Search

တရားဟောချက်များ

ဘာသာရပ် ၉ - ရောမဩဝါဒစာ (ရောမဩဝါဒစာအနက်ဖွင့်ကျမ်းများ)

[5-1] ရောမသြဝါဒစာစောင် အခန်းကြီး (၅) ကို မိတ်ဆက်ခြင်း

ဖြောင့်မတ်ခြင်းအယူဝါဒသည် သမ္မာတရားမဟုတ်

 
ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို ယုံကြည်သူများအထဲ၌ ငြိမ်သက် ခြင်းရှိကြောင်း ရှင်ပေါလုက ဤအခန်းတွင် ရှင်းလင်းဖေါ်ပြထားပါသည်။ အဘယ်ကြောင့်ဆိုသော် ခမည်းတော်ဘုရားသခင်သည် ကျွန်ုပ်တို့အတွက် ကြောင့် သားတော်သခင်ယေရှုသည် ရေနှစ်ခြင်းခံလျှက် လက်ဝါးကားတိုင် ၌ အသွေးတော် မြတ်ကို စီးဆင်စေခဲ့သည်။
ယနေ့ခရစ်ယာန် မြောက်များစွာတို့သည် ငြိမ်သက်ခြင်း မရှိနိုင်ခြင်း သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို လုံးဝနားမလည်သောကြောင့် ဖြစ်သည်။ ဤအရာသည် ယနေ့ ခရစ်ယာန်ဘာသာကို ယုံကြည်ကိုး ကွယ် သူတို့၏ အဖြစ်အပျက်ပင်ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်ရှေ့ မှောက်တော်၌ အယူဝါဒသည် သမ္မာတရားမဟုတ်ပါ။ 
ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်၏ ဖြောင့်မတ်ခြင်း၌ အသက်ရှင် ခြင်းသည်သာ၍ ကောင်းပါ၏။ ခမည်းတော်ဘုရားက လူသားများ၏ စိတ်နှလုံးထဲ၌ အပြင်ရှိသောကြောင့် သားတော်အဖြစ်ခေါ်ဝေါ်ရန် မထိုက် တန်ဟု ပြောခဲ့ခြင်းမရှိပေ။     မည်းတော်ဘုရားက လူသားသည် ခရစ် တော်ကို ယုံကြည်သည်ဖြစ်စေ (သို့) မယုံကြည်သည်ဖြစ်စေ အပြစ်ရှိခြင်း သည် ကောင်း၏ဟူ၍ ပြောခဲ့ခြင်းမရှိပေ။ ဘုရားသခင်သည် အပြစ်သား များကို သူ၏သားများအဖြစ် လက်မခံပါ။ ဘုရား သခင်သည် ဖန်ဆင်းသော အရာမဟုတ်။ ကျွန်ုပ်တို‹ကိုးကွယ်သော ဘုရားသခင်သည် တန်ခိုးတော် နှင့်ပြည့်စုံသော ဘုရားဖြစ်သည်။ အရာအားလုံးကို သိမြင်သော ဘုရားသ ခင်သည် လူသားအားလုံး၏ ယုံကြည်ခြင်း၊ မှန်မမှန်ကို သိမြင်သည် မဟုတ် လော။ ဘုရားသခင်သည် ခရစ်ယာန်အပြစ်သားနှင့် မှားယွင်းသော ယုံ ကြည်ခြင်းရှိသူတို့အလိုမရှိကြောင်းကို ကျွန်ုပ်တို့နားလည်သင့်သည်။ 
ဘုရားသခင် ရှေ့မှောက်တော်၌ လူသားအားလုံးသည် မှန်သော စကားကိုသာ ဆိုရမည်။ ဖြောင့်မတ်ခြင်းအယူဝါဒကို ယုံကြည်သူတို့သည် ဘုရားသခင်ကို မထီမဲ့မြင် ြုပတတ်ကြသည်။ ထို့ကြောင့် ကျွန်ုပ်တို့ သည် ဘုရားသခင်၏ ဖြောင့်မတ် ခြင်းသမ္မာတရားကို နားလည်ပြီးမှ ယေရှုကို ကျွန်ုပ်တို့၏ ကယ်တင်ရှင်အဖြစ် ယုံကြည်ရမည်။ ခမည်းတော်ဘု ရားက လူသားသည် ခရစ်တော်ကို ယုံကြည်သည် ဖြစ်စေ (သို့) မယုံကြည် သည်ဖြစ်စေ အပြစ်ရှိခြင်းသည် ကောင်း၏ဟူ၍ ပြောခဲ့ ခြင်းမရှိပေ။
ထို့ကြောင့် သင်၏ အပြစ်ပြဿနာ ဖြေရှင်းရန်အတွက် ဘုရားသခင် ၏ ဖြောင့်မတ်ခြင်းကို သင်ယုံကြည်လက်ခံရန် လိုအပ်သည်။ ယေရှု ဗတ္တိဇံနှင့် ကားတိုင်ပေါ် အသွေးတော်အပေါ် ကျွန်ုပ်တို့၏ ယုံကြည်ခြင်းကို ဘုရားသခင်သည် မြင်ရလိမ့်မည်။ ကျွန်ုပ်တို့သည် ဖြောင့်မတ်သော ဘုရား သခင်ကို ယုံကြည်ခြင်းဖြင့် သူ၏လူများဖြစ်ပြီး ကျွန်ုပ်တို‹ကို ကောင်းကြီး ပေးသည်သာမက ပွေ့ဖက်လျက် ရှိသည်။ ကျွန်ုပ်တို့၏ ယုံကြည်ခြင်းသည် စစ်မှန်သော ယုံကြည်ခြင်းဖြစ်သည်။
 
