Search

တရားဟောချက်များ

ဘာသာရပ် ၉ - ရောမဩဝါဒစာ (ရောမဩဝါဒစာအနက်ဖွင့်ကျမ်းများ)

[7-3] ဘုရားသခင်အား ချီးမွမ်းနိုင် သည့်အကြောင်းရင်း (ရောမ ၇း၅-၁၃)

(ရောမ ၇း၅-၁၃)
“အကြောင်းမူကား ငါတို့သည် သွေးသားဇာတိ၌တည်လျက်ရှိစဉ်က ပညတ်တရားကြောင့်ဖြစ်ပေါ်လာသည့် ပြင်းပြသောအပြစ်ပြုလိုစိတ်သည် ငါတို့၏ကိုယ်အင်္ဂါများ၌ သက်ဝင်လှုပ်ရှားနေသဖြင့် သေခြင်းအတွက် အသီးများဖြစ်ထွန်းစေ၏။ သို့သော် ယခုအခါ ငါတို့သည် ငါတို့ကိုချုပ်နှောင်ထားသောပညတ်တရားအရာ၌ သေဆုံးခဲ့ပြီး ပညတ်တရားမှ ကင်းလွတ်ခွင့်ရကြပြီဖြစ်၍ အက္ခရာတင်ထားသောတရား၏နည်းလမ်းဟောင်းအားဖြင့်မဟုတ်ဘဲ ဝိညာဉ်တော်၏နည်းလမ်းသစ်အားဖြင့် အစေခံလျက်ရှိကြ၏။ သို့ဖြစ်လျှင် မည်သို့ဆိုရမည်နည်း။ ပညတ်တရားသည် အပြစ်လော။ လုံးဝမဟုတ်ပေ။ သို့သော် ပညတ်တရားအားဖြင့်မဟုတ်လျှင် အပြစ်ကို ငါသိခဲ့မည်မဟုတ်။ အဘယ်ကြောင့်ဆိုသော် “တပ်မက်သောစိတ်မရှိရ”ဟု ပညတ်တရားက မဆိုထားလျှင် တပ်မက်ခြင်းကို ငါသိခဲ့မည်မဟုတ်။ သို့သော် အပြစ်သည် ပညတ်တော်အားဖြင့် အခွင့်ရကာ ငါ၌ တပ်မက်ခြင်းမျိုးစုံကို ဖြစ်ပေါ်စေ၏။ တစ်နည်းဆိုသော် ပညတ်တရားမရှိလျှင် အပြစ်သည် အသေဖြစ်၏။ ငါသည် တစ်ချိန်က ပညတ်တရားမပါဘဲ အသက်ရှင်ခဲ့၏။ သို့သော် ပညတ်တော်ရောက်လာသောအခါ အပြစ်သည် ပြန်လည်ရှင်သန်လာပြီး ငါမူကား သေဆုံးခဲ့သဖြင့် အသက်ရှင်ခြင်းသို့ရောက်စေရမည့် ဤပညတ်တော်သည် သေခြင်းသို့ရောက်စေသည်ကို ငါတွေ့၏။ အကြောင်း မူကား အပြစ်သည် ပညတ်တော်အားဖြင့် အခွင့်ရကာ ငါ့ကိုလှည့် ဖြား၍ ထိုပညတ်တော်အားဖြင့် ငါ့ကိုသတ်လေ၏။ ထို့ကြောင့် ပညတ်တရားသည် သန့်ရှင်း၏။ ပညတ်တော်သည်လည်း သန့်ရှင်းဖြောင့်မတ်၍ ကောင်းမြတ်၏။ သို့ဖြစ်လျှင် ဤကောင်းမြတ်သောအရာသည် ငါ့အတွက် သေခြင်းအကြောင်းဖြစ်သလော။ လုံးဝမဟုတ်ပေ။ ငါ့အတွက် သေခြင်းအကြောင်းဖြစ်သောအရာမှာ အပြစ်ပင်ဖြစ်၍ အပြစ်သည် အပြစ်ဖြစ်ကြောင်း ထင်ရှားစေရန် ဤကောင်း မြတ်သောအရာအားဖြင့် ငါ၌ သေခြင်းကိုဖြစ်ပေါ်စေ၏။ ဤသို့ဖြင့် အပြစ်သည် ပညတ်တော်အားဖြင့် အတိုင်းထက်အလွန် အပြစ်များသောအရာဖြစ်လာ၏။”
 

