Search

တရားဟောချက်များ

ဘာသာရပ် ၉ - ရောမဩဝါဒစာ (ရောမဩဝါဒစာအနက်ဖွင့်ကျမ်းများ)

[7-4] ဇာတိပကတိသည် ဇာတိပက တိကိုသာ အစေခံသည် (ရောမ ၇း၁၄-၂၅)

(ရောမ ၇း၁၄-၂၅)
“ပညတ်တရားသည် ဝိညာဉ်ရေးနှင့်ဆိုင်ကြောင်း ငါတို့သိကြ၏။ သို့ရာတွင် ငါသည် သွေးသားဇာတိ၌ရှိသူဖြစ်ပြီး အပြစ်တရား၏လက်အောက်တွင် ရောင်းစားခြင်းခံရသူဖြစ်၏။ ငါသည် မိမိပြုနေသည့်အမှုကိုပင် ကိုယ်တိုင်နားမလည်ပေ။ အဘယ်ကြောင့်ဆိုသော် ငါသည် ကိုယ်ပြုလိုသောအရာကို မပြုဘဲ ကိုယ်မုန်းသောအရာကို ပြုနေ၏။ ထိုသို့ ငါသည် ကိုယ်မပြုလိုသောအရာကို ပြုနေသည်ဆိုလျှင် ပညတ်တရားကောင်းမြတ်ကြောင်းကို ဝန်ခံခြင်းဖြစ်၏။ သို့ဖြစ်လျှင် ထိုအရာကိုပြုသောသူမှာ ငါမဟုတ်တော့ဘဲ ငါ့အထဲ၌ကိန်းအောင်းနေသော အပြစ်ပင်ဖြစ်၏။ ငါ့အထဲ၌ တစ်နည်းအားဖြင့် ငါ၏သွေးသားဇာတိထဲ၌ ကောင်းသောအရာတစ်စုံတစ်ခုမျှ ကိန်း အောင်းနေခြင်းမရှိကြောင်း ငါသိ၏။ အဘယ်ကြောင့်ဆိုသော် ကောင်းသောအမှုကိုပြုလိုသောဆန္ဒသည် ငါ၌ရှိသော်လည်း ၎င်းကို ပြုနိုင်စွမ်းမရှိ။ အကြောင်းမူကား ငါသည် ကိုယ်ပြုလိုသည့် ကောင်းသောအမှုကိုမပြုဘဲ မပြုလိုသည့် မကောင်းသောအမှုကို ပြုနေ၏။ သို့သော် ကိုယ်မပြုလိုသောအရာကို ငါပြုနေသည်ဆိုလျှင် ၎င်းကို ငါကိုယ်တိုင်ပြုသည်မဟုတ်တော့ဘဲ ငါ့အထဲ၌ကိန်းအောင်းနေသောအပြစ်က ပြုခြင်းဖြစ်၏။ သို့ဖြစ်၍ ကောင်းသောအမှုကိုပြုလိုသောငါ၌ မကောင်းသောအမှုရှိနေသည်ဟူသောသဘောတရားကို ငါတွေ့၏။ တစ်နည်းဆိုသော် ငါသည် အတွင်းဝိညာဉ်လူအားဖြင့် ဘုရား သခင်၏တရားတော်၌ နှစ်သက်ဝမ်းမြောက်လျက်ရှိသော်လည်း ငါ၏ကိုယ်အင်္ဂါများ၌ အခြားသောတရားရှိ၍ ၎င်းတို့သည် ငါ့စိတ်နှလုံး၏တရားနှင့် တိုက်ခိုက်လျက်နေသဖြင့် ငါ၏ကိုယ်အင်္ဂါများ၌ရှိသည့် အပြစ်နှင့်ဆိုင်သောတရားအားဖြင့် ငါ့ကိုဖမ်းဆီးချုပ်နှောင်ထားသည်ကို ငါမြင်၏။ ငါသည် အလွန်စိတ်ပျက်ဖွယ်ကောင်းသောသူဖြစ်ပေ၏။ မည်သူသည် သေခြင်းနှင့်ဆိုင်သော ဤကိုယ် ခန္ဓာမှ ငါ့ကို ကယ်နုတ်မည်နည်း။ သို့သော် ငါတို့၏သခင်ယေရှုခရစ်တော်အားဖြင့် ဘုရားသခင်၏ကျေးဇူးတော်ကိုချီးမွမ်း၏။ ဤသို့ ဖြင့် ငါသည် မိမိစိတ်နှလုံးအားဖြင့် ဘုရားသခင်၏တရားတော်ကို အစေခံလျက်ရှိသော်လည်း သွေးသားဇာတိအားဖြင့် အပြစ်နှင့်ဆိုင် သောတရားကို အစေခံလျက်ရှိ၏။”
 


ကိုယ်တော်၏ကျေးဇူးတော်အံ့သြဖွယ်


ဤနွေရာသီကျမ်းစာသင်တန်းကျင်းပခွင့်ပေး၍ ရာသီဉတုကို အုပ်စိုးကာ ဤသာယာသောနေ့များအား‌ပေးအပ်တော်မူရန် တိုက် ဖွန်မုန်တိုင်းကာကွယ်ပေးတော်မူခဲ့သောဘုရားသခင်ကို ကျေးဇူးတင် သည်။ ကိုယ်တော်သည် ဝိညာဉ်များကို စေလွှတ်တော်မူ၍ နှုတ်က ပတ်တော်ကို ပေးအပ်တော်မူရန် မိမိလူများကို စုရုံးပေးတော်မူလျက် အချင်းချင်းဖြစ်စေ၊ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့်ဖြစ်စေ မိတ် သဟာယဖွဲ့ခြင်း၌ ဝမ်းမြောက်စေတော်မူခဲ့သည်။
ဘုရားသခင်သည် အသက်ရှင်တော်မူသည်။ ကိုယ်တော်၏ ကျေးဇူးတော်သည် အလွန်အံ့သြဖွယ်ကောင်းသည်။ ယခုတွင် လူ များက တိုင်ဖွန် “မုန်တိုင်း”သည် ကျွန်ုပ်တို့နိုင်ငံသို့ အမှန်အကန်လာ လိမ့်မည်ဟု ထင်ကြသည်။ ထိုကြောင့် တာဝန်ရှိသူများက အင်ဂျား အေး ချိုင်းဝှမ်းဒေသတွင်ရှိသော စခန်းချသူများအား ဆုတ်ခွါတိမ်း ရှောင်ရန် အမိန့်ထုတ်ပြန်ခဲ့ကြသည်။ ကျွန်တော်သည် ယနေ့မွန်းလွဲ ပိုင်းတွင် အင်ဂျားအေး မြို့သို့ သွားခဲ့သည်။ လူများသည် အချင်းချင်း စကားပြောခြင်း၊ တိုင်ဖွန်မုန်တိုင်းအပေါ်စိုးရိမ်ပူပန်ခြင်း၊ ဤတိုင်ဖွန် ရောက်လာပါက မည်မျှ ပြင်းထန်၍ ပျက်စီးလိမ့်မည်ကို ခန့်မှန်းထား ခြင်းများကို ကျွန်တော်ကြားခဲ့ရသည်။
သို့သော် ကျွန်ုပ်တို့၊ ဘုရားသခင်၏သားသမီးများသည် နွေရာ အားသစ်လောင်းသင်တန်းအတွက် ဤတွင်စုရုံးကြသည့်အတိုင်း သူ တို့မျှော်မှန်းထားသည့်အတိုင်း အရာအားလုံး ဖြစ်ပျက်လိမ့်မည် လော။ ကျွန်ုပ်တို့ဆုတောင်းကြလျှင် ဘုရားသခင်၏ဂရုဏာတော် အားဖြင့် မိုးရွာလိမ့်မည် မဟုတ်ပေ။ ဘုရားသခင်သည် မိမိလူများကို လေလွှင့်စေ‌တော်မူလိမ့်မည်လော။ ဘုရားသခင်သည် ရာသီဉတုကို ပဲ့ကိုင်တော်မူသည်။ သို့သော် ကိုယ်တော်သည် သင်၏ယုံကြည်ခြင်း အပေါ် အမှုပြုတော်မူသည်။ ကိုယ်တော်သည် ပညာရှိစွာ အမှုပြု တော်မူသည်။ ကိုဘ်တော်သည် “ကျွန်ုပ်တို့က ဤနွေရာသီအားသစ် လောင်းသင်တန်းပြုလုပ်သည့်အချိန်တွင် ဘာကြောင့် တိုင်ဖွန်မုန် တိုင်းကျစေတော်မူသလဲ”ဟု လူများကို အံ့ဩတွေဝေစေခြင်းအား ဖြင့် ကျွန်ုပ်တို့၏ယုံကြည်မှုကို ဆန်းစစ်တော်မူလိမ့်မည်မဟုတ်သည် ကို ဆိုလိုသည်။
ကျွန်တော်သည် သတင်း၌ တိုင်ဖွန်မုန်တိုင်းအကြောင်းကြားခဲ့ သောအခါ ကျွန်တော်သည် ၎င်းကို တားဆီးနိုင်သော တန်ခိုးမရှိခဲ့ ပေ။ ကျွန်တော်လုပ်ဆောင်နိုင်သောအရာတစ်ခုမှာ ဆုတောင်းခြင်း ဖြစ်သည်။ ဤနွေရာသီကျမ်းစာသင်တန်း အချိန်ဇယားများရေးဆွဲခဲ့ ပြီး ဖြစ်သည်။ ကျွန်ုပ်တို့ အတူတူစုရုံးခဲ့ကြသည်။ ကျွန်တော်သည် လုပ်ဆောင်စရာတစ်စုံတစ်ခုမျှ မရှိတော့ပေ။ ဤခန်းမဆောင်သည် တိုင်ဖွန်မုန်တိုင်းကို ခုခံနိုင်ရန် ခိုင်ခံခြင်းမရှိ၊ ထိုခန်းမသည် ဖိုင်ဘာ ပစ္စည်းများဖြင့်သာ တည်ဆောက်ထားသည်ကို တွေး၍ ကျွန်တော် စိုးရိမ်ပူပန်ခဲ့ရသည်။ ထိုကြောင့် ကျွန်တော်ဘာလုပ်ရဘာကိုင်ရမှန်း မသိ၊ ဘုရားသခင်ပေါ်၌သာ မှီခိုခဲ့သည်။ “ဘုရားသခင် မစတော်မူပါ။ ကွယ်ကာတော်မူပါ။ ယေရှုနာမတော်အားဖြင့် ဆုတောင်းပါ၏”ဟု ဆုတောင်းခဲ့သည်။ ဘုရားသခင်သည် တိုင်ဖွန်ဘေးမှ ကွယ်ကာ တော်မူခဲ့သည်။ ဘုရားသခင်သည် အရာခပ်သိမ်းကို သိတော်မူသည် ဟု ကျွန်တော်ယုံကြည်သည်။ ကိုယ်တော်သည် ကျွန်ုပ်တို့ထက် အ ခြေအနေများကို ပို၍သိတော်မူသောကြောင့် ကိုယ်တော်သည် ကျွန်ုပ်တို့အား လုံခြုံစွာ ပို့ဆောင်ပေးတော်မူသည်။
ဘုရားသခင်သည် အသက်ရှင်တော်မူသည်ဟု ရာသီဉတုက ကျွန်ုပ်တို့အား မိနစ်တိုင်း ထင်ရှားစေသည်။ ကျွန်တော် တဲထဲမှာနေ စဉ် မိုးချုံးသံများသည် သေနတ်သံကဲ့သို့ တချုန်းချုန်းကြားခဲ့ရသည်။ ထိုကြောင့် ကျွန်တော်သည် တဲထဲမှ အပြင်ဘက်သို့ ထွက်၍ မိုး ကောင်းကင်ကို မော့ကြည့်ခဲ့သည်။ ကောင်းကင်သည် မှောင်မည်းနေ ၍ ထူထပ်သောတိမ်များသည် ချိုင့်ဝှမ်းတစ်ခုလုံး ဖုံးလွှမ်းသည်။ ထို ကြောင့် ကျွန်တော်က “ဘုရားသခင်၊ တိမ်တိုက်များ လာနေပြီ”ဟု ဆုတောင်းခဲ့သည်။ “ကိုယ်တော်၊ ဘာဖြစ်ပျက်မှာလဲ။ ဒီနေရာသို့ တိုက်ဖွန်ရောက်တော့မယ်။ အခု ရောက်နေပြီ”ဟု တွေးတောခြင်း အားဖြင့် ကျွန်ုပ်ယုံကြည်မှု အားနည်းလာခဲ့သည်။ သို့သော် ကျွန် တော်သည် ဘုရားသခင်ထံ ဆုတောင်း၍ ယုံကြည်ခဲ့သည်။ ဤယုံ ကြည်မှုကို ဆွဲကိုင်၍ ဘုရားသခင်ထံ “ကိုယ်တော်သည် ကျွန်ုပ်တို့ ကို စောင့်ရှောက်တော်မူလိမ့်မည်ဟု ကျွန်တော်ယုံကြည်တယ်။ ကိုယ်တော့်ကို ကျွန်တော်ယုံကြည်တယ်။ ကျွန်တော်သည် ကျွန်ုပ်တို့ အတွက် အမှုပြုတော်မူလိမ့်မည်ဟု ကျွန်တော်ယုံကြည်ခဲ့တယ်”ဟု ပြောခဲ့သည်။ ကျွန်ုပ်တို့ယုံကြည်ခဲ့သည့်အတိုင်း ဘုရားသခင်သည် မှန်ကန်စွာ အမှုပြုတော်မူခဲ့သည်။ ကျွန်ုပ်တို့သည် ကိုယ်တော်ကို နှ လုံးသားများဖြင့် ကျေးဇူးတင်ကြသည်။
 


