Search

တရားဟောချက်များ

ဘာသာရပ် ၉ - ရောမဩဝါဒစာ (ရောမဩဝါဒစာအနက်ဖွင့်ကျမ်းများ)

[5-2] တယောက်သောသူအားဖြင့် ( ရောမဩသဝါဒစာ ၅း၁၄ )

( ရောမဩသဝါဒစာ ၅း၁၄ )
“သို့သော်လည်း အာဒံလက်ထက်မှစ၍ မောရှေလက်ထက်တိုင်အောင် သေခြင်းတရားသည် အစိုးရ၏။ အာဒံပြစ် မှားသည်နည်းတူ မပြစ်မှားသောသူတို့ကိုပင် အစိုးရ၏။ ထိုအာဒံသည် နောက်လာလတ္တံ့သောသူ၏ ပုံပမာဖြစ်သတည်း။”
 
 

အပြစ်သားများသည် အပြစ်အကြောင်းကို ဦးစွာ နားလည်သင့်သည်

 
အပြစ်အကြောင်းကို ကျွန်တော် ပြောလိုပါသည်။ကျွန်ုပ်တို့သည် နေ့စဉ်အခြားသောအရာများကို လုပ်ဆောင်ကြသည် (အခြားအကြောင်းကို ပြောပြပါ) ဟူ၍ မိမိကိုယ်ကိုယ် မထင်မမှန်ပါနှင့်။ မိတ်ဆွေသတိနဲ့ နား ထောင်စေချင်ပါသည်။သတင်းကောင်းသည် အမွန်မြတ်ဆုံးသောအရာဖြစ် သည်။ သန့်ရှင်းသူများသည် သတင်းကောင်းကို နေ့စဉ်မစဉ်းစားလျှင် သူသည် သေလိမ့်မည်။ ရေနှင့်ဝိညာဉ်တော်သတင်းကောင်း မကြားဘဲ မည်သည့်နည်းဖြင့် သူတို့သည် အသက်ရှင်နိုင်မည်နည်း။ သတင်းကောင်း ကြားနာခြင်း တခုတည်းသော နည်းလမ်းဖြင့်သာလျှင် သူတို့သည် အသက် ရှင်နိုင်သည်။ ကျမ်းစာကို အတူတကွ ဖတ်ကြစို့။
အပြစ်တရားမှ ခွင့်လွှတ်ခြင်းမရှိသေးသော သူများအတွက် မည်ကဲ့သို့ သောအရာသည် အဓိကလိုအပ်ချက်ဖြစ်သည်ဟု ကျွန်တော်ထင်ခဲ့သည်။ ထို့ကြောင့်လူသားတစ်ဦး၌ နှုတ်ကပတ်တော်အတိုင်း အပြစ်သိရှိနိုင်သော ညဏ် ပညာသည် အလိုအပ်ဆုံးဖြစ်သည်။ ထို့ကြောင့် မိမိအပြစ်ရှိကြောင်း ကိုသိရှိလာချိန်မှစ၍အပြစ်ခွင့်လွှတ်ခြင်းသို့ရောက်ရှိနိုင်သည်ဟု ကျွန်တော် သိရှိခဲ့ရသည်။
အပြစ်သားများသည် ဒုစရိုက်အပြစ်ကျူးလွန်စိတ်မရှိသော်လည်း အပြစ်ကို ကြိမ်ဖန်များစွာ ကျူးလွန်မိသည်။ သူသည် ကြီးပြင်းလာသည်နှင့် အမျှ အပြစ်သည် သူ့အထဲ၌ ကျိန်းဝပ်သောကြောင့် ဘုရားသခင် ရှေ့ မှောက်တော်တွင် အပြစ်သားဖြစ်သည်။ အပြစ်သားများသည် အပြစ်အ ကြောင်းကို ကောင်းမွန်စွာ နားလည်ရန် လိုအပ်သည်ဟု ကျွန်တော် ထင်မှတ်ခဲ့သည်။ ဘုရားသခင်၏ ပညတ် တော်အတိုင်း အပြစ်၏အခကား သေခြင်းပေသည်း။
အပြစ်တရား၏ ရလဒ်ကို ကောင်းမွန်စွာ နားလည်သော သူသည် ဘုရား သခင်၏ တရားစီရင်ခြင်းနှင့် အပြစ်မှ ကယ်လွှတ်ခြင်းကို ခံယူပြီး ဝိညာဉ်ပိုင်းဆိုင်ရာ ကောင်းချီးမင်္ဂလာများကို ရရှိခံစားကြသည်။ ထို့ကြောင့် အပြစ်သားတဦးအ နေဖြင့် အလိုအပ်ဆုံးအရာမှာ အပြစ်နှင့် သူ၏ရလဒ်ကို သိရန် ဖြစ်သည်။ ဘုရားသခင်ပေးသော အပြစ်ခွင့်လွှတ်ခြင်း အမှန်တရား ကို သင်ယူရန်ဖြစ်သည်။
 
 

မည်သည့်နည်းဖြင့် အပြစ်သည် လောကသို့ဝင်ရောက်ခဲ့သနည်း

 
အဘယ့်ကြောင့် လူသားသည် ဒုစရိုက်အပြစ်ကို ကျူးလွန်ခဲ့သနည်း။ အဘယ့်ကြောင့် ကျွန်တော်သည် အပြစ်ကို ကျူးလွှန်ခဲ့သနည်း။ ဤအ ကြောင်းကို သမ္မာကျမ်းစာ (ရော ၅း၁၂) တွင် ဖေါ်ပြထာသည်။ “ဤ ကြောင်းအရာဟူမူကား အပြစ်တရားသည် တယောက်သောသူအားဖြင့် ဤလောကသို့ဝင်၍ အပြစ်တရားအားဖြင့် သေခြင်းတရားဝင်သည် နှင့်အညီ လူအပေါင်းတို့သည် အပြစ်ရှိသောကြောင့် သေခြင်းသို့ ရောက် ရကြ၏။” အပြစ်တရား၏ အစကားသေခြင်း တရားဖြစ်သည်။ လူသားများ က သေခြင်းဆိုသည်မှာ ဇာတိအသွေးအသား အားဖြင့် သေခြင်းကိုဆိုလို သည်ဟု ထင်မှတ်ကြသည်။ သို့သော် ထိုအရာ၏ ဆိုလိုခြင်းမှာ ဝိညာဉ် တော်၌ သေခြင်း၊ ဘုရားသခင်၌ ဝေကွာခြင်းကို ဆိုလိုသည်။ ဤအချက် မှာ ဇာတိအသွေးအသားအားဖြင့် သေပြီးနောက် ဘုရားသခင်၊ တရားစီရင် ခြင်းနှင့် ငရဲပြည်ကိုလည်း ထင်ရှားစေပါသည်။ လူသားသည် မည်သို့ဖြင့် အပြစ်သား များဖြစ်ကြောင်းကို (ရော ၅း၁၂) က ကျွန်ုပ်တို‹ကို သွန်သင် ခဲ့ပါသည်။
ကျမ်းစာက ပြောသည်။ “ဤအကြောင်းအရာဟူမူကား အပြစ်တရား သည် တယောက်သောသူအားဖြင့် ဤလောကသို့ဝင်၍ အပြစ်တရား အားဖြင့် သေခြင်းတရားဝင်သည်နှင့်အညီ လူအပေါင်းတို့သည် အပြစ်ရှိ သောကြောင့် သေခြင်းသို‹ရောက်ရကြ၏။” ဘုရားသခင်၏ စကားတော် သည် သမ္မာတရားဖြစ်၏။ အပြစ်တရားသည် တယောက်သောသူအားဖြင့် ဤလောကသို့ဝင်၍အပြစ် တရားအားဖြင့် သေခြင်းတရားဝင်သည်။
ကျွန်ုပ်တို့သည် အာဒံ၏ သားစဉ်မြေးဆက်များ ဖြစ်ကြသည်။ ကျွန်ုပ် တို့သည် အာဒံ၏သား စဉ်မြေးဆက်များဖြစ်သည်နည်းတူ ကျွန်ုပ်တို‹၌ အပြစ်ရှိပါသလား။ ရှိပါသည်။ ကျွန်ုပ်တို့သည် အပြစ်နှင့်ဖွားမြင်သောသူ များ ဖြစ်ပါသလား။ ဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ကျွန်ုပ်တို့သည် အာဒံ၏ သားစဉ်မြေးဆက် များဖြစ်ကြသည်။
အာဒံနှင့်ဧဝတို‹က ဧဒင်ဥယျာဉ်နေစဉ်တွင် စာတန်၏ သွေးဆောင်မှု ကို လက်ခံပြီး ဘုရားသခင်ကို ဆန့်ကျင်ခဲ့သည်။ ဘုရားသခင်က သူတို့ကို အဆိုးအကောင်း ခွဲခြားတတ်သောအသီးကို မစားရန် ဆီးတားခဲ့သော် လည်း သူတို့သည် စာတန်၏သွေးဆောင်မှုကို တခဲနက် ယုံကြည်သော ကြောင့် ဘုရားသခင်၏စကား တော်ကို ကျူးလွန်ခဲ့သည်။
အဘယ်ကြောင့်ဆိုသော် ထိုသူတို့သည် ဘုရားသခင်၏ နှုတ်ကပတ် တော်ကို စွန့်ကာ စာတန်၏ လည့်ဖြားခြင်းကိုခံရန် ကောင်းမကောင်းသိ ကျွမ်းသော အသီးကို စားခဲ့ခြင်းကြောင့်ဖြစ်သည်။ ဧဝံထံသို့လာရောက် အိပ်စက်ပြီးသော အခါမှစရန် ဇာနိအပြစ်ကို အမွေခံသော ကျွန်ုပ်တို့မွေး ဖွားလာခဲ့သည်။ထို့ကြောင့် လူသားသည် အပြစ်၏မျိုးစေ့ဖြစ်သည်ဟု ကျမ်း စာက ပြောသည်။ 
လောကလူသားအားလုံးသည် အာဒံနှင့်ဧဝထံမှ အပြစ်၏အမွေကို ခံစားကြသည်။ သမ္မာကျမ်းစာက ပြောသည်။ “ဤအကြောင်းအရာဟူမူ ကား အပြစ်တရားသည် တယောက်သောသူအားဖြင့် ဤလောကသို့ဝင်၍ အပြစ် တရားအားဖြင့် သေခြင်းတရားဝင်သည်နှင့်အညီ လူအပေါင်းတို့ သည် အပြစ် ရှိသောကြောင့် သေခြင်းသို့ ရောက်ရကြသည်။”
သို့သော်လည်း လူတို့က သူတို့သည် အပြစ်မှ ဆင်းသက်လာသူများ ဖြစ်ကြောင်းကို နားမလည်ကြပါ။ သူတို့သည် အပြစ်သားများဖြစ်ကြသော် လည်း အပြစ်အကြောင်းကို နားမလည်ကြပါ။ သစ်ပင်တပင်သည် ၄င်း၏ အစေ့ဖြင့် အဖူးဖူးရန် အစြုပပြီး အသီးသီးပါသည်။ သို့သော် လူတို့သည် အပြစ်ပြုလုပ်ရန်အတွက် စမ်းကြယ်သည်ဟု ထင်ကြသည်။ အကြောင်းမှာ သူတို့သည် အပြစ်မျိုးစေ့ဖြင့် မွေးဖွားလာကြောင်းကို မသိသောကြောင့်ဖြစ် သည်။ ၄င်းမှာ ပန်းသီးပင်တပင် အတွက် “ငါသည် အဘယ့်ကြောင့် ပန်းသီးကို သီးရမည်နည်း။ ၄င်းသည် ထူးဆန်း သောအရာဖြစ်သည်” ဟု တွေးထင်စရာဖြစ်၏။ 
ဤအရာသည် လူ‹သဘာဝ၏ ဒုစရိုက်အပြစ် ကျူးလွန်ခြင်းကို ဆိုလို သည်။ လူသားက အပြစ်ကို ရှောင်နိုင်မည်ဟု တွေးတောဆင်ခြင်ခြင်းသည် မှား၏။ လူတို့သည် မိမိကိုမိမိ အပြစ်သားဖြစ်နေကြောင်းကို နက်ရှိုင်းစွာ တွေးတောသင့် သည်။ “ဤအကြောင်းအရာဟူမူကား အပြစ်တရားသည် တယောက်သောသူ အားဖြင့် ဤလောသို့ဝင်၍ အပြစ်တရားအားဖြင့် သေ ခြင်းတရားဝင်သည်နှင့်အညီ လူအပေါင်းတို့သည် အပြစ်ရှိသောကြောင့် သေခြင်းသို့ရောက်ရကြသည်။”
ကျွန်ုပ်တို့သည် အပြစ်သားများဖြစ်သည်နည်းတူ ဘုရားသခင်၏ တရားစီရင်ခြင်းကိုခံရန် ထိုက်တန်ပါသည်။ ကျွန်ုပ်တို့သည်အပြစ်ကျူး လွန်မှန်းမသိလျှင်တရားစီရင်ရန်မလိုဟု ထင်ကောင်းထင်နေလိမ့်မည်။ အပြစ်လွှတ်ခြင်း တရားကိုခံ ယူပြီးနောက်တွင် သင်သည် ဘုရားသခင်က ကျွန်ုပ်တို့လူသားအားလုံး သူ၏ သားများဖြစ်စေသည့်အကြောင်းကို သိမြင် လာလိမ့်မည်။
 
 

