Search

တရားဟောချက်များ

ဘာသာရပ် ၉ - ရောမဩဝါဒစာ (ရောမဩဝါဒစာအနက်ဖွင့်ကျမ်းများ)

[6-1] ရောမသြဝါဒစာစောင် အခန်း (၆) ကို မိတ်ဆက်ခြင်း

ကျွန်ုပ်တို့သည် သခင်ယေရှုဗတ္တိဇံ၏ လျှို့ဝှက်ချက်ကို နားလည်သဘောပေါက်ရမည်

 
ယောဟန်မှတဆင့်ရသော သခင်ယေရှုဗတ္တိဇံ၏ လျှို့ဝှက်ချက်ကို နား လည်လက်ခံပါသလား။ ဤအကြောင်းနှင့်ပတ်သက်ပြီး (ရော ၆း၁-၄) ဖြင့် ပြောပြချင်ပါသည်။ “ထိုသို့မှန်လျှင်၊ အဘယ်သို့ပြောရမည်နည်း။ ကျေးဇူး တော်ပွါး များစေခြင်းငှါ အပြစ်တရားကို ကျင့်၍ နေရမည်လော။ထိုသို့မနေ ရ။ အပြစ်တရားမှ စုတေ့သောသူသည် ထိုတရား၌ အဘယ်သို့ ရှင်ရဦး မည်နည်း။ ယေရှုခရစ် ဗတ္တိဇံကို ခံသောသူရှိသမျှတို့သည် အသေခံ တော်မူခြင်း၌ ဗတ္တိဇံကို ခံကြသည်ဟု သင်တို့မ သိသလော။ ထို့ကြောင့် အသေခံတော်မူခြင်း၌ဗတ္တိဇံကိုခံသောအားဖြင့်၊ ထိုသခင်နှင့်အတူ သင်္ဂြိုဟ် ခြင်းကို ခံကြ၏။အကြောင်းမူကား၊ခရစ်တော်သည် ခမည်းတော်၏ ဘုန်း တန်ခိုးအားဖြင့်သေခြင်းမှ ထမြောက်တော်မူသည်နည်းတူ၊ ငါတို့သည် လည်း အသစ်သောအသက်၌ ကျင်လည်ရကြသတည်း။”
ဤသမ္မာတရားကို နားလည်ရန်နှင့် အမှန်တရားကို တူးဖေါ်နိုင်ရန်အ တွက် ပထမဦးစွာ ကျွန်ုပ်တို‹သည် (ဂလ ၃း၂၇) မှာ ရေးသားထားသည့် ပေါလု ၏ယုံကြည်ခြင်းကို သိမြင်နားလည်ပြီး ကျွန်ုပ်တို့လည်း ပေါလု ကဲ့သို့ယုံကြည် ရမည်။ “ခရစ်တော်၌ ဗတ္တိဇံခံသောသူရှိသမျှတို‹သည် ခရစ်တော်ကို ယူတင်ဝတ် ဆင်ကြ၏။” ဤကျမ်းပိုဒ်သည် ဘာကိုဆိုလို သနည်း။ ယခု ကျွန်ုပ်တို့သည် ဤစကားလုံး၏ အဓိပ္ပါယ်ကို (မ ၃း၁၃-၁၇) အားဖြင့် နားလည်ရမည်။
အပြစ်မှကင်းလွှတ်ခြင်းကို ခံပြီးခဲ့သော ကျွန်ုပ်တို့သည် အပြစ်တွင် ဆက်လက်ပြီး အသက်ရှင်ဦးမည်လောဟု ရှင်ပေါလုက မေးခဲ့သည်။ ပေါလု ၏ အဖြေမှာ “မဟုတ်ပါ” ဟုဖြစ်ပြီး ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို အမှန်တစ်ကယ် ယုံကြည်သောသူသည် အပြစ်ကိုငြင်းပယ်ရမည်ဖြစ်သည်။ ၄င်းက ဖြောင့်မတ်သော သူသည် ဘယ်သောအခါမှ ကိုယ်ကာယအားဖြင့် အပြစ်မြုပနိုင်ဟု မဆိုလိုပါ။ ၄င်း အရာသည်မမှန်ပါ။
ကျွန်ုပ်တို‹သည် အပြစ်ခွင့်လွှတ်ခြင်းကို ခံရသောကြောင့် အပြစ်ကျူး လွန်ရန် တဖန်ပြန်လည် စီရင်ရမည်ဟု မဆိုလိုပါ။ ဖြောင့်မတ်သောသူ သည် သခင်ယေရှု၏ သေခြင်း၌ဗတ္တိဇံကို ခံခဲ့ပြီးဖြစ်သည်။ သူ၏ဖြောင့် မတ်ခြင်း၌ ယုံကြည်သော သူတို့သည် အပြစ်၌မည်သို့ဆက်လက်နေရဦး မည်နည်း။ ဤအရာသည် မမှန်ကန် နိုင်ပါ။ အကြောင်းစုံကို ပေါလုသည် (ဂလ ၃း၂၇) ၌ခရစ်တော်၌ ဗတ္တိဇံခံသော သူရှိသမျှတို့သည် ခရစ်တော်ကို ယူတင်ဝတ်ဆင်ကြ၏ဟု ရှင်းပြခဲ့သည်။
တနည်းအားဖြင့် သခင်ယေရှုသည် သူ၏ဗတ္တိဇံနှင့် ကားတိုင်ပေါ် အသေခံခြင်းအားဖြင့် အပြစ်များ ယူဆောင်ခဲ့သောကြောင့် သူ့ကို ယုံကြည် သောသူသည် “ခရစ်တော်၌ယုံကြည်ခြင်းအားဖြင့် ဗတ္တိဇံခံခဲ့ခြင်းဖြစ် သည်။” ထို့ကြောင့် ကျွန်ုပ်တို့သည် ဤကဲ့သို့သော ယုံကြည်ခြင်းကို ပိုင် ဆိုင်ရမည်။
 
 

ကျွန်ုပ်တို့သည် သခင်ယေရှု၏ ဗတ္တိဇံနှင့် ဆက်နွယ်သော ယုံကြည်ခြင်းကို ပိုင်ဆိုင်ရမည်

 
ကျွန်ုပ်တို့သည် သခင်ယေရှု၏ ဗတ္တိဇံနှင့် ပေါင်းစပ်သော ယုံကြည် ခြင်းနှင့် သူ၏ အသေခံခြင်းကို ပိုင်ဆိုင်ရမည်။ “ခရစ်တော်၌ဗတ္တိဇံခံ သောသူရှိသမျှတို့သည် ခရစ်တော်ကို ယူတင်ဝတ်ဆင်သောသူဖြစ်ကြ၏” ဟု ပြောခဲ့သည်။ ကျမ်းစာ၏ ဆိုလိုရင်းမှာ သခင်ယေရှုသည် ယောဟန်မှ တဆင့် ဗတ္တိဇံကို ယော်ဒန်မြစ်၌ ခံသောအခါ အပြစ်များအားလုံးကို တခါတည်း ယူဆောင်ခဲ့သည်။ ဗတ္တိဇံမှတဆင့် သူသည် လောက၏ အပြစ်များကို ယူဆောင်ခဲ့သောကြောင့် လက်ဝါးကပ်တိုင်ပေါ် အသေ ခံခြင်းသည်လည်း အပြစ်ဖြေရန် ယဇ်ပူဇော်ခြင်းဟု အဓိပ္ပါယ်ရသည်။ ဤအမှန် တရားကိုနားလည်ခြင်းနှင့် ယုံကြည်ခြင်းသည် ဘုရားသခင်နှင့် ဆက်စပ်မှု၌ ယုံ ကြည်ခြင်းပင်ဖြစ်သည်။
