Search

တရားဟောချက်များ

ဘာသာရပ် ၉ - ရောမဩဝါဒစာ (ရောမဩဝါဒစာအနက်ဖွင့်ကျမ်းများ)

[7-1] အခန်းကြီး ၇ ကို မိတ်ဆက်ခြင်း

တမန်တော်ရှင်ပေါလုသည် ရွေးနှုတ်ကယ်တင်ခြင်းမခံရမီသူ၏ အသွေးအသားအား ဘုရားသခင်၏ပညတ်တော်အားဖြင့် သေခြင်း၌ တရားစီရင်ခြင်းခံ၍ သခင်ယေရှုခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့် သူသည် အပြစ်၌သေခဲ့သည်ဟု ယုံကြည်ဝန်ခံမှုကို သုံးသတ်ကြပါစို့။ ကျွန်ုပ်တို့သည် ဒုတိယမွေးဖွားခြင်းမခံရမီဖြစ်သော ဘုရားသခင်၏ ဖြောင့်တ်ခြင်းကို မတွေ့ကြမီ ခရစ်တော်ကို ယုံကြည်သူ ကျွန်ုပ်တို့ သည် ပညတ်တရား၏ အစိုးရမှုနှင့်ကျိန်ခြင်းအမင်္ဂလာအောက်၌ အ သက်ရှင်ခဲ့ကြသည်။ ထိုကြောင့် ပညတ်တော်သည် ကျွန်ုပ်တို့ကို အ စိုးရသောကြောင့် ကျွန်ုပ်တို့ထံ ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ယူ ဆောင်လာသူ သခင်ယေရှုခရစ်တော်ကို တွေ့ဆုံခြင်းအားဖြင့် ကျွန်ုပ် တို့သည် အပြစ်များမ ရွေးနှုတ်ခြင်းမခံရကြပေ။
ရှင်ပေါလုက ဇာတိအသွေးအသားဖြင့် အလွယ်တကူနားမလည် နိုင်သော ဝိညာဉ်ရေးရာကိစ္စများကို ပြောကြားခဲ့သည်။ ၎င်းမှာ မိန်းမ တစ်ဉီးသည် မိမိခင်ပွန်သေခဲ့သောအခါ သူမ၏ တာဝန်ဝတ္တရားများမှ လုံးလုံးလျားလျား လွှတ်မြောက်သကဲ့သို့ အပြစ်တရား၌  သေသူများ သည် အပြစ်တရား၏လွှမ်းမိုးမှုအောက်၌ လုံးဝမနေရတော့ပေ။  ဤ တင်ပြချက်မှာ ရိုးရှင်ဟန်တူနိုင်သည်။ သို့သော် ထိုအရာသည် ဝိ ညာဉ်ရေးရာအတွက် အလွန့်အလွန်အရေးကြီးသော အချက်ဖြစ် သည်။ ဆိုလိုသည်မှာ သူတို့သည် နှစ်သက်သည်ဖြစ်စေ၊ မနှစ်သက် သည်ဖြစ်စေ ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို မတွေ့ရသေးသောသူ မတျားသည် ပညတ်တော်၏ကျိန်ခြင်းအောက်၌ အသက်ရှင်ရန် ဆိုး ရွားသောကံကြမ္မာကြုံရကြသည်။ ဤသို့ဖြစ်ရခြင်းအကြောင်းမှာ သူ တို့သည် မိမိအပြစ်များ၏ပြဿနာကို မဖြေရှင်းရသေးသောကြောင့် ဖြစ်သည်။
ရောမ ၆း၂၃ တွင် “အပြစ်၏အခကားသေခြင်းပေတည်း”ဟု ဖော်ပြထားသည်မှာ အပြစ်ကြွေးများပေးဆပ်မှသာလျှင် အပြစ်သည် ကွယ်ပျောက်လိမ့်မည်ကို ဆိုလိုသည်ဟု ပြောထားသည်။ လူတစ်ဉီး သည် သခင်ယေရှုကို ယုံကြည်သော်လည်း သခင်ယေရှုအားဖြင့် ပေး အပ်သော ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို မသိလျှင် သူသည် အပြစ်၌ အသက်ရှင်သေး၍ အပြစ်ကြွေးများကို ပေးဆပ်ရမည် ဖြစ် သည်။ ဤအကြောင်းကြောင့် ကျွန်ုပ်တို့သည် သခင်ယေရှုခရစ်တော် အားဖြင့် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို တွေ့ရကြမည် ဖြစ်သည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို တွေ့ခြင်းအားဖြင့် သာလျှင် အပြစ်များ၌ ပေနိုင်ကြမည်၊ ပညတ်တရားမှ လွတ်မြောက် နိုင်ကြမည်၊ ကျွန်ုပ်တို့၏သတို့သားအသစ် သခင်ယေရှုခရစ်တော်နှင့် ထိမ်းမြားရကြမည် ဖြစ်သည်။
