသနည်း။ ကျွန်ုပ်တို့ သည် အောက်ပါအတိုင်း ဆုတောင်းသင့်ကြသည်။ “ဘုရားသခင်၊ ကိုယ်တော့်ကို ကျွန်တော် ယုံကြည်တယ်။ ကျွန်တော် ဒီအရာ၊ ဟိုအ ရာကို အားနည်းသဖြင့် မစတော်မူပါဘုရား။” ကျွန်တော်သည် ဗီဇ အားနည်းချက်အကြောင်းကို ပြောနေခြင်း မဟုတ်ပေ။ “ကျွန်တော် က နေ့စဉ်ဘဝတွင် ဒီအရာနှင့်ဟိုအရာကို လိုအပ်တယ်။ ကိုယ်တော်၊ မစတော်မူပါ။ ကိုယ်တော်သည် ကျွန်တော့်အတွက် လုပ်ဆောင်ပေး တော်မူလိမ့်မည်ဟု ကျွန်တော် ယုံကြည်တယ်”ဟု ပြော၍ ယုံကြည် ခြင်းအားဖြင့် အသက်ရှင်ကြပါစို့။ ယုံကြည်ခြင်းအားဖြင့် အသက်ရှင် သူတစ်ဉီးသည် ဘုရားသခင်ကို ရှာဖွေ၍ သေးငယ်သောကိစ္စများမှ စ တင်သည်။ ဉပမာအားဖြင့် “ကိုယ်တော်၊ ကျွန်တော် သွားတိုက်ဆေး မရှိဘူး။ သွားတိုက်ဆေးကို ပေးတော်မူပါ။ ကိုယ်တော့်ကို ကျွန်တော် ယုံကြည်တယ်။” ထိုကြောင့် ကျွန်ုပ်တို့သည် ကိုယ်တော့်ကို ယုံကြည် ၍ ရှာဖွေကြသောအခါ ဘုရားသခင်သည် အဖြေချပေးတော်မူသည် ကို တွေ့ကြုံခံစားရကြသည်။
အပြစ်သားများသည် မည်သည့်အရာဖြင့် အသက်ရှင်ကြသ နည်း။ အပြစ်သားများသည် ကိုယ်ပိုင်အစွမ်းအစဖြင့် အသက်ရှင်ကြ သော်လည်း ဖြောင့်မတ်သူများသည် ယုံကြည်ခြင်းအားဖြင့် အသက် ရှင်ကြသည်။ ဖြောင့်မတ်သူများသည် ယုံကြည်ခြင်းအားဖြင့် အသက် ရှင်ကြသည်ဟု ကျွန်ုပ်တို့သိကြသောအခါ ကျွန်ုပ်တို့သည် မိမိဘဝ များ၌ ယုံကြည်ခြင်းကို အသုံးပြုနိုင်ကြသည်။ ကျွန်ုပ်တို့သည် ပိုင် ဆိုင်သောအရာများအားဖြင့် အသက်မရှင်ဘဲ ယုံကြည်ခြင်းအားဖြင့် အသက်ရှင်ကြသည်။ သင်သိသလော။ “ဖြောင့်မတ်သူများသည် ယုံ ကြည်ခြင်းအားဖြင့် အသက်ရှင်ကြသည်။” ကျွန်ုပ်တို့အလိုအပ်ဆုံး သောအရာမှာ ယုံကြည်ခြင်းဖြစ်သော်လည်း ကျွန်ုပ်တို့သည် မြော် လင့်ချက်မဲ့နေသည့်အချိန်မှသာလျှင် ယုံကြည်ခြင်းကို အသုံးပြုလေ့ ရှိကြသည်။ 