ဇာတိပကတိသည် အတ္တဆန်၍ ဆိုးသွမ်းသည်


ဘုရားသခင်သည် ကျွန်ုပ်တို့အတွက် အမှုပြုတော်မမူလျှင် ကျွန်ုပ်တို့သည် မည်သည့်အရာတစ်စုံတစ်ခုမျှ မလုပ်ဆောင်နိုင်ကြ ပေ။ ဘုရားသခင်သည် ကျွန်ုပ်တို့ကို ကွယ်ကာ၍ မစ‌တော်မူသည်။ ဘုရားသခင်၏နှုတ်ကပတ်တော်ကို ကြည့်ကြပါစို့။ ရောမ ၇း၁၄-၂၅ တွင် တမန်တော်ရှင်ပေါလုက ဇာတိပကတိ၌နေ၍ အပြစ်အောက်၌ ရောင်းစားခြင်းခံရသည်ဟု မြင်တွေ့ခဲ့ကြောင်း ဖော်ပြထားသည်။ သူ သည်အသက်ရှင်နေစဉ် ဇာတိပကတိသည် အပြစ်ကိုသာပြုစေသည် ဟု သူတွေ့ရှိခဲ့သည်။
ဒုတိယမွေးဖွားခြင်းခံရသောကျွန်ုပ်တို့သည် ဇာတိပကတိဖြင့် အကောင်းကို ပြုလိုကြသော်လည်း အဆိုးကိုသာပြုကြသည်။ ရောမ ၇း၁၉ တွင် “အကြောင်းမူကား ငါသည် ကိုယ်ပြုလိုသည့် ကောင်းသောအမှုကိုမပြုဘဲ မပြုလိုသည့် မကောင်းသောအမှုကို ပြုနေ၏” ဟု ဖော်ပြထားသည်။ ကျွန်ုပ်တို့အထဲ၌ ကောင်းသောအရာတစ်စုံ တစ်ခုမျှ မကိန်းဝပ်သည်ကို ကျွန်ုပ်တို့သိရကြသည်။ ထိုအကြောင်း ကြောင့် ကျွန်ုပ်တို့သည် “ငါက မိမိယုံကြည်ခြင်းကို စောင့်ထိန်းနိုင် မည်လော”ဟု တွေး၍ အံသွားခဲကြိတ်တတ်ကြသည်။ ကျွန်ုပ်တို့ သည် မြော်လင့်ချက်ကင်းမဲ့၍ ဆိုးသောအသွေးအသားရှိကြသော ကြောင့် အလွန်အမင်း ငြိုငြင်နေကြရခြင်း ဖြစ်သည်။ ဇာတိပကတိ သည် မည်သို့ အတ္တဆန်သည်ကို သင် သိသလော။ ရောမ ၇း၁၈ တွင် “ငါ့အထဲ၌ တစ်နည်းအားဖြင့် ငါ၏သွေးသားဇာတိထဲ၌ ကောင်းသောအရာတစ်စုံတစ်ခုမျှ ကိန်းအောင်းနေခြင်းမရှိကြောင်း ငါသိ၏။ အ ဘယ်ကြောင့်ဆိုသော် ကောင်းသောအမှုကိုပြုလိုသောဆန္ဒသည် ငါ၌ရှိသော်လည်း ၎င်းကို ပြုနိုင်စွမ်းမရှိ”ဟု ဖော်ပြထားသည်။
ကျွန်ုပ်တို့သည် မာရ်နတ်၏မျိုးစေ့များအဖြစ် ကိုယ်ဘက်ကိုသာ အမြဲတမ်းယူတတ်ကြသည်။ ကျွန်ုပ်တို့လူသားများအားလုံးသည် ‌လောဘမည်သို့ရှိကြသည်ကို သင်သိသလော။ ကျွန်ုပ်တို့သည် ဆိုး ကြသည်ကို အမှန်အကန် ကျွန်ုပ်တို့ သိကြသည်။ သို့သော် ကျွန်ုပ်တို့ သည် ဘုရားဘက်၌ မပါကြပေ။ ကျွန်ုပ်တို့သည် ကိုယ်ကျိုးအတွက် သာ စဉ်းစားကြသည်။ ကိုယ်တော်သည် အလွန်ကောင်းမြတ်တော်မူ ၍ ကိုယ်တော်၏အလိုတော်သည် ကောင်းမြတ်သည်။ ကျွန်ုပ်တို့ သည် ဆိုးသွမ်းကြသော်လည်း မိမိကိုယ်ကိုအလွန်အမင်း ချစ်ကြ သည်ကို ကျွန်ုပ်တို့ သိကြသည်။ အခြားသောဘုရားများကို မကိုး ကွယ်ရန် ဘုရားသခင်သည် ကျွန်ုပ်တို့အား မိန့်တော်မူခဲ့သည်။ ဘု ရားသခင်သည် ကျွန်ုပ်တို့သည် အပြစ်တရားသိကျွမ်းခြင်းပညာကို ပေးအပ်တော်မူရန် ဤအရာကို မိန့်တော်မူခဲ့သည်။
ကျွန်ုပ်တို့သည် အတ္တဆန်၍ ကိုယ်ကျိုးအတွက်သာစဉ်းစား တတ်ကြသည်ကို သိကြသော်လည်း ကျွန်ုပ်တို့သည် မိမိကိုယ်ကို ကိုယ် ချစ်ကြ၍ အရာခပ်သိမ်းကို ကိုယ့်အတွက်သာ လုပ်ဆောင် တတ်ကြသည်။ ကျွန်ုပ်တို့အတွက် အကျိုးဖြစ်ထွန်းစေမည့်အရာများ ကို နှစ်သက်တတ်ကြသည်။ သို့သော် ကျွန်ုပ်တို့သည် ဘုရားသခင်အ တွက် တွန့်တို၍ ဆင်းရဲကြသည်။ ကျွန်ုပ်တို့သည် အမြင်အာရုံမရှိကြ သောကြောင့် ထိုသို့ဖြစ်ရခြင်း ဖြစ်သည်။ ကလေးသူငယ်များသည် သူတို့၏မုန့်များကို မပေးချင်ကြပေ။ သူတို့သည် မိမိလက်ထဲတွင်ရှိ သောအရာများကို ချိုးဖျက်သည့်အထိ သိမ်းပိုက်ကြသည်။ သူတို့ သည် အသက်ငယ်သေး၍ အမြင်မရှိကြသောကြောင့် ၎င်းကို မဝေမျှ လိုခြင်း ဖြစ်သည်။ ကမ္ဘာပေါ်တွင် ကွတ်ကြီးများထက် အဖိုးတန် သောအရာများရှိသေးသည်ကို သူတို့မသိကြပေ။ ကလေးသူငယ်များ သည် ထိုသို့ဖြစ်သည်။ ကျွန်ုပ်တို့သည်လည်း ထိုသို့ဖြစ်ကြသည်။
ကျွန်ုပ်တို့အပြ်စများသည် ဆေးကြောခြင်းခံရသော်လည်း ကျွန်ုပ်တို့သည် အတ္တဆန်ကြသေးသည်။ ကိုယ်တော်သည် ကျွန်ုပ်တို့ အား အပြစ်ကင်းစင်သောသူများဖြစ်စေတော်မူ၍ တန်ခိုးတော်အား ဖြင့် သန့်ရှင်းသောဝိညာဉ်တော်ချပေးတော်မူခြင်းအတွက် ကိုယ် တော့်ကို ကျေးဇူးတင်ကြသည်။ သို့သော် အပြစ်များဖြေလွှတ်ခြင်း နှင့် ဒုတိယမွေးဖွားဖွားခြင်းခံရကြပြီးနောက် စစ်ပွဲသည် ကိုယ်ကို ကိုယ်စတင်လာသည်။ ဤစစ်ပွဲမှာ ဇာတိပကတိနှင့်ဝိညာဉ်ပကတိ အကြားတိုက်ခိုက်သောစစ်ပွဲ ဖြစ်သည်။ ကျွန်ုပ်တို့သည် ဒုတိယမွေး ဖွာားခြင်းခံရပြီးနောက် ဝမ်းမြောက်ကြသော်လည်း မကြာမီ ဤစစ်ပွဲ အားဖြင့် ဆင်းရဲဒုက္ခခံစားရကြသည်။ သို့သော် ယခုတွင် ကိုယ်တော် သည် ကျွန်ုပ်တို့အား ဘုရားသခင်၏နိုင်ငံတော်အတွက် အမှုပြုရန် အလိုတော်ရှိသည်။ 
ကိုယ်တော်သည် ကျွန်ုပ်တို့အတွက် မိမိဘုန်းတော်ကို ချပေး တော်မူခဲ့သည်။ ကိုယ်တော်သည် ဇာတိပကတိကဲ့သို့ စေလွှတ်ခြင်းခံ တော်မူခဲ့သည်။ ကိုယ်တော်သည် ခန့်ညားလှပသောလူတစ်ဉီးအဖြစ် လောကသို့ စေလွှတ်ခြင်းခံတော်မမူခဲ့ပေ။ ကိုယ်တော်သည် အလွန် နှိမ့်ချသောသူတစ်ဉီးအဖြစ် ဤလောကသို့ ကြွလာတော်မူခဲ့၍ ကွတို ၍ ရုပ်ဆိုးသောသူဖြစ်နိုင်သည်။ သခင်ယေရှုသည် အလွန်ခန့်ညား သောသူမဟုတ်ခဲ့သည်ဟု ဆိုကြသည်။ ဟေရှာယက “အကြောင်းမှာ သူသည် နုနယ်သောအပင်ကဲ့သို့၊ ခြောက်သွေ့သောမြေမှ အမြစ်ကဲ့သို့ ကိုယ်တော်၏ရှေ့တော်၌ ရှင်သန်၏။ သူသည် ရှုချင်စဖွယ် ပုံပန်းသဏ္ဌာန်မရှိ။ ခန့်ညားထည်ဝါမှုလည်းမရှိ။ နှစ်သက်ဖွယ် ရုပ် ရည်လည်းမရှိ”(ဟေရှာယ ၅၃း၂)ဟု ပြောခဲ့သည်။ ကိုယ်တော်သည် ကျွန်ုပ်တို့အ ပြစ်များအားလုံးကို ယူဆောင်သွား‌တော်မူခဲ့သည်။
ဇာတိပကတိသည် အပြစ်သာအစေခံသည်။ ရှင်ပေါလုက သူ၏ ဇာတိပကတိသည် အပြစ်များဖြင့် ပြည့်နေသည်ကို သိခဲ့သော ကြောင့် သူက “ငါလုပ်ချင်သောအရာကို ငါမလုပ်ပေ။ ငါမကြိုက် သောအလုပ်ကိုသာ ငါလုပ်သည်”ဟု ပြောခဲ့သည်။ သို့သော် သူသည် မိမိအပြစ်များကို ရှက်ခဲ့သောကြောင့် သူက အသေးစိတ်လုံးစေ့ပတ် စေ့ ဖော်ပြခြင်းမရှိခဲ့ပေ။
ကျွန်ုပ်တို့သည် အမှိုက်ပုံနှင့်တူကြသည်။ ကျွန်ုပ်တို့အပြစ်အစုံ လိုက်အပုံလိုက်ရှိကြသည်။ ကျွန်ုပ်တို့နောက်ကွယ်တွင် အမှိုက်ပုံများ ချန်ထားခြင်ကို မြင်ကြလျှင် ကွှန်ုပ်တို့သည် မည်မျှ စိတ်ပျက်ကြမည် နည်း။ သို့သော် ကျွန်ုပ်တို့စိတ်သည် ချုပ်နှောင်ခြင်းကို ခံရကြသော ကြောင့် ကျွန်ုပ်တို့သည် ဘုရားသခင်ထံ “ကိုယ်တော်၊ ဒီအရာကို ကျွန်တော်မလုပ်သင့်ပေ။ ကျွန်တော်သည် ကိုယ်တော်၏အလိုတော် နှင့်အညီ အသက်ရှင်လိုသော်လည်း အပြစ်ပြုခဲ့ပြန်တယ်။ ကိုယ် တော်၊ ကျွန်တော် မည်သို့ ရပ်တန့်နိုင်မလဲ”ဟု ပြောတတ်ကြသည်။
 


