Search

တရားဟောချက်များ

ဘာသာရပ် ၉ - ရောမဩဝါဒစာ (ရောမဩဝါဒစာအနက်ဖွင့်ကျမ်းများ)

[2-2] ဘုရားသခင်၏ကျေးဇူးတော် လျစ်လျူရှုသူများ (ရောမ ၂း၁-၁၆)

(ရောမ ၂း၁-၁၆)
“ထို့ကြောင့် သူတစ်ပါးကိုစီရင်တတ်သောအချင်းလူ၊ သင်သည် ဆင် ခြေပေး၍မရ။ အဘယ်ကြောင့်ဆိုသော် စီရင်နေသောသင်သည်လည်း တူညီသောအမှုများကိုပြုကျင့်နေသည်ဖြစ်၍ သူတစ်ပါးကိုစီ ရင်ရာတွင် သင့်ကိုယ်သင်ပြစ်ဒဏ်စီရင်ရာရောက်၏။ ထိုသို့သောအမှုများကို ပြုကျင့်သောသူတို့အပေါ်၌ ဘုရားသခင်၏တရားစီရင်ခြင်းသည် သမ္မာတရားနှင့်အညီသက်ရောက်သည်ကို ငါတို့သိကြ၏။ သို့ဖြစ်၍ ထိုသို့သောအမှုများကိုပြုကျင့်သောသူတို့အား စီရင်လျက်နှင့်ထိုအမှုတို့ကို ကိုယ်တိုင်ပြုသောအချင်းလူ၊ သင်သည် ဘုရားသ ခင်၏ပြစ်ဒဏ်စီရင်ခြင်းမှလွတ်မည်ဟု ထင်မှတ်သလော။ သို့မဟုတ် ဘုရားသခင်၏ကျေးဇူးပြုတော်မူခြင်းသည် သင့်ကို နောင်တသို့ပို့ ဆောင်သည်ကိုမသိမမှတ်ဘဲ ကိုယ်တော်၏ကြွယ်ဝသောကျေးဇူးပြုတော်မူခြင်း၊ သည်းခံတော်မူခြင်းနှင့် စိတ်ရှည်တော်မူခြင်းတို့ကို မ ထီမဲ့မြင်ပြုသလော။ သို့သော် သင်၏မာကျောခက်ထန်မှုနှင့်နောင်တမရသောစိတ်နှလုံးတို့ကြောင့် သင်သည် အမျက်တော်နေ့တည်းဟူ သောဘုရားသခင်၏ဖြောင့်မတ်သည့် တရားစီရင်ခြင်းထင်ရှားရာနေ့ အတွက် အမျက်တော်ကို မိမိအဖို့သိုမှီးလျက်ရှိ၏။ ဘုရားသခင်သည် လူအသီးသီးတို့အား မိမိတို့ပြုသောအမှုနှင့်အညီ အကျိုးအပြစ်ကိုပေးတော်မူလိမ့်မည်။ကောင်းသောအမှုကို ဇွဲလုံ့လဖြင့်ပြုလျက် ဘုန်း တော်၊ ဂုဏ်တော်နှင့် ဖောက်ပြန်ပျက်စီးခြင်းနှင့်ကင်းသောအရာတို့ကိုရှာဖွေသောသူတို့အား ထာဝရအသက်ကို ပေးတော်မူလိမ့်မည်။ တစ်ကိုယ်ကောင်းဆန်၍ သမ္မာတရားကိုမနာခံဘဲ မတရားမှုနောက်သို့လိုက်သောသူတို့အပေါ်၌မူကား ပြင်းစွာသောဒေါသနှင့်အမျက်တော်ကို သက်ရောက်စေတော်မူလိမ့်မည်။ ဆင်းရဲဒုက္ခနှင့်နာကျင်ခြင်းဝေဒနာတို့သည် ဦးစွာဂျူးလူမျိုး ထို့နောက် ဂရိလူမျိုးအပါအဝင် မကောင်းသောအမှုကိုပြုသည့် သက်ရှိလူသားအပေါင်းတို့အပေါ်သို့ ကျရောက်လိမ့်မည်။ ဘုန်းတော်၊ ဂုဏ်တော်နှင့် ငြိမ်သက်ခြင်းတို့မူကား ဦးစွာဂျူးလူမျိုး ထို့နောက် ဂရိလူမျိုးအပါအဝင် ကောင်းသောအမှုကိုပြုသောသူအပေါင်းတို့အပေါ်သို့ သက်ရောက်လိမ့်မည်။ အ ကြောင်းမူကား ဘုရားသခင်၌ မျက်နှာလိုက်ခြင်းမရှိ။ ပညတ်တရားမပါဘဲ အပြစ်ပြုသောသူရှိသမျှသည် ပညတ်တရားမပါဘဲ ပျက်စီးကြလိမ့်မည်။ ပညတ်တရားအောက်၌ရှိလျက် အပြစ်ပြုသောသူရှိသမျှသည်လည်း ပညတ်တရားအားဖြင့် စီရင်ခြင်းခံရကြလိမ့်မည်။ အကြောင်းမူကား ပညတ်တရားကိုကြားနာသောသူတို့သည် ဘုရား သခင်ရှေ့တော်၌ ဖြောင့်မတ်ကြသည်မဟုတ်။ ပညတ်တရားကိုလိုက်နာကျင့်သုံးသောသူတို့သာလျှင် ဖြောင့်မတ်သည်ဟုအသိအ မှတ်ပြုခြင်းခံရကြ၏။ ပညတ်တရားမရှိသောလူမျိုးခြားတို့သည် ပ ညတ်တရား၏ပြဋ္ဌာန်းချက်များကို အလိုအလျောက်လိုက်နာကျင့်သုံးကြသောအခါ သူတို့၌ပညတ်တရားမရှိသော်လည်း သူတို့ကိုယ်တိုင်သည် မိမိတို့အတွက် ပညတ်တရားဖြစ်ကြပြီး မိမိတို့စိတ်နှလုံးထဲ၌ရေးထားသည့် ပညတ်တရားနှင့်ဆိုင်သောအကျင့်ကို ပြသလျက်ရှိကြ၏။ သူတို့၏အသိစိတ်သည်လည်း အတူတကွသက်သေခံ၍ သူတို့၏စဉ်းစားဆင်ခြင်မှုတို့သည် အချင်းချင်းစွပ်စွဲတစ်ခါ ကာကွယ်တစ်လှည့်ပြုနေကြ၏။ 16ဤအမှုအရာများသည် ငါဟောပြောသည့်ကောင်းမြတ်သောသတင်းအရ လူတို့၏လျှို့ဝှက်သောအကျင့်အကြံတို့ကို ခရစ်တော်ယေရှုအားဖြင့် ဘုရားသခင်စစ်ဆေးစီရင်တော်မူသောနေ့၌ ဖြစ်လိမ့်မည်။"
 


ပညတ်တရားကျင့်သူများက ပညတ်တော်ကို မစောင့် ရှောက်နိုင်ကြဘဲ သူတစ်ပါးကို အမြဲတရားစီရင်ကြသည်

 

