Search

တရားဟောချက်များ

ဘာသာရပ် ၉ - ရောမဩဝါဒစာ (ရောမဩဝါဒစာအနက်ဖွင့်ကျမ်းများ)

[1-5] မတရားမှုဖြင့် သမ္မာတရားကို ဖိနှိပ်သောသူများ (ရောမ ၁း၁၈-၂၅)

(ရောမ ၁း၁၈-၂၅)
“ဘုရားသခင်၏အမျက်တော်သည် ကောင်းကင်မှထင်ရှားလျက် သမ္မာတရားကို မတရားမှုဖြင့်တားဆီးပိတ်ပင်သောသူတို့၏ဘုရားတရားမဲ့ခြင်းနှင့် မတရားမှုအလုံးစုံတို့အပေါ်သို့ သက်ရောက်၏။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် မိမိနှင့်ပတ်သက်၍ သိအပ်သောအရာတို့ကို သူတို့အားထင်ရှားစေတော်မူပြီဖြစ်၍ ထိုအရာတို့သည် သူတို့၌ ထင်ရှားလျက်ရှိ၏။ တစ်နည်းအားဖြင့် ကမ္ဘာလောကကိုဖန်ဆင်းတော်မူချိန်မှစ၍ဘုရားသခင်၏မမြင်ရသောဂုဏ် အင်္ဂါများတည်းဟူသောကိုယ်တော်၏ထာဝရတန်ခိုးတော်နှင့် ဘုရား ဖြစ်တော်မူခြင်းတို့သည် ဖန်ဆင်းတော်မူသောအရာများအားဖြင့် ရှင်းလင်းစွာသိနိုင်သည်ဖြစ်၍ သူတို့သည် ဆင်ခြေပေး၍မရနိုင်ကြ။ အကြောင်းမူကား သူတို့သည် ဘုရားသခင်ကိုသိလျက်နှင့်ပင် ဘုရားအဖြစ်ဘုန်းတော်ကိုမချီးမွမ်း၊ ကျေးဇူးလည်းမတင်ကြပေ။ သူတို့၏တွေးတောကြံစည်မှုများသည် အချည်းနှီးဖြစ်သွား၍ သူတို့၏အသိ တရားကင်းမဲ့သောစိတ်နှလုံးကိုလည်း အမှောင်ဖုံးလွှမ်းလေ၏။သူတို့သည် မိမိတို့ကိုယ်ကိုပညာရှိများဖြစ်သည်ဟုဆိုလျက်နှင့် မိုက်မဲသောသူများဖြစ်လာကြပြီး ဖောက်ပြန်ပျက်စီးခြင်းနှင့်ကင်းသော ဘု ရားသခင်၏ဘုန်းအသရေတော်ကို ဖောက်ပြန်ပျက်စီးတတ်သော လူ၊ ကျေးငှက်၊ ခြေလေးချောင်းသတ္တဝါနှင့် တွားသွားသတ္တဝါတို့၏သဏ္ဌာန်နှင့်တူသော ရုပ်တုဖြင့် လဲလှယ်ကြ၏။ ထို့ကြောင့် ဘုရား သခင်သည် သူတို့အချင်းချင်း မိမိတို့ကိုယ်ခန္ဓာအသရေကိုဖျက်ဆီးစေရန် သူတို့ကို မိမိတို့စိတ်နှလုံးတပ်မက်သည့်အတိုင်း ညစ်ညူးခြင်းလက်သို့ အပ်လိုက်လေ၏။ သူတို့သည် ဘုရားသခင်၏သမ္မာတရားကို မုသားနှင့်လဲလှယ်၍ ဖန်ဆင်းတော်မူသောအရှင်အစား ဖန်ဆင်းတော်မူသောအရာကို ကိုးကွယ်ဝတ်ပြုကြ၏။ ဖန်ဆင်းတော်မူသောအရှင်သည် ကာလအစဉ်အဆက် မင်္ဂလာရှိတော်မူ၏။ အာမင်။”
 


ဘုရားသခင်၏အမျက်တော်သည် မည်သို့အပေါ် ထင်ရှားခဲ့သနည်း


တမန်တော်ရှင်ပေါလုသည် ကျွန်ုပ်တို့ဟောပြောသောသတင်း ကောင်းကိုပဲ ဟောပြောခဲ့သည်ကို ကျွန်ုပ်တို့တွေ့နိုင်ကြသည်။ ဘုရားသခင်၏အမျက်တော်သည် မည်သူ့အပေါ် ထင်ရှားခဲ့သနည်း။ ဘုရားသခင်၏တရားစီရင်ခြင်းကို မတရားမှုဖြင့် သမ္မာတရားကို ဖိ နှိပ်သူအပြစ်သားများ၊ အပြစ်ရှိသူများနှင့် မိမိအတွေးအခေါ်များဖြင့် သမ္မာတရားကို ပိတ်ဆိုသောသူများအပေါ် ထင်ရှားသည်။ 
ဘုရားသခင်၏အမျက်တော်သည် မတရားမှုဖြင့် သမ္မာတရား ကို ပိတ်ဆိုသောသူများအပေါ် ရှေးဉီးစွာ ထင်ရှားခဲ့သည်ဟု တမန် တော်ရှင်ပေါလုက ရှင်းလင်းစွာ ပြောကြားသည်။ ဘုရားသခင်၏ တ ရားစီရင်ခြင်း ခံရသူများများ ဖြစ်ကြသည်။ ဘုရားသခင်၏အမျက် တော်သည် မည်သည့်အမျက် ဖြစ်လိမ့်မည်နည်း။ ဘုရားသခင်၏အ မျက်တော်သည် သူတို့၏ကိုယ်ခန္ဓာကို ကျဆင်းစေ၍ ဝိညာဉ်များကို အပ္ပါယ်ငရဲသို့ ပို့ဆောင်ပေးသည်။
လူများသည် ဝိညာဉ်များရှိကြသောကြောင့် ကိုယ်ခန္ဓာသည် တ ရားစီရင်ခြင်းခံရလိမ့်မည်ဟု ကျွန်ုပ်တို့ မယူဆသင့်ကြပေ။ ထို ကြောင့် ဘုရားသခင်သည် ကိုယ်ခန္ဓာနှင့်ဝိညာဉ်နှစ်ခုစလုံးကို တရား စီရင်တော်မူလိမ့်မည်။ ဘုရားသခင်၏သမ္မာတရားကို လောကအ တွေးအခေါ်များဖြင့် ပိတ်ဆို့သူများ ရှိကြသည်။ ဖြောင့်မတ်သူများ ကို ဆန့်ကျင်၍ အပြစ်များပိုင်ဆိုင်သူများလည်း ရှိကြသည်။ ဘုရားသခင် ၏အမျက်တော်နှင့် တရားစီရင်ခြင်းများသည် ဘုရားသခင်ကို မ ကြောက်သူ မာကျောခက်ထန်သောနှလုံးသားများအပြစ်ရှိသူများအ ပေါ် ထင်ရှားလျက်ရှိသည်။ 
ရောမ ၁း၁၇ တွင် တမန်တော်ရှင်ပေါလုက “ဖြောင့်မတ်သူ များသည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်ကြလိမ့်မည်”ဟု ဖော်ပြ ထားသည်။ ဘုရားသခင်၏တရားစီရင်ခြင်းနှင့်အမျက်တော်တို့သည် အပြစ်များဖြင့် သမ္မာတရားကို ပိတ်ဆို့သောသူများအပေါ် ထင်ရှား သည်ဟု သူပြောသည်။
 


မယုံကြည်များသည် ဘုရားသခင်၏အမျက်တော်၌ ရှိသည်


ဘုရားသခင်သည် လောကလူသားများအပေါ် ကယ်တင်ခြင်း သမ္မာတရားကို အရေးတကြီးပေးအပ်တော်မူခဲ့သည်။ ဘုရားသခင်၏ သမ္မာတရားနှင့်မေတ္တာတော်တို့သည် ကမ္ဘာပေါ်တွင် နေရာယူခဲ့ပြီး ဖြစ်သည်။ ထိုကြောင့် ဘုရားသခင်၏သမ္မာတရားနှင့်မေတ္တာတော်ကို လျစ်လျူရှုသူများအတွက် ဆင်ခြေမရှိပေ။ ဘုရားသခင်သည် သမ္မာ တရားသတင်းကောင်းကို မယုံကြည်သူများနှင့် ဆန့်ကျင်သူများအား လုံးကို တရားစီရင်တော်မူလိမ့်မည်။ 
စစ်မှန်သောသတင်းကောင်းမေတ္တာကို မခံရသေးသောသူများ ၏အကြောင်းကို စဉ်းစားကြပါစို့။ ဘုရားသခင်သည် ရေ၊ မြက်ပင်၊ သစ်ပင်များ၊ မိုးကောင်းကင်၊ ငှက်များ စသည်တို့ကို ဖန်ဆင်းတော်မူ ခြံသည်ကို ကျွန်ုပ်တို့သိကြသည်။ ဘုရားသခင်၏ဖန်ဆင်းခြင်းမရှိဘဲ ဤအရာများသည် မည်သို့ တည်ရှိနိုင်မည်နည်း။ သမ္မာကျမ်းစာက “အကြောင်းမူကား အိမ်တိုင်းကို တစ်စုံတစ်ယောက်က တည် ဆောက်ရ၏။ သို့သော် အရာခပ်သိမ်းကိုတည်ဆောက်သောအရှင် ကား ဘုရားသခင်ပေတည်း”(ဟေဗြဲ ၃း၄)ဟု ပြောထားသည်။ ဘုရား သခင်ကို မယုံကြည်ခြင်းနှင့် သမ္မာတရားနှုတ်ကပတ်တော်ကို မယုံ ကြည်ခြင်းမှာ သူတို့၏အမှားဖြစ်သည်မဟုတ်လော။ 
ထိုကြောင့် အပြစ်ဖြေလွှတ်ခြင်းကျေးဇူးတော်ကို မယုံကြည်သူ များသည် ဘုရားသခင်၏တရားစီရင်ခြင်းခံရခြင်းမှာ ဖြစ်နိုင်ဖွယ်ရှိ သည်။ သူတို့က ဆင့်ကဲဖြစ်စဉ်သီအိုလော်ဂျီကို တိုက်တွန်းသည်။ ကမ္ဘာမြေကြီးသည် သဘာဝအလျောက်ဆင့်ကဲဖြစ်လာခဲ့သည်ဟု သူ တို့က ဆိုကြသည်။ ပထမအနေဖြင့် လွန်ခဲ့သော နှစ်ပေါင်း ၁၅ ဘီလီ ယံခန့်က Big Bang ခေါ် ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်လာခဲ့ပြီးနောက် သက်ရှိသတ္တဝါများပေါ်ပေါက်လာခဲ့သည်ဟု သူတို့ဆိုကြသည်။ ဤ မူရင်းအသက်သည် ပြောင်းလဲ၍ ငါးများ၊ သားကောင်များနှင့် လူသား များဖြစ်သို့ ဆင့်ကဲပြောင်းလဲခဲ့ကြသည်ဟု သူတို့ဆိုကြသည်။ ဤ သီ အိုလော်ဂျီသည် မှန်ကန်လျှင် လူသားများသည်လည်း နှစ်ပေါင်းတစ် ထောင်ကြာပြီးနောက် တစ်ခုမှ အခြားတစ်ခုသို့ အခြားသောဘဝပုံစံ ဖြင့် အမှန်အကန် ပြောင်းလဲလာလိမ့်မည်။ 
“တစ်နည်းအားဖြင့် ကမ္ဘာလောကကိုဖန်ဆင်းတော်မူချိန်မှစ၍ ဘုရားသခင်၏မမြင်ရသောဂုဏ်အင်္ဂါများတည်းဟူသော ကိုယ်တော်၏ထာဝရတန်ခိုးတော်နှင့် ဘုရားဖြစ်တော်မူခြင်းတို့သည် ဖန်ဆင်းတော်မူသောအရာများအားဖြင့် ရှင်းလင်းစွာသိနိုင်သည်ဖြစ်၍ သူတို့သည် ဆင်ခြေပေး၍မရနိုင်ကြ”(ရောမ ၁း၂၀)။ လူသားများသည် သ ဘာဝလှပမှုများနှင့် လျှို့ဝှက်ချက်များကို ကြည့်ကြသောအခါ ဘုရား သခင်သည် အသက်ရှင်တော်မူသည်ဟု မြင်တွေ့ကြသော်လည်း သူ တို့သည် ဘုရားသခင်ကို ငြင်းပယ်ကြသည်။ မယုံကြည်သူများသည် ဘုရားသခင်၏အမျက်တော်အောက်၌ ရှိနေကြသည်။ လူများစွာတို့ သည် ဘုရားသခင်၏ဂုဏ်တော်ကို မချီးမွမ်း သို့မဟုတ် ကျေးဇူးမ တင်ကြသောကြာင့် သူတို့သည် မိမိအတွေးအခေါ်များ၌ အချည်း နှီးတွေးတောကြသည်။ သူတို့၏မိုက်မဲသောနှလုံးသားများသည် မှောင်မိုက်ခဲ့သည်။ သူတို့သည် ပညာရှိယောင်ဆောင်ကြသည်။ သူ တို့သည် မိုက်မဲသောသူများဖြစ်လာခဲ့ကြ၍  မပျက်စီးနိုင်သော ဘုရား၏ဘုန်းတော်ကို ပျက်စီးနိုင်သော လူသားများ၊ ငှက်များ၊ ခြေ လေးချောင်းသတ္တဝါများနှင့် တွားသွားသတ္တဝါများဖြင့် ပြောင်းလဲခဲ့ ကြသည်။  ဘုရားသခင်၏တရားစီရင်ခြင်းသည် ဤပုဂ္ဂိုလ်များကို စောင့်မြော်နေသည်။ ဒုတိယမွေးဖွားခြင်းမခံရသောသူများအားလုံး သည် သခင်ယေရှုကို ယုံကြည်သည်ဖြစ်စေ၊ မယုံကြည်သည်ဖြစ်စေ ဘုရားသခင်၏တရားစီရင်ခြင်းအောက်၌ နေကြသည်။ 
 