ကျွန်ုပ်တို့သည် တယောက်သောသူအာဒံ၏ သားစဉ်မြေးဆက်များဖြစ်ကြ သည်

 
ထို့ကြောင့် လူသားသည် အာဒံအမျိုးအနွယ်များဖြစ်လျက်ပင် အဘယ်ကြောင့်အသားအရောင် ကွဲပြားလာခဲ့ရသနည်း။ သူတို့၏ အမျိုးအ နွယ်သည် ကွဲပြားခြားနားသလား၊ အဘယ်ကြောင့် အသားဖြူခြင်း၊ မည်း ခြင်းများရှိလာ ရသနည်း။ တစ်ချို့သောသူများက ဘုရားသခင်သည် လူ သားများကို မြေမုန်ဖြင့် ဖန်ဆင်းသည်။ ပထမဆုး လူဖြူများကို မီးဖိုမှ ဆောင်ယူပြီး အသားမည်းသော သူများမှာ မီးဖို့မှ နောက်ကျရန် ဆောင်ယူ ခဲ့ခြင်းကြောင့် ဖြစ်သည်ဟု ထင်မှတ် ခဲ့ကြသည်။ 
မိတ်ဆွေလည်း အသားဖြူသောသူ၊ မည်းသောသူ၊ ဝါသောသူများကို အဲ့အားသင့်လိမ့်မည်၊ သမ္မာကျမ်းစာထဲ၌ အာဒံကို ပထမဆုံးဖန်ဆင်း သည်ဟု ရှင်းလင်းစွာ ဖော်ပြထားသည်။ အာဒံ၏ အဓိပါယ်မှာ လူသားဟူ ၍ဖြစ်သည်။ လဘုရားသခင်သည် လူသား၏ဖန်ဆင်းရှင်ဖြစ်သည်။ လူ သားသည် ဤလောက၌ အာဒံ၏ အမျိုးနွယ်မှ ဆင်းသတ်လာသော် လည်း အဘယ်ကြောင်း ဤမျိုးကွဲပြား ခြင်းရှိသနည်း။ ကျွန်ုပ်တို့သည် ထိုအရာကို မေးလိုသည့်အခါ အောက်၌ ဖော်ပြထား ချက်သည် အခြေခံ ဖြစ်သည်။
သပ္ပံပညာရှင်များက အသားအရေရောင်ခြည်၌ မဲလာနင်သည် အပူဒဏ်ကို ကာကွယ်ပေးလျက်ရှိသည်။ ကမ္ဘာသည် နေကိုလည့်ပတ် သည့်အခါ နေရောင်ခြည်အပြည့်အဝရသော သူများသည် အသားဖြူသည်။ အလိုအလော ကာရရှိသော သူများက အသားဝါးသည်။ 
ထိုသို့ဆိုသော်လည်း ကျွန်ုပ်တို့အား လုံးသည် အာဒံတစ်ယောက်ထံမှ ဆင်းသက်လာခဲ့ကြသည်။ သပံပညာရှင်များက အသားရည်သည် နေရောင်ခြည် ကာကွယ်ရန် (မဲလာနင်) ရှိကြောင်း ထိုအချိန်မှစ ကျွန်တော် နားလည်သိရှိလာ ခဲ့ရသည်။ ကျွန်တော်သည် လူသား၏ မျိုးစဉ်မျိုးဆက်ကို သိရှိခဲ့သော်လည်း (မဲလာနင်) အကြောင်းကို မသိရှိခဲ့ပါ။
မိတ်ဆွေ အပြစ်အကြောင်းကို နားလည်ပါသလား။ (ရော ၇း၁၇-၁၈) “သို့ဖြစ်လျှင် ထိုမကောင်းသောအကျင့်ကို ငါကိုယ်တိုင် ကျင့်သည်မဟုတ်။ ငါအထဲ၌နေသော အပြစ်တရားသည် ကျင့်၏။ ငါ့အထဲမှာ ငါ့ဇာတိပကတိ၌ ကောင်းသော အရာတစုံတခုမျှ မတည်သည်ကို ငါသိ၏။ အကြောင်းမူကား ငါသည် ကျင့်ချင်သော အကျင့်ကောင်းကို မကျင့်၊ မကျင့်ချင်သောအကျင့် ဆိုးကို ကျင့်၏။” ဘုရားသခင်က မမှန်သော ပရောဖက်သည် မကောင်း သောအသီးကို သီး၏ဟု ပြောခဲ့သည်။ ကျွန်ုပ်တို့သည် မွေးရာပါအပြစ်သား များဖြစ်သည်နည်းတူ မကောင်းသောအပင်များဖြစ် ကြပြီးမကောင်းသော အသီးကိုသာသီး၏။ 
ကျွန်ုပ်တို့သည် အာဒံ၏ မျိုးဆက်မျိုးနွယ် ဖြစ်သည့်နည်းတူ ဇာတ်နှင့် အပြစ်တရားကို အမွေခံလျက်ရှိသည်။ သစ်ပင်နှင့် နှိုင်းယှဉ်လျှင် မကောင်း သော သစ်ပင်ဖြစ်သည်။ မကောင်းသော အသီးကို သီးသကဲ့သို့ လူသား သည်လည်း အပြစ်သားဖြစ်သော်ကြောင့် အပြစ်ကျူးလွန်လျက်ရှိသည်။ လူသားသည် နူးညံ့သိမ်းမွေ့စွာ အသက်ရှင်သော်လည်း အပြစ်ခွင့်လွှတ် ခြင်းမရှိဘဲ မဖြောင့်မတ်နိုင်ပေ။ အချို့သော အရက်သမားများသည် အရက် ကို တဟုတ်ထိုး ဖြတ် သောအခါ ထပ်သောက်ချင်သည့် ရောဂါဖြင့်သူ၏ မိသားစုများက ဆေးရုံသို့ တင်ပို့ ကြရသည်။
တစ်နေ့၌ ကျွန်တော်သည် တီဗွီထဲ၌ ကျွန်တော်သိချင်သည်ဟု ခေါင်းစဉ် ရေးထိုးခဲ့သည်။ လူတစ်ယောက်သည် စိတ်ပိုင်းဆိုင်ရာ ချွတ်ယွင်း သောကြောင့် ၁၃နှစ်တိုင် ဆေးဂုံ၌ နေရန်ကန့်သတ်ခံခဲ့ရသည်။ သတင်း ထောက်သူက သူ့မိသားစု အား မေးမြန်းသောအခါ အရက်ရောဂါ ကြောင့်ဖြစ်သည်ဟု ဆိုခဲ့သည်။ သူ၏ မိသားစုများက အိမ်သို့ ပြန်ခွင့်မပေး ကြောင်း သိရှိခဲ့ရသည်။ သူသည်အလွန် သောင်းကျန်းသောကြောင့် မိသား စုများက အရက်သောက်သောသူသည် မသောက်ဘဲ မနေနိုင်ကြောင်း ကြေညာခဲ့သည်။
အဘယ်ကြောင့် ဆိုသူသည် အရက်မသောက်ဘဲ မနေနိုင်သနည်း။ မိမိကျမ်းမာရေအတွက် မကောင်းမှန်းသိလျှက်နှင့်၊ ရက်နားရန်ကြိုးစား လျှက်နှင့် ဆက်လက်သောက်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် အရက်သ မားဖြစ် သောကြောင့် ထိုသူ၏ နှလုံးသားထဲ၌ မည်သည့်အရာမျှမရှိတော့ ခြင်းကြောင့် ဖြစ်သည်။ ထိုသူ၏နှလုံးသာထဲ၌ အပြစ်နှင့် ပြည့်လျှံသော ကြောင့် မည်သို့သော အခါမျှ ပြန်လည်ကောင်းလာတော့ မည်မဟုတ်ချေ။ ထိုကြောင့် အဆိုဘက်ကို ရှုမြင်လျှက် ဆက်လက်သောက်ခဲ့သည်။ ထိုအရက်သမားက ကျွန်ုပ်ဘာ လုပ်နေလဲဆိုတာ မသိဘူး။ ကျွန်တော် သည် ဒိဆရာကို မလုပ်သင့်တော့ပေဟု ထင်လိမ့်မည်။ သို့ရာတွင် မိမိ ကိုယ်မိမိ သစ္စာဖောက်လျက်ဆက်သောက် နေခြင်းဖြစ်သည်။ ထိုကြောင့် သူသည် ဆေးရုံမှ ဆင်းလာသည့်တိုင် ဆက်လက် သောက်လျှက်ရှိသည်။ လူသားတစ်ဦး၏ စကားနှင့်သူ၏ ပြုမူကျင့်ကြံမှုသည် သူ၏ပင်ကို စ ရိုက်ကိုဖော်ပြနေခြင်းဖြစ်သည်။ 
လူသားသည် မိမိကိုယ်ကိုကောင်းစေချင်သော်လည်း ဇာတိပကတိ၌ အပြစ်ရှိနေသောကြောင့် ဘယ်သောအခါမှ ကောင်းလာနိုင်မည် မဟုတ် ချေ။ လူသားသည် မိမိအပြစ်ကို ဖုံးကွယ်သော်လည်း တဖန်ပေါ်လာသော အချိန်၌ အန္တရာယ်ရှိသည်။ အပြစ်သားများ အပြစ်ရှိခြင်းသည် မွေးသောအ ချိန်၌ အစပြုခဲ့သည်။ ဤသည်မှာ နီးရဲသော ငရုတ်ပင်က နီရဲသော ငရုတ် သီးကို သီးခြင်းနှင့်တူသည်။ လူသားသည် အပြစ်နွံထဲမှ မွေးဖွားလာသော ကြောင့် အပြစ်ပြုလုပ် လျှက် ရှိသည်။ 
ထိုကြောင့် မည်ကဲ့သို့သော လူဖြစ်စေကာမူအပြစ် ပြုလုပ်ခြင်းမှ ရှောင်ထိမ်း၍ မရနိုင်ပေ။ လူသားသည် ဦးယူချင်သော ဆန္ဒနှင့်အတူ မွေးဖွားလာကြသည်။ ထိုစိတ်သဘောသည် အပြစ်အမွေ၌ ပါဝင်လျှက်ရှိ သည်။ လူဆိုင်သည် ဦးယူတတ်ကြသည်။ လူတစ်ဦးသည် အခြားသောသူ တစ်ဦးက မြင်မည်စိုး သောကြောင့် မခိုးဘဲ နေသော်လည် ကွယ်ရာတွင် ခိုးယူမည်သာဖြစ်သည်။
 
 
လူသားသည်ဆယ်နှစ်မျိုးသောအပြစ်နှင့်မွေးလာ သူများဖြစ်ကြသည်
 
ယေရှုက ရှင်မာကုအခန်းကြီး (၇) တွင် “သူ့မယားကို ပြစ်မှားခြင်း၊ မနာ လိုခြင်း၊ သူ့ဥစ္စာကို ခိုးယူခြင်း၊ လောဘလွန်ကျူးခြင်း၊ မနာလိုခြင်း၊ လှည့်စားခြင်း၊ ညစ်ညူးခြင်း၊ ငြူစူခြင်း၊ သူ‹အသေရေကို ဖျက်ခြင်း၊ ထောင် လွှားစော်ကားခြင်း၊ လျှပ်ပေါ်ခြင်း၊ ဤဆိုးညစ်သောအရာများတို့သည် အတွင်းမှ ထွက်လာ၍ လူကို ညစ်ညူးစေကြသည်” ဟု မိန့်တော်မူ၏။ ကျွန်ုပ်တို့သည် သူ့ဥစ္စာကို ခိုးလိုသောစိတ်နှင့် မွေးလာကြသည်။ ဤအ ရာသည် အပြစ်၏မျိုးရိုးလိုက်ခြင်းတခု အပါဝင်ဖြစ်သည်။ မိတ်ဆွေ သူ့ဥစ္စာကို ခိုးဖူးပါသလား။ လူသားအားလုံးသည် ခိုးလျက်ရှိပါသည်။ လူတယောက်က မခိုးရခြင်းသည် သူ့ကိုထိန်းသိမ်း၊ ကြည့်ရှုစောင့် ရှောက် ခြင်းသာလျှင် ဖြစ်လိမ့်မည်။ သူ‹ဝန်းကျင်၌ လူမရှိချိန်တွင် ခိုးလိုသော စိတ်သည် အတွင်း မှထွက်လာ၍ သူ့ဥစ္စာကို ခိုးယူပြီး ဤနည်းအားဖြင့် ဒုစရိုက်အပြစ်ကို ကျူးလွန်ခဲ့သည်။ 
လူသားတို့သည် လောကနီတိကိုကျင့်ပြီး ၄င်းက သူတို့ကို အုပ်စိုး လျက်နေ၏။ ထို့အပြင် စည်းမျည်းများကို ရေးဆွဲပြီး ၄င်းက သူတပါးကို အနှောင့်အယှက် မပေးခဲ့ပါ။ စည်းမျဉ်းစည်း ကမ်းသည် လူအများက ဖွဲ့စည်းထားသော အဖွဲ့အစည်းများတွင် မရှိမဖြစ်လိုအပ်သောအရာ ဖြစ် သည်။ ကျွန်ုပ်တို့သည် လူမှုပေါင်းသင်းဆက်ဆံရေးစံအရ နေထိုင်စား သောက်သူများဖြစ်ကြသည်။
သူ့ဥစ္စာမခိုးသောသူ တယောက်မျှမရှိ။ လွန်ခဲ့သောအချိန်တွင် ဘာ သာ ရေးဆိုင်ရာ အစည်းအဝေးပွဲတခု၌ သူ့ဥစ္စာကို မခိုးဖူးသောသူ ရှိပါသ လားဟု မေးခဲ့ရာ အဘွားကြီးတယောက်က သူ့လက်ကို ထောင်ပြီး “သူ့ဥစ္စာတစုံတရာ ကိုမျှ ငါ မခိုးဖူးပါ”ဟု ပြောခဲ့သည်။ တစုံတခုကို ကောက်ယူဖူးသလားဟု ပြန်မေး၏။ ထိုအခါ သူမက ကျွန်တော့်မေးခွန်းကို ရှုပ်ထွေးပြီး “တခါက ရွှေဖရုံသီးကို လမ်းခု လတ်တနေရာ၌ တွေ့ခဲ့ရာ အနီးအနားတွင် တစုံတယောက်မျှမရှိ၊ ထိုအခါ မြန်မြန်ခူးပြီး ချက်၍ အားရပါးရ စားခဲ့ဖူးသည်” ဟု ပြန်ဖြေလေ၏။ သူမက သူအပြစ် ဒုစရိုက် ကျူးလွန်ခဲ့သည်ကို နားမလည်နိုင်ဖြစ်၏။
ဘုရားသခင်က ပိုင်ရှင်၏ ခွင့်ပြုချက်မရဘဲ သုံးဆောင်ခြင်းသည် အပြစ် ဖြစ်သည်ဟု မိန်‹ဆို၏။ ဘုရားသခင်က မောရှေပညတ်တော်၌ သူ့ ဥစ္စာကို မခိုးရန် မိန့်ဆိုခဲ့သည်။ လူသားအားလုံးသည် ခိုးယူခြင်းတွင် အတွေ့ အကြုံရှိသူများ ဖြစ်ကြသည်။ လူသားသည် အခွင့်ကောင်းကြုံလျှင် သူ့ဥစ္စကို ခိုးယူပြီး တခါတလေ လူ့အသက်ကိုပါ သတ်ခဲ့ကြသည်။ယုန်နှင့် ကြက်ကလေးများကို အခြားသူများထံမှ ခိုးယူလျက်ရှိသည်။ ဤသည်မှာ အပြစ်ဖြစ်သည်။ ထိုသူသည် လူသတ်၍ ခိုးယူခြင်းအမှုကိုပြုသော်လည်းအ ပြစ်မှလွတ်ငြိမ်းခြင်း မရပေ။အဘယ့် ကြောင့်ဆိုသော် ဤအရာသည် လူ့ သဘာဝဖြစ်ပြီး မွေးချိန်မှစ၍ အပြစ်၏အမွေကို ခံစားခဲ့သောကြောင့် ဖြစ်သည်။ 
 
