Search

တရားဟောချက်များ

ဘာသာရပ် ၉ - ရောမဩဝါဒစာ (ရောမဩဝါဒစာအနက်ဖွင့်ကျမ်းများ)

[7-2] ရှင်ပေါလုယုံကြည်မှု၏အနှစ်-အပြစ်၌အသေခံပြီး ခရစ်တော်နှင့်စည်းလုံးခြင်း (‌ရောမ ၇း၁-၄)

(‌ရောမ ၇း၁-၄)
“ညီအစ်ကိုတို့၊ ပညတ်တရားကိုသိထားသောသူတို့အား ငါဆို သည်ကား ပညတ်တရားသည် လူတစ်ဦးကို သူအသက်ရှင်နေသမျှကာလ၌သာ ချုပ်ကိုင်ထားသည်ကို သင်တို့မသိကြသလော။ ဥပမာဆိုသော် ကာမပိုင်ရှိသောအမျိုးသမီးတစ်ဦးသည် ပညတ်တရားအရ အသက်ရှင်နေသောခင်ပွန်းနှင့်အနှောင်အဖွဲ့ရှိ၏။ ခင်ပွန်းသေလျှင်မူကားခင်ပွန်းနှင့်ပတ်သက်သောပညတ်တရားမှ ကင်းလွတ်၏။ သို့ဖြစ်၍ ခင်ပွန်းအသက်ရှင်နေစဉ် အခြားသောယောက်ျားနှင့်ပေါင်းလျှင် ဖောက်ပြန်သောမိန်းမဟု အခေါ်ခံရလိမ့်မည်။ ခင်ပွန်းသေဆုံးလျှင်မူကား ထိုပညတ်တရားမှ ကင်းလွတ်သည်ဖြစ်၍ အခြားသော ယောက်ျားနှင့်ပေါင်းသော်လည်း ဖောက်ပြန်သောမိန်းမမဟုတ်ပေ။ ထိုနည်းတူ ငါ့ညီအစ်ကိုတို့၊ သင်တို့သည်လည်း ခရစ်တော်၏ကိုယ် ခန္ဓာအားဖြင့် ပညတ်တရားအရာ၌ သေဆုံးခဲ့ကြပြီ။ ဤသည်ကား သင်တို့သည်အခြားသူတည်းဟူသောသေသောသူတို့ထဲမှ ထမြောက် တော်မူသောအရှင်နှင့် သက်ဆိုင်သောသူများဖြစ်လာကြပြီး ဘုရား သခင်အတွက် အသီးများဖြစ်ထွန်းစေရန်ဖြစ်၏။”
 

သင်သည် ချည်နှောင်ထားသော ချည်ထုတ်ကို မြင်တွေ့ခဲ့ဖူးသ လော။ အကယ်၍ သင်သည် တမန်တော်ရှင်ပေါလုယုံကြည်ခဲ့သော သခင်ယေရှု၏ဗတ္တိဇံသမ္မာတရားကို မသိဘဲ ဤအခန်းကိုနားလည် သဘောပေါက်ရန် ကြိုးစားနေလျှင် သင်၏ယုံကြည်မှုသည် ယခင် ထက်ပို၍ ရှုပ်ထွေးပွေလီဖြစ်လိမ့်မည်။
ရှင်ပေါလုက  လူတိုင်းသည် ဘုရားသခင်၏ပညတ်တော်ရှေ့၌ လုံး၏အပြစ်ကျူးလွန်ကြသောကြောင့် ဝိညာဉ်ရေးရာသေခဲ့ပြီး နောက် မည်သူမည်ဝါမျှ သခင်ယေရှုခရစ်တော်ထံတော်သို့သွား၍ ဒု တိယမွေးဖွားခြင်းမခံရနိုင်ပေ။
 


ရှင်ပေါလုနားလည်ခဲ့သောသမ္မာတရား


ရောမ ၇း၇ တွင် “သို့ဖြစ်လျှင် မည်သို့ဆိုရမည်နည်း။ ပညတ်တရားသည် အပြစ်လော။ လုံးဝမဟုတ်ပေ။ သို့သော် ပညတ်တရားအားဖြင့်မဟုတ်လျှင် အပြစ်ကို ငါသိခဲ့မည်မဟုတ်။ အဘယ်ကြောင့်ဆိုသော် “တပ်မက်သောစိတ်မရှိရ”ဟု ပညတ်တရားက မဆိုထားလျှင် တပ်မက်ခြင်းကို ငါသိခဲ့မည်မဟုတ်”ဟုဖော်ပြထားသည်။ ရှင် ပေါလုက “သို့သော် အပြစ်သည် ပညတ်တော်အားဖြင့် အခွင့်ရကာ ငါ၌ တပ်မက်ခြင်းမျိုးစုံကို ဖြစ်ပေါ်စေ၏။ တစ်နည်းဆိုသော် ပညတ်တရားမရှိလျှင် အပြစ်သည် အသေဖြစ်၏”ဟု ဆက်လက်ဖော်ပြထား သည်။ ထိုပြင် သူက “သို့သော် အပြစ်တရား သည် ပညတ်တော် အားဖြင့် အခွင့်အရေးယူ၍ ငါ့အထဲ၌ ဆိုးသွမ်းမှုဆန္ဒအားလုံးကို ထုတ်လုပ်ခဲ့သည်”ဟု ထည့်သွင်းထားသည်။  ရှင်ပေါ လုက သူသည် ဘုရားသခင်၏ပညတ်တော်အပိုဒ်ပေါင်း ၆၁၃ ချက် အားလုံးကို ချိုးဖောက်ခဲ့သည်ဟု နားလည်ခဲ့သည်။ တစ်နည်းအား ဖြင့်၊ သူသည် ပထမဆုံးလူသားအာဒံ၏အမျိုးအနွယ်ဖြစ်၍ အပြစ်ဒုစရိုက်၌ မွေး ဖွားခဲ့ကာ သူ၏မိခင်းအားဖြင့် အပြစ်၌ ပဋိသန္ဓေတည်ခဲ့ သော ကြောင့်သူသည် အပြစ်များဖြင့်ပိ၍အခြားမည်သည့်အရာတစ် စုံတစ် ခုမျှမလုပ်နိုင်ဘဲ အပြစ်များစွာ ကျူးလွန်နေရခြင်း ဖြစ်သည်။
ဤလောကသို့ဖွားမြင်လာသောလူသားအားလုံးသည် မေးစက တည်းက သေသည့်ထိတိုင်အောင် အပြစ်ကျူးလွန်နေကြသည်။ ထို ကြောင့် သူတို့သည် ဘုရားသခင်၏ပညတ်တော်များကို မစောင့် ရှောက်နိုင်ကြပေ။ ဤအပြစ်များစွာတို့သည် ဘုရားသခင်၏အထုံးအ ဖွဲ့ ၆၁၃ပိုဒ်နှင့်ပညတ်တော်ကို မည်သို့စောင့်ရှောက်နိုင်ကြမည်နည်း။
ကျွန်ုပ်တို့သည် ဘုရားသခင်၏ပညတ်တော်ရှေ့၌ အပြစ်သား များဖြစ်ကြသည်ဟု အသိအမှတ်ပြုမှသာလျှင် သခင်ယေရှုခရစ် တော်၊ ဘုရားသခင်၏ဖြောင့်မတ်ခြင်းသို့ သွားနိုင်ကြ၍ ကျွန်ုပ်တို့ သည် နောက်ဆုံးတွင် သခင်ယေရှုခရစ်တော်းအားဖြင့် အပြစ်မှ ရွေး နှုတ်ကယ်တင်ခြင်းခံနိုင်ကြသည်ဟု နားလည်သဘောပေါက်ကြ သည်။  သခင်ယေရှုခရစ်တော်သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်း ဖြစ်တော်မူခဲ့သည်။ ကိုယ်တော်သည် ယောဟန်ထံမှ ဗတ္တိဇံခံယူ တော်မူခြင်းနှင့် ကားတိုင်ပေါ်တွင် အသွေးတော်သွန်းလောင်းတော်မူ ခြင်းအားဖြင့် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ကျွန်ုပ်တို့ထံ ယူလာ တော်မူခဲ့သည်။ ထိုကြောင့် ကျွန်ုပ်တို့အားလုံးသည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို သိ၍ ယုံကြည်ရကြမည် ဖြစ်သည်။ ဘုရားသခင် ၏ဖြောင့်မတ်ခြင်းသည် ကိုယ်တော်၌တွေ့သောကြောင့် ကျွန်ုပ်တို့ သည် သခင်ယေရှုကို ယုံကြည်ရကြမည့်အကြောင်းရင်း ဖြစ်သည်။
သင်သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို သိ၍ ယုံကြည်သ လော။ ဘုရားသခင်၏ဖြောင့်မတ်ခြင်းမှာ ရေနှင့်ဝိညာဉ်တော်သ တင်းကောင်း၌ ဝှက်ထားသော လျှို့ဝှက်ချက် ဖြစ်သည်။ ဤလျှို့ဝှက် ချက်မှာ ယောဒန်မြစ်၌ ယောဟန်ထံမှ သခင်ယေရှုခံယူတော်မူခဲ့ သော ဗတ္တိဇံ၌ အားလုံးပါဝင်လျက်ရှိသည်။ သင်သည် ဤလျှို့ဝှက် ချက်ကို သိလိုသလော။ သင်သည် ဤသမ္မာတရားကို ယုံကြည်လို လျှင် သင်၏ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ရရှိလိမ့်မည်။
ကျွန်ုပ်တို့သည် ဘုရားသခင်၏ပညတ်တော်နှင့်အထုံးအဖွဲ့များ အကြောင်းကို မသိမီ ကျွန်ုပ်တို့သည် နေ့စဉ်နေ့တိုင်းအပြစ်ကျူးလွန် ခဲ့ကြသော်လည်း အပြစ်သားများမဟုတ်ကဲ့သို့ အသက်ရှင်တတ်ကြ သည်။ သို့သော် ကျွန်ုပ်တို့သည် ဘုရားကျောင်းသို့ တက်ရောက်ခဲ့ကြ ပြီးနောက် ကျွန်ုပ်တို့သည် အပြစ်များအမှန်အကန် ကျူးလွန်ခဲ့ကြ သည်ကိုလည်းကောင်း၊ ကျွန်ုပ်တို့အထဲ၌ ထင်ရှားသောအပြစ်များ ကြောင့် ကျွန်ုပ်တို့သည် ဝိညာဉ်ရေးရာသေရမည့်သူများဖြစ်ကြသည် ကိုလည်းကြောင်း ကျွန်ုပ်တို့ နားလည်သဘောပေါက်ကြသည်။ ထို ကြောင့် တမန်တော်ရှင်ပေါလုသည် ဝိညာဉ်တော်များအား သခင် ယေရှုခရစ်တော်ထံသို့ လမ်းပြနိုင်ရန်အတွက် သူသည် အတိတ်က ဘုရားသခင်၏ပညတ်တော်နှင့်အထုံးအဖွဲ့များမှားယွင်းစွာ နားလည် သဘောပေါက်၍ ယုံကြည်ခဲ့သောအချိန်များကို ပြန်လည် တင်ပြခဲ့ သည်။ 
ဤတွင် သင်သည် ဘုရားသခင်၏ပညတ်တော်အခန်းကဏ္ဌကို နားလည်သဘောပေါက်နိုင်ရန်အတွက် စံနမူနာတစ်ခုကို ဖော်ပြထား သည်။ ယခုတွင် ကျွန်တော်သည် ကျမ်းစာကို ဆုပ်ကိုင်ထားသည်။ အကယ်၍ ကျွန်တော်သည် “ကျမ်းစာ၌ ဝှက်ထားသောအရာများကို ရှာဖွေတွေ့ရှိရန် ဤစာအုပ်အတွင်းကို ကြည့်ရန် မကြိုးစားပါနှင့်”ဟု ပြော၍ ဤကျမ်းစာ၏အရွက်များအကြား ကြီးမားသောအရေးပါမှု တစ်စုံတစ်ခုကို ဖုံးအုပ်၍ စားပွဲပေါ်တွင် သင်နှင့်အတူ ခေတ္တချန်ထား ခဲ့လျှင် သင်သည် မည်သို့ တုံ့ပြန်လိမ့်မည်နည်း။ သင်သည် ကျွန် တော့်စကားကို ကြားသည်နှင့်တပြိုင်တည်း ထိုကျမ်းစာတွင်ဖုံးအုပ် ထားသောအရာကို သိရန် ဆန္ဒပြင်းပြပါလိမ့်မည်။ ဤစိတ်ပြင်းပြင်မှု ကြောင့် သင်သည် ကျွန်ုပ်၏ညွှန်ကြားချက်ကို ချိုးဖောက်လိမ့်မည်။ ထိုကျမ်းစာတွင် ဖုံးအုပ်ထားသောအရာအကြောင်းနှင့်ပတ်သက်၍ သင်သည် မိမိကိုယ်ကိုကိုယ် သိချင်လာခဲ့သောအခါ သင်သည် အ ခြားရွေးချယ်စရာမရှိဘဲ ရှာဖွေရတော့မည် ဖြစ်သည်။ သို့သော် ကျွန် တော်သည် သင့်အား ကျမ်းစာကို မကြည့်ပါနှင့်ဟု မပြောလျှင် သင် သည် စုံစမ်းခြင်းကို ဘယ်တော့မှ ခံရတော့မည် မဟုတ်ပေ။ ထိုနည်း တူ ဘုရားသခင်သည် ကျွန်ုပ်တို့အား မိန့်တော်မူသောအခါ ကျွန်ုပ်တို့ အထဲ၌ မြည်တမ်းသောအပြစ်များသည် ပတ်ဝန်းကျင်အခြေအနေ များနှင့်အညီ မိမိကိုယ်ကိုကိုယ် ထင်ရှားလိမ့်မည်။ 
လူသားများထံ ဘုရားသခင်ပေးအပ်တော်မူခဲ့သောပညတ်တော် သည် လူသားများ၏နှလုံးသားများ၌ထင်ရှားသောအပြစ်၏အခန်း ကဏ္ဌဖြစ်သည်။ ကျွန်ုပ်တို့သည် ပညတ်တော်ကို စောင့်ရှောက်၍ လိုက်လျှောက်နိုင်ကြရန်အတွက် ကိုယ်တော်သည် ပေးအပ်တော်မူ ခြင်းမဟုတ်ဘဲ ကျွန်ုပ်တို့အပြစ်များကို ထင်ရှားစေ၍ ကျွန်ုပ်တို့အား အပြစ်သားများဖြစ်စေရန်အတွက် ပညတ်တော်ပေးအပ်တော်မူခြင်း ဖြစ်သည်။  ယောဟန်ထံမှ သခင်ယေရှုခံယူတော်မူခဲ့သောဗတ္တိဇံနှင့် ကားတိုင်ပေါ်တွင် သွန်းလောင်းသောအသွေးတော်၌ တွေ့ရသော ဘု ရားသခင်၏ဖြောင့်မတ်ခြင်းကို မယုံကြည်၊ သခင်ယေရှုခရစ်တော်ထံ တော်သို့ တိုးဝင်ချဉ်းကပ်ခြင်းလည်းမရှိလျှင် ကျွန်ုပ်တို့အားလုံးသည် ပျက်စီးကြလိမ့်မည်။ ပညတ်တော်၏အခန်းကဏ္ဌမှာ ကျွန်ုပ်တို့အား ခရစ်တော်ထံသို့ ပို့ဆောင်၍ ကိုယ်တော်အားဖြင့် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို ယုံကြည်မှု ကူညီပေးရန်အတွက် ဖြစ်သည်။ 
ဤအကြောင်းကြောင့် တမန်တော်ရှင်ပေါလုက “သို့သော် အပြစ်သည် ပညတ်တော်အားဖြင့် အခွင့်ရကာ ငါ၌ တပ်မက်ခြင်းမျိုးစုံကို ဖြစ်ပေါ်စေ၏။ တစ်နည်းဆိုသော် ပညတ်တရားမရှိလျှင် အပြစ်သည် အသေဖြစ်၏”(ရောမ ၇း၈)ဟု သက်သေခံခဲ့သည်။ ဘုရားသခင်၏ပညတ်တော်အားဖြင့် တမန်တော်ရှင်ပေါလုသည် အပြစ်၏အခြေခံသဘောတရားများသည် အဘယ်အရာဖြစ်သည်ကို ပြသခဲ့သည်။ သူက မိမိသည် အပြစ်သား တစ်ဉီးဖြစ်သည်ဟု မိမိအ ခြေခံသဘောကို ဝန်ခံခဲ့သည်။ သို့သော် သူသည် သခင်ယေရှုခရစ် တော်အားဖြင့် ပေးအပ်တော်မူသော ဘုရားသ ခင်၏ဖြောင့်မတ်ခြင်း ကို ယုံကြည်ခြင်းအားဖြင့် ထာဝရအသက်ကို လည်းရရှိခဲ့သည်။
 