ကျွန်ုပ်တို့သည် သခင်ယေရှုခရစ်တော်အားဖြင့် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို တွေ့နိုင်ကြမည်။ သို့သော် ဤဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို ယုံကြည်ခြင်းမရှိလျှင် မည်သူမည်ဝါမျှ ပညတ် တော်မှ လွှတ်မြောက်နိုင်မည် မဟုတ်ပေ။ ပညတ်တော်ကျိန်ခြင်းမှ လွှတ်မြောက်နိုင်ရန် တစ်ခုတည်းသောနည်းလမ်းမှာ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို သိ၍ ယုံကြည်ခြင်း ဖြစ်သည်။ သင်သည် သခင် ယေရှုခရစ်တော်အားဖြင့် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို တွေ့ရှိခဲ့ ပြီလော။ မတွေ့သေးလျှင် ယခုသည် သင့်အတွက် ကိုယ်ပိုင်ဖြောင့် မတ်ခြင်းကို စွန့်ပယ်၍ ဘုရားသခင်၏နှုတ်ကပတ်တော်သို့ နှိမ့်ချစွာ ဖြင့် ပြန်လှည့်ရမည် အချိန်ဖြစ်သည်။ 
 


အပြစ်၌သေပြီးနောက် ခရစ်တော်ဆီသို့


ရှင်ပေါလုက ရောမ၌ရှိသောညီအစ်ကိုများထံ “သင်တို့သည် ခ ရစ်တော်၏ကိုယ်အားဖြင့် ပညတ်တော်သို့ သေခဲ့ကြပြီ”ဟု ပြောခဲ့ သည်။ “ခရစ်တော်၏ကိုယ်အားဖြင့် ပညတ်တော်သို့ သေခဲ့ပြီ”သည် အဘယ်အရာဖြစ်သည်ကို ရှေးဉီးစွာ နားလည်သဘောပေါက်ရမည် ဖြစ်သည်။ ခရစ်တော်၏ကိုယ်အားဖြင့် အပြစ်၌ မသေဘဲ မည်သူမည် ဝါမျှ ခရစ်တော်ထံတော်သို့ မသွားနိုင်ပေ။ တစ်နည်းအားဖြင့်၊ ကျွန်ုပ် တို့အပြစ်များသည် ခရစ်တော်၏ကိုယ်နှင့်အတူ အသေခံရမည် ဖြစ် သည်။ လူတစ်ဉီးသည် ယောဟန်အားဖြင့် သခင်ယေရှု၏ဗတ္တိဇံနှင့် ကားတိုင်ပေါ်တွင် အ‌သေခံတော်မူခြင်းကို ယုံကြည်မှ သာလျှင် ခရစ် တော်နှင့်အတူ အသေခံနိုင်မည် ဖြစ်သည်။
ကျွန်ုပ်တို့သည် ယောဟန်အားဖြင့် သခင်ယေရှု၏ဗတ္တိဇံကို ယုံ ကြည်ခြင်းအားဖြင့် အပြစ်၌ ခရစ်တော်နှင့်အတူ အသေခံနိုင်ကြ သည်။ ယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် လူသားများ၏ အပြစ်များအားလုံးကို ကိုယ်တော်အပေါ်သို့ လွှဲပြောင်း၍ သခင်ယေရှု သည် ထိုအပြစ်များနှင့်အတူ အသေခံတော်မူခဲ့သောကြောင့် ကျွန်ုပ် တို့သည်လည်း ဤအရာကို ယုံကြည်သောအခါ ကျွန်ုပ်တို့အပြစ်များ အားလုံးသည် ကိုယ်တော်နှင့်အတူ အသေခံခဲ့သည်။ သခင်ယေရှု သည် ယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် လောကအပြစ် များအားလုံးကို ကိုယ်တော့်အပေါ်သို့ လွှဲပြောင်းခြင်းမှာ သမ္မာတရား ဖြစ်သည်။ ဤသမ္မာတရားကို သိရုံမျှမဟုတ်ဘဲ ယုံကြည်ခြင်းအား ဖြင့် နှလုံးသား၌ ထိန်းသိမ်းထားရမည် ဖြစ်သည်။ ကျွန်ုပ်တို့သည် ဘု ရားသခင်၏နိုင်ငံတော်သို့ ဝင်ရောက်သည်ထိတိုင်အောင် ဤယုံ ကြည်မှုကို စောင့်ရှောက်ရကြမည် ဖြစ်သည်။ ဤအကြောင်းကြောင့် ရှင်ပေါလုက ကျွန်ုပ်တို့သည် ခရစ်တော်၏ကိုယ်အားဖြင့် ပညတ် တော်သို့ သေခဲ့ကြသည်ဟု ပြောခဲ့ခြင်း ဖြစ်သည်။ ဤသို့ဖြင့် ဤ သမ္မာတရားကို ယုံကြည်သူများသည် သခင်ယေရှုခရစ်တော်ထံသို့ တိုးဝင်ချဉ်းကပ်နိုင်ကြမည်။ ကိုယ်တော်နှင့်အတူ အသက်ရှင်နိုင်ကြ မည်။ ဘုရားသခင်အတွက် ဖြောင့်မတ်ခြင်းအသီးများကို သီးနိုင်ကြ မည်။