 
လူသားသည် အပြစ်၏အမွေကို ခံစားကြသည်
 
လူသားသည် သူ၏မိဘများထံမှ သူ့မယားကို ပြစ်မှားခြင်းအမွေကို ခံစားကြသည်။ သူသည် မွေးချိန်မှစ၍ ဇာတိပကတိ ပျော်မွေ့ခြင်းဖြစ်သော မိန်းမလွတ် နှင့်မှားယွင်းခြင်းနှင့် ပြည့်ဝလာသည်။ သူသည် အနီးအနား၌ လူမရှိလျှင် ပြစ်မှား လျက်ရှိတတ်သည်။ သူတို‹သည် အမှောင်နေရာ၊ စား သောက်ဆိုင်နှင့် အရက်ဆိုင် တို့ကို ကြိုက်နှစ်သက်ကြသည်။ အဘယ့်် ကြောင့်နည်း။ ထိုနေရာများသည် အပြစ်၏ များရိုးပြသရန် ကောင်းသော ကြောင့် ဖြစ်သည်။ 
လူကြီးလူကောင်းများကလည်း ထိုကဲ့သို့သော အခန်း၊ နေရာများကို óကိက်နှစ်သက်ကြသည်။ သူတို့သည် အိမ်၌ ကောင်းသော ဖခင်ကြီးဖြစ် ကြသော်လည်း အပြစ်နှင့်ပြည့်လာသောအခါ ထိုကဲ့သို့သော နေရာများ တွင် သွားတတ်ပါသည်။ ထိုနေရာများတွင် သူတို့၏သဘာဝများကို ပြသပြီး အပြစ်ကို ကျူးလွန်ခဲ့ကြသည်။ အရက်တခွက်သောက်ပြီးလျှင် တယောက်နှင့်တယောက် ခင်မင်ရင်းနှီး လာကြသည်။ အရက်သမားနှစ် ဦးသည် အပြစ်ရှိသောကြောင့် တွေ့ဆုံကြသည့် အခါ၌ ခင်မင်မှုရှိကြသည်။ သင်သည်လည်း ဤကဲ့သို့ ဖြစ်နေသလာ။ အရက် သမားများက ကျွန်ုပ်၌ နေမျိုးရှိသည်၊ ခဗျား၌ကောရှိသလား ကျွန်တော်နှင့် ခင်ဗျား ဟာသူငယ် ချင်းတွေပါ။ အသက်ဘယ်နှစ်နှစ် ရှိပြီလဲ။ အသက်က အရေမကြီးပါဘူး။ ခဗျားနှင့် တွေ့ရတာပျော်ပါတယ်ဟု ပြောဆိုတတ်ကြသည်။
လူသားများသည် အပြစ်တရားမှ မွေးဖွားလာကြသောကြောင့် အပြစ် ကျူးလွန်ခြင်းသည် သဘာဝပင်ဖြစ်သည်။ အကြောင်းမှ ထိုသူတို့ အထဲ၌ ဗိဇအပြစ် ရှိနေသောကြောင့်ဖြစ်သည်။ အပြစ်မကျူးလန်ဘဲ မနေနိုင်။သို့ သော် ထိုသူတို့သည် အကျင့်ကောင်းသော စိတ်ကို ချုပ်ထန်းလျှက်ရှိကြ သည်။ ထိုသူတို့သည် သူတော် ကောင်းသောင်ဆောင်လျှက် အသင်း တော်၌ လှုပ်ရှားကြသည်။ ထူသူတို့သည် မမိုက်မဲသောသူ၊ မမှားယွင်းသော သူကဲ့သို့ နေထိုင်လျှက်ရှိကြသည်။ ဤအကြောင်း အရာဟူမူကား “အပြစ် တရားသည် တယောက်သောသူအားဖြင့် ဤလောကသို့ဝင်၍ သေခြင်း တရားနှင့်အညီ အပြစ်ရှိသောကြောင့် သေခြင်းသို့ရောက်ရကြလိမ့်မည်” (ရောမ ၅း၁၂)။
ဤသည်မှာ မှန်ကန်ပါသည်။ လူသားများက ကျွန်ုပ်သည် ကာမဂုဏ် ၌ လိုက်စားသောသူမဟုတ်။ ကျွန်ုပ်သည် မသန့်ရှင်းသောမိန်းမကို အာရုံ မပြုသင့်ဟု ဟန်ဆောင်သော်လည်း လူမဖြစ်သည်အခါ၌ လေသာတပ် မက် ခြင်းဖြစ် အပြစ်ကျူးလွန်လျှက်ရှိကြသည်။ အပြစ်တရားသည် တ ယောက် သောသူအားဖြင့် လောကသို့ဝင်ရောက်ခဲ့သည်။
မကောင်းသော အပင်သည် မကောင်းသောအသီးကိုသီး၏။ ကောင်း သောအပင်သည် မကောင်းသောအသီးကိုသီးလျက်မရှိ။ လူသားသည် ကိုယ့်ကိုယ် ကို အပြစ်သားဖြစ်ကြောင်း နားလည်သင့်သည်။ အကယ်၍ လူတယောက်က သူ့ကို အပြစ်သားဖြစ်မှန်း နားလည်လျှင် ယေရှုအားဖြင့် သူ့ကိုအပြစ်မှ ကယ်တင်ခြင်း ခံရလိမ့်မည်။ သူ‹အပြစ်ကို ပုန်းရန် ကြိုးစားသူသည် ငရဲသို့ သွားရလိမ့်မည်။ လူသားအားလုံးသည် အပြစ်သား များအဖြစ် မွေးလာကြသူများ ဖြစ်ကြသည်။ ထို့ကြောင့် ထိုသူတို့သည် မွေးချိန်မှစ၍ အပြစ်ကိုသာသီးသော မကောင်းသော အပင်များဖြစ်ကြ သည်။
ထိုကြောင့် ကျွန်ုပ်တို့သည် ငယ်ရွယ်သောအချိန်မှ စ၍အပြစ်ကျူး လွန်မှုထိုးတက်လာသောကြောင့် အပြစ်ကို ကောင်းမှန်စွာပင် ပြုလုပ် ကြသည်။ ထိုကြောင့် အသက်သည်၊ ဆာချိန်ရောက်သောအခါ၌ မကောင်း သော အသီးကို သီးလွှက်ရှိကြသည်။ ကိုးရီးယားနိုင်ငံရှိ မြို့တော်၌ အစိုးရဝန်ကြီးမှူးသည် အမျိုးသမီးဖြစ်သည်။ သူသည်ငယ်ရွယ်သော အချိန်မှစ၍ ကယ်တင်ခြင်းရောက်ရှိသောကြောင့် အသက်တာတ လျှောက် ၌ ဘုရားသခင်၏ အမှုတော်မြတ်၌ အမှုတော်ထမ်းဆောင်ရန် တစ်ယောက် တည်းရပ်တည်ခဲ့သည်။ 
လူအများစုက ငယ်စဉ်အရွယ်မှစ၍ သူ့အပြစ်များကို တိုးပွါးစေသည်။ ယနေ့လူငယ်များသည်လည်း သူတို့အပြစ်ကို တိုးပွားစေရန် ထိန်းကျောင်း ကြသည်။ကျွန်ုပ်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်တွင် ကျွန်ုပ်တို့ သည် မွေးရာပါအပြစ်သားများဖြစ်ကြပြီး ဒုစရိုက်အပြစ်ကို ဆက်လက်ကျူး လွန် ကြောင်းသင်ယူပါသည်။ မိတ်ဆွေ ဤအကြောင်းနှင့် ပတ်သက်၍ ဝန်ခံပါသလား။
 
 
နူနာရောဂါ
 
(ရော ၅း၁၂) တွင် ဘုရားသခင်က ဤသို့မိန့်ဆိုခဲ့သည်။ “ဤအ ကြောင်း အရာဟူမူကား အပြစ်တရားသည် တယောက်သောသူအားဖြင့် ဤလောကသို့ဝင်၍ အပြစ်တရားအားဖြင့် သေခြင်းတရားဝင်သည်နှင့် အညီ လူအပေါင်းတို့သည် အပြစ်ရှိသောကြောင့် သေခြင်းသို့ရောက် ရကြ၏။” အပြစ်က လူသားတို့ကို ဘုရားသခင်၏ တရားစီရင်ခြင်းကို ခံစေသည်။ ထို‹ကြောင့် အပြစ်သားများသည် အပြစ် လွှတ်ခြင်းအကြောင်း ကို နားလည်သင့်သည်။ မည်ကဲ့သို့ လူသည် ကိုယ့်ကိုယ်ကို နားလည်နိုင် မည်နည်း။ မည်သို့ဖြင့် လူသည် ဘုရားသခင်ရှေ့မှောက်တော်၌ အပြစ် လွှတ်ခြင်းခံနိုင်မည်နည်း။
ဝတ်ပြုရာကျမ်း အခန်းကြီး (၁၃) တွင် ဘုရားသခင်က မောရှေနှင့်အာ ရုန် ကို နူနာရောဂါစွဲကပ်သူများအား မည်သို့ဖြင့် စစ်ဆေးရန် သွန်သင်ခဲ့ သည်။ ဓမ္မဟောင်းခေတ်တွင် နူနာရောဂါစွဲကပ်သူ မြောက်များစွာ ရှိခဲ့သည်။ နူနာရောဂါအကြောင်းကို ကျွန်တော်များများ မသိသော်လည်း ကျွန်တော်ငယ်စဉ်က နူနာရောဂါစွဲကပ်သူ မြောက်များစွာ မြင်ခဲ့ဖူးသည်။
ဘုရားသခင်က နူနာရောဂါစွဲကပ်သူများကို စစ်ဆေးပြီး ဣသရေလ လူမျိုးတို့၏ စခန်းမှ သီးသန့်ထားရန် မောရှေနှင့်အာရုန်ကို မိန့်ဆိုခဲ့သည်။ (ဝတ် ၁၃း၂) “လူသည် ကိုယ်အရေ၌ အဖူးဖြစ်စေ၊ ယားနာဖြစ်စေ၊ နူကွက် ဖြစ်စေ လက္ခဏာပေါ်လျှင် ထိုသူကို ယဇ်ပရောဟိတ် အာရုန်ထံသို့ဖြစ်စေ၊ သူ၏သား ယဇ်ပုရောဟိတ် တစုံတယောက်ထံသို‹ဖြစ်စေ ခေါ်ခဲ့ရမည်။” ယဇ်ပုရောဟိတ်မင်းကြီးက စစ်ဆေးပြီး ရောဂါရှိသည်ဟု သံသယရှိ သူများကို စခန်းမှ ခုနစ်ရက်သီးသန့်ထားပြီး ခုနစ်ရက်မြောက်တွင် ယဇ်ပုရောဟိတ်က သူ့အရေပြားကို ပြန် စစ်ဆေးခဲ့ရာ သူ၏အနာက သက်သာလျှင် ယဇ်ပုရောဟိတ်က “သင်သည် သန့်ရှင်းသည်၊ စခန်း ၌နေ နိုင်ဟု ကြေငြာခဲ့သည်။”
လူသားတစ်ဦး၏ အသားရည်သည် ဖောင်းပွလျှက် ဖြူသောအရောင် သည် ဆံပင်ရောင်သို့ ပြောင်းလဲသွားသောအခါ ထိုရောဂါရှိသူကို ယဇ်ပ ရောဟိတ် များက မသန့်ရှင်းသောသူအဖြစ် ကြေညာမည်ဖြစ်သည်။(ဝတ် ၁၃း၉-၁၁) တွင် “နူနာစွဲသောသူကို ယဇ်ပုရောဟိတ်ထံသို့ ခေါ်ခဲ့ရမည်။ ယဇ်ပုရောဟိတ် ကြည့်ရှု၍၊ အရေ၌ထသောအဖူးနှင့်တကွ အမွေးသည် ဖြူလျှင်၄င်း၊ အဖူး၌အသားစိုရှိလျှင်၄င်း၊ ကိုယ်အရေ၌ ဟောင်း သောနူ နာဖြစ်၏။ ထိုသူသည် မစင်ကြည်ဟု ယဇ်ပုရော ဟိတ်စီရင်၍ ချုပ်ထားသ ဖြင့် သူသည် မစင်ကြယ်ဘဲနေရမည်။” ယဇ်ပုရောဟိတ် က နူနာစွဲကပ် သူများကို ဣသရေလစခန်းမှ သီးသန့်ထားခဲ့သည်။
ဤသည်မှာ ကျွန်ုပ်တို့နိုင်ငံတူနေလျှက်ရှိသည်။ ထိုသို့သော ရောဂါ သည် ကိုးရီးယားနိုင်ငံရှိ ဖလားဝါးရွာနှင့် စရော့ ကျွန်းစွယ်ဒေသ များ၌ ပေါများလှပါသည်။ တစ်ခါက ဖလားဝါးရွာမှပြန်လာစဉ်လမ်းခရီး၌ အလင်းမီးများ ထွန်းထားသည်ကို တွေ့ရှိရသည်။ ထိုစဉ်က ကျွန်တော်အ မျိုးသမီးက ဖလားဝါရွာဖြစ်မည်ဟု မထင်မှတ်ခဲ့ပေ။ ထို့ကြောင့် ကျွန် တော်က ထိုနေရာကို သွားခငျလိုလားဟု ဇနီးသည်အားမေးခဲ့ပါသည်။ သူက သွားချင်ပါသည်ဟု ဖြေခဲ့သည်။ သို့သော် ဇနီးသည်က ထိုနေရာသည် အနာကြီးရောဂါသည်များ နေထိုင်သည့်ဒေသမှန် သိလာသောအခါ လန့်သွားခဲ့သည်။ ထိုရောဂါသည်များသည် ထိုရွာအဖွဲ့ အစည်းမှ ကွဲပြား လာကြသည်။ 
ဤသည်ကို ကြည့်ခြင်းအားဖြင့် ယဇ်ပရောဟိတ်၏ ကြေညာချက်ကို နားလည်သင့်သည်။ ဤသည်မှာ မှန်ကန်သလား။ ထိုရောဂါဖြင့် ခြေ ထောက်မဦးခေါင်းတိုင်အောင် ဖုံးလွမ်းနေသူများကို ယဇ်ပုရောဟိတ်များ က ဣသရေလူခြံထဲ၌ မနေထိုင်ရန် ပြောခဲ့သည်။ မည်သူသည် အနာကြီး ရောဂါ တလွန်ပြီးတကွက် ကူးစက်လာလျှင် ပြင်းထန်သည်ဟု ပြောမည် နည်း။မည်သူကမျှ အနာပြင်း ထန်ခြင်းကို မသိကြပေ။
(ဝတ် ၁၃း၁၂) “နူနာသည် အရေ၌တိုးပွါး၍ အနာစွဲသောသူ တကိုယ် လုံး၊ ခေါင်းထိပ်မှ သည်ခြေဖဝါးတိုင်အောင် ယဇ်ပုရောဟိတ်ကြည့်ရှုလေ ရာ၌ နူနာနှံ့ပြားလျှင် ထိုသို့ တကိုယ်လုံး အနာနှံ့ပြားသော သူသည် စင် ကြည်၏ဟု ယဇ်ပု ရောဟိတ် ဆင်ခြင်၍ စီရင်ရမည်။” ဤကျမ်းပိုဒ်သည် ယဇ်ပုရောဟိတ်ကို ဘုရား သခင်က နူနာရောဂါရှိသူများကို ခွဲခြားရန် မိန့် ဆိုခြင်းပင်ဖြစ်သည်။
 