ကျွန်ုပ်တို့သည် ပညတ်တော်အကောင်းကို ပြောကြပါစို့။ တမန် တော်ရှင်ပေါက ပညတ်တော်၌ တည်ခဲ့သူယုဒလူမျိုးများထံ “ထို့ ကြောင့် သူတစ်ပါးကိုစီရင်တတ်သောအချင်းလူ၊ သင်သည် ဆင်ခြေပေး၍မရ။ အဘယ်ကြောင့်ဆိုသော် စီရင်နေသောသင်သည်လည်း တူညီသောအမှုများကိုပြုကျင့်နေသည်ဖြစ်၍ သူတစ်ပါးကိုစီရင်ရာတွင် သင့်ကိုယ်သင်ပြစ်ဒဏ်စီရင်ရာရောက်၏။ ထိုသို့သောအမှုများကို ပြုကျင့်သောသူတို့အပေါ်၌ ဘုရားသခင်၏တရားစီရင်ခြင်းသည် သမ္မာတရားနှင့်အညီသက်ရောက်သည်ကို ငါတို့သိကြ၏။ သို့ဖြစ်၍ ထိုသို့သောအမှုများကိုပြုကျင့်သောသူတို့အား စီရင်လျက်နှင့် ထိုအမှုတို့ကို ကိုယ်တိုင်ပြုသောအချင်းလူ၊ သင်သည် ဘုရားသခင်၏ပြစ်ဒဏ်စီရင်ခြင်းမှလွတ်မည်ဟု ထင်မှတ်သလော” ဟု ပြောခဲ့ သည်။ ပညတ်တရားကျင့်သူများက ဘုရားသခင်ကို ကောင်းမွန်စွာ ဂုဏ်ပြုကြသည်ဟု တွေးကြသည်။ ဤသို့သောပုဂ္ဂိုလ်များက နှလုံး သားများဖြင့် ဘုရားသခင်ကို မယုံကြည်ကြသော်လည်း သူတို့၏အ ကျင့်များပေါ်တွင် အခြေပြုသော မှားယွင်းသောမာန်မာနဖြင့်သာ ယုံ ကြည်ကြသည်။ ဤပုဂ္ဂိုလ်များသည် သူတပါးကို တရားစီရင်ရန် နှစ် သက်ကြ၍ တရားစီရင်ခြင်း၌ တတ်ကျွမ်းကြသည်။ သို့သော် သူတို့ သည် ဘုရားသခင်၏နှုတ်ကပတ်ဖြင့် သူတစ်ပါးကို တရားစီရင်၍ သူ တို့သည်လည်း ပြစ်တင်ဝေဖန်ခြင်းခံရသူများနှင့် အမှားများပြုနေသူ များဖြစ်ကြသည်ဟု သူတို့နားမလည်ကြပေ။
ဉပမာအားဖြင့်၊ သူတို့သည် သူတစ်ပါးအား ဘုရားသခင်၏ပ ညတ်တော်နှင့်အညီ  ဉပုသ်နေ့ကို သန့်ရှင်းစေရန် တိုက်တွန်းကြ သော်လည်း သူတို့သည် မစောင့်ရှောက်နိုင်ကြပေ။ သူတို့သည် သူ တစ်ပါးအား ပညတ်တော်ကို နာခံရန်နှင့်စောင့်ရှောက်ရန် ပြောကြ သော်လည်း သူတို့ကိုယ်တိုင်က မစောင့်ရှောက်နိုင်ကြပေ။ တမန် တော်ရှင်ပေါလက ဤသို့သောပုဂ္ဂိုလ်များထံ “သို့ဖြစ်၍ ထိုသို့သောအမှုများကိုပြုကျင့်သောသူတို့အား စီရင်လျက်နှင့် ထိုအမှုတို့ကို ကိုယ်တိုင်ပြုသောအချင်းလူ၊ သင်သည် ဘုရားသခင်၏ပြစ်ဒဏ်စီရင်ခြင်းမှလွတ်မည်ဟု ထင်မှတ်သလော”(ရောမ ၂း၃)ဟု ပြောခဲ့သည်။
ပညတ်တော်ကျင့်သောသူများသည် ဘုရားရှေ့တော်၌ ကယ် တင်ခြင်းမခံရနိုင်ကြပေ။ ပညတ်တော်သည် ကျွန်ုပ်တို့အား ကယ် တင်တော်မမူနိုင်သောကြောင့် ဘာသာရေးဘဝများသည် ပညတ် တော်ပေါ်၌ အခြေပြုလျှင် ဘုရားသခင်သည် ကျွန်ုပ်တို့ကို တရားစီ ရင်တော်မူလိမ့်မည်။ ပညတ်တော်ကျင့်သောဘဝများသည် ဘုရားသ ခင်၏အမျက်တော်ကို ဖြစ်စေသည်။ ကယ်တင်ခြင်းမခံရသောသူ များသည် ပညတ်တရားယုံကြည်မှုများရှိကြသည်။ သူတို့က ဤနည်း လမ်းအားဖြင့် ပညတ်တော်နှင့်အညီ အသက်ရှင်ရန် သူတစ်ပါးကို တိုက်တွန်းကြသော်လည်း သူတို့သည် ဤနေ့များ၌ ဤသို့သောအ ရာများကို မပြောသင့်ကြပေ။
လွန်ခဲ့သောနှစ်ပေါင်းများစွာက ကျွန်ုပ်တို့နိုင်ငံ၌ ခရစ်ယာန်အ များစုတို့သည် ထိုသို့အသက်ရှင်လေ့ရှိကြသည်။ ပညတ်တရားကျင့် သောအမှုတော်ဆောင်များသည် ဆံပင်အတိုညှပ်ထားသောအမျိုးသ မီးများကို ဆုံးမလေ့ရှိခဲ့ကြ၍ သူတို့သည် အပ္ပါယ်ငရဲသို့ သွားရလိမ့် မည်ဟု ပြောကြသည်။ ကျွန်ုပ်တို့သည် ဤနည်းလမ်းအားဖြင့် ပ ညတ်တော်အကျင့်များဖြင့် အသင်းသူသားများကို သွန်သင်သော အ မှုတော်ဆောင်များ၏ညွှန်ကြားချက်အောက်၌ နေကြလျှင် ဆံပင် ညှပ်သောအမျိုးသမီးများသည် အပ္ပါယ်ငရဲသို့ တိုက်ရိုက်သွားရကြ မည်ဟု ယုံကြည်နိုင်ကြသည်။ ဤအရာသည် လွန်ခဲ့သော ၁၅-၂၀ခန့် သာဖြစ်ပျက်ခဲ့သော အရာတစ်စုံတစ်ခု ဖြစသ်ည်။ အမျိုးသမီးတစ်ဉီး သည် နှုတ်ခမ်းနီးဆေးဆိုးထားလျှင် သူသည် ဤသို့သောအမှုတော် ဆောင်များ၏ညွန်ကြားချက်အောက်၌ လူသေများရှိသောနေရာသို့ ပို့ ဆောင်ခြင်းခံရလိမ့်မည်ကို ဆိုလိုသည်။
ဤပုဂ္ဂိုလ်များသည် ပညတ်တရားကျင့်ဆောင်သူများ ဖြစ်ကြ သည်။ သူတို့သည် ကိုယ်ခန္ဓာအားဖြင့် ဘုရားရှေ့တော်၌ သန့်ရှင်းသူ အဖြစ် ထင်ရှားခဲ့သည်။ သူတို့သည် လူများအား နှုတ်ခမ်းနီဆေးမဆိုး ရန် သို့မဟုတ် ဆံပင်ပုံစံမသွင်းရန်၊ အမြဲတမ်းသိမ်မွေ့စွာ လမ်း လျှောက်ရန် နှင့် ကုန်ပစ္စည်းများရောင်းဝယ်ခြင်းမပြုရန် သွန်သင်ကြ သည်။ ဤပညတ်တရားကျင့်သူများသည် သူတော်ကောင်းဟန် ဆောင်ကြစဉ် သူတို့သည် ဘုရားသခင်၏နှုတ်ကပတ်အမြင်၌ မှန် ကန်သောအရာ သို့မဟုတ်မှားသောအရာများကိုသာ သွန်သင်ခဲ့ကြ သည်။ 
 


ယုဒလူမျိုးများသည် ဤသို့ဖြစ်ခဲ့ကြသည်


ယုဒလူမျိုးများသည် ထိုသို့သောသူများဖြစ်ကြသည်။ သူတို့ သည် ပညတ်တော်ဖြင့် ဟေလသလူများကို တရားစီရင်၍ “သူတို့ သည် ဘုရားသခင်ကို မသိ၊ ရုပ်တုကိုးကွယ်သူကြတယ်။ သူတို့သည် အပ္ပါယ်ငရဲသို့ တရားစီရင်ခြင်းခံရကြ၍ ရက်စက်ကြမ်းကြုတ်သော သူများဖြစ်ကြတယ်”ဟု ပြောကြသည်။ သို့သော် သူတို့သည် ဘုရား သခင်ထက် အခြားတိုင်းတပါးဘုရားများနှင့်အတူ လောကအရာများ ကို မိမိကိုယ်ကိုကိုယ် ချစ်ခဲ့သည်။
“ထို့ကြောင့် သူတစ်ပါးကိုစီရင်တတ်သောအချင်းလူ၊ သင်သည် ဆင်ခြေပေး၍မရ။ အဘယ်ကြောင့်ဆိုသော် စီရင်နေသောသင်သည်လည်း တူညီသောအမှုများကိုပြုကျင့်နေသည်ဖြစ်၍ သူတစ်ပါးကိုစီရင်ရာတွင် သင့်ကိုယ်သင်ပြစ်ဒဏ်စီရင်ရာရောက်၏။” ယုဒလူများ သည် ပညတ်တော်နှင့်အညီ သူတစ်ပါးကို တရားစီရင်ခဲ့ကြသော် လည်း သူတို့သည် မိမိသွန်သင်မှုများကို မလိုက်လျှောက်နိုင်ကြပေ။ ထိုပြင် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို မယုံကြည်သူများနှင့် နှလုံး သားများ၌ သခင်ယေရှု၏ကယ်တင်ခြင်းကို မရသောသူများသည် ဘုရားသခင်၏နှုတ်ကပတ်တော်နှင့်အညီ တိကျစွာ အသက်ရှင်ခဲ့ကြ သော်လည်း သူတို့သည် ယုဒလူမျိုးများကဲ့သို့ ဖြစ်ကြသည်။
 


ပညတ်တရားကျင့်ဆောင်သူများသည် တရားစီရင်ခြင်းခံရကြလိမ့်မည်


ငယ်ရွယ်သောမျိုးဆက်သွားများမှလူများသည် ဤသို့သောပုံစံ ဖြင့် ဘာသာရေးဘဝများဖြင့် အသက်ရှင်နိုင်ကြမည် မဟုတ်ပေ။ သို့ သော် အသက်ပိုကြီးသောမျိုးဆက်များသည် ပညတ်တော်အခြေပြု တရားဟောချက်များ ကြားနိုင်ကြသည်။ အမှုတော်ဆောင်များသည် ဆံပင်ပုံစံသွင်းသောသူများသည် ညစ်ပတ်ဟန်တူသောကြောင့် သူ တို့သည် ဆဲဆိုလေ့ရှိကြသည်။ လွန်ခဲ့သောအချိန်က ‘ဖြောင့်မတ်သူ များ’ သို့မဟုတ် ‘လုံးဝစင်ကြယ်သူများ’ စကားများပြောခြင်းမှာ ပြစ် တင်ဝေဖတ်မှု၏ပစ်မှတ်ဖြစ်လာခဲ့သည်။ ယခုတါင် လူများတို့သည် ‘ဖြောင့်မတ်သူများ’ ဖော်ပြချက်ကို အများအားဖြင့် အသုံးပြုကြ သည်။ ခရစ်ယာန်ဘာသာသည် ပြောင်းလဲခဲ့သည်ကို ဤအရာက ဆို လိုသည်။ မိစ္ဆာဆရာများ၏ပရိသတ်များသည် စာအုပ်များနှင့် တိတ် ခွေများအားဖြင့် စစ်မှန်သောသတင်းကောင်းကို ရရှိခဲ့ကြသော ကြောင့် သူတို့သည် ကျပန်းလိမ်ညာမပြောနိုင်ကြပေ။ ထိုကြောင့် သူ တို့သည် မိမိတရားနာသူများအား အကြောင်းမဲ့ စကားမပြောနိုင်ကြ တော့ပေ။
သိရှိရန်အ‌ရေးကြီးဆုံးသောအရာမှာ သခင်ယေရှုခရစ်တော်၏ ပြည့်စုံသောကယ်ငတ်ခြင်းကို လျစ်လျူရှုသူ ပညတ်ကျင့်ဆောင်သူ များနှင့် ပညတ်တော်နှင့်အညီ ဘာသာတရားဘဝများဖြင့် အသက် ရှင်သူများသည် ဘုရားရှေ့တော်၌ တရားစီရင်ခြင်းခံရမည့်အ ကြောင်း ဖြစ်သည်။
အပိုဒ်ငယ် ၄ တွင် ဘုရားသခင်၏တရားစီရင်ခြင်းအကြောင်း ကို ဖော်ပြထားသည်။ ယခု ထိုကျမ်းချက်ကို ဖတ်ကြပါစို့။ “သို့မ ဟုတ် ဘုရားသခင်၏ကျေးဇူးပြုတော်မူခြင်းသည် သင့်ကို နောင်တသို့ပို့ဆောင်သည်ကိုမသိမမှတ်ဘဲကိုယ်တော်၏ကြွယ်ဝသောကျေးဇူး ပြုတော်မူခြင်း၊ သည်းခံတော်မူခြင်းနှင့် စိတ်ရှည်တော်မူခြင်းတို့ကို မထီမဲ့မြင်ပြုသလော။” ဘုရားသခင်သည် ပညတ်ကျင့်သူများကို တ ရားစီရင်တော်မူလိမ့်မည်။ ညီအစ်ကိုများ၊ ပညတ်တော်ယုံကြည်မှု သည် ဘုရားသခင်ကို ဆန့်ကျင်သည်။ ပညတ်တရားကျင့်ဆောင်သူ များသည် မိမိအကျင့်များကို အခြေပြုသောစံနှုန်းများဖြင့် ဘု ရားသ ခင်၏မေတ္တာတော်ကို ဆန့်ကျင်ကြသည်။ ဘုရားသခင်သည် ကိုယ် ၏ကြွယ်ဝသောကောင်းမြတ်ခြင်း၊ သည်းခံခြင်းနှင့် စိတ်ရှည်ခြင်း အားဖြင့် သူတို့၏အပြစ်များနှင့် ဒုစရိုက်များအားလုံးကို ခွင့်လွှတ် တော်မူခဲ့သည်ဟူသောဖော်ပြထားသော ကယ်တင်ခြင်းသတင်း ကောင်းကို ပညတ်တော်ကျင့်ဆောင်သူများက လျစ်လျူရှုကြသည်။
ပညတ်တရားနှင့်အညီ ဘာသာရေးဘဝများဖြင့် အသက်ရှင်သူ များသည် ဘုရားသခင်ရှေ့တော်၌ တရားစီရင်ခြင်းခံရကြလိမ့်မည်။ သို့သော် လူများစွာတို့သ်ည ဘုရားသခင်၏မျက်မှောက်တော်၌ ပ ညတ်တော်နှင့်အညီ ဘာသာရေးအသက်တာများဖြင့် အသက်ရှင်ကြ သည်။ ကျွန်ုပ်တို့က ‘ကျွန်ုပ်တို့သည် ကယ်တင်ခြင်းခံရကြသော ကြောင့် ကိုယ်တော်၏တရားစီရင်ခြင်းမှ လွှတ်မြောက်ကြသည်’ဟု မထင်မှတ်ရကြပေ။ တမန်တော်ရှင်ပေါလုက ပညတ်တော်ကျင့် ဆောင်သူများသည် ကယ်တင်ခြင်းမခံရဘဲ ပျက်စီး၍ တရားစီရင် ခြင်းခံရကြလိမ့်မည်ဟု ပြောခဲ့သည်။ ကျွန်ုပ်တို့သည် ဘာသာရေးအ သက်တာများဖြင့် အသက်ရှင်သူများထံ သတင်းကောင်းဟောပြော ရန် စီမံနိုင်ရန်အတွက် ပညတ်တော်နှင့်အညီ အသက်ရှင်သောသူ များမှာ မည်သူများဖြစ်ကြသည်ကို ကျွန်ုပ်တို့သိရကြမည် ဖြစ်သည်။
 