ကျွန်ုပ်တို့၏ အားနည်းမှုများကြောင့် ဘုရားသခင်၏ ဖြောင့်မတ် ခြင်းမှ ကွဲကွာခဲ့သည်။ သခင်ယေရှုခရစ် ဗတ္တိဇံခံစဉ်တွင် အပြစ်များနှင့် ကျူးလွန်ခြင်းများ ယူဆောင်သွားခဲ့ကြောင်းကို သင်သိပါသလော။ ကျွန်ုပ်တို့သည် ဘုရားသခင်ရှေ့တော်၌ အပြစ်ကျူးလွန်သောသူများ ဖြစ်ကြသည်။ ထို့ကြောင့် သခင်ယေရှု၏ ဗတ္တိ ဇံနှင့် ကားတိုင်ပေါ်အသေခံ ခြင်း၌ အမြစ်ခံသောခရစ်တော်နှင့်ဆက်စပ်သည့် ယုံကြည်ခြင်းကို ပိုင်ဆိုင် ရမည်။ သခင်ယေရှုခရစ်သည် သူ၏ ဗတ္တိဇံအားဖြင့် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို ပြည့်စုံစေခဲ့သည်ဟု ယုံကြည်သောအခါ၌သာ ကျွန်ုပ်တို့ သည် သခင်ယေရှုနှင့် ပေါင်းစပ်သည်။
ခမည်းတော်၏အလိုတော်ကို နာခံပြီး သူ၏ဖြောင့်မတ်ခြင်းကို ပြည့်စုံစေ သောသူသည် အဘယ်သူနည်း။ သူသည် သခင်ယေရှုကိုယ်တိုင် သာဖြစ်သည်။ သခင်ယေရှုသည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို တကြိမ်တည်းဖြင့် ပြည့်စုံစေခဲ့သည်။ သခင်ယေရှုခရစ်သည် ယောဟန် ထံမှ ခံယူသော ဗတ္တိဇံအားဖြင့် လောက၏အပြစ်ကို သယ်ဆောင်ကာ အပြစ်၏အခကို အသေခံခြင်းဖြင့် ပေးဆပ်ခဲ့သည်။ ကျွန်ုပ်တို့သည် ခရစ်တော်နှင့်ပေါင်းစပ်လိုပါက ကျွန်ုပ်တို့အပြစ်များကို တစ်ကြိမ် တည်း ဖြင့် သယ်ယူခဲ့သည့် သူ၏ ဗတ္တိဇံထဲ၌ ယုံကြည်ရမည်။
ဗတ္တိဇံအားဖြင့် ယေရှုသည် ကျွန်ုပ်တို့၏ ထာဝရကယ်တင်ရှင်ဖြစ် သောကြောင့် ကျွန်ုပ်တို့သည် ဘုရားသခင်နှင့် ပေါင်းစပ်ပြီး သူ့ကို ယုံကြည် ရမည်။ ယခု သင့်အတွက် ရွေးပိုင်ခွင့်ရှိသောအရာသည် မှန်ကန်သော သမ္မာတရားကို လက်ခံမည်လော။ ငြင်းပယ်မည်လော ဟူ၍ ဖြစ်သည်။ သူ၏ ဗတ္တိဇံနှင့်ကားတိုင်ပေါ်၌ စွန့်သောအသွေးတော်ကို ယုံကြည်သော အားဖြင့် ဘုရားသခင်၏ သားတော်ဖြစ်ခြင်း (သို့) သမ္မာတရားကို ငြင်းပယ် ခြင်းအားဖြင့် ထာဝရငရဲ၌ သေဆုံး ခြင်းသည် သင့်အပေါ်၌ မူတည်သည်။ ကျွန်ုပ်တို့၏ အပြစ်များကို သယ်ဆောင်ရန် အတွက် သခင်ယေရှုသည် ဗတ္တိဇံကို ခံခဲ့သည် (မ ၃း၁၃-၁၅)။
(မ ၃း၁၅) ကို ကြည့်လျှင် “ဤကဲ့သို့” ဟူသော စကားလုံးသည် ဘုရား သခင်၏ဖြောင့်မတ်ခြင်းကို ပြည့်စုံစေသည်ဟု ဆိုလိုသည်။ ‘ဤကဲ့သို့’ ဟူသော စကားစုသည် ဂရိဘာသာ ဖြင့် ‘ဟူတိုးစ်’ ဟုရေးပြီး အဓိပ္ပါယ်မှာ ‘ဤနည်းဖြင့်’၊ ‘အသင့်လျော်ဆုံး’၊ ထိုမှတပါး အခြားလမ်းမရှိ ဟူသော စကားစုများသည် အပြစ် များရွှေ့ပြောင်းရန်အတွက် အသေ ချာဆုံးသော သူ၏ဗတ္တိဇံဖြစ်သည်ဟု အဓိပ္ပါယ်ရသည်။ ဤစကားလုံးသည် လူပေါင်းတို‹၏ အပြစ်များကို ယောဟန်ထံမှခံယူသော ဗတ္တိဇံမှတဆင့် သူ‹အပေါ်သို့တင်ခဲ့သည်ဟု ရှင်းလင်းစေသည်။
သခင်ယေရှုသည် ဗတ္တိဇံကို ခံခြင်းအားဖြင့် ကျွန်ုပ်တို့အပြစ်များကို သူ‹အပေါ်၌ ရွှေ့ပြောင်းခဲ့သည်။ လူအပေါင်းတို့ကို ကယ်တင်ရန်အတွက် ကားတိုင် ပေါ်၌ အသေခံပြီးအပြစ်များကို ပယ်ဖျက်ရန်အတွက် ဗတ္တိဇံခံ ခြင်းကို ပြောသော (ရော ၆း၅-၁၁) မှ သမ္မာတရားကို ယုံကြည်ရမည်။ 
သင်သည် အချို့သောသူကို ပြန်ပေးဆပ်နိုင်ရန်အတွက် အကြွေး နှင့်ညီသည့်တန်ဖိုးကိုပြန်ပေးရမည်။ ဤနည်းအားဖြင့် သခင်ယေရှုသည် ကျွန်ုပ်တို့၏ အပြစ်များအတွက်မည်မျှသောတန်ဖိုးပေးသည်ကို ကျွန်ုပ်တို့ သိနားလည်သင့်သည်။
သခင်ယေရှုသည် ဗတ္တိဇံကိုခံသောအခါ ကျွန်ုပ်တို့၏ အပြစ်များကို ယူ ဆောင်ခဲ့သည်။ ဆယ်နှစ်အတွင်းကျူးလွန်သောအပြစ်နှင့် ဆယ်နှစ်မှအနှစ် နှစ်ဆယ်၊ သုံးဆယ်၊ လေးဆယ်နှင့် နောက်ဆုံးသောအသက်အထိ ကျူး လွန်သည့််အပြစ်များကို သယ်ယူခဲ့သည်။ သူ၏ဗတ္တိဇံမှတဆင့် ကျွန်ုပ်တို့၏ အပြစ်အားလုံးကို သယ်ယူပြီး အဖိုးအခကို ပေးခဲ့သည်။ သခင်ယေရှုသည် သိလျက်သားနှင့် ဖြစ်စေ၊ မသိဘဲကျူး လွန်မိသောအပြစ်များကို ဖြစ်စေ၊ တခါတည်းဖြင့် သယ်ယူခဲ့သည်။ ၄င်းသည် ရေနှင့် ဝိညာဉ်တော်၏ ဧဝံဂေ လိတရားထဲ၌ ပါဝင်သော သမ္မာတရားဖြစ်ပြီး ကျမ်းစာက ပြောသည့်အရာ ဖြစ်သည်။