ယခုတိုင်လမ်းပြတော်မူသော ကိုယ်တော်ကို ချီးမွမ်းသည်

မင်္ဂလာရှိသောဘုရားသခင်၏လူ၊ သင်အား တွေ့ရန် ကျွန်ုပ်ကို လမ်းပြပေးတော်မူခဲံသော ဘုရားသခင်၏နာမတော်ကို ချီးမွမ်းပါ သည်။ ဤနေ့တိုင်အောင် ပျော်ရွှင်သောဘဝဖြင့် အသက်ရှင်ရန် ကျွန်တော်ကို ကောင်းကြီးမင်္ဂလာချပေးတော်မူသော ကိုယ်တော်ကို ကျေးဇူးတင်သည်။ ကျွန်တော်သည် စိတ်ပျက်ခြင်း၊ ဘဝအခက်အခဲ များ၊ အခြေအနေအမျိုးမျိုး၌ မိမိကိုယ်ကိုကိုယ် နာကျင်ခြင်းနှင့် အား နည်းချက်များရှိခဲ့သော်လည်း ဘုရားသခင်သည် ကျွန်တော်နှင့်အ စဉ်အမြဲရှိတော်မူ၍ ကျေးဇူးပြုတော်မူသည်။ ကိုယ်တော်သည် အ သက်ရှင်တော်မူ၍ ကျွန်တော်ဒုက္ခရောက်သည့်အချိန်၌ဖြစ်စေ၊ ပျော်ရွှင်သည့်အချိန်၌ဖြစ်စေ၊ ကျွန်တော့်ဘဝတစ်လျှောက်တွင် အ တူတူတော်မူသည်။ကိုယ်တော်မပါဘဲ ကျွန်တော်သည် တစ်ယောက် တည်း တစ်စက္ကန့်မျှ အသက်မရှင်နိုင်ပေ။
ဘုရားသခင်သည် ကျွန်ုပ်တို့အား ကောင်းကြီးမင်္ဂလာများစွာချ ပေးတော်မူသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့ကို ချစ်တော်မူ၍ နှစ် ကြိမ် သို့မဟုတ် သုံးကြိမ် ကျွန်ုပ်တို့အပေါ် ဂရုဏာတက်ရောက် တော်မူခဲ့သော်လည်း နောက်ဆုံးတွင် သည်းမခံသင့်တော့ပေ။ သို့ သော် ဘုရားသခင်သည် လူသားမဟုတ်ပေ။ ကိုယ်တော်၏စိတ်ရှည် သည်းခံခြင်းသည်လည်း အကန့်အသတ်မရှိပေ။ ကျွန်ုပ်တို့သည် ကောင်းမှုကုသိုလ်ပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ၊ ကျွန်ုပ်တို့သည် ကိုယ်တော်၏စကားကို နားထောင်သည်ဖြစ်စေ၊ နားမထောင်သည် ဖြစ်စေ ကိုယ်တော်သည် ကျွန်ုပ်တို့အပေါ် အကန့်အသတ်မဲ့ ဂရုဏာ အဆက်မပြတ်ချပေးတော်မူသည်။ ကျွန်ုပ်တို့သည် ဤသို့သောအ လွန်ကောင်းမြတ်တော်မူသောဘုရားကို ချီးမွမ်း၊ ကိုးကွယ်၊ အစေခံ ကြခြင်းကလွှဲ၍ အခြားသောအရာမရှိတော့ပေ။ ဒါဝိဒ်ဘုရင်သည် ဘ ဝ၌အခက်အခဲများအကြား ဒုက္ခရောက်သည့်အချိန်တိုင်းတွင် မစတာ ဝန်ယူသော ဘုရားသခင်ကို တစ်သက်လုံး ချီးမွမ်း၍ ကျေးဇူးတင် စကားပြောခဲ့သည်။ သူက “အကယ်စင်စစ် အကျွန်ုပ်သည် ကိုယ် တော်အားဖြင့် တပ်တစ်တပ်လုံးကို ဝင်ရောက်စီးနင်းနိုင်ပါ၏။ အကျွန်ုပ်၏ဘုရားသခင်အားဖြင့် တံတိုင်းကိုလည်း ကျော်နိုင်ပါ၏” (ဆာလံ ၁၈း၂၉)ဟု ဝန်ခံခဲ့သည်။
ဘုရားသခင်သည် ကျွန်ုပ်တို့ကို ကောင်းကြီးမင်္ဂလာများစွာ ပေး အပ်တော်မူခဲ့သည်။ ကျွန်ုပ်တို့သည် ကိုယ်တော်၏နာမတော်ကို လုံ လောက်စွာ မချီးမွမ်းနိုင်ကြပေ။ ကျွန်ုပ်တို့သည် တစ်ကမ္ဘာလုံးကဲ့သို့ ကြီးမားသောဘုရားကျောင်းတည်ဆောက်လျှင် ကျွန်ုပ်တို့ရောင့်ရဲ တင်းတိမ်မှုရှိကြမည်လော။ ကောင်းကင်ပေါ်သို့ရောက်သောဘုရား ကျောင်းတည်ဆောက်လျှင် ကျွန်ုပ်တို့သည် ရောင့်ရဲတင်းတိမ်မှုရှိကြ မည်လော။ မဟုတ်ပေ။ ကျွန်ုပ်တို့သည် အကြီးမားဆုံးနှင့် အလှပဆုံး သော ဗိမာန်တော်ကို တည်ဆောက်နိုင်ကြသော်လည်း ဗိမာန်တော် ၏ အရွယ်အစား သို့မဟုတ် လှပမှုသည် အရေးမကြီးပေ။ သို့သော် ဘုရားသခင်သည် ဝိညာဉ်များအား နှုတ်ကပတ်တော်ကို ယုံကြည် ခြင်းအားဖြင့် ခေါ်ဖိတ်တော်မူ၍ သူတို့ကို နှုတ်ကပတ်တော်ကြားနာ စေကာ ဒုတိယမွေးဖွားခြင်းခံစေတော်မူခဲ့သည်။ ကျွန်ုပ်တို့သည် ဤ ကောင်းကြီးမင်္ဂလာများအားလုံးအတွက် အခြားလုပ်ဆောင်နိုင်သော အရာတစ်စုံတစ်ခုမျှ မရှိဘဲ ဘုရားသခင်၏နာမတော်ကို ချီးမွမ်းကြ ခြင်း ဖြစ်သည်။ ကိုယ်တော်သည် ကျွန်ုပ်တို့အား အစေခံခွင့်ပေး တော်မူ၍ မိမိအသက်တာကို အချည်းနှီးမကုန်ဆုံးစေဘဲ ကိုယ်တော် ၏အမှုတော်များ၏အသီးအပွင့်များ သီးစေတော်မူသောကြောင့် ဘု ရားသခင်ကို ကျေးဇူးတင်ကြသည်။
ဤအားသစ်လောင်းစင်တာ၌ ဘုရားသခင်သည် သင့်အားထိုင် ရသောအခွင့်ပေးတော်မူသောကြောင့် သင်ကျေးဇူးတင်သလော။ ဘု ရားသခင်သည် ကျွန်ုပ်တို့သည် ကြွယ်ဝသောကျေးဇူးတော်ဖြင့် ကောင်းကြီးမင်္ဂလာများစွာ ချပေးတော်မူ၍ အချစ်ဆုံး၊ အမြတ်နိုးဆုံး အဖြစ် ကျွန်ုပ်တို့ကို စောင့်ရှောက်တော်မူသည်။ ကျွန်ုပ်တို့သည် ကိုယ်တော်၏အချစ်ကို ခံထိုက်ရန် မည်သူများ ဖြစ်ကြသနည်း။ အ ဘယ်အရာကို လုပ်ဆောင်ခဲ့ကြသနည်း။ ကျွန်ုပ်တို့သည် သာမန်လူ သားများဖြစ်ကြ၍ ဘာမျှ မလုပ်ဆောင်ခဲ့ကြပေ။ ကျွန်ုပ်တို့သည် ကောင်းမှုကုသိုလ်တစ်စုံတစ်ခုပြုသောကြောင့်မဟုတ်ဘဲ ဒုတိယမွေး ဖွားခြင်းခံရကြသောကြောင့် ဘုရားသခင်သည် ကျွန်ုပ်တို့အား ကိုယ် တော့်ရှေ့တော်၌ တန်ဖိုးရှိသောသူများ ဖြစ်စေတော်မူသည်။ ကျွန်ုပ် တို့သည် သခင်ယေရှုခရစ်တော်နှင့်မတွေ့မီ ဘာမျှမဟုတ်ကြပေ။ ဘု ရားသခင်သည် မိုက်မဲမှုကြောင့် အမြှုပ်ထွက်၍ သဲကန္တရ၌ လမ်း ပျောက်နေသောသူ၊ သေရန် ဉီးတည်၍ မြေမှုန့်နှင့်ပြာသို့ပျောက်ဆုံး နေသော ကျွန်ုပ်တို့ကို ကိုယ်တော်၏သားသမီးများဖြစ်စေတော်မူ သည်။
ဘုရားသခင်သည် ကျွန်ုပ်တို့အပေါ် ပေးအပ်တော်မူခဲ့သော မေတ္တာသည် မည်မျှ လှပ၍ ကြီးမြတ်သနည်း။ ဘုရားသခင်ဘုန်းကြီး တော်မူပါစေ။ ဘုရားသခင်သည် ဤကမ္ဘာပေါ်တွင် ရှိနေကြသော ပျောက်ဆုံးသောဝိညာဉ်များစွာထဲမှ ကိုယ်တော်၏ဖြောင့်မတ်ခြင်း အားဖြင့် အနှိုင်းမဲ့မေတ္တာတော်ဖြင့် ကျွန်ုပ်တို့ကို ကယ်တင်တော်မူခဲ့ သည်။ ရွေးနှုတ်ခြင်းသာမဟုတ်ဘဲ ကယ်တင်ခြင်း၌သာ၍ ရှိသည်။ ဆိုလိုသည်မှာ ယခုတွင် ကျွန်ုပ်တို့ဝိညာဉ်များသည် ဘုရားသခင်၏ မိတ်သဟာယဖွဲ့နိုင်ခြင်း ဖြစ်သည်။ ကိုယ်တော်၏ကောင်းကြီးမင်္ဂ လာများသည်လည်း ကျွန်ုပ်တို့အတွက် ဖြစ်သည်ဟု ကြွေးကြော်ခြင်း ကို ဆိုလိုသည်။
ကျွန်ုပ်တို့သည် ကိုယ်တော်၏အသင်းတော်၌ မိမိကိုယ်ကိုကိုယ် တွေ့ရသောအရာမှာ ဘုရားသခင်၏လမ်းပြပို့ဆောင်မှုနှင့် ခွန်အား ပေးမှု ဖြစ်သည်။ ဤတွင် ဘုရားသခင်သည် ကျွန်ုပ်တို့ကို စောင့် ရှောက်တော်မမူလျှင် ကျွန်ုပ်တို့သည် ဤနေရာတွင် ရှိနိုင်ကြမည် လော။ ကိုဘ်တော်သည် ကျွန်ုပ်တို့အား ချစ်တော်မမူဘဲ ကောင်းကြီး မင်္ဂလာချပေးတော်မမူလျှင် ကျွန်ုပ်တို့သည် သတင်းကောင်းကို မည် သို့ဟောပြော၍ ကိုယ်တော်ကို မည်သို့ အစေခံနိုင်ကြမည်နည်း။ ကိုယ်တော်သည် အသက်ရှင်တော်မူ၍ ကျွန်ုပ်တို့နှင့်အတူရှိတော်မူ လျက် ကျွန်ုပ်တို့အား ကောင်းကြီးမင်္ဂလာချပေးတော်မူသောကြောင့် ကျွန်ုပ်တို့သည် ဘုရားသခင်ကို အစေခံနိုင်ကြခြင်း ဖြစ်သည်။
ကိုယ်တော်သည် ကျွန်ုပ်တို့အား စောင့်ရှောက်တော်မမူဘဲ ကောင်းကြီးမင်္ဂလာပေးအပ်တော်မမူလျှင် ကျွန်ုပ်တို့သည် ယခင်နှင့် ယခုတွင် ကိုယ်တော်ကို ချီးမွမ်းနိုင်ကြမည် မဟုတ်ပေ။ ဘုရားသခင် ကျွန်ုပ်တို့အား ကိုယ်တော်၏ဂရုဏာလက်များဖြင့် ချစ်တော်မူ၍ ကောင်းကြီးမင်္ဂလာများချပေးတော်မူကာ ခွန်အားပေးတော်မူလျက် ဖုံးလွှမ်းတော်မူသောကြောင့် ကျွန်ုပ်တို့သည် ကိုယ်တော်ကို အစေခံ နိုင်ကြသည်။ စကားနားထောင်၍ ချီးမွမ်းကာ ကိုးကွယ်နိုင်ကြခြင်း ဖြစ်သည်။ ဤအရာသည် မှားနေသလော။ ကျွန်ုပ်တို့သည် ကိုယ် တော်ပြုတော်မူခဲ့သော အလွန်အံ့သြဖွယ်ကောင်းသောအမှုနှင့် ကျွန်ုပ်တို့အပေါ်မကုန်ခန်းနိုင်သောမေတ္တာတော်အတွက် ကိုယ်တော် ၏နာမတော်ကို နှလုံးသားအကြွင်းမဲ့ချီးမွမ်းကြသည်။
ဘုရားသခင်သည် မိမိကယ်တင်ခဲ့သောသူများအတွက် အမှုများ စွာပြုတော်မူခဲ့သည်။ ကိုယ်တော်သည် ကျွန်ုပ်တို့သည် ရွေးနှုတ် တော်မူခြင်း၊ ကိုယ်တော်သည် ဒုတိယမွေးဖွားခြင်းခံရသောသန့်ရှင်း သူများ၏ယုံကြည်မှုကို ဆက်လက်ခွန်အားပေးခြင်းတို့သည် ဘုရား သခင်သည် ကျွန်ုပ်တို့ကို ခိုင်ခံ့စွာ ဆုပ်ကိုင်ပေးခြင်း၊ ကိုယ်တော် သည် ကျွန်ုပ်တို့ကို ကာကွယ်ပေးခြင်းသက်သေဖြစ်သည်။ ဘုရားသ ခင်သည် ကျွန်ုပ်တို့အားဖြင့် အမှုပြုတော်မူ၍ မိမိအလိုတော်ကို ပြည့် စုံစေတော်မူလိမ့်မည်။
ဘုရားသခင်သည် မိမိအသင်းတော်များအားလုံး၊ ဒုတိယမွေး ဖွားခြင်းခံရသောယုံကြည်သူအားလုံး၊ တစ်ကမ္ဘာလုံးကို ကောင်းကြီး မင်္ဂလာများချပေးတော်မူ၍ သူတို့ကို အစဉ်အမြဲကောင်းကြီးမင်္ဂလာ များချပေးတော်မူလိမ့်မည်။ ကျွန်ုပ်တို့သည် အခက်အခဲများစွာ တွေ့ ကြုံခဲ့ကြသော်လည်း ဘုရားသခင်သည် ကျွန်ုပ်တို့နှင့်အတူရှိတော်မူ ၍ ကျွန်ုပ်တို့အား ခိုင်ခံစေတော်မူပြီး ကိုယ်တော်၏အမှုတော်များကို ဆက်လက်ပြုတော်မူသည်။ ကျွန်ုပ်တို့စိတ်ဝိညာဉ်များကို ခွန်အား ပေးတော်မူ၍ ကောင်းကြီးမင်္ဂလာများပို၍ခံစားနိုင်ရန်အတွက် လို အပ်သော ယုံကြည်ခြင်းရရှိနိုင်ရန် ကျွန်ုပ်တို့နှလုံးသားများကို ပြင် ဆင်ပေးတော်မူခဲ့သည်။ ဘုရားသခင်၏ကျေးဇူးတော်သည် မည်မျှ ကြီးမြတ်သနည်း။ ဘုရားသခင်၏ကျေးဇူးတော်ကို ကျွန်တော်တဖန် ချီးမွမ်းသည်။
 