ဘုရားသခင်သည် မယုံကြည်သူများအား ညစ်ညူးစေတော်မူသည်

“ထို့ကြောင့် ဘုရားသခင်သည် သူတို့အချင်းချင်း မိမိတို့ကိုယ် ခန္ဓာအသရေကိုဖျက်ဆီးစေရန် သူတို့ကို မိမိတို့စိတ်နှလုံးတပ်မက်သည့်အတိုင်း ညစ်ညူးခြင်းလက်သို့ အပ်လိုက်လေ၏။ သူတို့သည် ဘုရားသခင်၏သမ္မာတရားကို မုသားနှင့်လဲလှယ်၍ ဖန်ဆင်းတော်မူသောအရှင်အစား ဖန်ဆင်းတော်မူသောအရာကို ကိုးကွယ်ဝတ်ပြုကြ၏။ ဖန်ဆင်းတော်မူသောအရှင်သည် ကာလအစဉ်အဆက် မင်္ဂလာရှိတော်မူ၏။ အာမင်။ ထို့ကြောင့် ဘုရားသခင်သည် သူတို့ကို ရှက်ဖွယ်ကောင်းသောကိလေသာလက်သို့ အပ်လိုက်သဖြင့် သူတို့ထဲမှ မိန်းမတို့ပင်လျှင် သဘာဝနှင့်လျော်ညီသောဆက်ဆံမှုကို သဘာဝနှင့်ဆန့် ကျင်သောဆက်ဆံမှုဖြင့် လဲလှယ်ကြ၏။ ထိုနည်းတူ ယောက်ျားတို့သည်လည်း မိန်းမနှင့်သဘာဝနှင့်လျော်ညီသောဆက်ဆံမှုကိုစွန့်၍ သူတို့အချင်းချင်းရာဂမီးတောက်လောင်စေလျက် ရှက်ဖွယ်ကောင်းသောအမှုကို ယောက်ျားအချင်းချင်းပြုကြသဖြင့် သူတို့၏မှားယွင်းခြင်းနှင့်ထိုက်သင့်သောအပြစ်ဒဏ်ကို သူတို့ကိုယ်တိုင်ခံရကြ၏” (ရောမ ၁း ၂၄-၂၇)။
ဤကျမ်းချက်ပြောကြားသောအရာမှာ အဘယ်အရာ ဖြစ်သ နည်း။ ဘုရားသခင်သည် မိမိနှစ်သက်သည့်အတိုင်း အပြစ်ကျူးလွန် ရန် ဖန်ဆင်းထားသောအရာများကို ကိုးကွယ်၍ အစေခံသူများကို ချန်ထားတော်မူသည်။ ကိုယ်တော်သည် သူတို့ကို စာတန်ထံ ပေး အပ်တော်မူခဲ့သည်။ စာတန်သည် သူတို့အား မိမိဆန္ဒအတိုင်းပြုရန် ဘုရားသခင်သည် စာတန်ကို ခွင့်ပြုတော်မူသည်။ ထိုနောက် ကျွန်ုပ် တို့သည် ဘုရားသခင်ကို တစ်နည်းအားဖြင့် ယုံကြည်၍ ကယ်တင် ခြင်းခံရကြမည် ဖြစ်သည်။ “ထို့ကြောင့် ဘုရားသခင်သည် သူတို့ကို ရှက်ဖွယ်ကောင်းသောကိလေသာလက်သို့ အပ်လိုက်သဖြင့် သူတို့ထဲမှ မိန်းမတို့ပင်လျှင် သဘာဝနှင့်လျော်ညီသောဆက်ဆံမှုကို သဘာဝနှင့်ဆန့် ကျင်သောဆက်ဆံမှုဖြင့် လဲလှယ်ကြ၏။ ထိုနည်းတူ ယောက်ျားတို့သည်လည်း မိန်းမနှင့်သဘာဝနှင့်လျော်ညီသောဆက်ဆံမှုကိုစွန့်၍ သူတို့အချင်းချင်းရာဂမီးတောက်လောင်စေလျက် ရှက်ဖွယ်ကောင်းသောအမှုကို ယောက်ျားအချင်းချင်းပြုကြသဖြင့် သူတို့၏မှားယွင်းခြင်းနှင့်ထိုက်သင့်သောအပြစ်ဒဏ်ကို သူတို့ကိုယ်တိုင်ခံရကြ၏။” ဤအရာသည် ဘုရားသခင်ကို ငြင်းဆိုခြင်းဖြစ်၍  အေ အိုင်ဒီအက်စ်ရောဂါ ဖြစ်စေသည်။ 
ဘုရားသခင်သည် ဘဘာဝအတိုင်းအသုံးချရန် ပေးအပ်တော်မူ ခဲ့သည်။ ယောက်ျားတစ်ဉီးသည် မိန်းမတစ်ဉီးနှင့်အသက်ရှင်သင့် သည်။ သို့သော် ယောက်ျားများသည် ယောက်ျားအချင်းချင်းဆက်ဆံ ၍ မိန်းမများသည်လည်း မိန်းမအချင်းချင်း ဆက်ဆံခြင်းက သူတို့ သည် ဘုရားသခင်ပေးအပ်တော်မူခဲ့သော သဘာဝတရားအသုံးချ ခြင်းကို ငြင်းဆိုသည်ကို ပြသသည်။ ရောမဩဝါဒစာကို လွန်ခဲ့သော နှစ်ပေါင်း ၁၉၀၀ ခန့်က ရေးသားခဲ့သည်။ မိမိလိင်ဆက်ဆံရေးအသုံး ချမှုကို စွန့်လွှတ်သောသူများသည် သူတို့၏လိင်ဆက်ဆံရေး ညစ် ညမ်းမှုအတွက် ပြစ်ဒဏ်ခံရလိမ့မည်ဟု တမန်တော်ရှင်ပေါလုက ကြိုတင်ပြောကြားခဲ့သည်။ ဘုရားသခင်၏နှုတ်ကပတ်တော်သည် ဤနေ့များတွင် အောင်မြင်မှုရရှိသည်။ အေအိုင်ဒီအက်စ်ရောဂါသည် လိင်တူဆက်ဆံရေးအကြား အထူးသဖြင့် အနိုင်ယူသည်။ 
သူတို့သည် မိမိလိင်ကျူးလွန်မှုအပြစ်များအတွက် ပြစ်ဒဏ်ပေး ဆပ်ရန် သူတို့အတွက် လုံးဝလုံလောက်သည်။ ဘုရားသခင်၏အ မျက်တော်သည် မိမိလိင်ဆက်ဆံရေးသဘာဝပြောင်းလဲသော ယောက်ျားများကို ဆန်ကျင် ထင်ရှားစေသည်။ သူတို့သည် အေအိုင် ဒီအက်စ် ပြစ်ဒဏ်ရရှိရန် ထိုက်တန်သည်။ ဤရောဂါသည် ဘုရားသ ခင်ကို မယုံကြည်မှုဖြင့် ဖြစ်သည်မှာ သေချာသည်။ ဘုရားသခင် သည် မယုံကြည်သူများအပေါ် အချည်းနှီးသောစိတ်များကို ချပေး တော်မူသည်။ တစ်နည်းအားဖြင့် ထိုအရာသည် ဘုရားသခင်၏ကျိန် ခြင်းအမင်္ဂလာ ဖြစ်သည်။
 

သူတို့သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ဆန့်ကျင် ကြသည်

မိမိစိတ်များ၌ ဘုရားသခင်ကို မလက်ခံလိုသောယောက်ျားများ သည် အောက်ပါအတိုင်း ဖြစ်သည်။ “သူတို့သည် အလုံးစုံသော မတ ရားမှု၊ ဆိုးညစ်မှု၊ လောဘလွန်ကျူးမှုနှင့် မကောင်းမှုတို့ဖြင့် ပြည့်ဝလျက်ရှိကြပြီး မလိုမုန်းထားခြင်း၊ လူသတ်ခြင်း၊ ပဋိပက္ခဖြစ်ခြင်း၊ စဉ်းလဲခြင်း၊ ရန်ငြိုးဖွဲ့ခြင်းတို့ဖြင့် ပြည့်နှက်ကြကာ အတင်းအဖျင်းပြောဆိုသောသူ၊ ပုတ်ခတ်ပြောဆိုသောသူ၊ ဘုရားသခင်ကိုမုန်းသောသူ၊ မိုက်ရိုင်းသောသူ၊ မာနထောင်လွှားသောသူ၊ ကြွားဝါသောသူ၊ မကောင်းသောအမှုများကို တီထွင်ကြံစည်သောသူ၊ မိဘစကားကိုနားမထောင်သောသူ၊ အသိတရားကင်းမဲ့သောသူ၊ ကတိမတည်သောသူ၊ ကြင်နာစိတ်ကင်းမဲ့သောသူ၊ သနားခြင်းစိတ်မရှိသောသူများဖြစ်ကြ၏” (ရောမ ၁း၂၉-၃၁)။
‘ဤအရာများကျင့်သောသူများ’သည် တူညီသောအဆိုးကို ကျင့်သောသူများအပေါ် မည်သည့်အရာပြုသနည်း။ သူတို့သည် ၎င်း တို့ကို ‘ထောက်ခံ’ကြသည်။ ဘုရားသခင်ကို ဆန့်ကျင်သူများသည် ဘုရားသခင်၏နှုတ်ကပတ်တော်ကိုနာခံသူ ဖြောင့်မတ်သူများအပေါ် မည်သည့်အရာပြုကြသနည်း။ သူတို့သည် “မင်းတို့က အယူဝါဒလွှဲ မှားသူများ”ဟု ပြောကာ ဖြောင့်မတ်သူများကို သတ်ဖြတ်ကြသည်။ ဖြောင့်မတ်သူများသည် သခင်ယေရှုကို ယုံကြည်ပြီးနောက် ဖြောင့် မတ်ခြင်းအတွက် ညဉ်းပန်းနှိပ်စက်မှုခံရကြသည်။ သူတို့သည် ကောင်းကြီးမင်္ဂလာခံစားရကြသည်။ 
လူများက ကိုယ်ခန္ဓာအားဖြင့် ရဝေရဝါဖြစ်နေသောသူများကို သနားတတ်ကြသည်။ သို့သော် သူတို့သည် သူတပါးအား သခင်ယေ ရှုကို မယုံကြည်ရန်နှင့် အပြစ်ဖြေလွှတ်ခြင်းအားဖြင့် ဖြောင့်မတ်သူ များမဖြစ်လာရန် တားဆီးပိတ်ပင်ကြသည်ကို ကျွန်ုပ်တို့မြင်တွေ့ခြင်း မှာ အလွန်ထူးဆန်းသည်။ သူတို့သည် ဘုရားသခင်ကို မယုံကြည်၊ သမ္မာတရားကို နာမခံကြသောကြောင့် သူတို့သည် အပြစ်၏ကျေး ကျွန်များအဖြစ် အသက်ရှင်နေကြသည်။
ထိုကြောင့် မယုံကြည်သူများနှင့်စာတန်တို့က ကျွန်ုပ်တို့အား သခင်ယေရှုကို ယုံကြည်စေကြသော်လည်း လုံးဝ စင်ကြယ်ခြင်း သို့ မဟုတ် လုံးဝအပြစ်ဖြေလွှတ်ခြင်းမရသင့်ပေဟု ပြောကြားကြသည်။  မယုံကြည်သူများနှင့် နာမခံသူများက သူတို့နှလုံးသားများ၌ အပြစ် ရှိကြသော်လည်း သူတို့သည် ကောင်းကင်နိုင်ငံတော်သို့သွားရောက် ရန် သခင်ယေရှုကို ယုံကြည်ရကြမည်ဟု ဆင်ခြင်း၍ ပြောကြသည်။  ထိုကြောင့် သူတို့သည် အပြစ်သားများအဖြစ် သခင်ယေရှုကို ယုံ ကြည်ကြသောအခါ သူတို့သည် သက်တောင့်သက်သာခံစားရကြ ခြင်း ဖြစ်သည်။ ဘုရားသခင်ကို မသိ၊ မယုံကြည်သူများသည် ခရစ် ယာန်များဖြစ်ကြသော်လည်း သူတို့စိတ်ထဲ၌ ဘုရားသခင်ကို မရကြ ဘဲ ကိုယ်တော်ကို ဆန့်ကျင်ကြသည်။ သူတို့သည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို ဆန့်ကျင်ကြသည်။ သူတို့သည် စာတန်နှင့် အပြစ် များအားလုံးကိုလည်း ကိုးကွယ်ကြသည်။ ဒုတိယမွေးဖွားခြင်းမခံရ သေးသောသူများသည် သခင်ယေရှုကို ယုံကြည်ကြသော်လည်း ထို သို့ဖြစ်ကြသည်။ ဒုတိယမွေးဖွားခြင်းမခံရသေးသော ရိုးရိုးသာမန် ခ ရစ်ယာန်များစွာ ရှိကြသည်။ မိမိနှလုံးသားများ၌ အပြစ်များဖြင့် သ ခင်ယေရှုကို ယုံကြည်သူများသည် ဘုရားသခင်၏နှုတ်ကပတ်တော် သမ္မာတရားကို မလက်ခံကြဘဲ သခင်ယေရှုခရစ်တော်၏သမ္မာတရား ကို ယုံကြည်ခြင်းအားဖြင့် အပြစ်ဖြေလွှတ်ခြင်းခံခဲ့သောသူများနှင့် စင်ကြယ်ခြင်းခံခဲ့သောသူများကို ဆန့်ကျင်ကြသည်။ 
 

ဒုတိယမွေးဖွားခြင်းမခံရသေးသောသူများသည် ဒုတိယ မွေးဖွားခြင်းခံရသောသူများကို ဆန့်ကျင်ကြသည်

ဘုရားသခင်၏ဖြောင့်မတ်ခြင်းသည် မတရားမှု၌ သမ္မာတရား ကို ဆန့်ကျင်သောသူများအပေါ် ထင်ရှားသည်ဟု တမန်တော်ရှင်ပေါ လုက သမ္မာကျမ်းစာတွင် ပြောထားသည်။ ဘုရားသခင်၏တရားစီ ရင်ခြင်းသည် ဘုရားမဲ့သောသူများနှင့်မတရားသောသူများအားလုံး ကို ဆန့်ကျင်ရန် ကောင်းကင်မှ ထင်ရှားသည်။ အရာအားလုံးသည် သမ္မာတရားနှင့်အညီ ပြုလုပ်သည်။ သမ္မာတရားမှာ ကိုယ်တော်သည် ကျွန်ုပ်တို့အပြစ်များအားလုံး ဖယ်ရှားပေးတော်မူခဲ့ခြင်း ဖြစ်သည်။ ဘု ရားသခင်၏တရားစီရင်ခြင်းသည် သမ္မာတရားကို ဆန့်ကျင်၍ ပိတ် ဆို့သာသူများအပေါ် ထင်ရှားသည်။ ဒုတိယမွေးဖွားခြင်းမခံရသေး သောယုံကြည်သူများအားလုံးသည် ကိုယ်တော်၏တရားစီရင်ခြင်းခံ ရကြမည်ဟု ဘုရားသခင်၏နှုတ်ကပတ်တော်အားဖြင့် ကျွန်ုပ်တို့သိ နိုင်ကြသည်။ ဒုတိယမွေးဖွားခြင်းမခံရသေးသောသူများသည် သခင် ယေရှုကို ယုံကြည်ကြသော်လည်း ဘုရားသခင်သည် သူတို့ကို တ ရားစီရင်တော်မူလိမ့်မည်။ 
ဒုတိယမွေးဖွားခြင်းမခံရသေးသောယုံကြည်သူများသည် အမုန်း ပွားသောနှလုံးသားအပြည့်ဖြင့် ဒုတိယမွေးဖွားခြင်းခံရသောသူများ ကို သတ်ဖြတ်ရန် နှစ်သက်ကြသည်။ သူတို့သည် အပ္ပါယ်ငရဲသို့ သွား ရကြမည် ဖြစ်သည်။ ဘုရားသခင်သည် သူတို့ကို အပ္ပါယ်ငရဲသို့ နင် ထုတ်တော်မူလိမ့်မည်။ သူတို့သည် အချင်းချင်း အမုန်းပွား၍ အတင်း ပြောနေကြသည်။ အပြစ်ဖြေလွှတ်ခြင်းခံရသော ဖြောင့်မတ်သူများ ကို အတူတူ ဆန့်ကျင်ပုန်ကန်သောအပြစ်သားများသည် တရားစီရင် ခြင်းခံရကြလိမ့်မည်။ ကျွန်တော်ပြောကြားလိုသောအရာကို သင်သိ သလော။ ကျွန်ုပ်တို့သည် သူတို့ကို သနားသင့်ကြသည်။ သူတို့သည် မိမိအပြစ်များဖြင့် ဘုရားသခင်ကို ဆန့်ကျင်ကြ၍ သူတို့သည် ကိုယ် တော်ကို ဆန့်ကျင်ကြသည်ဟု မသိကြဘဲ “အပြစ်မပြုခြင်းမှာ သူတို့ အတွက် ထူးဆန်းတယ်။ အလွန်ထူးဆန်းတယ်”ပြောကြသည်။ 
ဘုရားသခင်၏တရားစီရင်ခြင်းသည် အကျင့်ဆိုးများဖြင့် ဘုရား သခင်ကို ဆန့်ကျင်သူများအပေါ် ထင်ရှားသည်။ ထိုသူများသည် ထို သို့သော်လုပ်ငန်းများ၌ ပျော်ရွှင်နေကြသည်။ သူတို့က ရန်တိုက် တတ်သူများနှင့် သတ်ဖြတ်သူများကို မှန်ကန်သောအရာအဖြစ် ဝန် ခံကြသည်။ ဒုတိယမွေးဖွားခြင်းမခံရသောခရစ်ယာန်များသည် အ ချင်းချင်းရန်တိုက်ကြ၍ ဖြောင့်မတ်သူများကို သတ်ဖြတ်ကြသည်။ သူတို့သည် ဖြောင့်မတ်သူများကို အတင်းအဖျင်းပြော၍ မုန်းတီးကြ ကာ မိမိကိုယ်ကိုကိုယ် မာန်မာနထောင်လွှားလျက် အဆိုးများကို အ တူတူပြုလုပ်ရန် လျှို့ဝှက်ကြံစည်ကြသည်။  သူတို့သည် အကျင့်ဆိုး များကို မည်သို့ကြံစည်ကြသည်ကို သင်သိသလော။ သူတို့သည် အ ချင်းချင်းစည်းလုံး၍ အကျင့်ဆိုးများ ကျူးလွန်ကြသည်။ သူတို့က “သခင်ယေရှုကို ကောင်းမွန်စွာ ယုံကြည်ကြပါစို့။ မှန်ကန်သော ယုံ ကြည်ခြင်းမျိုးကို ရယူကြပါစို့။ လောကအလင်းဖြစ်ကြပါစို့”ဟူသော ဆောင်ပုဒ်များဖြင့် ဖြောင့်မတ်သူများကို ဆန့်ကျင်ကြသည်။ အပြစ် ပြုလုပ်ခြင်းမှာ ပျော်ရွင်သောအရာမဟုတ်သောကြောင့် သူတို့သည် မိမိကိုယ်ကိုကိုယ် စည်းလုံး၍ ဤသို့သောအပြစ်များကျူးလွန်သည်။
ထိုကြောင့် လောကရှင်ဘုရင်များသည် ဘုရားသခင်ကို ဆန့် ကျင်ကြသောကြောင့် ဆာလံ ၂း၄ တွင် ဘုရားသခင်က “ကောင်း ကင်ဘုံ၌ ထိုင်တော်မူသောအရှင်သည် ရယ်မောတော်မူ၏။ ဘုရား ရှင်သ် သူတို့ကို ပြက်ရယ်ပြုတော်မူ၏”ဟု မိန့်တော်မူသည်။ ‘အို၊ ရယ်စရာကောင်းတယ်။ ငါ့ကို ဆန့်ကျင်သောသင်တို့၏စိန်ခေါ်မှု သည် မည်သို့ကိစ္စမျိုးဖြစ်စေကာမူ ငါ့အပေါ် မည်သည့်အရာတစ်စုံ တစ်ခုမျှ ဖြစ်ပျက်လိမ့်မည်မဟုတ်ပါ။ သင်တို့သည် ငါ့ကို တရားစီရင် ရန် လတ်ထိုးကြတယ်။’ ထိုအရာသည် အလွန်ပြက်ရယ်ပြုစရာဖြစ် သောကြောင့် ဘုရားသခင်သည် တရားစီရင်မည့်အချိန်ကို စောင့် တော်မူသည်။ 
 

