Search

တရားဟောချက်များ

ဘာသာရပ် ၉ - ရောမဩဝါဒစာ (ရောမဩဝါဒစာအနက်ဖွင့်ကျမ်းများ)

[2-3] အရေဖျားလှီးခြင်းမှာ နှလုံးသား အရေဖျားလှီးခြင်း ဖြစ်သည် (ရောမ ၂း၁၇-၂၉)

(ရောမ ၂း၁၇-၂၉)
“အကယ်၍ သင်သည် မိမိကိုယ်ကိုဂျူးလူမျိုးဟုခေါ်လျက်၊ ပ ညတ်တရားကိုကိုးစားလျက်၊ ဘုရားသခင်၌ဝါကြွားလျက်၊ အလိုတော်ကိုသိလျက်၊ ပညတ်တရား၏သွန်သင်မှုကို ခံယူပြီးဖြစ်သော ကြောင့် မြင့်မြတ်သောအရာများကို ပိုင်းခြားသိရှိလျက် ပညတ်တရားအားဖြင့် အသိပညာနှင့်သမ္မာတရားတို့၏အနှစ်သာရကို ရရှိထားသည်ဖြစ်၍ မိမိကိုယ်ကို မျက်မမြင်တို့၏လမ်းပြ၊ အမှောင်ထဲ၌နေသောသူတို့အတွက်အလင်း၊ မိုက်မဲသောသူတို့ကိုဆုံးမပဲ့ပြင်သူ၊ ကလေးသူငယ်များ၏ဆရာဖြစ်သည်ဟု ယုံကြည်စိတ်ချလျှင် သူတစ်ပါးကိုသွန်သင်လျက်ပင် သင့်ကိုယ်သင်မသွန်သင်သလော။ မခိုးယူရဟုဟောပြောလျက်ပင် သင်ကိုယ်တိုင်ခိုးယူရသလော။ အိမ် ထောင်ရေးဖောက်ပြန်မှုကို မကျူးလွန်ရဟုဆိုလျက်ပင် သင်ကိုယ် တိုင်ကျူးလွန်ရသလော။ ရုပ်တုများကိုရွံရှာလျက်ပင် ၎င်းတို့၏ဗိ မာန်များကို သင်ကိုယ်တိုင်ဖောက်ထွင်းလုယူရသလော။ ပညတ်တရား၌ဝါကြွားလျက်ပင် သင်ကိုယ်တိုင်ပညတ်တရားကိုဖောက် ဖျက်ကျူးလွန်ခြင်းဖြင့် ဘုရားသခင်ကိုမထီလေးစားပြုရသလော။ ဤသည်ကား “ဘုရားသခင်၏နာမတော်သည် သင်တို့ကြောင့် လူ မျိုးခြားတို့တွင် စော်ကားပြောဆိုခြင်းကိုခံရလျက်ရှိ၏”ဟု ကျမ်းစာ၌ရေးထားသည့်အတိုင်းဖြစ်၏။ သင်သည် ပညတ်တရားကိုကျင့်သုံးလျှင် အရေဖျားလှီးခြင်းသည် အမှန်ပင်အကျိုးရှိ၏။ သို့သော် သင်သည် ပညတ်တရားကိုဖောက်ဖျက်ကျူးလွန်သူဖြစ်ပါက သင်၏အရေဖျားလှီးခြင်းသည် အရေဖျားမလှီးခြင်းဖြစ်သွား၏။ ထို့ကြောင့် အရေဖျားမလှီးသောသူသည် ပညတ်တရား၏ပြဋ္ဌာန်းချက်များကို စောင့်ထိန်းလျှင် သူ၏အရေဖျားမလှီးခြင်းသည် အရေဖျားလှီးခြင်းအဖြစ် သတ်မှတ်ခြင်းခံရမည်မဟုတ်လော။ ထိုအခါ ကိုယ်ခန္ဓာတွင် အရေဖျားမလှီးထားသော်လည်း ပညတ်တရားကို အပြည့်အဝစောင့်ထိန်းသောသူသည် အက္ခရာတင်ထားသောတရားနှင့် အရေ ဖျားလှီးခြင်းရှိလျက်ပင် ပညတ်တရားကိုဖောက်ဖျက်ကျူးလွန်သောသင့်ကို စီရင်လိမ့်မည်။ တစ်နည်းဆိုသော် အပြင်ပန်းအားဖြင့် ဂျူးလူမျိုးဖြစ်သောသူသည် ဂျူးလူမျိုးအစစ်အမှန်မဟုတ်။ အပြင်ပန်းအားဖြင့်ကိုယ်ကာယ၌ခံယူသောအရေဖျားလှီးခြင်းသည်လည်းအရေ ဖျားလှီးခြင်းအစစ်အမှန်မဟုတ်။ အတွင်းသဘောအားဖြင့် ဂျူးလူမျိုးဖြစ်သောသူသာလျှင် ဂျူးလူမျိုးအစစ်အမှန်ဖြစ်ပြီး အက္ခရာတင်ထားသောတရားအားဖြင့်မဟုတ်ဘဲ ဝိညာဉ်တော်အားဖြင့်ဖြစ်သော စိတ် နှလုံး၏အရေဖျားလှီးခြင်းပင် အရေဖျားလှီးခြင်းအစစ်အမှန်ဖြစ်၏။ ထိုသို့သောသူသည် လူတို့ထံမှမဟုတ်ဘဲ ဘုရားသခင်ထံတော်မှချီးမွမ်းခြင်းကိုခံရ၏။”
 