ကျွန်ုပ်တို့သည် ကိုယ်တော်ကို စိတ်နှလုံးအကြွင်းမဲ့ ချီးမွမ်းနိုင်ကြသည်


“အကြောင်းမူကား ငါတို့သည် သွေးသားဇာတိ၌တည်လျက်ရှိစဉ်က ပညတ်တရားကြောင့်ဖြစ်ပေါ်လာသည့် ပြင်းပြသောအပြစ်ပြုလိုစိတ်သည် ငါတို့၏ကိုယ်အင်္ဂါများ၌ သက်ဝင်လှုပ်ရှားနေသဖြင့် သေခြင်းအတွက် အသီးများဖြစ်ထွန်းစေ၏။ သို့သော် ယခုအခါ ငါတို့သည် ငါတို့ကိုချုပ်နှောင်ထားသောပညတ်တရားအရာ၌ သေဆုံးခဲ့ပြီး ပညတ်တရားမှ ကင်းလွတ်ခွင့်ရကြပြီဖြစ်၍ အက္ခရာတင်ထားသောတရား၏နည်းလမ်းဟောင်းအားဖြင့်မဟုတ်ဘဲ ဝိညာဉ်တော်၏နည်း လမ်းသစ်အားဖြင့် အစေခံလျက်ရှိကြ၏”(ရောမ ၇း၅-၆)။ ကျွန်ုပ်တို့ သည် ဇာတိအသွေးအသား၌ နေကြစဉ် ပညတ်တော်အားဖြင့် ပေါ် ပေါက်သောအပြစ်ပြုလိုသောဆန္ဒများသည်သေခြင်းအသီးကို သီးရန် ကျွန်ုပ်တို့အင်္ဂါများ၌ အမှုပြုနေသည်ဟု ကျမ်းစာက ဖော်ပြထား သည်။ သို့သော် သမ္မာ ကျမ်းစာက “သို့သော် ယခုအခါ ငါတို့သည် ငါတို့ကိုချုပ်နှောင်ထားသောပညတ်တရားအရာ၌ သေဆုံးခဲ့ပြီး ပညတ်တရားမှ ကင်းလွတ်ခွင့်ရကြပြီဖြစ်ပြီ”ဟုလည်း ဖော်ပြထားသည်။
ကိုယ်ခန္ဓာအသွေးအသားသည် အပြစ်ပြုလိုသောဆန္ဒများမှ ရွေးနှုတ်နိုင်သလော။ လူသားတစ်ဉီးမှာ တည်ရှိမှု နှစ်မျိုးရှိသည်။ တစ်ခုမှာ အသွေးအသားနှင့် အခြားတစ်ခုမှာ နှလုံးသား ဖြစ်သည်။ အသွေးအသားသည် မည်သို့ပင်ကြိုးစားစေကာမူ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းသို့ မရောက်နိုင်ပေ။ ဘုရားသခင်၏ပညတ်တော်ကို လည်း မစောင့်ရှောက်နိုင်ပေ။ ကျွန်ုပ်တို့သည် ဒုတိယမွေးဖွားခြင်းခံ ရပြီးသည့်အချိန်၌ပင် မည်မျှပင်ကြိုးစားစေကာမူ အသွေးအသား သည် ဘုရားသခင်၏ပညတ်တော်ကို မစောင့်ရှောက်နိုင်ပေ။ ထို ကြောင့် တမန်တော်ရှင်ပေါလုက “ငါတို့သည် သွေးသားဇာတိ၌တည်လျက်ရှိစဉ်က ပညတ်တရားကြောင့်ဖြစ်ပေါ်လာသည့် ပြင်းပြသောအပြစ်ပြုလိုစိတ်သည် ငါတို့၏ကိုယ်အင်္ဂါများ၌ သက်ဝင်လှုပ် ရှားနေသဖြင့် သေခြင်းအတွက် အသီးများဖြစ်ထွန်းစေ၏။ သို့သော် ယခုအခါငါတို့သည် ငါတို့ကိုချုပ်နှောင်ထားသောပညတ်တရားအရာ၌ သေဆုံးခဲ့ပြီး ပညတ်တရားမှ ကင်းလွတ်ခွင့်ရကြပြီဖြစ်”ဟု ပြော သည်။
ရောမ ၄း၁၅ တွင် “ပညတ်တရားသည် အမျက်တော်ကိုဖြစ် ပေါ်စေ၏။ သို့သော် ပညတ်တရားမရှိသောနေရာ၌ ဖောက်ဖျက်ကျူးလွန်မှုလည်းမရှိ”ဟု ဖော်ပြထားသည်။ ကျွန်ုပ်တို့သည် ဘုရား သခင်ကို နှလုံးသားများဖြင့် ချီးမွမ်းရကြမည် ဖြစ်သည်။ ဘုရားသခင် သည် ကျွန်ုပ်တို့အား ဝိညာဉ်တ ရားအသစ်ဖြင့် ချီးမွမ်းစေတော်မူ သည်။ ဝိညာဉ်တရားမဟောင်းဖြင့် ချီးမွမ်းစေတော်မမူပေ။ အ ကြောင်းမှာ ပညတ်တော်အားဖြင့် ဆုပ်ကိုင်ခြင်းခံရသော ကျွန်ုပ်တို့ သည် ပညတ်တော်၏အမျက်တော်အားဖြင့် ကျိန်ခြင်းအမင်္ဂလာခံခဲ့ ပြီ ဖြစ်သောကြောင့် ဖြစ်သည်။
အသွေးအသားသည် နှလုံးသားနှင့်မတူပေ။ အသွေးအသား သည် အကန့်အသတ်ရှိသည်။ သို့သော် နှလုံးသားသည် ဘုရားသခင် ၏နှုတ်ကပတ်တော်ကို ခံယူနိုင်၍ ယုံကြည်ခြင်းအားဖြင့် ကိုယ်တော် ကို ချီးမွမ်းနိုင်သည်။ နှလုံးသားသည် အပြစ်မှ ရွေးနှုတ်ခြင်းခံရနိုင် သည်။
ကျွန်ုပ်တို့သည် ပညတ်တော်၌ သေခဲ့ကြသည်။ ကျွန်တော့်အား ဆုပ်ကိုင်သောအရာသို့ ကျွန်တော်သေခဲ့သောကြောင့် ကျွန်တော် သေနေသည်။ အသွေးအသားသည် ဘုရားသခင်ထံတော်သို့ သေခဲ့ သည်။ ကျွန်ုပ်တို့သည် အသွေးအသားအားဖြင့် ကိုယ်တော်၏ဖြောင့် မတ်ခြင်းသို့ မရောက်နိုင်ကြပေ။ ဘုရားသခင်၏ပညတ်တော်ရှေ့ တွင်လည်း ဖြောင့်မတ်သောသူများဖြစ်လာနိုင်ကြပေ။ အသွေးအ သားသည် တရားစီရင်ခြင်းကို မလွှဲရှောင်နိုင်ပေ။ သို့သော် ခမည်း တော်ဘုရားသည် တစ်ပါးတည်းသောသားတော်၊ သခင်ယေရှုခရစ် တော်ကို စေလွှတ်တော်မူ၍ ကိုယ်တော့်အပေါ်သို့ ပညတ်တော်၏ အမျက်တစ်ခုလုံးကို လွှဲပြောင်း၍ ကျွန်ုပ်တို့ကိုယ်စားအသေခံတော်မူ ခဲ့သည်။ ထိုကြောင့် ဘုရားသခင်သည် ကျွန်ုပ်တို့အား ယုံကြည်ခြင်း အားဖြင့် ဝိညာဉ်တရားအသစ်၌ ကိုယ်တော်ကို အစေခံစေတော်မူခဲ့ သည်။ အမျက်တော်အောက်၌နေသော ပညတ်တရား၊ကျွန်ုပ်တို့အား ထိန်းချုပ်သောပညတ်တရားဟောင်း၌ အစေခံစေတော်မမူပေ။
ယခုတွင် ကျွန်ုပ်တို့သည် ယုံကြည်ခြင်းအားဖြင့် ဘုရားသခင် ကို ချီးမွမ်းနိုင်ကြသည်။ ကျွန်ုပ်တို့သည် အသွေးအသားရှိသေးကြ သော်လည်း နှလုံးသားသည် ကိုယ်တော်ကို ချီးမွမ်းနိုင်သည်။ ကိုယ် တော်သည် ကျွန်ုပ်တို့အား ချစ်တော်မူသည်ဟု ကျွန်ုပ်တို့နှလုံးသား များက ယုံကြည်နိုင်ကြသည်။ ကျွန်ုပ်တို့သည် ခရစ်တော်၌ အသေခံ ခဲ့ကြသည်ဟု ယုံကြည်ကြသောကြောင့် ကိုယ်တော်ကို ချီးမွမ်းနိုင်ကြ သည်။ ဘုရားသခင်သည် ကျွန်ုပ်တို့အား ပညတ်တော်၏အမျက် တော်မှ ကယ်တင်တော်မူခဲ့သည်။ ခမည်းတော်ဘုရားသခင်သည် ပညတ်တော်ကျိန်ခြင်းနှင့် ဘုရားသခင်၏တရားစီရင်ခြင်းခံရသော ကျွန်ုပ်တို့အတွက် တစ်ပါးတည်းသောသားတော်ကို စေလွှတ်တော်မူ ၍ အချိန်တန်လာသောအခါ ကျွန်ုပ်တို့အပြစ်များအားလုံးနှင့် ပညတ် တော်၏အမျက်တော်ကို သားတော်အပေါ်သို့ လွှဲပြောင်းတော်မူခဲ့ သည်။ ထိုကြောင့် ဘုရားသခင်သည် မိမိမေတ္တာတော်ကို လက်ခံသူ များနှင့်အပြစ်များ၊ တရားစီရင်ခြင်း၊နှင့် ပညတ်တော်၏အမျက်တော် မှ ကိုယ်တော်ကို ယုံကြည်သောသူများကို ကယ်တင်တော်မူခဲ့သည်။ ကိုယ်တော်သည် ကျွန်ုပ်တို့အား အပြစ်များအားလုံးမှ လုံးဝကယ်တင် တော်မူခဲ့သောကြောင့် နာမတော်ကို ချီးမွမ်းသည်။