ယုဒလူမျိုးများအပါအဝင် လောက၌ ပညတ်တရားကျင့် ဆောင်သူများစွာရှိကြသည်

တမန်တော်ရှင်ပေါလုက သခင်ယေရှုသည် လောကအပြစ်များ အားလုံးကို ဆေးကြောပေးတော်မူခဲ့သည်ဟူသောအချက်ကိုသာ မ ပြောခဲ့ပေ။ သူသည် ယုဒလူမျိုးများကဲ့သို့သော သူများကဲ့သို့ ပညတ် တော်အားဖြင့် ဘာသာတရားအသက်တာများဖြင့် အသက်ရှင်သူ များသည် ဘုရားသခင်ကို မည်သို့ဆန့်ကျင်ကြ၍ တရားစီရင်ခြင်းခံရ ကြမည်ကို ပြောခဲ့သည်။ ဘုရားသခင်သည် ကျွန်ုပ်တို့အား သနား တော်မူခြင်းအားဖြင့် ပြသတော်မူခဲ့သော ဘုရားသခင်၏မေတ္တာ တော်ကို သူတို့သည် လျစ်လျူရှုကြသည်။ ကျွန်ုပ်တို့သည် ဘုရားသ ခင်၏မျက်စိတော်၌ သနားစရာကောင်းကြသောကြောင့် ဘုရားသ ခင်သည် လောကအပြစ်များအားလုံးကို ဖယ်ရှားပေးတော်မူခဲ့သည် ဟူသော ဖော်ပြချက်ဖြစ်သည့် အပြစ်များဖြေလွှတ်ခြင်းသတင်း ကောင်းကို လျစ်လျူရှုကြသည်။
ဤသို့သောဘာသာရေးဘဝများဖြင့် အသက်ရှင်သူသင်တို့ ပတ်လည်၌ ပညတ်တရားကျင့်ဆောင်သူများစွာ ရှိကြသည်မဟုတ် လော။ ဘုရားသခင်သည် လောကကို ဂရုဏာရှိတော်မမူခဲ့သည်ကို လည်းကောင်း၊ ကိုယ်တော်သည် ကျွန်ုပ်တို့အပြစ်များအားလုံးဆေး ကြောပေးတော်မမူခဲ့သည်ကိုလည်းကောင်း ယုံကြည်သူ ပညတ် တော်ကျင့်ဆောင်သူများစွာရှိကြသည်။ သို့သော် ဘုရားသခင်၏ မေတ္တာတော်ကို လက်ခံသူအချို့ရှိ၍ သူတို့ကို ကိုယ်တော်ရှေ့တော်၌ ‘ဖြောင့်မတ်သူများ’ဟု မှည့်ခေါ်ကြသည်။ ဤအချိန်၌ပင်လျှင် ကိုယ် တော်၏ဖြောင့်မတ်ခြင်းကို လျစ်လျူရှုသူ ဘာသာတရားကျင့်ဆောင် သူများနှင့် မိမိအတွေးအခေါ်များဖြင့် ဘုရားသခင်၏ကယ်တင်ခြင်း ကို လျစ်လျူရှိသူများစွာရှိကြသည်။  ဘုရားသခင်၏ကယ်တင်ခြင်း ကို လျစ်လျူရှုသူများသည် အများအားဖြင့်ဖြစ်ကြ၍ သူတို့သည် ဘု ရားသခင်၏ဖြောင့်မတ်ခြင်းလျစ်လျူရှုသူများကို ကြည့်နေကြသည်။
ယုဒလူမျိုးများကဲ့သို့ ဘုရားသခင်၏ကောင်းမြတ်ခြင်း၊ သည်း ခံခြင်းနှင့် ခွင့်လွှတ်ခြင်းတို့ကို လျစ်လျူရှုသူ သင်တို့ပတ်ဝန်ကျင်တွင် လူများစွာရှိနေသည်ကို သိရန် ကျွန်တော်ဆန္ဒပြုလိုပါသည်။ ထိုအ ရာသည် မှန်သလော။ မှားသလော။ -အလွန်မှန်ကန်သည်။ ဤသို့ သောသူများစွာရှိသည်။- ပညတ်တော်ကျင့်‌ဆောင်သူသည် ဘုရား ရှေ့တော်၌ သူတစ်ပါးကို လျစ်လျူရှုသည်။ ပညတ်တော်ကျင့်ဆောင် သူများသည် မည်သည့်အရာကို လျစ်လျူရှုသနည်း။ ဘုရားသခင်၏ ပြည့်စုံသောကယ်တင်ခြင်းကို လျစ်လျူရှုကြသည်။
ထိုကြောင့် ဤကမ္ဘာပေါ်တွင်အသက်ရှင်သူများစွာ၊ ယုဒလူ မျိုးများအပါအဝင် သခင်ယေရှုသည် ဘုရားသခင်၏သားတော်ဖြစ် တော်မူသည်ဟူသောအချက် လျစ်လျူရှုကြသည်။ ယုဒလူများသည် ဣသရေလလူမျိုးများဖြစ်ကြသည်။ သူတို့က “ကိုယ်တော်သည် မည် သို့ဖြင့် ဘုရားသခင်၏သားတော်ဖြစ်နိုင်မည်နည်း။ ကိုယ်တော်သည် ပရောဖက်တစ်ပါးသားဖြစ်သည်မဟုတ်လော”ဟု ပြောကြသည်။ သူ တို့သည် ဤအချက်ထိသာ သခင်ယေရှုကို အသိအမှတ်ပြုကြသည်။ ဣသရေလလူမျိုးများသည် ဘုရားသခင်၏သားတော်ကို လျစ်လျူရှု ကြ၍ သခင်ယေရှုကို ပါးကို လက်ဖဝါးများဖြင့် ရိုက်ကြကာ “ကိုယ် တော်သည် ဘုရားနာမတော်ကို ရှုတ်ချပြီ”(မဿဲ ၂၆း၆၅)ဟု ပြော ကြသည်။ သူတို့သည် ယခုတွင် ကိုယ်တော်ကို လျစ်လျူရှုကြသည်။ ယုဒလူမျိုးများသည် သားတော်ကို မယုံကြည်ကြသောကြောင့် ဘု ရားသခင်ကို လျစ်လျူရှုကြသည်။ ဣသရေလလူမျိုးများသည် ကိုယ် တော်ကို မယုံကြည်ကြသောကြောင့် သခင်ယေရှုကို မထီလေးစား ပြုကြသည်ဟု နားလည်နိုင်သည်။ သို့သော် ဟေလသလူမျိုးများအ ကြား ပညတ်တရားကျင့်ဆောင်သူများသည် မည်သည့်အရာကို လျစ်လျူရှုကြသနည်း။ သူတို့သည် ဘုရားသခင်၏ကြွယ်ဝသော မေတ္တာတော်နှင့်ဖြောင့်မတ်ခြင်းကို လျစ်လျူရှုကြသည်။
 