ကျွန်ုပ်တို့သည် နှလုံးသား၌ အရေဖျားလှီးခြင်းခံရကြမည် ဖြစ်သည်


“အရေဖျားလှီးခြင်းမှာ နှလုံးသားအရေဖျားလှီးခြင်း ဖြစ်သည်။” ကျွန်ုပ်တို့သည် နှလုံးသားဖြင့် ယုံကြည်ကြသောအခါ ကယ်တင်ခြင်း ခံရကြသည်။ ဘုရားသခင်က “အတွင်းသဘောအားဖြင့် ဂျူးလူမျိုးဖြစ်သောသူသာလျှင် ဂျူးလူမျိုးအစစ်အမှန်ဖြစ်ပြီး အက္ခရာတင်ထားသောတရားအားဖြင့်မဟုတ်ဘဲ ဝိညာဉ်တော်အားဖြင့်ဖြစ်သော စိတ် နှလုံး၏အရေဖျားလှီးခြင်းပင် အရေဖျားလှီးခြင်းအစစ်အမှန်ဖြစ်၏။ ထိုသို့သောသူသည် လူတို့ထံမှမဟုတ်ဘဲ ဘုရားသခင်ထံတော်မှချီး မွမ်းခြင်းကိုခံရ၏”(ရောမ ၂း၂၉)။ ကျွန်ုပ်တို့သည် နှလုံးသားများ၌ အ ပြစ်ဖြေလွှတ်ခြင်းခံရကြမည် ဖြစ်သည်။ ကျွန်ုပ်တို့သည် နှလုံးသား များ၌ အပြစ်ဖြေလွှတ်ခြင်းမခံရကြလျှင် တရားမဝင်ပေ။ လူသားများ ၌ “အတွင်းလူနှင့်အပြစ်လူ”ရှိ၍ လူတိုင်းသည် အတွင်းလူ၌ အပြစ် ဖြေလွှတ်ခြင်းခံရကြမည် ဖြစ်သည်။
တမန်တော်ရှင်ပေါလုက ယုဒလူမျိုးများထံ “အရေဖျားလှီးခြင်း သည် နှလုံးသားအရေဖျားလှီးခြင်း ဖြစ်သည်”ဟု ပြောသည်။ ထို နောက် ယုဒလူမျိုးများသည် မည်သည့်အရာကို အရေဖျားလှီးခဲ့ကြ သနည်း။ သူတို့သည် အသားအစိတ်အပိုင်းတစ်ခုကို ဖြတ်တောက်ခဲ့ ကြသည်။ သို့သော် တမန်တော်ရှင်ပေါလုက “အရေဖျားလှီးခြင်း သည် နှလုံးသားအရေဖျားလှီးခြင်း ဖြစ်သည်”ဟု ပြောသည်။  ယုဒ လူမျိုးများသည် အပြင်ပန်းသဏ္ဌာန်အရေဖျားလှီးခဲ့ကြသော်လည်း ရှင်ပေါလုက အရေဖျားလှီးခြင်းမှာ နှလုံးသားအရေဖျားလှီးခြင်းဖြစ် သည်ဟု ပြောသည်။ ကျွန်ုပ်တို့သည် ကိုယ်တော်၏သားသမီးများ ဖြစ်လာကြသောအခါ ကျွန်ုပ်တို့နှလုံးသားများ၌ ဘုရားသခင်စကား ပြောတော်မူသည်။
ရှင်ပေါလုက အပြင်ပန်းသဏ္ဌာန်အရေဖျားလှီးခြင်းအကြောင်း ကို မပြောဘဲ နှလုံးသား၌ အရေဖျားလှီးခြင်းနှင့် အပြစ်ဖြေလွှတ်ခြင်း အကြောင်းကို ပြောကြားသည်။ ထိုကြောင့် သူက “သူတို့တွင် မယုံကြည်သောသူအချို့ရှိပါက မည်သို့ဖြစ်မည်နည်း” (ရောမ ၃း၃)ဟု ပြောသောအခါ သူက “လူအချို့တို့သည် နှလုံးသား၌ မယုံကြည်ကြ လျှင်”ကို ဆိုလိုသည်။ သူက အပြင်ပန်းသဏ္ဌာန်ယုံကြည်ခြင်းအ ကြောင်းကို ပြောခြင်းမဟုတ်ဘဲ “နှလုံးသား၌ ယုံကြည်ခြင်း”ကို ပြောကြားသည်။ တမန်တော်ရှင်ပေါလု ဆိုသောအရာသည် အဘယ် အရာဖြစ်၍ အပြစ်ဖြေလွှတ်ခြင်းမှာ အဘယ်အရာ ဖြစ်သည်ကို ကျွန်ုပ်တို့သိရကြမည်ဖြစ်သည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏နှုတ် ကပတ်တော်အားဖြင့် နှလုံးသားများ၌ အပြစ်ဖြေလွှတ်ခြင်း မည် သို့ရရှိကြသည်ကို သိရကြမည် ဖြစ်သည်။
“သူတို့တွင် မယုံကြည်သောသူအချို့ရှိပါက မည်သို့ဖြစ်မည်နည်း” အဓိပ္ပါယ်မှာ “ယုဒလူမျိုးများသည် ကိုယ်ခန္ဓာအားဖြင့် အာဗြဟံ၏အမျိုးအနွယ်များဖြစ်ကြသော်လည်း သခင်ယေရှုခရစ် တော်ကို သူတို့၏ကယ်တင်ရှင်အဖြစ် မယုံကြည်ကြလျှင် မည်သို့ ဖြစ်မည်နည်း” ဖြစ်သည်။ သူတို့၏မယုံကြည်ခြင်းများက ဘုရားသ ခင်၏သစ္စာတော်ကို အကျိုးတက်ရောက်မှု မဲ့စေလိမ့်မည်လော။ အ ဗြဟံ၏မျိုးဆက်များ၏အပြစ်များအပါအဝင် ကျွန်ုပ်တို့အပြစ်များ အားလုံးကို ဘုရားသခင်ဖယ်ရှားပေးတော်မူခဲ့သည်ဟူသော အချက် သည် မှားယွင်းသလား။ မှန်ကန်ပါသည်။ ဇာတိကိုယ်ခန္ဓာအားဖြင့် အဗြဟံ၏မျိုးစဉ်မျိုးဆက်ဖြစ်ကြသူ ယုဒလူများများသည်လည်း ဗတ္တိ ဇံနှင့် အသေခံတော်မူခြင်းအားဖြင့် လောကအပြစ်များကို ယူဆောင် သွားတော်မူခဲ့သော သခင်ယေရှုခရစ်တော်သည် ဘုရားသခင်၏သား တော်၊ ကယ်တင်ရှင်ဖြစ်တော်မူသည်ဟု ယုံကြည်ကြသောအခါ ကယ်တင်ခြင်းခံရနိုင်ကြသည်ဟု ရှင်ပေါလုက ပြောသည်။ သခင် ယေရှုခရစ်တော်အားဖြင့် ဘုရားသခင်၏ကယ်တင်ခြင်းနှင့် ကျေးဇူး တော်သည် မမှားယွင်းနိုင်ပါဟု သူပြောကြားသည်။
ရောမ ၃း၃-၄ တွင် “ထိုသို့ဆိုလျှင် သူတို့တွင် မယုံကြည်သောသူအချို့ရှိပါက မည်သို့ဖြစ်မည်နည်း။ ဘုရားသခင်၏သစ္စာတော်သည် သူတို့၏မယုံကြည်မှုကြောင့် ပျက်ပြယ်သွားမည်လော။ လုံးဝမပျက်ပြယ်နိုင်ရာ။ “ကိုယ်တော်သည် မိမိမိန့်တော်မူသောစကားအားဖြင့် ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရ၍ တရားဆိုင်တော်မူသောအခါ အောင်မြင်မည့်အကြောင်းတည်း”ဟု ကျမ်းစာ၌ရေးထားသည့်အတိုင်း လူခပ်သိမ်းသည် လိမ်လည်သောသူဖြစ်သော်လည်း ဘုရားသခင်သည် ဖြောင့်မှန်တော်မူသောအရှင်ဖြစ်ပါစေသော”ဟု ဖော်ပြထားသည်။ သခင်သည် ကိုယ်တော်၏နှုတ်က ပတ်တော်ဖြင့် ကတိပြုတော်မူခဲ့၍ ကိုယ်တော်တိုင် မိမိကတိတော် ကို ပြည့်စုံစေခြင်းအားဖြင့် ယုံကြည်သူများကို စင်ကြယ်စေတော်မူခဲ့ သည်။ ကိုယ်တော်သည် တရားစီရင်ခြင်းခံတော်မူသောအခါ ကိုယ် တော်ကတိပြုတော်မူခဲ့သောအရာများပြည့်စုံစေသော ကိုယ်တော်၏ နှုတ်ကပတ်တော်အားဖြင့် သခင်ယေရှု၌ ယုံကြည်သူများကို ဖြောင့် မတ်စေရန်နှင့် ကိုယ်တော်၏ဖြောင့်မတ်ခြင်းကို ထင်ရှားစေရန် ဘု ရားသခင်အလိုတော်ရှိသည်။ နှလုံးသားများ၌ အပြစ်ဖြေလွှတ်ခြင်းခံ ခဲ့သော ကျွန်ုပ်တို့ပင်လျှင် ကိုယ်တော်၏နှုတ်ကပတ်တော်အားဖြင့် တရားစီရင်ခြင်းခံလိုကြ၍ ကျွန်ုပ်တို့သည် တရားစီရင်ခြင်းခံရကြ သောအခါ ကိုယ်တော်၏နှုတ်ကပတ်တော်အားဖြင့် အောင်မြင်လိုကြ သည်။ 
 

တမန်တော်ရှင်ပေါလုသည် အတွင်းလူနှင့်အပြင်လူအ ကြောင်းကို ပြောကြားသည်

ရှင်ပေါလုက “အပြင်လူနှင့်အတွင်းလူ”အကြောင်းကို ပြော ကြားသည်။ ကျွန်ုပ်တို့သည်လည်း ကိုယ်ခန္ဓာနှင့်ဝိညာဉ်ဖြစ်သော အ ပြင်လူနှင့်အတွင်းလူရှိကြသည်။ ကျွန်ုပ်တို့သည် သူနှင့်အတူတူ ဖြစ် ကြသည်။ ယခုတွင် ရှင်ပေါလုက ထိုကိစ္စကို ရှင်းပြသည်။
ရောမ ၃း၅ တွင် “သို့ရာတွင် ငါတို့၏မတရားမှုသည် ဘုရား သခင်၏ဖြောင့်မတ်ခြင်းကို ထင်ရှားစေလျှင် မည်သို့ဆိုရမည်နည်း။ လူသားတစ်ဦးအနေဖြင့်ငါဆိုသော် အမျက်တော်ကိုသက်ရောက်စေတော်မူသောဘုရားသခင်သည် မဖြောင့်မတ်သောအရှင်ဖြစ်သ လော” ဟု ဖော်ပြသည်။ ရှင်ပေါလုက သူ၏အပြင်လူသည် သန့်ရှင်း သည်ဟု မပြောပေ။ သူ၏ကိုယ်ခန္ဓာသည် ညစ်ညမ်း၍ သေသည့်ထိ တိုင်အောင် အပြစ်ဆက်လက်ကျူးလွန်သည်။ ဤတွင် လောကလူ သားများအားလုံး ပါဝင်သည်။ သို့သော် ဘုရားသခင်သည် ထိုပုဂ္ဂိုလ် များကို ကယ်တင်တော်မူခဲ့လျှင် ထိုအရာသည် ကိုယ်တော်၏ဖြောင့် မတ်ခြင်းကို ထင်ရှားစေသည် မဟုတ်လော။ လူသားများ၏ အပြင် လူသည် နွမ်းနယ်သော်လည်း ကိုယ်တော်သည် ကယ်တင်တော်မူခဲ့ လှှင် ဘုရားသခင်သည် ဖြောင့်မတ်တော်မူလိမ့်မည်လော။ ထို ကြောင့် ရှင်ပေါလုက “သို့ရာတွင် ငါတို့၏မတရားမှုသည် ဘုရား သခင်၏ဖြောင့်မတ်ခြင်းကို ထင်ရှားစေလျှင် မည်သို့ဆိုရမည်နည်း။ လူသားတစ်ဦးအနေဖြင့်ငါဆိုသော် အမျက်တော်ကိုသက်ရောက်စေတော်မူသောဘုရားသခင်သည် မဖြောင့်မတ်သောအရှင်ဖြစ်သလော။ လုံးဝမဟုတ်ပေ။ ဟုတ်လျှင်မူကား ဘုရားသခင်သည် ဤလောကကို မည်သို့တရားစီရင်တော်မူမည်နည်း”(ရောမ ၃း၅-၆)ဟု ပြောထား သည်။ ကျွန်ုပ်တို့အပြင်လူသည် စင်ကြယ်သောကြောင့် ကျွန်ုပ်တို့ သည် ကယ်တင်ခြင်းမခံရကြပေဟု ရှင်ပေါလုက ရှင်းပြသည်။
ကျွန်ုပ်တို့သည် အပြင်လူနှင့်အတွင်းလူရှိကြသည်။ သို့သော် ရှင် ပေါလုက “အချို့တို့သည် မယုံကြည်ကြလျှင် မည်သည့်အရာဖြစ် ပျက်သနည်း။ သူတို့၏မယုံကြည်မှုသည် ဘုရား၏သခင်၏ဖြောင့် မတ်ခြင်းကို ပျက်ပယ်စေမည်လော။ အရေဖျားလှီးခြင်းသည် နှလုံး သားအရေဖျားလှီးခြင်း ဖြစ်သည်”ဟု ပြော၍ နှလုံးသားနယ်ပယ်ဖြင့် ရှင်းပြသည်။ ကျွန်ုပ်တို့သည် တစ်ကြိမ်တည်း ဖြောင့်မတ်သူများ ဖြစ် လာကြ၍ အပြစ်ကျူးလွန်၍ ခွန်အားချည့်နည်းသော အပြင်လူပေါ် တွင် အခြေပြုသောယုံကြည်ခြင်း တည်ထောင်ခြင်းအားဖြင့် နောက် တစ်နေ့တွင် အပြစ်သားဖြစ်လျှင် ထိုအရာသည် စစ်မှန်သော ယုံ ကြည်ခြင်းမဟုတ်ပေ။
 


