Search

တရားဟောချက်များ

ဘာသာရပ် ၉ - ရောမဩဝါဒစာ (ရောမဩဝါဒစာအနက်ဖွင့်ကျမ်းများ)

[6-3] သင်တို့၏ ကိုယ်အင်္ဂါများကို လက်နက်ဖြစ်စေပါ ( ရောမဩဝါဒစာ ၆း၁၂-၁၉ )

( ရောမဩဝါဒစာ ၆း၁၂-၁၉ ) 
“ထို့ကြောင့်၊ သင်တို့၏သေတတ်သော ကိုယ်ခန္ဓာ၏ တပ်မတ် ခြင်း အလိုသို့လိုက်ရသည်တိုင်အောင် အပြစ်တရားသည် ထိုကိုယ် ခန္ဓာ၌အစိုးမရစေနှင့်။ သင်တို့၏ကိုယ်အင်္ဂါများကို ဒုစရုက်လက်နက် ဖြစ်စေ၍၊ အပြစ်တရားအား မဆက် ကြနှင့်။သေခြင်းမှမြောက်၍ အသက်ရှင်သောသူကဲ့သို့ ဘုရားသခင်အား ကိုယ်ကိုကိုယ် ဆက်ကြ လော့။ ကိုယ်အင်္ဂါများကိုလည်း ဒုစရုက်လက်နက်ဖြစ်စေ ၍ဘုရားသ ခင်အား ဆက်ကြလော့။သင်တို့သည် ပညတ်တရားလက်၌မရှိ၊ ကျေး ဇူး တရားလက်၌ရှိသောကြောင့် အပြစ်တရားသည် သင်တို့ကို မအုပ် စိုးရ။
ထိုသို့ဖြစ်လျှင် အဘယ်သို့နည်း။ ငါတို့သည် ပညတ်တရားလက် ၌မရှိ၊ကျေးဇူးတရားလက်၌ရှိသောကြောင့်၊ဒုစရိုက်ကိုပြုရမည်လော။ ထိုသို့မပြုရ။ အကြင်သူ၏အစေခံကျွန်ဖြစ်ခြင်းငှါ သင်တို့ဝင်၍အစေ ခံ၏၊ ထိုသူသည် သေခြင်းနှင့် ယှဉ်သောအပြစ်တရားဖြစ်စေ၊ ဖြောင့် မတ်ရာသို့ရောက်ခြင်းနှင့်ဖြစ်စေ၊သင်တို့၏သခင်ဖြစ်သည်ကို မသိ ကြသလော။သင်တို့သည် အပြစ်တရား၏ ကျွန်ဖြစ်ဖူးသော်လည်း ယခုတွင်ခံခုဲ့ပြီးသောသြဝါဒနည်းဥပဒေသစကားကို စေတနာ စိတ် နှင့်တားထောင်ကြသည်ဖြစ်၍ ဘုရားသခင်၏ကျေးဇူးတော်ကြီးလှ ပေ၏။ သင်တို့သည် အပြစ်တရား၏လက်မှ လွတ်ကြသည်ဖြစ်၍ ဖြောင့်မတ်ခြင်းတရား၏ကျွန်ဖြစ်ကြ၏။ထိုသို့ငါဆိုသော်သင်တို့သည် ဇာတိပကတိအတိုင်းဉာဏ်နည်းသောကြောင့် လောကီဝေါဟာရ အားဖြင့် ဆိုသတည်း။သင်တို့သည် မိမိတို့ကိုယ်အင်္ဂါများကို အဓမ္မအ လိုငှါ ညစ်ညူးခြင်းတရား၊ အဓမ္မတရား၌ သွင်း၍ကျွန်ခံစေဖူး သည် နည်းတူ၊ ယခုမှာ ဖြောင့်မတ်ခြင်းတရား၌သွင်း၍ကျွန်ခံစေကြ လော့။”
 
 

ကျွန်ုပ်တို‹သည် ဒုစရိုက်အပြစ်ကိုဆက်လက်၍ မကျူးလွန်သင့်ပါ

 
ရောမအခန်း (၆) တွင် တမန်တော်ရှင်ပေါလုက ကျွန်ုပ်တို့အား ကယ်တင် ခြင်းခံပြီးသောသူတို့၏ အသက်တာကို ရှင်းပြခဲ့ပါသည်။ ဗတ္တိဇံ၊ ကားတိုင်နှင့် ရှင်ပြန်ထမြောက်ခြင်းတို‹ကို ယုံကြည်ခြင်းအား ဖြင့် ကျွန်ုပ်တို့သည် အပြစ်ဖြေလွှတ်ခြင်း ကို ရရှိခဲ့ပါသည်။
ယေရှုဗတ္တိဇံမပါဘဲ ထာဝရဘုရား၏ဖြောင့်မတ်ခြင်းသည် ကျွန်ုပ်တို့၌ မပြည့်စုံနိုင်။ အကယ်၍ ယေရှုသည် ဗတ္တိဇံခံယူချိန်တွင် လောကအပြစ်အားလုံးကို မဆောင်သွားခဲ့လျှင် အပြစ်ဖြေလွှတ်ခြင်း ကို ခံခဲ့သော ကျွန်ုပ်တို့သည် ဖြောင့်မတ်ခြင်းသောသူ ဖြစ်သည်ဟု ပြောဆိုနိုင်မည်မဟုတ်ပါ။ 
ကျွန်ုပ်တို့အပြစ်အားလုံး ယေရှုအပေါ်သို့ လွှဲအပ်ခြင်း၊ ကားတိုင် ပေါ် အသေခံခြင်းနှင့် တရားစီရင်ခြင်းခံခြင်းတို့ကြောင့် ကျွန်ုပ်တို့ သည် ကိုယ့်ကိုယ်ကို ဖြောင့်မတ်သောသူဖြစ်သည်ဟု ရဲရဲဝံ့ဝံ့ပြော နိုင်ခြင်းဖြစ်သည်။ ရောမအခန်း (၆) က ကျွန်ုပ်တို့ကို ယုံကြည်ခြင်း အားဖြင့် ကယ်တင်ခြင်းအကြောင်းနှင့် လက်တွေ့ကျသော ဖြောင့်မတ်ခြင်းအသက်တာအကြောင်းကို သင်ပေးခဲ့ပါသည်။ (ရော ၆း၁) “ထိုသို့မှန်လျှင် အဘယ်သို့ပြောရမည်နည်း။ ကျေးဇူးတော်ပွါး များစေခြင်းငှါ အပြစ်တရားကို ကျင့်၍ နေရမည်လော။” (ရော ၅း၂၀-၂၁) “ထိုမှတပါး ပညတ်တရားသည် တဖန်ဝင်ဖြင့် ပြစ်မှား သောအပြစ်ပွားများ၏။ သို့သော်လည်း အပြစ် ပွားများသည့်အရာမှာ ကျေးဇူးတော် သာ၍ကြွယ်ဝ၏။ ထိုသို‹ဖြစ်လျှင် အပြစ်တရားသည် သေခြင်းအားဖြင့် အစိုးရသည်နည်းတူ ငါတို‹သခင်ယေရှုခရစ်ပြု တော်မူ၍ ကျေးဇူးတရားသည် ထာဝရအသက်နှင့် ယှဉ်သောဖြောင့် မတ်ရာသို့သွင်းခြင်းအားဖြင့် အစိုးရလေအံ့သတည်း။” လောကအ ပြစ်သည် ထာဝရဘုရား၏ချစ်ခြင်း မေတ္တာထက်ပို၍ မများနိုင်ပေ။ စစ်မှန်သောနှုတ်ကပတ်တော် ယုံကြည်လက်ခံခြင်းအားဖြင့် ကျွန်ုပ် တို့သည် အပြစ်လွှတ်ခြင်းကို ရရှိပါသည်။ ဤအရာသည် ထာဝရ ဘုရား၏ ချစ်ခြင်းမေတ္တာတော်နှင့်ဖြောင့်မတ်ခြင်းသာဖြစ်သည်။
(ရော ၆း၂-၄) “ထိုသို့မှန်ကန်လျှင် အဘယ်သို့ပြောရမည်နည်း။ ကျေးဇူးတော်ပွါးများစေခြင်းငှါ အပြစ်တရားကို ကျင့်၍နေရမည် လော။ ထိုသို့မနေရ။ အပြစ်တရားမှစုတေ့သောသူတို့သည် ထိုတ ရား၌အဘယ်သို့ ရှင်ရဦးမည်နည်း။ ယေရှုခရစ်၌ ဗတ္တိဇံကိုခံကြ သည်ဟု သင်တို့မသိသလော။ ထို‹ကြောင့် အသေခံတော်မူခြင်း၌ ဗတ္တိဇံကိုခံသောအားဖြင့် ထိုသခင်နှင့်အတူ သင်္ဂြိုဟ်ခြင်းကို ခံကြ၏။ အကြောင်းမူကား ခရစ်တော်သည် ခမည်းတော်၏ ဘုန်းတန်ခိုး အားဖြင့် သေခြင်းမှထမြောက်တော်မူသည်နည်းတူ ငါတို့သည်လည်း အသစ်သောအသက်၌ ကျင်လည်ရကြသတည်း။”
 
