Search

တရားဟောချက်များ

ဘာသာရပ် ၉ - ရောမဩဝါဒစာ (ရောမဩဝါဒစာအနက်ဖွင့်ကျမ်းများ)

[7-6] အပြစ်သားများ၏ကယ်တင်ရှင်၊ သခင်ကို ချီးမွမ်းပါ (ရောမ ၇း၁၄-၈း၂)

(ရောမ ၇း၁၄-၈း၂)
“ပညတ်တရားသည် ဝိညာဉ်ရေးနှင့်ဆိုင်ကြောင်း ငါတို့သိကြ၏။ သို့ရာတွင် ငါသည် သွေးသားဇာတိ၌ရှိသူဖြစ်ပြီး အပြစ်တရား၏လက်အောက်တွင် ရောင်းစားခြင်းခံရသူဖြစ်၏။ငါသည် မိမိပြုနေသည့်အမှုကိုပင် ကိုယ်တိုင်နားမလည်ပေ။ အဘယ်ကြောင့်ဆိုသော် ငါသည် ကိုယ်ပြုလိုသောအရာကို မပြုဘဲ ကိုယ်မုန်းသောအရာကို ပြုနေ၏။ ထိုသို့ ငါသည် ကိုယ်မပြုလိုသောအရာကို ပြုနေသည်ဆိုလျှင် ပညတ်တရားကောင်းမြတ်ကြောင်းကို ဝန်ခံခြင်းဖြစ်၏။ သို့ဖြစ်လျှင် ထိုအရာကိုပြုသောသူမှာ ငါမဟုတ်တော့ဘဲ ငါ့အထဲ၌ကိန်းအောင်းနေသော အပြစ်ပင်ဖြစ်၏။ ငါ့အထဲ၌ တစ်နည်းအားဖြင့် ငါ၏သွေးသားဇာတိထဲ၌ ကောင်းသောအရာတစ်စုံတစ်ခုမျှ ကိန်း အောင်းနေခြင်းမရှိကြောင်း ငါသိ၏။ အဘယ်ကြောင့်ဆိုသော် ကောင်းသောအမှုကိုပြုလိုသောဆန္ဒသည် ငါ၌ရှိသော်လည်း ၎င်းကို ပြုနိုင်စွမ်းမရှိ။ အကြောင်းမူကား ငါသည် ကိုယ်ပြုလိုသည့် ကောင်းသောအမှုကိုမပြုဘဲ မပြုလိုသည့် မကောင်းသောအမှုကို ပြုနေ၏။ 20သို့သော် ကိုယ်မပြုလိုသောအရာကို ငါပြုနေသည်ဆိုလျှင် ၎င်းကို ငါကိုယ်တိုင်ပြုသည်မဟုတ်တော့ဘဲ ငါ့အထဲ၌ကိန်းအောင်းနေသောအပြစ်က ပြုခြင်းဖြစ်၏။သို့ဖြစ်၍ ကောင်းသောအမှုကိုပြုလိုသောငါ၌ မကောင်းသောအမှုရှိနေသည်ဟူသောသဘောတရားကို ငါတွေ့၏။ တစ်နည်းဆိုသော် ငါသည် အတွင်းဝိညာဉ်လူအားဖြင့် ဘုရား သခင်၏တရားတော်၌ နှစ်သက်ဝမ်းမြောက်လျက်ရှိသော်လည်း ငါ၏ကိုယ်အင်္ဂါများ၌ အခြားသောတရားရှိ၍ ၎င်းတို့သည် ငါ့စိတ်နှလုံး၏တရားနှင့် တိုက်ခိုက်လျက်နေသဖြင့် ငါ၏ကိုယ်အင်္ဂါများ၌ရှိသည့် အပြစ်နှင့်ဆိုင်သောတရားအားဖြင့် ငါ့ကိုဖမ်းဆီးချုပ်နှောင်ထားသည်ကို ငါမြင်၏။ ငါသည် အလွန်စိတ်ပျက်ဖွယ်ကောင်းသောသူဖြစ်ပေ၏။ မည်သူသည် သေခြင်းနှင့်ဆိုင်သော ဤကိုယ်ခန္ဓာမှ ငါ့ကို ကယ်နုတ်မည်နည်း။သို့သော် ငါတို့၏သခင်ယေရှုခရစ်တော်အားဖြင့် ဘုရားသခင်၏ကျေးဇူးတော်ကိုချီးမွမ်း၏။ ဤသို့ဖြင့် ငါသည် မိမိစိတ်နှလုံးအားဖြင့် ဘုရားသခင်၏တရားတော်ကို အစေခံလျက်ရှိသော်လည်း သွေးသားဇာတိအားဖြင့် အပြစ်နှင့်ဆိုင်သောတရားကို အစေခံလျက်ရှိ၏။ ထို့ကြောင့် ယခုအခါ ခရစ်တော်ယေရှု၌ရှိသောသူတို့သည် ပြစ်ဒဏ်စီရင်ခြင်းမခံရ။ အကြောင်းမူကား ခရစ်တော်ယေရှု၌ရှိသည့် အသက်ရှင်ခြင်း၏ဝိညာဉ်တော်နှင့်ဆိုင်သောတရားသည် အပြစ်နှင့်သေခြင်းတို့နှင့်ဆိုင်သောတရားမှ သင့်ကိုလွတ် မြောက်စေပြီဖြစ်၏။”
 


လူတစ်ဉီးသည် အပြစ်ဆက်ခံသောအပြစ်သားဖြစ်သည်


လူသားအားလုံးသည် အာဒံနှင့်ဧဝတို့မှ အပြစ်ကို အမွေဆက်ခံ ခဲ့ကြ၍ အပြစ်၏မျိုးစေ့များဖြစ်လာခဲ့ကြသည်။ ထိုကြောင့် ကျွန်ုပ်တို့ သည် အခြေခံအားဖြင့် အပြစ်၏ရင်သွေးများအဖြစ် ဖွားမြင်ခဲ့ကြ၍ အပြစ်သားများ မလွှဲမသွေ ဖြစ်လာခဲ့ကြသည်။ ဤလောကတွင်ရှိ သောလူသားအားလုံးသည် အပြစ်သားများမဖြစ်ချင်ခဲ့ကြသော်လည်း သူတို့အားလုံးသည် အဘိုးဖြစ်သူ၊ အာဒံကြောင့် အပြစ်သားများ ဖြစ် လာခဲ့ကြသည်။
ဗီဇအပြစ်ဟူသည်မှာ မည်သည့်အရာ ဖြစ်သနည်း။ ကျွန်ုပ်တို့ မိ ဘနှစ်ပါးထံမှ ဆက်ခံလာသောအရာ ဖြစ်သည်။ ကျွန်ုပ်တို့သည် နှ လုံးသားများ၌ အပြစ်ဖြင့် မွေးဖွားလာခဲ့ကြသည်။ ဤအရာသည် အ ပြစ်သားများ၏ သဘာဝအလျှောက် ဆက်ခံသောအရာ ဖြစ်သည်။ ကျွန်ုပ်တို့သည် အာဒံနှင့်ဧဝတို့ထံမှ ဆက်ခံသောအပြစ် ၁၂ မျိုးရှိကြ သည်။ ဤအပြစ်များ- သူ့မယားကို ပြစ်မှားခြင်း၊ မိန်းမလွတ်နှင့်မှား ယွင်းခြင်း၊ လူ့အသက်ကို သတ်ခြင်း၊ သူ့ဉစ္စာကိုခိုးခြင်း၊ လောဘလွန် ကျူးခြင်း၊ မနာလိုခြင်း၊ လှည့်စားခြင်း၊ ညစ်ညူးခြင်း၊ ငြူစူခြင်း၊ သူ့အ သရေကို ဖျက်ခြင်း၊ ထောင်လွှားစော်ကားခြင်း၊ လျှင်ပေါ်ခြင်းတို့ သည် မွေးစကတည်းက ကျွန်ုပ်တို့နှလုံးသားများ၌ ကိန်းအောင်း သည်။ လူသားများ၏အခြေခံသဘောတရားမှာ အပြစ်ဖြစ်သည်။
ထိုကြောင့် ကျွန်ုပ်တို့သည် အပြစ်များဆယ့်နှစ်မျိုးဖြင့် မွေးဖွား လာကြသ်ည။ ကျွန်ုပ်တို့သည် နှလုံးသားများ၌ အပြစ်ဖြင့် မွေးဖွားခဲ့ ကြသောကြောင့် ကျွန်ုပ်တို့သည် အပြစ်သားများဖြစ်ကြသည်ဟု ကျွန်ုပ်တို့ မဝန်ခံနိုင်ကြပေ။ လူသားများသည် မိမိဘဝ၌ အပြစ်တစ်စုံ တစ်ခုမျှ မပြုလျှင်တောင် သူ/သူမသည် မိမိကိုယ်ကိုကိုယ်အခြေခံ အားဖြင့် အပြစ်ရှိသောကြောင့် သူ/သူမသည် အပြစ်သားဖြစ်၍ လွှဲ ရှောင်၍မရဘဲ အပြစ်သားဖြစ်သည်။ လူတစ်ဉီးသည် မိမိနှလုံးသား၌ အပြစ်ဖြင့် မွေးဖွားလာသဖြင့် သူသည် အပြစ်သားတစ်ဉီး ဖြစ်သည်။ ကျွန်ုပ်တို့သည် ဇာတိပကတိဖြင့် အပြစ်မပြုလျှင်တောင် ဘုရားသ ခင်သည် ကျွန်ုပ်တို့နှလုံးသားများကို ကြည့်ရှုတော်မူသောကြောင့် ကျွန်ုပ်တို့သည် အပြစ်သားများဖြစ်လာခြင်းကို မရှောင်ကြဉ်နိုင်ကြ ပေ။ ထိုကြောင့် လူသားအားလုံးသည် ဘုရားရှေ့တော်၌ အပြစ်သား များဖြစ်ကြသည်။
 

လူသားတစ်ဉီးသည် ဒုစရိုက်အပြစ်ကို ကျူးလွန်သည်

လူသားတစ်ဉီးသည် ဒုစရိုက်အပြစ်ကိုလည်း ကျူးလွန်သည်။ သူသည် ဇာတိပကတိဖြင့် အပြစ်များကျူးလွန်၍ ထိုအပြစ်သည် ဗီဇ သို့မဟုတ် ပင်ကိုယ်အပြစ်မှ ပေါက်ဖွားလာသည်။ ဤအပြစ်များကို “ဒုစရိုက်အပြစ်များ” သို့မဟုတ် “ကာယကံ”ဟု ခေါ်ကြသည်။ ၎င်း တို့သည် ကျွန်ုပ်တို့နှလုံးသား၌ရှိသော အပြစ်များဆယ့်နှစ်မျိုးမှ အ ခြေခံသော ကျွန်ုပ်တို့ကိုယ်ကျင့်တရားကိုများကို ဆိုးသွမ်းစေသောအ ရာများ ဖြစ်ကြသည်။ အတွင်းမှထွက်လာသောဆိုးသွမ်းသောအပြစ် သည် အပြစ်ဒုစရိုက်များကို ကျူးလွန်စေသည်။ ထိုသို့ဖြင့် လူသား များအားလုံးသည် ခြွင်းချက်မရှိအပြစ်သားများ ဖြစ်ကြသည်။ လူတစ် ဉီးသည် ငယ်ရွယ်သောအချိန်တွင် အပြစ်သားတစ်ဉီးမဖြစ်ဟန်တူ သည်။ ပန်းသီးပင်ငယ်တစ်ပင်သည် ပန်းသီးမသီးနိုင်သကဲ့သို့ လူတစ် ဉီးသည် ငယ်ရွယ်သောအခါ သူသည် မှတ်မှတ်သားသား အပြစ်မပြု ဟန်တူသည်။ သို့သော် ကျွန်ုပ်တို့သည် အသက်ကြီးလာသည်နှင့်အ မျှ အပြစ်သည် ပို၍ ထွက်ပေါ်လာသည်။ ကျွန်ုပ်တို့သည် အပြစ်သား များဖြစ်လာကြသည်ဟု ကျွန်ုပ်တို့သိလာကြသည်။ ကျွန်ုပ်တို့သည် ဤအပြစ်များကို ဒုစရိုက်အပြစ်များ သို့မဟုတ် ကာယကံဟု ခေါ် သည်။ ၎င်းတို့သည် ကာယကံအားဖြင့် ကျူးလွန်သောအပြစ်များ ဖြစ်ကြသည်။
ဤအရာများသည် အပြစ်များဖြစ်ကြသည်ဟု ဘုရားသခင်မိန့် တော်မူသည်။ နှလုံးသား၌ရှိသောအပြစ်နှင့် ဇာတိပကတိအားဖြင့် ကျူးလွန်သောဒုစရိုက်များသည် အပြစ်များဖြစ်ကြသည်။ ဘုရားသ ခင်သည် လူသားတစ်ဉီးအား အပြစ်သားဖြစ်သည်ဟု မှည့်ခေါ်တော် မူသည်။ အပြစ်များအားလုံးသည် နှလုံးသား၌ရှိသောအပြစ်များနှင့် ကာယကံဖြင့်ကျူးလွန်သောအပြစ်များ၌ ပါဝင်သည်။ ထိုကြောင့် လူ သားများအားလုံးသည် အပြစ်ကျူးလွန်သည်ဖြစ်စေ၊ မကျူးလွန် သည်ဖြစ်စေ ဘုရားသခင်၏ရှေ့တော်၌ အပြစ်သားများအဖြစ် မွေး ဖွားလာခဲ့ကြသည်။
မယုံကြည်သူများက လူတစ်ဉိးသည် အခြေခံအားဖြင့် လူ ကောင်းအဖြစ်မွေးဖွား၍ မည်သူမည်ဝါမျှ အပြစ်သားဖြင့် မွေးဖွားလာ ခြင်းမရှိဟု အခိုင်အမာပြောကြသည်။ သို့သော် ဒါဝိဒ်က ဘုရားသခင် ထံ “အကျွန်ုပ်သည် ကိုယ်တော့်ကို၊ ကိုယ်တော့်ကိုသာ ပြစ်မှား၍ ကိုယ်တော်၏မျက်မှောက်တော်၌ မကောင်းသောအမှုကို ပြုမိပါပြီ။ သို့ဖြစ်၍ ကိုယ်တော်အမိန့်ရှိတော်မူသောအခါ ဖြောင့်မတ်ပါ၏။ ကိုယ်တော်တရားစီရင်တော်မူသောအခါ သန့်ရှင်းစင်ကြယ်ပါ၏။ အကျွန်ုပ်သည် ဒုစရိုက်ထဲ၌မွေးဖွားလာပါ၏။ အကျွန်ုပ်၏မိခင်သည် အကျွန်ုပ်ကို ကိုယ်ဝန်ရစဉ်ကပင် အကျွန်ုပ်သည် အပြစ်ထဲ၌ရှိပါ၏” (ဆာလံ ၅၁း၄-၅)ဟု ဝန်ခံခဲ့သည်။ ဤကျမ်းချက်က “ကျွန်တော် သည် အခြေခံအားဖြင့် အပြစ်မျိုးစေ့ ဖြစ်သဖြင့် ကျွန်တော်သည် ဒီလိုဖြင့် အပြစ်ကျူးလွန်တယ်။ ကျွန်တော်သည် ဆိုးညစ်သောအ ပြစ်သား ဖြစ်တယ်။ ဒါကြောင့် ကိုယ်တော်သည် ကျွန်တော့်အပြစ် များကို ယူဆောင်သွားတော်မူလျှင် ကျွန်တော်သည် အပြစ်များအား လုံးမှ လွှတ်မြောက်၍ ဖြောင့်မတ်သူ ဖြစ်လာခဲ့တယ်။ သို့သော် ကိုယ်တော်သည် ထိုအပြစ်များကို ယူဆောင်သွားတော်မမူလျှင် ကျွန် တော်သည် အပ္ပါယ်ငရဲသို့ သွားရလိမ့်မည်။ ကိုယ်တော်သည် ကျွန် တော့်အား အပြစ်ရှိသည်ဟု ပြောလျှင် ကျွန်တော်အပြစ်ရှိလိမ့်မည်။ သို့သော် ကိုယ်တော်သည် အပြစ်မရှိ ဟုပြောလျှင် ကျွန်တော်အပြစ် မရှိပါ။ ကိုယ်တော်၊ ဘုရားနှင့် ကိုယ်တော်၏တရားစီရင်ခြင်းပေါ်၌ သာ အရာအားလုံးမူတည်သည်။
အတိအကျပြောရလျှင် ဘုရားသခင်၏ရှေ့တော်၌ လူသားအား လုံးသည် သူတို့၏မိဘများထံမှ အပြစ်ကို အမွေဆက်ခံလာခဲ့ကြ သောကြောင့် သူတို့သည် အပြစ်သားများဖြစ်ကြသည်။ သူတို့သည် မိမိအပြုအမူမည်သို့ပင်ဖြစ်စေကာမူ အပြစ်သားများအဖြစ် မွေးဖွား လာကြသည်။ အပြစ်မှလွှတ်မြောက်ရန် တစ်ခုတည်းသောနည်းလမ်း မှာ သခင်ယေရှု၏ကယ်တင်ခြင်းကို ယုံကြည်ခြင်း ဖြစ်သည်။ လူထု ပညာရေးက ကလေးသူငယ်များအား မှားယွင်းစွာကြွေးကြော်မှုကို သွန်သင်သည်။ သူတို့သတင်းစကားမှာ အောက်ပါအတိုင်း အကျဉ်း ချုံး၍ ဖော်ပြနိုင်ပါသည်။ “လူသားများအားလုံးသည် ကောင်းသော စရိုက်ဖြင့် မွေးဖွားလာကြသည်။ ထိုကြောင့် လူသားများသည် ကောင်းသောအကျင့်နှင့်အညီ ကောင်းမှုကုသိုလ်ဖြင့် အသက်ရှင်ရ မည်။ သင်သည် ကြိုးစားလျှင် ကောင်းမှုကုသိုလ်ပြုနိုင်သည်။” သူတို့ သည် အကောင်းမြင်ဝါဒအရာများကိုသာ ပြောကြသည်။ လူသားများ သည် ကိုယ်ကျင့်တရားအခြေခံသဘောတရားများသွန်သင်မှုအောက် တွင် နေထိုင်ကြသည်။ သို့သော် သူတို့သည် နှလုံးသား၌ သို့မဟုတ် လူမှုအသိုင်းအဝိုင်း၌ မိမိဇာတိပကတိဖြင့် သို့မဟုတ် သူတို့နေအိမ် များ၌ ဘာကြောင့် အပြစ်ကျူးလွန်ကြသနည်း။ သူတို့သည် အပြစ် ဖြင့် အခြေခံအားဖြင့် မွေးဖွားလာခဲ့ကြသောကြောင့် သူတို့သည် အ ပြစ်ကျူးလွန်နေခြင်း ဖြစ်သည်။ လူသားများသည် အပြစ်၏မျိုးစေ့ များအဖြစ် မွေးဖွားလာကြသည်။ လူတစ်ဉီးသော ကောင်းသောအ ကျင့်ကို ကျင့်လိုသော်လည်း အပြစ်များကျူးလွန်သည်။ ဤအရာက ကျွန်ုပ်တို့သည် အပြစ်ဖြင့် မွေးဖွားလာခဲ့ကြသည်ကို သက်သေထင် ရှားစေသည်။
 


သင်သည် မိမိကိုယ်ကိုကိုယ် သိရမည်


လူသားများသည် အပြစ်ဖြင့်မွေးဖွားလာခဲ့ကြသောကြောင့် သူ တို့သည် ဇာတိပကတိဖြင့် အပြစ်ကျူးလွန်ကြသည်။ ဤအရာသည် လူသားများ၏မူလအခြေအနေ ဖြစ်သည်။ ကျွန်ုပ်တို့သည် ရှေးဉီးစွာ မိမိကိုယ်ကိုကိုယ် သိရကြမည် ဖြစ်သည်။ ဆိုကရက်စ်က “မိမိကိုယ် ကိုကိုယ်သိပါ”ဟု ပြောခဲ့သည်။ သခင်ယေရှုက “သင်သည် အပြစ်၌ ပဋိသန္ဓေတည်၍ ဒုစရိုက်ဖြင့် မွေးဖွားလာခဲ့သောကြောင့် သင်သည် အပြစ်သား ဖြစ်သည်။ ထိုကြောင့် သင်သည် အပြစ်များဖြေလွှတ် ခြင်းရရှိရမည်”ဟု မိန့်တော်မူခဲ့သည်။ မိမိကိုယ်ကိုကိုယ် သိပါ။ လူအ များစုတို့သည် မိမိကိုယ်ကိုကိုယ် နားမလည်ကြပေ။ လူသားအားလုံး နီးပါး မိမိကိုယ်ကိုကိုယ်မသိဘဲ အသက်ရှင်၍ သေနေကြသည်။ ပ ညာရှိသူသာလျှင် မိမိကိုယ်ကိုကိုယ် ကြသည်။ သူတို့သည် မာရ်နတ် ၏မျိုးစေ့များဖြစ်ကြသည်ဟု သိခဲ့ပြီးနောက် သခင်ယေရှု၏သမ္မာတ ရားကို သိ၍ ယုံကြည်သူများသည် ပညာရှိသူများ ဖြစ်ကြသည်။ သူ တို့သည် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ရန် အခွင့်အရေးရရှိ ကြသည်။ 
မိမိကိုယ်ကိုကိုယ်မသိသောသူများသည် လူများအား သူတော် ကောင်းဟန်ဆောင်၍ အပြစ်လုံးဝမပြုရန် သွန်သင်ကြသည်။ သူတို့ က မိမိအတွင်း၌ရှိသော အပြစ်များကို မဖော်ထုတ်ရန် သွန်သင်ကြ သည်။ ဘာသာရေးပညာရှင်များသည် အပြစ်များကို ဖုံးအုပ်ရန်ကြိုး စားသည့်အခါတိုင်းတွင် အပြစ်မပြုရန်နှင့် သူတို့အပြစ်များ မထင်ရှား ရန် သွန်သင်ကြသည်။ သူတို့အားလုံးသည် အပ္ပါယ်ငရဲသို့ သွားနေကြ သည်။ သူတို့သည် မည်သူများ ဖြစ်ကြသနည်း။ သူတို့သည် မိစ္ဆာသိုး ထိန်း၊ စာတန်၏အစေခံများဖြစ်ကြသည်။ သူတို့သွန်သင်သောအရာ များသည် ကိုယ်တော်သွန်သင်ခဲ့သောအရာမဟုတ်ပေ။ ဟုတ်ပါ သည်။ ကိုယ်တော်သည် ကျွန်ုပ်တို့အား အပြစ်မကျူးလွန်ရန် ပြော ကြားတော်မူသည်။ သို့သော် ကိုယ်တော်သည် ကျွန်ုပ်တို့အား “သင့် မှာ အပြစ်ရှိတယ်။ သင်ဟာ အပြစ်သားဖြစ်တယ်။ အပြစ်၏အခမှာ သေခြင်းဖြစ်တယ်”ဟု ပြောကြားတော်မူသည်။ သင်သည် အပြစ် များကြောင့် ပျက်စီးခြင်းလမ်း၌ ရှိနေသည်။ ထိုကြောင့် သင်သည် အ ပြစ်များဖြေလွှတ်ခြင်းခံရမည် ဖြစ်သည်။ သင့်အား အပြစ်များအား လုံးမှ ကယ်တင်သော ကယ်တင်ခြင်းဆုကျေးဇူးကို လက်ခံပါ။ ထို နောက် သင်၏အပြစ်များအားလုံး ဖြေလွှတ်ခြင်းခံရ၍ သင်သည် ထာဝရအသက်ရရှိလိမ့်မည်။ သင်သည် ဖြောင့်မတ်သူ၊ တန်ဖိုးရှိ သောယုံကြည်သူနှင့် ဘုရားသခင်၏သားဖြစ်လိမ့်မည်”ဟု သွန်သင် တော်မူသည်။
 