ပညတ်တော်ကျင့်ဆောင်သူများသည် မိမိအကျင့်များကို အခြေပြုကြသည်

ပညတ်တော်ကျင့်သောဂိုဏ်းဂဏ၌ ပညတ်တရားကျင့်ဆောင် သူများသည် မိမိနောက်လိုက်သူများအား ညာပါးရိုက်ပုတ်ပြီးနောက် အခြားဘယ်ဘက်ပါးကိုပါ ပြန်လှည့်ခဲ့ကြသည်။ သူတို့သည် စိတ်ဆိုး မာန်ဆိုးမဖြစ်ခဲ့ကြပေ။ သူတို့သည် ဓမ္မခံယူချက်ကို မည်သို့ဟော ပြောရမည်ကိုလည်းကောင်း၊ ညင်သာစွာ လျှောက်ခြင်း၊ မည်သို့ပြုံး ပြရမည် စသည်တို့ကို ညွန်ကြားခဲ့ကြသည်။ သူတို့သည် သမ္မာကျမ်း စာအကြောင်းကို အကုန်အစင် သိကြ၍ သူတို့၏ဗီဇအပြစ်များကို သာ ခွင့်လွှတ်ခြင်းခံရသည်ကို တိုက်တွန်းကြသော်လည်း သူတို့သည် နေ့စဉ်အပြစ်များကို နောင်တနှင့်စပ်ဆိုင်သောဆုတောင်းခြင်းများ ပြု ခြင်းအားဖြင့် နေ့စဉ်အပြစ်များခွင့်လွှတ်ခြင်းခြင်းရရှိကြသည်ဟု သွန် သင်ကြသည်။ 
ဤသို့သောအရာတစ်စုံတစ်ခုမှာ ပညတ်တော်ကို အခြေပြု သောယုံကြည်ခြင်း ဖြစ်သည်။ ဤအရာများသည် လူများအား ဘုရား သခင်၏မေတ္တာတော်နှင့်ကယ်တင်ခြင်းကို လျစ်လျူရှုစေသည်။ သူ တို့က “သင်သည် ဖြောင့်မတ်သူဖြစ်သည်ကိုလည်းကောင်း၊ သခင် ယေရှုသည် သင်၏အပြစ်များအားလုံးကို ဆေးကြောပေးတော်မူခဲ့ သည်ဟု ယုံကြည်ခြင်းအားဖြင့် အပြစ်များအားလုံး ခွင့်လွှတ်ခြင်းရရှိ သည်ကိုလည်းကောင်း သင့်မှာ အပြစ်မရှိဟု ပြောရန် ဝါကြွားတယ်” ဟု ပြောကြသည်။ သူတို့သည် ဖြောင့်မတ်သူအမှန်အကန် မဟုတ် ကြလျှင်တောင် ဘုရားသခင်သည် သူတို့အား ဖြောင့်မတ်သူများအ ဖြစ်မှည့်ခေါ်တော်မူသည်ဟု သူတို့ တွေးကြသည်။ ပညတ်တရား ကျင့်ဆောင်သူများအားလုံးသ်ည ဤမှားယွင်းသောခရစ်ယာန်ဓမ္မခံ ယူချက်များကို ယုံကြည်ကြသည်။ ထိုကြောင့်၊ ကျွန်ုပ်တို့သည် ဤသို့ ပညတ်တရားယုံကြည်သူများမှ မိမိကိုယ်ကိုကိုယ် ရှောင်ကြဉ်ရကြ မည် ဖြစ်သည်။
သခင်ယေရှုကို ယုံကြည်ပြီးနောက် နောင်တနှင့်စပ်ဆိုင်သော ဆုတောင်းခြင်းများအားဖြင့် နေ့စဉ်အပြစ်များဖြေလွှတ်ခြင်းခံရရှိစေ သောအရာမှာ ပညတ်တရားလော။ သို့မဟုတ် မဟုတ်သလော။ -ဟုတ်ပါသည်။- ၎င်းသည် အကျင့်များ၏ပညတ်များမှ ဆင်းသက်လာ သလော။ သို့မဟုတ် မဆင်းသက်လာသလော။ -ဟုတ်ပါသည်။ ဆင်း သက်လာသည်။- ထိုအရာသည် ယုံကြည်ခြင်းမဟုတ်ပေ။ ပညတ် တော်၏အကျင့်အားဖြင့် အသက်ရှင်ကြသည်ဟု ကြွေးကြော်သူများ သည် ပညတ်တော်ကျင့်ဆောင်သူများ ဖြစ်ကြသည်။ ကျွန်ုပ်တို့ပတ် ဝန်းကျင်တွင် ဤသို့သောသူ မရေတွက်နိုင်အောင် များပြားစွာရှိကြ သည်။ 
တမန်တော်ရှင်ပေါလုသည် သခင်ယေရှုကို ယုံကြည်ခြင်းအား ဖြင့် အပြစ်များလုံးဝဖြေလွှတ်ခြင်းခံခဲ့ရသည်။ သို့သော် ပညတ်တော် နှင့်အညီ ဓမ္မဟောင်းကျမ်းကို ယုံကြည်သူ ဣသရေလလူမျိုးများ သည် ယုဒဘာသာကို ယုံကြည်ခဲ့ကြသ်ည။ ဤပုဂ္ဂိုလ်တစ်ဉီးဖြစ်လာ သူများအားလုံးသည် ပညတ်တော်ကျင့်ဆောင်သူများလော။ သို့မ ဟုတ် မဟုတ်သလော။ သူတို့သည် ပညတ်တော်ကို လိုက်လျှောက် သောသူများ ဖြစ်ကြသည်။ လူတစ်ဉီးသည် မည်သို့ လျှောက်လှမ်းရ မည်ကိုလည်းကောင်း၊ လူတစ်ဉီးသ်ည မည်သည့်အရာလုပ်ဆောင် သင့်သည်ကိုလည်းကောင်း၊ သို့မဟုတ် လူတစ်ဉီးသည် မည်သည့်အ ရာကို မလုပ်ဆောင်သင့်သည်ကိုလည်းကောင်းစသော အပြင်ပန်း သဏ္ဌာန်အကျင့်များကို သွင်သင်ကြသည်။
ထိုကြောင့် တမန်တော်ရှင်ပေါလုသည် ဤပုဂ္ဂိုလ်များကို မာ သောလေသံဖြင့် ပြစ်တင်ခဲ့သည်။ သူသည် ဤအရာကို ယဉ်ကျေး သိမ်မွေ့စွာ ပြုခဲ့သည်။ ယနေ့ခရစ်ယာန်များသည် ပညတ်တော်နှင့် အညီ ကောင်းမွန်စွာ ပညတ်တော်ကျင့်ဆောင်သောဘဝများဖြင့် အ သက်ရှင်ကြသည်။ သူတို့သည် ယုံကြည်ခြင်းအားဖြင့် စင်ကြယ်ခြင်း ခံရကြသော်လည်း သူ‌တို့အပြစ်အတွက် နောင်တနှင့်စပ်ဆိုင်သော ဆုတောင်းခြင်းများဆုတောင်းကြသောအခါ နေ့စဉ်အပြစ်များ ဖြေ လွှတ်ခြင်းခံရသည်ဟု ယုံကြည်ကြသည်။ သူတို့သည် ပညတ်တရား ကျင့်ဆောင်သူများဖြစ်ကြ၍ သူတို့ယုံကြည်မှုများသည် ပညတ်တ ရားယုံကြည်မှု ဖြစ်သည်။
သင်းအုပ်ဆရာများစွာတို့သည် တရားဟောတော်ကြ၍ “ကျွန်ုပ် တို့သည် ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းခံရကြသည်”ဟု ပြော ကြသည်။ သို့သော် သူတို့သည် နောက်ဆုံးတွင် “သို့သော် ကျွန်ုပ်တို့ သည် အပြစ်ကျူးလွန်သည့်အခါ အပြစ်ကို ဝန်ချတောင်းပန်၍ နောင် တရရမည်”ဟု ပြောကြသည်။ ဤသင်းအုပ်ဆရာများသည် ပညတ် တရားကျင့်ဆောင်သူများ ဖြစ်ကြသ်ည။ သူတို့သည် သခင်ယေရှုခ ရစ်တော်အပေါ် ယုံကြည်ခြင်း သို့မဟုတ် မိမိကိုယ်ကိုကိုယ် မှီခိုခြင်း မရှိကြဘဲ သူတို့ကယ်တင်ခြင်းအတွက် အကျင့်များပေါ်တွင် မှီခိုအား ထားကြသည်။
ကျွန်ုပ်တို့သည် ကယ်တင်ခြင်းမခံရမီ ပညတ်တရားကျင့် ဆောင်သူများ ဖြစ်ကြသည်မဟုတ်လော။ -ဟုတ်ပါသည်။- ကျွန်ုပ် တို့သည် ကယ်တင်ခြင်းမခံရမီ ကောင်းမှုကုသိုလ်ပြုခြင်းသည် ကျွန်ုပ်တို့ကို ကယ်တင်နိုင်သည်ဟု တွေးခဲ့ကြသည်။ ဤသို့သော နည်းလမ်းဖြင့်တွေးတောသူ ဤလောကတွင် မြောက်များစွာရှိကြ သည်။  ဘုရားသခင်သည် သူတို့ကို နောင်တရရန် ပြောကြားတော်မူ သည်။ “ထို့ကြောင့် သင်တို့၏အပြစ်များ ပယ်ဖျက်ခြင်းခံရစေရန် နောင်တရလျက် ပြောင်းလဲကြလော့”(တမန် ၃း၁၉)။ သို့သော် ဤ ပုဂ္ဂိုလ်များသည် နောင်တမရကြပေ။ သူတို့သည် မည်သို့ လည်ပင်း ခိုင်မာကြသနည်း။ ထိုကြောင့် တမန်တော်ရှင်ပေါလုက လည်ပင်းခိုင် မာသောသူများကို နောက်တဖန် ပြောကြားတော်မူခြင်း ဖြစ်သည်။
 