 

အသေခံတော်မူခြင်း၌ ဗတ္တိဇံကို ခံသောအားဖြင့်ထိုသခင်နှင့်အတူ သင်္ဂြိုဟ်ခြင်းကို ခံကြ၏

 
ကျွန်ုပ်တို့၏ လူဟောင်းသည် သခင်ယေရှုနှင့်အတူ ကားတိုင် ပေါ်၌ အသေခံခဲ့ပြီ။ ဤစာပိုဒ်က ကျွန်ုပ်တို‹သည် အပြစ်ဒုစရိုက်၌ အသေခံခဲ့ကြောင်းကို ဆိုလိုသည်။ ယေရှုသည် ကျွန်ုပ်တို့ကိုယ်စား အသေခံခဲ့ရာတွင် ကျွန်ုပ်တို့အပြစ် အားလုံးကို သူ့အပေါ်သို့ လွှဲအပ်ခဲ့ ပါသည်။ ထို့ကြောင့် “အသေခံတော်မူခြင်း၌ ဗတ္တိဇံကိုခံသော အားဖြင့် ထိုသခင်နှင့်အတူ သင်္ဂြိုဟ်ခြင်းကို ခံကြ၏။” ကျွန်ုပ်တို့၏ လူဟောင်း ဇာတိပကတိသည် အသေခံတော်မူခြင်း၌ ဗတ္တိဇံကိုခံ သောအားဖြင့် ထိုသခင်နှင့်အတူ သင်္ဂြိုဟ်ခြင်းကို ခံကြ၏။
ကိုယ်တော်သည် ကျွန်ုပ်တို့အပြစ်အားလုံးကို သူ၏ဗတ္တိဇံနှင့် ကားတိုင်ပေါ်အသေခံခြင်းအားဖြင့် သယ်ဆောင်ခဲ့ပါသည်။ သူသည် အပြစ်သားတို့၏ ကိုယ်စားတရားစီရင်ခြင်းကိုလည်း ခံခဲ့ပါသည်။ ဤ အရာကို သင်ယုံကြည်ပါသလား။ ယေရှုသည် သူ‹အတွက်/မိမိအ တွက် တရားစီရင်ခြင်းခံရန် မလိုသော်လည်း ကျွန်ုပ်တို့အပြစ်သား များသည် သူ့အားဖြင့် တရားစီရင်ခံခြင်းသည် ကျွန်ုပ်တို့သည် ယေရှုခရစ်၌ ဗတ္တိဇံခံခဲ့သောကြောင့် ဖြစ်သည်။
တမန်တော်ရှင်ပေါလုသည် ယေရှုဗတ္တိဇံအကြောင်းကို အလေး ထားဟောခဲ့သည်။ ကျွန်ုပ်တို့သည်လည်း ယေရှုဗတ္တိဇံအကြောင်းကို ဟောပြောခဲ့ပါသည်။ ယေရှုဗတ္တိဇံအကြောင်းဟောခြင်းသည် မှား သောတရားဟောခြင်းမဟုတ်ပါ။ ဓမ္မဟောင်းခေတ်တွင် သူတို့ ၏အပြစ်များကို ယဇ်ကောင်၏ ခေါင်းပေါ်၌ လက်တင်ခြင်းအားဖြင့် သူတို့အပြစ်များ လွှဲပြောင်းသကဲ့သို့ ယေရှုသည်လည်း သူ၏ ဗတ္တိဇံ နှင့် အသေခံခြင်းအားဖြင့် အပြစ်သားများ၏အပြစ်အလုံးစုံတို့ကို သယ်ဆောင်သွားခဲ့သည်။ 
ယောဟန်သည် ဘုရားသခင်၏သိုးသူငယ်ဖြစ်သော ယေရှုကို ဗတ္တိဇံပေးခဲ့ပါသည်။ သူသည် ဗတ္တိဇံခံခြင်းဖြင့် လောကအပြစ်အား လုံးကို ယူဆောင်ခဲ့ပါသည်။ ထို့ကြောင့် ကျွန်ုပ်တို‹ယုံကြည်သူအား လုံးသည် သူနှင့်အတူ အသေခံခဲ့ပါသည်။ ယေရှု၌ဗတ္တိဇံခံသောသူ သည် သူနှင့်အတူ သင်္ဂြိုဟ်ခြင်းကို ခံကြ၏။ ယေရှု၌ ဗတ္တိဇံမခံသူ သည် ကယ်တင်ခြင်းကို မရနိုင်။ 
ယေရှုဗတ္တိဇံကို ယုံကြည်သူများသာလျှင် ယေရှုနှင့်အတူ ကား တိုင်ပေါ်၌ အသေခံခဲ့ကြောင်း သိမြင်နားလည်နိုင်သည်။ ထိုသူတို့ သည် ဤလောကကို အောင်မြင်ပြီး အုပ်စိုးခဲ့သည်။ အဘယ့်ကြောင့် ဆိုသော် ထိုသူတို့သည် နှုတ်ကပတ်တော်ကို ယုံကြည်ပြီး မှီခိုအား ထားသောကြောင့် ဖြစ်သည်။ ယေရှုဗတ္တိဇံကို ယုံကြည်သူများ ကသာလျှင် ကယ်တင်ခြင်းဖြစ်သော အပြစ်ဖြေလွှတ်ခြင်းကို ရရှိပြီး လောကသွေးဆောင်မှုများကို အောင်နိုင်သည်။ 
အပြစ်ဖြေလွှတ်ခြင်း (ကယ်တင်ခြင်း)ကို အချုပ်ဆိုရသော် ယေရှု၏ဗတ္တိဇံနှင့်အသွေးတော် ယုံကြည်ခြင်းအားဖြင့်ဖြစ်သည်။ ယေရှုသည် သူ၏ဗတ္တိဇံအားဖြင့် လောကအပြစ်အားလုံးကို မဆောင် ခဲ့သော် သူ၏အသေခံခြင်းသည် ကယ်တင်ခြင်းအတွက် အချည်းအ နှီးသာဖြစ်လိမ့်မည်။ ကယ်တင်ခြင်း၏အဆံသည် သူ၏ဗတ္တိဇံသာ လျှင် ဖြစ်သည်။ ယောဟန်က ယေရှုဗတ္တိဇံပေးစဉ်တွင် လောက အပြစ်ဟူသမျှကို သူ့အပေါ်သို့လွှဲပြောင်းခဲ့သည်။
 
 
ကျွန်ုပ်တို့သည် ဘုရားသခင်နှင့်အတူ အသက်ရှင်ပြီး အသစ်သောအ သက်တာ၌ လျှောက်လှမ်းနေပါသည်
 
