Search

တရားဟောချက်များ

ဘာသာရပ် ၉ - ရောမဩဝါဒစာ (ရောမဩဝါဒစာအနက်ဖွင့်ကျမ်းများ)

[7-5] ဇာတိပကတိသည် အပြစ်၏ ပညတ်ကိုသာ အစေခံသည် (ရောမ ၇း၂၄-၂၅)

(ရောမ ၇း၂၄-၂၅)
“ငါသည် အလွန်စိတ်ပျက်ဖွယ်ကောင်းသောသူဖြစ်ပေ၏။ မည် သူသည် သေခြင်းနှင့်ဆိုင်သော ဤကိုယ်ခန္ဓာမှ ငါ့ကို ကယ်နုတ်မည် နည်း။ သို့သော် ငါတို့၏သခင်ယေရှုခရစ်တော်အားဖြင့် ဘုရားသခင်၏ကျေးဇူးတော်ကိုချီးမွမ်း၏။ ဤသို့ဖြင့် ငါသည် မိမိစိတ်နှလုံးအား ဖြင့် ဘုရားသခင်၏တရားတော်ကို အစေခံလျက်ရှိသော်လည်း သွေး သားဇာတိအားဖြင့် အပြစ်နှင့်ဆိုင်သောတရားကို အစေခံလျက်ရှိ၏။”
 


ဇာတိပကတိသည် အပြစ်ကိုသာအစေခံခြင်းမှာ ပညတ်ဖြစ်သည်


သင်၏ယုံကြည်ခြင်းဘဝမှာ အဘယ်သို့နည်း။ “ဖြားယောင်းသွေးဆောင်ရာထဲသို့ မကျရောက်စေရန် သတိနှင့်စောင့်နေလျက် ဆုတောင်းကြလော့။ စိတ်ဝိညာဉ်သည် ထက်သန်သော်လည်း ကိုယ်ကာယမူကား အားနည်း၏”(မဿဲ ၂၆း၄၁)။ သင်သည် ဤအ ရာနှင့်တူသည် မဟုတ်လော။
သမ္မာကျမ်းစာက ကျွန်ုပ်တို့အား “သို့သော် ငါတို့၏သခင်ယေရှုခရစ်တော်အားဖြင့် ဘုရားသခင်၏ကျေးဇူးတော်ကိုချီးမွမ်း၏။ ဤ သို့ဖြင့် ငါသည် မိမိစိတ်နှလုံးအားဖြင့် ဘုရားသခင်၏တရားတော်ကို အစေခံလျက်ရှိသော်လည်း သွေးသားဇာတိအားဖြင့် အပြစ်နှင့်ဆိုင် သောတရားကို အစေခံလျက်ရှိ၏”ဟု ဖော်ပြထားသည်။ ကျွန်ုပ်တို့ အား လွှမ်းမိုးသောအရာမှာ ပညတ်တော်များဖြစ်ကြသည်။ ကျွန်ုပ်တို့ နှလုံးသားများသည် ဘုရားသခင်ကို ချစ်ရန်နှင့် သမ္မာတရားကို ချစ် ရန်အတွက် ဖြစ်သည်။ သို့သော် ဇာတိပကတိသည် အပြစ်ပညတ် ကိုသာအစေခံခြင်းမှာ သဘာဝဖြစ်သည်။ နှလုံးသားသည် သတင်း ကောင်းနှင့် ကိုယ်တော်၏ဖြောင့်မတ်ခြင်းကို အစေခံ၍ ဇာတိပက တိသည် အပြစ်ကိုသာ အစေခံသည်ဟု ဘုရားသခင်၏နှုတ်ကပတ် တော်က ပြောထားသည်။
အပြစ်၏ပညတ်မှာ အဘယ်အရာဖြစ်သည်ကို သင်သိသလော။ ကျွန်ုပ်တို့သည် သစ္စာရှိသောဘဝများကို ပိုင်ဆိုင်လိုကြသည်။ ဇာတိ ပကတိသည် အပြစ်ကို အစေမခံသောအခါ ကျွန်ုပ်တို့၊ သန့်ရှင်းသူ များနှင့် ဘုရားသခင်၏အစေခံများသည် ခြင်္သေ့များကဲ့သို့ ရဲရင့်မှုခံ စားရကြသည်။ သို့သော် ဇာတိပကတိသည် အပြစ်တရားကို အစေခံ ၍ နစ်မွန်းသောအခါ ကျွန်ုပ်တို့မှာ တန်ခိုးမရှိကြပေ။ ကျွန်ုပ်တို့သည် အပြစ်မပြုလျှင် ဝမ်းမြောက်၍ ရောင့်ရဲမှုအပြည့်ရှိကြလိမ့်မည်ဟု ထင်နိုင်ကြသ်ည။ သို့သော် အမှန်မှာတော့ ကျွန်ုပ်တို့မှာ အပြစ်မကျူး လွန်ရန် ရောင့်ရဲမှု အမှန်အကန် မရှိကြပေ။ သန့်ရှင်းသူများ၏နှလုံး သားများနှင့် ဘုရားသခင်၏အစေခံများ၏နှလုံးသားများသည် ဤအ ရာကြောင့် ကျုံ့သွားကြသည်။ 
“♫ငါ့အပြစ်များအားလုံး ပျောက်သွားပြီ။♪ ကာရနီ၏ကျေးဇူး ကြောင့်ပါ။ ♫” ကျွန်ုပ်တို့သည် ကယ်တင်ခြင်းခံရကြ၍ ဤသို့ဖြင့် ဘုရားသခင်ကို ချီးမွမ်းကြသော်လည်း ကျွန်ုပ်တို့သည် အနာဂတ်ကာ လ ယုံကြည်ခြင်းအသက်တာများကို စဉ်းစားကြသောအခါ အသက် ရှင်ရန် မိမိကိုယ်ကိုကိုယ် ရောင့်ရဲတင်းတိမ်မှုမရှိကြပေ။ ကျွန်ုပ်တို့ သည် ဇာတိပကတိအားနည်းချက်များအကြောင်းကို စဉ်းစား၍ ဤ သို့ဖြင့် နိဂုံးချုပ်ခဲ့ကြသည်။ “ကျွန်တော်သည် အနာဂတ်ကာလတွင် ဤနည်းလမ်းအတိုင်းအသက်မရှင်သင့်ပေ။ အပြစ်လုံးဝမပြုသင့် တော့ပေ။” သို့သော် ကျွန်ုပ်တို့သည် တဖန်ကိုယ်တော်ပေါ်တွင် မှီခို အားထား၍ ဘုရားသခင်၏ဖြောင့်မတ်ခြင်းအပေါ် မားမားမတ်မတ် ရပ်တည်ကြသောအခါ ဘုရားသခင်ထံ “ကိုယ်တော်၊ ကျေးဇူးတင်ပါ တယ်။ ဟာလေလုယာ။ သေသည့်ထိတိုင်အောင် ကိုယ်တော့်ကို နာ ခံပါမည်”ဟု ပြော၍ သစ္စာဆိုတတ်ကြသည်။ ထိုနောက် ကျွန်ုပ်တို့ သည် ကိုယ်တော်ကို မီးတောက်ဖြင့် တန်ခိုးရှိစွာ အစေခံကြသည်။ သို့သော် ကျွန်ုပ်တို့သည် တဖန်အပြစ်ကျူးလွန်ကြသောအခါ မိမိ ကိုယ်ကိုကိုယ် စိတ်ပျက်၍ ဘုရားသခင်ကို ကြာရှည်စွာ အစေမခံနိုင် ကြတော့ပေ။ ကယ်တင်ခြင်းခံခဲ့ပြီးသော ဘုရားသခင်၏အစေခံများ နှင့်သန့်ရှင်းသူအားလုံးတို့သည် ဤကဲ့သို့ ဖြစ်ကြသည်။ ထိုကြောင့် ဇာတိပကတိသည် အပြစ်သာ အစေခံသည်ဟူသောအချက်အားဖြင့် ကျွန်ုပ်တို့သည် ဖိနှိပ်ခြင်းခံရကြသည်။
ကျွန်ုပ်တို့သည် ဇာတိပကတိအားနည်းချက်အားဖြင့် ချည် နှောင်ခြင်းခံရန် အလိုတော်မရှိသည်ဟု ကျွန်ုပ်တို့သိကြသည်။ ထို ကြောင့် ရှင်ပေါလုက ဝိညာဉ်ပကတိနှင့်ဇာတိပကတိသည် ခွဲခြားရ ခြင်းအကြောင်း ဖြစ်သည်။ “သို့သော် ငါတို့၏သခင်ယေရှုခရစ်တော်အားဖြင့် ဘုရားသခင်၏ကျေးဇူးတော်ကိုချီးမွမ်း၏။ ဤ သို့ဖြင့် ငါသည် မိမိစိတ်နှလုံးအားဖြင့် ဘုရားသခင်၏တရားတော်ကို အစေခံလျက်ရှိသော်လည်း သွေးသားဇာတိအားဖြင့် အပြစ်နှင့်ဆိုင် သောတရားကို အစေခံလျက်ရှိ၏။”ဇာတိပကတိသည် တိုးတက်မှုမရှိနိုင် ပေ။ ဇာတိပကတိသည် အပြစ်၏ပညတ်ကိုသာ အစေခံသည်။ ဤအ ရာသည် ပညတ်ဖြစ်သည်ဟု ရှင်ပေါလုက ပြောကြားသည်။ ဇာတိပ ကတိသည် အပြစ်ကိုသာလိုက်လျှောက်၍ အစေခံသည်။ သင်သည် ဤအရာကို နားလည်သဘောပေါက်သလော။ ထိုအရာသည် ပညတ် ဖြစ်သည်။ မည်သူသည် ပညတ်ကို ပြောင်းလဲနိုင်သနည်း။ သင်နှင့် ကျွန်တော်တို့သည် မပြောင်းနိုင်ကြပေ။ ကျွန်ုပ်တို့သည် မည်သူ့ကို နှ လုံးသားများဖြင့် အစေခံသင့်ကြသနည်း။ ကျွန်ုပ်တို့သည် ဘုရားသ ခင်ကို အစေခံသင့်ကြသည်။ ကျွန်ုပ်တို့သည် နှလုံးသားအကြွင်းမဲ့ ဘု ရား၊ သမ္မာတရား၊ ဝိညာဉ်များနှင့် ကိုယ်တော်၏ဖြောင့်မတ်ခြင်းကို ချစ်သင့်ကြသည်။
 