ဘုရားသခင်သည် ကျွန်ုပ်တို့အား မိမိဖြောင့်မတ်ခြင်းသို့ ကယ် တင်တော်မူခဲ့သည်ဟု ကျွန်ုပ်တို့စိတ်နှလုံးအကြွင်းမဲ့ ယုံကြည်ရကြ မည် ဖြစ်သည်။ ကိုယ်တော်၏မေတ္တာတော်အတွက် ကျွန်ုပ်တို့သည် ဘုရားသခင်ထံ ကျေးဇူးတင်၍ ဂုဏ်တော်ချီးမွမ်းကာ ဘုန်းတော်ထင် ရှားစေရကြမည် ဖြစ်သည်။ သို့သော် ကျွန်ုပ်တို့သည် ဤအရာများကို အသွေးအသားဖြင့် လုပ်ဆောင်နိုင်ကြမည်လော။ မလုပ်ဆောင်နိုင် ကြပေ။ ကျွန်ုပ်တို့သည်  ပညတ်တော်အားဖြင့် အသွေးအသား၊ အ ပြစ်ပြုလိုသည်ဆန္ဒ၌နေကြသောအခါ သေခြင်းအသီးကိုသာ သီးရန် ကိုယ်လက်အင်္ဂါအစိတ်အပိုင်းများဖြင့် လုပ်ဆောင်ခဲ့ကြသည်။ အ သွေးအသားသည် ဘုရားသခင်၏အမျက်တော်အောက်၌သာကိန်း ဝပ်လျက်ရှိသည်။
ယခုတွင် ကျွန်ုပ်တို့သည် ယုံကြည်ခြင်းအားဖြင့် ပညတ်တော်၏ ဤအမျက်မှ ရွေးနှုတ်ခြင်းခံရကြသည်။ ကျွန်ုပ်တို့သည် ပညတ်တော် ၏တရားစီရင်ခြင်းခံရသောသူများဖြစ်ခဲ့ကြသော်လည်း ပညတ်တ ရားအဟောင်း သို့မဟုတ် ဘုရားသခင်၏အမျက်တော်ပညတ်တော် အားဖြင့် မဟုတ် ကိုယ်တော်၏မေတ္တာတော်နှင့်ကယ်တင်ခြင်းကို ယုံ ကြည်ခြင်းအားဖြင့် ဘုရားသခင်သည် ကျွန်ုပ်တို့အား ကိုယ်တော်ကို အစေခံစေတော်မူခဲ့သည်။
မည်သူမည်ဝါကမျှ လုပ်ဆောင်ချက်များအားဖြင့် ကိုယ်တော်ကို အစေမခံနိုင်ကြပေ။ ကျွန်ုပ်တို့သည် ဒုတိယမွေးဖွားခြင်းခံရကြသော် လည်း ကျွန်ုပ်တို့သည် အသွေးအသားအားဖြင့် ကိုယ်တော်ကို အစေ မခံနိုင်ကြပေ။ အသွေးအသားဖြင့် ကိုယ်တော်ကို အစေခံရန် စိတ် ပျက်နေသောသူ ကျွန်ုပ်တို့အကြား တစ်စုံတစ်ဉီး ရှိသလော။ ကျွန်ုပ် တို့သည် ကိုယ်တော်ကို အသွေးအသားဖြင့် အစေမခံနိုင်ကြပေ။ အ ပြစ်ပြုလိုသည့်ဆန္ဒသည် အသွေးအသားကို အမြဲတမ်းအုပ်စိုးသည်။ ကျွန်ုပ်တို့သည် ဒုတိယမွေးဖွားခြင်းခံရပြီးသည့်အချိန်၌ပင် အသွေးအ သားဖြင့် ကိုယ်တော်ကို အစေမခံနိုင်ကြပေ။ ကျွန်ုပ်တို့သည် ယုံ ကြည်ခြင်းအားဖြင့်နှလုံးသားများဖြင့်သာလျှင် ဘုရားသခင်ကို ချီး မွမ်း၍ အစေခံနိုင်ကြသည်။ ထိုကြောင့် သင်သည် ဘုရားသခင်ကို ချီး မွမ်းသောအခါ ကိုယ်တော်၏မေတ္တာတော်ကို နှလုံးသားဖြင့် ယုံ ကြည်၍ ကျေးဇူးတော်ချီးမွမ်းပါ။ ထိုနောက် အသွေးအသားသည် ယုံ ကြည်ခြင်းနောက်သို့လိုက်သော တန်ဆာပလာဖြစ်လာလိမ့်မည်။
ကျွန်တော်သည် ကိုယ်‌တော်ကို နှလုံးသားဖြင့် ယုံကြည်သော ကြောင့် ပညတ်တော်၏အမျက်အားလုံးမှ ကျွန်ုပ်တို့ကို ကယ်တင် တော်မူခဲ့သောကိုယ်တော်ကို ချီးမွမ်းထောမနာပြုသည်။ ကိုယ်တော့် ကို ကျေးဇူးတင်သည်။ ကိုယ်တော်သည် ကျွန်ုပ်ကို လုံးဝကယ်တင် တော်မူခဲ့သည်။ ကိုယ်တော်သည် ကျွန်တော့်အား နေ့စဉ်အပြစ်များ နှင့် ပညတ်တော်ကျိန်ခြင်းမှ ကယ်တင်တော်မူခဲ့သည်။ သံသယလုံး ဝမရှိပေ။ ကိုယ်တော်သည် ကျွန်ုပ်တို့ကို ကယ်တင်တော်မူခဲ့သည်။ ဘုရားသခင်သည် ကျွန်ုပ်တို့၏အားနည်းချက်များနှင့်အပြစ်များကို လျစ်လျူရှုတော်မူ၍ ကျွန်ုပ်တို့ကို ချစ်တော်မူသောကြောင့် ကယ် တင်တော်မူခဲ့သည်။ ကျွန်ုပ်တို့သည် အပြစ်များဖြင့် ပြည့်ဝနေကြ သော်လည်း ဘုရားသခင်သည် ကျွန်ုပ်တို့အား ဖြောင့်မတ်သူများဖြစ် စေခြင်းမှာ မည်မျှ အံ့သြစရာကောင်းသနည်း။ ဘုရားသခင်သည် ကျွန်ုပ်တို့အား မိမိအစေခံများဖြစ်စေတော်မူခြင်းသည် မည်မျှ အံ့သြ စရာကောင်းသနည်း။
ဘုရားသခင်သည် ကျွန်ုပ်တို့အား ပညတ်တော်၏အမျက်မှ ကယ်တင်တော်မူခဲ့သောကြောင့် ကျွန်ုပ်တို့သည် ဘုရားသခင်ကို ချီး မွမ်းနိုင်ကြသည်။ ကျွန်ုပ်တို့သည် ကိုယ်တော်ကို ဝိညာဉ်နှင့်နှလုံး သားများဖြင့် အစေခံနိုင်ကြသည်။ ကျွန်ုပ်တို့သည် ကိုယ်တော်၏ စ ကားကို နာခံနိုင်ကြသည်။ အပြစ်များနှင့်အမျက်မှ ကျွန်ုပ်တို့ကို ကယ်တင်တော်မူခဲ့သော ကိုယ်တော့်အပေါ် ကျွန်ုပ်တို့ ကျေးဇူးတင် ကြသည်။ သင်သည် ကိုယ်တော့်အပေါ် ကျေးဇူးတင်သလော။ ကျွန်ုပ်တို့ကယ်တင်ခြင်းသည် ကျွန်ုပ်တို့အား မည်မျှ အားနည်းသည် ကို ထင်ရှားစေခဲ့သလော။ ကျွန်ုပ်တို့သည် အကောင်းဆုံးအသက်ရှင် ရန် ကြိုးစားနေကြသော်လည်း ကိုယ်တော်၏အလိုတော်နှင့်အညီ အ သက်မရှင်နိုင်သော အချိန်မည်မျှ ရှိခဲ့သနည်း။ ကျွန်ုပ်တို့သည် အချိန် မည်မျှ ဝါကြွားခဲ့ကြသနည်း။ ကျွန်ုပ်တို့သည် အားနည်းချက်မည်မျှ ရှိ ကြသနည်း။ ယခုတွင်ဖြစ်စေ၊ အနာဂတ်တွင်ဖြစ်စေ အသွေးအသား နှင့် လုပ်ဆောင်ချက်များအားဖြင့် ကိုဘ်တော်ကို ကျွန်ုပ်တို့ မချီးမွမ်း နိုင်ကြပေ။ ကိုယ်တော်ပြုတော်မူခဲ့သောအမှုအတွက် ကျွန်ုပ်တို့သည် ဘုရားသခင်ကို နှလုံးသားများဖြင့် ချီးမွမ်းကြသည်။ ကျွန်ုပ်တို့သည် ယုံကြည်ခြင်းအားဖြင့်နှင့် စိတ်နှလုံးသားများဖြင့် ဘုရားသခင်ကို ချီး မွမ်းနိုင်ကြသည်။
 