အပြင်လူသည် သေသည့်ထိအပြစ်အမြဲကျူးလွန်သည်


တမန်တော်ရှင်ပေါလုသည် မိမိယုံကြည်မှုများကို အပြင်လူပေါ် တွင် မချထားခဲ့ပေ။ အပြစ်များဖယ်ရှားခြင်းခံရသောသူများသည် အ ပြင်လူနှင့်အတွင်းလူရှိကြသည်။ သူတို့သည် အပြင်လူကို မြင်တွေ့ ကြသောအခါ သူတို့သည် မည်သို့ ခံစားရကြသနည်း။ သူတို့သည် စိတ်ပျက်ဝမ်းနည်းကြသည်။ ကျွန်ုပ်တို့၏အပြင်လူကို ကြည့်ကြပါစို့။  တစ်ခါတစ်ရံ ကျွန်ုပ်တို့သည် ကောင်းကြသော်လည်း  တစ်ခါတစ်ရံ ကျွန်ုပ်တို့သည် စက်ဆုပ်ရွံရှာဖွယ်ကောင်းကြသည်။ သို့သော် ကျွန်ုပ် တို့၏အပြင်လူသည် သခင်ယေရှုခရစ်တော်နှင့်အတူ အသေခံခဲ့သည် ဟု သမ္မာကျမ်းစာက ပြေထားသည်။ ကျွန်ုပ်တို့အပြင်လူသည် သေခဲ့ ၍ သခင်ယေရှုခရစ်တော်သည် ကျွန်ုပ်တို့အပြစ်လူ၏အပြစ်များအား လုံးကို ခွင့်လွှတ်တော်မူခဲ့သည်။ 
ကယ်တင်ခြင်းခံရသူကျွန်ုပ်တို့သည် မိမိအပြင်လူကို ကြည့်ကြ သောအခါ အပြင်လူဖြင့် မကြာခဏ စိတ်ဆင်းရဲကြသည်။ ကျွန်ုပ်တို့ အပြင်လူသည် ကောင်းမွန်စွာနေသောအခါ မြောင့်ချက်ရှိဟန်တူကြ သော်လည် သူတို့သည် မိမိမြော်လင့်များမတွေ့သောအခါ စိတ်ပျက် ပက်လက် ဖြစ်ခဲ့ကြသည်။ ကျွန်ုပ်တို့သည် အပြင်လူဖြင့် စိတ်ပျက် ကြသောအခါ ကျွန်ုပ်တို့ယုံကြည်မှုများသည် ပျက်သုံးသည်ဟု ထင် တတ်ကြသည်။ သို့သော် ဤအရာသည် မမှန်ကန်ပေ။ ကျွန်ုပ်တို့၏ အပြင်လူများသည် ခရစ်တော်နှင့်အတူ အသေခံခဲ့ပြီး ဖြစ်သည်။ အ ပြစ်များဖြေလွှတ်ခြင်းရရှိသောသူများသည် ကိုယ်ခန္ဓာများအားဖြင့် အပြစ်ဆက်လက်ပြုနေကြသည်။ သို့သော် ထိုအရာသည် အပြစ်ဖြစ် သည်မဟုတ်လော။ အပြစ်ဖြစ်သည်။ သို့သော် ထိုအရာသည် သေ ခြင်းအပြစ် ဖြစ်သည်။ အပြစ်များသည် သခင်နှင့်အတူ ကားတိုင်ပေါ် တွင် ယူဆောင်ခဲ့ပြီ ဖြစ်သောကြောင့် ထိုအရာသည် အသေခံခဲ့သည်။  အပြင်လူကျူးလွန်သောအပြစ်သည် ပြင်းထန်သောပြဿနာမဟုတ် သော်လည်း ကျွန်ုပ်တို့နှလုံးသားများသည် သခင်ရှေ့တော်၌ မမှန် ကန်သော ပြင်းထန်သောကိစ္စတစ်ခု ဖြစ်သည်။
 

ကျွန်ုပ်တို့သည် နှလုံးသားဖြင့် ဘုရားသခင်ကို ယုံကြည် ရမည်

အပြစ်ဖြေလွှတ်ခြင်းခံရပြီးနောက် ဖြောင့်မတ်သူများအပေါ် ပို၍များပြားသောအပြစ်များသည် ထင်ရှားခဲ့သည်။ ထိုကြောင့် ကျွန်ုပ်တို့သည် အချိန်တိုင်းအပြစ်ကျူးလွန်သော အပြင်လူအပေါ် ကယ်တင်ခြင်းအခြေခံ၌ ချထားကြလျှင် ဘုရားသခင်၏ကယ်တင် ခြင်းသည် ပြည့်စုံလိမ့်မည် မဟုတ်ပေ။ ကျွန်ုပ်တို့သည် အပြင်လူအ ကျင့်များအခြေခံပေါ်တွင် ယုံကြည်ခြင်းများချထားကြလျှင် ကျွန်ုပ် တို့ ယုံကြည်မှုများသည် အဗြဟံပိုင်ဆိုင်ခဲ့သော ဘုရားသခင်၌ ယုံ ကြည်မှုမှ သွေဖယ်ကြလိမ့်မည်။ 
တမန်တော်ရှင်ပေါလုသည် “အရေဖျားလှီးခြင်းမှာ နှလုံးသား အရေဖျားလှီးခြင်း ဖြစ်သည်”ဟု ပြောသည်။ ကျွန်ုပ်တို့သည် အပြင် လူ၏အကျင့်များအားဖြင့်မဟုတ် နှလုံးသား၌ ယုံကြည်ခြင်းအားဖြင့် စင်ကြယ်ခြင်းခံရကြ၍ ဖြောင့်မတ်သူများ ဖြစ်လာကြသည်။ စင် ကြယ်ခြင်းသည် ဘုရားမိန့်တော်မူခြင်း သို့မဟုတ် မမိန့်တော်မူခြင်း ကဲ့သို့ အပြင်လူ၏လုပ်ဆောင်ချက်ပေါ်တွင် မမှိခိုပေ။ သင်သည် ဤ အရာကို နားလည်သဘောပေါက်သလော။ ပြဿနာမှာ ကျွန်ုပ်တို့ သည် အပြင်နှင့်အတွင်းလူနှစ်ပါးရှိကြ၍ ၎င်းတို့သည် တိုက်ခိုက်နေ ကြသည်။ ထိုကြောင့် ကျွန်ုပ်တို့သည် တခါတရံ အပြင်လူများသည် ကောင်းမွန်သည့်အချိန်တွင် ရောင့်ရဲတင်းတိမ်မှုရှိသော်လည်း မ ကောင်းသည့်အခါ စိတ်ပျက်ကြသည်။ ဤအရာသည် စစ်မှန်သော ယုံကြည်ခြင်းမဟုတ်ပေဟု ရှင်ပေါလုက ပြောကြားသည်။
“အရေဖျားလှီးခြင်းသည် နှလုံးသားအရေဖျားလှီးခြင်းဖြစ် သည်။” စစ်မှန်သောသမ္မာတရာမှာ အဘယ်အရာနည်း။ ကျွန်ုပ်တို့ သည် နှလုံးသားဖြင့် မည်သို့သိ၍ ယုံကြည်ကြသနည်း။ မဿဲ ၁၆ တွင် သခင်ယေရှုက ပေတရုထံ “ငါ့ကို မည်သူဖြစ်သည်ကို သင်ပြော သလဲ”ဟု မေးခဲ့သည်။ ထိုနောက် ပေတရုက “ကိုယ်တော်သည် အ သက်ရှင်‌သောဘုရားသခင်၏သားတော်၊ ခရစ်တော်ဖြစ်တော်မူ သည်”ဟု ပြော၍ မိမိယုံကြည်မှုကို ဝန်ခံခဲ့သည်။ ပေတရုက နှလုံး သားဖြင့် ထိုသို့ ယုံကြည်ခဲ့သည်။ သခင်ယေရှုက “ဤအရာသည် ကိုယ်ခန္ဓာနှင့်အသွေးများဖွင့်ပြခြင်းမဟုတ်၊ ကောင်းကင်ဘုံ၌ရှိသော ငါ့ခမည်းတော်သည် ဖွင့်ပြတော်ခြင်း ဖြစ်သောကြောင့် ရှိမုန် ဗာ ယောန၊ သင်သည် ကောင်းကြီးမင်္ဂလာခံစားရသည်”ဟု မိန့်တော်မူခဲ့ သည်။ သခင်ယေရှုက ပေတရု၏ယုံကြည်မှုသည် မှန်ကန်သည်ဟု ပြောကြားတော်မူခဲ့သည်။
အဗြဟံမှာ သားမရှိခဲ့ပေ။ ကိုယ်တော်သည် သူ့ကို သားတစ်ဉီး ပေးအပ်တော်မူမည်ကိုလည်းကောင်း၊ သူသည် များစွာသောလူမျိုး များ၏ဖခင်ဖြစ်လိမ့်မည်ကိုလည်းကောင်း ကိုယ်တော်သည် သူ့အား နှုတ်ကပတ်တော်ဖြင့် လမ်းပြတော်မူ၍ ကတိပြုတော်မူခဲ့သည်။ ဘု ရားသခင်သည် သူနှင့် သူနောက် သူ၏မျိုးစဉ်မျိုးဆက်များ၏ဘုရား ဖြစ်တော်မူလိမ့်မည်ဟု ကိုယ်တော်မိန့်တော်မူခဲ့သည်။ ဘုရားသခင် သည် အဗြဟံ၊ သူ၏မိသားစုနှင့် ဆွေမျိုးများအား ဘုရားနှင့်အဗြဟံ အကြား ပဋိညာဉ်၏လက္ခဏာအဖြစ် အရေဖျားလှီးရမည်ဟု မိန့် တော်မူခဲ့သည်။ ဘုရားသခင်သည် “ကိုယ်ခန္ဓာအစိတ်အပိုင်းဖြတ် ခြင်းဒဏ်ရာမှာ ငါသည် မင်းတို့အပေါ် ဘုရားဖြစ်သည်ဟူသော ပဋိ ညာဉ် ဖြစ်သည်”ဟု မိန့်တော်မူခဲ့သည်။ အဗြဟံသည် ပဋိညာဉ်ကို မိမိနှလုံးသားဖြင့် ယုံကြည်ခဲ့သည်။ ဘုရားသခင်သည် သူ၏ဘုရား နှင့် သူ၏နှလုံးသားကောင်းကြီးမင်္ဂလာချပေးတော်မူသောအရှင် ဖြစ် တော်မူသည်ဟု သူယုံကြည်ခဲ့သည်။ ကိုယ်တော်သည် သူပြီးနောက် သူ၏မျိုးစဉ်မျိုးဆက်များအပေါ် ဘုရားဖြစ်တော်မူလိမ့်မည်ဟု သူယုံ ကြည်ခဲ့သည်။ သူက ဘုရားသခင်ကို ယုံကြည်ခဲ့သည်။
 