ဇာတိပကတိမှ များစွာ မမြော်လင့်ပါနှင့်


ဇာတိပကတိသည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းမဟုတ်သော ဇာတိနှင့်စပ်ဆိုင်သော ပျော်ရွှင်ခြင်း၊ နှစ်သိမ့်ခြင်း၊ ငြိမ်သက်ခြင်း၊ ဝမ်းမြောက်ခြင်းနှင့် မာန်မာနများကို ချဲ့ထွင်ရန် ဆန္ဒရှိသည်။ ဇာတိ ပကတိသည် ဝမ်းမြောက်မှုဖြစ်စေသောအရာအားလုံးကို လုပ်ဆောင် ရန် ဆန္ဒရှိသည်။
သင်သည် “ဇာတိပကတိ နာထောင်ပါ။ ငါသည် ကောင်းမှုကု သိုလ်ပြုချင်တယ်”ဟု ပြော၍ ဇာတိပကတိမှ များစွာ မမြော်လင့်ရ ပေ။ ဇာတိပကတိသည် ပို၍ ကောင်းမွန်လာလိမ့်မည်ဟု သင်၏မြော် လင့်ချက်ကို စွန့်လွှတ်ပါ။ ဇာတိပကတိသည် ဘုရားသခင်နှင့်ကိုယ် တော်ဖြောင့်မတ်ခြင်းချစ်သည်ကိုလည်းကောင်း၊ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းအတွက် အစေခံ၍ ကိုယ်တော့်အတွက် ဆင်းရဲဒုက္ခခံ ရန် ဆန္ဒရှိသည်ကိုလည်းကောင်း မထင်ရပေ။
ဇာတိပကတိမှ ကောင်းမှုတစ်စုံတစ်ခုမျှော်လင့်သူများသည် မိုက်မဲသောသူများဖြစ်ကြသ်ည။ ထိုနောက် ကျွန်ုပ်တို့သည် အဘယ် အရာကို လုပ်သင့်သနည်း။ အရာခပ်သိမ်းတို့သည် ကိုယ်တော်၏ ပ ညတ်တော်နှင့်အညီ ပြုလုပ်သည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ပ ညတ်တော်ကို သိလျှင်တောင် ပြောင်းလဲနိုင်ကြမည်လော။ ၎င်းသည် ဘုရားသခင်၏ပညတ်တော်ြဖစ်သောကြောင့် ကျွန်ုပ်တို့သည် မ ပြောင်းလဲနိုင်ကြပေ။
ဇာတိပကတိကိုဖြစ်စေသော ဘုရားသခင်၏ပညတ်တော်သည် အပြစ်စေခံသည်။ ကျွန်ုပ်တို့သည် ဝမ်းနည်းမှုကို ခံစား၍ မျက်နှာ သည် အမှောင်ကျကြလျှင် ကျွန်ုပ်တို့သည် ဇာတိကပတိကို အစေခံ ကြသောကြောင့် ထိုသို့ဖြစ်ရခြင်း ဖြစ်သည်။ ဇာတိပကတိသည် ကောင်းမွန်စွာအသက်ရှင်လိုသောကြောင့် ဇာတိပကတိသည် အမြဲ တမ်း မိမိကိုယ်ကိုကိုယ် ဖြောင့်မတ်စေသည်။ ကျွန်ုပ်တို့သည် မိမိ ကိုယ်ကိုကိုယ် မဖြောင့်မတ်စေသင့်ကြသော။ ဇာတိပကတိကို ၎င်း အတိုင်း ချန်ထားပါ။ သင်သည် ကိုယ်တော်ကို နှလုံးသားဖြင့် ယုံ ကြည်ခြင်းအားဖြင့် အသက်ရှင်ရန် ကျွန်တော်ဆန္ဒပြုလိုက်သည်။ ဇာ တိပကတိသည် အပြစ်ကိုသာ အစေခံသောကြောင့် ဇာတိပကတိ သည် သေသည့်အထိ အပြစ်ပြုခြင်းမှ မလွှတ်မြောက်နိုင်ပေ။ ကျွန်ုပ် တို့သည် အပြစ်ပြုခြင်းမှ မိမိကိုယ်ကိုကို မလွှတ်မြောက်နိုင်ကြပေ။ သင်သည် “ဇာတိပကတိသည် ပိုကောင်းလာနိုင်တယ်”ဟု ထင်နိုင် သည်။ သို့သော် ဤအရာသည် မဖြစ်နိုင်ပေ။ သို့မဟုတ် ကျွန်ုပ်တို့ သည် အမှုမဲ့အမှတ်မဲ့ အပြစ်များကို ကျူးလွန်ကြသောအခါ သင် သည် “ပတ်ဝန်းကျင်မကောင်းသောကြောင့် ဖြစ်တယ်”ဟု တွေးနိုင် သည်။ မဟုတ်ပေ။ ပတ်ဝန်ကျင်အခြေအနေဆိုးရွားသောကြောင့် မ ဟုတ်ပေ။ ဇာတိပကတိသည် အစအဉီးမှစ၍ အပြစ်ကိုအစေခံလို သောကြောင့် ဖြစ်သည်။
ဇာတိပကတိသည် ကောင်းသောအရာတစ်စုံတစ်ခုကို ဘယ် တော့မှ မပြုနိုင်ပေ။ ဇာတိပကတိသည် သေသည့်ထိ အပြစ်ကျူး လွန်သည်။ဇာတိပကတိသည် ပိုကောင်းလာမည်လော။” သင်သည် စိတ်ပျက်လိမ့်မည်ဖြစ်သောကြောင့် ဇာတိပကတိသည် ပိုကောင်း လာမည်ကို မမျှော်လင့်ပါနှင့်။ သင်သည် မိမိစိတ်ကို မကြာခဏပြု ပြင်၍ “ငါက ထိုသို့မပြုတော့ပေ”ဟု မိမိကိုယ်ကိုကိုယ် ပြောနေလျှင် လည်း ဇာတိပကတိသည် သင်၏ဆန္ဒများကို ဆန့်ကျင်၍ ဆိုးသော အရာများကိုသာ ပြုတတ်သောကြောင့် သင်မလုပ်ဆောင်နိုင်ပေ။ အ ပြစ်မပြုရန် ကျွန်ုပ်တို့အကြား မည်သူသည် မိမိစိတ်ကို ပြုနိုင်နိုင်သ နည်း။ လူတိုင်းမပြုပြင်နိုင်ကြပေ။ သို့သော် ဇာတိပကတိသည် အ ပြစ်ကိုသာပြုသည်ဟု ဘုရားသခင်၏ပညတ်တော်က ဆိုထားသည်။
ကဲသိုလိတ်ယဇ်ပရောဟိတ်များနှင့်သီလရှင်များနှင့် ဘာသာတ ရားအားလုံး၏ ဘုန်းကြီးများနှင့်ရသေ့များတို့သည် မိမိဇာတိပကတိ ဖြင့် သန့်ရှင်းသောဘဝများဖြင့် အသက်ရှင်ရန် ကြိုးစားနေကြသည်။ သို့သော် သူတို့သည် အပြစ်အနာအဆာကင်းမဲ့သောဘဝကို ဇာတိပ ကတိဖြင့် အသက်ရှင်ရန် မဖြစ်နိုင်ပေ။ သူတို့သည် သူတော်ကောင်း ဟန်ဆောင်သူများအဖြစ်သာ အသက်ရှင်ကြသည်။ ကျွန်ုပ်တို့သည် ဇာတိပကတိဖြင့် ကောင်းသောအရာလုပ်ရန် မဖြစ်နိုင်ပေ။ ဇာတိပ ကတိသည် အပြစ်၏ပညတ်ကိုသာ အစေခံသည်။ ထိုကြောင့် ဘုရား သခင်သည် ပညတ်တော်ကို တည်ထောင်တော်မူခြင်း ဖြစ်သည်။ ပု စဉ်းရင်ကွဲတစ်ကောင်းသည် ကောင်းကင်ပေါ်မှာ ပြန်သန်းခြင်းကို ပျော်ရွှင်၍ ပိုးဆောင်များသည် မပျံသန်းနိုင်သကဲ့သို့ ပညတ်တော် သည်လည်း ဤအတိုင်း ဖြစ်သည်။ ပိုးကောင်များသည် ညစ်ညမ်း သောရွှံ့ကို စားရသကဲ့သို့ လူ့အသွေးအသားသည်လည်း အပြစ်များ ကျူးလွန်ရန် နှစ်သက်ကြသည်။ သင်သည် ဇာတိပကတိမှ မျှော်လင့် နိုင်သောအရာတစ်စုံတစ်ခုရှိသည်ဟု သင်ရိုးသားစွာ ပြောနိုင်မည် လော။ မပြောနိုင်ပေ။ ဤအကြောင်းကြောင့် တမန်တော်ရှင်ပေါလု က “သို့သော် ငါတို့၏သခင်ယေရှုခရစ်တော်အားဖြင့် ဘုရားသခင်၏ကျေးဇူးတော်ကိုချီးမွမ်း၏။ ဤ သို့ဖြင့် ငါသည် မိမိစိတ်နှလုံးအားဖြင့် ဘုရားသခင်၏တရားတော်ကို အစေခံလျက်ရှိသော်လည်း သွေးသားဇာတိအားဖြင့် အပြစ်နှင့်ဆိုင် သောတရားကို အစေခံလျက်ရှိ၏” (ရောမ ၇း၂၅)ဟု ပြောကြားခဲ့ ခြင်း ဖြစ်သည်။
ကျွန်ုပ်တို့သည် သေသည့်အထိ ဇာတိပကတိဖြင့် အပြစ်များ ကျူးလွန်ကြသည်။ အပြစ်သာပြုတတ်ကြသည်။ သင်တန်းအကြာ ကြီးတက်ရောက်ခဲ့ပြီးနောက် ဇာတိပကတိသည် အပြစ်မကျူးလွန် ဘဲ နေနိုင်သလော။ မနေနိုင်ပေ။ ဇာတိပကတိသည် အပြစ်မကျူး လွန်ဘဲမနေနိုင်ပေ။ ထိုနောက် ဇာတိပကတိသည် ၎င်းစိတ်ကြိုက် အပြစ်ကျူးလွန်ခြင်းသည် အဆင်ပြေသလော။ မပြေပါ။ ကျွန်တော် ပြောကြားချက်မှာ ဤအရာမဟုတ်ပေ။ ဇာတိပကတိသည် အပြစ် ကျူးလွန်သည်ဟု ကျွန်တော်ဆိုလိုခြင်း ဖြစ်သည်။ ကျွန်ုပ်တို့အပြစ် များသည် ကျွန်ုပ်တို့ဆန္ဒများ သို့မဟုတ် အစွမ်းအစများပေါ်တွင် မမှီ ခိုပေ။ ကျွန်ုပ်တို့သည် အပြစ်မပြုလိုကြသော်လည်း အပြစ်ကျူးလွန် ကြသည်။ ကျွန်ုပ်တို့သည် အပြစ်မပြုရန် ကြိုးစားလေလေ အပြစ် ကျူးလွန်လေလေ ဖြစ်သည်။
“ငါ၏ကိုယ်အင်္ဂါများ၌ အခြားသောတရားရှိ၍ ၎င်းတို့သည် ငါ့စိတ်နှလုံး၏တရားနှင့် တိုက်ခိုက်လျက်နေသဖြင့် ငါ၏ကိုယ်အင်္ဂါများ၌ရှိသည့် အပြစ်နှင့်ဆိုင်သောတရားအားဖြင့် ငါ့ကိုဖမ်းဆီးချုပ်နှောင်ထားသည်ကို ငါမြင်၏။ ငါသည် အလွန်စိတ်ပျက်ဖွယ်ကောင်းသောသူဖြစ်ပေ၏။ မည်သူသည် သေခြင်းနှင့်ဆိုင်သော ဤကိုယ်ခန္ဓာမှ ငါ့ကို ကယ်နုတ်မည်နည်း”(ရောမ ၇း၂၃-၂၄)။ ဇာတိပကတိသည် အပြစ်၏ပညတ်သို့ ကျွန်ုပ်တို့အား ကျွန်ခံစေသောကြောင့် ဇာတိပ ကတိသည် ကောင်းသောအရာလုပ်ဆောင်ရန် မဖြစ် နိုင်ပေ။ 
လူများသည် ဤသမ္မာတရားကို ပြောကြားရန် မုန်းတီး၍ ဤအ ရာအတွက် ရှက်နေကြသည်။ သူတို့က “သင်က ဒီအရာကို ပွင့်လင်း စွာ ဘယ်လိုပြောနိုင်သလဲ”ဟု ပြောကြသည်။ သို့သော် ထိုအရာကို ရဲ ဝံ့စွာပြောကြားသောရှင်ပေါလုသည် ထိုသို့ဖြစ်သည်ဟုတ်လော။ ဇာ တိပကတိသည် အပြစ်၏ပညတ်ကိုသာ အစေခံသည်။ ကျွန်ုပ်တို့ သည် သေသည့်ထိ မိမိဆန္ဒကို ဆန့်ကျင်၍ အပြစ်အစေခံကြသည်။ ကျွန်ုပ်တို့သည် အပြစ်ပြုရန်အတွက်သာ မမွေးဖွားကြပေ။ ဇာတိပက တိသည် အပြစ်၏တန်ဆာပလာတစ်ခုဖြစ်သည်ဟု ကျွန်ုပ်တို့ မငြင်း ဆိုနိုင်ကြပေ။
 