ဘုရားသခင်သည် ဘာကြောင့် လူသားများအား ပညတ် တော်ပေးအပ်တော်မူခဲ့သနည်း


ရှင်ပေါလုက “ပညတ်တရားမူကား ကျူးလွန်သောအပြစ်ကို များပြားစေရန်ဝင်ရောက်ခဲ့၏။ သို့သော် အပြစ်များပြားလာသည့်နေရာ၌ ကျေးဇူးတော်သည် ပို၍ပြည့်စုံကြွယ်ဝလေ၏”(ရောမ ၅း၂၀) ဟု ပြောခဲ့သည်။ ဘုရားသခင်သည် ကျွန်ုပ်တို့အား ပညတ်တော်ကို ပေးအပ်တော်မူခဲ့သောကြောင့် ၎င်းအားဖြင့် ကျွန်ုပ်တို့အပြစ်များ သည် ပို၍ဆိုးသွမ်းသည်ဟု ထင်ရှားလိမ့်မည် (ရောမ ၇း၁၃)။ ဘုရား သခင်သည် အပြစ်သားများအား ပညတ်တော်ကို ပေးအပ်တော်မူခဲ့ ခြင်းမှာ သူတို့သည် မိမိအပြစ်များကို ပြင်းထန်စွာ အသိအမှတ်ပြု ရကြမည့် အကြောင်း ဖြစ်သည်။
ထွက်မြောက်ရာကျမ်းပြီးနောက် သဲကန္တာရ၌ ယာကုပ်၏သား စဉ်းမြေးဆက်များအသက်ရှင်နေစဉ် ဘုရားသခင်သည် ဣသရေလ လူမျိုးများအား ပညတ်တော်ကို ပေးအပ်တော်မူခဲ့သည်။ ကိုယ်တော် သည် ပညတ်တော် ၆၁၃ ပိုဒ်ကို ပေးအပ်တော်မူခဲ့သည်။ ဘုရားသ ခင်သည် ဘာကြောင့် လူသားများအား ပညတ်တော်ကို ပေးအပ် တော်မူခဲ့သနည်း။ ပထမအနေဖြင့်၊ သူတို့သည် မိမိအပြစ်များကို မ သိကြသောကြောင့် ဘုရားသခင်သည် သူတို့အား မိမိအပြစ်များကို သိစေတော်မူလိုသောကြောင့် ပညတ်တော်ပေးအပ်တော်မူခဲ့ခြင်း ဖြစ်သည်။ ဒုတိယအနေဖြင့်၊ သူတို့သည် အပြစ်ဖြင့် မွေးဖွားလာခဲ့ ကြသောကြောင့် ဖြစ်သည်။
ပညတ်တော်ဆယ်ပါးက လူသာများသည် အပြစ်သားများဖြစ် ကြသည်ဟု ထင်ရှားစေသည်။ “သင်၌ ငါမှတစ်ပါး အခြားဘုရား မရှိစေရ။အထက်မိုးကောင်းကင်၌လည်းကောင်း၊ အောက်မြေကြီး၌လည်းကောင်း၊ မြေကြီးအောက်ရေထဲ၌လည်းကောင်း ရှိသမျှသောအရာတို့၏ပုံသဏ္ဌာန်နှင့်တူသော ရုပ်တုဆင်းတုကို သင့်အဖို့မပြုလုပ်ရ။ ထိုအရာတို့ကို မပျပ်ဝပ်မကိုးကွယ်ရ။ အကြောင်းမူကား သင်၏ဘုရားသခင် ငါထာဝရဘုရားသည် သဝန်တိုတတ်သောဘုရား၊ ငါ့ကိုမုန်းသောသူတို့၏မျိုးဆက် တတိယအဆက်၊ စတုတ္ထအဆက်တိုင်အောင် ဖခင်တို့၏အပြစ်အတွက် သားမြေးတို့ကို ဒဏ်ခတ်သောဘုရား၊ငါ့ကိုချစ်၍ ငါ၏ပညတ်များကိုစောင့်ထိန်းသောသူတို့ကိုကား မျိုးဆက်အထောင်အသောင်းတိုင်အောင် မေတ္တာကရုဏာပြသောဘုရား ဖြစ်၏။ သင်၏ဘုရားသခင်ထာဝရဘုရား၏နာမတော်ကို အ ချည်းနှီးမမြွက်ဆိုရ။ အကြောင်းမူကား ထာဝရဘုရားသည် မိမိ၏နာမတော်ကို အချည်းနှီးမြွက်ဆိုသောသူအား အပြစ်မပေးဘဲနေတော်မူမည် မဟုတ်။ ဥပုသ်နေ့ကိုသန့်ရှင်းအောင်စောင့်ထိန်းရန် အောက်မေ့လော့။ 9သင်၏အလုပ်ရှိသမျှကို ခြောက်ရက်ပတ်လုံး အားထုတ်လုပ်ဆောင်လော့။ သတ္တမနေ့သည် သင်၏ဘုရားသခင်ထာဝရဘုရား၏ဥပုသ်နေ့ ဖြစ်၏။ ထိုနေ့၌ သင်မှစ၍ သင်၏သားသမီး၊ သင်၏ကျွန်ယောက်ျားကျွန်မိန်းမ၊ သင်၏တိရစ္ဆာန်နှင့် သင့်မြို့အတွင်းရှိတိုင်းတစ်ပါးသားတို့သည် မည်သည့်အလုပ်ကိုမျှမလုပ်ရ။ အကြောင်းမူကား ထာဝရဘုရားသည် ကောင်းကင်၊ မြေကြီး၊ ပင်လယ်နှင့် ၎င်းတို့၌ရှိသမျှသောအရာတို့ကို ခြောက်ရက်ပတ်လုံးဖန်ဆင်း၍ သတ္တမနေ့၌ ငြိမ်ဝပ်စွာနေတော်မူ၏။ ထို့ကြောင့် ထာဝရ ဘုရားသည် ဥပုသ်နေ့ကို ကောင်းချီးပေး၍ သန့်ရှင်းစေတော်မူ၏။ သင်၏မိဘကိုရိုသေလော့။ ထိုသို့ပြုလျှင် သင်၏ဘုရားသခင်ထာဝရ ဘုရားပေးသနားတော်မူသောပြည်၌ သင်သည် အသက်ရှည်လိမ့် မည်။ လူမသတ်ရ။ အိမ်ထောင်ရေးဖောက်ပြန်မှုကိုမကျူးလွန်ရ။ မခိုးရ။ သင်၏အိမ်နီးချင်းကိုဆန့်ကျင်၍ မမှန်သောသက်သေမထွက် ဆိုရ။ သင့်အိမ်နီးချင်း၏အိမ်ကိုမတပ်မက်ရ။ သင့်အိမ်နီးချင်း၏မ ယား၊ ကျွန်ယောက်ျားကျွန်မိန်းမ၊ နွား၊ မြည်းမှစ၍ သင့်အိမ်နီးချင်း၌ရှိသောအရာတစ်စုံတစ်ခုကိုမျှ မတပ်မက်ရ” (ထွက် ၂၀း၃-၁၇)။
ဘုရားသခင်သည် ကျွန်ုပ်တို့အားလုံးအား ပညတ်တော်ကို ပေး အပ်တော်မူခဲ့သည်။ ပညတ်တော်အားဖြင့် ကျွန်ုပ်တို့နှလုံးသားများ၌ ရှိသောအပြစ်အမျိုးအစားကို ကိုယ်တော်သည် သိကျစွာ သွန်သင် တော်မူခဲ့သည်။ ကျွန်ုပ်တို့သည် ဘုရားသခင်ရှေ့တော်၌ အပြစ်သား များဖြစ်ကြသည်ကိုလည်းကောင်း၊ ကျွန်ုပ်တို့သည် ပညတ်တော်ကို မစောင့်ရှောက်နိုင်ကြသောကြောင့် အပြစ်သားများဖြစ်ကြသည်ဟူ သောသမ္မာတရားကို ကျွန်ုပ်တို့အား အလင်းပေးဖို့ရန်အတွက်သော် လည်းကောင်း ဘုရားသခင်သည် ကျွန်ုပ်တို့အား သွန်သင်တော်မူခဲ့ သည်။
လူသားများသည် ဘုရားသခင်၏ပညတ်တော်ကို စောင့်ရှောက် နိုင်ကြသလော။ ဘုရားသခင်သည် ဣသရေလလူမျိုးများနှင့် တပါး အမျိုးသားများထံ ငါမှတစ်ပါးအခြားသောဘုရားကို မကိုးကွယ်နှင့်ဟု မိန့်တော်မူခဲ့သောအခါ သူတို့သည် အစကတည်းက အပြစ်သားများ ဖြစ်ကြသောကြောင့် ပညတ်တော်တစ်ချက်ကိုတောင် မစောင့် ရှောက်နိုင်သအပြစ်သားများဖြစ်ကြသည်ဟု အလင်းပေးလိုတော်မူ သောကြောင့် ဖြစ်သည်။ ပညတ်တော်များအားဖြင့် သူတို့သည် ဖန် ဆင်းရှင်ထက် ဖန်ဆင်းထားသောအရာကို ပို၍ချစ်ခဲ့ကြသည်ဟု သူတို့ကို သိစေခဲ့သည်။ 
သူတို့သည် ဘုရားသခင်မုန်းတီးတော်မူခဲ့သော ရုပ်တုများကို ပြုလုပ်ခဲ့ကြ၍ ကိုးကွယ်ခဲ့ကြသည်ဟု ဘုရားသခင်၏နာမတော်ကို အချည်းနှီးအသုံးပြုခဲ့ကြသည်ကိုလည်းကောင်း၊ ဘုရားသခင်သည် သူတို့အတွက် အနားယူရမည့်နေ့ရက်ကို ပေးအပ်တော်မူခဲ့သောအခါ သူတို့သည် အနားမယူခဲ့ကြသည်ကိုလည်းကောင်း သူတို့သည် နား လည်သဘောပေါက်ခဲ့ကြသည်။ သူတို့သည် မိမိမိဘများကို မရိုသေ၊ လူ့အသက်သတ်၊ မတရားသောမေထုံကျူးလွန်၍ ဘုရားသခင်မလုပ် စေလိုသောအကျင့်များအားလုံးကို ကျင့်ဆောင်ခဲ့ဟူသောအကျင့်ဆိုး များကို သူတို့သည် သိခဲ့ရကြသည်။ အကျဉ်းအားဖြင့် သူတို့သည် ဘု ရားသခင်၏ပညတ်တော်ကို မစောင့်ရှောက်နိုင်ကြပေ။
 

ပညတ်တရားသည် အပြစ်များဖြေလွှတ်ခြင်းမခံရသေးသူ များအပေါ် လွှမ်းမိုးသည်

ယခုတွင် ဘုရားသခင်သည် ကျွန်ုပ်တို့အား ဘာကြောင့် ပညတ် တော်ပေးအပ်တော်မူခဲ့သည်ကို သင်သိသလော။ ဘုရားသခင်သည် ဒုတိယမွေးဖွားခြင်းမခံရသေးသောသူများထံ ပညတ်တော်ကို ရှေးဉီး စွာ ပေးအပ်တော်မူခဲ့သည်။ “ညီအစ်ကိုတို့၊ ပညတ်တရားကိုသိထားသောသူတို့အား ငါဆိုသည်ကား ပညတ်တရားသည် လူတစ်ဦးကို သူအသက်ရှင်နေသမျှကာလ၌သာ ချုပ်ကိုင်ထားသည်ကို သင်တို့မသိကြသလော” (ရောမ ၇း၁)။ ဘုရားသခင်သည် ပညတ်တရားကို မိမိ ဘိုးဘေးများထံမှ အပြစ်ကို အမွေဆက်ခံသူများနှင့် ဒုတိယမွေးဖွား ခြင်းမခံရသေးသောသူများထံ သူတို့သည် အပြစ်အောက်၌ ညည်း တွားနေကြသည်ကို သိရန် ပေးအပ်တော်မူခဲ့သည်။ ပညတ်တရား သည် လူတစ်ဉီးအသက်ရှင်နေသရွေ့ ထိုသူအပေါ် လွှမ်းမိုးခဲ့သည်။ အာဒံ၏အမျိုးအနွယ်များအားလုံးသည် သူတို့နှလုံးသားများ၌ အပြစ် ဆယ့်နှစ်မျိုးတို့ ရှိကြသည်။ ဘုရားသခင်သည် မိမိနှလုံးသားများ၌ အပြစ်ရှိသေးသူများထံ ပညတ်တရားကို ပေးအပ်တော်မူခဲ့၍ သူတို့ သည် အပြစ်များရှိကြသည်ဟု မိန့်တော်မူခဲ့သည်။ ထိုကြောင့် လူ့အ သက်သတ်ခြင်းအပြစ်များ သို့မဟုတ် သူ့မယားကို ပြစ်မှားသောအ ပြစ်များရှိသည့်အခါ ကျွန်ုပ်တို့သည် အပြစ်ကျူးလွန်သည်ဟု သိစေ ၍ ပညတ်တရားသည် ကျွန်ုပ်တို့အား “ဘုရားသခင်သည် သူ့မယား ကို မပြစ်များရဟု မိန့်တော်မူတယ်။ သို့သော် သင်သည် သူ့မယားကို ပြစ်မှားခြင်းအပြစ်ကျူးလွန်ခဲ့တယ်။ ထိုကြောင့် သင်သည် အပြစ် သားတစ်ဉီးဖြစ်လာတယ်။ ဘုရားသခင်သည် လူ့အသက်မသတ်ရန် မိန့်တော်မူခဲ့သော်လည်း သင်သည် အမုန်းပွား၍ လူ့အသက်သတ်ခဲ့ တယ်။ သင်သည် လူ့အသက်သတ်၍ သူ့မယားကို ပြစ်မှားသောအ ပြစ်ကျူးလွန်သောအပြစ်သားဖြစ်တယ်။ ဘုရားသခင်သည် သူ့ဉစ္စာ ကို မခိုးရန် မိန့်တော်မူခဲ့သော်လည်း သင်သည် သူ့ဥစ္စာကို ခိုးယူခဲ့ တယ်။ ထိုကြောင့် သင်သည် သူခိုးဖြစ်တယ်”ဟု ပြောသည်။ ဤသို့ ဖြင့် ပညတ်တရားရှိသည့်နေရာတွင် အပြစ်သည် တည်ရှိလာသည်။
ဤအကြောင်းကြောင့် ရှင်ပေါလုက “ညီအစ်ကိုတို့၊ ပညတ်တရားကိုသိထားသောသူတို့အား ငါဆိုသည်ကား ပညတ်တရားသည် လူတစ်ဦးကို သူအသက်ရှင်နေသမျှကာလ၌သာ ချုပ်ကိုင်ထားသည်ကို သင်တို့မသိကြသလော”ဟု ပြောကြားခဲ့ခြင်း ဖြစ်သည်။ ပညတ် တရားသည် အပြစ်များဖြေလွှတ်ခြင်းမခံရသေးသောသူများအပေါ် လွှမ်းမိုးခဲ့သည်။ ဘုရားသခင်၏ပညတ်တော်ကို မသိသော တပါးအ မျိုးသားများအတွက် သူတို့၏သြတ္တပ္ပစိတ်သည် သူတို့အပေါ် ပညတ် တရားဖြစ်လာသည်။ သူတို့သည် အဆိုးကျင့်ကြသောအခါ သူတို့ သည် အပြစ်ကျူးလွန်ခဲ့ကြသည်ဟု သူတို့မနောစိတ်က ပြောသည်။ ထိုနည်းတူ၊ မယုံကြည်သူများ၏သြတ္တပ္ပစိတ်သည် သူတို့အပေါ် ပ ညတ်တရားအဖြစ် အလုပ်လုပ်၍ သူတို့သည် သြတ္တပ္ပစိတ်အားဖြင့် အပြစ်များကို အသိအမှတ်ပြုကြသည် (ရောမ ၂း၁၅)။
သင်၏သြတ္တပ္ပစိတ်သည် ဖန်ဆင်းရှင်ရှိသည်ဟု ပြောသောအခါ သင်သည် ဖန်ဆင်းရှင်ကို ဘာကြောင့် အစေမခံသနည်း။ သင်သည် ဘာကြောင့် ဘုရားသခင်ကို မရှာဖွေသနည်း။ သင်သည် ဘာကြောင့် သင့်၏နှလုံးသားကို လှည့်စားသနည်း။ သူတပါးသည် သင်၏အပြစ် များအကြောင်းကို သိကြသောအခါ သင်သည် မိမိအပြစ်များကြောင့် ရှက်၍ ကြောက်သင့်သည်။ သို့သော် ဘုရားသခင်ထံ မဝန်ခံ၊ မိမိနှ လုံးသားလှည့်စားသောအပြစ်သားများသည် အရှက်မရှိကြပေ။
ကျွန်ုပ်တို့သည် အပြစ်ကျူးလွန်ကြလျှင် ကျွန်ုပ်တို့သည် ကောင်းကင်၊ မြေကြီး၊ သူတပါးနှင့် အခြားဖန်ဆင်းခံသောအရာများ ကို ကြည့်ကြသောအခါ ကျွန်ုပ်တို့သည် မိမိကိုယ်ကိုကိုယ် အရှက်ရ ကြသည်။ ဘုရားသခင်သည် လူသားများသည် သြတ္တပ္ပစိတ်နှင့် အ ပြစ်ကိုရည်ညွှန်းသော သြတ္တပ္ပစိတ်၏ပညတ်ကို ပေးအပ်တော်မူခဲ့ သည်။ သို့သော် သူတို့အများစုတို့သည် ဘုရားမပါဘဲ အသက်ရှင်ကြ ၍ ဘုရားရှေ့တော်၌ သူတော်ကောင်းဟန်ဆောင်၍ ဝမ်းမြောက်သူ များအဖြစ် အသက်ရှင်ကြသည်။ သူတို့သည် အပ္ပါယ်ငရဲသို့ သွားမည့် သူများ ဖြစ်ကြသည်။ ရှင်ပေါလုက သူတို့အား ပညတ်တော်ကို အာရုံ ပြုရန် သတိပေးသည့်အတိုင်း “ညီအစ်ကိုတို့၊ ပညတ်တရားကိုသိထားသောသူတို့အား ငါဆိုသည်ကား ပညတ်တရားသည် လူတစ်ဦးကို သူအသက်ရှင်နေသမျှကာလ၌သာ ချုပ်ကိုင်ထားသည်ကို သင်တို့မသိကြသလော”ဟု ပြောခဲ့သည်။ လူသားများသည် ဒုတိယအကြိမ် မွေးဖွားရကြမည် ဖြစ်သည်။ တစ်ကြိမ်တွင် အပြစ်သားတစ်ဉီးအဖြစ် မွေးဖွား၍ ထိုနောက် သူတို့သည် ဖြောင့်မတ်သူများအဖြစ် အသက် ရှင်ရန် ဘုရားသခင်၏ရွေးနှုတ်ကယ်တင်ခြင်းကျေးဇူးတော်အားဖြင့် ဒုတိယမွေးဖွားခြင်းခံရကြသည်။
ရှင်ပေါလုသည် အောက်ပါအတိုင်း အပြစ်၏ပညတ်ကျိန်ခြင်း အမင်္ဂလာမှ ကျွန်ုပ်တို့အား မည်သို့ကယ်တင်တော်မူခဲ့သည်ကို ရှင်း ပြခဲ့သည်။ “ဥပမာဆိုသော် ကာမပိုင်ရှိသောအမျိုးသမီးတစ်ဦးသည် ပညတ်တရားအရ အသက်ရှင်နေသောခင်ပွန်းနှင့်အနှောင်အဖွဲ့ရှိ၏။ ခင်ပွန်းသေလျှင်မူကား ခင်ပွန်းနှင့်ပတ်သက်သောပညတ်တရားမှ ကင်းလွတ်၏။ သို့ဖြစ်၍ ခင်ပွန်းအသက်ရှင်နေစဉ် အခြားသောယောက်ျားနှင့်ပေါင်းလျှင် ဖောက်ပြန်သောမိန်းမဟု အခေါ်ခံရလိမ့်မည်။ ခင်ပွန်းသေဆုံးလျှင်မူကား ထိုပညတ်တရားမှ ကင်းလွတ်သည်ဖြစ်၍ အခြားသောယောက်ျားနှင့်ပေါင်းသော်လည်း ဖောက်ပြန်သောမိန်းမမဟုတ်ပေ”(ရောမ ၇း၂-၃)။
အိမ်ထောင်ပြုခဲ့သောမိန်းမတစ်ဉီးသည် အိမ်ထောင်ရေးဖောက် ပြန်လျှင် သူမကို မတရားဟောမေထုံ၌မှီဝဲသူဟု ခေါ်သည်။ သို့သော် သူမ၏ခင်ပွန်းသည် သေ၍ သူမသည် အခြားယောကျ်ားတစ်ဉီးနှင့် အိမ်ထောင်ပြန်ပြုလျှင် သူမသည် အခြားယောက်ျားတစ်ဉီးဖြင့် အိမ် ထောင်ပြုခြင်းသည် မှားယွင်းမှုမရှိပေ။ ဤသို့သောယုတ္တိရှိသောအ ရာသည် အပြစ်၏ပညတ်မှ လွှတ်မြောက်ခြင်းအတွက် အသုံးချ သည်။ ပညတ်တရားသည် အပြစ်များဖြေလွှတ်ခြင်းမခံရသေးသော အာဒံ၏အမျိုးအနွယ်များအားလုံးကို လွှမ်းမိုးခဲ့သည်။ ၎င်းက သူတို့ အား “သင်တို့သည် အပြစ်သားများဖြစ်ကြသည်”ဟု ပြောသည်။ ထို ကြောင့် သူတို့သည် ပညတ်တော်အောက်၌ “ကျွန်ုပ်သည် အပ္ပါယ်ငရဲ သို့ သွားရမည်။ ကျွန်ုပ်သည် အပြစ်သားဖြစ်တယ်။ အပြစ်များ၏အခ များကြောင့် ကျွန်ုပ်သည် အပ္ပါယ်ငရဲသို့ သွားရခြင်းမှာ သဘာဝကျ တယ်”ဟု ပြော၍ မိမိအပြစ်များကို ဝန်ချတောင်းပန်ကြသည်။ သို့ သော် ကျွန်ုပ်တို့သည် ခရစ်တော်၏ကိုယ်ခန္ဓာအားဖြင့် ပညတ်တော် သို့ သေကြသောအခါ ကိုယ်တော်နှင့်ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် ကျွန်ုပ်တို့ဇာတိဟောင်းကို ခရစ်တော်နှင့်အတူ အသေခံခဲ့သော ကြောင့် ပညတ်တရားသည် ကျွန်ုပ်တို့အပေါ် မလွှမ်းမိုးနိုင်တော့ပေ။
 

