Search

တရားဟောချက်များ

ဘာသာရပ် ၉ - ရောမဩဝါဒစာ (ရောမဩဝါဒစာအနက်ဖွင့်ကျမ်းများ)

[2-1] ရောမ အခန်းကြီး ၂ ကို မိတ်ဆက်ပေးခြင်း

ဤလောက၌ ဘုရားသခင်ကို ယုံကြည်သူလူအုပ်စုနှစ်စုသာရှိ သည်။ ၎င်းတို့မျာ ယုဒလူမျိုးများနှင့် ခရစ်ယာန်များ ဖြစ်ကြသည်။ ဤအုပ်စုနှစ်ခုအကြားတွင် ပထမအဖွဲ့သည် သခင်ယေရှုကို မယုံ ကြည်ကြပေ။ ဒုတိယအုပ်စုသည် သခင်ယေရှုကို ယုံကြည်ကြသည်။  သခင်ယေရှုကို မယုံကြည်သူများ၏ယုံကြည်ခြင်းများသည် လုံးဝ အ သုံးမရပေဟု ဘုရားသခင်ထင်မှတ်တော်မူသည်။ သို့သော် ခရစ် ယာန်များတွေ့ကြုံရဆုံးသောပြဿနာမှာ သူတို့သည် သခင်ယေရှုကို  တစ်နည်းတစ်လမ်းအားဖြင့် ယုံကြည်ကြသော်လည်း အပြစ်များဖြေ လွှတ်ခြင်းမခံရကြခြင်း ဖြစ်သည်။ တမန်တော်ရှင်ပေါလုသည် ရောမ ဩဝါဒစာ အခန်းကြီး ၂ ကို ယုဒလူမျိုးများနှင့်ဂရိလူမျိုးများအတွက် သာမက ယနေ့ခရစ်ယာန်များအတွက်ပါ ဤအကြောင်းကို ပြော ကြားသည်။
 


ယုဒလူမျိုးများသည် သူတပါးကို လွယ်ကူစွာ တရားစီရင်ကြသည်


တမန်တော်ရှင်ပေါလုသည် တူညီသောယုံကြည်ခြင်းမျိုးကို ပိုင် ဆိုင်သော ယုဒလူမျိုးများနှင့်ခရစ်ယာန်များအပေါ် ရှုတ်ချခဲ့သည်။ ရောမ ၂း၁ တွင် ရှင်ပေါလုက “အချင်းလူ၊ တရားစီရင်သောသင်သည် အဘယ်သူနည်း”ဟု ပြော၍ ယုဒလူမျိုး သို့မဟုတ် ခရစ်ယာန်တစ်ဉီး ဖစ်ခြင်းဖြင့် ယဇ်မူးနေသောသူများကို ရှုတ်ချခဲ့သည်။ သခင်ယေရှုကို ယုံကြည်ပြီးနောက် ဒုတိယမွေးဖွားခြင်းမခံရသေးသောသူများသည် နှလုံးသား၌ ပညတ်တော်သိခြင်းအားဖြင့် မှားယွင်းသောအရာကို သိ ကြသည်။ ထိုကြောင့် သူတို့သည် သူ့ဉစ္စာကို မခိုးရန် သူတစ်ပါးအား ပြောကြသည်။ သို့သော် သူတို့သည် ဘုရားသခင်ကို ယုံကြည်သူများ အဖြစ် မိမိကိုယ်ကိုကိုယ်ပြော၍ ဘုရားသခင်၏ပညတ်တော်များဖြင့် သူတပါးကို လမ်းပြနေကြစဉ် သူတို့သည် မိမိကိုယ်တိုင် သူ့မယားကို ပြစ် မှား၍ သခင်၏နှုတ်ကပတ်တော်ကို မစောင့်ရှောက်ကြပေ။ ဤ ပုဂ္ဂိုလ်များသည် ဒုတိယမွေးဖွားခြင်းမခံရသေးသော ယုဒလူမျိုးများ နှင့် ခရစ်ယာန်များ ဖြစ်ကြသည်။
ဘုရားသခင်ကို ယုံကြည်သူများသည် ရုပ်တုကို မကိုးကွယ်ရန် သို့မဟုတ် လူ့အသက်မသတ်ရန် ပြောကြားကြ၍ ဘုရားသခင်၏ပ ညတ်တော်ကို စောင့်ရောက်ကြသည်ဟု ဝါကြွားကြသည်။ ထို ကြောင့် သူတို့သည် ကိုယ်တော်၏ပညတ်တော်များကို ချိုးဖောက် ခြင်းအားဖြင့် ဘုရားသခင်၏နာမတော်ရှုတ်ချကြသည်။ 
ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို မသိဘဲ သခင်ယေရှုကို ယုံ ကြည်သူများက သခင်ယေရှုသည် ကယ်တင်ရှင်ဖြစ်တော်မူသည်ဟု ပြောကြသည်။ သို့သော် သူတို့၏ယုံကြည်မှုများသည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းပေါ်တွင် အခြေမပြုသောကြောင့် သူတို့သည် မိမိအ ပြစ်များအားလုံးကို ဖယ်ရှားပေးတော်မူခဲ့သော ဘုရားသခင်၏စစ်မှန် သောဖြောင့်မတ်ခြင်းကို ဆန့်ကျင်ကြသည်။ သူတို့သည် ဘုရားကို စစ်မှန်သောယုံကြည်သူများကို ဆန့်ကျင်နေကြသည်ဟု မိမိကိုယ်ကို ကိုယ် မသိကြပေ။ လူများစွာတို့သည် မိမိကိုယ်ကိုကိုယ် ခရစ်ယာန် များဖြစ်ကြသည်ဟု ပြောကြသော်လည်း သခင်ယေရှု၏မေတ္တာ တော် သို့မဟုတ် ဝိညာဉ်ရေးရာအရေဖျားလှီးခြင်းမရှိဘဲ ဘုရားသခင် ၏ဖြောင့်မတ်ခြင်းပါဝင်သော သတင်းကောင်းကို ငြင်းပယ်ကြသည် ကို ကျွန်ုပ်တို့ တွေ့ရကြသည်။ သူတို့သည် ဘုရားသခင်၏အလိုတော် ကို လိုက်လျှောက်ကြသည်ဟု ကြွေးကြော်ကြသော်လည်း သူတို့ သည် သမ္မာတရားအားဖြင့် သခင်ယေရှုသည် မိမိကိုယ်ကိုကိုယ် ဘု ရားသခင်၏သားတော်အဖြစ် အသိအမှတ်ပြုတော်မူခြင်းကို ရှုတ်ချ ကြ၍ သခင်ယေရှုကို မလက်ခံကြဘဲ ကိုယ်တော်ကို ကားတိုင်ပေါ် တွင် သတ်ခဲ့ကြသည်။ 
အပြင်ပန်းသဏ္ဌာန်အားဖြင့် ယုဒလူဖြစ်ခြင်းမှာ ယုဒလူမဟုတ် ဘဲ အတွင်းသဏ္ဌာန်အားဖြင့် ယုဒလူဖြစ်ခြင်းမှာ စစ်မှန်သောယုဒလူ ဖြစ်သည်ဟု တမန်တော်ရှင်ပေါလုက ပြောခဲ့သည်။ သူတို့သည် ဘု ရားသခင်၏လူများဖြစ်ကြသည်ကိုလည်းကောင်း၊ သူတို့သည် ဘုရား သခင်၏လူမျိုးဝင်များဖြစ်ကြသည်ကိုလည်းကောင်း သူတို့ကြွေး ကြော်ကြသည်။ သို့သော် ယုဒလူမျိုးများသည် သခင်ယေရှုကို သူတို့ ၏ကယ်တင်ရှင်အဖြစ် ငြင်းဆိုခဲ့ကြသောအခါ သူတို့သည် မည်သို့ ဖြင့် ဘုရားသခင်ကို ယုံကြည်နိုင်ကြမည်နည်း။ 
တမန်တော်ရှင်ပေါလုက “အက္ခရာတင်ထားသောတရားအား ဖြင့်မဟုတ်ဘဲ ဝိညာဉ်တော်အားဖြင့်ဖြစ်သော စိတ်နှလုံး၏အရေဖျားလှီးခြင်းပင် အရေဖျားလှီးခြင်းအစစ်အမှန်ဖြစ်၏”(ရောမ ၂း၂၉)ဟု ပြောကြားသည်။ ဝိညာဉ်ရေးရာအရေဖျားလှီးခြင်းယုံကြည်သူများ သည် ဘုရားသခင်၌ စစ်မှန်သောယုံကြည်သူများ ဖြစ်ကြသည်။ သူ တို့သည် ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်သူများဖြစ်ကြသည်။ 
ဘုရားသခင်၏ယုံကြည်သူများသည် မည်သို့ကို အသိအမှတ်ပြု ၍ ချီးမွမ်းသင့်ကြသနည်း။ သူတို့သည် ၎င်းကို ဘုရားသခင်ထံတော် မှ လက်ခံရရှိသင့်ကြသည်။ ရှင်ပေါလုက “ထိုသို့သောသူသည် လူတို့ထံမှမဟုတ်ဘဲ ဘုရားသခင်ထံတော်မှချီးမွမ်းခြင်းကိုခံရ၏” (ရောမ ၂း၂၉)ဟု ပြောခဲ့သည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ဖြောင့်မတ် ခြင်းကို ယုံကြည်ကြလျှင် ကျွန်ုပ်တို့သည် ကိုယ်တော်၏ချီးမွမ်းခြင်း ကို ရရှိကြ၍ ကိုယ်တော်ထံမှ ဆုလဒ်ကို ရရှိကြသည်။ သင်သည် နှ လုံးသား၌အပြစ်ဆုပ်ကိုင်လျက် အပြင်ပန်းသဏ္ဌာန်အားဖြင့် သခင် ယေရှုကို ယုံကြည်ကြလျှင် သင်သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်း ကို အမှန်အကန် မရရှိပေ။ သင်သည် ကိုယ်တော်ကို ပြက်ရယ်ပြု ခြင်းသက်သက် ဖြစ်သည်။ ထိုကြောင့် သင်သည် မယုံကြည်သူတစ် ဉီးတရားစီရင်ခြင်းကို ရရှိလိမ့်မည်။
မည်သူများသည် ဘုရားသခင်၏သမ္မာတရားကို လျစ်လျူရှုသူ များ ဖြစ်ကြသနည်း။ သူတို့သည် ဘုရားသခင်၏နှုတ်ကပတ်တော် ထက် လူများ၏စကားများကို ပြင်းထန်စွာ လိုက်လျှောက်သောသူ များဖြစ်ကြသည်။ သူတို့သည် ခရစ်ယာန်ဘာသာ၌ အမျိုးမျိုးသော ဘာသာရေးဂိုဏ်းများအဖြစ် မိမိကိုယ်ကိုကိုယ် ဖွဲ့စည်းတည်ထောင် ကြသော်လည်း ဘုရားသခင်ကို ဆန့်ကျင်ကြသည်။ သူတို့သည် စည်း လုံးသောတန်ခိုးဖြင့် ဘုရားသခင်၏ကယ်တင်ခြင်း ဖြောင့်မတ်ခြင်း ကို ငြင်းပယ်၍ ဆန့်ကျင်ကြသည်။ ဤလူများအပေါ် မည်သို့သော ပြစ်ဒဏ်မျိုးကို ရောက်လာမည်ကို သင် စဉ်းစားနိုင်သလော။
 