 

ဘုရားသခင်သည် လောကတရားစီရင်သူမဟုတ်

 
ဘုရားသခင်၏ ဖြောင့်မတ်ခြင်း ယုံကြည်ခြင်းသည် နှုတ်ကပတ်တော် ကို ယုံကြည်လက်ခံသော အာဗြဟံ၏ ယုံကြည်မှုအပေါ်တွင် အခြေခံခဲ့ သည်။ ခရစ်ယာန်အများစုသည် အယူဝါဒအကြောင်းကို နားမလည်ကြပါ။ ကျွန်ုပ်တို‹သည် ဤအကြောင်းနှင့် ပတ်သက်၍ လုံးဝနားလည်ရန် လိုအပ် သည်။ ဤလောက၌ စစ်မှန်စွာ တရားစီရင်သော သူမရှိကြောင်း သင်နား လည်သင့်သည်။ ဤလောကတရား စီရင်သူများသည် တရားစီရင်ရာတွင် မှားယွင်းစွာ ဆုံးဖြတ်ချက်ချကြောင်း သင့်နှ လုံးသားထဲ၌ မှတ်ယူရမည်။
အကြောင်းရင်းမှာ လူ‹တရားစီရင်ခြင်းသည် အမှား၊ အမှန်ခွဲခြား၍ သံသယရှိသောကြောင့်ဖြစ်သည်။ ခရစ်ယာန်အများစုသည် ရောမသြဝါဒ စာစောင် အခန်းကြီး (၅) ၌ ယုံကြည်ခြင်းဖြင့် ဖြောင့်မတ်ရာသို့ ရောက် သည်ဟု စီရင်သော ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို အယူမှားရာတွင် ကျွမ်းကျင်ကြသည်။ အကြောင်းမှာ ထိုသူတို့က ဘုရားသခင်၏ ဖြောင့်မတ် ခြင်းသည် သူ၏တရားစီရင်ခြင်း အပြစ်သားကို ဖြတ်သွားသော စီရင်ခြင်း ကဲ့သို့ယုတ္တိဗေဒကို အသုံးပြုဟု ထင်မှတ်ကြသည်။
ဖြောင့်မတ်ခြင်းအယူဝါဒသည် လွဲမှားသော အယူဝါဒဖြစ်သည်။ ဤ အယူဝါဒသည် လူ့အတွေးအခေါ်၌ အခြေခံသည့် အယူဝါဒဖြစ်သည်။ သူတိူ့ သည် လွဲမှားစွာ ဆုံးဖြတ်ချက်ချသည်မှာ သူတို့သည် အနန္တတန်ခိုးနှင့် မပြည့်စုံသောကြောင့် ဖြစ်သည်။ သူတို့၏ အတွေးအခေါ်သည် ဖြောင့် မတ်ခြင်း အယူဝါဒအ ပေါ်တွင် အခြေခံပြီး မှားယွင်းစွာဖြင့် ဘုရားသခင်ကို ကိုးကွယ်ကြသည်။ သူတို့သည် အပြစ်ရှိသော်လည်း ဘုရားသခင်က သူတို့ ကို သူ၏လူအဖြစ် အသိအမှတ်ပြုခြင်း သည် ထိုသူတို့က တနည်း နည်းဖြင့် ယေရှုကို ယုံကြည်ကြသောကြောင့်ဖြစ်သည်။
သို့သော်ဘုရားသခင်သည် ဤသို့ဘာမျှမပြုခဲ့ပေ။ အချို့သော သူများက အပြစ်ရှိသောလည်း ယေရှုခရစ်ကို ယုံကြည်ခြင်းဖြင့် အပြစ်မှ လွတ်သည်ဟု ထင်မှတ်တတ်ကြသည်။ ထိုအရာမှ စာတန်၏ လှည့်ဖျားမှု ကြောင့် မိမိယူဆချက် အပေါ် အခြေခံသော မှားယွင်းသည့် ယုံကြည်ခြင်း ဖြစ်သည်။
