Search

တရားဟောချက်များ

ဘာသာရပ် ၉ - ရောမဩဝါဒစာ (ရောမဩဝါဒစာအနက်ဖွင့်ကျမ်းများ)

[6-2] ယေရှုခရစ် ဗတ္တိဇံ၏ မှန်ကန်သော အဓိပ္ပါယ် ( ရောမဩဝါဒစာ ၆း၁-၈ )

( ရောမဩဝါဒစာ ၆း၁-၈ ) 
အပြစ်တရား၌စုတေ့သောသူတို့သည် ထိုတရား၌အဘယ်သို့ ရှင်ရဦး မည်နည်း။ ယေရှုခရစ်၌ ဗတ္တိဇံကို ခံသောသူရှိသမျှတို့သည် အသေ ခံတော်မူခြင်း၌ ဗတ္တိဇံကိုခံကြသည်ဟု သင်တို့မသိသလော။ ထို့ကြောင့် အသေခံတော်မူခြင်း၌ ဗတ္တိဇံကိုခံသောအားဖြင့် ထိုသခင်နှင့် အတူ သင်္ဂြိုဟ်ခြင်းကို ခံကြ၏။  အကြောင်းမူကား ခရစ်တော်သည် ခမည်း တော်၏ဘုန်းတန်ခိုးအားဖြင့် သေခြင်းမှ ထမြောက်တော်မူသည့်နည်းတူ ငါတို့သည်လည်း အသစ်သောအသက်၌ ကျင်လည်ကြရသတည်း။ တ နည်းကား အသေခံတော်မူခြင်း၏ ပုံသဏ္ဍာန်ကိုဆောင်၍ ထိုသခင်နှင့် အတူ ငါတို့သည် စိုက်ပျိုးလျက်ရှိသည်မှန်လျှင် ထမြောက်တော်မူခြင်း၏ ပုံသဏ္ဍာန်ကိုဆောင်၍ စိုက်ပျိုးလျက် ရှိကြလိမ့်မည်။ ထိုမှတပါး ငါတို့၏ လူဟောင်းသည် ထိုသခင်နှင့်အတူ လက်ဝါးကပ်တိုင်မှ အသေသတ်ခြင်းကို ခံပြီဟု ငါတို့သိကြ၏။ အကြောင်းမူကား ငါတို့သည် နောက်မှအပြစ်တရား ၏အစေကို မခံစေခခြင်းငှါ အပြစ်တရား၏ကိုယ်ကို ဖျက်စီးမည်အ ကြောင်းတည်း။ သေသောသူသည် အပြစ်တရား၏လက်မှ လွတ်လျက်ရှိ ၏။ ခရစ်တော်သည် သေခြင်းမှထမြောက်သောအခါ သေခြင်းနှင့်အစဉ် ကင်းလွတ်တော်မူ၏။”
 
 

ဗတ္တိဇံ၏ဆိုလိုရင်းမှာ အဘယ်နည်း

 
ယေရှုခရစ်ကို နှစ်ခြင်းပေးသော ယောဟန်သည် ဗတ္တိဇံဆရာယော ဟန် ဟုခေါ်ကြသည်။ သို့ဖြစ်လျှင် ဗတ္တိဇံဆိုသည်မှာ ဘာကို ဆိုလိုသနည်း။ ဂရိစာပေတွင် “ဗတ္တိဇံ” ကို “ဗတ္တိစ်မား” ဟု ခေါ်သည်။ အဓိပ္ပါယ်မှာ “နစ်မြှုပ်ခြင်း” ဖြစ်သည်။ ဗတ္တိဇံ၏ အရေးကြီးဆုံးအဓိပ္ပါယ်မှာ “အပြစ်နှင့် သေခြင်းကို ယူဆောင်သွား ခြင်း” ဖြစ်သည်။ 
“နစ်မြှုပ်ခြင်း” စကားစုသည် သေခြင်းဟု အဓိပ္ပါယ် သက်ရောက် သည်။ လောက၌ရှိသော အပြစ်မှန်သမျှသည် ဗတ္တိဇံဆရာယောဟန်က ယေရှုကို ဗတ္တိဇံပေးခဲ့စဉ်တွင် သူ့အပေါ်သို့ ပြောင်းရွှေ့ခဲ့သည်။ ဤသို့ဖြင့် အပြစ်များကို သယ်ယူသွားပြီး ထိုအပြစ်၏ အဖိုးအခကို ကားတိုင်ပေါ်၌ အသေခံ၍ ပေးဆပ်ခဲ့သည်။ ကျွန်ုပ်တို့သေရမည့်နေရာ၌ ယေရှု အသေခံခဲ့ သည်။ (ရော ၆း၂၃) တွင် “အပြစ်၏အခကားသေခြင်းပေတည်း” ဟု ဆိုထားသကဲ့သို့ သေခြင်းဆိုသည်မှာ အပြစ်၏ ရလဒ်ပင် ဖြစ်သည်။
ဗတ္တိဇံကို “ဆေးကြောခြင်း” ဟူ၍လည်း အဓိပ္ပါယ်ပြန်ဆိုနိုင်သည်။ ကျွန်ုပ်တို့အပြစ်များသည် တစ်ခုတလေပင်ချန်ရစ်ထားခြင်းမရှိဘဲ အကုန် အစင် ဆေးကြောပြီး ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ယေရှုခရစ်က သူ၏ဗတ္တိဇံနှင့် လောက၏အပြစ်များအားလုံးကို သူ၏ကိုယ်ခန္ဓာဖြင့် သယ် ယူခဲ့သောကြောင့် ဖြစ်သည်။ လောကသားများ၏ နှလုံးသားထဲမှ အပြစ် များသည် ယေရှုခရစ် ဗတ္တိဇံခံယူခြင်း အားဖြင့် သူ့အပေါ်သို့ ပြောင်းရွှေ့ ကာ ဆေးကြောခဲ့ပြီး ဖြစ်သည်။
ဗတ္တိဇံသည် “လက်တင်ခြင်း” ဟူ၍လည်း အဓိပ္ပါယ်ဖွင့်ဆိုနိုင်သည်။ “လက်တင်ခြင်း” ဆိုသည်မှာ “လက်ဆင့်ကမ်းခြင်း” ဖြစ်သည်။ ယေရှုခရစ် ယောဟန်ထံမှ ဗတ္တိဇံခံခြင်း ရုပ်ပုံသည် လောက၏အပြစ်များ သယ်ဆောင် ခြင်းပုံကို ပြသည်။ ယဇ်ပုရောဟိတ်မင်းက (၇) လ၊ (၁၀) ရက်မြောက် သောနေ့တွင် ဣသရေလလူမျိုးများ၏ အပြစ်ကို ယဇ်ပူဇော်မည့် ယဇ် ကောင်ပေါ်သို့လွှဲအပ်ရန် လက်တင်ခြင်းသည် ကယ်တင်ခြင်းအတွက် ဘုရားသခင်ပေးထားသော ပညတ် ချက်ပင်ဖြစ်သည်။
(ဝတ် ၁၆း၂၁-၂၂) “အာရုန်သည် အသက်ရှင်သောဆိတ်ခေါင်းပေါ်မှာ လက်နှစ်ဘက်ကို တင်လျက် ဣသရေလလူမျိုးတို့၏ ဒုစရိုက်မှစ၍ ပြစ်မှားသော အပြစ်အမျိုးမျိုးရှိသမျှတို့ကို ဖေါ်ပြ၍ ဆိတ်ခေါင်းပေါ်မှာ တင်ထားပြီးလျှင်၊ တော်လျော်သောလူတွင် တောသို့စေလွှတ်ရမည်။ သူတို့ အပြစ်ရှိသမျှကို လူမနေသောအရပ်သို့ ဆောင်သွားသော ထိုဆိတ်ကို တော၌ လွှတ်လိုက်ရမည်။” အမြင့်ဆုံးသော ယဇ်ပုရောဟိတ်မင်းကြီး အာရုန်က လွှတ်ရမည့်ဆိတ်၏ခေါင်းပေါ် လက်တင်သောအခါ ထိုဆိတ် သည် ဣသရေလလူမျိုးတို့၏ အပြစ်ကို ယူဆောင်သွားကာ ထိုအပြစ်များ အတွက် သတ်ဖြတ်ခြင်းကို ခံရသည်။
 