တမန်တော်ရှင်ပေါလုက (ရော ၆း၄) တွင် ပြောထားသည်မှာ “အသေခံ တော်မူခြင်း၌ ဗတ္တိဇံကိုခံသောအားဖြင့် ထိုသခင်နှင့်အတူ သòင်္ဂိဟ်ခြင်းကို ရရှိပြီ။” သူနှင့်အတူ သင်္ဂြိုဟ်ခြင်းကိုခံခဲ့သည်သာ မက အသစ်သောအသက်တာကိုလည်း ရရှိခဲ့သည်။ ဤယုံကြည်ခြင်း သည် မြင့်မြတ်သော ယုံကြည်ခြင်းပင် ဖြစ်သည်။ 
(ရော ၆း၄-၅) “ထို့ကြောင့် အသေခံတော်မူခြင်း၌ ဗတ္တိဇံကို ခံသောအားဖြင့် ထိုသခင်နှင့်အတူ သင်္ဂြိုဟ်ခြင်းကိုခံကြ၏။ အ ကြောင်းမူကား ခရစ်တော်သည် ပညတ်တော်၏ဘုန်းတန်ခိုးဖြင့် သေခြင်း၏ပုံသဏ္ဍာန်ကို ဆောင်၍ ထိုသခင် နှင့်အတူ ငါတို့သည် စိုက်ပျိုးလျက်ရှိသည် မှန်လျှင် ထမြောက်တော်မူခြင်း၏ပုံသဏ္ဍာန် ကိုဆောင်၍ စိုက်ပျိုးလျက်ရှိကြလိမ့်မည်။” ကျွန်ုပ်တို့သည် ဘုရား သခင်နှင့်ခင်မင်မှုရှိနိုင်ခြင်းသည် ယေရှုဗတ္တိဇံကို ယုံကြည်ခြင်းအား ဖြင့်သာ ဖြစ်သည်။
ယခု ယေရှုခရစ်၌ ယုံကြည်ခြင်းရှိသူများသည် အသစ်သော အသက်တာ၌ လျှောက်လှမ်းနိုင်သည်။ ကျွန်ုပ်တို့၏ လူဟောင်း သည် အသစ်တဖန်မွေးဖွားခြင်း၌ အသေခံလျှင် ကျွန်ုပ်တို့သည် လူ သစ်ဖြစ်လာပြီး အသစ်သောယုံကြည်ခြင်းနှင့် အသက်ရှင်သည်သာ မက အသစ်သောအသက်တာ၌ အသက်ရှင်ရမည် ဖြစ်သည်။ အသစ်တဖန် မွေးဖွားခြင်းခံပြီးသောသူသည် ဇာတိ၏ လိုအင်ဆန္ဒအ တိုင်း အသက်မရှင်နိုင်တော့ပါ။ ကျွန်ုပ်တို့သည် ဇာတိလိုအင်ဆန္ဒကို ငြင်းပယ်ရခြင်းမှာ ကျွန်ုပ်တို့၏ လူဟောင်းသည် ယေရှုခရစ်နှင့်အတူ ကားတိုင်ပေါ်၌ အသေခံခဲ့သောကြောင့် ဖြစ်သည်။
(၂ ကော ၅း၁၇) တွင် “လူမည်သည်ကား ခရစ်တော်၌ရှိလျှင် အသစ်ပြုပြင်သော သတ္တဝါဖြစ်၏။ ဟောင်းသောအရာတို့သည် ပြောင်းလဲ၍ ခပ်သိမ်းသော အရာတို့သည် အသေဖြစ်ကြပြီ။” ကိုယ် တော်သည် ကျွန်ုပ်တို့အပြစ် ဆောင်သွားရန် ယောဒန်မြစ်တွင် ဗတ္တိဇံ ကိုခံယူကာ ကားတိုင်ပေါ်၌ အသေခံပြီး သေခြင်းမှရှင်ပြန် ထမြောက် ခဲ့ပါသည်။ ဤသို့ဖြင့် ကိုယ်တော်သည် အပြစ်သားများကို သူတို့ အပြစ်မှ ကယ်တင်သည်သာမက အသစ်သော အသက်တာ၌ လျှောက်လှမ်းစေခဲ့ပါသည်။ ကျွန်ုပ်တို့၏လူဟောင်းသည် ကွယ် ပျောက်သွားပြီး ကျွန်ုပ်တို့သည် အသစ်သော အသက်တာ၌ အသက်ရှင်စပြုလာသည်။ အကြောင်းမူကာ ကျွန်ုပ်တို့သည် ကယ် တင်ခြင်းဟူသော အပြစ်ဖြေလွှတ်ခြင်းကို ခံခဲ့သောကြောင့်ပင်။ 
ထာဝရဘုရားသည် ဣသရေလလူမျိုးတို့ကို အီဂျစ်ပြည်မှ လွတ်မြောက်လာပြီး ကာနန်းပြည် ဝင်ရောက်ပြီးနောက် ပသခါကို အလေးထားရန် မိန့်တော်မူ၏။ အီဂျစ်ပြည်မှ လွတ်မြောက်ခြင်း၏ သင်္ကေတသည် အပြစ်မှကင်းလွှတ်ခြင်းကို ပုံဆောင်သည်။ ထာဝရ ဘုရားသည် ဣသရေလလူမျိုးတို့အား ဤသို့ဖြင့် မိန့်မှာ ထား၏။ (ထွက် ၁၂း၁-၁၁) “ထာဝရဘုရားသည် အဲရုတ္တုပြည်၌ မောရှေနှင့် အာရုန်တို့အား မိန့်တော်မူသည်ကား ဤလသည် သင်တို့၏ တဦး တည်းဟူသော နှစ်စဉ်တွင် ပဌမလ ဖြစ်ရမည်။ သင်တို့သည် ဣသ ရေလလူမျိုး ပရိသတ်အပေါင်း တို‹ကို မှာထားရသောစကားဟူမူ ကား ဤလဆယ်ရက်နေ့၌ သင်တို့ရှိသမျှသည် မိမိအိမ်ထောင်အသီး သီးအတိုင်း တအိမ်ထောင်လျှင် သိုးသူငယ်တကောင်စီ ယူရမည်။ အိမ်ထောင်ငယ်၍သိုးသူငယ်တကောင်နှင့် စပ်ဘက်၍ လူမည်မျှရှိ သည်ဟု ရေတွက်ပြီးလျှင် တကောင်းကို စားလောက်သောသူများကို ထောက်၍ သိုးသူငယ်တကောက်ကို ယူရမည်။ သိုးသူငယ်ဖြစ်စေ၊ ဆိတ်သူငယ်ဖြစ်စေ သင်တို့ယူသောအကောင်သည် အပြစ်မပါ၊ အခါ မလည်သော အထီးဖြစ်ရမည်။ ထိုသိုးသူငယ်တို့ကို ထိုလဆယ်လေး ရက်တိုင်အောင် စောင့်ထားပြီးမှ ညဦးအချိန်၌ ဣသရေလ အမျိုး အစည်းအဝေး ပရိသတ်အပေါင်းတို့သည် သတ်ရကြမည်။ သိုးသူ ငယ်၏ အသားကိုစားရသော အိမ်၏တံခါးထုပ်နှင့် တံခါတိုင်နှစ် ဘက်၌ သိုးသူငယ်၏အသွေးကိုယူ၍ ထိုးရမည်။ အသားကိုမီးနှင့်ကင် ပြီးမှ ထိုညဉ့်ခြင်းတွင် တဆေးမပါသော မုန့်၊ ခါးသောယင်းသီးဟင်း ရွက်နှင့်စားရမည်။ အသားစိမ်း သည်ဖြစ်စေ၊ ရေနှင့်ပြုတ်သည် ဖြစ်စေ မစားရ။ ခေါင်း၊ ခြေထောက်၊ အသည်း၊ နှလုံးစသည်တို့ နှင့်တကွအသားကို မကြွင်းစေရ။အနည်းငယ်ကြွင်းလျှင် မီးနှင့်ရှို့ ရမည်။ အဘယ်သို‹စားရမည်နည်းဟူမူကား ခါးစည်းကို စည်းလျက် ခြေနင်းကိုစီးလျက်၊ တောင်ဝေးကို ကိုင်လျက်၊ အလျင်အမြန်စား ရမည်။ ထာဝရဘုရား၏ ပသခါဖြစ်သတည်း။” ပသခါတွင် သိုးသူ ငယ်၏ အသားကို တဆေးမပါ၊ ခါးသောဟင်းသီးဟင်းရွက်နှင့် စားရမည်ဟု ထာဝရဘုရား မိန့်တော်မူသည်ကို ကျွန်ုပ်တို့ သတိရ မှတ်မိသင့်သည်။ ခါးသောအရာသည် မိမိကိုမိမိ ငြင်းပယ်ကြောင်းကို ဖေါ်ပြသည်။ ကျွန်ုပ်တို့သည် ခရစ်တော်နှင့်အတူ သင်္ဂြိုဟ်ခံ ကြောင်းကို မမေ့သင့်ပေ။ (ရော ၆း၁၀-၁၁) “ခရစ်တော်သည် အသေ ခံတော်မူရာမှာ အပြစ်တရားကြောင့် တကြိမ်သာ ခံတော်မူ၏။ အ သက်ရှင်တော်မူရာမှာ ဘုရားသခင်အဘို့ ရှင်တော်မူ၏၊ ထိုနည်းသူ သင်တို့သည် အပြစ်တရားနှင့်ဆိုင်သောအရာ၌ကား၊ အသေဖြစ် သည်ဟူ၍၄င်း၊ ဘုရားသခင်နှင့်ဆိုင်သော အရာ၌ကား ငါတို‹သခင် ယေရှုခရစ်အားဖြင့် အသက်ရှင်သည်ဟူ၍၄င်း ကိုယ့်ကိုကိုယ် ထင် မှတ်ကြလော့။”