ထို့ကြောင့် သူတို့သည် သူတို့၏ ယုံကြည်မှုကို ဘုရားသခင်၏ ဖြောင့်မတ်ခြင်းအပေါ်၌ရှိရန် လိုအပ်သည်။ အနန္တတန်ခိုးနှင့်ပြည့်စုံသော ဘုရားသခင်သည် အပြစ်ရှိနေသော သူတို့၏ စိတ်နှလုံးကို မည်မျှသန့် ရှင်းအောင် စီရင်ခဲ့သနည်း။ အပြစ်ရှိသောသူတို့၏ နှလုံးသားကို အပြစ်မ ရှိရန် ဆုံးဖြတ်ချက်ချပါသလား။ ဘုရားသခင်သည် စစ်မှန်သော ဘုရား ဖြစ်ပြီး မည်သည့်အချိန်မဆို လွဲမှားစွာ ကြံရွယ်ခြင်း မရှိ။ ဘုရားသခင်သည် လူသားကဲ့သို့မှားယွင်းစွာ တရားစီရင်ခဲ့ပါသလား။ ဘုရားသခင်သည် ဖြောင့်မတ်သော ဘုရားဖြစ်သောကြောင့် မယုံကြည်သော သူများကိုပင် လျှင် အပြစ်ကင်းသောသူအဖြစ်သို့ တရားစီရင်လျှက်ရှိသည်။
ဘုရားသခင်၏ ဖြောင့်မတ်ခြင်းအကြောင်းကို သင်နားလည်ပါသ လား။ သူ၏ဖြောင့်မတ်ခြင်းကို သင်ယုံကြည်လက်ခံပါသလား။ ဤအ ကြောင်းကို မွန်မြတ်သော ရေနှင့်ဝိညာဉ်တော်သတင်းကောင်း၌ ထင်ရှား စွာတွေ့မြင်နိုင်သည်။ ဘုရားသခင်သည် ဖြောင့်မတ်သော ဘုရားဖြစ်သော ကြောင့် မယုံကြည် သောသူများကိုပင်လျှင် အပြစ်ကင်းသောသူအဖြစ်သို့ တရားစီရင်လျှက်ရှိသည်။ မိတ်ဆွေသည်လည် ရောမသြဝါဒစာစောင့်ထဲ၌ ဖော်ပြထားသော ရေနှင့်ဝိညာဉ်တော်၏ သတင်းကောင်းကို ယုံကြည်နား လည်းရန်လို့အပ်သည်။ယင်းသို့မဟုတ်လျှင်ဘုရားသခင်၏ ဖြောင့်မတ်ခြင်း ကို နားလည်နိုင်မည်မဟုတ်ပေ။ လူသားတိုင်းသည် ဤသမ္မာတရားကို အမြဲတစေသိရှိရမည်ဖြစ်သည်။ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို နား လည်သောသူသည် သမ္မာတရားကို နားလည်သူဖြစ်ပြီး ထိုအရာက သူ‹ကို ဖြောင့်မတ်စေသည်။
သမ္မာကျမ်းစာက ဖေါ်ပြထားသည့်အတိုင်း ကျွန်ုပ်တို့သည် ဘုရား သခင်၏ ဖြောင့်မတ်ခြင်းကို ယုံကြည်ရမည်။ တနည်းအားဖြင့် သင်၏ယုံ ကြည်ခြင်းကို မှားယွင်းသော လူ‹အတွေးအခေါ် အခြေခံခြင်းမှ ဖယ်ရှား လိမ့်မည်။ အကယ်၍ သင်သည် ဤကဲ့သို‹သော ယုံကြည်ခြင်းမျိုးရှိခဲ့လျှင် ယခုမှစ၍ ဘုရားသခင်၏ ဖြောင့်မတ်ခြင်း နှုတ်ကပတ်တော်အတိုင်း ယုံ ကြည်လက်ခံသင့်သည်။
ခရစ်ယာန် အများစုသည် သီအိုလိုဂျီမှ ဖြောင့်မတ်ခြင်း အယူဝါဒကို သင်ယူခဲ့ရာ ယခုထိမှန်သည်ဟု ထင်မှတ်ကြသည်။ သို‹သော် သင်သည် ဘုရား သခင်၏ ဖြောင့်မတ်ခြင်းအကြောင်း ယုံကြည်ခြင်းဖြင့် စစ်မှန်သော ယုံကြည်ခြင်းသို့ ပြန်လှည့်သင့်သည်။ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းအ ကြောင်းကို ယေရှုဗတ္တိဇံနှင့် ကားတိုင်ပေါ်အသွေးတော် ယုံကြည်မှုက ထင်ရှားစွာ ဖေါ်ပြထားပါသည်။ 
 