 

ဓမ္မဟောင်းကျမ်းတွင် ပူဇော်မည့်ယဇ်ကောင်အပေါ် လက်တင် ခြင်းသည် ဓမ္မသစ်ကျမ်းမှ ဗတ္တိဇံ၏ အမှတ်အသား

 
ဗတ္တိဇံ၏အဓိပ္ပါယ်မှာ “နစ်မြှုပ်ခြင်း” ဖြစ်သည်။ ထိုစကားစု၌ “မြှုပ်နှံခြင်း၊ ဆေးကြောခြင်း၊ (သို့မဟုတ်) လက်ဆင့်ကမ်းခြင်း” စသည့် အဓိပ္ပါယ်များလည်း ပါဝင်သည်။ ဓမ္မဟောင်းကျမ်းမှလူများသည် အပြစ်အ နာအဆာမရှိသော ဆိတ် (သို့မဟုတ်) သိုးများကို ယဇ်ပူဇော်ရန်အတွက် ယူဆောင်လာပြီး ထိုယဇ်ကောင် ပေါ်သို့သူတို့၏လက်များကို တင်ကာ အပြစ်များကို လွှဲအပ်ခဲ့ကြသည်။ ၄င်းသည် ဓမ္မသစ်ကျမ်းမှ ဗတ္တိဇံခံခြင်းနှင့် တူညီသည်။ ဤသို့လက်တင်ခြင်းအားဖြင့် ထိုဆိတ်သည် အပြစ်များကို သယ်ဆောင်သွားကာ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။ လူသားအားလုံး၏ ကိုယ်စားပြုသော ဗတ္တိဇံဆရာယောဟန်က ယေရှုခရစ်ကို လောက၏ အပြစ်များယူဆောင်သွားရန် ဗတ္တိဇံပေးခဲ့ပြီး ယေရှုခရစ်သည် ထိုအပြစ် များနှင့်အတူ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။
ဣသရေလလူမျိုးတို့ကိုကိုယ်စားပြုသောယဇ်ပရောဟိတ်မင်း အာရုန် သည် သူ့လူများ၏ အပြစ်ကို လွှဲပြောင်းရန် ဆိတ်၏ဦးခေါင်းပေါ်သို့ လက်တင်ပြီး ထိုဆိတ်ကို သတ်ကာ အသွေးကို လက်ချောင်းဖြင့်ယူ၍ မီးရှို့ ပူဇော်ရာ ယဇ်ပလ္လင်မှ ဦးချိုများပေါ်သို့ သုတ်လိမ်းခဲ့သည်။ ထို့ကြောင့် ရှင်လုကာက အာရုန်၏မျိုးရိုးမှ ဆင်းသက်လာသူ ဗတ္တိဇံဆရာယောဟန် သည် ဣသရေလလူမျိုးတို့၏ ကိုယ်စားလှယ်ဖြစ်သော အမြင့်ဆုံးသော ယဇ်ပုရောဟိတ်မင်း ဖြစ်သကဲ့သို့ သူသည်လည်း လူသားအားလုံး၏ ကိုယ် စားလှယ်ဖြစ်သည်ဟု ပြောခဲ့သည်။
သမ္မာကျမ်းက ဤသို့ ဖေါ်ပြထားသည်။ “ငါအမှန်ဆိုသည်ကား မိန်းမ မွေးသောသူတို့တွင် ဗတ္တိဇံဆရာယောဟန်ထက် ကြီးမြတ်သောသူ တ ယောက်မျှ မပေါ်ထွန်းသေး” (မ ၁၁း၁၁)။ လောကီပိုင်းဆိုင်ရာ ယဇ်ပုရော ဟိတ်များက ထာဝရဘုရား၏ ဥပဒေတော်အတိုင်း ယဇ်ပူဇော်ခြင်းဖြင့် အပြစ်ဖြေလွှတ်ခဲ့ကြသကဲ့သို့ ဗတ္တိဇံဆရာယောဟန်သည် လောကီသား များ၏ အပြစ်များကို တစ်ကြိမ်တည်းနှင့် ထာဝရအတွက် သူ့အပေါ်သို့ လွှဲပြောင်းခွင့်ရှိခဲ့သည်။ ဗတ္တိဇံဆရာယောဟန်သည် နောက်ဆုံးယဇ်ပုရော ဟိတ်မင်းကြီးဖြစ်သည်။ ကျွန်တော်က ယောဟန်ကို အမြင့်ဆုံးသော ယဇ်ပုရောဟိတ်မင်းကြီးဟု ခေါ်သောအခါ တစ်ချို့က “မည်သည့်နေရာ၌ ဗတ္တိဇံဆရာ ယောဟန်ကို အမြင့်ဆုံးသော ယဇ်ပုရောဟိတ်မင်းကြီးဟု ရေးထားသနည်း”ဟု ပြောကြသည်။ ထိုအရာသည် ရေးမထားပေဘူး လား။ ဇာခရိမှ ဆင်းသက်လာသူသည် နှစ်ခြင်းဆရာယောဟန် (ဗတ္တိဇံ ယောဟန်) ပင်ဖြစ်သည်။ ယဇ်ပုရောဟိတ်မင်းကြီး အာရုန်၏ မြေးဖြစ်သူ ယဇ်ပုရောဟိတ်မင်း အဘိယအသင်းဝင် ဇာခရိသည် အာရုံ၏ မိသားစု မွေးဖွားလာသောသူဖြစ် ကြောင်း လွန်စွာ ရှင်းလင်းပါသည်။
(၅ ရာ ၂၄း၁၀) တွင် အာရုန်မျိုးရိုးမှဆင်းသက်လာသော ယဇ်ပုရော ဟိတ်များ၏ အသင်းအဖွဲ့များအကြောင်းကို သမ္မာကျမ်းစာက ဆွေးနွေး ထားသည်။ ဒါဝိဒ်၏ နောက်ဆုံးသောနေ့ရက်များတွင် ယဇ်ပုရောဟိတ် မြောက်များစွာ တိုးပွားလာပြီး သူတို့ကို ပြန်လည်၍ နေရာချပေးရန်ပင် လိုအပ်နေခဲ့ကြသည်။ ထို့ကြောင့် အာရုန်၏ မြေးများဖြစ်သော မိသားစု (၂၄) စုအတိုင်း စာရေးတံ (၂၄) ခုချကာ စီရင်၍ နေရာချခဲ့ကြသည်။ အဘိ ယသည် စာရေးတံရှစ်ခုကို ရရှိခဲ့သည်။ အသင်းတစ်သင်းစီတိုင်းက ထာဝ ရဘုရား၏ အိမ်တော်နှင့် တံတိုင်းတော်ကို (၁၅) ရက်စီ အမှု ထမ်းခဲ့ကြ သည်။ ထို့နောက် အဘိယအသင်းဝင်ဖြစ်သူ ယဇ်ပုရောဟိတ် ဇာခရိသည် သူ၏အသင်း၌ ပုံမှန်တာဝန်ထမ်းဆောင်ရန် ဘုရားသခင်၏ရွေး ကောက် ခြင်းကို ခံခဲ့ရသည်။
(လု ၁း၉) တွင် ဤသို့ ရှင်းပြထားသည်။ “ယဇ်ပုရောဟိတ် ထုံစံအ တိုင်း စာရေးတံချသဖြင့် သူသည် ထာဝရဘုရား၏ ဗိမာန်အတွင်းသို့ ဝင်၍ နံ့သာပေါင်းကို မီးရှို့ရ၏။” ၄င်းက နှစ်ခြင်းဆရာယောဟန်သည် ယဇ်ပုရော ဟိတ်မင်းကြီး အာရုန်၏မိသားစုမှ ဆင်းသက်လာသူဖြစ်ပြီး လူသားအား လုံးကို ကိုယ်စားပြုသူ နောက်ဆုံးသော ယဇ်ပုရောဟိတ်မင်း ဖြစ်ကြောင်း ကို ဖေါ်ပြထားပါသည်။ (မ ၁၁း ၁၁၊ ၃း၁၃-၁၇)။ ဥပဒေအရ ယဇ်ပုရော ဟိတ်မျိုးရိုးမှ ဆင်းသက်လာသောသူသာ ယဇ်ပုရောဟိတ်မင်း ဖြစ်နိုင် သည်။ ခြင်္သေ့ကသာ ခြင်္သေ့ငယ်ကို ဖွားမြင်နိုင်မှာ ဖြစ်သည်။ နှစ်ခြင်း ဆရာယောဟန်သည် သူ၏အဘိုး အာရုန်ထံမှ ယဇ်ပုရောဟိတ် ဘဝကို အမွေခံခဲ့သည်။
 