ရှင်ပေါလုပြောခဲ့သော ဗတ္တိဇံ၏ လျှို့ဝှက်ချက်ကို နားမလည်သော ကြောင့် သန့်ရှင်းစေခြင်း၏ အယူဝါဒကို ထောက်ခံခြင်းအားဖြင့် သခင်ယေ ရှုခရစ်ကို သူတို့၏ကယ်တင်ရှင်အဖြစ် လက်ခံရန် များစွာသော ခရစ်ယာန် များ ကြိုးစားကြကြောင်းကို တွေ့ရှိရသည်။ သခင်ယေရှုသည် ဤလောကသို့ ကြွလာပြီး ယောဟန် ပေးခဲ့သည့် ဗတ္တိဇံကိုခံခဲ့လျှင် လူအပေါင်းတို့၏ အပြစ်များသည် ထာဝစဉ်ကျန်ရစ် နေမည်ဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ နှလုံးသားနှင့် ကိုယ်ခန္ဓာများသည် သန့်ရှင်းခြင်း ကို တဖြည်းဖြည်း ခံရမည်ဟု သင်ကြားပေးသော မှားယွင်းသည့် အယူဝါဒ များကို ကျွန်ုပ်တို့မယုံကြည်သင့်ပေ။
ဤကမ္ဘာပေါ်တွင် ထာဝရမှန်ကန်သော တစ်ခုတည်းသောတရား သည် သခင်ယေရှုဗတ္တိဇံကိုခံပြီး အပြစ်သားများကို ယူဆောင်ခဲ့သောအရာ ဖြစ်သည်။ ရေနှင့်ဝိညာဉ်တော်၏ ဧဝံဂေလိတရားကို ယုံကြည်ခြင်းက မမှန်ကန်သော အယူဝါဒများကို အနိုင်ယူနိုင်ရန်အတွက် ကူညီပြီး ယုံကြည် သူများကို အောင်ပွဲခံစေသည်။ ထို့ကြောင့် ကျွန်ုပ်တို‹သည် မှန်ကန်သော သမ္မာတရားကို ယုံကြည်ရမည်။ အချို့သောခရစ်ယာန်တို့သည် အသစ်တ ဖန်မွေးဖွားခြင်းကို မခံရဘဲ ငရဲပြည်သို့သွားကြသည်။ အကြောင်းမှာ ယေရှု၏ ဗတ္တိဇံနှင့်အတူတကွ မရှိခြင်းကြောင့် ဖြစ်သည်။ 
ဓါးမြှောင်ဖြင့် စိတ်ပိုင်းထားသော နှလုံးသား၏ ပုံကိုမြင်ဖူးပါသလား။ ဤအရာသည် ဘုရားသခင်၏ စွန့်လွှတ်သောချစ်ခြင်းမေတ္တာကို ပြသ သည်။ ဘုရားသခင်သည် ကျွန်ုပ်တို့ကို အလွန်ချစ်သောကြောင့် ရေနှင့်ဝိ ညာဉ်တော် ဧဝံဂေလိ တရားဖြင့် ကျွန်ုပ်တို့ကို ကယ်တင်ခဲ့သည်။ (ယော ၃း၁၆) “ဘုရားသခင်၏ သားတော်ကို ယွုံကြည်သောသူအပေါင်းတို့သည် ပျသ်စီးခြင်းသို့ မရောက်၊ ထာဝရအသက်ကို ရစေခြင်းငှါ၊ ဘုရားသခင်သည် မိမိ၌ တပါးတည်းသောသားတော်ကို စွန့်တော်မူသည်တိုင်အောင် လောကီ သားတို့ကို ချစ်တော်မူ၏။”
ကျွန်ုပ်တို့သည် သခင်ယေရှု၏ ဗတ္တိဇံနှင့် ကားတိုင်ပေါ်မှ အသွေး တော် စွန့်လွှတ်ခြင်းအားဖြင့် ပေးကမ်းနေသော သူ၏ချစ်ခြင်းကို လက်ခံရ မည်။ ကျွန်ုပ်တို့၏နှလုံးသားများသည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းနှင့် ပေါင်းစည်းရမည်။ ကျွန်ုပ် တို‹သည် သခင်ယေရှုနှင့်ပေါင်းစည်းခြင်း၌ အသက်ရှင်ရမည်။ ခရစ်တော်၏ ဖြောင့်မတ်ခြင်းနှင့် ပေါင်းစည်းသော သစ္စာတည်သော အသက်တာသည် လှပ၏။ရှင်ပေါလုသည် ရောမသြဝါဒ စာအခန်းကြီး (၆) ၌ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းဖြင့် ပေါင်းစည်းသော အသက်ဖြင့် အသက်ရှင်ရမည့်အကြောင်း သေချာစွာ ပြောခဲ့သည်။
(ရော ၇း၂၅) ၌ စိတ်ဝိညာဉ်အားဖြင့် ဘုရားသခင်၏တရားအလို တော်သို့၄င်း၊ ဇာတိပကတိအားဖြင့် အပြစ်တရားအလိုသို့၄င်း၊ ငါလိုက် တတ်ကြ၏ဟု ရှင်ပေါလုပြောသကဲ့သို့ ကျွန်ုပ်တို့ဖြစ်ကြသလော။ ဟုတ်ပါ ၏။ ဤအကြောင်းကြောင့် ကျွန်ုပ်တို့သည် ရှင်ပေါလုကဲ့သို့ဘုရားသခင်၏ ဖြောင့်မတ်ခြင်းနှင့် ပေါင်းစည်းသောစိတ်နှလုံးကို ပိုင်ဆိုင်ရမည်ဖြစ်သည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို စိတ်နှလုံးဖြင့် မပေါင်း စည်းပါက မည်သို့ဖြစ်မည်နည်း။ လုံးလုံးလျားလျား ပျက်ပြားခြင်းကို ရင် ဆိုင်ရမည်။
ဘုရားသခင်၏ ဖြောင့်မတ်ခြင်းနှင့်ပေါင်းစည်းသောသူတိုင်းသည် လူ၏ အသင်းတော်နှင့်ပေါင်းစည်းသော အသက်တာဖြင့် အသက်ရှင်သည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ယုံကြည်ပါက သူ၏အ သင်းတော်နှင့် ပေါင်းစည်းပြီး သူ၏အစေခံဖြစ်ရမည်။ ဇာတိပကတိသည် အပြစ်တရား၏အမှုကို ဆောင်ရန် ကြိုးစားသည်။ ထို့ကြောင့် ဘုရားသခင် ၏ အသက်ရှင်ခြင်းတရားကို မကြာ မဏ ဆင်ခြင်ရမည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို စိတ်နှလုံး၌ ထိန်းသိမ်းပြီး နေ့စဉ်ထပ် တလဲလဲ စဉ်းစားဆင်ခြင်ပါက ကျွန်ုပ်တို့သည် သူနှင့် ပေါင်းစည်းမည်ဖြစ် သည်။ ထို‹ကြောင့် သမ္မာကျမ်းစာက စားမြှုပ်ပြန်သော တိရိစ္ဆာန်သည် သန့်ရှင်းသည်ဟု ပြောသည် (ဝတ် ၁၁း၂-၃)။