ကျွန်ုပ်တို့သည် အပြစ်များသိသောအခါ ဘုရားသခင်ကို ကျေးဇူးတင်နိုင်ကြသည်


ကျွန်ုပ်တို့အား ပေးအပ်ခဲ့သော ကျွန်ုပ်တို့ဘုရား၊ သခင်ယေရှုခ ရစ်တော်ဖြစ်သူ ကျေးဇူးတော်အကြောင်းကို ကျွန်ုပ်တို့စဉ်းစားရကြ မည် ဖြစ်သည်။  ကျွန်ုပ်တို့နှလုံးသားများ၌ ဘုရားသခင်ပြုတော်မူခဲ့ သောအရာများအကြောင်းကို စဉ်းစားရကြမည် ဖြစ်သည်။ သို့မှသာ လျှင် ကျွန်ုပ်တို့သည် မှန်ကန်သောအရာကို သိကြ၍ ကိုယ်တော်ကို အစေခံနိုင်ကြမည် ဖြစ်သည်။ ဘုရားသခင်၏ကျေးဇူးတော်နှင့် ကိုယ် တော်ကို ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်ကိုရှာဖွေ၍ ကိုယ်တော် ထံ မိမိကိုယ်ကိုကိုယ် ဆက်ကပ်၍ ဘုရားသခင်ကို နှလုံးသားများဖြင့် နာခံ၍ ကိုယ်တော်နှင့်အတူ လိုက်လျှောက်နေစဉ် စောင့်ကြိုနေသော စိန်ခေါ်မှုများအားလုံးအပေါ် အောင်မြင်ခြင်းရရှိကြမည် ဖြစ်သည်။
ကျွန်ုပ်တို့သည် ဘုရားရှေ့တော်၌ ဆိုးသောသူများ၊ အသုံးမရ သောသူများဖြစ်ကြသည်ဟု ကျွန်ုပ်တို့သိကြသောအခါ ကျွန်ုပ်တို့ သည် မိမိကိုယ်ကိုကိုယ် ငြင်းပယ်ကြသည်။ ကျွန်ုပ်တို့သည် ကောင်း ကြီးမင်္ဂလာများစွာခံစားသော်လည်း အားနည်းချက်များကြောင့် ကျွန်ုပ်တို့ဇာတိပကတိများသည် မည်သည့်အရာတစ်စုံတစ်ခုကိုမျှ မ လုပ်နိုင်ကြသောကြောင့် ကိုယ်တော်၏အစေမခံဘဲ အပြစ်ကို မလွှဲ ရှောင်နိုင်ကြသည်ကို သိကြသည်။ ကိုယ်တော်ကို အစေခံနိုင်ရန် ကွန်တော့်ကို ကောင်းကြီးပေးတော်မူသော ဘုရားသခင်ကို ကျေးဇူး တင်သည်။ ဘုရားသခငသ်ည် ကျွန်တော့်အား သတင်းကောင်းကိုအ စေခံရန် အမှုတော်မြတ်၌ ထားတော်မမူလျှင် ဇာတိပကတိ၌ ရှိသေး သောအပြစ်အစုအပုံများသာ ကျန်ရစ်၍ ကိုယ်တော်ရှေ့တော်၌ ဖြောင့်မတ်သူ ဘယ်တော့မှ ဖြစ်လာမည်မဟုတ်ပေ။
ကျွန်တော်သည် ကိုယ်တော်ကို အစေခံရန် စွမ်းဆောင်ပေး တော်မူသော ဘုရားသခင်ကို ကျေးဇူးတင်သည်။ ထိုကြောင့် ကျွန် တော်သည် ဤသို့ ဆုတောင်းခဲ့သည်။ “ကိုယ်တော့်ကို ကျေးဇူးတင် တယ်။ ကိုယ်တော်၊ ကျွန်တော် ငွေကြေးလိုအပ်တယ်။ သို့သော် ဘာ မှမရှိပါ။ ကျွန်တော်ဘာမှမရှိသော်လည်း ကိုယ်တော့်အတွက် ဤအ ရာများအားလုံးကို လုပ်ဆောင်လိုတယ်။ ကျွန်ုပ်ကို မစတော်မူပါ။ ငွေ ကြေးကို ကျွန်ုပ်အတွက် အသုံးမပြုဘဲ ကိုယ်တော့်အတွက်သာ အ သုံးပြုပါမည်။ ငွေကြေးကို ကျွန်ုပ်အတွက်အသုံးပြုခဲ့လျှင် ဇာတိပက တိသည် ရောင့်ရဲတင်းတိမ်လိမ့်မည်။ သို့သော် ကျွန်တော်သည် ငွေ ကြေးကို ကိုယ်တော်နှင့် ဖြောင့်မတ်ခြင်းလုပ်ငန်းအတွက် အသုံးပြု လိုတယ်။ ဤငွေကြေးသည် ကျွန်တော်ခက်ခဲပင်ပန်းစွာရရှိသောငွေ ဖြစ်သောကြောင့် အလွန်တန်ဖိုးရှိတယ်။ ထိုအရာသည် ကျွန်တော့်အ တွက် တန်ဖိုးရှိသောကြောင့် ကိုယ်တော့်အတွက် ကျွန်တော်ဆက် ကပ်တယ်။ ထိုအရာကို ကိုယ်တော်၏ဖြောင့်မတ်ခြင်းလုပ်ငန်းများအ တွက် အသုံးပြုတော်မူပါ။”
မိမိဆိုးသွမ်းမှုကို သိသောသူများသည် သူတိ့၌ ကောင်းသောအ ရာတစ်စုံတစ်ခုမျှ မကိန်းဝပ်သည်ကို သိကြသည်။ ‘သူတို့အထဲ၌ ကောင်းသောအရာတစ်စုံတစ်ခုမျှ မရှိပေ’ စကားလုံးသည် မည်သည့် အရာကို ဆိုလိုသနည်း။ သူတို့သည် မိမိဇာတိပကတိ၌ ဆိုးသောအ ရာများသာရှိသည်ကို ဆိုလိုသည်။ ကိုယ်ကျိုးအတွက်သာ အသက် ရှင်သည် အပြစ်ဖြစ်သည်။
 