ပညတ်တရားကျင့်သူများသည် သေသည့်အထိအပြစ်သား များဖြစ်ကြသည်ဟု ကြွေးကြော်ကြသည်

ရောမ ၂း၅ ကို ဖတ်ရှုကြပါစို့။ “သို့သော် သင်၏မာကျောခက်ထန်မှုနှင့်နောင်တမရသောစိတ်နှလုံးတို့ကြောင့် သင်သည် အ မျက်တော်နေ့တည်းဟူသော ဘုရားသခင်၏ဖြောင့်မတ်သည့် တရားစီရင်ခြင်းထင်ရှားရာနေ့အတွက် အမျက်တော်ကို မိမိအဖို့သိုမှီးလျက်ရှိ၏။” ဘုရားသခင်၏ဖြောင့်မတ်သောတရားစီရင်ခြင်းသည် နောက် ဆုံးတွင် ပညတ်တရားကျင့်ဆောင်သူများအပေါ် ထင်ရှားသောနေ့အ ထိ ဘုရားသခင်၏အမျက်တော်သည် သိုထားလျက်ရှိသည်။
သို့သော် ပညတ်တရားကျင့်ဆောင်သူများသည် မိမိလည် ချောင်းကို ဓားဖြင့်ထိုးလျှင်တောင် သူတို့သည် ဘုရားရှေ့တော်၌အ ပြစ်သားများဖြစ်ကြသည်ဟု ဝန်ခံကြမည့် လည်ပင်း အလွန်ခိုင်မာ ကြသည်။ သူတို့သည် အန္တရာယ်နှင့်တွေ့ကြုံကြသောအခါ သူတို့ သည် ဘုရားရှေ့တော်၌ အပြစ်သားများဖြစ်ကြသည်ဟု ဝန်ခံကြ သေးသည်။ လူအချို့တို့သည် သေသည့်ထိတိုင်အောင် ဘုရားရှေ့ တော်၌ ထာဝရအပြစ်သားများဖြစ်ကြသည်ဟု ကြွေးကြော်ကြသည်။ သူတို့သည် မည်မျှ လည်ပင်းခိုင်မာကြသနည်း။ သူတို့သည် သခင် ယေရှုခရစ်တော်ကို ယုံကြည်လျှင်တောင် ဘုရားသခင်၏နှုတ်ကပတ် တော်နှင့်အညီ အသက်မရှင်နိုင်ကြသောကြောင့် သူတို့သည် အပြစ် သားများ ဖြစ်ကြသည်ဟု ပြောကြသည်။
ဘုရားသခင်သည် မည်သည့်ရာကို ပြောကြားတော်မူသနည်း။ ကိုယ်တော်က “မင်းက နှုတ်ကပတ်များနှင့်အညီ အသက်မရှင်နိုင် သောကြောင့် ငါ မင်းကို ကယ်တင်ခဲ့တယ်။ ငါက မင်းရဲ့အပြစ်များ အားလုံးကို ယူဆောင်သွားတော်မူခဲ့၍ သင့်ကို လုံးဝ ကယ်တင်တော် မူခဲ့တယ်”ဟု ပြောကြားတော်မူ သည်။ သူတို့သည် မိမိအပြစ်များမှ ရွေးနှုတ်ကယ်တင်ခြင်းခံရရန်အတွက် သခင်ယေရှုခရစ်တော်ကို ယုံ ကြည်ခြင်း သို့မဟုတ် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို လက်ခံခြင်း မရှိကြပေ။ သူတို့သည် ပညတ်တော်အကျင့်များနှင့် သခင်ယေရှုခရစ် တော်ကို ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းခံရရန် ကြိုးစားခဲ့ကြ သောကြောင့် သူတို့သည် သေသည့်ထိတိုင်အောင် အပြစ်သားများ ဖြစ်ကြသည်ဟု သူတို့က အခိုင်အမာပြောကြသည်။ သူတို့သည် မိမိ ယုံကြည်မှုများနှင့်အကျင့်များအတွက် တရားစီရင်ခြင်းခံရမည့်အချိန် ရောက်လာမည်ကို သူတို့သိရကြမည် ဖြစ်သည်။
“သို့သော် သင်၏မာကျောခက်ထန်မှုနှင့်နောင်တမရသောစိတ်  နှလုံးတို့ကြောင့် သင်သည် အမျက်တော်နေ့တည်းဟူသော ဘုရား သခင်၏ဖြောင့်မတ်သည့် တရားစီရင်ခြင်းထင်ရှားရာနေ့အတွက် အ မျက်တော်ကို မိမိအဖို့သိုမှီးလျက်ရှိ၏”(ရောမ ၂း၅)။ တမန်တော်ရှင် ပေါလုဆိုလိုသည်မှာ “မင်းက မည်မျှ လည်ပင်းခိုင်မာသလဲ။ မင်းက ခိုင်မာ၍ မသည်းခံနိုင်သောနှလုံးသားအတွက် တရားစီရင်ခြင်းခံရ မည်။ မင်းက ကိုယ်တော်၏အမျက်တော် ဘဏ္ဌာသိုထားတယ်” ဖြစ် သည်။ သခင်ယေရှုခရစ်တော်သည် လူတစ်ဉီးက ယုံကြည်သည်ဖြစ် စေ၊ မယုံကြည်သည် ဖြစ်စေ အပြစ်များအားလုံးကို ယူဆောင်သွား တော်မူခဲ့သည်။ ထိုကြောင့် လူတိုင်းသည် သခင်ယေရှုခရစ်တော် အားဖြင့် အပြစ်များအားလုံးမှ ကယ်တင်ခြင်းခံရနိုင်ကြသည်။  သခင် ယေရှုသည် ကျွန်ုပ်တို့အပြစ်များအားလုံးကို ဆေးကြောပေးတော်မူခဲ့ သည်ဟူသောအချက်ကို စစ်မှန်သောယုံကြည်ခြင်းအားဖြင့် ကျွန်ုပ် တို့သည် ကယ်တင်ခြင်းခံရကြသည်။ ကျွန်ုပ်တို့သည် ကိုယ်တော်၏ ခွင့်လွှတ်ခြင်းခံရရန် နေ့စဉ်အပြစ်များ နောင်တရ၍ ပညတ်တော်နှင့် အညီ အသက်မရှင်နိုင်ကြသောကြောင့် ကျွန်ုပ်တို့သည် ဟေလသ ဘာသာတရားများမှ သခင်ယေရှုခရစ်တော်ထံတော်သို့ ပြန်လှည့် လာခဲ့ကြသည်။ ကျွန်ုပ်တို့သည် သေသည့်ထိတိုင်အောင် အပြစ်သို့ ဉီးတည်နေကြသောကြောင့် ကျွန်ုပ်တို့သည် ပညတ်တရားအကျင့် များအားဖြင့် ဖြောင့်မတ်သူများမဖြစ်လာကြဘဲ ကိုယ်တော်၌ ယုံ ကြည်ခြင်းအားဖြင့် ဖြောင့်မတ်သူများဖြစ်လာကြသည်။
သင်သည် ဘုရားရှေ့တော်၌ သေသည့်ထိ ဖြောင့်မတ်သူများ ဖြစ်လာကြသည်ဟု သင် ကြွေးကြော်သလော။ သို့မဟုတ် သင်သည် သေသည့်ထိ အပြစ်သားတစ်ဉီးအဖြစ် ကျန်ရစ်သည်ဟု ကြွေးကြော် သလော။ -ကျွန်ုပ်တို့သည် ဖြောင့်မတ်သူများဖြစ်ကြသည်ဟု ကြွေး ကြော်ကြသည်။- ဤအရာသည် ဉီးနှောက်ဆေးကြောခြင်းအားဖြင့် ဖြစ်နိုင်သလော။ ဤအရာသည် ဉီးနှောက်ဆေးကြောခြင်းနှင့်တူ သည်ဟု လူအချို့က ပြောနိုင်ကြသည်။ ဤသို့သော ဓမ္မခံယူချက်ကို မည်သူ ယုံကြည်နိုင်မည်နည်း။ မည်သူမျှ မယုံကြည်နိုင်ပေ။
တစ်စုံတစ်ဉီးသည် သင့်ကို နေ့တိုင်း မိုင်းတိုက်သည်ဟု ဆိုကြ ပါစို့။ သင်က “ဘာကြောင့် ထိုသို့ ဖြစ်သလဲ။ ဒါကြောင့်လား။ ဘာအ ကြောင်းလဲ”ဟု ပြောခြင်းအားဖြင့် အတင်းအဓမ္မ ငြင်းဆိုနိုင်သည်။ လူအများစုက ဤနည်းလမ်းဖြင့် ပြန်လည်တုံ့ပြန်ကြသည်ဟု မဟုတ် လော။ ထိုအရာသည် မှန်ကန်သည်ဟု ကျွန်ုပ်တို့နှလုံးသားဖြင့် အ တည်ပြုကြမှသာလျှင် ကျွန်ုပ်တို့သည် တစ်စုံတစ်ခုကို ယုံကြည်လာ ကြသည်။ လူတစ်ဉီးသည် ကျွန်ုပ်တို့အား လှပသောစကားလုံးများ ဖြင့် သမ္မာကျမ်းစာမဟုတ်သောအရာတစ်စုံတစ်ခုကို ယုံကြည်ရန် လှည့်ဖြားသောအခါ ထိုအရာသည် ဘယ်တော့မှ မဖြစ်မြောက်ပေ။ အနည်းငယ်ပမာဏတော် ဖြစ်မြောက်လိမ့်မည် မဟုတ်ပေ။ လူသား များသည် လည်ပင်းခိုင်မာနေကြသည်ဟု ကျွန်ုပ်တို့သိကြသော် လည်း သမ္မာတရားသည် ဘုရားသခင်၏နှုတ်ကပတ်တော်မှလာလျှင် ကျွန်ုပ်တို့သည် ၎င်းကို နူးညံ့ပြီး ယုံကြည်လာကြသည်။
 

ပညတ်တရားကျင့်ဆောင်သူများသည် မည်မျှ လည်ပင်ခိုင်မာကြသနည်း

သူတို့သည် မည်မျှ လည်ပင်းခိုင်မာကြသနည်း။ သူတို့သည် သူ တို့၏ဘဝများနောက်ဆုံးမိနစ်အထိ အပြစ်သားများဖြစ်ကြသည်ဟု ကြွေးကြော်ကြသည်။ ယုဒဘာသာကို ယုံကြည်သူများစွာ ရှိကြ သည်။ ယုဒဘာသာကို အမှန်အကန် ယုံကြည်သူ ယနေ့ခရစ်ယာန် များအကြေား များစွာ ရှိကြသလော။ သို့မဟုတ် မရှိကြသလော။ -လူ များစွာ ရှိကြသည်။- “သခင်၊ ဒီမှာ အပြစ်သားတစ်ဉီး ရှိတယ်။ ကျွန်ုပ် အပြစ်များကို ခွင့်လွှတ်တော်မူပါ။” သူတို့သည် မိမိအတွေးအခေါ်များ အားဖြင့် သူတို့၏အားနည်းချက်များနှင့် နေ့စဉ်အပြစ်များ ယူဆောင် သွားတော်မူခဲ့သောကြောင့် သူတို့သည် ဘုရားရှေ့တော်၌ အပြစ် သားများ ဖြစ်ကြသည်ဟု ကြွေးကြော်သူများစွာ ရှိကြသည်။ ကမ္ဘာ ပေါ်တွင် ခရစ်ယာန်များ ဘီလီယံကျော်ရှိ၍ ကိုးရီးယားနိုင်ငံတွင် ခ ရစ်ယာန်များ ဆယ်သန်းကျော်ရှိလျှင် ဤပုဂ္ဂိုလ်များသည် ပညတ် တော်ကျင့်ဆောင်သူများသာ ဖြစ်ကြသည်။
 