ဖြောင့်မတ်သူများအပေါ် တရားစီရင်သောသူများကို ဘုရားသခင်သည် တရားစီရင်တော်မူလိမ့်မည်

ဘုရားသခင်၏သမ္မာတရားကို ဆန့်ကျင်သူများနှင့် ဒုတိယမွေး ဖွားခြင်းမခံရသောသူများသည် အပြစ်များ ကျူးလွန်ကြသည်။  ဒုတိ ယမွေးဖွားခြင်းခံရသောသူများသည်လည်း ကိုယ်ခန္ဓာအားဖြင့် မနာ လိုစိတ်နှင့် မစုံလင်မှုများရှိကြသည်။ သို့သော် အမှန်အကန်မှာ အခြေ ခံအားဖြင့် မတူညီပေ။ ကျွန်ုပ်တို့သည် ဘုရားသခင်နှင့်သမ္မာတရား ကို ယုံကြည်ကြသည်။ ကျွန်ုပ်တို့သည် ဘုရားသခင်အားဖြင့် အပြစ် ဖြေလွှတ်ခြင်းခံရကြသည်။ သို့သော် သူတို့သည် ဘုရားသခင်ကို လုံး ဝယုံကြည်ခြင်းမရှိကြပေ။ ဤပုဂ္ဂိုလ်များသည် ‘ဘုရားသခင်၏ ဖြောင့်မတ်ခြင်းနှင့်သမ္မာတရား’ကို ဆန့်ကျင်ကြသည်။ “ထိုကြောင့် သူတစ်ပါးကို စီရင်တတ်သောအချင်းလူ၊ သင်သည် ဆင်ခြေပေး၍မ ရ။ အဘယ်ကြောင့်ဆိုသော် စီရင်နေသောသင်လည်း တူညီသောအ မှုများကို ပြုကျင့်နေသည်ဖြစ်၍ သူတစ်ပါးကို စီရင်ရာတွင် သင့်ကိုယ် သင်ပြစ်ဒဏ်စီရင်ရာရောက်၏” (ရောမ ၂း၁)။ 
တမန်တော်ရှင်ပေါလုက ဒုတိယမွေးဖွားခြင်းမခံရသေး၍ ပ ညတ်တော်ကိုသာ ကျင့်ဆောင်ရန်ကြိုးစားသူ ယုဒလူမျိုးများနှင့် ခ ရစ်ယာန်များအပေါ် စကားပြောသည်။ သူတို့ကိုယ်တိုင် ပညတ် တော်ကို မစောင့်ရှောက်နိုင်ကြစဉ် သူတို့က “လူ့အသက်ကို မသတ် နှင့်၊ သူ့မယားကို မပြစ်မှားနှင့်၊ သူ့ဉစ္စာကို မခိုးနှင့်၊ ဘုရားသခင်ကို သာအစေခံပါ”ဟုပြော၍ သူတစ်ပါးကို တရားစီရင်ကြသည်။ ဘုရား သခင်တစ်ပါးတည်းသာ တရားစီရင်တော်မူ၍ ဒုတိယမွေးဖွားခြင်းခံ ရသော ကိုယ်တော်၏သားသမီးများသာလျှင် ဘုရားသခင်၏နှုတ်က ပတ်တော်အရ တရားစီရင်နိုင်ကြသည်။ 
ဤသို့သောပုဂ္ဂိုလ်များသည် ဖြောင့်မတ်သူများကို ထင်ရာမြင် ရာတရားစီရင်ကြသောကြောင့် သူတို့သည် တရားစီရင်ခြင်းခံရကြ မည် ဖြစ်သည်။ ဘုရားသခင်သည် ယုဒလူမျိုးများနှင့် ပညတ်တရား လိုက်နာသောခရစ်ယာန်များဖြစ်ကြသည့် ဒုတိယမွေးဖွားခြင်းမခံရ သေးသောသူများအားလုံးကို တရားစီရင်တော်မူလိမ့်မည်။ ဘုရားသ ခင်၏အမျက်တော်သည် ဒုတိယမွေးဖွားခြင်းခံရ၊ သူတို့သည် ဘုရား သခင်ကို နာမခံလျှင် အပ္ပါယ်ငရဲသို့ သွားရကြမည်ကိုလည်းကောင်း၊ ဘုရားသခင်၏အမိန့်တော်အတိုင်းလုပ်ဆောင်လျှင် ကောင်းကင်နိုင် ငံတော်သို့ သွားရကြမည်ကိုလည်းကောင်း ယုံကြည်၍ ပညတ်တော် ကို စောင့်ရှောက်ခြင်းအားဖြင့် ဘာသာတရားကိုင်းရှိုင်းသောအသက် တာများအားဖြင့် အသက်ရှင်သူများအပေါ် ထင်ရှားသည်။ ယုံကြည် ခြင်းရှိသူတစ်ဉီးသည် သခင်ယေရှုခရစ်တော်ကို ယုံကြည်ပြီးနောက် ဖြောင့်မတ်သူဖြစ်လာသူ ဖြစ်သည်။ ကျွန်ုပ်တို့သည် ခွဲခြားတတ်ရကြ မည် ဖြစ်သည်။ ဒုတိယမွေးဖွားခြင်းမခံရဘဲ ဘုရားသခင်ကို ယုံကြည် သူများနှင့် ဘာသာတရားကိုင်းရှိုင်းသောဘဝဖြင့် အသက်ရှင်သူများ သည် သူတို့၏စံချိန်စံညွှန်းနှင့်အညီ ဖြောင့်မတ်သူများကို တရားစီရင် ကြသည်။ 
သို့သော် ဘုရားသခင်သည် သူတို့ကို အမှန်အကန် တရားစီရင် တော်မူလိမ့်မည်။ သူတို့သည် မိမိစံချိန်စံညွှန်းအရ မိမိကိုယ်ကိုကိုယ် တရားစီရင်ကြသည်ကို သူတို့မသိကြပေ။ ဪ၊ အပြစ်ခွင့်လွှတ်ခြင်း မခံရ၊ ဘုရားသခင်၏ကျေးဇူးတော်သမ္မာတရားကို မခံရဘဲ ဖြောင့် မတ်သူများကို မှားယွင်းသောယုံကြည်မှုများဖြင့် တ ရားစီရင်သော လူသား သင်သည် ဘုရားသခင်၏တရားစီရင်ခြင်းမှ လွှတ်မြောက် လိမ့်မည်ဟု သင်ယူဆသလော။ ဤပုဂ္ဂိုလ်များသည် ဘုရားသခင်၏ တရားစီရင်ခြင်း ခံရကြလိမ့်မည်။
 

ဘုရားသခင်၏တရားစီရင်ခြင်းမှာ ဖြောင့်မတ်သည်

“ထိုသို့သောအမှုများကို ပြုကျင့်သောသူတို့အပေါ်၌ ဘုရားသ ခင်၏တရားစီရင်ခြင်းသည် သမ္မာတရားနှင့်အညီသက်ရောက်သည်ကို ငါတို့သိကြ၏”(ရောမ ၂း၂)။  ဘုရားသခင်၏တရားစီရင်ခြင်းသည် သမ္မာတရားနှင့်ညီညွှတ်၍ဒုတိယမွေးဖွားခြင်း မခံရသေးသောသူများ သည် သခင်ယေရှုကို ယုံကြည်ကြသော်လည်း သူတစ်ပါးကို တရား စီရင်သူများကို ဆန့်ကျင်သည်။ ဘုရားသခင်သည် ဤပုဂ္ဂိုလ်များကို အပ္ပါယ်ငရဲသို့ စေလွှတ်တော်မူသည်ကိုလည်းကောင်း၊ ကိုယ်တော် သည် မိမိသမ္မာတရားနှင့်အညီ သူတို့ကို တရားစီရင်တော်မူသည်ကို လည်းကောင်း ကျွန်ုပ်တို့သိရကြမည် ဖြစ်သည်။ 
ကိုယ်တော်၏သမ္မာတရားသည် မှန်ကန်သောကြောင့်လည်း ကောင်း၊ ဘုရားသခင်၏တရားစီရင်ခြင်းသည် တိကျသောကြောင့် လည်းကောင်း ဘုရားသခင်သည် အပြစ်သားများကို အပ္ပါယ်ငရဲသို့ ပို့ ဆောင်တော်မူသည်။ လူတစ်ဉီးသည် အပ္ပါယ်ငရဲသို့ သွားရခြင်း သို့မ ဟုတ် မသွားရခြင်းမှာ ‘ဘုရားသခင်သည် အခြေအနေမဲ့ အချို့ကို ချစ်တော်မူ၍ အခြားသူများကို မုန်းတော်မူသည်’ဟုဟောပြောသော ကြိုတင်ခွဲခန့်မှတ်သားခြင်းဓမ္မခံယူချက်များပေါ်တွင် မမူတည်ပေ။  ဘုရားသခင်သည် ကမ္ဘာမတည်မရှိမီအချိန်ကတည်းက သခင်ယေရှု ခရစ်တော်အားဖြင့် လူသားအားလုံးကို ရွေးကောက်တော်မူခဲ့သည် (ဧဖက် ၁း၄)။ 
သခင်ယေရျုသည် အပြစ်သားများအားလုံးဖယ်ရှားပေးတော်မူ ခဲ့သည်ဟု ယုံကြည်သူများသည် အပြစ်ဖြေလွှတ်ခြင်းခံရကြသည်။  ဘုရားသခင်သည် ဤအရာကို ကြိုတင်ခွဲခန့်တော်မူခဲ့သည်။  ထို ကြောင့်ဒုတိယမွေးဖွားခြင်းမခံရသေးသောသူများအားလုံးသည် သ ခင် ယေရှု ကို ယုံကြည်ကြသော်လည်း သူတို့သည် အပ္ပါယ်ငရဲသို့ သွားရကြမည် ဖြစ်သည်။ သူတို့သည် ဘုရားသခင်၏တရားစီရင် တော်မူခြင်းနှင့်အညီ အပ္ပါယ်ငရဲသို့ သွားရကြလိမ့်မည်။ ဤအရာ သည် သမ္မာတရား ဖြစ်သည်။ 
အပြစ်သားများအား အပ္ပါယ်ငရဲသို့ ပို့ဆောင်သော ဘုရားသခင် ၏တရားစီရင်ခြင်းမျာ မှန်ကန်သည်။ အဘယ်ကြောင့်နည်း။ သူတို့ သည် ဘုရားသခင်၏ကြီးမားသောမေတ္တာတော်ကို ငြင်းပယ်ခဲ့ကြ၍ ဘုရားသခင်၏ကယ်တင်ခြင်းမရရှိကြဘဲ ကိုယ်တော်ကို မယုံကြည် ကြသောကြောင့် ဖြစ်သည်။ သမ္မာတရားနှင့်အညီ ဒုတိယမွေးဖွား ခြင်းမခံရသေးသောသူများကို အပ္ပါယ်ငရဲသို့ ပို့ဆောင်ခြင်းမှာ ကိုယ် တော့်အတွက် သင့်တော်သည်။
လူအချို့တို့က “ဘုရားသခင်သည် ဘာကြောင့် ကျွန်တော့်ထံ သတင်းကောင်းဟောပြောတော်မမူခဲ့သလဲ”ဟု ပြောနိုင်သည်။ ကိုယ် တော်သည် ဟောပြောခဲ့သည်မဟုတ်လော။ ဘုရားသခင်သည် သင့် ထံ ကယ်တင်ခြင်းသတင်းကောင်းကို အကြိမ်များစွာ ဟောပြော တော်မူခဲ့သည်။ သင်၏မျက်လုံးကို အကျယ်ကြီးဖွင့်၍ ကယ်တင်ခြင်း ခံရရန် ကြိုးစားပါ။ ဤလောက၌ စစ်မှန်သောသတင်းကောင်းဟော ဟောပြောအသင်းတော်အနည်းငယ်သာရှိသည်။ သို့သော် သင်သည် သမ္မာတရားကို အမှန်အကန် ရှာဖွေလျှင် တွေ့နိုင်သည်။ ဤကိစ္စနှင့် ပတ်သက်၍ ကျွန်တော်သည် ၎င်းကို တွေ့ရန် အမှန်အကန် ကြိုးစား ခဲ့သည်။ ကျွန်တော်ဒုတိယမွေးဖွားခြင်းမခံရသေးသောအခါ တရား ဟောပြောခဲ့ပြီးနောက် “ဘုရားသခင်၊ ကျွန်တော်သည် ဤသို့ဖြင့် လူ များထံ ကိုယ်တော်၏နှုတ်ကပတ်တော်ကို ဟောပြောခဲ့သော်လည်း ကိုယ်တော့်ရှေ့တော်၌ အပြစ်သားတစ်ဉီးဖြစ်တယ်။ လူများထံ ကျွန် တော်ပြောသောအရာသည် မိမိကိုယ်ကိုကိုယ်ပြောသောအရာ ဖြစ် တယ်။ ကျွန်တော်ဟာ အပြစ်သားတစ်ဉီး ဖြစ်တယ်။ ကျွန်တော့်ကို တွေ့တော်မူပါ။ ကျွန်တော့်ကို ကယ်တင်တော်မူပါ”ဟု ဆုတောင်း ခဲ့သည်။ 
ကျွန်တော်သည် သမ္မာတရားကို တွေ့ရှိရန် မည်မျှ ကြိုးစားရ မည်ကို မသိပေ။ ကိုယ်တော်ကို ရှာသောသူများကို ဘုရားသခင်တွေ့ လိုတော်မူသည်။ ဘုရားသခင်သည် ကိုယ်တော်ကို မရှာသောသူများ ပင်လျှင် ကယ်တင်တော်မူလိုသည်။ “ငါ၏လူမျိုးမဟုတ်သောသူကို ‘ငါ၏လူမျိုး’ဟူ၍လည်းကောင်း၊ မချစ်သောသူကို ‘ချစ်သောသူ’ဟူ၍လည်းကောင်း ငါခေါ်မည်”(ရောမ ၉း၂၅)။ ကိုယ်တော်သည် ကျွန်ုပ် တို့အား ကယ်တင်တော်မူရန် ဤလောကသို့ ကြွလာတော်မူခဲ့သော ကယ်တင်ရှင်ဖြစ်တော်မူသည်ဟု ဘုရားသခင်မိန့်တော်မူသည်။ ဘု ရားသခင်ကို ရိုးသားစွာရှာဖွေသောသူများသည် ကိုယ်တော့်ကိုအမှန် အကန်တွေ့ကြလိမ့်မည်။ အခြားသူများသည် ဘုရားသခင်ကို မရှာ ဖွေကြသော်လည်း သတင်းကောင်းတရားဟောဆရာများ သူတို့ထံ ရောက်လာ၍ သတင်းကောင်းဟောပြောသောအခါ သူတို့သည် ကိုယ်တော့်ကို တွေ့ဆုံရန် အခွင့်အရေးရရှိကြသည်။ လူအချို့တို့ သည် သတင်းကောင်းကို စိတ်ဝင်စားနိုင်ကြသော်လည်း အခြားသူ များသည် စိတ်ဝင်စားမှုမရှိကြပေ။ အပ္ပါယ်ငရဲသို့ သွားမည်သူများ သည် သတင်းကောင်းကို ငြင်းပယ်ခဲ့ကြသောကြောင့် သူတို့သည် နိ ဂုံးချုပ်ကြလိမ့်မည်။
ဘုရားသခင်၏သမ္မာတရားနှင့်အညီ အပ္ပါယ်ငရဲသို့ သွားရန် ထိုက်တန်သောသူများသည် သူတို့အတွက် သင့်တော်သည်။ ကောင်း ကင်နိုင်ငံတော်သို့ သွားရောက်ရန် ထိုက်တန်သောသူများသည် လူ တော်လူတတ်များမဟုတ်ကြသော်လည်း မှန်ကန်သောခွဲခြားသိမြင် မှုနှင့်အညီ သခင်ယေရှုကို ယုံကြည်ခြင်းအားဖြင့် ကောင်းကင်နိုင်ငံ ‌တော်သို့ ရောက်နိုင်ကြသည်။ ထိုအရာသည် ဘုရားသခင်၏မှန်ကန် သောတရားစီရင်ခြင်းအားဖြင့် ဖြစ်ပျက်သည်။ 
ဘုရားသခင်သည် မိမိမျက်နှာသာကြောင့် လူအချို့တို့ကို အပ္ပါယ်ငရဲသို့ ပို့ဆောင်တော်မူ၍ အချို့တို့ကို ကောင်းကင်နိုင်ငံတော် သို့ ပို့ဆောင်တော်မူလိမ့်မည် မဟုတ်ပေ။ သို့သော် ကိုယ်တော်သည် သမ္မာတရားအားဖြင့် မှန်ကန်သောတရားစီရင်မှုနှင့်အညီ ကိုယ်တော် သည် တရားစီရင်တော်မူသည်။ ထိုကြောင့် ကျွန်ုပ်တို့သည် သတင်း ကောင်းဟောပြောရကြမည် ဖြစ်သည်။ “သို့ဖြစ်၍ ထိုသို့သောအမှုများကိုပြုကျင့်သောသူတို့အား စီရင်လျက်နှင့် ထိုအမှုတို့ကို ကိုယ် တိုင်ပြုသောအချင်းလူ၊ သင်သည် ဘုရားသခင်၏ပြစ်ဒဏ်စီရင်ခြင်းမှလွတ်မည်ဟု ထင်မှတ်သလော။ သို့မဟုတ် ဘုရားသခင်၏ကျေးဇူး ပြုတော်မူခြင်းသည် သင့်ကို နောင်တသို့ပို့ဆောင်သည်ကိုမသိမမှတ်ဘဲ ကိုယ်တော်၏ကြွယ်ဝသောကျေးဇူးပြုတော်မူခြင်း၊ သည်းခံတော် မူခြင်းနှင့် စိတ်ရှည်တော်မူခြင်းတို့ကို မထီမဲ့မြင်ပြုသလော”(ရောမ ၂း၃-၄)။
 