ကျွန်ုပ်တို့သည် မိမိခွန်အားများနှင့်ပိုင်ဆိုင်မှုများအားလုံးကုန် ဆုံးသွားသောအခါ ယုံကြည်မှုကို အသုံးပြုလေ့ရှိကြသည်။ သို့သော် ကျွန်ုပ်တို့နားလည်ရမည့်အရာမှာ ယုံကြည်ခြင်းအားဖြင့် အသက်ရှင် ခြင်းသည် သမ္မာတရားနှင့် ဘုရားသခင်၏အမိန့်တော်၊ ကျွန်ုပ်တို့ဘ ဝများတွင် အမှန်အကန် လိုအပ်သော ကိုယ်တော်၏ကတိတော်ပေါ် တွင် အခြေပြုခြင်း ဖြစ်သည်။ ယုံကြည်ခြင်းအားဖြင့် အသက်ရှင်ပါ။  ဘုရားသခင်ကို ယုံကြည်၍ ရှာဖွေပါ။ ထိုနောက် ကျွန်ုပ်တို့သည် လို အပ်မှုများကို ရယူပိုင်တိုင်ကြသည်။ ကျွန်ုပ်တို့သည် သေးငယ်သော အမှုများမှစ၍ ယုံကြည်ခြင်းအားဖြင့် မည်သို့ အသက်ရှင်ရကြမည်ကို သင်ယူ၍ ကျွန်ုပ်တို့သည် ပို၍သန်မာသောယုံကြည်မှုများကို တ ဖြည်းဖြည်းရရှိနိုင်ကြသည်။ 
ဒါဝိဒ်သည် ဂေါလျက်ကို ယုံကြည်ခြင်းအားဖြင့် လေးခွနှင့် ကျောက်ခဲတစ်လုံးဖြင့် သတ်ခဲ့သည်။ သူသည် ‘ဘုရားသခင်၊ ကိုယ် တော့်ကို ကျွန်တော်ယုံကြည်တယ်။ သူ့ကို သတ်ခြင်းမှာ ကိုယ်တော် ၏အလိုတော်ဖြစ်တယ်’ဟု ယူဆ၍ ဘုရားသခင်သည် သူနှင့်အတူ ရှိတော်မူခဲ့သည်ဟူသော ယုံကြည်ခြင်းဖြင့် သူသည် ဂေါလျက်ကို သတ်ခဲ့သည်။ သူက ဂေါလျက်အား “သင်သည် ဓား၊ လှံတို၊ လှံရှည်တို့ဖြင့် ငါ့ထံလာ၏။ ငါမူကား သင်စော်ကားပြောဆိုနေသော အစ္စ ရေးစစ်သည်တို့၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရ ဘုရား၏နာမတော်ဖြင့် သင့်ထံလာ၏”(၁ရာ ၁၇း၄၅)ဟု ကြိမ်းဝါးခဲ့ သည်။ အာဗြဟံသည် ခေါ်ခြင်းခံရသောအခါ ယုံကြည်ခြင်းအားဖြင့် သူအမွေခံမည့်နေရာသို့ သွားခြင်းအားဖြင့် နာခံခဲ့၍ သူသည် မည် သည့်နေရာသို့ သွားရမည်ကို မသိခဲ့သော်လည်း သူသွားခဲ့သည်။
ဖြောင့်မတ်သူများသည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်လိမ့် မည်။ခရစ်ဝင်ကျမ်းများတွင် ‘ယုံကြည်ခြင်းအားဖြင့် အသက်ရှင်ခြင်း’ ကဲ့သို့သော ဖော်ပြချက်များစွာ ရှိသည်။ သို့သော် ယုံကြည်ခြင်းအား ဖြင့် အသက်ရှင်ခြင်းသည် ဖြောင့်မတ်သူများ၏ဘဝ၊ ခရစ်ယာန်များ ၏ဘဝဖြစ်သည်ကို လူမည်မျှက သိကြသနည်း။  ကျွန်ုပ်တို့မှီခိုနေဥ သော ကိုယ်ခန္ဓာအစွမ်းအစများနှင့် ပိုင်ဆိုင်မှုများအားလုံးကို စွန့် လွှတ်သင့်သည်ဟု ကျွန်တော် ပြောလိုခြင်း မဟုတ်ပေ။ ယုံကြည် ခြင်းအားဖြင့် အသက်ရှင်နိုင်ရန်အတွက် လောက၌ တစ်စုံတစ်ခုအ ပေါ်မှီခိုခြင်းကို စွန့်လွှတ်ရမည်ဟု