ကျွန်ုပ်တို့သည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းနှင့် ပေါင်းစည်းရမည်။ သင်သည် မြင့်တက်လာသော အင်အားသစ်ကို ခံစားမိပါသလား။ ယခုပင် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းနှင့် သင်၏စိတ်နှလုံးပေါင်းစည်းနေသည် ဟု ပြောကြပါစို့။ သို့ဖြစ်လျှင် သင်၏စိတ်နှလုံး၌ အပြစ်များရှိနေဆဲဖြစ်ပါ သလား။ (သို့မဟုတ်) ကင်းရှင်းသွားပြီလား။ ကျွန်ုပ်တို့သည် အပြစ်ရှိသော သူများ မဟုတ်တော့ပါ။ ယခု သခင်ယေရှုလက်ဝါးကပ်တိုင်ပေါ်၌ အသေခံ ခဲ့ပြီးပြီ။ ဤအရာကို သင်၏ စိတ်နှလုံးထဲမှယုံကြည်ပါ။ သင်၏စိတ်နှလုံး နှင့် ဤအကြောင်းအရာကိုလည်း ပေါင်းစည်းပြီးဖြစ်ပါသလား။ သို့ဖြစ် လျှင် ကျွန်ုပ်တို့သည် အပြစ်နှင့် အသက်ရှင် နေသေး သလား (သို့မဟုတ်) သေခဲ့သလား။ ကျွန်ုပ်တို‹သည် သေခဲ့ပြီးပြီ။ ဘုရားသခင်သည် သေခြင်းမှ ရှင်ပြန်ထမြောက်ခဲ့သလား။ ဟုတ်ပါသည်။ သို့ဖြစ်လျှင် ကျွန်ုပ်တို့သည် ရှင်ပြန်ထမြောက်ခဲ့ပြီးဖြစ်သည်။ ကျွန်ုပ်တို့သည် သခင်ယေရှုခရစ်ကို စိတ်နှလုံးဖြင့် ပေါင်းစည်းသောအခါ ကျွန်ုပ်တို့၏ အပြစ်များဆေးကြော ခဲ့ပြီး ဖြစ်သည်။ ကျွန်ုပ်တို့သည် သခင်ယေရှုနှင့်အတူ ကားတိုင်ပေါ်၌ အသေခံပြီး သူနှင့်အတူ ရှင်ပြန်ထ မြောက်ခဲ့သည်။
သို့သော်လည်း ကျွန်ုပ်တို့သည် ခရစ်တော်နှင့် ပေါင်းစည်းခြင်းမရှိပါက မည်သို့ဖြစ်မည်နည်း။ ဓမ္မဟောင်းတွင် ယဇ်ကောင်အပေါ် လက်တင်ခြင်း ဖြစ်၍ ဓမ္မသစ်တွင် ယောဟန်ထံမှခံယူသော ယေရှုခရစ် ဗတ္တိဇံအားဖြင့်ဖြစ် သည်ဟု သင် ဆိုလိုပါသလား။ ထိုအရာသည် မှန်ကောင်းမှန်ပါလိမ့်မည်။ သို့သော် အယောက်စီ တိုင်းက ကြီးကျယ်ခမ်းနားစွာ လုပ်ရသည်အထိ ဤရာသည် အဘယ့်ကြောင့် လွန်စွာ အရေးကြီးသနည်း။
သူ၏ဗတ္တိဇံကို သီအိုရီ (အတွေးအခေါ်) အရ လက်ခံယုံကြည်သော သူတို့၌ စစ်မှန်သောယုံကြည်ခြင်းမရှိပါ။ ထို့ကြောင့် အဆုံးတွင် ခရစ်တော် ကို စွန့်လွှတ်လိုက်ကြသည်။ ကျောင်းမှ ဆရာများ၏ သင်ကြားပို့ချခြင်းကို ခံရသောကျောင်းသား၏ အကြောင်းပြန်ချက်သာရှိသော အတွေးခေါ်ပိုင်း ဆိုင်ရာ ယုံကြည်ခြင်းသည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကိုရရှိရန် မလုံလောက်ပေ။ သို့သော် ဤတနေရာ၌ ဆရာများကို အမှန်တစ်ကယ် လေးစားကြည်ညိုပြီး သူတို့၏ စရိုက် သဘာဝနှင့် ဦးဆောင်မှုကို သင်ယူ ရန် ကြိုးစားသော တပည့်ကောင်းများလည်း ရှိပါသည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ စကားတော်ကို ဗဟုသုတအနေဖြင့်သာ လက်မခံဘဲ၄င်းကို သူ၏စရိုက်၊ ချစ်ခြင်းမေတ္တာ၊ ကရုဏာနှင့် ဖြောင့်မတ်သော နှုတ်ကပတ် တော်နှင့်တကွ စွဲမြဲခိုင်မာစွာ ¹မြှုပ်နှံကြရပါမည်။ ကျွန်ုပ်တို့သည် နှုတ်က ပတ်တော် ပို့ချခြင်းခံရသည့်အခါ အတွေးအခေါ်ကိုသာ သင်ယူလိုသော ကျွန်ုပ်တို့၏ ဆန္ဒကို စွန့်ပစ်ရပါမည်။
ဘုရားသခင်၏ စကားတော်နှင့် နက်ရှိုင်းစွာ ပေါင်းစည်းပြီးသော သူတိုင်း၏နှလုံးသားသည် ဘုရားရှင်၏ အမှုတော်ကို ဆောင်ရွက်ရန် သန္ဒိဌါန်ချပြီး သူနှင့် ကောင်းသောမိသဟာယဖွဲ့ခြင်းရှိ၍ ထိုကဲ့သို့သော သူတို‹သည် အခြေအနေကြောင့် အလွယ်တကူ ပြောင်းလဲမည့်သူများ မဟုတ်ကြပေ။ သူတို့သည် ကြီးမားသော ဆောင်ရွက်စရာအမှုနှင့်ပေါင်း စည်းသောယုံကြည်ခြင်းကို ကျွန်ုပ်တို့အား ပေးသနားသောကြောင့် ကျေးဇူး တော်ကို ချီးမွှမ်းပါ၏။ 
ကျွန်ုပ်တို့၏ ယုံကြည်ခြင်းသည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းနှင့် မိတ်သဟာယရှိရန် လိုအပ်ပါသည်။ ကျွန်ုပ်တို့၏ စိတ်နှလုံးကို လောက စည်းစိမ်များအားဖြင့် မပျက်စီးစေသင့်ပါ။ ဘုရားသခင်နှင့် မိတ်သဟာယရှိ သူများသည် ဗိတ္တိဇံကို၄င်း၊ကားတိုင်ပေါ်အသေခံရာ၌၄င်း ရှင်ပြန်ထ မြောက်ရာ၌၄င်း ယေရှုနှင့်အတူ ရှိခြင်းအားဖြင့် အပြစ်မှ လွှတ်ခြင်းကိုရရှိ ကြသည်။ ကျွန်ုပ်တို့သည် ဤလော က၏လူ၊ လောကီသားများမဟုတ် တော့ပါ။ အကြောင်းမှာကျွန်ုပ်တို့၏ ယုံကြည်မှုကြောင့် ဖြောင့်မတ်သော အစေခံဟူ၍ ဘုရားသခင်၏ ခေါ်ခြင်းကို ခံရပါသည်။