သခင်ယေရှုသည် မိမိမေတ္တာတော်အားဖြင့် လောက အပြစ်များအားလုံးကို ဖယ်ရှားပေးတော်မူခဲ့သည်

တမန်တော်ရှင်ပေါလုက သခင်ယေရှု၏မေတ္တာတော်မရှိသေး သောသူများနှင့် ဒုတိယမွေးဖွားခြင်းမခံရသေးသောသူများဖြစ်သည့် အပြစ်သားများ၊ ယုဒလူမျိုးများ၊နှင့် ပညတ်တရားကျင့်သောခရစ် ယာန်များထံ တရားစီရင်ခြင်းခံရကြလိမ့်မည်ဟု ပြောကြားသည်။ သူ တို့သည် အပ္ပါယ်ငရဲသို့ ဉီးတည်နေကြသည်။ သို့သော် သတင်း ကောင်းမှာ အဘယ်အရာ ဖြစ်သနည်း။ ရောမ ၂း၄ တွင် ဘုရားသခင် က “သို့မဟုတ် ဘုရားသခင်၏ကျေးဇူးပြုတော်မူခြင်းသည် သင့်ကို နောင်တသို့ပို့ဆောင်သည်ကိုမသိမမှတ်ဘဲ ကိုယ်တော်၏ကြွယ်ဝသောကျေးဇူးပြုတော်မူခြင်း၊ သည်းခံတော်မူခြင်းနှင့် စိတ်ရှည်တော် မူခြင်းတို့ကို မထီမဲ့မြင်ပြုသလော”ဟု မိန့်တော်မူသည်။ ဘုရားသ ခင်၏မေတ္တာတော်သည် လူသားအားလုံးအတွက် တိကျစွာ ထင်ရှား ခဲ့၍ တရားမျှတစွာဖြင့် အောင်မြင်ခဲ့သည်။ 
ဘုရားသခင်၏ကယ်တင်ခြင်းကျေးဇူးတော်မှ မည်သူမည်ဝါမျှ မလွှတ်မြောက်ပေ။ သခင်ယေရှုသည် လောကအပြစ်များအားလုံးကို ဖယ်ရှားပေးတော်မူခဲ့သည်။ သခင်ယေရှုသည် ကျွန်ုပ်တို့အား ပြည့်စုံ စွာ စင်ကြယ်စေတော်မူခဲ့သည်။ သခင်ယေရှုသည် ဗီဇအပြစ်များကို သာ ဖယ်ရှားတော်မူ၍ ကျွန်ုပ်တို့သည် နေ့စဉ်အပြစ်များအတွက် ခွင့် လွှတ်ခြင်းခံရရန် ဆုတောင်းသောအချိန်တိုင်းတွင် ခွင့်လွှတ်တော်မူ သလော။ မဟုတ်ပေ။ ကိုယ်တော်သည် လောကအပြစ်များအားလုံး ကို တစ်ကြိမ်တည်း ဖယ်ရှားပေးတော်မူခဲ့သည်။ သို့သော် ဘုရားသ ခင်ကို ဆန့်ကျင်သူများသည် ကိုယ်တော်၏ကောင်းမြတ်ခြင်းနှင့် မေတ္တာတော်ကို လျစ်လျူရှုကြသည်။  “သခင်ယေရှုသည် ကျွန်ုပ်တို့ အား မည်သို့ကယ်တင်တော်မူခဲ့သနည်း။ ကျွန်ုပ်တို့သည် အပြစ်ကို ပြုကြသော်လည်း ‘ငါ့မှာ အပြစ်မရှိပါ’ဟု မည်သို့ ကျွန်တော်ပြောနိုင် သနည်း။ ထိုအရာသည် အဓိပ္ပါယ်မရှိပါ။ ကိုယ်တော်သည် ကယ်တင် ရှင်နှင့်သခင်ဖြစ်တော်မူသော်လည်း ကျွန်တော်သည် အပြစ်ဆက် တိုက်ကျူးလွန်သောအခါ ဘုရားသခင်သည် ကျွန်တော့်အပြစ်များ အားလုံးကို မည်သို့ ဖယ်ရှားပေးတော်မူနိုင်မည်နည်း။”
ဘုရားသခင်သည် မိမိမေတ္တာတော်အားဖြင့် လောကအပြစ် များအားလံးကို ဆေးကြောပေးခဲ့သော်လည်း ဤသို့သောဇာတိကိုယ် ခန္ဓာနှင့်အညီ တွေးတောကြသည်။ ကိုယ်တော်သည် ဤလောကသို့ ကြွဆင်းတော်မူ၍ ကျွန်ုပ်တို့အပြစ်များအားလုံးကို ဖယ်ရှားပေးတော် မူခဲ့သည်။ ကိုယ်တော်သည် လူသားများ၏မပြည့်စုံမှုများနှင့် အားနည်းချက်များ (ကိုယ်ခန္ဓာသည် အပြစ်ကို အကြိမ်ကြိမ်ကျူးလွန် သည်)ကို သိတော်မူသည်။ ထိုကြောင့် ကိုယ်တော်သည် ဗတ္တိဇံခံယူ တော်မူခြင်းနှင့် ကားတိုင်ပေါ်တွင် အသွေးတော်သွန်းလောင်းတော် မူခြင်းအားဖြင့် လောကအပြစ်များအားလုံးကို တစ်ကြိမ်တည်း ဖယ် ရှားပေးတော်မူခဲ့သည်။ ကိုယ်တော်သည် ဇာတိကိုယ်ခန္ဓာ၏အား နည်းချက်များကို ကောင်းမွန်စွာ သိတော်မူသည်။ “သင်သည် သေ သည့်အထိ အပြစ်ကို အကြိမ်ကြိမ်ပြုလိမ့်မည်ဟု ငါသိခဲ့သော ကြောင့် ငါသည် သင့်ကို ကယ်တင်တော်မူခဲ့သည်။” 
ကိုယ်တော်သည် လောကအပြစ်များကို ဆေးကြောပေးတော်မူ ခဲ့သည်။ ကိုယ်တော်သည် ကျွန်ုပ်တို့အား ကယ်တင်တော်မူခြင်းအား ဖြင့် ကျွန်ုပ်တို့အားလုံးကို လက်ခံတော်မူခဲ့သည်။ ကိုယ်တော်သည် အပြစ်သားများအတွက် အပြစ်ကြွေးများပေးဆပ်တော်မူခဲ့၍ မိမိတန် ခိုးတော်နှင့် ဖြောင့်မတ်ခြင်း (သခင်ယေရှုသည် ယောဒန်မြစ်၌ ဗတ္တိဇံ ယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူခဲ့သည်)အားဖြင့် သူတို့ကို စင် ကြယ်စေတော်မူခဲ့သည်။ ကိုယ်တော်သည် အသက်(အသွေး)ဖြင့် ကျွန်ုပ်တို့အပြစ်များ၏ပြစ်ကြွေးများကို ပေးဆပ်ပေးတော်မူခြင်းအား ဖြင့် ကျွန်ုပ်တို့အား ကောင်းကြီးမင်္ဂလာချပေးတော်မူခဲ့၍ မိမိသားသ မီးများဖြစ်စေကာ ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ခွင့်ပေးတော် မူခဲ့သည်။ ကိုယ်တော်သည် အပြစ်သားများအား မိမိဖြောင့်မတ်သော သားသမီးများဖြစ်စေတော်မူခဲ့သည်။
 

မယုံကြည်သူများသည် နောင်တရ၍ သူတို့နှလုံးသားများ သခင်ထံ ပြန်လှည့်ရကြမည် ဖြစ်သည်

“သို့မဟုတ် ဘုရားသခင်၏ကျေးဇူးပြုတော်မူခြင်းသည် သင့်ကို နောင်တသို့ပို့ဆောင်သည်ကိုမသိမမှတ်ဘဲ ကိုယ်တော်၏ကြွယ်ဝသောကျေးဇူးပြုတော်မူခြင်း၊ သည်းခံတော်မူခြင်းနှင့် စိတ်ရှည်တော် မူခြင်းတို့ကို မထီမဲ့မြင်ပြုသလော။”  ဘုရားသခင်သည် လျစ်လျူရှု သူများနှင့် ဘုရားသခင်၏ ကောင်းမြတ်ခြင်း၊ ကြွယ်ဝခြင်း၊ စိတ်ရှည် ခြင်းနှင့်သည်းခံတော်မူခြင်းတို့ကို ငြင်းပယ်သူများကို အပ္ပါယ်ငရဲသို့ ဒဏ်ခတ်တော်မူလိမ့်မည်။ သခင်ယေရှုခရစ်တော်သည် လောကအ ပြစ်များအားလုံးကို ဆေးကြောပေးတော်မူခဲ့သည်ကိုလည်းကောင်း၊ သတင်းကောင်းသည် တစ်ကမ္ဘာလုံးကို သိမ်းပိုက်သည်ကိုလည်း ကောင်း သေချာသည်။ သို့သော် လူများသည် ထိုအရာကို မယုံကြည် ကြသောကြောင့် သူတို့သည် အပ္ပါယ်ငရဲသို့ သွားရကြသည်။ ကျွန်ုပ် တို့သည် ကိုယ်တော်၏စိတ်ရှည်သည်းခံတော်မူခြင်းနှင့် ကောင်းမြတ် တော်မူခြင်းကြွယ်ဝမှုကို လျစ်လျူရှုခြင်းအားဖြင့် အပ္ပါယ်ငရဲသို့ သွား လိုကြသော်လည်း သခင်ယေရှုသည် အပ္ပါယ်ငရဲသို့ သွားခြင်းမှ ကျွန်ုပ်တို့ကို တားဆီးတော်မူ၍ ကျွန်ုပ်တို့အပြစ်များအားလုံးကို ဆေး ကြောပေးတော်မူခြင်းအားဖြင့် ကျွန်ုပ်တို့ကို ကယ်တင်တော်မူခဲ့ သည်။ ကျွန်ုပ်တို့သည် အပ္ပါယ်ငရဲသို့ သွားလိုကြသော်လည်း ကိုယ် တော်သည် ကျွန်ုပ်တို့ကို ကယ်တင်တော်မူခဲ့သည်။
ထိုကြောင့် ကျွန်ုပ်တို့သည် ကယ်တင်ခြင်းခံရရန်အတွက် သခင် ယေရှုခရစ်တော်၏ရေနှင့်အသွေးတော်ကို ယုံကြည်ရကြမည် ဖြစ် သည်။ ယုံကြည်၍ ကယ်တင်ခြင်းခံရပါ။ ဘုရားသခင်၏မေတ္တာတော် နှင့် ကယ်တင်ခြင်းကို လျစ်လျူရှုသောသူများသည် အပ္ပါယ်ငရဲသို့ သွားရကြလိမ့်မည်။ အပ္ပါယ်ငရဲသည် ကိုယ်တော်၏ကယ်တင်ခြင်း နှင့် ကိုယ်တော်၏ကောင်းမြတ်ခြင်းကြွယ်ဝမှုကို လျစ်လျူရှုသူများအ တွက် ဘုရားသခင်ပြင်ဆင်ထားခဲ့သောနေရာသည်။ မယုံကြည်သူ များသည် အပ္ပါယ်ငရဲသို့ သွားရန် လက်မှတ်များကို ဝယ်ယူခဲ့ကြ သည်။ အပ္ပါယ်ငရဲသို့ ဉီးတည်ခဲ့သောသူများသည် နောင်တရကြ၍ သူတို့နှလုံးသားများသည် သခင်ထံတော်သို့ ပြန်လှည့်လာကြမည် ဖြစ်သည်။ သင်သည် သတင်းကောင်းကို ယုံကြည်ခြင်းမရှိလျှင် ကောင်းကင်နိုင်ငံတော်ကို နှုတ်ဆက်ရလိမ့်မည် ဖြစ်သည်။
 

လူများသည် ဘုရားသခင်၏မေတ္တာတော်ကို ငြင်းပယ်ခဲ့ ကြသောကြောင့် အပ္ပါယ်ငရဲသို့ သွားရကြသည်