ကျွန်တော် အကြံပြုနေရခြင်း ဖြစ် သည်။ ထိုနောက် မည်သူ့ကို ယုံကြည်ရမည်နည်း။ ဘုရားသခင်ကို ယုံကြည်ရမည်။ ကျွန်ုပ်တို့သည် ကိုယ်တော်ကို ယုံကြည်ကြ၍ လို အပ်မှုများကို တောင်းလျှောက်သောအခါ ဘုရားသခင်အမှုပြုတော်မူ သည်။ ကိုယ်တော်သည် ကျွန်ုပ်တို့ဆုတောင်းချက်များအဖြေပေး တော်မူသည်ဟု ယုံကြည်၍ အသင်းတော်၏ခေါင်းဆောင်ကိုလည်း ယုံကြည်ပါ။ အသင်းတော်နှင့်ဆက်သွယ်၍ ဘုရားသခင်ကို အစေခံ ပါ။ သင်သည် ယုံကြည်သလော။ ကျွန်ုပ်တို့သည် ဖြောင့်မတ်သူများ ဖြစ်ကြသောကြောင့် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်ရကြမည် ဖြစ်သည်။ 
ကျွန်ုပ်တို့သည် မိမိနှလုံးသားများဖြင့် မှီခိုအားထားသောအရာ များကို စွန့်လွှတ်ရကြမည် ဖြစ်သည်။ ကျွန်ုပ်တို့သည် မည်သို့ပင် အ သေးအမွှားလေးများဖြစ်ပါစေ ဘုရားသခင်ကို ယုံကြည်၍ ယုံကြည် ခြင်းအားဖြင့် ‌ရှာဖွေကာ ရရှိရကြမည် ဖြစ်သည်။ ကျွန်ုပ်တို့သည် ယုံ ကြည်ခြင်းအားဖြင့် အသက်ရှင်၍ တွေ့ကြုံရကြမည် ဖြစ်သည်။ ထို နောက် ကျွန်ုပ်တို့သည် ကိုယ်တော်နှင့်အုပ်စိုးနိုင်၍ လောက၌ လူ သားများ၏ပြက်ရယ်ပြုခြင်းကို ခံရကြမည် မဟုတ်ပေ။ ကိုယ်တော် သည် “အကျွန်ုပ်၏ရန်သူတို့ရှေ့၌ အကျွန်ုပ်အတွက်စားပွဲကို တည် ခင်းတော်မူ၏”(ဆာလံ ၂၃း၅)ဟု ဘုရားသခင် မိန့်တော်မူသည်။ ကြီး မားသောအကျိုးခံစားရခြင်းမှာ ဘုရားရှေ့တော်၌ ကောင်းကြီးမင်္ဂ လာ ဖြစ်သည်။ အခြေအနေတိုးတက်ဖွံ့ဖြိုးမှုအရ အသက်ရှင်ခြင်းမ ဟုတ်ဘဲ ယုံကြည်ခြင်းအားဖြင့် အသက်ရှင်ခြင်း ဖြစ်သည်။
သင်သည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်ခဲ့ဖူးသလော။ လူ များစွာတို့သည် ယုံကြည်ခြင်းအားဖြင့် အသက်မရှင်ခဲ့ကြသော်လည်း ဆုတောင်းသောအခါ ဘုရားသခင်၏အမှုများကို တွေ့ကြုံခံစားသူ များစွာ ရှိကြသည်။ ကျွန်ုပ်တို့သည် ဤအရာကို တစ်ကြိမ်မဟုတ်  ဆက်တိုက်တွေ့ကြုံရမည် ဖြစ်သည်။ ထပ်ခါတလဲလဲ တွေ့ကြုံရမည် ဖြစ်သည်။ ထိုအရာသည် ကျွန်ုပ်တို့အသက်ရှင်သင့်သောလမ်း ဖြစ် သည်။ ကျွန်ုပ်တို့သည် လောကအရာများပေါ်တွင် မမှီခိုဘဲ ဘုရားသ ခင်ကို ယုံကြည်ရကြမည် ဖြစ်သည်။ ထိုအရာသည် ဖြောင့်မတ်သူ များ၏အသက်တာ ဖြစ်သည်။ ကျွန်ုပ်တို့သည် ထိုကဲ့သို့ အသက်ရှင် ရကြမည် ဖြစ်သည်။ ကျွန်ုပ်တို့သည် ယုံကြည်ခြင်းအားဖြင့်သာလျှင် အသက်ရှင်ကြ၍ ဘုရားသခင်ထံတော်မှ ကောင်းကြီးမင်္ဂလာများစွာ ရရှိရကြမည် ဖြစ်သည်။ 
 