သင်သည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းနှင့် မိတ်သဟာယရှိလျှင် သင့်နှလုံးသားသည် ပျော်ရွှင်ခြင်းငြိမ်သက်ခြင်းနှင့် ပြည့်ဝလာပြီး ဘုရားသ ခင်၏တန်းခိုးသည်လည်း သင့်အတွက်ဖြစ်လိမ့်မည်။ ကျွန်ုပ်တို့သည် ပြည့် ဝသော ကောင်း ကြီးမင်္ဂလာနှင့် အသက်ရှိင်နိုင်ရခြင်းသည် ဘုရားသခင်၏ ကောင်းကြီးမင်္ဂလာ တန်းခိုးများကြောင့်သာလျှင် ဖြစ်ပါသည်။
မိတ်ဆွေ သင်၏ စိတ်နှလုံးကို ဘုရားသခင်၏ ဖြောင့်မတ်ခြင်းနှင့် မိတ်သဟယာဖွဲ့ရန် အလွန်ပင် လိုအပ်ပါသည်။ သို့မှသာ ကျွန်ုပ်တို့ကဲ့သို့ ဘုရားသခင်၏ကောင်းသော အစေခံကောင်းဖြစ်လာပြီးသူ၏ နှုတ်ကပတ် တော်အားဖြင့် အမျိုးမျိုးသောသူ၏သာသနာပြူလုပ်ငန်းများကို ထမ်း ဆောင်နိုင်လိမ့်မည်။သင်၏ ယုံကြည်မှုသည် မည်မျှပင် သေးငယ်စေကားမူ ဘုရားသခင်သည် သင့်အပြစ် အားလုံးကို ဆေးကြောခဲ့ပြီ။
ကျွန်ုပ်တို့သည် ယခုမှစ၍ ဘုရားရှင်ကို တွေ့ရမည့်အချိန်အထိ ကျွန်ုပ် တို‹စိတ်နှလုံးသည် ဘုရားသခင်နှင့် ပေါင်းစည်းရမည်။ ကျွန်ုပ်တို့သည် အားနည်း သောကြောင့် ဘုရားသခင်နှင့် ပေါင်းစပ်ရမည်။ သခင်ယေရှုပြည့် စုံစေခဲ့သည့် ဖြောင့်မတ်ခြင်းနှင့် သင်၏နှလုံးသားတို့ကို ယုံကြည်ခြင်းဖြင့် ပေါင်းစပ်ရန် သင်ကြားခဲ့ဖူးသလော။ သခင်ယေရှု၏ဗတ္တိဇံ နှင့်ပေါင်းစပ် သော ယုံကြည်ခြင်းကို ရခဲ့သလော။ သင်သည် သခင်ယေရှု၏ ဗတ္တိဇံနှင့် စွန့်သောအသွေးတော်ဖြင့် ပေါင်စည်းသော ယုံကြည်ခြင်းကို ပိုင်ဆိုင်ရ မည်။ ဤ ကဲ့သို့သော ယုံကြည်ခြင်းကို ပိုင်ဆိုင်သော သူတို့သည် ကယ် တင်ခံရခြင်းမှ ကျဆုံးပြီး သစ္စာမစောင့်သော အသက်တာဖြင့် အသက်ရှင် ရမည်။ ထိုကြောင့် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းသည် သင်၏အ သက် တာ၌ အလိုအပ်ဆုံးသော အရာဖြစ်သည်။
ဘုရားသခင်နှင့်ပေါင်းစည်းခြင်းသည် အပြစ်ခွင့်လွှတ်ခြင်း ကောင်း ကြီး မင်္ဂလာနှင့်သူ၏ဖြောင့်မတ်ခြင်းကို ယုံကြည်ခြင်းအားဖြင့် သူ၏သား/ သမီးများ ကဲ့သို့အသက်ရှင်ရသော ကောင်းချီးမင်္ဂလာကို ယူဆောင်လာ သည်။ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းသည် သင်၏ဖြောင့်မတ်ခြင်း ဖြစ်ပါ စေဟု ကျွန်ုပ်တို့ပြင်းပြစွာ ဆန္ဒပြုလိုက်ပါသည်။ သခင်ယေရှုသည် သင့်ယုံကြည်ခြင်း၏ သခင်ဖြစ်ပြီး ဘုရားသခင်၏ ဖြောင့်မတ်ခြင်းဖြစ် သည်။ ၄င်းကို ယုံကြည်ပါ။ ထို့နောက်ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို ရယူပါ။ သို့မှသာ ဘုရားသခင်၏ ကောင်းကြီးမင်္ဂလာ သည် သင်နှင့်အတူ ရှိလိမ့်မည်။
 
 
ဘုရားသခင်ကို ဝတ်ပြုခြင်းတခုတည်းဖြင့်သာ မကိုးကွယ်သင့်ပါ
 
အချို့သော ခရစ်ယာန်များသည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို မယုံကြည်ဘဲ ဂုဏ်တော်ကိုသာ ချီးမွှမ်းကြသည်။ “အို-ဘုရားသခင်၊ ကျွန်ုပ်၌ရှိသည့် အရာကိုယူ၍ ကိုယ်တော်၏ဥစ္စာဖြစ်ပါစေ။ ကျွန်ုပ်၏ မပြောပလောက်သည့် ဝတ်ပြုခြင်း၊ ကျွန်ုပ်အသက်တာ၊ ကျွန်ုပ်၏ ယဇ်ပူ ဇော်ခြင်း၊ ဤအရာသည် သေးငယ် လင့်ကစား ကျွန်ုပ်၏ ရှိသမျှကို ကိုယ် တော်ထံ ပေးအပ်ပါသည်။ ကျွန်ုပ်၏ရှင်ဘုရင်၊ ကိုယ်တော်အတွက်သာ အသက်ရှင်ပါမည်။ အို-သန်‹ရှင်းသော ဝိညာဉ်တော်ဘုရား၊ မီးကဲ့သို့ ကျွန်ုပ်ထံသို့ ကြွလာမူပါ”။ ကျွန်ုပ်တို့သည် ဤကဲ့သို့ နှုတ်ဖြင့်သာ ချီးမွှမ်းသော ခရစ်ယာန်များမဖြစ်သင့်ပါ။သူတို့သည် ဂုဏ်တော်ချီး မွှမ်းရန် နေ‹စဉ်လာရောက်၍ သူတို့၏ ဝတ်ပြုခြင်းကို ရှေ့တော်၌နေ့စဉ် ကျင်းပကြ သဖြင့် ဘုရားသခင်သည် သူတို့ကို တစ်စုံတခု ပြုလုပ်ရန်ပင် အခွင့်မရခဲ့ပါ။
လူသားများသည် လွန်ကျူးစွာ ဝတ်ပြုကိုးကွယ်ခြင်းဖြင့် ဘုရားသခင် ကို အနှောက်အယှက်ပေးနေကြသည်။ ဘုရားသခင်ကို သူတို့ (လူသား) ၏ ဖြောင့်မတ်ခြင်းကို လက်ခံရန် တိုက်တွန်းကြသည်။ သူတို့သည် ကြမ်းတိုက်ချိန်၊ တံမြက်လှည်းချိန်၊ ဆုတောင်းချိန်၊ ချီးမွှမ်းချိန်နှင့် စား သောက်နေချိန်၌ပင်ဘုရားရှင်အားဝတ်ပြုခြင်းကို လက်ခံရန် အဆက်မ ပြတ် အော်ဟစ်တတ်ကြသည်။ ၄င်းမှာ ယနေ့ခရစ်ယာန်များသည် ဘုရား သခင်၏ ဖြောင့်မတ်ခြင်းကို နားမလည်၊ လက်မခံသေးဘဲ သခင်ယေရှုကို သူတို့၏ ဇာတိဝတ်ပြုခြင်းများကို လက်ခံရန်ပြောခြင်းသာ ဖြစ်သည်။ ကျွန်ုပ်တို‹၏ ဝတ်ပြုခြင်းများကို ခေတ္တခဏ ဘေးဖယ်ထားပြီး ယေရှုခရစ် ၏ ဗတ္တိဇံနှင့်ကားတိုင်ပေါ်မှ အသွေးတော်တို့ပါဝင်သော ဘုရားသခင်၏ ဖြောင့် မတ်ခြင်းကို လက်ခံသင့်ပါသည်။