ကျွန်ုပ်တို့သည် ကိုယ်တော်ကို အသွေးအသားဖြင့် မချီးမွမ်း နိုင်ကြပေ


ကျွန်ုပ်တို့သည် ကိုယ်တော်နောက်သို့လိုက်လျှောက်နေကြစဉ် ကျွန်ုပ်တို့ကိုယ်ပိုင်ဖြောင့်မတ်ခြင်းသည် အစိတ်စိတ်အမွှာမွှာကွဲကြ သည်။ စိတ်၏ကမ္ဘာနှင့် ဇာတိကမ္ဘာတို့သည် ခွဲခြားရမည် ဖြစ်သည်။ ဤအရာသည် အသွေးအသားမှ စိတ်ဝိညာဉ်ခြားနားချက် ဖြစ်သည်။
သင်သည် ဤအရာကို ယုံကြည်သလော။ အသွေးအသားဖြင့် ကြိုးစားခြင်းသည် အချည်းနှီးသက်သက် ဖြစ်သည်။ ကျွန်ုပ်တို့သည် နှလုံးသားဖြင့် သီချင်းဆိုခြင်း၊ ပျော်ရွှင်ခြင်း၊ ချီးမွမ်းခြင်း၊ ယုံကြည် ခြင်း၊ နာခံခြင်းနှင့်ကျေးဇူးတင်ခြင်းများပြုကြသောအခါ ကျွန်ုပ်တို့ အသွေးအသားသည် ကိုယ်တော်ကိုအစေခံနိုင်၍ နှလုံးသားများကို အလျှော့ပေးနိုင်ကြသည်။ ကျွန်ုပ်တို့သည် ကယ်တင်ခြင်းအတွက် ကိုယ်တော်ကို ချီးမွမ်း၍ ကိုယ်တော့်အပေါ် ကျေးဇူးတင်ကြကာ “♬ငါ့အပြစ်များအားလုံး၊ ကာရာနီကြောင့် ပျောက်သွားပြီ၊  ကာရာနီ ကြောင့် ဘဝသည် သီချင်းဖြင့် ပြည့်ခဲ့ပြီ၊ အပြစ်မှ ကယ်တင်ရန် ကယ်တင်ရှင်ခရစ်တော် ရှင်ပြန်ပြီ၊ တစ်နေ့ ကိုယ်တော် မင်္ဂလာဖြင့် ကြွလာတော်မူမည်။ အရာအားလုံးသည် ကာရာနီကြောင့်ပါ။♬” သို့ သော် ကျွန်ုပ်တို့သည် အသွေးအသားကြောင့် တစ်ခါတစ်ရံ ခလုတ် တိုက်ချော်လဲတတ်ကြသည်။ ကျွန်ုပ်တို့သည် မိမိကိုယ်ကိုကိုယ် “ငါ့ မှာအပြစ်မရှိဘဲ ဘာကြောင့် အားနည်းနေသလဲ”ဟု တွေးတတ်ကြ သည်။ ထိုနောက် ကျွန်ုပ်တို့သည် မိမိကိုယ်ကိုကိုယ် “ ‘♪ငါ့အပြစ်များ အားလုံးပျောက်ကွယ်သွားပြီ♪’မှန်ပါသည်။ - ‘♪ဘဝသည် သီချင်းဖြင့် ပြည့်သည်♪’- ထိုအရာလည်း မှန်ကန်သည်။- ‘♪အားလုံးဟာ ကာရနီ ကြောင့်ပါ♪’-ထိုအရာလည်းမှန်ကန်သည်။ သို့သော် ကျွန်တော်သည် ဘာကြောင့် အားနည်းနေသနည်း။ ကျွန်တော်သည် ကိုယ်တော်ကို ဝမ်းမြောက်စွာဖြင့် ကျေးဇူးတင်၍ နာခံသင့်သည်။ သို့သော် ကျွန် တော်သည် ဘာကြောင့် အပြစ်များဖြင့် ပြည့်နေသနည်း။ အမေလေ၊ သနားစရာကောင်းသော ကျွန်ုပ်အသွေးအသားကြောင့်ပေ။”
ကျွန်ုပ်တို့ဝမ်းနည်းသောအခါ ဘုရားသခင်သည် ကျွန်ုပ်တို့အား “မင်း ဘာကြောင့် ငါ့ဝိညာဉ်ကို စွန့်ပယ်သလဲ။ ငါ့က သင်၏ကယ် တင်ရှင်ဖြစ်သည်ကို မသိဘူးလား။ ငါ မင်းကို ဖြောင့်မတ်သူ ဖြစ်စေ ခဲ့တယ်”ဟု မိန့်တော်မူသည်။ ကျွန်ုပ်တို့သည် ဇာတိအသွေးအသား ဖြင့် ဘုရားသခင်ကို အစေမခံနိုင်ကြပေ။ နာခံခြင်းလည်း မရှိနိုင်ကြ ပေ။ ကျွန်ုပ်တို့သည် ကိုယ်တော်ကို ချစ်ခြင်း၊ ကျေးဇူးတင်ခြင်းနှင့် နှလုံးသားများဖြင့် ဂုဏ်တော်ချီးမွမ်းခြင်းအားဖြင့် ကိုယ်တော်သည် ကျွန်ုပ်တို့ကို ကယ်တင်တော်ခဲ့သောအမှုအရာကို ယုံကြည်ခြင်းအား ဖြင့် ဘုရားသခင်ကို အစေခံနိုင်ကြသည်။
ကျွန်တော်သည် နှလုံးသားဖြင့် ဘုရားသခင်ကို ချီးမွမ်းလိုသည်။ ကျွန်တော်သည် နှလုံးသားဖြင့် ကိုယ်တော်ကို ယုံကြည်၍ ကိုယ် တော့်ထံ ကျေးဇူးတင်လိုသည်။ ဤအရာများသည် နှလုံးသားများ အားဖြင့်သာ ဖြစ်နိုင်သည်။ ၎င်းတို့သည် အသွေးအသားဖြင့် မဖြစ်နိုင် ပေ။ ကျွန်ုပ်တို့သည် ကယ်တင်ခြင်းခံရကြပြီးနောက်ပင်  အသွေးအ သားသည် မပြောင်းလဲဘဲ အမြဲတမ်းရှိနေသည်။ အထက်ကျမ်းချက် တွင် တမန်တော်ရှင်ပေါလုပြောကြားသောအရာမှာ ကယ်တင်ခြင်းမ ခံရမီအချိန်နှင့် ကယ်တင်ခြင်းခံပြီးအချိန်ကို ရည်ညွှန်းသည်။  ဘုရား သခင်၏နှုတ်ကပတ်တော်သည် ကယ်တင်ခြင်းခံခဲ့ပြီးသူများနှင့် ကယ်တင်ခြင်းမခံရသေးသူများအပေါ် အတူတူ ဖြစ်သည်။
 