ကျွန်ုပ်တို့သည် သခင်ယေရှုခရစ်တော်အားဖြင့် ဘုရား သခင်ကို ကျေးဇူးတင်ကြသည်

ရှင်ပေါလုက “ငါသည် အလွန်စိတ်ပျက်ဖွယ်ကောင်းသောသူဖြစ်ပေ၏။ မည်သူသည် သေခြင်းနှင့်ဆိုင်သော ဤကိုယ်ခန္ဓာမှ ငါ့ကို ကယ်နုတ်မည်နည်း။ 25သို့သော် ငါတို့၏သခင်ယေရှုခရစ်တော်အားဖြင့် ဘုရားသခင်၏ကျေးဇူးတော်ကိုချီးမွမ်း၏။ ဤသို့ဖြင့် ငါသည် မိမိစိတ်နှလုံးအားဖြင့် ဘုရားသခင်၏တရားတော်ကို အစေခံလျက်ရှိသော်လည်း သွေးသားဇာတိအားဖြင့် အပြစ်နှင့်ဆိုင်သောတရားကို အစေခံလျက်ရှိ၏”(ရောမ ၇း၂၄-၂၅)ဟု ဝန်ခံခဲ့သည်။ ဇာတိပကတိသည် မည်သည့်အရာကို အစေခံသနည်း။ ဇာတိပကတိ သည် အပြစ်ကို အမြဲတမ်းအစေခံသည်။ သို့သော် ကျွန်ုပ်တို့သည် နှလုံးသားများ ဖြင့် ဘုရားသခင်ကို အစေခံကြသည်။ ကျွန်ုပ်တို့သည် မည်သူ့အား ဖြင့် ဘုရားကို ကျေးဇူးတင်ကြသနည်း။ ကျွန်ုပ်တို့သည် သခင်ယေရှုခရစ်တော်အားဖြင့်ဘုရားသခင်ကိုကျေးဇူးတင်ကြသည်။
ရှင်ပေါလုက “သခင်ယေရှုခရစ်တော်အားဖြင့် ဘုရားသခင်ကို ကျေးဇူးတင်သည်”ဟု ပြောခဲ့သည်။ ကျွန်တော်လည်း ဤသို့ပြောခဲ့ သည်။ ကိုယ်တော်သည် ကျွန်တော့်အပြစ်များအားလုံးကို ယူဆောင် သွားတော်မမူလျှင် ဇာတိပကတိသည် ယခုတွင် အပြစ်ကိုသာအစေ ခံသောကြောင့် ကျွန်တော်သည် ကယ်တင်ခြင်းခံရနိုင်မည်မဟုတ် ပေ။
“ကျွန်တော်သည် သခင်ယေရှုခရစ်တော်အားဖြင့် ဘုရားသခင် ကို ကျေးဇူးတင်သည်။” ကိုယ်တာ်သည် ပကတိအားလုံး၏အပြစ် များအားလုံးကို ယူဆောင်သွားတော်မူခဲ့သောကြောင့် ကျွန်ုပ်တို့သည် ကိုယ်တော်အပေါ် ကျေဇူးတင်ကြသည်။ ကျွန်ုပ်တို့သည် အပြစ်များ ဖြေလွှတ်ခြင်းခံရကြပြီးနောက်တောင် ဇာတိကပတိသည် အပြစ်ကို သာအစေခံသည်။ သို့သော် နှလုံးသားသည် ဘုရားသခင်ကို အစေခံ ချင်သည်။ ကျွန်ုပ်တို့သည် ဘုရားသခင်ကို ကျေးဇူးတင်၍ နှလုံးသား ဖြောင့်မတ်ခြင်းအကြောင်းမှာ သခင်ယေရှုခရစ်တော်အားဖြင့် ဖြစ် သည်။ သင်သည် ဤအရာကို ယုံကြည်သလော။ ကိုယ်တော်သည် ကျွန်ုပ်တို့အပြစ်များကို ယူဆောင်သွားတော်မူခဲ့သောကြောင့် ကျွန်ုပ် တို့သည် ဘုရားကို ကျေးဇူးတင်၍ အစေခံနိုင်ကြခြင်း ဖြစ်သည်။ ကိုယ်တော်သည် ဇာတိပကတိအပြစ်များကို ယူဆောင်သွားတော်မ မူဘဲ ကယ်တင်တော်မမူခဲ့လျှင် ကျွန်ုပ်တို့သည် ထာဝရအပြစ်ဒဏ်ခံ ရကြမည် ဖြစ်သည်။ သင်သည် ဤအရာကို ယုံကြည်သလော။
ကိုယ်တော်သည် ကျွန်ုပ်တို့အပြစ်များအားလုံးကို ယူဆောင် သွားတော်မမူခဲ့လျှင် ကျွန်ုပ်တို့သည် မည်သို့ငြိမ်သက်ခြင်းရရှိနိုင်ကြ မည်နည်း။ ကိုယ်တော်ကို မည်သို့ ကျေးဇူးတင်နိုင်ကြမည်နည်း။ ကိုယ်တော်ကို မည်သို့ အစေခံနိုင်ကြမည်နည်း။ အပြစ်အောက်၌နေ သောသူတစ်ဉီးသည် မည်သို့ဖြင့် သူတစ်ပါးကို မည်သို့ ကူညီပေးနိုင် မည်နည်း။ ထောင်သားတစ်ဉီးသည် အကျဉ်းထောင်၌ရှိသော အခြား ထောင်သားများကို မည်သို့ ကယ်တင်နိုင်မည်နည်း။ “ကယ်တင်ရှင် သခင်ယေရှုခရစ်တော်အားဖြင့် ဘုရားသခင်ကို ကျေးဇူးတင်သည်။” ကျွန်ုပ်တို့သည် ကိုယ်တော်ကို အစေခံနိုင်ရန်အတွက် ကျွန်ုပ်တို့အ ပြစ်များအားလုံးကို ကိုယ်တော်ဆေးကြောပေးတော်မူခဲ့၍ နှလုံးသား များ၌ ငြိမ်သက်ခြင်းကို ပေးအပ်တော်မူခဲ့သည်။
 