ကျွန်ုပ်တို့သည် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို နှလုံးသားဖြင့် ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်သူများ ဖြစ်လာကြသည်

ဘုရားသခင်သည် ကျွန်ုပ်တို့ဘုရား၊ ကယ်တင်ရှင်ဖြစ်တော်မူ သည်ဟု နှလုံးသားဖြင့် ယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် ဖြောင့် မတ်သူများဖြစ်လာခဲ့ကြသည်။ ကျွန်ုပ်တို့သည် နှလုံးသားများဖြင့် ယုံ ကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းခံရကြသည်။ ကျွန်ုပ်တို့သည် အ ခြားသောအရာများအားဖြင့် ကယ်တင်ခြင်းမခံရကြပေ။ ဘုရားသခင် သည် ကျွန်ုပ်တို့ဘုရားနှင့် သခင်ယေရှု၏ဗတ္တိဇံနှင့် ကားတိုင်ပေါ်တွင် အသေခံခြင်းအားဖြင့် ကျွန်ုပ်တို့အပြစ်များအားလုံး ဖယ်ရှားပေး တော်မူခဲ့သည်ဟု ယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် ဖြောင့်မတ် သူများ ဖြစ်လာခဲ့ကြသည်။ နှလုံးသားများဖြင့် ယုံကြည်ခြင်းသည် ကျွန်ုပ်တို့ကို ကယ်တင်သည်။ ထိုကြောင့် သမ္မာကျမ်းစာက “အ ကြောင်းမူကား လူသည် စိတ်နှလုံးဖြင့်ယုံကြည်၍ ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရပြီး နှုတ်ဖြင့်ဝန်ခံ၍ ကယ်တင်ခြင်းခံရ၏” (ရောမ ၁၀း၁၀)ဟု ဖော်ပြထားသည်။
ဤအချိန်တွင် ကျွန်ုပ်တို့ရှင်းလင်းရမည့်အရာမှာ ကျွန်ုပ်တို့ သည် ကိုယ်ခန္ဓာမြင့်မြတ်သောအကျင့်များအားဖြင့်မဟုတ်ဘဲ နှလုံး သားများဖြင့်ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်သူများဖြစ်လာကြ ခြင်း ဖြစ်သည်။ သခင်ယေရှုက “ငါသည် သင်၏အပြစ်များအားလုံး ဖယ်ရှားခဲ့သော်လည်း အထြေအနေတစ်၌ရှိသေးတယ်။ မင်းက အ ပြစ်ရှောင်လျှင် ငါ့သားဖြစ်နိုင်တယ်။ မင်းက အပြစ်မရှောင်နိုင်လျှင် ငါ့သာမဖြစ်နိုင်ပါ”ဟု ပြေ၍ ကျွန်ုပ်တို့အပြင်လူအတွက် အခြေအနေ တစ်ခုကို တွဲကပ်လျှင် ကျွန်ုပ်တို့သည် ဖြောင့်မတ်သူများ မဖြစ်လာ နိုင်ကြပေ။ ကျွန်ုပ်တို့သည် နှလုံးသားများဖြင့် ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်သူများဖြစ်လာကြသည်။ ဘုရားသခင်သည် အပြင်လူအ ပေါ် အခြေအနေများတွဲကပ်တော်မူလျှင် ကျွန်ုပ်တို့သည် ဖြောင့်မတ် သူများ  ဖြစ်လာနိုင်ကြမည်လော။  ဘုရားသခင်သည် ယောဒန်မြစ် ၌ ဗတ္တိဇံနှင့် သင့်နေ့ရာတွင် ကားစင်တင်ခံ၍ တရားစီရင်ခြင်းခံတော် မူခြင်းအားဖြင့် သင်၏အပြစ်များကို ယူဆောင်သွားတော်မူခြင်းအား ဖြင့် ဘုရားသခင်သည် သင့်ကို ကယ်တော်မူခဲ့သည်ဟု သင်ယုံကြည် သလော။ သင်သည် ဤအရာကို မည်သို့ယုံကြည်သနည်း။ သင်သည် နှလုံးသားဖြင့် မယုံကြည်သလော။ ဘုရားသခင်က “ငါ့က မင်း၏အ ပြစ်အသေးအမွှားများကို ခွင့်လွှတ်သော်လည်း ကြီးသောအပြစ်များ ကို ခွင့်မလွှတ်ပါ။ မင်းက ဤအခြေအနေကို မစောင့်ထိန်းလျှင် မင်း ကို ရွေးနှုတ်ကယ်တင်ရန် မဖြစ်နိုင်ပါ”ဟု ပြေလျှင် သင်သည် လုံးဝ ကယ်တင်ခြင်းခံရနိုင်မည်လော။ 
 