ကျွန်ုပ်တို့သည် ဇာတိပကတိဟောင်းကို မယုံကြည်သင့်ကြပေ။ သို့သော် ဝိညာဉ်တော်၏အသစ်သောသမ္မာတရားကို ယုံကြည်ရကြ မည် ဖြစ်သည်။ အပြစ်သားများသည် ပညတ်တော်ကြောင့် အပြစ် များကို ပို၍ အမှန်အကန် ကျူးလွန်ကြသည်။ ဤသို့ဖြစ်ရခြင်းအ ကြောင်းမှာ ပညတ်တော်သည် သူတို့အထဲ၌ ဖုံးအုပ်ထားသော အ ပြစ်များကို ပို၍ ထင်ရှားစေသောကြောင့် ဖြစ်သည်။ ထိုကြောင့် သူ တို့သည် အပြစ်များကို ပို၍ သိစေ၍ သူတို့အား ပို၍ များပြားသောအ ပြစ်ကို ကျူးလွန်စေသည်။ ပညတ်တော်၏လုပ်ဆောင်ချက်များမှ တစ်ခုမှာ ကျွန်ုပ်တို့အပြစ်များကို အသိအမှတ်ပြုစေခြင်း ဖြစ်သည်။ ထိုပြင် ၎င်းသည် အပြစ်၏သဘာဝကို ပို၍ ထင်ရှားစေရန် လုပ် ဆောင်၍ ပိုများသောအပြစ်များကို ကျူးလွန်စေသည်။ ဘုရားသခင် သည် ကျွန်ုပ်တို့အား ပညတ်တော်ပေးအပ်တော်မမူခဲ့လျှင် ကျွန်ုပ်တို့ သည် မိမိအထဲ၌ အပြစ်များစွာ ဖုံးအုပ်ထားသည်ကို သိကြမည် မ ဟုတ်ပေ။ သို့သော် ဘုရားသခင်သည် ကျွန်ုပ်တို့အား ပညတ်တော်ကို ပေးအပ်တော်မူခဲ့၍ ဤပညတ်တော်သည် ကျွန်ုပ် တို့သည် ပို၍များ ပြားသောအပြစ်ကို ကျူးလွန်စေရုံမက ၎င်းသည် ကျွန်ုပ်တို့ အားပို၍ အပြစ်များကို ကျူးလွန်စေသည်။
ထိုကြောင့် ကျွန်ုပ်တို့သည် ခရစ်တော်၏ကိုယ်အားဖြင့် အပြစ် သို့ သေခဲ့ကြသောကြောင့် ယခုတွင် ကျွန်ုပ်တို့သည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို ယုံကြည်သောယုံကြည်ခြင်းအားဖြင့် ဘုရားသခင် ကို အစေခံခဲ့ကြသည်။ ကျွန်ုပ်တို့သည် နှုတ်ကပတ်တော်အဟောင်း ကို ယုံကြည်ခြင်းအားဖြင့် ကိုယ်တော့်ကိုအစေခံကြမည့်အစား မိမိနှ လုံးသားအတွင်း၌ ယုံကြည်ခြင်းရှိကြသောကြောင့် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ထံ ပေးအပ်သော သန့်ရှင်းသောဝိညာဉ်တော်၏မစတော်မူ ခြင်းနှင့် ရွေးနှုတ်ခြင်းဆုကျေးဇူးအားဖြင့် ဘုရားသခင်ကို အစေခံရန် ကိုယ်တော်မိန့်ကြားတော်မူသည်။  သမ္မာကျမ်းစာက “ပညတ် ဟောင်းသည် သတ်သော်လည်း ဝိညာဉ်တော်သည် အသက်ကို ပေး သည်”ဟု ကျွန်ုပ်တို့အား ပြောထားသည့်အတိုင်း ကျွန်ုပ်တို့သည် ဘုရားသခင်ဖြောင့်မတ်ခြင်းဖြစ်သော ရေနှင့်ဝိညာဉ်‌တော်သတင်း ကောင်း၏စစ်မှန်သောအဓိပ္ပါယ်ကို နားလည်သဘောပေါက်၍ ကိုယ် တော်၏နောက်တော်သို့ လိုက်လျှောက်ရကြမည် ဖြစ်သည်။ တစ် နည်းအားဖြင့် ကျွန်ုပ်တို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်ကို ယုံ ကြည်ကြသောအခါ ကျွန်ု်ပတို့သည် နှုတ်ကပတ်တော်၌ ဝှက်ထား သောစစ်မှန်သောအနက်အဓိပ္ပါယ်ကို ယုံကြည်ရကြမည် ဖြစ်သည်။
 