ဘုရားသခင်ကို ဆန့်ကျင်သူများအပေါ် ပြစ်ဒဏ်


အပိုဒ်ငယ ၈ နှင့် ၉ တို့တွင် “တစ်ကိုယ်ကောင်းဆန်၍ သမ္မာ တရားကိုမနာခံဘဲ မတရားမှုနောက်သို့လိုက်သောသူတို့အပေါ်၌မူကား ပြင်းစွာသောဒေါသနှင့်အမျက်တော်ကို သက်ရောက်စေတော် မူလိမ့်မည်။ 9ဆင်းရဲဒုက္ခနှင့်နာကျင်ခြင်းဝေဒနာတို့သည် ဦးစွာဂျူးလူမျိုး ထို့နောက် ဂရိလူမျိုးအပါအဝင် မကောင်းသောအမှုကိုပြုသည့် သက်ရှိလူသားအပေါင်းတို့အပေါ်သို့ ကျရောက်လိမ့်မည်”ဟု ဖော်ပြထားသည်။ 
ဘေးဒဏ်နှင့်စိတ်ဆင်းရဲခြင်းတို့သည် အဆိုးပြုသောသူများ၏ဝိ ညာဉ်များအားလုံးအပေါ် ကျရောက်လိမ့်မည်။ ဤတွင် “စိတ်ဆင်းရဲ ခြင်း”သည် အပ္ပါယ်ငရဲ၌ ပြစ်ဒဏ်ခံခြင်း ဖြစ်သည်။ အဆိုးကျူးလွန် သောသူများအပေါ် ဘေးဒဏ်များနှင့် အပ္ပါယ်ငရဲ၏စိတ်ဆင်းရဲခြင်း များ ရှိလိမ့်မည်။
ဘုရားသခင်ကို ငြင်းပယ်သောသူများသည် မည်သို့သောကျိန် ခြင်းမျိုး ရရှိသနည်း။ ဘုရားသခင်၏မေတ္တာတော်ကို ငြင်းပယ်သော သူများအပေါ် အလွန်ကြောက်မက်ဖွယ်ကောင်းသော တရားစီရင် ခြင်းကို ဘုရားသခင်ယူဆောင်တော်မူသည်။ ခန္ဓာနှင့်စိတ်၌ ငြိမ်းချမ်း စွာ နေထိုင်ရန် ဝိညာဉ်ရေးရာ အရေဖျားလှီးခြင်းမှ လာသော ဘုရား သခင်၏မေတ္တာတော်ကို ဆန့်ကျင်သောသူများသည် မည်သို့ မြော် လင့်ရကြသနည်း။ လူအချို့တို့သည် ဘုရားသခင်၏အမျက်တော်ကို ခံထိုက်ကြသောကြောင့် သူတို့သည် ယခုနှင့်သေပြီးနောက် ပျက် စီးသောဘဝဖြင့် အသက်ရှင်ကြလိမ့်မည်။ သူတို့သည် ဘုရားသခင် ၏ဖြောင့်မတ်ခြင်းကို ဆန့်ကျင်ခဲ့ကြ၍ နှလုံးသားများ၌ စစ်မှန်သော ရောင့်ရဲတင်းတိမ်မှုကို မဆွဲကိုင်နိုင်ကြပေ။ သူတို့သည် ဝိညာဉ်ရေး ရာအရေဖျားလှီးခြင်းမှ လာသော မေတ္တာကို မသိကြပေ။ သူတို့သည် သခင်ယေရှုကို ယုံကြည်ကြောင်း ဝန်ခံရန် ဘုရားကျောင်းသို့ သွား သည့်အချိန်၌ပင် သူတို့သည် အပြစ်များကို ဖြေလွှတ်ခြင်းမခံရဘဲ စိတ်ဒုက္ခရောက်ကြသည်။
သင်သည် သခင်ယေရှုကို ယုံကြည်သောကြောင့် ဤလျို့ဝှက် ချက်ကို သိနိုင်မည် မဟုတ်ပေ။ ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ယုံ ကြည်သူများသာလျှင် ၎င်းကို သိသည်။ ဘုရားသခင်၏ဖြောင့်မတ် ခြင်းဖြစ်သော ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို သင်သည် နား လည်သဘောပေါက်၍ ယုံကြည်သင့်သည်ဟု ဘုရားသခင်၌ မှား ယွင်းသောယုံကြည်သူများကို အကြံပြုပါ။ ထိုနောက် သင်သည် ကျိန် ခြင်းဆင်းရဲဒုက္ခမှ မိမိကိုယ်ကိုကိုယ် လွှတ်မြောက်နိုင်လိမ့်မည်။
လူတစ်ဉီးသည် သခင်ယေရှုကို ယုံကြည်လျှင်တောင် မိမိနှလုံး ၌ အပြစ်ရှိသေးသ်ဟု ပြောလျှင် သူသည် မှားယွင်းသောနည်းလမ်း ဖြင့် ယုံကြည်သည်ကို ဆိုလို၍ ဘုရားသခင်၏ဖြောင့်မတ်ခြင်းအပ် နှင်းပေးတော်မူသော စစ်မှန်သောသတင်းကောင်းကို ယုံကြည်ရမည် ဖြစ်သည်။ ဂိုဏ်းဂဏလူများသည် သခင်ယေရှုကို မည်သို့ပင် ယုံ ကြည်စေကာမူ သူတို့သည် သခင်ယေရှုကို တစ်နည်းတစ်လမ်းအား ဖြင့် ယုံကြည်သော်လည်း မိမိနှလုံးသားများ၌ အပြစ်ဆုပ်ကိုင်ထား သေးလျှင် သူသည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို လျစ်လျူရှု သောအပြစ် ကျူးလွန်နေသည်။ ဘုရားသခင်ကို မှန်ကန်စွာယုံကြည် ခြင်း၏အကျိုးကျေးဇူးမှာ အဘယ်အရာ ဖြစ်သနည်း။ သင်သည် သ ခင်ယေရှုကို သမ္မာတရားအားဖြင့် သင်၏ကယ်တင်ရှင်အဖြစ် ယုံ ကြည်လျှင် သင်သည် အပြစ်အမှန်အကန် ကင်းစင်လိမ့်မည်။ သို့ သော် သင်သည် သခင်ယေရှုကို ယုံကြည်ပြီးနောက်တောင် သင်၏ နှလုံးသား၌ အပြစ်ရှိလျှင် သင်သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်း ကို အပြည့်အဝ နားမလည်ခြင်းကို ဆိုလိုသည်။
အပြစ်သားများအား အပြစ်များမှ ကယ်တင်တော်မူခဲ့သော ကိုယ်တော်သည် ကိုယ်ခန္ဓာအားဖြင့် ကြွဆင်းတော်မူခဲ့၍ အပြစ်သား များကို ကယ်တင်ခဲ့ကာ ယုံကြည်သူအားလုံး၏ကယ်တင်ရှင်ဖြစ်လာ တော်မူခဲ့သည်။ ထိုနောက် ရေနှင့်သန့်ရှင်းသောဝိညာဉ်တော်ကို အ မှန်အကန်ယုံကြည်သူတစ်ဉီးသည် အပြစ်ရှိနိုင်သလော။ လူတစ်ဉီး သည် သခင်ယေရှုကို ပထမဉီးဆုံးယုံကြည်၍ ဘုရားသခင်၏ဖြောင့် မတ်ခြင်းကို အမှန်အကန် ယုံကြည်လျှင် အပြစ်မရှိပေ။ သို့သော် သူ သည် သခင်ယေရှုကို တစ်နည်းတစ်လမ်းယုံကြည်သော်လည်း သူ၏ နှလုံးသား၌ အပြစ်ရှိကာ ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို လျစ်လျူ ရှုသောကြောင့် ဖြစ်သည်။
ထိုကြောင့် သင်သည် ယခုတွင် လည်ပင်းမာကျောမှုကို စွန့် လွှတ်ရမည် ဖြစ်သည်။ “ကျွန်ုပ်သည် သခင်ယေရှုကို မှားယွင်းစွာ ယုံ ကြည်ခဲ့တယ်။ သခင်ယေရှုကို မည်သည့်နည်းလမ်းအားဖြင့် သိ၍ ယုံ သင့်သလဲ။ ကားတိုင်သည် သခင်ယေရှုကို ယုံကြည်ရာတွင် အရေး ကြီးသည်ဟု ကျွန်တော်နားလည်သဘောပေါက်ခဲ့သော်လည်း ကိုယ် တော်၏ဗတ္တိဇံသည် အလွန်အရေးကြီးတယ်။  သခင်ယေရှုသည် ဗတ္တိဇံအားဖြင့် လောကအပြစ်များအားလုံးကို ယူဆောင်သွားတော်မူ ခဲ့သောကြောင့်  ကိုယ်တော်သည် ကားတိုင်တင်ခံတော်မူ၍ တရားစီ ရင်ခြင်းကို ရက်စက်စွာ ခံစားတော်မူခဲ့တယ်ဟု ယခု ကျွန်တော် နား လည်သဘောပေါက်တယ်။” သင်သည် ဤသမ္မာတရားများကို နား လည်သဘောပေါက်၍ ယုံကြည်ရမည် ဖြစ်သည်။
ကိုယ်တော်ကို ဆန့်ကျင်၍ လည်ပင်းခိုင်မာသောသူများသည် သူတို့လုပ်ငန်းနှင့်အညီ ဘုရားသခင်၏ပြန်လည်လက်စားချေမှုကို ခံစားရလိမ့်မည်။ ဆိုးကျိုးမှာ သူသည် အပ္ပါယ်ငရဲမီးအိုင်သို့ ပစ်ချခြင်း ခံရလိမ့်မည်။ ထိုကြောင့် မဿဲ ၇း၂၂ တွင် “ထိုနေ့ရက်တွင် များစွာသောသူတို့သည် ‘သခင်ဘုရား၊ သခင်ဘုရား၊ အကျွန်ုပ်တို့သည် ကိုယ်တော်၏နာမတော်အားဖြင့် ပရောဖက်ပြုဟောပြောလျက် ကိုယ်တော်၏နာမတော်အားဖြင့် နတ်ဆိုးများကိုနှင်ထုတ်ကာ ကိုယ် တော်၏နာမတော်အားဖြင့် တန်ခိုးလက္ခဏာများစွာတို့ကို ပြုခဲ့ကြသည်မဟုတ်လော’ဟု ငါ့အား လျှောက်ကြလိမ့်မည်”ဟု  ဖော်ပြထား သည်။ ကိုယ်တော်ပြန်လည်ကြွလာတော်မူခဲ့သောအခါ ဘုရားသခင် ၏ဖြောင့်မတ်ခြင်းကို မယုံကြည်သူများနှင့် သူတို့၏နှလုံးသားများ၌ အပြစ်ရှိသူများသည် အပြင်ပန်းသဏ္ဌာန်အားဖြင့် သခင်ယေရှုကို ယုံ ကြည်ဟန်ဆောင်သော်လည်း ဘုရားရှေ့တော်၌ တရားစီရင်ခြင်းခံရ ကြလိမ့်မည်။ သူတို့သည် သခင်ထံ “ကျွန်တော်သည် သခင်ကို ကောင်းမွန်စွာ ယုံကြည်ခဲ့တယ်မဟုတ်လော။ သခင်၏နာမအားဖြင့် နတ်ဆိုးများကို နင်ထုတ်၍ အခြားဘာသာစကားကု ပြောခဲ့တယ်မ ဟုတ်လော။ သခင်၊ သခင်ကို ကျွန်တော်အစေခံခဲ့တယ်မဟုတ် လော”ဟု ပြောကြသည်။
သို့သော် သခင်က “မတရားကျင့်သောသူ(ဤအရာသည် ဘု ရားသခင်၏ဖြောင့်မတ်ခြင်းကို မယုံကြည်သူများကို ရည်ညွှန်းသည်) များ ငါ့ထံမှ ထွက်သွားကြ။ ငါသည် ဗတ္တိဇံခံယူခြင်းနှင့် ကားတိုင် ပေါ်တွင် အသေခံခြင်းအားဖြင့် သင်၏အပြစ်များအားလုံးကို ဖယ်ရှား ခဲ့ခြင်းကို သင်မယုံကြည်သောအခါ သင်သည် ငါ့ကို ယုံကြည်သည် ဟု မည်သို့ ပြောနိုင်သလဲ။ မုသာသုံးသောသူ၊ သင်သည် ထာဝရငရဲ မီးအိုင်းသို့ ဝင်သင့်တယ်။ သင်၏အပြစ်သည် မိစ္ဆာပရောက်တစ်ပါး ဖြစ်၍ လူများစွာတို့ကို အပ္ပါယ်ငရဲဿို့ ပို့ဆောင်တယ်”ဟု မိန့်တော်မူ သည်။ ကိုယ်တော်၏ဖြောင့်မတ်ခြင်းကို မယုံကြည်သူများနှင့် လည် ပင်းခိုင်မာမှုကို မစွန့်လွှတ်သောသူများသည် ဘုရားသခင်၏ကြောက် မက်ဖွယ်ကောင်းသောအမျက်တော်ကို ရရှိကြလိမ့်မည်။
ဤသို့သော ယုံကြည်ခြင်းမျိုး၏အကြီးမားဆုံးသော ဉပမာမှာ ယုဒလူမျိုးများဖြစ်၍ သူတို့သည် ဘုရားသခင်ရှေ့တော်၌ လည်ပင်း ခိုင်မာနေသေးသည်။ ဤနေ့အထိ သူတို့သည် သခင်ယေရှုခရစ်တော် အားဖြင့် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို မယုံကြည်ကြပေ။ ပရို တက်စတင့်များအကြား သူတို့သည် နောင်တနှင့်စပ်ဆိုင်သော ဆု ‌တောင်းခြင်းများပြုသည့်အချိန်တိုင်းတွင် သူတို့နေ့စဉ်အပြစ်များ ဖြေ လွှတ်နိုင်သည်ဟု ပြောသော လည်ပင်းခိုင်မာသောခရစ်ယာန်များစွာ ရှိကြသည်။ ဤပုဂ္ဂိုလ်များသည် မိမိအမျက်ဒေါသကို ရှောင်လွှဲရန်အ တွက် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကိုမယုံကြည်မှုဖြစ်သောလည် ပင်ခိုင်မာမှုကို စွန့်လွှတ်သင့်သည်။
သခင်ယေရှုသည် ရာဇဝတ်ကောင်များကို နေ့တိုင်း ခွင့်လွှတ် ခြင်းအတွက် နောင်တရ၍ ဆု‌တောင်းသည့်အခါတိုင်းတွင် သူတို့ကို ခွင့်လွှတ်တော်မူသလော။ ကိုယ်တော်သည် ခွင့်လွှတ်တော်မမူပေ။ ဓမ္မဟောင်းကျမ်း၏နောက်ဆုံးယဇ်ပရောဟိတ်နှင့်လူသားအားလုံး ကိုယ်စားပြုသူ၊ ဗတ္တိဇံယောဟန်သည် လွန်ခဲ့သောနှစ်ပေါင်း ၂၀၀၀ က သခင်ယေရှုကို ဗတ္တိဇံပေးခဲ့၍ ကိုယ်တော်သည် ကားတိုင်ပေါ် တွင် အသွေးတော်သွန်းလောင်းတော်မူခဲ့သည်။ ထိုကြောင့် ဘုရား သခင်၏ဖြောင့်မတ်ခြင်း ပြည့်စုံခဲ့၍ လူသားများ၏အပြစ်များအားလုံး ကို တစ်ကြိမ်တည်း ဖယ်ရှားပေးခဲ့သည်။
သခင်ယေရှုသည် ကျွန်ုပ်တို့အပြစ်များကို မည်သည့်နေရာသို့ ယူဆောင်သွားတော်မူခဲ့သနည်း။ သခင်ယေရှုသည် ယောဒန်မြစ်၌ ယောဟန်အားဖြင့် ဗတ္တိဇံခံယူတော်မူခဲ့သောအခါ ကိုယ်တော်သည် လူသားများ၏အပြစ်များအားလုံးကို တစ်ကြိမ်တည်း ယူဆောင်သွား တော်မူခဲ့သည်။ ကိုယ်တော်သည် ကားတိုင်ပေါ်တွင် အသွေးတော် သွန်းလောင်းရန် ဂေါလဂါသသို့ သွားခြင်းအားဖြင့် ယုံကြည်သူများ ကို အပြစ်မှ ထာဝရကယ်တင်တော်မူခဲ့၍ အပြစ်များအားလုံးအတွက် ရက်စက်သောတရားစီရင်ခြင်းကို ခံတော်မူသည်။ သို့သော် ခရစ် ယာန်အပြစ်သားများအားလုံးသည် လည်ပင်းခိုင်မာကြ၍ ဘုရားသ ခင်၏ဖြောင့်မတ်ခြင်းကို မယုံကြည်ကြပေ။ သူတို့၏နှလုံးသားများ သည် ကားတိုင်ပေါ်တွင် အသွေးတော်အားဖြင့် အပြစ်များအားလုံးမှ ဆေးကြောခြင်းခံခဲ့ပြီးလျှင် သူတို့သည် ဘာကြောင့် သေသည့်ထိ တိုင်အောင် အပြစ်များအတွက် ခွင့်လွှတ်ခြင်း တောင်းလျှောက်ရန် လိုအပ်ကြသနည်း။ သူတို့သည် လည်ပင်ခိုင်မာကြသည်။ ကားတိုင် ပေါ်တွင် သခင်ယေရှု၏အသွေးတော်သည် အရေးကြီးသော်လည်း ယောဟန်ထံမှ ခံယူခဲ့သော သခင်ယေရှု၏ဗတ္တိဇံသည် အလွန်အ ရေးကြီးသောကြောင့်  လူများသည် ဘုရားသခင်၏ဖြောင့်မတ်ခြင်း ကို ရရှိရန် ယုံကြည်၍ သူတို့၏အပြစ်များကို တစ်ကြိမ်တည်းခွင့် လွှတ်ခြင်းခံရကြမည် ဖြစ်သည်။
လူသားအားလုံးသည် လည်ပင်းခိုင်မာကြသည်။ သို့သော် ဘု ရားရှေ့တော်၌ သင်သည် ကိုယ်တော်ဖြောင့်မတ်ခြင်းကို ငြင်းပယ် ရန် လည်ပင်ခိုင်မာခြင်းမရှိသင့်ပေ။ ဘုရားသခင်ကို ယုံကြည်သူ များသည် ကိုယ်တော်၏နှုတ်ကပတ်တော်ကို နာခံ၍ ယုံကြည်သင့် ကြသည်။ ကျွန်တော်သည် လည်ပင်းခိုင်မာသောသူဖြစ်ခဲ့ရသော် လည်း ကျွန်တော်သည် ဘုရားရှေ့တော်၌ လည်ပင်းခိုင်မာမှုကို စွန့် ပစ်၍ ကိုယ်တော်၏ကျေးဇူးတော်အားဖြင့် ဖြောင့်မတ်သူဖြစ်လာ ခဲ့သည်။  
စစ်မှန်သောနောင်တရခြင်းမှာ လူတစ်ဉီး၏လည်ပင်းခိုင်မာမှု ကို စွန့်လွှတ်ခြင်းနှင့် စိတ်ထဲမှာ ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို လက်ခံခြင်းအားဖြင့် အပြစ်များဖြေလွှတ်ခြင်း ခံရခြင်း ဖြစ်သည်။ ကျွန်ုပ်တို့သည် ခွင့်လွှတ်ခြင်းခံရပြီးနောက် ကျွန်ုပ်တို့မှားယွင်းသော လမ်းများပြောင်းလဲ၍ အမှားများကို အသိအမှတ်ပြုကာ ဘုရားရှေ့ တော်၌ ဝိညာဉ်ရေးရာ၌ ပိုကောင်းသောဘဝများဖြင့် အသက်ရှင်ရန် ကြိုးစားရကြမည် ဖြစ်သည်။ နောက်ဆုံးမှာ ဒုတိယမွေးဖွားခြင်းခံရ သောသန့်ရှင်းသူတစ်ဉီး၏ နေ့စဉ်အသက်တာ၌ နောင်တရခြင်း ဖြစ် သည်။ 
သခင်ယေရှုကို ယုံကြည်ကြသော်လည်း ဘုရားသခင်၏ဖြောင့် မတ်ခြင်းကို မသိသောသူများသည် ပျက်စီးခြင်းခံရလိမ့်မည်။ ဤ ပုဂ္ဂိုလ်များသည် မိမိလည်ပင်းခိုင်မာသောနည်းလမ်းများကို စွန့်လွှတ် ၍ နောင်တရကာ အပြစ်များဖြေလွှတ်ခြင်းခံရရန်အတွက် သခင်ယေ ရှု၏ဗတ္တိဇံနှင့် ကားတိုင်ကို ယုံကြည်ရကြမည် ဖြစ်သည် (တမန် ၃း၁၉)။ ကျွန်ုပ်တို့သည် ကိုယ်တော်၏ဖြောင့်မတ်ခြင်းကို ယုံကြည် ခြင်းအားဖြင့် အပြစ်များဖြေလွှတ်ခြင်းကို တစ်ကြိမ်တည်းခံရရန်အ တွက် ဤပညတ်တော်ကို သခင်ပေးတော်မူခဲ့သည်။ သခင်ယေရှု သည် ဗတ္တိဇံနှင့် ကားတိုင်ပေါ်တွင် အသေခံတော်မူခြင်းအားဖြင့် ကျွန်ုပ်တို့အပြစ်များအားလုံးကို ပေးဆပ်ပေးတော်မူခဲ့သည်ဟူသော သမ္မာတရားကို ယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့အပြစ်များအားလုံး တစ်ကြိမ်တည်းခွင့်လွှတ်ခြင်းခံရ၍ ပြည့်စုံသောဖြောင့်မတ်သူများ ဖြစ်လာကြရန် ကျွန်ုပ်တို့သည် ဘုရားခသင်၏စကားကို နားထောင် ၍ ကိုယ်တော်၏နှုတ်ကပတ်တော်ကိုလည်း နားထောင်ရကြမည် ဖြစ်သည်။ လူတစ်ဉီးသည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ယုံ ကြည်သောအခါ သူသည် အပြစ်များအားလုံးခွင့်လွှတ်ခြင်းခံရ၍ သန့် ရှင်းသောဝိညာဉ်တော်ကို ဆုကျေးဇူးအဖြစ် ရရှိသည်။ တမန်တော် များအားလုံးနှင့် သခင်ယေရှု၏တပည့်တော်များသည် ဘုရားသခင် ၏ဖြောင့်မတ်ခြင်းကို ယုံကြည်ခဲ့ကြ၍ အပြစ်များတစ်ကြိမ်တည်း ဖြေလွှတ်ခြင်းကို ရရှိခဲ့ကြသည်။ သင်သည်လည်း သမ္မာတရားရှေ့၌ လည်ပင်းမခိုင်မာသင့်ပေ။ သင်သည် မှန်ကန်သောအချိန်များ၌ လည်ပင်ခိုင်မာသင့်သည်။ သင်သည် ဝိညာဉ်ရေးရာအရေဖျားလှီး ခြင်းကို ကောင်းမွန်စွာ နားမလည်သေးလျှင် သင်သည် ၎င်းကို သင် ယူ၍ ယုံကြည်ရမည် ဖြစ်သည်။ လည်ပင်ခိုင်မာရန် မလုပ်ရပေ။ သင် သည် နောင်တရ၍ ယုံကြည်ရမည် ဖြစ်သည်။
လူများသည် ဝိညာဉ်ရေးရာအရေဖျားလှီးခြင်းသမ္မာတရားကို မ သိဘဲ သမ္မာတရားကို ငြင်းပယ်၍ သရော်ကြသည်။ “ထိုအရာသည် မှားသည်။ လူတစ်ဉီးသည် နေ့တိုင်းအပြစ်ကျူးလွန်သောအခါ မည် သို့ဖြင့် ဖြောင့်မတ်သူဖြစ်လာနိုင်မည်နည်း။ သခင်ယေရှု၌ ယုံကြည် သူများသည် အပြစ်ကျူးလွန်သော်လည်း ဘုရားသခင်သည် သူတို့ကို ဖြောင့်မတ်သူများဟု မှည့်ခေါ်တော်မူသည်ကို သင်သိသည်။ ထိုအ ရာသည် ဖြောင့်မတ်ခြင်းဆိုင်ရာ ဓမ္မခံယူချက် ဖြစ်သည်။ သင်သည် မိမိနှလုံးသား၌ အပြစ်တစ်စုံတစ်ခုမျှ အမှန်အကန်မရှိသောကြောင့် ဖြောင့်မတ်သူဖြစ်သည်ဟု ခေါ်ခံရခြင်းမဟုတ်ပေ။” သို့သော် ထိုအ ရာသည် မဟာအမှားကြီးသွန်သင်မှုတစ်ခုဖြစ်သည်ဟု သင်သိသင့် သည်။
သမ္မာကျမ်းစာ၌ ဘုရားသခင်သည် “ငါက သင်၏အပြစ်များ အားလုံးကို ဖယ်ရှားပေးတော်မူခဲ့တယ်။ သင်ဟု ယခု အပြစ်ကင်း စင်တယ်။ ငါသည် သင်၏အပြစ်များအားလုံးကို ယူဆောင်ခဲ့သော ကြောင့် သင်သည် ဖြောင့်မတ်သူဖြစ်လာတယ်”ဟူသော အပြစ်များ ဖြေလွှတ်ခြင်းကို ကျွန်ုပ်တို့အားပေးသော ဝိညာဉ်ရေးရာ အရေဖျား လှီးခြင်းသတင်းကောင်းအားဖြင့် ထိုရာဖြစ်သည်ဟု မိန့်တော်မူခဲ့ သည်။ “ငါ၏ဖြောင့်မတ်ခြင်းကို သင်ယုံကြည်သလော။ သင်သည် ဝိညာဉ်ရေးရာအရေဖျားလှီးခြင်းစကားလုံးကို ယုံကြည်လျှင် သင် သည် ငါ၏လူတစ်ဉီးဖြစ်၍ အပြစ်ကင်းစင်သည်။” ဘုရားသခင်သည် မိမိပြည့်စုံသော ရွေးနှုတ်ခြင်းအကြောင်းကို ပြောကြားတော်မူသော် လည်း သာမန်ခရစ်ယာန်များသည် ဝိညာဉ်ရေးရာအရေဖျားလှီးခြင်း ကို ယုံကြည်သူ ဒုတိယမွေးဖွားခြင်းခံရသူ ခရစ်ယာန်များကိုဆဲဆို၍ သရော်ကြသည်။ သူတို့က “လူတစ်ဉီးသည် မရပ်မနားအပြစ် များကျူးလွန်သောအခါ သူသည် မည်သို့ဖြင့် ဖြောင့်မတ်သူဖြစ်နိုင် မည်နည်း။ သင်သည် ဖြောင့်မတ်ခြင်းဆိုင်ရာ ဓမ္မခံယူချက်အားဖြင့် သာ လူတစ်ဉီးအား ‘အပြစ်ကင်းစင်သူအဖြစ်’ မှည့်ခေါ်နိုင်တယ်။ ကျွန်ုပ်တို့သည် လူတစ်ဉီးကို အပြစ်ကင်းစင်သူအဖြစ် မည်သို့ ယူဆ နိုင်ကြမလဲ။ လူတစ်ဉီးသည် နေ့တိုင်း အပြစ်ကျူးလွန်တယ်” ဟု ပြောကြသည်။ သူတို့သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို မယုံ ကြည်ကြသောကြောင့် သူတို့သည် ဤသို့ဖြင့် ဆဲဆို၍ လည်ပင်းခိုင် မာကြသည်။ 
သို့သော် ဘုရားသခင်သည် ကောင်းသောအမှု၌ စိတ်ရှည်သော သူများအပေါ် ထာဝရအသက်ကို ပေးအပ်တော်မူသည်။ ကောင်း သောအမှုပြုခြင်းအားဖြင့် သည်းခံခြင်းအားဖြင့် ဘုန်းအသရေ၊ ဂုဏ် ပြုခြင်းနှင့် မပျက်စီးနိုင်သောအရာကို ရှာဖွေသောသူများသည် ဘု ရားသခင်၏သားသမီးများဖြစ်လာကြသော်လည်း  မရှာဖွေသောသူ များသည် ပြစ်ဒဏ်ကို ခံရကြလိမ့်မည်။ လူတိုင်းသည် ဘုရားသခင်၏ သားသမီးများ ဖြစ်လိုကြ၍ ထာဝရအသက်ရှင်လိုကြသည်။ ထာဝရ အသက်ရှင်ရန်နှင့် အပြစ်ကင်းစင်သောဘဝများပိုင်ဆိုင်ရန် ရိုးသား စွာ ရှာဖွေသောသူများအပေါ် သခင်ယေရှုသည် ထာဝရအသက်ပေး အပ်တော်မူသည်။
“သခင့်အား ကျွန်တော် တကယ်လိုအပ်သောအရာမှာ ဝိညာဉ် ရေးရာအရေဖျားလှီးခြင်းအားဖြင့် အပြစ်များဖြေလွှတ်ခြင်းကို ယုံ ကြည်ခြင်း ဖြစ်သောကြောင့် ကျွန်တော်သည် မနောစိတ်၌ ရှက် ကြောက်ခြင်းတစ်စုံတစ်ခုမျှ မရှိသောအသက်တာဖြင့် အသက်ရှင်နိုင် လိမ့်မည်။ ကျွန်တော်သည် ကိုယ်တော်၏သားဖြစ်လိုသည်။ ကျွန် တော်သည် ကိုယ်တော်၏ဖြောင့်မတ်ခြင်းကို ယုံကြည်၍ ကိုယ်တော့် ကို ဝမ်းမြောက်စေလိုသည်။ ကျွန်တော်သည် အပြစ်ကင်းစင်သူ ဖြစ် လိုသည်။ ကျွန်ုပ်အား အပြစ်များအားလုံးမှ ကယ်တင်တော်မူပါ။” ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ရှာဖွေ၍ အပြစ်များအားလုံးခွင့် လွှတ်ခြင်းရရှိရန် ဆန္ဒရှိသူများအပေါ် ဘုရားသခင်၏ဖြောင့်မတ်ခြင်း သတင်းကောင်းကို သူတို့ထံပေးအပ်တော်မူခြင်းအားဖြင့် သူတို့၏ လိုအင်ဆန္ဒများအားလုံး ဘုရားသခင်ချပေးတော်မူ၍ သူတို့အပြစ် များအားလုံးကို ခွင့်လွှတ်တော်မူသည်။ ဘုရားသခင်သည် ထာဝရ အသက်ရှင်လိုသူများအပေါ် ထာဝရအသက်ပေးအပ်တော်မူသည်။
 