ရှင်ပေါလု၏မြည်တမ်းခြင်းနှင့်ယုံကြည်မှု

ရှင်ပေါလုက “ငါသည် အလွန်စိတ်ပျက်ဖွယ်ကောင်းသောသူဖြစ်ပေ၏။ မည်သူသည် သေခြင်းနှင့်ဆိုင်သော ဤကိုယ်ခန္ဓာမှ ငါ့ကို ကယ်နုတ်မည်နည်း။သို့သော် ငါတို့၏သခင်ယေရှုခရစ်တော်အားဖြင့် ဘုရားသခင်၏ကျေးဇူးတော်ကိုချီးမွမ်း၏။ ဤသို့ဖြင့် ငါသည် မိမိစိတ်နှလုံးအားဖြင့် ဘုရားသခင်၏တရားတော်ကို အစေခံလျက်ရှိသော်လည်း သွေးသားဇာတိအားဖြင့် အပြစ်နှင့်ဆိုင်သောတရားကို အစေခံလျက်ရှိ၏”(ရောမ ၇း၂၄-၂၅)။
ရှင်ပေါလုက ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ပိုင်ဆိုင်သောသူ ပင်လျှင် အပြစ်ကျူးလွန်ခဲ့၍ ထိုသို့အားဖြင့် သူနှင့်လူသားအားလုံး သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို အလွန်အမင်းလိုအပ်လျက် ရှိသည်ဟု သူကိုယ်တိုင်အသိအမှတ်ပြုခဲ့သည်။
ကျွန်ုပ်တို့သည် သခင်ယေရှုခံယူတော်မူခဲ့သော ဗတ္တိဇံ၌ လျှို့ ဝှက်စွာဝက်ထားသောအရာများကို မှန်ကန်စွာ သိခြင်းအားဖြင့် ဘု ရားသခင်၏ဖြောင့်မတ်ခြင်းကို ရရှိ၍ ယုံကြည်သင့်ကြသည်။ သင်နှင့် ကျွန်တော်တို့သည် ခရစ်တော်၏ဗတ္တိဇံနှင့်ကားတိုင်ပေါ်တွင် သွန်း လောင်းသောအသွေးတော်၌ တွေ့ရသော ဘုရားသခင်၏ဖြောင့်မတ် ခြင်းကို သိ၍ ယုံကြည်သင့်ကြသည်။ ထိုနောက် အပြစ်ဒုစရိုက်သာ ပြုတတ်သော ကျွန်ုပ်တို့ဝိညာဉ်များနှင့်ဇာတိအသွေးအသားများ သည် အပြစ်များမှ လွှတ်မြောက်ခွင့်ရရှိနိုင်ကြသည်။ ခရစ်တော်၏ ဗတ္တိဇံနှင့် ကားတိုင်ပေါ်တွင် အသွေးတော်တို့သည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို ပြည့်စုံစေခဲ့သည်ဟူသော အချက်ကို ကျွန်ုပ်တို့မ မေ့အပ်ကြပေ။
ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို မသိသောသူများသည် အဆုံး ထိတိုင်အောင် ကိုယ်တော်၏ပညတ်တော်ကို စောင့်ရှောက်ရန် မည် သို့ပင် ကြိုးစားနေစေကာမူ သူတို့သည် အပြစ်သားများအဖြစ်သာ နေရစ်နိုင်ကြသည်။ ဘုရားသခင်၏ပညတ်တော်ကို စောင့်ရှောက်ရန် ပေးအပ်ခဲ့ခြင်းမဟုတ်သည်ကို ကျွန်ုပ်တို့နားလည်သဘောပေါက်ရ ကြမည် ဖြစ်သည်။ သို့သော် ပညတ်တရားကျင့်ဆောင်သူများသည် ကားတိုင်ပေါ်တွင် အသွေးတော်နှင့်အတူ သခင်ယေရှုခံယူတော်မူခဲ့ သော “ဗတ္တိဇံ”၌ ချထားသော ရွေးနှုတ်ခြင်းလျှို့ဝှက်ချက်ကို နားမ လည်ကြပေ။ ဤဆိုးကျိုးကြောင့် သူတို့က ပညတ်တော်အား နာခံ လိုက်လျှောက်ရန် ပေးအပ်သည်ဟု ယူဆခြင်းအားဖြင့် ဘုရားသခင် ၏ပညတ်တော်ကို နားလည်မှုလွှဲချော်ခဲ့၍ စိတ်ရှုပ်ထွေးမှုဖြင့် ဆက် လက်အသက်ရှင်နေကြသည်။ သို့သော် ကျွန်ုပ်တို့သည် ပညတ်တော် အားဖြင့် အပြစ်များကို အသိအမှတ်ပြုကြ၍ ဘုရားသခင်၏ဖြောင့် မတ်ခြင်းကို ယုံကြည်ခြင်းအားဖြင့် အသက်ရှင်ရကြမည် ဖြစ်သည်။  ကျွန်ုပ်တို့သည် ဤဘုရားသခင်၏ဖြောင့်မတ်ခြင်းကို မိမိကိုယ်ပိုင် ဖြောင့်မတ်ခြင်းကို လိုက်လံရှာဖွေခြင်းအားဖြင့် ဆန့်ကျင်ဘက်မပြု အပ်ကြပေ။ သို့သော် ကျွန်ုပ်တို့သည် ခရစ်တော်၏ဗတ္တိဇံနှင့် ကား တိုင်ပေါ်တွင် အသွေးအားဖြင့် ပြည့်စုံခဲ့သောဘုရားသခင်၏ဖြောင့် မတ်ခြင်းကို ယုံကြည်ရကြမည် ဖြစ်သည်။ တစ်နည်းအားဖြင့် ကျွန်ုပ်် တို့သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ပြည့်စုံစေတော်မူခဲ့သော ကိုယ်တော့်အပေါ် ကျေးဇူးတင်ခြင်းများကို သင်ယူရကြမည် ဖြစ် သည်။ 
ဤအကြောင်းကြောင့် ရှင်ပေါလုက မိမိကိုယ်ခန္ဓာကို ကြည့်၍ “အို ငါသည် ငြိုငြင်သောသူဖြစ်ပါသည်တကား”ဟု ညည်းတွားခဲ့ သော်လည်း သခင်ယေရှုခရစ်တော်အားဖြင့် ဘုရားသခင်ထံကျေးဇူး တော်ချီးမွမ်းခဲ့သည်။ ရှင်ပေါလုသည် ဤသို့ ဝန်ခံခြင်းအကြောင်းမှာ သူသည် အပြစ်ပို၍ကျူးလွန်လေလေ သခင်ယေရှု၏ဗတ္တိဇံနှင့်ကား တိုင်ပေါ်တွင် အသွေးတော်တို့သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်း ကို ပို၍ ပြည့်စုံလေလေ ဖြစ်ခြင်း ဖြစ်သည်။ ကျွန်ုပ်တို့သည်လည်း ဇာတိအသွေးအသား၏ပညတ်တော်နှင့် ဘုရားသခင်၏ဖြောင့်မတ် ခြင်းအကြား ခက်ခဲသောဘဝဖြင့်အသက်ရှင်လျှင်ပင် သခင်ယေရှုခ ရစ်တော်ကို ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းခံရကြသော ကြောင့် ကျွန်ုပ်တို့သည်  ဝမ်းမြောက်မှုနှင့်အောင်မြင်မှုဖြင့် ကြွေး ကြော်နိုင်ကြခြင်း ဖြစ်သည်။ ရှင်ပေါလုပိုင်ဆိုင်သောယုံကြည်မှုမှာ သခင်ယေရှုခရစ်တော်၏ဗတ္တိဇံနှင့် ကားတိုင်ပေါ်တွင် အသွေးတော် ကို ယုံကြည်ခြင်းတစ်ခု ဖြစ်သည်။ ထိုကြောင့် ရှင်ပေါလုသည် ဘုရား သခင်၏ဖြောင့်မတ်ခြင်းကို ယုံကြည်ခြင်း၌ ကိန်းဝပ်နိုင်၍ သူသည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ယုံကြည်ခြင်းအားဖြင့် ကိုယ်တော် ထံတော်သို့ ချီးမွမ်းခြင်းအလုံးစုံကို ဆက်ကပ်နိုင်သောသူဖြစ်သည်။
ရောမ အခန်းကြီး ၇ တွင် ရှင်ပေါလုက ဘဝဟောင်း၌ သူ၏ငြို ငြင်သောအခြေအနေအကြောင်းကို ဖော်ပြထား၍ နောက်ပိုင်းတွင် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ယုံကြည်သောအောင်မြင်ခြင်းနှင့် နှိုင်းယှဉ်ထားသည်။
“ညီအစ်ကိုတို့၊ ပညတ်တရားကိုသိထားသောသူတို့အား ငါဆိုသည်ကား ပညတ်တရားသည် လူတစ်ဦးကို သူအသက်ရှင်နေသမျှကာလ၌သာ ချုပ်ကိုင်ထားသည်ကို သင်တို့မသိကြသလော”(ရောမ ၇း၁)။
အခန်းကြီး ၇ ၏အရေးကြီးဆုံးသောအကြောင်းအရာကို အပိုဒ် ငယ် ၂၄နှင့် ၂၅ တို့တွင် တွေ့ရသည်။ ရှင်ပေါလုက “ငါသည် အလွန်စိတ်ပျက်ဖွယ်ကောင်းသောသူဖြစ်ပေ၏။ မည်သူသည် သေခြင်းနှင့်ဆိုင်သော ဤကိုယ်ခန္ဓာမှ ငါ့ကို ကယ်နုတ်မည်နည်း။ သို့သော် ငါတို့၏သခင်ယေရှုခရစ်တော်အားဖြင့် ဘုရားသခင်၏ကျေးဇူးတော်ကိုချီးမွမ်း၏။ ဤသို့ဖြင့် ငါသည် မိမိစိတ်နှလုံးအားဖြင့် ဘုရားသခင်၏တရားတော်ကို အစေခံလျက်ရှိသော်လည်း သွေးသားဇာတိအားဖြင့် အပြစ်နှင့်ဆိုင်သောတရားကိုအစေခံလျက်ရှိ၏”ဟုဖော်ပြထားသည်။
ရောမ အခန်းကြီး ၆ တွင် ရှင်ပေါလုက ခရစ်တော်နှင့်စည်းလုံး ၍ အတူတူသင်္ဂြိုဟ်ခြင်းနှင့်ရှင်ပြန်ထမြောက်စေရန် လမ်းပြပေး သောယုံကြည်ခြင်းအကြောင်းကို ပြောခဲ့သည်။ ကျွန်ုပ်တို့သည် ကိုယ် တော်၏ဗတ္တိဇံနှင့် ကားတိုင်ပေါ်တွင် အသေခံတော်မူခြင်းတို့ နှင့်စည်း လုံးခြင်းအားဖြင့် ဤယုံကြည်မှုကို ရရှိနိုင်ကြသည်။
ရှင်ပေါလုက သူသည် ငြူငြင်သောသူဖြစ်သည်ကိုလည်း ကောင်း၊ သူ၏ဇာတိအသွေးအသားသည် မစုံလင်သောကြောင့် သ ခင်ယေရှုနှင့်မတွေ့မီသာမက သခင်ယေရှုနှင့်တွေ့ခဲ့ပြီးသည့်အချိန်၌ ပင် သူသည် ဘုရားသခင်၏ပညတ်တော်ကို ချိုးဖောက်၍၊ အမြဲတမ်း မစောင့်ရှောက်နိုင်ပေဟု နားလည်သဘောပေါက်ခဲ့သည်။ ထို ကြောင့် သူက “မည်သူက  ဤအသေကောင်ကို အဘယ်သူကယ် လွှတ်မည်နည်း”ဟု ညည်းတွားခဲ့သည်။ ထိုနောက် သူသည် “ငါတို့ သခင်ယေရှုခရစ်အားဖြင့် ကယ်လွှတ်တော်မူသော ဘုရားသခင်၏ ကျေးဇူးတော်ကြီးလှပေ၏”ဟု ပြော၍ ဘုရားသခင်၏ဖြောင့်မတ် ခြင်းကို ယုံကြည်ခြင်းအားဖြင့် ဤအသေကောင်မှ လွှတ်မြောက်နိုင် ခဲ့သည်ဟု နိဂုံးချုပ်ခဲ့သည်။ ရှင်ပေါလုသည် ခရစ်တော်အားဖြင့် ဘု ရားသခင်၏ဖြောင့်မတ်ခြင်းကို ယုံကြည်ခြင်းအားဖြင့် ကိုယ်ကာယ နှင့်စိတ်၏အပြစ်များမှ လွှတ်မြောက်ခွင့်ရရှိခဲ့၍ ကိုယ်တော်နှင့်အတူ စည်းလုံးခဲ့သည်။
ရှင်ပေါလု၏ နောက်ဆုံးဝန်ခံချက်မှာ “သို့သော် ငါတို့၏သခင်ယေရှုခရစ်တော်အားဖြင့် ဘုရားသခင်၏ကျေးဇူးတော်ကိုချီးမွမ်း၏။ ဤသို့ဖြင့် ငါသည် မိမိစိတ်နှလုံးအားဖြင့် ဘုရားသခင်၏တရားတော်ကို အစေခံလျက်ရှိသော်လည်း သွေးသားဇာတိအားဖြင့် အပြစ်နှင့်ဆိုင်သောတရားကိုအစေခံလျက်ရှိ၏”(ရောမ ၇း၂၅)ဖြစ်သည်။ အခန်းကြီး ၈ အစောပိုင်းတွင် သူက “ထို့ကြောင့် ယခုအခါ ခရစ်တော်ယေရှု၌ရှိသောသူတို့သည် ပြစ်ဒဏ်စီရင်ခြင်းမခံရ။ အ ကြောင်းမူကား ခရစ်တော်ယေရှု၌ရှိသည့် အသက်ရှင်ခြင်း၏ဝိညာဉ်တော်နှင့်ဆိုင်သောတရားသည် အပြစ်နှင့်သေခြင်းတို့နှင့်ဆိုင်သောတရားမှ သင့်ကိုလွတ်မြောက်စေပြီဖြစ်၏”(ရောမ ၈း၁-၂)ဟု ဝန်ခံ ခဲ့သည်။
မူလက ဘုရားသခင်ချပေးတော်မူခဲ့သောပညတ်နှစ်ပါးရှိသည်။ ၎င်းတို့မှာ အပြစ်နှင့်သေခြင်းပညတ်နှင့် အသက်နှင့်ယှဉ်သောဝိညာဉ် ပညတ်တို့ဖြစ်ကြသည်။ အသက်နှင့်ယှဉ်သောဝိညာဉ်ပညတ်တော် သည် ရှင်ပေါလုအား အပြစ်နှင့်သေခြင်းပညတ်မှ ကယ်တင်ခဲ့သည်။ သူသည် မိမိအပြစ်များအားလုံးကို ယူဆောင်ခဲ့သော သခင်ယေရှု၏ ဗတ္တိဇံနှင့် ကားတိုင်ပေါ်တွင် အသေခံတော်မူခြင်းကို ယုံကြည်ခြင်း အားဖြင့် သခင်ယေရှုနှင့်စည်းလုံး၍ မိမိအပြစ်များအားလုံးမှ ကယ် တင်ခြင်းခံခဲ့ရသည်။ ကျွန်ုပ်တို့အားလံဒးသည်လည်း ကိုယ်တော်၏ ဗတ္တိဇံနှင့် ကားတိုင်ပေါ်တွင် အသေခံတော်မူခြင်းတို့ဖြင့် စည်းလုံး သောယုံကြည်ခြင်းပိုင်ဆိုင်ရကြမည် ဖြစ်သည်။
ရှင်ပေါလုက ရောမ အခန်းကြီး ၇ တွင် သူသည် ပညတ်တော် အောက်၌ တရားစီရင်ခြင်းခံရန်နေခဲ့ရသော်လည်း သခင်ယေရှုခရစ် တော်အားဖြင့် ဤတရားစီရင်ခြင်းမှ ရွေးနှုတ်ခြင်းခံခဲ့ရသည်ဟု ဝန်ခံ ခဲ့သည်။ ဤသို့ဖြင့် သူသည် မိမိအထဲ၌ ကိန်းဝပ်တော်မူခဲ့သော သန့် ရှင်းသောဝိညာဉ်တော်အားဖြင့် ဘုရားသခင်ကို အစေခံနိုင်ခဲ့ရသည်။
 