 
ဒုက္ခဆင်းရဲခြင်းသည် သည်းခံခြင်းကို ပြုစုတတ်၏
 
(ရော ၅း၃-၄) က “ထိုမျှမက ဒုက္ခဆင်းရဲခြင်းကိုခံ၍ ဝါကြွား ဝမ်းမြောက် ခြင်းရှိကြ၏။ အကြောင်းမူကား ဒုက္ခဆင်းရဲခြင်းသည် သည်းခံ ခြင်းကို ပြုစုတတ်၏။ သည်းခံခြင်းသည်လည်း သက်သေထင်ရှားခြင်း ကိုပြုစုတတ်၏။ သက်သေထင်ရှား ခြင်းသည်လည်း မျှော်လင့်ခြင်းကို ြုပစုတတ်၏” ဟု ဖေါ်ပြထားသည်။ အသစ်တဖန် မွေးဖွားခြင်းခံသော သူတို့က ဘုရားသခင်သည် အမျိုးမျိုးသော ဒုက္ခဆင်းရဲခြင်းမှ ကယ်ဆယ် လိမ့်မည်ဟု မျှော်လင့်ကြသည်။ ဤမျှော်လင့်ခြင်းသည် သည်းခံခြင်းကို ပြုစုတတ်၏။သည်းခံခြင်းသည်လည်း သက်သေထင်ရှားခြင်းကို ပြုစုတတ် ၏။ သက်သေထင်ရှားခြင်းသည်လည်း မြော်လင့်ခြင်းကို ပြုစုတတ်၏။ ထို‹ကြောင့် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို ယုံကြည်သော ဖြောင့်မတ် သူသည် ဒုက္ခဆင်းရဲ ခံရာ၌လည်း ဝမ်းမြောက်လျက်ရှိ၏။
ရှင်ပေါလုက ဘုရားသခင်၏ ဖြောင့်မတ်ခြင်း ယုံကြည်ခြင်းဖြင့် ကောင်း ကင်နိုင်ငံတော်ကို မျှော်လင့်သူများ၊ ထိုသူတို့၏ မျှော်လင့်ချက် သည် မပျက်စီးနိုင်ကြောင်းကို အတိအလင်း ပြောပြသည်။ ဖြောင့်မတ်သူ သည် မည်ကဲ့သို‹သော ယုံကြည်ခြင်းမျိုးရှိသနည်း။ ထိုသူတို့၌ ကောင်းကင် နိုင်ငံတော်ကို ဝင်စားနိုင်ရန် မျှော်လင့်ချက်ရှိသည်။ ဤကဲ့သို့သော ယုံ ကြည်ခြင်းမျိုးကို မည်သည့်အရပ်မှ လာသနည်း။ ဘုရားသခင်၏ ဖြောင့် မတ်ခြင်းကို ယုံကြည်ခြင်းမှဖြစ်သည်။
 