ဝိညာဉ်ရေးရာအရေဖျားလှီးခြင်းမှာ အဘယ်နည်း


သခင်ယေရှု၏ဗတ္တိဇံနှင့်အသွေးတော်အားဖြင့် အပြစ်များဖြေ လွှတ်ခြင်းကို ကို ဆိုလိုသည်။ သိုးသငယ်တော်၏အသွေးတော်မှာ ရက်စက်စွာတရားစီရင်ခြင်းဖြစ်၍ ယောဟန်ထံမှ သခင်ယေရှု၏ ဗတ္တိဇံအဓိပ္ပါယ်မှာ သခင်ယေရှုအပေါ်သို့ လောကအပြ်စများလွှဲ ပြောင်းခြင်းကို ဆိုလိုသည်။ ယနေ့၌ပင်လျှင် ခရစ်ယာန်ဘာသာ သည် ဓမ္မသစ်ကျမ်းကို မယုံကြည်နိုင်သောကြောင့် ဓမ္မဟောင်းကျမ်း ကိုလျစ်လျူမရှုနိုင်ကြပေ။ သမ္မာကျမ်းစာ၌ ဝိညာဉ်ရေးရာအရေဖျား လှီးခြင်းနှင့် ပသခါပွဲတော်၌ သိုးသငယ်၏အသွေးတော်တို့သည် နီးနီးကပ်ကပ် ဆက်နွယ်လျက်ရှိသည်ကို ကျွန်ုပ်တို့တွေ့ရကြသည်။
ယောဟန် ၅း၆ တွင် သခင်ယေရှုသည် “ရေအားဖြင့် မဟုတ်ဘဲ၊ ရေနှင့်အသွေးအားဖြင့်” ကြွလာတော်မူခဲ့သည်ဟု ပြောထားသည်။ သခင်ယေရှုသည် ရေ သို့မဟုတ် အသွေးအားဖြင့်သာ မလာဘဲ နှစ်ခု စလုံးအားဖြင့် ကြွလာတော်မူခဲ့သည်။ သင်သည် အပြစ်များအားလုံး မှ လွှတ်မြောက်ရန်အတွက် ရေ၊ အသွေးနှင့် ဝိညာဉ်တော်၏စကား တော်များပါဝင်သော ဝိညာဉ်ရေးရာအရေဖျားလှီးခြင်းကို သင်ယုံ ကြည်ရမည် ဖြစ်သည်။
ထွက်မြောက်ရာကျမ်း အခန်းကြီး ၁၂ ကို ဖတ်၍ ဝိညာဉ်ရေးရာ အရေဖျားလှီးခြင်းအကြောင်းနှင့်ပတ်သက်၍ မေးစရာမေးခွန်းအချို့ ရှိခဲ့သည်။ ထွက်မြောက်ရာကျမ်း အခန်းကြီး ၁၂ သည် အဘယ်အရာ ကို ဆိုလိုသနည်း။ ကျွန်တော်သည် အခန်းကြီးတစ်ခုလုံးကို သတိရှိ စွာဖြင့် ကြည့်ရှုခဲ့၍ သမ္မာကျမ်းစာ၌ ထိုကျမ်းချက်များနှင့်ပတ်သက် သောအရာများအားလုံးကို အကြိမ်ကြိမ် ဖတ်ရှုခဲ့သည်။ ဣသရေလ လူမျိုးများသည် အရေဖျားလှီးခြင်းခံခဲ့ရကြသောကြောင့် သူတို့သည် ပသခါပွဲတော်၌ ပါဝင်နိုင်ကြသည်ဟု ကျွန်တော် နားလည်သဘော ပေါက်ခဲ့သည်။ သခင်ယေရှုသည် ကားတိုင်ပေါ်တွင် အသွေးတော် ရိုး ရိုးလေး သွန်းလောင်းတော်မမူခဲ့သော်လည်း ကိုယ်တော်သည် ယော ဟန်ထံမှ ဗတ္တိဇံခံယူတော်မူခဲ့သောကြောင့် ကိုယ်တော်သည် အသွေး တော်သွန်းလောင်းတော်မူခြင်း ဖြစ်သည်။
ဘုရားသခင်သည် ဣသရေလလူမျိုးများကို ပညတ်တော်နှင့် ညီညွတ်သော ပသခါပွဲတော်ဝတ်နှစ်ပါးဖြစ်သော အရေဖျားလှီးခြင်း နှင့် ပသခါ သိုးသငယ်ပွဲတော်အသားစားခြင်းတို့ကို မိန့်တော်မူခဲ့ သည်။ ဤအရာသည် ဓမ္မဟောင်းကျမ်း၌ ဝိညာဉ်ရေးရာအရေးဖျား လှီးခြင်း ဖြစ်သည်။ ဓမ္မသစ်ကျမ်းတွင် ယောဟန်ဗတ္တိဇံအားဖြင့် သ ခင်ယေရှုအပေါ်သို့ ကျွန်ုပ်တို့အပြစ်များလွှဲပြောင်းပေးခဲ့သည်ကို လည်းကောင်း၊ ကားတိုင်ပေါ်တွင် အသွေးတော်သွန်းလောင်းတော်မူ ခဲ့သည်ကိုလည်းကောင်း ဖော်ပြထားသည်။ ဤအချက်များကို လက် ခံခြင်းသည် ဝိညာဉ်ရေးရာအရေဖျားလှီးခြင်းလက်ခံခြင်းသမ္မာတ ရားဖြစ်သည်ဟု ကျွန်တော်တွေ့ရှိခဲ့သည်။ သခင်ယေရှုခရစ်တော် သည် ယောဒန်မြစ်၌ ယောဟန်အားဖြင့် ဗတ္တိဇံခံယူတော်မူခဲ့သည်။ ထိုအရာမှာ ကိုယ်တော်သည် လောကအပြစ်များကို ထမ်းတော်မူ ခြင်းဖြစ်၍ ကိုယ်တော်သည် ကျွန်ုပ်တို့နေရာတွင် တရားစီရင်ခြင်းခံ တော်မူရန် ကားတိုင်ပေါ်တွင် အသေခံရခြင်းအကြောင်း ဖြစ်သည်။
သင်သည် ဤသမ္မာတရားကို နှလုံးသား၌ လက်ခံခြင်းအားဖြင့် အပြစ်များအားလုံးနှင့် ဒုစရိုက်အပြစ်များမှ ကယ်တင်ခြင်း တွေ့ကြုံ ခံစားနိုင်သည်။ လူတစ်ဉီးသည် အပြစ်များအားလုံးမှ ကယ်တင်ခြင်း ခံရရန်အတွက်  ဝိညာဉ်ရေးရာအရေဖျားလှီးခြင်းကို ကျွန်ုပ်တို့အား ပေးအပ်နိုင်သော ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ယုံကြည်ရန် လို အပ်သည်။ လူများသည် ဤသမ္မာတရားကို နားလည်သဘောပေါက် ရန် လိုအပ်သည်။ စာဖတ်သူများအနေဖြင့် အပြစ်များဖြေလွှတ်ခြင်း ခံရရန်အတွက် ဓမ္မဟောင်းကျမ်း၌ ဝိညာဉ်ရေးရာအရေဖျားလှီးခြင်း နှင့် ဓမ္မသစ်ကျမ်း၌ သခင်ယေရှု၏ဗတ္တီဇံသမ္မာတရားကို ရှင်းလင်းစွာ နားလည်သဘောပေါက်ရမည် ဖြစ်သည်။ သခင်ယေရှုသည် အပြစ် ကျူးလွန်တော်မူသောကြောင့် တရားစီရင်ခြင်းခံရတော်မမူခဲ့ပေ။ သို့ သော် ကိုယ်တော်သည် ဗတ္တိဇံခံယူတော်မူခဲ့၍ မိမိကိုယ်ခန္ဓာပေါ်သို့ လောကအပြစ်များကို ထမ်းတော်မူခဲ့သောကြောင့် လူသားများအ တွက် ကားတိုင်ပေါ်တွင် အသေခံတော်မူခဲ့သည်။ ဤအရာသည် ဝိ ညာဉ်ရေးရာအရေဖျားလှီးခြင်းခံယူခဲ့ကြသောသူများ၏ ယုံကြည် ခြင်း ဖြစ်သည်။
ဝိညာဉ်ရေးရာအ‌ရေဖျားလှီးခြင်းအားဖြင့် ဘုရားသခင်၏ဖြောင့် မတ်ခြင်းကို ယုံကြည်သူများသည် သခင်ယေရှုကို အမှန်အကန် ယုံ ကြည်ကြသောကြောင့် အပြစ်မရှိကြပေ။ သခင်ယေရှုကို တစ်မျိုး တစ်ဖုံအားဖြင့် ယုံကြည်ကြသော်လည်း ဘုရားသခင်ထံတော်မှ ဝိ ညာဉ်ရေးရာအရေဖျားလှီးခြင်းမခံရသေးသောသူများကို ကျွန်တော် သနားမိသည်။ ယောဟန်သည် သခင်ယေရှုကို ဗတ္တိဇံပေးခဲ့သောအ ခါ သခင်ယေရှုသည် လောကအပြစ်များအားလုံးကို ယူဆောင်သွား တော်မူခဲ့သည်ဟူသော သမ္မာတရားကို သူတို့ယုံကြည်ရကြမည် ဖြစ် သည်။
ဝမ်းနည်းစရာမှာ ခရစ်ယာန်အများစုတို့သည် ကားတိုင်ကိုသာ ယုံကြည်ကြ၍သခင်ယေရှု၏ဗတ္တိဇံကို မယုံကြည်ကြပေ။ ထိုကြောင့် သူတို့သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ယုံကြည်သောယုံ ကြည်ခြင်းမရှိကြပေ။ သမ္မာကျမ်းစာ၌ ဘုရားသခင်မိန့်ကြားတော်မူခဲ့ သော အရာများကို ကျွန်ုပ်တို့ ယုံကြည်ရကြမည်ဟု ကျွန်ုပ်တို့သိရကြ မည် ဖြစ်သည်။
ကျွန်ုပ်တို့သည် သီအိုလော်ဂျီပညာရှင်များသွန်သင်သောတ ရားများနှင့် ဓမ္မခံယူချက်များကို မည်သို့ပင် ဖြစ်စေကာမူ စုတ်ပြဲ၍ ကျွန်ုပ်တို့အား ဘုရားသခင်၏ဖြောင့်မတ်ခြင်းသို့ ပို့ဆောင်ပေးသော ဘုရားသခင်၏နှုတ်ကပတ်တော်ကို ယုံကြည်ရကြမည် ဖြစ်သည်။ ဘုရားသခင်၏ဖြောင့်မတ်ခြင်းမပါသောနှုတ်ကပတ်တော်များသည် ဘုရားသခင်၏စစ်မှန်သော နှုတ်ကပတ်တော်မဟုတ်သောကြောင့် ဖြစ်သည်။ ဝိညာဉ်ရေးရာအရေဖျားလှီးခြင်းမပါသောသတင်းကောင်း မှာ မပြည့်စုံပေ။ ထိုအကြောင်းကြောင့် သမ္မာကျမ်းစာ၌ ဘုရားသခင် သည် ဓမ္မဟောင်းကျမ်းတွင် အရေးဖျားလှီးခြင်းအကြောင်းနှင့် ဓမ္မ သစ်ကျမ်းတွင် သခင်ယေရှု၏ဗတ္တိဇံအကြောင်းကို ကြိမ်ဖန်များစွာ ဖော်ပြထားခြင်း ဖြစ်သည်။ တစ်နည်းအားဖြင့်၊ ဓမ္မဟောင်းကျမ်းတွင် အရေဖျားလှီးခြင်းနှင့် ပသခါပွဲသိုးသငယ်၏အသွေးနှင့် ဓမ္မသစ်ကျမ်း တွင် သခင်ယေရှု၏ဗတ္တိဇံနှင့်အသွေးတော်တို့သည် ပြိုင်တူဖော်ပြ ထားသည်။ ကျွန်ုပ်တို့သည် ဝိညာဉ်ရေးရာအရေဖျားလှီးခြင်းရရှိရန် ဤသမ္မာတရားကို ယုံကြည်ရကြမည် ဖြစ်သည်။ သို့သော် ကျွန်ုပ်တို့ သည် ဤသမ္မာတရားကို မယုံကြည်ကြလျှင် ကျွန်ုပ်တို့သည် ဘုရား သခင်၏နိုင်ငံတော်မှ ဘေးဖယ်ခြင်းခံရကြလိမ့်မည်။
ဘုရားသခင်၏ဖြောင့်မတ်ခြင်းသည် ကားတိုင်ပေါ်တွင် အသွေး တော်အားဖြင့်သာ ပြည့်စုံသလော။ ဤအရာသည် မဖြစ်နိုင်ပေ။ ဘု ရားသခင်၏ဖြောင့်မတ်ခြင်းသည် သခင်ယေရှု၏ဗတ္တိဇံနှင့်ကားတိုင် ပေါ်တွင် အသွေးတော်နှစ်ပါးအားဖြင့် ပြည့်စုံသည်။ ထိုကြောင့် ကျွန်ုပ်တို့သည် နှလုံးသားများ၌ ဝိညာဉ်ရေးရာအရေဖျားလှီးခြင်းကို ကားတိုင်ပေါ်တွင် ကိုယ်တော်၏အသွေးတော်နှင့် ယောဟန်ထံမှ ကိုယ်တော်ခံယူတော်မူခဲ့သော ဗတ္တိဇံအားဖြင့် ရရှိခဲ့ကြသည်။ သခင် ယေရှုသည် ဗတ္တိဇံနှင့် ကားတိုင်ပေါ်တွင် ပြစ်ကြွေးပေးဆပ်ရန်ကိုယ် တော်၏အသေခံတော်မူခြင်းအားဖြင့် ကျွန်ုပ်တို့အပြစ်များအားလုံး ကို အမှန်အကန် ဖယ်ရှားပေးတော်မူခဲ့သောကြောင့် ကျွန်ုပ်တို့အ တွက် ဝိညာဉ်ရေးရာအရေဖျားလှီးခြင်းဖြစ်နိုင်သည်။
 