ပညတ်သည်အပြစ်ဖြစ်သလော။ လုံးဝမဟုတ်ပေ


ဘုရားသခင်၏ပညတ်တော်လုပ်ဆောင်ချက်များကို အထူးပြု ခြင်းအားဖြင့် ရှင်ပေါလုက ထိုအကြောင်းကို ရှင်းပြခဲ့သည်။ ဤအရာ က ပညတ်တော်၏လုပ်ဆောင်ချက်ကို သင့်တော်စွာ နားလည်သ ဘောပေါက်၍ ယုံကြည်ခြင်းသည် မည်မျှအရေးကြီးသည်ကို ပြသ ထားသည်။ ရှင်ပေါလုက ယခင်က ကိုယ်နည်းကိုယ်ဟန်ဖြင့် မိမိအ ပြစ်မျာကို မြင်တွေ့ခဲ့သည်။ ဤအကြောင်းကြောင့် သူသည် မိမိအ ပြစ်များကို မသိခဲ့ပေ။ သို့သော် ဘုရားသခင်၏ပညတ်တော်အားဖြင့်  သူသည် မိမိအထဲ၌ လောဘစိတ်ရှိခဲ့သည်ဟု နားလည်သဘော ပေါက်ခဲ့သည်။
ယနေ့သခင်ယေရှုကို ယုံကြည်သူများသည် ပညတ်တော်အ ကြောင်းကို ရှင်ပေါလုဟောပြောခဲ့သောအရာကဲ့သို့ သွန်သင်နိုင်ကြ ကြသည်ဟု ကျွန်တော်မြော်လင့်သည်။ လူများစွာတို့သည် ပညတ် တော်သမ္မာတရားကို နားမလည်ဘဲ ပညတ်တော်အားဖြင့် အသက် ရှင်ရန် ပြင်းထန်စွာ ကြိုးစားနေကြသည်။ သူတို့သည် အနည်းငယ်ပို ၍ကြိုးစားလျှင် သူတို့သည် ပညတ်တော်အားလုံးကို စောင့်ရှောက် နိုင်ကြမည်ဟု ယူဆ၍ ဘုရားကျောင်းသို့ တက်ကြသည်။ သို့သော် အမှန်အကန်မှာ ဤပုဂ္ဂိုလ်များသည် ဘုရားသခင်၏ဖြောင့်မတ်ခြင်း ကို အမှန်အကန် တွေ့ရှိနိုင်ကြမည် မဟုတ်ပေ။
သူတို့သည် ဘုရားသခင်ပေးအပ်တော်မူခဲ့သော ပညတ်တော်၏ အရေးကြီးသောအဓိပ္ပါယ်ကို နားမလည်ကြသောကြောင့် ပညတ် တော်စောင့်ရှောက်သူများဖြစ်လာခဲ့ကြသည်။ သူတို့သည် သူတော် ကောင်းဟန်ဆောင်သူများဖြစ်ကြသည်။မျက်စိကန်းကြသည်။ သူတို့ နှလုံးသားများကိုပင် မမြင်တွေ့နိုင်ကြပေ။ သူတို့သည် ခရစ် ယာန် အသိုင်းအဝိုင်း၌ ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ဆန့်ကျင်သူ များ ဖြစ်ကြသည်ကို မသိကြပေ။ ယနေ့ခရစ်ယာန်ဘာသာ၌ ဤသို့ သောသူများစွာ ရှိကြသည်။ ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို အမှန် အကန်မ သိသူများနှင့် သခင်ယေရှုကို ပညတ်တရားယုံကြည်မှုဖြင့် သာမန်ကယ်တင်ရှင်အဖြစ် လက်ခံခဲ့သူများသည် ထာဝရသေခြင်း ပြစ်ဒဏ်မှ လုံးဝ လွတ်မြောက်ကြလိမ့်မည် မဟုတ်ပေ။
ရှင်ပေါလုသည် မိမိနှလုံးသား၌ ကိန်းအောင်းသောလောဘစိတ် ကို နားလည်သဘောပေါက်ခဲ့သည်ဟု ဖော်ပြခဲ့သည်။ ရှင်ပေါလု သည် ပညတ်တော်များအားဖြင့် မိမိအပြစ်များကို နားလည်သဘော ပေါက်သောအခါ သူသည် ဘုရားသခင်၏ပညတ်တော်ကို စောင့် ရှောက်ခဲ့သည်ဟု ယူဆခဲ့သော ပညတ်တော်ကျင့်ဆောင်သူဖြစ်ခဲ့ရ သည်။ ဘုရားသခင်၏ပညတ်တော်သည် ရှင်ပေါလု၏နှလုံးသား၌ရှိ သောလောဘစိတ်နှင့် ရှင်ပေါလု၏အပြစ်များသည် ပို၍ ဆိုးသွမ်းလာ ခဲ့သည်ကို ထင်ရှားခဲ့သည်။ ထိုကြောင့် ရှင်ပေါလုသည် ဆိုးသွမ်း သောအပြစ်သားတစ်ဉီးဖြစ်သည်ဟု ဤသို့ဖြင့် သိလာခဲ့သည်။