ဘုရားရှေ့တော်၌ ကျွန်ုပ်တို့အလိုအပ်ဆုံးသောအရာမှာ ယုံခြင်း ဖြစ်သည်


ယုံကြည်ခြင်းရှိခြင်းသည် အလွန်ခက်ခဲဟန်တူသော်လည်းအ မှန်အကန်မှာ အလွန်လွယ်ကူသည်။ ဘုရားသခင်ကို ယုံကြည်ခြင်း ကလွှဲ၍ အခြားမည်သည့်အရာတစ်စုံတစ်ခုမျှ မလိုအပ်ပေ။ ကျွန်ုပ် တို့သည် ဘုရားသခင်ကိုသာ ယုံကြည်ရကြမည် ဖြစ်သည်။ လူများ က ဘုရားသခင်ကို ယုံကြည်ရန် ခက်ခဲသည်ဟု ယူဆကြသော်လည်း အမှန်အကန်မှာ ထိုအရာသည် အလွန်ခက်ခဲသည်။ ကျွန်တော်သည် “ခမည်းတော်”ကို ကျွန်ုပ်ဖခင်ဟု ခေါ်၍ သူသည် ကျွန်တော်၏မှန် ကန်သောဖခင်ဖြစ်သောကြောင့် ကျွန်တော်သည် အဖေကို ယုံကြည် သည်။ ကျွန်တော့်အဖေဖြစ်ခြင်းက ကျွန်တော့်ယုံကြည်မှုပေါ်တွင် မ မူတည်ပေ။ ဘုရားသခင်ကို ယုံကြည်ခြင်းသည် ဤအချက်မှ စတင် သည်။ ကျွန်တော်သည် ဘုရားသခင်ကို ယုံကြည်သည်။ ဘာကြောင့် နည်း။ ဘုရားသခင်သည်သည် ဖြောင့်မတ်သူများဖြင့် အမြဲတမ်းရပ် တော်မူ၍ သူတို့ကို ချစ်ကာ သူတို့၏ခမည်းတော်နှင့် ကယ်တင်ရှင် ဖြစ်တော်မူသောကြောင့် ဖြစ်သည်။ ဒုတိယအနေဖြင့် ကျွန်ုပ်တို့သည် ကိုယ်တော့်ကို ယုံကြည်လျှင် ကလေးများသည် သူတို့လိုအပ်မှုများ ကို သူတို့၏ဖခင်များထံ တောင်းသည့်အတိုင်း ကျွန်ုပ်တို့သည် ကိုယ် တော့်ထံ လိုအပ်မှုများကို တောင်းလျှောက်ကြသည်။ နောက်ဆုံးအ နေဖြင့် ခမည်းတော်ဘုရားသည် ကျွန်ုပ်တို့ဆုတောင်းသံများကို နား ညောင်းတော်မူ၍ အဖြေပေးတော်မူသည်။ ဘုရားသခင်ကို ယုံကြည် ခြင်းသည် ဤသို့ရိုးရှင်းသောရောင့်ရဲတင်းတိမ်မှုပေါ်တွင် အခြေပြု၍ စတင်သည်။ 