အရေဖျားလှီးခြင်းအဓိပ္ပါယ်မှာ ဖြတ်ခြင်း ဖြစ်သည်

သခင်ယေရှုခရစ်တော်၊ မေရှိယသည် ရိုက်နက်ခြင်းနှင့်ဒဏ်ရာ ရရှိခြင်းအားဖြင့် ကျွန်ုပ်တို့အပြစ်များအတွက် တရားစီရင်ခြင်းကို ရက်ရက်စက်စက်ခံရတော်မူလိမ့်မည်ဟု ဟေရှာယက ပရောဖက်ပြု ခဲ့သည်။ ထိုကြောင့်၊ ကျွန်ုပ်တို့သည် ဆက်လက်မလေ့လာမီ သိရ မည့်အရာတစ်စုံတစ်ခုရှိသည်။ ခရစ်တော်သည် ကားတိုင်ပေါ်တွင် ဘာကြောင့် အသေခံရတော်မမူနည်း။
ဓမ္မဟောင်းကျမ်းတွင် အပြစ်သားတစ်ဉီးသည် အပြစ်များကို ယဇ်ကောင်ပေါ်တွင် လွှဲပြောင်းရန် လက်များတင်ခဲ့ပြီးနောက် သိုးသ ငယ်သည် အသတ်ခံရသည်။ ထိုနောက် ယဇ်ပရောဟိတ်သည် မိမိ လက်ညှိုးဖြင့် အပြစ်ဖြေရာယဇ်ကောင်၏အသွေးကို အနည်းငယ်ယူ ၍ မီးရှို့ရာယဇ်ပလ္လင်ဉီးချိုများပေါ်တွင် ချထားပြီး ပလ္လင်ခြေရင်၌ ၎င်း ၏ကျန်အသွေးကို သွန်းလောင်းရမည် ဖြစ်သည်(ဝတ်ပြု ၄း၂၇-၃၀)။ ဓမ္မဟောင်းကျမ်းခေတ်ကာလ၏အပြစ်သားတစ်ဉီးသည် ဤနည်း အားဖြင့် အပြစ်များကို ဖြေလွှတ်ခွင့်ရရှိကြသည်။ ထိုနောက် ဘုရား သခင်၏သိုးသငယ်တော်အဖြစ် ကြွဆင်းတော်မူခဲ့သော သခင်ယေရှု (ယောဟန် ၁း၂၉)သည် ကျွန်ုပ်တို့အပြစ်များမှ ကျွန်ုပ်တို့ကို ကယ် တင်တော်မူရန်အတွက် လူများ၏အပြစ်များအားလုံးကို ယူဆောင် သွားတော်မူရန် ဓမ္မဟောင်းကျမ်းကဲ့သို့ ကိုယ်တော်၏ဉီးခေါင်းပေါ် တွင် လက်များတင်ခြင်းခံရတော်မူမည်မဟုတ်လော။
ထိုနောက် သခင်သည် လောကအပြစ်များကို မည်သည့်အချိန် နှင့် မည်သို့ ယူဆောင်သွားတော်မူခဲ့သနည်း။ မဿဲ ၃း၁၃-၁၇တွင် ဖော်ပြထားသည့်အတိုင်း ယောဟန်သည် သခင်ယေရှုကို ယောဒန် မြစ်၌ ဗတ္တိဇံပေးအပ်ခြင်းက ထင်ရှားစေသည်မဟုတ်လော။ ဓမ္မ ဟောင်းကျမ်းရှိဝတ်ပြုရာကျမ်း၌ အပြစ်သားတစ်ဉီးသည် မိမိအပြစ် များကိုလွှဲပြောင်းပေးရန်အတွက်“အပြစ်ဖြေ ရာယဇ်ကောင်၏ဉီး ခေါင်းပေါ်တွင် လက်တင်ရမည်”(ဝတ်ပြု ၁း၄၊ ၃း၈၊ ၄း၂၉)ဟု ဖော်ပြ ထားသည်။ ဓမ္မဟောင်းကျမ်း၌ ယဇ်ပရောဟိတ်ကြီးသည် သိုးသငယ် ၏ဉီးခေါင်းပေါ်တွင် လက်များတင်၍ သူနှင့် ဣသရေလလူမျိုးများ အားလုံး၏အပြစ်များကိုလွှဲပြောင်းပေးရသည် (ဝတ်ပြု ၁၆း၂၁)။ ထို နောက် သူသည် ၎င်း၏အသွေးအချို့ကို ယူ၍ မီးရှို့ရာယဇ်ပလ္လင်၏ ဉီးချိုများပေါ်တွင် ထား၍ ကျန်အသွေးများကို ပလ္လင်၏ခြေရင်၌ သွန်းလောင်းခဲ့သည်။ သူတို့သည် ဤနည်းလမ်းဖြင့် အပြစ်များဖြေ လွှတ်ခြင်း ခံစားရကြသည်။
ဤနည်းလမ်းအားဖြင့် ကျွန်ုပ်တို့၏အပြစ်ဖြေလွှတ်ခြင်းမှာ ယောဟန်ထံမှ သခင်ယေရှု၏ဗတ္တိဇံနှင့် ကားတိုင်ပေါ်တွင် အသွေး တော်အားဖြင့် ရရှိနိုင်သည်။ ဤအရာမှာ သမ္မာကျမ်းစာအားဖြင့် ကျွန်ုပ်တို့အား ဘုရားသခင်အလိုရှိတော်မူသော ဘုရားသခင်၏ ဖြောင့်မတ်ခြင်းနှင့် ဝိညာဉ်ရေးရာအရေဖျားလှီးခြင်း ဖြစ်သည်။ ထို ကြောင့် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ယုံကြည်သူကျွန်ုပ်တို့ သည် ယောဟန်ထံမှ သခင်ယေရှု၏ဗတ္တိဇံနှင့် ကားတိုင်ပေါ်တွင် ကိုယ်တော်၏အသွေးတော်အားဖြင့် အပြစ်များဖြတ်တောက်ရကြ သည်။ ဓမ္မဟောင်းကျမ်းအရေဖျားလှီးခြင်းနှင့် ဆက်နွယ်၍ ဓမ္မသစ် ကျမ်း၌ သခင်ယေရှု၏ဗတ္တိဇံအဓိပ္ပါယ်ကို ကျွန်ုပ်တို့သိရကြသောအ ခါ ကျွန်ုပ်တို့သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ယုံကြည်လာ ကြ၍ ကျွန်ုပ်တို့သည် နှလုံးသားများ၌ ဝိညာဉ်ရေးရာအရေဖျားလှီး ခြင်းကို အမှန်အကန် ရရှိကြသည်။
 