ကျွန်ုပ်တို့သည် အပြင်လူနှင့်အတွင်းလူကို ခွဲခြားရကြမည်


ကျွန်ုပ်တို့ကိုယ်ခန္ဓာ၊ အပြင်လူသည် အမြဲတမ်းအားနည်း၍ ဘု ရားသခင်၏ဖြောင့်မတ်ခြင်းကို သူကိုယ်တိုင် မလုပ်ဆောင်နိုင်ကြ ပေ။ ဘုရားသခင်သည် နှလုံးသားများဖြင့် ယုံကြည်သူများကို ကယ် တင်ရန် ကတိပေးတော်မူခဲ့သောကြောင့် ကျွန်ုပ်တို့သည် ဘုရားရှေ့ တော်၌ နှလုံးသားဖြင့် ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်သူများဖြစ် လာနိုင်ကြသည်။ ကျွန်ုပ်တို့သည် ဘုရားသခင်ပြုတော်မူခဲ့သောအ ရာများ ဝန်ခြင်းနှင့် သခင်ယေရှုသည် ကျွန်ုပ်တို့အပြစ်များအားလုံးကို နှလုံးသားဖြင့် ယူဆောင်သွားတော်မူခဲ့ခြင်းဟူသော ယုံကြည်ခြင်းကို မြင်တွေ့ခြင်းအားဖြင့် ဘုရားသခင်သည် ကျွန်ုပ်တို့သည် မိမိဖြောင့် မတ်‌သောသားသမီးများ ဖြစ်တော်မူသည်။ ထိုအရာသည် ဘုရားသ ခင်၏ပဋိညာဉ်ဖြစ်၍ ကိုယ်တော်သည် မိမိကတိတော်များကို ပြည့် စုံစေတော်မူခြင်းအားဖြင့် ကျွန်ုပ်တို့အား ကယ်တင်တော်မူခဲ့သည်။
ဘုရားသခင်သည် ကျွန်ုပ်တို့နှလုံးသားများ၌ ယုံကြည်ခြင်းကို မြင်တွေ့တော်မူသောအခါ ကျွန်ုပ်တို့သည် ကိုယ်တော်၏လူများဖြစ် ကြသည်ဟု ကိုယ်တော်မိန့်တော်မူသည်။ ကျွန်ုပ်တို့သည် အပြင်လူ နှင့်အတွင်းလူကို ခွဲခြားရကြမည် ဖြစ်သည်။ ကျွန်ုပ်တို့သည် အပြင် လူ၏အကျင့်များပေါ် ကယ်တင်ခြင်းအမှတ်အသားတစ်ခုချထားကြ လျှင် လောကတွင် မည်သူမည်ဝါမျှ အပြစ်ဖြေလွှတ်ခြင်းခံရလိမ့်မ ဟုတ်ပေ။ “အရေဖျားလှီးခြင်းမှာ နှလုံးသားအရေဖျားလှီးခြင်း ဖြစ် သည်။” ကျွန်ုပ်တို့သည် သခင်ယေရှုခရစ်တော်ကို နှလုံးသားများဖြင့် ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းခံရကြသည်။ သင်သည် ဤအ ရာကို နားလည်သဘောပေါက်သလော။ “အကြောင်းမူကား လူသည် စိတ်နှလုံးဖြင့်ယုံကြည်၍ ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရပြီး နှုတ်ဖြင့်ဝန်ခံ၍ ကယ်တင်ခြင်းခံရ၏”(ရောမ ၁၀း၁၀)။ တမန် တော်ရှင်ပေါလုသည် အပြင်လူနှင့်အတွင်းလူကို သိသာထင်ရှားစွာ ခွဲ ခြားခဲ့သည်။
အပြင်လူသည် ခွေးချေးထက်ပို၍ ဆိုးသွမ်းသည်။ ထိုအရာသည် တန်ဖိုးမရှိပေ။ ကျွန်ုပ်တို့သည် အဗြဟံအား စံနမူနာအဖြစ် မသုံးပြ ရန် မလိုအပ်ပေ။ မိမိကိုယ်ကိုကိုယ် ကြည့်ပါ။ သင်၏တန်ဖိုးမဲ့သော ခန္ဓာကိုယ်ကို ကြည့်ပါ။ ကိုယ်ခန္ဓာသည် လူမှုရေး၌ ရာထူးအမြင့်ရရှိ ရန်နှင့် သြဇာအာဏာဖြင့် အသက်ရှင်ရန် လှည့်ကွက်၍ ကြိုးစားနေ သည်။ ကိုယ်ခန္ဓာသည် အခြားဘာမျှမလုပ်ဘဲ ကိုယ်အကျိုးကိုသာ အမြဲရှာဖွေသည်မဟုတ်လော။ ကျွန်ုပ်တို့သည် ကိုယ်ခန္ဓာတွေးခေါ်မှု နှင့်လုပ်ဆောင်မှုများ တရားစီရင်လျှင် တစ်ရက်လျှင် ဆယ့်နှစ်ကြိမ် ထက်မနည်း တရားစီရင်ရကြလိမ့်မည်။ ကိုယ်ခန္ဓာသည် ဘုရားသ ခင်ကို ဆန့်ကျင်သည်။ 
ဝမ်းနည်းစရာမှာ ဘုရားသခင်သည် ကျွန်ုပ်တို့အပြင်လူကို စိတ် ဝင်စား‌တော်မမူဘဲ အတွင်းလူကိုသာ အသိအမှတ်ပြုတော်မူသည်။ သခင်ယေရှုသည် ကယ်တင်ရှင်ဖြစ်တော်သည်ဟု နှလုံးသားဖြင့် ယုံ ကြည်သည်ဟု ကိုယ်တော်မြင်တွေ့တော်မူသောအခါ ကိုယ်တော် သည် ကျွန်ုပ်တို့ကို ကယ်တင်တော်မူသည်။ ကိုယ်တော်သည် ကျွန်ုပ် တို့အား အပြစ်များအားလုံးမှ ကယ်တင်တော်မူခဲ့သည်ဟု ကိုယ် တော်သည် ကျွန်ုပ်တို့အား မိန့်တော်မူသည်။
 

ကျွန်ုပ်တို့သည်အတွေးအခေါ်များဖြင့် ကယ်တင်ခြင်း မခံရနိုင်ကြပေ

ကျွန်ုပ်တိ့သည် မိမိအတွေးအခေါ်များကို ကြည့်ကြပါစို့။ ကျွန်ုပ် တို့သည် မိမိအတွေးအခေါ်များဖြင့်သာ ယုံကြည်နိုင်ကြသည်ဟု တွေးနိုင်ကြသည်။ ကျွန်ုပ်တို့သည် ‘ဘုရားသခင်သည် ကျွန်တော့်ကို ကယ်တင်တော်မူခဲ့သောကြောင့် ကယ်တင်ခြင်းရရှိသည်’ဟု တွေး၍ ကိုယ်ခန္ဓာ၏အတွေးများအားဖြင့် ယုံကြည်နိုင်ကြသည်။ သို့သော် ကျွန်ုပ်တို့သည် အတွေးအခေါ်များအားဖြင့် ကယ်တင်ခြင်းမခံရနိုင် ကြပေ။ ကျွန်ုပ်တို့ဇာတိအတွေးသည် တစ်ချိန်လုံးပြောင်းလဲ၍ အဆိုး ကိုအမြဲတမ်းပြုသည်။ ဤအရာသည် မှန်ကန်သည်မဟုတ်လော။ ဇာ တိအသွေးအသား၏အတွေးအခေါ်များသည် ဤအရာကို လုပ် ဆောင်လိုကြ၍ ကိုယ်ခန္ဓာ၏တပ်မက်မှုများအားဖြင့် လုပ်ဆောင် တတ်ကြသည်။