ဘုရားသခင်သည် အလဖနှင့်အိုမေဃ၊ အစနှင့်အဆုံးဖြစ်တော် မူသောကြောင့် ကျွန်ုပ်တို့သည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်ရ ကြမည် ဖြစ်သည်။ ကျွန်ုပ်တို့ဘဝများအားလုံးသည် ယုံကြည်ခြင်းနှင့် ဆက်နွယ်မှုရှိသည်။ ကျွန်ုပ်တို့သည် ယုံကြည်ခြင်းအားဖြင့် ကယ် တင်ခြင်းခံရကြ၍ ယုံကြည်ခြင်းအားဖြင့် ကိုယ်တော်သည် ကျွန်ုပ်တို့ ကို စောင့်ထိန်းတော်မူသည်။ “သခင်၊ သခင်ကို ကျွန်တော်ယုံကြည် တယ်။ စောင့်ထိန်းတော်မူ၍ တာဝန်ယူတော်မူပါ”ဟု ပြောစေသော အရာမှာ ယုံကြည်ခြင်း ဖြစ်သည်။ စာတန်၏စုံစမ်းနှောင့်ယှက်မှု ကြောင့် ကျွန်ုပ်တို့သည် အားနည်း၍ ရောင့်ရဲတင်းတိမ်မှုမရှိသောအ ခါ ကျွန်ုပ်တို့သည် မည့်အရာကို လုပ်သင့်သနည်း။ ကျွန်ုပ်တို့သည် ဘု ရားသခင်ကို ယုံကြည်၍ “သခင်၊ ကိုယ်တော့်ကို ကျွန်တော်ယုံကြည် တယ်”ဟု ပြောရမည်။ ကျွန်ုပ်တို့သည် မှားယွင်းစွာ စဉ်းစားသော ကြောင့် စာတန်သည် ကျွန်ုပ်တို့ကို ဖမ်းဆီး၍ အနိုင်ယူနိုင်သည်။ ထို အကြောင်းနှင့်ပတ်သက်၍ ကျွန်ုပ်ုတိ့သည် ဘုရားသခင်ကို ဆု တောင်း၍ ယုံကြည်ကြသောကြောင့် “သခင်၊ ကျွန်ုပ်ကို မစတော်မူ ပါ။ ကိုယ်တော်သည် ကျွန်ုပ်ကို စောင့်ရှောက်တော်မူသည်ဟု ကျွန် တော်ယုံကြည်တယ်”ဟု ပြော၍ ဘုရားသခင်သည် ကျွန်ုပ်တို့၏ ခ မည်းတော်ဖြစ်တော်မူသောကြောင့် ကိုယ်တော်သည် ကျွန်ုပ်တို့ကို စောင့်ရှောက်တော်မူသည်။  ကိုယ်တော်သည် ကျွန်ုပ်တို့ကို ကောင်း မွန်စွာ သိတော်မူသောကြောင့် ကျွန်ုပ်တို့သည် မသင့်တော်သော ဆု တောင်းခြင်းများပြုလျှင်လျည်း ဘုရားသခင်သည် ကျွန်ပ်တို့ကို တစ် နည်းတစ်လမ်းအားဖြင့် စောင့်ရှောက်တော်မူသည်။ အရေးကြီးဆုံး သောအရာမှာ ယုံကြည်ခြင်း ဖြစ်သည်။ ထိုအရာသည် အလွန်ရိုးရှင်း သည်။ ဘုရားသခင်ချပေးတော်မူခဲ့သော ယုံကြည်ခြင်းကို အသုံးပြု ပါ။ သို့မှာ ကိုယ်တော်သည် သင့်ကို ယုံကြည်ခြင်းပေါ်အခြေပြု ယုံ ကြည်ခြင်းသို့ ပို့ဆောင်ပေးတော်မူလိမ့်မည်။ ဘုရားသခင်တည်ရှိ တော်မူလျှင်လည်း ကျွန်ုပ်တို့သည် ယုံကြည်ခြင်းမရှိလျှင် အသုံးမဝင် ပေ။ ကျွန်ုပ်တို့သည် ဘုရားသခင်ကို ယုံကြည်ကြလျှင် ယုံကြည်ခြင်း အားဖြင့် အသက်ရှင်ကြလိမ့်မည်။ 
 

ယုံကြည်ခြင်းအခြေပြုသောယုံကြည်ခြင်းသို့