ရှင်ပေါလုက နားလည်ခဲ့သောသမ္မာတရား


ရှင်ပေါလုက “သို့ဖြစ်လျှင် မည်သို့ဆိုရမည်နည်း။ ပညတ်တရားသည် အပြစ်လော။ လုံးဝမဟုတ်ပေ။ သို့သော် ပညတ်တရားအားဖြင့်မဟုတ်လျှင် အပြစ်ကို ငါသိခဲ့မည်မဟုတ်။ အဘယ်ကြောင့်ဆိုသော် “တပ်မက်သောစိတ်မရှိရ”ဟု ပညတ်တရားကမဆိုထားလျှင် တပ် မက် ခြင်းကို ငါသိခဲ့မည်မဟုတ်”(ရောမ ၇း၇)ဟု ဝန်ခံခဲ့သည်။ “လောဘစိတ်မရှိရ”ဟု ပညတ်တော်ကမပြောလျှင် သူသည် လော ဘစိတ်ကို သိလိမ့်မည်မဟုတ်ပေ။ သူက “သို့သော် အပြစ်သည် ပညတ်တော်အားဖြင့် အခွင့်အရေးယူ၍ ဆိုးသွမ်းသောဆန္ဓအားလုံး ကို ကျွန်ုပ်အထဲ၌ ထုတ်လုပ်သည်”ဟု ပြော၍ ပညတ်တော်နှင့် အပြစ်တို့အကြားဆက်နွယ်မှုကို ရှင်းပြခဲ့သည်။ ဤအရာဆိုလိုသည် မှာ လူသားများ၏နှလုံးသားများသည် အခြေခံအားဖြင့် အပြစ်နှင့် ပြည့်နေကြသည်။ သူတို့သည် အမိဝမ်း၌ ပဋိသန္ဓေယူနေသည့်အချိန် ၌ပင်လျှင် သူတို့သည် အပြစ်၌ ပဋိသန္ဓေတည်၍ အပြစ်ဆယ့်နှစ်မျိုး တို့နှင့်မွေးဖွားကြလိမ့်မည်။
ဤအပြစ်ဆယ့်နှစ်ပါးတို့မှာ သူ့မယားကို ပြစ်မှားခြင်း၊ မိန်းမ လွတ်နှင့်မှားယွင်းခြင်း၊လူ့အသက်ကို သတ်ခြင်း၊ သူ့ဥစ္စာကို ခိုးခြင်း၊ လောဘလွန်ကျူးခြင်း၊ မနာလိုခြင်း၊ လှည့်စားခြင်း၊ ညစ်ညူးခြင်း၊ ငြူစူခြင်း၊ သူ့အသရေးကို ဖျက်ခြင်း၊ ထောင်လွှားစော်ကားခြင်း၊ လျှပ် ပေါ်ခြင်း တို့ဖြစ်သည်။ လူတိုင်းသည် သေသည့်ထိတိုင်အောင် ဤ အပြစ်များ ကျူးလွန်ကြလိမ့်မည်။ ဤအပြစ်ဆယ့်နှစ်မျိုးတို့ဖြင့် လူ တစ်ဉီးသည် မွေးဖွားခဲ့သောအခါ သူသည် ဘုရားသခင်၏ပညတ် တော်နှင့် အထုံးအဖွဲ့များကို မည်သို့ စောင့်ရှောက်နိုင်မည်နည်း။ “လုပ်သင့်” သို့မဟုတ် “မလုပ်သင့်”ပြောသော ဘုရားသခင်၏ပ ညတ်တော်နှင့်အထုံးအဖွဲ့များနှုတ်ကပတ်တော်ကို ကျွန်ုပ်တို့ကြား သည်နှင့်တပြိုင်နက် အပြစ်သည် ကျွန်ုပ်တို့၌ စတင်လှုပ်ရှားသည်။
ကျွန်ုပ်တို့သည် ဘုရားသခင်၏ပညတ်တော်နှင့်အထုံးအဖွဲ့များ ကို မသိကြသောအခါ ကျွန်ုပ်တို့နှင့်ရှိသောအပြစ်များသည် တိတ် ဆိတ်စွာ အိပ်ပျော်သည်။ သို့သော် လုပ်ရန်များနှင့် မလုပ်ရန်များ ပြောသော ပညတ်တော်များကို ကျွန်ုပ်တို့ကြားခဲ့ကြပြီးနောက် ဤအ အပြစ်များသည် ပေါ်ထလာခဲ့၍ ကျွန်ုပ်တို့အား ပို၍ အပြစ်ကျူးလွန် စေသည်။
ဒုတိယမွေးဖွားခြင်းမခံရသေးသူများ သို့မဟုတ် ရေနှင့်ဝိညာဉ် တော်သတင်းကောင်းသမ္မာတရားကို မယုံကြည်ဘဲနားမလည်သေး သောသူများသည် သူတို့၌ အပြစ်ရှိသည်။ ဤအပြစ်သည် ပညတ် တော်များ၏စကားများအားဖြင့် နှိုးထတက်ကြွလာခဲ့ပြီးနောက် ပို၍ များပြားသောအပြစ်များကိုထုတ်လုပ်ခဲ့သည်။ လူများလုပ်ရန်များနှင့် မလုပ်ရန်များပြောကြားသော ပညတ်တော်သည် အပြစ်ကို အောင် မြင်ရန် ကြိုးစားသော သင်တန်းသားတစ်ဉီးနှင့်တူသည်။ သို့သော် အ ပြစ်သည် ဘုရားသခင်၏ပညတ်တော်ကို ဆန့်ကျင်၍ ၎င်းတို့ကို နာမ ခံခဲ့ပေ။ အပြစ်သားတစ်ဉီးသည် ပညတ်တော်များကို ကြားကြသော အခါ သူ/သူမ၏နှလုံးသား၌ရှိသောအပြစ်များသည် ရှင်သန်လာခဲ့ကြ ၍ သူ/သူမအား ပို၍ များပြားသောအပြစ်များကျူးလွန်ရန် လမ်းပြ နေသည်။ 
ကျွန်ုပ်တို့သည် မိမိအထဲ၌ အပြစ်ရှိကြသည်ဟု ပညတ်တော် ဆယ်ပါးအားဖြင့် နားလည်သဘောပေါက်ကြသည်။ ထိုကြောင့် ပညတ်တော်၏လုပ်ဆောင်ချက်အခန်းကဏ္ဌမှာ ကျွန်ုပ်တို့နှလုံးသား အတွင်း၌အပြစ်များရှိသည်ဟု ထင်ရှားစေရန်၊ ဘုရားသခင်၏ပညတ် တော်များသည် သန့်ရှင်းသည်ဟု နားလည်သဘောပေါက်စေရန်နှင့် ကျွန်ုပ်တို့၏အပြစ်များကို သတိချပ်ရန်အတွက် ဖြစ်သည်။ အခြေခံ အားဖြင့် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့မပိုင်ဆိုင်သော ပစ္စည်းဉစ္စာများ သို့မဟုတ်လက်တွဲဖော်များအပါအတွင်ဘုရားသခင်ဖန်ဆင်းခဲ့သောအရာများအားလုံးအပေါ်တပ်မက်စိတ်ရှိရန် လောဘစိတ်ဖြင့် မွေးဖွား လာခဲ့ကြသည်။ ထိုကြောင့် “တပ်မက်လိုချင်သောစိတ်မရှိနှင့်”ဟု ဖော်ပြထားသော ပညတ်တော်က ကျွန်ုပ်တို့သည် အပြစ်သားများအ ဖြစ် မွေးဖွားလာခဲ့ကြ၍ မွေးဖွားသည့်အချိန်မှစ၍ အပ္ပါယ်ငရဲထဲသို့ ခြေဉီးတည့်သောသူများဖြစ်ကြသည်ဟု ဖော်ပြထားသည်။ ဤအရာ က ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ပြည့်စုံစေတော်မူခဲ့သူ ကယ် တင်ရှင်မရှိမဖြစ် လိုအပ်သည်ဟု ထင်ရှားစေသည်။
ထိုကြောင့် ရှင်ပေါလုက အဆိုးစိတ်ဆန္ဒအားလုံးသူအထဲ၌ ထုတ်လုပ်ရန် ပညတ်တော်အားဖြင့် အပြစ်သည် အခွင့်ကောင်းယူ သည်ဟု ဝန်ခဲ့ခြင်း ဖြစ်သည်။ ရှင်ပေါလုသည် မူလအပြစ်သားဘဝ ဖြင့် မွေးဖွားလာခဲ့၍ ဘုရားသခင်၏ဖြောင့်မြတ်ခြင်းကို မယုံကြည်မီ အပြစ်မရှိခဲ့သောကြောင့် သူသည် ဘုရားသခင်၏ပညတ်တော်များ ချိုးဖောက်နခဲ့သောအပြစ်သားဖြစ်ခဲ့သည်ဟု နားလည်သဘော ပေါက်ခဲ့သည်။
ကျွန်ုပ်တို့သည် အခန်း ၇ ကိုကြည့်ကြလျှင် တမန်တော်ရှင်ပေါ လုသည် ဝိညာဉ်‌တော်နှင့်ပြည့်ဝ၍ ကျမ်းစာပညာအကျယ်တဝင့်လေ့ လာသူဖြစ်၍ ဝိညာဉ်ရေးရာပညာနှင့်အတွေ့အကြုံများရှိသူဖြစ်သည် ကို တွေ့ရသည်။ သူသည် ပညတ်တော်အားဖြင့် မိမိနှင့်အတူရှိသော အပြစ်ကို သိ၍ ပညတ်တော်အားလုံးသည် ဆိုးသောစိတ်ဆန္ဒအပြုအ မူများအားလုံးကို ထုတ်လုပ်ခဲ့သည်ဟု ရှင်းလင်းစွာ သိခဲ့ရသည်။ သူ က ဘုရားသခင်၏ပညတ်တော်သည် သူ၌ အပြစ်များကို ထင်ရှားစေ သောအရာဖြစ်သည်ဟု သိလာခဲ့သည်။ ဤအပြစ်များနှိုးထတက်ကြွ လာသည်နှင့်အမျှ အသက်ကို ယူဆောင်ပေးသော ပညတ်တော်သည် သေခြင်းကို ယူဆောင်ပေးခဲ့သည်ဟု သူဝန်ခံခဲ့သည်။
သင်၏ယုံကြည်မှုမှာ အဘယ်သို့နည်း။ ထိုရာသည် ပေါလု၏ယုံ ကြည်မှုနှင့်တူသလော။ သင်သည် သခင်ယေရှုကို ယုံကြည်သည်ဖြစ် စေ၊ မယုံကြည်သည်ဖြစ်စေ သင်၏နှလုံးသား၌ အပြစ်ရှိသလော။ ရှိ လျှင် သင်သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းမသိသေးရခြင်း၊ သန့် ရှင်းသောဝိညာဉ်တော်မရရှိသေးခြင်း၊ နှင့် အပြစ်များအတွက် တရား စီရင်ခြင်းခံရရန် အပ္ပါယ်ငရဲသို့ ဉီးတည်သူအပြစ်သားတစ်ဉီးဖြစ်သည် ကို ဆိုလိုသည်။ သင်သည် ဤအချက်များကို ဝန်ခံသလော။ ဝန်ခံ လျှင် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ထင်ရှားစေသော ရေနှင့်ဝိ ညာဉ်တော်သတင်းကောင်းကို ယုံကြည်ပါ။ သင်သည် အပြစ်များ အားလုံးမှ ကယ်တင်ခြင်းခံရ၍ ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ရရှိ ကာ သင့်အပေါ်သို့ သန့်ရှင်းသောဝိညာဉ်တော်ဆင်းသက်လိမ့်မည်။  သင်သည် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို ယုံကြည်ရမည် ဖြစ်သည်။ 
 