လူသားများ၏စိတ်ထဲ၌ အပြစ်သဘောသဘာဝ ဆယ့်နှစ်မျိုးရှိ သည်။ ရှင်ပေါလုသည် ပညတ်တော်လုပ်ဆောင်ချက်များအကြောင်း ကို မသိခဲ့သောအခါ သူသည် မိမိကိုယ်ကိုကိုယ် လူကောင်းတစ်ဉီးအ ဖြစ် ယူဆခဲ့၍ သူသည် မည်သို့အပြစ်ကျူးလွန်သည်ကိုပင် နားမ လည်ခဲ့ပေ။ သို့သော် ပညတ်တော်၏ပညတ်တော်များအားဖြင့် အ သက်ရှင်ရန် သူ၏ကြိုးစားအားထုတ်ခြင်းရလဒ်က သူ့အား သူသည် ပညတ်တော်များကို လုံးဝမစောင့်ရှောက်နိုင်သည်ကိုလည်းကောင်း၊ ဤပညတ်တော်များသည် သူ၏အပြစ်များကို ပို၍အမှန်အကန်ထင် ရှားစေသည်ကိုလည်းကောင်း ပြသခဲ့သည်။
လူများသည် သခင်ယေရှုကို ယုံကြည်ကြသောအခါ မည်သို့ ဖြစ်ကြသနည်း။ သင်သည် သခင်ယေရှုကို စတင်ယုံကြည်လာခဲ့ သောအခါ သင်သည် မိမိယုံကြည်မှုဖြင့် အရာအားလုံး‌လောင်ကျွမ်း နိုင်ခဲ့သည်။ သို့သော် အချိန်ကြာလာသောအခါ သင်၏အထဲ၌ အခြေ ခံကျကျရှိသောအပြစ်များစွာတို့ကို သိကြလိမ့်မည်။ သင်သည် ဤအ ပြစ်များကို မည်သည့်အရာအားဖြင့် သိရသနည်း။ ကျွန်ုပ်တို့နှလုံး သား၌ ပြည့်နေသောအပြစ်များဆယ့်နှစ်မျိုးကို ကျွန်ုပ်တို့တွေ့ရှိကြ သည်ဟု ရေးထားသောပညတ်တော်နှင့် အထုံးအဖွဲ့များအားဖြင့် သိ ရကြသည်။ ကျွန်ုပ်တို့သည် ပညတ်တော်ရှေ့မှာ မိမိအပြစ်များကျူး လွန်ကြသည်ကို မြင်ကြသည်။ ကျွန်ုပ်တို့သည် ပညတ်တော်အားဖြင့် ဆိုးသွမ်းသောအပြစ်သားများအမှန်အကန် ဖြစ်ကြသည်ဟု မြင်တွေ့ နိုင်ကြသောကြောင့် ဖြစ်သည်။
ထိုအကြောင်းကြောင့် လူအချို့တို့သည် မိမိကိုယ်ကိုကိုယ် ကျေ နပ်ရောင့်ရဲရန်အတွက် ဖြောင့်မတ်ခြင်းဆိုင်ရာဓမ္မခံယူချက်ကို ဖန် တီးခဲ့ကြခြင်း ဖြစ်သည်။ ကျွန်ုပ်တို့နှလုံးသား၌ အပြစ်ရှိကြသော် လည်း ကျွန်ုပ်တို့သည် သခင်ယေရှုကို ယုံကြည်ကြသောကြောင့် ဘု ရားသခင်သည် ကျွန်ုပ်တို့အား ‌ဖြောင့်မတ်သူများအဖြစ် သတ်မှတ် တော်မူလိမ့်မည်ဟု ဤဓမ္မခံယူချက်က ပြောထားသည်။ ဤအရာ သည် လူများတီထွင်ဖန်တီးသော ဓမ္မခံယူချက် ဖြစ်သည်။ လူများ သည် မိမိအပြစ်များကို ဖုံးအုပ်ရန် ဤသို့သော ဓမ္မခံယူချက်ကို ပြု လုပ်ခဲ့ကြ၍ ယုံကြည်ခဲ့ကြကာ ဤဓမ္မခံယူချက်နှင့်အညီ အသက်ရှင် ရန် ကြိုးစားကြသည်။ သို့သော် သူတို့သည် ပညတ်တော်ရှေ့မှာ အ ပြစ်သားများအဖြစ် ထင်ရှားသေးသောကြောင့် သူတို့အပြစ်များသည် သူတို့၏စိတ်များထဲ၌ ပို၍ လေးလံစွာ ပိနေလာခဲ့သည်။ ကျွန်ုပ်တို့ သည် အပြစ်များအားလုံးမှ လွှတ်မြောက်ရန်အတွက် အခြားရွေးချယ် စရာမရှိဘဲ ဘုရားသခင်၏ဖြောင့်မတ်ခြင်းပါဝင်သော သတင်း ကောင်းကို ယုံကြည်ခြင်းပင် ဖြစ်သည်။ ဤအရာသည် အပြစ်များ အားလုံးမှ လွှတ်မြောက်စေသောနည်းလမ်းတစ်ခုတည်း ဖြစ်သည်။