ကျွန်ုပ်တို့ဇာတိဟောင်းသည် အသေခံခဲ့သည်

ကိုယ်တော်သည် ကျွန်ုပ်တို့ဟောင်းသောခင်ပွန်းကို ယူဆောင် သွားတော်မူခဲ့၍ ကိုယ်တော်နှင့် အိမ်ထောင်ပြုစေတော်မူခဲ့သည်။ “ထိုနည်းတူ ငါ့ညီအစ်ကိုတို့၊ သင်တို့သည်လည်း ခရစ်တော်၏ကိုယ် ခန္ဓာအားဖြင့် ပညတ်တရားအရာ၌ သေဆုံးခဲ့ကြပြီ။ ဤသည်ကား သင်တို့သည် အခြားသူတည်းဟူသော သေသောသူတို့ထဲမှ ထ မြောက်တော်မူသောအရှင်နှင့် သက်ဆိုင်သောသူများဖြစ်လာကြပြီး ဘုရားသခင်အတွက် အသီးများဖြစ်ထွန်းစေရန်ဖြစ်၏”(ရောမ ၇း၄)။ ဘုရားသခင်သည် လူသားအားလုံး၏ ဘိုးဘေး၊ အာဒံကြောင့် အပြစ် ဖြင့် မွေးဖွားလာခဲ့သော လူသားအားလုံးများထံ ပညတ်တရားကို ပေးအပ်တော်မူခဲ့သောကြောင့် ပညတ်တော်အားဖြင့် အပြစ်သည် ပို ၍ ထင်ရှားလာခဲ့သည်။ ကိုယ်တော်သည် ဘုရားသခင်၏တရားစီရင် ခြင်းအောက်၌ သူတို့ကို ကိန်းဝပ်စေတော်မူခဲ့သည်။ သို့သော် ကိုယ် တော်သည် သူတို့အား ခရစ်တော်၏ကိုယ်ခန္ဓာအားဖြင့် ကယ်တင် တော်မူခဲ့သည်။ သခင်ယေရှုခရစ်တော်သည် ကျွန်ုပ်တို့နေရာတွင် အ သေခံတော်မူခဲ့သည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ပညတ်တော် နှင့်အညီ အပ္ပါယ်ငရဲသို့ သွားရခြင်းမှာ မှန်ကန်သလော။ မှန်ကန်ပါ သည်။ သို့သော် ကိုယ်တော်သည် ဤလောကသို့ စေလွှတ်ခြင်းခံ တော်မူခဲ့၍ ယောဒန်မြစ်၌ ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် ကျွန်ုပ်တို့ အပြစ်များအားလုံးကို ယူဆောင်သွားတော်မူခဲ့၍ ကျွန်ုပ်တို့ကိုယ်စား ပညတ်တရား၏အမျက်တော်အားဖြင့် ကားစင်တင်ခံ၍ တရားစီရင် ခြင်းခံကာ ကျိန်ခြင်းအမင်္ဂလာခံတော်မူခဲ့သည်။ ဤအရာအားဖြင့် သာလျှင် ယခုတွင် ကျွန်ုပ်တို့သည် ထိုအရာကို ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းနှင့် ဒုတိယမွေးဖွားခြင်းခံရနိုင်ကြသည်။
ဒုတိယမွေးဖွားခြင်းမခံရသေးသောသူများသည် အပ္ပါယ်ငရဲသို့ သွားရကြမည် ဖြစ်သည်။ သူတို့သည် သခင်ယေရှုကို ယုံကြည်၍ ကယ်တင်ခြင်းခံရသင့်သည်။ ကျွန်ုပ်တို့သည် သခင်ယေရှုခရစ်တော် နှင့်အသေခံရမည် ဖြစ်သည်။ ကျွန်ုပ်တို့ဇာတိဟောင်းသည် တစ်ကြိမ် အသေမခံလျှင် ကျွန်ုပ်တို့သည် အသစ်ပြုပြင်သောသတ္တဝါမဖြစ်လာ နိုင်ပေ။ ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်နိုင်မည်မဟုတ်ပေ။ ကျွန်ုပ်တို့၏ဇာတိဟောင်းသည် သခင်ယေရှုကို ယုံကြည်ခြင်းအား ဖြင့် ပညတ်တော်နှင့်အညီ တရားစီရင်ခြင်းမခံရကြလျှင် ကျွန်ုပ်တို့ သည် တရားစီရင်ခြင်းခံရ၍ အပ္ပါယ်ငရဲသို့ ပစ်ချခြင်းခံရမည် ဖြစ် သည်။ ဒုတိယမွေးဖွားခြင်းမခံရသောသူအားလုံးသည် အပ္ပါယ်ငရဲသို့ သွားသင့်ကြသည်။
မယုံကြည်သူများသည် အကျင့်ကောင်းဖြင့်အသက်ရှင်ကြ၍ ကောင်းမွန်သောဘဝပေးစွမ်းနိုင်သမျှကို ပျော်ရွှင်စွာ နေထိုင်ကြ သည်။ သို့သော် သူတို့သည် ထာဝရတရားစီရင်ခြင်းအကြောင်းကို သ တိမပြုကြပေ။ လူသားအားလုံးသည် ဤလောက၌ အသက်ရှင်နေ ကြစဉ် သခင်ယေရှုခရစ်တော်အားဖြင့် အပြစ်များဖြေလွှတ်ခြင်းကို ခံ ရသင့်ကြသည်။ ကျွန်ုပ်တို့သည် ဤလောကမှ ချီဆောင်ခြင်းခံရကြ ပြီးနောက် ဒုတိယမွေးဖွားခြင်းခံရနိုင်ကြမည်မဟုတ်သောကြောင့် ယုံကြည်ခြင်းအားဖြင့် သခင်ယေရှုနှင့်အတူ စည်းလုံး၍ ဇာတိ ဟောင်းအားလုံးကို သေစေရကြမည် ဖြစ်သည်။ ကျွန်ုပ်တို့သည် သ ခင်ယေရှုခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့် အသေခံ၍ အပြစ်များ မှ ရွေးနှုတ်ကယ်တင်ခြင်းခံရကြမည် ဖြစ်သည်။ မည်သူအားဖြင့် နည်း။ သခင်ယေရှုခရစ်တော်၏ကိုယ်ခန္ဂာအားဖြင့် ဖြစ်သည်။ မည် သို့နည်း။ သခင်ယေရှုသည် ဤလောကသို့ ကြွလာတော်မူ၍ ကျွန်ုပ် တို့အပြစ်များအားလုံး ယူဆောင်သွားတော်မူခဲ့သည်ဟု ယုံကြည်ခြင်း အားဖြင့် ဖြစ်သည်။ သင်သည် သေသလော။ မသေရသေးသောသူ တစ်စုံတစ်ဉီး ရှိသလော။ သင်သည် “ငါသည် မည်သို့ လူသေဖြစ်နိုင် မလဲ။ ငါသေလျှင် ယခု မည်သို့ အသက်ရှင်နိုင်ကြမည်နည်း”ဟု မိန်း မောတွေဝေနိုင်သည်။ ဤအရာသည် လျှို့ဝှက်ဆန်းကြယ်‌သည်။ ထို အရာသည် အလွန်ထူးဆန်းသောကြောင့် မည်သည့်ဘာသာတရား ကမျှ ဖြေရှင်းနိုင်မည် မဟုတ်ပေ။
ဒုတိယမွေးဖွားခြင်းခံရသောသူများသည် မိမိဇာတိဟောင်းများ အား ခရစ်တော်နှင့်အတူ အသေခံခဲ့သည်ဟု ပြောကြားနိုင်သည်။ အ ပြစ်သားများသည် ဒုတိယမွေးဖွားခြင်းခံရသောသူများထံမှ နှုတ်က ပတ်တော်ကို ကြားနာသည့်အခါမှသာလျှင် သူတို့သည် ဒုတိယမွေး ဖွားခြင်းခံရ၍ ဇာတိဟောင်းများကို သေစေနိုင်ကြသည်။ ဤအရာ အားဖြင့် သူတို့သည် ဘုရားသခင်၏အစေခံများဖြစ်လာနိုင်ကြသည်။ လူသားအားလုံးသည် ဒုတိယမွေးဖွားခြင်းခံရသောသန့်ရှင်းသူများထံ မှ ဘုရားသခင်၏နှုတ်ကပတ်တော်ကို နားထောင်ရကြမည်။ သင် သည် သူတို့၏သွန်သင်မှုများကို လျစ်လျူရှုလျှင် ဒုတိယမွေးဖွားခြင်း ခံရနိုင်မည် မဟုတ်ပေ။ ရှင်ပေါလုသည် ထိုအချိန်တွင် နာမည်အ ကျော်ကြားဆုံးသောပညတ်တရားသွန်သင်ဆရာ ဂါမလျေလထံမှ ဘုရားသခင်၏နှုတ်ကပတ်တော်ကို သင်ကြားခဲ့သော်လည်း ခရစ် တော်မပါဘဲ ဒုတိယမွေးဖွားခြင်း မခံရနိုင်ပေ။ ကျွန်ုပ်တို့သည် မည် သို့ကျေးဇူးတော်ခံစားရကြသနည်း။ ကျွန်ုပ်တို့သည် ယုံကြည်ခြင်း အားဖြင့် သခင်ယေရှုခရစ်တော်၏ကိုယ်ခန္ဂာအားဖြင့် သေကြသော အခါ သေခြင်းမှရှင်ပြန်ထမြောက်တော်မူခဲ့သော သခင်ယေရှုခရစ် တော်ကို ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်အတွက် ဖြောင့်မတ် ခြင်းအသီးအပွင့်များကို သီးနိုင်ကြမည် ဖြစ်သည်။ ကျွန်ုပ်တို့သည် သန့်ရှင်းသောဝိညာဉ်တော်၏အသီးကိုးမျိုးတို့ကို သီးနိုင်ကြမည်။
 

ကျွန်ုပ်တို့၏အင်္ဂါများတွင် အပြစ်ပြုလိုသောကိလေသာ စိတ်များသည် သေခြင်းအသီးကိုသာ သီးကြသည်

“အကြောင်းမူကား ငါတို့သည် သွေးသားဇာတိ၌တည်လျက်ရှိစဉ်က ပညတ်တရားကြောင့်ဖြစ်ပေါ်လာသည့် ပြင်းပြသောအပြစ်ပြုလိုစိတ်သည် ငါတို့၏ကိုယ်အင်္ဂါများ၌ သက်ဝင်လှုပ်ရှားနေသဖြင့် သေခြင်းအတွက် အသီးများဖြစ်ထွန်းစေ၏”(ရောမ ၇း၅)။ “ငါတို့ သည် ဇာတိပကတိ၌ ကျင်လည်ခြင်း”ဟူသည်မှာ “ကျွန်ုပ်တို့ဒုတိယ မွေးဖွားခြင်းမခံမှီ”ကို ဆိုလိုသည်။ ကျွန်ုပ်တို့ကိုယ်ခန္ဂာ၌အပြစ်ပြုလို သောကိလေသာစိတ်များ သည် သခင်ယေရှုခရစ်တော်၏ကိုယ်ခန္ဂာ အားဖြင့် ယုံကြည်ခြင်းမရှိကြသောအခါ ၎င်းတို့သည် သေခြင်းအသီး ကိုသာ သီးကြသည်။ ထိုအချိန်တွင် အပြစ်ပြုလိုသောကိလေသာ စိတ်များသည် ကျွန်ုပ်တို့ကိုယ်အင်္ဂါအစိတ်အပိုင်းများ၌ အလုပ်လုပ် နေသည်။ ကျွန်ုပ်တို့နှလုံးသားများ၌ အပြစ်ဆယ့်နှစ်မျိုးရှိကြသည်။ တစ်နည်းအားဖြင့် ကျွန်ုပ်တို့နှလုံးသားများ၌ အပြစ်ဆယ့်နှစ်မျိုး ထွက်ပေါက်ရှိနေသည်ကို ဆိုလိုသည်။ ယနေ့ ဥပမာအားဖြင့် မတ ရားဟောမေထံ၌ မှီဝဲခြင်းအပြစ်သည် နှလုံးသားမှ ထွက်လာ၍ တုန် လှုပ်စေသည်။ ထိုနောက် နှလုံးသားသည် ဉီးနှောက်ကို “မတရား သောမေထုံသည် ၎င်း၏အပေါက်မှ ထွက်လာ၍ မတရားဟောမေ ထုံကို ကျွန်တော့်အား ကျူးလွန်ရန် ပြောသည်”ဟု အမိန့်ပေးသည်။ ထိုနောက် ဉီးခေါင်းက “အိုကေ။ ငါက လက်များနှင့်ခြေထောက် များကို သတ်ဖို့အမိန့်ပေးမည်။ လက်များနှင့် ခြေထောက်များ၊ နားထောင်ကြပါ။ မင်းတို့ပြုလိုသည့်အ တိုင်းပြုကြပါ။ မြန်မြန်လုပ် စမ်းပါ”ဟု ဖြေကြားသည်။ ဇာတိပကတိသည် မတရားသောမေထုံ ပြုနိုင်သောနေရာသို့ သွားရန် ကိုယ်အင်္ဂါများကို ဉီးခေါင်းက အမိန့် ပေးသည်။ ထိုနောက် ကိုယ်ခန္ဓာသည် ဉီး ခေါင်းမိန့်တော်မူသည့်အ တိုင်း သွား၍ပြုသည်။ ထိုနည်းတူ၊ လူ့အ သက်သတ်လိုသောအပြစ် သည်လည်း ၎င်း၏အပေါက်မှ ထွက်လာ၍ နှလုံးကို တုန်လှုပ်စေ၍ နှလုံးသည် တစ်စုံတစ်ခုအားဖြင့် ဉီးခေါင်းကို စိတ်ဆိုးမာန်ဆိုး ဖြစ်စေခဲ့သည်။ ထိုနောက် ဉီးခေါင်းသည် ထိုအရာအတွက် ပြင်ဆင် ရန် ကိုယ်ခန္ဓာကို အမိန့်ပေူသည်။ ဤသို့ဖြင့် အပြစ် သည် ကိုယ်အင်္ဂါ များ၌ အမှုပြုသည်။
ဤအရာမှာ ကျွန်ုပ်တို့သည် အပြစ်များဖြေလွှတ်ခြင်းခံသင့် သည့်အကြောင်း ဖြစ်သည်။ ကျွန်ုပ်တို့သည် အပြစ်ဖြေလွှတ်ခြင်းမခံ ရကြလျှင် နှလုံးသားမိန့်သောအရာကို ကျွန်ုပ်တို့မနှစ်သက်သောအ ရာဖြစ်သော်လည်း ၎င်းမိန့်ဆိုသည့်အတိုင်း လုပ်ဆောင်ရမည် ဖြစ် သည်။ လူတိုင်းသည် စစ်မှန်သောသတင်းကောင်းအားဖြင့် ဒုတိယ မွေးဖွားခြင်းခံရသင့်ကြသည်။ ပိုးကောင်များသည် လိပ်ပြာဖြစ်လာ သည့်အတိုင်း လူတစ်ဉီးသည် ဒုတိယမွေးဖွားခြင်းခံရသောအခါ သူ သည် လုံးဝဉဿုံကောင်းမွန်လာခဲ့သည်။ သင်းအုပ်ဆရာများသည် ဒုတိယမွေးဖွားခြင်းခံရကြပြီးနောက် ကိုယ်တော်ကို အမှန်အကန် အ စေခံနိုင်ကြသည်။ သူတို့သည် ဒုတိယမွေးဖွားခြင်းမခံရမီ “သန့်ရှင်း သူများ၊ သင်တို့သည် ကောင်းမှုကုသိုလ်ပြုကြပါ”ဟုသာပြောနိုင် သည်။ ဤအရာသည် ဖျားနာသောသူကို မိမိကိုယ်ကိုကိုယ် ကုသရန် ပြောခြင်းနှင့်တူသည်။ သူတို့သည် မိမိဆိုးညစ်သောနှလုံးသားများကို မည်သို့စင်ကြယ်စေရကြမည်ကို မသိကြသော်လည်း သူတို့၏ပရိတ် သတ်များကို မိမိနှလုံးသားများ မိမိကိုယ်ကိုကိုယ် သန့်ရှင်းစေရန် တိုက်တွန်းသည်။
ကျွန်ုပ်တို့ကိုယ်အင်္ဂါများ၌ အပြစ်ကျူးလွန်လိုသောကိလေသာ သည် သေခြင်းကိုသာ သီးစေသည်။ လူတစ်ဉီးသည် အပြစ်ပြုလို သောကြောင့် အပြစ်ကျူးလွန်သလော။ ကျွန်ုပ်တို့သည် အပြစ်ဖြင့် မွေးဖွားလာခဲ့ကြသောကြောင့်လည်း‌ကောင်း၊ ကျွန်ုပ်တို့အပြစ်များ အားလုံးသည် ဖယ်ရှားခြင်းမခံရသေးသောကြောင့်လည်းကောင်း၊ ကျွန်ုပ်တို့သည် သခင်ယေရှုခရစ်တော်၏ကိုယ်အားဖြင့် အသေမခံရ သေးကြသောကြောင့်လည်းကောင်း ကျွန်ုပ်တို့သည် အပြစ်၏ကျေး ကျွန်များအဖြစ် အပြစ်ကျူးလွန်ကြသည်။ ကျွန်ုပ်တို့သည် အပြစ်ကို မုန်းတီးကြသော်လည်း အပြစ်ကျူးလွန်ကြသည်။ ထိုကြောင့် လူ တိုင်းသည် အပြစ်ဖြေလွှတ်ခြင်းခံရကြမည် ဖြစ်သည်။
အပြစ်များဖယ်ရှားပေးခြင်းမခံရသေးသော သင်းအုပ်ဆရာများ သည် ဘုရားသခင်ကို အစေခံခြင်းရပ်တန့်လျှင် ပိုကောင်းသည်။ သူ တို့သည် တရုတ်ကော်ဖီထုတ်ရောင်းချလျှင် ပိုကောင်းပေမည်။ သူတို့ သည် ထိုသို့ပြုလုပ်ရန် ကျွန်တော်အားပေးသည်။ သူတိ့သည် လူများ ကို လှည့်စား၍ ငွေကြေးများစွာရရှိကာ မိမိကိုယ်ကိုကိုယ် ဆက်ကပ် ၍ ဝသောဝက်များဖြစ်လာခြင်းထက် ထိုသို့ပြုလျှင် သူတို့အတွက် ပို ကောင်းပေမည်။
လူတစ်ဉီးသည် မိမိအပြစ်များအားလုံးမှ ကယ်တင်ခြင်းမခံရ သေးလျှင် အပြစ်နှင့် ၎င်း၏ကိုယ်အင်္ဂါများသည် သေခြင်းအသီးကို သာသီးရန် အလုပ်လုပ်သည်။ ကျွန်ုပ်တို့အပြစ်များအားလုံး ဖယ်ရှား ခြင်းခံရပြီးနောက် သန့်ရှင်းသောဝိညာဉ်တော်ရရှိခြင်းအားဖြင့် ကိုယ် တော်၏ကျေးဇူးတော်အောက်၌ ကျွန်ုပ်တို့သည် ကိုယ်တော်ကို အ စေခံနိုင်ကြသည်။ သို့သော် ကျွန်ုပ်တို့သည် ပညတ်တရားအောက်၌ ကိုယ်တော်ကို အစေမခံနိုင်ကြပေ။ ထိုကြောင့် ကိုယ်တော်သည် ကျွန်ုပ်တို့အား “သို့သော် ယခုအခါ ငါတို့သည် ငါတို့ကိုချုပ်နှောင်ထားသောပညတ်တရားအရာ၌ သေဆုံးခဲ့ပြီး ပညတ်တရားမှ ကင်းလွတ်ခွင့်ရကြပြီဖြစ်၍ အက္ခရာတင်ထားသောတရား၏နည်းလမ်းဟောင်းအားဖြင့်မဟုတ်ဘဲ ဝိညာဉ်တော်၏နည်းလမ်းသစ်အားဖြင့် အစေခံလျက်ရှိကြ၏”(ရောမ ၇း၆) ဟု မိန့်တော်မူခဲ့သည်။
 

ပညတ်တရားသည် ကျွန်ုပ်တို့အပြစ်များအား အပြစ် ကျူးလွန်စေသည်

“သို့ဖြစ်လျှင် မည်သို့ဆိုရမည်နည်း။ ပညတ်တရားသည် အပြစ်လော။ လုံးဝမဟုတ်ပေ။ သို့သော် ပညတ်တရားအားဖြင့်မဟုတ်လျှင် အပြစ်ကို ငါသိခဲ့မည်မဟုတ်။ အဘယ်ကြောင့်ဆိုသော် “တပ်မက်သောစိတ်မရှိရ”ဟု ပညတ်တရားက မဆိုထားလျှင် တပ်မက်ခြင်းကို ငါသိခဲ့မည်မဟုတ်။သို့သော် အပြစ်သည် ပညတ်တော်အားဖြင့် အခွင့်ရကာ ငါ၌ တပ်မက်ခြင်းမျိုးစုံကို ဖြစ်ပေါ်စေ၏။ တစ်နည်းဆိုသော် ပညတ်တရားမရှိလျှင် အပြစ်သည် အသေဖြစ်၏။ 9ငါသည် တစ် ချိန်က ပညတ်တရားမပါဘဲ အသက်ရှင်ခဲ့၏။ သို့သော် ပညတ်တော်ရောက်လာသောအခါ အပြစ်သည် ပြန်လည်ရှင်သန်လာပြီး ငါမူကား သေဆုံးခဲ့သဖြင့် အသက်ရှင်ခြင်းသို့ရောက်စေရမည့် ဤပညတ်တော်သည် သေခြင်းသို့ရောက်စေသည်ကို ငါတွေ့၏။ အကြောင်း မူကား အပြစ်သည် ပညတ်တော်အားဖြင့် အခွင့်ရကာ ငါ့ကိုလှည့် ဖြား၍ ထိုပညတ်တော်အားဖြင့် ငါ့ကိုသတ်လေ၏။ ထို့ကြောင့် ပညတ်တရားသည် သန့်ရှင်း၏။ ပညတ်တော်သည်လည်း သန့်ရှင်းဖြောင့်မတ်၍ ကောင်းမြတ်၏။ သို့ဖြစ်လျှင် ဤကောင်းမြတ်သောအရာသည် ငါ့အတွက် သေခြင်းအကြောင်းဖြစ်သလော။ လုံးဝမဟုတ်ပေ။ ငါ့အတွက် သေခြင်းအကြောင်းဖြစ်သောအရာမှာ အပြစ်ပင်ဖြစ်၍ အပြစ်သည် အပြစ်ဖြစ်ကြောင်း ထင်ရှားစေရန် ဤကောင်း မြတ်သောအရာအားဖြင့် ငါ၌ သေခြင်းကိုဖြစ်ပေါ်စေ၏။ ဤသို့ဖြင့် အပြစ်သည် ပညတ်တော်အားဖြင့် အတိုင်းထက်အလွန် အပြစ်များသောအရာဖြစ်လာ၏” (ရောမ ၇း၇-၁၃)။
ကျွန်ုပ်တို့အပြစ်များသည် ပို၍အပြစ်ကြီးစေရန် ဘုရားသခင် သည် ပညတ်တရားကို ပေးအပ်တော်မူခဲ့သည်ဟု ရှင်ပေါလုက ပြော ကြားခဲ့သည်။ သူက “သို့ဖြစ်၍ ပညတ်တရားနှင့်ဆိုင်သောအကျင့်အားဖြင့် မည်သူမျှ ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရမည်မဟုတ်။ အကြောင်းမူကား ပညတ်တရားအားဖြင့် အပြစ်အကြောင်းကိုသိရှိရုံမျှသာဖြစ်၏”(ရောမ ၃း၂၀)ဟု ပြောခဲ့သည်။ သို့သော် ခရစ်ယာန်အများစုတို့သည် ပညတ်တရား၏ ဖြောင့်မတ်ခြင်းကိုလိုက်လံနေကြစဉ် ပညတ်တရားအားဖြင့် အသက် ရှင်ရန် ကြိုးစားနေကြသည်။ ထိုကြောင့် ဒုတိယ မွေးဖွားခြင်းမခံ ရသေးသော သင်းအုပ်ဆရာများစွာတို့သည် လူများအား ပညတ် တော်မနာခံသောကြောင့် ဖျားနာနေကြသည်ကိုလည်းကောင်း၊ သူ တို့သည် ပညတ်တရားအားဖြင့် အသက်ရှင်မှသာလျှင် သူတို့ဖျားနာ ခြင်းမှ ကျန်းမာခြင်းရရှိနိုင်ကြမည်ကိုလည်းကောင်း တိုက်တွန်းကြ သည်။
ပညတ်တရားနာမခံခြင်းသည် ကျွန်ုပ်တို့ရောဂါများအားလုံးကို ဖြစ်စေသည် ကျွန်ုပ်တို့အမှန်အကန် နိဂုံးချုပ်နိုင်ကြမည်လော။ များ စွာသောခရစ်ယာန်များ၊ အမှုတော်ဆောင်များနှင့် နောက်လိုက်သူ များတို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်နှင့်အညီ အသက်မရှင် နိုင်ကြသောကြောင့် အဆင်မပြေပေဟု တွေးတတ်ကြသည်။ သူတို့ သည် မိမိအပြစ်များကြောင့် ဖျားနာနေကြသည်ဟု တွေးတတ်ကြ သည်။ ထိုကြောင့် သူတို့သည် အပြစ်တရားကို ကြောက်ကြသည်။ သူတို့သည် နေ့တိုင်း ငိုကြွေးကြသည်။ သူတို့သည် ကျမ်းစာပြော သော “ပို၍ ငိုကြွေးပါ။ မရပ်မနားငိုကြွေးပါ။ အရာခပ်သိမ်း၌ ငိုကြွေး ပါ”ကျမ်းချက်ကို ထည့်သွင်းကြသည်။ သို့သော် သမ္မာကျမ်းစာက “အစဉ်ဝမ်းမြောက်ကြလော့။အမြဲမပြတ် ဆုတောင်းကြလော့။ အရာ ရာ၌ ကျေးဇူးတော်ချီးမွမ်းကြလော့။ အကြောင်းမူကား သင်တို့သည် ထိုသို့ပြုကြရန် ခရစ်တော်ယေရှု၌ ဘုရားသခင်အလိုရှိတော်မူ၏” (၁သက် ၅း၁၆-၁၈)ဟု ပြောသည်။ သို့သော် မိစ္ဆာသင်းအုပ်ဆရာများ က ငိုကြွေးခြင်းသည် ယုံကြည်ခြင်း၏ အမှတ်အသားများဖြစ်သည် ဟု သတ်မှတ်သောကြောင့် သူတို့သည် လူများအား ပို၍ငိုကြွေးရန်၊ မရပ်မနားငိုကြွေးရန် သွန်သင်ကြသည်။
ငိုကြွေးသူများသည် ကောင်းသောယုံကြည်ခြင်းများရှိကြသည် ဟု ပညတ်တရားယုံကြည်သူများက ကြွေးကြော်ကြသည်။ ဒုတိယ မွေးဖွားခြင်းမခံရသေးသော မိစ္ဆာသင်းအုပ်ဆရာများက ငိုကြွေးသော အမျိုးသမီးတစ်ဉီးကို သင်းထောက်လူကြီးနှင့် မျက်ရည်ကျတတ် သော ခရစ်ယာန်အမျိုးသားတစ်ဉီးအား သင်းအုပ်ဆရာအဖြစ် တာ ဝန်ခန့်အပ်ကြသည်။ သင်သည် အမှန်အကန်ငိုကြွေးလျှင် ဘုရား ကျောင်း၌ မငိုပါနှင့်။ အိမ်၌ မငိုပါနှင့်။ သခင်ယေရှုသည် ဘာကြောင့် ကားစင်တင်ခံတော်မူခဲ့သနည်း။ ကျွန်ုပ်တို့ကို ကလေးငယ်ကဲ့သို့ ငို ကြွေးရန်အတွက်လော။ လုံးဝမဟုတ်ပေ။ သခင်ယေရှုသည် ကျွန်ုပ် တို့၏ငိုကြွေးခြင်း၊ ကျိန်ခြင်းများ၊ အနာရောဂါများနှင့်ဝေဒနာများကို တစ်ကြိမ်တည်းယူဆောင်သွားတော်မူခဲ့သောကြောင့် ကိုယ်တော်၏ အသေခံခြင်းသည် ကျွန်ုပ်တို့အား နောက်ထပ်မငိုစေဘဲ ဝမ်းမြောက် စွာ အသက်ရှင်‌စေသည်။ ထိုကြောင့် သူတို့သည် ဘာကြောင့် ငိုကြွေး ကြသနည်း။ သူတို့သည် ဒုတိယမွေးဖွားခြင်းခံရသော ဘုရားသခင်၏ အသင်းတော်၌ ငိုကြွေးရန် ကြိုးစားနေလျှင် သူတို့ကို အိမ်သို့ ပြန်ပို့ ရမည် ဖြစ်သည်။
 