 
ဘုရားသခင်ကပြောသည်မှာကျွန်ုပ်တို့သည်မတရားသောသူ အဖြစ်သို့ ရောက်လေ့ရှိကြသည်
 
(ရော ၅း၆) “ငါတို‹သည် အကျိုးနည်းရှိစဉ်တွင် အချိန်တန်မှ ခရစ်တော်သည် မတရားသော သူတို့အတွက်ကြောင့် အသေခံတော်မူ၏။”
ကျွန်ုပ်တို့မဖြစ်တည်ခင်အချိန် (သို့) အမိဝမ်းထဲ၌ ရှိနေချိန် (သို့) ဘုရားသခင်ကို မသိဘဲ မွေးဖွားလာသော အချိန်မှစ၍ ကျွန်ုပ်တို့အသက် ရှင်စဉ်ကာလ ပတ်လုံးအပြစ်ကျူးလွန်ပြီး နောက်ဆုံးတွင် ငရဲ၌ နိဂုံးချုပ်ရုံမှ အပ အခြားရွေးချယ် စရာလမ်းမရှိပါ။
ကျွန်ုပ်တို့၏ အဘအာဒံနှင့် ဧဝတို့အပြစ်ကျူးလွန်ချိန်တွင် ဘုရားသ ခင်သည် ကျွန်ုပ်တို့ကို ကတိတော်ပေးခဲ့သည်။ (က ၃း၁၅) “သင်နှင့်မိန်းမ ကို၄င်း၊ သင်၏ အမျိုးအနွယ်နှင့် မိန်မ၏ အမျိုးအနွယ်ကို၄င်း၊ ငါသည် ရန်òငိးဖွဲစေမည်။ သူသည် သင်၏ခေါင်းကို ကြိတ်လိမ်မည်။ သင်သည် သူ၏ဖနောင့်ကို ကြိတ်လိမ်မည်ဟု မိန့်တော်မူ၏။” ကတိတော်အတိုင်း ကျွန်ုပ်တို့အပြစ်မကျူးလွန်မီ ယေရှုခရစ်သည် ကျွန်ုပ်တို့၏ အပြစ်အားလုံး ဆောင်ယူရန် ဤလောကသို့ ကြွဆင်းလာပြီး ယော ဟန်ထံ ဗတ္တိဇံခံယူပြီး ကားတိုင်ပေါ်တွင် အသွေးတော် သွန်းလောင်းခဲ့သည်။ သူသည် ရှင်ပြန်ထ မြောက်ခြင်းဖြင့် ကျွန်ုပ်တို‹အပြစ်အားလုံးကို ဖယ်ရှားပေးခဲ့သည်။ ဘုရား သခင်သည် သူ၏ဗတ္တိဇံနှင့် ကားတိုင်ပေါ် အသေခံခြင်းဖြင့် သင်နှင့်ကျွန် တော်အပါအဝင် လောက အပြစ်ဟူသမျှကို ဆောင်ယူခဲ့သည်။
ကျွန်ုပ်တို့သည် တရားသောသူလော။ တရားသောသူသည် ဘုရားသ ခင်ကို ကြောက်ရွံ‹ရိုသေပြီး မိမိကိုယ်မိမိ အပြစ်မကျူးလွန်မိရန် သတိထား သည်။ ဤ အရာသည် စစ်မှန်သော ဘုရားသခင်၏ ဖြောင့်မတ် ခြင်းဖြစ်ပြီး ထိုအရာက ကျွန်ုပ်တို့နှင့် မတရားသောသူတို့အတွက် ယေရှုသည် ဗတ္တိဇံခံ ၍ ကားတိုင်ပေါ်တွင် အသေခံပြီး ရှင်ပြန်ထမြောက်ခဲ့ပါသည်။ ကျွန်ုပ်တို့ သည် မျှော်လင့်ချက်ကင်းမဲ့ချိန်တွင် ဘုရားသခင်၏ကြီးမြတ်သော မေတ္တာ တော်ဖြင့် ကျွန်ုပ်တို့ကို ကယ်တင်ခဲ့သည်။
ဣကရေလလူမျိုးများ၏ တနှစ်တာ အပြစ်များသည် အပြစ်ပူဇော် မည့် ယဇ်ပေါ်တွင် ဓမ္မဟောင်းကျမ်း၌ ယဇ်ပရောဟိတ်မင်း၏ လက်ဖြင့် လွှဲအပ်သကဲ့သို့(တရား ၁၆း၂၀-၂၁) သင်၏ဘုရားသခင် ထာဝရဘုရားပေး တော်မူသောပြည်ကို သင်သည် အသက်ရှင်၍အမွေခံမည်အကြောင်း၊ ဖြောင့်သော တရားလမ်းသို့သာ လိုက်ရမည်။ သင်၏ဘုရားသခင် ထာဝရ ဘုရားအဖို့သင်တည်သောယဇ်ပလ္လင် အနားမှာ အဘယ်သို့သော အာရှရပင် ကိုမျှမစိုက်ရ။ ယေရှုခရစ်သည် လူသားတို့၏ အပြစ်များကို ဗတ္တိဇံယော ဟန်ထံ ဗတ္တိဇံခံခြင်းဖြင့် ယူသွားသည်သာမက လောက၏ အပြစ်များကို ယူဆောင်၍ အသေခံရန် ကားတိုင်လမ်းကို လျှောက်ခဲ့သည်။ 
မိတ်ဆွေနှင့် ကျွန်ုပ်တို့သည်လည်း ဘုရားသခင်အားဂိုသေ လေးစား ခြင်း ရှိပါသလော။ ကျွန်ုပ်တို့သည် ဘုရားသခင်အပေါ် ရိုသေလေးစားခြင်း မရှိသောကြောင့် ယေရှုခရစ်သည် ၌လောကသို့ ကြွလာခဲ့သည်မဟုတ် လော။ ဘုရားသခင်သည် ထိုဆရာတို့ကို နားလည်လျှက်ရှိသည်။ ကျွန်ုပ်တို့သည် မွေးသည့်ရက်မှစ၍ အပြစ်မကျူးလွန်ဆဲ မနေနိုင်သော ကြောင့် ဘုရားတရားကို မကြည်ညှိနိုင်ခြင်း ဖြစ်သည်။ သို့သော်လည်း သခင်ယေရှုသည် ရှင်ယောဟန်ထံ၌ ရေနှစ်ခြင်းခံယူကာ၊ ကားတိုင်၌ အသွေးတော်စီးဆင်းစေခြင်းအားဖြင့် သူ၏မေတ္တာကို ဖော်ပြခဲ့ပါသည်။
 