ကိုယ်တော်သည် ကျွန်ုပ်တို့အား ကိုယ်တော်ကို လုံ လောက်စွာ အစေခံစေတော်မူခဲ့သည်

သန့်ရှင်းသူများခင်ဗျား၊ သင်တို့သည် အဘယ်အရာကို တွေးကြ သနည်း။ သင်တို့သည် ကြိုးစားလျှင် ဇာတိပကတိဖြင့် ကိုယ်တော်ကို အစေခံနိုင်သည်ဟု သင်ယူဆသလော။ ထိုအရာသည် ဖြစ်နိုင်မည် လော။ လုံးဝမဖြစ်နိုင်ပေ။
မည်သူသည် ကျွန်ုပ်တို့အား အပြစ်များအားလုံးမှ ကယ်တင် တော်မူခဲ့သနည်း။ သခင်ယေရှုသည် ကယ်တင်တော်မူခဲ့သည်။ ထို နောက် သခင်ယေရှုခရစ်တော်သည် ကျွန်ုပ်တို့အား အပြစ်ပညတ်ကို အစေခံသော ဇာတိပကတိအပြစ်များအားလုံးမှ ကယ်တင်တော်မူခဲ့ သလော။ သခင်ယေရှုခရစ်တော်သည် အပြစ်၏ပညတ်ကို အစေခံ၍ တစ်ဘဝလုံးအပြစ်ကျူးလွန်သူ ကျွန်ုပ်တို့ကို ဇာတိအပြစ်များအား လုံးမှ ကယ်တင်တော်မူခဲ့သလော။ ကိုယ်တော်သည် ကျွန်ုပ်တို့အား ကျွန်ုပ်တို့အပြစ်များအားလုံးမှ အမှန်အကန် ကယ်တင်တော်မူခဲ့သ လော။ အဖြေမှာ လုံးဝ ကယ်တင်တော်မူခဲ့သည်။ ကိုယ်တော်သည် ကျွန်ုပ်တို့ကို ကယ်တင်တော်မူခဲ့သည်။ ဇာတိပကတိသည် အပြစ်မ ပြုရန် မဖြစ်နိုင်ပေ။ သင်သည် ဇာတိပကတိအားဖြင့် သင်၏အပြစ် များကို ခွင့်လွှတ်ခြင်းခံရရန်နှင့် ဘုရားသခင်၏တရားစီရင်တော်မူ ခြင်းမှ လွှတ်မြောက်ရန် မဖြစ်နိုင်ပေ။ သို့သော် ကိုယ်တော်သည် ထို အရာကိုဖြစ်စေတော်မူသည်။ ကျွန်ုပ်တို့သည် အပြစ်ဆက်လက်ကျူး လွန်ကြသော်လည်း ကိုယ်တော်သည် ကျွန်ုပ်တို့အား ဖြောင့်မတ်သူ များဖြစ်စေတော်မူ၍ အပြစ်များအားလုံးမှ ကယ်တင်တော်မူခဲ့သည်။ 
သခင်ယေရှုခရစ်တော်သည် ကျွန်ုပ်တို့ကို ကယ်တင်တော်မူခဲ့ သည်။ ကျွန်ုပ်တို့အား ကယ်တင်တော်မူခဲ့သောသခင်မှာ မည်သူဖြစ် တော်မူသနည်း။ သခင်ယေရှုခရစ်တော် ဖြစ်တော်မူသည်။ ထိုနောက် သခင်ယေရှုသည် မည်သူ ဖြစ်တော်မူသနည်း။ ကိုယ်တော်သည် ဘု ရားသခင်၏သားတော်နှင့် ယုံကြည်သူအားလုံးတို့၏အရှင် ဖြစ်တော် မူသည်။ ကိုယ်တော်သည် ကျွန်ုပ်တို့အား ကယ်တင်တော်မူခဲ့သော သခင် ဖြစ်တော်မူသည်။ သခင်ယေရှုခရစ်တော်သည် ကျွန်ုပ်တို့အား အပြစ်များအားလုံးမှ ပြည့်စုံသောသူများ ဖြစ်စေတော်မူခဲ့သည်။ သ ခင်ယေရှုခရစ်တော်သည် ကျွန်ုပ်တို့အား ကိုယ်တော်ကို အစေခံရန် စွမ်းဆောင်စေတော်မူခဲ့သည်။
ကိုယ်တော်သည် ကျွန်ုပ်တို့အား အပြစ်ကင်းမဲ့စွာ အသက်ရှင် စေတော်မူခဲ့သည်။ ကျွန်ုပ်တို့အား အပြစ်များအားလုံးမှ ကယ်တင် တော်မူခဲ့သောသခင်မှာ အနန္တတန်ခိုးရှင် ဖြစ်တော်မူသည်။ ဇာတိပ ကတိသည် သေသည့်ထိတိုင်အောင် အပြစ်၏ပညတ်ကို အစေခံ သော်လည်း ကိုယ်တော်သည် ကျွန်ုပ်တို့အား လုံးဝကယ်တင်တော်မူ ၍ ဖြောင့်မတ်သူများ ဖြစ်စေတော်မူသည်။ ဤအကြောင်းကြောင့် တမန်တော်ရှင်ပေါလုသည် သခင်ယေရှုခရစ်တော်အားဖြင့် ဘုရားသ ခင်ကို ကျေးဇူးတင်ခဲ့သည်။ ဘုရားသခင်သည် သခင်ယေရှုခရစ် တော်စေလွှတ်တော်မူခြင်းအတွက် ကျွန်ုပ်တို့သည် ဘုရားသခင်ကို ကျေးဇူးတင်ကြသည်။
ကိုယ်တော်၏အံ့သြဖွယ်ကောင်းသော ကယ်တင်ခြင်းမှာ အ လွန်ကြီးမြတ်၍ မြင့်မြတ်သည်ကို ကျွန်ုပ်တို့သိရကြမည် ဖြစ်သည်။ ကျွန်ုပ်တို့သည် သေသည့်အထိ အပြစ်သာပြုစေသော ပျက်စီးသော ဇာတိပကတိကို ကယ်တင်ခဲ့သော ကိုယ်တော်၏တန်ခိုးကြီးသော တန်ခိုးတော်အတွက် ကိုယ်တော်ကို ကျေးဇူးတင်ကြသည်။ ကိုယ် တော်သည် ကျွန်ုပ်တို့အား တန်ခိုးတော်အားဖြင့် ကယ်တင်တော်မူခဲ့ ၍ ယုံကြည်ခြင်းအားဖြင့် ကိုယ်တော်ကို အစေခံရန် အသုံးတော်ခံ သောတန်ဆာပလာများဖြစ်စေတော်မူခဲ့သည်။ ကိုယ်တော်သည် ကျွန်ုပ်တို့ကို ပြည့်စုံစွာ ကယ်တင်တော်မူခဲ့သောကြောင့် ကျွန်ုပ်တို့ သည် အပြစ်၏ကျေးကျွန်များ လုံးဝမဟုတ်ကြတော့ပေ။
ကိုယ်တော်သည် ကျွန်ုပ်တို့အား ပြည့်စုံစွာ ကယ်တင်တော်မူခဲ့ သလော။ ကယ်တင်တော်မူခဲ့သည်။ ကိုယ်တော်သည် ကျွန်ုပ်တို့အား ပြည့်စုံစွာ၊ လုံးဝ ကယ်တင်တော်မူခဲ့သည်။ ကိုယ်တော်သည် ကျွန်ုပ် တို့အား ပြည့်စုံစွာ အစေခံစေတော်မူခဲ့သည်။ မည်သူသည် ဤကြီး မားသောအမှုကို ပြုတော်မူခဲ့သနည်း။ ကိုယ်တော်ပြုတော်မူခဲ့သည်။ မည်သို့သည် ဇာတိပကတိဖြင့် အပြစ်ကျူးလွန်သူများကို ဖြောင့်မတ် သူများဖြစ်စေတော်မူ၍ ဘုရားသခင်ကို အစေခံစေတော်မူခဲ့သနည်း။ ကိုယ်တော် ဖြစ်တော်မူသည်။ ကိုယ်တော်သည် ဘဝတစ်လျှောက် အပြစ်ကျူးလွန်သူ ကျွန်ုပ်တို့ကို အပြစ်များအားလုံးမှ ကယ်တင် တော်မူခဲ့သည်။ ကိုယ်တော်သည် ကျွန်ုပ်တို့အား ပြောင်းလဲပေးတော် မူခဲ့သောကြောင့် ကျွန်ုပ်တို့သည် ကိုယ်တော်ဖြောင့်မတ်ခြင်းကို အ စေခံနိုင်ကြခြင်း ဖြစ်သည်။ 
 