ရောမ ၁း၁၇ တွင် “ယုံကြည်ခြင်းအပေါ်အခြေခံလျက် ယုံကြည်ခြင်းသို့ပို့ဆောင်သည့်ဘုရားသခင်၏ဖြောင့်မတ်ခြင်းတရားသည် ဤကောင်းမြတ်သောသတင်း၌ထင်ရှားလျက်ရှိ၏”ဟု ဖော်ပြထား သည်။ ကျွန်ုပ်တို့သည် ယုံကြည်ခြင်းကို ထပ်ခါသလဲလဲ အသုံးပြုကြ သောအခါ ကျွန်ုပ်တို့သည် ယုံကြည်ခြင်းအားကြီးသူများ ဖြစ်လာကြ သည်။ သင်သည် ဤအရာကို နားလည်သဘောပေါက်ရန် ကျွန် တော်ဆန္ဒပြုသည်။ ဘုရားသခင်သည် အမှန်အကန် တည်ရှိတော်မူ သော်လည်း ကျွန်ုပ်တို့သည် ဘုရားသခင်ကို မယုံကြည်လျှင် ဘုရား သခင်သည် ကျွန်ုပ်တို့အတွက် ရှိတော်မူလိမ့်မည် မဟုတ်ပေ။ ဘုရား သခင်သည် အသက်ရှင်တော်မူသည်ကိုလည်းကောင်း၊ ကိုယ်တော် သည် ကျွန်ုပ်တို့အား ကယ်တင်တော်မူခဲ့သည်ကိုလည်းကောင်း သင် သည် အစဉ်မပြတ်ယုံကြည်သောအခါ သင်သည် ယုံကြည်ခြင်းအား ဖြင့် ယုံကြည်ခြင်းအဆင့်သို့ ရောက်ရှိသည်။
သင်သည် ယုံကြည်ခြင်းအားကြီးသူဖြစ်လာသောအခါ ဘုရားသ ခင်၏အရာအားလုံးသည် ယုံကြည်ခြင်းအားဖြင့် သင်၏ဉစ္စာဖြစ်လာ သည်။ ရောမ ၁း၁၇ တွင် သမ္မာကျမ်းစာဖော်ပြသောအချက်မှာ ယုံ ကြည်ခြင်း၏အစနှင့်အဆုံးမှာ ယုံကြည်ခြင်း ဖြစ်ခြင်း ဖြစ်သည်။ “ယုံကြည်ခြင်းအပေါ်အခြေခံလျက် ယုံကြည်ခြင်းသို့ပို့ဆောင်သည့်ဘုရားသခင်၏ဖြောင့်မတ်ခြင်းတရားသည် ဤကောင်းမြတ်သောသတင်း၌ထင်ရှားလျက်ရှိ၏။” ထိုကြောင့် ဘုရားသခင်သည် ကျွန်ုပ် တို့ကို ကယ်တင်တော်မူခဲ့သည်ဟု ကျွန်ုပ်တို့ယုံကြည်လျှင် ကျွန်ုပ်တို့ သည် ကယ်တင်ခြင်းခံရကြ၍ ယုံကြည်ခြင်းအားကြီးသူများဖြစ်လာ နိုင်သည်။ ကျွန်ုပ်တို့သည် ယုံကြည်ခြင်းမရှိကြလျှင် ယုံကြည်ခြင်း သားသမီးများ မဖြစ်လာနိုင်ကြပေ။ ကျွန်ုပ်တို့သည် ကိုယ်တော်ကို ယုံကြည်၍ မိမိအသက်တာများတွင် လိုအပ်မှုများ ရိုးသားစွာ တောင်းလျှောက်ကြသောအခါ ဘုရားသခင်သည် အဖြေပေးတော် မူသည်။ 
ရောမ ၁း၁၇ ကျမ်းချက်သည် တိုသော်လည်း ၎င်းတွင် တမန် တော်ရှင်ပေါလုပြောကြားသောအရာမှာ အလွန်အ‌ရေးကြီးသည်။ ဖြောင့်မတ်သူများသည် ယခုတွင် မည်သို့ အသက်ရှင်ကြသည်ကို သင်သိသလော။ “ဖြောင့်မတ်သူများသည် ယုံကြည်ခြင်းအားဖြင့် အ သက်ရှင်ကြသည်။” ယုံကြည်ခြင်းသည် အပြစ်သားများအတွက် မ ဟုတ်ဘဲ ဖြောင့်မတ်သူများအတွက် မရှိမဖြစ် လိုအပ်သောအရာ ဖြစ် သည်။ 