အပြစ်၊ ပညတ်တော်အားဖြင့် အခွင့်ကောင်းယူခြင်း၊ ရှင်ပေါလုကို လှည့်စားခြင်း


ရှင်ပေါလုက “အသက်ရှင်ခြင်းသို့ရောက်စေရမည့် ဤပညတ်တော်သည် သေခြင်းသို့ရောက်စေသည်ကို ငါတွေ့၏။ အကြောင်း မူကား အပြစ်သည် ပညတ်တော်အားဖြင့် အခွင့်ရကာ ငါ့ကိုလှည့် ဖြား၍ ထိုပညတ်တော်အားဖြင့် ငါ့ကိုသတ်လေ၏”(ရောမ ၇း၁၀-၁၁)ဟု ပြောခဲ့သည်။ တစ်နည်းအားဖြင့် အပြစ်သည် ပညတ်တော်ကို အခွင့်ကောင်းယူ၍ ရှင်ပေါလုကို လှည့်ဖြားခဲ့သည်။ ရှင်ပေါလုက ကောင်းခြင်းနှင့်တရားခြင်းကို ပိုင်းခြားပေးသောပညတ်တော်ကို ယုံ ကြည်သည်။ ထိုပြင်သူ၏ နှလုံးသား၌ အပြစ်ဆယ့်နှစ်မျိုးတို့သည် အသက်ရှင်ကြ၍ နစ်မွန်းနေခဲ့သည်။ သူသည် ဘုရားသခင်၏ပ ညတ်တော်များ၏ရည်ရွယ်ချက်ကို နားမလည်နိုင်ခဲ့သောကြောင့် အပြစ်၏လှည့်စားခြင်းကို ခံခဲ့ရသည်ကို ဤအရာဖော်ပြလိုခြင်း ဖြစ် သည်။
အစောပိုင်း၌ ဘုရားသခင်သည် ပေါလုအား နာခံရန်အတွက် ပ ညတ်တော်ကို ပေးအပ်တော်မူခဲ့သည်ဟု သူထင်ခဲ့သည်။ သို့သော် နောက်ပိုင်းတွင် နာခံရန်အတွက်မဟုတ်ဘဲ လူသားများ၏နှလုံးသား များ၌ အပြစ်နှင့် ဘုရားသခင်၏စင်ကြယ်ခြင်းနှင့် ဘုရားသခင်သည် မယုံကြည်သူများတရားစီရင်တော်မူရန် ပညတ်တော်ပေးအပ်ခဲ့သည် ဟု သူနားလည်သဘောပေါက်ခဲ့သည်။ ရှင်ပေါလုသည် ဘုရားသခင် ၏အထုံးအဖွဲ့များနှင့် ပညတ်တော်ကို နားမလည်းသဖြင့် အပြစ်၏ လှည့်ဖြားမှုကို ခံခဲ့ရသည်ဟု သူသိခဲ့သည်။ ယနေ့လူအများစုတို့သည် ထိုနည်းတူ လှည့်စားခြင်းခံခဲ့ရကြသည်။
ဘုရားသခင်သည် ကျွန်ုပ်တို့အား အထုံးအဖွဲ့များနှင့်ပညတ် တော်များကို နားခံရန်အတွက်မဟုတ်ဘဲ ရေနှင့်ဝိညာဉ်တော်သတင်း ကောင်းကို ယုံကြည်ခြင်းအားဖြင့် မိမိအပြစ်များကိုနားလည်သဘော ပေါက်၍ ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ခံရရန် ပေးအပ်တော်မူ ခြင်းဖြစ်သည်ဟု ကျွန်ုပ်တို့နားလည်သဘောပေါက်ရကြမည် ဖြစ် သည်။ သို့သော် ကျွန်ုပ်တို့သည် အပြစ်များဖြင့် ပညတ်တော်နှင့်အညီ အသက်ရှင်ရန် ကြိုးစားသောကြောင့် ကျွန်ုပ်တို့သည် အပြစ်ရှိသူများ ဖြစ်ကြသည်ဟု ပို၍ ထင်ရှားလာသည်။ 
ထိုကြောင့် ပညတ်တော်သည် သန့်ရှင်းသော်လည်း အပြစ် သားတစ်ဉီးသည် သန့်ရှင်းသောဘဝဖြင့်အသက်ရှင်ရန် တန်ခိုးတစ်စုံ တစ်ခု သို့မဟုတ် အစွမ်းအစတစ်စုံတစ်ခုမျှမရှိကြောင်း သူ/သူမ သည်နားလည်သဘောပေါက်သည်။ ထိုအချိန်တွင် အပြစ်သားတစ် ဉီးသည် အခြားရွေးချယ်စရာမရှိဘဲ ပညတ်တော်အားဖြင့် အပ္ပါယ်ငရဲ သို့ ပစ်ချခြင်းခံရမည် ဖြစ်သည်။ သို့သော် ရေနှင့်ဝိညာဉ်တော်သ တင်းကောင်း မယုံကြည်သူအပြစ်သားများက ဘုရားသခင်သည် ပ ညတ်တော်ကို လိုက်လျှောက်ရန် ပေးအပ်တော်မူသည်ဟု ယူဆကြ သည်။ သူတို့သည် ပညတ်တော်ကို နာခံရန် ကြိုးစားနေကြသော် လည်း သူတို့သည် မိမိကိုယ်ကိုကိုယ် လှည့်စား၍ နောက်ဆုံးတွင် ပျက်စီးခြင်းသို့ ကျဆင်းခဲ့ကြသည်။
ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ဆက်လက်လျစ်လျူရှုခြင်း အားဖြင့် ဒုတိယမွေးဖွားခြင်းမခံရသောသူများသည် အပြစ်ကျူးလွန် ၍ နောက်တရခြင်းနှင့်စပ်ဆိုင်သောဆုတောင်းခြင်းအားဖြင့် အပြစ် ဖြေလွှတ်ခြင်းခံရရန် ကြိုးစားနေကြသည်။ သို့သော် နောက်ဆုံးတွင် သူတို့သည် ဘုရားသခင်၏ပညတ်တော်ရည်ရွယ်ချက်ကို သဘောမ ပေါက်ဘဲ မိမိကိုယ်ကိုကိုယ်လှည့်စားခဲ့သည်ကို နားလည်သဘော ပေါက်လာခဲ့သည်။ ပညတ်တော်အားဖြင့် အခွင့်ကောင်းယူ၍ အပြစ် သည် သူတို့ကို လှည့်စားခဲ့သည်။ ဘုရားသခင်၏ပညတ်တော်သည် စင်ကြယ်သော်လည်း သူတို့နှင့်အတူရှိသောအပြစ်များက သူတို့ကို သေခြင်းသို့ ပို့ဆောင်ပေးသည်။
ရှင်ပေါလုက “ထို့ကြောင့် ပညတ်တရားသည် သန့်ရှင်း၏။ ပညတ်တော်သည်လည်း သန့်ရှင်းဖြောင့်မတ်၍ ကောင်းမြတ်၏။ သို့ဖြစ်လျှင် ဤကောင်းမြတ်သောအရာသည် ငါ့အတွက် သေခြင်းအ ကြောင်းဖြစ်သလော။ လုံးဝမဟုတ်ပေ။ ငါ့အတွက် သေခြင်းအ ကြောင်းဖြစ်သောအရာမှာ အပြစ်ပင်ဖြစ်၍ အပြစ်သည် အပြစ်ဖြစ်ကြောင်း ထင်ရှားစေရန် ဤကောင်းမြတ်သောအရာအားဖြင့် ငါ၌ သေခြင်းကိုဖြစ်ပေါ်စေ၏။ ဤသို့ဖြင့် အပြစ်သည် ပညတ်တော်အား ဖြင့် အတိုင်းထက်အလွန် အပြစ်များသောအရာဖြစ်လာ၏”(ရောမ ၇း၁၂-၁၃)ဟုပြောခဲ့သည်။ ဤသမ္မာတရားကို နားလည်သူများက ဘဒရာားသခင်၏ဖြောင့်မတ်ခြင်းလိုအပ်သည်ဟု နားလည်သဘော ပေါက်ကြသောကြောင့် သူတို့သည် ရေနှင့်ဝိညာဉ်တော်သတင်း ကောင်းသည် စစ်မှန်သောသမ္မာတရားအဖြစ် ယုံကြည်ကြသည်။ ရေနှင့်ဝိညာဉ်တော်သတင်းကောင်းယုံကြည်သူတစ်ဉီးသည် ဘုရား သခင်၏ဖြောင့်မတ်ခြင်းကိုလည်း ယုံကြည်ကြသည်။ ကိုယ်တော်၏ ဖြောင့်မတ်ခြင်းကို ယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် အပြစ်များ အားလုံးမှ လွှတ်မြောက်၍ ဘုရားသခင်၏ သန့်ရှင်းခြင်းကို ရရှိကြပါ စို့။ ဤသတင်းကောင်းအားဖြင့် သင်တို့အားလုံးသည် ကောင်းကြီး မင်္ဂလာများခံစားကြရန် ကျွန်တော် ဆန္ဒပြုပါရစေ။
 