ဓမ္မသစ်ကျမ်း၌ စစ်မှန်သောဝိညာဉ်ရေးရာအရေဖျားလှီးခြင်း

မဿဲ ၃း၁၃-၁၅ ကို ဖတ်ကြပါစို့။ “ထိုကာလတွင် ယေရှုသည် ယောဟန်ထံ၌ဗတ္တိဇံခံရန် ဂါလိလဲနယ်မှ ဂျော်ဒန်မြစ်နားရှိ ယော ဟန်ထံသို့ ကြွလာတော်မူ၏။ သို့ရာတွင် ယောဟန်သည် ကိုယ်တော်ကိုတားဆီးလျက် “အကျွန်ုပ်ကသာကိုယ်တော်ထံ၌ ဗတ္တိဇံခံရမည်ဖြစ်ပါလျက်နှင့် ကိုယ်တော်သည် အကျွန်ုပ်ထံသို့ ကြွလာတော်မူပါသလော”ဟု ဆို၏။ ယေရှုကလည်း“ယခုအခါတွင် အခွင့်ပေးလော့။ အကြောင်းမူကား ငါတို့သည် ဖြောင့်မတ်ခြင်းအလုံးစုံကို ဤသို့ပြည့် စုံစေသင့်၏”ဟု မိန့်တော်မူ၏။ ထိုအခါ ယောဟန်သည် ကိုယ်တော်ကိုအခွင့်ပေးလေ၏။” 
ဗတ္တိဇံယောဟန်သည် ယောဒန်မြစ်၌ သခင်ယေရှုကို ဗတ္တိဇံပေး ခဲ့သည်။ သူသည် သခင်ယေရှု၏ခေါင်းပေါ်တွင် လက်များတင်ခဲ့၍ ဗတ္တိဇံပေးခဲ့သည်။ (ဂရိဘာသာစကားအားဖြင့် ဗတ္တိဇံစကားလုံးကို ‘baptizo’ ဖြစ်၍ အဓိပ္ပါယ်မှာ နစ်မြှုပ်ခြင်း သို့မဟုတ် ရေအောက်၌ မြှုပ်ခြင်း ဖြစ်သည်။)
သခင်ယေရှုသည် ကျွန်ုပ်တို့အပြစ်များအတွက် ကားတိုင်ပေါ် တွင် အသေခံတော်မူရန်အတွက် ကိုယ်တော်သည် ဗတ္တိဇံအားဖြင့် ကျွန်ုပ်တို့အပြစ်များကို ရှေ့ဉီးစွာ ယူဆောင်သွားရမည် ဖြစ်သည်။ ထို ကြောင့် ကိုယ်တော်သည် ယောဟန်အားဖြင့် ရှေးဉီးစွာ ဗတ္တိဇံခံယူ တော်မူခဲ့ပြီးနောက် ရေထဲသို့ နစ်မြှုပ်ခြင်းခံတော်မူခဲ့သည်။ ကိုယ် တော်သည် ဘာကြောင့် ဗတ္တိဇံခံယူတော်မူခဲ့သနည်း။ ကိုယ်တော် သည် ဗတ္တိဇံခံယူတော်မူခဲ့သောအခါ ဘုရားသခင်၏ဖြောင့်မတ်ခြင်း အားဖြင့်သည် ပြည့်စုံခဲ့သောကြောင့် ဖြစ်သည်။ ကိုယ်တော်သည် ဗတ္တိဇံအားဖြင့် လူသားများ၏အပြစ်များကို ယူဆောင်သွားတော်မူ ခြင်းနှင့် ကိုယ်တော်သည် ဘုရားနှင့်ကယ်တင်ရှင်ဖြစ်လာတော်မူခြင်း သည် ဖြောင့်မတ်၍ သင့်လျော်သည်။ ကိုယ်တော်သည် ဗတ္တိဇံခံယူ တော်မူခြင်းအားဖြင့် မိမိကိုယ်ခန္ဓာပေါ်သို့ ကျွန်ုပ်တို့အပြစ်များအား လုံးယူဆောင်သွားတော်မူ၍ ကားတိုင်ပေါ်တွင် အသေခံခြင်းမှာ အ လွန်သင့်တော်ပေသည်။
သခင်ယေရှုသည် လူအများရှေ့မှာ ပထမဉီးဆုံးပြုတော်မူခဲ့ သောအရာမှာ ဗတ္တိဇံခံယူခြင်း ဖြစ်သည်။ ဂရိဘာသာစကားအားဖြင့် ဗတ္တိဇံမှာ baptisma’ ဖြစ်၍ “ဆေးကြောခြင်း၊ နစ်မြှုပ်ခြင်း၊ လွှဲ ပြောင်းခြင်းနှင့် လွှဲအပ်ခြင်း”ကို ပြဌာန်းသည်။ ဓမ္မဟောင်းကျမ်းတွင် ခုနစ်လ ၁၀ ရက်နေ့သည် ဣသ‌ရေလလူမျိုးများ၏အပြစ်ဖြေလွှတ် သောနေ့ဖြစ်၍ အာရုန်သည် ဣသရေလလူမျိုးများ၏အပြစ်များအား လုံးကို လွှဲပြောင်းရန် ယဇ်ကောင်ဆိတ်ထီးများအပေါ် လက်များကို တင်ခဲ့သည်။ ဆိတ်ထီးနှစ်ကောင်မှ တစ်ကောင်မှာ ဘုရားသခင်ထံ ပူ ဇော်ရန် ဖြစ်၍ အခြားတစ်ကောင်းမှာ ဣသရေလလူမျိုးများရှေ့၌ အပြစ်ဖြေရာအတွက် ယဇ်ကောင်အဖြစ် ပူဇော်သက္ကာပြုခဲ့သည် (ဝတ်ပြု ၁၆)။ ဓမ္မသစ်ကျမ်းတွင် သခင်ယေရှုသည် ယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် ကျွန်ုပ်တို့အပြစ်များအားလုံးကို လက်ခံတော်မူခဲ့သည်။
ကိုယ်တော်၏ဗတ္တိဇံခံပြီးနောက်တစ်နေ့တွင် ယောဟန်က ကိုယ်တော်ကို လက်ညှိုးထိုးပြခဲ့၍ “ကြည့်လော့။ ဤလောက၏အ ပြစ်ကို ယူဆောင်သွားသော ဘုရားသခင်၏သိုးသငယ်တော်ပေတည်း”(ယောဟန် ၁း၂၉)ဟု ပြောခဲ့သည်။
ဝိညာဉ်ရေးရာအရေဖျားလှီးခြင်းမှာ ကိုယ်တော်၏အသွေး တော်တစ်ပါးတည်းသာယုံကြည်ခြင်းအားဖြင်သာ မဖြစ်နိုင်သည်ကို သင်သည် ဝန်ခံရမည် ဖြစ်သည်။
၁ ယော ၅း၄ မှ စတင် ကြည့်ကြပါစို့။ “အကြောင်းမူကား ဘုရားသခင်ထံမှပေါက်ဖွားလာသောသူတိုင်းသည် လောကကိုအောင်နိုင်၏။ လောကကိုအောင်နိုင်သော အောင်ပွဲမှာ ငါတို့၏ယုံ ကြည်ခြင်းပင်ဖြစ်၏။ မည်သူသည် လောကကိုအောင်နိုင်သနည်း။ ယေရှုသည် ဘုရားသခင်၏သားတော်ဖြစ်သည်ဟု ယုံကြည်သောသူပင်မဟုတ်လော။ ယေရှုခရစ်တော်သည် ရေနှင့်သွေးအားဖြင့် ကြွလာတော်မူသောအရှင်ဖြစ်၏။ ရေအားဖြင့်သာမဟုတ်ဘဲ ရေနှင့်သွေးအားဖြင့်ကြွလာတော်မူ၏။ ဝိညာဉ်တော်သည် သက်သေခံသောအရှင်ဖြစ်၏။ အကြောင်းမှာ ဝိညာဉ်တော်သည် သမ္မာတရားဖြစ်တော်မူ၏။ ဝိညာဉ်တော်၊ ရေ၊ သွေးတည်းဟူသော သက်သေသုံးပါးရှိ၍ ထိုသုံးပါးတို့သည် တညီတညွတ်တည်းဖြစ်ကြ၏။ ငါတို့သည် လူ၏သက်သေခံချက်ကို လက်ခံကြသည်ဆိုလျှင် ဘုရားသခင်၏သက် သေခံတော်မူချက်သည် ပို၍ကြီးမြတ်၏။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏သက်သေခံတော်မူချက်သည် မိမိ၏သားတော်နှင့်ပတ်သက်၍ပေးထားသောသက်သေခံတော်မူချက်ဖြစ်၏။ ဘုရားသ ခင်၏သားတော်ကိုယုံကြည်သောသူသည် ဤသက်သေခံချက်ကို မိမိအထဲ၌ရရှိထား၏။ ဘုရားသခင်ကိုမယုံကြည်သောသူမူကား ဘု ရားသခင်ကို လိမ်လည်သောသူဟုဆိုရာရောက်၏။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်က မိမိ၏သားတော်နှင့်ပတ်သက်၍ သက်သေ ခံတော်မူသောသက်သေခံချက်ကို ထိုသူသည် မယုံကြည်သော ကြောင့်ဖြစ်၏။ ထိုသက်သေခံချက်မှာ ဘုရားသခင်သည် ငါတို့အား ထာဝရအသက်ကိုပေးတော်မူပြီး ထိုအသက်သည် ဘုရားသခင်၏သားတော်၌ရှိ၏ဟူ၍ ဖြစ်၏။သားတော်ကိုရရှိသောသူသည် အသက်ကိုရ၏။ ဘုရားသခင်၏သားတော်ကိုမရရှိသောသူမူကား အသက်ကိုမရ” (၁ယော ၅း၄-၁၂)။
ဝိညာဉ်ရေးရာအရေဖျားလှီးခြင်း၏ သက်သေအထောက်အ ထားမှာ အဘယ်နည်း။ သခင်ယေရှု၏ဗတ္တိဇံနှင့်အသွေးတော်တို့ကို ကယ်တင်ခြင်းအဖြစ် ယုံကြည်သော ယုံကြည်ခြင်း ဖြစ်သည်။ လော ကကို အောင်သောအောင်မြင်ခြင်းမှာ ရေနှင့်အသွေးတော် ဖြစ်သည်။ “ယေရှုခရစ်တော်သည် ရေနှင့်သွေးအားဖြင့် ကြွလာတော်မူသောအရှင်ဖြစ်၏။ ရေအားဖြင့်သာမဟုတ်ဘဲ ရေနှင့်သွေးအားဖြင့်ကြွလာတော်မူ၏။ ဝိညာဉ်တော်သည် သက်သေခံသောအရှင်ဖြစ်၏။ အ ကြောင်းမှာ ဝိညာဉ်တော်သည် သမ္မာတရားဖြစ်တော်မူ၏။ ဝိညာဉ်တော်၊ ရေ၊ သွေးတည်းဟူသော သက်သေသုံးပါးရှိ၍ ထိုသုံးပါးတို့သည် တညီတညွတ်တည်းဖြစ်ကြ၏။”  ဘုရားသခင်သည် ကျွန်ုပ်တို့ ဘုရားနှင့် ကယ်တင်ရှင်ဖြစ်တော်မူသည်ဟု ဤသက်သေခံများက ပြ သ၍ ဘုရားသခင်သည် လူသားတစ်ဉီးအဖြစ် လောကသို့ ကြွဆင်း တော်မူခဲ့သည်ကို သက်သေခံကာ ဗတ္တိဇံအားဖြင့် မိမိကိုယ်ပေါ်သို့ ကျွန်ုပ်တို့အပြစ်များအားလုံးကို ယူဆောင်သွားတော်မူလျက် ကား တိုင်ပေါ်တွင် ကျွန်ုပ်တို့ကိုယ်စား အသွေးတော်သွန်းလောင်းပြီး နောက် ကျွန်ုပ်တို့သည်အား အပြစ်များအားလုံးမှ ကယ်နှုတ်တော်မူခဲ့ သည်။ 
ဓမ္မသစ်ကျမ်း၌ဝိညာဉ်ရေးရာအရေဖျားလှီးခြင်းသတင်းကောင်း တွင် ရေနှင့်အသွေးပါဝင်သည်။ ဓမ္မသစ်ကျမ်းတါင် ရေမှာ ယောဟန် ထံမှ သခင်ယေရှုခံယူတော်မူခဲ့သော ဗတ္တိဇံဖြစ်၍ အသွေးတော်မှာ ကားတိုင်ပေါ်တွင် ကိုယ်တော်၏အသေခံတော်မူခြင်း ဖြစ်သည်။ သ ခင်ယေရှု၏ဗတ္တိဇံမှာ ဓမ္မဟောင်းကျမ်း၌ အရေဖျားလှီးခြင်းနှင့်တွဲ ဖက်သည်။ ယောဟန်ထံမှ သခင်ယေရှု၏ဗတ္တိဇံမှာ ကျွန်ုပ်တို့၏အ ပြစ်များကို ကိုယ်တော့်အပေါ်သို့ လွှဲပြောင်းခြင်း သက်သေ ဖြစ် သည်။ သမ္မာတရားကို ယုံကြည်သူများသည် ဘုရားသခင်၏ရှေ့ တော်၌ ရပ်နိုင်ကြ၍ “ဘုရားသခင်၊ ကိုယ်တော်သည် ကျွန်ုပ်၏ကယ် တင်ရှင်ဖြစ်တော်မူတယ်။ ကိုယ်တော်၏ဖြောင့်မတ်ခြင်းကို ကျွန် တော်ယုံကြည်သောကြောင့် ကျွန်တော့်မှာ အပြစ်မရှိတော့ပါ။ ကျွန် တော်သည် အမှားကင်းသောသားဖြစ်၍ ကိုယ်တော်သည် ကျွန်ုပ်၏ ဘုရားဖြစ်တော်မူတယ်”ဟု ပြောကြသည်။ သင်သည် ဤသို့ဖြင့် ရဲရင့်စွာ ကြွေးကြော်စေသော အခြေခံကျမ်းချက်မှာ အဘယ်အရာ ဖြစ်သနည်း။ ဘုရားသခင်၏ဖြောင့်မတ်ခြင်းပါဝင်သော သခင်ယေရှု ၏ဗတ္တိဇံနှင့်ကားတိုင်ပေါ်တွင် အသွေးတော်ကို ယုံကြည်ခြင်း ဖြစ် သည်။ ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ကျွန်ုပ်၏ဖြောင့်မတ်ခြင်း အဖြစ် လက်ခံခြင်းမှာ ခရစ်တော်၏အသွေးတော်တစ်ပါးတည်းအား ဖြင့်သာ မဖြစ်နိုင်ပေ။ ကိုယ်တော်၏ဗတ္တိဇံနှင့်အသွေးတော်နှစ်ပါး တို့သည် ၎င်းကို ဖန်တီးပေးသည်။ 
ကျွန်ုပ်တို့ကယ်တင်ခြင်းအတွက် သခင်ယေရှု၏ဗတ္တိဇံမရှိမဖြစ် လိုအပ်မှုအကြောင်းကို ဖော်ပြသောကျမ်းချက်ကို ကျွန်ုပ်တို့ ကြည့် ကြပါစို့။ ၁ပေ ၃း၂၁ သည် ဤသမ္မာတရား၏သက်သေ ဖြစ်သည်။ “ဤအရာသည် ယခု သင်တို့ကိုကယ်တင်သော ဗတ္တိဇံကိုပုံဆောင်၏။ ဗတ္တိဇံသည် ကိုယ်ကာယ၏အညစ်အကြေးကို ချွတ်ပယ်ခြင်းမဟုတ်ဘဲ ယေရှုခရစ်တော်၏ရှင်ပြန်ထမြောက်ခြင်းအားဖြင့် ကြည် လင်သောအသိစိတ်ကို ဘုရားသခင်ထံတောင်းလျှောက်ခြင်းဖြစ်၏။”
တမန်တော်ရှင်ပေတရုသည် ယခုတွင် ကျွန်ုပ်တို့ကယ်တင်ခြင်း ၏သံသယကင်းသောသက်သေအကြောင်းကို ပြောကြားသည်။ သ ခင်ယေရှု၏ဗတ္တိဇံမှာ ဓမ္မဟောင်းကျမ်း၌ အရေဖျားလှီးခြင်း ဖြစ် သည်။ သင်နားလည်သဘောပေါက်သလော။ ဓမ္မဟောင်းကျမ်းတွင် ဣသရေလလူမျိုးများသည် အရေဖျားလှီးခြင်းအတွက် သူတို့အရေ ခွံ ကို ဖြတ်ခဲ့သကဲ့သို့ ဓမ္မသစ်ကျမ်းတွင် ယောဟန်သည် သခင်ယေရှု ကို ဗတ္တိဇံပေးခဲ့၍ လောကအပြစ်များအားလုံးကို ယူဆောင်သွား တော်မူလျက် ကျွန်ုပ်တို့အား ဝိညာဉ်ရေးရာအရေဖျားလှီးခြင်းကို လက်ခံစေသည်။ ဗတ္တိဇံနှင့် ကားတိုင်ပေါ်တွင် အသွေးတော်တို့သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ဖန်တီးပေးသည်။ ဝိညာဉ်ရေးရာ အရေဖျားလှီးခြင်းနှင့် ဗတ္တီဇံတို့၏အဓိပ္ပါယ်မှာ အတူတူ ဖြစ်သည်။ သခင်ယေရှု၏ဗတ္တိဇံသည် ကျွန်ုပ်တို့အားလုံးအတွက် ဝိညာဉ်ရေးရာ အရေဖျားလှီးခြင်းပြဌာန်းသည်ဟု သင်နားလည်သဘော‌ပေါက်ရ မည် ဖြစ်သည်။
“ယခုတွင် ကျွန်ုပ်တို့ကယ်တင်သော ပုံဆောင်ချက်တစ်ခုမှာ ဗတ္တိဇံ ဖြစ်သည်။” ကျွန်ုပ်တို့သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို မည်သို့ ရရှိကြသနည်း။ သခင်ယေရှုသည် ကျွန်ုပ်တို့အပြစ်များအ တွက် ဗတ္တိဇံခံယူတော်မူ၍ ကားတိုင်ပေါ်တွင် အသေခံတော်မူခဲ့ သည်ဟု ယုံကြည်ခြင်းအားဖြင့် ရရှိကြသည်။ မဿဲ ၃း၁၅ တွင် “ငါတို့သည် ဖြောင့်မတ်ခြင်းအလုံးစုံကို ဤသို့ပြည့်စုံစေသင့်၏”ဟု ဖော် ပြထားသည်။ လူသားအားလုံး၏အပြစ်များကို သခင်ယေရှု၏ဉီး ခေါင်းပေါ်သို့ လွှဲပြောင်းခဲ့ပြီ ဖြစ်သောကြောင့် အပြစ်သားများ၏အ ပြစ်များသည် လုံးဝ ဖယ်ရှားခြင်း ခံရသည်။ အပြစ်သားအားလုံးသည် သခင်ယေရှု၏ဗတ္တိဇံနှင့်အသွေးတော်ကို ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်သူများ ဖြစ်လာကြသည်။ သခင်ယေရှုခရစ်တော်သည် လောကအပြစ်များအားလုံးကို ထမ်းတော်မူခဲ့ပြီးနောက် ကားတိုင် ပေါ်တွင် တရားစီရင်ခြင်းခံရန် အသွေးတော်သွန်းလောင်းတော်မူခဲ့ သည်။ ဤနည်းလမ်းအားဖြင့် လူသားအားလုံး၏အပြစ်များပြစ်ကြွေး ပေးဆပ်ခြင်းခံရသည်။ သခင်ယေရှုသည် ဗတ္တိဇံခံယူတော်မူခြင်းအား ဖြင့် လောကအပြစ်များကို ယူဆောင်သွားတော်မူခဲ့သည်ကိုလည်း ကောင်း၊ ကိုယ်တော်သည် ကျွန်ုပ်တို့ကိုယ်စား တရားစီရင်ခြင်းကို ရက်ရက်စက်စက်ခံတော်မူခဲ့သည်ကိုလည်းကောင်း၊ ယုံကြည်သူများ အပေါ် ဘုရားသခင်၏ဖြောင့်မတ်ခြင်းယူ ဆောင်မည့် ယုံကြည်ခြင်း ဖြစ်သည်။ ဤသမ္မာတရားကို ယုံကြည်ပါ။
ယောဟန် ၁း၂၉ တွင် “ကြည့်လော့။ ဤလောက၏အပြစ်ကိုယူဆောင်သွားသော ဘုရားသခင်၏သိုးသငယ်တော်ပေတည်း”ဟု ဖော်ပြထားသည်။ သခင်ယေရှုသည် ဘုရားသခင်၏သားတော် ဖြစ် တော်မူသည်။ ကိုယ်တော်သည် ကျွန်ုပ်တို့၏ဖန်ဆင်းရှင်အဖြစ် အ ပြစ်သားများအားလုံး၏အပြစ်များကို ယူဆောင်သွားတော်မူခြင်းအား ဖြင့် အရေဖျားလှီးခြင်းကတိတော်ကို ပြည့်စုံစေတော်မူခဲ့သည်။ ဘု ရားသခင်၏ဖြောင့်မတ်ခြင်းဖြစ်သော ဝိညာဉ်ရေးရာအရေဖျားလှီး ခြင်းကို ကျွန်ုပ်တို့နှလုံးသား၌ ယူဆောင်ပေးသော စစ်မှန်သောယုံ ကြည်ခြင်းမှာ ဤအရာ ဖြစ်သည်။ သခင်ယေရှုသည် ကျွန်ုပ်တို့၏ စစ်မှန်သောဖြောင့်မတ်ခြင်း ဖြစ်သည်။ ကျွန်ုပ်တို့သည် သခင်ယေရှု ကို ကျေးဇူးတင်ရကြမည် ဖြစ်သည်။ ကျွန်ုပ်တို့သည် ဝိညာဉ်ရေးရာ အရေဖျားလှီးခြင်းရရှိစေသော ကိုယ်တော်၏ဗတ္တိဇံနှင့်အသွေးတော် အတွက် ကိုယ်တော့်ကို ကျေးဇူးတင်ရကြမည် ဖြစ်သည်။ 
၁ ပေ ၃း၂၁ တွင် “ဗတ္တိဇံသည် ကိုယ်ကာယ၏အညစ်အကြေးကို ချွတ်ပယ်ခြင်းမဟုတ်ဘဲ ယေရှုခရစ်တော်၏ရှင်ပြန်ထမြောက်ခြင်းအားဖြင့် ကြည်လင်သောအသိစိတ်ကို ဘုရားသခင်ထံတောင်း လျှောက်ခြင်းဖြစ်၏”ဟု ဆက်လက်ဖော်ပြထားသည်။ လူတစ်ဉီး၏ ကိုယ်ကာယအညစ်အကြေးများသည် သူသည် သခင်ယေရှုကို စစ် မှန်သောကယ်တင်ရှင်အဖြစ် ယုံကြည်သောကြောင့်သာ မဖယ်ရှား ပေ။ သခင်ယေရျု၏ဗတ္တိဇံနှင့် ကားတိုင်ပေါ်တွင် သွန်းလောင်းသော အသွေးတော်အားဖြင့် သခင်ယေရှုအပေါ်သို့ သင်၏အပြစ်များအား လုံးကို လွှဲပြောင်းခဲ့သည်ဟု ယုံကြည်ခြင်းအားဖြင့် သင်သည် အပြစ် များဖြေလွှတ်ခြင်း ရရှိနိုင်သည်။ သခင်ယေရှုအား သင်၏ကယ်တင် ရှင်ဖြစ်တော်မူသည်ဟု ဝန်ခံခြင်းအားဖြင့် အပြစ်များဖြေလွှတ်ခြင်း ရရှိခြင်းသည် သင်၏နှလုံးသား၌ ပေါ်ပေါက်သည်။  ထိုအရာသည် ယုံကြည်သူတစ်ဉီး၏နှလုံးသား၌ နေရာယူသည်။ သင်သည် ကယ် တင်ရှင်ကို နှလုံးသားဖြင့် ယုံကြည်လျှင် သင်၏ကိုယ်ကာယသည် ညစ်ညမ်း၍ နေ့တိုင်းအပြစ်ဒုစရိုက်ကျူးလွန်သော်လည်း သင်၏အ ပြစ်များဖြေလွှတ်ခြင်းခံရလိမ့်မည်။ သို့သော် အပြစ်မရှိတော့ပေ။ သ ခင်ယေရှုသည် ဗတ္တိဇံခံယူတော်မူသောအခါ သခင်ယေရှုပေါ်သို့ အ ပြစ်များအားလုံးလွှဲပြောင်းပေးခဲ့၍ သင်၏နှလုံးသား၌ အပြစ်မရှိပေ ဟု ယုံကြည်ခြင်းအားဖြင့် သင်သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်း ကို ရရှိသည်။
 

သမ္မာတရားကို သင်ပိုင်ဆိုင်ရန် ထိုတရားကို သင်ယုံကြည် ရမည် ဖြစ်သည်

ယောဟန် ၁း၁၂ တွင် “သို့ရာတွင် ကိုယ်တော်ကိုလက်ခံသမျှသောသူတည်းဟူသော ကိုယ်တော်၏နာမတော်ကိုယုံကြည်သောသူတို့အား ဘုရားသခင်၏သားသမီးများဖြစ်ရသောအခွင့်ကို ပေးတော်မူ၏”ဟု ဖော်ပြထားသည်။ 
သင်သည် မည်သည့်စကားလုံးကို လက်ခံရရှိခဲ့သနည်း။ သင် သည် ဘုရားသခင်သားတော်ပြုတော်မူခဲ့သောအရာများကို လက်ခံ ရမည် ဖြစ်သည်။ ဘုရားသခင်၏အမှုမှာ အဘယ်အရာသည်။ ဘုရား သခင်၏သားတော်သည် အပြစ်ရှိသောလူသားတစ်ဉီးအဖြစ် ဤ လောကသို့ ကြွဆင်းတော်မူခဲ့၍ ကိုယ်တော်သည် အသက်သုံးဆယ် နှစ်ရှိသောအခါ လူသားများ၏အပြစ်များအားလုံးကို ယူဆောင်သွား တော်မူရန် ဗတ္တိဇံခံယူတော်မူခဲ့၍ ကျွန်ုပ်တို့အပြစ်များအားလုံးကို ဖယ်ရှားပေးသော ဝိညာဉ်ရေးရာအရေဖျားလှီးခြင်းကို ကျွန်ုပ်တို့အား ပေးအပ်တော်မူခဲ့သည်။ ထိုနောက် ကိုဘ်တော်သည် ဘုရားသခင်၏ သိုးသငယ်တော်အဖြစ် ကားတိုင်ပေါ်တွင် အသေခံတော်မူခဲ့၍ ကျွန်ုပ်တို့အတွက် ပြစ်ကြွေးများပေးဆပ်ပေးတော်မူခဲ့သည်။ ကိုယ် တော်သည် အပြစ်သားများအားလုံးအတွက် ထာဝရပြစ်ဖြေရာယဇ် ပူဇော်သက္ကာဖြစ်လာတော်မူခဲ့၍ ကျွန်ုပ်တို့အား ထာဝရကယ်တင် တော်မူခဲ့သည်။ ဤအရာသည် စစ်မှန်သော ယုံကြည်ခြင်း ဖြစ်သည်။ ကျွန်ုပ်တို့သည် ဤသမ္မာတရားကို ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ် သူများ ဖြစ်လာခဲ့ကြသည်။
ခရစ်တော်၏အသွေးတော်တစ်ပါးတည်းအားဖြင့်သာ ဝိညာဉ် ရေးရာအရေဖျားလှီးခြင်းကို ကျွန်ုပ်တို့ရရှိနိုင်ကြသလော။ မရရှိနိုင် ကြပေ။ သခင်ယေရှု၏ဗတ္တိဇံသည် ကျွန်ုပ်တို့အား အပြစ်များမှ ဖြတ် တောက်စေခဲ့၍ အပြစ်သားများအတွက် အသွေးတော်သွန်းလောင်း တော်မူခြင်းအားဖြင့် ကားတိုင်ပေါ်တွင် ခံတော်မူခဲ့သော တရားစီရင် ခြင်းမှာ သင်နှင့်ကျွန်တော်တို့အတွက် ရက်စက်ကြမ်းကြုတ်သော တ ရားစီရင်ခြင်း ဖြစ်သည်။ ကျွန်ုပ်တို့သည် သခင်ယေရှု၏ဗတ္တိဇံနှင့် ကားတိုင်ပေါ်တွင် အသွေးတော်သတင်းကောင်းဖြစ်သော ဘုရားသ ခင်၏ဖြောင့်မတ်ခြင်းကို ယုံကြည်ကြသောကြောင့် အပြစ်မှကယ် တင်ခြင်းခံရကြ၍ တရားစီရင်ခြင်းမှ လွှတ်မြောက်ခဲ့ကြသည်။ သခင် ယေရှုကို ကယ်တင်ရှင်အဖြစ် လက်ခံခြင်းသည် အပြစ်သားတစ်ဉီး၏ နှလုံးသား၌ရှိသောအပြစ်များအားလုံးကို ဖယ်ရှားပေးနိုင်သည်။ ဝိ ညာဉ်ရေးရာ အရေဖျားလှီးခြင်းကို သင်၏နှလုံးသား၌ လက်ခံပါ။ ထို နောက် ဘုရားသခင်၏ဖြောင့်မတ်ခြင်းသည် သင့်အတွက် ဖြစ်လာ ပါလိမ့်မည်။
 