 
ကျွန်ုပ်တို‹၏ ကံကြမ္မာကို ပြောင်းလဲစေသော သခင်ယေရှု
 
မွေးနေ့မှစ၍ မည်ကဲ့သို့သော ကံကြမ္မာသည် ကျွန်ုပ်တို့၌တည် ရှိကြောင်း စဉ်းစားသင့်သည်။ မွေးချိန်မှစ၍ ကျွန်ုပ်တို့၏ ကံကြမ္မာသည် အဘယ်နည်း။ ကျွန်ုပ်တို့ကို ငရဲသွားရန် ကံကြမ္မာက ဖန်တီးခဲ့သည်။ ကျွန်ုပ် တို့သည် ရေနှင့်ဝိညာဉ်တော် သတင်းကောင်းဟူသော သမ္မာတရားကို ယုံကြည်သောကြောင့် ကျွန်ုပ်တို‹၏ ကံကြ မ္မာသည် မှောင်ရာမှ လင်းရာသို့ ပြောင်းလဲလာသည်။ ကျွန်ုပ်တို့၏ ကံကြမ္မာကို ပြောင်းလဲစေသော အရာသည် မွန်မြတ်သော ရေနှင့်ဝိဉာဉ်တော် သတင်းကောင်း ဖြစ်သည်။ ယေရှုကို ယုံကြည်ခြင်းသည် ကံကြမ္မာအတွက် ကောင်းချီးမင်္ဂလာ ဖြစ်၏။
အောက်၌ ဖေါ်ပြသော ဓမ္မသီးချင်းကို သင်သိဖူးပါလိမ့်မည်။ ဘုရားသ ခင်၏ ဂရုဏာတော်နှင့် ဖြောင့်မတ်ခြင်း သမ္မာတရားက ကျွန်ုပ်တို့၏ ကယ် တင်ခြင်း အကြောင်းကို သက်သေပြခဲ့သည်။ ကယ်တင်ခြင်းဟူသော သမ္မာ တရားက ဘုရာသခင်၏ ဂရုဏာတော်နှင့် ဖြောင့်မတ်ခြင်းကို ထင်ရှားစေပါ သည်။ တစုံတ ယောက်က ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို နားလည် သောအခါ သူ၌ငြိမ်သက်ခြင်းရှိပြီး အပြစ်မှ လွှတ်ခြင်းကို ခံခဲ့သည်။ ယေရှုကို ယုံကြည်သော်လည်း စိတ်ထဲ၌ အပြစ်ရှိသော သူတို့သည် ဘုရား သခင်၏ ဖြောင့်မတ်ခြင်းကို နားလည်နိုင်ရန် ရေနှင့်ဝိညာဉ်တော်သတင်း ကောင်းသို့ ပြန်လှည့်ရန် လိုအပ်သည်။
ရေနှင့်ဝိညာဉ်တော် သတင်းကောင်းကို မယုံကြည်သော ခရစ်ယာန် များသည် သူတို့အပြစ်အားလုံး ယေရှုအပေါ်သို့လွှဲအပ်ပြီဖြစ်ကြောင်း မသိခဲ့ကြပေ။ ထို့ကြောင့် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို နားမလည်နိုင် ပြီး သက်သေခံလိမ့်မည်မဟုတ်။ သူတို့က ယေရှုသည် လောကသို့ကြွဆင်း လာပြီး ကားတိုင်ပေါ်အသေခံ ခြင်းဖြင့် သူတို‹အပြစ်အားလုံးမှ ကယ်တင်ခဲ့ သည်ကို ယုံကြည်ခဲ့သော်လည်း ကယ်တင်ခြင်းရ။ မရ မသေချာဖြစ် တတ် ၏။အကြောင်းမှာ ဘုရားသခင်သည် ဤလောကကို မဖန်ဆင်းမီပင်လျှင် လူသားအားလုံးကို ရွေးချယ်ထားသောကြောင့် လွန်ငြိမ်ချမ်းသားခွင့်ရ ရှိခဲ့ခြင်း ဖြစ်သည်။ ထိုအရာကို လူသားတို့က ခရစ်ယာန်ဘာသာသည် ဘာ သာတစ်မျိုးဖြစ်သည်ဟု ယုံကြည်သူဆခဲ့ကြသည်။