ကျွန်ုပ်တို့သည် ယေရှုနှင့်မိတ်သဟာယရှိနိုင်ခြင်းသည် သူ၏ ဗတ္တိဇံ၊ကားတိုင်နှင့်ရှင်ပြန်ထမြောက်ခြင်းတို့ကို ယုံကြည်ခြင်းအား ဖြင့်သာလျှင် ဖြစ်သည်။ သူ၏သာသနြာုပလုပ်ငန်းတွင် သူ၏မွေး ခြင်း၊ ယောဟန်ထံမှ ဗတ္တိဇံခံယူခြင်း၊ ကားတိုင်ပေါ်အသေခံခြင်း၊ ကောင်းကင်ဘုံသို့ကြွမြန်းတော်မူခြင်းတို့လည်း ပါဝင်ခဲ့သည်။ ဤအ ရာအားလုံးကို ယုံကြည်လက်ခံခြင်းသည် စစ်မှန်သော ယုံကြည် ခြင်းဖြစ်သည်။ ထိုယုံကြည်ခြင်းသည် ကယ်တင်ခြင်း၊ တရားစီ ရင်ခြင်းနှင့် ထာဝရဘုရား၏ ဖြောင့်မတ်ခြင်းတို့၌ အခြေခံသည်။ 
(ရော ၆း၁၀) “ခရစ်တော်သည် အသေခံတော်မူရာမှာ အပြစ် တရားကြောင့် တကြိမ်သာခံတော်မူ၏။ အသက်ရှင်တော်မူရာမှာ ဘုရားသခင်အဖို့ ရှင်တော်မူ၏။” ယေရှုသည် ကျွန်ုပ်တို့ အပြစ်အား လုံးကို နှစ်ခါမဆေးကြောခဲ့ပါ။ တခါတည်းဖြင့် လောကအပြစ်အား လုံးကို ဆေးကြောခဲ့ပါသည်။ (ရော ၆း၁၀-၁၁) “အသေခံတော် မူရာမှာ အပြစ်တရားကြောင့် တကြိမ်သာခံတော်မူ၏။ အသက်ရှင် တော်မူရာမှာ ဘုရားသခင်အဘို့ ရှင်တော်မူ၏။ ထိုနည်းတူသင် တို့သည် အပြစ်တရားနှင့်ဆိုင် သောအရာ၌ကား အသေ ဖြစ်သည် ဟူ၍၄င်း ကိုယ့်ကိုကိုယ် ထင်မှန်ကြလော့။” ကျွန်ုပ်တို့သည် အပြစ် တရား၌သေဆုံးပြီး ဘုရားသခင်အဖို့ အသက်ရှင်ပါသည်။ ယခု ကျွန်ုပ်တို့သည် ထာဝရဘုရား၌သာလျှင် အသက်ရှင်၏။ ကျွန်ုပ်တို့ သည် အသစ်သောသတ္တဝါဖြစ်ပြီး အသစ်သောအသက်တာ၌ အ သက်ရှင်ပါသည်။ 
(ရော ၆း၁၂-၁၄) “ထို့ကြောင့် သင်တို့၏ သေတတ်သော ကိုယ်ခန္ဓာ၏ တပ်မက်ခြင်းအလိုသို့ လိုက်ရသည်တိုင်အောင် အပြစ် တရားသည် ထိုခန္ဓာ၌ အစိုး မရစေနှင့်။ သင်တို့၏ ကိုယ်အင်္ဂါများကို ဒုစရိုက်လက်နက်ဖြစ်စေ၍ အပြစ်တရားအား မဆက်ကြနှင့်။ သေခြင်းမှ ထမြောက်၍အသက်ရှင်သောသူကဲ့သို့ဘုရား သခင်အား ကိုယ်ကိုကိုယ်တိုင် ဆက်ကြလော့။ ကိုယ်အင်္ဂါများကိုလည်း သုစ ရိုက်လက်နက်ဖြစ်စေ၍ ဘုရားသခင်အားဆက်ကြလော့။ သင်တို့ သည် ပညတ် တရားလက်၌မရှိ။ ကျေးဇူးတရားလက်၌ရှိသော ကြောင့် အပြစ်တရားသည် သင်တို့ကို မအုပ်စိုးရ။” 
အပြစ်သည် သင့်ကို စိုးမိုးအုပ်ချုပ်ပိုင်ခွင့်အာဏာမရှိ။ ပညတ် တရား၏ လွှမ်းမိုးမူအောက်၌လည်းမရှိ။ ဂရုဏာတော်၏ လွှမ်းမိုးမှု အောက်၌သာရှိ၏။ အပြစ်လွှတ်ခြင်းခံယူပြီးနောက်တွင် ကျွန်ုပ်တို့၌ အပြစ်မရှိတော့ပါ။ ကျွန်ုပ်တို့သည် အသွေးအသားနှင့်နေထိုင် သောကြောင့် အားနည်းမှုများရှိခဲ့သော်လည်း အပြစ်သည် ကျွန်ုပ်တို့ ကို စိုးမိုးအုပ်ချုပ်နိုင်မည်မဟုတ်ပါ။ အဘယ့်ကြောင့်ဆိုသော် ယေရှု ဗတ္တိဇံနှင့် အသွေးတော်အားဖြင့် အပြစ်အတွက် တရားစီရင်ခံခြင်း တို့ကို ယုံကြည်ခြင်းဖြင့် ကျွန်ုပ်တို‹သည် အပြစ်လွှတ်ခြင်းကို ရရှိသောကြောင့် ဖြစ်သည်။ ကျွန်ုပ်တို‹၏ ဆိုးညစ်ခြင်းများ သည်လည်း အပြစ်ဖြစ်၏။ 
အပြစ်က ကျွန်ုပ်တို့မစိုးမိုးနိုင်ခြင်းသည် အမှန်ပင်ဖြစ်သည်။ ထာဝရဘုရားသည် ဖြောင့်မတ်သောသူကို အပြစ်၌လှူဒါန်းလေ့ မရှိဖူးပါ။ ကိုယ်တော်သည် ယေရှုဗတ္တိဇံနှင့်တခါတည်းဖြင့် ကျွန်ုပ်တို့ အပြစ်အားလုံးကို ဆေးကြောခဲ့သောကြောင့် အပြစ်သည် ကျွန်ုပ်တို့ ကို မအုပ်စိုးနိုင်ခြင်း ဖြစ်သည်။ ယေရှုသည် အပြစ်၏အဖိုး အခကို ကားတိုင်ပေါ်၌ ပေးဆပ်ခဲ့ပြီ။ ယုံကြည်သူများအထဲ၌ အပြစ်မရှိခြင်း မှာ ကိုယ်တော်သည် အပြစ်၏အဖိုးအခကို ပေးဆပ်ခဲ့ပြီးဖြစ်သော ကြောင့် ဖြစ်သည်။
ဖြောင့်မတ်သောသူသည် အားနည်းမှုများရှိခဲ့သော်လည်း အပြစ် က သူ့ကို မလွှမ်းမိုးနိုင်ခြင်းသည် ထာဝရဘုရားကို မှီခိုအားထား သောကြောင့် ဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် အသစ်သော အသက်တာ၌ အမြဲလျှောက် လှမ်းနိုင်ခြင်း ဖြစ်ပါသည်။
 