စစ်မှန်သောဝိညာဉ်ရေးရာအရေဖျားလှီးခြင်သည် သင်၏ နှလုံးသား၌ နေရာယူသင့်သည်

ရောမ အခန်းကြီး ၂ တွင် တမန်တော်ရှင်ပေါလုက “အရေဖျား လှီးခြင်းမှာ နှလုံးသား၌ ဖြစ်သည်”ဟု ပြောသည်။ သင်သည် မိမိနှ လုံးသား၌ မိမိကိုယ်ကိုကိုယ် မည်သို့ အ‌ရေဖျားလှီးသနည်း။ သခင် ယေရှုခရစ်တော်သည် လူသားတစ်ဉီးအဖြစ် လောကသို့ ကြွဆင်း တော်မူခဲ့သည်ကိုလည်းကောင်း၊ ကိုယ်တော်သည် “လောကအပြစ် များ”အားလုံး ယူဆောင်တော်မူရန် ဗတ္တိဇံခံယူတော်မူခဲ့သည်ကို လည်းကောင်း၊ ကိုယ်တော်သည် ကားတိုင်ပေါ်တွင် အသွေးတော် သွန်းလောင်းကာ အသေခံတော်မူခဲ့သည်ကိုလည်းကောင်း၊ ကိုယ် တော်သည် ကျွန်ုပ်တို့၏ထာဝရကယ်တင်ရှင်ဖြစ်တော်မူရန် သေခြင်း မှ ရှင်ပြန်ထမြောက်တော်မူခဲ့သည်ကိုလည်းကောင်း ယုံကြည်ခြင်း အားဖြင့် ဖြစ်နိုင်သည်။ တမန်တော်ရှင်ပေါလုက အရေဖျားလှီးခြင်း မှာ သင်၏နှလုံးသား၌ ပြုလုပ်သင့်သည်ဟု ပြော၍ သင်သည် သခင် ယေရှု၏ဗတ္တိဇံကို ယုံကြည်ခြင်းအားဖြင့် နှလုံးသား၌ အရေဖျားလှီး ခြင်းခံနိုင်သည်။ သင်သည် နှလုံးသား၌ ဝိညာဉ်ရေးရာအရေဖျားလှီး ခြင်းခံယူလိုလျှင် သခင်ယေရှု၏ဗတ္တိဇံကို ယုံကြည်ပါ။ ထိုနောက် သင်သည် ဘုရားသခင်၏သားသမီးတစ်ဉီး အမှန်အကန် ဖြစ်လာ လိမ့်မည်။ ဖြောင့်မတ်ခြင်းမှာ သခင်ယေရှု၏ဗတ္တိဇံနှင့် အသွေးတော် တို့သည် သူ့အား အပြစ်များမှ ရွေးနှုတ်တော်မူခဲ့သည်ဟု ယုံကြည်သူ ဖြစ်သည်။ အာမင်။
သခင်ယေရှုသည် အသက် ၂၉ နှစ်အထိ မိမိမိသားစုကို ကူညီ ထောက်ပံ့ရန် ကိုယ်ရေးကိုယ်ကာဘဝဖြင့် အသက်ရှင်ခဲ့သော်လည်း ကိုယ်တော်သည် အသက် ၃၀ နှစ်ရှိသောအခါ ကိုယ်တော်သည် လူ အများရှေ့၌ အသက်ရှင်ခြင်းကို စတင်ခဲ့သည်။ ကိုယ်တော်သည် လူ အများရှေ့၌ အသက်ရှင်နေတော်မူစဉ် ကိုယ်တော်သည် လူသားများ အားလံဒး၏အပြစ်များ ဖယ်ရှားပေးတော်မူခဲ့သည် အပြစ်သားများ အားလုံးကို အပြစ်များမှ ကယ်တင်တော်မူခဲ့သည်။ ကိုယ်တော်သည် အပြစ်သားများအား အပြစ်များမှ ကယ်တင်ရန်နှင့် သူတို့ကို ဖြောင့် မတ်သူများဖြစ်စေတော်မူရန် ပထမဉီးဆုံးပြုတော်မူခဲ့သောအရာမှာ ဗတ္တိဇံခံယူတော်မူခြင်း ဖြစ်သည်။ “ထိုကာလတွင် ယေရှုသည် ယော ဟန်ထံ၌ဗတ္တိဇံခံရန် ဂါလိလဲနယ်မှ ဂျော်ဒန်မြစ်နားရှိ ယောဟန်ထံသို့ကြွလာတော်မူ၏”(မဿဲ၃း၁၃)။ သခင်ယေရှုသည် ဘာကြောင့် ဗတ္တိဇံခံယူတော်မူခဲ့သနည်း။ ကိုယ်တော်သည် အပြစ်သားများအား လုံး၏အပြစ်များကို ယူဆောင်သွားတော်မူရန် ဤအမှုကို ပြုတော်မူ ခဲ့သည်ဟု ကျွန်ုပ်တို့ သိရကြမည် ဖြစ်သည်။ ကျွန်ုပ်တို့သည် ကိုယ် တော်၏ဗတ္တိဇံ၏စစ်မှန်သောအဓိပ္ပါယ်ကို နားလည်မှုမလွှဲချော်သင့် ကြပေ။ ဗတ္တိဇံမှာ အပြစ်များလွှဲပြောင်းခြင်းအားဖြင့် အပြစ်များကို ဆေးကြောခြင်း ဖြစ်သည်။ ထိုအကြောင်းကြောင့် သခင်ယေရှုသည် အပြစ်သားများ၏အပြစ်များကို ယူဆောင်သွားတော်မူရန် သူ့အား ဗတ္တိဇံပေးရန် ယောဟန်အား မိန့်တော်မူခဲ့ခြင်း  ဖြစ်သည်။
သခင်ယေရှုကို ဗတ္တိဇံပေးသော ဤယောဟန်မှာ မည်သူဖြစ် သနည်း။ ယောဟန်သည် လူသားအားလုံး၏ကိုယ်စားလှယ် ဖြစ် သည်။ ဤအကြောင်းကို မဿဲ ၁၁း၁၁-၁၄ တွင် ကောင်းမွန်စွာ ရှင်း ပြထားသည်။ “ သင်တို့အား ငါအမှန်ဆိုမည်။ မိန်းမတို့မှ မွေးဖွားလာသောသူတို့တွင် ဗတ္တိဇံဆရာယောဟန်ထက် ကြီးမြတ်သောသူတစ် ယောက်မျှ မပေါ်ထွန်းခဲ့ဖူးပေ။ သို့သော် ကောင်းကင်နိုင်ငံတော်၌ အ ငယ်ဆုံးသောသူသည် သူ့ထက်ကြီးမြတ်၏။ ဗတ္တိဇံဆရာယောဟန်လက်ထက်မှ ယခုတိုင်အောင် ကောင်းကင်နိုင်ငံတော်သည် အတင်းတိုးဝင်ခြင်းကိုခံရလျက် အတင်းတိုးဝင်သောသူတို့သည် ၎င်းကိုလုယူဝင်စားကြ၏။ အကြောင်းမူကား ပရောဖက်ကျမ်းများနှင့်ပညတ်တ ရားကျမ်းရှိသမျှတို့သည် ယောဟန်လက်ထက်တိုင်အောင် ပရော ဖက်ပြုဟောပြောခဲ့ကြ၏။ သင်တို့သည် လက်ခံရန် ဆန္ဒရှိလျှင် ဤသူသည် ပေါ်ထွန်းလာရမည့် ဧလိယဖြစ်၏။”
ဗတ္တိဇံယောဟန်၏နေ့ရက်မှစတင်၍ ဘုရားသခင်၏ပဋိညာဉ် သည် နိဂုံးချုပ်ခဲ့သည်။ ကိုယ်တော်၏ကတိတော်ကို ပြည့်စုံစေတော် မူခဲ့သော ပုဂ္ဂိုလ်၊ သခင်ယေရှုသည် ကြွဆင်းတော်မူခဲ့သည်။ ထို နောက် ဓမ္မဟောင်းကျမ်း၌ ကတိတော်များကို ပြည့်စုံစေသောပုဂ္ဂိုလ် များမှာ မည်သူများ ဖြစ်ကြသနည်း။ သူတို့သည် သခင်ယေရှုနှင့် ဗတ္တိဇံယောဟန်တို့ဖြစ်ကြသည်။ ဗတ္တိဇံယောဟန်သည် သခင်ယေရှု အပေါ်သို့ အပြစ်များကို လွှဲပြောင်းပေးခဲ့သည်။ ဗတ္တိဇံယောဟန် သည် ဓမ္မသစ်ကျမ်း၌ ကြွလာတော်မူခဲ့သော ဘုရားသခင်၏သိုးသ ငယ်တော်အပေါ်သို့ အပြစ်များအားလုံးကို လွှဲပြောင်းရန် စေလွှတ် ခြင်းခံတော်မူခဲ့သော ဓမ္မကျမ်း၌ နောက်ဆုံးသောပရောဖက်ဖြစ်ခဲ့ သည်။ ယဇ်ပူဇော်သက္ကာစနစ်၌ တည်ထောင်ခဲ့သော ပညတ်တော် နှင့်ညီညွှတ်သောနည်းလမ်းနှင့်အညီ ယောဟန်သည် သခင်ယေရှု၏ ဉီးခေါင်းပေါ်တွင် လက်များကို တင်ခြင်းအားဖြင့် ဤအမှုကို ပြုခဲ့ သည်။ ကိုယ်တော်သည် ဗတ္တိဇံခံယူတော်မူခဲ့သောအခါ သခင်ယေရှု အပေါ်သို့ လောကအပြစ်များအားလုံးကို လွှဲပြောင်းခဲ့သည်။ “ထို ကြောင့်” ဘုရားသခင်သည် လူသားများ၏နှလုံးသားများအားလုံး၌ ဝိညာဉ်ရေးရာအရေဖျားလှီးခြင်းကို ပေးအပ်တော်မူခဲ့သည်။
သခင်ယေရှု၏ဗတ္တိဇံနှင့်အသွေးတော်ကို သင်၏ပြစ်ကြွေးပေး ဆပ်ခြင်းအဖြစ် ခိုင်ခံစွာ ဆုပ်ကိုင်ပါ။ သခင်ယေရှုသည် လောကအ ပြစ်များအားလုံးကို ယူဆောင်သွားတော်မူခဲ့၍ တရားစီရင်ခြင်းအား လုံးကို ထမ်းတော်မူခဲ့သည်။ ဘုရားသခင်၏ဖြောင့်မတ်ခြင်းသတင်း ကောင်းမှာ သခင်ယေရှုသည် ဗတ္တိဇံခံယူတော်မူခဲ့၍ အပြစ်များအား လုံးအတွက် အသွေးတော်သွန်းလောင်းခဲ့သော သမ္မာတရား ဖြစ် သည်။ ယခုတွင် ကျွန်ုပ်တို့သည် နှလုံးသားများ၌ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို လက်ခံခြင်းအားဖြင့် အပြစ်များဖြေလွှတ်ခြင်းကို ရရှိနိုင်ကြသည်။ သင်သည် ထိုအရာကို ယုံကြည်လျှင် သင်သည် “သ ခင်ယေရှုခရစ်တော်၊ ဒါဝိဒ်၏သားတော်၊ အာဗြဟံ၏သားတော်၏ မျိုးဆက်”ဟု ဝင်ရောက်ပါလိမ့်မည်။ ဘုရားသခင်၏ဖြောင့်မတ်ခြင်း ကို သိခဲ့သောသူများနှင့် မသိဘဲ သခင်ယေရှုခရစ်တော်၏အပြင်ဖက် ၌ ရှိသေးသောသူများရှိကြသည်။ နေမင်းကြီးသည် ဝင်တော့မည် ဖြစ်သည်။ သခင်ယေရှု၏ဗတ္တိဇံကို ယုံကြည်၍ ကိုယ်တော်သို့ ဝင် ရောက်ပါ။ ဗတ္တိဇံကိုယုံကြည်သောယုံကြည်ခြင်းသည် မင်္ဂလာ ဆောင်နှင်းပွဲအတွက် ပြင်ဆင်ခဲ့သော သင်၏ဆီဖြစ်လာလိမ့်မည်။ သင်သည် လျို့ဝှက်ချက်ကို သိကြသော်ကြာင့် သင်သည် သခင်ယေရှု ၏ဗတ္တိဇံနှင့် ကားတိုင်ပေါ်တွင် အသွေးတော်ကို ယုံကြည်ခြင်းအား ဖြင့် သခင်ယေရှု ဒုတိယအကြိမ်ကြွလာတော်မူသောအခါ ကိုယ် တော်ကို တွေ့ရန် မီးခွက်အတွက် ဆီပြင်ဆင်နိုင်သည်ဟု ကျွန်တော် မြော်လင့်သည်။ 
သခင်ယေရှုသည် ဗတ္တိဇံခံယူတော်မူခဲ့သောကြောင့် ကိုယ် တော်သည် လူတိုင်း၏အပြစ်များကို ဖယ်ရှားတော်မူလိမ့်မည်။ သခင် ယေရှုသည် ဘုရားသခင်၏သားတော်နှင့် ဘုရားဖြစ်တော်မူသည်။ ကိုယ်တော်သည် ဖန်ဆင်းရှင်  ဖြစ်တော်မူသည်။ ကိုယ်တော်သည်  ကျွန်ုပ်တို့အား ဘုရားသခင်၏သားသမီးများအဖြစ် အမွေဆက်ခံစေ တော်မူရန် ခမည်းတော်၏အလိုတော်ဖြင့် ဤလောကသို့ ကြွဆင်း တော်မူခဲ့သည်။ ဓမ္မဟောင်းကျမ်း၌ ပရောဖက်များအားလုံးသည် မည်သူ့အကြောင်းကို ပြောသနည်း။ သူတို့သည် သခင်ယေရှုကို အ ကြောင်းကို ကြိုတင်ပြောကြသည်။ ကိုယ်တော်သည် လောကသို့ မည်သို့ ကြွဆင်းတော်မူခဲ့၍ ကျွန်ုပ်တို့အပြစ်များ ယူဆောင်ကာ ၎င်း တို့ကို ပယ်ဖျက်တော်မူလိမ့်မည့်အကြောင်းကို ပြောသောပရောဖက် စကားများ ဖြစ်ကြသည်။ ဓမ္မဟောင်းကျမ်း၌ ပရောဖက်များအတိုင်း ခသင်ယေရှုသည် လွန်ခဲ့သော နှစ်ပေါင်း ၂၀၀၀ ခန့်က ဤလောက သို့ ကြွဆင်းတော်မူခဲ့၍ ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် ကျွန်ုပ်တို့အ ပြစ်များအားလုံးကို ယူဆောင်သွားတော်မူခဲ့သည်။ ကိုယ်တော်သည် အာဒံနှင့်ဧဝမှစတင်၍ နောက်ဆုံးသောလူအထိ လူသားအားလုံး၏ အပြစ်များအားလုံးကို ထမ်းတော်မူခဲ့သည်။
သင်၏နှလုံးသားများ၌ ဝိညာဉ်ရေးရာ အရေဖျားလှီးခြင်းကို လက်ခံပါ။ “အရေဖျားလှီးခြင်းမှာ နှလုံးသားအရေဖျားလှီးခြင်း ဖြစ် သည်”(ရောမ ၂း၂၉)။ သင်သည် သခင်ယေရှု၏ဗတ္တိဇံကို ယုံကြည် သောအခါ သင်သည် နှလုံးသားအရေဖျားလှီးခြင်းကို အလိုအ လျောက်လက်ခံလိမ့်မည်။ နှလုံးသားအရေဖျားလှီးခြင်းအဓိပ္ပါယ်မှာ  ကိုယ်တော်၏ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် သခင်ယေရှုအပေါ်သို့ အပြစ်များအားလုံးကို လွှဲပြောင်းပေးခဲ့သည်ဟု ကျွန်ုပ်တို့အသိအ မှတ်ပြုကြသောအခါ နှလုံးသား၌ရှိသောအပြစ်များကို ပယ်ဖျက်ခြင်း  ဖြစ်သည်။ သင်သည် နှလုံးသားအရေဖျားလှီးခြင်းကို ရရှိခဲ့ပြီလော။ နှလုံးသား၌ အရေဖျားလှီးခြင်းကို ယုံကြည်ခြင်းအားဖြင့် “ယုံကြည် ခြင်းအားဖြင့် အပြစ်များအားလုံးကို သန့်ရှင်းလိမ့်မည်။”
 