ကျွန်ုပ်တို့ ဤလောက၌ သေခဲ့ကြသည်

ကိုယ်တော်မပါဘဲ ကျွန်ုပ်တို့သည် သတင်းကောင်းမည်သို့ ဟောပြောနိုင်ကြမည်နည်း။ ဘုရားသခင်ကို မည်သို့အစေခံနိုင်ကြ မည်နည်း။ ကိုယ်တော့်အတွက် မည်သို့ လုပ်ဆောင်နိုင်ကြမည်နည်း။ သာသနာလုပ်ငန်းအတွက် မည်သို့အလှူငွေထည့်ဝင်နိုင်ကြမည် နည်း။ ကျွန်ုပ်တို့သည် ဤအရာများအားလုံးကို ကိုယ်တော်အားဖြင့် လုပ်ဆောင်ကြသည်။ ကျွန်ုပ်တို့သည် ယနေ့၊ မနက်ဖြန်၊ တဖက်ခါ၌ ကိုယ်တော်ကို နာခံကြသည်။ ပြောင်းလဲခြင်းမရှိပေ။ ဤအရာသည် မှန်ကန်သော ယုံကြည်ခြင်း ဖြစ်သည်။ ဘုရားသခင်ကို အစေခံသော သူများသည် မိမိအိမ်ကို ကောင်းမွန်စွာစောင့်ရှောက်သော မြင့်မြတ် ၍ ပညာရှိသောမိန်းမနှင့်တူကြသည်။ အချိန်တိုးအတွင် ခဏပူသ လောက် ခဏအေးသွားသော ဒယ်အိုးကဲ့သို့ တိမ်ပါးသော ဘာသာ ရေးဘဝကို မလိုက်လျှောက်ပါနှင့်။  ကိုယ်တော်ပြန်လည်ကြွလာ တော်မူသည့်အထိ တစ်သက်လုံး ကိုယ်တော်၏စကားကို သင်နာခံ သင့်သည်။ သင်သည် ဒုတိယမွေးဖွားခြင်းခံရပြီးနောက် လောကနှင့် အဆက်အသွယ်ပြတ်၍ ပျက်စီးသူအဖြစ် မိမိကိုယ်ကိုကိုယ် ထင်မှတ် ပါ။ သင်သည် လောကသားမဟုတ်သည်ကို သတိရရန် ကျွန်တော် ဆန္ဒပြုလိုပါသည်။ ကျွန်ုပ်တို့သည် လောက၌ သေသောသူများဖြစ် ကြသည်။
ကျွန်ုပ်တို့နာမည်များသည် လောကမိသားစုသစ်ပင်မှ ပယ်ဖျက် ခြင်းခံခဲ့ကြသည်။ သင်နားလည်သဘောပေါက်သလော။ ကျွန်ုပ်တို့ နာမည်များသည် ထိုနေရာတွင် မရှိတော့ပေ။
လောကသားများက သင့်အား “မတွေ့တာကြာပြီ။ ဘာတွေ ဖြစ်ပျက်သလဲ။ သင်သည် ဘုရားကျောင်းသို့ တက်ခဲ့သည်ဟု ငါကြား ခဲ့တယ်။ သင်၏အပြစ်များအားလုံးခွင့်လွှတ်သည်ဟု ငါကြားခဲ့တယ်။ ဒါကြောင့် သင့်မှာ အပြစ်မရှိတော့ပါ”ဟု ပြောနိုင်ပေသည်။
“မဟုတ်ပါ။ အပြစ်မရှိတော့ပေ။”
“ထူးဆန်းတယ်။ သင်သည် မှားယွင်းသောဘုရားကျောင်းသို့ ကျဆင်းနိုင်ခဲ့တယ်ဟု ငါ ထင်တယ်။”
“မဟုတ်ပေ။ အဲဒီလို သင်မမြင်ရပါ။ ငါ့အသင်းတော်သို့ လာပါ။ ဘုရားကျောင်းအလွန်လှပသည်ကို သင်တွေ့လိမ့်မည်။”
“မင်းက ထူးဆန်းတယ်ဟု ထင်လိမ့်မည်။”
ထိုနောက် ကျွန်ုပ်တို့သည် “သူတို့သည် ဘာကြောင့် ငါ့ကို နား မလည်ကြသလဲ။ သူတို့သည် ငါ့ကို နားလည်လိမ့်မည်ဟု ကျွန်တော် ဆန္ဒပြုတယ်”ဟု ထင်ကြသည်။ သို့သော် ဒုတိယမွေးဖွားခြင်းမခံရ သေးသောသူများသည် ကျွန်ုပ်တို့ကို နားလည်ကြလိမ့်မည်လော။ လူ သားများသည် အပြစ်ကင်းစင်ကြသည်ဟု မသိသောသူများသည် ကျွန်ုပ်တို့ကို မည်သို့ နားလည်နိုင်ကြမည်နည်း။ သခင်ယေရှုသည် လောကအပြစ်များအားလုံးကို ယူဆောင်သွားတော်မူခဲ့သည်ဟု သူ တို့သည် မည်သို့ နားလည်နိုင်ကြမည်နည်း။ သူတို့သည် နားမလည် နိုင်ကြပေ။ ထိုကြောင့် သူတို့သည် သင့်ကို နားလည်လိမ့်မည်ဟု မ မျှော်ပါနှင့်။ ကိုယ်တော်သည် ကျွန်ုပ်တို့အတွက် လောကကို နှုတ် ဆက်ခဲ့ပြီး ဖြစ်သည်။ သူသည် ကားတိုင်ပေါ်တွင် အောင်လံလွှင့်ထူ တော်မူခဲ့ပြီး ဖြစ်သည်။ ကိုယ်တော်က “အမှုပြီးပြီ”(ယောဟန် ၁၉း ၃၀)ဟု မိန့်တော်မူခဲ့သည်။ ကျွန်ုပ်တို့သည် သနားခြင်းအားဖြင့် အ လွယ်တကူ ရွေ့လျားကြသောကြောင့် လောကကို မနှုတ်ဆက်နိုင် ကြခြင်း ဖြစ်သည်။ ကိုယ်တော်သည် “သင်တို့၏နာမည်များကို လော ကမိသားစု သစ်ပင်မှ ငါပယ်ဖျက်ခဲ့ပြီ”ဟု မိန့်တော်မူခဲ့သည်။
 

ကိုယ်တော်ကို အစေမခံနိုင်သော ကျွန်ုပ်တို့အား အပြစ် များအားလုံးယူဆောင်သွားတော်မူခြင်းအားဖြင့် ကိုယ် တော်ကို အစေခံစေတော်မူသည်

ကိုယ်တော်ကို အစေမခံနိုင်သော ကျွန်ုပ်တို့သည် သခင်ယေရှု ခရစ်တော်အာားဖင့် ကိုယ်တော်ကို အစေခံသူများဖြစ်ခွင့်ရရှိကြ သည်။ သဘာဝအားဖြင့် ကျွန်ုပ်တို့သည် ကိုယ်တော်ကို ဘယ်တော့မှ အစေမခံနိုင်သောသူများဖြစ်ကြသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့ အား မိမိအသင်းတော်သို့ ခေါ်ဆောင်တော်မူ၍ ကိုယ်တော်ကို အစေ ခံရန် အရည်အချင်းပြည့်မီစေတော်မူသောကြောင့် ကိုယ်တော်ကို ချီး မွမ်းရကြမည် ဖြစ်သည်။ ကိုယ်တော်သည် ကျွန်ုပ်တို့ကို အသုံးပြု တော်မူသည်။ ကျွန်ုပ်တို့သည် ကိုယ်တော်၏အမှုများကို လုပ်ဆောင် ခြင်းမှ မမှန်ကန်ပေ။ သင်နားလည်သဘောပေါက်သလော။ တစ် နည်းအားဖြင့် ဖြောင့်မတ်သောကိုယ်တော်သည် မိမိဖြောင့်မတ်ခြင်း လုပ်ငန်းများအတွက် ကျွန်ုပ်တို့ကို အသုံးပြုတော်မူသည်။ 
ဧဝံဂေလိဆရာလီသည် သူတရားဟောခြင်း၌ မြေသြဇာအ ကြောင်းကို ရည်ညွှန်းခဲ့ဖူး၍ သူသည် အနံ့ဆိုးသောမြေသြဇာအစု လိုက်အပုံလိုက်ကဲ့သို့ ညစ်ညမ်း၍ ဆွေးမြေ့ခဲ့ဖူးသည်ဟု ပြောခဲ့ သည်။ သို့သော် ထိုအရာသည် သိမ်မွေ့သော ဖော်ပြချက် ဖြစ်သည်။ သင်စိတ်ကူးသည့်အရာများအားလုံးထက် ကျွန်ုပ်တို့သည် ပို၍ ညစ် ညမ်းကြသည်။ ယေရမိ ၁၇း၈တွင် “စိတ်နှလုံးသည် ခပ်သိမ်းသော အရာထက် စဉ်းလဲတတ်၏”ဟု ဖော်ပြထားသည်။ ဘုရားသခင်သည် အရာအားလုံးထက်လှည့်စားသောနှလုံးသားများကို ဘုရားသခင်၊ ကိုယ်တော်နှင့် အမြင့်ဆုံးသောဘုရားသခင်၏ဘုန်းတော်အတွက် အ သက်ရှင်စေတော်မူခဲ့သည်။ ကိုယ်တော်သည် မိမိဖြောင့်မတ်သောအ မှုတော်လုပ်ဆောင်ရန် ကျွန်ုပ်တို့အား ခေါ်တော်မူခဲ့သည်။
ကိုယ်တော်သည် ကျွန်ုပ်တို့အပြစ်များအားလုံးကို ဆေးကြော ပေးတော်မူခဲ့သောကြောင့် ကျွန်ုပ်တို့သည်ကိုယ်တော်ကို နာခံနိုင်၍ ကိုယ်တော်၏ကျေးဇူးတော်၌ အသက်ရှင်နိုင်ကြသည်။ ကျွန်ုပ်တို့ သည် ကိုယ်တော်နှင့်အတူ ဆင်းရဲဒုက္ခခံ၍ ကိုယ်တော်နှင့်အတူ ဘုန်း တော်ထင်ရှားသည်။ ကျွန်ုပ်တိ့သည် ကိုယ်တော်အတွက် အသေခံခဲ့ ကြသည်။ ကိုယ်တော်သည် ကျွန်ုပ်တို့အပြစ်များအားလုံးကို ယူ ဆောင်သွားတော်မမူလျှင် ကျွန်ုပ်တို့သည် ကယ်တင်ခြင်းခံစားရကြ မည် မဟုတ်ပေ။ ကျွန်ုပ်တို့သည် ဇာတိပကတိနှင့်အညီ အသက်ရှင် ကြလျှင် ကျွန်ုပ်တို့သည် လောကသားများဖြစ်သာ အသက်ရှင်နေကြ လိမ့်မည်။
ကိုယ်တော်သည် ကျွန်ုပ်တို့အား ထာဝရအတွက် တစ်ကြိမ် တည်းကယ်တင်တော်မူခဲ့သည်။ ကိုယ်တော်သည် ကျွန်ုပ်တို့အား ကယ်တင်တော်မူ၍ ကိုယ်တော်၏ထာတရအမှုတော်အတွက် အသုံး တော်ခံသော တန်ဆာပလာဖြစ်စေတော်မူခဲ့သည်။ ကျွန်ုပ်တို့သည် အလွန်ဆိုး၍ ညစ်ပတ်နေကြသည်။ ကျွန်ုပ်တို့သည် ကိုယ်တော်ကို တွေ့ဆုံးခဲ့ပြီးနောက် ကျွန်ုပ်တို့သည် မည်သို့ ဆိုးသွမ်း၍ ညစ်ပတ် နေကြသည်ကို ပို၍ သိလာကြသည်။ ထိုကြောင့် ကျွန်ုပ်တို့သည် အ လင်းကို မြင်တွေ့ကြသောအခါ ဝမ်းမြောက်ကြခြင်း ဖြစ်သည်။ သို့ သော် ကျွန်ုပ်တို့သည် မိမိကိုယ်ကိုကိုယ် ကြည့်ကြသောအခါ “ငါ သည်ငြိုငြင်သောသူဖြစ်ပါသည်တကား၊ ဤအသေကောင်မှ ငါ့ကို အ ဘယ်သူ ကယ်လွှတ် မည်နည်း”(ရောမ ၇း၁၄)ဟု ရှင်ပေါလုဝန်ခံခဲ့ သည့်အတိုင်း ကျွန်ုပ်တို့သည် အံသွားခဲကြိတ်၍ သက်ပြင်း ချက်ကြ သည်။
သို့သော် ရှင်ပေါလုက “သခင်ယေရှုခရစ်တော်အားဖြင့် ဘုရား သခင်ကို ကျေးဇူးတင်သည်”ဟု ကိုယ်တော်ကို ချက်ချင်း ချီးမွမ်းခဲ့ သည်။ ကိုယ်တော်သည် ကျွန်ုပ်တို့အပြစ်များအားလုံးကို ဆေးကြော ပေးတော်မူခဲ့သည်။ ကိုယ်တော်သည် ဇာတိပကတိ၏အပြစ်များ အားလုံးကို ဖယ်ရှားပေးတော်မူခဲ့သည်။ ဇာတိပကတိသည် နေ့တိုင်း ကျူးလွန်သောအပြစ် မည်မျှ ရှိသနည်း။ ဇာတိပကတိသည် အပြစ်မ ပြုပေဟု ဟန်ဆောင်မနေပါနှင့်။
 