 
နူနာရောဂါသည် ဘာကို ဆိုလိုသနည်း
 
ဤသို့ဖြင့် ပြောပါသည်။ လူတို‹သည် အပြစ်နှင့် မွေးလာသူများဖြစ် ကြ သော်လည်း အချို့က သူတို့၏ အပြစ်အနည်းငယ်ကိုသာ ဝန်ခံ တတ်ကြသည်။ သူတို့သည် လက်နှင့် အပြစ်ဒုစရိုက်ကို အရင်ကျူးလွန်ပြီး နောက် ခြေကလိုက်လာခဲ့သည်။ နောက်ဆုံးတွင် သူတို့၏ နက်ရှိုင်းသော နှလုံးသားက လိုက်လာသောကြောင့် သူတို့က အပြစ်ကို မဝန်ခံနိုင်ခြင်း ဖြစ်သည်။နည်သူသည် အနာကြီးရောဂါ တလွန်ပြီးတကွက် ကူးစက်လာ လျှင် ပြင်းထန်သည်ဟု ပြောမည်နည်း၊ မည်သူကမျှ အနာပြင်း ထန်ခြင်းကို မသိကြပေ။
လူသားသည် အပြစ်၏အမွေကို ခံစားမှုကြောင့် အပြစ်နှင့်အတူ မွေးဖွား လာခြင်းဖြစ်သည်။ သို့သော် သူတို့သည် အပြစ်သားဖြစ်မှန်း နားမလည်နိုင်ကြပါ။ ထို့ကြောင့် ဘုရားသခင်က သူတို့ကို အပြစ်သားဟု မိန့်ဆိုခဲ့၏။ နောက်ဆုံးတွင် သူတို့သည် လောက၌ အပြစ်သားဖြစ်သည်ကို နားလည်လာခဲ့သည်။
ကိုယ့်ကိုယ်ကို ကောင်းသောသူဟု ထင်သောသူသည် ကိုယ့်ကိုယ်ကို အပြစ်သားဖြစ်မှန်း နားမလည်သောသူများပင် ဖြစ်ကြသည်။ ဘုရားသခင် က နူနာ ရောဂါစွဲကပ်သူများအား သီးသန့်နေထိုင်ရန် ယဇ်ပုရောဟိတ်ကို မိန်‹ဆို၏။ အပြစ်သားများသည် ဘုရားသခင်ထံမှ ခွဲခြားခံရကြောင်းကို သင်နားလည်ပါသလား။ ဘုရားသခင်သည် သန့်ရှင်းသောဘုရားဖြစ်၏။ လူသားက အပြစ်အနည်းငယ်ရှိ သောသူသည် ကောင်းကင်နိုင်ငံတော်ကို ဝင်စားနိုင်မည်မဟုတ်ဟု ထင်ကြသည်။
အဘယ်သူသည် ကောင်းကင်နိုင်ငံတော်ကို ဝင်စားနိုင်မည်နည်း။ မိမိ ခန္ဓာကိုယ်၌ အပြစ်ဖုံးလွမ်း ကြောင်းကို သိရှိသောသူများသာလျှင် ကောင်း ကင်ဘုံသို့ ဝင်စားနိုင်မည်ဖြစ်သည်။ လူသား၏ အပြစ်သည် တဖြည့်ဖြည့် ပြန်နှံလာကြောင်း ဖန်ဆင်းသော ဘုရားသခင်က သမ္မာကျမ်းစာထဲ၌ ပြောထားသည်။ ဘုရားသခင်သည် အပြစ်သာများကို အပြစ်ရှိ ကြောင်းနှင့် အပြစ်ဝန်ခံရန် ဖိတ်ခေါ် လျက်ရှိသည်။ ကိုယ့်ကိုယ်ကို အပြစ် သားဖြစ်မှန်း နားလည်ပြီး ယုံကြည်ခြင်းဖြင့် အပြစ်လွှတ် ခြင်းခံ၍ ဇာတိ လိုအင်ဆန္ဒနှင့် ခွဲခွါသူများသည် ဝင်စားနိုင်ပြီး ဘုရားသခင်နှင့်အတူ ကိန်းဝပ်ပါလိမ့်မည်။
သခင်ယေရှုခရစ်တော်သည် သင့်အပြစ်ကို ဆေးကြောပြီးနောက် သင်၌အပြစ်မရှိတော့ပေ။ ကျွန်ုပ်တို့သည် သင်၏အပြစ်ဆေးကြောသည်ကို ရေတွက်ဖူးသလော။ အပြစ်သားသည် မိမိကိုယ်ကိုယ် အပြစ်ရှိကြောင်း သိရှိရမည်ဖြစ်သည်။ သို့မှသာအပြစ်မှ ကင်းလွှတ်နိုင်မည် မိမိသည် အပြစ် ပြုလုပ်ခဲ့မိကြောင်း ဘုရားသခင်ထံ ဝန်ခံရမည်။ မိမိသည် အပြစ်မ ကျူးလွန်ချင်သော်လည်း အပြစ်တရား ကြောင့် အပြစ်ကျူးလွန်လျက်ရှိ သည်။ ဤအရာကို ဘုရားသခင်ထံ ခွင့်လွှတ်ပါ ဆက်လက်ရန် မကျူးလွတ် တော့ပါဟု သေးငယ်သောအရာကို ပင်လျှင် ဘုရား သခင်ထံ ဝန်ခံရမည်။ (မ ၉း၁၃) “ယဇ်ပူဇော်ခြင်းအကျင့်ထက် သနားခြင်း ဂရုဏာအကျင့်ကို ငါနှစ်သက်၏ဟူသော ကျမ်းစကားကို နားလည်ခြင်းငှါ သင်တို့သွား၍ သင်ကြလော့။ဖြောင့်မတ်သောသူတို့ကို နောင်တသို့ခေါ်ခြင်းငှါ၊ ငါလာ သည်မဟုတ်။ ဆိုးသောသူတို့ကို ခေါ်ခြင်းငှါ၊ငါလာသတည်းဟု မိန့်တော်မူ ၏။” ဘုရားသခင်သည် အပြစ်သားများကို ခေါ်လျက်ရှိပါသည်။ သူတို့ အပြစ် အားလုံးကို ဘုရားသခင်က ခွင့်လွှတ်ပြီး တခါတည်းဖြင့် ထာဝရအ တွက် ဆေးကြောပေးခဲ့သည်။ ယေရှုသည် သူ၏ဗတ္တိဇံခံယူခြင်းနှင့် ကားတိုင်ပေါ် တရားစီရင်ခြင်းဖြင့် သူတို့ အပြစ်အားလုံးကို ဆောင်ယူပြီး ရှင်ပြန်ထမြောက်ခြင်းဖြင့် သူတို့ကို ဖြောင့်မတ်စေပြီး ကောင်းကင်နိုင်ငံ တော်ကို ဝင်စားစေသည်။
 
 
ကိုယ့်ကိုယ်ကို နားလည်ရမည်
 
ကျွန်ုပ်တို့သည် အပြစ်သားများဖြစ်ကြောင်း လုံးဝနားလည်သင့် သည်။ ဘရားသခင်က ကိုယ့်ခန္ဓာ အရေပြားပေါ်၌ နူနာရောဂါ မရှိသူများ ကို သန်‹ရှင်းသူ များဟု အသိအမှတ်ပြု၏။ ထိုကဲ့သို့ ဘုရားသခင်က နူနာရောဂါ၏ ဥပဒေကို ပြုလုပ်ခဲ့သည်။ ကိုယ့်ကိုယ်ကို အပြစ်သားဟု နားလည်သောသူသည် ရေနှင့်ဝိညာဉ်တော် သတင်းကောင်းကို ယုံကြည် လက်ခံ၍ ယေရှု၏ဗတ္တိဇံနှင့် ကားတိုင်တော်အားဖြင့် သူ့အပြစ်အားလုံးကို ဆောင်ယူပြီး အပြစ်လွှတ်ခြင်းကို ရရှိသည်။ သို့သော် ကိုယ့်ကိုယ်ကို အပြစ်သားဟု နားမလည်သောသူသည် မွန်မြတ်သော သတင်းကောင်း ကို မထီမဲ့မြင် ပြုကြသည်။
သခင်ယေရှုခရစ်တော်သည် သင့်အပြစ်ကို ဆေးကြောပြီးနောက်သင် ၌ အပြစ်မရှိတော့ပေ။ ကျွန်ုပ်တို့သည် သင်၏အပြစ်ဆေးကြောသည်ကို ရေတွက်ဖူး သလော။ အပြစ်သားသည် မိမိကိုယ်ကိုယ် အပြစ်ရှိကြောင်း သိရှိရမည်ဖြစ်သည်။ သို့မှသာအပြစ်မှ ကင်းလွှတ်နိုင်မည် မိမိသည် အပြစ် ပြုလုပ်ခဲ့မိကြောင်း ဘုရားသခင်ထံ ဝန်ခံရမည်။ မိမိသည် အပြစ်မကျူး လွန်ချင်သော်လည်း အပြစ်တရားကြောင့် အပြစ်ကျူးလွန်လျက်ရှိသည်။
ဘုရားသခင်ရှေ့မှောက်၌ ဖြောင့်မတ်သော သူတယောက်မျှမရှိ။ ဘုရား သခင်သည် အပြစ်ဝန်ချတောင်း ပန်သူများကိုသာ ကယ်တင်သော ဘုရားဖြစ်သည်။ဤအရာကို ဘုရားသခင်ထံ ခွင့်လွှတ်ပါ ဆက်လက်ရန် မကျူးလွတ်တော့ပါဟု သေးငယ်သောအရာကို ပင်လျှင် ဘုရားသခင်ထံ ဝန်ခံရမည်။ 
 
 
ဒုစရိုက်အပြစ် (၁၂) မျိုး
 
(မာ ၇း၂၀-၂၃) “လူအတွင်းမှ ထွက်သောအရာမူကား လူကို ညစ်ညူး စေသောအရာဖြစ်၏။ လူအတွင်း နှလုံးထဲက မကောင်းသောကြံစည်ခြင်း၊ သူ့မယားကိုပြစ်မှားခြင်း၊ မိန်းမလွတ်နှင့်မှားယွင်းခြင်း၊ လူ့အသက်ကို သတ်ခြင်း၊ သူ့ဥစ္စာကို ခိုးခြင်း၊ လောဘလွန်ခြင်း၊ ငြူစူခြင်း၊ သူ့အသေရေကို ဖျက်ခြင်း၊ ထောင်လွှားစော်ကားခြင်း၊ လျှပ်ပေါ်ခြင်း ဤဆိုးညစ်သော အရာများတို့သည် အတွင်းမှ ထွက်လာ၍ လူကိုညစ်ညူးစေကြသည်ဟု မိန်‹တော်မူ၏။” လူတို့သည် အပြစ်၏ အမွေကို ခံစားကြကြောင်း သင်နားလည်ပါသလား။ လူတယောက်၏ ဘဝသည် မကောင်းသော ကြံစည်ခြင်းနှင့် ပြည့်လျှံလျှင် ထိုသူအတွက် အပြစ်လွှတ်ခြင်း ရရှိနိုင်ရန် နည်းလမ်းမရှိပါ။
လူတို့သည် (၁၂) မျိုးသော အပြစ်နှင့် မွေးဖွားသူများဖြစ်ကြသည်။ ၄င်းတို့မှာ မကောင်းသော ကြံစည်ခြင်း၊ သူ့မယားကို ပြစ်မှားခြင်း၊ မိန်းမလွတ်နှင့် မှားယွင်းခြင်း၊ သူ့အသက်ကိုသတ်ခြင်း၊ သူ့ဥစ္စာကိုခိုးခြင်း၊ လောဘလွန်ကျူးခြင်း၊ မနာလို ခြင်း၊ လှည့်စားခြင်း၊ ညစ်ညူးခြင်း၊ ငြူစူခြင်း၊ သူ့အသေရေကိုဖျက်ခြင်း၊ ထောင်လွှားစော်ကားခြင်း၊ လျှပ်ပေါ် ခြင်းတို့ဖြစ်သည်။ အပြစ်လွှတ်ခြင်းမခံသောသူသည် ထိုဒုစရိုက်တို‹ကို မကျူးလွန်ချင် သော်လည်း ဆက်လက် ပြစ်မှားလျက်ရှိသည်။ လူ‹အတွင်း မှထွက်သော အရာအားလုံးသည် ဘုရားသခင် ရှေ့မှောက်တွင် အပြစ် များ ဖြစ်ကြသည်။ 
အပြစ်သားသည် သူတော်ကောင်းကဲ့သို‹ ယောက်ဆောင်ခြင်းသည် ဘု ရားသခင်ကို လိမ်လည်လှည့်ဖြားခြင်းပင်ဖြစ်သည်။ မွေးရာပါ အပြစ် သားများသည် သူတို့ကိုသူတို့ ကယ်တင်ပြီဖြစ်ကြောင်း နားလည် သင့် သည်။ ကိုယ့်ကိုယ်ကို အပြစ် သားဖြစ်မှန်း နားမလည်သူသည် အဘယ့် ကြောင့် ဤအရာကို ငါလုပ်သနည်း ဟု ပြောတတ်ကြပြီး ကိုယ့်ကိုယ်ကို လှည့်ဖြားတတ်ကြသည်။
လူသားသည် မကောင်းသော ကြံစည်ခြင်းနှင့် ပြည့်စုံ၏။ လူတ ယောက်သည် ဤကဲ့သို့ ထင်ကောင်းထင်လိမ့်မည်။ အဘယ့်ကြောင့် ငါသည် မကောင်း သော ကြံစည်ခြင်းကို တွေးမိပါသနည်း။ ငါသည် ဤကြံ စည်ခြင်းမျိုး မရှိသင့်ပါ။ အဘယ့်ကြောင့် ငါက မဖြူစင်သော အရာများကို ကြံစည်မိပါသနည်း။ ဆရာက ကောင်းသောအရာကို ကျင့်ကြံရန် ငါတို‹ကို ပြောခဲ့သည်။ ဤကဲ့သို့ ကြံစည်ရခြင်းမှာ သူသည် ဒုစရိုက်အပြစ်ကျူး လွန်သည်ကို နားမလည်ခြင်းကြောင့် ဖြစ်သည်။ သူ့ဥစ္စာကိုခိုခြင်း၊ သူ့မ ယားနှင့်ပြစ်မှားခြင်းတို့ကသူ့ကို ပရိဒေဝရောက်စေခြင်းသည် အပြစ်၏အ မွေ ခံစားသူဖြစ်ကြောင်းကို နားမလည်သော ကြောင့်ဖြစ်သည်။ မ ကောင်း သော ကြံစည်ခြင်း၊ သူ့မယားကို ပြစ်မှားခြင်း၊ မိန်းမလွတ်နှင့် မှားယွင်းခြင်း၊ လူ့အသက်ကိုသတ်ခြင်း၊ သူ့ဥစ္စာကို ခိုးခြင်း၊ လောဘလွန် ကျူးခြင်း၊ မနာ လိုခြင်း၊ လှည့်စားခြင်း၊ ညစ်ညူးခြင်း၊ ငြူစူခြင်း၊ သူ‹အသေ ရေကို ဖျက် ခြင်း၊ ထောင်လွှား စော်ကားခြင်း၊ လျှပ်ပေါ်ခြင်းတို့သည် လူ့အတွင်းမှ အဆက်မပြတ်လည်ပတ်၏။ ထို့ကြောင့် သူသည် ကိုယ့်ကိုယ်ကိုမုန်းပြီး အကြောင်းမရှိဘဲ ရှက်လာသည်။ 
ကျွန်ုပ်တို့သည် (၁၂) မျိုးသောအပြစ်၏ အသီးများကို စုဝေးရာနေရာ ဖြစ်သည်။ အဘယ့််ကြောင့်ဆိုသော် ကျွန်ုပ်တို့၏ အဘအာဒံမှ အပြစ်၏အ မွေကို ခံစားပြီး မွေးရာပါအပြစ်သားများဖြစ်ကြသောကြောင့်ဖြစ်သည်။ ကိုယ့်ကိုယ်ကို အပြစ်သားဟု နားလည်သူသည် မင်္ဂလာရှိ၏။
ကျွန်ုပ်တို့သည် အပြစ်သားဖြစ်သောကြောင့် ငရဲသို့သွားရမည်ဖြစ် သည်။ ဘုရားသခင်၏ကရုဏာတော်အားဖြင့် ကျေးဇူးပြုတော်မူပါ။ ကျွန်ုပ်သည် ဘုရားသခင်ကို ယုံကြည်ရန် အလိုတော်နှင့်အညီ လိုက် လျှောက်ပါမည်။ ဘုရားသခင်သည် မိမိအပြစ် ဝန်ခံသောသူများကို ကယ် တင်တော်မူ၏။ လူသားသည် မိမကိုယ်ကိုယ် ကိုးစားရန် မရသောအခါ ဘုရားသခင်ကို ရှာဖွယ်တက်၏။ ဤနည်းလမ်းမှ ဘုရားသခင် ကောင်းချီး ရရှိနိုင်မည်ဖြစ်သည်။ လူသားသည် မိမိကိုယ်ကိုယ် အပြစ်ရှိမှန်မသိသည့်အ ခါ ဘုရားသခင်ကို ရှာဖွယ်ရန် မရပေ။ မိမိ၏ ကြိုးစားမှုနှင့် အားကိုးမြင်းကို ငြင်းပယ်ကာ ကယ်တယ်ရှင်ယဇ်ပရောဟိတ်ဖြစ်သော သခင် ယေရှုရှာဖွယ် သောသူသာလျှင် ကျေးဇူးတော်အားဖြင့် ကယ်တင်ခြင်းသို့ရောက် ရှိနိုင် မည်ဖြစ်သည်။
ကိုယ့်ကိုယ်ကို သိသောသူသည် ဘုရားသခင်ရှေ့မှောက်တွင် မင်္ဂလာ ရှိ သူများဖြစ်ကြသည်။ ကိုယ့်ကိုယ်ကို နားမလည်သောသူသည် အမင်္ဂလာ ရှိ၏။ ထို့ကြောင့် အပြစ်သားများသည် မိမိကိုယ်မိမိ နားလည်ရန် လိုအပ် ကြောင်း သင်လက်ခံပါသလား။ မိတ်ဆွေသည်လည်း အပြစ်ခွင့်လွှတ်ခြင်း မရမည်။ အပြစ်ပြုလုပ်ခဲ့ သည်မဟုတ်လော။ လုပ်မိခဲ့လျှင် အဘယ်ကြောင့် ပြုလုပ်သည်ကို သင်ဆင်ခြင်သလော။ ဗီဇအပြစ်ကြောင့် ဆိုးဝါးသော အပြစ်ကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
 