ဒုတိယမွေးဖွားခြင်းခံရသူနှင့် မခံရသူများ၏ခြားနားချက် မှာ အဘယ်အရာနည်း

ပညတ်တရားသည် မှားယွင်းမှုမရှိပေ။ ပညတ်တရားသည် စင် ကြယ်သည်။ ကျွန်ုပ်တို့သည် မဖြောင့်မတ်ကြသည့်အချိန်တွင် ပ ညတ်တရားသည်ဖြောင့်မတ်သည်။ ကျွန်ုပ်တို့သည် အာဒံ၏အမျိုးအ နွယ်များအဖြစ် အပြစ်ဖြင့် မွေးဖွားလာခဲ့ကြသောကြောင့် ကျွန်ုပ်တို့ သည် ပညတ်တော်နှင့်ဆန့်ကျင်ဘက် ဖြစ်ကြသည်။ ကျွန်ုပ်တို့သည် မလုပ်သင့်သောအရာကို လုပ်ကြသည်။ ကျွန်ုပ်တို့သည် လုပ်သင့် လုပ်ထိုက်သောအရာကို မလုပ်နိုင်ကြပေ။ ထိုကြောင့် ပညတ်တရား သည် ကျွန်ုပ်တို့အား အပြစ်ပို၍ ကျူးလွန်စေသည်။
“ပညတ်တရားသည် ဝိညာဉ်ရေးနှင့်ဆိုင်ကြောင်း ငါတို့သိကြ၏။ သို့ရာတွင် ငါသည် သွေးသားဇာတိ၌ရှိသူဖြစ်ပြီး အပြစ်တရား၏လက်အောက်တွင် ရောင်းစားခြင်းခံရသူဖြစ်၏။ ငါသည် မိမိပြုနေသည့်အမှုကိုပင် ကိုယ်တိုင်နားမလည်ပေ။ အဘယ်ကြောင့်ဆိုသော် ငါသည် ကိုယ်ပြုလိုသောအရာကို မပြုဘဲ ကိုယ်မုန်းသောအရာကို ပြုနေ၏။ ထိုသို့ ငါသည် ကိုယ်မပြုလိုသောအရာကို ပြုနေသည်ဆိုလျှင် ပညတ်တရားကောင်းမြတ်ကြောင်းကို ဝန်ခံခြင်းဖြစ်၏။ သို့ဖြစ်လျှင် ထိုအရာကိုပြုသောသူမှာ ငါမဟုတ်တော့ဘဲ ငါ့အထဲ၌ကိန်းအောင်းနေသော အပြစ်ပင်ဖြစ်၏။ ငါ့အထဲ၌ တစ်နည်းအားဖြင့် ငါ၏သွေးသားဇာတိထဲ၌ ကောင်းသောအရာတစ်စုံတစ်ခုမျှ ကိန်း အောင်းနေခြင်းမရှိကြောင်း ငါသိ၏။ အဘယ်ကြောင့်ဆိုသော် ကောင်းသောအမှုကိုပြုလိုသောဆန္ဒသည် ငါ၌ရှိသော်လည်း ၎င်းကို ပြုနိုင်စွမ်းမရှိ။ အကြောင်းမူကား ငါသည် ကိုယ်ပြုလိုသည့် ကောင်းသောအမှုကိုမပြုဘဲ မပြုလိုသည့် မကောင်းသောအမှုကို ပြုနေ၏။ သို့သော် ကိုယ်မပြုလိုသောအရာကို ငါပြုနေသည်ဆိုလျှင် ၎င်းကို ငါကိုယ်တိုင်ပြုသည်မဟုတ်တော့ဘဲ ငါ့အထဲ၌ကိန်းအောင်းနေသောအပြစ်က ပြုခြင်းဖြစ်၏။ သို့ဖြစ်၍ ကောင်းသောအမှုကိုပြုလိုသောငါ၌ မကောင်းသောအမှုရှိနေသည်ဟူသောသဘောတရားကို ငါတွေ့၏။တစ်နည်းဆိုသော် ငါသည် အတွင်းဝိညာဉ်လူအားဖြင့် ဘုရား သခင်၏တရားတော်၌ နှစ်သက်ဝမ်းမြောက်လျက်ရှိသော်လည်း ငါ၏ကိုယ်အင်္ဂါများ၌ အခြားသောတရားရှိ၍ ၎င်းတို့သည် ငါ့စိတ်နှလုံး၏တရားနှင့် တိုက်ခိုက်လျက်နေသဖြင့် ငါ၏ကိုယ်အင်္ဂါများ၌ရှိသည့် အပြစ်နှင့်ဆိုင်သောတရားအားဖြင့် ငါ့ကိုဖမ်းဆီးချုပ်နှောင်ထားသည်ကို ငါမြင်၏။ ငါသည် အလွန်စိတ်ပျက်ဖွယ်ကောင်းသောသူဖြစ်ပေ၏။ မည်သူသည် သေခြင်းနှင့်ဆိုင်သော ဤကိုယ်ခန္ဓာမှ ငါ့ကို ကယ်နုတ်မည်နည်း”(ရောမ ၇း၁၄-၂၄)။
ဤကျမ်းချက်မတိုင်မီ သူအပါအဝင် ရှင်ပေါလုက ကျွန်ုပ်တို့ အားလုံးသည် ပညတ်တရားအားဖြင့် တရားစီရင်ခြင်းခံသင့်သည်ဟု ပြောသည်။ သခင်ယေရှု၏ကိုယ်ခန္ဓာအားဖြင့် ပညတ်တရား၏အ မျက်တော်နှင့် တရားစီရင်ခြင်းများအားလုံးကို ခံရသောသူများသာ လျှင် ဘုရားအတွက် ဖြောင့်မတ်ခြင်းအသီးများကို သီးနိုင်ကြသည်ဟု သူပြောသည်။ ထိုသူ၌ ကောင်းသောအရာမကိန်းဝပ်သည်ကိုလည်း ကောင်း၊ ဒုတိယမွေးဖွားခြင်းမခံရသောသူသည် အပြစ်ကိုသာပြု သည်ကိုလည်းကောင်း သူပြောသည်။ ထိုကြောင့် ဒုတိယမွေးဖွား ခြင်းခံရသောသူသာလျှင် အသီးသီးသည်။ သို့သော် အရာနှစ်ခုတို့အ ကြား ခြားနားချက်ကို ကွက်ကွက်ကွင်းကွင်းမြင်တွေ့နိုင်သည်။ ဒုတိ ယမွေးဖွားခြင်းခံရ‌သောသူများသည် ဇာတိပကတိနှင့်ဝိညာဉ်ပကတိ ရှိကြသည်။ ထိုကြောင့် သူတို့၌ ဆန္ဒအမျိုးအစားနှစ်မျိုးရှိကြသည်။ သို့သော် ဒုတိယမွေးဖွားခြင်းမခံရသေးသောသူများသည် ဇာတိအ သွေးအသားတပ်မက်မှုသာရှိကြ၍ အပြစ်ပြရန်သာ ဆန္ဒရှိကြသည်။ ထိုကြောင့် သူတို့လိုချင်သောအရာအားလုံးသည် လှပမှုနှင့် အပြစ်အ ဆက်မပြတ်ပြုခြင်းသာ ဖြစ်သည်။ ဤအရာသည် ဒုတိယမွေးဖွား ခြင်းမခံရသောသူများ၏ဘဝ၌ သူတို့၏ပန်းတိုင် ဖြစ်သည်။
အပြစ်သည် လူများကို အပြစ်ကျူးလွန်စေသည်။ ရောမ ၇း၂၀ တွင် “သို့သော် ကိုယ်မပြုလိုသောအရာကို ငါပြုနေသည်ဆိုလျှင် ၎င်းကို ငါကိုယ်တိုင်ပြုသည်မဟုတ်တော့ဘဲ ငါ့အထဲ၌ကိန်းအောင်းနေသောအပြစ်က ပြုခြင်းဖြစ်၏”ဟု ပြောသည်။ ဒုတိယမွေးဖွားခံခဲ့ သောနှလုံးသား၌ အပြစ်ရှိသလော။ မရှိပေ။ ဒုတိယမွေးဖွားခြင်းမခံရ သောသူများ၏နှလုံးသားများ ၌အပြစ်ရှိသလော။ ရှိသည်။ သင်သည် မိမိနှလုံးသား၌ အပြစ်ရှိလျှင် အပြစ်သည် ဇာတိပကတိ၌ အလုပ် လုပ်၍ သင့်အား ပို၍များပြား သောအပြစ်များကို ပြုစေသည်။ “သို့သော် ကိုယ်မပြုလိုသောအရာကို ငါပြုနေသည်ဆိုလျှင် ၎င်းကို ငါကိုယ်တိုင်ပြုသည်မဟုတ်တော့ဘဲ ငါ့အထဲ၌ကိန်းအောင်းနေသောအပြစ်က ပြုခြင်းဖြစ်၏။”လူသားများသည် အပြစ်ဖြင့် မွေးဖွားလာ ကြသောကြောင့် သူတို့ဘဝတစ်လျှောက် အပြစ်ကိုသာ ကျူးလွန်ကြ သည်။
ဒုတိယမွေးဖွားခြင်းခံရသောသူများသည် ဝိညာဉ်တော်၏အသီး များကို ဝေဆာစွာ သီးနိုင်ကြသည်။ သို့သော် ဒုတိယမွေးဖွားခြင်းမခံ ရသောသူများသည် ဤသို့သော အသီးများကို မသီးနိုင်ကြပေ။ သူတို့ သည် သူတပါးအပေါ် ဂရုဏာတရားမရှိကြပေ။ အချို့တို့သည် မိမိ သားသမီးများက သူတို့ကို မနာခံကြလျှင် သူတို့ကိုပင် သတ်ဖြတ်ကြ သည်။ သူတို့နှလုံးသားများမှ ရက်စက်ကြမ်းကြုတ်မှုများကို ထွက် လာ၍ သူတို့သားသမီးများသည် သူတို့ကို နာမခံကြသောအခါ သူတို့ နှလုံးသားများ၌ သားသမီးတို့ကို သတ်ကြသည်။ သူတို့သည် မိမိနှ လုံးသားဖြင့် မိမိသားသမီးများကို အမှန်အကန်မသတ်ကြသော် လည်း သူတို့သည် သူတို့ကို မရေတွက်နိုင်အောင် ကြိမ်ဖန်များစွာ သတ်ကြသည်။
ဤတွင် ကျွန်တော်ပြောကြားသောအရာကို သင်နားလည်သ လော။ သို့သော် ဖြောင့်မတ်သူများသည် ဤသို့သောအရာကို မလုပ် ဆောင်နိုင်ကြပေ။ သူတို့သည် ငြင်းခုံမှုများ ရှိနိုင်ကြသော်လည်း ရက် စက်ကြမ်းကြုန်သောနှလုံးသားမရှိကြပေ။ သူတို့သည် သူတပါးကဲ့ သို့ ရက်စက်ကြမ်းကြုတ်မှုများနှင့် အမျက်ဒေါသများစွာဖြင့် ပြည့်နေ ခဲ့ကြသည်။
ဖြောင့်မတ်သူများသည် မတူညီသောအမြင်များအပေါ် ငြင်းခုံမှု များပြုသောသူများအပေါ်၌ပင်လျှင် မိမိနှလုံးသားများဖြင့် လူများအ ပေါ် ဂရုဏာရှိချင်ကြသည်။ “သို့ဖြစ်၍ ကောင်းသောအမှုကိုပြုလိုသောငါ၌ မကောင်းသောအမှုရှိနေသည်ဟူသောသဘောတရားကို ငါတွေ့၏။” လူသားများသည် ဘုရားသခင်ပုံသဏ္ဌာန်တော်နှင့်အ ညီ ဖန်ဆင်းခဲ့‌ကြောင့် သူတို့သည် ကောင်းသောအရာကို ပြုချင်ကြ သည်။ သို့သော် သူတို့နှလုံးသားများ၌ အပြစ်များရှိသေး၍ သူတို့ထဲမှ ဆိုးသွမ်းသောအရာများကိုသာ ထွက်လာခဲ့သည်။
ဒုတိယမွေးဖွားခြင်းမခံရသေးသောခရစ်ယာန်များသည် “ငါက ကောင်းသောအရာလုပ်ချင်သော်လည်း မလုပ်နိုင်ပေ။ ဘာကြောင့် မ လုပ်နိုင်သည်ကို ငါမသိပါ”ဟု ညည်းတွား၍ အချင်းချင်း ပြောကြ သည်။ သူတို့သည် ကယ်တင်ခြင်းမခံရသေးသောအပြစ်သားများဖြစ် ကြသောကြောင့် သူတို့သည် ကောင်းမှုမပြုနိုင်ကြသည်ဟု သူတို့သိ ရကြမည် ဖြစ်သည်။ သူတို့သည် မိမိနှလုံးသားများ၌ အပြစ်ရှိကြ သောကြောင့် သူတို့သည် ကောင်းသောအရာ မလုပ်နိုင်ကြပေ။ ဒုတိ ယမွေးဖွားခြင်းခံရသောသူများသည် ဝိညာဉ်တော်၏အလိုတော်များ နှင့် ဇာတိပကတိတပ်မက်မှုများရှိကြသည်။ သို့သော် ဒုတိယမွေးဖွား ခြင်းမံရသေးသောသူများသည် ဝိညာဉ်တော်မရှိကြပေ။ ဤအရာ သည် ဒုတိယမွေးဖွားခြင်းခံရသူများနှင့် မခံရသူများ ခြားနားစေသော မတူညီသောသော့ချက် ဖြစ်သည်။
ရှင်ပေါလုသည် အခန်းကြီး ၇တွင် ဒုတိယမွေးဖွားခြင်းမခံရ သေးသောသူ၏အခြေအနေအကြောင်းကို ပြောကြားသည်။ သူသည် ရောမ ၇း၁မှ ပညတ်တော်ကို ရှင်းပြခဲ့ပြီးနောက် သူလုပ်ချင်သော ကောင်းမှုမလုပ်နိုင်သည်ဟု သူပြောသည်။ သို့သော် သူသည် မလုပ် ချင်လိုသောဆိုးသောအရာများကို ပြုခဲ့သည်။ တစ်နည်းအားဖြင့် ရှင် ပေါလုသည် အပြစ်ပြုရန် ဆန္ဒမရှိဘဲ ကောင်းသောအရာများကိုသာ လုပ်ချင်ခဲ့သည်။ သို့သော် သူသည် မလုပ်ချင်လိုသောအရာများကို သာ တိကျစွာ လုပ်ဆောင်နိုင်ခဲ့သည်။ သူသည် မိမိနှလုံးသား၌ အမှန် အကန်လုပ်ဆောင်လိုသောအရာများကို မလုပ်ဆောင်နိုင်သည်ကို တွေ့ခဲ့သည်။ “ငါသည်ငြိုငြင်သောသူဖြစ်ပါသည်တကား၊ ဤအသေ ကောင်မှ ငါ့ကို အဘယ်သူ ကယ်လွှတ်မည်နည်း။” သူသည် ဤဆိုး သောကံကြမ္မာအတွက် ညည်းတွားသည်။ သို့သော် သူသည် “ငါတို့ သခင်ယေရှုခရစ်အားဖြင့် ကယ်လွှတ်တော်မူသော ဘုရားသခင်၏ ကျေးဇူးတော်ကြီးလှပေ၏”ဟု ပြော၍ ကိုယ်တော်၏နာမတော်ကို ချက်ချင်းချီးမွမ်းသည်။ 
ဤအရာသည် အဘယ်အရာဆိုလိုသည်ကို သင်နားလည်သ ဘောပေါက်သလော။ ဒုတိယမွေးဖွားခြင်းခံသော ကျွန်ုပ်တို့သည် သူ ပြောသောအရာကို နားလည်သဘောပေါက်နိုင်ကြသော်လည်း ဒုတိ ယမွေးဖွားခြင်းမခံရသေးသောသူများသည် ထိုအကြောင်းကို နားမ လည်နိုင်ကြပေ။ ပုစဉ်းရင်ကွဲမဖြစ်လာသေးသော ပိုးကောင်များ သည် ပုစဉ်းရင်ကွဲပြောသောအရာများကို နားမလည်နိုင်ကြပေ။ “အ မေလေ။ ငါသည် သစ်ပင်ပေါ်မှာ တစ်ရက်လျှင် နာရီပေါင်းများစွာ သီ ချင်းများစွာ ဆိုတယ်။ လေသည် အရမ်းအေးချမ်းတယ်။” ပိုးကောင် က မြေကြီးမှာ“ဟုတ်သလား။ လေက ဘာလဲ”ဟု ပြန်ပြောနိုင်သည်။ သူသည် ပုစဉ်းရင်ကွဲပြောသောအရာများကို နားမလည်နိုင်ပေ။ သို့ သော် ပုစဉ်းရင်ကွဲက လေသည် အဘယ်အရာဖြစ်သည်ကို မသိပေ။
ရှင်ပေါလုသည် ဒုတိယမွေးဖွားခြင်းခံခဲ့သောကြောင့် သူက ဒုတိ ယမွေးဖွားခြင်းခံရသောသူများနှင့် မခံသေးသောသူများအကြားမတူ ညီမှုသည်အဘယ်အရာဖြစ်သည်ကို တိကျစွာ ရှင်းပြနိုင်ခဲ့သည်။ သူ့ ကိုကယ်တင်ခဲ့သော ကယ်တင်ရှင်မှာ သခင်ယေရှုခရစ်တော်ဖြစ် သည်ဟု သူပြောသည်။ သခင်ယေရှုခရစ်တော်သည် ကျွန်ုပ်တို့အား ကယ်တင်တော်မူခဲ့သလော။ ဟုတ်ပါသည်။ ကယ်တင်တော်မူခဲ့ သည်။ “သို့ဖြစ်၍ ကောင်းသောအမှုကိုပြုလိုသောငါ၌ မကောင်းသောအမှုရှိနေသည်ဟူသောသဘောတရားကို ငါတွေ့၏။”
အပြစ်များဖြေလွှတ်ခြင်းခံရသောသူများသည် နှလုံးသားများ ဖြင့် ဘုရားသခင်၏ပညတ်တော်ကိုအစေခံကြသည်။ သူသည် ဇာတိ ပကတိဖြင့်မည်သည့်အရာကို အစေခံကြသနည်း။ သူတို့သည် ဇာတိ ပကတိဖြင့် အပြစ်၏ပညတ်ကို အစေခံကြသည်။ ဇာတိပကတိသည် လုံးဝ မပြောင်းလဲသောကြောင့် ၎င်းသည် အပြစ်ပြုရန် ဆန္ဒရှိသည်။ ဇာတိပကတိသည် ဇာတိပကတိအရာများကိုသာ လိုချင်၍ ဝိညာဉ် တော်သည် ဝိညာဉ်တော်အရာများကို လိုချင်ကြသည်။ ထိုကြောင့် အပြစ်များယူဆောင်သွားခြင်းခံရသောသူများအထဲ၌ ယခုတွင် သန့် ရှင်းသောဝိညာဉ်တော်သည် ကိန်းဝပ်တော်မူသောကြောင့် သူတို့ သည် ကိုယ်တော်၏နောက်တော်သို့ လိုက်လျှောက်နိုင်၍ လိုက် လျှောက်လိုကြသည်။ သို့သော် အပြစ်များဖြေလွှတ်ခြင်းမခံရသေး သောသူများသည် သူတို့စိတ်များနှင့် ဇာတိပကတိနှစ်ခုစလုံးဖြင့် အ ပြစ်ကိုသာပြုကြ၍ လိုက်လျှောက်ကြသည်။ ယခုတွင် အပြစ်များ ဖြေလွှတ်ခြင်းခံရသောဒုတိယမွေးဖွားခြင်းခံရသောသူများသည် ဇာ တိပကတိက အပြစ်ကိုသာ လိုက်လျှောက်လျှင်လည်း သူတို့စိတ်များ သည် ဘုရားသခင်ကိုသာ လိုက်လျှောက်ကြသည်။
 

သခင်ယေရှုခရစ်တော်၌ ဝိညာဉ်ရေးရာဘဝ၏ပညတ် သည် အပြစ်နှင့်သေခြင်းပညတ်မှ ကျွန်ုပ်တို့အား လွှတ်မြောက်စေခဲ့သည်