အပြစ်သားများအတွက် ပထမဆုံးလိုအပ်ချက်မှာ သခင်ယေရှု သည် သူတို့၏ကယ်တင်ရှင်ဖြစ်တော်မူသည်ဟူသော ယုံကြည်မှု ဖြစ် သည်။ သို့သော် ဒုတိယမွေးဖွားခြင်းခံရသော ကျွန်ုပ်တို့ ခရစ်ယာန် များသည် မိမိအသက်တာများ၌ ယုံကြည်ခြင်း ရှိနိုင်ကြသည်။ ကျွန်ုပ် တို့သည် အသက်ရှင်နေကြသောအခါ အရာတစ်ခု သို့မဟုတ် အရာ နှစ်ခုကို လိုအပ်ကြသလော။ မလိုအပ်ပေ။ အလွန်အရေးကြီးသော အရာဖြစ်စေ၊ အသေးအမွှားဖြစ်စေ လုပ်ဆောင်ရမည့်အရာများစွာ ရှိ သေးသည်။ ဖြောင့်မတ်သူများသည် ကိစ္စများအားလုံး၌ ယုံကြည် ခြင်းအားဖြင့် အသက်ရှင်ရမည် ဖြစ်သည်။ ဤအကြောင်းကို သင် နားလည်သဘောပေါက်သလော။ ကျွန်ုပ်တို့သည် ယုံကြည်ခြင်း အားဖြင့် အသက်ရှင်ရကြမည် ဖြစ်သည်။ ကျွန်ုပ်တို့သည် ယုံကြည် ခြင်းအားဖြင့် ကယ်တင်ခြင်းခံရကြ၍ ယုံကြည်ခြင်းအားဖြင့် စွန့်စား မှုမှ တာဝန်ယူသည်။ ကျွန်ုပ်တို့သည် ယုံကြည်ခြင်းအားဖြင့် ဆု တောင်းကြသောအခါ ဘုရားသခင်သည် အဖြေပေးတော်မူသည်။ ကျွန်ုပ်တို့သည် အားနည်းနေကြလျှင်တောင် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်ကြ၍ ဆုတောင်းရမည်  ဖြစ်သည်။ အိမ်ထောင်ပြုခြင်းမှ သတင်းကောင်းဟောပြောခြင်းအထိ အရာအားလုံးတွင် ကျွန်ုပ်တို့ သည် ယုံကြည်ခြင်း လိုအပ်သည်။ ကျွန်ုပ်တို့သည် လူတစ်ဉီးထံ သ တင်းကောင်းဟောပြောကြသောအခါ ယုံကြည်ခြင်းက ဤသို့ဆု တောင်းစေသည်။ “ဘုရားသခင်၊ ကိုယ်တော်သည် ထိုဝိညာဉ်ကို ကယ်တင်တော်မူခဲ့သည်ဟု ကျွန်တော်ယုံကြည်သည်။” ကျွန်ုပ်တို့ သည် ယုံကြည်ခြင်းအားဖြင့် အရာအားလုံးကို လုပ်ဆောင်ကြသည်။ 
ကျွန်ုပ်တို့သည် ယုံကြည်ခြင်းမရှိဘဲ သတင်းကောင်းမဟော ပြောနိုင်ကြပေ။ ကျွန်ုပ်တို့သည် ယုံကြည်ခြင်းအားဖြင့် သာလျှင် သ တင်းကောင်းဟောပြောနိုင်ကြသည်။ ကျွန်ုပ်တို့သည် ယုံကြည်ခြင်း အားဖြင့် သတင်းကောင်းဟောပြောကြသောအခါ လူများသည် ကယ်တင်ခြင်းခံရကြသည်။ သင်သည် ယုံကြည်ခြင်းအားဖြင့် အ သက်ရှင်ဖူးသလော။ သူများသည် ယုံကြည်ခြင်းမရှိဘဲ အသက်ရှင် ကြ၍ သူတို့သည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်ရကြမည်ကို