ရှင်ပေါလု၏ ကိုယ်ခန္ဓာနှင့်စိတ်မှာ အဘယ်သို့နည်း

ရှင်ပေါလုသည် ဝိညာဉ်တော်နှင့်ပြည့်ဝ၍ ဘုရားသခင်၏နှုတ် ကပတ်တော်ကို နက်ရှိုင်းစွာ နားလည်သဘောပေါက်ခဲ့သည်။ သို့ သော် သူမ မိမိဇာတိအသွေးအသားကို အောက်ပါအတိုင်း ပြောကြား ခဲ့သည်။ “ပညတ်တရားသည် ဝိညာဉ်ရေးနှင့်ဆိုင်ကြောင်း ငါတို့သိကြ၏။ သို့ရာတွင် ငါသည် သွေးသားဇာတိ၌ရှိသူဖြစ်ပြီး အပြစ်တရား၏လက်အောက်တွင် ရောင်းစားခြင်းခံရသူဖြစ်၏။ငါသည် မိမိပြုနေသည့်အမှုကိုပင် ကိုယ်တိုင်နားမလည်ပေ။ အဘယ်ကြောင့်ဆိုသော် ငါသည် ကိုယ်ပြုလိုသောအရာကို မပြုဘဲ ကိုယ်မုန်းသောအရာကို ပြုနေ၏။ ထိုသို့ ငါသည် ကိုယ်မပြုလိုသောအရာကို ပြုနေသည်ဆိုလျှင် ပညတ်တရားကောင်းမြတ်ကြောင်းကို ဝန်ခံခြင်းဖြစ်၏။ သို့ဖြစ်လျှင် ထိုအရာကိုပြုသောသူမှာ ငါမဟုတ်တော့ဘဲ ငါ့အထဲ၌ကိန်းအောင်းနေသော အပြစ်ပင်ဖြစ်၏” (ရောမ ၇း၁၄-၁၇)။ သူသည် လူသားဖြစ်၍ မရင့်ကျက်သေးသောကြောင့် အပြစ်ကျူးလွန်ခဲ့သည် ဟု သူပြောခဲ့သည်။ သူသည် နုနယ်သေးသောကြောင့် ကောင်းသော အရာကို လုပ်ဆောင်လိုခဲ့သော်လည်း ဇာတိအသွေးအသားဆန္ဒ  နောက်သို့ လိုက်လျှောက်သည်ဟု မိမိကိုယ်ကိုကိုယ် သိခဲ့သည်။
ရှင်ပေါလုက “တစ်နည်းဆိုသော် ငါသည် အတွင်းဝိညာဉ်လူအားဖြင့် ဘုရားသခင်၏တရားတော်၌ နှစ်သက်ဝမ်းမြောက်လျက်ရှိသော်လည်း ငါ၏ကိုယ်အင်္ဂါများ၌ အခြားသောတရားရှိ၍ ၎င်းတို့သည် ငါ့စိတ်နှလုံး၏တရားနှင့် တိုက်ခိုက်လျက်နေသဖြင့် ငါ၏ကိုယ် အင်္ဂါများ၌ရှိသည့် အပြစ်နှင့်ဆိုင်သောတရားအားဖြင့် ငါ့ကိုဖမ်းဆီးချုပ်နှောင်ထားသည်ကို ငါမြင်၏”(ရောမ ၇း၂၂-၂၃)ဟု နားလည်ခဲ့ သည်။ ထိုကြောင့် သူက “ငါသည် ငြိုငြင်သောသူဖြစ်ပါသည်တ ကား”ဟု မိမိအသွေးအသားအပေါ် မြည်တမ်းခဲ့ခြင်း ဖြစ်သည်။ ရှင် ပေါလုသည် ဒုတိယမွေးဖွားခြင်းခံခဲ့ပြီးနောက်တောင် သူသည် ကောင်းမှုကိုသိုလ်ပြုရန် လိုချင်ခဲ့သော်လည်း အပြစ်တရားသည်သူ နှင့်အတူရှိခဲ့သောကြောင့် သူသည် စိတ်ဖိဆီးမှုခံစားရသေးခဲ့သည်။ အပြစ်သည် သူနှင့်အတူရှိသည်ဟု ရှင်ပေါလုပြောခဲ့သောအခါ သူ သည် မိမိကိုယ်ခန္ဓာကို ရည်ညွှန်းခြင်း ဖြစ်သည်။ သူက မိမိကိုယ် အင်္ဂါအစိတ်အပိုင်းအခြားပညတ်တော်ကို သိခဲ့၍ ဝိညာဉ်တော်၏ ဉ ပဒေနှင့် တိုက်ခိုက်၍ သူအား ဇာတိအသွေးအသား၌ ဆုံးရှုံးစေကာ အပြစ်များ ဆက်လက်ကျူးလွန်စေခဲ့သည်။ သူ၏အသွေးအသား သည် အပြစ်ပြုရန် သူ့ကို ထိန်းချုပ်သည်ကို မြင်တွေ့သည့်အတိုင်း သူသည် အခြားရွေးချယ်စရာမရှိဘဲ တရားစီရင်ခြင်းခံရမည်ကိုသာ ဝန်ခံခဲ့သည်။ ရှင်ပေါလုသည်လည်း အသွေးအသားရှိသောကြောင့် သူ၏ဇာတိအသွေးအသားမှ ထွက်လာသော အပြစ်များအပေါ် သူ သည် မြည်တမ်းညည်းတွားခဲ့သည်။
ထိုကြောင့် ရှင်ပေါလုက “ငါသည် ငြိုငြင်သောသူဖြစ်ပါသည် တကား”ဟု ကြွေးကြော်ခဲ့ခြင်း ဖြစ်သည်။ သို့သော် သခင်ယေရှုခရစ် တော်သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ပြည့်စုံစေတော်မူခဲ့ သောကြောင့် သူသည် ကျေးဇူးတင်သည်။ ဤသို့ဖြစ်ရခြင်းအ ကြောင်းမှာ သခင်ယေရှုသည် ဤလောကသို့ ကြွလာတော်မူခဲ့၍ ဗတ္တိဇံခံယူကာ လူသားများအားလုံးအပေါ် အပြစ်များဖြေလွှတ်ခြင်း ပေးအပ်တော်မူရန် ကားစင်တင်ခံတော်မူခဲ့သည်ဟု သူယုံကြည်ခဲ့ သောကြောင့် ဖြစ်သည်။ သူသည် သခင်ယေရှုခရစ်တော်၏ဗတ္တိဇံနှင့် အသွေးတော်ဖြင့် စည်းလုံးသောယုံကြည်ခြင်းရှိခဲ့သောကြောင့် နှလုံး သားအကြွင်းမဲ့ ဘုရားသခင်ကို ကျေးဇူးတင်နိုင်ခဲ့သည်။
ယောဟန်သည် သခင်ယေရှုကို ဗတ္တိဇံပေးအပ်ခဲ့သောအခါ သူ ၏အပြစ်များအပါအတွင် လောကအပြစ်များကို သခင်ယေရှုအပေါ် သို့ တစ်ကြိမ်တည်းလွှဲပြောင်းခဲ့သည်ဟု ရှင်ပေါလုသိခဲ့သည်။ သခင် ယေရှုသည် ကားတိုင်ပေါ်တွင် အသေခံတော်မူသောအခါ ကျွန်ုပ်တို့ အားလုံးသည်လည်း အပြစ်၌ သေခဲ့ကြသည်ဟု သူသိခဲ့သည်။ ထို ကြောင့် ကျွန်ုပ်တို့သည် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းသမ္မာတ ရားနှင့်ဒွန်တွဲသော ယုံကြည်ခြင်း၌ စည်းလုံးမှုရှိကြသည်။ သင်၏နှ လုံးသားသည် သခင်ယေရှုခရစ်တော်၏ဗတ္တိဇံနှင့် အသွေးတော်တို့ ဖြင့် စည်းလုံးခြင်း ရှိသလော။ တစ်နည်းအားဖြင့် သင်၏နှလုံးသား သည် ယောဟန်ထံမှ ကိုယ်တော်ခံယူတော်မူခဲ့သော ဗတ္တိဇံနှင့် ကား တိုင်ပေါ်တွင် သွန်းလောင်းတော်မူခဲ့သောအသွေးတော်ဖြင့် စည်းလုံး သော ယုံကြည်ခြင်းကို ကျွန်ုပ်တို့ ပိုင်ဆိုင်ရကြမည် ဖြစ်သည်။ ရေနှင့် ဝိညာဉ်တော်သတင်းကောင်းနှင့်စည်းလုံးခြင်းသည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းနှင့်စည်းလုံးခြင်းဖြစ်သောကြောင့် စည်းလုံးသောယုံ ကြည်ခြင်းများပိုင်ဆိုင်ခြင်းသည် ကျွန်ုပ်တို့အတွက် အလွန်အရေး ကြီးသည်။
ရောမ ၆း၃ တွင် “သို့မဟုတ် ခရစ်တော်ယေရှု၌ ဗတ္တိဇံခံခဲ့သောငါတို့သည် ကိုယ်တော်၏အသေခံတော်မူခြင်း၌ ဗတ္တိဇံခံခဲ့ကြောင်း သင်တို့မသိကြသလော”ဟု ဖော်ပြထားသည်။ ကျွန်ုပ်တို့သည် သခင် ယေရှု၏ဗတ္တိဇံကို ယုံကြည်ခြင်းအားဖြင့် ကိုယ်တော်နှင့်အတူဗတ္တိဇံခံ ယူကြသည်။ ဆိုလိုသည်မှာ ကျွန်ုပ်တို့သည် ကိုယ်တော်၏သေခြင်း နှင့် စည်းလုံးခြင်း ဖြစ်သည်။ ယုံကြည်ခြင်းအားဖြင့် စည်းလုံးခြင်း၌ ဗတ္တိဇံခံယူခြင်းအားဖြင့် ကျွန်ုပ်တို့သည် ဝိညာဉ်ရေးရာ၌ ကိုယ်တော် ၏သေခြင်း၌ ဗတ္တိဇံခံယူခဲ့ကြသည်။ ကိုယ်တော်နှင့်စည်းလုံးခြင်း သည် ကိုယ်တော်၏ ဗတ္တိဇံနှင့်စည်းလုံးခြင်းဖြစ်၍ ကိုယ်တော်၏အ သေခံခြင်းနှင့်စည်းလုံး ခြင်း၌ အသေခံခြင်း ဖြစ်သည်။ 
ထိုကြောင့် ကျွန်ုပ်တို့သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းပြည့် စုံစေခဲ့သော သခင်ယေရှု၏ဗတ္တိဇံနှင့် ကားတိုင်ပေါ်တွင် အသေခံ ခြင်းကို ယုံကြည်၍ စည်းလုံးရကြမည် ဖြစ်သည်။ သင်သည် ဘုရား သခင်၏ဖြောင့်မတ်ခြင်းဆုပ်ကိုင်သော ရေနှင့်ဝိညာဉ်တော်သတင်း ကောင်းကို မယုံကြည်သေးလျှင် သင်သည် သခင်ယေရှု၏ဗတ္တိဇံနှင့် အသေခံခြင်းဖြင့် မစည်းလုံးခြင်း ဖြစ်သည်။ ဤသတင်းကောင်း၌ ဘု ရားသခင်၏ဖြောင့်မတ်ခြင်းသည် ထင်ရှားလျက်ရှိသည်။
ကျွန်ုပ်တို့နှလုံးသားများသည် သခင်ယေရှု၏ဗတ္တိဇံနှင့် ကား တိုင်ပေါ်တွင် အသေခံခြင်းဖြင့် စည်းလုံးခြင်းမရှိလျှင် ကျွန်ုပ်တို့၏ ယုံ ကြည်ခြင်းသည် သီအိုရီမျှသာဖြစ်၍ အသုံးမဝင်ပေ။ သင်သည် သခင် ယေရှု၏ဗတ္တိဇံနှင့် ကားတိုင်ပေါ်တွင် အသွေးတော်တို့ဖြင့် မိမိကိုယ် ကိုကိုယ် စည်းလုံး၍ ၎င်းတို့ကို ယုံကြည်ပါ။ ထိုအရာသည် ကျွန်ုပ်တို့ ရှိသင့်ရှိထိုက်သောအရာ ဖြစ်သည်။ သီအိုရီယုံကြည်ခြင်း သည်အသုံးမဝင်ပေ။ ဥပမာအားဖြင့် ကောင်းသောအိမ်သည် သင်ပိုင် ဆိုင်သောအရာမဟုတ်လျှင် အဘယ်အကျိုးရှိသနည်း။ ကျွန်ုပ်တို့ သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ပိုင်ဆိုင်နိုင်ရန်အတွက် သခင်ယေရှု၏ ဗတ္တိဇံ၏ရည်ရွယ်ချက်မှာ ကျွန်ုပ်တို့အပြစ်များ ဆေး ကြောရန် ဖြစ်သည်ကိုလည်းကောင်း၊ ကားတိုင်ပေါ်တွင် အသေခံ တော်မူခြင်းသည် ကျွန်ုပ်တို့အသွေးအသားသေခြင်းအတွက် ဖြစ်သ ည်ကိုလည်းကောင်း သိရကြမည် ဖြစ်သည်။ ကိုယ်တော်ပြည့်စုံစေ တော်မူခဲ့သော ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ယုံကြည်ခြင်းအား ဖြင့် ကျွန်ုပ်တို့သည် ဘဝသစ်၌ ရွေးနှုတ်ခြင်းခံရ၍ လျှောက်လှမ်းရ ကြမည် ဖြစ်သည်။
ထိုကြောင့် ကျွန်ုပ်တို့သည် သခင်ယေရှု၏ဗတ္တိဇံနှင့် ကားတိုင် ပေါ်တွင် အသွေးတော်တို့ဖြင့် စည်းလုံးသောယုံကြည်ခြင်းအားဖြင့် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို အမှန်အကန် ရရှိကြလိမ့်မည်။ သ ခင်ယေရှု၏ဗတ္တိဇံနှင့်အသေခံခြင်းနှင့် စည်းလုံးခြင်းမရှိလျှင် ကျွန်ုပ် တို့၏ ယုံကြည်မှုသည် အချည်းနှီးဖြစ်သောကြောင့် ကျွန်ုပ်တို့သည် ထိုအရာများနှင့် စည်းလုံးရကြမည် ဖြစ်သည်။
“ငါသည် အလွန်စိတ်ပျက်ဖွယ်ကောင်းသောသူဖြစ်ပေ၏။ မည် သူသည် သေခြင်းနှင့်ဆိုင်သော ဤကိုယ်ခန္ဓာမှ ငါ့ကို ကယ်နုတ်မည် နည်း”(ရောမ ၇း၂၄)။ ဤအရာသည် ရှင်ပေါလုတစ်ဉီးတည်း မြည် တမ်းညည်းတွားခြင်းမဟုတ်ဘဲ ခရစ်တော်နှင့် အဆက်အသွယ်ပြတ် နေသောသူအားလုံး သင်နှင့် ကျွန်တော်တို့၏ညည်းတွားခြင်းလည်း ဖြစ်သည်။ ဤစိတ်ပျက်နုံခြာမှုမှ ကျွန်ုပ်တို့အား ရွေးနှုတ်ကယ်တင် သူမှာ သခင်ယေရှုဖြစ်တော်မူသည်။ ဤပြဿနာကို ဗတ္တိဇံခံယူ၍ ကားစင်တင်ခံကာ သေခြင်းမှရှင်ပြန်ထမြောက်တော်မူခဲ့သော ကိုယ် တော်ကို ယုံကြည်ခြင်းအား ဖြင့်သာလျှင် ဖြေရှင်းနိုင်သည်။
ရှင်ပေါလုက “ငါတို့သခင် ယေရှုခရစ်အားဖြင့် ကယ်လွှတ် တော်မူသော ဘုရားသခင်၏ကျေးဇူးတော်ကြီးလှပေ၏”ဟု ပြောခဲ့ သည်။ ရှင်ပေါလုသည် ကိုယ်တော်နှင့်အတူ မိမိကိုယ်ကိုကိုယ် စည်း လုံးခဲ့သည်ဟု ထင်ရှားစေသည်။ ကိုယ်တော်သည် ဗတ္တိဇံနှင့်အသွေး အားဖြင့် ကျွန်ုပ်တို့အပြစ်များမှ ကယ်တင်တော်မူခဲ့သည်ဟု ကိုယ် တော်နှင့်စည်းလုံး၍ ယုံကြည်ကြလျှင် အပြစ်လွှတ်ခြင်းအခွင့်ခံစားရ ရှိ၍ ထာဝရအသက်ရရှိကြလိမ့်မည်ဟု ကျွန်ုပ်တို့ ယုံကြည်ရကြမည် ဖြစ်သည်။ သင်သည် သခင်ယေရှု၏ဗတ္တိဇံနှင့် နှလုံးသားစည်းလုံး သည်ဟု ယုံကြည်သောအခါ သခင်ယေရှုအပေါ်သို့ သင်၏အပြစ်များ အားလုံး လွှဲပြောင်းခြင်းခံရလိမ့်မည်။ ကားတိုင်ပေါ်တွင် ကိုယ်တော် ၏အသေခံတော်မူခြင်းနှင့် စည်းလုံးသော ယုံကြည်ခြင်းရှိခဲ့ပြီးနောက် သင်သည်ကိုယ်တော်နှင့်အတူအသေခံ၍ရှင်ပြန်ထမြောက်လိမ့်မည်။
သခင်ယေရှုသည် မိမိအသက်သုံးစေ့သောအခါ ဤလောက၌ အမှုတော်စတင်လာခဲ့သည်။ ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံခံယူတော် မူခြင်းအားဖြင့် ကျွန်ုပ်တို့အပြစ်များ ဆေးကြောခြင်းမှာ ကိုယ်တော် ပြုတော်မူခဲ့သော ပထမဉီးဆုံးသော အမှုတော် ဖြစ်သည်။ ကိုယ် တော်သည် ဘာကြောင့် ဗတ္တိဇံခံယူတော်မူခဲ့သနည်း။ လူသားများ၏ အပြစ်များအားလုံးကို သယ်ထမ်းရန်အတွက် ဖြစ်သည်။ ထိုကြောင့် သခင်ယေရှုထမ်းတော်မူခဲ့သော ဘုရားသခင်၏ဖြောင့်မတ်ခြင်းနှင့် ကျွန်ုပ်တို့နှလုံးသား စည်းလုံးသောအခါ ကိုယ်တော်၏ဗတ္တိဇံအားဖြင့် သခင်ယေရှုအပေါ်သို့ ကျွန်ုပ်တို့အပြစ်များအားလုံး ဧကန်လွှဲပြောင်း ခြင်းခံရသည်။ ကျွန်ုပ်တို့အပြစ်များအားလုံသည် သခင်ယေရှုပေါ်သို့ လွှဲပြောင်းခြင်းခံရ၍ တစ်ကြိမ်တည်းဆေးကြောခြင်းခံရသည်။
ကိုယ်တော်သည်  ဤလောကသို့ ကြွဆင်းတော်မူခဲ့၍ ကျွန်ုပ် တို့အပြစ်များအားလုံးထမ်းရန် ဗတ္တိဇံခံယူတော်မူ၍ ပြစ်ကြွေးများ ပေးအပ်ရန် အသေခံတော်မူခဲ့သည်။ သခင်ယေရှုသည် ဗတ္တိဇံခံယူ တော်မမူမီ ယောဟန်ထံ “ယခုအခါတွင် အခွင့်ပေးလော့။ အ ကြောင်းမူကား ငါတို့သည် ဖြောင့်မတ်ခြင်းအလုံးစုံကို ဤသို့ပြည့်စုံစေသင့်၏”ဟု ပြောကြားတော်မူခဲ့သည်။ “ဖြောင့်မတ်ခြင်းအလုံးစုံ” ဟု ဆိုရာတွင် အပ္ပါယ်ငရဲသို့သွားရမည်လူများ၏အပြစ် များအားလုံး ကို ဆေးကြောပေးခဲ့သော သခင်ယေရှုခံယူတော်မူခဲ့ သည့် ဗတ္တိဇံနှင့် ကိုယ်တော်၏အသေခံတော်မူခြင်းနှင့် ရှင်ပြန်ထ မြောက်တော်မူခြင်း ကို ရည်ညွှန်းသည်။ ဘုရားသခင်၏ဖြောင့်မတ်ခြင်းမှာ အဘယ် အရာ ဖြစ်သနည်း။ ဓမ္မဟောင်းကျမ်း၌ ဘုရားသခင် ၏ကတိတော် နှင့်အညီ အပြစ်သားများအားလုံးကို ကယ်တင်တော်မူခဲ့သော သခင် ယေရှု၏ဗတ္တိဇံနှင့်အသေခံတော်မူခြင်းသည် ကိုယ် တော်၏ဖြောင့် မတ်ခြင်း ဖြစ်သည်။ သခင်ယေရှုသည် လူသားတစ်ဉီးအဖြစ် ထင် ရှားတော်မူ၍ ဗတ္တိဇံခံယူခြင်းအကြောင်းမှာ လူသား များ၏အပြစ် များအားလုံးကို ယူဆောင်၍ ဆေးကြောပေးရန် အတွက် ဖြစ်သည်။
ယောဟန်သည် ဘာကြောင့် သခင်ယေရှုကို ဗတ္တိဇံပေးခဲ့သ နည်း။ လူသားများ၏အပြစ်များအားလုံးကို ယူဆောင်သွားတော်မူ ခြင်းအားဖြင့် ဘုရားသခင်၏ဖြောင့်မတ်ခြင်းပြည့်စုံစေရန်အတွက် ဖြစ်သည်။ သခင်ယေရှုခရစ်၌ ဗတ္တိဇံခံခဲ့သော ကျွန်ုပ်တို့သည် ကိုယ် တော်၏အသေခံခြင်း၌ ဗတ္တိဇံခံယူ၍ ကိုယ်တော်သည် သေခြင်းမှရှင် ပြန်ထမြောက်တော်မူခဲ့သောကြောင့် ဘဝသစ်၌ ယခုလျှောက်လှမ်း နေကြသည်။ ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ယုံကြည်ခြင်းမှာ သခင်ယေရှု၏ဗတ္တိဇံ၊ ကားတိုင်ပေါ်တွင် အသေခံတော်မူခြင်းနှင့် ရှင် ပြန်ထမြောက်ခြင်းတို့ကို ယုံကြည်၍ စည်းလုံးခြင်း ဖြစ်သည်။ သခင် ယေရှုသည် ဗတ္တိဇံခံယူတော်မူခဲ့သောအခါ ကျွန်ုပ်တို့အပြစ်များအား လုံးသည်ကိုယ်တော်အပေါ်သို့ လွှဲပြောင်းခြင်းခံခဲ့ရသည်ဟု ယုံကြည် ခြင်းမှာ အလွန်အရေးကြီးသည်။ ကျွန်ုပ်တို့သည် ကိုယ်တော်၏ဗတ္တိဇံ အားဖြင့် ကိုယ်တော်နှင့်အတူ စည်းလုံးခဲ့ကြသောကြောင့် ကိုယ် တော်သည် ကားတိုင်ပေါ်တွင် အသေခံတော်မူခဲ့သောအခါ ကျွန်ုပ်တို့ သည် ကိုယ်တော်နှင့်အတူ သင်္ဂြိုဟ်ခြင်းခံရကြသည်။ ကျွန်ုပ်တို့သည် အပြစ်များအားလုံးမှ ရွေးနှုတ်ခြင်းခံရပြီးနောက်  ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို ယုံကြည်ခြင်းအားဖြင့် ကိုယ်တော်နှင့်အတွက် ကျွန်ုပ်တို့နှလုံးသားများစည်းလုံးခြင်းမှာ မရှိမဖြစ် လိုအပ်သည်။ ခရစ်တော်သည် ဗတ္တိဇံအားဖြင့် ကျွန်ုပ်တို့အပြစ်များအားလုံးကို ယူ ဆောင်သွားတော်မူခဲ့သောကြောင့် ကိုယ်တော်သည် ကားတိုင်ပေါ် တွင် အသေခံတော်မူခဲ့သောအခါ ကျွန်ုပ်တို့အားလုံးသည်လည်း ကိုယ်တော်နှင့်အသေခံခဲ့ကြသောကြောင့် ကျွန်ုပ်တို့သည် ဘုရားသ ခင်ထံ ကျေးဇူးတော်ချီးမွမ်းကြခြင်း ဖြစ်သည်။ 
ကျွန်ုပ်တို့သည် ရွေးနှုတ်ကယ်တင်ခြင်းအားဖြင့် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို ခံရကြပြီးနောက် ယုံကြည်ခြင်းအားဖြင့် သခင် ယေရှုနှင့်စည်းလုံးခြင်းမှာ မရှိမဖြစ် လိုအပ်သည်။ ရွေးနှုတ်ကယ်တင် ခြင်းဆုကျေးဇူးခံရပြီးနောက် ကျွန်ပ်တို့ယုံကြည်ခြင်းသည် အဖွဲ့အ စည်းတစ်ခုအဖြစ်သို့သာ ယိုယွင်းနိုင်သည်။ သို့သော် ကျွန်ုပ်တို့သည် ကိုယ်တော်၏ဖြောင့်မတ်ခြင်းနှင့် နှလုံးသားများစည်းလုံးကြသောအ ခါ ကျွန်ုပ်တို့နှလုံးသားများသည် ဘုရားသခင်နှင့်အတူ အသက်ရှင် ကြလိမ့်မည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းနှင့်စည်း လုံးကြလျှင် ကိုယ်တော်နှင့်အတူ အသက်ရှင်ကြလိမ့်မည်။ သို့သော် ကျွန်ုပ်တို့သည် စည်းလုံးခြင်းမရှိကြလျှင် ကျွန်ုပ်တို့သည် ကိုယ်တော် ကို မထီမဲ့မြင်ပြုခြင်း ဖြစ်သည်။ ကျွန်ုပ်တို့သည် ကိုယ်တော်ဘုရား နှင့် စည်းလုံးခြင်းမရှိဘဲ ကိုယ်တော်၏ရန်သူများအဖြစ်သာ ကျန်ရစ် ကြလျှင် ကျွန်ုပ်တို့သည် မိမိအိမ်နီးချင်းဉယျာဉ်ကို လေးစားသမုတ် လျှင်လည်း ကျွန်ုပ်တို့သည် ဘုရားသခင်၏အဆက်အသွယ်ပျက်ကြ သောကြောင့် ဘုရားသခင်၏ မထီမဲ့မြင်ပြုလာနိုင်ကြမည်။ ထို ကြောင့် ကျွန်ုပ်တို့သည် ယုံကြည်ခြင်းအားဖြင့် ကိုယ်တော်၏နှုတ်က ပတ်တော်နှင့်ဘုရားသခင်၏ဖြောင့်မတ်ခြင်းတို့ဖြင့် စည်းလုံးရကြ မည် ဖြစ်သည်။
 