သင်သည် ဘုရားကို ကျေးဇူးတင်သလော

ကျွန်ုပ်တို့သည် ဇာတိပကတိအားဖြင့် ကျူးလွန်ကြသော အ ပြစ်များအားလုံးကို ကိုယ်တော်သည် ဖယ်ရှားပေးတော်မူခဲ့သည်။ သင်သည် ယုံကြည်သလော။ ကိုယ်တော်သည် လောကအပြစ်များ ယူဆောင်သွားတော်မူခဲ့ခြင်းမှာ သင့်အတွက် အရေးမကြီးသလို ဖြစ် နိုင်သော်လည်း ကိုယ်တော်သည် သင်၏ဇာတိပကတိအားဖြင့် ကျူး လွန်ခဲ့သောအပြစ်များအားလုံးကို ဖယ်ရှားပေးတော်မူခဲ့သည်ဟု သင် နားလည်သဘောပေါက်သောအခါ သင်သည် “သခင်ယေရှုခရစ် တော်အားဖြင့် ဘုရားသခင်ကို ကျေးဇူးတင်သည်။ ကိုယ်တော်၊ ကျေး ဇူးတင်တယ်။ ကိုယ်တော်ကို ချီးမွမ်းတယ်”ဟု ကြွေးကြော် လိမ့်မည်။ 
အပြစ်သည် မိမိကိုယ်ကိုကိုယ် ပိနေခဲ့သည်။ ကျွန်ုပ်သေသည့်အ ထိ တစ်သက်လုံးကျူးလွန်သော အပြစ်များအားလုံးကို ကိုယ်တော် သည် ယူဆောင်သွားတော်မူခဲ့သည်။ ကျွန်ုပ်တို့သည် မည်သို့ ဝမ်း မြောက်ကြနည်း။ ကျွန်ုပ်တို့သည် အနည်းငယ်သာအပြစ်ကျူးလွန် လျှင် နောင်တရခြင်းနှင့်စပ်ဆိုင်သောဆုတောင်းခြင်းအားဖြင့် ကိုယ် တော်၏ခွင့်လွှတ်ခြင်းကို ဘုရားသခင်ထံ တောင်းလျှောက်နိုင်ကြ သည်။ သို့သော် ကျွန်ုပ်တို့အပြစ်များသည် တစ်ဘဝလုံး မရေတွက် နိုင်လောက်အောင်များပြား၍ အဆုံးမရှိပေ။ ကျွန်ုပ်တို့သည် ဤအ ကြောင်းကို နားလည်သဘောပေါက်သောအခါ “ကိုယ်တော်၊ ကျေး ဇူးတင်ပါတယ်။ ကိုယ်တော်သည် ကျွန်တော့်အပြစ်များအားလုံးကို ဖယ်ရှားပေးတော်မူခဲ့တယ်။ နာမတော်ကိုချီးမွမ်းပါတယ်”ဟု ဘုရား သခင်ကို ချီးမွမ်းသည်။ တစ်နည်းအားဖြင့် ကျွန်ုပ်တို့သည် “သခင် ယေရှုခရစ်တော်အားဖြင့်” ဘုရားသခင်ကို ကျေးဇူးတင်ကြသည်။ သင်သည် ဤသို့ဖြင့် ဘုရားသခင်ကို ကျေးဇူးတင်၍ ဝန်ခံသလော။ “ကျေးဇူးတင်ပါတယ်၊ ကိုယ်တော်။ ကိုယ်တော်၏ဖြောင့်မတ်ခြင်းကို အသေခံရန် ကျွန်တော့်ကို ခေါ်ဖိတ်၍ ကယ်တင်ခြင်းအတွက် ကိုယ် တော့်ကို ကျေးဇူးတင်ပါ၏။ ဇာတိပကတိ၏အပြစ်များအားလုံးမှ ကျွန်ုပ်ကို ကယ်တင်တော်မူခဲ့သော ကိုယ်တော်ကို ကျေးဇူးတင်ပါ ၏။” သင်သည် ကိုယ်တော်ကို ကျေးဇူးတင်သလော။ စစ်မှန်သော အပြစ်များမှ ရွေးနှုတ်ကယ်တင်ခြင်းသည် ဤသို့ဖြင့် ရိုးရှင်းသည်။ သို့သော် ထိုနည်းတူ ပေါ့ပေါ့တန်တန် ထင်မှတ်သောအရာမဟုတ် ပေ။ ထိုအရာသည် အလွန်အရေးကြီးသည်။ ကြီးမြတ်သည်။ ကျယ် ပြန့်သည်။ တန်ဖိုးကြီးသည်။ ထာဝရတည်မြဲသည်။
 