လူတစ်စုံတစ်ဉီးသည် မိမိအတွေးအခေါ်များအခြေခံမှုအပေါ် မိ မိယုံကြည်မှုကို ထားရှိသည်ဆိုကြပါစို့။ ‘သခင်ယေရှုသည် ယောဒန် မြစ်၌ ကျွန်ုပ်တို့အပြ်စများအားလုံးကို ယူဆောင်သွားတော်မူခဲ့ သည်’ ဟူသော သူ၏ယခင်အတွေးအခေါဖြင့် လက်ရှိအတွေးကို သ ဘောတူ၍ သူ၏ကယ်တင်ခြင်း၌ ရောင့်ရဲတင်းတိမ်မှုရှိကြသည်။ သို့ သော် ကိုယ်ခန္ဓာအတွေးများသည် မတည်ငြိမ်သောကြောင့် သူသည် ကယ်တင်ခြင်းအပေါ် အနည်းငယ်သောသံသယသည် သူ၏တွေးခေါ် မှုအပေါ် တစ်ကြိမ်သိမ်းပိုင်သောအခါ ကိုယ်တော်၏ကယ်တင်ခြင်း၌ ရောင့်ရဲတင်းတိမ်မှု မရှိနိုင်တော့ပေ။ ဇာတိအတွေးအခေါ်အပေါ် အ ခြေပုသော မှားယွင်းသောယုံကြည်မှုတည်ဆောက်ခြင်းသည် သံသ ယဝင်လာသောအခါ လဲကျလိမ့်မည်။
ကျွန်ုပ်တို့သည် မိမိတွေးခေါ်မှုများအပေါ် ယုံကြည်မှု အခြေပြု ကြလျှင် ကိုယ်တော်နှင့်သမ္မာတရားကို အမှန်အကန် မယုံကြည်နိုင် ကြပေ။ ဤသို့သော ယုံကြည်မှုသည် “မိုးရွာ၍ မြစ်ရေစီးဆင်းလာကာ လေထန်သဖြင့် ထိုအိမ်ကိုတိုက်ခတ်သောအခါ ထိုအိမ်သည်ပြိုလဲသွား၏။ ၎င်း၏ပြိုလဲခြင်းသည်လည်း ဆိုးရွားလှပေ၏”(မဿဲ ၇း၂၇) သဲပေါ်တွင် ဆောက်သောအိမ်နှင့်တူသည်။ 
ထိုကြောင့် အတွေးများကို ယုံကြည်သူတစ်ဉီး၏ယုံကြည်မှုမှာ ဘုရားသခင်၏နှုတ်ကပတ်တော်အခြေပြုယုံကြည်မှုနှင့် လုံးဝမတူ ကြပေ။ ဘုရားသခင်က “ကိုယ်တော်သည် မိမိမိန့်တော်မူသောစ ကားအားဖြင့် ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရ၍ တရား ဆိုင်တော်မူသောအခါ အောင်မြင်မည့်အကြောင်းတည်း”(ရောမ ၃း၄)ဟု မိန့်တော်မူခဲ့သည်။ ကျွန်ုပ်တို့၏ကယ်တင်ခြင်းသည် ကိုယ် တော်၏နှုတ်ကပတ်တော်ပေါ်တွင် အခြေပြုသင့်သည်။ နှုတ်ကပတ် တော်သည် လူ့ဇာတိကို ခံယူတော်မူ၍ ကျွန်ုပ်တို့အကြာတွင် ကိန်း ဝပ်တော်မူလျက် ဘုရားသခင်သည် နှုတ်ကပတ်တော် ဖြစ်တော်မူ သည်။ နှုတ်ကပတ်တော်သည် လူသားများကဲ့သို့ ဤလောကသို့ ကြွ ဆင်းတော်မူခဲ့သည်။ သခင်ယေရှုသည် ကျွန်ုပ်တို့ကို ကယ်တင်တော် မူခဲ့၍  ဤလောက၌ အသက် ၃၃ နှစ် အသက်ရှင်ခဲ့ပြီးနောက် ချီ ဆောင်ခြင်းခံယူတော်၍ ယခုက မိမိအစေခံမျာထံ ပြောကြားတော်မူ ခဲ့သော ဓမ္မဟောင်းကျမ်း၏ပြည့်စုံခြင်းဖြစ်သော ကတိတော်ဆိုင်ရာ နှုတ်ကပတ်တော်ကို ရေးသားရန် တမန်တော်များကို လမ်းပြတော်မူ ခဲ့သည်။ သမ္မာကျမ်းစာ၌ ကိုယ်တော်မိန့်တော်မူခဲ့၍ ပြောကြားတော် မူခဲ့သောအရာများကို ဘုရားသခင်ရေးသားတော်မူခဲ့သည်။ ဘုရားသ ခင်သည် နှုတ်ကပတ်တော်အားဖြင့် ထင်ရှားတော်မူ၍ နှုတ်ကပတ် တော်အားဖြင့် စကားပြောကာ နှုတ်ကပတ်တော်အားဖြင့် ကျွန်ုပ်တို့ ကို ကယ်တင်တော်မူခဲ့သည်။
ကျွန်ုပ်တို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်ကို မယုံကြည် ခြင်း၊ ‘တစ်ခါတစ်ရံ ကျွန်တော် ကယ်တင်ခြင်းခံရဟန်တူသော်လည်း တစ်ခါတစ်ရံ ကိုယ်တော်၏ကယ်တင်ခြင်းကို မယုံကြည်နိုင်ပါ’ဟု စဉ်းစားလျှင် ကျွန်ုပ်တို့အတွေးအခေါ်များအားဖြင့် ပြည့်စုံသောအ ပြစ်ဖြေလွှတ်ခြင်းမခံရနိုင်ပေ။ ကျွန်ုပ်တို့အတွေးအခေါ်များသည် အ မြဲတမ်းပြောင်းလဲ၍ ၎င်းတို့သည် အမြဲတမ်းမမှန်ကန်သောကြောင့် ကျွန်ုပ်တို့သည် အတွေးအခေါ်များအားဖြင့် ကယ်တင်ခြင်းမခံရနိုင် ကြပေ။ 
ထိုကြောင့် အ‌ရေဖျားလှီးခြင်းမှာ နှလုံးအရေဖျားလှီးခြင်းဖြစ် သည်ဟု တမန်တော်ရှင်ပေါလုက ပြော၍ ကျွန်ုပ်တို့သည် ကိုယ် တော်၏ဖြောင့်မတ်ခြင်းကို နှလုံးသားဖြင့် ယုံကြည်ကြသည်။ ကျွန်ုပ် တို့သည် နှုတ်ကပတ်တော်ကို နှလုံးသားဖြင့် ယုံကြည်ကြသောအခါ ဘုရားသခင်သည် ဓမ္မဟောင်းကျမ်း၌ ဤအရာကို ကတိပြုတော်မူခဲ့ ၍ မိမိပဋိညာဉ်ကို ပြည့်စုံစေတော်မူခဲ့သည်ဟု ကျွန်ုပ်တို့နှလုံးသား သည် အတူတူ သက်သေခံသည်။ ကိုယ်တော်သည် ဓမ္မသစ်ကျမ်း၌ ဤသို့ကဲ့သို့ နှုတ်ကပတ်တော်ာအးဖြင့် ကယ်တင်တော်မူခဲ့သည်။ ကွှန်ု်ပတို့သည် နှလုံးသား၌ ကိုယ်တော်၏နှုတ်ကပတ်တော်ကို ယုံ ကြ်ခြင်းအားဖြင့် ကယ်တင်ခြင်းခံရကြ၍ ဘုရားသခင်၏သားသမီး များဖြစ်လာကြသည်။
 