မ သိကြသောကြောင့် သူတို့သည် အခက်အခဲများကို ကြုံတွေ့သောအ ခါ အောက်ခြေတွင် ကျောက်ဆောင်ကို တိုက်မိကြသည်။သူတို့သည် သူတို့၏တန်ခိုးကိုသာ အသုံးပြုကြသောအခါ နောက်ဆုံးတွင် သူတို့ သည် တစ်စုံတစ်ခုကို အမြဲတမ်း အားနည်းကြသည်။ သူတို့က “ငါ သည် မသေနိုင်သောကြောင့် ဆန္ဒကင်းမဲ့စွာ အသက်ရှင်သည်”ဟု ပြောသည့်အတိုင်း သူတို့သည် ယုံကြည်မှုဖြင့် ရောင့်ရဲတင်းတိမ်မှုမရှိ ကြဘဲ ဆန္ဒရှိစွာ အသက်မရှင်ကြပေ။ 
သို့သော် ဖြောင့်မတ်သူများသည် ယုံကြည်ခြင်းအသက်တာများ ဖြင့် အလိုအလျောက်အပြုသဘောဖြင့် အသက်ရှင်ကြသည်။ သူတို့ သည် ယုံကြည်ခြင်းရှိကြ၍ ဆုတောင်းကြသော အဖြေရရှိကြသည်။ ကျွန်ုပ်တို့သည် ယုံကြည်ခြင်းမရှိကြလျှင် မသုံးမဝင်သော အတွေးအ ခေါ်များနှင့်မယုံကြည်မှုများ ပေါ်ပေါက်လာသည်။ ထိုနောက် ကျွန်ုပ် တို့သည် အသင်းတော်နှင့်အတူ မလျှောက်လှမ်းနိုင်ကြပေ။ ကျွန်ုပ် တို့သည် ယုံကြည်ခြင်းမပါဘဲ ကိုယ်တော်နှင့် မည်သို့ လျှောက်လှမ်း နိုင်ကြမည်နည်း။ ကိုယ်ခန္ဓာအားဖြင့် ယုံကြည်ရန် အရာတစ်စုံတစ်ခု ရှိသလော။ မရှိပေ။ ကျွန်ုပ်တို့သည် မည်သို့ ယုံကြည်နိုင်ကြမည် နည်း။ ကျွန်ုပ်တို့သည် ဘုရားသခင်ကို မယုံကြည်ကြလျှင် ယုံကြည် ခြင်းမရှိနိုင်ကြပေ။ ကျွန်ုပ်တို့သည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင် ကြသောအခါ အသင်းတော်ကို လိုက်လျှောက်နိုင်ကြ၍ ယုံကြည်ခြင်း အားဖြင့် အသက်ရှင်ခြင်းသည် ယုံကြည်ခြင်းကြောင့် ဖြစ်သည်။ သင် သည် ထိုအရာကို မြင်တွေ့နိုင်သလော။ သင်သည် ဘုရားသခင်ကို ယုံကြည်သလော။ ထိုနောက် သင်လိုအပ်သောအရာကို ရှာဖွေပါ။ ဘု ရားသခင်ကို ယုံကြည်ပြီးနောက် အရာအားလုံး ကောင်းမွန်လိမ့်မည်။ တစ်ခုတည်းသောပြဿနာမှာ ကျွန်ုပ်တို့သည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်ရမည်ဟု နားမလည်ခြင်း ဖြစ်သည်။
ယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့ကျန်သေးသောဘဝများဖြင့် အသက်ရှင်ရန် ကျွန်ုပ်တို့အား ဉီးဆောင်ပေးသောအရှင် ဘုရားသခင် ထံ ကျွန်တော် ကျေးဇူးတင်သည်။