ကျွန်ုပ်တို့သည် သခင်ယေရှု၏ဗတ္တိဇံနှင့် ကားတိုင်ပေါ်တွင် အသေခံတော်မူခြင်းတို့ဖြင့် စည်းလုံးသောယုံကြည်ခြင်း ရှိကြလျှင် ကျွန်ုပ်တို့သည် ကိုယ်တော်နှင့်စည်းလုံးသော ခရစ်ယာန်များ ဖြစ်လာကြသည်

ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ယုံကြည်ခြင်းမှာ ကိုယ်တော် နှင့်စည်းလုံးခြင်းနှင့် ကိုယ်တော်၏ဖြောင့်မတ်ခြင်းကို အသိအမှတ် ပြုသောယုံကြည်မှုရရှိခြင်း ဖြစ်သည်။ ကျွန်ုပ်တို့ဘဝများ၏ဖြစ်ခြင်း အားလုံးသည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းနှင့် စည်းလုံးသင့်သည်။ ထိုအရာသည် ကျွန်ုပ်တို့အသက်ရှင်သင့်သောအရာ ဖြစ်သည်။ ကျွန်ုပ်တို့သည် ကိုယ်တော်၏ဖြောင့်မတ်ခြင်းနှင့် စည်းလုံးခြင်းမရှိ ကြလျှင် ကျွန်ုပ်တို့သည် ဇာတိပကတိ၏ကျွန်များဖြစ်လာကြ၍ သေ ကြလိမ့်မည်။ သို့သော် ကျွန်ုပ်တို့သည် ဘုရားသခင်၏ဖြောင့်မတ် ခြင်းနှင့် စည်းလုံးသောအခါ ကျွန်ုပ်တို့အပြစ်များအားလုံး ဖြေလွှတ် ခြင်းခံရကြသည်။ ကျွန်ုပ်တို့သည် ကိုယ်တော်၏ဖြောင့်မတ်ခြင်းနှင့် နှလုံးသားများစည်းလုံးမှသာလျှင် ကျွန်ုပ်တို့သည် ဘုရားသခင်၏အ စေခံများ ဖြစ်လာကြသည်။ ဘုရားသခင်၏လုပ်ငန်းများအားလုံး သည် ကျွန်ုပ်တို့နှင့်သက်ဆိုင်လိမ့်မည်။ ကိုယ်တော်၏အမှုတော်များ နှင့်တန်ခိုးတော်အားလုံးသည် ကျွန်ုပ်တို့ပိုင်ဆိုင်မှုများ ဖြစ်လာပါ လိမ့်မည်။ သို့သော် ကျွန်ုပ်တို့သည် ကိုယ်တော်နှင့်စည်းလုံးခြင်းမရှိ လျှင် ကျွန်ုပ်တို့သည် ကိုယ်တော်၏ဖြောင့်မတ်ခြင်းကို မထီမဲ့မြင်ပြု ကြလိမ့်မည်။ 
ရှင်ပေါလုပြောခဲ့သည့်အတိုင်း ကျွန်ုပ်တို့သည် ကိုယ်ခန္ဓာ၌ နု နယ်၍ အားနည်းနေကြသောကြောင့် ကျွန်ုပ်တို့သည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းနှင့်နှလုံးသားများ စည်းလုံးခြင်းရှိရကြမည်ဖြစ်သည်။ သခင်ယေရှုသည် ကျွန်ုပ်တို့အား အပြစ်များအားလုံးမှ ကယ်တင် တော်မူရန်အတွက် ယောဟန်အားဖြင့် ဗတ္တိဇံခံယူ၍ ကားစင်တင်ခံ တော်မူခဲ့သည်ဟု ကျွန်ုပ်တို့သည် စည်းလုံး၍ ယုံကြည်ရကြမည် ဖြစ် သည်။ ဤသို့သော ယုံကြည်ခြင်းသည် ဘုရားသခင်ကို ဝမ်းမြောက် စေတော်မူ၍ ကျွန်ုပ်တို့ကိုယ်ခန္ဓာများနှင့်စိတ်ဝိညာဉ်များအား ကောင်းကြီးမင်္ဂလာများယူဆောင်ပေးပေးသော ယုံကြည်ခြင်း ဖြစ် သည်။ ကျွန်ုပ်တို့သည် ယုံကြည်ခြင်းအားဖြင့် နှလုံးသားစည်းလုံး၍ ကိုယ်တော်၏လုပ်ဆောင်ချက်များကို ယုံကြည်ကြလျှင် ကောင်းကင် နိုင်ငံ‌တော်နှင့်စပ်ဆိုင်သောကောင်းကြီးမင်္ဂလာအကုန်အစင် ကတိ များအားလုံးခံစားရရှိကြလိမ့်မည်။ ထိုကြောင့် ကျွန်ုပ်တို့သည် ကိုယ် တော်နှင့်အတူ စည်းလုံးရကြမည် ဖြစ်သည်။ 
အခြားတစ်ဖက်တွင် ကျွန်ုပ်တို့သည် ဘုရားသခင်၏ဖြောင့်မတ် ခြင်းနှင့်နှလုံးသားများ စည်းလုံးခြင်းမရှိကြလျှင် ကျွန်ုပ်တို့သည် ကိုယ်တော်ကို အစေခံနိုင်ကြမည် မဟုတ်ပေ။ ဘုရားသခင်၏ဖြောင့် မတ်ခြင်းဖြင့် နှလုံးသားများမစည်းလုံးသော ခရစ်ယာန်များသည် အ ခြားသောအရာများထက် လောကအပြစ်များကို ပို၍မြတ်နိုးတတ်ကြ သည်။ သူတို့သည် လောက၌ရှိသော မယုံကြည်သူများနှင့် မခြားနား ပေ။ သူတို့သည် မိမိဘဝများအဖြစ် သူတို့ချစ်မြတ်နိုးသော ပိုင်ဆိုင်မှု များ သူတို့ထံမှ ပြန်လည်ရုပ်သိမ်းသောအခါမှသာ သူတို့သည် ဘုရား သခင်၏ဖြောင့်မတ်ခြင်းတန်ဖိုးကို နားလည်သဘောပေါက်လာခဲ့ကြ သည်။ စည်းစိမ်ဥစ္စာများသည် လူသားများ၏ဘဝများကို ထိန်းချုပ် ရန် တန်ဖိုး သို့မဟုတ် တန်ခိုးမရှိကြပေ။ ဘုရားသခင်၏ဖြောင့်မတ် ခြင်းသာဖြင့် အပြစ်များဖြေလွှတ်ခြင်း၊ ထာဝရအသက်နှင့်ကောင်း ကြီးမင်္ဂလာများပေးနိုင်သည်။ စည်းစိမ်ဥစ္စာများသည် ကျွန်ုပ်တို့ဘဝ များနှင့်မထိုက်တန်ပေ။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ဖြောင့်မတ် ခြင်း၊ အိမ်နီးချင်းများဖြင့် စည်းလုံးလျှင် အသက်ရှင်လိမ့်မည်ဟု နား လည်သဘောပေါက်ရကြမည် ဖြစ်သည်။
ကျွန်ုပ်တို့နှလုံးသားများသည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းနှင့် စည်းလုံးရကြမည် ဖြစ်သည်။ ကျွန်ု်ပတို့သည် ယုံကြည်ခြင်းအား ဖြင့်အသက်ရှင်ကြ၍ ခရစ်တော်နှင့်နှလုံးသားများ စည်းလုံးခြင်းရှိရ ကြမည် ဖြစ်သည်။ ခရစ်တော်၏ဖြောင့်မတ်ခြင်းနှင့် စည်းလုံးသော ယုံကြည်ခြင်းသည် အလွန်လှပသည်။ ကျွန်ုပ်တို့သည် ကိုယ်တော်နှင့် စည်းလုံး၍ ဝိညာဉ်ရေးရာအသက်တာအားဖြင့် အသက်ရှင်သင့်ကြ သည်ဟု ရှင်ပေါလုက အခန်းကြီး ၇ တွင် နောက်ဆုံးပြောသည်။
ကိုယ်တော်၏ဖြောင့်မတ်ခြင်းဖြင့် နှလုံးသားစည်းလုံးခြင်းမရှိဘဲ ဘုရားသခင်၏အစေခံဖြစ်လာသူ တစ်စုံတစ်ဉီး သင်မြင်တွေ့ခဲ့ပြီ လော။ လုံးဝမရှိပေ။ ဘုရားသခင်၏ဖြောင့်မတ်ခြင်းနှင့် ချိတ်ဆက်မှု မရှိဘဲ အပြစ်များဖြေလွှတ်ခြင်းအတွက် ရေနှင့်ဝိညာဉ်တော်သတင်း ကောင်းသည် မရှိမဖြစ်လိုအပ်သည်ဟု ထိုသတင်းကောင်းကို အသိ အမှတ်ပြုသူ တစ်စုံတစ်ဉီးကို သင်မြင်တွေ့ခဲ့ဖူးသလော။ လုံးဝမရှိ ပေ။ ကျွန်ုပ်တို့သည် ကျမ်းစာကို မည်သို့ပင် တတ်ကျွမ်းစေကာမူ ဘုရားသခင်၏ဖြောင့်မတ်ခြင်းနှင့် ဆက်ချိတ်ခြင်းမရှိလျှင် အချည်း နှီးသက်သက် ဖြစ်သည်။ သခင်ယေရှု၏ဗတ္တိဇံနှင့် ကားတိုင်ပေါ်တွင် အသွေးတော်ကို ယုံကြည်ခြင်းအားဖြင့်သာလျှင် ကျွန်ုပ်တို့သည် အ ပြစ်များအားလုံးမှ ကယ်တင်ခြင်းခံရကြသည်။
ကျွန်ုပ်တို့သည် အပြစ်များဖြေလွှတ်ခြင်းတစ်ကြိမ်ရရှိ၍ ဘုရား ကျောင်းသို့ တက်နေလျှင်လည်း ကျွန်ုပ်တို့သည် ကိုယ်တော်၏ ဖြောင့်မတ်ခြင်းနှင့် စည်းလုံးခြင်းမရှိလျှင် ကျွန်ုပ်တို့သည် ဘုရားသ ခင်၏အကြံအစည်တော်၌ လုံးဝပါဝင်ပတ်သက်မှုမရှိသော အပြစ် သားများဖြစ်ကြသည်။ ကျွန်ုပ်တို့သည် ဘုရားသခင်ကို ယုံကြည်ကြ သည်ဟု ပြောကြသော်လည်း ကျွန်ုပ်တို့သည် ကိုယ်တော်‌၏ဖြောင့် မတ်ခြင်းနှင့် ချိတ်ဆက်ခြင်းမရှိလျှင် ကိုယ်တော်နှင့် အဆက်အသွယ် ပြတ်ကြလိမ့်မည်။ ကျွန်ုပ်တို့သည် ခရစ်တော်၏ နှစ်သိမ့်မှု၊ ကူညီမှု နှင့် လမ်းပြမှုကို ခံရကြလျှင် ဘုရားသခင်၏ဖြောင့်မတ်ခြင်းနှင့်စည်း လုံးမှုရှိရကြမည် ဖြစ်သည်။
သင်သည် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို ယုံကြည်ခြင်း အားဖြင့် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ရရှိ၍ အပြစ်များအားလုံး ဖြေလွှတ်ခြင်းခံစားခဲ့ပြီးသလော။ ရှင်ပေါလုပြုခဲ့သည့်အတိုင်း သင် သည် အသွေးအသားဖြင့် အပြစ်ပညတ်များကို နေ့တိုင်းကျင့်ဆောင် ၍ စိတ်နှလုံးသားဖြင့် ဘုရားသခင်၏ပညတ်တော် အစေခံသလော။ ကျွန်ု်ပတို့သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းအပေါ် အမြဲတမ်း ချိတ်ဆက်ရကြမည်ဖြစ်သည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ဖြောင့် မတ်ခြင်းဖြင့် မိမိကိုယ်ကိုကိုယ် စည်းလုံးခြင်းမရှိကြလျှင် မည်သည့် အရာ ဖြစ်ပျက်လိမ့်မည်နည်း။ ကျွန်ုပ်တို့သည် ပျက်စီးခြင်းခံရကြ မည် ဖြစ်သည်။ သို့သော် ဘုရားသခင်၏ဖြောင့်မတ်ခြင်းဖြင့် စည်း လုံးသောသူများသည် ဘုရားသခင်၏အသင်းတော်နှင့်စည်းလုံးသော ဘဝများဖြင့် အသက်ရှင်ကြလိမ့်မည်။
ဘုရားသခင်၏ဖြောင့်မတ်ခြင်းကိုယုံကြည်ခြင်းဟု ဆိုရာတွင် ဘုရားသခင်၏အသင်းတော်နှင့်အစေခံများတို့ဖြင့် ချိတ်ဆက်ခြင်းကို ဆိုလိုသည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းဖြင့် နေ့ တိုင်း စည်းလုံးကြသောအခါမှသာလျှင် ယုံကြည်ခြင်းအားဖြင့် ဆက် လက်အသက်ရှင်နိုင်ကြမည် ဖြစ်သည်။ ကိုယ်တော်၏ဖြောင့်မတ် ခြင်းကို ယုံကြည်ခြင်းအားဖြင့် အပြစ်များဖြေလွှတ်ခြင်းခံရသောသူ များသည် နေ့တိုင်းဘုရားသခင်၏အသင်းတော်နှင့် စည်းလုံးခြင်းရှိရ ကြမည် ဖြစ်သည်။ ကျွန်ုပ်တို့အသွေးအသားများသည် အပြစ်ပညတ် ကို အမြဲတမ်းအစေခံလိုကြသည်။ ကျွန်ုပ်တို့သည် ယုံကြည်ခြင်းအား ဖြင့် ဘုရားသခင်၏ပညတ်တော်ကို အမြဲတမ်းအာရုံပြု၍ အသက်ရှင် ရကြမည် ဖြစ်သည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်း ကို အာရုံပြု၍ အထူးပြုမှသာလျှင် ကိုယ်တော်နှင့်စည်းလုံးခြင်းရှိနိုင် ကြမည် ဖြစ်သည်။
ဘုရားသခင်၏ဖြောင့်မတ်ခြင်းကိုယုံကြည်သူ ကျွန်ုပ်တို့သည် နေ့စဉ်အသက်တာ၌ ဘုရားသခင်၏အသင်းတော်နှင့်အစေခံများတို့ ဖြင့် စည်းလုံးရကြမည် ဖြစ်သည်။ ထိုသို့စည်းလုံးနိုင်ရန်အတွက် ကျွန်ုပ်တို့သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို အမြဲတမ်းသတိရ ကြမည် ဖြစ်သည်။ ကျွန်ုပ်တို့သည် နေ့တိုင်းဘုရားသခင်၏ဖြောင့် မတ်ခြင်းအကြောင်းကို တွေးတော၍ စည်းလုံးရကြမည် ဖြစ်သည်။ ကိုယ်တော်သည် ကျွန်ုပ်တို့အပြစ်များအားလုံး ထမ်းရန်အတွက် ဗတ္တိ ဇံခံယူတော်မူခဲ့သည်ဟူသောအချက်ကို အာရုံပြုရကြမည် ဖြစ်သည်။ ကျွန်ုပ်တို့သည် ဤယုံကြည်မှုနှင့် ဘုရားသခင်၏ဖြောင့်မတ်ခြင်းတို့ ဖြင့် ချိတ်ဆက်ကြသောအခါ ဘုရားသခင်ထံတော်မှ ငြိမ်သက်ခြင်းခံ ရ၍ အသစ်ပြုပြင်ကြကာ ကောင်းကြီးမင်္ဂလာခံစား၍ ကိုယ်တော်ချ ပေးသောတန်ခိုးပိုင်ဆိုင်ကြလိမ့်မည်။
ဘုရားသခင်၏ဖြောင့်မတ်ခြင်းနှင့် မိမိကိုယ်ကိုကိုယ် စည်းလုံး ပါ။ ထိုနောက်သင်သည် ခွန်အားအသစ်ရရှိလာလိမ့်မည်။ ယခုတွင် ဘုရားသခင်၏ဖြောင့်မတ်ခြင်းဖြင့် သခင်ယေရှု၏ဗတ္တိဇံနှင့် စည်းလုံး ခြင်းရှိပါ။ သင်၏အပြစ်များသည် ဖြေလွှတ်ခြင်းခံရလိမ့်မည်။ ကား တိုင်ပေါ်တွင် ခရစ်တော်၏အသေခံတော်မူခြင်းနှင့်သင်၏နှလုံးသား စည်းလုံးပါ။ သင်သည် ကိုယ်တော်နှင့်အတူ အသေခံလိမ့်မည်။ ကိုယ် တော်၏ရှင်ပြန်ထမြောက်ခြင်းနှင့် စည်းလုံးပါ။ သင်သည် အသက် ပြန်ရှင်ပါလိမ့်မည်။ အကျဉ်းချုံးအားဖြင့်၊ သင်သည် ခရစ်တော်နှင့်အ တူ နှလုံးသားစည်းလုံးသောအခါ သင်သည် ခရစ်တော်နှင့်အတူအ သေခံ၍ ရှင်ပြန်ထမြောက်ကာ အပြစ်များအားလုံးမှ ရွေးနှုတ်ခြင်းခံ တော်မူလိမ့်မည်။ 