အခန်းငယ် (၁၁) တွင် “ထိုမျှမက ငါတို‹သခင် ယေရှုခရစ်အားဖြင့် မိတ်သ ဟာယဖွဲ့ရာ ကျေးဇူးကို ယခုခံပြီးလျှင် ထိုသခင်အားဖြင့် ဘုရားသ ခင်၌ ဝါကြွား ဝမ်းမြောက်ခြင်းရှိကြ၏။” မည်သူသည် အပြစ်သားများကို ဘုရားသခင်နှင့် ပြန်လည်သင့်မြတ်စေသနည်း၊။ ယေရှုခရစ်သည် ဤလော ကသို့ကြွဆင်းလာပြီး အသက် (၃၀) တွင် ယောဟန်ထံ ဗတ္တိဇံခံယူ၍ ကားတိုင်ပေါ် ၌ အသေခံပြီး ရှင်ပြန်ထ မြောက်ခြင်းဖြင့် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို ပြည့်စုံစေသည်။ သခင်ယေရှု ခရစ်သည် ယဇ်ပရော ဟိတ်အဖြစ် လူ့ဇာတိခံယူလျှက် ဤလောကသို့ ကြွဆင်းလာကာ အပြစ် အားလုံးကို ဆောင်ယူသွားခြင်းဖြစ် ကျွန်ုပ်တို့၏ ကယ်တင်ရှင် ဖြစ်လာ လေသည်။ 
ယေရှုခရစ်သည် ကျွန်ုပ်တို‹အပြစ်အားလုံးကို ဖယ်ရှားပေးခြင်းဖြင့် ဘုရား သခင်၏ဖြောင့်မတ်ခြင်းကို သက်သေပြခဲ့သည်။ ယေရှုသည် ကျွန်ုပ် တို့ကို အပြစ်မှ ကယ်တင်သည်ဟု ယုံကြည်သူများသည် ဘုရားသခင်၌ ဝမ်းမြောက်ကြ၏။ စိတ်ထဲ၌ အပြစ်အနည်းငယ်ရှိခဲ့လျှင် ဘုရားသခင်၏ ချစ်မြတ်နိုးသောသား မဖြစ်နိုင်ပါ။ 
သူတို့က ဖြောင့်မတ်ခြင်းအယူဝါဒနှင့် အဆင့်ဆင့်ပြောင်းလဲသန့် ရှင်းခြင်း အယူဝါဒတို‹သည် မှန်သည်ဟု ထင်ကြသည်။ ကားတိုင်ပေါ်၌ ပေးဆပ်ခဲ့ခြင်း၊ ရှင်ပြန်ထမြောက်ခြင်းအားဖြင့် ကျွန်ုပ်တို့၏ကယ်တင်ရှင် ဖြစ်လာသည်။ ကျွန်ုပ်တို့သည် သခင်ယေရှုခရစ်တော်ကို ယုံကြည်ခြင်းဖြင့် အပြစ်ကင်းမဲ့သူအဖြစ် မှတ်ယူနိုင်မည်လော။ ထိုသို့မဟုတ်ပါက ကျွန်ုပ်တို့ သည် မိမိကိုယ်ကို ခရစ်ယာန်အဖြစ် မှတ်ယူထင်းရှားစေခြင်းဖြင့် ဘုရား သားဖြစ်မည် ဆိုသည်မှာ မှန်မည်လော။
ကျွန်ုပ်တို‹သည် “ကောင်းကင်ဘုံ၌ ရှိတော်မူသော အဖဘုရား” ဟု ဆု တောင်းနိုင်သော်လည်း စိတ်ထဲ၌ အပြစ်ရှိသူများသည် ဤသို‹ဖြင့် ဘုရား သခင်ထံ ဆုတောင်းနိုင်မည်မဟုတ်။ ကျွန်ုပ်တို့ကို ဖြောင့်မတ်ခြင်းအယူဝါ ဒကို လက်ခံနေတုန်းပဲလား။ အပြစ်သားတယောက်က ဘုရားသခင်ကို သူ၏ကယ်တင်ရှင်ဟု ခေါ်နိုင်မည်လော။ မခေါ်နိုင်ပါ။ အကယ်၍ ခေါ်မိ လျှင်လည်း မိမိကိုမိမိ ရှက်လာမည်။ ထို့ကြောင့် ဖြောင့်မတ်ခြင်း အယူဝါ ဒက သင့်ကို ဘုရားသခင်၏ ဖြောင့်မတ်ခြင်းမှ လမ်းလွဲစေလိမ့်မည်ကို သင်သတိထားသင့်သည်။
ဖြောင့်မတ်ခြင်း၏ ထင်မြင်ယူဆချက်သည်လည်း မှားယွင်းသည်။ ထိုယူ ဆချက်မှ မသေခင် သန့်ရှင်းဖြောင့်မတ်သောသူအဖြစ် ဘုရားသခင် တွေ့ နိုင်မည်ဟု ဖော်ပြခြင်းဖြစ်သည်။ မိတ်ဆွေသည်လည်း တဖြည်းဖြည်း ဖြောင့်မတ်ခြင်းဖြစ် ဘုရားသခင်ကို တွေ့ရှိနိုင်မည်ဟု ယူဆပါသလား။ လုံးဝမဖြစ်နိုင်ပေ။ လူသားသည် ဖြောင့်မတ်သော ဘုရားသခင်ကို ယုံကြည် မှသာလျှင် ဘုန်းတော်ဝင် စားနိုင်မည်ဟု သမ္မာတရား၌ ဆိုထားသည်။
 