ပညတ်တော်ကျင့်သူများသည် ဖါရိရြှများနှင့်တူကြသည်

ကျွန်တော်သည် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို မယုံ ကြည်မီ ပညတ်တော်ကို ကျင့်ဆောင်သူတစ်ဉီး ဖြစ်ခဲ့သည်။ “ကျွန် တော်နေ့တိုင်းအပြစ်ကျူးလွန်စဉ် မည်သို့ဖြင့် ဖြောင့်မတ်သူဖြစ်လာ နိုင်မလဲ”ဟု ကျွန်တော်တွေးလေ့ရှိခဲ့သည်။ ဤအရာသည် ယနေ့များ တွင် ထိုသို့မဟုတ်ပေ။ လူများစွာတို့သည် လည်ပင်းခိုင်မာနေကြ သည်ကို သင်သိကြသည်။ ဤသို့သောပုဂ္ဂိုလ်များသည် သမ္မာကျမ်း စာနှင့်အညီ မည်သည့်နေရာသို့ သွားကြသနည်း။ သူတို့၏ခက် ထန်၍ မသည်းခံနိုင်သောနှလုံးသားများကြောင့် သူတို့သည် ဘုရား သခင်၏အမျက်တော်ကို သိုထားခဲ့သောကြောင့် သူတို့သည် အပ္ပါယ် ငရဲသို့ နိဂုံးချုပ်ကြလိမ့်မည်။ သခင်ယေရှုခရစ်တော်သည် သူတို့ အပြစ်များအားလုံးဖယ်ရှားပေးတော်မူခဲ့သည်ဟု ကျေးဇူးတင်ခြင်း နှင့် အမှန်အကန်ယုံကြည်ခြင်းအားဖြင့် ဤလောက၌ အသက်ရှင်နေ ကစဉ် ပညတ်တရားကျင့်ဆောင်သူများသည် မိမိကိုယ်ကိုကိုယ် ပြောင်းလဲရန် တစ်ကြိမ်တည်း နောင်တရကြမည် ဖြစ်သည်။
သို့သော် သူတို့သည် နောင်တမရလိုကြဘဲ လည်ပင်းအလွန်ခိုင် မာနေကြသည်။ ဤပုဂ္ဂိုလ်များသည် သနားစရာကောင်းသည်။ သူ တို့သည် နောင်တရသင့်ကြသော်လည်း နောင်တမရကြပေ။ ဖါရိရှဲ များကဲ့သို့ ကျင့်သုံးသော လူများစွာရှိကြသည်။ သူတို့သည် ဘုရား ကျောင်းရှေ့တွင် များထံအား “နေကောင်းကြလား။ အဆင်ပြေကြ လား”ဟု ယဉ်ကျေးစွာ နှုတ်ဆက်ကြ၍ သူတို့လက်များ၌ သမ္မာကျမ်း စာကို ကိုင်ကြသည်။ သူတို့သည် တနင်္ဂနွေနေ့များ၌ လူများကို တွေ့ ကြ၍ လောဘစိတ်ဖြင့် သူတို့မျက်လုံးတစ်ဖက် မှိတ်ခဲ့ကြသည်။ သူ တို့သည် သခင်ယေရှုထက်ပို၍ ဘုရားဆန်ကြသည်။ သူတို့သည် နေ့ တိုင်းဤသို့ဖြင့် ဘုရားဆန့်ကျင်လျှင် မည်မျှကောင်းမည်နည်း။ 
ပညတ်တော်ကျင့်ဆောင်သောသင်းအုပ်ဆရာများ၏ဇနီးများ သည် မည်သို့သောအရာများပြောကြသည်ကို သင်သိသလော။ သူတို့ ၏ခင်ပွန်းများသည် ဤသို့ “သန့်ရှင်း၍ ဂရုဏာ”အမူအရာများဖြင့် ညင်သာစွာပြောကြသောကြောင့် သူတို့၏ခင်ပွန်းများသည် တရား ပလ္လင်ပေါ်တွင် တရားဟောပြောသောအခါ သူတို့သည် ဝမ်းမြောက် ကြသည်ဟု ပြောကြသည်။ သို့သော် သူတို့သည် အိမ်သို့ရောက်သည် နှင့်တပြိုင်တည်း ပြောင်းလဲခဲ့ကြသည်။ တစ်ကြိမ်က ပညတ်တော် ကျင့်ဆောင်သူသင်းအုပ်ဆရာတစ်ပါး၏ဇနီးသည် တရားပလ္လင်၏အ နောက်ဘက်ကို အိမ်အဖြစ်နေ၍ သူမ၏ခင်ပွန်းသည် အိမ်တွင် ခြင်္သေ့ဖြစ်၍ ပလ္လင်နောက်တွင် နူးညံ့သိမ်မွေ့သောကြောင့် သူမ သည် ဒယ်အို၊ စောင်များနှင့်ဆန်များကို ယူဆောင်လာခဲ့သည်။ သင်း အုပ်ဆရာသည် ဘာလုပ်နေသလဲဟု မေးခဲ့သည်။ သူသည် ပလ္လင် နောက်တွင် သိမ့်မွေ့၍ အသံချိုသော်လည်း နေအိမ်တွင် ပြောင်းလဲ ၍ သူ့မကို နှောင့်ယှက်သောကြောင့် သူမသည် ထိုနေရာကို နှစ်သက် ခဲ့သည်ဟု သူဇနီးကပြောခဲ့သည်။
 

ကျွန်ုပ်တို့သည် သတင်း ကောင်းကို ဟောပြောရကြမည်

ပွင့်ပွင့်လင်းလင်းပြောရလျှင် ကျွန်တော်သည် ကျွန်တော့်ဇနီး မှ အမှတ်များမရခဲ့ပေ။ ဤသို့ဖြစ်ရခြင်းအကြောင်းမှာ ကျွန်တော့်မိန်းမ က “သင်သတိပြုသောအရာတစ်ခုမှာ သတင်းကောင်း ဖြစ်တယ်”ဟု ပြောသောကြောင့် ဖြစ်သည်။ ကျွန်တော်သည် ပြည့်စုံသောလူတစ်ဉီး မဟုတ်သောကြောင့် ကျွန်တော်သည် အားလုံးကို ကောင်းမွန်စွာမ လုပ်ဆောင်နိုင်ခဲ့ပေ။ ကျွန်တော်ပထမဉီးဆုံးလုပ်ရမည့်အရာမှာ ဘု ရားသခင်၏အမှုတော် ဖြစ်သည်။ ဒုတိယအနေဖြင့် ကျွန်တော်သည် မိမိအိမ်ထောင်မိသားကို ပြုစုရမည်။ တတိယအနေဖြင့်၊ ကျွန်တော် သည် အခြားလုပ်ငန်းများကို လုပ်ရမည် ဖြစ်သည်။ ဤအရာသည် အစီအစဉ်အလိုက် ကျွန်တော်လုပ်ရမည့်အရာများ ဖြစ်ကြသည်။ ကျွန်တော်သည် သင်းအုပ်ဆရာတစ်ပါးဖြစ်သောကြောင့် ဤအရာ များသာ မလုပ်ရပေ။ ကျွန်တော်သည် သတင်းကောင်းဟောပြောရန် တာဝန်ရှိသောကြောင့် ထိုသို့ပြုလုပ်ရခြင်း ဖြစ်သည်။ ကျွန်ုပ်တို့သည် မိမိကိစ္စဝိစ္စများဆောင်ရွက်ခဲ့ပြီးနောက် သတင်းကောင်းကို အစေမခံ နိုင်ပေ။ ထိုကြောင့် ကျွန်တော်သည် သတင်းကောင်းဟောပြောခြင်း ကို စိတ်အားထက်သန်စွာ အထူးပြုလုပ်ဆောင်၍ သတင်းကောင်း ဟောပြောပြီးနောက် အခြားကိစ္စများအားလုံး တာဝန်ယူဆောင် ရွက်ရသည်။ ကျွန်တော်သည် မိမိကိစ္စများအားလုံးကို တစ်နည်းတစ် လမ်းအားဖြင့် ပြီးဆုံးခဲ့ပြီးနောက် သတင်းကောင်းဟောပြောနိုင် သည်ဟု မထင်ပေ။
ပညတ်တရားကျင့်ဆောင်သူများသည် ပလ္လင်တော်ပေါ်တွင် ရပ် ကြသောအခါ သူတို့သည် ကောင်းကင်တမန်များနှင့်တူကြသည်။ သူ တို့သည် ယုံကြည်သူများအား မိမိအပြစ်များအတွက် ငိုကြွေးကြရန် သွန်သင်ကြသည်။ လူတစ်ဉီးသည် အပြစ်ကင်းစင်သူဖြစ်မှသာ စစ် မှန်သောဝမ်းမြောက်မှရရှိသောကြောင့် ပညတ်တရားကျင့်ဆောင် သူအားလုံးသည် သခင်ယေရှုကို ယုံကြည်ကြပြီးနောက် အပြစ်များ ဖြေလွှတ်ခြင်းရရှိသင့်ကြသည်။ ဤအရာသည် လူတစ်ဉီး၏ဝိညာဉ် အား ဝမ်းမြောက်စေရန် တစ်ခုတည်းသောနည်းလမ်း ဖြစ်သည်။ လူ သားများသည် မိမိဘဝများဖြင့် အသက်ရှင်နေကြစဉ် အပြစ်ကျူး လွန်၍ ပျက်စိးသောအရာများကိုသာ လုပ်ဆောင်ကြသည်။ ထို ကြောင့် လူတစ်ဉီးသည် နှလုံးသား၌အပြစ်ရှိလျှင် သူအတွက် အပ္ပါယ်ငရဲထက် ပို၌ ဆိုးသွမ်းသည်။ ဘုရားသခင်သည် ဤသို့သော ပုဂ္ဂိုလ်များကို တရားစီရင်တော်မူသည်။
လူများစွာတို့သည် ဘုရားရှေ့တော်၌ အမျက်တော်ကို သိုးထား ကြသည်ဟု ကျွန်တော်ပြောနိုင်သည်။ နောင်တမရသူများ၊ မပြောင်း လဲသူများ၊ သခင်ယေရှုခရစ်တော်ကို မယုံကြည်သူများသည် စစ်မှန် သော ယုံကြည်ရန် ဟန်ဆောင်သော်လည်း ဘုရားသခင်၏အမျက် တော်အားဖြင့် တရားစီရင်ခြင်းခံရကြလိမ့်မည်။ သူတို့သည် ဘုရား သခင်ကို မုသာ မဆိုနိုင်ကြပေ။ သူတို့၏ယုံကြည်မှုများသည် ကိုယ် တော့်ရှေ့တော်၌ မှန်ကန်မှုရှိသည်ဖြစ်စေ၊ မရှိသည် ဖြစ်စေ မလှည့် စားနိုင်ကြပေ။ ကျွန်ုပ်တို့သည် မယုံကြည်ကြလျှင် တရားစီရင်ခြင်းခံ ရကြလိမ့်မည်။ ဘုရားသခင်၏အမျက်တော်သည် ယုံကြည်ခြင်းမရှိ သောသူများအပေါ် ထင်ရှားသည်။ သူတို့သည် အပ္ပါယ်ငရဲမီးအိုင်၌ လောင်ကျွမ်းခြင်း ခံရကြလိမ့်မည်။ မယုံကြည်ခြင်းကြောင့် အပ္ပါယ်င ရဲ၌ လောင်ကျွမ်းခြင်းခံရမည့်သူများစွာရှိကြသည်။
ထိုကြောင့် ကျွန်ုပ်တို့သည် သတင်းကောင်းဟောပြောရကြမည် ဖြစ်သည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်ကို ဆက် လက်ဟောပြောကြသင့်သည်။ ကျွန်ုပ်တို့သည် အတူတကွစုရုံးသည့် အချိန်တိုင်းတွင် သတင်းကောင်းကို စဉ်းစား၍ မိမိအကြောင်းသာမ က သူတစ်ပါးအကြောင်းကို သတိပြုရန် အချိန်ယူရကြမည် ဖြစ် သည်။ ကျွန်ုပ်တို့သည် သတင်းကောင်းဟောပြောရမည့်အကြောင်း ရင်းမှာ လူများသည် ကျွန်ုပ်တို့ကို ညှဉ်းပန်းနှိပ်စက်၍ ဘုရားသခင်၏ မေတ္တာတော်ကို လျစ်လျူရှုကြသော်လည်း သူတို့သည် ဘုရားသခင် ၏အမျက်တော်မှ လွှတ်မြောက်ရန် ကူညီခြင်း ဖြစ်သည်။
ကျွန်ုပ်တို့သည် အောက်ပါအတိုင်း သိရကြမည် ဖြစ်သည်။ ဤ အမျာက်တော်ကို ခံရမည့်သူ ကျွန်ုပ်တို့ပတ်ဝန်းကျင်တွင် များစွာရှိ ကြသည်။ ကျွန်ုပ်တို့သည် သတင်းကောင်းကို အမှန်အကန် သက် သေခံကြသည်ကိုလည်းကောင်း၊ မခံကြသည်ကိုလည်းကောင်း သေ ချာစွာ စဉ်းစားရကြမည်။ ထိုကြောင့် ကျွန်ုပ်တို့သည် သတင်းကောင်း ကို အကောင်းဆုံးဟောပြော၍ သူတစ်ပါးထံမှ အလှူငွေများ ယူ ဆောင်ရကြခြင်း  ဖြစ်သည်။ ကျွန်ုပ်တို့သည် ကိုယ်တော်၏အမျက် တော်အားဖြင့် တရားစီရင်ခြင်းခံရကြလျှင် ဘုရားသခင်သည် ဝမ်း မြောက်တော်မူမည်လော။ သူတို့သည် ဖြစ်နေကြသည့်အတိုင်း ကျွန်ုပ်တို့သည် သူတို့ကို မထားခဲ့နိုင်ကြပေ။ ကျွန်ုပ်တို့သည် ဤအ ရာကို သေချာစွာ သိကြ၍ တစ်ကမ္ဘာလုံးသို့ သတင်းကောင်းဟော ပြောရကြမည် ဖြစ်သည်။
သင်၏အိမ်ထောင်မိသား၌ ပညတ်တော်ကျင့်ဆောင်သူတစ်ဉီး ရှိလျှင် တစ်မိသားစုလုံးသည် ဘုရားသခင်၏အမျက်တော်အားဖြင့် တရားစီရင်ခြင်း ခံရကြလိမ့်မည်။ အမျက်တော်မှာ အဘယ်အရာ နည်း။ကျွန်ုပ်တို့က “မင်းက စကားနားမထောင်လျှင် အရိုက်ခံရမည်” ဟုပြောသောအခါ ကလေးများသည် သူတို့မိဘစကားကို နားမ ထောင်ကြပေ။ ထိုနောက် မိဘများသည် သူတို့၏သားသမီးများကို မ သည်းခံနိုင်ကြသောကြောင့် သူတို့ကို ရိုက်ကြလိမ့်မည်။ ကလေးများ သည် မိမိအမှားများကို ဝန်ချတောင်းပန်၍ ခွင့်လွှတ်ရန် တောင်းဆို ကြသည်။ မိဘများက သူတို့သားသမီးများအား မိမိရင်သွေးများဖြစ် ကြသောကြောင့် ခွင့်လွှတ်ကြသည်။ အပိုဒ်ငယ် ၄ တွင် “သို့မဟုတ် ဘုရားသခင်၏ကျေးဇူးပြုတော်မူခြင်းသည် သင့်ကို နောင်တသို့ပို့ ဆောင်သည်ကိုမသိမမှတ်ဘဲ ကိုယ်တော်၏ကြွယ်ဝသောကျေးဇူးပြုတော်မူခြင်း၊ သည်းခံတော်မူခြင်းနှင့် စိတ်ရှည်တော်မူခြင်းတို့ကို မထီ မဲ့မြင်ပြုသလော”ဟု ရေးသားခဲ့သည်။ သို့သော် ဘုရားသခင်သည် မည်သည့်အချိန်အထိ သည်းခံတော်မူလိမ့်မည်နည်း။ ဘုရားသခင် သည် ဤလောက၌ နှစ်ပေါင်း ၇၀-၈၀ အတွင်း သည်းခံတော်မူ သော်လည်း လူများသည် မိမိသားသမီများကို နှစ်ကြိမ် သို့မဟုတ် သုံးကြိမ် ခွင့်လွှတ်ပြီးနောက် ကြိမ်လုံးဖြင့် ရိုက်ကြသည်။ ဘုရားသ ခင်သည် ကျွန်ုပ်တို့ဘဝကုန်ဆုံးသည့်အထိ သည်းခံတော်မူသည်။
 