သင်သည် ကယ်တင်ခြင်းခံရပြီးနောက် အသွေးအသားဖြင့် ဘုရားသခင်ကို ဝမ်းမြောက်စေ‌တော်မူခဲ့သလော


သင်သည် ကယ်တင်ခြင်းခံရပြီးနောက် ဘုရားသခင်ကို အသွေး အသားဖြင့် ဆက်လက်ဝမ်းမြောက်စေခဲ့သလော။ သင်သည် သူတစ် ပါးနှင့်မတူညီသောကြောင့်လည်းကောင်း၊ သူတစ်ပါးထက် ဘုရားသ  ခင်ကို ပို၍အစေခံနိုင်သောကြောင့်လည်းကောင်း သင်သည် ဘုရား သခင်ကို ဝမ်းမြောက်စေတော်မူနိုင်သည်ဟု သင်ယူဆသလော။ မိမိ ဖြောင့်မတ်ခြင်းဖြင့် ပြည့်သောသူများသည် တစ်နေ့နေ့ကျသောအခါ အိမ်သာတွင်းထဲသို့ ကျသွားလိမ့်မည်။ အညစ်အကြေးစွန့်သည့်နေရာ အိမ်သာတွင်းထဲသို့ ပြုတ်ကြခဲ့သောအတွေ့အကြုံရှိသူအချို့ရှိသည်။
ဤနွေရာသီကျမ်းစာသင်တန်း၌ အိမ်သာတွင်းထဲသို့ပြုတ်ကျခဲ့ သူညီမတစ်ဉီးရှိသည်။ ကျွန်တော်ဆိုလိုသည်မှာ ၎င်းသည် အိမ်အ ပြင်ဘက်ဖြစ်သည်။ သို့သော် ကျေးဇူးတော်ကြောင့် ထိုအိမ်သာတွင်း မှာ အသုံးမပြုရသေးပေ။ အကယ်၍ ထိုအိမ်သာတွင်းသည် ယခင်က တစ်စုံတစ်ဉီးက အသုံးပြုခဲ့လျှင် သူမသည် ဒုက္ခကောင်းကောင်း ရောက်နိုင်လိမ့်မည်။ ဤကျမ်းစာသင်တန်းကို ကျွန်ုပ်တို့ပြင်ဆင် သည့်အခါ ကျွန်ုပ်တို့သည် နက်သောတွင်းအချို့ကို တူး၍ အပေါ်တွင် သစ်ရွက်စိမ်းများ ဆောက်ကြသည်။ ထိုနောက် ကျွန်ုပ်တို့သည် အိမ် သာတစ်ခုစီတိုင်းတွင် ခြေချရန် ထားကြသည်။ သို့သော် ကျွန်ုပ်တို့ သည် အိမ်သာတစ်ခုစီတိုင်းတွင် ခြေချစရာ မပြင်ဆင်ရသေးပေ။ ထို ကြောင့် ဤညီမသည် ခြေချော်၍ အိမ်သာတွင်းသို့ ပြုတ်ကျခဲ့သည်။ ဘုရားသခင်သည် ကိုယ်ပိုင်ဖြောင့်မတ်ခြင်းဖြင့် ပြည့်နေသောသူများ အတွက် တွင်းတစ်ခုကို တူးတော်မူခဲ့သည်။ ဘုရားသခင်သည် ကျွန်ုပ်တို့အား ကိုယ်တော်ကိုသာ ဘုန်းတော်ချီးမွမ်းရန် အလိုတော် ရှိသည်။
ကျွန်တော်ကယ်တင်ခြင်းခံရပြီးနောက် မှန်သောလမ်းမှ လမ်း လွှဲသောအခါ ကျွန်တော့်ဝိညာဉ်သည် မအီမသာ၊ မရောင့်မရဲ ခံစားရ သည်။ ကျွန်တော် ဘာကြောင့် ဤသို့ခံစားခဲ့ရသည်ကို စဉ်းစားသော အခါ ကျွန်တော့်အဝတ်အစားများသည် အညစ်အကြေးဖြင့် စွန်းပေ နေသည်ကို ကျွန်တော်နားလည်သဘောပေါက်သည်။ ကျွန်တော် သည် ထိုလမ်းမလျှောက်သင့်သည်ကို သိရသော်လည်း မကြာမီ ကျွန် တော် မေ့လျော့သည်။ ကျွန်တော်ဤအရာကို နားလည်သဘော ပေါက်သည်နှင့်တပြိုင်တည်း “ငါ ဒီအရာကို မလုပ်သင့်ပါ။ ငါ ဘာ တွေတွေးတောနေသလဲ။ အို၊ ကိုယ်တော်။ ကိုယ်တော်သည် ကျွန်ုပ် အပြစ်များအားလုံးကို ဆေးကြောပေးတော်မူသောကြောင့် နာမ တော်ချီးမွမ်းပါတယ်”ဟု ပြောခဲ့သည်။ သို့သော် ကျွန်တော်သည် မ ကြာမီ အပြစ်ကျူးလွန်ပြန်သည်။ တစ်ခါတစ်ရံ ကျွန်တော်သည် ဘု ရားသခင်၏ကျေးဇူးတော်၌ ကိန်းဝပ်၍ ရုတ်တရက် အပြစ်ထဲသို့ ကျွံ ကျပြန်သည်။ ထိုနောက် ကျွန်တော်သည် ဘုရားသခင်၏ကျေးဇူး တော်အတွက် အပြစ်မှ လွှတ်မြောက်ခဲ့သည်ဟု မိမိကိုယ်ကိုကိုယ် သိ သည်။ ကျွန်တော်သည် ရှေ့နောက် ယိမ်းယိုင်သည်။ ထိုကြောင့် ကျွန်တော်သည် အသက်ရှင်ခြင်းအတွက် အံသွားခဲကြိတ်၍ စိတ် ပျက်လက်ပျက် ဖြစ်ခဲ့ရသည်။
ကျွန်တော့်အပြစ်များအားလုံးဖြေလွှတ်ခြင်းခံရပြီးနောက် ကျွန် တော်သည် မည်သို့ ညစ်ညမ်းခဲ့သည်ကို ကျွန်တော်သိခဲ့သည်။ ကျွန် တော်သည် “ဒီဟာက ထိတ်လန့်စရာဖြစ်တယ်။ ဘုရားသခင်၊ ကျွန် တော်သည် ကိုယ်တော်ကို ယုံကြည်သော်လည်း ဘာကြောင့် ယိမ်း ယိုင်၍ အားနည်းရသလဲ”ဟု နက်နဲစွာ နားလည်သဘောပေါက်၍ တွေးတောခဲ့သည်။ ပညတ်အားဖြင့် ပေါ်ပေါက်သော အပြစ်ပြုလို သည် ဆန္ဒများသည် ကျွန်ုပ်တို့အဖွဲ့များ၌ အလုပ်လုပ်သည်။ ကျွန် တော်သည် ပညတ်တော်နှင့်အညီ အသက်ရှင်ရန် ကြိုးစားလေလေ ကျွန်တော့်အသွေးအသားသည် အပြစ်ပြုလိုသည့်ဆန္ဒရှိလေလေ ဖြစ် သည်ကို ကျွန်တော်နားလည်သဘောပေါက်ခဲ့သည်။ အသွေးအသား သည် ဘုရားသခင်ကို ဘယ်တော့မှ မနာခံနိုင်သည်ကို ကျွန်တော်သိ ခဲ့ရသည်။ ကျွန်တော်သည် ကိုယ်တော်ကို နှလုံးသားဖြင့် ယုံကြည်ခဲ့ ပြီးနောက် ဘုရားသခင်ချပေးတော်မူခဲ့သောအရာများအားဖြင့် ကျွန် တော့်အသွေးအသားကို ဘုရားသခင်ထံ ဖြောင့်မတ်သော တန်ဆာပ လာအဖြစ် ဆက်ကပ်ခြင်းအားဖြင့် ဘုရားသခင်ကို အစေခံ၍ နာမ တော်ကို ချီးမွမ်းသည်။
 