ကိုယ်တော်သည် ကျွန်ုပ်တို့အား အပြစ်များအားလုံးမှ ကယ်တင်တော်မူခဲ့သည်


ကျွန်ုပ်တို့သည် လူသားများဖြစ်ကြသောကြောင့် ဤအရာကို စဉ်းစားရကြမည် ဖြစ်သည်။ ကျွန်တော်သည် လူသားတစ်ဉီးဖြစ် သောကြောင့် ကိုယ်တော်၏ကယ်တင်ခြင်းမှာ မည်မျှအံ့သြစရာ ကောင်းသည်ဟု စဉ်းစားသည်။ ဇာတိပကတိသည် အပြစ်ကိုသာအ စေခံလျှင် ကျွန်တော်သည် ထိုအရာဖြင့် အမြဲတမ်းစိတ်ပျက်ခဲ့လိမ့် မည်။ ကျွန်တော်သည် အပြစ်များဖြေလွှတ်ခြင်းခံခဲ့ရသော်လည်း ကျွန်တော့်အပြစ်များကြောင့် ယုံကြည်ခြင်းအက်တာကို အဆုံးပေး လိမ့်မည်။
“ကျွန်တော်ကိုယ်တော်ခြင်းမရမီ ကျွန်တော်အပြစ်ပြုလျှင် တောင် ရပ်နိုင်ခဲ့တယ်။ သို့သော် ယခုတွင် ကျွန်တော်အပြစ်ပြုလျှင် ကျွန်တော်သည် ကယ်တင်ခြင်းခံရသည်ကိုလည်းကောင်း၊ မခံရ သည်ကိုလည်းကောင်း ထူးခြားမှုမရှိပေ။ ဒုတိယမွေးဖွားခြင်းခံရခြင်း သည် ဘာအသုံးဝင်သလဲ။” သင်သည် ယခင်ထက်ပို၍ ကောင်းသင့် သည်ဟု ခံစားနိုင်သည်။ သင်သည် ကယ်တင်ခြင်းခံရသောကြောင့် ဇာတိအသွေးအသားသည် ပိုကောင်းနိုင်သည်ဟု ခံစားနိုင်ပေသည်။ ကျွန်တော်ပြောကြားနေသောအရာကို ဒုတိယမွေးဖွားခြင်းမခံရသေး သောသူများသည် နားလည်သဘောပေါက်နိုင်ကြမည် မဟုတ်ပေ။
ကျွန်ုပ်တို့သည် ဇာတိပကတိ၏အပြစ်များအားလုံး ဖြေလွှတ် ခြင်းခံရသည်ဟု သိ၍ ယုံကြည်သောအခါမှသာလျှင် သခင်ယေရှုကို ကျေးဇူးတင်နိုင်ကြမည် ဖြစ်သည်။ ကျွန်တော်သည် သေသည့်ထိ တိုင်အောင် ကျူးလွန်သောအပြစ်များအားလုံးကို ယူဆောင်သွား တော်မူခဲ့သော ကိုယ်တော်ကို ကျေးဇူးတင်သည်။
ယခင်ကတည်းဖြတ်ထားသော ကိုးရီးယား ဓမ္မသီချင်းတွင် အောက်ပါအတိုင်း ရေးစပ်ဖွဲ့နွှဲထားသည်။ “♪ဟာလေလုယာ၊ ကိုယ် တော်ကို ချီးမွမ်း၊ ♫အတိတ်ကအပြစ်များအားလုံး ခွင့်လွှတ်ခြင်းခံရ ပြီ။ သခင်ယေရှုနှင့်အတူ လျှောက်လှမ်းသည်။ သွားလေရာရာသည် ကောင်းကင်နိုင်ငံတော်ဖြစ်တယ်♪” ဤအရာသည် မည်သည့်အရာ ကို ဆိုလိုသနည်း။ ကိုယ်တော်သည် ကျွန်ုပ်တို့၏အတိတ်ကအပြစ် များကိုသာ ယူဆောင်သွားတော်မူလျှင် ကျွန်ုပ်တို့သည် နောက်မည် သည့်အရာကို လုပ်ဆောင်သနည်း။ ကျွန်ုပ်တို့သည် ဇာတိပကတိ အားဖြင့် အပြစ်မကျူးလွန်သင့်ပေ။ သင်သည် အပြစ်ကျူးလွန်သည့် အခါတိုင်းတွင် ခွင့်လွှတ်ခြင်းအတွက် လှပစွာ ဆုတောင်းသင့်ကြ သည်။ ကျွန်ုပ်တို့သည် ကောင်းမွန်စွာ မည်သို့ပင်ဖြစ်စေ အသက်ရှင် သင့်ကြသည်။
ဤလှည့်ကွက်ခြင်းပို၍ ချိုသာသောအရာမရှိပေ။ စာတန်သည် ကျွန်ုပ်တို့အား “သင်၏အပြစ်များအားလုံးခွင့်လွှတ်ခြင်းခံရပြီ။ ထို ကြောင့် သင်သည် သခင်ယေရှုနှင့်အတူ လျှောက်လှမ်းလျှင်၊ သင် သည် အပြစ်နောက်ထပ်မပြုလျှင် သင်သည် ကောင်းကင်နိုင်ငံတော် သို့ ဝင်ရောက်နိုင်မည်။ သို့သော် သင်သည် အနာဂတ်တွင် အပြစ်ပြု လျှင် သင်သည် ခွင့်လွှတ်ခြင်းခံစားရန် နောင်တနှင့်စပ်ဆိုင်သော ဆု တောင်းခြင်းများကို ပြုသောအခါ သင်သည် ကောင်းကင်နိုင်ငံတော် သို့ ဝင်ရောက်နိုင်မည် ဖြစ်သည်။ သင်နားလည်သဘောပေါက်သ လော”ဟု လှည့်စားနေသည်။ လူအများစုတို့သည် ကျမ်းစာကို ဖတ် ကြသောအခါ ဤသို့ နားလည်သဘောပေါက်ကြသည်။ သူတို့က ဓမ္မ သီချင်းများ သီဆိုကြ၍ “♪ဟာလေလုယာ၊ ကိုယ်တော်ကို ချီးမွမ်း၊ ♫အတိတ်ကအပြစ်များအားလုံး ခွင့်လွှတ်ခြင်းခံရပြီ။ သခင်ယေရှုနှင့် အတူ လျှောက်လှမ်းသည်။ သွားလေရာရာသည် ကောင်းကင်နိုင်ငံ တော်ဖြစ်တယ်♪”ဟု ငိုကြွေးကြသည်။
သို့သော် သူတို့သည် အပြစ်ကျူးလွန်ခြင်းကို မရပ်တန့်နိုင်ကြ ပေ။ ထိုအရာသည် ဇာတိပကတိနှင့်ပတ်သက်၍ ဘုရားသခင်၏ပ ညတ်တော်ဖြစ်သည်။ ဇာတိပကတိသည် အပြစ် အကြိမ်ကြိမ်အလီ လီပြုတတ်သည်။ ထိုကြောင့် သူတို့က ခွင့်လွှတ်ခြင်းအတွက် ဆု တောင်းရမည်ဟု ထင်တတ်ကြသည်။ သူတို့သည် နေ့စဉ်အပြစ်များ အတွက် ခွင့်လွှတ်ခြင်းခံရရန် နောင်တနှင့်စပ်ဆိုင်သောဆုတောင်း ခြင်းများ အားရနှစ်ထောင်းစွာ ပြုကြသည်။ သူတို့က ဆု‌တောင်းခဲ့ကြ ပြီးနောက် “♪ဟာလေလုယာ၊ ကိုယ်တော်ကို ချီးမွမ်း၊ ♫အတိတ်က အပြစ်များအားလုံး ခွင့်လွှတ်ခြင်းခံရပြီ။ သခင်ယေရှုနှင့်အတူ လျှောက်လှမ်းသည်။ သွားလေရာရာသည် ကောင်းကင်နိုင်ငံတော် ဖြစ်တယ်♪”ဟု ဂုဏ်တော်ချီးမွမ်းကြသည်။ သို့သော် ထိုအရာသည် နှစ်ရက်သို့မဟုတ် သုံးရက်ခံသလော။ သူတို့သည် ရက်တောင်မကြာ ဘူး၊ နာရီပိုင်းအတွင် အပြစ်ကျူးလွန်ပြန်ကြသည်။ သူတို့သည် ခွင့် လျွတ်ခြင်းအတွက် အစာရှောင်ဆု‌တောင်းနိုင်ကြသည်။ သို့သော် သူ တို့သည် ဇာတိပကတိဖြင့် အသက်ရှင်နေကြစဉ် ဘုရားသခင်၏မ ပြောင်းလဲနိုင်သော ပညတ်တော်များမှ မလွှတ်မြောက်နိုင်ကြပေ။
ဓမ္မသီချင်းစာသားများသည် မှန်ကန်သလော။ အတိတ်ကအ ပြစ်များကိုသာ ခွင့်လွှတ်ခြင်းခံရသလော။ ကိုယ်တော်သည် ကျွန်ုပ် တို့အပြစ်တိတ်ကအပြစ်များမဟုတ်ဘဲ အပြစ်များအားလုံးကို ယူ ဆောင်သွားတော်တော်မူခဲ့သည်။ ကျွန်ုပ်တို့သည် ယခုတွင် ““♪ဟာ လေလုယာ၊ ကိုယ်တော်ကို ချီးမွမ်း၊ ♫အတိတ်ကအပြစ်များ အားလုံး ခွင့်လွှတ်ခြင်းခံရပြီ။ သခင်ယေရှုနှင့်အတူ လျှောက်လှမ်းသည်။ သွား လေရာရာသည် ကောင်းကင်နိုင်ငံတော်ဖြစ်တယ်♪”ဟု ဂုဏ်တော် ချီးမွမ်းနိုင်ကြသည်။ 
ကယ်တင်ခြင်းခံခဲ့ပြီးသောသူများသည် သေသည့်ထိတိုင်အောင် ဇာတိပကတိအတွက် ဘုရားသခင်၏ပညတ်တော်ကို မသိကြသော အခါ သူတို့သည် အပြစ်ပြုမိခဲ့ကြပြီးနောက် စိတ်ရှုပ်ထွေးနိုင်ကြပေ မည်။ သူတို့သည် ဒုတိယမွေးဖွားခြင်းမခံရသောသူများကဲ့သို့ ဇာတိ ပကတိဆိုးသွမ်းမှုကို တွေ့ကြသောအခါ သူတို့စိတ်ထဲ၌ ငြိမ်သက် ခြင်းကို အလွယ်တကူ ဆုံးရှုံးသွားနိုင်သည်။ သူတို့သည် အပြစ်မပြု သည့်အချိန်၌သာ ငြိမ်သက်ခြင်းခံစားနိုင်ကြသည်။ ဤသို့သောအ ဖြစ်အပျက်မျိုးကို အပြစ်များဖြေလွှတ်ခြင်းမခံရသေးသော ခရစ် ယာန်များအားလုံး၏ဘတွင် တွေ့ရှိနိုင်သောအရာ ဖြစ်သည်။ သူတို့ သည်မိမိနှုတ်ဖျားဖြင့် “♫ငါ့အပြစ်များအားလုံးပျောက်သွားပြီ။ ♪သင့် အပြစ်များအားလုံးလည်း ပျောက်သွားပြီ။ ကျွန်ုပ်တို့အပြစ်များအား လုံးပျောက်သွားပြီ♫”ဟူ၍သာ ချီးမွမ်းကြသည်။ သို့သော် သူတို့သည် အပြစ်တဖန်ကျူးလွန်ကြသောအခါ သူတို့သည် နောက်တစ်ဖန်ခွင့် လွှတ်ခြင်းအတွက် ဆုတောင်းရမည်ဟု တွေးတတ်ကြသည်။ သူတို့ သည် မကြာခဏ အပြစ်ပြုလေလေ သူတို့သည် “♫ကျွန်ုပ်တို့အပြစ် များ ပျောက်သွားပြီ။ ♫သင့်အပြစ်များ ပျောက်သွားပြီ....”ဟု သီဆို လေလေ ဖြစ်သည်။ သူတို့သည် အချိန်ကြာလာသည်နှင့်အမျှ မိမိ ကိုယ်ကိုကိုယ် စိတ်ပျက်လက်ပျက် ဖြစ်ကြသည်။
ကိုယ်တော်သည် ကျွန်ုပ်တို့အား အပြစ်များအားလုံးမှ ပြည့်စုံစွာ ကယ်တင်တော်မူခဲ့သည်။ ကိုဘ်တော်သည် ကျွန်ုပ်တို့အား အပြစ် များအားလုံးမှ ကယ်တင်တော်မူခဲ့သောကြောင့် ကျွန်ုပ်တို့သည် မည် သည့်အခြေအနေမျိုးမဆို အချိန်တိုင်း၌ ကိုယ်တော်ကို ချီးမွမ်း၍ ကျေးဇူးတင်နိုင်ကြခြင်း ဖြစ်သည်။ ကျွန်ုပ်တို့သည် သခင်ယေရှုခရစ် တော်အားဖြင့် အချိန်တိုင်း ကိုယ်တော်နှင့်အတူ ငြိမ်သက်ခြင်းကို ခံ စားရကြ၍ ကိုယ်တော်၏မစတော်မူခြင်းကို တောင်းလျှောက်နိုင်ကြ သည်။
 


ဇာတိပကတိသည် အပြစ်၏ပညတ်ကိုသာအစေခံသည်ဟု ကျွန်ုပ်တို့သိကြသောအခါ ကျွန်ုပ်တို့သည် ယုံကြည်ခြင်း အားဖြင့် အပြစ်မှ လွှတ်မြောက်ကြသည်