 
အပြစ်တရားသည် တယောက်သောသူအားဖြင့် လောကသို‹ဝင်ရောက် လာပြီး ထိုအပြစ်တရားအားဖြင့် သေခြင်းတရားဖြစ်လာသည်
 
သေခြင်းတရားသည် ရှောင်လွှဲ၍မရ။ ထို့ကြောင့် အပြစ်သားများသည် သူတို့၏အပြစ်မှ ကယ်ချွတ်ခြင်းခံရန် ကယ်တင်ရှင် ယေရှုကို ရှာဖွေ ရမည်။ သို့မှသာ ထာဝရအသက်ကို ရရှိလိမ့်မည်။ မိတ်ဆွေ သင့်အပြစ်များမှ ကယ် တင်လိုပါသလား။
(ရော ၅း၁၄-၂၁) “သို‹သော်လည်း အာဒံလက်ထက်မှစ၍ မောရှေ လက် ထက်တိုင်အောင် သေခြင်းတရားသည် အစိုးရ၏။ အာဒံပြစ်မှား သည်နည်းတူ မပြစ်မှားသော သူတို့ပင် အစိုးရ၏။ ထိုအာဒံသည် နောက် လာလတ္တံ့သောသူ၏ ပုံပမာဖြစ်သတည်း။ သို့သော်လည်း ပြစ်မှားခြင်းသ ဘောနှင့် ကျေးဇူးတော်သဘောမတူ။ အကြောင်းမူကား လူတယောက် သည် ပြစ်မှားသောအားဖြင့် လူများတို‹သည် သေခြင်းသို့ရောက်ကြ၏။ တယောက်သောသူတည်းဟူသော ယေရှုခရစ်အားဖြင့် ဘုရားသခင်၏ ကျေးဇူးတော်နှင့် ကျေးဇူးတော်၏ အကျိုးသည် လူများတို့၌သာ၍ ကြွယ်ဝပြည့်စုံကြ၏။ ထိုမှတပါး လူတယောက်ပြစ်မှားသောအရာနှင့် ကျေးဇူးတော် အရာမတူ။ အကြောင်းမူကား တရားစီရင်သောအရာမှာ အပြစ်တခုကြောင့် ဒဏ်ခံစေဟု စီရင်၏။ ကျေးဇူးတော်အရာမှာ အပြစ်များ လျက်ပင် လွှတ်စေဟု စီရင်၏။ ထိုမှတပါး လူတယောက်သည် ပြစ်မှား သောကြောင့် ထိုတယောက်သောသူအားဖြင့် သေခြင်းတရားသည် အစိုးရ၏။ ကျေးဇူးတော်၏ ကြွယ်ဝခြင်းကို၄င်း၊ ဖြောင့်မတ်ရာသို့ ဝင်ခွင့်ပေးတော်မူခြင်းကို၄င်း၊ ခံရသောသူတို‹သည် တယောက်တည်း သူတည်း ဟူသောယေရှုခရစ်အားဖြင့် အသက်ရှင်လျက်သာ၍ စိုးစံရကြ လတ္တံ‹။ ထိုကြောင့် တယောက်သောသူ၏ ပြစ်မှားခြင်းအားဖြင့် လူအပေါင်း တို့သည် အပြစ်စီရင်ခြင်းနှင့် တွေ့ကြုံကြရသည်နည်းတူ တစ်ယောက် သောသူ၏ဖြောင့်မတ်ခြင်း အားဖြင့် လူအပေါင်းတို့သည် အသက်နှင့်ယှဉ် သော ဖြောင့်မတ်တရားသို့ရောက် ခြင်းအခွင့်ကိုရကြ၏။ အကြောင်းမူကား တစ်ယောက် သောသူသည် အပြစ်ရောက်သည်နည်းတူ တစ်ယောက်သော သူသည် နားထောင်သောအားဖြင့် လူများတို့သည် ဖြောင့်မတ်ရာသို့ ရောက်ရကြ၏။ ထိုမှတပါး ပညတ်တရားသည် တဖန်ဝင် လာသဖြင့် ပြစ်မှားသော အပြစ်ပွားများ၏။ သို့သော်လည်း အပြစ်ပွားများသည် အရာ မှာ ကျေးဇူးတော်သာ၍ ကြွယ်ဝ၏။ ထိုသို‹ဖြစ်လျှင် အပြစ်တရားသည် သေခြင်းအားဖြင့် အစိုးရသည်နည်းတူ ငါတို့သခင်ယေရှုခရစ် ပြုစုတော်မူ၍ ကျေးဇူးတရားသည် ထာဝရအသက်နှင့် ယှဉ်သော ဖြောင့်မတ်ရာသို့ သွင်း ခြင်းအားဖြင့် အစိုးရလေအံ့သတည်း။” 
(ရော ၅း၁၂) “ဤအကြောင်းအရာဟူမူကား အပြစ် တရားသည် တယောက်သောသူအားဖြင့် ဤလောကသို့ဝင်၍ အပြစ်တရားအားဖြင့် သေခြင်းတရားဝင်သည်နှင့်အညီ လူအပေါင်းတို့သည် အပြစ်ရှိသော ကြောင့် သေခြင်းသို့ရောက်ကြ၏။” ဤနေရာ၌ အဘယ်သူသည် တ ယောက်သော သူဖြစ်သနည်း။ အာဒံ ဖြစ်ပါသည်။ထို့ကြောင့် ကျမ်းစာက “တယောက်သောသူအားဖြင့်” ဟုဖေါ်ပြထားသည်။ အစဦး၌ ဘုရား သခင်သည် တယောက်သောသူကို ဖန်ဆင်းပြီး ထိုသူအားဖြင့် အပြစ်တရား သည် လောကသို့ဝင်ရောက်ခဲ့သည်။ လူ့အမြင်အားဖြင့် အေဒင်ဥယျာဉ်တွင် လူနှစ်ယောက်ဖြစ်သော်လည်း ဘုရားသခင်၏အမြင်၌မူကား တယောက် ဖြစ်၏။ လူသားအားလုံးသည် တယောက် သောသူ အာဒံ၏မျိုးရိုးစဉ် ဆက်များ ဖြစ်ကြသည်။
အပြစ်တရားသည် တယောက်သောသူအားဖြင့် လောကသို့ဝင် ရောက်သည် ဆိုသည့် စကားလုံး၏ ဆိုလိုရင်းမှာ အာဒံမှ ဆင်းသက်သူ ဟူသမျှသည် အပြစ်သားများဖြစ်ကြသည်။ အကြောင်းမူကား သူသည် ဒုစရိုက်အပြစ်ကို ကျူးလွန်ခဲ့သည်။ ထို့ကြောင့် သေခြင်းတရားသည် လူသားအပေါ်သို့ကျရောက် ခြင်းဖြစ်သည်။ အပြစ်တရားကြောင့် လူသား အားလုံးသည် သေခြင်းတရားကို ပြစ်ဒဏ်အဖြစ် စီရင်ခြင်းကို ခံရကြသည်။ ဘုရားသခင်သည် အပြစ်ရှိသောသူကို မသည်းခံနိုင်ပါ။
ဘုရားသခင်သည် တန်ခိုးတော်နှင့်ပြည့်စုံသော်လည်း “လိမ်လည် လှည့်ဖြားတတ်သူနှင့် အပြစ်ရှိသောသူကို ကောင်းကင်နိုင်ငံသို့ ဝင်စားနိုင် ရန်” ဟူသောဤအရာနှစ်ခုကို မလုပ်နိုင်ပါ။ ဘုရားသခင်သည် သူ၏ပ ညတ်တော်အတိုင်း စီရင်လျက်ရှိသည်။ တယောက်သောသူအာဒံ၏ ဘုရား သခင်ရှေ့မှောက်၌ ကျူးလွန်မှုကြောင့် လူသားအားလုံးသည် အပြစ်သား များဖြစ်ကြသည်။ ဘုရားသခင်၏ တရားစီရင်မှုနှင့် သေခြင်းတရားသည် လူသားအပေါ်သို့ကျရောက်သည်။အကြောင်းမူကားသူတို့သည် တယောက် သောသူအာဒံ၏ မျိုးရိုးများဖြစ်ပြီး အပြစ်နှင့်မွေးလာသူများဖြစ်ကြသည်။ သေခြင်းတရားသည် ထိုသူတို့ထံ ပျံ့နှံ့သွားနေပါသည်။
အစအဦး၌ သေခြင်းတရားဆိုသည်မရှိ။ အဆိုးအကောင်း ခွဲခြားသော အပင်နှင့် အသက္ပင အပင်သည် ဧဒင်ဥယျာဉ်တွင် ရှိသည်။ ဘုရား သခင်က အာဒံကို ထိုအသီးကိုသာ စားပြီး ထာဝရ အသက်ရှင်ရန် မိန့်ဆိုခဲ့သည်။ သို‹သော် စာတန်က အာဒံကို သွေးဆောင်ပြီး အဆိုးအကောင်း ခွဲခြားသော အသီးကို စားခြင်းဖြင့် ဘုရားသခင်၏ စကားတော်ကို ငြင်းပယ်ခဲ့သည်။ ထိုအချိန်မှစ၍ သေခြင်းတရားသည် လောကလူသားများထံသို‹ ဝင်ရောက် ခဲ့သည်။ တယောက်သောသူ အာဒံအားဖြင့် သေခြင်းတရားသည် လောက သို့ဝင်ရောက်သည်။
 
 
အဘယ့်ကြောင့် ဘုရားသခင်က ပညတ်တော်ကို ပြုလုပ်ခဲ့သနည်း
 
အကယ်၍ အာဒံအားဖြင့် အပြစ်တရားသည် လောကသို့ မဝင်ရောက် ခဲ့လျှင် သေခြင်းတရားသည် လူသားများအပေါ်သို့ကျရောက်မည်မဟုတ်ပါ။ အဘယ့်ကြောင့် လူသားသည် သေခြင်းကို ခံရသနည်း။ အကြောင်းမူကား အပြစ် ကြောင့်တည်း။ အပြစ်တရားသည် တယောက်သောသူအားဖြင့် လောကသို့ဝင် ရောက်ခဲ့မှုကြောင့် သေခြင်းတရားသည် လူသားများထံသို့ ပျံ‹နှံ‹သွားသည်။
မောရှေအားဖြင့် ဘုရားသခင်သည်သူ၏ ပညတ်တော်ကို ထင်ရှားစေ ခဲ့ သည်။ အာဒံနှင့်နောဧခေတ်တို‹တွင် အပြစ်ရှိသော်လည်း မောရှေခေတ် အထိ ဘုရားသခင်က ပညတ်တော်ကို မပေးခဲ့ပါ။ သို့သော် ထိုခေတ် လူတို့၏ စိတ်ထဲ၌ အပြစ်ရှိသည်ဟု ကျမ်းစာက ဖေါ်ပြထားသည်။ 
(ရော ၅း၁၃) “ပညတ်တရားကို မထားမှီတိုင်အောင် ဤလောက၌ အပြစ်ရှိ၏။ အဘယ်ပညတ်တ ရားမျှမရှိလျှင် အပြစ်ရှိသည်ဟု မှတ်စရာ မရှိ။” လောက၌ ပညတ်တရား မရှိသော်လည်း အပြစ်ရှိ၏။ ထို့ကြောင့် လူတို‹သည် ဘုရားသခင် ရှေ့မှောက်တော်တွင် ဒုစရိုက်အပြစ်ကျူးလွန်ကြ သောကြောင့် သေရမည်ဖြစ်သည်။ ဘုရားသခင်က (၆၁၃) ပါဝင်သော ပညတ်တော်ကို လူတို့အား ပေးခဲ့ရခြင်းမှာ ၄င်းကို စောင့်ထိန်းရန်ဖြစ် သည်။ ဘုရားသခင်၏ပညတ်တော်ကို လူတို့က မည်သို့ဖြင့် သိရှိနိူင်မည် နည်း။ ဘုရားသခင်၏ ပညတ်တော်အားဖြင့် သူတို့သည် ဘယ်အရာကိုသိ နိုင်မည်နည်း။ သူတို့သည် ဘုရား သခင်ရှေ့မှောက်တွင် အပြစ်သားများဖြစ် ကြောင်းနှင့် ထိုပညတ်တရားကို မစောင့် ထိန်းနိုင်ကြောင်း သိမြင်ခဲ့သည်။
ထိုအခါ သူတို့က သူတို‹၏ အပြစ်အကြောင်းကို နားလည်လာခဲ့သည်။ အာဒံ၏ မျိုးဆက်များဖြစ်သော အပြစ်သားများသည် ဘုရားသခင်က သူတို့ ကို အပြစ်မှ ခွင့်လွှတ်ကြကြောင်းကို နားလည်လာကြသည်။ သို့သော် သူတို့သည် အာဒံမှ အပြစ်၏အမွေကို ခံစားသောကြောင့် အပြစ်သားများ အဖြစ် မွေးသူများဖြစ်ကြောင်းကိုတော့ မေ့ခဲ့ကြသည်။အပြစ်သားများ သည် မိမိအပြစ်သားဖြစ်ကြောင်းကို သိရှိသော်လည်း အပြစ်ကျူးလွန် သည့်အခါ အပြစ်သားဖြစ်ကြောင်းကို မသိတော့ပေ။ ကုန်အရာမှာ မှား ယွင်းသည်။ ယနေ့ လူများစွာတို‹က အပြစ်ကျူး လွန်လျှင် အပြစ်သားများ ဖြစ်ပြီး မကျူးလွန်လျှင် အပြစ်သားများမဟုတ်ဟု ထင်တတ်ကြသည်။ မည်သို‹ပင်ဖြစ်စေ လူသားအားလုံးသည် အပြစ်သားများ ဖြစ်ကြသည်။ အ ကြောင်းမူကား သူတို့သည် မွေးချိန်မှစ၍ အပြစ်၏အမွေကို ခံစား ကြသော ကြောင့် ဖြစ်သည်။
အပြစ်သားများသည် အပြစ်မှ ရွေးနုတ်ခြင်းမရမည်။ အပြစ်သားဘဝမှ ရှောင်လွှဲရန်မရပေ။ထို့ကြောင့် ဘုရားသခင်က လူသားများအတွက် ပညတ် တရားအားဖြင့် ဆုံးမခဲ့သည်။ လူသားများ ထိုပညတ်တရားကို သိသည့်အခါ မိမိ အပြစ်ကျူးလွန်ခြင်းကို သိရှိလာသည်။ လူသားများသည် အပြစ်ကျူး လွန်ခြင်းမှ အာဒံအမျိုးအနွယ်မှ ဆင်းသတ်လာခြင်းကြောင့်ဖြစ်သည်။
 