အသွေးအသားသည် အပြစ်ပြုလိုသည့်ဆန္ဒအစုလိုက် အပုံလိုက် ဖြစ်သည်


အပြစ်ပြုလိုသည့်ဆန္ဒအပြည့်အဝဖြင့်ရှိသောသူများသည် ဘု ရားသခင်ကို အစေခံခြင်း ခေတ္တရပ်တန့်သောအခါ သူတို့သည် အပြစ် ထဲသို့ ချော်ကျသွားခဲ့သည်ကို အံ့သြတွေနေကြသည်။ ကျွန်ုပ်တို့သည် ဘုရားသခင်ကို နှလုံးသားများဖြင့် ယုံကြည်၍ ဂုဏ်တော်ချီးမွမ်းကာ ဘုန်းတော်ထင်ရှားစေလျက် နာခံရကြမည် ဖြစ်သည်။ ကိုယ်တော် ကို နှလုံးသားများဖြင့် နာခံခြင်းမှာ ကိုယ်တော်၏ကျေးဇူးတော် ကောင်းကြီးမင်္ဂလာ ဖြစ်သည်။ ကျွန်ုပ်တို့သည် ကိုယ်တော်ကို နှလုံး သားများဖြင့် ယုံကြည်သည့်အခါမှသာလျှင် ကိုယ်တော်ကို နာခံနိုင် ကြမည် ဖြစ်သည်။ ကျွန်ုပ်တို့သည် အသွေးအသား၌နေကြသောအခါ ပညတ်တော်၏လှုံ့ဆော်မှုအား ဖြင့် အပြစ်ပြုသည့်ဆန္ဒများသည် သေခြင်းကိုသာ သီးရန် ကိုယ်အင်္ဂါများ၌ အမှုပြုသည်။ ကျွန်ုပ်တို့ သည် ကိုယ်တော်ကို နှလုံးသားများဖြင့် ချီးမွမ်းရန် သို့မဟုတ် နာခံ ရန် မသိကြသောအခါ ကျွန်ုပ်တို့အသွေးအသားများသည် အပြစ်ပြု လိုသည့်ဆန္ဒများသို့ လျှင်မြန်စွာ ကျဆင်းခဲ့သည်။ ကျွန်ုပ်တို့အားလုံး သည် တမန်တော်ရှင်ပေါလုကဲ့သို့ ဤအရာကို ပိုင်ဆိုင်ရကြမည် ဖြစ် သည်။
ရှင်ပေါလုသည် မိမိဘဝအားလုံးအတွက် သတင်းကောင်းဟော ပြောခြင်းတစ်ခုသာ ကျန်ရစ်ခဲ့သည်။ သို့သော် အပြစ်သည် အသွေး အသား၏အပြစ်ပြုလိုသည့်ဆန္ဒများအားဖြင့် ရှင်သန်ခဲ့သည်ဟု သူသိ ခဲ့သည်။ သူက “ငါ စိုးရိမ်တယ်။ အရင်က ကျွန်တော်ဝမ်းမြောက်မှု နှင့်ပြည့်ခဲ့တယ်။ သို့သော် ယခု ငါ ဘာကြောင့် စိုးရိမ်နေရတာလဲ။ ဘာများ မှားနေလို့လဲ။ အရင်က ကျွန်တော်ဝိညာဉ်ရေးရာ အားသန် ခဲ့တယ်။ သို့သော် ယခုငါ အချည်းနှီးခံစားရတယ်"ဟု တွေးနိုင်သည်။ သူသည် ထိုအရာကို တွေးတောပြီးနောက် သူက အသွေးအသား သည် နှလုံးသားနှင့်ခွဲခွါခြင်းမပြုဘဲ ကိုယ်တော်ကို အစေမခံနိုင်ခဲ့ သည်ဟု နားလည်သဘောပေါက်ခဲ့သည်။ “အို၊ ငါသည် ငြိုငြင်သော သူ ဖြစ်ပါသည်တကား။ ငါသည် အသွေးအသားဖြင့် ကောင်းသောအ ရာမလုပ်နိုင်ပါ။”
ကျွန်ုပ်တို့သည် နှလုံးသားများဖြင့် ဘုရားသခင်ကို ချီးမွမ်း၍ နာ ခံသောအခါ အသွေးအသားသည် နှလုံးသားအပေါ် အညံ့ခံအရှုံးပေး သည်။ ရှင်ပေါလုသည် ဤအရာကို နားလည်သဘောပေါက်ခဲ့သည်။ ကျွန်ုပ်တို့သည် အခြားဘာတစ်ခုမျှ မလုပ်နိုင်ဘဲ အပြစ်ကျူးလွန် တတ်ကြသည်။ သင်သည် ဤအရာကို နားလည်သဘောပေါက်သ လော။ အပြစ်ကင်းစင်သောသူများသည် နှလုံးသားများဖြင့် ကိုယ် တော်ကို ချီးမွမ်း၍ ယုံကြည်ကာ နာခံသောအခါ အသွေးအသား သည် နှလုံးသားကို နာခံသည်။ လူတစ်ဉီးသည် အစောပိုင်တွင် “ငါ သည် အပြစ်များအားလုံးမှ ကယ်တင်ခြင်းခံခဲ့တယ်။ ဟာလေလု ယာ။ ငါအရမ်း ဝမ်းမြောက်တယ်”ဟု ပြောနိုင်သည်။ သို့သော် အချိန် တန်လာသောအခါ အပြစ်ပို၍ပြုလိုသည့်ဆန္ဒသည် ပို၍ တဖွားဖွား ထင်ရှားလာခဲ့သည်။ ကိုယ်ပိုင်ဖြောင့်မတ်ခြင်းဖြင့် ပြည့်သောသူများ သည် သူတို့အထဲမှ အပြစ်ပြုလိုသည့်ဆန္ဒများ အနည်းငယ် တစ်စစီ ထွက်လာသည်နှင့်အမျှ လွယ်ကူစွာ စိတ်ပျက်တတ်ကြသည်။ သူတို့ သည် မထင်မှတ်ထားခဲ့သော်လည်း သူတို့သည် မိမိကိုယ်ကိုကိုယ် ထင်မြင်သောအရာထက်ပို၍ အမှန်အကန် ဆိုးရွားလာပါသည်။
ကျွန်ုပ်တို့အသွေးအသားသည် အပြစ်ပြုလိုသည့်ဆန္ဒများဖြင့် ပြည့်နေသည်ကို ကျွန်ုပ်တို့သိရကြမည် ဖြစ်သည်။ ကျွန်ုပ်တို့သည် အသွေးအသား၌ ရောင့်ရဲတင်းတိမ်မှုမရှိကြပေ။ သင်သည် ထိုအရာ ပေါ်တွင် မမှီခိုရပေ။ သင်သည် နှလုံးသားအကြွင်းမဲ ဘုရားသခင်၏ ကျေးဇူးတော်ကို ယုံကြည်၍ ကိုယ်တော်ကို ဂုဏ်ပြုကာ နာခံရမည် ဖြစ်သည်။ တရားဟောခြင်း၌ သတ္တိမရှိသူ၊ ကိုယ်ပိုင်ဖြောင့်မတ်ခြင်း ဖြင့်ပြည့်ဝသူ ကျွန်တော့်အား ဘုရားသခင်၏ကျေးဇူးတော်အားဖြင့် သတင်းကောင်းဟောပြောရသောအခွင့်ရရှိခဲ့သောကြောင့် ဘုရားသ ခင်၏နာမတော်သာ၍ ဘုန်းကြီးပါစေ။ ဘုရားသခင်၏ကျေးဇူးတော် မပါလျှင် ကျွန်တော်မည်သို့ လုပ်ဆောင်နိုင်မည်နည်း။ ကျွန်တော် သည် ဘုရားသခင်ကိုသာ ချီးမွမ်းနိုင်သည်။
 