ကျွန်ုပ်တို့သည် ခရစ်တော်နှင့်စည်းလုံးခြင်းမရှိလျှင် မည်သည့် အရာ ဖြစ်ပျက်သနည်း။ သင်သည် စိတ်တွေဝေ၍ “ဘာကြောင့်သ ခင်ယေရှုဗတ္တိဇံခံယူတော်မူခဲ့သနည်း။ ဓမ္မဟောင်းကျမ်းနှင့်ဓမ္မသစ် ကျမ်းတို့၏ခြားနားချက်တစ်ခုမှာ အရင်ကျမ်းက ‘လက်များတင် ခြင်း’အကြောင်းပြော၍ နောက်ကျမ်းက ဗတ္တိဇံအကြောင်းပြောနေ သည်။ ထိုကြောင့် ဘာကြီးမားသောကိစ္စရှိသလဲ”ဟု မေးနိုင်သည်။ ဉီးနှောက်ဖြင့် ယုံကြည်ခြင်း သို့မဟုတ် သီအိုရီအရယုံကြည်ခြင်း သည် စစ်မှန်သောယုံကြည်ခြင်း မဟုတ်ပေ။ ၎င်းက ယုံကြည်သူများ အား ဘုရားသခင်နှင့်ဝေးကွာရန် အမှန်အကန် လမ်းပြနေသည်။
ဤအပြုအမူဖြင့် ယုံကြည်သူများသည် သွန်သင်ဆရာများထံမှ ဉာဏ်ပညာကိုသာလက်ခံသော ကျောင်းသားတစ်ဉီးနှင့်တူသည်။ ကျောင်းသားတစ်ဉီးသည် မိမိဆရာကို အမှန်အကန် ရိုသေလေးစား လျှင် သူသည် သူတို့၏မြင့်မြတ်သောကိုယ်ကျင့်တရား၊ ခေါင်းဆောင် မှု သို့မဟုတ် ကိုယ်ရေးကိုယ်တာများကို သင်ယူပါလိမ့်မည်။ ကျွန်ုပ် တို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်ကို ဉာဏ်ပညာအစိတ်အ ပိုင်း တစ်ခုသက်သက်အဖြစ်မလက်ခံသင့်ကြပေ။ သို့သော် ဘုရားသ ခင်၏ဖြစ်တည်ခြင်း၊ မေတ္တာတော်၊ ဂရုဏာတော်နှင့် ဖြောင့်မတ်ခြင်း တို့ကို နှလုံးသားဖြင့် သင်ယူရမည် ဖြစ်သည်။ ကျွန်ုပ်တို့သည် ကိုယ် တော်၏ဖြောင့်မတ်ခြင်းနှင့်စည်းလုံး၍ နှုတ်ကပတ်တော်ကို ဉာဏ် ပညာအဖြစ် လေ့လာသင်ယူခြင်းစိတ်ကို ဖြတ်တောက်သင့်ကြသည်။ ဘုရားသခင်၏ဖြောင့်မတ်ခြင်းနှင့် ချိတ်ဆက်ခြင်းသည် ယုံကြည်သူ များအား စစ်မှန်သောဘဝကို ခံစားရရှိစေသည်။ ကိုယ်တော်နှင့်စည်း လုံးခြင်း ရှိပါ။ စည်းလုံးသောယုံကြည်ခြင်းမှာ စစ်မှန်သောယုံကြည် ခြင်း ဖြစ်သည်။ သီအိုရီနှင့် ဉီးနှောက်ယုံကြည်ခြင်းသည် စည်းလုံး သောယုံကြည်ခြင်းမဟုတ်ပေ။ သို့သော် အတုအယောင် ဖြစ်သည်။
ဓမ္မသီချင်းတွင် “ဘုရားသခင်၏ဂရုဏာတော်”ကို “ပင်လယ်ဘု ရား၊ အကန့်အသတ်မရှိနားမလည်နိုင်သောရေလွှမ်းမိုးခြင်း”ဟု သီဆို ကြသည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းနှင့် မိမိနှ လုံးသားများ စည်းလုံးကြသောအခါ ကိုယ်တော်၏ဖြောင့်မတ်ခြင်း ဖြစ်သော ဘုရားသခင်၏ဂရုဏာတော်ကို အကန့်အသတ်မရှိ နားမ လည်နိုင်အောင် ခံစားရရှိကြကာ စိတ်ငြိမ်းချမ်းမှုရရှိကြလိမ့်မည်။ သို့ သော် ဘုရားသခင်နှင့်ချိတ်ဆက်မှုမရှိသော သီအိုရီနှင့်ဉီးနှောက်အသိ ဉာဏ်များဖြင့် ယုံကြည်ခြင်းသည် ရေတိမ်ကဲ့သို့ဖြစ်သည်။ ပင်လယ် ရေသည် တိမ်လျှင် အမြှုပ်လွယ်ကူစွာ ထွက်သည်။ သို့သော် နက် ရှိုင်းသောပင်လယ်သည် အပြာရောင်ရေလှိုင်းဖြစ်၍ ထိုနေရာသည် အလွန်နက်ရှိုင်းသည်။ ၎င်း၏နက်ရှိုင်းမှုကို ဖော်ပြ၍မရနိုင်ပေ။ သို့ သော် ရေတိမ်တွင် ရေလှိုင်းများသည် ပင်လယ်ကမ်းခြေကို ရိုက်ခတ် သည်။ လှိုင်းထသည်။ ကွဲအက်သည်။ ပွက်ပွက်ထလာ၍ ဝရုံးသုံး ကားဖြစ်သည်။ ဘုရားသခင်၏ဖြောင့်မတ်ခြင်းနှင့် မစည်းလုံးသော သူများ၏ယုံကြည်မှုများသည် ရေတိမ်၌ ဤရေလှိုင်းများနှင့်တူသည်။
ဘုရားသခင်၏နှုတ်ကပတ်တော်နှင့်စည်းလုံးသော နှလုံးသား များသည် အခြေအနေများအားလုံး၌ အမြစ်တွယ်သည်။ ကိုယ်တော် ကို ဗဟိုပြုသည်။ ခိုင်ခံ့သည်။ တုန်လှုပ်ခြင်းမရှိပေ။ သူတို့၏နှလုံး သားများသည် အပြစမ်ဆုံးသောဘုရား၏အလိုတော်သို့ ရွှေ့လျား သည်။ သို့သော် ဘုရားသခင်၏ဖြောင့်မတ်ခြင်းနှင့်အချိတ်ဆက်သော သူများသည် အနည်းငယ်ပမာဏသောဒုက္ခများ၌ လွယ်ကူစွာ တုန် လှုပ်သည်။
ကျွန်ုပ်တို့သည် ကိုယ်တော်နှင့်စည်းလုံးသော ယုံကြည်ခြင်းကို ပိုင်ဆိုင်ရကြမည် ဖြစ်သည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏နှုတ်က ပတ်တော်နှင့် ချိတ်ဆက်ရကြမည် ဖြစ်သည်။ ကျွန်ုပ်တို့သည် ပြဿ နာအသေးအမွှားများအတွက် မတုန်လှုပ်ရပေ။ ကိုယ်တော်နှင့်စည်း လုံးသောသူများသည် ခရစ်တော်နှင့်ဗတ္တိဇံခံယူကြသည်။ ခရစ်တော် နှင့်အတူ အသေခံကြသည်။ ခရစ်တော်နှင့်အတူ သေခြင်းမှရှင်ပြန်ထ မြောက်ခဲ့ကြသည်။ ကျွန်ုပ်တို့သည် လောကသားများမဟုတ်ကြ သောကြောင့် ကျွန်ုပ်တို့အား ဖြောင့်မတ်ခြင်း၏အစေခံများအဖြစ် လက်ခံတော်မူသောကိုယ်တော်ကို ဝမ်းမြောက်စေတော်မူရန် ဘုရား သခင်၏ဖြောင့်မတ်ခြင်းနှင့် စည်းလုံးရကြမည် ဖြစ်သည်။ 
ကျွန်ုပ်တို့သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းနှင့်စည်းလုံးကြ လျှင် ကိုယ်တော်၏ခွန်အားသည် ကျွန်ုပ်၏ဉစ္စာဖြစ်သောကြောင့် ကျွန်ုပ်တို့သည် အစဉ်အမြဲ ငြိမ်သက်ခြင်းရရှိကြလိမ့်မည်။ ဝမ်း မြောက်ပျော်ရွှင်၍ ခွန်အားအပြည့်ရရှိကြလိမ့်မည်။  ကျွန်ုပ်တို့သည် ကိုယ်တော်၏တန်ခိုးနှင့်ကောင်းကြီးမင်္ဂလာများကို ပိုင်ဆိုင်ကြသော ကြောင့် ကောင်းကြီးမင်္ဂလာများဖြင့် အသက်ရှင်ကြလိမ့်မည်။ ကျွန်ုပ် တို့သည် ယုံကြည်ခြင်းအားဖြင့် သခင်ယေရှု၏ဗတ္တိဇံနှင့်အသေခံ တော်မူခြင်းနှင့် ချိတ်ဆက်ကြလျှင် ကျွန်ုပ်တို့သည် ကိုယ်တော်၏ တန်ခိုးအားလုံးကို ပိုင်ဆိုင်ကြလိမ့်မည်။
ကိုယ်တော်နှင့် သင်၏နှလုံးသားစည်းလုံးပါ။ သင်သည် ကိုယ် တော်နှင့်စည်းလုံးလျှင် သင်သည် ဘုရားသခင်၏အသင်းတော်နှင့် စည်းလုံးလိမ့်မည်။ ဘုရားသခင်နှင့်စည်းလုံးသောသူများသည် အ ချင်းချင်း စည်းလုံးကြလိမ့်မည်။ မိတ်သဟာဖွဲ့ကြလိမ့်မည်။ ကိုယ် တော်၏အမှုတော်ကို အတူတူထမ်းကြလိမ့်မည်။ နှုတ်ကပတ်တော် ယုံကြည်ခြင်း၌ ကြီးထွားကြလိမ့်မည်။
သို့သော် ကျွန်ုပ်တို့သည် ခရစ်တော်နှင့်အတူ နှလုံးသားများ စည်းလုံးခြင်းမရှိလျှင် ကျွန်ုပ်တို့သည် အရာခပ်သိမ်းဆုံးရှုံးကြလိမ့် မည်။ သင်၏ယုံကြည်ခြင်းသည် မုန့်ညင်းစေ့ကဲ့သို့ သေးငယ်လျှင် ကိုယ်တော်သည် ကျွန်ုပ်တို့အပြစ်များကို တစ်ကြိမ်တည်းခွင့်လွှတ် တော်မူခဲ့သည်။ ကျွန်ုပ်တို့သည် မိမိအားနည်းချက်များကို လျစ်လျူရှု ၍ နေ့တိုင်း ဤသမ္မာတရားနှင့် ချိတ်ဆက်သင့်ကြသည်။ စည်းလုံး သောယုံကြည်ခြင်းရှိမှသာလျှင် သခင်ယေရှုခရစ်တော်အားဖြင့် အ သက်ရှင်စေ၍ ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်းစေလိမ့်မည်။
ကျွန်ုပ်တို့သည် ကိုယ်တော်၏ဖြောင့်မတ်ခြင်းနှင့်စည်းလုံးကြ လျှင် ကျွန်ုပ်တို့သည် ခွန်အားအသစ်ရရှိ၍ ကျွန်ုပ်တို့နှလုံးသားများ သည် ခိုင်ခံခြင်းရှိသည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏နှုတ်ကပတ် တော်နှင့်စည်းလုံးသောအခါ ကျွန်ုပ်တို့နှလုံးသားများသည် ဖြောင့် မတ်လာကြသည်။ ကျွန်ုပ်တို့သည် မိမိစိတ်နောက်သို့လိုက်လျှောက် ကြလျှင် ဘုရားသခင်ကို အစေခံရန် ဆုံးဖြတ်ချက်ချမှတ်နိုင်ကြမည် မဟုတ်ပေ။ ကျွန်ုပ်တို့သည် သခင်ယေရှု၏ဗတ္တိဇံ၊ ကားတိုင်နှင့် ရှင် ပြန်ထမြောက်ခြင်းတို့ဖြင့် စည်းလုံးကြသောအခါ ကျွန်ုပ်တို့ယုံကြည် မှုသည် ကြီးထွားလာ၍ နှုတ်ကပတ်တော်အပေါ် မားမားမတ်မတ် ရပ်တည်နိုင်ကြသည်။
ကျွန်ုပ်တို့သည် ကိုယ်တော်နှင့်မိမိနှလုံးသားများ စည်းလုံးရကြ မည် ဖြစ်သည်။ ကိုယ်တော်နှင့်စည်းလုံးသောယုံကြည်ခြင်းသာလျှင် စစ်မှန်သောယုံကြည်ခြင်းဖြစ်သည်။ ကိုယ်တော်နှင့်မစည်းလုံးသော ယုံကြည်ခြင်းမှာ မိစ္ဆာယုံကြည်မှု ဖြစ်သည်။
ကျွန်ုပ်တို့သည် သခင်ယေရှု၏ဗတ္တိဇံနှင့် ကားတိုင်ပေါ်တွင် အ သွေးတော်တို့အား ပေးအပ်တော်မူခြင်းအတွက် ကိုယ်တော်နှင့်မိမိနှ လုံးသားစည်းခြင်းကို ဘုရားသခင်ပေးအပ်တော်မူခြင်းအတွက် ဘု ရားသခင်၏ကျေးဇူးတော်ချီးမွမ်းသည်။ ကျွန်ုပ်တို့သည် ဤနေ့ရက် အထိ၊ နောက်ဆုံးနေ့အထိ ကိုယ်တော်ကို ပြန်လည်တွေ့ဆုံးကြသော အခါ ကိုယ်တော်နှင့်နှလုံးသားစည်းလုံးရကြမည် ဖြစ်သည်။ ကျွန်ုပ် တို့သည် ကိုယ်တော်နှင့်စည်းလုံးကြပါစို့။
ကျွန်ုပ်တို့သည် ကိုယ်တော်ရှေ့တော်၌ အားနည်းနေကြသော ကြောင့် ဘုရားသခင်နှင့်နှလုံးသားများစည်းလုံးရန် လိုအပ်ကြသည်။ ရှင်ပေါလုသည် ဘုရားသခင်နှင့်စည်းလုံး၍ အပြစ်များမှ ရွေးနှုတ် ခြင်းခံရသည်။ သူသည် သခင်ယေရှုခရစ်တော်ပေးအပ်တော်မူခဲ့ သော၊ ဘုရားသခင်၏ဖြောင့်မတ်ခြင်း၊ ရေနှင့်ဝိညာဉ်တော်သတင်း ကောင်းကို သိ၍ ယုံကြည်ခြင်းအားဖြင့် တစ်ကမ္ဘာလုံးသို့ သတင်း ကောင်းဟောပြောသူ ဘုရားသခင်၏မွန်မြတ်သော အစေခံတစ်ဉီး ဖြစ်လာခဲ့သည်။ ကျွန်ုပ်တို့သည် အားနည်းကြသောကြောင့် ဘုရားသ ခင်၏ပညတ်တော်ကို စိတ်နှလုံးသားများဖြင့် အစေခံ၍ ကိုယ်ခန္ဓာ ဖြင့် အပြစ်ပညတ်ကို အစေခံကြသောကြောင့် ကျွန်ုပ်တို့သည် ကိုယ် တော်နှင့်အတူစည်းလုံးခြင်းအားဖြင့်သာလျှင် အသက်ရှင်နိုင်ကြမည် ဖြစ်သည်။
ယခုတွင် သင်သည် သခင်ယေရှု၏ဖြောင့်မတ်ခြင်းနှင့်အတူ စည်းလုံးသော ယုံကြည်ခြင်းအကြောင်းကို သိခဲ့ပြီးပြီလော။ သင်၏ ယုံကြည်မှုသည် သခင်ယေရှု၏ဗတ္တိဇံနှင့်စည်းလုံးသလော။ ယခု သည် သခင်ယေရှု၏ဗတ္တိဇံနှင့်အသွေးတော်ကို ယုံကြည်သော ယုံ ကြည်ခြင်းဖြင့် စည်းလုံးရမည့်အချိန် ဖြစ်သည်။ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းနှင့် မစည်းလုံးသောယုံကြည်မှုသည် သူတို့၏ယုံ ကြည်မှု၊ ကယ်တင်ခြင်း၊နှင့် ဘဝများ၌ ရှုံးနှိမ့်ခဲ့ကြသည်။
ထိုကြောင့် ကိုယ်တော်၏ဖြောင့်မတ်ခြင်းသည် ရွေးနှုတ်ကယ် တင်ခြင်းအတွက် ခွဲခြား၍မရသောအရာ ဖြစ်သည်။ ကိုယ်တော်နှင့် စည်းလုံးခြင်းသည် အပြစ်များဖြေလွှတ်ခြင်းခံရရန်နှင့် ဘုရားသခင် ၏သားသမီးဖြစ်လာရန်အတွက် ကျွန်ုပ်တို့အားလုံးကို လမ်းပြသော ကောင်းကြီးမင်္ဂလာ ဖြစ်သည်။ ကိုယ်တော်၏ဖြောင့်မတ်ခြင်းအပေါ် မိမိကိုယ်ကိုကိုယ် စည်းလုံး၍ ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်၏ ဖြောင့်မတ်ြခင်းကို ရရှိပါ။ ထိုနောက် ဘုရားသခင်၏ဖြောင့်မတ်ခြင်း သည် သင့်အတွက်ဖြစ်လာ၍ ဘုရားသခင်၏ကောင်းကြီးမင်္ဂလာများ သည် သင်နှင့်အတူ အစဉ်အမြဲရှိလိမ့်မည်။
 