 
သင်၏ ကိုယ်အင်္ဂါများကို လက်နက်ဖြစ်ပါစေ
 
ထာဝရဘုရားသည် ဖြောင့်မတ်သော သူတို့အား နေ့စဉ် ကောင်းကြီး မင်္ဂလာပေးလျက်ရှိပါသည်။ထိုသူတို့သည် ဒုစရိုက်အ ပြစ်ကို ဆက်လက်၍ ကျူးလွန်ပါသလား။ မကျူးလွန်ပါ။ (ရောမ ၆း၁၃) “သင်တို့၏ ကိုယ်အင်္ဂါများကို ဒုစရိုက် လက်နက်ဖြစ်စေ၍ အပြစ်တရားအား မဆက်ကြနှင့်။ သေခြင်းမှထမြောက်၍ အသက် ရှင်သောသူကဲ့သို့ ဘုရားသခင်အား ကိုယ်ကိုကိုယ် ဆက်ကြလော့။”
ကျွန်ုပ်တို့လူသားအားလုံးသည် အာဒံ၏ မျိုးဆက်များဖြစ်ကြ သည်အားလျော်စွာ အပြစ်သားများ ဖြစ်ကြသည်။ သို့သော် သမ္မာကျမ်းစာက ဤသို့ ဖော်ပြထားပါသည်။ (ရော ၆း၁၇-၁၈) “သင်တို့သည် အပြစ်တရား၏ ကျွန်ဖြစ် ဘူးသော်လည်း ယခုတွင်ခံ ခဲ့ပြီးသော သြဝါဒနည်းဥပဒေစကားကို စေတနာစိတ်နှင့် နားထောင် ကြသည်ဖြစ်၍ဘုရားသခင်၏ ကျေးဇူးတော်ကြီးလှပေ၏။ သင်တို့ သည် အပြစ်တရား၏လက်မှလွတ်ကြပြီးဖြစ်၍ ဖြောင့်မတ်ခြင်းတ ရား၏ ကျွန်ဖြစ်ကြ၏၊”
ကျွန်ုပ်တို့၏ ဖြောင့်မတ်ခြင်းက ကျွန်ုပ်တို့ကို အပြစ်မှလွတ် စေပြီး ဘုရားသခင်၏ဖြောင့်မတ်သော အစေခံအဖြစ်သို့ရောက်စေ ပါသည်။ မည်သူကမှ ဂရုဏာ တော်နှင့် ဖြောင့်မတ်ရာသို့မရောက် နိုင်ပါ၊ ကျွန်ုပ်တို့ဖြောင့်မတ်သူများသည် အပြစ်မှလွှတ်ခြင်းခံ၍ ထာဝရဘုရား၏ဂရုဏာတော်ကြောင့် သူ၏အစေခံများဖြစ် လာကြ ပါသည်။ ထာဝရဘုရား၏ ကောင်းမြတ်မှုကြောင့် ကျွန်ုပ်တို့သည် ဖြောင့်မတ်နိုင်ခြင်း ဖြစ်သည်။ 
အပြစ်လွှတ် ခြင်းခံပြီးနောက် ကျွန်ုပ်တို့သည် ဘယ်အရာကို လုပ်ရမည်နည်း။ (ရော ၆း၁၉) “ထိုသို့ငါဆိုသော် သင်တို့သည် ဇာတိပကတိအတိုင်း ဉာဏ်နည်းသောကြောင့် လောကီဝေါဟာရ အားဖြင့် ဆိုသတည်း။ သင်တို့သည် မိမိတို့ကိုယ်အင်္ဂါများကို အဓမ္မ အလိုငှါ ညစ်ညူးခြင်းတရား၊ အဓမ္မတရား၌ သွင်း၍ ကျွန် ခံစေဘူး သည်နည်းတူ ယခုမှာ ကိုယ်အင်္ဂါများကို သန့်ရှင်းခြင်းအလိုငှါ ဖြောင့် မတ်ခြင်းတရား၌သွင်း၍ ကျွန်ခံစေကြလော့။” ကျွန်ုပ်တို့သည် အပြစ်မှလွှတ်ခြင်းကို ခံခဲ့သော်လည်း ဇာတိပကတိသည် အပြစ်၌ ကျူးလွန်တတ်ပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ထာဝရဘုရား၏ အစေခံများဖြစ်လာသောအခါ အပြစ်တရားမှ လွတ်မြောက်ခဲ့ပါ သည်။ ဆိုလိုသည်မှာ ကျွန်ုပ်တို့သည် ဖြောင့်မတ်သောသူများဖြစ် ကြောင်းပင် ဖြစ်သည်။
 