“သို့သော် သင်၏မာကျောခက်ထန်မှုနှင့်နောင်တမရသောစိတ် နှလုံးတို့ကြောင့် သင်သည် အမျက်တော်နေ့တည်းဟူသော ဘုရား သခင်၏ဖြောင့်မတ်သည့် တရားစီရင်ခြင်းထင်ရှားရာနေ့အတွက် အ မျက်တော်ကို မိမိအဖို့သိုမှီးလျက်ရှိ၏”(ရောမ ၂း၅)။ အပြစ်နှင့်မကင်း သောနှလုံးသားရှိသူများနှင့် နောင်တမရသောသူများသည် အပ္ပါယ်င ရဲသို့ သွားရကြလိမ့်မည်။ လူအချို့တို့သည် ဘုရားသခင်၏ကြီးမား သောမေတ္တာတော်ကို ငြင်းပယ်ခဲ့ကြသောကြောင့် သူတို့သည် အပ္ပါယ်ငရဲသို့ သွားကြသည်။ အပြစ်တရား၏အခမှာ သေခြင်းဖြစ် သောကြောင့် နှလုံးသားများမာကြောမှုဖြင့် သမ္မာတရားကို ငြင်းပယ် ၍ မိမိအတွေးအခေါ်များကိုသာ လိုက်လံသောအပြစ်သားများသည် အပ္ပါယ်ငရဲသို့ သွားကြလိမ့်မည်။ ဘုရားသခင်၏မေတ္တာတော်ကို ရရှိ ရန်ငြင်းပယ်သူများနှင့် တစ်ဖြည်းဖြည်းစင်ကြယ်ခြင်းသို့ရောက်ရန် နောင်တနှင့်စပ်ဆိုင်သောဆုတောင်းခြင်းပြုသူများသည် အပ္ပါယ်ငရဲ သို့ အမှန်အကန် သွားရကြလိမ့်သည်။ ဗျာဒတိတော်နေ့နှင့် ကိုယ် တော်၏ဖြောင့်မတ်သောတရားစီရင်ခြင်းအထိ ဘုရားသခင်၏ အ မျက်တော်သိုထားခြင်းမှာ ကိုယ်တော်၏မေတ္တာတော်ငြင်းပယ်မှု ကြောင့် ဖြစ်သည်။
ကိုယ်တော်၏ရွေးနှုတ်ခြင်းအကြံအစည်၌ စာတန်သည် ကျွန်ုပ် တို့အား အပြစ်၌ မပျက်စီးစေမီတောင် အပြစ်သားများကို ကယ်တင် ရန်နှင့် သူတို့ကို ဖြောင့်မတ်သူများဖြစ်စေတော်မူရန် ဆုံးဖြတ်တော်မူ ခဲ့သည်။ ဘုရားသခင်သည် ကျွန်ုပ်တို့ကို ကယ်တင်တော်မူရန်နှင့် စင် ကြယ်စေတော်မူရန်အတွက် သားတော်ကို စေလွှတ်တော်မူခဲ့သည်။ သို့သော် အပြစ်သားများသည် ဤအရာကို မလက်ခံကြပေ။ သူတို့က ဘုရားသခင်၏မေတ္တာတော်ကို ငြင်းပယ်ခြင်းအားဖြင့် ကိုယ်တော်၏ အမျက်တော်အရှိန်ကို အပြည့်အဝသိုထားခဲ့ကြ၍  အမျက်ထွက်ရာ နေ့နှင့် ကိုယ်တော်၏ဖြောင့်မတ်သောတရားစီရင်ခြင်းဗျာဒိတ်တော် နေ့၌တရားစီရင်ခြင်းခံရကြလိမ့်မည်။  ဘုရားသခင်၏ဖြောင့်မတ် သော တရားစီရင်ြခင်းမှာ သူတို့နှလုံးသားများ၌ အပြစ်များရှိသောသူ များသည် အပ္ပါယ်ငရဲသို့ စေလွှတ်ခြင်း ဖြစ်သည်။
အဘယ်ကြောင့်နည်း။ ဘုရားသခင်သည် လောကအပြစ်များ အားလုံးကို ဆေးကြောပေးတော်မူခဲ့၍ ဤလောကတွင်ရှိသောသူ အားလုံးကို ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းရရှိစေတော်မူသော ကြောင့် ဖြစ်သည်။ မယုံကြည်သူများသည် အပ္ပါယ်ငရသို့ အမှန်အ ကန်သွားရကြမည်။ သူတို့သည် လည်ပင်းခိုင်မာကြာ၍ အပ္ပါယ်ငရဲသို့ သွားရန် အလိုအလျောက်ရှိကြသောကြောင့် သူတို့သည် နောက်ဆုံး တွင် သူတို့၏မိုက်မဲမှုကို နောင်တရကြလိမ့်မည်။ အပြစ်သားများ သည် ဘုရားသခင်၏ကြီးမားသောမေတ္တာတော်ကို မလက်ခံကြလျှင် သူတို့သည် အပ္ပါယ်ငရဲသို့ သွားရကြလိမ့်မည်။
ဘုရားသခင်သည် မိမိကိုယ်ပိုင်အခွင့်အာဏာနှင့်အညီ ရွေးနှုတ် ခြင်း၌  လူအချို့ကို အပ္ပါယ်ငရဲသို့ စေလွှတ်တော်မူ၍ အခြားသူများ ကို ကောင်းကင်နိုင်ငံတော်သို့ စေလွှတ်တော်မူသောကြောင့် ကိုယ် တော်သည် ယုတ္တိမရှိပါဟု လူများက ထင်မှတ်တတ်ကြသည်။ သို့ သော် ဤအရာသည် အမှန်အကန်ပေ။ ဘုရားသခင်သည် မိမိမေတ္တာ တော်နှင့်သမ္မာတရားကို ငြင်းဆိုရန် လည်ပင်း အလွန်ခိုင်မာသောသူ များအတွက် အပ္ပါယ်ငရဲကို ဖန်ဆင်းတော်မူခဲ့သောကြောင့် သူတို့အ တွက် သွားရန် လုံလောက်သောနေရာရှိလိမ့်မည်။
အပ္ပါယ်ငရဲမှာ မီးနှင့်ကန့်တို့လောင်ကျွမ်းသောမီးအိုင်ဖြစ်သည် ဟု သမ္မာကျမ်းစာက ပြောသည်။ အပြစ်ပြုလုပ်ရန်ပို၍နှစ်သက်သော သူများအတွက် အလွန်ညစ်ညမ်းသောပိုးရွးများရှိကြသည်။ သူတို့ သည် “မဟုတ်ပါ။ ငါ ဒီနေရာကို မုန်းတယ်”ဟု ငိုကြွေးနိုင်ကြသည်။ သို့သော် ဘုရားသခင်က “ငါက မင်းတို့ရဲ့အပြစ်များအားလုံးကို ဆေး ကြောပေးခဲ့သော်လည်း သင်သည် အပြစ်ပိုင်ဆိုင်ခဲ့လျှင် ပြဿနာမရှိ ပါဟု သင်ပြောခဲ့တယ်။ ထိုကြောင့် သင်သည် အပြစ်ဖြေလွှတ်ခြင်း ကို မနှစ်သက်ခဲ့သောကြောင့် ငါ့က သင့်အား လောက်ကောင် များကို ဆုကျေးဇူးအဖြစ်၊ သင်၏မိတ်ဆွေများအအဖြစ် ပေးခဲ့တယ်”ဟု မိန့် တော်မူခဲ့သည်။ “မဟုတ်ပါ။ ကိုယ်တော် ကျွန်တော်ထိုအရာကို မုန်း တီးတယ်။”
“သင်က ၎င်းကို မုန်းတီးခဲ့သော်လည်း ထိုအရာကို တောင်း လျှောက်ခဲ့တယ်။ ငါက ဖြောင့်မတ်ခြင်း၏အရှင် ဖြစ်တယ်။ ငါ့ သင် လိုချင်ခဲ့သောအရာကို ငါပေးတယ်။ သူတို့နှလုံးသားများ၌ အပြစ်ရှိ ရန် ဆန္ဒပြုသောသူများအားလုံးအပေါ် အပ္ပါယ်ငရဲကို ပေးတယ်။” ထို အရာသည် ဘုရားသခင်၏ဖြောင့်မတ်သော တရားစီရင်ခြင်း ဖြစ် သည်။ လူသားများသည် ဤလောက၌ အသက်ရှင်နေစဉ် အပြစ် ကျူးလွန်ကြသော်လည်း သူတို့သည်  လောကအပြစ်များအားလုံးကို ဆေးကြောပေးခဲ့သော ဘုရားသခင်၏ကယ်တင်ခြင်းသတင်းကောင်း ကို လျစ်လျူရှုခဲ့ကြသည်။ 
လူသားများသည် မာကျောသောနှလုံးသားရှိကြသောကြောင့် အပ္ပါယ်ငရဲသို့ သွားရကြသည်။ ကျွန်ုပ်တို့သည် ဘုရားရှေ့တော်၌ လည်ပင်မခိုင်မာသင့်ကြပေ။ ကိုယ်တော်သည် လောကအပြစ်များ အားလုံးကို ဆေးကြောပေးတော်ူမခဲ့သည်ဟု ကျွန်ုပ်တို့ ယုံကြည် သင့်ကြသည်။ သင်သည် မမြင်နိုင်သော်လည်း ယုံကြည်ရမည် ဖြစ် သည်။ 
 

ကိုယ်တော်သည် ကျွန်ုပ်တို့ကို ချစ်တော်မူခဲ့သည်ဟု ဘုရားသခင်ပြောကြားတော်မူသည်

ကိုယ်တော်သည် ကျွန်ုပ်တို့ကို ချစ်တော်မူခဲ့သည်ဟု ဘုရားသ ခင်မိန့်တော်မူသည်။ “ငါက မင်းတို့ရဲ့အပြစ်များအားလုံးကို ဆေး ကြောပေးတော်မူခဲ့တယ်။” သင်သည် ဤအချက်ကို ယုံကြည်ရမည် ဖြစ်သည်။ ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်း တော်မူခဲ့သည်ဟု ကိုယ်တော်မိန့်တော်မူသောအခါ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် မှန်ကန်သောကြောင့် ကျွန်ုပ်တို့ ယုံကြည်ရ ကြမည် ဖြစ်သည်။ ယုံကြည်သည် ဘုရားသခင်၏နှုတ်ကပတ်တော် ယုံကြည်ခြင်းအားဖြင့် စတင်သည်။ လူများသည် သူတို့၏သေးငယ် သောခေါင်းများဖြင့် နားလည်သဘောပေါက်နိုင်သောအရာတစ်စုံ တစ်ခုကိုသာ ယုံကြည်ကြ၍ နားမလည်နိုင်သောအခါ မယုံကြည်ကြ ပေ။ ဘုရားသခင်သည် အပြစ်သားများအားလုံးကို အပြစ်များမှ ကယ်တင်တော်မူခဲ့သည်ဟု မယုံကြည်သော မယုံကြည်သူများသည် အပ္ပါယ်ငရဲသို့ သွားရကြလိမ့်မည်။ သူတို့သည် အပ္ပါယ်ငရဲသို့ သွားရန် မိမိစိတ်များကို ပြင်ဆင်သောသူများ ဖြစ်ကြသည်။ 
“ကျွန်ုပ်သည် သေသည့်ထိ အပြစ်သားဖြစ်သည်ဟု ဘုရားရှေ့ တော်၌ ကျွန်တော် ဝန်ခံတယ်”ဟု လူအများရှေ့မှာ ကြွေးကြော်သူ ခရစ်ယာန်တစ်ဉီးရှိခဲ့သည်။ သူသည် သေ၍ အပ္ပါယ်ငရဲသို့ အမှန်အ ကန် သွားခဲ့သည်။ သူက ဘုရားသခင်ထံ “ဘုရားရှေ့၌ ကျွန်တော် သည် အပြစ်သားတစ်ဉီးဖြစ်၍ ကိုယ်တော့်ရှေ့၌ ဘယ်တော့မှ မ ဖြောင့်မတ်နိုင်ပါ”ဟု ပြောခဲ့သည်။ သူသည် သေသည့်အထိတိုင် အောင် အပြစ်သားတစ်ဉီးဖြစ်သည်ဟု စွဲလမ်းခဲ့သည်။ သူသည် နောက်ဆုံးအသက်ချုပ်သည့်အထိ ဘုရားသခင်၏မေတ္တာတော်နှင့် သမ္မာတရားကို ငြင်းပယ်ခဲ့သည်။ ထိုနောက် ကိုယ်တော်က “သင် သည် မိမိယုံကြည်မှုအပေါ် အရမ်းသစ္စာရှိတယ်။ သင်က မိမိယုံ ကြည်မှုနှင့်အညီ အပ္ပါယ်ငရဲသို့ သွားရန် သင့်တော်တယ်။ အပြစ် သားများသည် ကောင်းကင်နိုင်ငံတော်သို့ မဝင်ရောက်နိုင်ကြသော ကြောင့် ငါ သင့်ကို အပ္ပါယ်ငရဲသို့ စေလွှတ်တယ်”ဟု မိန့်တော်မူခဲ့ သည်။ 
 

ငါယုံကြည်ခဲ့လျှင်

“ငါသည် သေသည့်ထိတိုင်အောင် အပြစ်သား ဖြစ်တယ်ဟု ငါပြောတယ်”ဟု ပြောသူသည် အပ္ပါယ်ငရဲသို့ သွားခဲ့ သည်။ ဘုရားသခင်သည် ဤပုဂ္ဂိုလ်များကို မစတော်မမူနိုင်ပေ။ သူ တို့သည် မနက်ဖြန် တဘက်ခါ အပ္ပါယ်ငရဲသို့ သွားနိုင်မည့် အပြစ် သားများဖြစ်ကြသည်ဟု ကြွေးကြော်သည်သာမက “ကျွန်ုပ်တို့သည် သေသည့်ထိ အပြစ်သားများဖြစ်ကြ၍ဘုရားရှေ့တော်၌ ရပ်ကြ သောအခါ အပြစ်သားများဖြစ်ကြလိမ့်မည်”ဟု သူတို့ကို ကိုးစား သောယုံကြည်သူများကို သွန်သင်ခဲ့ကြသည်။ ထိုကြောင့် ယုံကြည် သူများစွာတို့သည် ဘာသာရေးအထုံးအဖွဲ့များနောက်သို့ လိုက်ကြ သည်။ အပြစ်သားများသည် အပ္ပါယ်ငရဲသို့ သွားရမည်ဟု ဘုရားသ ခင်မိန့်တော်မူခဲ့သည်။ သို့သော် မရေတွက်နိုင်သောခရစ်ယာန်များ သည် ယနေ့ခရစ်ယာန်ဘာသာ၌ ဤသွန်သင်မှုနောက်သို့ လိုက် တတ်ကြသည်။ ထိုအပြစ်သားများသည် ထာဝရနောင်တရကြ၍ “ငါ ယုံကြည်ခဲ့လျှင်၊ ငါထိုအရာကို ယုံကြည်ခဲ့လျှင်”ဟု ပြော၍ အပ္ပါယ်င ရဲ မီးအိုင်၌ အံသွားခဲ့ကြိတ်ကြလိမ့်မည်ဟု ဘုရားသခင် မိန့်တော်မူ ခဲ့သည်။
“သခင်ယေရှုသည် ကျွန်တော့်အပြစ်များအားလုံး ဆေးကြော ပေးတော်မူခဲ့သည်ဟူသောအချက်ကို ကျွန်တော်ယုံကြည်၍ မိမိအ တွေးအခေါ်များ စွန့်လွှတ်ခဲ့လျှင် ကျွန်တော်သည် ကောင်းကင်နိုင်ငံ တော်သို့ ဝင်ရောက်လိမ့်မည်။” “ငါ ယုံကြည်ခဲ့လျှင်၊ ငါ ယုံကြည်ခြင်း တစ်ခုသာ ရှိခဲ့လျှင်။”  ဤသို့ဖြင့် အပ္ပါယ်ငရဲ၌ ဤစကားများပြော သောသူ များစွာ ရှိကြသည်။ သူတို့က “လျှင်၊ လျှင်၊ ငါ ယုံကြည်ခဲ့ လျှင်၊ ငါက သမ္မာတရားကို ရရှိခဲ့လျှင် ကိုယ်‌တော်၏သားတော်ကို ရ ရှိလိမ့်မည်။ ဘာကြောင့် ငါက လည်ပင်ခိုင်မာသလဲ...”
ထိုအချိန်တွင် ကျွန်ုပ်တို့ဖြောင့်မတ်သူများသည် “သခင်၊ ယခု တွင် အပြစ်သားများသည် အဘယ်အရာပြုနေသည်ကို ဖွင့်ပြတော် မူပါ။ သူတို့သည် ကျွန်ုပ်တို့ ဖြောင့်မတ်သူများကို ညှဉ်းပန်းနှိပ်စက် နေကြတယ်”ဟု တောင်းလျှောက်ကြလိမ့်မည်။ “မဟုတ်ပါ။ ငါသား တို့၊ သူတို့အကျင့်ဆိုးများကို သင်မြင်တွေ့ပြီးနောက် သင်၏နှလုံး သားသည် ဆင်းရဲဒုက္ခရောက်သောကြောင့် သင့်အတွက် မ‌ကောင်း ပါ။ သင်သည် ဒုက္ခရောက်နေသည်ကို သူတို့သိရန် သင်ဆန္အမှန်အ ကန်ရှိသလား။”  “ကျေးဇူးပြု၍ တစ်ကြိမ်တည်း ပြတော်မူပါ။” ကိုယ် တော်သည် ရက်ရောတော်မူသောကြောင့် တစ်နေ့နေ့ ထိုအရာကို ကိုယ်တော်ဖွင့်ပြနိုင်လိမ့်မည်။ ထိုကြောင့် ကျွန်ုပ်တို့သည် ထိုအရာကို မြင်တွေ့သည် ဆိုကြပါစို့။ “ငါယုံကြည်ခဲ့လျှင်၊ ငါယုံကြည်ခဲ့လျှင်”ဟူ သော ငိုကြွေးသံများစွာ ရှိလိမ့်မည်။ ထိုနောက် ကျွန်ုပ်တို့သည် “ဤ ဆူညံကဘာပါလိမ့်။ သူတို့သည် သီချင်းဆိုနေကြသလား”ဟု တွေ ဝေလိမ့်မည်။ “သူတို့သည် သီချင်းဆိုနေကြသလော၊ သို့မဟုတ် ငို ကြွေးကြသလောဟု သေချာစွာ နားထောင်ပါ။” ငရဲမီးအိုင်၌နေသော ယောက်ျားနှင့်မိန်းများတို့သည် “ငါ ယုံကြည်ခဲ့လျှင်”ဟူသော သီချင်း ကို ဝမ်းနည်းကြေကွဲစွာ ဆိုကြသည်။ 
လည်ပင်းခိုင်မာသောသူများသည် မှန်ကန်သောနည်းလမ်းဖြင့် ခေါင်းမာမှုမရှိကြလျှင် သူတို့သည် အပ္ပါယ်ငရဲသို့ သွားကြလိမ့်မည်။ ကျွန်ုပ်တို့သည် သမ္မာတရားကို ခိုင်ခံ့မြဲမြံစွာ ဆုပ်ကိုင်ထားရန် အမှန် အကန် လိုအပ်ကြသည်။ လူသည် စိတ်မတိုသင့်ပေ။ ကျွန်ုပ်တို့သည် ဇွဲရှိရန် လိုအပ်သောအခါ ဇွဲရှိကြမည်။ ကျွန်ုပ်တို့အားလုံးသည် မှန် ကန်သောနည်းလမ်းဖြင့် ဇွဲရှိကြ၍ လိုအပ်သောအခါ ဇွဲရှိကြမည် ဖြစ်သည်။ 
 