သခင်ယေရှုခရစ်တော်အတွက် ဘုရားကိုကျေးဇူးတင်ပါ

သခင်ယေရှုခရစ်တော်အားဖြင့် ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်းသည်ဟု တမန်တော်ရှင်ပေါလုက ပြောခဲ့သည်။ သူသည် သ ခင်ယေရှုခရစ်တော်အားဖြင့် ယုံကြည်ခြင်းအားဖြင့် ရရှိခဲ့သော ဘု ရားသခင်၏ဖြောင့်မတ်ခြင်းအတွက် ဘုရားသခင်ကို ကျေးဇူးတင်ခဲ့ သည်။ ရှင်ပေါလုသည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ယုံကြည်ခဲ့ ပြီးနောက် သူသည် ဘုရားသခင်၏ပညတ်တော်နှင့် စိတ်ဖြင့် အစေမ ခံတော့ပေ။ အပြစ်ပညတ်ကိုလည်း အသွေးအသားဖြင့် အစေမခံ တော့ပေ။ သို့သော် သူသည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို နှလုံး သားအကြွင်းမဲ့ယုံကြည်ခဲ့သောကြောင့် သူ၏နှလုံးသား၌ အပြစ်လုံး ဝမရှိတော့ပေ။
ရှင်ပေါလုသည် သခင်ယေရှုခရစ်တော်ကို ယုံကြည်ခြင်းအား ဖြင့် တရားစီရင်ခြင်းခံခဲ့၍ ဘုရားသခင်၏ဖြောင့်မတ်ခြင်းကြောင့် ယုံ ကြည်ခြင်းအားဖြင့် အပြစ်မှ ကယ်တင်ခြင်းခံခဲ့ရသည်။ ဘုရားသခင် ၏အမျက်တော်ကို တွေ့၍ ပညတ်တော်၏တရားစီရင်ခြင်းခံရသော သူများသည် မိမိနှလုံးသားများ၌ ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းအသီးအပွင့်ကို ထမ်းနိုင်ကြ လိမ့်မည်ဟု သူပြောခဲ့သည်။ ဒုတိယမွေးဖွားခြင်းခံရသောသူများ၏ နှလုံးသားများ၌ သန့်ရှင်းသောဝိညာဉ်တော်၏ဆန္ဒများနှင့် ဇာတိဆန္ဒ များရှိကြသည်။ သို့သော် ဒုတိယမွေးဖွားခြင်းမခံရသောသူတစ်ဉီး သည် ဇာတိတပ်မက်မှုများသာရှိသည်။ ထိုကြောင့် အပြစ်သားများ သည် အပြစ်ပြုရန်သာ ဆန္ဒရှိသည်။ ထို့ပြင် သူတို့သည် မိမိဗီဇအား ဖြင့် သူတစ်ပါးမျက်စိရှေ့တွင် အပြစ်များကိုလှပစေရန် ကြိုးစားကြ သည်။
ဒုတိယမွေးဖွားခြင်းမခံရသော သင်းအုပ်ဆရာများနှင့်သင်း ထောက်လူကြီးများက “ငါက မြင့်မြတ်သောဘဝဖြင့် အသက်ရှင်လို တယ်။ သို့သော် ထိုသို့အသက်ရှင်ရန် ဘာကြောင့်အလွန်ခက်ခဲသည် ကို ငါမသိပါ”ဟု ပြောလေ့ရှိကြသည်။ သူတို့သည် ဘာကြောင့် ဤ နည်းလမ်းဖြင့် အသက်မရှင်နိုင်ကြသည်ကို ကျွန်ုပ်တို့စဉ်းစားရကြ မည် ဖြစ်သည်။ ဤသို့ဖြစ်ရခြင်းအကြောင်းမှာ သူတို့သည် ဘုရားသ  ခင်၏ဖြောင့်မတ်ခြင်းကို ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းမခံရ သေးသောအပြစ်သားများဖြစ်ကြသောကြောင့် ဖြစ်သည်။ သူတို့နှ လုံးသား၌ ဘုရားသခင်၏ဖြောင့်မတ်ခြင်းမရှိသောကြောင့် သူတို့အ ထဲ၌ အပြစ်ရှိခြင်း ဖြစ်သည်။ သို့သော် ဒုတိယမွေးဖွားခြင်းခံရသော နှလုံးသားများ၌ ဘုရားသခင်၏ဖြောင့်မတ်ခြင်းနှင့် သန့်ရှင်းသောဝိ ညာည်တော်ရှိ၍ အပြစ်မရှိပေ။
ရှင်ပေါလုက သူ၏နှလုံးသား၌အပြစ်ရှိသောအခါ သူက “ငါသည် အလွန်စိတ်ပျက်ဖွယ်ကောင်းသောသူဖြစ်ပေ၏။ မည်သူသည် သေခြင်းနှင့်ဆိုင်သော ဤကိုယ်ခန္ဓာမှ ငါ့ကို ကယ်နုတ်မည်နည်း”ဟု မြည်တမ်း ခဲ့သည်။ သို့သော် ရှင်ပေါလုက ရုတ်တရက် “သို့သော် ငါတို့၏သခင်ယေရှုခရစ်တော်အားဖြင့် ဘုရားသခင်၏ကျေးဇူးတော်ကိုချီးမွမ်း၏”(ရောမ ၇း၁၉၊ ၂၄-၂၅)ဟု ထည့်သွင်းခဲ့သည်။ သူသည် ဘု ရားသခင်၏ဖြောင့်မတ်ခြင်းကို ပြည့်စုံစေတော်မူသော သခင်ယေရှု ခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့် သူ၏အပြစ်များအားလုံးမှ ကယ် တင်ခြင်းခံခဲ့ရသည်ကို ဤအရာဆိုလိုသည်။
အခန်းကြီး ၇ တွင် ရှင်ပေါလုဖော်ပြလိုသောအရာမှာ သူသည် ယခင်က ဒုတိယမွေးဖွားခြင်းမခံမ၍ ဘာသာရေးကိုင်းရှိုင်းသူတစ်ဉီး ဖြစ်သောအခါ ပညတ်တော်၏အခန်းကဏ္ဌမှာ အဘယ်အရာဖြစ် သည်ကို မသိခဲ့ပေ။ သို့သော် အပြစ်ဖြင့်ဆိုးကျိုးဖြစ်စေသော ဆိုးရွား သည့်အခြေအနေမှ သူ့အားကယ်တင်တော်မူခဲ့သောသူမှာ ဘုရားသ ခင်၏ဖြောင့်မတ်ခြင်းကို ပြည့်စုံစေတော်မူခဲ့သော သခင်ယေရှုခရစ် တော်ဖြစ်သည်ဟု သူပြောခဲ့သည်။ သခင်ယေရှုခရစ်တော်သည် ကျွန်ုပ်တို့အား အပြစ်မှ ရွေးနှုတ်ရန် ဘုရားသခင်၏ဖြောင့်မတ်ခြင်း ကို ပြည့်စုံစေတော်မူခဲ့သည်ဟု ယုံကြည်သူအားလုံးတို့သည် ကယ် တင်ခြင်းခံရကြလိမ့်မည်။
ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ယုံကြည်သူများသည် စိတ် ဖြင့် ဘုရားသခင်၏ပညတ်တော်ကို အစေခံ၍ အသွေးအသားဖြင့် အ ပြစ်၏ပညတ်ကို အစေခံကြသည်။ သူတို့သည် ဒုတိယမွေးဖွားခြင်းခံ ရကြသော်လည်း သူတို့အသွေးအသားများသည် မပြောင်းလဲရသေး သောကြောင့် ၎င်းသည် အပြစ်သို့ မှီနေဆဲ ဖြစ်သည်။ အသွေးအသား သည် အပြစ်ပြုရန် ဆန္ဒရှိသည်။ သို့သော် ဘုရားသခင်၏ဖြောင့်မတ် ခြင်းကို ယုံကြည်သောစိတ်သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို လိုက်လျှောက်ရန် ဆန္ဒရှိကြသည်။ တစ်ဖက်တွင် အပြစ်များဖြေ လွှတ်ခြင်းမခံရသေးသောသူများသည် သူတို့၏အခြေခံနှလုံးသားများ ၌ အပြစ်သာတွေ့ရသောကြောင့် သူတို့စိတ်နှင့်အသွေးအသားသည် အပြစ်ကျူးလွန်ခြင်းသို့ လမ်းပြခြင်းခံရကြသည်။ သို့သော် ဘုရားသ ခင်၏ဖြောင့်မတ်ခြင်းကို သိ၍ယုံကြည်သူများသည် ကိုယ်တော်၏ ဖြောင့်မတ်ခြင်း၌ ကိန်းဝပ်လျက်ရှိကြသည်။
ခရစ်တော်သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းအားလုံးကို ပြည့်စုံစေတော်မူခဲ့သောကြောင့် ကျွန်ုပ်တို့သည် သခင်ယေရှုခရစ် တော်အားဖြင့် ဘုရားသခင်ကို ကျေးဇူးတင်ကြသည်။ ဘုရားသခင် သည် ကျွန်ုပ်တို့အား ဖြောင့်မတ်ခြင်းပေးအပ်တော်မူ၍ ၎င်းကို ယုံ ကြည်ရန် ကျွန်ုပ်တို့အား လမ်းပြတော်မူသောကြောင်း ဘုရားသခင် ကို ကျေးဇူးတင်သည်။