သင်၏ယုံကြည်ခြင်းဘဝသည် ဘာကြောင့် ခက်ခဲသနည်း။ သင်သည် သမ္မာတရားကို မသိ၊ ဇာတိပကတိသည် အပြစ်၏ပညတ် ကိုသာအစေခံသည်ဟု မသိသောကြောင့် ယုံကြည်ခြင်းဘဝသည် ခက်ခဲခြင်းအားဖြင့် လုံးပန်းနေရခြင်း ဖြစ်သည်။ ကျွန်ုပ်တို့သည် ဤ သမ္မာတရားကို သိခြင်းအားဖြင့် ဝိညာဉ်ရေးရာအသက်ဖြင့် အသက် ရှင်သင့်ကြသည်။
ကျွန်ုပ်တို့သည် နှုတ်ကပတ်တော်ကို အားရစွာ နားထောင်၍ အ ချင်းချင်း မိတ်သဟာယဖွဲ့ကြသောအခါ ဘုရားသခင်၏သမ္မာတရား ကိုသိ၍ ပြောင်းလဲလာခဲ့ကြသည်။ “ထို့ကြောင့် ယေရှုသည် မိမိကိုယုံကြည်သော ဂျူးလူမျိုးတို့အားသင်တို့သည် ငါ၏တရားစကား၌တည်လျှင် ငါ့တပည့်အမှန်ဖြစ်ကြပြီး 32သမ္မာတရားကိုသိကြသဖြင့် သမ္မာတရားသည် သင်တို့ကို လွတ်မြောက်စေလိမ့်မည်ဟု မိန့်တော်မူ၏”(ယောဟန် ၈း၃၁-၃၂)။ “သခင်ယေရှုခရစ်တော်အားဖြင့် ဘုရားသခင်ကို ငါ ကျေးဇူးတင်၏။” ကိုယ်တော်သည် ကျွန်ုပ်တို့အား ကျွန်ုပ်တို့အပြစ်များအားလုံးမှ ကယ်တင်တော်မူခဲ့သောကြောင့် ကျွန်ုပ်တို့သည် အချိန်တိုင်း ဘုရားသခင်ကို ကျေးဇူးတင်နိုင်ကြ သည်။ သင်သည် ဤအရာကို ယုံကြည်သလော။ ကိုယ်တော်သည် ကျွန်ုပ်တို့အား အပြစ်များအားလုံး မှ ကယ်တင်တော်မူခဲ့သည်။
သင်သည် မိမိအတွေးအခေါ်များ၌ ပျော်ရွှင်၍ မနစ်မွန်းစေရ ပေ။ သူတို့သည် သင့်ကို မည်သည့်နေရာသို့ ဉီးဆောင်နိုင်မည်မဟုတ် ပေ။ ကျွန်ုပ်တို့သည် အပြစ်၏ထမ်းပိုးအောက်၌ မနေကြသာလျှင် ကျွန်ုပ်တို့သည် ကိုယ်တော်ကို နာခံနိုင်ကြသည်။ ကျေးဇူးတင်နိုင်၍ ယုံကြည်ခြင်းအသက်တာဖြင့် အသက်ရှင်နိုင်ကြသည်။ ကျွန်ုပ်တို့ ယုံ ကြည်မှုသည် အကျင့်များနှင့် ဆက်စပ်နေလျှင်လည်းကောင်း၊ ကျွန်ုပ် တို့သည် တဖန်အပြစ်ပြုလိမ့်မည်ဟု သိကြလျှင်လည်းကောင်း၊ ကျွန်ုပ်တို့သည် အမြဲတမ်းဝမ်းမြောက်၍ ကိုယ်တော်ကို နာခံနိုင်ကြ မည် မဟုတ်ပေ။ ကိုယ်တော်သည် ကယ်တင်ခြင်းသည် အနည်းငယ် မပြည့်စုံလျှင် ကျွန်ုပ်တို့သည် သေချာစွာဖြင့် ကိုယ်တော်၏နောက် တော်သို့ လိုက်လျှောက်နိုင်ကြမည် မဟုတ်ပေ။
ကိုယ်တော်သည် ကျွန်ုပ်တို့အပြစ်များအားလုံးကို ယူဆောင် သွားတော်မူခဲ့သောကြောင့် ကျွန်ုပ်တို့သည် ကိုယ်တော်ကို ကျေးဇူး တင်ကြသည်။ ကျွန်ုပ်တို့သည် တန်ခိုးဖြင့် ကိုယ်တော်ကို ချီးမွမ်း၍ နောက်‌တော်သို့ လိုက်လျှောက်နိုင်ကြသည်။ ကျွန်တော်သည် အပြစ် များ၏ပြဿနာကို မဖြေရှင်းနိုင်လျှင် ကျွန်တော်သည် သူတစ်ပါးကို အပြစ်များမှ မည်သို့ ကယ်တင်နိုင်မည်နည်း။ ကျွန်တော်သည် သူ တစ်ပါးထံ သတင်းကောင်းမည်သို့ ဟောပြောနိုင်မည်နည်း။ ရေနစ် သူတစ်ဉီးသည် ရေနစ်သူများကို မည်သို့ ကယ်တင်နိုင်မည်နည်း။ ဇာ တိပကတိသည် အပြစ်သာပြုသည်ဟု ကျွန်ုပ်တို့ဝန်ခံကြလျှင် ကျွန်ုပ် တို့သည် အပြစ်မှ လွှတ်မြောက်နိုင်ကြမည်။ သို့သော် ကျွန်ုပ်တို့သည် ဤသမ္မာတရားကို မဝန်ခံကြလျှင် ကျွန်ုပ်တို့သည် “ခရစ်ယာန်ဘာ သာ”ခေါ် ဘာသာတစ်ခု၏မှားယွင်းသောဓမ္မခံယူချက်၏လွှမ်းမိုးမှုကို ခံရကြလိမ့်မည်။
ရယ်စရာပုံပြင်တစ်ခုကို သင်သိလိမ့်မည်။ တစ်ချိန်က ကဲသို လိတ်ယဇ်ပရောဟိတ်ငယ်တစ်ဉီးသည် ဝေးလံသောရွာတစ်ရွာ၌ သေဆုံးသော ယုံကြည်သူတစ်ဉီးထံ သွားရောက်ရန် မိမိဘုရား ကျောင်းမှ သီလရှင်နှစ်ဉီးဖြင့် လည်းပေါ်သို့ တက်သွားခဲ့သည်။ လှပ သောသီလရှင်သည် သူ၏လက်ျာဘက်၌ ထိုင်၍ အရုပ်ဆိုး၍ အိုမင်း သောသီလရှင်သည် သူ၏လက်ဝဲဘက်၌ ထိုင်သည်။ လှည်းမှာ မြို့ တွင်းရှိ ချောသောလမ်းနှင့်ကျယ်သောလမ်း၌ သွားသည့်အခါ ပြဿ နာမရှိခဲ့ပေ။ သို့သော် သူတို့သည် တောင်ပေါ်လမ်းကျဉ်းနှင့်လမ်း ကြမ်း၌ ရောက်သည်နှင့်တပြိုင်တည်း လှည်းသည် ကြောက်မက် ဖွယ်တုန်လှုပ်လာခဲ့သည်။ ကဲသိုလိတ်ယဇ်ပရောဟိတ်သည် မိမိစိတ် ထဲ၌ မည်သည့်အရာတွေးတော်သည်ကို ခန့်မှန်းကြည့်ပါ။ လှည်း သည် ဘယ်ဖက်၌ ယိုင်သည့်အခါ သူက “အို၊ ဘုရားသခင်။ ကိုယ် တော်အလိုတော်အတိုင်းပြုတော်မူပါ”ဟု ဆုတောင်းသည်။ သို့သော် လှည်းသည် အခြားတစ်ဖက်သို့ ယိုင်လာသည့်အခါ သူက မိမိနှလုံး သား၌ စိတ်ပျက်စွာ “အို ဘုရားသခင်။ ကျွန်ုပ်ကို အပြစ်သွေးဆောင် ရာသို့ မလိုက်ပါစေနှင့်”ဟု ဆုတောင်းခဲ့သည်။ သူက အရာနှစ်ခုဆု တောင်းခဲ့သည်။“အို၊ ဘုရားသခင်။ ကိုယ်တော်၏အလိုတော်အတိုင်း ဖြစ်စေတော်မူပါ။” “အို၊ ဘုရားသခင်။ အပြစ်သွေးဆောင်ရာသို့ မ လိုက်ပါစေနှင့်။”
ကျွန်ုပ်တို့အားလုံးသည် သူကဲ့သို့ ဖြစ်ကြသည်။ ဇာတိပကတိ သည် အပြစ်၏ပညတ်ကိုသာ အစေခံသည်။ သို့သော် ကျွန်ုပ်တို့သည် မိမိထံမှ မြော်လင့်ချက်တစ်စုံတစ်ခုမျှ မရှိကြသောကြောင့် ကိုယ် တော်၏အလိုတော်နှင့်အညီ ယုံကြည်ခြင်းအားဖြင့် ကိုယ်တော်၏အ လိုတော်ကို သိ၍ ကိုယ်တော်ကို နာခံရကြမည် ဖြစ်သည်။ ကျွန်ုပ်တို့ သည် သေကြ၍ ကျွန်ုပ်တို့၏ ဇာတိပကတိကို မြှင့်တင်ပေးရန် လုံးဝ မျှော်လင့်ချက်မရှိပေ။
 

ကိုယ်တော်သည် ကျွန်ုပ်တို့အား ပြည့်စုံစွာ ကယ်တင် တော်မူခဲ့သောကြောင့် ကျွန်ုပ်တို့သည် ကိုယ်တော်ကို နာခံ ကြသည်