ဘုရားသခင်သည် ပညတ်တရားကျင့်ဆောင်သူများ အတွက် ငရဲမီးအိုင်ကို ပြင်ဆင်တော်မူခဲ့သည်

သခင်သည် မိမိလက်၌ ကြိမ်လုံးကိုင်သောအခါ ၎င်းသည် ကုန် ဆုံးလိမ့်မည်။ ဘုရားသခင်သည် ပညတ်တရားကျင့်ဆောင်သူများအ တွက် ပွက်ပွက်ဆူနေသော ကျောက်များနှင့်ကန့်ရောသော အရည် ပျော်သောမီးအိုင်တစ်ခုကို ပြင်ဆင်တော်မူခဲ့သည်။ ဘုရားသခင် သည် မသေနိုင်သောသူတို့၏ကိုယ်ခန္ဓာများကို ပြုလုပ်တော်မူသဖြင့် သူတို့သည် နာကျင်မှုကို ထာဝရခံစားကြ၍ ကိုယ်တော်သည် သူတို့ ကို မငြိမ်းနိုင်သော လောင်ကျွမ်းသောမီးအိုင်၌ ထားတော်မူသည်။ ဘုရားသခင်၏အမျက်တော်သည် သူတို့အား ထာဝရကိုယ်ခန္ဓာများ ဖြင့် ထမြောက်စေတော်မူ၍ သူတို့ကို ထာဝရ ဆင်းရဲဒုက္ခရောက် စေတော်မူသည်။ သူတို့သည် အလွန်ပူလောင်မှုကို ခံစားရကြ၍ “ကျွန်တော်သည် ဤမီးအိုင်၌ ညှဉ်းပန်းနှိပ်စက်ခြင်းခံရသဖြင့် ကျွန် တော့်ပါးစပ်သို့ ရေတစ်စက်ချပေးခြင်းအားဖြင့်  လက်ညှိုးကို ရေထဲ မှာ ညစ်၍ ကျွန်တော့်လျှာကို တို့ပေးပါ”ဟု  ပြောလျှင်တောင် သူတို့ သည် လောင်ကျွမ်းခြင်းမှ သေကြလိမ့်မည် မဟုတ်ပေ(လုကာ ၁၆း၂၄)။
သူတို့သည် တရားစီရင်ခြင်းကို အမှန်အကန်ခံရကြမည် ဖြစ် သောကြောင့် ကျွန်ုပ်တို့သည် သူတို့ထံ သတင်းကောင်းဟောပြောရ ကြမည် ဖြစ်သည်။ ကျွန်ုပ်တို့သည် မထီမဲ့မြင်ပြုခြင်းနှင့် ညှဉ်းပန်း နှိပ်စက်ခြင်းခံနိုင်ကြသော်လည်း ကျွန်ုပ်တို့ပတ်ဝန်းကျင်တွင်ရှိသော ပညတ်တရားကျင့်ဆောင်သူများထံ သတင်းကောင်းဟောပြောရ ခြင်းအကြောင်းရင်းမှာ သူတို့သည် အမျက်တော်နှင့်ပျက်စီးခြင်းမှ ကယ်တင်ရန်အတွက် ဖြစ်သည်။ ကျွန်ုပ်တို့သည် အကောင်းဆုံးကြိုး စားရခြင်းအကြောင်း၊ ကျွန်ုပ်တို့သည် သူတစ်ပါးကို ကယ်တင်ရန် စိတ်ဝင်စားခြင်းအကြောင်းနှင့် စာပေသာသနာအားဖြင့် အသင်း တော်၏ငွေကြေများကို အများဆုံးအသုံးချရခြင်းအကြောင်းကို သင် နားလည်သဘောပေါက်သလော။ ကျွန်ုပ်တို့သည် အသင်းတော်အ တွက်သာ ငွေးကြေးကို အသုံးပြုကြလျှင် အလွန်ချမ်းသာကြလိမ့် မည်။ ကျွန်ုပ်တို့သည် ကောင်းမွန်စွာ စားသောက်၍ အသက်ရှင်နိုင် ကြလိမ့်မည်။
သို့သော် တစ်ကမ္ဘာလုံးသို့ သတင်းကောင်းဟောပြောရန် ပစ္စည်းများစွာ လိုအပ်သည်။ ဘာကြောင့်လိုအပ်သည်ကို သင်သိသ လော။ ဤနည်းလမ်းအားဖြင့် သူတစ်ပါးသည် ကယ်တင်ခြင်းခံရနိုင် ကြသောကြောင့် ဖြစ်သည်။ ထိုကြောင့် ကျွန်ုပ်တို့သည် တစ်ကမ္ဘာ လုံးသို့ သတင်းကောင်းဟောပြောခြင်းအတွက် မိမိကိုယ်ကိုကိုယ် ဆက်ကပ်ကြခြင်း ဖြစ်သည်။ ကျွန်ုပ်တို့သည် ထိုသို့မပြုခဲ့ကြလျှင် သူ တစ်ပါးသည် အပြစ်များဖြေလွှတ်ခြင်းရရှိနိုင်ရန် ဖြစ်နိုင်မည်လော။
ကျွန်ုပ်တို့သည် သင့်ထံ သတင်းကောင်းမဟောပြောလျှင် ဘု ရားသခင်သည် သင့်ကို ကယ်တော်မူလျှင်တောင် သင်သည် ကယ် တင်ခြင်းခံရနိုင်မည်လော။ သင်သည် ကယ်တင်ခြင်းခံရနိုင်မည် မ ဟုတ်ပေ။ ကျွန်ုပ်တို့အားလုံးသည် ဒုတိယမွေးဖွားခြင်းမခံရမီ ပညတ် တရားကျင့်ဆောင်သူများ ဖြစ်ကြသည်။ ကျွန်ုပ်တို့သည် သခင်ယေရှု ကို ယုံကြည်ခဲ့ကြသည်ဟု ထင်ခဲ့ကြသော်လည်း ကျွန်ုပ်တို့သည် အ ပြစ်ဖြင့်ရှိနေကြသည်။ ကျွန်ုပ်တို့သည် ဤသတင်းကောင်းမကြားခဲ့ ကြလျှင် ဤလောက၌ ပျက်စီးကြလိမ့်မည်။ 
ကျွန်ုပ်တို့သည် သူတို့ကို အပ္ပါယ်ငရဲသို့ သွား၍ ပျက်စီးရန် ခွင့် ပြုနိုင်မည်လော။ ခွင့်မပြုနိုင်ပေ။ ကျွန်ုပ်တို့သည် ကိုယ်တော်၏သ တင်းကောင်းနှင့်ကယ်တင်ခြင်းကို သိကြသောကြောင့် သူတို့ကို အပ္ပါယ်ငရဲသို့ သွားခွင့်မပြုနိုင်ကြပေ။ အပ္ပါယ်ငရဲသို့ သွားမည့်သူများ နှင့် ကောင်းကင်နိုင်ငံသို့ ဝင်ရောက်မည်သူများကို ကျွန်ုပ်တို့သိရကြ သည်။ ထိုကြောင့် ကျွန်ုပ်တို့သည် သူတို့အကြောင်းကို စိုးရိမ်ပူပန်ကြ ၍ ဆု‌တောင်းကာ သတင်းကောင်းကို ဟောပြောကြသည်။ ကျွန်ုပ်တို့ သည် ဤသာသနာလုပ်ငန်းအတွက် ငွေကြေးများစွာ အသုံးပြု၍ ငွေ ကြေးများစီရင်ရကြမည့်အကြောင်းမှာ အောက်ပါအတိုင်းဖြစ်သည်။ ဝိညာဉ်တစ်ပါးကယ်တင်ခြင်းမှာ ဤလောက၌ အခြားသောအရာ များရရှိခြင်းထက် ပို၍ကောင်းမွန်သည်။ 
ကျွန်ုပ်တို့သည် ပညတ်တရားကျင့်ဆောင်သူများ၏လျစ်လျူရှု ခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခြင်းခံရကြသော်လည်း သည်းခံခြင်းနှင့် စိတ်ရှည်ခြင်းအားဖြင့် သတင်းကောင်းဟောပြောခြင်းအကြောင်းမှာ ဘုရားသခင်၏အမျက်တော်အားဖြင့် တရားစီရင်ခြင်းခံရမည့် ဝိညာဉ် များကို ကယ်တင်ရန် ဖြစ်သည်။
သင်က ‘စစ်မှန်သောသတင်းကောင်းအကြောင်းနှင့်ပတ်သက်၍ ပိုကောင်းသောဖတ်ချင်စရာစာအုပ်များရေးသားနိုင်၍ လက်ကမ်းစာ စောင်များကဲ့သို့ တစ်ကမ္ဘာလုံးသို့ ဖြန့်ချိနိုင်သည်’ဟု တွေးနိုင်သည်။ စစ်မှန်သောသတင်းကောင်းဟောပြောရန် ကောင်းသောလမ်းဖြစ် လျှင် ကျွန်ုပ်တို့သည် ပြုကြလိမ့်မည်။ သို့သော် ထိုအရာသည် မဖြစ် နိုင်သောကြောင့် ကွှန်ုပ်တို့သည် အတတ်နိုင်ဆုံးမကြခဏကြိုးစားက ကြ၍ ဆုတောင်းကြသည်။
ကျွန်ုပ်တို့သတင်းကောင်းဟောပြောသူများသည် တစ်စုံတစ်ခု ကို ရရှိရန်အတွက် သတင်းကောင်ဟပြောရန် မကြိုးစားကြပေ။ သူ တို့သည် အပ္ပါယ်ငရဲသို့ အမှန်အကန်သွားမည့်အပြစ်များအားလုံးကို သိကြသောကြောင့် သူတို့သည် ဝိညာဉ်များကို ကယ်တင်ရန် သ တင်းကောင်းဟောပြောကြသည်။ သို့သော် ဤလောက၌ ပညတ်တ ရားကျင့်သူများစါာတို့သည် ခရစ်ယာန်ဘာသာကို ကိုးကွယ်ခြင်းအ တွက် မာန်မာတထောင်လွှားကြ၍ သူတို့၏လောကအရာတပ်မက်မှု များကို အမှန်အကန် လိုက်လံကြသည်။ ကျွန်ုပ်တို့သည် ပညတ်တ ရားကျင့်ဆောင်သူများအပေါ် တရားဟောပြောခြင်းအကြောင်းကို နားလည်သဘောပေါက်ရကြမည် ဖြစ်သည်။
ကိုယ်တော်သည် ပညတ်တော်ဆယ်ပါး၌ ဉပုသ်နေ့ကို သန့်ရှင်း စေရန် ဘာကြောင့်မိန့်တော်မူခဲ့သည်ကိုလည်းကောင်း၊ ဉပုသ်နေ့မ စောင့်သောသူများသည် ကျောက်ခဲဖြင့် ပစ်သတ်ခြင်းဘာကြောင့်ခံရ ကြသည်ကိုလည်းကောင်း ကျွန်ုပ်တို့သိရကြမည် ဖြစ်သည်။ ဉပုသ် နေ့က သခင်ယေရှုသည် ကျွန်ုပ်တို့အပြစ်များအားလုံးကို ဆေးကြော ပေးတော်မူခဲ့သည့်သတင်းကောင်းကို ပြဌာန်းသည်။ သခင်ယေရှု သည် ကျွန်ုပ်တို့အပြစ်များအားလုံးကို ဆေးကြောပေးတော်မူခဲ့သည် ဟု ကျွန်ုပ်တို့သည် စိတ်ထဲမှာ မြဲမြံစွာ မှတ်ထားရကြမည် ဖြစ်သည်။ ကိုယ်တော်သည် လောကအပြစ်များအားလုံး ဆေးကြောပေးတော်မူ ခဲ့သည်ဟူသောအချက်များပါဝင်သော ကိုယ်တော်၌ ယုံကြည်ခြင်း အားဖြင့် ထိုသတင်းကောင်းကို ကျွန်ုပ်တို့ဟောပြောရကြမည် ဖြစ် သည်။
ဤတရားဟောချက်အတွက် ကျွန်တော်သည် ဘာသာတရား ကျင့်ဆောင်သူများအပေါ် နာကျည်းမှုကို မကျေနပ်ခဲ့သည်ဟန်တူ ကြသည်။ သို့သော် ကျွန်ုပ်တို့သည် သူတို့ကို ခွင့်လွှတ်၍ ကျယ်ဝန်း သောစိတ်ထားရှိရကြမည် ဖြစ်သည်။ ကျွန်ုပ်တို့သည် မိမိပါးစပ်များ ကို ရေငုံနှုတ်ပိတ်ဖြစ်နေကြလျှင် သူတို့သည် အပ္ပါယ်ငရဲသို့ ဉီးတည် နေကြသည်။ ပညတ်တော်ကျင့်ဆောင်သူများသည် ငွေကြေးအား ဖြင့်  ကျွန်ုပ်တို့ကို မထီမဲ့မြင်ပြုရန် သို့မဟုတ် ကျွန်ုပ်တို့အပေါ် ဇာတိ ပကတိလွှမ်းမိုးမှုပြုရန် သတင်းကောင်းဟောပြောသူတို့သည် သူတို့ ကို ခွင့်မပြုနိုင်ကြပေ။
 