ဘုရားသခင်သည် အတိတ်က လိုက်လျှောက်ရန် ပညတ်တော် များကို ပေးအပ်တော်မူခဲ့သည်ဟု ရှင်ပေါလု တွေးခဲ့သည်အတိုင်း သူ သည် ၎င်းတို့ကို အကောင်းဆုံးကြိုးစား၍ စောင့်ထိန်းရန် ကြိုးပမ်း ခြင်းမှာ သဘာဝဖြစ်သည်။ သို့သော် ဤအရာသည် ဆန့်ကျင်ဘက် သူသည် ဤပညတ်တော်များသည် အပြစ်ကြောင့် သူ၏ဝိညာဉ်ကို သေခြင်းသို့သာ အမှန်အကန်ထားသည်ကို သူသိခဲ့ရသည်။ နောက် ဆုံးတွင် ရှင်ပေါလုသည် ဘုရားသခင်၏ပညတ်တော်များကို နား လည်မှုလွှဲသွားခဲ့၍ မှားယွင်းစွာ ယုံကြည်ခဲ့သည်ဟု နားလည်ခဲ့ သည်။
လူတိုင်းမှာ မာကု ၇း၂၁-၂၃ တွင် ဖော်ပြထားသော အပြစ်ဆယ့် နှစ်မျိုးကို သူတို့နှလုံးသားများ၌ရှိကြသည်။ “အကြောင်းမူကား မ ကောင်းသောတွေးတောကြံစည်မှုများ၊တရားနှင့်မညီမေထုန်ပြုခြင်း၊ ခိုးယူခြင်း၊ လူသတ်ခြင်း၊အိမ်ထောင်ရေးဖောက်ပြန်မှုကိုကျူးလွန်ခြင်း၊ လောဘလွန်ကျူးခြင်း၊ ဆိုးညစ်ခြင်း၊ စဉ်းလဲခြင်း၊ ကာမဂုဏ်လိုက်စားခြင်း၊ မနာလိုခြင်း၊ စော်ကားပြောဆိုခြင်း၊ မာနထောင်လွှားခြင်းနှင့် မိုက်မဲခြင်းတို့သည် လူ၏အတွင်း သူ၏စိတ်နှလုံးထဲမှ ထွက်လာကြ၏။ ဤဆိုးညစ်သောအရာအားလုံးတို့သည် အတွင်းမှထွက်လာ၍ လူကိုညစ်ညူးစေ၏”ဟု မိန့်တော်မူ၏။”
ရှင်ပေါလုနှင့်အခြားသူများအားလုံးတို့သည် နောက်ဆုံးတွင် ဘု ရားသခင်၏ပညတ်တော်အားဖြင့် အပြစ်များကို အသိအမှတ်ပြုခဲ့ကြ သည်။ သူတို့သည် ပညတ်တော်အားဖြင့် သူတို့အပြစ်များကို နား လည်ခဲ့ကြ၍ သူတို့သည် သေခြင်းခံရကြမည် ဖြစ်သည်။ ထိုနောက် သူတို့သည် သခင်ယေရှုခရစ်တော်အားဖြင့် ဘုရားသခင်၏ဖြောင့် မတ်ခြင်းကို ရှာဖွေတွေ့ရှိခဲ့ကြ၍ ယုံကြည်ခဲ့ကြသည်။ ဘုရားသခင် ၏ဖြောင့်မတ်ခြင်းနှင့်ပတ်သက်၍ သင်၏နားလည်မှုမှာ အဘယ်အ ရာဖြစ်သနည်း။ သင်သည် ပညတ်တော်များကို အကုန်အစင် စောင့် ထိန်းနိုင်မည်ဟု ယူဆ၍ စောင့်ထိန်းရန် ကြိုးစားနေသေးသလော။ ကျွန်ုပ်တို့သည် အပြစ်များကို အသိအမှတ်ပြု၍ ကိုယ်တော့်ထံပြန် လှည့်နိုင်မည့်အကြောင်း၊ တစ်နည်းအားဖြင့် ဘုရားသခင်၏ဖြောင့် မတ်ခြင်းကို ယုံကြည်ခြင်းအားဖြင့် အပြစ်မှ ရွေးနှုတ်ကယ်တင်ခြင်းခံ ရမည့်အကြောင်း ဘုရားသခင်သည် ကျွန်ုပ်တို့အား ပညတ်တော်ကို ပေအးပ်တော်မူခဲ့ခြင်း ဖြစ်သည်။ ဘုရားသခင်သည် ကျွန်ုပ်တို့အား ဘာကြောင့် ပညတ်တော်များပေးအပ်တော်မူခဲ့သည်ကို ကျွန်ုပ်တို့ သည် သင့်တော်စွာ နားလည်သဘောပေါက်၍ မှန်ကန်စွာ ယုံကြည် ရကြမည် ဖြစ်သည်။ သင်သည် ဤသမ္မာတရားကို တစ်ကြိမ်နား လည်သဘောပေါက်သောအခါ သင်သည် ရေနှင့်သန့်ရှင်းသောဝိ ညာဉ်တော်သတင်းကောင်းသည် မည်မျှ တန်ဖိုးကြီးသည်ကို သိလိမ့် မည်။