ကျွန်ုပ်တို့ယခုတွင် ရောမ ၈း၁ကို ချန်ထားကြပါစို့။ သခင်ယေရှု ၏ကယ်တင်ခြင်းကို ယုံကြည်ခြင်းအားဖြင့် အပြစ်များဖယ်ရှားပေး ခြင်းခံရသောသူများသည် အပြစ်သားများအဖြစ် မွေးဖွားခဲ့ကြသော် လည်း သူတို့သည် ဘုရားသခင်၏ပညတ်တော်အားဖြင့် တရားစီရင် ခြင်းကို လုံးဝမခံရတော့ပေ။ “ထို့ကြောင့် ယခုအခါ ခရစ်တော်ယေရှု၌ရှိသောသူတို့သည် ပြစ်ဒဏ်စီရင်ခြင်းမခံရ။ အကြောင်းမူကား ခရစ် တော်ယေရှု၌ရှိသည့် အသက်ရှင်ခြင်း၏ဝိညာဉ်တော်နှင့်ဆိုင်သောတ ရားသည် အပြစ်နှင့်သေခြင်းတို့နှင့်ဆိုင်သောတရားမှ သင့်ကိုလွတ် မြောက်စေပြီဖြစ်၏”(ရောမ ၈း၁-၂)။
ထိုကြောင့် ယခုတွင် သခင်ယေရှုခရစ်တော်၌ရှိသောသူများအ တွက် တရားစီရင်ခြင်းမရှိတော့ပေ။ တရားစီရင်ခြင်းမရှိပေ။ ဒုတိယ မွေးဖွားခြင်းခံရသောသူများသည် အပြစ်မရှိပေ။ သူတို့အပေါ် တရား စီရင်ခြင်းမရှိနိုင်တော့ပေ။ သခင်ယေရှုခရစ်တော်၌ ဝိညာဉ်တော်၏ အသက်ပညတ်သည် အပြစ်နှင့်သေခြင်းပညတ်မှ သူတို့ကို နှလုံးသား များ၌အပြစ်မရှိသောသူများကို ကယ်တော်မူခဲ့သောကြောင့် သူတို့ သည် အပြစ်နှင့်ကင်းစင်သည်။ ကိုယ်တော်သည် အသက်၏မူလ ဖြစ် သည်။ ကိုယ်တော်သည် ဘုရားသခင်၏သိုးသငယ်တော်ဖြစ်၍ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ပဋိသန္ဓေတည်၍ ယောဒန်မြစ်၌ ယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် မိမိအပေါ်သို့ လော ကအပြစ်များအားလုံးကို ယူဆောင်သွားတော်မူခဲ့သည်။ ကိုယ်တော် သည် ကျွန်ုပ်နေရာတွင် တရားစီရင်ခြင်းခံတော်မူ၍ အသေခံတော်မူ ခဲ့သည်။ ကိုယ်တော်သည် ဤအရာအားဖြင့် ကျွန်ုပ်တို့အပြစ်များ အားလုံးကို အကုန်အစင် ယူဆောင်သွားတော်မူခဲ့သည်။
ထိုနောက် ကျွန်ုပ်တို့သည် အပြစ်များကြောင့် တဖန်သေရကြ မည်လော။ ကျွန်ုပ်တို့သည် တရားစီရင်ခြင်းခံရရန် တစ်စုံတစ်ခုရှိသ လော။ သခင်ယေရှုခရစ်တော်သည် ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် ကျွန်ုပ်တို့အပြစ်များအားလုံးကို ကိုယ်တော့်အပေါ်သို့ လွှဲပြောင်းလျှင် ကျွန်ုပ်တို့မှာ အပြစ်ရှိသလော။ လုံးဝမရှိတော့ပေ။ ကိုယ်တော်သည် ယောဒန်မြစ်၌ ဗတ္တိဇံခံယူခြင်း၊ ကျွန်ုပ်တို့နေရာတွင် ကားတိုင်ပေါ် တွင်အသေခံခြင်းနှင့် အပြစ်သားများအားလုံးကို ကယ်တင်တော်မူ ရန် သုံးရက်မြောက်သောနေ့၌ သေခြင်းမှ ရှင်ပြန်ထမြောက်တော်မူ သောကြောင့် ကျွန်ုပ်တို့သည် တရားစီရင်ခြင်းခံရရန် မလိုအပ်ပေ။
ပညတ်တော်သည် အမျက်တော်အကြောင်းကိုသာ ယူဆောင် နေစဉ် ဘုရားသခင်၏ကယ်တင်ခြင်းသည် ကျွန်ုပ်တို့အား ကိုယ် တော်၏တရားစီရင်ခြင်းမှ လွှတ်မြောက်စေသည်။ “အကြောင်းမူ ကား ခရစ်တော်ယေရှု၌ရှိသည့် အသက်ရှင်ခြင်း၏ဝိညာဉ်တော်နှင့် ဆိုင်သောတရားသည် အပြစ်နှင့်သေခြင်းတို့နှင့်ဆိုင်သောတရားမှ သင့် ကိုလွတ် မြောက်စေပြီဖြစ်၏။” ဘုရားသခင်၏အမျက်တော် သည် အပြစ်ပြုသောသူများအပေါ် ထင်ရှားသည်။ ဘုရားသခင်သည် သူတို့ကို အပ္ပါယ်ငရဲသို့ ချတော်မူ သည်။ သို့သော် ကိုယ်တော်သည် အပြစ်များအားလုံးကို ကျွန်ုပ်တို့နှလုံးသားများမှ ယူဆောင်သွားတော် မူခြင်းအားဖြင့် အပြစ်နှင့်သေခြင်းပညတ်မှ ကျွန်ုပ်တို့အား လွှတ် မြောက်စေတော်မူခဲ့သည်။ ကိုယ်တော်သည် သခင်ယေရှုခရစ်တော် ၌ရှိသော ယုံကြည်သူများကို အပြစ်မှ လွှတ်မြောက်စေတော်မူခဲ့ သည်။ သင်၏အပြစ်များသည် ယူ ဆောင်သွားခြင်းခံခဲ့သလော။
“ဘုရားသခင်သည် မိမိ၏သားတော်ကို အပြစ်နှင့်ပြည့်ဝသည့် သွေးသားဇာတိနှင့်တူညီသောသဏ္ဌာန်၌ အပြစ်အတွက်စေလွှတ်တော်မူ၍ သွေးသားဇာတိ၌ရှိသောအပြစ်ကို ဒဏ်ခတ်တော်မူပြီး သွေးသားဇာတိကြောင့် အားနည်း၍ ပညတ်တရားမဆောင်ရွက်နိုင်သောအမှုကို ဆောင်ရွက်ပေးတော်မူ၏။ ဤသည်ကား သွေးသားဇာတိအလိုအတိုင်းမဟုတ်ဘဲ ဝိညာဉ်တော်အလိုအတိုင်း အသက်ရှင်လျှောက်လှမ်းနေကြသောငါတို့၌ ပညတ်တရား၏ပြဋ္ဌာန်းချက်များ ပြည့်စုံစေရန်ဖြစ်၏”(ရောမ ၈း၃-၄)။
ဇာတိပကတိသည်အားနည်း၍ ပညတ်တော်၏ဖြောင့်မတ် သော ‌တောင်းဆိုချက်ကို မနာခံနိုင်ပေဟု ဤတွင် ကိုယ်တော်သည် ကျွန်ုပ်တို့အား ရှင်းလင်းစွာ ပြောကြားတော်မူသည်။ ဘုရားသခင်၏ ပညတ်တော်သည် ကောင်း၍လှပသော်လည်း ဇာတိပကတိသည် အ လွန်အားနည်းသောကြောင့် ကျွန်ုပ်တို့သည် ပညတ်အားဖြင့် အသက် မရှင်နိုင်ကြပေ။ ဘုရားသခင်၏ပညတ်တော်သည် ကျွန်ုပ်တို့အား ပြည့်စုံခြင်းရှိရန် တောင်းဆိုသည်။ ၎င်းသည် ကျွန်ုပ်တို့အား ဘုရားသ ခင်၏ပညတ်တော်ကို အပြည့်အဝနာခံခြင်းရှိရန် တောင်းဆိုသည်။ သို့သော် ဇာတိပကတိသည် အားနည်းသောကြောင့် ပညတ်တော်၏ တောင်းဆိုမှုများအားလုံးအားဖြင့် အသက်မရှိနိုင်ပေ။ ထိုကြောင့် ပ ညတ်တော်သည် ကျွန်ုပ်တို့အပေါ် အမျက်ဒေါသကို ယူဆောင်လာ သည်။ သို့သော် ကျွန်ုပ်တို့သည် တရားစီရင်ခြင်းခံရမည်ဆိုပါက သ ခင်ယေရှုသည် အဘယ်အရာအတွက် ဖြစ်တော်မူသနည်း။
ဘုရားသခင်သည် ကျွန်ုပ်တို့အား ကယ်တင်တော်မူရန် တစ်ပါး တည်းသောသားတော်ကို စေလွှတ်တော်မူခဲ့သည်။ ဘုရားသခင် သည် ကျွန်ုပ်တို့အပြစ်များကြောင့် မိမိသားတော်ကို အပြစ်ရှိသောသူ သဏ္ဌာန်အားဖြင့်စေလွှတ်တော်မူ၍ မိမိဖြောင့်မတ်ခြင်းကို ကျွန်ုပ်တို့ အား ချပေးတော်မူခဲ့သည်။ သခင်ယေရှုသည် ဇာတိပကတိသဏ္ဌာန် အားဖြင့် လောကသို့ စေလွှတ်ခြင်းခံတော်မူခဲ့သည်။ “ဘုရားသခင်သည် မိမိ၏သားတော်ကို အပြစ်နှင့်ပြည့်ဝသည့် သွေးသားဇာတိနှင့်တူညီသောသဏ္ဌာန်၌ အပြစ်အတွက်စေလွှတ်တော်မူ၍ သွေးသားဇာတိ၌ရှိသောအပြစ်ကို ဒဏ်ခတ်တော်မူပြီ။” ဘုရားသခင်သည် ကျွန်ုပ်တို့အပြစ်များအားလုံးကို သခင်ယေရှုအပေါ်သို့ လွှဲပြောင်း တော်မူခဲ့သောကြောင့် ဇာတိပကတိနောက်သို့မလိုက် သင့်၊ ဝိညာဉ် ပကတိနောက်သို့လိုက်သင့်သော ကျွန်ုပ်တို့၌ ပညတ် တော်၏ဖြောင့် မတ်ခြင်းတောင်းဆိုမှုများကို ပြည့်စုံစေနိုင်ခဲ့သည်။ သခင်ယေရှုခရစ် တော်ကို နှလုံးသားဖြင့် ယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့အပြစ်များ ဖယ်ရှားခြင်းခံရသည်။ ကျွန်ုပ်တို့အတွက် သခင် ယေရှုခရစ်တော်ပြု တော်မူခဲ့သောအရာကို ဝန်ခံကြသောအခါ ကျွန်ုပ်တို့အပြစ်များ ဖယ် ရှားခြင်းခံရသည်။
 

ဝိညာဉ်ပကတိနှင့် ဇာတိပကတိနှင့်အညီ အသက် ရှင်သူများ

ခရစ်ယာန်များအမျိုးအစားနှစ်မျိုးရှိသည်။ သူတို့၏အတွေးအ ခေါ်များ နောက်လိုက်သူများနှင့် သမ္မာတရားနှုတ်ကပတ်တော် နောက်လိုက်သူများ ဖြစ်ကြသည်။ ပထမသည် ပျက်စီးလိမ့်မည်။ ဒု တိယသည် ကယ်တင်ခြင်းခံရ၍ ‌ဖြောင့်မတ်သူဖြစ်လာနိုင်သည်။
“သွေးသားဇာတိအလိုအတိုင်း အသက်ရှင်သောသူတို့သည် သွေးသားဇာတိနှင့်ဆိုင်သောအရာများကို စွဲလမ်းကြ၏။ ဝိညာဉ်တော်အလိုအတိုင်း အသက်ရှင်သောသူတို့မူကား ဝိညာဉ်တော်နှင့်ဆိုင်သောအရာများကို စွဲလမ်းကြ၏။ သွေးသားဇာတိနှင့်ဆိုင် သောစိတ်သဘောသည် သေခြင်းဖြစ်၏။ ဝိညာဉ်တော်နှင့်ဆိုင်သောစိတ်သဘောမူကား အသက်ရှင်ခြင်းနှင့်ငြိမ်သက်ခြင်းဖြစ်၏”(ရောမ ၈း ၅-၆)။ ဘုရားသခင်ကို ယုံကြည်ခြင်းသည် ပညတ် တော်နှင့်အ သက် ရှင်ခြင်းဖြစ်သည်ဟု ထင်မှတ်သူများသည် ဘယ် တော့မှ မပြည့်စုံနိုင်ပေ။ “သွေးသားဇာတိနှင့်ဆိုင် သောစိတ်သဘောသည် သေခြင်းဖြစ်၏။”
အပြင်ပန်းသဏ္ဌာန်ကိုသာ ဆေးကြောပေးနိုင်သောအရာမှာ “ဇာတိပကတိအရာများ” ဖြစ်သည်။ ထိုသို့သောသူများသည် အိမ်၌ ဇနီးများနှင့်စကားများ၍ အဆိုးပြုသော်လည်း သူတို့သည် ကျမ်းစာ ဖုံများကို သုတ်၍ တနင်္ဂနွေနေ့တိုင်းတွင် သူတော်ကောင်းဟန် ဆောင်၍ ဘုရားကျောင်းသို့သွားကြသည်။ သူတို့သည် တနင်္ဂနွေနေ့ များတွင် ကောင်းကင်တမန်များဖြစ်လာကြသည်။
“ဟိုင်း၊ သင်အဆင်ပြေသလား။”
“ပြန်တွေ့ရတာ ဝမ်းသာတယ်။”
သူတို့က သူတို့သင်းအုပ်ဆရာသည် သန့်ရှင်းသောအသံနှင့်ဂရု ဏာအပြုအမူဖြင့် တရားဟောသည့်အခါတိုင်းတွင် “အာမင်”ဟု ကြိမ်ဖန်များစွာ ပြောကြသည်။ သူတို့သည် ဝတ်ပြုကိုးကွယ်ခြင်းအ စီအစဉ်ပြီးနောက် ဘုရားသခင်မှာ ညင်သာစွာ ထွက်လာကြသည်။ သို့သော် ဘုရားကျောင်းသည် သူတို့မျက်မှောက်မှ ကွယ်ပျောက် သည်နှင့်တပြိုင်တည်း သူတို့သည် ထူးခြားလာကြသည်။
“ဘုရားသခင်၏နှုတ်ကပတ်တော်သည် ငါ့ကို ဘာပြောခဲ့သလဲ။ ငါမမှတ်မိနိုင်ဘူး။ သွား၍ သောက်ကြစို့လား။”
သူတို့သည် ဘုရားကျောင်း၌ ကောင်းကင်တမန်များဖြစ်ကြ သည်။ သို့သော် သူတို့သည် ဘုရားကျောင်းနှင့်ဝေးကွာသည့်အခါ ခေတ္တခဏအတွင်း ဇာတိလူများဖြစ်လာကြသည်။
ထိုကြောင့် အပြစ်သားများသည် အောက်ပါအတိုင်း ဘုရားသ ခင်ထံ ဆုတောင်းရကြမည် ဖြစ်သည်။ “ဘုရားသခင်၊ ဆိုးသွမ်းသော ကျွန်ုပ်ကို ကယ်တင်တော်မူပါ။ ကိုယ်တော်သည် ကျွန်ုပ်ကို ကယ် တင်တော်မမူလျှင် ကျွန်ုပ်သည် ကောင်းကင်နိုင်ငံသို့ မဝင်ရောက်နိုင် ဘဲ အပ္ပါယ်ငရဲသို့ သွားရလိမ့်မည်။ သို့သော် ကျွန်တော်သေသည့်အ ထိကျူးလွန်သည့်အပြစ်များအားလုံးကို ကိုယ်တော်ဆေးကြောပေး တော်မူခဲ့လျှင် ကျွန်တော်သည် ယုံကြည်ခြင်းအားဖြင့် ကောင်းကင် နိုင်ငံတော်သို့ ဝင်ရောက်နိုင်မည်။” သူတို့သည် ဘုရားသခင်အပေါ် လုံးလုံးလျားလျား မှီခိုအားထားရမည် ဖြစ်သည်။
ယုံကြည်သူအားလုံးသည် ဘုရားသခင်၏နှုတ်ကပတ်တော်အ တိုင်းလိုက်လျှောက်အသက်ရှင်ကြလျှင် သူတို့သည် အပြစ်များမှ ရွေး နှုတ်ကယ်တင်ခြင်းခံရ၍ ဝိညာဉ်ရေးရာဘဝဖြင့် အသက်ရှင်နိုင်ကြ မည်။ “သွေးသားဇာတိအလိုအတိုင်း အသက်ရှင်သောသူတို့သည် သွေးသားဇာတိနှင့်ဆိုင်သောအရာများကို စွဲလမ်းကြ၏။ ဝိညာဉ်တော်အလိုအတိုင်း အသက်ရှင်သောသူတို့မူကား ဝိညာဉ်တော်နှင့်ဆိုင်သောအရာများကို စွဲလမ်းကြ၏။ သွေးသားဇာတိနှင့်ဆိုင် သောစိတ်သဘောသည် သေခြင်းဖြစ်၏။ ဝိညာဉ်တော်နှင့်ဆိုင်သောစိတ်သဘောမူကား အသက်ရှင်ခြင်းနှင့်ငြိမ်သက်ခြင်းဖြစ်၏။” ကျွန်ုပ် တို့သည် ဘုရားသခင်၏သမ္မာတရားနှင့်အညီ တွေးတော၍ ယုံ ကြည်ကြလျှင် ငြိမ်သက်ခြင်းသည် ကျွန်ုပ်တို့အပေါ်သို့ ရောက်ရှိလာ လိမ့်မည်။ “အဘယ်ကြောင့်ဆိုသော် သွေးသားဇာတိနှင့်ဆိုင်သောစိတ်သဘောသည် ဘုရားသခင်နှင့် ရန်ဘက်ဖြစ်၏။ အကြောင်းမူ ကား ထိုစိတ်သဘောသည် ဘုရားသခင်၏ပညတ်တရားကို နာခံခြင်းမရှိ။ အမှန်စင်စစ် နာခံ၍လည်းမရနိုင်။ 8ထို့ကြောင့် သွေးသားဇာတိအားဖြင့်အသက်ရှင်သောသူတို့သည် ဘုရားသခင်ကိုမနှစ်သက်စေနိုင်ကြ။(ရောမ ၈း၇-၈)။ အပြစ်များဖယ်ရှားခြင်းမခံ ရသေးသောသူ များနှင့် ဇာတိပကတိ၌ရှိနေသေးသောသူများသည် ဘုရားသခင်ကို ဘယ်တော့မှ ဝမ်းမြောက်စေတော်မမူနိုင်ပေ။
“သို့သော် ဘုရားသခင်၏ဝိညာဉ်တော်သည် သင်တို့အထဲ၌ကိန်းဝပ်တော်မူလျှင် သင်တို့သည် သွေးသားဇာတိ၌မဟုတ်ဘဲ ဝိ ညာဉ်တော်၌ရှိကြ၏။ ခရစ်တော်၏ဝိညာဉ်တော်ကိုမရသောသူသည် ခရစ်တော်နှင့်မဆိုင်” (ရောမ ၈း၉)။ ရှင်ပေါလုသည် ဝိညာဉ်ရေးရာ စကားများကို ဉီးထိပ်ထား၍ ပြောကြားသော ကြောင့် လူများသည် ဤကျမ်းချက်ကို နားမလည်နိုင်ကြဘဲ စိတ်ရှုပ် ထွေးပွေလီဖြစ် ခဲ့ရကြသည်။ ဒုတိယမွေးဖွားခြင်းမခံရသေးသောသူ များသည် ရောမ အခန်းကြီး ၇နှင့် ၈ တို့ကို နားမလည်နိုင်ဘဲ စိတ်ရှုပ် ထွေးနေကြ သည်။ သူတို့သည် ဤကျမ်းစာ၏အစိတ်အပိုင်းကို ဘယ် တော့်မှ နားမလည်နိုင်ကြပေ။ သို့သော် ကျွန်ုပ်တို့၊ ဒုတိယမွေးဖွား ခြင်းခံရ သောသူများသည် ဇာတိပကတိ၌ မနေကြပေ။ ဇာတိပကတိ အ တွက်သာအသက်မရှင်ကြပေ။
အထက်၌ကျမ်းချက်တွင် ရှင်ပေါလုပြောကြားသောအရာကို သ တိရှိစွာဖြင့် ဖတ်ရှုပါ။ သန့်ရှင်းသောဝိညာဉ်တော်သည် သင့်အထဲ၌ ကိန်းဝပ်တော်မူသလော။ လူတစ်ဉီးသည် ခရစ်တော်၏ဝိညာဉ်တော် ကို မရလျှင် သူသည် ခရစ်တော်၏လူမဟုတ်ပေ။ ကိုယ်တော်၏လူ မဟုတ်လျှင် ဤပုဂ္ဂိုလ်သည် စာတန်၏လူနှင့် အပ္ပါယ်ငရဲသို့ သွား မည့်အပြစ်သားတစ်ဉီး ဖြစ်လာခြင်း ဖြစ်သည်။
“သို့ရာတွင် ခရစ်တော်သည် သင်တို့အထဲ၌ရှိတော်မူလျှင် ကိုယ်ခန္ဓာသည် အပြစ်ကြောင့် သေနေသော်လည်း ဝိညာဉ်သည် ဖြောင့်မတ်ခြင်းကြောင့် အသက်ရှင်လျက်ရှိ၏။ ထိုမျှမက ယေရှုကို သေသောသူတို့ထဲမှ ထမြောက်စေတော်မူသောဘုရားရှင်၏ဝိညာဉ်တော်သည် သင်တို့အထဲ၌ကိန်းဝပ်တော်မူလျှင် ခရစ်တော်ကို သေသောသူတို့ထဲမှထမြောက်စေတော်မူသောဘုရားရှင်သည် သင်တို့အထဲ၌တည်နေသော မိမိ၏ဝိညာဉ်တော်အားဖြင့် သေတတ်သော သင်တို့၏ကိုယ်ခန္ဓာကိုလည်း အသက်ရှင်စေတော်မူလိမ့်မည်” (ရော မ ၈း၁၀-၁၁)။ အာမင်။
ကိုယ်တော်သည် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ပဋိသန္ဓ တည်ခြင်းခံတော်မူ၍ အသွေးအားဖြင့် လောကသို့ စေလွှတ်ခြင်းခံ တော်မူပြီး ကျွန်ုပ်တို့အပြစ်များအားလုံးကို ယူဆောင်သွားတော်မူခဲ့ သည်။ ကိုယ်တော်သည် အပြစ်များဖြေလွှတ်ခြင်းယုံကြည်သော ယုံ ကြည်သူများ၏နှလုံးသားများသို့ ကြွလာတော်မူ၍ လူသားအားလုံး ၏နှလုံးသားများ၌ ထိုင်နေတော်မူသည်။ သန့်ရှင်းသောဝိညာဉ်တော် သည် နှလုံးသားထဲသို့ ဝင်ရောက်တော်မူ၍ သခင်ယေရှုခရစ်တော် သည် ကျွန်ုပ်တို့၏အပြစ်များအားလုံးကို မိုးပွင့်ပမာ ဖြူစင်အောင် ဆေးကြေးပေးတော်မူခဲ့သည်ဟု သက်သေပြသသည်။ သခင်ယေရှု သည် ဤလောကသို့ တစ်ဖန်ကြွလာတော်မူသောအခါ ကျွန်ုပ်တို့အ သွေးအသားအပေါ် ဘုရားသခင်သည် အသက်ကို ပေးအပ်တော်မူ လိမ့်မည်။ “ထိုမျှမက ယေရှုကို သေသောသူတို့ထဲမှ ထမြောက်စေတော်မူသောဘုရားရှင်၏ဝိညာဉ်တော်သည် သင်တို့အထဲ၌ကိန်းဝပ်တော်မူလျှင် ခရစ်တော်ကို သေသောသူတို့ထဲမှထမြောက်စေတော်မူသောဘုရားရှင်သည် သင်တို့အထဲ၌တည်နေသော မိမိ၏ဝိညာဉ်တော်အားဖြင့် သေတတ်သော သင်တို့၏ကိုယ်ခန္ဓာကိုလည်း အ သက်ရှင်စေတော်မူလိမ့်မည်။”
 

ကျွန်ုပ်တို့သည် ဘုရားသခင်၏သားသမီးများဖြစ်ကြသည် ဟု ဝိညာဉ်တော်သည် ကျွန်ုပ်တို့စိတ်များနှင့်အတူ သက်သေခံသည်

ကျွန်ုပ်တို့သည် ဒုတိယမွေးဖွားခြင်းခံရပြီးနောက် ဘုရားသခင် ကို ယုံကြည်ခြင်းနှင့် သန့်ရှင်းသောဝိညာဉ်တော်ဝိညာဉ်တော်အား ဖြင့် အသက်ရှင်ရကြမည် ဖြစ်သည်။ “သို့ဖြစ်၍ ညီအစ်ကိုတို့၊ ငါတို့သည် သွေးသားဇာတိအလိုအတိုင်းအသက်ရှင်ရန် သွေးသားဇာတိအပေါ် တာဝန်ရှိသည်မဟုတ်။ အဘယ်ကြောင့်ဆိုသော် သင်တို့သည် သွေးသားဇာတိအလိုအတိုင်းအသက်ရှင်လျှင် သေကြရမည်။ သို့သော် ဝိညာဉ်တော်အားဖြင့် ကိုယ်ခန္ဓာ၏လုပ်ဆောင်မှုများကိုသေစေလျှင် သင်တို့သည် အသက်ရှင်ကြလိမ့်မည်။ အကြောင်းမူကား ဘုရားသခင်၏ဝိညာဉ်တော်ရှေ့ဆောင်လမ်းပြမှုကို ခံယူသမျှသောသူတို့သည် ဘုရားသခင်၏သားများဖြစ်ကြ၏။ သင်တို့သည် ကြောက်ရွံ့ခြင်းသို့ တစ်ဖန်ရောက်စေသော ကျွန်၏ဝိညာဉ်ကိုခံယူရရှိကြသည်မဟုတ်ဘဲ သားသမီးအရာကိုပေးသောဝိညာဉ်တော်ကို ခံယူရရှိကြ၏။ ထိုဝိညာဉ်တော်အားဖြင့် “အဗ္ဗ၊ အဖ”ဟု ငါတို့ခေါ်ကြ၏။ ငါတို့သည် ဘုရားသခင်၏သားသမီးများဖြစ်ကြောင်းကို ဝိညာဉ်တော်ကိုယ်တိုင် ငါတို့၏ဝိညာဉ်နှင့်အတူသက်သေခံတော်မူ၏။ ထိုသို့ သားသမီးများဖြစ်ကြလျှင် အမွေခံများလည်း ဖြစ်ကြ၏။ ငါတို့သည် ခရစ်တော်နှင့်အတူဘုန်းတော်ချီးမြှောက်ခြင်းခံရရန် ဒုက္ခဆင်းရဲခြင်းကိုလည်း ကိုယ်တော်နှင့်အတူခံရကြလျှင် ဘုရားသခင်၏အမွေခံများဖြစ်ကြပြီး ခရစ်တော်နှင့်အတူအမွေဆက်ခံသူများလည်း ဖြစ်ကြ၏” (ရောမ ၈း၁၂-၁၇)။ ကျွန်ုပ်တို့သည် ချည်‌နှောင်ခြင်းနှင့်ကြောက်ခြင်း ဝိညာဉ်မဟုတ်သော အမွေခံခြင်းဝိညာဉ်တော်ကို ရရှိခဲ့ကြသော ကြောင့် “အဗ္ဗ၊ အဘ”ဟု ငို ကြွေးကြသည်။
“ကျွန်ုပ်တို့သည် ဘုရားသခင်၏သားသမီးများဖြစ်ကြသည်ဟု ဝိညာဉ်တော်သည် ကျွန်ုပ်တို့စိတ်များနှင့်အတူ သက်သေခံတော်မူ သည်။” ပထမအနေဖြင့် သန့်ရှင်းသောဝိညာဉ်တော်သည် ဘုရားသ ခင်၏စင်ကြယ်သောနှုတ်ကပတ်တော်အားဖြင့် အပြစ်များဖြေလွှတ် ခြင်းကို ကျွန်ုပ်တို့ခံရကြသည်ဟု သက်သေခံတော်မူသည်။ ဒုတိယ သက်သေခံချက်မှာ ကျွန်ုပ်တို့သည် အပြစ်မရှိခြင်း ဖြစ်သည်။ ကျွန်ုပ် တို့သည် ကယ်တင်ခြင်းခံရကြသည်ဟု သန့်ရှင်းသောဝိညာည်တော် သည် သက်သေခံတော်မူသည်။ အပြစ်များဖြေလွှတ်ခြင်းခံရသောသူ များ၏နှလုံးသားများ၌ အပြစ်မရှိသည်ဟု သန့်ရှင်းသောဝိညာဉ်တော် သည် သက်သေခံတော်မူသည်။ “ဤသည်ကား “ဖြောင့်မတ်သောသူမရှိ၊ တစ်ယောက်မျှမရှိ”(ရောမ ၃း၁၀)။ သို့သော် ဤအရာမှာ ဘုရား သခင်သည်ကျွန်ုပ်တို့အား ကယ်တင်တော်မမူသည့်အချိန် ဖြစ်သည်။ ထိုကျမ်း ချက်အောက်တွင် ကျွန်ုပ်တို့သည် “သူတို့သည် ဘုရားသခင်၏ကျေးဇူးတော်ကြောင့် ခရစ်တော်ယေရှု၏ရွေးနုတ်ခြင်းအားဖြင့် အဖိုးအခမပေးရဘဲ ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရကြ၏” (ရောမ ၃း၂၄) ဟု ဖော်ပြထားသည်။ ကျွန်ုပ်တို့သည် ဘုရား သခင်၏သားသမီးများဖြစ်ကြသည်ဟု သန့်ရှင်းသောဝိညာဉ်တော် ကိုယ်တော်တိုင်သက်သေခံတော်မူသည်ဟုဖော်ပြထားသည်။ ကျွန်ုပ် တို့အတွက် ဘုရားသခင်ပြုတော်မူခဲ့သောအရာများကို ကျွန်ုပ်တို့ သည် နှလုံးသားများ၌ ဝန်ခံကြသောအခါ သန့်ရှင်းသောဝိညာဉ် တော်သည် ကျွန်ုပ်တို့ထံ ကြွလာတော်မူသည်။ သို့သော် ကျွန်ုပ်တို့ သည်ယုံကြည်ခြင်းမရှိကြလျှင် သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်ုပ်တို့နှင့်အတူ ရှိတော်မူလိမ့်မည် မဟုတ်ပေ။ ကျွန်ုပ်တို့အတွက် ဘုရားသခင်ပြုတော်မူခဲ့သောအရာများကို ကျွန်ုပ်တို့သည် နှလုံးသား ၌ လက်ခံကြလျှင် သန့်ရှင်းသောဝိညာဉ်တော်သည် “သင်က ဖြောင့် မတ်သူဖြစ်တယ်။ သင်က ငါသား ဖြစ်တယ်။ သင်သည် တရားသော သူဖြစ်တယ်။ သင်သည် ငါ့လူဖြစ်တယ်”ဟု သက်သေခံသည်။ “ထိုသို့ သားသမီးများဖြစ်ကြလျှင် အမွေခံများလည်း ဖြစ်ကြ၏။ ငါတို့သည် ခရစ်တော်နှင့်အတူဘုန်းတော်ချီးမြှောက်ခြင်းခံရရန် ဒုက္ခဆင်းရဲခြင်းကိုလည်း ကိုယ်တော်နှင့်အတူခံရကြလျှင် ဘုရားသခင်၏အမွေခံများဖြစ်ကြပြီး ခရစ်တော်နှင့်အတူအမွေဆက်ခံသူများလည်း ဖြစ်ကြ၏။”ဘုရားသခင်၏သားသမီးများသည် ကိုယ်တော်နှင့်အတူ ဆင်းရဲဒုက္ခခံရခြင်းနှင့် ကိုယ်တော်နှင့်အတူ ဘုန်းတော်ဝင်စားခြင်း သည် သင့်တော်သည်။ သန့်ရှင်းသောဝိညာဉ်တော် ပိုင်ဆိုင်သူများ၊ ဝိညာဉ်တော်လမ်းပြမှုကို ခံရသောသူများသည် ကောင်းကင်နိုင်ငံ တော်သို့ ဝင်ရောက်ရန် မြော်လင့်ချက်တည်မြဲနေ ကြသည်။ 
 