 

ယေရှု၏ တမန်တော်များက သူ၏ဗတ္တိဇံအကြောင်းကို သက်သေခံကြ သည်

 
တမန်တော်အားလုံးတွင် အထူးသဖြင့် ရှင်ပေါလု၊ ရှင်ပေတရု၊ ရှင်မဿဲနှင့်ရှင်ယောဟန်တို့က ယေရှု၏ဗတ္တိဇံအကြောင်းကို သက်သေခံခဲ့ ကြသည်။ ရှင်ပေါလု ရေးသားခဲ့သော ယနေ့အဓိက စာမျက်နှာများမှ သက်သေခံချက်များကို တစ်ချက်လောက်ကြည့်ကြပါစို့။ “ထိုသို့မှန်လျှင် အဘယ်သို့ပြောရမည်နည်း။ ကျေးဇူးတော်ပွားများစေခြင်းငှါ အပြစ်တရား ကိုကျင့်၍ နေရမည်လော။ ထိုသို့မနေရ။ အပြစ်တရားမှ စုတေ့သော သူတို့သည် ထိုတရား၌ အဘယ်သို့ရှင်ရဦး မည်နည်။ ယေရှုခရစ်၌ ဗတ္တိဇံ ကို ခံသောသူရှိသမျှတို့သည် အသေခံတော်မူခြင်း၌ ဗတ္တိဇံကို ခံကြသည်ဟု သင်တို့မသိသလော။ ထို့ကြောင့် အသေခံတော်မူခြင်း၌ ဗတ္တိဇံကို ခံသောအားဖြင့် ထိုသခင်နှင့်အတူ သင်္ဂြိုဟ်ခြင်းကိုခံကြ၏။ အကြောင်း မူကား ခရစ်တော်သည် ခမည်းတော်၏ဘုန်းတန်ခိုးအားဖြင့် သေခြင်းမှ ထမြောက်တော်မူသည်နည်းတူ ငါတို့သည်လည်း အသစ်သောအသက်၌ ကျင်လည်ကြရသတည်း။ တနည်းကား အသေခံတော်မူခြင်း၏ ပုံဏ္ဍာန် ကိုဆောင်၍ စိုက်ပျိုးလျက်ရှိကြလိမ့်မည်။ ထိုမှတပါး ငါတို့၏ လူဟောင်း သည် ထိုသခင်နှင့်အတူ လက်ဝါးကပ်တိုင်မှာ အပြစ်တရား၏အစေကို မခံစေခြင်းငှါ အပြစ်တရား၏ ကိုယ်ကို ဖျက်စီးမည်အကြောင်းတည်း။ သေ သောသူသည် အပြစ်တရား၏ လက်မှလွတ်လျက်ရှိ၏။ ခရစ်တော်သည် သေခြင်းမှထ မြောက်သောအခါ သေခြင်းနှင့်အ စဉ်ကင်းလွတ်တော်မူ၏။ သေခြင်းတရားသည် နောက်တဖန် ကိုယ်တော်ကို မအုပ်စိုးရသည် ထောက်သော် ငါတို့သည် ခရစ်တော်နှင့်အတူသေလျှင် ထိုသခင်နှင့်အတူ ရှင်လိမ့်မည်ဟု သဘောရှိကြသည်” (ရော ၆း၁-၉)။
(ဂလ ၃း၂၇) ကလည်း ဤသို့ဖေါ်ပြသည်။ “ခရစ်တော်၌ ဗတ္တိဇံကို ခံသောသူရှိသမျှတို့သည် ခရစ်တော်ကို ယူတင်ဝတ်ဆောင်သောသူ ဖြစ်ကြ၏။” ပေတရု၏သက်သေခံချက်ကို ကြည့်ကြပါစို့။ “ထိုသို့သောဥပ မာအတိုင်း ယခုတွင် ဗတ္တိဇံသည် ယေရှုခရစ်ထမြောက်တော်မူသောအား ဖြင့် ငါတို့ကို ကယ်တင်တတ်၏။ ဗတ္တိဇံဟုဆိုသော ကိုယ်ကာ၏ အညစ်အ ကြေးဆေးကြောခြင်းကို မဆိုလို။ ကိုယ်ကိုကိုယ်သိသော စိတ်ကြည်လင်၍ ဘုရားသခင်ရှေ့၌ ဝန်ခံခြင်းကို ဆိုလိုသတည်း” (၁ ပေ ၃း၂၁)။
တမန်တော်ယောဟန်က (၁ ယော ၅း၅-၈) တွင် ဤသို့ဖေါ်ပြထားပါ သည်။ “ယေရှုသည် ဘုရားသခင်၏ သားတော်ဖြစ်သည်ကို ယုံကြည်သော သူမှ တပါး အဘယ်သူသည် လောကကို အောင်နိုင်သနည်း။ ထိုသခင်ကား ရေအားဖြင့်၄င်း၊ အသွေးအာဖြင့်၄င်း ကြွလာတော်မူ၏။ သက်သေခံဟူမူ ကား ဝိညာဉ်တော်သည် သမ္မာတရားဖြစ်၍ သက်သေခံတော်မူ၏။ သို့ ဖြစ်လျှင် ကောင်းကင်ဘုံ၌ ခမည်းတော်တပါး နှုတ်ကပတ်တော်တပါး၊ သန့် ရှင်းသောဝိညာဉ်တော်တပါး၊ သက်သေခံသုံးပါရှိ၍ ထိုသုံးပါးတို့သည် တ လုံးတဝတည်း ဖြစ်တော်မူ၏။ မြေကြီးပေါ်၌လည်း ဝိညာဉ်တော်တပါး၊ ရေ တပါး၊ အသွေးတော်တပါး၊ သက်သေခံသုံးပါး ရှိ၍ ထိုသုံးပါးတို့သည် တညီ တညွတ်တည်း ဖြစ်၏။”
(မ ၃း၁၃-၁၇) ရှင်မဿဲ၏ သက်သေခံချက်ကို ဤသို့တွေ့ရသည်။ “ထိုအခါ ယေရှုသည် ဗတ္တိဇံကိုခံအံ့သောငှါ ဂါလိလဲပြည်မှ ယော်ဒန်မြစ်နား ယောဟန်ထံသို့ကြွတော်မူ၏။ ယောဟန်ကလည်း အကျွန်ုပ်သည် ကိုယ် တော်ထံ၌ ဗတ္တိဇံကို ခံရမည်အကြောင်းရှိပါသည်ဖြစ်၍ ကိုယ်တော်သည် အကျွန်ုပ်ထံသို့ကြွလာတော်မူသလောဟု ယေရှုကို ဆီးတားလေ၏။ ယေရှု ကလည်း အလုံးစုံသော တရားတို‹ကို အကုန်အစင်ကျင့်သင့်သည် ဖြစ်၍ ယခု အခွင့်ပေးပါဟု ပြန်ပြောတော်မူ၏။ ထိုအခါ ယောဟန်သည် ဝန်ခံ လေ၏။ ယေရှုသည် ဗတ္တိဇံကိုခံတော်မူ ပြီးလျှင် ရေမှပေါ်ထစဉ်တွင် ကောင်းကင်ဖွင့်လှစ်သဖြင့် ဘုရားသခင်၏ ဝိညာဉ်တော်သည် ချိုးငှက် ကဲ့သို့ဆင်းသက်၍ ကိုယ်တော်အပေါ်၌ နားတော်မူသည်ကို မြင်ရ၍ ဤ သူကား ငါနှစ်သက်မြတ်နိုးရာ ငါ၏ချစ်သားပေတည်းဟု ကောင်းကင်က အသံတော်ဖြစ်လေ၏။”