ဘုရားသခင်သည် အားလုံးအား မိမိအကျင့်များနှင့်အညီ ပြန်ပေးဆပ်တော်မူလိမ့်မည်

ဘုရားသခင်သည် “လူအသီးသီးတို့အား မိမိတို့ပြုသောအမှုနှင့်အညီ အကျိုးအပြစ်ကိုပေးတော်မူလိမ့်မည်။ ကောင်းသောအမှုကို ဇွဲလုံ့လဖြင့်ပြုလျက် ဘုန်းတော်၊ ဂုဏ်တော်နှင့် ဖောက်ပြန်ပျက်စီးခြင်းနှင့်ကင်းသောအရာတို့ကိုရှာဖွေသောသူတို့အား ထာဝရအသက်ကို ပေးတော်မူလိမ့်မည်”(ရောမ ၂း၆-၇)။ ဘုရားသခင်သည် လူသား အားလုံးအား မိမိပြုသောအမှုများနှင့်အညီ ပြန်လည်ပေးဆပ်တော်မူ ၍ တရားစီရင်တော်မူလိမ့်မည်။ ‘ပေးဆပ်ခြင်း’အဓိပ္ပါယ်မှာ ‘ပြုသော အမှုနှင့်အညီ ဆုချခြင်း’ ဖြစ်သည်။ မည်သို့သောသူသည် ဘုန်းတော်၊ ဂုဏ်ပြုခြင်း၊ အလေးအမြတ်နှင့် နစ္စအရာကို ရှာဖွေစဉ် ကောင်းသော အကျင့်ကို ဇွဲလှုံ့လကို အသုံးပြုသနည်း။ သူသည် သခင်ယေရှု၏ ပြည့်စုံသော ကယ်တင်ခြင်းကို ယုံကြည်သူ ဖြစ်သည်။ 
ဤလောကတွင် လူများစွာရှိကြသော်လည်း သူတပါးသည် မည်သို့အရာကို ပြောနေပါစေ ဖြောင့်မတ်ခြင်းအတွက် စိတ်ရှည်၍ ကိုယ်တော်၏သမ္မာတရားကို ယုံကြည်သူများကိုသာ ထာဝရအသက် ပေးအပ်တော်မူသည်။ ဖြောင့်မတ်သူဖြစ်ရန် ဆန္ဒရှိသူများနှင့် ထာဝရ ဝမ်းမြောက်သောအသက်တာဖြင့် အသက်ရှင်လိုသူများအပေါ် ဘု ရားသခင်သည် ထာဝရနိုင်ငံတော်၏ဘုန်းတော်ကို ပေးအပ်တော်မူ သည်။ သူတို့သည် ကောင်းသောအကျင့်များကို ဆက်လက်ကျင့် ဆောင်ကြ၍ ဘုန်းတော်၊ ဂုဏ်ပြုခြင်းနှင့်နစ္စအရာကို ရှာဖွေ၍ ဘုရား သခင်၏သားများ ဖြစ်လိုကြသည်။ သူတို့သည် ဘုရားသခင်၏ဖြောင့် မတ်ခြင်းနောက်သို့ လိုက်လျှောက်ရန်နှင့် လိုက်လံရန် ကောင်းသော အကျင့်ကို ဇွဲလှုံ့လဖြင့် ဆက်လက်လုပ်ဆောင်ကြသည်။ ဘုရားသ ခင်သည် ထာဝရအသက်ကို ဤသို့သောပုဂ္ဂိုလ်များအား ပေးအပ် တော်မူသည်။ ဘုရားသခင်သည် သူတို့သည် ထာဝရအသက်ရှင်စေ တော်မူ၍ မိမိသားသမီးများဖြစ်စေတော်မူသည်။ ဘုရားသခင်၏သား များသည် ကိုယ်တော်၏နိုင်ငံတော်၌ ဘုရားငယ်များဖြစ်ကြသည်။
“တစ်ကိုယ်ကောင်းဆန်၍ သမ္မာတရားကိုမနာခံဘဲ မတရားမှုနောက်သို့လိုက်သောသူတို့အပေါ်၌မူကား ပြင်းစွာသောဒေါသနှင့်အ မျက်တော်ကို သက်ရောက်စေတော်မူလိမ့်မည်”(ရောမ ၂း၈)။ “သို့ သော် ထိုသူများ”သည် ကောင်းကြီးမင်္ဂလာခံစာဂရန် ဆန့်ကျင်သော အဖွဲ့ကို ရည်ညွှန်းသည်။ ဘုရားသခင်၏ဒေါသနှင့်အမျက်တော်သည် ကိုယ်တော်၏ဖြောင့်မတ်ခြင်းကို နာမခံသူများ၊ သမ္မာတရားကို ငြင်း ခုံပြီး နာမခံသူများထံ ပေးအပ်သည်။ ဘုရားသခင်သည် သူတို့ကို အပ္ပါယ်ငရဲသို့ စေလွှတ်တော်မူသည်။ ဒုတိယမွေးဖွားခြင်းမခံရသေး သောသူများနှင့် သမ္မာတရားကို နာမခံသောသူများသည် အဖွဲ့တစ်ခု အဖြစ် သမ္မာတရားကို ငြင်းခုံ၍ ဆန့်ကျင်ကြသည်။
ဒုတိယမွေးဖွားခြင်းမခံရသေးသောသူများသည် ငြင်းခုံတတ်ကြ ၍ အုပ်စုဖွဲ့တတ်ကြသည်။ ကိုးရီးယားသမိုင်းတလျှောက်တွင် ကျွန်ုပ် တို့ဘိုးဘွားများသည် အုပ်စုဖွဲ့ခဲ့ကြ၍ နိုင်ငံရေးပြဿနာများတွင် အ ချင်းချင်း ရန်ဖြစ်စကားများကြသည်။ လီးမိသားစုများမှ တစ်ဉီက ရှင် ဘုရင်ဖြစ်လာသောအခါ လီးမိသားစုဝင်များသည် လူမှုဆက်ဆံရေး တွင် ရာထူးမြှင့်သောနေရာကိုရရှိကြပြီး အခြားသူများသည် နှင်ထုတ် ခြင်း သို့မဟုတ် ညှဉ်းပန်းနှိပ်စက်ခြင်းခံရကြသည်။ သို့သော် ကင်းမိ သားစုများ နန်တက်ကြသောအခါ အရာအားလုံးသည် လုံးဝ ပြောင်း လဲသွားခဲ့သည်။ လူများသည် မိမိကိုယ်ကျိုးအတွက် ဂိုဏ်းဖွဲ့ခဲ့ကြ၍ တရားသောအမှုအတွက် မလုပ်ဆောင်ကြပေ။ 
ပစ္စုပ္ပန်ခရစ်ယာန်ဘာသာသည် ဤအရာနှင့်ဆင်တူသည်။ သူ တို့သည် ဂုဏ်းဂဏများနှင့်အဖွဲ့အစည်းများ တည်ထောင်ကြသည်။ မည်သည့်အရာအတွက် ဖြစ်သနည်း။ သမ္မာတရားကို အဖွဲ့အစည်း တစ်ခုအဖြစ် နာခံရန် ဖြစ်သည်။ သခင်ယေရှုသည် လောကအပြစ် များကို ဆေးကြောတော်မူခဲ့သော်လည်း သူတို့မှာ အပြစ်ရှိကြသည် ဟု တစ်ညီတစ်ညွတ်တည်းပြောကြသည်။ သူတို့သည် ဖြောင့်မတ်သူ များနှင့်ကယ်တင်ခြင်းရရှိသူများအဖြစ် ဟန်ဆောင်ကြသော်လည်း သမ္မာတရားကို နာခံခြင်းမရှိကြပေ။ သူတို့သည် ဖြောင့်မတ်သူများ ကို သူတော်ကောင်းဟန်ဆောင်သူများအဖြစ် တရားစီရင်ကြ၍ သူတို့ သည် အပြစ်ရှိရန် အခွင့်အရေးရှိကြသည်ဟု ပြောကြသည်။ ဖြောင့် မတ်သူဟန်ဆောင်သောအပြစ်သားများသည် မှားယွင်း၍ သူတို့သည် အပ္ပါယ်ငရဲသို့ သွားရကြမည်ဟု သခင်မိန့်တော်မူသည်။
သမ္မာတရားနှင့်ဘုရားသခင်ကို နာခံသောသူများသည် သခင်၏ နှုတ်ကပတ်တော်ကိုလည်း နာခံကြသည်။ ဘုရားသခင်၏တရားစီ ရင်ခြင်းကို ယုံကြည်သောဖြောင့်မတ်သူ ကျွန်ုပ်တို့သည် သမ္မာတရား နှင့်ညီညွတ်သည်။
 

ခရစ်ယာန် ဂိုဏ်းဂဏများသည် ကျွန်ုပ်တို့အား ကောင်းကင်နိုင်ငံတော်သို့ စေလွှတ်နိုင်ကြသလော

ဂိုဏ်းဂဏအဖွဲ့အစည်းများသည် ကျွန်ုပ်တို့အား ကောင်းကင် နိုင်ငံတော်သို့ မစေလွှတ်နိုင်ကြပေ။ ကျွန်တော့်ဇနီးသည် ယောက္ခမ ထံ “ဘာသာရေးအဖွဲ့အစည်သည် သင့်ကို ကောင်းကင်နိုင်ငံတော်သို့ မပို့ဆောင်နိုင်ပါ”ဟု ပြောသောအခါ သူမသည် ဒေါသကို နှိုးဆော်ခဲ့ သည်။ ပွင့်ပွင့်လင်းလင်းပြောရလျှင် ကျွန်တော့်မိခင်သည် ဘာ ကြောင့် ယခုအထိ စိတ်ဆိုးမာန်ဆိုးဖြစ်ခဲ့ရသည်ကို ကျွန်တော်မသိ ပေ။ ဘာသာရေးအဖွဲ့သည် သင့်ကို ကောင်းကင်နိုင်ငံတော်သို့ ပို့ ဆောင်နိုင်သည်ဟု သင်ယူဆသလော။ လူတိုင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းရရှိ၍ ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်နိုင်သည်။ ဖရက်ဘက်တီးရင့် အသင်းတော်ဘာသာရေးအဖွဲ့အစည်းများသည် သင့်ကို ကောင်းကင် နိုင်ငံတော်သို့ ပို့ဆောင်နိုင်သလော။ နှစ်ခြင်းအသင်းတော်အဖွဲ့အ စည်သည် သင့်ကို ကောင်းကင်နိုင်ငံတော်သို့ ပို့ဆောင်ပေးနိုင်သ လော။ သန့်ရှင်းသောအသင်းတော်သည်လည်း ပို့ဆောင်နိုင်သလော။  ဉပုသ်နေ့အသင်းတော်သည် ပို့ဆောင်နိုင်သလော။ မပို့ဆောင်နိုင် ပေ။ သခင်ယေရှုသည် ကျွန်ုပ်တို့အတွက် ပြင်ဆင်ပေးတော်မူခဲ့သော အပြစ်ဖြေလွှတ်ခြင်းကို ကျွန်ုပ်တို့ယုံကြည်ကြသောအခါမှသာလျှင် ကျွန်ုပ်တို့သည် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်နိုင်ကြသည်။
 