ကျွန်ုပ်တို့၏ဇာတိဝတ်ပြုခြင်းများသည်ဘုရားရှင်၏ ရှေ့တော်မှောက် ၌ မည်သို့မျှအကျိုးသက်ရောက်ခြင်း မရှိပါ။ လူသားများသည် ဘုရားသ ခင်ကို သူတို့၏ ဝတ်ပြုခြင်းကို လက်ခံရန်နှင့် သူတို့၏အပြစ်များကို ခွင့်လွှတ်ရန် တောင်းခံ နေဆဲပင် ဖြစ်သည်။ ၄င်းမှာ ယုတ်မာကောက် ကျစ်သော သူတောင်းစားက သူပိုင် ဆိုင်သမျှကို ကုဋေကြွယ်သူဌေးအား ပေးပြီး သူ၏ တန်ဘိုးမရှိ။ ညစ်ပယ်သော အလှူ အတွက် မင်းမှုထမ်းများ၊ မူးမတ်များနေထိုင်သော အိမ်ကြီးဂေဟာ၌နေရန် လျော် ကြေးတောင်းသ ကဲ့သို့မိုက်မဲရူးသွပ်ခြင်းပင်ဖြစ်သည်။ ဘုရားရှင်က ကျွန်ုပ်တို့၏ ဖြောင့်မတ် ခြင်းအတွက် မဝါကြွားစေလိုပါ။ သူ၏အလိုတော်မှာ ယေရှုခရစ်၏ ဗတ္တိ ဇံနှင့် ကားတိုင်ပေါ်မှအသွေးတော်အပေါ်ယုံကြည်ခြင်းရှိရန်သာ ဖြစ်သည်။
ခရစ်ယာန်ဘာသာဆိုသည်မှာ လူသားများက ဤကမ္ဘာကြီးပေါ်၌ ဖန် တီးခဲ့သော ဘာသာရပ်မျိုး မဟုတ်ပေ။ ခရစ်ယာန်ဘာသာဆိုသည်မှာ တစ်စုံ တစ်ယောက်ကို အဆက်မပြတ် ဆုတောင်းခြင်း၊ ဦးချခြင်းနှင့် မိမိကိုယ်ကို သန့်ရှင်း ခြင်းသို့ရောက်ရန် အဆက်မပြတ် ကျင့်ကြံရသည့် ဗုဒ္ဓ္စသည်တို့ကဲ့သို့ လောကီပိုင်းဆိုင်ရာ ဘာသာရေးလည်း မဟုတ်ပေ။ ကျွန်ုပ်တို့သည် ထိုကဲ့သို့သော လောကီပိုင်းမှ ဘာသာရေးခေါင်းဆောင်များ ကို ဦးချခြင်း၊ ဆုတောင်းခြင်း၊ ကောင်းချီးပေးခြင်းစသည့် ယုံကြည်ခြင်းများ မရှိသင့်ပေ။ ကျွန်ုပ်တို့သည် ဝတ်ပြုခြင်းကို ပြုပြီး အတုံ့အပြန်အနေဖြင့် သူ၏ကောင်းချီးများကို တောင်းခံခြင်းတို့ မပြုလုပ်သင့်ပါ။ သူ၏ဖြောင့်မတ် ခြင်းကို သိရှိနားလည်၍ လက်ခံရပါမည်။ အဘယ့်ကြောင့်ဆိုသော် ဘုရား သခင်သည် ထိုအရာကို ကျွန်ုပ်တို့အား ပေးလိုသော ကြောင့်ဖြစ်သည်။
ယေရှုခရစ်၏ဗတ္တိဇံနှင့် ကားတိုင်ပေါ်တွင် စွန့်လွှတ်ခဲ့သော အသွေး တော်ကို ယုံကြည်သောအခါ ကျွန်ုပ်တို့သည်အပြစ်ခွင့်လွှတ်ခြင်းကို ရရှိ လိမ့်မည်။ ယေရှုခရစ်သည် လောကီအပြစ်များကို ယူဆောင်ရန် ဗတ္တိဇံခံ၍ ထိုအပြစ်များကို တစ်ကြိမ်တည်းဖြင့် ထာဝရဖယ်ရှားရန် အသေခံခဲ့သည်။ ထို့ကြောင့် သူသည် ဗတ္တိ ဇံခံခြင်းနှင့် အသေခံခြင်းကို ထပ်မပြုလုပ်ရန် မလိုတော့ပေ။
(ဟေဗြဲ ၁၀း၁၈) “ထိုအပြစ်တို‹ကို လွှတ်ပြီးလျှင် နောက်တဖန်အပြစ် ဖြေသောပူဇော်သက္ကာကို ြုပစရာအကြောင်းမရှိ” ဟု ရေးသားခဲ့သည်။ ယေရှုခရစ် သည် တစ်ခါတည်းဖြင့် ကျွန်ုပ်တို့အပြစ်များကို ဗတ္တိဇံခံစဉ် ယူဆောင်ပြီး အသေခံခြင်းအားဖြင့် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို ပြည့်စုံစေခဲ့သည်။ ယခုအခါ ခရစ်တော်၏ဗတ္တိဇံနှင့် အသွေးတော်၌ ယုံကြည်ခြင်းက ဘုရားသခင်နှင့် မိသဟာယဖွဲ‹ခြင်းကို မူလအခြေအနေ သို့ ပြန်လည်ရောက်ရှိစေခဲ့သည်။
(ရောမ ၆း၁၂) တွင် “ထို့ကြောင့် သင်တို့၏ သေတတ်သော ကိုယ် ခန္ဓာ၏ တပ်မက်ခြင်းအလိုသို‹ လိုက်ရသည်တိုင်အောင် အပြစ်တရားသည် ထိုကိုယ်ခန္ဓာ၌ အစိုးမရစေနှင့်” ဟု ရေးသားထားသည်။ ကျွန်ုပ်တို့သည် ဘုရင်တကာတို့၏ ဘုရင်ဖြစ်သော ကျွန်ုပ်တို့သခင်ယေရှုနှင့်အတူ စိုးစံကြ ရမည်ဖြစ်သည်။ အပြစ်တရားက သင့်ကို အစိုးပိုင်ခွင့် မရှိတော့ပေ။ အပြစ် တရားက ကျွန်ုပ်တို့ကို အစိုးရ သောအချိန်သည် ကုန်လွန်ခဲ့ပြီဖြစ်သည်။ ကျွန်ုပ်တို့၏ ကောက်ကျစ်သော လောဘ ရမ္မက်နှင့် ဇာတိလိုအင်ဆန္ဒ နောက်သို့မလိုက်လျှောက်သင့်ပါ။ ဤအရာအား လုံးကို အခွင့်အာဏာနှင့် အနိုင်ယူနိုင်ပြီဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်က သူ၏ ပြည့်စုံသော ဖြောင့်မတ်ခြင်းကို ကျွန်ုပ်တို့အား ပေးသနားခဲ့ပြီ ဖြစ်သော ကြောင့်ပေတည်း။
 
 

သင်၏ ခန္ဓာ၊ စိတ်နှလုံးကို ဘုရားသခင်၏ ဖြောင့်မတ်ခြင်း ဒုစရိုက်လက်နက်အဖြစ် ဆပ်ကပ်ပါ

 