 
တယောက်သောသူအားဖြင့် သေခြင်းတရားသည် လူသားအားလုံးထံ သို့ ပျံ့နှံ့သွားသည်
 
(ရော ၅း၁၃-၁၄) “ပညတ်တရားကို မမှီတိုင်အောင် ဤလောက၌ အပြစ်ရှိ၏။ အဘယ်ပညတ်တ ရားမှမရှိလျှင် အပြစ်ရှိသည်ဟု မှတ်စရာ မရှိ။ သို့သော်လည်း အာဒံလက်ထက်မှစ၍ မောရှေလက်ထက်တိုင်အောင် သေခြင်း တရားသည် အစိုးရ၏။ အာဒံပြစ်မှားသည်နည်းတူ မပြစ်မှားသော သူတို့ကိုပင် အစိုးရ၏။ အာဒံသည် နောက်လာလတံ့သောသူ၏ ပုံပမာဖြစ် သတည်း။” 
တယောက်သောသူအားဖြင့် လူသားအားလုံးသည် အပြစ်သားများ ဖြစ်လာပြီး သေခြင်းတရားသည် ထိုသူတို့ထံသို့ ပျံ့နှံ့သွားသည်ဟု ဘုရား သခင် မိန့်ဆို၏။ အပြစ်တရားကြောင့် သေခြင်းတရားသည် ထိုသူတို့ အားလုံးထံ ပျံ့နှံ့၏။ ထိုအရာသည် တယောက်သောသူအားဖြင့် ဖြစ်သည်။ တယောက်သောသူသည် အဘယ်သူနည်း။ အာဒံဖြစ်ပါသည်။ ဤအ ကြောင်းကိုပင် မသိသော ခရစ်ယာန် မြောက်များစွာရှိပါသည်။ သူတို့သည် ဗီဇအပြစ်နှင့်ဒုစရိုက်ဟူ၍ ခွဲခြားပြီး နောင်တရ ဆုတောင်းခြင်းဖြင့် နေ့စဉ်အပြစ်သည် ခွင့်လွှတ်နိုင်သည်ဟု ထင်မှတ်ကြသည်။ အာဒံကြောင့် သူတို့သည် တရားစီရင် ခြင်းကို ခံပြီး ငရဲသွားရမည့်အကြောင်းကိုတော့ မသိကြပေ။
အာဒံ၏မျိုးဆက်များသည် ကောင်းသောအရာကိုလုပ်ရန် ကြိုးစားခဲ့ သော်လည်း သူတို့၏အပြစ်ကြောင့် ဘုရားသခင်နှင့် မိတ်သဟာယမ ရှိနိုင်ပေ။ ထိုသူတို‹သည် အကျင့်ကောင်း ကျင့်နိုင်သော်လည်း အာဒံ၏မျိုး ဆက်များဖြစ်ကြသောကြောင့် ဘုရားသခင်၏ တရားစီရင်ခြင်းကို ရင်ဆိုင် ရမည်ဖြစ်သည်။ ထိုသူတို့သည် အာဒံ၏မျိုးဆက်များဖြစ်ကြမှုကြောင့် ထာဝရငရဲသို့ သွားရလိမ့်မည်။
 
 
တယောက်သောသူအာဒံအားဖြင့်
 
တယောက်သောသူအားဖြင့် လူသားအားလုံးသည် အပြစ်သားများ ဖြစ်ကြပြီး သေခြင်းတရားသည် ထိုသူတို့ထံ ရောက်လာခဲ့သည်။ အလား တူ တယောက်သောသူ ယေရှုခရစ်အားဖြင့် လူသားအားလုံးသည် ဖြောင့် မတ်သူများ ဖြစ်ကြသည်။ ဤအရာသည် ဘုရားသခင်၏ ဥပဒေဖြစ်သည်။
သူတို့သည် ဘုရားသခင်၏ ဥပဒေကို နားမလည်သောကြောင့် ဘာသာရေးကို ထူထောင်ကြသည်။ သူတို့က ယေရှုကို ယုံကြည်သော် လည်း ကယ်တင်ခြင်းခံရန် အကျင့်ကောင်းကျင့်သင့်သည်ဟု ပြောကြ သည်။ သူတို့က လူတို့ကို “ကောင်း သောခရစ်ယာန်ဖြစ်သင့်သည်” ဟူ၍ သင်ပေးကြသည်။ ကျွန်ုပ်တို့အပြစ်များ အားလုံးသည် အလုပ်အားဖြင့် ဖုံးကွယ်သည်မရှိ။
အဘယ်သူသည် ကျွန်ုပ်တို‹ကို အပြစ်မှ ကယ်တင်သူဖြစ်သနည်း။ ယေရှုခရစ်ဖြစ်ပါသည်။ ယေရှုသည် ဤလောကသို့ ကြွဆင်းလာပြီး သူ၏ ဗတ္တိဇံနှင့် ကားတိုင်ပေါ် အသေခံခြင်းဖြင့် လောကအပြစ်အားလုံးကို ဆောင်ယူပြီး ကျွန်ုပ်တို‹ကို တရားစီရင်ခြင်းမှ ကယ်တင်သည်သာမက ဖြောင့်မတ်စေပါသည်။
အပြစ်တရားသည် လောကသို့ဝင်ရခြင်းမှာ စာတန်က အာဒံကို သွေး ဆောင်နိုင်သောကြောင့်ဖြစ်သည်။ အာဒံအားဖြင့် အပြစ်တရားသည် လောကသို့ဝင်ရောက်ခဲ့သည်။ သို‹သော်လည်း ယေရှုခရစ် ကယ်တင်ရှင်၊ ဖန်ဆင်းရှင်၊ အနန္တတန်ခိုးနှင့်ပြည့်စုံသော ဘုရင်တကာ၏ဘုရင်သည် ကျွန်ုပ်တို့ကို ကယ်တင်ရန် လူ့ဇာတိကို ခံယူခဲ့သည်။ သူသည် လောကအ ပြစ်ဟူသမျှကို တကြိမ်တည်းဖြင့် ဖုံးကွယ်ခဲ့သည်။ သူသည် ဗတ္တိဇံ ခံယူ ခြင်းဖြင့် လောကအပြစ်အားလုံးကို ဆောင်ယူပြီး အပြစ်၏အဖိုးအခကို ကားတိုင်ပေါ်တွင် ပေးဆပ်ခဲ့သည်။
ယေရှုခရစ်က အပြစ်အားလုံးကို ဖုံးကွယ်သည်ဟု ယုံကြည်သူသည် အပြစ်လွှတ်ခြင်းကို ခံယူပြီး အသစ်သော အသက်တာကို ရရှိကြသည်။ ဘုရားသခင်သည် မြေကြီးနှင့်ကောင်းကင်ကို ဖန်ဆင်းသကဲ့သို့ ကျွန်ုပ်တို့ ကို သူ၏သားများဖြစ်စေရန် စီစဉ်ခဲ့သည်။ သူသည် လောကသို့ ကြွလာပြီး သူ၏ ကတိတော်ကို ပြည့်စုံစေခြင်းဖြင် ကျွန်ုပ်တို့လူသားအားလုံးသည် အပြစ်ကင်းသော သူများဖြစ်ကြသည်။ ဘုရားသခင်သည် ဘယ်သောအခါမှ အမှားလုပ်လျက်မရှိပါ။ ကျွန်ုပ်တို့၏ ကယ်တင်ခြင်းသည် ယေရှုအပေါ်၌ တည်၏။ လူသားအားလုံးသည် တယောက်သောသူ အာဒံအားဖြင့် အပြစ် သားများဖြစ်ပြီး တယောက်သောသူ ယေရှုအားဖြင့် အပြစ်လွှတ်ခြင်းကို ခံယူကြသည်။
အပြစ်လွှတ်ခြင်းတခုတည်းကိုသာ ကျွန်ုပ်တို့ယုံကြည်ရမည်ဖြစ် သည်။ ဤအရာကိုသာ ကျွန်ုပ်တို့ဝါးကြွားရမည် ဖြစ်ပါသည်။ ကျွန်ုပ်တို့ သည် ယေရှုက ကျွန်ုပ်တို့အပြစ်အားလုံး ဖုံးကွယ်သည်ဟူသော အရာမှအပ အခြားဝါကြွား စရာမရှိ။ လူတို့သည် ကောင်းမှုအားဖြင့် သူတို့ကိုသူတို့ အပြစ်မှ ကယ်ချွတ်နိုင် မည်လော။ မကယ်ချွတ်နိုင်ပါ။ကယ်တင်ခြင်း ဟူသော အပြစ်လွှတ်ခြင်းသည် ရေနှင့်ဝိဉာဉ်တော် သတင်းကောင်း ယုံကြည်မှု အပေါ်တွင် အခြေခံသည်။
 
 
ပြစ်မှားခြင်းသဘောနှင့် ကျေးဇူးတော်သဘောမတူ 
 
(ရော ၅း၁၄-၁၆) “သို့သော်လည်း အာဒံလက်ထက်မှစ၍မောရှေလက် ထက်တိုင်အောင်သေခြင်းတရားသည်အစိုးရ၏အာဒံပြစ်မှားသနည်းသူအပြစ်မှားသောသူတို့ကိုပင် အစိုးရ၏။ ထိုအာဒံသည် နောက်လာလတံ့သော သူ၏ပုံပမာဖြစ်သတည်း၊ သို့သော်လည်းပြစ်မှားခြင်းသဘော နှင့်ကျေးဇူး တော်သဘောမတူ၊အကြောင်းမူကား၊ လူတယောက်သည်ပြစ်မှားသော အားဖြစ်လူများတို့သည်သေခြင်းသို့ ရောက်ကြ၏၊တယောက်သောသူ တည်းဟူသော ယေရူခရစ်အားဖြင့်ဘုရားသခင် ၏ကျေးဇူးတော်နှင့်ကျေး ဇူးတော်၏အကျိုးသည် လူများတို့၌သာ၍ ကြွယ်ဝပြည့်စုံ၏ ထိုမှတပါး၊ လူတယောက်ပြစ်မှားသောအရာနှင့် ကျေးဇူးတော်အရာမတူ အကြောင်း မူကား တရားစီရင်သောအရာမှာ အပြစ်တခုကြောင့် ဒဏ်ခံစေဟု စီရင်၏။ ကျေးဇူးတော်အရာမှာ အပြစ်များလျက်ပင်လွှတ်စေဟု စီရင်၏၊”
ဤကျမ်းချက်သည် ဘာကိုဆိုလိုသနည်း။ သမ္မကျမ်းစာက ပြော သည်မှာ ပြစ်မှားခြင်းသဘောနှင့်ကျေးဇူးတော်သဘောမတူဟုဆို ထားပါ သည်။ ပြစ်မှားခြင်းသဘောနှင့် ကျေးဇူးတော်အရာသည် ကယ်တင်ခြင်းအ ကြောင်းကို ညွှန်ပြသည်။ ဆိုလိုသည်မှာ လူသားအားလုံးသည် တယောက် သောသူအာဒံအားဖြင့် အပြစ်၏အမွေကိုခံပြီး ထိုအပြစ်ကြောင့် ငရဲသွားရန် ဖြစ်ကြသော်လည်း သူတို့ အပြစ်အားလုံးဖုံးကွယ်ပေးသော ယေရူကို ယုံကြည်ခြင်းအားဖြင့် ထိုသူတို့သည် အပြစ်လွှတ်ခြင်းတရားကို ရရှိကြ သည်။
လူသားများသည် အပြစ်ကျူးလွန်ခြင်းမှ အာဒံအမျိုးအနွယ်မှ ဆင်း သတ်လာခြင်းကြောင့်ဖြစ်သည်။ ထိုကြောင့် ငရဲသို့သွားရမည်ဖြစ်သော် လည်း သခင်ယေရှုခရစ်သည် ဤလောကသို့ ကြွလာသော်ကြောင့် ကျွန်ုပ်တို့၏ ကယ်တင် ရှင် ဖြစ်လာသည်။ ယေရှုဘုရားယ အဖိုးအခပေးရန် မလိုသော အပြစ်ခွင့်လွှတ်ခြင်းနှင့် ရွေးနှုတ်ခြင်းလက်ဆောင်ကို လူသား များအားပေးခဲ့သည်။
ထို့ကြောင့် တယောက်သောသူ၏ကျေးဇူးတရာသည် တယောက် သောသူ၏ပြစ်မှားခြင်းတရားထက် ကြီးမြတ်၏။ အကယ်၍ လူတယောက် သည်ဘုရားသခင်ကိုဆန့်ကျင်၍ကျုးလွန်လျှင် ၄င်းကသူ့ကိုတရားစီရင်ရာ ရောက်စေသည်သာမက ငရဲတိုင်အောင် ရောက်စေမည်။ သို့သော် ကျွန်ုပ်တို့အပြစ်အားလုံးကို ဖုံးကွယ်သောဘုရားသခင်၏ကျေးဇူးတော် သည် တယောက်သောသူ၏ ပြစ်မှား ခြင်းတရားထက်ကြီးမြတ်၏။
ဤအရာသည် ယေရူ၏ချစ်ခြင်းမေတ္တာဖြစ်သော အပြစ်လွှတ်ခြင်းတ ရားသည် လူသားတို့၏ပြစ်မှားခြင်း တရားထက်မြင့်မြတ်ကြောင်းကို ဆိုလို သည်။ ကိုယ်တော်သည် လောကအပြစ်အားလုံးကို တကြိမ်တည်းဖြင့် ဆောင်ယူခဲ့ပါသည်။ ကိုယ်တော်သည် လောကအပြစ်အားလုံးကို ပြည့်စုံစွာ ဖုံးကွယ်ခဲ့သည်။ ကျွန်ုပ်တို့ကိုကယ်တင်သော ယေရူ၏ချစ်ခြင်းမေတ္တာ အပြစ်လွှတ်ခြင်းတရားသည် တယောက်သောသူ၏ ပြစ်မှားခြင်းထက် င်္ကြးမြတ်၏၊ ကျွန်ုပ်တို့က ဘုရားသခင်ကို ဆန့်ကျင်သော်လည်း ထိုဆန့် ကျင်မူအားလုံးကို ကိုယ်တော်က လုံးဝဖုံးကွယ်ခဲ့သည်။ ဘုရားသခင်သည် လူသားတို့၏ အပြစ်ကို ထာဝရဆေးကြောပေးခဲ့ကြောင်း ကျွန်ုပ်တို့အား ယုံကြည်စေချင်သည်။ အကြောင်းမှ သခင်ယေရှုသည် သိုးသငယ်သဖွယ် ဤလောကအပြစ်ကို ဆောင်ယူသွားခဲ့ပြီးဖြစ်သည်။
သီအိုရီက ကျွန်ုပ်တို့က ဘုရားသခင်ကို ယုံကြည်လျှင် ကျွန်ုပ်တို့အ ပြစ်သည် ဖုံးကွယ်ပြီး လက်မခံလျှင် (မဖုံးကွယ်ခြင်းသည်) မှားသည်ဟု ပြောခဲ့သည်။ လူသားတို့က ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို လက်မ ခံသော်လည်း သူတို့အပြစ်အားလုံးကို ဘုရားသခင်က ဖုံးကွယ်ခဲ့ပါသည်။ ဘုရားသခင်၏ကယ်တင်ခြင်းတွင် ဘယ်သူကမျှ ပါဝင်ကူညီ၍ မရပါ။ ယေရူခရစ် ကျွန်ုပ်တို့ အပြစ်အားလုံး ဖုံးကွယ်သည်ဟူသော သတင်း ကောင်းကို ယုံကြည်သူများထံ ကယ်တင်ခြင်းသည် ကျိန်းဝပ်လျက်ရှိသည်။
ကျွန်ုပ်တို့သည် အားနည်းသောသူများဖြစ်ကြသည်။ ကျွန်ုပ်တို့သည် အ့ပြစ်လွှတ်ခြင်းကို ရရှိသော်လည်း ဇာတိအားဖြင့် အားနည်းမူ မြောက်များ စွာရှိပါသည်၊ ကျွန်ုပ်တို့သည် ဘုရားသခင်၏အလိုတော်ကို လက်မခံချိန် တွင်သူ၏ဖြောင့်မတ်မူကို ဖယ်ရှားရန် ကြိမ်ဖန်များစွာ ကြိုးစားခဲ့ပါသည်၊ သို့သော် ဘုရားသခင်ကသင့်ကို ငါချစ်တော်မူ သောကြောင့် ကယ်တင်၏။ သင့်အပြစ်အားလုံးကို ငါဖုံးကွယ်ပေးခဲ့ပြီဟု ဆို၏၊
ကျွန်ုပ်တို့သည် အားနည်းသောသူများဖြစ်သည်။ ဘုရားသခင်သည် ယေရှုခရစ်၏ အပြစ်ဆေးကြောခြင်းကို ယုံကြည်သော သူအပေါင်းအား ဖြောင့်မတ်သောသူအဖြစ်သတ်မှတ်လျက်ရှိသည်။ ကျွန်ုပ်တို့သည် ပြစ် လွှတ်ခြင်းကို ရရှိပြီးနောက်တွင်လည်း အားနည်းချက်များစွာရှိပါသည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို စွန့်ပယ်ကာ အလို တော်ကို ဆန့်ကျင်ရန် ကြမ်းဖန်များစွာ ကြိုးစားလျက်ရှိသည်။ သို့သော် ဘုရားသခင်သည် သင့်ကို ချစ်သော်ကြောင့် ကယ်တင်ခဲ့သည်။ သင်၏ ယနေ့အထိ အပြစ်အားလုံးကို ဆေးကြောခဲ့ပြီး အိုးဘုရားသခင် မှန်ပါ သည်။ ကျွန်ုပ်တို့၏အပြစ်အားလုံးကို ဆေးကြောသည့်အတွက် ကျေးဇူး တင်ပါသည်။ ဘုရားသခင်ကို မချီးမွမ်းဘဲ မနေနိုင်ပါ။
အပြစ်သားများသည် ဖြောင့်မတ်သောသူဖြစ်သောအခါ ချစ်ခြင်း မေတ္တာကျွန်ဖြစ်လာသည်။ ဘုရားသခင်ထံ ဆက်ကပ်တတ်လာသည်။ ဘုရားသခင်ကို မယုံကြည်ဘဲ မနေနိုင်ပါ။ မီတာကဲ့သို့ ဘုရားသခင်ထံ ငြင်းပယ်ခဲ့သော်လည်း ထိုသူတို့ကို ဘုရားသခင်ချစ်လျက်ရှိသည်။ ထိုချစ် ခြင်းမေတ္တာက ဘုရားသခင်ကို ချီးမွမ်းစေသည်။ ထို့ကြောင့် တမန်တော် ရှင်ပေါလုက ဘုရားသခင်၏ ကယ်တင်ခြင်းသည် အပြစ်သားများ၏ အပြစ် ထက် ကြီးမားလျက်ရှိကြောင်း ပြောထားခဲ့သည်။
ယေရူခရစ်က ကျွန်ုပ်တို့အပြစ်များအားလုံးကို ဆောင်ယူခဲ့ပါသည်။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် အလွန်ကြီးမြတ်လှပါသည်။(ယော ၁း၂၉) “နက်ဖြန်နေ့၌ ယေရူကြွလာတော်မူသည်ကို ယောဟန်သည်မြင် လျှင် ဤလောက၏အပြစ်ကို ဆောင်သွားသော ဘုရားသခင်၏ သိုးသူ ငယ်ကို ကြည့်လော့။”
 