 
ကျွန်ုပ်တို့သည် ဘုရားသခင်၏အသင်းတော်၌ ကိန်းဝပ် ရကြမည် ဖြစ်သည်

တမန်တော်ရှင်ပေါလုသည် ခရစ်ယာန်များအကြား ကောင်း ကင်နိုင်ငံတော်သို့ဝင်ရောက်မည်သူ ဖြောင့်မတ်သူများသည် အပ္ပါယ် ငရဲသို့သွားမည့်အပြစ်သားများကို ပြတ်ပြတ်သားသား ခွဲခြားခဲ့သည်။ သတင်းကောင်းမှာ ယုဒလူမျိုးများဖြစ်စေ၊ တပါးအမျိုးသားများဖြစ် စေ လူတိုင်းအတွက် အတူတူ ဖြစ်သည်။ ဤတွင် ဂရိလူမျိုးများသည် ဟေလသလူမျိုးများအတွက် ဖြစ်၍ ယုဒလူမျိုးများသည် ဣသရေလ လူမျိုးများအတွက် ဖြစ်သည်။ ဘုရားသခင်သည် လူသားများ၏အ ပြင်ပန်းသဏ္ဌာန်ကို ကြည့်ရှုတော်မမူပေ။ ဘုရားသခင်သည် ဘုရား သခင်၏နှုတ်ကပတ်တော်ကို နှလုံးသားဖြင့် ယုံကြည်သူတစ်ဉီးကို ကြည့်ရှုတော်မူသည်။ သခင်ယေရှုသည် ဘုရားဖြစ်တော်မူသည်ဟု သင်ယုံကြည်သလော။ သခင်ယေရှုသည် ကျွန်ုပ်တို့ကယ်တင်ရှင်အ ဖြစ် သင်ယုံကြည်သလော။ သခင်ယေရှုသည် ဗတ္တိဇံအားဖြင့် လော ကအပြစ်များအားလုံးကို ယူဆောင်သွားတော်မူခဲ့သည်ဟု ကျွန်ုပ်တို့ ယုံကြည်မှသာလျှင် ကျွန်ုပ်တို့သည် ကောင်းကင်နိုင်ငံတော်သို့ သွား ရောက်နိုင်ကြသည်။ ကျွန်ုပ်တို့သည် ဤအရာကို ယုံကြည်၍ မရောင်းစားရကြပေ။ ကျွန်ုပ်တို့နှင့်အတူရှိတော်မူသော သန့်ရှင်း သောဝိညာဉ်တော်သည် ကျွန်ုပ်တို့ယုံကြည်ခြင်းများကို ရောင်းစား ခြင်းမှ ကွယ်ကာ၍ န်ုပ်တို့အပေါ် အန္တရာယ်ရောက်လာသောအခါ ကျွန်ုပ်တို့ရာသူများအပေါ် အနိုင်ယူရန် မစတော်မူသည်။ ကျွန်ုပ်တို့ သည် သတိချပ်ရကြမည် ဖြစ်သည်။
သမ္မာကျမ်းစာတွင် မြေဆီလွှာလေးမျိုးပုံဉပမာအကြောင်းကို ဖော်ပြထားသော်လည်း အချို့သောမြေဆီလွှာတို့သည် မယုံကြည်သူ များကို ပြဌာန်းထားသည်။ ထိုမြေဆီလွှာများ၌ စိုက်သောအပင်များ သည်  အပင်ထွက်လာသည်နှင့်မကြာမီ သေဆုံးကြသည်။ ဤကိစ္စ မှာ သေသောမျိုးစေ့နှင့်အတူတူ ဖြစ်သည်။ သေခြင်းနှင့် အတူတူ ဖြစ်သည်။ ထိုနောက် ကျွန်ုပ်တို့သည် မိမိယုံကြည်မှုကို မိမိကိုယ်ကို ကိုယ် ထိန်းချုပ်နိုင်ကြမည်လော။ မထိန်းချုပ်နိုင်ကြပေ။ ကျွန်ုပ်တို့ သည် စစ်မှန်သောစပျစ်နွယ်ပင်များ၌ တည်ကြည်သောအခါ ဒုက္ခ ဆင်းရဲခြင်းတစ်စုံတစ်ခုကို သည်းခံနိုင်ရန်နှင့် ဝိညာဉ်ရေးရာရောဂါ အားလုံးကို ကုသပေးနိုင်ရန် ခွန်အားအစွမ်းအစကို ကိုယ်တော်သည် ကျွန်ုပ်တို့အား ပေးအပ်တော်မူမှသာလျှင် ကျွန်ုပ်တို့သည် မိမိယုံ ကြည်မှုများကို စောင့်ရှောက်နိုင်ကြသည်။
ဘုရားသခင်၏အသင်းတော်သည် စပျစ်နွယ်ဖြစ်သည်။ ကျွန်ုပ် တို့သည် ဘုရားသခင်၏အသင်းတော်နှင့် ဆက်နွယ်မှသာလျှင် ကောင်းကြီးမင်္ဂလာများ၊ ကုသခြင်းများ၊ နှစ်သိမ့်ခြင်းများနှင့် ညှဉ်း ပန်းနှိပ်စက်ခြင်းကို သည်းခံနိုင်သောယုံကြည်ခြင်းကို ကိုယ်တော် သည် ကျွန်ုပ်တို့အား ပေးအပ်တော်ူမသည်။ သို့သော် ကျွန်ုပ်တို့ သည် စပျစ်နွယ်ပင်နှင့်မဆက်သွယ်သောအခါ ကျွန်ုပ်တို့ပေါ် အဘယ် အရာ ဖြစ်ပျက်လိမ့်မည်နည်း။ ကျွန်ုပ်တို့သည် လျှင်မြန်စွာ သေရကြ လိမ့်မည်။ ဖြောင့်မတ်သူများ၏နှလုံးသားများသည် အစွမ်းအစများ နှင့် တန်ခိုးများရှိကြသော်လည်း သူတို့သည် အသင်းတော်နှင့်စည်း လုံးခြင်းရှိရန် ဆန္ဒမရှိကြလျှင် သူတို့သည် စာတန်တိုက်ခိုက်မှုများ ကို ဆန့်ကျင်ရန် မစွမ်းဆောင်နိုင်ဘဲ ဖျားနာကြသည်။ သင်သည် ထို အရာကို မြင်တွေ့သလော။ သူတို့သည် တဖြည်းဖြည်း လဲကျ၍ ပို၍ အသုံးမရ ဖြစ်လာကြသည်။ သမ္မာကျမ်းစာက “သင်တို့သည် ကမ္ဘာမြေ၏ဆားဖြစ်ကြ၏။ သို့သော် ဆားသည် အငန်ဓာတ်ကင်းမဲ့သွားလျှင် ၎င်းကို မည်ကဲ့သို့ပြန်၍ငန်စေမည်နည်း။ မည်သည့်အရာအ တွက်မျှ အသုံးမဝင်တော့သဖြင့် အပြင်သို့ပစ်လိုက်၍ လူတို့၏နင်း ချေခြင်းခံရရုံသာရှိပေတော့မည်”(မဿဲ ၅း၁၃)ဟု ဖော်ပြထားသည်။
ဖြောင့်မတ်သူများပင်လျှင် အသင်းတော်နှင့်အဆက်အသွယ် ပြတ်၍ အသက်ရှင်ကြလျှင် မည်သည့်အရာတစ်စုံတစ်ခုအတွက် မ ကောင်းပေ။ သူတို့သည် အသင်းတော်နှင့်ဆက်သွယ်သောအခါ သူ တို့၏အလင်းကို ထွန်းလင်းစေနိုင်၍ ကောင်းကြီးမင်္ဂလာခံစားရကြ သည်။ သို့သော် သူတို့သည် အသင်းတော်နှင့် အဆက်အသွယ်ပြတ် ၍အသက်ရှင်သောအခါ သူတို့သည် ပျက်စီး၍ သူတို့သည် အသင်း တော်မှ လောကသို့ လမ်းလွှဲသောအခါ လောကကို မအောင်နိုင်ကြ ပေ။ သင်သည် မိမိယုံကြည်မှုများကို မည်မျှ ကြာရှည်စွာ ဆုပ်ကိုင် နိုင်သနည်း။ သင်သည် ဘုရားသခင်၏အသင်းတော်နှင့် မည်မျှကြာ ရပ်တည်နိုင်သနည်း။ ဘုရားသခင်၏အစေခံများပင်လျှင် မအောင် မြင်နိုင်ကြပေ။ သို့သော် ကျွန်ုပ်တို့သည် စပျစ်နွယ်ပင်နှင့်ဆက်နွယ် လျှင် ကျွန်ုပ်တို့အိမ်ထောင်မိသားစူသည် ကယ်တင်ခြင်းခံရကြ၍ ကျွန်ုပ်တို့အားဖြင့် လူများစွာတို့သည် အပြစ်ဖြေလွှတ်ခြင်း ရရှိနိုင်ကြ သည်။ လောတသည် ဇာတိပကတိစိတ်အလိုသို့ လိုက်လျှောက်ပြီး နောက် မည်သည့်နေရာသို့ သွားခဲ့သနည်း။ သူသည် သောဒုံမြို့သို့ သွားခဲ့သည်။ သူသည် ထိုနေရာတွင် ကောင်းမွန်စွာ အသက်ရှင်ခဲ့ သည်။ ဆိုးကျိုးမှာ အဘယ်အရာ ဖြစ်သနည်း။ သူသည် ပျက်စီးခဲ့ရ သည်။ လောတ၏မျိုးဆက်များအားလုံးသည် ပျက်သုံးသည်ဟု သမ္မာ ကျမ်းစာက ပြောထားသည်။ မောဘလူမျိုးများနှင့် အာမုန်လူမျိုး များသည် လောတ၏သမီးများမှ လာခဲ့ကြသည်။
ဘုရားသခင်ကို ဆန့်ကျင်သော လောတ၏အမျိုးအနွယ်များ သည် ဘာကြောင့် ဖြောင့်မတ်သူများ ဖြစ်ခဲ့ရကြသနည်း။ သူသည် အသင်းတော်နှင့်အဆက်အသွယ်ပြတ်ခဲ့သောကြောင့် ဖြစ်သည်။ ကျွန်တော်သည် အခက်အခဲကြုံတွေ့သောအခါ စိတ်မပျက်ရခြင်းအ ကြောင်းမှာ ဘုရားသခင်သည် မိမိအသင်းတော်ကို တည်ထောင် တော်မူခဲ့သောကြောင့် ဖြစ်သည်။ ဘုရားသခင်သည် ဖြောင့်မတ်သူ များ အတူတူ စုရုံးသောအသင်းတော်ကို ကောင်းကြီးမင်္ဂလာချပေး တော်မူ၍ သန့်ရှင်းသူအားလုံးအတွက် အသင်းတော်၏သိုးထိန်းနှင့် သခင် ဖြစ်တော်မူသည်။ ထိုအရာမှာ ကိုယ်တော်၏ကတိတော်နှင့် အာမခံချက် ဖြစ်သည်။
“ပညတ်တရားမပါဘဲ အပြစ်ပြုသောသူရှိသမျှသည် ပညတ်တရားမပါဘဲ ပျက်စီးကြလိမ့်မည်။ ပညတ်တရားအောက်၌ရှိလျက် အပြစ်ပြုသောသူရှိသမျှသည်လည်း ပညတ်တရားအားဖြင့် စီရင်ခြင်းခံရကြလိမ့်မည်။အကြောင်းမူကား ပညတ်တရားကိုကြားနာသောသူတို့သည် ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်ကြသည်မဟုတ်။ ပ ညတ်တရားကိုလိုက်နာကျင့်သုံးသောသူတို့သာလျှင် ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရကြ၏။ ပညတ်တရားမရှိသောလူမျိုး ခြားတို့သည် ပညတ်တရား၏ပြဋ္ဌာန်းချက်များကို အလိုအလျောက်လိုက်နာကျင့်သုံးကြသောအခါ သူတို့၌ပညတ်တရားမရှိသော်လည်း သူတို့ကိုယ်တိုင်သည် မိမိတို့အတွက် ပညတ်တရားဖြစ်ကြပြီး 15မိမိတို့စိတ်နှလုံးထဲ၌ရေးထားသည့် ပညတ်တရားနှင့်ဆိုင်သောအကျင့်ကို ပြသလျက်ရှိကြ၏။ သူတို့၏အသိစိတ်သည်လည်း အတူတကွသက်သေခံ၍ သူတို့၏စဉ်းစားဆင်ခြင်မှုတို့သည် အချင်းချင်းစွပ်စွဲတစ်ခါ ကာကွယ်တစ်လှည့်ပြုနေကြ၏”(ရောမ ၂း၁၂-၁၅)။
ဘုရားကျောင်းသို့ မသွားသောသူတစ်ဉီးသည် ဤနေ့များတွင် ပတ်တော်ကို မသိကြပေ။ ထိုနောက် သူသည် ပညတ်တော်ကို မသိ သောကြောင့် သူ၏စိတ်သည် ပညတ်တော် ဖြစ်လာသည်။ သူသည် မိမိမနောစိတ်များ၌ အမှားနှင့်အမှန်ကို သိသော်လည်း သူသည် ဆိုး သောအမှုကို ပြုနေသည်။ ထိုနောက် ထိုအရာသည် အပြစ်ဖြစ်၍ အ ပြစ်မှ ကယ်တင်ခြင်းခံရရန် သခင်ကို ရှာရမည် ဖြစ်သည်။ ဘုရားသ ခင်သည် သူ့ကို အမှန်အကန်တွေ့လိုသောသူများအားလုံး တွေ့တော် မူသည်။ 
ကျွန်ုပ်တို့သည် ဘုရားရှေ့တော်၌ ကိုယ်တော်၏ဂရုဏာတော် ကို ရှာဖွေ၍ ကိုယ်တော့်ကို ယုံကြည်ရကြမည် ဖြစ်သည်။ ကျွန်ုပ်တို့ သည် မိမိမာန်မာနကို စွန့်လွှတ်၍ ကိုယ်တော်ကို ယုံကြည်ရကြမည် ဖြစ်သည်။ ကျွန်ုပ်တို့သည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်ရကြ မည် ဖြစ်သည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏အသင်းတော်ကို မ စွန့်ခွါရကြပေ။ ကျွန်ုပ်တို့သည် အသင်းတော်ရှာဖွေ၍ ယုံကြည်ကာ ဆက်နွယ်ရကြမည် ဖြစ်သည်။ ကျွန်ုပ်တို့သည် ခွန်အားချည့်နည်း၍ သတ္တိမရှိကြသော်လည်း အသင်းတော်နှင့်ဆက်သွယ်သောအခါ ဘု ရားသခင်သည် ကျွန်ုပ်တို့ကို နှင်ထုတ်တော်မူလိမ့်မည် မဟုတ်ပေ။
 

ယုဒလူမျိုးများ၏အပြစ်

ယခုတွင် တမန်တော်ရှင်ပေါလုသည် ကောင်းကင်နိုင်ငံတော် သို့ သွားရောက်သောသူများနှင့် ယုဒလူမျိုးများကို ခွဲခြားပြီးနောက် ယုဒလူမျိုးများထံ သတင်းကောင်းကို ပြည့်စုံစွာ ဟောပြောရန် အစ ပြုသည်။ 
“အကယ်၍ သင်သည် မိမိကိုယ်ကိုဂျူးလူမျိုးဟုခေါ်လျက်၊ ပ ညတ်တရားကိုကိုးစားလျက်၊ ဘုရားသခင်၌ဝါကြွားလျက်၊ အလိုတော်ကိုသိလျက်၊ ပညတ်တရား၏သွန်သင်မှုကို ခံယူပြီးဖြစ်သော ကြောင့် မြင့်မြတ်သောအရာများကို ပိုင်းခြားသိရှိလျက်ပညတ်တရားအားဖြင့် အသိပညာနှင့်သမ္မာတရားတို့၏အနှစ်သာရကို ရရှိထားသည်ဖြစ်၍ မိမိကိုယ်ကို မျက်မမြင်တို့၏လမ်းပြ၊ အမှောင်ထဲ၌နေသောသူတို့အတွက်အလင်း၊ မိုက်မဲသောသူတို့ကိုဆုံးမပဲ့ပြင်သူ၊ က လေးသူငယ်များ၏ဆရာဖြစ်သည်ဟု ယုံကြည်စိတ်ချလျှင် သူတစ်ပါးကိုသွန်သင်လျက်ပင် သင့်ကိုယ်သင်မသွန်သင်သလော။ မခိုးယူရဟုဟောပြောလျက်ပင် သင်ကိုယ်တိုင်ခိုးယူရသလော။ အိမ်ထောင်ရေးဖောက်ပြန်မှုကို မကျူးလွန်ရဟုဆိုလျက်ပင် သင်ကိုယ်တိုင်ကျူးလွန်ရသလော။ ရုပ်တုများကိုရွံရှာလျက်ပင် ၎င်းတို့၏ဗိမာန်များကို သင်ကိုယ်တိုင်ဖောက်ထွင်းလုယူရသလော”(ရောမ ၂း၁၇-၂၂)။
ကျွန်ုပ်တို့သည် အောက်ပါအတိုင်း သိရကြမည် ဖြစ်သည်။ ဘု ရားသခင်သည် ယုဒလူမျိုးများထံ ကိုယ်တိုင်ကိုယ်ကျ ပြောကြား တော်မူခဲ့သောကြောင့် သူတို့သည် ဘုရားသခင်၏နှုတ်ပတ်တော်နှင့် ယဇ်ပူဇော်ခြင်းကို သိခဲ့ကြသည်။ ကိုယ်တော်သည် ယုဒလူမျိုးများ အားဖြင့် မေရှိယကြွလာတော်မူခြင်းကို ကတိပြုတော်မူခဲ့၍ မိမိအ စေခံယုဒလူမျိုးများအားဖြင့် မိမိအကြံအစည်ကို ပြသတော်မူခဲ့သည်။ ထိုကြောင့် မောရှေနှင့်ပရောဖက်များအားလုံးသည် ယုဒလူမျိုးများ ဖြစ်ကြသည်။ သို့သော် ယုဒလူမျိုးများသည် ဘုရားသခင်ဝမ်းမြောက် စေတော်မူသောအရာများနှင့် ပညတ်တော်များကို နားလည်ခဲ့ကြ၍ ဘုရားသခင်၏နှုတ်ကပတ်တော်ကို အာဂုဏ်ဆောင်ကာ အလွှတ် ကျက်မှတ်ခဲ့ကြသည်ဟု ထင်ခဲ့ကြသည်။ သို့သော် တမန်တော်ရှင် ပေါလုက “အကယ်၍ သင်သည် မိမိကိုယ်ကိုဂျူးလူမျိုးဟုခေါ်လျက်၊ ပညတ်တရားကိုကိုးစားလျက်၊ ဘုရားသခင်၌ဝါကြွားသည်” ဟုပြော ခဲ့သည်။ ယုဒလူမျိုးများသည် ဘုရားသခင်၌ ဝါးကြွားကြ၍ ယဇ်ပူ ဇော်ခြင်းများကို ရိုးသားပွင့်လင်းစွာ အစေခံကြသော်လည်း သူတို့ သည် ကယ်တင်ခြင်းမခံရကြပေ။ သခင်ယေရှုကို ကယ်တင်ရှင်အ ဖြစ် အပြည့်အဝ မယုံကြည်သူများသည် သာသနာပလူများနှင့်အတူ တူပင် ဖြစ်သည်။ သူတို့သည် ဘုရားသခင်က ယဇ်ပူဇော်သက္ကာအား ဖြင့် ကယ်တင်တော်မူခဲ့သည်ဟူသော ကိုယ်တော်၏ကတိတော်ကို မ ယုံကြည်၊ သခင်ယေရှု၊ ကယ်တင်ရှင်ကိုလည်း မယုံကြည်ကြသည် ကို ဆိုလိုသည်။ 
ယုဒလူမျိုးများသည် သခင်ယေရှုကို ကယ်တင်ရှင်အဖြစ် မယုံ ကြည်ကြသောကြောင့် သူတို့သည် အပ္ပါယ်ငရဲသို့ သွားရကြလိမ့် မည်။ သူတို့သည် သိုး၏ဉီးခေါင်းပေါ်တွင် လက်များ ခဏခဏတင် ခြင်းသည် သူတို့အတွက် အသုံးမဝင်ပေ။ ဓမ္မဟောင်းကျမ်းနောက် ဆုံးစာအုပ် မာလခိအနာဂတ္တိကျမ်းအချိန်၌ ‘လက်များတင်ခြင်း’မှာ ‘အပြစ်များလွှဲပြောင်းခြင်း’ဆိုလိုသည်ဟု သူတို့မှာ အမှန်အကန် မသိ ခဲ့ကြပေ။ သူတို့သည် ဒါဝိဒ်အချိန်အထိ ကောင်းမွန်စွာ ယုံကြည်ခဲ့ကြ သော်လည်း ရှောလမုန်ခေတ်ရောက်လာသောအခါ သူတို့၏ယုံကြည် မှုများသည် လျော့နည်းလာခဲ့သည်။ နိုင်ငံတော်နှစ်ခြမ်းကွဲသွားသည့် အချိန်တွင် သူတို့သည် ဗာလနှင့်အာရှရကဲ့သို့သော အခြားဘုရား ငယ်များကို ကိုးကွယ်၍ ဗိမာန်တော်၌ ထုံးတမ်းစဉ်လာအရယဇ်ပူ ဇော်သက္ကာကို ပြုခဲ့ကြသည်။ ထုံးတမ်းစဉ်လာအရ ယဇ်ပူဇော် သက္ကာပြုခြင်းမှာ ဘုရားကို မယုံကြည်ခြင်း ဖြစ်သည်။ ကျွန်ုပ်တို့ သည် ကိုယ်တော်၏နှုတ်ကပတ်တော်နှင့်ဆက်နွယ်သောအခါ ဘုရား သခင်သည် ကျေနပ်တော်မူသည်။ 
တဲတော်၏ယဇ်ပူဇော်သက္ကာ၌ လူတစ်ဉီး၏အပြစ်များကို ယဇ် ကောင်၏ဉီးခေါင်းပေါ်တွင် လက်များတင်ခြင်းအားဖြင့် လွှဲပြောင်း ပေးခဲ့သည်။ သို့သော် သူတို့သည် အမှားနှင့်အမှန်ကို သိခဲ့ကြသော် လည်း သူတို့သည် ၎င်းကို မယုံကြည်ဘဲ သူတပါးကို သွန်သင်ခဲ့ကြ သည်။ ထိုအရာသည် ယုဒလူမျိုးများ၏အပြစ် ဖြစ်သည်။ ဘုရားသ ခင်၏နှုတ်ကပတ်သမ္မာတရားကို မယုံကြည်ခြင်း၊ ကိုယ်တော်၏နှုတ် ကပတ်တော်ကို စာစောင်အဖြစ်သာ သိခြင်းနှင့် သူတပါးထံ နှုတ်က ပတ်တော်ကို ဟောပြောခြင်းသည် ယုဒလူမျိုးများ၏အပြစ် ဖြစ်သည်။
ထိုအရာသည် ဘုရားသခင်ကို မယုံကြည်ခြင်းနှင့်တူသည်။ ထို အရာသည် သေထိုက်သောအပြစ်ဖြစ်သည်။ “အကယ်၍ သင်သည် မိမိကိုယ်ကိုဂျူးလူမျိုးဟုခေါ်လျက်၊ ပညတ်တရားကိုကိုးစားလျက်၊ ဘုရားသခင်၌ဝါကြွားလျက်၊ အလိုတော်ကိုသိလျက်၊ ပညတ်တရား၏သွန်သင်မှုကို ခံယူပြီးဖြစ်သောကြောင့် မြင့်မြတ်သောအရာများကို ပိုင်းခြားသိရှိလျက် ပညတ်တရားအားဖြင့် အသိပညာနှင့်သမ္မာတရားတို့၏အနှစ်သာရကို ရရှိထားသည်ဖြစ်၍ မိမိကိုယ်ကို မျက်မမြင်တို့၏လမ်းပြ၊ အမှောင်ထဲ၌နေသောသူတို့အတွက်အလင်း၊ 20မိုက်မဲသောသူတို့ကိုဆုံးမပဲ့ပြင်သူ၊ ကလေးသူငယ်များ၏ဆရာဖြစ်သည်ဟု ယုံကြည်စိတ်ချသည်။” ရှင်ပေါလုက ယုဒလူမျိုးများအကြားမယုံ ကြည်မှုအပြစ်ကို လက်ညှိုးထားပြခဲ့သည်။ 
 