ကျွန်ုပ်တို့၌ ဘာမျှအကျိုးမရှိသောကြောင့် ကိုယ်တော်ကို နာခံရကြမည် ဖြစ်သည်

ကျွန်ုပ်တို့သည် အပြစ်အစုလိုက်အပုံလိုက်ရှိသူများ ဖြစ်ကြ သည်။ ကျွန်ုပ်တို့သည် မိမိကိုယ်ကိုကိုယ်အမှောင်ထုများဖြစ်ကြသည် ကို သိရကြမည် ဖြစ်သည်။ “ငါသည် အမှောင်ထုကြီး ဖြစ်တယ်။ သို့ သော် ကိုယ်တော်သည် အလင်း ဖြစ်တော်မူတယ်။ ကျွန်တော်သည် အမှောင်ထုကြီးဖြစ်စဉ် ကိုယ်တော်သည် စစ်မှန်သောအလင်းဖြစ် တော်မူတယ်။ ကိုယ်တော်သည် နေမင်းကြီး ဖြစ်တော်မူတယ်။ ကျွန် တော်သည် လဖြစ်တယ်။”လသည် နေမင်းထံမှ အလင်းရရှိခြင်းအား ဖြင့်သာလျှင် ကမ္ဘာကို လင်းစေနိုင်သည်။
လသည် မိမိကိုယ်ကိုကိုယ် အလင်းမပေးနိုင်ပေ။ ၎င်းသည် နေ မင်းကြီးမှ  ရရှိသောအလင်းကို ရောင်ပြန်ဟပ်ခြင်းအားဖြင့်သာ အ လင်းပေးနိုင်သည်။ အရာအားလုံးသည် မှောင်မိုက်သည်။ သင်သည် အလင်းလော။မှောင်မိုက်လော။ ကျွန်ုပ်တို့သည် ကိုယ်တော်မပါလျှင် အမှောင်ဖြစ်ကြသည်။ သခင်ယေရှုခရစ်တော်သည် အလင်းဖြစ် တော်မူ၍ ကိုယ်တော်၌ တရားစီရင်ခြင်းမရှိသောကြောင့် ကျွန်ုပ်တို့ သည် ကိုယ်တော်ကို ကျေးဇူးတင်၍ အစေခံကာ နာခံနိုင်ကြသည်။ တစ်နည်းအားဖြင့် ဇာတိပကတိဖြင့်သာအစေခံခြင်းသည် အမှောင် အတွက်သာ အစေခံခြင်း ဖြစ်သည်။ သင်သည် အမြန်ဆုံး ဆက်ကပ် ပါ။ ဇာတိပကတိသည် မည်သို့ပြင်ကြိုးစားစေကာမူ မပြောင်းလဲပေ။ ကျွန်ုပ်တို့၌ အထူးတစ်စုံတစ်ခုမျှ မရှိပေ။ ဇာတိပကတိသည် ထာဝရ မဟုတ်ပေ။ ထိုကြောင့် ကျွန်ုပ်တို့သည် ထာဝရအရာများအတွက် အ သက်ရှင်ရကြမည် ဖြစ်သည်။ ထာဝရအရာများအတွက် အသက်ရှင် သူသည် ပညာရှိသောပုဂ္ဂိုလ် ဖြစ်သည်။ ကျွန်ုပ်တို့သည် မိမိကိုယ်ကို ကိုယ် စောလျင်စွာ သိကြ၍ မိမိကိုယ်ကိုကိုယ် အမြန်ဆုံး ဆက်ကပ် ရကြမည် ဖြစ်သည်။ ကျွန်ုပ်တို့ထံမှ မည်သည့်အရာတစ်စုံတစ်ခုမျှ မြော်လင့်ချက်မရှိသည်ကိုလည်းကောင်း၊ ကျွန်ုပ်တို့၌ ကောင်းသော အရာတစ်စုံတစ်ခုမျှ မရှိသည်ကိုလည်းကောင်း ကျွန်ုပ်တို့သိရကြ မည် ဖြစ်သည်။ ကျွန်ုပ်တို့သည် အမြဲတမ်းအပြစ်အစုံလိုက်အပုံလိုက် ရှိကြ၍ ဇာတိပကတိအတွက်သာ အစေခံကြသည်။ ဇာတိပကတိ သည် “ငါလိုချင်သောအရာတစ်စုံတစ်ခုကို ပေးပါ”ဟု ပြော၍ သွေး စုပ်ယူသောသ မျှောတစ်ကောင်ကဲ့သို့ ကျင့်၍ ကိုယ်ခန္ဓာပေါ်၌သာ တွယ်ကပ်သည် (သုတ္တံ ၃၀း၁၅)။
ကျွန်ုပ်တို့သည် တစ်စုံတစ်ခုစားခဲ့ပြီးနောက် အလေးစွန့်၍ ပြန် လည်ဗိုက်ဆာလာကြသည်။ ကျွန်ုပ်တို့သည် ဇာတိအသွေးအသားကို မည်သို့ပင် အစေခံရန် ကြိုးစားနေ့ပါစေ ရောင့်ရဲတင်းတိမ်မှုမရှိကြ ပေ။ ကျွန်ုပ်တို့သည် အကောင်းဆုံးသောအစားအစာကို မည်မျှပင် စားသုံးစေကာမူ အချိန်ကြာလာပြီးနောက် ဗိုက်ပြန်ဆာလာကြ သည်။ သို့သော် ကျွန်ုပ်တို့သည် ကိုယ်တော်ကို ကျေးဇူးတင်၍ နာခံ ကြလျှင် ကျွန်ုပ်တို့ဝမ်းမြောက်ခြင်းသည် ပို၍ကြီးမားလာလိမ့်မည်။
ကျွန်ုပ်တို့သည် ကိုယ်တော်ကို နာခံကြသောအခါ အချည်းနှီးခံ စားကြမည်မဟုတ်ပေ။သင်သည် ကယ်တင်ခြင်းခံရပြီးနောက် ထာဝ ရဝမ်းမြောက်ခြင်းကို ပိုင်ဆိုင်လိုသလော။ ထိုနောက် ကိုယ်တော်ကို နာခံပါ။ သင်သည် အလင်း၏ဘဝဖြင့် အသက်ရှင်လိုသလော။ ကိုယ် တော်ကို နာခံပါ။ သင်သည် ကျေးဇူးတော်ခံစားသောဘဝဖြင့် အ သက်ရှင်လိုသလော။ ကိုယ်တော်ကို နာခံပါ။ သင်သည် ကြွယ်ဝ သောဘဝဖြင့် အသက်ရှင်လိုသလော။ သင်သည် အမှောင်၌ရှိသည် ကိုလည်းကောင်း၊ အလင်း၌ လျှောက်လှမ်းသည်ကိုလည်းကောင်း သိပါ။
ကျွန်ုပ်တို့သည် ကိုယ်တော်သွားသောနေရာတိုင်းသို့ လိုက် လျှောက်ကြ၍ ကိုယ်တော်ရပ်တန့်သောနေရာများတွင် ရပ်တန့်နေ ကြသည်။ ကျွန်ုပ်တို့သည် ကိုယ်တော်လုပ်ဆောင်စေလိုသောအရာ များကို လုပ်ဆောင်ကြ၍ ကိုယ်တော်မလုပ်ဆောင်စေလိုသောအရာ များကို မလုပ်ကြပေ။ ကျွန်ုပ်တို့သည် ကိုယ်တော်နှင့်အတူလျှောက် လှမ်း၍ ကိုယ်တော်နောက်တော်သို့ လိုက်ရကြမည် ဖြစ်သည်။ သင် သည် မိမိကိုယ်ကိုကိုယ်ထံမှ မြော်လင့်ချက် တစ်စုံတစ်ခုရှိသလော။  လုံးဝမရှိပေ။ ကျွန်ုပ်တို့သည် မိမိထံမှ မြော်လင့်ချက်တစ်စုံတစ်ခုမရှိ သောကြောင့် ကိုယ်တော်၏နောက်တော်သို့ လိုက်လျှောက်ရကြမည် ဖြစ်သည်။ သင်၏ဇာတိပကတိသည် ထာဝရတည်မြဲသလော။ မ တည်မြဲပေ။ မည်သည့်အရာတစ်စုံတစ်ခုမျှ သို့မဟုတ် ထာဝရအရာ မပေးနိုင်သောအရာသို့ ဘာကြောင့် သင်လိုက်ရသနည်း။
လွန်ခဲ့သောအချိန်က အောက်ပါတိုင်းစာသားပါသော သီချင်း တစ်ပိုဒ်ကို ကျွန်တော် ဆိုလေ့ရှိခဲ့သည်။ “♪ငါ လူငယ်ဘဝကို ပြန်ပေး ပါ♪” သို့သော် ယခုတွင် ဘုရားသခင်သည် လူငယ်ဘဝကို ကျွန်တော် အား ပြန်မပေးလျှင်လည်း အဆင်ပြောသည်။ ဒုတိယအတွေးအခေါ် တွင် ကျွန်တော်သည် လူငယ်ဘဝသို့ ပြန်မလှည့်လျှင် ဝမ်းမြောက် နိုင်မည်မဟုတ်ကြောင်း ကျွန်တော် နားလည်သဘောပေါက်ခဲ့ရ သည်။ ကျွန်ုပ်တို့ဘဝ၏အလင်းဖြစ်သော ကိုယ်တော်ကို ကျွန်ုပ်တို့ လိုက်လျှောက်ကြလျှင် ဘုန်းတော်နှင့်ပြည့်ဝသော သရဖူသည် ကျွန်ုပ်တို့အတွက် ချထားသည်။ သင်သည် လူငယ်ဘဝသို့ ပြန်လှည့် စရာမလိုအပ်ပေ။ ကျွန်ုပ်တို့သည် “♪ကိုယ်တော်ကို ကျွန်ုပ်မငြင်းပယ် ပါ။ ကျွန်တော်အသက်ရှင်နေသရွေ့ နေ့တိုင်း ကိုယ်တော်၏နောက် တော်သို့ လိုက်လျှောက်ပါမည်♪” ကျွန်ုပ်တို့သည် ဘဝများ၌ ကိုယ် တော်ကို မငြင်းဆိုကြသော စစ်မှန်သောယုံကြည်ခြင်းနှင့် ဘုရားသ ခင်ကို အမြဲတမ်းကျေးဇူးတင်ကြောင်း ဤအရာက ပြသသည်။ ကျွန်ုပ်တို့သည် ဤသတင်းကောင်းသီချင်းကို ဆိုကြပါစို့။
“♪မြေမှုတ်ဖြင့် လူသားကို ပုံသွင်းတော်မူခဲ့သော ကိုယ်တော်ကို ကျွန်တော် ချစ်တယ်။ ကိုယ်တော်သည် ဇီဝအသက်ကို နှာခေါင်းထဲ သို့ မှုတ်သွင်းတော်မူခဲ့တယ်။ ♫ကိုယ်တော်သည် တစ်ပါးတည်းသော သားတော်ကို စေလွှတ်တော်မူခဲ့တယ်။ ကျွန်တော်သည် ကိုယ်တော့် ပုံသဏ္ဌာန်တော်နှင့်အညီ ပုံသွင်းခြင်းခံရတယ်။ ဒါကြောင့် ကိုယ် တော့်ထံ ကျွန်တော်ခန္ဓာကိုယ် ဆက်ကပ်ခဲ့တယ်။ ♫ကိုယ်တော်ကို ကျွန်တော် မငြင်းပါ။ ဘဝတစ်လျှောက် နေ့စဉ်နေ့တိုင်း ကိုယ်တော် နောက်သို့ လိုက်လျှောက်ပါမည်။♪”
 