 
ဖြောင့်မတ်သောသူသည် တယောက်သောသူတည်းဟူသော ယေရူ ခရစ်အားဖြင့် အသက်ရှင်လျက်သာ၍ စိုးစံရ၏
 
နောင်တရဆုတောင်းခြင်းအားဖြင့်လောကအပြစ်သည်လွှတ်ခြင်းကိုမခံ (ရော ၅း၁၇) “ထိုမှတပါးလူတယောက်သည် ပြစ်မှားသောကြောင့်ထိုတ ယောက်သောသူအားဖြင့် သေခြင်းတရားသည် အစိုးရ၏။ ကျေးဇူးတော်၏ ကြွယ်ဝခြင်းကို၄င်း၊ ဖြောင့်မတ်ရာသို့သွင်းပေးတော်မူခြင်းကို၄င်း ခံရသော သူတို့သည် တယောက်သောသူတည်းဟူသော ယေရူခရစ်အားဖြင့် သက်ရှင်လျက်သာ၍စိုးစံရကြလတံ့၊” လောကအပြစ်သည် နောင်တရ ခြင်းနှင့် ဆုတောင်းခြင်း အားဖြင့် ခွင့်လွှတ်ခြင်းအဖြစ်သို့ မရောက်ရှိနိုင်ပေ။ ယုံကြည်သူများ၏အပြစ်အားလုံးကိုဘုရားသခင်ဆေးကြောခဲ့သောကြောင့် အပြစ်မရှိတော့ပေ။ 
ကျွန်ုပ်တို့သည်ဂရုဏာတော်နှင့်ကောင်းချီးမင်္ဂလာခံစားသူများဖြစ်ကြသည်။ မည်သူတို့သည် ဖြောင့်မတ်ခြင်းနှင့် ဂရုဏာတော်ကို ခံစားသနည်း။ ယုံကြည့်ခြင်းအားဖြင့် အပြစ်လွှတ်ခြင်းခံရသူများဖြစ်သည်။ ကျွန်ုပ်တို့သည် ဂုဏ်တော်ကို ချီးမွှမ်းရခြင်းမှာ အပြစ်လွှတ်ခြင်းကို ခံရသောကြောင့် ဖြစ်သည်။“ကျေးဇူးတော်၏ ကြွယ်ဝခြင်းကို၄င်း၊ ဖြောင့်မတ်ရာသို့ သွင်ပေး တော်မူခြင်းကို၄င်းခံရသောသူတို့သည် တယောက်သော သူတည်းဟူသော ယေရူခရစ်အားဖြင့် အ သက်ရှင်လျက်သာ၍ စိုးစံရကြလတံ့။”
ဘုရင်ကသာလျှင် စိုးစံ၏၊ ကျွန်ုပ်တို့က ယခု စိုးစံနေပါပြီ။ မည်သူ သည် ဘုရင်ကို ဆန့်ကျင်နိုင်မည်နည်း။ အပြစ်လွှတ်ခြင်းတရားကို ခံယူသော ကျွန်ုပ်တို့က နေ့တိုင်းစိုးစံ၏၊ ကျွန်ုပ်တို့သည် ယနေ့ဖြစ်စေ၊ နက်ဖြန်ဖြစ်စေ စိုးစံမည်ဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်သောသူသည် ကောင်းကြီးမင်္ဂလာခံစားကြပြီးသနားကြင်နားခြင်းနှင့် အုပ်စိုးလိမ့်မည်။ သို့ သော် သမ္မာတရားကို မယုံကြည်သောသူတို့သည် ငရဲ၌သာ အဆုံးသတ်ရ မည်ဖြစ်သည်။
လောကမှ ကယ်တင်ခြင်းရောက်သော ဘုရင်မြောက်မြားစွာ ရှိသော် လည်း လူသားများက ထိုဘုရင်ကို ဆန့်ကျင်သောကြောင့် ငရဲသို့သွားရမည် ဖြစ်သည်။ အမှန်မှာ ထိုမှန်ကန်သောဘုရင်ကဲ့သို့ နေထိုင်အသက်ရှင်ရ မည်ဖြစ် သည်။ ထိုသူတို့၌ မြင်နိုင်သော မျက်စိနှင့်ဖြောင့်မတ်သော နှလုံးသာရှိသည်။ ဘုရင်ဖြစ်ခဲ့လိမ့်မည်ဟု ဆိုတတ်ကြသည်။
မိတ်ဆွေ တစ်စုံတစ်ယောက်က သင့်ကို အုပ်စိုးနေသလား။ ဤလော ကဤ လူသာတို့သည် ဘုရင်ဖြစ်ခြင်းအပေါ် ဝါကြွားတတ်ကြသည်။ ကျွန်ုပ် တို့သည် ယုံကြည်သူများအား ကျွန်ုပ်တို့ကို ဆန့်ကျင်လျှင် ငရဲသွားရမည်ဟု ပြောဆိုတတ်ကြသည်။ ဘုရားသခင်တပါးတည်းသာလျှင် ထိုအရာကို လုပ်ဆောင် နိုင်သည်။ ဖြောင့်မတ်သော သူများထံမှ သူတပါးကို အုပ်စိုးချင် သောသူရှိသလား။ ထိုကဲ့သို့ မအုပ်စိုးသင့်ပေ။ ဘုရင်သည် ဘုရင်ကဲ့သို့ အုပ်ချုပ်ရမည်။ သင်၌ မှားယွင်းသော ထင်မြင်ယူဆချက်ရှိပါသလား။ သင်သည် သမ္မာတရား၌ မတည် လျှင် ငရဲသို့သွားရမည်ဖြစ်သည်။
ဘုရင်သည် အပြစ်သားများကို သမ္မတရားသိရန် ယုံကြည်ရန် အမိန့် ပေးရမည်။ အပြစ်သားများကို အသက်ကယ်ဆယ်လိုသော ဘုရင်သည် ဘုရား သခင်၏ ဖြောင့်မတ်ခြင်းကို ဆန့်ကျင်သူများအား ငရဲသွားရမည် ဖြစ်ကြောင်း ပြောပြရမည်။ သို့သော် ဘုရင်သည် မိမိအာဏာကို လွန်ကျူး စွာ အသုံးမပြုရပေ။ ဘုရားသခင်သည် လောကကို အုပ်စိုးခြင်းအခွင့် အာဏာကို လူသားတို့ အားပေးခဲ့သည်။ ထို့ကြောင့် လောကကို အုပ်စိုး၍ ကောင်းကင်ဘုံသို့ ဝင်စားကြပါစို့လား။
ဘုရင်ကို ဆရာဟု ခေါ်သင့်သလား။ ဖြောင့်မတ်သော သူများသည် လိမ္မာပါးနပ်သောကြောင့် မခေါ်ချင်သော်လည်း ခေါ်ပါခဲ့ကြသည်။ ထိုသူတို့က ဒူးထောက်ကာ ဘုရင်သခင် ခရစ်တော်သည် ဤလောကအ ပြစ်ကို ဆေးကြောခဲ့သောကြောင့် အပြစ်မှ ခွင့်လွှတ်ပါရန် တောင်းပန် တတ်ကြသည်။ ရှင်ဘုရင်သည် စစ်မှန်သော ဘုရင်ဖြစ်ရမည်။ ကျွန်တော် သည် ဘုရင်ဖြစ်လာသော အချိန်မှစ၍ ကမ္ဘာကို ဆန့်ကျင်သော သူများမှ ဘုရင်မရှိသော နိုင်ငံများဖြစ်သည်ဟု ကြောငြာခဲ့သည်။ ကျွန်တော်သည် ငယ်သောဘုရင်ဖြစ်သော်လည်း ဘုရင်ကဲ့သို့ နေထိုင်ခဲ့ သည်ဖြစ်သော် လည်း ဘုရင်ကဲ့သို့ နေထိုင်ခဲ့သည်ဟု ထင်မြင်ခဲ့သည်။
ထိုအခါ ဘုရားသခင်က သင့်ကိုပါကယ်တင်သော်လည်း ထိုအရာကို သင်မယုံကြည်ပေ။ သ်သည် ယုံကြည်ခြင်းအားဖြင့် လုပ်ဆောင်ပါ။ ငါသည် အာဒံအမျိုးနွယ်ကဲ့သို့ အပြစ်ရှိသော သူများကို ငရဲသို့ပို့လိမ့်မည်ဟု ကျွန်ုပ် အားပြောခဲ့သည်။ ဘုရားသခင်က ကောင်းကင်ဘုံသည်လည်း ငါဖန်ဆင်း သောအရာဖြစ်၏။ သင်သည်ကောင်းကင်နိုင်ငံသို့ ဝင်စားလိုလျှင် ဝင်လော။ ငရဲကို သွားလိုလျှင် မီးအိုင်ထဲသို့ချပစ်ခံရလိမ့်မည်။ လူသားတစ်ဦး၏ ကောင်းကင်ဘုံဝင် စားခြင်းနှင့် ငရဲသို့သွားခြင်းသည် ထိုသူတို့၏ ယုံကြည် ခြင်းအပေါ်၌ မူတည်သည်။
 