ကျွန်ုပ်တို့သည် ကောင်းမှုကုသိုလ်ပြုခြင်းအားဖြင့် ကောင်းကင် နိုင်ငံတော်သို့ ဝင်ရောက်ခဲ့ကြလျှင် သို့မဟုတ် ကျွန်ုပ်တို့ကယ်တင် ခြင်းသည် ကောင်းမှုကုသိုလ်များ သို့မဟုတ် ကျူးလွန်သောအပြစ် များပေါ်တွင် မှီခိုလျှင် ကျွန်ုပ်တို့သည် လေးလံမှုကို မည်သို့ခံစားရကြ မည်နည်း။ ကိုယ်တော်သည် ကျွန်ုပ်တို့အား “သင်သည် တစ်ဘဝလုံး အပြစ်များ ကျူးလွန်နေတယ်။ သို့သော် ငါသည် သင်သေသည့်ထိ ကျူးလွန်မည့် အပြစ်များအားလုံးကို ယူဆောင်ခဲ့တယ်။ သင့်ကို ဖြောင့်မတ်သူဖြစ်စေခဲ့တယ်။ သင့်အား အပြစ်မရှိသောဖြောင့်မတ်သူ ဖြစ်စေခဲ့တယ်။ ငါသည် သင့်ကို ပြည့်စုံစွာ ကယ်တင်ခဲ့တယ်။ သင် သည် ငါ့ကို ကျေးဇူးတင်သလော”ဟု မိန့်တော်မူခဲ့သည်။ ကျွန်ုပ်တို့ အဖြေမှာ အဘယ်အရာ ဖြစ်သနည်း။ “ဟုတ်ပါတယ်။ ကိုယ်တော်၊ ကိုယ်တော့်ကို ကျေးဇူးတင်တယ်။ ကိုယ်တော်သည် တဖန် “သင် သည် ငါ့နောက်သို့လိုက်မည်လား”ဟု မေးသည်။ ကျွန်ုပ်တို့သည် မည်သို့ ဖြေကြားမည်နည်း။ “ဟုတ်ပါတယ်။ ကျွန်ုပ်တို့လိုက်ကြလိမ့် မည်။”
သင်သည် ဘုရားသခင်၏နောက်တော်သို့ လိုက်လိုသလော။ ဟုတ်ပါသည်။ ကိုယ်တော်သည် ကျွန်ုပ်တို့အပြစ်များအားလုံးကို ယူ ဆောင်သွားတော်မူခဲ့သောကြောင့် ကျွန်ုပ်တို့သည် ကိုယ်တော်၏ နောက်တော်သို့ လိုက်လျှောက်လိုကြသည်။ ကိုယ်တော်သည် သင် ၏အပြစ်များမှာ ၉၀%သာ ယူဆောင်သွားတော်မူခဲ့လျှင် သင်သည် ကိုယ်တော်၏နောက်တော်သို့ လိုက်လျှောက်နိုင်မည် မဟုတ်ပေ။ သင်သည် ဘုရားသခင်ထံ “ကိုယ်တော်သည် ကျွန်တော့်အပြစ် ၁၀% ကို ယူဆောင်သွားသင့်တယ်။ ကျွန်တော်သည် ဤပြစ်များ၏ပြဿ နာ မိမိကိုယ်တိုင် မည်သို့ ဖြေရှင်းနိုင်မလဲ။ ကျွန်တော်သည် အညစ် အကြေးများဆေးကြောရန်လိုအပ်၍ ကိုယ်တော်၏နောက်တော်သို့ မည်သို့ လိုက်လျှောက်နိုင်မလဲ”ဟု စောဒက တက်နိုင်သည်။ ထို နောက် ကျွန်ုပ်တို့သည် ဤအပြစ်များကြောင့် ဘုရားသခင်၏နောက် တော်သို့ မလိုက်လျှောက်ကြပေ။ 
သို့သော် ယခုတွင် ကိုယ်တော်သည် ကျွန်ုပ်တို့အား အပြစ်များ အားလုံးမှ ပြည့်စုံစွာ ကယ်တင်တော်မူခဲ့သောကြောင့် ကျွန်ုပ်တို့ သည် ကိုယ်တော်ကို စေတနာထက်သန်စွာဖြင့် လိုက်လျှောက်လိုကြ ခြင်း ဖြစ်သည်။ “ဟုတ်ပါသည်။ ကိုယ်တော်သည် ကျွန်တော့်ကို ပြည့်စုံစွာ ကယ်တင်တော်မူခဲ့တယ်။ ယခုမှစ၍ ကျွန်တော်သည် ကိုယ်တော့်နောက်တော်သို့ လိုက်လျှောက်နိုင်တယ်။ ကိုယ်တော့်ကို ကျေးဇူးတင်တယ်။ နာမတော်ကို ချီးမွမ်းတယ်။ ဘုန်းကြီးတော်မူပါ စေ။ ကိုယ်တော့်ကို ချစ်တယ်။” ကျွန်ုပ်တို့သည် ကိုယ်တော်ကို ချစ်၍ ကိုယ်တော့်နောက်တော်သို့ လိုက်လျှောက်ကြသောကြောင့် ကိုယ် တော့်ကို အစေခံရန် ဆုံးဖြတ်ကြသည်။ ကိုယ်တော်သည် ကျွန်ုပ်တို့ အား အပြစ်များအားလုံးမှ ကယ်တင်တော်မူခဲ့သောကြောင့် လည်း ကောင်း၊ ကျွန်ုပ်တို့သည် ကိုယ်တော်၏မေတ္တာတော်တို့ထိမှုကို ခံခဲ့ရ သောကြောင့်လည်းကောင်း ကျွန်ုပ်တို့သည် ကိုယ်တော်၏နောက် တော်သို့ နှလုံးသားအကြွင်းမဲ့ လိုက်လျှောက်လိုကြသည်။
ဘုရားကျောင်းသို့ တက်ရောက်ခြင်းသည်လည်း ထိုနည်းတူပင် ဖြစ်သည်။ တနင်္ဂနွေနေ့ဝတ်ပြုကိုးကွယ်ခြင်းသို့ တက်ရောက်ခြင်း သည် ဘုရားကျောင်းသို့သွားရန် ဆန္ဒရှိကြသောအခါ အလွန်လွယ်ကူ သည်။ အကြောင်းအချို့ကြောင့် ဘုရားကျောင်းသို့ တက်ရောက်ရန် ဆန္ဒမရှိကြလျှင် ရက်သတ္တပတ်လျှင် တစ်ကြိမ်ဘုရားကျောင်းတက် ခြင်းသည် ကျွန်ုပ်တို့အတွက် အလုပ်တစ်ခုဖြစ်နေသည်။ ဝတ်ပြုကိုး ကွယ်ခြင်းတိုင်း၌ “ယုံကြည်သူများခင်ဗျား၊ ဤပတ်အတွင် သင်ကျူး လွန်ခဲ့သောအပြစ်များအားလုံးကို နောင်တရပါ”ဟူသော ဝမ်းနည်း ဖွယ်ကောင်းသောစကားများကိုသာ သင်ကြားခဲ့လျှင် သင်သည် နှစ် အနည်းငယ်ကြာခဲ့ပြီးနောက် ဘုရားကျောင်းသို့ တက်ရောက်တော့ မည် မဟုတ်ပေ။ စိတ်အားထက်သန်သောသူများသည် ဆယ်နှစ် သို့ မဟုတ် နှစ်နှစ်ခန့် ကြာရှာစွာ တက်ရောက်သော်လည်း နောက် နောင်တွင် ဘုရားကျောင်းသို့ တက်ရောက်တော့မည်မဟုတ်ပေ။ များစွာသောမိစ္ဆာပရောဖက်များသည် အပြစ်များကို ခံစားသောသူ များကို နောင်တရရန် တိုက်တွန်းနေကြသည်။ သူတို့သည် သခင် ယေရှုကို ယုံကြည်ခြင်းသည် ခက်ခဲကြမ်းတမ်းလွန်းသည်ဟု ထင်ကြ သောကြောင့် လူများစွာတို့သည် ဘုရားကျောင်းသို့မတက်ကြတော့ ပေ။
ကျွန်ုပ်တို့သည် ကိုယ်တော်၏မေတ္တာတော်ကို ခံစားက၍ ကိုယ် တော်၏နောက်တော်သို့ လိုက်ကြသည်။ ကျွန်ုပ်တို့သည် “♪သခင် ယေရှုကို ချစ်တယ်။ဤလောက၌ သခင်ယေရှုကို အဘယ်အရာနှင့် မျှ လဲ၍မရပါ♪”ဟု ဂုဏ်တော်ချီးမွမ်း၍ နာမတော်ကို ချီးမွမ်းကြ သည်။ ကျွန်ုပ်တို့သည် ကိုယ်တော့်ကို အမှန်အကန်ချစ်ကြသော ကြောင့် သခင်ယေရှု၏နောက်တော်သို့ လိုက်လျှောက်ကြသည်။
ကိုယ်တော်သည် ကယ်တင်ခြင်းမှာ မည်မျှ အံ့သြစရာကောင်း သနည်း။ ကိုယ်တော်သည် ကျွန်ုပ်တို့အား အပြစ်အစက်မျှမရှိဘဲ ကိုယ်တော်ကို အစေခံစေတော်မူခဲ့သည်။ “ထို့ကြောင့် ယခုအခါ ခရစ်တော်ယေရှု၌ရှိသောသူတို့သည် ပြစ်ဒဏ်စီရင်ခြင်းမခံရ။ အ ကြောင်းမူကား ခရစ်တော်ယေရှု၌ရှိသည့် အသက်ရှင်ခြင်း၏ဝိညာဉ်တော်နှင့်ဆိုင်သောတရားသည် အပြစ်နှင့်သေခြင်းတို့နှင့်ဆိုင်သောတရားမှသင့်ကိုလွတ်မြောက်စေပြီဖြစ်၏”(ရောမ၈း၁-၂)။ကိုယ်တော် သည် ကျွန်ုပ်တို့အား အမြဲတမ်းကောင်းကြီးမင်္ဂလာများချပေးတော် မူ၍ ကိုယ်တော့်ကို ချီးမွမ်းစေတော်မူသည်။ ကိုယ်တော်သည် ကျွန်ုပ် တို့အား အချိန်တိုင်း ဝမ်းမြောက်စေတော်မူ၍ ကိုယ်တော်၏နောက် တော်သို့ လိုက်လျှောက်စေတော်မူသည်။ ကိုယ်တော်သည် ကျွန်ုပ်တို့ ကိုကယ်တင်တော်မူခဲ့သည်။သင်သည်ဤအရာကိုယုံကြည်သလော။
သင်သည် မိမိအားနည်းချက်အားဖြင့် နှောက်ယှက်မှုမရှိရပေ။ ကိုယ်တော်သည် အမျက်ဒေါသမထိန်းချုပ်နိုင်သောသူများ၏အပြစ် များအားလုံးကို ယူဆောင်သွားတော်မူခဲ့သည်။ ကိုယ်တော်သည် ယုတ်မာသောသူများနှင့် ကိုယ်ကျင့်တရားဆိုးယုတ်သောသူများ၏ အပြစ်များအားလုံးကိုလည်း ယူဆောင်သွားတော်မူခဲ့သည်။ ယခုတွင် ဤအရာသည် သင့်အား ကိုယ်တော်၏နောက်တော်သို့ မလိုက် လျှောက်စေလိုသလော။ ဤအကြောင်းကြောင့် ကျွန်ုပ်တို့သည် ကိုယ်တော်ကို ချစ်ကြသည်။ ကျွန်ုပ်တို့သည် ကိုယ်တော်လိုက် လျှောက်ရန် သို့မဟုတ် ကိုးကွယ်ရန် အတင်းအဓမ္မ စေခိုင်းတော်မမူ ပေ။ ဘုရားသခင်သည် ကျွန်ုပ်တို့ကို ကောင်းကြီးမင်္ဂလာများချပေး တော်မူခဲ့သည်။ ကိုယ်တော်သည် ကျွန်ုပ်တို့၏ခမည်းတော်ဖြစ်တော် မူသည်။ ကျွန်ုပ်တို့သည် ကိုယ်တော်၏သားသမီးများဖြစ်လာခဲ့ကြ သည်။ ဘုရားသခင်သည် ကျွန်ုပ်တို့အား ကိုယ်တော်၏နောက်တော် သို့လိုက်လျှောက်ရန် မိန့်တော်မူသည်။ ကိုဘ်တော်သည် ကျွန်ုပ်တို့ အား ကိုယ်တော်ကို အစေခံရန် မိန့်ကြားတော်မူသည်။
ဘုရားသခင်၏ကယ်တင်ခြင်းခံရသောသူအားလုံးသည် ကိုယ် တော်၏အစေခံများဖြစ်ကြသည်။ ဘုရားသခင်သည် မိမိအမှုတော် ဆောင်များအားလုံးကို ကောင်းကြီးမင်္ဂလာများချပေးတော်မူ၍ ကိုယ် တော်၏နောက်တော်သို့ လိုက်လျှောက်ရန် မိန့်တော်မူသည်။ ကိုယ် တော်သည် အကျင့်များအတွက် ကျွန်ုပ်တို့ကို ခေါ်ဖိတ်တော်မမူပေ။ ကိုယ်တော်သည် ကျွန်ုပ်တို့အား “ငါက သင့်ကို အပြစ်များအားလုံးမှ ပြည့်စုံစွာ ကယ်တင်တော်မူခဲ့တယ်။ သင်၏ဒေါသသည် ခွင့်လွှတ်၍ မရပါ။ သင့်အတွင်း၌ ညစ်ညမ်းမှုရှိတယ်။ သင်သည် ဖော်ပြချက် ထက်သာလွန်တယ်။ သင်သည် မိုက်မဲတယ်။ သင်၏ဘိုးဘေးများအ ပြစ်များကြောင့် သင်သည် ကျိန်ခြင်းခံသင့်တယ်။ သို့သော် ငါသည် သင့်ကို ကယ်တင်ခဲ့တယ်။ ငါသည် အခြားသောအရာများကို ဂရုမ စိုက်ပေ။ သင်သည် တစ်ဘဝလုံးအပြစ်ပြုသော်လည်း ငါသည် သင် ၏အပြစ်များအားလုံးကို ယူဆောင်သွားတော်မူခဲ့တယ်။ ငါသည် သင့် အတွက် ဆင်းရဲဒုက္ခခံ၍ သင်၏အပြစ်များအားလုံးကို ဖယ်ရှားရန် သေခြင်းမှ ရှင်ပြန်ထမြောက်ခဲ့တယ်။ ငါသည် သင့်ကို ချစ်သော ကြောင့် ဤအရာများကို ပြုခဲ့တယ်။ သင်သည် ငါ့ကို ယုံကြည်သ လော”ဟု မိန့်တော်မူသည်။ သင်၏အဖြေမှာ အဘယ်အရာနည်း။ “ဟုတ်ပါတယ်။ ကိုယ်တော်၊ ကိုယ်တော့်ကို ချစ်တယ်။ ကိုယ်တော့် ကို ကျွန်တော်ချစ်သည်ကို ကိုယ်တော်သိတော်မူတယ်။ ကိုယ်တော့် ကို ကျေးဇူးတင်တယ်။”
“ငါ့နောက်သို့ လိုက်ပါ။ သင့်ကို လူကိုမျှားသောတံငါသည် ဖြစ် စေမည်။” “ငါအမှန်အကန်ဆိုသည်ကား၊ ငါ့ကိုယုံကြည်သောသူသည် ငါပြုသသောအမှုတို့ကို ပြုလိမ့်မည်။ ထိုအမှုတို့ထက်သာ၍ ကြီး သောအမှုတို့ကိုလည်း ပြုလိမ့်မည်။ အကြောင်းမူကား၊ ငါသည် ခ မည်းတော်ထံသို့ သွားမည်”ဟု ကိုယ်တော်မိန့်တော်မူခဲ့သည်။ သင် သည် ဤအရာကို ယုံကြည်သလော။ ကျွန်ုပ်တို့သည် မည်သို့ ဆိုး သွမ်းသောသူများဖြစ်ကြသနည်း။ ကျွန်ုပ်တို့သည် ဘုရားရှေ့တော်၌ အပြစ်များမည်မျှ ကျူးလွန်ခဲ့ကြသနည်း။ အပြစ်မပြုပါဟု မဟန် ဆောင်ရပေ။
ကျွန်ုပ်တို့သည် ဘဝတစ်လျှောက် မရေတွက်နိုင်သောအပြစ် များစွာ ပြုကြသည်။ သို့သော် ကျွန်ုပ်တို့အပြစ်များသည် ကောင်းကင် ပေါ်တွင် ရှိသော ကြယ်များကဲ့သို့ များပြားသော်လည်း ကိုယ်တော် သည် ကျွန်ုပ်တို့အပြစ်များအားလုံးကို ထာဝရ ယူဆောင်သွားတော်မူ ခဲ့သည်။ သခင်ယေရှုသည် ကျွန်ုပ်တို့အပြစ်များအားလုံးကို လုံးဝနှင့် ပြည့်စုံစွာ ယူဆောင်သွားတော်မူခဲ့သည်။
 