ဤပစ္စုပ္ပန်တွင် ဆင်းရဲဒုက္ခခံရသော်လည်း အနှစ်တစ် ထောင်နိုင်ငံနှင့် ကောင်းကင်နိုင်ငံတော်မျှော်လင့်၍ ကျွန်ုပ်တို့ အသက်ရှင်ကြသည်

ရောမ ၈း၁၈-၂၅ ကို ကြည့်ကြပါစို့။ “ယခုမျက်မှောက်ကာလ၌ ခံရသောဒုက္ခဝေဒနာများသည် ငါတို့၌ထင်ရှားမည့်ဘုန်းအသရေနှင့်နှိုင်းလျှင် မပြောပလောက်ဟု ငါမှတ်ယူ၏။ ဖန်ဆင်းခံလောကသည် ဘုရားသခင့်သားများ၏ထင်ရှားခြင်းကို အလွန်တောင့်တသောစိတ်ဖြင့် စောင့်မျှော်လျက်နေ၏။ အဘယ်ကြောင့်ဆိုသော် ဖန်ဆင်းခံလောကသည် အချည်းနှီးအဖြစ်သို့ချထားခြင်းခံရသည်မှာ မိမိဆန္ဒအလျောက်မဟုတ်ဘဲ ချထားတော်မူသောအရှင်ကြောင့်သာဖြစ်ပြီး 21ဖန်ဆင်းခံလောကကိုယ်တိုင် ပျက်စီးခြင်း၏အနှောင်အဖွဲ့မှ လွတ် မြောက်၍ ဘုရားသခင့်သားသမီးများ၏ဘုန်းအသရေနှင့်ပြည့်စုံသော လွတ်လပ်ခြင်းသို့ဝင်စားခွင့်ရမည်ဟူသည့် မျှော်လင့်ခြင်းရှိသော ကြောင့်ဖြစ်၏။ ဖန်ဆင်းခံလောကတစ်ခုလုံးသည် ယခုတိုင်အောင် အတူတကွညည်းတွားလျက် အတူတကွသားဖွားခြင်းဝေဒနာကိုခံစားလျက်ရှိကြောင်း ငါတို့သိကြ၏။ ထိုမျှမက ဝိညာဉ်တော်၏အသီးဦးကိုရရှိသော ငါတို့ကိုယ်တိုင်သည်လည်း သားသမီးအရာကိုရခြင်းတည်းဟူသော ငါတို့၏ကိုယ်ခန္ဓာရွေးနုတ်ခံရခြင်းကို စောင့်မျှော်လျက် စိတ်နှလုံးထဲ၌ ညည်းတွားနေကြ၏။ ငါတို့သည် ဤမျှော်လင့်ခြင်းအားဖြင့် ကယ်တင်ခြင်းခံရကြ၏။ သို့သော် မြင်နေရသောမျှော်လင့်ခြင်းသည် မျှော်လင့်ခြင်းမဟုတ်။ အကြောင်းမှာ မည်သူသည် မြင်နေသောအရာကို ဆက်၍မျှော်လင့်မည်နည်း။ မမြင်သေးသောအရာကို ငါတို့မျှော်လင့်ကြလျှင်မူကား ထိုအရာကို သည်းခံသောစိတ်နှင့်စောင့်မျှော်ကြ၏။” 
ကျွန်ုပ်တို့သည် ဝိညာဉ်တော်၏အဉီးသီးသောအသီး ဖြစ်ကြ သည်။ ကျွန်ုပ်တို့ဒုတိယမွေးဖွားခြင်းခံရသောသူများသည် ရှင်ပြန်ထ မြောက်ခြင်း၏အဉီးသီးသောအသီး ဖြစ်ကြသည်။ ကျွန်ုပ်တို့သည် ပ ထမရှင်ပြန်ထမြောက်ခြင်း၌ ပါဝင်ကြလိမ့်မည်။ သခင်ယေရှုခရစ် တော်သည် ရှင်ပြန်ထမြောက်ခြင်း၏အဉီးသီးသောအသီးဖြစ်၍ ကျွန်ုပ်တို့သည် ကိုယ်တော့်ကို မှီဝဲသောသူများ ဖြစ်ကြသည်။ ခရစ် တော်၏လူများသည် ရှင်ပြန်ထမြောက်ခြင်း၌ ပါဝင်ကြသည်။ ထို နောက် အဆုံးရောက်လာသည်။ ဒုတိယရှင်ပြန်ထမြောက်ခြင်း၌ ဘု ရားတရားမဲ့စွာ ပါဝင်သောသူများသည် တရားစီရင်တော်မူခြင်းကို ခံ ရကြလိမ့်မည်။ ထိုကြောင့် ရှင်ပေါလုက “ယခုမျက်မှောက်ကာလ၌ ခံရသောဒုက္ခဝေဒနာများသည် ငါတို့၌ထင်ရှားမည့်ဘုန်းအသရေနှင့်နှိုင်းလျှင် မပြောပလောက်ဟု ငါမှတ်ယူ၏”ဟု ပြောကြားခြင်း ဖြစ် သည်။ ဤတွင် ဘုန်းတော်ဝင်စားခြင်းအားဖြင့်ဟု ဆိုရာတွင် အနှစ် တစ်ထောင်နိုင်ငံနှင့် ကောင်းကင်နိုင်ငံတော်ကို ရည်ညွှန်းသည်။ ထိုကောင်းကြီးမင်္ဂလာခံစားသောအချိန်ရောက်လာသောအခါ ကျွန်ုပ် တို့အားလုံးသည် ပြောင်းလဲကြလိမ့်မည်။ ဘုရားသခင်၏သား သမီး များသည် သေခြင်းမှ လုံးလုံးလျားလျားရှင်ပြန်ထမြောက်ကြ၍ ကိုယ် တော်၏ထာဝရအသက်ကို သူတို့အားလုံးရရှိကြလိမ့်မည်။ဇာတိပက တိသည် သေခြင်းမှ အမှန်အကန်ထမြောက်ကြလိမ့်မည် (ကျွန်ုပ်တို့ ဝိညာဉ်များသည် သေခြင်းမှ ထမြောက်ခဲ့ကြပြီး ဖြစ်သည်)။ ဘုရား သခင်သည် အားလုံးကို အသစ်ပြုပြင်တော်မူ၍ ဖြောင့် မတ်သော သူများသည် အနှစ်တစ်ထောင်ကာလအတွင်း ဘုရင်များ အဖြစ် ဝမ်းမြောက်စွာ နေထိုင်ကြလိမ့်မည်။
တစ်ကမ္ဘာလုံးတွင် ဖန်ဆင်းခြင်းအားလုံးသည် ဘုရားသခင်၏ သားသမီးများဖင်ရှားခြင်းကို စောင့်မျှော်ကြသည်။ ကျွန်ုပ်တို့ ပြောင်းလဲကြသည့်နှင့်အညီ ဖန်ဆင်းခြင်းသည်လည်း ပြောင်းလဲလိမ့် မည်။ အနှစ်တစ်ထောင်နိုင်ငံတော်ရောက်လာသောအခါ နာကျင်မှု၊ ဆင်းရဲဒုက္ခ သို့မဟုတ် သေခြင်းရှိလိမ့်မည် မဟုတ်ပေ။ သို့သော် ကျွန်ုပ်တို့သည် ယခုတွင် ညည်းတွားနေကြသည်။ အဘယ်ကြောင့် နည်း။ ဇာတိပကတိသည် အားနည်းနေသေးသောကြောင့် ဖြစ်သည်။ ကျွန်ုပ်တို့ဝိညာဉ်များသည် မည်သည့်အရာတွက် ညည်းတွားကြသ နည်း။ သူတို့သည် ကျွန်ုပ်တို့ကိုယ်ခန္ဓများရွေးနှုတ်ကယ်တင်ခြင်းအ တွက် ညည်းတွားကြသည်။
“ထိုမျှမက ဝိညာဉ်တော်၏အသီးဦးကိုရရှိသော ငါတို့ကိုယ်တိုင်သည်လည်း သားသမီးအရာကိုရခြင်းတည်းဟူသော ငါတို့၏ကိုယ် ခန္ဓာရွေးနုတ်ခံရခြင်းကို စောင့်မျှော်လျက် စိတ်နှလုံးထဲ၌ ညည်းတွားနေကြ၏။ ငါတို့သည် ဤမျှော်လင့်ခြင်းအားဖြင့် ကယ်တင်ခြင်းခံရကြ၏။ သို့သော် မြင်နေရသောမျှော်လင့်ခြင်းသည် မျှော်လင့်ခြင်းမဟုတ်။ အကြောင်းမှာ မည်သူသည် မြင်နေသောအရာကို ဆက်၍မျှော်လင့်မည်နည်း။ 25မမြင်သေးသောအရာကို ငါတို့မျှော်လင့်ကြလျှင်မူကား ထိုအရာကို သည်းခံသောစိတ်နှင့်စောင့်မျှော်ကြ၏” (ရောမ ၈း၂၃-၂၅)။
ကျွန်ုပ်တို့သည် ဤမြော်လင့်ခြင်းအားဖြင့် ကယ်တင်ခြင်းခံရ ကြသောကြောင့် အမွေခံခြင်းအတွက် စိတ်အားထက်သန်စွာဖြင့် စေင့်မျှော်နေကြသည်။ အပြစ်များလုံးဝ ဖြေလွှတ်ခြင်းခံရသော ကျွန်ုပ်တို့သည် အနှစ်တစ်ထောင်နိုင်ငံနှင့် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ကြလိမ့်မည်။ ကမ္ဘာသည် ချက်ခြင်း ကုန်ဆုံးလျှင်တောင် ကျွန်ုပ်တို့သည် သေကြလိမ့်မည်မဟုတ်ပေ။ ကိုဘ်တော်သည် ကပ် ကမ္ဘာကုန်ဆုံးသောအခါ ဤလောကသို့ ကြွလာတော်မူလိမ့်မည်။ ကိုယ်တော်သည် အရာအားလုံးကို အသစ်ပြုပြင်တော်မူ၍ ဖြောင့် မတ်သူများ၏ကိုယ်ခန္ဓာကိုလည်း အသစ်ပြုပြင်၍ ရှင်ပြန်ထမြောက် စေတော်မူလိမ့်မည်။ ကိုယ်တော်သည် အနှစ်တစ်ထောင်အတွင်း သူ တို့ကို အုပ်စိုးတော်မူလိမ့်မည်။
ဤကမ္ဘာကုန်ဆုံးခြင်းသည် အပြစ်သားများအတွက် စိတ်ပျက် စရာဖြစ်သည်။ သို့သော် ဖြောင့်မတ်သူများအတွက် အသစ်သော မြော်လင့်ချက် ဖြစ်သည်။ ရှင်ပေါလုက ထိုအရာအတွက် မြော်လင့်ခဲ့ သည်။ သင်သည် မိမိကိုယ်ခန္ဓာရွေးနှုတ်ခြင်းအတွက် ညည်းတွား၍ စောင့်မျှော်နေသလော။ ဝိညာည်တော်သည်လည်း စောင့်မျှော်တော် မူသလော။ ကျွန်ုပ်တို့သည် သေခြင်းမှရှင်ပြန်ထမြောက်တော်မူသော သခင်ယေရှုခရစ်တော်၏ကိုယ်ခန္ဂာကဲ့သို့ ဝိညာဉ်ကိုယ်ခန္ဓာများအ ဖြစ်သို့ ပြောင်းလဲ၍ နာကျင်မှု သို့မဟုတ် အားနည်းမှုများ ခံစားရကြ မည် မဟုတ်တော့ပေ။
 

သန့်ရှင်းသောဝိညာဉ်တော်သည် ယုံကြည်ခြင်းရှိရန် ဖြောင့်မတ်သူများကို မစတော်မူသည်

သန့်ရှင်းသောဝိညာည်တော်သည် ယုံကြည်ခြင်းရှိရန် ကျွန်ုပ်တို့ ကို မစတော်မူသည်။ ကျွန်ုပ်တို့မြင်တွေ့သောအရာများအတွက် မျှော် လင့်ကြသလော။ မမျှော်လင့်ကြပေ။ ကျွန်ုပ်တို့သည် မမြင်ရသေး သောအရာများအတွက် မျှော်လင့်နေကြသည်။ “ထိုနည်းတူ ဝိညာဉ်တော်သည်လည်း ငါတို့၏အားနည်းခြင်းကို ဖေးမကူညီပေးတော်မူ၏။ ငါတို့သည် ဆုတောင်းသင့်သည့်အတိုင်း မည်သို့ဆုတောင်းရမည်ကို မသိကြ။ သို့သော် ဝိညာဉ်တော်ကိုယ်တော်တိုင် စကားဖြင့်ဖော်ပြ၍မရနိုင်သော ညည်းတွားသံများဖြင့် ငါတို့အတွက် အသနားခံပေးတော်မူ၏။ စိတ်နှလုံးတို့ကိုစူးစမ်းတော်မူသောအရှင်သည်လည်း ဝိညာဉ်တော်၏စိတ်သဘောကို သိတော်မူ၏။ အကြောင်းမူကား ဝိညာဉ်တော်သည် ဘုရားသခင်၏အလိုတော်နှင့်အညီ သန့်ရှင်းသူများအတွက် အသနားခံပေးတော်မူ၏”(ရောမ ၈း၂၆-၂၇)။
ဝိညာဉ်တော်သည် ကျွန်ုပ်တို့၌ မည်သည့်အရာကို အမှန်အကန် လိုအပ်တော်မူသနည်း။ သူသည် အဘယ်အမှုကို ပြုရန် မစတော်မူ သနည်း။ သင်သည် အဘယ်အရာကို မျှော်လင့်သနည်း။ ကျွန်ုပ်တို့ သည် “ကောင်းကင်သစ်နှင့်မြေကြီးသစ်”(၂ပေ ၃း၁၃) ကောင်းကင် နိုင်ငံတော်ကို မျှော်လင့်နေကြသည်။ ကျွန်ုပ်တို့သည် ဤပျက်စီးနေ သောကမ္ဘာပေါ်တွင် မနေထိုင်လိုကြပေ။ ကျွန်ုပ်တို့သည် မောပန်း နွမ်းနယ်ကြ၍ ကိုယ်တော်၏နေ့ရက်ကို မျှော်လင့်ကြသည်။ ကျွန်ုပ် တို့သည် အပြစ်ကင်းမဲ့စွာ၊ ရောဂါဘယကင်းမဲ့စွာ၊ နတ်ဆိုးဝိညာဉ်ဆိုး ကင်းမဲ့စွာဖြင့် ထာဝရ နေထိုက်လိုကြသည်။ ကျွန်ုပ်တို့သည် သခင် ယေရှုနှင့်လည်းကောင်း၊ ယုံကြည်သူများနှင့်လည်းကောင်း ပြည့်စုံစွာ မိတ်သဟာယဖွဲ့၍ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ ချစ်ခြင်းနှင့် သိမ် မွေ့ခြင်းဖြင့် ထိုနေရာတွင် နေထိုင်လိုကြသည်။
ထိုကြောင့် ဝိညာဉ်တော်သည် ကျွန်ုပ်တို့အတွက် ညည်းတွား တော်မူ၍ ကိုယ်စားပြုဆုတောင်းပေးတော်မူခဲ့သည်။ ကောင်းကင် သစ်နှင့်မြေကြီးသစ်ကို မျှော်လင့်သည်။ ပွင့်ပွင့်လင်းလင်းပြောရလျှင် ကျွန်ုပ်တို့ ဖြောင့်မတ်သူများသည် ဘုရားသခင်၏အစေခံများနှင့်အ တူ ခေတ္တဘောလုံးကစားသကဲ့သို့ ဤလောကအရာများ၌ ပျော်မွေ့ ခြင်းမရှိကြပေ။ ကျွန်ုပ်တို့သည် သတင်းကောင်းဟောပြောခြင်းကို စိတ်ဝင်စားကြသောကြောင့် ကျွန်ုပ်တို့သည် လောက၌ အသက်ရှင် ကြသည်။ သို့သော် ဤမဟာစေခိုင်းခြင်းအတွက် ဖြောင့်မတ်သူများ သည် ဤလောကအရာများအတွက် စိတ်ထဲမှ ထည့်သွင်းစဉ်းစား ခြင်း မရှိကြပေ။
 

ဘုရားသခင်သည် အရာခပ်သိမ်းတို့ကို ကိုယ်တော်ကို ချစ် သောဒုတိယမွေးဖွားခြင်းခံရသူများအတွက် အကျိုးကို တစ်ညီတစ်ညွတ်တည်း ပြုစုတော်မူသည်