 
ကျွန်ုပ်တို့သည် ဘုရားဝတ်၌ မွေးလျော်ခြင်းအားဖြင့် ကိုယ်ကိုကိုယ် ဆုံးမသင့်သည်
 
ကျွန်ုပ်တို့သည် ကယ်တင်ခြင်းခံပြီးနောက် ခန္ဓာကိုယ်အားနည်း ချိန်တွင် ကျွန်ုပ်တို့၌ အပြစ်ရှိပါသလား။ ယေရှုဗတ္တိဇံ၊ ကားတိုင်၊ ရှင်ပြန်ထမြောက်ခြင်းနှင့် တရားစီရင်ခြင်းခံခြင်းတို့ကို ယုံကြည် သောသူတို‹၌ ဒုစရိုက်အပြစ်မရှိပါ။ ထိုသူတို့သည် အပြစ်ကင်း မဲ့သော သူများဖြစ်ကြသည်။ ကျွန်ုပ်တို့၏ ခန္ဓာကိုယ်နှင့် နှလုံးသား သည် မြင့်မြတ်သောအလုပ်ကို လုပ်လိုသော်လည်း ဇာတိပကတိ သည် ထိုအရာကို ငြင်းပယ်ခဲ့သည်။ (၁ တိ ၄း၇) “ဘုရားဝတ်၌မွေ့ လျော်ခြင်းအားဖြင့် ကိုယ့်ကိုကိုယ် ဆုံးမလော့။” ကျွန်ုပ်တို့သည် ဘုရားဝတ်၌ မွေ့လျော်ခြင်းအားဖြင့် ကိုယ့်ကိုကိုယ် ဆုံးမရန် လိုအပ် သည်။
ခရစ်ယာန်ဝေဆာများကို ရင်းနှီးသောသူများထံ ဝေငှနေစဉ် တွင် ကျွန်ုပ်တို့သည် ရှက်တတ်ပါသည်။ ကျွန်ုပ်တို့သည် ရှက်သော ကြောင့် သူတို့ကို ရှောင်၍ အိမ်သို့ပြန်လေ့ရှိတတ်ပါသည်။ ငါ၏ ဟောင်းသောအသက်တာသည် သေဆုံးပြီ။ အပြစ်လွှတ်ခြင်းမခံလျှင် ငရဲသွားလိမ့်မည်ဟုကြံစည်ခြင်းဖြင့် လုပ်ဆောင်ရန် ကြိုးစားခဲ့ရာ တွင် ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ဤစာအုပ်ကိုရရှိပြီး အပြစ်လွှတ်ခြင်းဟူသော ကယ်တင်ခြင်းကို ရရှိခဲ့ပါသည်၊
ကျွန်ုပ်တို့၏ကိုယ်အင်္ဂါများကို ဖြောင့်မတ်ခြင်း၏ ဒုစရုက်က် လက်နက် ဖြစ်စေပါဟူ၍ ရောမအခန်းကြီး (၆) က ရှင်းလင်းစွာ ဖော်ပြထားသည်၊ကျွန်ုပ်တို့သည် ကိုယ်အင်္ဂါများကို ဖြောင့်မတ်ခြင်း ၏ ဒုစရုက်က်လက်နက်ဖြစ်စေရန် လိုအပ်ပါသည်။ ကျွန်ုပ်တို့သည် ဤအရာကို စွမ်းဆောင်နိုင်ရန် အကြိမ်ကြိမ် ကြိုးစားသင့်ပါသည်။ ကျွန်ုပ်တို့သည် ဘုရားကျောင်း မှန်မှန်တက်လျှင် စိတ်ဝင်စားဖွယ် ကောင်းသော ဤအရာများကို သိလာလိမ့်မည်။ ဤအရာကို ငါ ယုံကြည်ပါသည်။ သို့သော် အိမ်၌မူကား မည်သည့်အရာမဆို ငါလုပ် နိုင်မည် ဟူ၍မစဉ်းစားသင့်ပါ။ ကျွန်ုပ်တို့၏ ပါစတာက ဇာတိနှင့် စိတ်နှလုံးနှခုလုံးသည် အသင်းတော်၌ရှိသင့်သည်ဟူ၍ သူတရား ဟောရမည်ကို ကြိုသိခဲ့ပါသည်။ကျွန်ုပ်တို့ကိုယ်အင်္ဂါများကို ဖြောင့် မတ်ခြင်း၏ ဒုစရိုက်က်လက်နက်ဖြစ်စေသောအခါ စိတ်ထဲရှိ ယုံကြည်ခြင်းသည် ကြီးထွားပါသည်၊ 
ကျွန်ုပ်တို့၏ ကိုယ်အင်္ဂါများကို ဖြောင့်မတ်သောအရာ၌ မွေ့ လျော်သင့် သည်။ ဆိုလိုရင်းကို မိတ်ဆွေ နားလည်ပါသလား။ သင် ဈေးသွားရာတွင် အသင်းတော်ထက်ပို၍ သင့်ကိုကျွန်တော်ဈေးမှ လှိုက်လှဲစွာကြိုဆိုပါ၏ဟူ၍ ချိုသာသော အသံကို သင်အမြဲကြား ရပါလိမ့်မည်။ သို့သော် သင်သည် ဘုရားကျောင်းသို့ အမြဲသွားပြီး သင်၏ကိုယ်အင်္ဂါများကို ဖြောင့်မတ်သောအရာ၌ မွေ့လျော်ရမည် ဖြစ်သည်။
ထိုအခါ ခေါင်းဆောင်က ဤသို့ပြောလိမ့်မည်။ ညီမလေးဤ အရာကို ရှင်းပေးနိုင်မလား။
“ကောင်းပြီ။”
“ကျေးဇူးပြုပြီးညနေပြန်လာပါ။”
“ဘာအတွက်လဲ။”
“ညနေလူငယ်မိတ်သဟာယပွဲရှိမယ်။”
“ကောင်းပြီ၊ ဒီည ငါပြန်လာမယ်။”
ကျွန်ုပ်တို့၌ အလုပ်များများရှိလျက်ပင် လောကလူသားတို့က ကျွန်ုပ်တို့ အားသူတို့၏ အစည်းအဝေးများတတ်ရန် ဖိတ်ခေါ်သော အခါ ကျွန်ုပ်တို့ကိုယ်အင်္ဂါ၏လိုအင်ဆန္ဒများ၌ မွေ့လျော်ရမည်လော။
ကျွန်ုပ်တို့၏ ကိုယ်အင်္ဂါများကို အသင်းတော်၌ မွေ့လျော်ရ မည်ဖြစ်သည်။ တဦးတယောက်က ကျွန်ုပ်တို့ကို ထမင်းစားဖိတ် လျှင်လည်း ဘုရားကျောင်းကို တက်သင့်ပါသည်။ ကျွန်ုပ်တို့၏ စိတ်နှလုံးသည် အသင်းတော်ဖြစ်ပြီး ခန္ဓာကိုယ်ကို စားသောက်ဆိုင် မဖြစ်စေသင့်ပါ။ အကယ်၍ ကျွန်ုပ်တို့၏ ခန္ဓာကိုယ်သည် လော ကီရေးရာမှလွတ်မြောက်ပြီး အသင်းတော်၌ တည်လျှင် ကျွန်ုပ်တို့၏ ခန္ဓာကိုယ်နှင့် နှလုံးသားသည် တခုနှင့်တခု ခွန်အားပေးလိမ့်မည်။ 
သင် မည်သို့ ထင်မြင်ပါသနည်း။ အကယ်၍သင်၏ခန္ဓာ ကိုယ်သည် လော ကီရေးရာ၌ မွေ့လျော်ခဲ့လျှင် သင့်နှလုံးသားသည် အသင်းတော်နှင့်မိတ်သဟာယရှိချင်သော်လည်း သင်သည် ဘုရားသ ခင်၏ရန်သူသာလျှင် ဖြစ်လိမ့်မည်။
သင်၏ကိုယ်အင်္ဂါများကို လက်နက်ဖြစ်ပါစေဟူ၍ ရှင်ပေါလု က ပြောထားပါသည်။ ဤအရာက သင်၏ ခန္ဓာကိုယ် အပေါ်တွင် မှီခိုပါသည်။ သင်၏ပျက်စီးလွယ်သော ခန္ဓာကိုယ်က အရက်သောက် လိုလျှင်၊ သင်၏အလိုအလျောက် အရက်သောက်ရန် သွားတတ်ပါ သည်။ သင်သည် ဘုရားကျောင်းတက်နေစဉ် တွင်လည်း သင်၏ ခန္ဓာကိုယ်က အရက်ဆိုင်သို့သွားစေလိုခြင်းသည် ဤအရာ၏ အဖြေ ပင်ဖြစ်သည်။ သင်အရက်ဆိုင်ထိုင်နေစဉ်တွင် သင့်နှလုံးသားသည် နာကျင်လျက်ရှိပါသည်။ သို့သော်သင်ဘုရားကျောင်းတက်လျင် နာကျင်သော သင့်ခန္ဓာကိုယ်ကို သင့်နှလုံးသားက ချမ်းမြေ့စေ လိမ့်မည်။ 
ဇာတိအသွေးအသားကလား ပင်ကိုယ်လက္ခဏာရှိသည်။ ၎င်းက သူအရက်ချိန်တွင် ငါအရက်ကြိုက်တယ်။သို့သော် အရက်မ သောက်ချိန်တွင် ငါအရက်မုန်းတယ်ဟူ၍ ပြောလေ့ရှိသည်။ အဘယ် ကြောင့်နည်း။ အကြောင်းမူကား ဇာတိပကတိသည် ယဉ်ပါးသည်ဆို သည်မရှိကြောင့်ပင်။ကျွန်ုပ်တို့ နှလုံးသားသည် သန့်ရှင်းလျက် ပင်ဇာတိပတိ၏ လိုအင်ဆန္ဒ မွေ့လျော်တတ်ပါသည်၊ သန့်ရှင်းသော ဝိညာဉ်တော်သည် ကျွန်ုပ်တို့၏ နှလုံးသားကို ဂရုစိုက် ထိန်းသိမ်း နေ ပါသည်။ ကျွန်ုပ်တို့သည် အသင်းတော်တဖက်ကမ်း၌ ရှိသော်လည်း သန့်ရှင်းသော ဝိညာဉ်တော်ကမူ ကျွန်တော်တို့နှလုံးသားကို ကွယ် ကာလျက် ရှိပါသည်။ သို့သော်ကျွန်ုပ်တို့၏ ကိုယ်အင်္ဂါများကို ဖြောင့်မတ်ခြင်း၏ ဒုစရိုက်က်လက်နက်ဖြစ်စေရန် အလွန်ပင် လိုအပ် လှပါသည်။