ဘုရားသခင်သည် ကျွန်ုပ်တို့အား ဖြောင့်မတ်ခြင်းကို ခြုံစေတော်မူခြင်းအားဖြင့် မိမိအမှုတော်များဖြစ်စေသည်

ကျွန်ုပ်တို့သည် မိမိအကြောင်းကို လေ့လာကြသောအခါ ဘုရား သခင်၏နောက်တော်သို့ ပို၍မလိုက်လျှောက်နိုင်ကြသည်ကို ထင် မှတ်သည့်အချိန်များစွာ ရှိသည်။ တစ်ခါတစ်ရံ ကျွန်ုပ်တို့နှလုံးသား များသည် နေအလင်းကဲ့သို့ တောက်ပဟန်တူသည်။ သို့သော် အခြား ချိန်များတွင် မှောင်မည်းနေသည်။ ကျွန်ုပ်တို့သည် ဒုတိယမွေးဖွား ခြင်းခံရပြီးနောက် ကိုယ်တော်၏နောက်တော်သို့ လိုက်လျှောက်စဉ် တွင် မှောင်မိုက်၌ရှိနေသည်ကို သိရကြသည်။ ကျွန်ုပ်တို့သည် ရာသီ ဥတုလေးခု ဖြတ်သန်းသကဲ့သို့ ပြောင်းလဲကြသည်။ နောဧသည် သင်္ဘောမှ ထွက်ခွါသွားခဲ့ပြီးနောက် ဘုရားသခင်သည် သူ့အား ရာသီ ဉတု ရှစ်မျိုးကို ပေးအပ်တော်မူခဲ့သည်။ ဘုရားသခင်သည် “မြေကြီးတည်နေသရွေ့ မျိုးကြဲချိန်နှင့်ရိတ်သိမ်းချိန်၊ ပူသောအချိန်နှင့်အေးသောအချိန်၊ နွေရာသီနှင့်ဆောင်းရာသီ၊ နေ့အချိန်နှင့်ညအချိန်တို့သည် မပြတ်မစဲရှိနေမည်”ဟု စိတ်တော်ထဲ၌ မြွက်ဆိုတော်မူ၏” (ကမ္ဘာ ၈း၂၂)ဟု မိန့်တော်မူခဲ့သည်။
ယုံကြည်ခြင်း အတက်နှင့်အကျတို့သည် ရပ်တန့်မည်မဟုတ် ပေ။ ကျွန်ုပ်တို့သည် နေ့ရက်အချို့၌ သခင်ယေရှုကို ဝမ်းမြောက်စွာ ချီးမွမ်းကြသည်။ သို့သော် အခက်အခဲများကြုံတွေ့သောအခါ ခဏအ တွင်း စိတ်ဆိုးပြန်သည်။
““တစ်ဖန်ငါသည်သူတို့၏အပြစ်များနှင့်တရားမဲ့ခြင်းများကိုလုံး ဝ သတိရတော့မည်မဟုတ်”ဟု မြွက်ဆိုတော်မူ၏။ ထိုသို့ အပြစ်ခွင့်လွှတ်ခြင်းကျေးဇူးရှိသည့်နေရာတွင် အပြစ်အတွက်ပူဇော်သက္ကာမလိုအပ်တော့ပေ”(‌ဟေဗြဲ ၁၀း၁၇-၁၈)။
ဇာတိပကတိသည် သေသည့်ထိတိုင်အောင် အပြစ်ပြုသည်။ ထို အရာသည် ဇာတိကပတိ၏ပညတ် ဖြစ်သည်။ ဇာတိပကတိသည် အ ပြစ်၏ပညတ်ကို အစေခံသည်။ ဇာတိပကတိသည် အပြစ်ကိုသာ ပြု သည်ကို ဆိုလိုသည်။ သို့သော် ဘုရားသခင်သည် အပြစ်ကိုသာပြုနိုင် သောသူများကို မိမိအစေခံများဖြစ်စေတော်မူသည်။ ဘုရားသခင် သည် ကျွန်ုပ်တို့အား မိမိအစေခံများ မည်သို့ ဖြစ်စေတော်မူသနည်း။ ကိုယ်တော်သည် အပြစ်ရှိသောသူများကို မိမိအစေခံများ ဖြစ်စေ တော်မမူနိုင်ပေ။
နောက်ဆုံးနေ့အထိ သင်၏ဇာတိပကတိကျူးလွန်မည့်အပြစ် များအားလုံးကို ယူဆောင်သွားတော်မူခြင်းအားဖြင့် ဘုရားသခင် သည် သင့်အား မိမိအစေခံများဖြစ်စေတော်မူ၍ သင့်ကို ပြည့်စုံစေ တော်မူရန် သင်၏အပြစ်များ၏အခများအားလုံးကို ပေးဆပ်ကျေ အေးစေတော်မူခဲ့သည်။ ကိုယ်တော်သည် သင့်အား သန့်ရှင်းသော အ မှုတော်ဆောင်များဖြစ်လာရန် စင်ကြယ်စေတော်မူခဲ့၍ ခေါ်ဖိတ် တော်မူခဲ့သည်။ ကျွန်ုပ်တို့သည် အားနည်းနေကြသော်လည်း ယခု တွင် တန်ခိုးပိုင်ဆိုင်ကြသည်။ “မည်သည့်တန်ခိုးဖြစ်သနည်း”ဟု သင်မေးမြန်းနိုင်သည်။ သင်သည် ကိုယ်တော်၏ဖြောင့်မတ်ခြင်းတန် ခိုးကိုပိုင်ဆိုင်သည်။ ကျွန်ုပ်တို့သည် ကိုယ်တော်၏ဖြောင့်မတ်ခြင်းကို ယူတင်ဝတ်ဆောင်ခြင်းအားဖြင့် ပြည့်စုံသောတန်ခိုးရရှိကြသည်။ တစ်နည်းအားဖြင့် ကျွန်ုပ်တို့သည် ပြည့်စုံသောသူများဖြစ်လာခဲ့ကြ သည်။ ကျွန်ုပ်တို့သည် ဇာတိပကတိ၌ အားနည်းနေကြသော်လည်း ဝိညာဉ်ရေးရာ၌ အားကြီးနေကြသည်။
 

မည်သူသည် ကိုယ်တော့်ကို အစေခံနိုင်သနည်း

“ဝမ်းနည်းသောသူကဲ့သို့ဖြစ်သော်လည်း အစဉ်ဝမ်းမြောက်လျက်ရှိကြ၏။ ဆင်းရဲသောသူကဲ့သို့ဖြစ်သော်လည်း များစွာသောသူတို့ကို ကြွယ်ဝပြည့်စုံစေကြ၏။ မည်သည့်အရာမျှမရှိသောသူကဲ့သို့ဖြစ်သော်လည်း အလုံးစုံကိုပိုင်ဆိုင်ကြ၏” (၂ ကော ၆း၁၀)။ ကျွန်ုပ် တို့သည် အပြစ်ကျူးလွန်ဟန်တူကြ သော်လည်း အပြစ်မရှိကြပေ။ ကျွန်ုပ်တို့သည်အပြစ်ပြုကြသော်လည်း အပြစ်မရှိကြပေ။ ထိုကြောင့် ကျွန်ုပ်တို့သည် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းအားဖြင့် လူများ စွာတို့ကို ကယ်တင်ရန် ကူညီ နိုင်ကြခြင်း ဖြစ်သည်။ ဤအရာသည် ခရစ်တော်၏လျစ်ဝှက်ချက် ဖြစ်၍ ကောင်းကင်နိုင်ငံတော်၏နက်နဲ သောအရာလည်း ဖြစ်သည်။ 
ကျွန်ုပ်တို့အား ကယ်တင်တော်မူခဲ့သော ကိုယ်တော်ကို ချီးမွမ်း သည်။ မည်သူသည် ကိုယ်တော့်ကို အစေခံနိုင်မည်နည်း။ အပြစ်မပြု ရန် ကြိုးစားခြင်းအားဖြင့် ကိုယ်တော့်ကို အစေခံလိုသောသူများ လော။ သို့မဟုတ် တစ်ဘဝလုံးကျူးလွန်ခဲ့သောအပြစ်များအားလုံးကို ကိုယ်တော်သည် ယူဆောင်သွားတော်မူခဲ့သည်ဟု ယုံကြည်သူများ လော။ ဒုတိယလူများသာလျှင် ကိုယ်တော်ကို အစေခံနိုင်၍ ကိုယ် တော်ကို ဝမ်းမြောက်စေနိုင်သည်။ မိမိအပြစ်များအားလုံးကို ကိုယ် တော်သည် ပြည့်စုံစွာ ဆေးကြောပေးတော်မူခဲ့သည်ဟု ယုံကြည်သူ များသာလျှင် ကိုယ်တော်ကို အစေခံနိုင်ကြသည်။ သူတို့သည် ကိုယ် တော့်ထံ မိမိကိုယ်ကိုကိုယ် လိုလိုလားလား ဆက်ကပ်၍ ကိုယ်တော် ၏အမှုတော်အတွက် မိမိပိုင်ဆိုင်မှုများအားလုံးကို ရင်းနှီးမြှုပ်နှံသည်။ ကိုယ်တော့်အတွက် သေးငယ်သောအမှုဖြစ်လျှင်လည်း တစ်စုံတစ်ခု ပြုလုပ်နိုင်သဖြင့် ကိုယ်တော်၏အမှုတော်ဆောင်များဖြစ်ခြင်းကို သူ တို့သည် ဂုဏ်ယူဝင့်ကြွားကြသည်။
လူအချို့တို့သည် မိမိဖြောင့်မတ်ခြင်းပျက်စီးသွားမည်ကို စိုးရိမ် နေကြသည်။ ထိုကြောင့် သူတို့သည် စိတ်ဆိုးသင့်သောအခြေအနေ မျိုး၌ပင် သူတို့သည် စိတ်မဆိုးဘဲနေကြသည်။ သူတို့၏မိမိကိုယ်ကို ကိုယ်ဖြောင့်မတ်ခြင်းကို ပျက်စီးသွားသင့်သည်။ ကျွန်ုပ်တို့သည် မိမိ ဖြောင့်မတ်ခြင်းကို အမှိုက်ပုံးထဲသို့ စွန့်ပစ်ရကြမည် ဖြစ်သည်။ ကျွန်ုပ်တို့၏ဖြောင့်မတ်ခြင်းကို ဖျက်ဆီးရကြမည် ဖြစ်သည်။ ကျွန်ုပ် တို့သည် ၎င်းကို တံဆိပ်ခတ်၍ ခုတ်ဖြတ်ကာ အမှိုက်ပုံးထဲသို့ စွန့်ပစ် ရကြမည် ဖြစ်သည်။ ကျွန်ုပ်တို့သည် မိမိဖြောင့်မတ်ခြင်းကို ဖျက်ဆီး မှသာလျှင် ကိုယ်တော်ကို ကျေးဇူးတင်၍ ကိုယ်တော်၏ဖြောင့်မတ် ခြင်းကို ချီးမြှောက်နိုင်ကြမည် ဖြစ်သည်။
ဤသို့သော ပုဂ္ဂိုလ်များသည် “ကျေးဇူးတော်ချီးမွမ်းခြင်းဖြင့် ကိုယ်တော်၏တံခါးများထဲသို့လည်းကောင်း၊ ဂုဏ်တော်ချီးမွမ်းခြင်းဖြင့် ကိုယ်တော်၏အိမ်တော်ဝင်းထဲသို့လည်းကောင်း ဝင်ကြလော့။ ကိုယ်တော်၏ကျေးဇူးတော်ကိုချီးမွမ်း၍ ကိုယ်တော်၏နာမတော်ကို ကောင်းချီးထောမနာပြုကြလော့”(ဆာလံ ၁၀၀း၄)ဟု ဂုဏ်တော် ချီးမွမ်း၍ ကိုယ်တော့်ကို ကျေးဇူးတင်ကြသည်။ မိမိဖြောင့်မတ်ခြင်း ရှိ သောသူများသည် ကယ်တင်ခြင်းခံရကြသော်လည်း အဆုံးထိတိုင် အောင် ကိုယ်တော်ကို အစေမခံနိုင် သို့မဟုတ် မချစ်နိုင်ကြပေ။ သူ တို့ဘဝတစ်လျှောက် ဇာတိပကတိသည် အပြစ်ကိုသာအစေခံသည် ဟု သိသူများနှင့် ကိုယ်တော်သည် သူတို့အပြစ်များအားလုံးယူ ဆောင်သွားတော်မူခဲ့သည်ဟု ယုံကြည်သူများနှင့် ယုံကြည်မည့်သူ များသည် ကိုယ်တော်ကို ချစ်၍ စိတ်ရှည်လက်ရှည်ဖြင့် အစေခံကြ သည်။ သူတို့နှလုံးသားများထဲ၌ ကိုယ်တော်ကို ချစ်ရန်အတွက်သာ တိုက်တွန်းမှုကို တွေ့ရသည်။
သင်သည် ကိုယ်‌တော်ကို ချစ်ရန်နှင့်အစေခံလိုသောနှလုံးသားရှိ သလော။ကိုယ်‌တော်ကို ကျေးဇူးတင်သောနှလုံးသား သင်ရှိသလော။
 