ဘုရားသခင်၏ပညတ်တော်များကို ယုံကြည်သူများသည် ဘု ရားသခင်၏မျက်မှောက်တော်၌ ရှိနေကြသောအခါ သူတို့သည် ကြီး လေးသောအပြစ်သားများဖြစ်ကြသည်ကို နားလည်နိုင်ကြသည်။ ဘု ရားသခင်၏ပညတ်တော်များ၏အခန်းကဏ္ဌကိုမသိ၊ မယုံကြည် သောသူများသည် သူတို့၏ဘာသာရေးအသက်တာ၌ ကြီးမားသော အခက်အခဲများနှင့်ရင်ဆိုင်၍ နောက်ဆုံးတွင် ပျက်စီးခြင်းသို့ ရိုးရိုး လေးဖြင့် ရောက်ပါလိမ့်မည်။ ဤသို့ဖြစ်ရခြင်းအကြောင်းမှာ ကျွန်ုပ် တို့သည် အပြစ်များဖြင့် ပြည့်နှက်နေသော ကမ္ဘာတစ်ခုတွင် အသက် ရှင်နေကြစဉ် အပြစ်နှင့် ကင်းဝေး၍မရနိုင်ကြသောကြောင့် ဖြစ် သည်။ ထိုကြောင့် လူအချို့တို့သည် ဝေးလံသောတောင်တန်းများ၌ မိမိကိုယ်ကိုကိုယ် ချိုးခြံ၍ ဘုန်းကြီးဘဝဖြင့် အသက်ရှင်ရန် ကြိုးစား နေကြခြင်း ဖြစ်သည်။ သူတို့သည် ‌တောင်တန်းများသို့ နေ၍ လော ကအပြစ်များမှ ဆုတ်ခွါခြင်းအားဖြင့် အပြစ်များ ကျူးလွန်ခြင်း ရှောင် ကြဉ်နိုင်ကြလိမ့်မည်ဟု ထင်မှန်ခဲ့သော်လည်း သူတို့သည် အပြစ်များ ကျူးလွန်ခြင်းကို မကြဉ်ရှောင်နိုင်ကြပေ။ သို့သော်ဤအရာသည် ပြ ဿနာမဟုတ်ပေ။
ဤလောကတွင် နေထိုင်သောလူသားအားလုံးသည် အပြစ် ကျူးလွန်ကြသောကြောင့် သူတို့၏နှလုံးသား၌ အပြစ်များရှိခြင်းမှာ မှန်ကန်သော်လည်း ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို သိ၍ယုံကြည် ခြင်းအားဖြင့် ဤအပြစ်ပြဿနာများအားလုံးမှ ရွေးနှုတ်ခြင်းကို တွေ့ ရှိနိုင်ကြသည်။ ကျွန်ုပ်တို့သည် အပြစ်များမှ လွှတ်မြောက်နိုင်ရန်အ တွက် ဤလောကကို ရှောင်လွှဲနိုင်လျှင်တောင် ကျွန်ုပ်တို့သည် နှလုံး သားအပြစ်များမှ လွှတ်မြောက်နိုင်ကြမည် မဟုတ်ပေ။ ဤသို့ဖြစ်ရ ခြင်းအကြောင်းမှာ ကျွန်ုပ်တို့နှလုံးသားများ၌ အပြစ်များရှိသော ကြောင့် ဖြစ်သည်။ ကျွန်ုပ်တို့သည် အပြစ်ကို မိမိကိုယ်ကိုကိုယ် ဖယ် ရှားနိုင်ရန်အတွက် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို ယုံကြည်ရ ကြမည် ဖြစ်သည်။ ဘုရားသခင်၏ပညတ်တော်နှင့်အထုံးအဖွဲ့တော် များသည် ကျွန်ုပ်တို့အပြစ်များကို ပို၍ ဆိုးသွမ်းစေကြသည်။ အပြစ် များ၏ပြင်းထန်မှုကို သိသောသူများသည် ရေနှင့်ဝိညာဉ်တော်သ တင်းကောင်းအားဖြင့် ထင်ရှားသောဘုရားသခင်၏ဖြောင့်မတ်ခြင်း ကို သိ၍ ယုံကြည်ရကြမည် ဖြစ်သည်။
“အသက်ရှင်ခြင်းသို့ရောက်စေရမည့် ဤပညတ်တော်သည် သေခြင်းသို့ရောက်စေသည်ကို ငါတွေ့၏။ အကြောင်းမူကား အပြစ်သည် ပညတ်တော်အားဖြင့် အခွင့်ရကာ ငါ့ကိုလှည့်ဖြား၍ ထိုပညတ် တော်အားဖြင့် ငါ့ကိုသတ်လေ၏”(ရောမ ၇း၁၀-၁၁)။ကျွန်ုပ်တို့သည် ပညတ်တော်အကြောင်းကို သင့်တော်စွာ နားလည်သဘောပေါက် ရကြမည် ဖြစ်သည်။ ပညတ်တော်ကို သင့်တော်စွာနားမလည်သော သူများသည် ပညတ်တရား၌သာ ဘဝရင်းနှံ၍ တစ်ဘဝလုံးနေရလိမ့် မည်။ သူတို့သည် နောက်ဆုံးသေ သည့်အထိ ပညတ်တော်မှ လွှတ် မြောက်ရန် ကြိုးစားကြလိမ့်မည်။ ပညတ်တော်၏စစ်မှန်သော အ ခန်းကဏ္ဌကို သိသောသူများသာလျှင် သခင်ယေရှုအားဖြင့် ပြည့်စုံခဲ့ သော ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ချစ်မြတ်နိုး၍ ယုံကြည်ကြ လိမ့်မည်။ ထိုနောက် သင်သည် ဤဘု ရားသခင်၏ဖြောင့်မတ် ခြင်းကို သိသလော။