သမ္မာကျမ်းစာက ကျွန်တော်တို့အား နှုတ်ကပတ်တော်ကို နာခံရန်နှင့် ၎င်းက ကျွန်တော်တို့ကို လမ်းညွန်ရန်ပြောထားပါသည်။ နှုတ်ကပတ်တော်ကို ကျွန်ုပ်တို့ကို ဦးဆောင်ရန်လိုအပ်ရသည့်အ ကြောင်းမှာ ကျွန်ုပ်တို့ဇာတိအလိုဆန္ဒကို လုပ်ယူခြင်း၊၎င်းကို ကျွန်ုပ် တို့ပိုင်ဆိုင်သည်ဟု ထင်မြင်ယူဆသောကြောင့်ဖြစ်သည်။ ကျွန်ုပ်တို့ သည် ဈေး၊ ပျော်ပွဲနှင့်အရက်ဆိုင်နေရာများသွားရာတွင် ပျော်နိုင် သော်လည်း ဘုရားကျောင်း၌ဝတ်ပြုကိုးကွယ်ရာတွင်မူ အာရုံလည်း မစိုက်နိုင်။ ထိုင်လည်း မထိုင်နိုင်ဖြစ်၏။ ထို့ကြောင့် ခေါင်းဆောင်က ကျွန်ုပ်တို့ကို “နှုတ်ကပတ် တော်ကို နားထောင်ပါ” ဟူ၍လမ်းညွန် သင့်သည်။ 
ကျွန်ုပ်တို့သည် သတင်းကောင်းနားထောင်ရာတွင် ငြီးငွေ့စိတ် ပေါက်လျှင်လည်း ငါသည်သည်းခံစိတ်နှင့် ထိုင်သင့်သည်ဟူ၍ ကိုယ့်ကိုကိုယ်ခွန် အားပေးရမည်၊ ငါသည် အရက်ဖြူဆိုင်တွင် ၃ နာရီထိုင်နိုင်လျက်ပင် အဘယ် ကြောင့် ငါစိတ်ပျက်ငြီးငွေ့ပါသနည်း၊ အဘယ်ကြောင့် ငါဘုရားကျောင်းတွင် တစ်နာရီ တောင်မထိုင် နိုင်သနည်း၊ ငါအရက်ဖြူဆိုင်တွင် ငါးနာရီထိုင်နိုင်ပြီး pokerစားသ ကစားရာတွင် အနားမယူဘဲ ၂၀ နာရီထိုင်နိုင်သော်လည်း အဘယ် ကြောင့်သတင်းကောင်း နားထောင်ရာတွင် စိတ်ကငြီးငွေ့ပါသနည်း။
ဤအရာအားလုံးသည် ဇာတိပကတိ၌ မှီခိုအားထားခဲ့ပါသည်။ မည်သို့ ပင်ဖြစ်စေကာမူ အရက်သမားတဦးက ဘုရားကျောင်းတက် ခြင်းကို ငရဲချထားခြင်းသကဲ့သို့ခံရ၏။ သင့်အတွက် ခံနိုင်ရည်ရှိခြင်း သည် သင်၏ခန္ဓာကိုယ်နှင့် ဇာတိအတွက် ခက်ခဲသော်လည်း နေ့တိုင်း သင်ယူခြင်းဖြင့် ခံနိုင်ရည်စိတ်ရှိရန် ကျွန်တော် အလွန်ပင် တောင့်တပါသည်။စိတ်နှလုံးဖြင့် တစုံတခုကို ပြုလုပ်လိုသောအခါ ဘုရားကျောင်း၌ ကျွန်ုပ်တို့အချိန်ကို အသုံးချရန် လိုအပ်ပါသည်။
ကျွန်ုပ်တို့က အချိန်ကို ဘုရားကျောင်း၌အသုံးချပါက ခေါင်း ဆောင်များနှင့် စကားပြောပြီး တယောက်နှင့်တယောက် ရင်နှီးခင် မင်လာလိမ့်မည်။ ဘုရားကျောင်း၌ သွေးဆောင်ခြင်းဆိုသည်မရှိ။ ခွန်အားသာလျှင် ယူတတ်ပါသည်။ သို့သော်လည်းကျွန်တော်လမ်း လျှောက်ရာတွင် တစုံတရာက ကျွန်တော့်ကို သွေး ဆောင်ဖြား ယောင်းတတ်ပါသည်။ စုံစမ်းနှောက်ယှက်ခြင်းသည် စတိုးဆိုင်မှာ အဝတ်အစားရှိသကဲ့သို့ များလွန်းလှပါသည်။ 
အသစ်တစုံတရာရှိသော နေရာတိုင်းတွင် ကျွန်တော်သွားပြီး ကြည့်ရင် ဘယ်အချိန် ကျွန်တော်အိမ်ပြန်ရောက်မလဲဟူ၍ စဉ်းစား တတ်ပါသည်။ တစုံတယောက်က ကျွန်တော်ကို လိုက်ပို့စေလိုပါ သည်။ သင်၏အပြန်လမ်းခရီးတွင် တနေရာမှတနေရာသို့လှည့်လည် မသွားသင်ပါ၊ ဝတ်ပြုအစည်းအဝေးပြီးလျှင် ကျွန်ုပ်တို့၏ ဦးတည် ချက်ဖြစ်သော အိမ်သို့ ဘုရားကျောင်းကားနှင့် တည့်တည့် ပြန်လည် လိုအပ်ပါသည်။ ဘုရားကျောင်းသို့ငါ့ကိုမခေါ်ပါနှင့် ကိုယ်ဟာနှင့် ကိုယ်သွားမယ် ငါ့မှာ သန်မာသောခြေနှစ်ချောင်းရှိတယ်။ ဘုရား ကျောင်းကားနှင့်ဘုရားကျောင်းသွားရန် မလိုပါဟူ၍မစဉ်းစားသင့်ပါ။ စုံစမ်းနှောင့်ယှက်ခြင်းများက သင်ကိုလမ်းလွဲစေလိမ့်မည်၊ ဘုရား ကျောင်းကားက သင့်ကိုဘုရားကျောင်းသို့ လိုက်ပို့ခြင်း ဝတ်ပြု အစည်းအဝေးပြီးလျှင် အသုံးမဝင်သော အရာများကြောင့် စိုးရိမ်ခြင်း မရှိဘဲအိမ်သို့ ဖြစ်ပို့ရသည် အတွက် ကျေးဇူးတင်ရမည်သာဖြစ်သည်။ အိမ်ပြန်ရောက်၍ ကျမ်းစာဖတ်ဆုတောင်းခြင်းများပြုလုပ်ပြီးမှ အိပ်ရာဝင်ခြင်းသည် သင့်အတွက်ပို၍ တန်ဖိုးရှိပြီး မွန်မြတ်၏။
လူတဦးက ဤသို့ဖြင့် ထင်ကောင်းထင်လိမ့်မည်။ ငါ့၌ကြီး မားသော ယုံကြည်ခြင်းရှိပါတယ်။ ငါ့မှာအပြစ်မရှိပါ။ ကိုယ့်ကိုကိုယ် ဆင်ခြင်တတ်ပါတယ်။ အရက်ဆိုင်ထိုင်တိုင်းလည်း ငါအရက်မ သောက်ဘူးပါ။ အပြစ်ပွားခြင်းသည် ကျေးဇူးတော်ထက်သာ၍ ကြွယ် ဝ၏။ ငါ ဂရုဏာတော်၌မွေ့လျော်နေပါသည်။ အကယ်၍ သူက ဤသို့စဉ်းစားပြီးအရက်ဖြူဆိုင်သို့ သွားလျှင်သူ၏ သူငယ်ချင်းများက ဤသို့ပြောလိမ့်မည်။
ဟေ-အရက်သောက်ကြရအောင်။
မသောက်ဘူး။ ငါ အရာက်သောက်တာ မြင်ဖူးလို့လား။ ငါလုံးဝအရက်မသောက်ဘူး။ ဘာဘဲဖြစ်ဖြစ်သောက်ကြရအောင်။
မဖြစ်နိုင်ဘူး။
အဘယ်ကြောင့် ဒီဝိုင်းတခွတ်လေးကို မသောက်ချင်တာလဲ။
သူ၏သူငယ်ချင်းများက ဝိုင်းတခွတ်ကို ထည့်ပေးပြီး သူ့ကိုပေး လိုက်၏။ ထိုအခါ သူက သူတို့က ငါ့ကို အရက်သောက်ရန် သွေး ဆောင်သော်လည်း ငါ့ဆိုဒါ သောက်သည်ဟူ၍ထင်၏။ အရမ်း ကောင်းတယ်၊ငါ့ကို တခွက်လောက် ထပ်ထည့် ပါဦး ငါထပ်သောက် ချင်သေးတယ်ဟူ၍ပြောရင်း သူတို့ပေးသမျှကို မြန်မြန် သောက် ကုန်၏။
သူအသက်ထပ်သောက်ခြင်းသည်ကို သူငယ်ချင်းများနားလည် သောအခါတိုင်း အရက်သို့ သူ့ခွက်ထဲသို့ ထည့်ရင်း ဒါနို့ ကောက် တဲလ် လိုသောက်ပါ။ မသောက်ဘူး။ နောက်ဆုံးတွင် သူ၏ သူငယ် ချင်းများက သူအားရပါးရ အရက်သောက်တာကို အတိအလင်း နားလည်လာကြသည်။
ကောင်းပြီ ငါ ဒီနေ့အရက်သောက်မည်။ သို့သော်ယေရှုကို သင်တို့ ယုံကြည် သင့်သည်ဟု သူ့သူငယ်ချင်းတို့ကို ပြောခဲ့သည်။ ငါအရက်သောက် လျှင်လည်း အပြစ်မရှိပါ။ မိတ်ဆွေအပြစ်ကို လိုလားပါသလား။ သင်သည် သင့်အ ပြစ်မှ လွှတ်ခြင်းကို ခံယူ သင့်သည်။
 