ကိုယ်တော်ထံ ကျွန်တော် ကျေးဇူးတင်သည်

ကျွန်တော်သည် ကိုယ်တော့်အပေါ် ကျေးဇူးတင်သည်။ ကိုယ် တော်သည် ကျွန်ုပ်တို့အပြစ်များကို ယူဆောင်သွားတော်မူခဲ့၍ ကျွန်ုပ် တို့အား ကိုယ်တော့်ကို အစေခံစေ၍ နာခံစေကာ ကိုယ်တော်၏ ဖြောင့်မတ်ခြင်းအမှုကို လုပ်ဆောင်စေတော်မူခဲ့သည်။ ကျွန်ုပ်တို့ အ သွေးအသားဖြင့် ကျူးလွန်သော အပြစ်များအားလုံးကို ကိုယ်တော် သည် ယူဆောင်တော်မမူဘဲ အားလုံးကို ဖယ်ရှားပေးတော်မမူလျှင် ကျွန်ုပ်တို့သည် ကိုယ်တော်၏ဖြောင့်မတ်ခြင်းအမှုကို မည်သို့ လုပ် ဆောင်နိုင်ကြမည်နည်း။ ကျွန်ုပ်ုတိ့သည် ၀.၁%တောင် လုပ်ဆောင် နိုင်ကြမည် မဟုတ်ပေ။ အပြစ်သားတစ်ဉီးသည် ကောင်းသောအ ကျင့်ရှိဟန်တူသော်လည်း ဆိုးသွမ်းနေသည်။ ကိုယ်တော်သည် ကျွန်ုပ်တို့အပြစ်များကို ယူဆောင်သွားတော်မူ၍ ကိုယ်တော်ကို အစေခံစေခြင်းမှာ မည်မျှ အံ့သြစရာကောင်းသနည်း။ ဘဝများအား လုံးတွင် ညစ်ညမ်းမှုဖြင့် ပြည့်ဝသူ၊ စိတ်ပျက်နုံချာစွာဖြင့် အသက်ရှင် ခဲ့သူ၊ အပ္ပါယ်ငရဲသို့ သွားမည်သူ၊ ကိုယ်တော်မပါဘဲ အချည်းနှီးအ သက်ရှင်သူ ကျွန်ုပ်တို့အပြစ်များအားလုံးကို ဖယ်ရှားပေးတော်မူ၍ ကောင်းကြီးမင်္ဂများချပေးတော်မူသော ကိုယ်တော်သည် မည်မျှ အံ့ သြစရာကောင်းသနည်း။ 
ကိုယ်တော်သည် ကျွန်ုပ်တို့အပြစ်များအားလုံးကို ယူဆောင် သွားတော်မူခြင်းအားဖြင့် ကျွန်ုပ်တို့အား အစေခံရန် ရွေးချယ်တော်မူ ခြင်းနှင့် ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းခံရရန် ကောင်းကြီး မင်္ဂလာများချပေးခြင်းသည် ဘုရားသခင်၏ကြီးမားသောမေတ္တာ တော်ကို ထင်ရှားစေသည်။ ကျွန်ုပ်တို့သည် နှလုံးသားများ၌ အပြစ် ဖြင့် မည်သို့ ဖြောင့်မတ်သူများဖြစ်လာနိုင်ကြမည်နည်း။ ကျွန်ုပ်တို့ အပြစ်မရှိခြင်းမှာသာလွန်သောကျေးဇူးတော်ဖြစ်သည်။ ဘုရားသခင် ဘုန်းကြီးတော်မူပါစေ။ ဇာတိပကတိသည် အပြစ်နောက်တဖန် ကျူး လွန်သည်။ ယခုတွင် ကျွန်ုပ်တို့သည် ဘုရားသခင်၏နှုတ်ကပတ် တော်ကို ကြားရကြသော်လည်း ကျွန်ုပ်တို့သည် ခန်းမဆောင်မှ ထွက်ခွါသွားပြီးသည်နှင့်တပြိုင်တည်း အပြစ်နောက်တစ် ကြိမ်ကျူး လွန်ကြလိမ့်မည်။ ထိုအကြောင်းကြောင့် ကိုယ်တော်သည် ကျွန်ုပ်တို့ အပြစ်များအားလုံး ဆေးကြောပေးတော်မူခြင်းအတွက် နာမတော်ကို ချီးမွမ်းသည်။ သံသယမရှိပါနှင့်။ သခင်ယေရှုခရစ်တော်သည် ယော ဒန်မြစ်၌ ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် ကျွန်ုပ်တို့အပြစ်များအား လုံးကို ယူဆောင်သွားတော်မူခဲ့၍ ကားတိုင်ပေါ်တွင် အပြစ်အတွက် တရားစီရင်ခြင်းကို နိဂုံးချုပ်စေတော်မူခဲ့သည်။ ကျွန်တော်သည် ဘု ရားသခင်ကို ယုံကြည်၍ ကျေးဇူးတော်ချီးမွမ်းသည်။ ထိုနောက် ကျွန်ုပ်တို့သည် ဘုရားသခင်ကို မည်သို့ ချီးမွမ်းနိုင်ကြမည်နည်း။ ကျွန်ုပ်တို့သည် သခင်ယေရှုခရစ်တော်အားဖြင့် ဘုရားသခင်ကို ချီး မွမ်းနိုင်ကြသည်။
ယုံကြည်သူများကို ချစ်ပါ။ ကျွန်ုပ်တို့သည် တဘဝလုံး မည်သို့ ပင် ကြိုးစားအားထုတ်စေကာမူ ဘုရားသခင်၏ကျေးဇူးတော်ကို ပြန် လည်ပေးဆပ်နိုင်ကြမည် မဟုတ်ပေ။ ကျွန်ုပ်တို့သည် အားနည်းနေ ကြသော်လည်း ကျွန်ုပ်တို့အပြစ်များအားလုံးကို ယူ‌ဆောင်သွားတော် မူခြင်းအားဖြင့် ကိုယ်တော်၏ဖြောင့်မတ်ခြင်းနှင့် ကောင်းသောအမှု ကို ထမ်းဆောင်စေတော်မူသော ကိုယ်တော့်ကို ထာဝရ ကျေးဇူးတင် ကြလျှင်တောင် မလုံလောက်သေးပေ။ ကျွန်ုပ်တို့သည် တဘဝလုံး ကိုယ်တော်၏ဂုဏ်တော်ကို  ချီးမွမ်းလျှင်တောင် လုံလောက်စွာ ချီး မွမ်နိုင်ကြမည် မဟုတ်ပေ။
ကျွန်ုပ်တို့အထဲ၌ ကောင်းသောအရာတစ်စုံတစ်ခုမျှ မကိန်းဝပ် သည်ကို မိမိစိတ်များ၌ ကျွန်ုပ်တို့ နက်နဲစွာ သိရကြသည်။ ထိုအ ကြောင်းကို စဉ်းစားကြည့်ပါ။ သင်သည် အသက်ရှင်နေသရွေ့ အပြစ် ကျူးလွန်လိမ့်မည်လော။ သင်သည် အပြစ်ကျူးလွန်လိမ့်မည်။ သို့ သော် ကိုယ်တော်သည် သင်၏အပြစ်များကို ယူဆောင်သွားတော်မူခဲ့ ပြီး ဖြစ်သည်။ ကိုယ်တော်သည် ကျွန်ုပ်တို့အား ဘုရားသခင်၏အမှု တော်ကို ထမ်းဆောင်နိုင်ရန် ကောင်းကြီးမင်္ဂလာချပေးတော်မူခဲ့ သည်။ ကိုယ်တော်သည် ကျွန်ုပ်တို့အား ကိုယ်တော်ကို အစေခံစေ တော်မူခဲ့သည်။ ကျွန်ုပ်တို့သည် အခြားလုပ်ဆောင်စရာမရှိသော် လည်း ကိုယ်တော့်ကို ကျေးဇူးတင်ကြသည်။ သင်၏ဘဝအားလုံးအ တွက် သခင်ယေရှုခရစ်တော်အားဖြင့် ကိုယ်တော်၏နာမတော်ကို ချီး မွမ်း၍ ကိုယ်တော့်ကို ကျေးဇူးတင်တတ်သောဘဝဖြင့် အသက်ရှင်ရ ကြမည် ဖြစ်သည်။ ဘုရားသခင်သည် ကျွန်ုပ်တို့အား ဘုရားသခင်ထံ ကျေးဇူးတင်တတ်သောဘဝဖြင့် အသက်ရှင်စေတော်မူခဲ့သည်။ ကျွန်ုပ်တို့သည် အသွေးအသားဖြင့် ကျူးလွန်ခဲ့သော အပြစ်များအား လုံးမှ ကိုယ်တော်ကယ်တင်တော်မူခဲ့သည်။ ကျွန်ုပ်တို့သည် ကိုယ် တော်ကို နှလုံးသားများဖြင့် အစေခံနိုင်ရန် ကိုယ်တော်သည် ကျွန်ုပ် တို့အပြစ်များအားလုံးမှ ကယ်တင်တော်မူခဲ့သည်။ ဘုရားသခင်၏ ကျေးဇူးတော်သည် အလွန်ကြီးမြတ်တော်မူသောကြောင့် ကျွန်ုပ်တို့ သည် ကိုယ်တော့်နောက်‌တော်သို့လိုက်လျှောက်၍ အစေခံလိုကြ သည်။ ကျွန်ုပ်တို့သည် ကိုယ်တော်ကို နှလုံးသားအကြွင်းမဲ့ကျေးဇူး တင်ကြပါစို့။
သခင်ယေရှုခရစ်တော်အားဖြင့် ကျွန်ုပ်တို့အပေါ်ချပေးခဲ့သော ဘုရားသခင်၏ကျေးဇူးတော်သည် မည်မျှ အံ့သြစရာကောင်းသ နည်း။ သင်၏အသွေးအသားသည် မည်မျှ ဆိုးသွမ်း၍ အားနည်းသိ ရန်၊ သင်လုပ်နေသောအရာကို ကြည့်ရန်၊ ကိုယ်တော်သည် သင်၏ အပြစ်များကို အမှန်အကန် ယူဆောင်သွားတော်မူခဲ့သလော၊ မယူ ဆောင်ခဲ့သလောဟု စဉ်းစားရန်၊ ကိုယ်တော်ကို ကျေးဇူးတင်ရန်နှင့် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်ရန် ကျွန်တော်ဆန္ဒပြုလိုက်သည်။ ကျွန်ုပ်တို့အား ကောင်းကြီးမင်္ဂလာခံစားသောဘဝဖြင့် အသက်ရှင် စေတော်မူခဲ့သော ကိုယ်‌တော်ကို ကျွန်တော် ကျေးဇူးတင်သည်။ “သို့သော် ငါတို့၏သခင်ယေရှုခရစ်တော်အားဖြင့် ဘုရားသခင်၏ကျေးဇူးတော်ကိုချီးမွမ်း၏။ ဤသို့ဖြင့် ငါသည် မိမိစိတ်နှလုံးအားဖြင့် ဘုရားသခင်၏တရားတော်ကို အစေခံလျက်ရှိသော်လည်း သွေးသားဇာတိအားဖြင့် အပြစ်နှင့်ဆိုင်သောတရားကို အစေခံလျက်ရှိ၏” (ရောမ ၇း၂၅)။ ကျွန်ုပ်တို့သည် ဘုရားသခင်ကို နှလုံးသားဖြင့် ချစ် ကြသည်။ သို့သော် ဇာတိပကတိအားဖြင့် ကျွန်ုပ်တို့သည် အပြစ်ကို ချစ်ကြသည်။သို့သော် ကိုယ်တော်သည် ပို၍ချစ်တော်မူသည်။ ကျွန်ုပ် တို့သည် အသွေးအသားဖြင့် တရားမဲ့နေခြင်းအမှုကို ကျူးလွန်သည့် အထိ အပြစ်မပြုကြပေ။ သို့သော် ကိုယ် တော်သည် အနာဂတ်တွင် ကျွန်ုပ်တို့ကျူးလွန်မည့်အပြစ်များကိုပင် ဖယ်ရှားပေးတော်မူခဲ့သည်။ ဤအကြောင်းကြောင့် ကိုယ်တော်သည် ပို၍ ချစ်တော်မူခြင်း၊ ကိုယ်တော်ကို ပို၍ ကျေးဇူးတင်ခြင်း ဖြစ်သည်။
ကိုယ်တော့်ကို ကျေးဇူးတင်သည်။ ကိုယ်တော်သည် ကျွန်ုပ်တို့ တစ်ဘဝလုံးကျူးလွန်မည့် ဇာတိပကတိအပြစ်များအားလုံးမှ လုံးဝ ဥသုံကယ်တင်တော်မူခဲ့၍ အစေခံရန် နှလုံးသားကို ပေးအပ်‌တော်မူခဲ့ သောကြောင့် ဘုရားသခင်၏နာမတော်ကို ချီးမွမ်းပါသည်။