ရောမ ၈း၂၈-၃၀ကို ဖတ်ကြပါစို့။ “ဘုရားသခင်ကိုချစ်သောသူများတည်းဟူသော အကြံအစည်တော်အတိုင်း ခေါ်ယူတော်မူခြင်းခံရသောသူများအတွက် ဘုရားသခင်သည် ခပ်သိမ်းသောအမှုအရာတို့ကို ပူးပေါင်းလုပ်ဆောင်စေ၍ ကောင်းကျိုးဖြစ်စေတော်မူကြောင်းကို ငါတို့သိကြ၏။ အကြောင်းမူကား ဘုရားသခင်သည် သိထားနှင့်တော်မူသောသူတို့ကို မိမိသားတော်၏ပုံသဏ္ဌာန်နှင့်တူညီစေရန် ကြို တင်သတ်မှတ်ထားတော်မူ၏။ ဤသည်ကား သားတော်သည် များ စွာသောညီအစ်ကိုတို့တွင် သားဦးဖြစ်မည့်အကြောင်းတည်း။ ထိုသို့ကြိုတင်သတ်မှတ်ထားတော်မူသောသူတို့ကို ဘုရားသခင်သည် ခေါ်ယူတော်မူပြီး ခေါ်ယူတော်မူသောသူတို့ကို ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုတော်မူ၍ ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုတော်မူသောသူတို့ကို ချီးမြှောက်တော်မူ၏။”
ရောမ ၈း၂၈ တွင် ရှင်ပေါလုက “ဘုရားသခင်ကိုချစ်သောသူများတည်းဟူသော အကြံအစည်တော်အတိုင်း ခေါ်ယူတော်မူခြင်းခံရသောသူများအတွက် ဘုရားသခင်သည် ခပ်သိမ်းသောအမှုအရာတို့ကို ပူးပေါင်းလုပ်ဆောင်စေ၍ ကောင်းကျိုးဖြစ်စေတော်မူကြောင်းကို ငါတို့သိကြ၏”ဟု ပြောထားသည်။ ဤကျမ်းချက်သည် အ လွန်အ ရေးကြီးသည်။ လူများစွာတို့သည် “ငါ ဘာကြောင့် မွေးဖွားခဲ့သလဲ။ ဘုရားသခင်သည် ကျွန်ုပ်အား စာတန်မရှိသောနေရာ၌ ဖန် ဆင်း သင့်တယ်။ ကိုဘ်တော်သည် ကျွန်ုပ်အား အစအဉီး၌ ကောင်း ကင် နိုင်ငံတော်၌နေထိုင်ရန်ကွန်ုပ်အားခွင့်ပြုသင့်တယ်။ ကိုယ်တော်သည် ဘာကြောင့် ဤသို့ ကျွန်ုပ်ကို ပြုတော်မမူခဲ့သလဲ”ဟု တွေးတတ် ကြသည်။ ဆိုးရွားသောအခြေအနေဖြင့် မွေးဖွားလာကြ သောသူများ သည် ဒေါသထွက်တတ်ကြသည်။ ပထမ သူတို့သည် မိ ဘနှစ်ပါးကို ဆန့်ကျင်ကြပြီးနောက် ဘုရားသခင်ကို ဆန့်ကျင်ကြသည်။ “ကိုယ် တော်သည် ဘာကြောင့် ကျွန်ုပ်ကို ဤသို့ဆင်းရဲဒုက္ခ ဖြင့် မွေးဖွားစေ တော်မူခဲ့သနည်း။”
ဤကျမ်းချက်သည် ကျွန်ုပ်တို့အား မေးမြန်းသောအရာအတွက် မှန်ကန်သောအဖြေကို ပြင်ဆင်ပေးသည်။ ကျွန်ုပ်တို့သည် ဘုရားသ ခင်၏ဖန်ဆင်းခြင်းများအဖြစ် မွေးဖွားခဲ့ကြသည်။ ဤအရာသည် မှန် ကန်သလော။ ကျွန်ုပ်တို့သည် ကိုယ်တော်ဖန်ဆင်းသောသူများ ဖြစ် ကြသည်။ဘုရားသခင်သည် ကျွန်ုပ်တို့အား ဘုရားသခင်၏ပုံသဏ္ဌာန် တော်နှင့်အညီ ဖန်ဆင်းတော်မူခဲ့သော်လည်း ကျွန်ုပ်တို့သည် ကိုယ် တော်၏ဖန်ဆင်းသောသူများ ဖြစ်ကြသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့အား ဤလော၌ ချထား‌တော်မူခြင်းအတွက် ရည်ရွယ်ချက် ရှိသည်။ သမ္မာကျမ်းစာက “ဘုရားသခင်ကိုချစ်သောသူများတည်းဟူ သော အကြံအစည်တော်အတိုင်း ခေါ်ယူတော်မူခြင်းခံရသောသူများအတွက် ဘုရားသခင်သည် ခပ်သိမ်းသောအမှုအရာတို့ကို ပူးပေါင်းလုပ်ဆောင်စေ၍ ကောင်းကျိုးဖြစ်စေတော်မူကြောင်းကို ငါတို့သိကြ၏”ဟု ပြောသည်။ ကျွန်ုပ်တို့သည် မာရ်နတ်၏ဖြား ယောင်းသွေး ဆောင်မှုအားဖြင့် ဘိုးဘေးများဖြစ်ကြသူ၊ အာဒံနှင့်ဧဝတို့ထံမှ ဗီဇအ ပြစ်ကို အမွေးဆက်ခံခဲ့ကြသောကြောင့် ကျွန်ုပ်တို့သည် အပြစ်သား များအဖြစ်နှင့် ဆင်းရဲဒုက္ခခံ၍ မွေးဖွားလာခဲ့ကြခြင်း ဖြစ်သည်။ သို့ သော် ဘုရားသခင်သည် ကျွန်ုပ်တို့အား ယုံကြည်ခြင်းအားဖြင့် ကိုယ် တော်၏သားသမီးဖြစ်စေတော်မူရန် သခင်ယေရှု ခရစ်တော်ကို ကျွန်ုပ်တို့အတွက် စေလွှတ်တော်မူခဲ့သည်။ ထိုအရာမှာ ကျွန်ုပ် တို့အား ကိုယ်တော်ဖန်ဆင်းတော်မူခြင်း၏ရည်ရွယ်ချက် ဖြစ် သည်။ ကိုယ်တော်သည် ကျွန်ုပ်တို့အား အနှစ်တစ်ထောင်နိုင်ငံနှင့် ကောင်း ကင်နိုင်ငံတော်၌ သခင်ယေရှုခရစ်တော်နှင့် ခမည်းတော်ဘု ရားသ ခင်ဖြင့်ဝမ်းမြောက်ခြင်းပေးအပ်ရန်နှင့်ဘုရားငယ်များအဖြစ် ထာဝရ နေထိုင်ရန် အလိုတော်ရှိသည်။ 
“ဘုရားသခင်ကိုချစ်သောသူများတည်းဟူသော အကြံအစည်တော်အတိုင်းခေါ်ယူတော်မူခြင်းခံရသောသူများအတွက်ဘုရားသခင် သည် ခပ်သိမ်းသောအမှုအရာတို့ကို ပူးပေါင်းလုပ်ဆောင်စေ၍ ကောင်းကျိုးဖြစ်စေတော်မူကြောင်းကို ငါတို့သိကြ၏။”ကျွန်ုပ်တို့အ ပြစ်များ ယူဆောင်ခြင်းခံရသောအခါ ကျွန်ုပ်တို့အားလုံးအတွက် ဘု ရားသခင်၏အလိုတော်သည် ပြည့်စုံသည်။ ဤအရာသည် မှန်ကန် သလော။ ကျွန်ုပ်တို့သည် ဤလောသို့ မွေးဖွားခဲ့ကြ သောကြောင့် ကျွန်ုပ်တို့မဝမ်းမြောက်သင့်ဘူးလား။ ကျွန်ုပ်တို့သည် အနာဂတ်တွင် ခံစားမည့်ဘုန်းတော်ကိုစဉ်းစားကြသောအခါ ကျွန်ုပ်တို့သည် ဖွားမြင် ခြင်းအတွက် ဝမ်းမြောက်ကြသည်။ သို့သော် လူအများစုတို့သည် ဝမ်းမြောက်ခြင်းမရှိကြပေ။ ဤသို့ဖြစ်ရခြင်းမှာ သူတို့သည် ဘုရားသ ခင်၏မေတ္တာတော်ကို ငြင်းပယ်ကြသောကြောင့် ဖြစ် သည်။ 
ဘာကြောင့် အပြစ်များနှင့် ရောဂါဘယများရှိသည်ကိုလည်း ကောင်း၊ ကုသိုလ်ပြုရန် ကြိုးစားသောသူများသည် ဒုက္ခခံရစဉ် လူ ဆိုးများအတွက် အရာခပ်သိမ်းတို့သည် ဘာကြောင့် အဆင်ပြေဟန် တူသည်ကို သင်သိသလော။ ကျွန်ုပ်တို့သည် ဘုရားသခင်ကို ရှာဖွေ ရန်ဆင်းရဲဒုက္ခခံရကြ၍ အပြစ်များဖြေလွှတ်ခြင်းခံရခြင်းအားဖြင့် ကိုယ် တော်၏သားသမီးများဖြစ်လာခဲ့ကြမှသာလျှင် သိကြလိမ့်မည်။ ဘုရားသခင်သည် ကိုယ်တော်ကို ချစ်သောသူများ၏အကျိုးအတွက် အရာခပ်သိမ်းတို့သည် တညီတညွတ်တည်းပြုစုရန် ဤလောက၌ လူဆိုးများကို အသက်ရှင်ခွင့်ပြုတော်မူခြင်း ဖြစ်သည်။
သင်သည် ဤသို့မတွေ့ရပေ။ “ဘုရားသခင်သည် ဘာကြောင့် ကျွန်ုပ်ကို ဖန်ဆင်းတော်မူခဲ့သည်ကို မသိပါ။ ဘုရားသခင်သည် ဘာ ကြောင့် ဆင်းရဲနုံချာသောမိသားစုမှ ကျွန်ုပ်ကို ဖွားမြင်စေတော်မူ၍ ဆင်းရဲဒုက္ခခံစေတော်မူခဲ့သလဲ။” ဘုရားသခင်သည် ကျွန်ုပ်တို့အား စာတန်အုပ်စိုးမှုအောက် ဤလောက၌ ဖွားမြင်စေတော်မူခဲ့၍ ကျွန်ုပ် တို့သည် ကိုယ်တော်၏သားသမီးဖြစ်လာကြ၍ ကိုယ်တော်၏နိုင်ငံ တော်၌ ကိုယ်တော်နှင့်အတူ ဘုရင်များအဖြစ် ထာဝရနေထိုက်ကြ ရန် ပညတ်တော်ကို ချပေးတော်မူခြင်း ဖြစ်သည်။ အရာခပ်သိမ်းတို့ သည် ပိုကောင်းရန်အတွက် တညီတညွတ်တည်းပြုစု၍ ဘုရားသခင် သည် ကျွန်ုပ်တို့အား ကိုယ်တော်၏သားသမီးများဖြစ်စေတော်မူခဲ့ သည်။ ဤအရာသည် ဤနည်းလမ်းဖြင့် ကျွန်ုပ်တို့အား ဖန်ဆင်း တော်မူခြင်းအတွက် ဘုရားသခင်၏ရည်ရွယ်ချက် ဖြစ်သည်။ ကျွန်ုပ် တို့သည် ဘုရားသခင်ကို စောဒကတက်၍ ဘုရားသခင်ကို ဆန့်ကျင် ညည်းတွားရန် တစ်စုံတစ်ခုမျှ မရှိပေ။ “ဘာကြောင့် ကျွန်ုပ်သည် ဖန် ဆင်းခြင်းခံရသလဲ။ ကျွန်ုပ်သည် ဘာကြောင့် ဤနည်းလမ်းအတိုင်း ဖြစ်သလဲ။” ဤအခက်အခြများအားဖြင့် ဘုရားသခင်၏ကောင်းမြတ် သောအလိုတော်သည် ပြည့်စုံသည်။
သင်သည် ဆင်းရဲဒုက္ခခံရခြင်းများအတွက် စောဒကမတက်ကြ ပါနှင့်။ သင်၏ဘဝအတွက် အဆိုးမြင်ဝါဒီသီချင်းများကို မဆိုပါနှင့်။ “လူတို့သည် တစ်ကြိမ်တည်းသေ၍ သေပြီးသည့်နောက် တရားစီရင်ခြင်းကိုခံရသည်”(ဟေဗြဲ ၉း၂၇)။ လူတစ်ဉီး၏မွေးဖွားခြင်းနှင့် တရား စီရင် ခြင်းအကြား ဘုရားသခင်၏ကယ်တင်ခြင်းကျေးဇူးတော်ရှိ သည်။ ဘုရားသခင်၏ကျေးဇူးတော်အားဖြင့် ကျွန်ုပ်တို့အပြစ်များ အားလုံးယူ ဆောင်သွားတော်မူခဲ့သော သခင်ယေရှုခရစ်တော်ကို ကျွန်ုပ်တို့ ယုံကြည်ကြသည်။ ကျွန်ုပ်တို့သည် အနှစ်တစ်ထောင်နိုင်ငံ နှင့် ကောင်းကင်နိုင်ငံတော်ကို ထာဝရအစိုးရကြလိမ့်မည်။ ကျွန်ုပ်တို့ သည် “ဖန်ဆင်းခြင်းအားလုံး၏သခင်”ဟု မှည့်ခေါ်ကြသည်။ ဘုရား သခင်သည် ဘာကြောင့် သင့်အား ဆင်းရဲဒုက္ခခံစေတော်မူခြင်းကို ယခုသင်နား လည်သဘောပေါက်သလော။ ကျွန်ုပ်တို့သည် ဘုရားသ ခင်ထံတော်သို့ ပြန်လှည့်လာခြင်းအားဖြင့် ကိုယ်တော်၏သားသမီး များဖြစ်လာကြမည့်အကြောင်း ကောင်းကြီးမင်္ဂလာများခံရရန် ကိုယ် တော်သည် ကျွန်ုပ်တို့အား ဆင်းရဲဒုက္ခခံစေတော်မူခြင်း ဖြစ်သည်။
 

ဘုရားသခင်သည် ကျွန်ုပ်တို့အား သားတော်၏ပုံသဏ္ဌာန် အဖြစ် ပုံသွင်းရန် ကြိုတင်ကြံစည်တော်မူခဲ့သည်

ကျွန်ုပ်တို့သည် အပြစ်များ‌ဖြေလွှတ်ခြင်းခံရရန်၊ ဘုရားသခင်၏ တရားစီရင်ခြင်းမှ ကယ်တင်ခြင်းခံရရန်နှင့် ဖြောင့်မတ်သူများဖြစ် လာရန် အချိန်မလိုအပ်ပေ။ ကျွန်ုပ်တို့သည် ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်သူများတစ်ကြိမ်တည်းဖြစ်လာကြ၍ ဘုရားသခင်၏သား သမီးများ ချက်ချင်း ဖြစ်လာခဲ့ကြသည်။ ဘုရားသခင်၏ကယ်တင် ခြင်းမှာ ကျွန်ုပ်တို့စင်ကြယ်ခြင်းအမှု အချိန်ကြာမြှင့်စွာ ဖြစ်စဉ်၏ အ ကျိုးသက်ရောက်မှု မဟုတ်ပေ။ ဘုရားသခင်သည် ကျွန်ုပ်တို့အား တစ်ကြိမ်တည်းကယ်တင်တော်မူခဲ့၍ တစ်ကြိမ်တည်း ဖြောင့်မတ်သူ များဖြစ်စေတော်မူခဲ့သည်။
“အကြောင်းမူကား ဘုရားသခင်သည် သိထားနှင့်တော်မူသောသူတို့ကို မိမိသားတော်၏ပုံသဏ္ဌာန်နှင့်တူညီစေရန် ကြိုတင်သတ် မှတ်ထားတော်မူ၏။ ဤသည်ကား သားတော်သည် များစွာသောညီအစ်ကိုတို့တွင် သားဦးဖြစ်မည့်အကြောင်းတည်း။ ထိုသို့ကြိုတင်သတ်မှတ်ထားတော်မူသောသူတို့ကို ဘုရားသခင်သည် ခေါ်ယူတော် မူပြီး ခေါ်ယူတော်မူသောသူတို့ကို ဖြောင့်မတ်သည်ဟုအသိအမှတ် ပြုတော်မူ၍ ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုတော်မူသောသူတို့ကို ချီးမြှောက်တော်မူ၏”(‌ရောမ ၈း၂၉း၃၀)။လူများစွာတို့သည် ဤကျမ်း ချက်များတွင် “ကယ်လ်ဗင်၏အယူ ဝါဒငါးပါး”ကို အခြေခံသည်။ သို့သော်သူတို့သည် မှားယွင်းနေကြသည်။ ရှင်ပေါလုက “အကြောင်း မူကား ဘုရားသခင်သည် သိထားနှင့်တော်မူသောသူတို့ကို မိမိသားတော်၏ပုံသဏ္ဌာန်နှင့်တူညီစေရန် ကြိုတင်သတ် မှတ်ထားတော်မူ၏။ ဤသည်ကား သားတော်သည် များစွာသောညီအစ်ကိုတို့တွင် သားဦးဖြစ်မည့်အကြောင်းတည်း။ ထိုသို့ကြိုတင်သတ်မှတ်ထားတော်မူသောသူတို့ကို ဘုရားသခင်သည် ခေါ်ယူတော်မူပြီး ခေါ်ယူတော်မူသောသူတို့ကို ဖြောင့်မတ်သည်ဟုအသိအမှတ် ပြုတော်မူ၍ ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုတော်မူသောသူတို့ကို ချီးမြှောက်တော်မူ၏။” ဘုရားသခင်သည် သခင်ယေရှု၌ ကျွန်ုပ်တို့အား ကိုယ်တော်၏သားသမီး များဖြစ်လာရန် ကြိုတင်ခန့်ခွဲတော်မူခဲ့ သည်။ ဘုရားသခင်သည် မိမိ အကြံအစည်အောက်၌ ကျွန်ုပ်တို့အား ဤလောကသို့ မွေးဖွားရန် ကြိုတင်ခွဲခန့်တော်မူခဲ့သည်။ ကိုယ်တော် သည်ကျွန်ုပ်တို့အား ဖန်ဆင်းတော်မူခဲ့သည်။ ကျွန်ုပ်တို့အား မည်သူ့ပုံ သဏ္ဌာန်ဖြင့် ပုံသွင်းခဲ့သနည်း။ ဘုရားသခင်၏ပုံသဏ္ဌာန်တော်၊ သားတော်၏ပုံသဏ္ဌာန် တော်ဖြစ်လာရန် ပုံသွင်းခြင်းခံရကြသည်။ 
ဘုရားသခင်သည် မိမိအလိုတော်၏ကောင်းသောဝမ်းမြောက်မှု နှင့်အညီ သခင်ယေရှုခရစ်တော်အားဖြင့် ကိုယ်တော်၏သားသမီး များအဖြစ် အမွေဆက်ခံရန် ကျွန်ုပ်တို့အား မွေးဖွားခြင်းခံရန် ခွင့်ပြု တော်မူခဲ့သည်။ ကျွန်ုပ်တို့အား ကိုယ်တော်၏သားသမီးများဖြစ်စေ ရန်၊ သားတော်၏ပုံသဏ္ဌာန်နှင့်အညီ ပုံသွင်းရန် ကိုယ်တော်သည် သားတော်ကို စေလွှတ်မည်ဟု ကတိပြုတော်မူခဲ့သည်။ ကျွန်ုပ်တို့ သည် အာဒံ၏အမျိုးအနွယ်များအဖြစ် အပြစ်သားများဖြစ်ကြသော အခါ ဘုရားသခင်သည် သခင်ယေရှုခရစ်တော်အားဖြင့် ကျွန်ုပ်တို့ကို ခေါ်ဖိတ်တော်မူခဲ့သည်။ “ဝန်လေး၍ပင်ပန်းသောသူအပေါင်းတို့၊ ငါ့ထံသို့လာကြလော့။ ငါသည် သင်တို့အားငြိမ်သက်ချမ်းသာမှုကိုပေးမည်” (မဿဲ ၁၁း၂၈)။ ကိုယ်တော်သည် ကျွန်ုပ်တို့အပြစ်များအား လုံးယူဆောင်သွားတော်မူခဲ့ပြီးနောက် ကျွန်ုပ်တို့ကို ခေါ်ဖိတ်တော်မူ ခဲ့သည်။ ကျွန်ုပ်တို့သည် ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်သူများဖြစ် လာကြရန်အတွက် ကိုယ်တော်သည် ကျွန်ုပ်တို့အား ခေါ်ဖိတ်တော် မူခဲ့သည်။
 


ဘုရားသခင်သည် ကျွန်ုပ်တို့အား ဖြောင့်မတ်သူများဖြစ်စေ တော်မူ၍ ဘုန်းတော်ထင်ရှားစေတော်မူခဲ့သည်


ဘုရားသခင်သည် အပြစ်သားများကို ခေါ်ဖိတ်တော်မူ၍ တစ် ကြိမ်တည်းဖြောင့်မတ်သူများဖြစ်စေတော်မူခဲ့သည်။ ကျွန်ုပ်တို့သည် သီအိုလော်ဂျီပညာရှင်များတိုက်တွန်းသောစင်ကြယ်ခြင်းအားဖြင့် မ ဟုတ်၊ သခင်ယေရှုခရစ်တော်ကို ကယ်တင်ရှင်အဖြစ် ယုံကြည်ခြင်း အားဖြင့် ဖြောင့်မတ်သူများဖြစ်ကြသည်။ ဘုရားသခင်သည် အပြစ် သားများအား ခေါ်ဖိတ်တော်မူ၍ သူတို့ကို ဖြောင့်မတ်သူများဖြစ်စေ တော်မူခဲ့သည်။ ဤအရာမှာ ကိုယ်တော်သည် အပြစ်သားများအား ခေါ်ဖိတ်ခြင်း၏အကြောင်းရင်း ဖြစ်သည်။
“ခေါ်ယူတော်မူသောသူတို့ကို ဖြောင့်မတ်သည်ဟုအသိအမှတ် ပြုတော်မူ၏။” ဘုရားသခင်ခေါ်ခြင်းခံရ၍ သခင်ယေရှုခရစ်တော်ပြု တော်မူခဲ့သောအရာကို ယုံကြည်သူများသည် ဖြောင့်မတ်သူများဖြစ် လာခဲ့ကြသည်။ ကျွန်ုပ်တို့သည် ယခင်က အာဒံ၏အမျိုးအနွယ်များ အဖြစ် အပြစ်အမှန်အကန် ပြုခဲ့ကြသည်။ သို့သော် သခင်ယေရှုသည် အပြစ် များအားလုံး အမှန်အကန်ယူဆောင်သွားတော်မူခဲ့သည်ဟူ သော သမ္မာတရားကို ကျွန်ုပ်တို့ယုံကြည်ကြသောအခါ ကျွန်ုပ်တို့အ ပြစ်များအားလုံး အဝေးသို့ ယူဆောင်ခြင်းခံရသည်။ သင်သည် အပြစ် ပြုသလော။ သို့မဟုတ် မပြုသလော။ မပြုပေ။ ကျွန်ုပ်တို့၌ အပြစ် တစ်စုံ တစ်ခုမျှ မရှိတော့ပေ။ “ခေါ်ယူတော်မူသောသူတို့ကို ဖြောင့် မတ်သည်ဟုအသိအမှတ် ပြုတော်မူ၏။”
ဖြောင့်မတ်သူများသည် ဘုရားသခင်၏သားသမီးများဖြစ်လာခဲ့ သူများဖြစ်ကြသည်။ ကျွန်ုပ်တို့သည် အဆင့်ဆင့်၊ ခြေလှမ်းတစ်လှမ်း ပြီးတစ်လှမ်း ကိုယ်တော်၏သားသမီးများဖြစ်လာကြသည်မဟုတ် ပေ။ ကျွန်ုပ်တို့သည် ကိုယ်တော်၏ရွေးနှုတ်ကယ်တင်တော်မူခြင်း အားဖြင့် ဘုရားသခင်၏သားသမီးများအဖြစ် တစ်ခါတည်း ချီး မြှောက်ခြင်းခံရကြသည်။ 
“ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုတော်မူသောသူတို့ကို ချီး မြှောက်တော်မူ၏။”ဘုရားသခင်သည် ကျွန်ုပ်တို့အား ကိုယ်တော်၏ သားသမီးများ ဖြစ်‌စေတော်မူသည်။ ခရစ်ယာန်များစွာတို့သည် “ကယ်တင်ခြင်းခြေ လှမ်းငါးပါး”ကို ဘာကြောင့် ယုံကြည်ကြသည် ကို ကျွန်တော်နားမလည်နိုင်ပေ။ ကယ်တင်ခြင်းနှင့် ဘုရားသခင်၏ သားသမီးများဖြစ်လာခြင်းမှာ တစ်ကြိမ်တည်းဖြစ်လာသည်။ ကျွန်ုပ် တို့သည်ကိုယ်တော်၏ဒုတိယကြွလာတော်မူခြင်းကိုစောင့်မျှော်ရမည် ဖြစ်သောကြောင့် ကျွန်ုပ်တို့၏ကိုယ်ခန္ဓာရှင်ပြန်ထမြောက်ခြင်း၌ ပါဝင်ရန် အချိန်အချို့စောင့်ရကြမည် ဖြစ်သည်။ သို့သော် အပြစ်မှ ရွေးနှုတ်ကယ်တင်ခြင်းသည် မျက်စိတစ်မှိတ်တွင် တစ်ကြိမ်တည်းရ ရှိသည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၊ ကျွန်ုပ်တို့ကို ခေါ်သူ၊ပေးအပ် တော်မူခဲ့သောအပြစ်များဖြေလွှတ်ခြင်းနှုတ်ကပတ်တော်ကို တုန့်ပြန် ၍ ကိုယ်တော်သည် ကျွန်ုပ်တို့အတွက် ပြုတော်မူခဲ့သောအမှုအရာကို လက်ခံကြသောအခါ ချက်ချင်း ကယ်တင်ခြင်းခံရသည်။ “ကိုယ် တော်၊ ကျေးဇူးတင်ပါတယ်။ ဟာလေလုယာ။ အာမင်။ ကိုယ်တော် သည် ကျွန်ုပ်ကို ကယ်တင်တော်မူခဲ့သောကြောင့် ကျွန်တော်ကယ် တင်ခြင်းခံရတယ်။ ကိုယ်တော်သည် ကျွန်ုပ်အပြစ်များအားလုံး ဆေး ကြောပေးတော်မူလျှင် ကျွန်ုပ်သည် ကယ်တင်ခြင်းခံရနိုင်မည် မဟုတ်ပေ။ ကိုယ်တော့်ကို ကျေးဇူးတင်တယ်။ ဟာလေလုယာ။” ကျွန်ုပ်တို့အပြစ်များသည် ဤနည်းလမ်းဖြင့် ဖယ်ရှားခြင်းခံရသည်။
ရွေးနှုတ်ကယ်တင်ခြင်းသည် အကျင့်များနှင့် အချိန်မလိုအပ် ပေ။ ရွေးနှုတ်ကယ်တင်ခြင်း၌ ကျွန်ုပ်တို့အကျင့်များ ၀.၁% တောင်မ လိုအပ်ပေ။ လူတစ်ဉီးသည် ရွေးနှုတ်ကယ်တင်ခြင်းခံရရန်နှင့် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ရန် ခြေလှမ်း တစ်လှမ်းပြီးတစ် လှမ်း ဖြောင့်မတ်ခြင်းခံရမည်ဟု ကယ်လ်ဗီးနီစ်များက ပြောကြ သည်။ သန်ကောင်များသည် မည်သို့ပင်ကြိုးစားအားထုတ်စေကာမူ တစ်စက္ကန့်အတွင်း ၁၀၀ မီတာ မပြေးနိုင်သကဲ့သို့ လူသားများသည် ကောင်းမှုကုသိုလ်ပြုရန်နှင့် ပညတ်တော်စောင့်ရှောက်ရန် မည်သို့ ပင်ကြိုးစားအားထုတ်စေကာမူ သူတို့၏ကြိုးစားမှုအားဖြင့် ဖြောင့် မတ်သူများ မဖြစ်လာနိုင်ကြပေ။ သန်ကောင်သည် မည်သို့ပင် မိမိ ကိုယ်တော်ကို ရေဖြင့် ဆေးကြော၍ အဖိုးတန်သောအလှကုန်ပစ္စည်း များဖြင့် အလှပြင်စေကာမူ သန်ကောင်သည် သန်ကောင်ဖြစ်သည်။ ထိုနည်းတူ၊ အပြစ်သားများသည် နှလုံးသားများ၌ အပြစ်ရှိနေသရွေ့ သူတို့သည် မည်သို့ပင်သူတော်ကောင်းဟန်ဆောင်ကြသော်လည်း သူတို့သည် အပြစ်သားများသာ ဖြစ်သေးသည်။
အပြစ်သားတစ်ဉီးသည် ခြေလှမ်းလှမ်း၍ စင်ကြယ်ခြင်းအားဖြင့် မည်သို့ဖြင့် ပြည့်စုံသော ဖြောင့်မတ်သူဖြစ်နိုင်မည်နည်း။ ဇာတိပက တိသည် အချိန်ကြာလာသည်နှင့်အမျှ ပိုကောင်းလာနိုင်သလော။ ပို မကောင်းလာနိုင်ပေ။ ဇာတိပကတိသည် အချိန်ကြာလာသည်နှင့်အ မျှ ပို၍ဆိုးရွားလာကာ အပြစ်ကျူးလွန်လာပါသည်။ သို့သော် သမ္မာ ကျမ်းစာက “ထိုသို့ကြိုတင်သတ်မှတ်ထားတော်မူသောသူတို့ကို ဘုရားသခင်သည် ခေါ်ယူတော်မူပြီး ခေါ်ယူတော်မူသောသူတို့ကို ဖြောင့်မတ်သည်ဟုအသိအမှတ် ပြုတော်မူ၍ ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုတော်မူသောသူတို့ကို ချီးမြှောက်တော်မူ၏။”ဟု ပြောထားသည်။ ဘုရားသခင်၏ကျေးဇူးတော်အားဖြင့် တစ်ကြိမ် တည်းဖြစ်ပျက်သောအရာများကို အစဉ်လိုက် ဤကျမ်းချက်က စီရင်ထားသည်။ ရွေးနှုတ်ကယ်တင်ခြင်းနှင့် ဖြောင့်မတ်ခြင်းတို့သည် အစဉ်အလိုက်ပြည့်စုံသည်ဟု ဤကျမ်းချက်က မပြောပေ။ လူတစ် ဉီးသည် ဖြည်းဖြည်းချင်းမဟုတ်၊ ကိုယ်တော်ကို ယုံကြည်ခြင်းအား ဖြင့် ထာဝရအတွက် တစ်ကြိမ်တည်းဖြောင့်မတ်နိုင်ကြသည်။
သီအိုလော်ဂျီပညာရှင်များသည် သူတို့လုပ်နေသောအရာများ ကို မသိဘဲလျက် မဖြစ်နိုင်သောသီအိုလော်ဂျီများကို တွန်းအားပေး၍ လူများကို အပ္ပါယ်ငရဲသို့ ပို့ကြသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့ အား ရွေးနှုတ်ကယ်တင်ခြင်းကို ကတိပြုတော်မူခဲ့၍ သခင်ယေရှုခ ရစ်တော်အားဖြင့် ခေါ်တော်မူ၍ ဖြောင့်မတ်သူများဖြစ်စေကာ ကိုယ် တော်၏ခေါ်ခြင်းကို ဖြေကြားသောသူများကို ချီးမြှောက်တော်မူခဲ့ သည်။ “သို့ရာတွင် ကိုယ်တော်ကိုလက်ခံသမျှသောသူတည်းဟူသော ကိုယ်တော်၏နာမတော်ကိုယုံကြည်သောသူတို့အား ဘုရားသခင်၏သားသမီးများဖြစ်ရသောအခွင့်ကို ပေးတော်မူ၏”(ယောဟန် ၁း၁၂)။ ဘုရားသခင်သည် ကျွန်ုပ်တို့အား ချီးမြှောက်တော်မူသလော။ ချီး မြှောက်တော်မူသည်။ ကျွန်ုပ်တို့သည် အကျင့်ကောင်းများနှင့် စမ်း သပ်မှုများအားဖြင့် ချီးမြှောက်ခြင်းခံနိုင်ကြသလော။ ကျွန်ုပ်တို့သည် ဖြောင့်မတ်သူများဖြစ်လာရန် ပို၍ကြိုးစားရကြမည်လော။ မကြိုး စားရပေ။ ကျွန်ုပ်တို့သည် ဖြောင့်မတ်သူများဖြစ်လာခဲ့ကြသည်။
 