ယေရှုခရစ်သည် ယောဟန်ထံမှ ဗတ္တိဇံကို ခံယူ၍ လောက၏ အပြစ် များအားလုံးကို အဝေးသို့ ယူဆောင်သွားခဲ့သည်။ “အလုံးစုံသောတ ရား တို့ကို အကုန် အစင်ကျင့်သင့်သည်ဖြစ်၍” ယေရှုသည် အသင့်လျော်အ မှန်ကန်ဆုံးနည်းစနစ်ဖြင့် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံကို ခံယူကာ လော ကီအပြစ်အားလုံးကို သူ့အပေါ်၌ တင်ဆောင် ယူသွားခဲ့သည်။ ထာဝရဘု ရားသခင် ကိုယ်တော်တိုင်က ၄င်းကို သက်သေခံသည်။ “ယေရှုသည် ဗတ္တိဇံကိုခံတော်မူပြီးလျှင် ရေမှပေါ်ထစဉ်တွင် ကောင်းကင်ဖွင့်လှစ်သဖြင့် ဘုရားသခင်၏ဝိညာဉ်တော်သည် ချိုးငှက်ကဲ့သို့ဆင်းသက်၍ ကိုယ်တော် အပေါ်၌ နားတော်မူသည်ကို မြင်ရ၍ “ဤသူကား ငါနှစ် သက်မြတ်နိုးရာ ငါ၏ချစ်သားပေတည်း” ဟု ကောင်းကင်က အသံတော် ဖြစ်လေ၏။” ယေရှုသည် ဗတ္တိဇံခံတော်မူခြင်းအားဖြင့် လောကသားတို့၏ အပြစ်များကို ဆောင်ယူကာ ရေနှင့်ဝိညာဉ်တော် သတင်းကောင်းကို သုံးနှစ်တာသက် သေခံ၍ ကားတိုင်ပေါ်မှာ အသေခံပြီး သုံးရက်မြောက်သေနေ့တွင် သေခြင်း မှရှင်ပြန်ထမြောက်ခဲ့သည်။ ယခု ကိုယ်တော်သည် ဘုရားသခင်၏ လင်္ကျာ တော်ဘက်၌ ထိုင်နေ၏။
ယေရှုခရစ်သည် သူ့ကိုစောင့်မျှော်နေသော သန့်ရှင်းသူများကို ယူဆောင် ရန်အတွက် နောက်တဖန် ကြွလာမည်ဖြစ်သည်။ (ဟေဗြဲ ၉း၂၈) က ဖေါ်ပြထားသည်မှာ “ထိုနည်းတူ ခရစ်တော်သည် လူများအပြစ်တို့ ကိုခံခြင်းငှါ တခါတည်း ကိုယ်ကိုပူဇော်ပြီးမှ၊နောက်တဖန် ထိုသခင်ကို မျှော် လင့်လျက်နေသောသူတို့ကို ကယ်တင်ခြင်းအလို့ငှါ အပြစ်နှင့်မဆိုင်ဘဲ ပေါ်ထွန်းတော်မူလတံ့” ဟူ၍ ဖြစ်သည်။ ဘုရားသခင်ကိုယ်တော်တိုင်က “ဤသူကား ငါနှစ်သက်မြတ်နိုးရာ ငါ၏ချစ်သားပေတည်” ဟု ဆိုခဲ့သည်။ သန့်ရှင်းသောဝိညာဉ်တော်ကလည်း လောက၏အပြစ်များကို ယူဆောင် သွားသူသည် ကယ်တင်ရှင် ယေရှုဖြစ်ကြောင်းကို သက်သေခံသည်။ သို့သော်လည်း လူတို့သည် သူတို့၏ ဝိညာဉ်မျက်စိကွယ်နေသောကြောင့် ကျမ်းစာကို နားမလည်နိုင်ကြပေ။ သူတို့၏ဝိညာဉ်မျက်စိများပွင့်လင်း၍ သူတို့သည် ရေနှင့်ဝိညာဉ်တော်အားဖြင့် အသစ်တဖန်မွေးဖွားခြင်းကို ခံကြ ရမည် ဖြစ်သည် (ယော ၃း၅)။
ထို့ကြောင့် သူတို့အထင်အရ ယေရှုတစ်ဦးတည်းကသာ လူသားမျိုး နွယ်တို့၏ ကယ်တင်ခြင်းအတွက် လှုပ်ရှားခဲ့သည်ဟူ၍ ဖြစ်သည်။ သို့သော် အမှန်တွင် ယေရှုသည် ဘုရားသခင်၏ သိုးသူငယ်ဖြစ်ပြီး လောကအပြစ် များကို လူသားအား လုံးကိုယ်စား ဗတ္တိဇံပေးခြင်းဖြင့် လွှဲအပ်ပေမည့် နှစ်ခြင်းဆရာယောဟန်ကို အလိုရှိခဲ့သည်။ အကြောင်းမှာ ဗတ္တိဇံကဲ့သို့ပင် ယဇ်ပုရောဟိတ်မင်းကြီးဖြစ်သော အာရုန် သည်လည်း ဣသရေလလူမျိုး၏ အပြစ်ကိုဖြေလွှတ်ရန် ယဇ်ကောင်း (ရှင်သောဆိတ်) ၏ ဦးခေါင်းပေါ်သို့ လက်တင်ခြင်းဖြင့် သူတို့၏အပြစ်များကို ထိုယဇ်ကောင် ပေါ်သို့ လွှဲပြောင်း ခဲ့သောကြောင့် ဖြစ်သည်။ ထို့နောက် အရုန်သည် ယဇ်ပူဇော်မည့် ကောင်ကို သတ်ဖြတ်၍ ဣသရေလလူမျိုးများအား အပြစ်လွှတ် ခြင်းအခွင့် နှင့် လွတ်လပ်စွာ ပြန်လွှတ်လိုက်ပါသည်။ ထို့ကြောင့် ဘုရားသခင်သည် သူစေတမန်ကို ယေရှုခရစ်မတိုင်မီ ကြိုတင်လွှတ်ခဲ့သည်။
 