ကျွန်ုပ်တို့သည် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို နှလုံးသားဖြင့်ယုံကြည်ခြင်းအားဖြင့် အပြစ်များမှ ကယ်တင်ခြင်းခံရကြသည်
    
နှလုံးသားသည် ဘုရားကို ဝန်ခံနိုင်သော်လည်း ဇာတိစိတ်အ တွေးအခေါ်များသည် ကိုယ်တော်မဝန်ခံနိုင်သောကြောင့် ကျွန်ုပ်တို့ သည် ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းခံရကြသည်။ ကျွန်ုပ်တို့ သည် အပြင်လူ အကျင့်များ သို့မဟုတ် အတွေးများအားဖြင့်မဟုတ် နှလုံးသားများနှင့်ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်၏သားသမီးများ ဖြစ်လာနိုင်ကြသည်။ ကျွန်ုပ်တို့သည် နှလုံးသားများဖြင့် ကိုယ်တော် ၏နှုတ်ကပတ်တော်ကို ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်၏သားသ မီးများဖြစ်လာကြသည်ဟု ရှင်းလင်းသည်။ သင်သည် နှလုံးသားဖြင့် ယုံကြည်သလော။ သင်သည် နှလုံးသား၌ အရေဖျားလှီးခြင်းခံရသ လော။ သခင်ယေရှုသည် သင်၏ကယ်တင်ရှင်ဖြစ်တော်မူသည်ဟု နှ လုံးသား၌ ယုံကြည်သလော။ ဘုရားသခင်၏သားတော်ကို ယုံကြည် သူတစ်ဉီးမှာ ထိုသူ၏အတွင်း၌ သက်သေရှိသည်။ သင်သည် ကိုယ် တိုင်အတွေ့အကြုံသက်သေမဟုတ် သခင်ယေရှုသည် သင့်ကို ပြည့် စုံစွာ ကယ်တင်တော်မူခဲ့သည်ဟူသော နှုတ်ကပတ်တော်သက်သေ ကို သင့်မှာ ရှိသလော။ သင်သည် ဘုရားသခင်၏နှုတ်ကပတ်တော် ကို နှလုံးသား၌ ရှိသလော။ သင့်အား အပြစ်များဖြေလွှတ်ခြင်းပေးခဲ့ သော နှုတ်ကပတ်တော်ကို သင့်မှာ ရှိသလော။ စစ်မှန်သောယုံကြည် ခြင်းရှိခြင်းမှာ ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းခံရခြင်း ဖြစ်သည်။
ကျွန်ုပ်တို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်ကို နှလုံးသား များဖြင့် ယုံကြည်ခြင်းအားဖြင့် အပြစ်များဖြေလွှတ်ခြင်းခံရကြသည်။ သို့သော် ကျွန်ုပ်တို့သည် အပြင်လူ၏အားနည်းချက်များကို ကြည့်ကြ သောအခါ ကျွန်ုပ်တို့သည် မကြာခဏ စိတ်ပျက်ကြသည်။ ကျွန်ုပ်တို့ သည် ဘုရားသခင်ကို ယုံကြည်ခြင်းမှ စွန့်ခွါရကြသည်။ သမ္မာတရား ကို ပြည့်စုံစွာနားမလည်သောသူတစ်ဉီးသည် ထင်ယောင်ထင်မှား သောအတွေးအောက်၌ရှိနေကြသည်။ ခရစ်ယာန်အများစုတို့သည် သူတို့၏အကျင့်ပေါ် ယုံကြည်ခြင်းခုံပေါ်တွင် ချထားကြသည်။ ထိုအ ရာသည် မဟာအမှားကြီးတစ်ခု ဖြစ်သည်။ ကျွန်ုပ်တို့သည် မိမိအ တွေးအခေါ်များအပေါ် ယုံကြည်မှုများကို မတိုင်းတာရကြပေ။ ဇာတိ အသွေးအသားသည် အသုံးမဝင်သောကြောင့် ကျွန်ုပ်တို့သည် မိမိဇာ တိအပေါ် ယုံကြည်မှုအခြေမချသင့်ကြပေ။ လူတစ်ဉီးသည် ဘုရားသ ခင်၏နှုတ်ကပတ်တော်ကို နှလုံးသားဖြင့် ယုံကြည်သောအခါ ဖြောင့် မတ်သူဖြစ်လာသည်ဟု ဓမ္မဟောင်းကျမ်းနှင့် ဓမ္မသစ်ကျမ်းများတွင် ဖော်ပြထားသည်။ ကျွန်ုပ်တို့သည် အဝွေးများနှင့် အကျင့်များအားဖြင့် အပြစ်များမှ ကယ်တင်ခြင်းမခံရကြသော်လည်း ယုံကြည်ခြင်းအား ဖြင့်သာ ကယ်တင်ခြင်းခံရကြသ်ည။ ကျွန်ုပ်တို့သည် ဇာတိအသွေးအ သားအကျင့်များအားဖြင့် ကယ်တင်ခြင်းမခံရကြပေ။ ကျွန်ုပ်တို့သည် အပြစ်ကျူးလွန်သည်ဖြစ်စေ၊ ကောင်းသောအကျင့်များပြုသည်ဖြစ် စေ ထိုအရာသည် ဘုရားသခင်၊ ကိုယ်တော်၏ဘုန်းတော်နှင့် မသက် ဆိုင်ပေ။ 
ထိုကြောင့် စစ်မှန်သောယုံကြည်ခြင်းအဓိပ္ပါယ်မှာ ဘုရားသခင် ၏နှုတ်ကပတ်တော်ကယ်တင်ခြင်းသမ္မာတရားကို နှလုံးသားဖြင့် ယုံ ကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းရရှိခြင်း ဖြစ်သည်။ ကျွန်ုပ်တို့နှလုံး သားများ မှားယွင်းသောအခါ ကျွန်ုပ်တို့ယုံကြည်မှုသည်မှားယွင်း၍ ကျွန်ုပ်တို့နှလုံးသားများသည် မှားယွင်းသောအခါ ကျွန်ုပ်တို့ ယုံကြည် မှုများသည်လည်း မှားယွင်းသည်။ မှန်ကန်သောကိုယ်ကျင့်တရားမှာ စစ်မှန်သောဘုံကြည်မှုမှ လာသည်။ မှားယွင်းသောကိုယ်ကျင့်တရား မှာ နှလုံးသားအားနည်းသောကြောင့် လာနိုင်သည်။ သို့သော် အရေး ကြီးသောအရာမှာ ဘုရားသခင်သည် နှလုံးသားကို ကြည့်တော်မူခဲ့ ဟူသောအချက် ဖြစ်သည်။ ဘုရားသခင်သည် နှလုံးသားကို ကြည့်ရှု တော်မူ၍ စူးစမ်းတော်မူသည်။ နှလုံးသားသည် မှန်သလော သို့မ ဟုတ်မှားသလောဟု ဘုရားသခင်ကြည့်ရှုတော်မူသည်။ ကျွန်ုပ်တို့ သည် နှလုံးသားဖြင့် အမှန်အကန် ယုံကြည်သလော သို့မဟုတ် မယုံ ကြည်သလောဟု ဘုရားသခင်ကြည့်ရှုတော်မူသည်။ သင်သည် နား လည်သဘောပေါက်သလော။ ဘုရားသခင်သည် ကျွန်ုပ်တို့နှလုံးသား များကို ကြည့်ရှုတော်မူသည်ဟု သင်သိသလော။ ကိုယ်တော်သည် ကျွန်ုပ်တို့နှလုံးသားများကို ကြည့်ရှုတော်မူသောအခါ ကျွန်ုပ်တို့သည် နှလုံးသားများဖြင့် သခင်ယေရှုခရစ်တော်ကို ယုံကြည်ခြင်းရှိ/မရှိ ဘု ရားသခင်ကြည့်ရှုတော်မူသည်။ သင်သည် နှလုံးသားဖြင့် ယုံကြည်သ လော။
ကိုယ်တော်သည် ကျွန်ုပ်တို့ကို ကြည့်ရှုတော်မူသောအခါ ကျွန်ုပ် တို့သည် နှလုံးသားဖြင့် ယုံကြည်ခြင်းရှိ/မရှိ ဘုရားသခင် စူးစမ်းတော် မူသည်။ ကိုယ်တော်သည် ကျွန်ုပ်တို့နှလုံးသားများကို ကြည့်ရှုတော်မူ သည်။ ကျွန်ုပ်တို့သည် ဘုရားရှေ့တော်၌ ကျွန်ုပ်တို့နှလုံးသားများကို စစ်ဆေးရကြမည် ဖြစ်သည်။ အရေဖျားလှီးခြင်းမှာ နှလုံးသားအရေ ဖျားလှီးခြင်း ဖြစ်သည်။ သင်သည် နှလုံးသားဖြင့် ယုံကြည်သလော။ ဘုရားသခင်သည် နှလုံးသားကို ကြည့်ရှုတော်မူသည်။ ကျွန်ုပ်တို့ သည် နှလုံးသားများဖြင့် ယုံကြည်ခြင်း အမှန်အကန် ရှိသလော သို့မ ဟုတ်မရှိသလောဟု ကိုယ်တော်ကြည့်ရှုတော်မူသည်။ ကျွန်ုပ်တို့ သည် သမ္မာတရားကို အမှန်အကန် ယုံကြည်သလော၊ ကျွန်ုပ်တို့ သည် ၎င်းကို လိုက်လံရှာဖွေသလော သို့မဟုတ် မရှာဖွေသလောဟု ကိုယ်‌တော် ကြည့်ရှုတော်မူသည်။ ကျွန်ုပ်တို့ယုံကြည်မှုများသည် နှလုံးသားများ၌ ယုံကြည်ခြင်းရှိ/မရှိ၊ ကျွန်ုပ်တို့သည် ကိုယ်တော်ကို လိုက်လျှောက်ရန် ဆန္ဒရှိ/မရှိ၊ နှုတ်ကပတ်တော်ကို ယုံကြည်ခြင်းရှိ/ မရှိ ကိုယ်တော်ကြည့်ရှုတော်မူသည်။
 

ဒုတိယမွေးဖွားခြင်းတိကသောအချိန်ကို အလွန်အရေး ထားသော ဘာသာရေးသမားရှိသည်

သခင်ယေရှုခရစ်တော်ပြုတော်မူခဲ့သောအရာကို တိကျစွာရှိ ခြင်းနှင့် နှလုံးသားဖြင့် ယုံကြည်ခြင်းသည် အရေးကြီးသည်။ သူတို့ သည် ကယ်တင်ခြင်းမခံရပေဟု အသင်းတော်၌ ညီအစ်ကို မောင်နှမ များထံ ပြောသော ဘာသာရေးအဖွဲ့ရှိသည်။ ထိုဘာသာရေးအဖွဲ့၌ ရှိသော ဝိညာဉ်များကို ကျွန်တော် သနားမိသည်။ ကျွန်တော်သည် သူတို့ထံ ရေနှင့်ဝိညာဉ်တော်သတင်းကောင်းသွန်သင်ရန်နှင့် ကျွန် တော့်ကို နားလည်သဘောပေါက်စေရန် ကျွန်တော်ဆန္ဒရှိသည်။ သင် ၏အပြစ်များသည် ဖယ်ရှားခြင်းခံရသလော။ ─ အာမင်။ ─ သင် သည် ထိုအရာကို နှလုံးသားဖြင့် ယုံကြည်သလော။
သို့သော် ကျွန်ုပ်တို့၏ယုံကြည်မှုများသည် မမှန်ကန်ပါဟု ပြော သူအချို့ရှိကြသည်။ နှုတ်ကပတ်တော်ကို နှုတ်ကပတ်တော်အတိုင်း ကျွန်ုပ်တို့မယုံကြည်ရကြဘဲ သိပ္ပံဖြင့်သာ သက်သေပြသောအရာများ ကိုသာ ယုံကြည်ရမည်ဟု သူတို့ဆိုကြသည်။ ထိုအရာသည် ပြည့်စုံ သော ကယ်တင်ခြင်းနှင့် ပြည့်စုံသောယုံကြည်ခြင်း ဖြစ်သည်ဟု သူတို့ပြောကြသည်။ ဒုတိယမွေးဖွားခြင်းခံရသောသူတစ်ဉီးသည် ဒု တိယမွေးဖွားခြင်းခံရသောအချိန် (နာရီ၊ ရက်စွဲ၊ လ)တိကျစွာ သိ သင့် သည်ဟု သူတို့ပြောကြသည်။ ညီအစ်ကို ဝေါင်သည် သူတို့ထဲက တစ် ဉီးကို တွေ့ရန် သွားခဲ့သောအခါ လူတစ်ဉီး ညီအစ်ဝေါင် ဘယ်အချိန် မှာ ဒုတိယမွေးဖွားခြင်းခံခဲ့ရသလဲဟု မေးခဲ့ရာ ညီအစ်ကို ဝေါင်က ကျွန်တော် ရက်စွဲနှင့်အချိန်ကို တိကျစွာ မသိခဲ့သော်လည်း လွန်ခဲ့ သောနှစ်က သူသည် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းအားဖြင့် ကယ်တင်ခြင်းခံခဲ့ရသည်ဟု ဖြေကြားခဲ့သည်။ ထိုနောက် ညီအစ်ကို ဝေါင်သည် ကယ်တင်ခြင်းမခံရပေဟု သူပြောခဲ့သည်။
ဟုတ်ပါသည်။ ကျွန်ုပ်တို့သည် ဒုတိယမွေးဖွားခြင်းခံရသောအ ချိန်ကို ပြန်လည်စဉ်းစားကြလျှင် ရက်၊ လ၊ နှစ်ကို တိကျစွာ ကျွန်ုပ် တို့ ပြောကြားနိုင်ကြသည်။ ကျွန်ုပ်တို့သည် နံနက်အချိန်လော သို့မ ဟုတ် ညနေအချိန်လော၊ သို့မဟုတ် နံနက်၊ နေ့လည်၊ နေ့လာစာစား ချိန် သို့မဟုတ် ညနေစာစားချိန်ဟု ပြောကြားနိုင်သည်။ သို့သော် ကယ်တင်ခြင်းသည် နှလုံးသားဖြင့် ယုံကြည်ခြင်းအပေါ် မှီခိုသည်။ သင်သည် တိကျသောအချိန်ကို မမှတ်မိလျှင်လည်း ကိစ္စမရှိပေ။
 