သင်သည် နှလုံးသား၌ ဝိညာဉ်ရေးရာအရေဖျားလှီးခြင်း သမ္မာတရားကို အမှန်အကန် လက်ခံသလော

သခင်ယေရှုသည် လောကသို့ကြွဆင်းတော်မူခဲ့၍ ဗတ္တိဇံခံယူ ကာ ကားတိုင်ပေါ်တွင် အသေခံတော်မူခြင်းမှာ နှစ်ပေါင်း ၂၀၀၀ခန့် ရှိခဲ့ပြီ ဖြစ်သည်။ ကျွန်ုပ်တို့သည် ဤအချက်ကို လက်ခံ၍ ယနေ့နှလုံး များ၌ ရရှိရကြမည် ဖြစ်သည်။ “အရေဖျားလှီးခြင်းမှာ နှလုံးသားအ ရေဖျားလှီးခြင်း  ဖြစ်သည်။” ကျွန်ုပ်တို့သည် သမ္မာတရားကို ယုံ ကြည်ခြင်းအားဖြင့် စိတ်များနှင့်နှလုံးသားများ၌ အရေဖျားလှီးခြင်းရ ရှိနိုင်ကြသည်။ ကျွန်ုပ်တို့အားလုံးသည် ဘုရားသခင်၏ဖြောင့်မတ် ခြင်းကို ယုံကြည်ခြင်းအားဖြင့် လွှတ်မြောက်ခြင်းရရှိခဲ့ကြသည်။ ဘု ရားသခင်၏တရားစီရင်ခြင်းသည် ဤလောကသို့ လာလျှင်လည်း ကျွန်ုပ်တို့သည် စိုးရိမ်ကြောင့်ကြစရာမလိုအပ်ပေ။ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို ယုံကြည်သူများသည် ဘုရားသခင်၏တရားစီရင် ခြင်းကို ခံရကြမည် မဟုတ်ပေ။ ဘုရားသခင်သည် တရားစီရင်ခြင်း သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို နှလုံးသားများ၌ မလက်ခံခဲ့ သောသူများအပေါက် ကျရောက်သည်။
ယနေ့ခရစ်ယာန်များသည် သခင်ယေရှုကို ယုံကြည်ကြသော် လည်း ဘာကြောင့် လမ်းလွှဲကြသနည်း။ သူတို့သည် ဘာကြောင့် ဝေ ဒနာဖြင့် အသက်ရှင်ကြသနည်း။ သူတို့သည် ကယ်တင်ခြင်းအတွက် သခင်ယေရှု၏အသွေးတော်ကိုသာ ယုံကြည်ကြသောကြောင့်  ဖြစ် သည်။ ယခုတွင် သင်သည် ဘုရားသခင်ကို လည်ပင်းခိုင်မာ၍ ဆန့် ကျင်ခဲ့သည်ဟု ဝန်ခံ၍ သခင်ယေရှုသည် ယောဒန်မြစ်၌ ဗတ္တိဇံခံယူ တော်မူခြင်းအားဖြင့် ကျွန်ုပ်တို့အပြစ်များအားလုံးကို ယူဆောင်သွား တော်မူခဲ့သည်ဟူသော သမ္မာတရားသို့ ပြန်လှည့်ရမည် ဖြစ်သည်။ ထိုနောက် ဝိညာဉ်‌ရေးရာ အ‌ရေဖျားလှီးခြင်းသည် သင်၏နှလုံးသား ၌နေရာယူပါလိမ့်မည်။
သင်သည် သခင်‌ယေရှု၏ဗတ္တိဇံနှင့်အသွေးတော်ကို ယုံကြည် လျှင် ဝိညာဉ်ရေးရာအရေဖျားလှီးခြင်းသည် သင်၏နှလုံးသား၌နေ ရာယူ၍ ဘုရားသခင်၏တရားစီရင်ခြင်းကို ခံရလိမ့်မည် မဟုတ်ပေ။ ကိုယ်တော်၏သားသမီးတစ်ဉီးဖြစ်လာသည်။  ဘုရားသခင်သည် သင်၏ဘုရားဖြစ်တော်မူ၍ သင်သည်လည်း ကိုယ်တော်၏လူတစ် ဉီးဖြစ်လာလိမ့်မည်။ သခင်ယေရှုကို ယုံကြည်သော်လည်း သခင်‌ယေ ရှု၏အသွေးတော်ကိုသာ မှီခိုသူသင်တို့အကြားမှာ ရှိနေလျှင် ကျွန် တော်မေးခွန်းတစ်ခုကို မေးပါရစေ။ ကားတိုင်၏အသွေးတော်အား ဖြင့်သာ ဝိညာဉ်ရေးရာအရေဖျားလှီးခြင်းနှင့် ဘုရားသခင်၏ဖြောင့် မတ်ခြင်း ဖြစ်သလော။ ကျွန်ုပ်တို့ကယ်တင်ခြင်းမှာ အသွေးတော် တစ်ပါးတည်းအားဖြင့်သာ မပြည့်စုံဘဲ သခင်ယေရှု၏ဗတ္တိဇံ၊ အသွေး တော်နှင့် ဝိညာဉ်တော်အားဖြင့် ပြည့်စုံသည်။ 
 