 
ဗတ္တိဇံယောဟန်သည် မည်သူနည်း
 
ဗတ္တိဇံယောဟန်သည် (မာလ ၃း၁-၃) တွင် ကြိုတင်နိမိတ်ဖတ်ထား ခံရသော ဘုရားသခင်၏တမန်တော်ဖြစ်သည်။ ဘုရားသခင်သည် လူသား တို့ကို ကိုယ်စားပြုမည့်သူအဖြစ် ဗတ္တိဇံယောဟန်ကို လိုအပ်ခဲ့သည်။ ဘုရားသခင်၏ သားတော် ယေရှုခရစ်သည် ဓမ္မသစ်ကျမ်းတွင် ဗတ္တိဇံယော ဟန်ထံမှ ခံယူသော နှစ်ခြင်းမင်္ဂလာဖြင့် လောကအပြစ်များကို ဆောင်ယူ၍ အသတ်ခံရသည့် သိုးသူငယ်ကဲ့သို့ ထိုအပြစ်၏အဖိုးအခအတွက် ကားတင် သတ်ခြင်းကို ခံခဲ့သည်။ ထို့ကြောင့် ယေရှုသည် လူသားအားလုံးကို ထာဝရ အပြစ်မှ ကယ်တင်ခဲ့သည်။
ယေရှုခရစ် ဖွားမြင်ခြင်းမခံမီအချိန်တွင် အလွန်ကြီးမားဆန်းကြယ် သော ဖြစ်ရပ်နှစ်ခု ပေါ်ပေါက်ခဲ့သည်။ တစ်ခုမှာ မာရိသည် ယေရှုကို ပဋိသန္ဒြေတည်ခဲ့ပြီး အခြားတခုမှာ ဗတ္တိဇံယောဟန်သည် အဘိယအသင်း မှ မွေးဖွားလာခဲ့ခြင်းပင် ဖြစ်သည်။ ဤဖြစ်ရပ်နှစ်ခုသည် မြင့်မတ်သော၊ ဘုရားသခင်မှဖြစ်သော ကြိုတင်ပြင်ဆင်မှုထဲမှ အကောင်အထည်ပေါ်လာ ခြင်း ဖြစ်သည်။ ၄င်းမှာ ဘုရားသခင် ရေးသားပြုလုပ်ထားခဲ့သော ပြည့်စုံ သည့်ဇတ်ထုပ်တစ်ခုဖြစ်သည်။ ဘုရားသခင်သည် ဗတ္တိဇံယောဟန်ကို ယေရှုခရစ်မတိုင်မီခြောက်လတွင် စေလွှတ်ခဲ့ပြီး သူ၏တစ်ဦးတည်းသော သားတော်ကို ကျွန်ုပ်တို့အား စစ်နှင့်နာကျင်ခြင်းများမှ ကယ်တင်ရန်အ တွက် ဤလောကသို့စေလွှတ်ခဲ့သည်။ ၄င်းကို သင်နားလည်ပါသလား။ သမ္မာကျမ်းစာကို ပြန်လည်၍ နက်နဲစွာ လေ့လာကြည့်ကြပါစို့။ 
ဗတ္တိဇံယောဟန်က (မ ၁၁း၇-၁၄) တွင် ဤသို့သက်သေခံခဲ့ပါသည်။ “ထိုသူတို့သည် သွားကြသည်နောက် ယေရှုသည် ယောဟန်ကို အကြောင်း ပြု၍ ပရိသတ်တို့အား သင်တို့သည် အဘယ်မည်သောအရာကို ကြည်ရှု ခြင်းငှါ တောသို့ထွက်ခဲ့သနည်း။ လေလှုပ်သောကျူပင်ကို ကြည့်ခြင်းငှာ သွားသလော။ သို့မဟုတ် နူးညံ့သောအဝတ်ကို ဝတ်ဆင်သောသူကို ကြည့်ရှုရန်သွားသလော။ နူးညံ့သောအဝတ်ကို ဝတ်ဆင်သောသူတို့သည် မင်းအိမ်၌နေတတ်ကြ၏။ ပရောဖက်ကို ကြည့်ရှုခြင်းငှါ သွားသလော။ မှန်ပေ၏။ ပရောဖက်ထက် ကြီးမြတ် သောသူလည်း ဖြစ်သည်ဟု ငါဆို၏။ ကျမ်းစာ၌လာသည်ကား ကြည့်ရှုလော။ သင်သွားရာလမ်းကိုပြင်ရသော ငါ၏တမန်ကို သင့်ရှေ့၌ ငါစေလွှတ်၏ဟု ဆိုရာ၌ ထိုသူကို ဆိုလိုသတည်း။ ငါအမှန်ဆိုသည်ကား မိန်းမမွေးသောသူတို့တွင် ဗတ္တိဇံ ဆရာယောဟန် ထက် ကြီးမြတ်သောသူ တယောက်မျှမပေါ်ထွန်းသေး။ သို့သော် လည်း ကောင်းကင်နိုင်ငံတော်တွင် အငယ်ဆုံးသောသူသည် ထိုသူထက်သာ၍ ကြီးမြတ်၏။ ဗတ္တိဇံဆရာယောဟန်လက်ထက်မှစ၍ ယခုတိုင်အောင် ကောင်းကင်နိုင်ငံတော်ကို အနိုင်အထက်ပြုကြ၏။ အနိုင်အထက်ပြုသော သူတို့သည်လည်း လုယူဝင်စားရကြ၏။ ယောဟန်မရောက်မှီတိုင်အောင် ပညတ္တိကျမ်း၊ အနာဂတ္တိကျမ်း၊ ရှိသမျှတို့သည် ဆုံးမသြဝါဒပေးကြ၏။ သင်တို့သည် ငါ့စကားကို နာခံနိုင်လျှင် ဤသူကားလာလတံသော ဧလိယ ဖြစ်သတည်း။”