ကျွန်တော့်အား ကိုယ်တော်ကို ချီးမွမ်းစေနိုင်သော ကိုယ်တော်ကို ကျေးဇူးတင်သည်

ကျွန်ုပ်အပြစ်များအားလုံးကို ဆေးကြောပေးတော်မူ၍ အသွေး အသားဖြင့်မဟုတ်၊ နှလုံးသားဖြင့် ကိုယ်တော်ကို ချီးမွမ်းထောမနာ ပြုရန် သန့်ရှင်းသောဝိညာဉ်တော်ပေးအပ်တော်မူခဲ့သော ကိုယ်တော် ကို ကျေးဇူးတင်သည်။ ကျွန်ုပ်တို့သည် ကိုယ်တော်ကို နှလုံးသားအ ကြွင်းမဲ့ယုံကြည်ကြသောကြောင့် ကိုယ်တော့်ကို ချီးမွမ်း၍ ဘုန်း တော်ထင်ရှားစေနိုင်ကြသည်။
“ထို့ကြောင့် ငါတို့သည် အစဉ်အမြဲယုံကြည်စိတ်ချမှုရှိကြ၏။ ဤကိုယ်ခန္ဓာ၌ ငါတို့ရှိနေသရွေ့ သခင်ဘုရားနှင့်ဝေးကွာလျက်ရှိကြောင်းကိုလည်း ငါတို့သိကြ၏”(၂ကော ၅း၆)။ ကျွန်ုပ်တို့အပြစ်များ အားလုံးမှ ကျွန်ုပ်တို့ကို ကယ်တင်တော်မူခဲ့သော ကိုယ်တော်ကို ကျွန်တော်ချီးမွမ်းသည်။ ကိုယ်တော်ကို ကျွန်တော်ချီးမွမ်း၍ ကျေးဇူး တင်သည်။ ကိုယ်တော်၏ဘုန်းတော်ကို ကျွန်တော်ထင်ရှားစေ၍ ယုံ ကြည်သည်။ ကျွန်ုပ်တို့သည် အပြစ်ပြုလိုသည်ဆန္ဒများဖြင့် အသက် ရှင်ကြပြီးနောက် သေခြင်းသို့ ဉီးတည်နေကြသော်လည်း ကိုယ် တော်သည် ကျွန်ုပ်တို့အား အပြစ်များအားလုံးမှ ကယ်တင်တော်မူခဲ့ သည်။ ကိုယ်တော်သည် ကျွန်ုပ်တို့အား ဘုရားသခင်ကို နှလုံးသား များဖြင့် ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းရရှိ စေတော်မူခဲ့သည်။ ကိုယ်တော်သည် ကျွန်ုပ်တို့အား ကိုယ်တော်ကို ချီးမွမ်းစေ၍ ဝမ်း မြောက်မှုကို ပေးအပ်တော်မူခဲ့သည်။
ဘုရားသခင်ကို အသွေးအသားဖြင့် အစေခံရန် မကြိုးစားပါနှင့်။ လုံးဝမဖြစ်နိုင်ပေ။ ဇာတိအသွေးအသားဖြင့် ကောင်းမှုကုသိုလ်ပြုရန် မကြိုးစားပါနှင့်။ လုံးဝအစေခံနိုင်မည်မဟုတ်ပေ။ အသွေးအသားနှင့် စပ်ဆိုင်၍ ကြိုးစားအားထုတ်မှုအားလုံး စွန့်လွှတ်ပါ။ ထိုနောက် ကျွန်ုပ်တို့သည် ဘုရားသခင်ကို မည်သို့ နာခံနိုင်ကြမည်နည်း။ အဖြေ မှာ နှလုံးသားများဖြင့် နာခံရကြမည် ဖြစ်သည်။ ကျွန်ုပ်တို့သည် ဝိ ညာဉ်အသစ်ပြုပြင်ခြင်းအားဖြင့် နှလုံးသားဖြင့် ကိုယ်တော်ကို အစေ ခံနိုင်ကြသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့အား ကယ်တင်တော်မူခဲ့ သောကြောင့် ကိုယ်တော်ကို နှလုံးသားဖြင့် နာခံနိုင်၍ ကယ်တင်ခြင်း ရရှိနိုင်ခြင်း ဖြစ်သည်။
ဘုရားသခင်ကို ချီးမွမ်းပါသည်။ လူပေါင်းမည်မျှ မိမိအပေါ် ငို ကြွေးမြည်တမ်းနေကြသနည်း။ သူတို့သည် သက်ပြင်းချ၍ မိမိအပေါ် “ငါ ဘာကြောင့် ဒီလိုကျင့်ခဲ့သလဲ”ဟု ပြောကာ စိတ်နာကျည်းမှုခံစား ရကြသည်။ သူတို့နှင့် မတူသင့်ပေ။ သင်သည် အသွေးအသားဖြင့် အပြစ်မကျူးလွန်ခြင်းမှာ မဖြစ်နိုင်သောအရာ ဖြစ်သည်။ မဖြစ်နိုင် သောအရာကို လုပ်ဆောင်ရန် မကြိုးစားပါနှင့်။ သင်သည် ဘုရားသ ခင်ကို ယုံကြည်၍ နှလုံးသားဖြင့် ကိုယ်တော်ကို ချီးမွမ်းနိုင်မည်အ ကြောင်း ကျွန်တော်ဆန္ဒပြုသည်။ ထိုနောက် အသွေးအသားသည် နှလုံးသားကို နာခံလိမ့်မည်။ သင်သည် ကယ်တင်ခြင်းခံရပြီးနောက် အသွေးအသားဖြင့် ကိုယ်တော်ကိုနာခံရန် အချိန်ကြာြမှင့်စွာ ကြိုးစား ခဲ့သလော။ သင်သည် လုပ်သင့်သောအရာကို မလုပ်နိုင်သောကြောင့် ပြဿနာတစ်ခုရှိသလော။ ရှိလျှင် သင်သည် ကိုယ်တော်ကို နှလုံး သားဖြင့်မဟုတ် အသွေးအသားဖြင့် အစေခံရန် ကြိုးစားခဲ့သည်မှာ ပြ ဿနာဖြစ်သည်။  ကျွန်တော့်ကို မထီမဲ့မြင်ပြု၍ အသရေဖျက်သော သူများက ဘာပြောနေသည်ကို သင်သိသလော။ သူတို့သည် ကျွန် တော့်ကို ပျက်ရယ်ပြုကြ၍ ကျိန်ဆဲနေကြသည်။ သို့သော် သူတို့ သည် ကျွန်တော်၌ဖြစ်ပျက်နေသောအရာကို မသိသည်ဟု ကျွန် တော်သိသောကြောင့် ကျွန်တော်သည် သူတို့ကို အပြုံးမျက်နှာဖြင့် ကြည့်နေသည်။
ကိုယ်တော်သည် ကျွန်တော့်အပြစ်များအားလုံးကို ဆေးကြော ပေးတော်မူခဲ့သောကြောင့် ကျွန်တော်သည် သတင်းကောင်းဟော ပြောနိုင်ခြင်း ဖြစ်သည်။ ကိုယ်တော်သည် ကျွန်ုပ်အပြစ်များအားလုံး ကို ဆေးကြောပေးတော်မမူခဲ့လျှင် ကျွန်တော်သည် တရားစီရင်ခြင်း ခံရ၍ ဘုရားသခင်ထံ သေနေလိမ့်မည်။ ဘုရားသခင်သည် ဝိညာဉ် တော်အားဖြင့် ကျွန်ုပ်တို့အား ပြည့်စုံသောသူများဖြစ်စေတော်မူခဲ့ သည်။ ကိုယ်တော်သည် ကျွန်ုပ်တို့အား ကိုယ်တော့်ကို ချီးမွမ်းသော သူများ ဖြစ်စေတော်မူခဲ့သည်။ ကိုယ်တော်သည် ကျွန်ုပ်တို့သည် ကျေးဇူးတင်တတ်သောစိတ်များဖြင့် အသက်ရှင်စေတော်မူခဲ့သည်။ ကိုယ်တော်သည် ကျွန်ုပ်တို့အား ကိုယ်တော်၏ကောင်းကြီးမင်္ဂလာ များ၌ဝမ်းမြောက်စေတော်မူခဲ့သည်။ ဘုရားသခင်ဘုန်းကြီး‌တော်မူပါ စေ။ ကျွန်ုပ်တို့အား ကိုယ်တော်၏သားသမီးဖြစ်စေတော်မူသော ဘု ရားသခင်ကို ချီးမွမ်းပါ။ ကိုယ်တော်၏နာမတော်သာလျှင် ကမ္ဘာအ ဆက်ဆက် ဘုန်းကြီးတော်မူပါစေ။
အချိန်မနှောင်းသေးပါ။ အသွေးအသား၌ ရောင့်ရဲတင်းတိမ်မှုမ ရှိပါနှင့်။ အပြစ်ပြုလိုသည့်ဆန္ဒများသည် ပထမနှင့်အနည်းငယ်သော အခွင့်အလမ်း၌ ကျွန်ုပ်တို့ထံမှ ထွက်လာသည်။ အသွေးအသားသည် ဘုရားသခင်၏အလိုတော်ထက် အမြဲတမ်းပို၍ ဉီးစားပေးလိုသည်။ ဤအကြောင်းကြောင့် ဘုရားသခင်၏အလိုတော်နာခံခြင်းသည် ယုံ ကြည်ခြင်းအားဖြင့်သာ ဖြစ်နိုင်ခြင်း ဖြစ်သည်။ ဇာတိအသွေးအသား အားဖြင့် လုံးဝမဖြစ်နိုင်ပေ။ သင်သည် ကယ်တင်ခြင်းခံရပြီးနောက် မိမိကိုယ်ကိုကိုယ် မလှည့်ဖြားပါနှင့်။ အသွေးအသားသည် အမြဲတမ်း မပြည့်စုံ၊ အားနည်းသည်ဟု ကျွန်ုပ်တို့သည် ကောင်းမွန်စွာ သိကြ သောကြောင့် အသွေးအသား၏လွှမ်းမိုးမှုအောက်တွင် ကယ်တင် ခြင်းကို လျစ်လျူရှုလျက် ခြေချော်ရန် ဖြစ်နိုင်သေးသည်။
ကျွန်ုပ်တို့သည် ဝိညာဉ်လူများ၊ ယုံကြည်ခြင်းအားကြီးသူများ ဖြစ်ကြသည်။ အသွေးအသား၌ ရောင့်ရဲတင်းတိမ်မှုမထားပါနှင့်။ ပြန် ပြောပါရစေ။ “ကျွန်တော့်ကိုယ်ခန္ဓာအသွေးအသားသည် အမှိုက်ပုံး နှင့်တူသည်။” ဤအရာကို သတိရရန် ကျွန်တော်ဆန္ဒပြုလိုက်သည်။ မိမိကိုယ်ကိုကိုယ် အားမကိုးပါနှင့်။ ကျွန်ုပ်တို့သည် နှလုံးသားများဖြင့် ဘုရားသခင်ကို ယုံကြည်၍ နာခံရကြမည် ဖြစ်သည်။ ဘုရားသခင်၏ ပညတ်တော်အမျက်အားလုံးမှ ကျွန်ုပ်တို့ကို ကယ်တင်ခြင်းအတွက် ကိုယ်တော်ကို ကျေးဇူးတင်၍ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းသည်။ ဟာလေလုယာ!