 
တယောက်သောသူယေရူခရစ်သည် နားထောင်သောအားဖြင့်
 
(ရော ၅း၁၈-၁၉) “ထို ့ကြောင့်တယောက်သောသူ၏ပြစ်မှားခြင်း အားဖြင့်၊ လူအပေါင်းတို့သည်အပြစ်စီ ရင်ခြင်းနှင့်တွေ့ကြုံရကြသည့် နည်းတူ၊တယောက်သောသူ၏ဖြောင့်မတ်ခြင်းအားဖြင့်၊ လူအပေါင်းတို့ သည် အသက်နှင့်ယှဉ်သောဖြောင့်မတ်ရာသို့ရောက်ခြင်း အခွင့်ကိုရကြ၏၊ အကြောင်းမူကားတယောက်သူသည် နားမထောင်သော အားဖြင့်၊လူများ တို့သည် ဖြောင့်မတ်ရာသို့ ရောက်ရကြ၏၊”
တစ်ယောက်သောသူ၏ပြစ်မှားခြင်းအားဖြင့်လူအပေါင်းတို့သည်အပြစ်စီရင်ခြင်းနှင့်တွေ့ကြုံရကြသည်။ ဤနေရာတွင်အပြစ်စီရင်ခြင်းသည်တ ရားစီရင်ခြင်းကိုဆိုလိုသည်။ အာဒံ၏မျိုးနွယ်ဖြစ်ပြီး ရေနှင့်ဝိဉာဉ်တော်၌ အသစ်တဖန်မွေးဖွားခြင်းမခံပဲယေရူကိုယုံကြည်သူသည်တရားစီရင်ခြင်းကိုခံရသည်။ “တယောက်သောသူ၏ ဖြောင့်မတ်ခြင်းအားဖြင့်လူအပေါင်းတို့ သည်အသက်နှင့်ယှဉ်သောဖြောင့်မတ်ရာသို့ရောက်ခြင်းအခွင့်ကိုရကြ၏၊”
အပျိုစင်မာရိထံမှ မွေးခြင်းခံပြီး လောကအပြစ်အားလုံးကို ဆောင်ယူ ရန်ယောဒန်မြစ်၌ဗတ္တိဇံခံယူသော ယေရူ၏ဖြောင့်မတ်ခြင်းအားဖြင့် လူအ ပေါင်းတို့သည် ဖြောင့်မတ်ရာသို့ရောက်ရကြ၏၊ ဘုရားသခင်သည် သူတို့ကို ဖြောင့်မတ်စေရန် ကားတိုင်ပေါ်ကွပ်မျက်ခြင်းဖြင့်သူ၏အသက်တာကိုပူ ဇော်ခဲ့ပါသည်။ တစ်ယောက်သော သူသည်အဖဘုရား၏အလိုတော်ကိုနား ထောင်သောအားဖြင့်လူအပေါင်းတို့သည်ဖြောင့်မတ်ရာသို့ရောက်ရကြ၏၊
ယုံကြည်မူ၏ရူတောင့်ကို လေ့လာခြင်းဖြင့်သူတို့သည် ဖြောင့်မတ် သောသူများလော။ မှန်ပါသည်။ သူတို့အားလုံးသည် ဖြောင့်မတ်သူများဖြစ် ပါသည်။ ကျွန်တော်ယုံကြည်ခြင်းအကြောင်းကိုဝေငှရာတွင်အချို့သည် စိတ်ဆိုးလာပြီးကျွန်တော်ကိုဆန့်ကျင်ကြသည်။ ကျွန်ုပ်တို့သည် ဧဝံဂေ လိတရားကို မကြားရသေး သောသူများနှင့် ယုံကြည်ရန် အလိုရှိ သော်လည်း ထိုတရားကို မသိကြသေးသောကြောင့် မယုံကြည်နိုင်သေး သောသူတို့အား ဟောပြောကြပါစို့။
 
 
လူအပေါင်းတို့သည် သူတို့၏ယုံကြည်မှုအတိုင်းကောင်းကင်ဘုံ သို့မဟုတ် ငရဲသို့ သွားရလိမ့်မည်
 
ဘုရားသခင်သည် လောကကို တရားမစီရင်ရခြင်းမှာ ကျွန်ုပ်တို့ ကိုယ်စားယေရှုကို စီရင်ခဲ့ပြီဖြစ်သည်။ ယေရှုသည် ဘုရားသခင်၏အလို တော်အတိုင်း လောကအပြစ်အားလုံးကို ဆောင်ယူခဲ့ကြောင်း ယုံကြည် သော သူများရှိသကဲ့သို့ မယုံကြည်သူများလည်း ရှိပါသည်။ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းယုံကြည်သူတို့သည် ကောင်းကင်နိုင်ငံကို ဝင်စားရမည်။ ထိုသူတို့ကို ဘုရားသခင်က သင့်အပြစ်အားလုံးကို ငါဖယ်ရှားခဲ့ပြီ။ သင့်အ တွက် ကောင်းကင်နိုင်ငံတော်ကို ငါပြင်ဆင်ခဲ့ ပြီဟူ၍ ပြောလိမ့်မည်။ ထိုသူ တို့သည် ကောင်းကင်နိုင်ငံတော်ကို အဟန့်အတား မရှိ ဝင်စားနိုင်လိမ့်မည်။ 
သို့သော်တချို့သောသူတို့သည် သတင်းကောင်းကို ငြင်းပယ်ကြပြီး ဘုရားသခင်သည် စစ်မှန်သောဘုရားဖြစ်မည်လောဟူ၍ မထီးမဲ့မြင် ပြောဆိုကြသည်။ ဤအရာကို ငါမယုံကြည်နိုင်။ နားမလည်နိုင်ဟု ပြောကြ သောသူတို့ကို ဘုရားသခင်က အဘယ့်ကြောင့်ငါ့ကို စိတ်ဆိုးစေပါသနည်း။ ငါ့ကိုယုံကြည်လိုလျှင် ယုံကြည်နိုင်ပါ၏။ မယုံကြည်လိုလျှင် မယုံကြည်ပါ နှင့်ပြောလိမ့်မည်။ ကိုယ်တော် ရေနှင့်ဝိညာဉ်တော်သ တင်းကောင်းသည် မှန်ပါ၏လော။ သင့်ကို ငါကယ်တင်ပြီ။ ငါမယုံကြည်ပါ။ ၉၀ ရာခိုင်နှုန်းကို ယုံကြည်နိုင်သော်လည်း ၁၀ ရာခိုင်နှုန်းကို မယုံ ကြည်နိုင်။ သံသယရှိပါ၏။ 
ထိုအခါ ဘုရားသခင်က သင့်ကိုပါကယ်တင်သော်လည်း ထိုအရာကို သင်မယုံကြည်ပေ။ သင်သည် ယုံကြည်ခြင်းအားဖြင့် လုပ်ဆောင်ပါ။ ငါသည် အာဒံအမျိုးနွယ်ကဲ့သို့ အပြစ်ရှိသော သူများကို ငရဲသို့ပို့လိမ့်မည်ဟု ကျွန်ုပ်အား ပြောခဲ့သည်။ ဘုရားသခင်က ကောင်းကင်ဘုံသည်လည်း ငါဖန် ဆင်းသောအရာဖြစ်၏။ သင်သည်ကောင်းကင်နိုင်ငံသို့ ဝင်စားလိုလျှင် ဝင်လော။ ငရဲကို သွားလိုလျှင် မီးအိုင်ထဲသို့ချပစ်ခံရလိမ့်မည်။ လူသားတစ် ဦး၏ ကောင်းကင်ဘုံဝင်စားခြင်းနှင့် ငရဲသို့သွားခြင်းသည် ထိုသူတို့၏ ယုံကြည်ခြင်းအပေါ်၌မူတည်သည်။
ယေရှု၏ဗတ္တိဇံနှင့်ကားတိုင်ပေါ်က အသွေးတော်သွန်းလောင်းခြင်းဖြင့် သင့်ကို အပြစ်မှကယ်တင်ကြောင်း ယုံကြည်လက်ခံပါသလား။ ဤအရာ သည် သင်၏ယုံကြည်မှုအပေါ်တွင် မူတည်ပါသည်။ ငရဲနှင့်ကောင်းကင် နိုင်ငံတော်ကြားတွင် အလယ်အလတ်ဆိုသည်မရှိ။ ဘုရားသခင်ရှေ့မှောက် တော်တွင် အနုတ်လက္ခဏာဆိုသည်မရှိ။ အပေါင်းလက္ခဏာသာလျှင်ရှိ၏။ ဘုရားသခင်သည် ကျွန်ုပ်တို‹ကို အနှတ်လက္ခဏာနှင့် စကားမပြောဖူးပါ။ သူသည် သူ၏ကတိတော် အတိုင်း ပြည့်စုံစေခြင်းဖြင့် ကျွန်ုပ်တို့ကို အပြစ်မှကယ်လွှတ်ခဲ့ပါသည်။ 
 
 
အပြစ်ပွားများသည့်အရာမှာ ကျေးဇူးတော်သာ၍ ကြွယ်ဝ၏
 
(ယော ၅း၂၀-၂၁) “ထိုမှတပါး ပညတ်တရားသည် တဖန်ဝင်သဖြင့် ပြစ်မှားသော အပြစ်ပွါးများ၏။ သို့သော်လည်း အပြစ်ပွားများသည့်အ ရာမှာ ကျေးဇူးတော်သာ၍ကြွယ်ဝ၏။ ထိုသို‹ဖြစ်လျှင် အပြစ်တရာသည် သေခြင်းအားဖြင့် အစိုးရသည့်နည်းတူ ငါတို့သခင်ယေရှုခရစ် ပြုစုတော်မူ၍ ကျေးဇူးတရားသည် ထာဝရအသက်နှင့် ယှဉ်သောဖြောင့်မတ်ရာသို့ သွင်း ခြင်းအားဖြင့် အစိုးရလေအံ့ သတည်း။” အဘယ့်ကြောင့်ပညတ်တရားသည် ဝင်ရောက်သနည်း။ လူသားများသည် အာဒံ၏သားစဉ်မြေးဆက်ဖြစ် သောကြောင့် အပြစ်ကျူးလွန်လျက်ရှိကြသည်။ ထိုသူတို့သည် မိမိဇာတိအ ပြစ်ကို မသိဘဲ သအသက်ရှင်သောကြောင့် ဘုရားသခင်သည် ပညတ်တ ရားအားဖြင့် မိမိအပြစ်ကို သိစေခဲ့သည်။ ထိုပညတ်တရားအပေါ် အကျင့်တ ရားအားဖြင့် မလိုက်လျှောက်သောသူသည် အပြစ်သားများ ဖြစ်ကြသည်။
ထာဝရဘုရားက ကျွန်ုပ်တို့ကို ပညတ်တရားတော် ပေးရခြင်းမှာ ကျွန်ုပ်တို့သည် အပြစ်သားများဖြစ်ကြောင်းနှင့် အပြစ်စုပုံရာနေရာဖြစ် ကြောင်းကို နားလည်စေရန်ဖြစ်သည်။ သို့သော်လည်း အပြစ်ပွားများသည့် အရာမှာ ကျေးဇူးသာ၍ကြွယ်ဝ၏။ လူသားသည် အာဒံ၏မျိုးရိုးမှ ဆင်း သက်လာသည်နှင့်အညီ အပြစ်နှင့် ဖွားမြင်လာကြသည်။ ဤအရာက မည်သည့်အရာကိုမျှ လုပ်ဆောင်နိုင် စွမ်းမရှိသော်လည်း ဘုရားသခင်က ထိုသူတို့ကို အပြစ်မှကယ်တင်ကြောင်းကို ဆိုလိုခြင်းဖြစ်သည်။ 
သို့ရာတွင်ကျွန်ုပ်တို့၌ များစွာသောအားနည်းချက်ရှိသည်နှင့်အမျှ ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် အသက်မရီင်နိုင်ပေ။ သတင်းကောင်း က တကြိမ်တည်းဖြင့် လူသားအားလုံး၏အပြစ်ကို ဘုရားသခင်က ယူ ဆောင်ခဲ့ကြောင်း ဖေါ်ပြထားသည်။ သို့သော်လည်း အပြစ်ပွားများ သည့်အရာမှာ ကျေးဇူးတော်သာ၍ ကြွယ်ဝ၏။ ကျေးဇူးတော်ပွားများသည့် အရာက အပြစ်သားများကို ဖြောင့်မတ်စေပါသည်။ အချို့သောအပြစ်သား များက အပြစ်နှင့်မပြည့်လျှံဟု တွေးထင်သော်လည်း ငရဲသို့သွားရမည်သာ ထြစ်သည်။ ထိုသူတို့ ၏သချိုင်းတခုသာလျှင်အဖြူရောင် (သို့) ဖြောင့်မတ် ခြင်းထြစ်ကြောင်း ပေါ်လွင်စေသည်။
ကိုယ့်ကိုယ်ကိုအပြစ်သားဖြစ်ကြောင်း နားလည်သောသူတို့သည် ဘုရားသခင်၏ကယ်တင်ခြင်းကို ချီးမြှောက်နိုင်၏။ သတင်းကောင်းဝေ ငှသူ ဧဝံဂေလိဆရာများထဲတွင် အကျင့်ကောင်းသောသူ အနည်းငယ်သာ ရှိသည်။ “အပြစ်ပွား များသည့်အရာမှာ ကျေးဇူးတော်သာ၍ ကြွယ်ဝ၏။”
(ယော ၆း၁) “ထိုသို‹မှန်လျှင် အဘယ့်သို့ပြောရမည်နည်း။ ကျေးဇူး တော်ပွားများစေခြင်းငှါ အပြစ်တရားကို ကျင့်၍နေရမည်လော။” ကျွန်ုပ်တို့ က ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ယုံကြည်လျှင် ကယ်တင်ခြင်းခံရ မည်ဟု ရှင်ပေါလက အတိအလင်းရှင်းပြထားပါသည်။ ဘုရားသခင်က ကျွန်ုပ်တို့အပြစ်အားလုံးကို ဆောင်ယူပြီး အပြစ်သားများကို သူတို့အပြစ်မှ ပြည့်စုံစွာ ကယ်တင်ခဲ့ပါသည်။ ကျွန်ုပ်တို့သည် ယုံကြည်ခြင်းဖြင့် ဖြောင့် မတ်သူများဖြစ်လာပါသည်။ ကျွန်ုပ်တို့က ဘုရားသခင်၏ လုပ်ဆောင်မှုများ ကို ယုံကြည်လျှင် ကယ်တင်ခြင်းဟူသော အပြစ်ဖြေလွှတ်ခြင်း အမွေကို ခံစားရမည်ဖြစ်သည်။ ကျွန်ုပ်တို့၏အကျင့်တရားက ကျွန်ုပ်တို့ကို ဖြောင့်မတ်စေ သည်မဟုတ်။ သမ္မာတရားယုံကြည်ခြင်းကသာလျှင် ကျွန်ုပ် တို့ကို ဖြောင့်မတ်စေပါသည်။ 
ကျွန်ုပ်တို့သည် ယုံကြည်ခြင်းဖြင့် ဖြောင့်မတ်သူများဖြစ်လာပါသည်။ ကျွန်ုပ်တို့၏ကောင်းမှုသည် မည်မျှကောက်ကျစ်စဉ်းလဲသော ကောင်းမှု နည်း။ ကျွန်ုပ်တို့၏ကောင်းမှုကို ပြန်လည်သုံသပ်လျှင် မည်သူသည် ချွတ်ယွင်းချက်မရှိ အပြစ်ကင်းမဲ့သောသူဖြစ်သနည်း။ (ယော ၅း၂၀-၂၁) “ထိုမှတပါး ပညတ်တရားသည်တဖန်ဝင်သဖြင့် ပြစ်မှားသောအပြစ်ပွား များ၏။ သို့သော်လည်း အပြစ်ပွား များသည့်အရာမှာ ကျေးဇူးတော်သာ၍ ကြွယ်ဝ၏။ ထိုသို့ဖြစ်လျှင် အပြစ်တရားသည် သေခြင်းအားဖြင့် အစိုးရ သည်နည်းတူ ငါတို‹သခင်ယေရှုခရစ် ပြုစုတော်မူ၍ ကျေးဇူးတရားသည် ထာဝရအသက်နှင့်ယှဉ်သော ဖြောင့်မတ်ရာသို့သွင်းခြင်းအားဖြင့် အစိုးရ လေအံ့သတည်း။”
ဘုရားသခင်က ယေရှုခရစ်အားဖြင့် ကျွန်ုပ်တို့အား ထာဝရအသက်ကို ပေးခဲ့ပါသည်။သူ၏ဖြောင့်မတ်ခြင်းတရားက ကျွန်ုပ်တို့ကို သူနှင့်အတူ နန်း စံစေခဲ့ပါသည်။ အပြစ်သားများကို သူတို့အပြစ်မှ ကယ်တင်တော်မူသော ထာဝရဘုရား ကို မနွမ်းနိုင်သော ယုံကြည်ခြင်းဖြင့် ချီးမွှမ်းပါ၏။