လူတို့သည် ကန္တာရသို့ထွက်သွား၍ “ကောင်းကင်နိုင်ငံတော်သည် တည်းလုနီးပြီ။ ထို့ကြောင့် နောင်တရကြလော့” (မ ၃း၁-၂) ဟု ကြွေးကြော် သော ဗတ္တိဇံယောဟန်ကို ကြည့်ရှုကြ၏။ ယေရှုက “သင်တို့သည် အဘယ်မည်သောအရာကို ကြည့်ရှုခြင်းငှါ တောသို့ထွက်သွားကြသနည်း။ လေလှုပ်သောကျူပင်ကို ကြည့်ရှုခြင်းငှါ သွားသလော။ သို့မဟုတ် နူးညံ့ သောအဝတ်ကို ဝတ်ဆင်သော သူကို ကြည့်ရှုခြင်းငှါ သွားသလော။ နူးညံ့ သောအဝတ်ကို ဝတ်ဆင်သောသူတို့သည် မင်းအိမ်၌နေတတ်ကြ၏။ ပရော ဖက်ကို ကြည့်ခြင်းငှါ သွားသလော။ မှန်ပေ၏။ ပရောဖက်ထက်ကြီးမြတ် သောသူလည်း ဖြစ်သည်” ဟု ထိုသူတို့ကို ပြောခဲ့သည်။
ဓမ္မာဟောင်းခေတ်တွင် ပရောဖက်သည် ဘုရင်ထက်ပို၍ အာဏာ တန်ခိုး ကြီးခဲ့သည်။ ပရောဖက်၏နှုတ်စကားကို ဘုရင်က မလွန်ဆန်ခဲ့ပေ။ ဓမ္မဟောင်းခေတ်တွင် မည်သူသည် ရှင်ဘုရင်အားလုံးနှင့် ပရောဖက်အား လုံးထက် တန်ခိုးအာဏာကြီးမားပါသနည်း။ ထိုသူမှာ ဗတ္တိဇံယောဟန်ဖြစ် သည်။ သခင်ယေရှုကိုယ်တော်တိုင်က ၄င်းကို သက်သေခံခဲ့သည်။ မည်သူ သည် လူသားအားလုံးတို့၏ ကိုယ်စားလှယ်ဖြစ်သနည်း။ မည်သူသည် ခန္ဓာအသွေးအသားနှင့် ပြည့်စုံသောလူသားအားလုံး (ယေရှုမှအပ) ၏ ကိုယ်စားလှယ်ဖြစ်သနည်း။ ထိုသူမှာ ဗတ္တိဇံယောဟန်ပင် ဖြစ်သည်။ သူ သည် လူသားမျိုးနွယ်အားလုံး၏ လောကပိုင်းဆိုင်ရာ အမြင့်ဆုံးသော ယဇ် ပုရောဟိတ်မင်းကြီးဖြစ်သည်။ သူသည် ဘုရားသခင် ကိုယ်တိုင်က ခန့်အပ် ခြင်းခံရသူဖြစ်ပြီး သူ၏လှုပ်ရှားဖို့ရန် ဤလောကသို့စေလွှတ် ခြင်းခံခဲ့ ရသည်။
“ပရောဖက်ကို ကြည့်ရှုခြင်းငှါသွားသလော။ မှန်ပေ၏။ ပရောဖက် ထက် ကြီးမြတ်သောသူလည်းဖြစ်သည်ဟု ငါဆို၏။ ကျမ်းစာလာသည် ကား ကြည့်ရှုလော့။ သင်သွားရာလမ်းကို ပြင်ရသောငါ၏တမန်ကိုသင်ရှေ့ ၌ငါစေလွှတ်၏ဟု ဆိုရာ၌ ထိုသူကို ဆိုသတည်း။”
ဟေရှယက ယေရုရှလင်မြို့တော်မှ စစ်ပွဲသည် အဆုံးသို့ ရောက်လိမ့် မည်ဟု ကြိုတင်ဟောကြားခဲ့သည်။ ဤသို့ ကြိုတင်ဟောကြားခဲ့သည့် နမိတ်လက္ခဏာကို ဗတ္တိဇံယောဟန်က “ဤလောက၏ အပြစ်ကို ဆောင် သွားသော ဘုရားသခင်၏ သိုးသငယ်ကို ကြည့်လော့” ဟု ဆိုသောအခါ ထင်ရှားစွာ သိမြင်လာခဲ့ကြသည် (ယော ၁း၂၉)။ ဗတ္တိဇံယောဟန်က ယေရှုသည် ဘုရားသခင်၏သားတော်ဖြစ်ကြောင်းနှင့် လောကသားများ၏ အပြစ်ကို ဆောင်ယူသွားကြောင်း သက်သေခံခဲ့သည်။
အခြားတဖက်တွင် ယေရှုက ဗတ္တိဇံယောဟန်သည် ဘုရားသခင်က စေလွှတ်ရန် ရွေးချယ်ထားသောသူ၏ တမန်တော်ဖြစ်ကြောင်းကို သက်သေ ခံခဲသည်။ (မ ၁၁း၁၁) တွင် “ငါအမှန်ဆိုသည်ကား မိန်းမမွေး သောသူတို့တွင် ဗတ္တိဇံဆရာယောဟန်ထက် ကြီးမြတ်သောသူ တယောက် မျှမပေါ်ထွန်းသေး”ဟု ရေးသားဖေါ်ပြထားပါသည်။ မိန်မမှမွေးဖွားခြင်းခံရ သောသူတို့တွင် ဗတ္တိဇံယောဟန်ထက် ကြီးမြတ်သောသူ ရှိခဲ့ဖူးပါသလား။ မရှိခဲ့ပါ။ “မိန်းမမွေးသော သူတို့” ဆိုသည်စကားက ဘာကိုဆိုလိုပါသနည်း။ ၄င်းက လောကကြီးထဲတွင် ရှိသော လူသတ္တဝါအားလုံးကို ဆိုလိုပါသည်။ “မိန်းမမွေးသောသူတို‹တွင် ဗတ္တိဇံ ဆရာယောဟန်ထက်ကြီးမြတ်သောသူ တယောက်မျှမပေါ်ထွန်းသေး” ဆိုသည့်စကားက ဗတ္တိဇံဆရာယောဟန် သည် လောကလူသားအားလုံး၏ ကိုယ်စားပြုခြင်းကို ဖေါ်ညွှန်းခြင်း ဖြစ်သည်။ သူသည် အာရုန်အမျိုးအနွယ်၊ အာရုန်မိသားစုမှ ပေါက်ဖွားလာ သူ အမြင့်ဆုံးသော ယဇ်ပုရောဟိတ်မင်းကြီး ဖြစ်ပါသည်။
 