မည်သူကမျှ ကျွန်ုပ်တို့အား ဘုရားသခင်၏မေတ္တာတော်နှင့် မခွဲနိုင်ပေ


ဘုရားသခင်သည် ကျွန်ုပ်တို့ဘက်၌ရှိတော်မူလျှင် မည်သူသည် ကျွန်ုပ်တို့ကို ဆန့်ကျင်နိုင်ကြမည်နည်း။ မည်သူကမှ ဆန့်ကျင်နိုင် မည်မဟုတ်ပေ။ “သို့ဖြစ်လျှင် ဤအရာများကိုထောက်၍ မည်သို့ဆိုရမည်နည်း။ ဘုရားသခင်သည် ငါတို့ဘက်၌ရှိတော်မူလျှင် မည်သူသည် ငါတို့ကို ဆန့်ကျင်နိုင်မည်နည်း။ မိမိသားတော်ရင်းကိုပင် ချန်လှပ်မထားဘဲ ငါတို့အားလုံးအတွက် စွန့်တော်မူသောအရှင်သည် သားတော်နှင့်တကွ အရာခပ်သိမ်းတို့ကိုလည်း ငါတို့အားမပေးဘဲနေတော်မူမည်လော။ မည်သူသည် ဘုရားသခင်ရွေးကောက်တော်မူသောသူတို့ကို ပြစ်တင်စွဲဆိုမည်နည်း။ ဖြောင့်မတ်သည်ဟုအသိ အမှတ်ပြုတော်မူသောအရှင်ကား ဘုရားသခင်ပေတည်း။ မည်သူသည် ပြစ်ဒဏ်စီရင်မည်နည်း။ အသေခံတော်မူသည်သာမက ထ မြောက်တော်မူသော ခရစ်တော်ယေရှုသည် ဘုရားသခင်၏လက် ယာတော်ဘက်၌နေ၍ ငါတို့အတွက် အသနားခံပေးတော်မူ၏။ မည်သူသည် ငါတို့ကို ခရစ်တော်၏ချစ်ခြင်းမေတ္တာတော်နှင့် ကွဲ ကွာစေမည်နည်း။ ဆင်းရဲဒုက္ခ၊ နာကျင်ခြင်းဝေဒနာ၊ ညှဉ်းဆဲခြင်း၊ ငတ်မွတ်ခေါင်းပါးခြင်း၊ အဝတ်အချည်းစည်းရှိခြင်း၊ ဘေးအန္တရာယ်နှင့် ဓားဘေးစသည်တို့လော။“အကျွန်ုပ်တို့သည် ကိုယ်တော်အတွက် တစ်နေ့လုံးသေခြင်းနှင့်ရင်ဆိုင်နေကြရပါ၏။ အကျွန်ုပ်တို့သည် သတ်ရန်လျာထားသောသိုးများကဲ့သို့ မှတ်ယူခြင်းခံရကြပါ၏”ဟု ကျမ်းစာ၌ရေးထားသည့်အတိုင်းဖြစ်၏။သို့သော် ငါတို့သည် ငါတို့ကိုချစ်တော်မူသောအရှင်အားဖြင့် ထိုအမှုခပ်သိမ်းတို့ကိုခံရစဉ်၌ပင် လုံးလုံးလျားလျားအောင်မြင်လျက်ရှိကြ၏”(ရောမ ၈း၃၁-၃၇)။
မည်သူမည်ဝါကမျှ ကျွန်ုပ်တို့အား ဘုရားသခင်၏မေတ္တာတော် နှင့်ခွဲခွါနိုင်မည်မဟုတ်ပေ။ မည်သူမည်ဝါကမျှ ကျွန်ုပ်တို့ဖြောင့်မတ် သူများအား အပြစ်သားများ နောက်တစ်ကြိမ်မဖြစ်စေနိုင်ပေ။ ဘုရား သခင်၏သားသမီးများဖြစ်လာခဲ့သူများနှင့် အနှစ်တစ်ထောင်နိုင်ငံနှင့် ကောင်းကင်နိုင်ငံတွင် ဝင်ရောက်မည်သူများကို မည်သူမည်ဝါကမျှ တားဆီးနိုင်မည် မဟုတ်ပေ။ ညှဉ်းပန်းနှိပ်စက်ခြင်းများက ကျွန်ုပ်တို့ ကိုအပြစ်သားများဖြစ်စေနိုင်သလော။ စိတ်ပျက်ခြင်းက ကျွန်ုပ်တို့ကို အပြစ်သားများဖြစ်စေနိုင်သလော။ မတရားဆက်ဆံမှုများက ကျွန်ုပ် တို့အား အပြစ်သားများ ဖြစ်စေနိုင်သလော။ မွတ်သိက်ခြင်း၊ အဝတ် အချည်းစည်းရှိခြင်း၊ အန္တရာယ်နှင့် သတ်ဖြတ်ခြင်းများက ကျွန်ုပ်တို့ အား အပြစ်သားများပြန်ဖြစ်စေနိုင်သလော။ “မိမိသားတော်ရင်းကိုပင် ချန်လှပ်မထားဘဲ ငါတို့အားလုံးအတွက် စွန့်တော်မူသောအရှင်သည် သားတော်နှင့်တကွ အရာခပ်သိမ်းတို့ကိုလည်း ငါတို့အားမပေးဘဲနေတော်မူမည်လော။”ဘုရားသခင်သည် ကျွန်ုပ်တို့အား ကောင်း ကင်နိုင်ငံ‌တော်ကို ချပေးတော်မူသည်။ ကျွန်ုပ်တို့အား ကယ်တင်ရန် မိမိတစ်ပါးတည်းသောသားတော်ကို ကိုယ်တော်သည် နှာမြောတော် မမူသောကြောင့် ကိုယ်တော်သည် ကျွန်ုပ်တို့အား အရာအားလုံးကို အခမဲ့ပေးတော်မူသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့အတွက် အကြီး ဆုံးသောယဇ်ပူဇော်ကို ပြုလိုတော်မူသောအခါ ကိုယ်တော်သည် ကျွန်ုပ်တို့အား မိမိသားသမီးများ ဘာကြောင့် မဖြစ်စေဘဲ နေတော်မူ မည်နည်း။
 


ဘုရားသခင်ချပေးတော်မူသော ရွေးနှုတ်ခြင်းမှာ...


ကျွန်ုပ်တို့သည် အပြစ်များမှ ရွေးနှုတ်ခြင်းခံရရန်အတွက် ခ မည်းတော်ဘုရားခသင်၏အလိုတော်နှင့်အညီ သခင်ယေရှုခရစ်တော် သည် လူသားတစ်ဉီးအဖြစ် စေလွှတ်ခြင်းခံတော်မူခဲ့သည်ဟု ဝန်ခံရ ကြမည်ဟု ဘုရားသခင်မိန့်တော်မူသည်။ ဒုတိယအနေဖြင့် သခင် ယေရှုသည်ယောဒန်မြစ်၌ ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် မိမိအပေါ် သို့ အပြစ်များအားလုံးကို ယူဆောင်သွားတော်မူခဲ့သည်ဟု ဝန်ခံရကြ မည် ဖြစ်သည်။ တတိယအနေဖြင့်၊ သခင်ယေရှုသည် ကျွန်ုပ်တို့အ တွက် အသေခံတော်မူခဲ့၍ သေခြင်းမှ ရှင်ပြန်ထမြောက်တော်မူခဲ့ သည်ဟု ကျွန်ုပ်တို့ဝန်ခံရကြမည် ဖြစ်သည်။ ကျွန်ုပ်တို့သည် အထက် တွင် တောင်းဆိုမှုများမှ တစ်ခုချင်းစီတိုင်းကို ယုံကြည်ခြင်းမရှိကြ လျှင် ကယ်တင်ခြင်းခံရနိုင်ကြမည် မဟုတ်ပေ။ 
သခင်ယေရှုသည် ဘုရားသခင်တော်ဖြစ်တော်မူသည်ကိုလည်း ကောင်း၊ ကိုယ်တော်သည် ဘုရားနှင့်ဖန်ဆင်းရှင်ဖြစ်တော်မူသည်ကို လည်းကောင်းမယုံကြည်သောသူများသည် ဘုရားသခင်၏ကယ်တင် ခြင်း၌ ပါဝင်ခွင့်မရကြပေ။ လူတစ်ဉီးသည် သခင်ယေရှုခရစ်တော်၏ ဘုရားဖြစ်တော်မူခြင်းကို ငြင်းပယ်လျှင် သူသည် စာတန်၏သားဖြစ် သည်။သခင်ယေရှုသည် ဗတ္တိဇံယောဟန်အားဖြင့် ဗတ္တိဇံခံယူတော်မူ သောအခါ ကျွန်ုပ်တို့အပြစ်များအားလုံး ယူဆောင်သွားတော်မူခဲ့ သည်ဟူသောအချက်ကို ငြင်းပယ်သောသူများသည် ကယ်တင်ခြင်း မခံရကြပေ။ သခင်ယေရှုသည် သူတို့သည် ကယ်တင်ရှင်မဖြစ်နိုင် ပေ။ သူတို့သည် သခင်ယေရှုကို စိတ်များဖြင့် ယုံကြည်ကြသော် လည်း သူတို့နှလုံးသား၌ ကယ်တင်ခြင်းခံရမည်ဟုတ်ပေ။ သူတို့ သည် သခင်ယေရှုကို သိကြသော်လည်း အပ္ပါယ်ငရဲသို့ သွားရကြ သည်။ သခင်ယေရှုခရစ်တော်သည် ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် ကျွန်ုပ်တို့အပြစ်များအားလုံးကို ယူဆောင်သွားတော်မူခဲ့သော ကြောင့် ကိုဘ်တော်သည် ကျွန်ုပ်တို့ကိုယ်စားအသေခံတော်မူခဲ့ သည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့အပြစ်များကြောင့် အသေခံတော်မူ ခဲ့သည်။ ကိုယ်တော့်အပြစ်ကြောင့်မဟုတ်ပေ။ ထိုနောက် ကိုယ် တော်သည် ယုံကြည်သူအားလုံးကို ဖြောင့်မတ်စေတော်မူရန် သေ ခြင်းမှ ရှင်ပြန်ထမြောက်တော်မူ၍ သူတို့ကိုလည်း ရှင်ပြန်ထမြောက် စေတော်မူသည်။
 


ကိုယ်တော်၏ဗတ္တိဇံကို ယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့ သည် ကယ်တင်ခြင်းခံရကြသည်


ကျွန်တော်သည် ယခုအထိ အခန်းကြီး ၇နှင့် ၈တို့၏ ဆက်နွယ် မှုကို ဟောပြောခဲ့သည်။ အခန်းကြီးရတွင် အပြစ်ရှိသောသူတစ်ဉီး သည် ကောင်းမှုမပြုနိုင်ပါဟု ပြောထားသည်။ သို့သော် အခန်းကြီး ၈ တွင်မူ ယခုတွင် သခင်ယေရှုခရစ်တော်၌ ရှိသောသူများအပေါ် တ ရားစီရင်ခြင်းမရှိတော့သည်ကိုလည်းကောင်း သခင်ယေရှုခရစ်တော် ၌ ယုံကြည်ခြင်းသည် ကျွန်ုပ်တို့အား အပြစ်ကင်းစင်သူများဖြစ်စေ သည်ကိုလည်း ပြောထားသည်။ ကျွန်ုပ်တို့သည် အားနားနေကြ၍ ကိုယ်တော်၏အလိုတော်နှင့်အညီ အသက်မရှင်နိုင်ကြသောကြောင့် ကျွန်ုပ်တို့သည် အပြစ်သားများဖြစ်ကြသောအခါ ခမည်းတော်ဘုရား သခင်သည် သခင်ယေရှုခရစ်တော်ကို ကျွန်ုပ်တို့၏ကယ်တင်ရှင်အ ဖြစ် စေလွှတ်တော်မူခဲ့၍ကိုယ်တော်သည် ဗတ္တိဇံခံယူတော်မူခြင်း အားဖြင့် ကျွန်ုပ်တို့အပြစ်များအားလုံးကို ယူဆောင်သွားတော်မူခဲ့ သည်။ ကျွန်ုပ်တို့သည် သခင်ယေရှုခရစ်တော်အားဖြင့် ကျွန်ုပ်တို့အ ပြစ်များအားလုံးမှ ကယ်တင်ခြင်းခံရကြ၍ ဖြောင့်မတ်သူများဖြစ်လာ ခဲ့ကြသည်။ ဤအရာမှာ အခန်းကြီး ၇နှင့် ၈ တို့အားဖြင့် ရှင်ပေါလု သွန်သင်ခဲ့သော သမ္မာတရား ဖြစ်သည်။
“အကြောင်းမူကား ခရစ်တော်ယေရှု၌ရှိသည့် အသက်ရှင်ခြင်း၏ဝိညာဉ်တော်နှင့်ဆိုင်သောတရားသည် အပြစ်နှင့်သေခြင်းတို့နှင့်ဆိုင်သောတရားမှ သင့်ကိုလွတ်မြောက်စေပြီဖြစ်၏။”ယခုတွင် ကျွန်ုပ် တို့မှာ အပြစ်မရှိကြပေ။ သင်သည် သခင်ယေရှုခရစ်တော်၌ ရှိသ လော။ သခင်ယေရှုသည် သင့်အတွက် ပြုတော်မူခဲ့သောအမှုကို သင် ဝန်ခံသလော။ ရှင်ပေါ်လုသည် မိမိအပြစ်များမှ ရွေးနှုတ်ကယ် တင် ခြင်းခံရသည့်အတိုင်း ကျွန်ုပ်တို့သည် သခင်ယေရှု၏ဗတ္တိဇံနှင့် ကားတိုင်ပေါ်တွင် အသွေးတော်ကို ယုံကြည်ခြင်းအားဖြင့် အပြစ် များအား လုံးမှ လွှတ်မြောက်ခြင်းခံရကြသည်။ ကျွန်ုပ်တို့သည် သခင်ယေရှု၏ဗတ္တိဇံ၊ အသွေးတော်နှင့် ရှင်ပြန်ထမြောက်တော်မူ ခြင်းကို ယုံကြည် ခြင်းအားဖြင့် ရွေးနှုတ်ကယ်တင်ခြင်းခံရကြသည်။ လူတစ်ဉီးသည် သခင်ယေရှု၏ခရစ်တော်၏ဗတ္တိဇံကို ယုံကြည်ရန် မာန်မာနထောင်လွှား၍ ငြင်းဆိုလျှင်လည်းကောင်း၊ သခင်ယေရှု သည် နှိမ့်ချခြင်းကို ထင်ရှားစေလိုသောကြောင့် နှစ်ခြင်းမင်္ဂလာခံယူ တော်မူခဲ့သည်ဟု လူတစ်ဉီးသည် ခုခံလျှင်လည်းကောင်း ဘုရားသ ခင်သည် ထိုသူကို အပ္ပါယ်ငရဲသို့ စေလွှတ်တော်မူလိမ့်မည်။ သင် သည် ဘုရားသခင်၏နှုတ်ကပတ်တော်ရှေ့မှာ မာန်မာနမထောင် လွှားရပေ။ ရှင်ပေါလုသည် သခင်ယေရှု၏ဗတ္တိဇံအကြောင်းကို များစွာပြောကြားသောအခါ သင်းအုပ်ဆရာများနှင့် အမှုတော်ဆောင် များသည် မည်သို့ဖြင့် လျစ်လျူရှုနိုင်ကြမည်နည်း။ ယုံကြည်ခြင်း၏ အကြီးဆုံးသော ဖခင်ကြီးတစ်ဉီး၊ ရှင်ပေါလုထက်ပို၍ ယုံကြည်ခြင်း ကြီးမားသောသူတစ်စုံ တစ်ဉီးမျှမရှိလျှင် သူတို့သည် မည်သို့ဖြင့် ယုံကြည်မှုကို လျစ်လျူရှုနိုင်ကြမည်နည်း။ ဘုရားသခင်ကိုယ်တော် တိုင် တမန်တော်တစ်ပါးအဖြစ်ခန့်အပ်တော်မူခဲ့သော ဘုရားသခင်အ စေခံသွန်သင်မှုများကို သူတို့သည် မည်သို့ဖြင့် လျစ်လျူရှုနိုင်ကြ မည်နည်း။
ကျွန်ုပ်တို့သည် သခင်ယေရှုခရစ်တော်အကြောင်းကို ဟော ပြောလိုကြလျှင် သမ္မာကျမ်းစာ၌ ဖော်ပြထားသည့်အတိုင်း ဟော ပြော၍ သမ္မာကျမ်းစာနှင့်အညီ ယုံကြည်ရကြမည် ဖြစ်သည်။ ကိုယ် တော်သည် ကျွန်ုပ်တို့အား “ထို့ကြောင့် ယေရှုသည် မိမိကိုယုံကြည်သော ဂျူးလူမျိုးတို့အား“သင်တို့သည် ငါ၏တရားစကား၌တည်လျှင် ငါ့တပည့်အမှန်ဖြစ်ကြပြီးသမ္မာတရားကိုသိကြသဖြင့် သမ္မာတရားသည် သင်တို့ကို လွတ်မြောက်စေလိမ့်မည်”(ယောဟန် ၈း၃၁-၃၂)ဟု မိန့်တော်မူခဲ့သည်။ သင်နှင့်ကျွန်တော်တို့သည် ရှင်ပေါလုကဲ့သို့ သ ခင်ယေရှု၏ဗတ္တိဇံကို ယုံကြည်လာခဲ့ကြသည်။
ကျွန်ုပ်တို့အပြစ်များကို မည်သည့်အချိန်တွင် သခင်ယေရှုခရစ် တော်အပေါ်သို့ လွှဲပြောင်းခဲ့သနည်း။ သခင်ယေရှုခရစ်တော်သည် ဗတ္တိဇံယောဟန်အားဖြင့် ဗတ္တိဇံခံယူတော်မူခဲ့သောအခါ ကျွန်ုပ်တို့အ ပြစ်များအားလုံးကို ကိုယ်တော့်အပေါ်သို့ လွှဲပြောင်းခဲ့သည်။ သခင် ယေရှုသည် ယောဟန်ထံ “ငါတို့သည် ဖြောင့်မတ်ခြင်းအလုံးစုံကို ဤသို့ပြည့်စုံစေသင့်၏”ဟု မိန့်တော်မူခဲ့သည်။ ဤတွင် “ထိုကြောင့်” သည် ဂရိဘာသာစကားအားဖြင့်“hoo’-tos gar” ဖြစ်၍အဓိပ္ပါယ်မှာ “ဤနည်းအတိုင်း၊” “အသင့်တော်ဆုံး၊” သို့မဟုတ် “ဤအရာထက် အခြားသောနည်းလမ်းမရှိ” ဖြစ်သည်။ သခင်ယေရှု သည် ယောဟန်ထံမှ ခံယူတော်မူခဲ့သော ဗတ္တိဇံအားဖြင့် မိမိအပေါ် သို့ လူသားများ၏အပြစ်များကို မလွှဲမသွေ ယူဆောင်သွားတော်မူခဲ့ သည်ဟု ဤစကားလုံးက ထင်ရှားစေသည်။ ဗတ္တိဇံ၏အဓိပ္ပါယ်မှာ “ဆေးကြောသန့်စင်စေခြင်း” ဖြစ်သည်။ ကျွန်ုပ်တို့နှလုံးသားများ၌ အပြစ်များအားလုံးကို ဆေးကြောပေးခြင်း၊ ကျွန်ုပ်တို့အပြစ်များကို သခင်ယေရှုခရစ်တော်အပေါ်သို့လွှဲပြောင်းခြင်းရှိသင့်သည်။
သခင်ယေရှုခရစ်တော်သည် ကျွန်ုပ်တို့အပြစ်များကို ယူ ဆောင်သွားတော်မူ၍ ကျွန်ုပ်တို့ကိုယ်စားအသေခံသာ ကျွန်ုပ်တို့နှင့် အတူ သင်္ဂြိုဟ်ခြင်းခံတော်မူခဲ့သည်။ ထိုကြောင့် ရှင်ပေါလုက “ငါ သည် ခရစ်တော်နှင့်အတူ အသေခံခဲ့သည်”(ဂလာတိ ၂း၂၀)ဟု ကြွေး ကြော်ခဲ့သည်။ ကားတိုင်ပေါ်တွင် အသေခံတော်မူသော သခင်ယေရှု ခရစ်တော်နှင့် ကျွန်ုပ်တို့သည် မည်သို့အသေခံနိုင်ကြမည်နည်း။ သ ခင်ယေရှုသည် ကျွန်ုပ်တို့အပြစ်များအားလုံးကို မိမိအပေါ်သို့ ယူ ဆောင်သွားတော်မူခဲ့၍ ဤအပြစ်များအတွက် အသေခံတော်မူခဲ့ သည်ဟု ကျွန်ုပ်တို့ ယုံကြည်ကြသောကြောင့် ကျွန်ုပ်တို့သည် ခရစ် တော်နှင့်အတူ အသေခံခဲ့ကြသည်။
ကျွန်တော့်အား အပြစ်များအားလုံးမှ ကယ်တင်တော်မူခဲ့သူ ကိုယ်တော်ကို ချီးမွမ်းသည်။ သခင်ယေရှုသည် ကျွန်ုပ်တို့အား ဖြောင့် မတ်သူများဖြစ်စေတော်မူခဲ့သောကြောင့် ကျွန်ုပ်တို့သည် သတင်း ကောင်းကို ရဲဝံ့စွာ ဟောပြောနိုင်ကြသည်။ ဇာတိပကတိသည် အ လွန်အားနည်း၍ ဘုန်းအသရေပျက်သော ကျွန်ုပ်တို့ကို အပြစ်များ အားလုံးမှ ကယ်တင်တော်မူခြင်းအတွက် ကိုယ်တော်ကို ကျွန်တော် ကျေးဇူးတင်သည်။