“သင်တို‹၏ ကိုယ်အင်္ဂါများကို ဒုစရိုက်လက်နက်ဖြစ်စေ၍ အပြစ်တ ရားအား မဆက်ကြနှင့်။ သေခြင်းမှ ထမြောက်၍ အသက်ရှင်သောသူကဲ့ သို့ဘုရား သခင်အား ကိုယ့်ကိုကိုယ် ဆပ်ကြလော့” (ရော ၆း၁၃)။
ရှင်ပေါလုက အပြစ်ခုခံခြင်းအတွက် အရေးကြီးသော မှန်ကန်မှုနည်း လမ်း (၃) ချက်ကို ပြောသည်။ ပထမဦးစွာ ကျွန်ုပ်တို့၏ ခန္ဓာကိုယ်တပ် မက်သည့် အလျောက် မလိုက်လျှောက်သင့်ပါ။ ဒုတိယတွင် ကျွန်ုပ်တို့၏ ကိုယ်အင်္ဂါများကို ဒုစရိုက်လက်နက်အဖြစ်သို့ မဆက်ကပ်သင့်ပါ။ ကျွန်ုပ် တို့ ကိုယ်အင်္ဂါများ၊စွမ်း ဆောင်နိုင်ခြင်းများကို မတရားမှုတွင်ဆပ်ကပ်၊ အသုံးပြုခြင်းမှ ရပ်တန့်ရမည်။ တတိယအချက်မှာ ကျွန်ုပ်တို့၏ ကိုယ်အင်္ဂါများကို ဒုစရိုက်လက်နက်ဖြစ်စေ၍ ဘုရား သခင်ကို ဆက်သရန် ဖြစ်သည်။
ယေရှုခရစ်ကို မယုံကြည်ခင်က ကျွန်ုပ်တို‹၏ လက်၊ ခြေ၊ နှုတ်၊ မျက်စိ များကို အပြစ်သို့ဆက်သခဲ့ကြသည်။ အပြစ်ဒုစရိုက်၏ လက်နက်များဖြစ် လာပြီး ၄င်း၏ ဦးဆောင်မှုသို့ အမြဲလိုကလျှောက်ခဲ့သည်။ သို့သော် ယခုတွင် ကျွန်ုပ်တို့၏ ကိုယ်အင်္ဂါများကို ဒုစရိုက်လက်နက်အဖြစ် အသုံးပြု ရာမှ ချုပ်တည်းကြရမည်။ အပြစ်တရား၏ အဟန့်အတားမရှိ အုပ်စိုး ခြယ်လှယ်မှုကို ကျွန်ုပ်တို့ခွင့်မြုပသင့်ပါ။ အပြစ်သွေးဆောင်မှု ကျွန်ုပ်တို့ကို ချဉ်းကပ်လာသောအခါ ထိုအပြစ်သည် ယေရှုခရစ်နှင့် သေဆုံးပျက်စီးခဲ့ပြီး ဖြစ်ကြောင်း ကြေငြာရမည်။ ထို့နောက် ဘုရားသခင်သည် ကျွန်ုပ်တို့ ဖြစ်စဉ်တိုင်းတွင် အရှင်သခင်ဖြစ်ကြောင်း ဝန်ခံရမည်။ 
ယုံကြည်ခြင်းအသက်တာ၌ ပြုသင့်သည့်အရာနှင့် မြုပသင့်သည့်အ ရာများကို စိတ်ထဲတွင် ထားရမည်။ ကျွန်ုပ်တို့၏ ကိုယ်အင်္ဂါများကို ဒုစရိုက်လက်နက် အဖြစ် အပြစ်တွင် မဆက်သဘဲ ဘုရားသခင်ကိုသာ ဆက်သရမည်။ ကျွန်ုပ်တို့ရှောင်ကြဉ်ရမည့်အရာများ အရေးကြီးသကဲ့သို့ လိုက်နာဆောင်ရွက်ရမည့် အရာများလည်း လွန်စွာ အရေးကြီးပါသည်။ ဘုရားသခင်ထံသို့ဘာမှ မဆက်ကပ်ခြင်း၏ ရလဒ်သည် အပြစ်သို့ဆက် သနေခြင်းနှင့် တူညီသည်။ ဥပမာအနေဖြင့် ဘုရားသခင်ထံသို့ ကျွန်ုပ်တို့ ၏ အချိန်နာရီများကို ဆက်သခြင်းဖြင့် အပြစ်သို့ ဆက်သရန် အခွင့်အရေးရှိ တော့မှာမဟုတ်ချေ။ကျွန်ုပ်တို့သည်အပြစ်နှင့်ရန်ဘက်ပြု၍ ဘုရားသခင်၏ မိသားစုဝင် ဖြစ်ကြရသည်။
“ကျွန်တော်သည် အပြစ်ကို အနိုင်ရရန်အတွက် ရဲရင့်ခြင်းမရှိပါ” ဟု ကံအားလျော်စွာ ဆိုနိုင်ခဲ့မည်ဖြစ်သည်။သို့သော်လည်း ရှင်ပေါလုက (ရော ၆း၁၄) တွင် ကျွန်ုပ်တို့ထိုသို့ မတွေးသင့်ကြောင်းကို ရှင်းပြပါသည်။ “ကိုယ်အင်္ဂါများကိုလည်း ဒုစရိုက်လက်နက်ဖြစ်စေ၍ ဘုရားသခင်အား ဆက်ကြလော့။ သင်တို့သည် ပညတ်တရားလက်၌ မရှိ၊ ကျေးဇူးတရား လက်၌ရှိသောကြောင့် အပြစ်တရားသည် သင်တို့ကို မအုပ်စိုးရ။” ကျွန်ုပ်တို့သည် အပြစ်၏တန်ခိုး အောက်၌ ရှိနေသေးလျှင် အပြစ်ကို ထပ်မံ ကျူးလွန်မိမှာ သေချာပါသည်။ သို့သော် ကျွန်ုပ်တို့သည် ဘုရားသခင်၏ ကျေးဇူးတရားအောက်၌ရှိလျှင် ၄င်းက ကျွန်ုပ်တို့ကို ဆွဲကိုင်၍ အောင်မြင် မှုကိုပေးမှာ ဖြစ်သည်။ထို့ကြောင့် ဆာလံဆရာက ဤသို့ ဆုတောင်းခဲ့ သည်။ “မိန့်တော်မူချက်အတိုင်း အကျွန်ုပ်ခြေလှမ်းတို့ကို ဖြောင့် စေတော်မူပါ။ အကျွန်ုပ်ကို အဘယ်မည်သော ဒုစရိုက်မျှ အစိုးမရပါစေနှင့်” (ဆာလံ ၁၁၉း၁၃၃)။
ကျွန်ုပ်တို့ ဤကမ္ဘာပေါ်၌ အသက်ရှင်နေသမျှ ကာလပတ်လုံး အပြစ် တရားသည် ကျွန်ုပ်တို့ကို စုံစမ်းရန် သူ၏နည်းလမ်းကို ရှာဖွေတွေ့ရှိမှာ ဖြစ်သည်။ ခရစ်တော်၌ ကျွန်ုပ်တို့ သေခဲ့ပြီးဖြစ်ကြောင်း ဝန်ခံပြီးသည့် နောက်မှာပင် အပြစ်တရားက ကျွန်ုပ်တို‹ကို အောက်သို့ ဆွဲချရန်နှင့် အုပ်စိုးရန် ကြုးစားနေမှာ ဖြစ်သည်။ ပညတ်တရားအောက်၌ မိမိကိုယ်ကို ဖြောင့်မတ်ရန် ကြိုးစားလျှင် အပြစ်၏ အုပ်ချုပ်မှုအောက်မှ ကျွန်ုပ်တို့ လွတ်မြောက်နိုင်မှာ မဟုတ်ပေ။ သို‹သော် ကျွန်ုပ်တို့သည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်း၌ ထားရှိသော ယုံကြည်ခြင်းဖြင့် တွန်းလှန်ရမည် ဖြစ် သည်။ ဤသို့ဖြင့် အပြစ်တရားက ကျွန်ုပ်တို့ကို အုပ်ချုပ်နိုင်မှာ မဟုတ်ပေ။ ကျွန်ုပ်တို့သည် ဤအရာကို သိရှိပြီးကြွေးကြော်ရမှာ ဖြစ်သည်။