 
ဗတ္တိဇံဆရာ ယောဟန်သည် လောကလူသားများ၏ ကိုယ်စား လှယ်ဖြစ်သည်
 
ဗတ္တိဇံယောဟန်သည် လောကလူသားများ၏ ကိုယ်စားလှယ်ဖြစ် ကြောင်းနှင့် ဘုရားသခင်က ဓမ္မဟောင်းကျမ်းတွင် အာရုန်အားဖြင့် သူ၏ အမျိုး အနွယ်များသည် ယဇ်ပုရောဟိတ်အမှုကို ထာဝရပြုရမည်ဟု ခန့်ခွဲချက်ကို နားလည်ရင်း ကျွန်ုပ်တို့အားလုံး၏ အပြစ်များကို ခရစ်တော် ထံသို့ လွှဲပြောင်းစေခဲ့သည့် အမြင့်ဆုံးသောယဇ်ပုရောဟိတ်မင်းကြီးဖြစ် ကြောင်းကို သင်ယုံကြည် လက်ခံနိုင်ပါသလား။
မည်သူသည် လူသားအားလုံး၏ ကိုယ်စားလှယ်ဖြစ်သနည်း။ မည်သူ သည် လောက၌အသွေးနှင့်တည်ဆောက်ထားသော လူသား (ယေရှုမှအပ) များ၏ ကိုယ်စားလှယ်ဖြစ်ခဲ့ပါသနည်း။ ယေရှုခရစ်ကို ဗတ္တိဇံပေးခဲ့သော နှစ်ခြင်းဆရာ ယောဟန်ပင် ဖြစ်သည်။
“မှန်ပေ၏။ ပရောဖက်ထက်ကြီးမြတ်သောသူလည်းဖြစ်သည်ဟု ငါဆို၏။ ကျမ်းစာ၌လာသည်ကား ကြည့်ရှုလော့။ သင်သွားရာလမ်းကိုပြင်ရ သော ငါ၏တမန်ကို သင်ရှေ›၌ငါစေလွှတ်၏ဟု ဆိုရာ၌ ထိုသူကို ဆိုလိုသနည်း။” 
“ဤလောက ၏အပြစ်ကို ဆောင်သွားသော ဘုရားသခင်၏ သိုးသူ ငယ်ကို ကြည့်လော့” ဟု သက်သေခံခဲ့သောသူသည်လည်း ဗတ္တိဇံဆရာ ယောဟန် ဖြစ်သည် (ယော ၁း၂၉)။
ယေရှုက “ဗတ္တိဇံဆရာယောဟန်လက်ထက်မှစ၍ ယခုတိုင်အောင် ကောင်းကင်နိုင်ငံတော်ကို အနိုင်အထက်ပြုကြ၏။ အနိုင်အထက်ပြု သောသူတို့သည်လည်း လုယူဝင်စားရကြ၏” ဟုပြောခဲ့သည် (မ၁၁း၁၂-၁၃)။ ဤစာပိုဒ်က ယေရှုခရစ်သည် ဗတ္တိဇံဆရာယောဟန်ထံမှ ခံယူသော နှစ်ခြင်းမင်္ဂလာဖြင့် လောက၏အပြစ်များကို အဝေးသို့ယူဆောင်သွားပြီး လူသားတို့၏ ကယ်တင်ရှင်ဖြစ်လာကြောင်းကို ဖေါ်ပြပါသည်။ ၄င်းက ဗတ္တိဇံဆရာယောဟန်သည် ယေရှုခရစ်အပေါ်သို့လောက အပြစ်အားလုံး ကို လွှဲပြောင်းခဲ့ကြောင်းကိုလည်း ရည်ညွှန်းပါသည်။ ဆိုလိုရင်းမှာ ဗတ္တိဇံဆရာယောဟန်က လောကအပြစ်များ အားလုံးကို ယေရှုပေါ်သို့ လွှဲအပ်ခဲ့ပြီး ကြောင်းကို ယုံကြည်သောသူတိုင်းသည် သူ (သို့မဟုတ်) သူမ၏ အပြစ်မှကယ်တင် ခြင်းကိုခံရပြီး ကောင်းကင်နိုင်ငံတော်ကို ဝင်စား ရမည့်အကြောင်းပင် ဖြစ်သည်။ ၄င်းသည် ဘုရားသခင်၏နှုတ်ကပတ် တော်စကားအတိုင်း ထိကျမှန်ကန်သောကြောင့် မှန်ကန်သော သမ္မာ တရားကို ဟောပြောသူများဖြစ်သည်။ ကျွန်တော်တို့သည် ၄င်းကို ချီးမြှောက်ဂုဏ်ပြုထိုက်သော နည်းစနစ်ပုံစံဖြင့် ဝေငှနိုင်ပါသည်။ ဤအမှန် တရားကို ယုံကြည်သောသူတိုင်း ကောင်းကင်နိုင်ငံကို ဝင်စားကြရမည် ဖြစ်ပါသည်။
 
 
ဓမ္မဟောင်းကျမ်းမှ နောက်ဆုံးသော ယဇ်ပုရောဟိတ်မင်း အနေဖြင့် ဗတ္တိဇံယောဟန်က လောကီအပြစ်များကို ယေရှုခရစ်အပေါ်သို့ လွှဲပြောင်းခဲ့သည်
 