နှလုံးသား၌အပြစ်များဖြင့် သခင်ယေရှုကို ယုံကြည်ခြင်း ကို ဘုရားက ဆက်စုပ်ရွံရှာ‌တော်မူသည်

ယုဒလူမျိုးများ၏ကဲ့ရဲ့မှုကို ယနေ့ခရစ်ယာန်အများစုအတွက် ကျွန်ုပ်တို့အသုံးချနိုင်ကြသည်။ ယုဒလူမျိုးများသည် သူတို့အပြစ်များ အားလုံး ဖယ်ရှားပေးတော်မူခြင်းအားဖြင့် သခင်ယေရှုသည် သူတို့ ကို စင်ကြယ်စေတော်မူခဲ့သည်ဟု မယုံကြည်သူများနှင့် အတူတူ ဖြစ် သည်။ “ပညတ်တရား၌ဝါကြွားလျက်ပင် သင်ကိုယ်တိုင်ပညတ်တရားကိုဖောက်ဖျက်ကျူးလွန်ခြင်းဖြင့် ဘုရားသခင်ကိုမထီလေးစားပြုရသလော။ ဤသည်ကား “ဘုရားသခင်၏နာမတော်သည် သင်တို့ကြောင့် လူမျိုးခြားတို့တွင် စော်ကားပြောဆိုခြင်းကိုခံရလျက်ရှိ၏”ဟု ကျမ်းစာ၌ရေးထားသည့်အတိုင်းဖြစ်၏”(ရောမ ၂း၂၃-၂၄)။ ကျွန်ုပ် တို့သည် သခင်ယေရှုကို မှားသောနည်းလမ်းအားဖြင့် ယုံကြည်ကြ လျှင် ဘုရားသခင်၏နာမတော် ညစ်ညူးစေခြင်း ဖြစ်သည်။ သခင် ယေရှုပြုတော်မူခဲ့သောအရာများ တိကျစွာ ကျွန်ုပ်တို့သည် မယုံ ကြည်ကြလျှင်၊ ကျွန်ုပ်တို့သည် ဒုတိယမွေးဖွားခြင်း မခံရကြလျှင် ထို အရာသည် ဘုရားသခင်၏နာမတော် ညစ်ညမ်းစေခြင်း ဖြစ်သည်။
ဒုတိယမွေးဖွားခြင်းမရှိဘဲ သခင်ယေရှုကို ယုံကြည်ခြင်းသည် ဘုရားသခင်ကို ညစ်ညူးစေခြင်း ဖြစ်သည်။ “သင်သည် ပညတ်တ ရားကိုကျင့်သုံးလျှင် အရေဖျားလှီးခြင်းသည် အမှန်ပင်အကျိုးရှိ၏။ သို့သော်သင်သည် ပညတ်တရားကိုဖောက်ဖျက်ကျူးလွန်သူဖြစ်ပါက သင်၏အရေဖျားလှီးခြင်းသည် အရေဖျားမလှီးခြင်းဖြစ်သွား၏။ ထို့ ကြောင့် အရေဖျားမလှီးသောသူသည် ပညတ်တရား၏ပြဋ္ဌာန်းချက်များကို စောင့်ထိန်းလျှင် သူ၏အရေဖျားမလှီးခြင်းသည် အရေဖျားလှီးခြင်းအဖြစ် သတ်မှတ်ခြင်းခံရမည်မဟုတ်လော။ ထိုအခါ ကိုယ် ခန္ဓာတွင် အရေဖျားမလှီးထားသော်လည်း ပညတ်တရားကို အပြည့် အဝစောင့်ထိန်းသောသူသည် အက္ခရာတင်ထားသောတရားနှင့် အ ရေဖျားလှီးခြင်းရှိလျက်ပင် ပညတ်တရားကိုဖောက်ဖျက်ကျူးလွန်သောသင့်ကို စီရင်လိမ့်မည်။ တစ်နည်းဆိုသော် အပြင်ပန်းအားဖြင့် ဂျူးလူမျိုးဖြစ်သောသူသည် ဂျူးလူမျိုးအစစ်အမှန်မဟုတ်။ အပြင် ပန်းအားဖြင့် ကိုယ်ကာယ၌ခံယူသောအရေဖျားလှီးခြင်းသည်လည်း အရေဖျားလှီးခြင်းအစစ်အမှန်မဟုတ်။ အတွင်းသဘောအားဖြင့် ဂျူးလူမျိုးဖြစ်သောသူသာလျှင် ဂျူးလူမျိုးအစစ်အမှန်ဖြစ်ပြီး အက္ခရာ တင်ထားသောတရားအားဖြင့်မဟုတ်ဘဲ ဝိညာဉ်တော်အားဖြင့်ဖြစ်သော စိတ်နှလုံး၏အရေဖျားလှီးခြင်းပင် အရေဖျားလှီးခြင်းအစစ်အ မှန်ဖြစ်၏။ ထိုသို့သောသူသည် လူတို့ထံမှမဟုတ်ဘဲ ဘုရားသခင်ထံတော်မှချီးမွမ်းခြင်းကိုခံရ၏”(ရောမ ၂း၂၅-၂၉)။ ကျွန်ုပ်တို့အားလုံး သည် သခင်ယေရှု၏စကားတော်များကို နှလုံးသားများဖြင့် လက်ခံရ ကြမည် ဖြစ်သည်။ 
 

အရေဖျားလှီးခြင်း သို့မဟုတ် ပညတ်တော်၊ မည်သည့် အရာသည်  အဉီးဆုံးဖြစ်သနည်း

အရေဖျားလှီးခြင်း သို့မဟုတ် ပညတ်တော်သည် မည်သည့်အ ရာက အဉီးဆုံး ဖြစ်သနည်း။ ဘုရားသခင်သည် ဣသရေလလူမျိုး များအပေါ် မည်သည့်အရာကို အဉီးဆုံးပေးအပ်တော်မူခဲ့သနည်း။ ဘု ရားသခင်သည် အာဗြဟံထံ အရေဖျားလှီးရန် မိန့်တော်မူခဲ့သည်။ အာဗြဟံသည် အသက် ၉၉ နှစ်ရှိခဲ့သော်လည်း သားမရှိခဲ့ပေ။ သို့ သော် အာဗြဟံသည် အသက် ၇၅နှစ်ရှိသောအခါ ဘုရားသခင်သည် သားရရှိလိမ့်မည်ဟု ကတိပြုတော်မူခဲ့သည်။ ဘုရားသခင်သည် အာ ဗြဟံထံ “အပြင်သို့ ထွက်ခဲ့ပါ။ ကောင်းကင်ယံတွင် ကြယ်များကဲ့သို့ များစွာသော မျိုးဆက်များကို သင့်အားငါပေးလိမ့်မည်”ဟု မိန့်တော် မူခဲ့သည်။ အာဗြဟံသည် ဘုရားသခင်၏နှုတ်ကပတ်တော်ကို ယုံ ကြည်ခဲ့၍ နှစ်ပေါင်း ၂၅ နှစ် စောင့်မြော်ခဲ့သည်။ နောက်ဆုံးတွင် နှစ် ပေါင်း ၂၅ပြီးနောက် ကတိတော်သည် ပြည့်စုံခဲ့သည်။ ထိုကြောင့် သူ သည် အသက် ၁၀၀နှစ်ရှိသောအခါ သူသည် သားတစ်ဉီးရရှိခဲ့သည်။ သူသည် စောင့်မြော်နေစဉ် အနည်းငယ်စိတ်ပျက်မှုရှိ၍ အမှားများစွာ ပြုခဲ့သော်လည်း သူသည် နှစ်ပေါင်း ၂၅ နှစ် စောင့်ခဲ့ရသည်။ ဘုရား သခင်သည် သူနှင့် သူ၏သားများအား ကတိတော်မြေ၊ ဝိညာဉ်ရေး ရာ၌ ကောင်းကင်နိုင်ငံတော်ကို ပုံ‌ဆောင်သော ကာနန်ပြည်ကို ပေး မည်ဟု ကတိပြုတော်မူခဲ့သည်။
ဘုရားသခင်သည် အာဗြဟံအား ကောင်းကင်နိုင်ငံတော်ကို က တိပြုတော်မူခဲ့ပြီးနောက် ကိုယ်တော်သည် သူ့အား အာဗြဟံနှင့် ၎င်း ၏အိမ်သူအိမ်သားများရှိယောကျ်များအားလုံးကို အရေဖျားလှီးရမည် ဟု မိန့်တော်မူခဲ့သည်။ အရေဖျားလှီးခင်းသည် ဘုရားသခင်နှင့်သူ တို့အကြား ပဋိညာဉ်လက္ခဏာဖြစ်ရမည်ဟု ဘုရားသခင် မိန့်တော် မူ ခဲ့သည်။ ထိုကြောင့် အာဗြဟံသည် ၎င်း၏အရေဖျားကို လှီးဖြတ်ခဲ့ရ သည်။ သူ၏အိမ်သူအိမ်သားများရှိ ယောက်ျားအားလုံးကိုလည်း အ ရေဖျားလှီးခဲ့သည်။ အရေဖျားလှီးခြင်းမှာ ကျွန်ုပ်တို့သည် သမ္မာတ ရားသတင်းကောင်းကို ယုံကြည်၍ လက်ခံခြင်းအားဖြင့် ရရှိသော ယုံ ကြည်ခြင်းနှင့်တူသည်။
 

ဣသရေလလူမျိုးများသည် နှလုံးသားအရေဖျားလှီးခြင်းကို ငြင်းပယ်ခဲ့ကြသည်

သို့သော် ဣသရေလလူမျိုးများသည် အာဗြဟံ၏အမျိုးအနွယ် ဖြစ်ခြင်းနှင့် အရေဖျားလှီးခြင်းကို ဝါကြွားခဲ့ကြ၍ ဟေလသလူမျိုး များထံ “သင်တို့သည် အရေဖျားလှီးခြင်းခံရကြသလော”ဟု မောက် မာသောစိတ်ဖြင့် မေးခဲ့ကြသည်။ ကျွန်ုပ်တို့သည် နှလုံးသား၌ အရေ ဖျားလှီးခြင်းခံရကြမည် ဖြစ်သည်။ သခင်ယေရှုသည် လောကအပြစ် များကို ဖယ်ရှားပေးတော်မူခဲ့သည်ဟူသောနှုတ်ကပတ်တော်ကို ကျွန်ုပ်တို့ယုံကြည်ကြ၍ ထိုအရာကို နှလုံးသားများဖြင့် ယုံကြည်ကြ သောအခါ ကယ်တင်ခြင်း ခံရကြသည်။
ဣသရေလနိုင်ငံသည် နယ်မြေကျူးကျော်ခြင်းအခံရဆုံးသော နိုင်ငံ ဖြစ်သည်။ သူတို့သည် နှစ်ပေါင်းနှစ်ထောင်ခန့် အိုးမဲ့အိမ်မဲ့အ ဖြစ် ငိုကြွေးမြည်တမ်းခဲ့ကြသည်။ ဘုရားသခင်သည် ဣသရေလလူ မျိုးများကို ဒဏ်ခတ်တော်မူခဲ့သည်။ အဘယ်ကြောင့်နည်း။ သူတို့ သည် မယုံကြည်ခဲ့ကြသောကြောင့် ဖြစ်သည်။ 
ဘုရားသခင်သည် ဣသရေလလူမျိုးများကို ချစ်တော်မူခဲ့၍ သူ တို့၏အပြစ်များအားလုံး ကို ဆေးကြောပေးတော်မူခဲ့သည်ဟု ယုံ ကြည်ရန် အလိုတော်ရှိခဲ့သော်လည်း သူတို့သည် မယုံကြည်ကြသော ကြောင့် သူတို့သည် ဘုရားသခင်၏နာမတော်ကို ညစ်ညမ်းစေခဲ့ကြ သည်။ 
သူတို့သည် ကိုယ်တော်ကိုနှလုံးသားများဖြင့် ယုံကြည်ကြ၍ အ ပြစ်ဖြေလွှတ်ခြင်းခံရကြလျှင် သူတို့သည် လူများအားလုံးအပေါ် ဘုန်းအသရေကို ပေးအပ်တော်မူ၍ သူတို့အား ဘုရားသခင်၏သား သမီးများဖြစ်စေလိမ့်မည်ဟု ဘုရားသခင်ကတိပြုတော်မူခဲ့သည်။ ဣ သရေလလူမျိုးများ၏ စံနမူနာအားဖြင့်  လောကလူသားများသည် ကိုယ်တော်၏ကတိတော်ကို မလက်ခံကြလျှင် ကိုယ်တော်သည် သူ တို့အား အပ္ပါယ်ငရဲသို့ စေလွှတ်တော်မူလိမ့်မည်ဟု လူသားအားလုံး ကို သတိပေးတော်မူသည်။
ကိုယ်တော်၏သမ္မာတရားသတင်းကောင်းယုံကြည်သူများသည် လုပ်ဆောင်ချက်များ၌ မပြည့်စုံသော်လည်း သခင်ယေရှုကတိပြု တော်မူခဲ့သော ကောင်းကြီးမင်္ဂလာများအားလုံးကို ရရှိနိုင်ကြသည် ဟု ဘုရားသခင်ကတိပြုတော်မူခဲ့သည်။ ဘုရားသခင်၏တရားစီရင် ခြင်းကို ရှောင်လွှဲရန် တစ်ခုတည်းသောနည်းလမ်းမှာ သတင်း ကောင်းယုံကြည်ခြင်း ဖြစ်သည်။ သင်သည် သတင်းကောင်းကို ယုံ ကြည်လျှင် ကယ်တင်ခြင်းခံရ၍ အပ္ပါယ်ငရဲကို လွှဲရှောင်နိုင်လိမ့်မည်။
ဘုရားသခင်၏ကျေးဇူးတော်သည် ဝိညာဉ်များအားလုံးအပေါ် သက်ရောက်ပါစေဟု ကျွန်တော် ဆန္ဒပြုပါရစေ။