အရေဖျားလှီးခြင်းမှာ နှလုံးသားအရေဖျားလှီးခြင်း ဖြစ်သည်

သခင်သည် ယောဒန်မြစ်၌ ကိုယ်တော့်အပေါ်သို့ ကျွန်ုပ်တို့အ ပြစ်များအားလုံးကို ယူဆောင်သွားတော်မူခဲ့၍ အပြစ်များအတွက် တ ရားစီရင်ခြင်းခံရရန် ကျွန်ုပ်တို့နေရာတွင် အသေခံတော်မူခဲ့သည်။ ကိုယ်တော်သည် ကျွန်ုပ်တို့ကျူးလွန်သောအပြစ်များအတွက် ရိုက် နက်ခြင်းခံတော်မူခဲ့၍ ကျွန်ုပ်တို့ဒုစရိုက်များအတွက် ဒဏ်ခတ်ခြင်းခံ တော်မူခဲ့သည်။ ကိုယ်တော်သည် ကျွန်ုပ်တို့အပြစ်လူနှင့်အတွင်းလူ အပြစ်များအားလုံးကို ယူဆောင်သွားတော်မူခဲ့သည်။ ကျွန်ုပ်တို့သည် ကယ်တင်ခြင်းမခံရကြပေဟု လူအချို့တို့သည် ရက်စက်စွာ ပြော ကြားနိုင်သော်လည်း ကျွန်ုပ်တို့စိတ်များသည် သေခြင်းမှ ထမြောက် ခဲ့၍ ယခုတွင် ကျွန်ုပ်တို့သည် ကိုယ်တော်ကို ဝမ်းမြောက်စေတော်မူ သောအရာဖြင့် ကိုယ်တော်အတွက် အသက်ရှင်နိုင်ကြသည်။
အပြစ်လူအကြောင်းကို သမ္မာကျမ်းစာက မည်သို့ ပြောသနည်း။ ကျွန်ုပ်တို့သည် အပြစ်ဖြေလွှတ်ခြင်းခံရပြီးနောက် ပို၍များပြားသော ဒုစရိုက်အပြစ်များသည် ထင်ရှားလာခဲ့သည်။ ကျွန်ုပ်တို့ဒုစရိုက်အပြစ် များအားလုံးသည် မထင်ရှားသေးပေ။ ပို၍ မပြည့်စုံမှုများသည် ထင် ရှားလိမ့်မည်။ သို့သော် ဘုရားသခင်သည် ကျွန်ုပ်တို့၏ဘုရားဖြစ် တော်မူသည်ကိုလည်းကောင်း၊ သခင်ယေရှုသည် ယောဒန်မြစ်၌  ဗတ္တိဇံနှင့် အသေခံ တော်မူခြင်းအားဖြင့်  ကျွန်ုပ်တို့အပြစ်များအား လုံးကို ယူဆောင်သွားတော်မူခဲ့သည်ကိုလည်းကောင်း ကျွန်ုပ်တို့ သည် နှလုံးသားများဖြင့် ယုံကြည်ကြလျှင် ကယ်တင်ခြင်းခံရ ကြသည်။
ကျွန်ုပ်တို့သည် ဒုတိယမွေးဖွားခြင်းခံရသောနေ့ရက်နှင့် သိပ္ပံ အားဖြင့် သက်သေထောက်ပြနိုင်သောအရာများကို ယုံကြည်မှုကို အရေးကြီးသောအရာတစ်ခုအဖြစ် ထားသောသူများနှင့် ကျွန်ုပ်တို့ ကို မနှိုင်းယှဉ်နိုင်ကြပေ။ သူတို့သည် ကယ်တင်ခြင်းမခံရကြပေ။ ကျွန်ုပ်တို့သည် ဖြောင့်မတ်သူများဖြစ်လာကြရန် နှလုံးသားများဖြင့် ယုံကြည်ရကြမည် ဖြစ်သည်။ သခင်ယေရှုခရစ်တော်သည် သင်၏ ကယ်တင်ရှင်ဖြစ်တော်မူသည်ဟု သင်ယုံကြည်သလော။ ─အာမင်။─ ယုံကြည်ခြင်းမှာ ထိုအချက်မှစတင်၍ သခင်သည် ထိုအချိန်မှစ၍ ကျွန်ုပ်တို့နှလုံးသားများကို ဉီးဆောင်တော်မူသည်။ ကျွန်ုပ်တို့သည် ကိုယ်တော်၏ဖြောင့်မတ်သောသားသမီးများဖြစ်ကြ၍ ကျွန်ုပ်တို့ ယုံ ကြည်မှုများသည် မှန်ကန်သည်ဟု သခင်မိန့်တော်မူသည်။ ကိုယ် တော်သည် ကျွန်ုပ်တို့နှလုံးသားများကို ကောင်းကြီးမင်္ဂလာများချပေး တော်မူ၍ ယုံကြည်ခြင်းနှင့်နှလုံးသားများဖြင့် ကိုယ်တော်နောက် တော်သို့ လိုက်လျှောက်စေလိုတော်မူသည်။ ကျွန်ုပ်တို့သည် နှလုံး သားများ၌ ယုံကြည်ခြင်းအားဖြင့် ကိုယ်တော်နှင့်အတူ လျှောက်လှမ်း သောအခါ ဘုရားသခင်သည် လမ်းပြတော်မူ၍ ကောင်းကြီးမင်္ဂလာ များချပေးတော်မူသည်။
“အရေဖျားလှီးခြင်းမှာ နှလုံးသားအရေဖျားလှီးခြင်း ဖြစ်သည်။” ကျွန်ုပ်တို့သည် နှလုံးသားဖြင့် ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်း ခံရကြသည်။ သတင်းကောင်းကို နှလုံးသားများဖြင့် ယုံကြည်ခြင်းက သူတို့ကို ကယ်တင်ခဲ့သည်ဟု ကမ္ဘာပေါ်တွင် လူများစွာတို့သည် ပြောကြသည်။ သို့သော် သူတို့သည် ယုံကြည်ခြင်းအပေါ် အကျင့်များ ကို အမှန်အကန် ထည့်သွင်းကြသည်။ သူတို့က အပြင်လူ၏အကျင့် များကို သူတို့ယုံကြည်မှု၏မရှိမဖြစ်လိုအပ်သောအရာအဖြစ် အလေး အမြတ်ထားကြသည်။ သူတို့သည် နှလုံးသားယုံကြည်ခြင်းနှင့် အ ကျင့်သီလများကို ရောထွေးကြသောကြောင့်  ရေနှင့်ဝိညာဉ်တော် သတင်းကောင်း ယုံကြည်ခြင်းက  သူတို့ကို လမ်းပြသည်ဟု သူတို့ ပြောကြသည်။
ထိုအကြောင်းကြောင့် သူတို့က အပြင်လူသည် ကောင်းမွန်စွာ အသက်ရှင်၍ နောင်တနှင့်စပ်ဆိုင်သောဆုတောင်းခြင်းများပြုခြင်း ကို ပို၍ စိတ်ဝင်စားလာကြသည်။ သူတို့သည် အပြစ်များမှ ကယ် တင်ခြင်းခံရကြသည်ဟု တွေးကြသော်လည်း ကယ်တင်ခြင်းသည် သူတို့နှင့်ဝေးကွာသည်။
 

ဘုရားသခင်သည် နှလုံးသားကို ကြည့်ရှုတော်မူသည်

ကျွန်ုပ်တို့သည် နှလုံးသားများ၌ ဖြောင့်မတ်သူများဖြစ်လာကြ ရန် ယုံကြည်ကြသည်။ ကျွန်ုပ်တို့သည် အပြင်လူကို စင်ကြယ်စွာ ပိုင်းခြား၍ ကျွန်ုပ်တို့အကျင့်များသည် ဘာမျှအကျိုးမပြုစုပေ။ ကယ် တင်ခြင်းမှာ ကျွန်ုပ်တို့အကျင့်များနှင့် ဆက်နွယ်မှုမရှိပေ။ သင်၏အ ပြစ်များအားလုံးဖယ်ရှားခြင်းခံရသည်ဟု သိပြီးနောက် သင်သည် လန်းဆန်းခြင်းရှိသလော။ သင်သည် ကိုယ်တော်ကို ဝမ်းမြောက်စွာ အစေခံလိုသလော။ သင်သည် သတင်းကောင်းကို ဝမ်းမြောက်စွာ ဟောပြောသလော။ သင်သည် ကိုယ်တော်၏လှပသောသာသာ၌ မိမိကိုယ်ကိုကိုယ် ပါဝင်လိုသလော။ ကျွန်ုပ်တို့သည် နှလုံးသားများ ဖြင့် ယုံကြည်ကြသောအခါ ကျွန်ုပ်တို့ယုံကြည်မှုများကို ဘုရားသခင် သည် သက်သေထူ‌တော်မူသောကြောင့် နှလုံးသားသည် ဝမ်းမြောက် ပျော်ရွှင်မှုကို ခံစားလာသည်။ ထိုကြောင့် နှလုံးသားသည် ဘုရားရှေ့ တော်၌ အလွန်အရေးကြီးသည်။