ဗတ္တိဇံယောဟန်၏ဖခင် ဇာခရိသည် ဘုရားသခင်၏ ကောင်းကင် တမန်ထံမှ အံ့သြဖွယ်ရာသတင်းကို ကြားခဲ့ရသည်။ ဇာခရိ၊ သူ၏သားအ တွက် သက်သေခံခဲ့ပုံကို ပြည်လည်ဆန်းစစ်ကြပါစို့။ သူ၏သက်သေခံ ချက်ကို ဆာလံသီး ချင်းကဲ့သို့ သီဆိုထားပါသည်။ “သူ၏အဘ ဇာခရိသည် သန့်ရှင်းသောဝိညာဉ်တော်နှင့်် ပြည့်ဝလျက် ဣသရေလလူမျိုး၏ ဘုရား သခင်၊ ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေသတည်း။ အကြောင်းမူ ကား ကမ္ဘာမှစ၍ ပေါ်ထွန်သော မိမိသန့်ရှင်းသော ပရောဖက်တို့နှုတ်ဖြင့် ဗျာဒိတ်ထားတော်မူသည်နှင့်အညီ ငါတို့သည် ရန်သူဘေးနှင့် ကင်းလွတ်၍ ဘုရားသခင်ရှေ့မှောက်၌ တသက်လုံး သန့်ရှင်း ဖြောင့်မတ်ခြင်း ပါရမီအား ဖြင့် ဘုရားဝတ်ကို ရဲရင့်စွာပြုရခြင်းအကျိုးကို အကြည့်အရှုကြွလာလျက် ရွေးနှုတ်ခြင်းကျေးဇူးကို ပြုတော်မူ၍ ငါတို့ကို ရန်သူလက်မှ၄င်း၊ မုန်းသော သူရှိသမျှလက်မှ၄င်း၊ ကယ်လွှတ်မည်အကြောင်း၊ ကယ်လွှတ်ခြင်းဦးချိုကို မိမိကျွန်ဒါဝိဒ်အမျိုးထဲ၌ ငါတို‹အား ပေါ်ထွန်းစေတော်မူပြီ။
အချင်းသူငယ်၊ သင်သည်လည်း အမြင့်ဆုံးသောဘုရား၏ ပရာဖက်ဟု ခေါ်ဝေါခြင်းကို ခံရလိမ့်မည်။ အကြောင်းမူကား ငါတို့ဘုရားသခင်၏ သနားတော်မူခြင်းကျေးဇူးအားဖြင့် အပြစ်ဖြေ၍ ကယ်တင်ခြင်းသို့ရောက် နိုင်ကြောင်းကို ဘုရားသခင်၏လူမျိုးအား ဘော်ပြသဖြင့် ထာဝရဘုရား၏ လမ်းခရီးတော်ကို ပြင်ဆင်ခြင်းငှါ သင်သည် ရှေ›တော်၌ သွားရလိမ့်မည်။ ထိုသနားတော်မူခြင်း ကျေးဇူးတော်အားဖြင့် ကောင်းကင်မှနေ အာရုဏ် သည် ငါတို့အပေါ်သို့တက်သဖြင့် မှောင်မိုက်နှင့် သေ မင်း၏အရိပ်ထဲတွင် ရှိနေသောသူတို့၌ အလင်းပေါ်ထွန်း၍ ငါတို့အား ငြိမ်သက်ခြင်းလမ်းကို ပြလျက်ရှိသည်ဟု ပရောဖက်ဉာဏ်နှင့် ဟောလေ၏။ ထိုသူငယ် သည်ကား ကြီးပွား၍ ဉာဏ်သတ္တိနှင့်ပြည့်စုံ၏။ ဣသရေလလူမျိုးတို့အား မထင် ရှားမှီတိုင်အောင် တောအရပ်၌ နေလေ၏” (လု ၁း၆၇-၈၀)။
ယောဟန်သည် မည်ကဲ့သို‹သော ပရောဖက်နှင့် ယဇ်ပုရောဟိတ် ဖြစ်လာမည်ကို သူ၏ဖခင်က ကြိုတင်၍ ပရောဖက်ဉာဏ်နှင့်ဟောလေ၏။ သူ၏သား မည်သို့ပရောဖက်ပြုခဲ့ပုံကို ကြည့်ကြပါစို့။ “အချင်းသူငယ်၊သင် သည်လည်း အမြင့်ဆုံးသောဘုရား၏ပရောဖက်ဟု ခေါ်ဝေါ်ခြင်းကို ခံရလိမ့်မည်။ အကြောင်းမူကား ငါတို့ဘုရားသခင်၏ သနားတော်မူခြင်း ကျေးဇူးတော်အားဖြင့် အပြစ်ဖြေ၍ ကယ်တင်ခြင်းသို့ရောက်နိုင် ကြောင်း ကို ဘုရားသခင်၏လူမျိုးအားဘော်ပြသဖြင့် ထာဝရဘုရား၏ လမ်းခရီး တော်ကို ပြင်ဆင်ခြင်းငှါ သင်သည် ရှေ့တော်၌သွားရ လိမ့်မည်။ ထိုသနား တော်မူခြင်း ကျေးဇူးတော်အားဖြင့် ကောင်းကင်မှနေ အာရုဏ်သည် ငါတို့ အပေါ်သို‹တက်သဖြင့် မှောင်မိုက်နှင့် သေမင်း၏အရိပ်ထဲတွင် ရှိနေသော သူတို့၌ အလင်းပေါ်ထွန်း၍ ငါတို့အား ငြိမ်သက်ခြင်းလမ်းကို ပြလျက်ရှိ သည်ဟု ပရောဖက်ဉာဏ်နှင့်ဟောလေ၏” (လု ၁း၇၆-၇၉)။
သမ္မာကျမ်းစာက ဤနေရာတွင် ရှင်းလင်းစွာ ဖေါ်ပြထားသည်မှာ “ငါတို့ဘုရားသခင်၏ သနားတော်မူခြင်း ကျေးဇူးတော်အားဖြင့် အပြစ်ဖြေ ၍ ကယ်တင်ခြင်းသို့ ရောက်နိုင်ကြောင်းကို ဘုရားသခင်၏ လူမျိုးများအား ဖေါ်ပြရန်” ဟူ၍ ဖြစ်သည်။ မည်သူက ကျွန်ုပ်တို့ကို ကာ်တင်ခြင်းအသိ ဉာဏ်ပေးသနည်း။ (လု ၁း၇၆) က ထိုသူမှာ ဗတ္တိဇံယောဟန်ဖြစ်ကြောင်း ရည်ညွှန်းထားပါသည်။ ဗတ္တိဇံယောဟန်က ယေရှုခရစ်သည် လောကအ ပြစ်များကို ယူဆောင်သွားရန်အတွက် သူထံ၌ ဗတ္တိဇံခံခဲ့ကြောင်းကို သက် သေခံသောကြောင့် ယေရှုခရစ်ကို ကျွန်ုပ်တို့သိရှိယုံကြည်လက်ခံလာခဲ့ကြ သည်။ “ထိုသူကို လူအပေါင်းတို‹သည် အမှီပြု၍ ယုံကြည်ခြင်းသို့ ရောက်မည်အကြောင်း ထိုသူသည် သက်သေခံဖြစ်၍ အလင်းတော်၏အ ကြောင်းကို သက်သေခံခြင်းငှါသာ လာ၏” ဟု (ယော ၁း၇-၈) က ဗတ္တိဇံယောဟန်ကို ဖေါ်ပြထားပါသည်၊
 
 
ကျွန်ုပ်တို့သည် ကယ်တင်ခြင်းကို ခံရမည်
 
ယေရှုခရစ်သည် ဗတ္တိဇံဆရာယောဟန်ထံမှ တရားနည်းအတိုင်း မှန်ကန်စွာ နှစ်ခြင်းမင်္ဂလာကို ခံယူခြင်းအားဖြင့် လောကအပြစ်များအား လုံးကို ဆောင်ယူသွားခဲ့သည်။ ၄င်းကို ယုံကြည်ခြင်းအားဖြင့် ကျွန်ုပ် တို့သည် ရွေးယူခြင်းကို ခံရပြီး ဖြစ်သည်။ ယေရှုခရစ်သည် လောကသို့ လူ့ဇာတိကိုခံယူကာ ကြွလာပြီး တရားအတိုင်း နှစ်ခြင်းဆရာယော ဟန်ထံမှ ဗတ္တိဇံကိုခံယူကာ အပြစ်သားများကို သူတို့အပြစ်မှ ကယ်တင်၍ ကားတိုင်ပေါ်တွင် အသေခံတော်မူပြီး သေခြင်းမှ ပြန် လည်ထမြောက်ခဲ့ သည်ဟု ဖြောင့်မတ်ခြင်း၏အရှင် ထာဝရဘုရားသခင်က ပြောခဲ့သည်။ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းသည် ရေနှင့်ဝိညာဉ်တော် သတင်းကောင်း ထဲတွင် ဖုံးကွယ်လျက်ရှိပါသည်။ 
သတင်းကောင်းထဲတွင် ဖေါ်ပြထားသော ဘုရားသခင်၏ ဖြောင့်မတ် ခြင်းက ယေရှုခရစ်သည် လူသဏ္ဌာန်ကိုယူ၍ လောကသို့ စေလွှတ်ခြင်း ခံရပြီး ဗတ္တိဇံကိုခံကာ ကားတိုင်ပေါ်တွင် အသေခံပြီး သုံးရက်မြောက် နေ‹တွင် သေခြင်းမှ ရှင်ပြန်ထမြောက်ခဲ့ကြောင်းကို သင်ပေးပါသည်။ ဗတ္တိဇံဆရာယောဟန်၏ သက်သေခံက်ကြောင့် ကျွန်ုပ်တို့သည် ယေရှု ခရစ်ကို ယုံကြည်လာပြီး သူ၏ဖြောင့်မတ်ခြင်းကို ယုံကြည်ခြင်းဖြင့် ကျွန်ုပ် တို့သည် အပြစ်မှကယ်တင်ခြင်းကို ခံကြရပါသည်။ ဗတ္တိဇံယော ဟန်အားဖြင့် ကျွန်ုပ်တို့သည် ယေရှုခရစ်၌ ယုံကြည်ခြင်းရှိလာကာ ထိုယုံ ကြည်ခြင်းကြောင့် ကျွန်ုပ်တို့အပြစ်များလည်း ပယ်ရှင်းခံရပြီး ထာဝရ အသက်ကို ရရှိပိုင်ဆိုင်ရသည်။ ယုံကြည်သောသူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်ကို လက်ဆောင်အဖြစ် ထိုဝိညာဉ်တော်က ကျွန်ုပ်တို့ကို ဘုရားသခင်၏သားသမီးများအဖြစ် သက်သေခံပါသည်။