ကျွန်ုပ်တို့သည် မိသားစုများနှင့် အခြားဝိညာဉ်များအပေါ် သတင်းကောင်းကို ဟောပြောရကြမည် ဖြစ်သည်

ကျွန်ုပ်တို့သည် အခြားသူများစွာအပါအဝင် လူတိုင်းထံ သတင်း ကောင်ဟောပြောရကြမည် ဖြစ်သည်။ ဝိညာဉ်များအားလုံးသည် ကျွန်ုပ်တို့အိမ်ထောင်မိသားစုများကဲ့သို့ တန်ဖိုးရှိကြသည်ကို ကျွန်ုပ် တို့သိကြသည်။ ဘုရားရှေ့တော်၌ ကျွန်ုပ်တို့အားလုံးသည် အတူတူ ဖြစ်ကြသောကြောင့် အခြားသူများကို တန်ဖိုးရှိကြသည်ဟု ကျွန်ုပ်တို့ စဉ်းစားသင့်ကြသည်။
ဝိညာဉ်များသည် အပ္ပါယ်ငရဲသို့ ပို့ဆောင်နေသဖြင့် ကျွန်တော် သည် တရာဟောသည့်အချိန်တိုင်းတွင် ကယ်တင်ခြင်းသမ္မာတရား အကြောင်းကို ဟောပြောခြင်း ဖြစ်သည်။ ကျွန်ုပ်တို့သည် မိသားစု ဝင်များနှင့် သူငယ်ချင်းများထံ သတင်းကောင်းဟောပြောရကြ၍ ဆန္ဒရှိသောအရာတစ်စုံတစ်ခုချန်ထား၍ ကျွန်ုပ်တို့လိုအပ်သောအရာ များအတွက် ဆုတောင်းလျှင် စာပေဖြင့် သတင်းကောင်းဟောပြော ရကြမည် ဖြစ်သည်။ ကျွန်ုပ်တို့သည် မတူညီသောနည်းဗျူဟာများကို အသုံးပြု၍ သတင်းကောင်းဟောပြောရကြမည် ဖြစ်သည်။ ဝိညာဉ် တစ်ပါး ပြန်လာသောအခါ ကျွန်ုပ်တို့သည် ပွဲတစ်ခုကို ပြင်ဆင်ပေး ကြသည်။ ကျွန်ုပ်တို့သည် သတင်းကောင်းဟောပြောခြင်းအတွက် နိုး ထမှုအစီအစဉ်ရှီသည်အခါတိုင်းတွင် ဝိညာဉ်များရရှိကြသည်။ တစ်ခါ တစ်ရံ ကျွန်ုပ်တို့သည် ဝိညာဉ်များထံ သတင်းကောင်းဟောပြောရန် စီစဉ်ကြသော်လည်း လူများသည် လောကသို့ပြန်လှည့်ကြသည်။ ထို နောက် ကျွန်ုပ်တို့သည် ဝမ်းနည်းမှုအပြည့်ရှိလာကြသည်။ သို့သော် နောက်ဆုံးတွင် ကျွန်ုပ်တို့သည် ဝမ်းနည်းစိတ်ပျက်မှုများကို ခံစား ခြင်းမရှိကြဘဲ သတင်းကောင်းကို ဟောပြောကြသည်။
ယနေ့ သင်သည် အရာတစ်ခုကို သိရန် ကျွန်တော်ဆန္ဒပြုလို သည်။ ကျွန်ုပ်တို့ပတ်ဝန်းကျင်တွင် ပညတ်တရားကျင့်ဆောင်သော ခရစ်ယာန်များစွာရှိကြသည်ကိုလည်းကောင်း၊ ကျွန်ုပ်တို့သည် သူတို့ ထံ သတင်းကောင်းဟောပြောရကြမည်ကိုလည်းကောင်း သတိရပါ။  သူတို့သည် နေ့တိုင်းအပြစ်ပြုကြလျှင်တောင် ပညတ်တော်ကို စောင့် ရှောက်ဟန်ဆောင်ကြသည်။ သူတို့သည် နေ့တိုင်း နောင်တနှင့်စပ် ဆိုင်သော ဆုတောင်းခြင်းများအားဖြင့် နေ့စဉ်အပြစ်များဖြေလွှတ် ခြင်းခံရနိုင်ကြသည်ဟု သူတို့ထင်တတ်ကြသည်။
သခင်ယေရှုသည် ကျွန်ုပ်တို့အပြစ်များအားလုံးကို ဖယ်ရှားပေး တော်မူခဲ့သည်ဟုပြောသော သတင်းကောင်းကို သူတို့သည် ငြင်း ပယ်ကြသည်။ သူတို့သည် အပြစ်များအမှန်ဖြေလွှတ်ခြင်းကို မသိကြ သောကြောင့် နေ့စဉ်အပြစ်များမပါ သခင်ယေရှုသည် သူတို့၏ဗီဇအ ပြစ်များကိုသာ ယူဆောင်သွားတော်မူခဲ့သည်ဟု သူတို့ထင်တတ်ကြ သည်။ သမ္မာတရား၏ကယ်တင်ခြင်းကို မသိသောသူများကို ပညတ် တရားကျင့်ဆောင်သူများဟု ခေါ်သည်။ ကျွန်ုပ်တို့သည် ဘုရားသခင် ၏ဖြောင့်မတ်ခြင်းသတင်းကောင်းကို သူတို့ထံ ဟောပြောခြင်းအား ဖြင့် သူတို့အား အပြစ်များမှ ကယ်တင်ရကြမည် ဖြစ်သည်။