ကိုယ်တော်သည် ကျွန်ုပ်တို့အား အပြစ်ကင်းစင်လျက် ဝမ်းမြောက်သောအသက်တာများဖြင့် အသက်ရှင်စေသည်

ကျွန်ုပ်တို့၊ ဘုရားသခင်၏အစေခံများသည် တစ်နှစ်လျှင် ‌ဒေါ် လာတစ်သန်းရသောသူများထက် ပို၍ချမ်းသာကြွယ်ဝပြီး ပျော်ရွှင် လာကြသည်။ ကျွန်ုပ်တို့သည် နွေရာသီတွင် ဖရဲသီး စားကြသည်။ ရာ သီဉတုရောက်လာသောအခါ မက်မန်းသီးနှင့်စပျစ်သီးတို့စားကြ သည်။ ကျွန်ုပ်တို့သည် စားချင်သောအရာများကို စားကြသည်။ ကျွန်ုပ်တို့သည် မဆင်းရဲကြပေ။ သင်သည် ကယ်တင်ခြင်းခံရပြီး နောက် ဆင်းရဲစွာ အသက်ရှင်ခဲ့သလော။ ကျွန်ုပ်တို့သည် ကြွယ်ဝ ချမ်းသာစွာ အသက်ရှင်ကြသည်။
ကျွန်ုပ်တို့သည် ကိုယ်တော်နှင့်အတူ လျှောက်လှမ်းကြလျှင် ကြွယ်ဝချမ်းသာစွာဖြင့် အသက်ရှင်နိုင်ကြသည်။ ကိုယ်တော်နှင့်အ တူ လျှောက်လှမ်းသောသူတစ်ဉီးသည် ဆင်းရဲခြင်းမခံရပေ။ သင် သည် ဤအရာကို ယုံကြည်သလော။ ကျွန်ုပ်တို့သည် လောကစံချိန် စံညွှမ်းအားဖြင့် မချမ်းသာကြသော်လည်း ကျွန်ုပ်တို့သည် လိုလေ သေးမရှိဘဲ အသက်ရှင်ကြသည်။ သင်သည် ဤအရာကို ယုံကြည်သ လော။ သင်သည် ကိုယ်တော်ကို တွေ့ခဲ့ပြီးနောက် သင့်တွင် မဖြည့် ဆည်းပေးနိုင်သော လိုအပ်မှုများနှင့် ဆန္ဒများရှိသေးသလော။ ကျွန်ုပ် တို့သည် လိုအပ်မှုမရှိကြပေ။ ယခုတွင် ကျွန်ုပ်တို့သည် အတိတ်က ထက်ပို၍ ကြွယ်ဝချမ်းသာစွာ အသက်ရှင်ကြသည်။ ကျွန်တော်သည် ယခင်ထက် ပို၍ကောင်းမွန်စွာ အသက်ရှင်ခဲ့၍ အိပ်‌ပျော်ခဲ့သည်။
ကိုယ်တော်သည် ကျွန်ုပ်တို့အား ပြည့်စုံစွာ ကယ်တင်တော်မူခဲ့ သည်။ ဤကောင်းကြီးမင်္ဂလာကို စကားလုံးများဖြင့် ဖော်ပြ၍မရပေ။ ကိုဘ်တော်သည် ကျွန်ုပ်တို့အားကယ်တင်တော်မူခဲ့၍ ကိုယ်တော် အားဖြင့် သင်နှင့်ကျွန်တော်တို့သည် ဘုရားသခင်ကို ကျေးဇူးတင်က သည်။ ကိုယ်တော်၏ကျေးဇူးတော်သည် မည်မျှ ကြီးမြတ်သနည်း။
ရှင်ပေါလုက မိမိဇာတိပကတိကို ကြည့်၍ “ငါသည်ငြိုငြင် သောသူဖြစ်ပါသည်တကား၊ ဤအသေကောင်မှ ငါ့ကို အဘယ်သူ ကယ်လွှတ် မည်နည်း”ဟု ပြောခဲ့သည်။ ကျွန်ုပ်တို့သည် ဘာဝတစ် လျှောက် အပြစ်ပြုကြသည်။ ကျွန်ုပ်တို့သည် ဇာတိပကတိဖြင့် ကျူး လွန်သောအပြစ်များအားလုံးမှ မည်သူသည် ကျွန်ုပ်တို့ကို ကယ်တင် ခဲ့သနည်း။သခင်ယေရှုခရစ်တော်သည် ကျွန်ုပ်တို့ကို ကယ်တင်တော် မူခဲ့သည်။ ရှင်ပေါ်လုအတိုင်း ကျွန်တော်သည် သခင်ယေရှုခရစ်တော် အားဖြင့် ဘုရားသခင်ကို ကျေးဇူးတင်သည်။ ကိုယ်တော်၊ ကိုယ်တော့် ကို ကျေးဇူးတင်သည်။ ကိုယ်တော်သည် ကျွန်ုပ်တို့အပြစ်များအား လုံးယူဆောင်သွားတော်မူသောကြောင့် ကိုယ်တော့်ကို ကျေးဇူးတင် သည်။
တမန်တော်ရှင်ပေါလုသည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ရရှိခဲ့ပြီးနောက် မိမိဖြောင့်မတ်ခြင်းအားဖြင့် အသက်မရှင်ခဲ့ပေ။ သူ၏ ဇာတိပကတိသည် အပြစ်အောက်၌ ရောင်းစားခြင်းခံရသည်ဟု သူ သည် ကြိမ်ဖန်များစွာ ဝန်ခံခဲ့သည်။ ရှင်ပေါလုသည် သူကယ်တင် ခြင်းမခံရမီ အခန်းကြီး ၇ ကို ရေးထား၍ ကယ်တင်ခြင်းခံခဲ့ပြီးနောက် အခန်းကြီး ၈ ကိုရေးထားခဲ့သည်ဟု ပြောကြသည်။ ထိုအရာသည် မှန်ကန်သောအရာမဟုတ်ပေ။
ဘုရားသခင်၏နှုတ်ကပတ်တော်သည် ယုံကြည်ခြင်းခံရသူများ နှင့် မခံရသေးသူများအတွက် အသုံးချသည်။ ၎င်းသည် လူတိုင်းအ တွက် အသုံးပြုသည်။ သီအိုလော်ဂျီပညာရှင်အများစုက ဘုရားသခင် ၏နှုတ်ကပတ်တော်ကို မသိဘဲ အခန်းကြီး ၇ နှင့် အခန်းကြီး ၈ တို့ ကို ခွဲခြား၍ အခန်းကြီး ၇သည် ကယ်တင်ခြင်းမခံရသူများအတွက် ဖြစ်၍ အခန်းကြီး ၉ သည် ကယ်တင်ခြင်းခံရသူများအတွက် ဖြစ် သည်ဟု အသုံးချတတ်ကြသည်။ သူတို့သည် ဘုရားသခင်၏နှုတ်က ပတ်တော်ကို စာပိုဒ်များ မည်သို့ ခွဲခြားရကြမည်ကို မသိကြသော် လည်း သူတို့သည် ၎င်းကို စာပိုဒ်များအဖြစ် ယုတ္တိရှိရှိခွဲခြားကြသည်။ ဤနယ်ပယ်၍ ထက်မြတ်တတ်ကျွမ်းသူများစွာရှိကြသော်လည်း သူ တို့သည် လှည့်စားသောသူများ ဖြစ်ကြသည်။
ကိုယ်တော်သည် ကျွန်ုပ်တို့အပြစ်များအားလုံကို အကုန်အစင်၊ တစ်လုံးမကျန် ယူဆောင်သွားတော်မူခဲ့သည်။ ဘုရားသခင်ကို ကျေး ဇူးတင်ခြင်းအားဖြင့် ယုံကြည်ခြင်းအားဖြင့် သင်သည် အသက်ရှင်ရန် ကျွန်တော်ဆန္ဒပြုလိုပါသည်။ သင်သည် မိမိမျက်နှာ‌ပေါ်က အရေးအ ကြောင်းများကို ဖယ်ရှားရန် ဆန္ဒပြုလိုက်သည်။ ကိုယ်တော်သည် အ မှောင်အပြ်စများအားလုံးကို သင်၏နှလုံးသားမှ ယူဆောင်သွား တော်မူခဲ့သည်။ ဇာတိပကတိအပြစ်များအားလုံးမှ ကျွန်ုပ်တို့အား ကယ်တင်တော်မူခဲ့သည် သခင်ကို ကျွန်တော်ကျေးဇူးတင်သည်။