တမန်တော်ရှင်ပေါလုက သူသည် အတိတ်က ဒုတိယမွေးဖွား ခြင်းမခံခဲ့သောကြောင့် သူသည် ဇာတိအသွေးအသားတောင့်တ၍ အပြစ်တရားအောက် ရောင်းစားခြင်းခံခဲ့ရသည်ဟု ပြောခဲ့သည်။ သူ သည် ဘုရားသခင်၏ပညတ်တော်အားဖြင့် အသက်ရှင်ရန် ဆန္ဒရှိခဲ့  သော်လည်း သူမလုပ်လိုသော အပြစ်ကျူးလွန်ခြင်းကိုသာ လုပ်ခဲ့၍ အချိန်ကုန်ခဲ့ရသည်ဟု သူဝန်ခံခဲ့သည်။ ဤသို့ဖြစ်ရခြင်းအကြောင်း မှာသူသည် မိမိအထဲ၌ ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို မရ၊ သန့် ရှင်းသောဝိညာဉ်တော်မရခဲ့သောကြောင့် ဖြစ်သည်။ ထိုနောက် ရှင် ပေါလုက သူသည် ဤချိန်အထိ ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို မ တွေ့ရသေးသောကြောင့် သူ၏နှလုံးသား၌ တွေ့ရသောအပြစ် ကြောင့် သူသည် မိမိဆန္ဒနှင့်ဆန့်ကျင်သော အပြစ်ကို ကျူးလွန်ခြင်း ဖြစ်သည်ဟု သူဝန်ခံခဲ့သည်။
သို့ရာတွင် ရှင်ပေါလုက ပညတ်တစ်ခုကို နားလည်ခဲ့သည်။ ထို ပညတ်မှာ အပြစ်၏ပညတ်ဖြစ်သည်။ မိမိနှလုံးသား၌ အပြစ်ရှိသော လူတစ်ဉီးသည် အပြစ်ကျူးလွန်ခြင်းကို မလွှဲရှောင်နိုင်သည်ကို သူ နားလည်သဘောပေါက်ဆုံးသောအရာ ဖြစ်သည်။ အတွင်းလူသည် ဘုရားသခင်၏ပညတ်တော်နှင့်အညီ အမြဲတမ်းအသက်ရှင်ရန် ဆန္ဒ ရှိခဲ့သည်ဟု သူနားလည်သဘောပေါက်ခဲ့သည်။ သို့သော် ရှင်ပေါလု က အပြစ်၏အပင်သည် အပြစ်၏အသီးများကိုသာ သီးသကဲ့သို့ အ ပြစ်တရား၌သာ အသက်ရှင်နိုင်သောအပြစ်သားတစ်ဉီးသည် သခင် ယေရှုခရစ်တော်ကို မတွေ့ခဲ့သေးသောကြောင့် သူ၏အပြစ်များ၏ ရွေးနှုတ်ြခင်းကို မရခဲ့ပေ။ တစ်နည်းအားဖြင့် သူသည် မိမိအပြစ်များ ကြောင့် သေခြင်းခံရခြင်းမှာ သင့်တော်သည်။
ဤအကြောင်းကြောင့် သူသည် အဆိုးဆုံးသောလူတစ်ဉီးဖြစ်ခဲ့ သည်ဟု ဝန်ခံ၍ “ငါသည် အလွန်စိတ်ပျက်ဖွယ်ကောင်းသောသူဖြစ်ပေ၏။ မည်သူသည် သေခြင်းနှင့်ဆိုင်သော ဤကိုယ်ခန္ဓာမှ ငါ့ကို ကယ်နုတ်မည်နည်း” (ရောမ ၇း၂၄)ဟု ညည်းတွားသည်။ ရှင်ပေါ လုသည် အပြစ်သားတစ်ဉီးဖြစ်ခဲ့သောအခါ သူသည် မိမိကိုယ်ကို ကိုယ်ပြန်လည်စဉ်းစားဝေဖန်မှု ဖြစ်သည်။ သင်သည်လည်း ရှင်ပေါ လု၏ဤဝန်ခံမှုကို ကိုယ့်အတွက် လက်တွေ့အသုံးချရန် စဉ်းစားရ မည် ဖြစ်သည်။ သင်သည် ပညတ်တော်ကို မစောင့်ထိန်းနိုင်သော သေခြင်းကိုယ်ခန္ဂာ၌ အကျဉ်းကျ ခြင်းခံနေသလော။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ယုံကြည်ရမည် ဖြစ်သည်။ ရေနှင့် ဝိညာဉ်တော်သတင်းကောင်းမှာ ဖုံးအုပ်ထားသော ဘုရားသခင်၏ ဖြောင့်မတ်ခြင်း ဖြစ်သည်။ ကျွန်ုပ်တို့ သည် ဤသတင်းကောင်းကို ယုံကြည်ခြင်းအားဖြင့် ကိုယ်တော်၏ဖြောင့်မတ်ခြင်းကို ရရှိနိုင်သည်။
ရှင်ပေါလုသည် သခင်ယေရှုခရစ်တော်၏ဗတ္တိဇံနှင့် ကားတိုင် ပေါ်တွင် အသေခံခြင်းကို ယုံကြည်ခြင်းအားဖြင့် သူ၏ဆိုးသွမ်းမှုများ အားလုံးမှ လွှတ်မြောက်နိုင်ခဲ့သည်။