ခရစ်တော်နှင့်စည်းလုံးခြင်းအားဖြင့် ဘုရားသခင်၏ဖြောင့် မတ်ခြင်းရရှိသည်

ရောမ ၆း၃-၈ ကို လေ့လာကြပါစို့။ “သို့မဟုတ် ခရစ်တော်ယေရှု၌ ဗတ္တိဇံခံခဲ့သောငါတို့သည် ကိုယ်တော်၏အသေခံတော်မူခြင်း၌ ဗတ္တိဇံခံခဲ့ကြောင်း သင်တို့မသိကြသလော။ ထိုသို့ ငါတို့သည် အသေခံတော်မူခြင်း၌ ဗတ္တိဇံခံသောအားဖြင့် ကိုယ်တော်နှင့်အတူသင်္ဂြိုဟ်ခြင်းကိုခံကြ၏။ ဤသည်ကား ခရစ်တော်သည် ခမည်း တော်၏ဘုန်းအသရေတော်အားဖြင့် သေသောသူတို့ထဲမှ ထမြောက်တော်မူသည့်နည်းတူ ငါတို့သည်လည်း အသက်တာသစ်၌ အသက် ရှင်လျှောက်လှမ်းကြရန်ဖြစ်၏။ အကြောင်းမူကား ငါတို့သည် ခရစ် တော်၏အသေခံတော်မူခြင်းနှင့်တူညီသောသဏ္ဌာန်၌ ကိုယ်တော်နှင့်အတူပေါင်းစည်းကြသည်ဆိုလျှင် ကိုယ်တော်၏ရှင်ပြန်ထ မြောက်ခြင်းသဏ္ဌာန်ကိုလည်း ဧကန်အမှန်ဆောင်ကြလိမ့်မည်။ 6ငါတို့၏လူဟောင်းသည် ခရစ်တော်နှင့်အတူ လက်ဝါးကပ်တိုင်ပေါ်၌တင်ထားခြင်းခံရသည်မှာ အပြစ်နှင့်ဆိုင်သောကိုယ်ခန္ဓာသည် ဖျက် ဆီးခြင်းခံရလျက် ငါတို့သည် နောက်ထပ် အပြစ်ထံ၌ ကျွန်မခံရရန်အတွက်ဖြစ်ကြောင်း ငါတို့သိကြ၏။ အဘယ်ကြောင့်ဆိုသော် သေ လွန်သောသူသည် အပြစ်၏လက်မှ လွတ်မြောက်ပြီဖြစ်၏။ ငါတို့သည် ခရစ်တော်နှင့်အတူသေလျှင် ကိုယ်တော်နှင့်အတူအသက်ရှင်မည်ဟူ၍လည်း ယုံကြည်ကြ၏။”
အပိုဒ်ငယ် ၅ တွင် “အကြောင်းမူကား ငါတို့သည် ခရစ်တော်၏အသေခံတော်မူခြင်းနှင့်တူညီသောသဏ္ဌာန်၌ ကိုယ်တော်နှင့်အတူပေါင်းစည်းကြသည်ဆိုလျှင် ကိုယ်တော်၏ရှင်ပြန်ထမြောက်ခြင်းသဏ္ဌာန်ကိုလည်း ဧကန်အမှန်ဆောင်ကြလိမ့်မည်”ဟု ဖော်ပြထား သည်။ အပြစ်၏အခကားသေခြင်း ဖြစ်သည်ဟု သမ္မာကျမ်းစာက ပြောထား၍ အပြစ်ရှိသူအားလုံးသည် ပျက်စီး၍ အပ္ပါယ်ငရဲသို့ သွား ရကြမည်။ သင်တို့အားလုံးသည် သခင်ယေရှုခရစ်တော်၏သမ္မာတ ရားကို မယုံကြည်မီ အပြစ်ကျူးလွန်ကြသည်မဟုတ်လော။ -ဟုတ် ပါသည်။- သင်သည် အပြစ်အနည်းငယ်ရှိလျှင်တောင် အပ္ပါယ်ငရဲသို့ သွား၍ “ကန့်နှင့်မီးလောင်ကျွမ်းသောမီးအိုင်”(ဗျာဒိတ် ၂၁း၈)အရ တရားစီရင်ခြင်းကို ခံရလိမ့်မည်။ ကျွန်ုပ်တို့သည် သေခြင်းဖြစ်သော အပြစ်များ၏အခများကို မိမိကိုယ်ကိုကိုယ်ပေးရမည်ဆိုလျှင် ကျွန်ုပ် တို့သည် အပြစ်များမှ လုံးဝကယ်တငခြင်းခံရကြမည် မဟုတ်ပေ။ ထိုကြောင့် ဘုရားသခင်သည် သခင်ယေရှုခရစ်တော်ကို ဤလောက သို့ စေလွှတ်တော်မူခဲ့၍ အပြစ်များအားလုံးကို ကိုယ်တော့်အပေါ်သို့ လွှဲပြောင်းခဲ့ကာ ကိုယ်တော်သည် ကျွန်ုပ်တို့ကိုယ်စား တရားစီရင် ခြင်းခံရတော်မူခဲ့သည်။
ဘုရားသခင်သည် ကျွန်ုပ်တို့ကို အလွန်ချစ်တော်မူခဲ့သော ကြောင့် ကျွန်ုပ်တို့အားလုံးကို ကယ်တင်တော်မူခဲ့သည်။ ခမည်းတော် ဘုရားသခင်သည် တပါးတည်းသောသားတော်ကို လောကသို့ စေ လွှတ်တော်မူခဲ့၍ ဗတ္တိဇံအားဖြင့် သားတော်အပေါ်သို့ လောကအပြစ် များအားလုံးကို လွှဲပြောင်းပေးတော်မူခဲ့၍ သံမှိုရိုက်ခြင်းဖြင့်အသေခံ တော်မူခဲ့သောကြောင့် ကိုယ်တော်သည် အပြစ်များအားလုံးအတွက် အသွေးတော်သွန်းလောင်းတော်မူခဲ့သည်။ ဤအရာကို ယုံကြည် ခြင်းမှာ သခင်ယေရှုနှင့်စည်းလုံးခြင်း ဖြစ်သည်။ အပြစ်၏အခမှာ သေခြင်း ဖြစ်သည်။ ကျွန်ုပ်တို့အားလုံးသည် နှလုံးသားများ၌ အပြစ် များရှိကြသောကြောင့်  ထိုအပြစ်များကြောင့် အပ္ပါယ်ငရဲသို့ သွားရ ကြမည် ဖြစ်သည်။ သို့သော် အပ္ပါယ်ငရဲသို့ဉီးတည်နေသူ ကျွန်ုပ်တို့ အားလုံးကိုယ်စား သခင်ယေရှုသည်ယောဒန်မြစ်၌ ဗတ္တိဇံခံယူတော် မူခြင်းအားဖြင့်  အပြစ်များကို ယူဆောင်သွားတော်မူခဲ့၍ ကားတိုင် ပေါ်တွင် ရက်စက်စွာ ပြစ်ဒဏ်ခံတော်မူခဲ့သည်။  ထိုကြောင့် ကိုယ် တော်၏ဗတ္တိဇံသည် ကျွန်ုပ်တို့အပြစ်များအားလုံးကို ယူဆောင်သွား တော်မူခဲ့သောကြောင့် ကိုယ်တော်၏သေခြင်းသည် ကျွန်ုပ်တို့သေ ခြင်းများ ဖြစ်လာခဲ့သည်။  ဤအရာသည် ခရစ်တော်နှင့်စည်းလုံး ခြင်း ယုံကြည်မှု ဖြစ်သည်။
လူများစွာတို့သည် “ဘာသာတရား”နည်းလမ်းအားဖြင့် သခင် ယေရှုကို ယုံကြည်ကြသေးသည်။ သူတို့သည် ဘုရားကျောင်းသို့ တက်ကြ၍ မိမိအပြစ်များဝန်ခံစဉ် မျက်ရည်များကျ၍ ခွင့်လွှတ်ခြင်း အတွက် တောင်းလျှောက်ကြသည်။ ယခုတွင် ထိုအရာပြုလုပ်ခြင်း ကို ရပ်တန့်၍ ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ယုံကြည်ပါ။ သင် သည် နှလုံးသား၌ ဘုရားသခင်ထံတော်မှ ငြိမ်သက်ခြင်းရရှိလိမ့် မည်။သခင်ယေရှုသည် ကျွန်ုပ်တို့ကို ကယ်တင်တော်မူရန် ဗတ္တိဇံခံယူ တော်မူ၍ ကားတိုင်ပေါ်တွင် အသေခံတော်မူခဲ့သည်။ သင်သည် ဤ သတင်းကောင်းကို ယုံကြည်သည်ဟု ကျွန်တော်မြော်လင့်သည်။
ဘုရားသခင်သည် မောရှေအားဖြင့် အပြစ်များဖြေလွှတ်ခြင်း အကြောင်းကို ကျွန်ုပ်တို့အား သွန်သင်တော်မူခဲ့သည်။  မောရှေ သည် ကိုယ်တော်၏လူများ၊ ဣသရေလလူမျိုးများကို ကယ်တင်ရန် အဲဂုတ္တုပြည်သို့ သွားခြင်းအားဖြင့် သူသည် ဘုရားသခင်၏အမိန့် တော်ကို လက်ခံခဲ့သည်။ ထိုကြောင့် သူသည် မိမိဇနီးနှင့်သားကို မြည်းပေါ်တွင် တင်၍ အဲဂုတ္တုပြည်သို့ သွားခဲ့သည်။ ထိုညတွင် ဘု ရားသခင်၏ကောင်းကင်တမန်သည် ထင်ရှား၍ မောရှေကို သတ်ရန် ကြိုးစားခဲ့သည်။ ထိုနောက် သူ၏ဇနီး၊ ဇိပေါရသည် ထက်သော ကျောက်တုံးကို ယူ၍ သူ၏သားအရေဖျားကို ဖြတ်ခဲ့၍ မောရှေ၏ ခြေထောက်၌ ပစ်ခဲ့ကာ “အကယ်စင်စစ် သင်သည် သွေးနှင့်ဆိုင် သော ကျွန်မ၏လင်ယောက်ျားဖြစ်သည်”(ထွက် ၄း၂၅)ဟု ပြော ခဲ့သည်။ 
ဤကျမ်းချက်၌ သမ္မာတရားမှာ ဤသို့ ဖြစ်သည်။ မောရှေ၏ သားသည် ဘုရားသခင်၏လူတစ်ဉီးအဖြစ် မစဉ်းစားခဲ့၍ အရေဖျား လှီးခြင်းမခံခဲ့လျှင် ဘုရားသခင်သည် သူ့ကို သတ်ဖြတ်တော်မူလိမ့် မည်။ ဣသရေလလူမျိုးတို့သည် အရေဖျားလှီးခြင်းမခံရကြလျှင် သူ တို့ကို ကိုယ်တော်၏လူများအဖြစ် သတ်မှတ်လိမ့်မည်မဟုတ်ပေဟု ဘုရားသခင်မိန့်တော်မူခဲ့သည်။  ဓမ္မဟောင်းကျမ်း၌ အရေဖျားလှီး ခြင်းမှာ ဘုရားသခင်၏လူများမှ တစ်ဉီးဖြစ်ခြင်း၏ လက္ခဏာတစ်ခု ဖြစ်သည်။ ဘုရားသခင်သည် မောရှေအား ဤအကြောင်းကို နား လည်သဘောပေါက်စေလိုသည်။ ထိုကြောင့် မောရှေ၏ဇနီးသည် မိမိသား၏အရေဖျားကို အလျှင်တဆော ဖြတ်တောက်ခဲ့၍ “အကယ် စင်စစ် သင်သည် သွေးနှင့်ဆိုင် သော ကျွန်မ၏လင်ယောက်ျားဖြစ် သည်”ဟု ပြောခဲ့၍ လွှင့်ပစ်ခဲ့သည်။ မောရှေ၏သားသည် အရေဖျား မလှီးဖြတ်သောကြောင့် ဘုရားသခင်သည် မော‌ရှေအားသတ်ရန် ကြိုးစားတော်မူခဲ့သည်။ 
လူတစ်ဉီးသည် အာဗြဟံ၏အမျိုးဖြစ်လျှင်တောင် သူသည် အ ရေဖျားလှီးခြင်းမခံရလျှင် ဣသရေလလူမျိုးများမှ ခုတ်ဖြတ်ခြင်းခံရ လိမ့်မည်။ အရေဖျားလှီးခြင်းခံရသောသူများသာလျှင် ပသခါသိုးသ ငယ်၏အသားကို စားနိုင်၍ သိုးသငယ်၏အသွေးဖြင့် တံခါးတိုင်နှစ် တိုင်နှင့်တုပ်များကို ရိုက်နိုင်သည်။ ဤသို့ဖြင့် ဝိညာဉ်ရေးရာအရေ ဖျားလှီးခြင်းခံရသောသူများသာလျှင် သန့်ရှင်းသောပွဲတော်၌ ပါဝင် နိုင်ကြသည်။ ဤယုံကြည်ခြင်းမပါသောသူများသည် ဘုရားသခင် ၏ဖြောင့်မတ်ခြင်းသို့ မဝင်ရောက်နိုင်ကြဘဲ ဘုရားသခင်၏ဘုန်း တော်၌ ပါဝင်ခွင့်ရရှိနိုင်မည် မဟုတ်ပေ။
တမန်တော်ရှင်ပေါလုသည် ယုဒလူဖြစ်ခဲ့သည်။ သူသည် ရှစ် ရက်မြောက်သောနေ့၌ အရေဖျားလှီးခြင်းခံခဲ့ရ၍ ဂါမလျောလ၏ခြေ ရင်း၌ ကြီးပြင်းလာခဲ့သည်။ သူသည် ဓမ္မဟောင်းကျမ်းကို တတ် ကျွမ်းခဲ့သည်။ ထိုကြောင့် တမန်တော်ရှင်ပေါလုက သခင်ယေရှုခရစ် တော်သည် ယောဒန်မြစ်၌ ဘာကြောင့်ဗတ္တိဇံခံယူတော်မူခဲ့၍ ကား တိုင်ပေါ်တွင် ဘာကြောင့် အသေခံတော်မူခဲ့သည်ကို ကောင်းမွန်စွာ သိခဲ့သည်။ ထိုကြောင့် သူသည် ရောင့်ရဲမှုအပြည့်ဖြင့် ရေနှင့်ဝိညာဉ် တော်သတင်းကောင်းကို ဟောပြောနိုင်ခဲ့သည်။ ထိုအကြောင်း ကြောင့် သူက “အရေဖျားလှီးခြင်းသည် နှလုံးသား၏အရေဖျားလှီး ခြင်း ဖြစ်သည်” (ရောမ ၂း၂၉)ဟု ပြောကြားခဲ့သည်။
ဟုတ်ပါသည်။ တမန်တော်ရှင်ပေါလုက ကားတိုင်ပေါ်တွင် သ ခင်ယေရှု၏သေခြင်းအကြောင်းကို မကြာခဏ ပို၍ ပြောကြားခဲ့ သည်။ အဘယ်ကြောင့်နည်း။ သခင်ယေရှုသည် ကျွန်ုပ်တို့အပြစ်များ ယူဆောင်သွားတော်မူခြင်း ဝိညာဉ်ရေးရာအရေဖျားလှီးခြင်းကို ပြု လုပ်တော်မမူခဲ့လျှင်၊ ကိုယ်တော်သည် ကားတိုင်ပေါ်တွင် စင်ကြယ် ခြင်းမရခဲ့ကြလျှင် တစ်နည်းအားဖြင့် ကိုယ်တော်သည် တရားစီရင် ခြင်းခံယူတော်မမူခဲ့လျှင် ကျွန်ုပ်တို့သည် ကယ်တင်ခြင်းခံရကြလိမ့် မည်မဟုတ်ပေ။ ထိုအကြောင်းကြောင့် ရှင်ပေါလုသည် ကားတိုင် အကြောင်းကို ပို၍ မကြာခဏပြောကြားခဲ့ခြင်း ဖြစ်သည်။ ကားတိုင် သည် နိဂုံးဖြစ်၍ ဝိညာဉ်ရေးရာအရေဖျားလှီးခြင်း၏ပြည့်စုံခြင်းဖြစ် သည်ဟု သင်စိတ်ထဲမှာ ဆွဲလမ်းရမည် ဖြစ်သည်။ သို့သော် ယနေ့ ခ ရစ်ယာန်အများစုတို့သည် သခင်ယေရှု၏ဗတ္တိဇံနှင့် ကားတိုင်ပေါ် တွင်အသေခံတော်မူခြင်းအကြား အနည်းငယ်မျှ စဉ်းစားခြင်းမရှိကြ  သောကြောင့် သူတို့သည်  အပ္ပါယ်ငရဲသို့ သွားရကြသည်။  ဝိညာဉ် ရေးရာအရေဖျားလှီးခြင်းယုံကြည်ခြင်းတန်ခိုးသည် မျိုးဆက်သစ် များအားဖြင့် လက်ဆင့်ကမ်းခဲ့ကြလျှင် ယနေ့ခရစ်ယာန်ဘာသာ သည် ဤနည်းလမ်းဖြစ်လိမ့်မည် မဟုတ်ပေ။
လူအချို့တို့သည် သခင်ယေရှုကို စတင်တွေ့ရှိကြသောအခါ အ လွန်ဝမ်းမြောက်ကြသော်လည်း သူတို့သည် အချိန်ကြာလာသည်နှင့် အမျှ ကူးစက်တတ်သောရောဂါများခံစားရသောအခါ သူတို့သည် ဝမ်းနည်းစိတ်ပျက်ကြ၍ ပို၍ဆိုးသောအပြစ်သားများ ဖြစ်လာကြ သည်။ သူတို့သည် သခင်ယေရှုကို စတင်ယုံကြည်ပြီး ဆယ်နှစ်ကျော် ကြာလာခဲ့သော်လည်း သူတို့သည် ပို၍ဆိုးသောအပြစ်သားများဖြစ် လာနိုင်ကြသည်။ သူတို့သည် သခင်ယေရှုကို ယုံကြည်ပြီးနောက် တောင် အပြစ်သားများ ဖြစ်လာနိုင်ကြမည်လော။ သူတို့သည် စာ သားများအားဖြင့် ဓမ္မသီချင်းကို သီဆိုကြသည်။
“♪ငိုခြင်းက ကျွန်ုပ်ကို မကယ်တင်၊ ♫ကျွန်ုပ်မျက်နှာ မျက်ရည် ဖြင့်ဆေးကြော၊ ♫ငါ့ကြောက်စိတ်များ မပျောက်နိုင်၊ ♫နှစ်များ၏အ ပြစ်များ မဆေးကြောပေးနိုင်၊ ♫ငိုခြင်း ကျွန်ုပ်ကို မကယ်တင်ပါ... ♪ ခရစ်တော်၌ ယုံကြည်ခြင်းက ကျွန်ုပ်ကို ကယ်တင်၊ ♫ကိုယ်တော်ရဲ့ ငိုကြွေးတဲ့သားတော်ကို ကိုးစားပါရစေ၊ ♪ကိုယ်တော်ပြုတော်မူခဲ့ သော အမှုကို ကိုးစား၊ ♪ကိုယ်တော်လက်တော်ပေါ် ကျွန်ုပ်ကို ပြေး ကူပါ၊ ♪ခရစ်တော်၌ ယုံကြည်ခြင်းက ကျွန်ုပ်တို့ကယ်တင်♫။”
သူတို့က “ငိုကြွေးခြင်းက ကျွန်ုပ်ကို မကယ်တင်ပါ။ ခရစ်တော် ၌ ယုံကြည်ခြင်းက ကျွန်ုပ်ကို ကယ်တင်လိမ့်မည်”ဟု သီချင်းဆိုကြ သည်။ သို့သော် ထိုအရာမှာ စာသားအားဖြင့်သာ ဖြစ်သည်။ သူတို့ သည် ဆုတောင်း၍ အပြစ်ပြုသည့်အချိန်တိုင်းတွင် မျက်ရည်များကျ ခဲ့ကြသည်။ “ဘုရားသခင်၊ ကျွန်ုပ်ကို ခွင့်လွှတ်တော်မူပါ။ ကိုယ်တော် သည် ဤအချိန်တွင် ကျွန်ုပ်ကို ခွင့်လွှတ်တော်မူလျှင် ကျွန်တော် သည် ယခုမှစ၍ ကောင်းလိမ့်မည်။” ခရစ်ယာန်တစ်ဉီးသည် အပြစ် ကျူးလွန်သောအခါ သူက အပြစ်ဝန်ချတောင်းပန်၍ ငိုကြွေးကာ ခွင့် လွှတ်ခြင်းအတွက် ဆုတောင်းပြီးနောက် ပို၍ခံစားချက်ကောင်းလာ သည်။ သို့သော် နှစ်များစွာ ဤသို့ ထပ်ခါသလဲလဲပြုသောလူတစ်ဉီး သည် ယခင် ဆယ်နှစ်အတွင် သခင်ယေရှုကို ပထမယုံကြည်ခဲ့သော အချိန်ထက် သူ၏နှလုံးသား၌ ပို၍ အပြစ်ပြုလာသည်။ ထိုပုဂ္ဂိုလ် သည် “ငါက ဘာကြောင့် သခင်ယေရှုကို စောလျှင်စွာ ယုံကြည်ခဲ့ရ သလဲ။ ကျွန်တော်သည် အသက် ၈၀ နှစ်ရှိသောအခါမှသာ ကိုယ် တော့်ကို ယုံကြည်သင့်တယ်။ သို့မဟုတ် အသက်ထွက်ခါနီးအချိန်မှာ ကိုယ်တော့်ကို ယုံကြည်သင့်တယ်။ ကျွန်တော်သည် ကိုယ်တော်ကို စောစောစီးစီးယုံကြည်ခဲ့တယ်”ဟု ဝမ်းနည်းစွာဖြင့် မေးခွန်းမေးကြ သည်။ ထိုသို့ဖြစ်ရခြင်းကြောင်းမှာ သူသည် ဘုရားသခင်၏အလို တော်နှင့်အညီအသက်ရှင်သည်ဟု ထင်ခဲ့‌သော်လည်း အသက်မရှင် ခဲ့သောကြောင့် ဖြစ်သည်။
လူသားအားလုံး၏အပြစ်များအပေါ် တရားစီရင်ခြင်းတစ်ခုရှိရ မည် ဖြစ်သည်။ ထိုကြောင့် သခင်ယေရှုသည် ကျွန်ုပ်တို့အား အပြစ် များမှ ကယ်တင်တော်မူရန် ဗတ္တိဇံခံယူတော်မူ၍ ကားတိုင်ပေါ်တွင် အသေခံကာ မြင့်မြတ်သောအသွေးတော်သွန်းလောင်းတော်မူခြင်း ဖြစ်သည်။ ကိုယ်တော်သည် သုံးရက်မြောက်သောနေ့၌ သေခြင်းမှ ရှင်ပြန်ထမြောက်တော်မူခဲ့သည်။ ခမည်းတော်ဘုရားသည် သခင် ယေရှုကို သေခြင်းမှ ရှင်ပြန်ထမြောက်စေတော်မူခဲ့သည်။ ဝိညာဉ် ရေးရာအရေဖျားလှီးခြင်းကို ယုံကြည်သူတစ်ဉီးသည် သတင်း ကောင်းဟောပြောသောဘဝဖြင့် အသက်ရှင်နိုင်၍ အသက်ရှင်ရမည် ဖြစ်သည်။ ဝိညာဉ်ရေးရာအရေဖျားလှီးခြင်းမှာ ကျွန်ုပ်တို့သည် ဘု ရားသခင်၏သားသမီးများဖြစ်ကြသည်ဟု သက်သေနှင့် ထိုရာသည် ဘုရားသခင်၏ဖြောင့်မတ်ခြင်း ဖြစ်သည်။ သခင်ယေရှု၏ဗတ္တိဇံမှာ ကျွန်ုပ်တို့အပြစ်များသည် ကိုယ်တော့်အပေါ်သို့ လွှဲပြောင်းပေးခဲ့သည် ဟူသောသက်သေ ဖြစ်၍ ကားတိုင်ပေါ်တွင် ကိုယ်တော်၏မြင့်မြတ် သောအသွေးတော်သည် ကိုယ်တော်သည် တရားစီရင်ခြင်းကို ရက် ရက်စက်စက်ခံယူတော်မူခြင်းအားဖြင့် ကျွန်ုပ်တို့အပြစ်များ၏ပြစ် ကြွေးများအားလုံးပေးဆပ်ပေးတော်မူခဲ့သူသော သက်သေဖြစ်သည်။
သင်သည် နှလုံးသား၌ အပြစ်ရှိလျက်ပင် သခင်ယေရှုကို ယုံ ကြည်သလော။ ထိုအရာသည် အယူဝါဒလွှဲမှားသော ယုံကြည်မှု ဖြစ် သည်။ တိတု ၃း၁၀-၁၁ တွင် “ကွဲပြားမှုကိုဖြစ်စေသောသူအား တစ်ကြိမ်၊ နှစ်ကြိမ် သတိပေးပြီးလျှင် ပယ်ရှားလော့။ ထိုသို့သောသူသည် ဖောက်ပြန်လွဲမှားသောသူဖြစ်ပြီး မိမိမှားယွင်းနေကြောင်းသိလျက်နှင့် အပြစ်ပြုနေသူဖြစ်ကြောင်း သိမှတ်လော့”ဟု ဖော်ပြထားသည်။ အယူဝါဒလွှဲမှားသောယုံကြည်ခြင်းများရှိသူများသည် မိမိကိုယ်ကို ကိုယ်တရားစီရင်သောအပြစ်သားများ ဖြစ်ကြသည်။ သူတို့သည် သေခြင်းဖြင့် ထိတ်လန့်သောအခါမှသာ သူတို့သည် အပြစ်သားများ ဖြစ်ကြသည်ဟု အခိုင်အမာပြောကြသည်။ သူတို့သည် မိမိမှားယွင်း သောနားလည်မှုကို ပြောင်းလဲရန် လည်ပင်း အလွန်ခိုင်မာကြသည်။  ဘုရားသခင်သည် ဤအပြစ်သားများအား “မင်းက အယူဝါဒလွှဲ မှားသောသူ ဖြစ်ကြတယ်။ မင်းက အပြစ်သားဖြစ်တယ်။ မင်းက ငါ့ သားမဟုတ်ဘူး။ မင်းက ထာဝရအပ္ပါယ်ငရဲမီးအိုင်သို့ ဝင်ရောက်လိမ့် မည်”ဟု မိန့်တော်မူသည်။
သခင်ယေရှုကို ယုံကြည်ကြသော်လည်း ဘုရားသခင်၏ဖြောင့် မတ်ခြင်းကို မလက်ခံသောသူများ သို့မဟုတ် သခင်ယေရှု၏ဗတ္တိဇံ နှင့်အသွေးတော်၏ဝိညာဉ်ရေးရာအရေဖျားလှီးခြင်းမခံသောသူများ သည် အယူဝါဒလွှဲမှားသောခရစ်ယာန်များဖြစ်ကြ၍ ဘုရားသခင် ရှေ့တော်၌ အပြစ်သားများဖြစ်ကြသည်ဟု ဝန်ခံကြသူကြီးမားသော အပြစ်သားများဖြစ်ကြသည်။ သခင်ယေရှု၏ဖြောင့်မတ်ခြင်းကို မယုံ ကြည်သူအပြစ်သားများသည် ကောင်းကင်နိုင်ငံတော်သို့ မဝင် ရောက်နိုင်ကြပေ။ 
သခင်ယေရှုကို ယုံကြည်ပြီးနောက် ဖြောင့်မတ်သူများဖြစ်လာ သူများသည် သူတို့၏နှလုံးသားများ၌ ဝိညာဉ်ရေးရာအရေဖျားလှီး ခြင်းရရှိသောသက်သေရှိကြသည်။ အောက်တွင်ဖော်ပြချက်များမှာ သက်သေ ဖြစ်သည်။ သခင်ယေရှုသည် လူသားတစ်ဉီး၏ကိုခန္ဓာဖြင့် ကြွလာတော်မူခဲ့သော အရှင်ဖြစ်တော်မူ၍ ကိုယ်တော်သည် ဗတ္တိဇံ ခံ ယူ၍ ကားတိုင်ပေါ်တွင် အသွေးတော်သွန်းလောင်းတော်မူခဲ့သည်။ သခင်ယေရှုသည် လောကအပြစ်များကို ယူဆောင်သွားတော်မူရန် အတွက် လောကသို့ ကြွတော်မူ၍ ဗတ္တိဇံယောဟန်အားဖြင့် ဗတ္တိဇံခံ ယူတော်မူခဲ့သည်။ ကိုဘ်တော်သည် ဝိညာဉ်ရေးရာအရေဖျားလှီးခြင်း ကို ယုံကြည်သူများ၏ယုံကြည်မှုများကို ပြည့်စုံစေတော်မူရန်အ တွက် ကားတိုင်ပေါ်တွင် တရားစီရင်ခြင်းခံယူတော်မူခဲ့သည်။ ကိုယ် တော်သည် သုံးရက်မြောက်သောနေ့၌ သေခြင်းမှ ရှင်ပြန်ထမြောက် တော်မူခဲ့၍ ကျွန်ုပ်တို့၏အသက်ရှင်သောကယ်တင်ရှင် ဖြစ်လာတော် မူခဲ့သည်။ ဤအရာသည် အသွေးအားဖြင့်သာမဟုတ်၊ ရေ၊ အသွေး နှင့် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ဘုရားသခင်၏ဖြောင့်မတ် ခြင်း စစ်မှန်သောကယ်တင်ခြင်း ဖြစ်သည်။ ဤအရာများသည် ကျွန်ုပ်တို့အတွက် ပြည့်စုံသောကယ်တင်ခြင်းအတွက် သက်သေခံ သော ဝိညာဉ်ရေးရာအရေဖျားလှီးခြင်း၏မရှိမဖြစ်လိုအပ်သော သက် သေများ ဖြစ်ကြသည်။ 
ခရစ်ယာန်များခင်ဗျား၊ ကျွန်ုပ်တို့ကယ်ငတ်ခြင်းမှာ သခင်ယေ ရှု၏အသွေးတော်တစ်ပါးတည်းအားဖြင့်သာ မဟုတ်ဘဲ ရေ၊ အသွေး၊ နှင့်သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ဖြစ်သည်ဟု သင်၏နှလုံး သားများ၌ လက်ခံပါ။ ဘုရားခသင်သည် လောကအပြစ်များကို ခုတ် ဖြတ်တော်မူခဲ့၍ တရားစီရင်ခြင်းပြစ်ဒဏ်ကို လုံးဝ ဖျက်ဆီးလိုက်ပြီ ဖြစ်သည်။ ကိုယ်တော်သည် ကျွန်တော်အပြစ်များကို ခုတ်ဖြတ်ရုံသာ မက အာဒံ၏အပြစ်မှစ၍ ကမ္ဘာပေါ်တွင်ရှိသောနောက်ဆုံးလူသား၏ အပြစ်များအပါအဝင်လောကအပြစ်များကို ဖြတ်တောက်တော်မူခဲ့ သည်။ ကိုယ်တော်သည် ဗတ္တိဇံနှင့်အသွေးတော်အားဖြင့် ၎င်းတို့အား လုံးကို ယူဆောင်သွားတော်မူခဲ့သည်။ ဝိညာဉ်ရေးရာအရေဖျားလှီး ခြင်းခံယူခြင်းက ရေနှင့်အသွေးအားဖြင့် ကြွလာတော်မူခဲ့သော သခင် ယေရှုပြည့်စုံစေတော်မူခဲ့သော ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ယုံ ကြည်သူများအားလုံးကို ကယ်တင်လိမ့်မည်။
လောကအပြစ်များအားလုံးကို ယောဟန်ထံမှ သခင်ယေရှုခံယူ တော်မူခဲ့သော ဗတ္တိဇံအားဖြင့် ဖြတ်တော်ကခဲ့ပြီး ဖြစ်သည်။ ယခု တွင် ဝိညာဉ်ရေးရာအရေဖျားလှီးခြင်းခံရသောသူများသည် မိမိနှလုံး သားများ၌ အပြစ်မရှိနိုင်ပေ။ သခင်ယေရှုသည် သေသူများအကြား ရှင်ပြန်ထမြောက်တော်မူခဲ့၍ ကိုယ်တော်၏ဖြောင့်မတ်ခြင်းအားဖြင့် အပြစ်ဖြင့် ပျောက်ဆုံးခဲ့သောဝိညာဉ်များကိုလည်း ထမြောက်စေ တော်မူခဲ့သည်။ ဘုရားသခင်သည် သခင်ယေရှု၏ဗတ္တိဇံ၊ အသွေး တော်နှင့် ဝိညာဉ်တော်၏သတင်းကောင်းအားဖြင့် ကျွန်ုပ်တို့ကို ရှာ ဖွေတော်မူ၍ ယခုတွင် ကျွန်ုပ်တို့သည် ဝိညာဉ်ရေးရာအရေဖျားလှီး ခြင်းအားဖြင့် ကယ်တင်ခြင်းခံရနိုင်ကြသည်။ ဝိညာဉ်ရေးရာအရေ ဖျားလှီးခြင်းမှာ ယုံကြည်သူများအတွက် ကမ္ဘာမတည်မရှိမီအချိန်က တည်းက သခင်ယေရှု၌ ဘုရားသခင်၏အကြံအစည်တော် ဖြစ်သည်။ ယခုတွင် ဘုရားသခင်၏ဖြောင့်မတ်ခြင်း ယုံကြည်သူသင်တို့သည် လည်း ဝိညာဉ်ရေးရာအရေဖျားလှီးခြင်းရရှိခဲ့ကြသည်။