ကျွန်ုပ်တို့အားလုံးသည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို ယုံကြည် ပြီး နှုတ်ဖြင့်ဝန်ခံကြရမည်။ “ဖြောင့်မတ်ရာသို့ ရောက်ခြင်းငှာ စိတ်နှလုံး ဖြင့် ယုံကြည်ရ၏။ ကယ်တင်ခြင်းသို့ရောက်ခြင်းငှါ နှုတ်ဖြင့် ဝန်ခံရ၏” (ရော ၁၀း၁၀)။ ဤသို့ ဘုရားရှင်၏ဖြောင့်မတ်ခြင်းကို စိတ်ဖြင့် ယုံကြည်၍ သင်၏ နှုတ်ဖြင့် ဝန်ခံခြင်းသည် လွန်စွာ အရေးကြီးပါသည်။
ထို့ကြောင့် အပြစ်တရားက ကျွန်ုပ်တို့ကို အုပ်ချုပ်ရန် ကြိုးစား သည့်အချိန် တွင်းတွင် ဒေါသက ကျွန်ုပ်တို့၏ နှလုံးသားကို စိုးမိုးသည်။ သူ‹မယားပြစ်မှားခြင်းနှင့် ကာမဂုဏ်လိုက်စားလိုသည့် ဆန္ဒက စိုးမိုးသည်။ လောဘက ဝင်လာပြီး ကျွန်ုပ်တို့ဘဝတိုးတက်ရန် သူတပါးကို လိမ်လည် မှုများပြုလုပ်စေသည်။ မုန်းတီးခြင်းနှင့် ယုံမှားခြင်းတို့က ကြီးထွားလာ သည်။ မနာလိုခြင်းက ကျွန်ုပ်တို့ နှလုံးသားကို ဆုပ်ကိုင်ထားသည်။ ဤသို့သော် အခြေအနေတိုင်းတွင် ကျွန်ုပ်တို့သည် ယုံကြည်ခြင်းဖြင့် “အပြစ်တရား၊ သင်သည် ကျွန်ုပ်တို့အစိုးမရတော့ပါ။ ဘုရားသခင်သည် သူ၏ဖြောင့်မတ်ခြင်းနှင့် ကျွန်ုပ်တို့၏ အပြစ်များမှားယွင်းခြင်းများ၊ ကျိန်ခြင်း အမင်္ဂလာများနှင့် စာတန်၏ လက်မှလုံးဝကယ်တင်ခဲ့ပြီးပြီ” ဟု ကြွေးကြော်ရပါသည်။
“ဘုရားသခင်၌ အသက်ရှင်ကြသည်” ဆိုသည့်စကားပိုဒ်က ကျွန်ုပ်တို့ သည် သူ၏ဖြောင့်မတ်ခြင်း၌ ထားရှိသော ယုံကြည်ခြင်းကြောင့် ကျွန်ုပ်တို့ ဖြောင့်မတ်စွာ အသက်ရှင်သည်ဟု ဆိုလိုသည်။ ဘုရားသခင်၏ ဖြောင့်မတ် ခြင်းက ခရစ်တော်၏ ဗတ္တိဇံနှင့် အသွေးတော်ကို ယုံကြည်သော သူတို့ကို အပြစ်ကင်းစေသည်။ ထို့အတွက်ကြောင့် ကျွန်ုပ်တို့သည် အပြစ်တရား၌ သေပြီး သူ၏ဖြောင့်မတ်ခြင်းကို ယုံကြည်ခြင်းဖြင့် အသက်ရှင်ကြသည်။ ဤနေရာတွင် ကျွန်ုပ်တို့သည် သူ၏ ဖြောင့် မတ်ခြင်းကို ယုံကြည်ခြင်း၌ ဝိညာဉ်အားဖြင့် သေခြင်းမှထမြောက်ခဲ့သည်ကို သိခြင်းထက် အရေးကြီး သောအရာ မရှိတော့ပါ။
ရှင်ပေါလုက “အပြစ်ပွားများသည့်အရာမှာ ကျေးဇူးတော်သာ၍ ကြွယ်ဝ၏” ဟု (ရော ၅း၂၀) တွင် ပြောထားသည်။ ထိုအခါ လူအများ က သူ့ကိုအထင်မှားပြီး ကျေးဇူးတော်သာ၍ ကြွယ်ဝလာစေရန် အပြစ်ကိုပို၍ ကျုးလွန်ရမည်လော ဟု ဆိုခဲ့သည်။ သို့သော် ရှင်ပေါလုက မဟုတ်မမှန်ကြောင်း ချေဆိုခဲ့သည်။ ယေရှု ခရစ်၏ ဗတ္တိဇံနှင့်အသွေး တော်ကို ယုံကြည်ပြီးသည့်နောက်မှာပင် အခြေနေမှာ ကိုးလို့ကန့်လန့် ဖြစ်နေကြသည်။ လောကီအပြစ်တရားက ကျွန်ုပ်တို့ကို ပတ်လည် ဝိုင်း၍ နှလုံးသားကို ရယူရန် ကြိုးစားနေပါသည်။
မည်သို့ပင်ဖြစ်စေကာမူ ဤအခြေကို ရင်ဆိုင်ရသည့်အခါတိုင်း ကျွန်ပ် တို့ပြုလုပ်ရမည်မှာ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို မှီခို၍ယုံကြည်ခြင်း ဖြင့် ကျွန်ပ်တို့၏ အားနည်းမူများ၊ ဆိုးသွမ်းခြင်းများကို အနိုင်ယူရမည်ဖြစ် သည်။ ဘုရားသခင်သည် နှစ်သက်တော်မူသော သားတော်နှင့်အတူ သူ၏ သားသမီးအဖြစ် နေရခြင်းအခွင့်ကို ကျွန်ုပ်တို‹အား ပေးသည်။ ဤသို့သော ယုံကြည်ခြင်း ဖြင့် ကျွန်ုပ်သည် အပြစ်တရား၌ သေနိုင်ပြီး ဘုရားသခင်ထံ၌ အသက်ရှင်နိူင် ပါသည်။ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို ယုံကြည်ရင်း ထိုဖြောင့်မတ်ခြင်းကို မီအောင်လိုက်ခြင်းဖြင့် ကျွန်ုပ်တို့၏ ကျန်ရှိနေသေး သောအသက်တာကို ဆက်လက် လျှောက်လှမ်းနိုင်ပြီး ကောင်းကင်နိုင်ငံ၌ ဝင်စားရသည့်အခါ ထာဝရ အသက်ရှင်ကြရမှာ ဖြစ်ပါသည်။
(ရော ၆း၂၃) “အပြစ်တရား၏အခကား သေခြင်းပေတည်း။ ဘုရား သခင်ပေတော်မူသော ဆုကျေးဇူးတော်ကား ငါတို‹သခင်ယေရှုခရစ်အား ဖြင့် ထာဝရအသက်ပေတည်း။” ကားတိုင်ပေါ်မှ တရားစီရင်မှု၏ အကျိုး သက်ရောက်မှုကိုယုံကြည်ကြသူများ ဘုရားရှင်ကောင်းချီးပေးပါစေ။ အာ မင်။ ဟာလေလုယ၊ နာမတော်ကို ချီးမွှမ်းပါသည်။