 
အရေးကြီးဆုံးအရာသည်အညံ့ခံခြင်း
 
လူသားအားလုံးသည် ထိုကဲ့သို့ပင် ထူးခြားမှုမရှိသူများသာ ဖြစ်ကြသည် မည်သည့်နေရာတွင် ကျွန်ုပ်တို့ကိုယ်အင်္ဂါများ အသုံး ပြုခြင်းသည် အရေးကြီးဆုံးရာဖြစ်သည့် သင်ဿ ကိုယ်အင်္ဂါများကို ဖြောင့်မတ်ခြင်း၏ လက်နက်ဖြစ်စေပါ။ ဇာတိသည် မသန့်ရှင်းသော ကြောင့် သင်၏ဇာတိသည် မသန့်ရှင်းခြင်း၏ လက်နက်ဖြစ်စေပါ။ ဥပမာအားဖြင့် ကျွန်တော်သည် မူးယစ်ဆေးဝါးသုံးစွဲသည် ဆိုပါစို့။ ဤသုံးစွဲမှုသည် ဇာတိ၏ အလိုကို မှီခိုထားခြင်းကြောင့်ဖြစ်သည်။
ကျွန်ုပ်တို့သည် ယုံကြည်ခြင်းဖြင့် ထာဝရအသက် ကယ်တင် ခြင်းကိုရသည်။ သို့သော်ကျွန်ုပ်တို့၏ နှလုံးသားနှင့် ဇာတိသည် ကိုယ်အင်္ဂါ၏ လက်နက်အပေါ်မှီခို ပါသည်။ ကျွန်ုပ်တို့သည် လောက စည်းစိမ်များ၍ မွေ့လျော်သောအခါ နှလုံးသားသည် မသန့်ရှင်း ပြီဟူ၍ ကျွန်ုပ်တို့ခံယူတတ်ကြသည်။ ကျွန်ုပ်တို့သည် စာတန်၏ သွေးဆောင်မှုကြောင့် ဘုရားသခင်၏အမည်နာမကို မထီမဲ့မြင်ပြု ခြင်း ဘုရားကျောင်းသွားခြင်းကို ဆန့်ကျင်ခြင်း ဘုရားသခင်ထံ တော်မှ လမ်းခွဲခြင်းများပြုလုပ်ကြ၍ နောက်ဆုံးသောနေ့တွင် တရားစီရင်ခြင်းဖြင့် ပျက်စီးခြင်းသို့ ရောက်ရကြလိမ့်မည်။
ထို့ကြောင့် ကျွန်ုပ်တို့ ခန္ဓာကိုယ်သည်ပျက်စီးခြင်းသို့မရောက်မီ မိမိကိုမိမိ ဆင်ခြင်သင့်ပါသည်။ ကျွန်ုပ်တို့သည် အပြစ်လွှတ်ခြင်းခံပြီး နောက်တွင် နေ့စဉ်အပြစ်ကို မည်သို့ဖြင့် ဆန့်ကျင့်ရပါသနည်း။ ကျေးဇူးတရားတော်သည် အပြစ်ကျူး လွန်လျက်ပင် ယေရှုက နေ့စဉ် အပြစ်အပါအဝင် အပြစ်ဟူသမျှကို ဆောင်ယူခဲ့ပြီးသော ယူခဲ့ပြီးသောကြောင့် ကျွန်ုပ်တို့သည် အပြစ်သားပြန် မဖြစ်နိုင်ပါ။
အကယ်၍ကျွန်ုပ်တို့၏ ကိုယ်အင်္ဂါများသည် အပြစ်ကျူးလွန်ရာ သို့ ဦးတည်ချက်ပြောင်းလျှင် ကျွန်ုပ်တို့သည် ပြဿနာနှင့် ရင်ဆိုင်ရ ကြလိမ့်မည်။ ကျွန်ုပ်တို့၏ကိုယ်အင်္ဂါကိုမည်သည့်အရာဘက်သို့ နှစ် မြုပ်စေရမည်နည်း။ ကျွန်ုပ်တို့၏ ကိုယ်အင်္ဂါသည် သတ်မှတ်ထား သော လမ်းမှန်အတိုင်း လျှောက်သင့်ပေသည်။
စိတ်နှလုံးသည်သန့်ရှင်းလျှင် ကိုယ်ခန္ဓာသည်လည်း သန့်ရှင်း လာပြီး ကျွန်ုပ်တို့၏ကိုယ်အင်္ဂါကို ဖြောင့်မတ်ခြင်း၏ လက်နက်ဖြစ် လာလိမ့်မည်။ အကယ်၍ ကျွန်ုပ်တို့သည် အပြစ်လွှတ်ခြင်း ခံပြီးမှ မည်သို့ဖြင့် နေထိုင်ရမည်ကို နားမလည်လျှင် ဘုရားကျောင်းကို အခြေပြုပြီး ရှေ့ဆက်သွားရမည်။ ဘုရားကျောင်းသည် ထမင်းဆိုင် ကဲ့သို့ဖြစ်သည်ဟု ကျမ်းစာက ဖော်ပြထားပါသည်။ ကျွန်ုပ်တို့သည် ထမင်းဆိုင်တွင် တစ်ယောက်နှင့် တယောက်အတူတကွ စားသောက် စကားပြော သကဲ့သို့ နှုတ်ကပတ်တော်အားဖြင့် တစ်ယောက်နှင့်တစ် ယောက် အပေးအယူ ရှိခြင်းဖြင့် မိတ်သဟာယရှိရန် လိုအပ်လှ ပါသည်။
ဘုရားကျောင်းသည် စားသောက်ဆိုင်နှင့်တူပါသည်။ မည်သို့ ပင်ဖြစ်စေ ဘုရားကျောင်းသွားခြင်းဖြင့် တစ်ယောက်နှင့်တစ် ယောက် အားပေးခြင်းနှင့် မိတ်သဟာယရှိခြင်းများ ဆက်လက်ခိုင်မြဲ စေသင့်ပါသည်။ ဘုရားကျောင်း မှန်မှန် သွားသောသူသည် ဝိညာဉ် လူဖြစ်လာပြီး မှန်မှန်မသွားသောသူမူကား မည်သို့ပင် ယုံကြည်ခြင်း မှုရှိစေကားမူ ဝိညာဉ်တော်၌မလျှောက်လှမ်းနိုင်ပါ။ ဘုရားကျောင်း မှန်မှန်သွားသောသူသည် မည်မျှပင် အားနည်းမှုရှိသော်လည်း အလို အလျောက် ဝိညာဉ်လူဖြစ်၏။
ကျွန်ုပ်တို့အတွက် ဘုရားကျောင်းမှအပ အခြားနေရာမရှိပါ။ ကျွန်ုပ်တို့သည် သင့်အား ဘုရားကျောင်းမှန်မှန် တက်ခြင်းဖြင့်သူ၏ လူများနှင့် မိတ်သဟာ ယရှိစေလိုပါသည်။ ဘုရားကျောင်းနှင့် ဝတ်ပြု အစည်းအဝေးများ မှန်မှန်တက် ရောက်ခြင်းဖြင့် မွန်မြတ်သော နှုတ်ကပတ်တော်ကို များများနားထောင်ပါ၊ ထို့ပြင်သင်၏ကြံရွယ် ချက်များကို သင်းထောက်လူကြီးများထဲ ဆွေးနွေးပါ။
ကျွန်ုပ်တို့၏အသက်တာကို ဘုရားရှင်၏ နှုတ်ကပတ်တော်၌ အမှီပြုရန် လိုအပ်လှပါသည်။သို့မှသာ ကျွန်ုပ်တို့သည် အရှုံးမရှိဘဲ ဘဝအောင်မြင်မှုများကို ရရှိလိမ့်မည်။ ထို့ပြင် ကျွန်ုပ်တို့သည် ဘုရားသခင်ထံမှ လာသောမွန်မြတ်သော အရာများနှင့် ကောင်းကြီး မင်္ဂလာများကို ခံစားလိမ့်မည်။ ကျွန်ုပ်သည် သင်၏ကိုယ်အင်္ဂါနှင့် စိတ်နှလုံးကို ဘုရားသခင်၏ဖြောင့်မတ်သော လက်နက်ဖြစ်စေလိုပါ သည်။