 
အပြစ်တရားသည် တယောက်သောသူအားဖြင့်ဤလောကသို့ ဝင်ရောက် ၏
 
အခန်းငယ် (၁၂) ကို ဖတ်ကြပါစို့။ “ဤအကြောင်းအရာဟူမူကား အပြစ်တရားသည် တယောက်သော သူအားဖြင့် ဤလောသို့ဝင်၍ အပြစ် တရားအားဖြင့် သေခြင်းတရား ဝင်သည့်နှင့်အညီ လူအပေါင်းတို့သည် အပြစ်ရှိသောကြောင့် သေခြင်းသို့ရောက်ရကြ၏။” မည်သူအားဖြင့် လူသား အားလုံး၏ စိတ်ထဲ၌၄င်း၊ လောက၌၄င်း၊အပြစ်တရားသည် ဝင်ရောက် သနည်း။ တယောက်သောသူသည် အပြစ်ရှိလျှင် ငရဲ၌သာ အဆုံးသတ်သွား လိမ့်မည်။
ကျွန်ုပ်တို့၏ အပြစ်ကြောင့် ကျွန်ုပ်တို့သည် အပြစ်သားမဟုတ်၊ ကျွန်ုပ်တို့၏ဘိုးဘွားဘီဘင်များက အပြစ်ကို ပိုင်ဆိုင်မှုကြောင့်သာလျှင် ဖြစ်၊၏။ အကြောင်းမှာ သူတို‹သည် အပြစ်နှင့် ဤလောကတွင် ဖွားမြင်ခဲ့ ပြီး မဖြောင့်မတ်ကြသောကြောင့် ဖြစ်သည်။ 
ဘုရားသခင် ပြဌာန်းထားသော ပညတ်တော်ကို မလိုက်လျှောက်ရာမှ လူသား၏ အပြစ်တရား စတင်လာခဲ့သည်။ ယခုတွင်လည်း နှုတ်ကပတ် တော်ကို မယုံကြည်သော သူများသည် အပြစ်သားဖြစ်သောကြောင့် ငရဲ၌ အဆုံးသတ်ရ မည်ဖြစ်သည်။ 
ထို့ကြောင့် အောက်၌ ဖော်ပြထားသော အရာများကို လိုက်လျှောက်ရ မည်။ကျွန်ုပ်တို့သည် အပြစ်သားများ မဟုတ်တော့ပေ။ မိတ်ဆွေသည် လည်း လူသား၏အားနည်းချက်ဖြစ်သော နှလုံးသား၌ အပြစ်ရှိသော ကြောင့် အပြစ်ကျူး လွန်တတ်သည်ကို နားလည်းရမည်ဖြစ်သည်။ အ ကြောင်းမှ လူသားသည် မပြည့်စုံသောကြောင့် လောက၌ မွေးစကပင် အပြစ်ရှိသောကြောင့် အပြစ်ပြုလုပ် လျှက်ရှိသည်။
ကျွန်ုပ်တို့သည် အပြစ်၏အစေ့ဖြစ်သော ဘိုးဘွားဘီဘင်တို့၏ အပြစ်ကို အမွေခံယူခြင်းကြောင့် ကျွန်ုပ်တို‹သည် အပြစ်သားများဖြစ်လာ ကြသည်။ သို့သော် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ယုံကြည်သော သူသည် ဖြောင့်မတ်ပြီး သန့်ရှင်းကြောင်းကို သင်နားလည်းသင့်သည်။ 
 
 
မည်သည့်အချိန်တွင် အပြစ်သည် လူ့အထဲ၌ စတင်ပါသနည်း
 
(ရော ၅း၁၃) “ပညတ်တရားကို မထားမှီတိုင်အောင် ဤလောက၌ အပြစ်ရှိ၏။အဘယ် ပညတ်တရားမျှမရှိလျှင် အပြစ်ရှိသည်ဟု မှတ်စရာမ ရှိ။သို့သော်လည်း အာဒံလက်ထက်မှစ၍ မောရှေလက်ထက် တိုင်အောင် သေခြင်းတရားသည် အစိုးရ၏။” ကျွန်ုပ်တို့သည် ဘုရားသခင်၏ ပညတ် တော်မသိမီ အပြစ်ရှိပါလား။ “ငါမှတပါး အခြားသော ဘုရားကို မကိုး ကွယ်နှင့်။ အထက်မိုးကောင်းကင်၌၄င်း၊ အအောက်အရပ်မြေကြီးပေါ်၌၄င်း၊ မြေကြီးအောက် ရေထဲ၌၄င်း၊ ရှိသောအရာ နှင့်ပုံသဏ္ဍာန်တူအောင် ရုပ်တု ဆင်းတုကို ကိုယ့်အဘို့မလုပ်နှင့်။ သင်၏ ဘုရားသခင် ထာဝရဘုရား၏ နာမတော်ကို မုသာနှင့်ဆိုင်၍ မ¹မြွက်မဆိုနှင့်။ဥပုသ်နေ့ကို သန့်ရှင်း စေခြင်းငှါ၊ ထိုနေ့ရက်ကိုအောက်မေ့လော” ဟူ၍ ဘုရားသခင်က ကျွန်ုပ်တို့ ကို မိန့်တော်မူ၏။ ကျွန်ုပ်တို့က ဘုရားသခင်၏ ပညတ်တော်ကို သတိမရ မီ ၆၁၃ ပါဝင်သော ပညတ်တော်က ကျွန်ုပ်တို့ကို လုပ်ရမည်နှင့် ရှောင်ရ မည့်အရာတို့ကို ပြောပြခဲ့သည်။
ထို့ကြောင့် “ပညတ်တရားကို မထားမှီတိုင်အောင် ဤလောက၌ အပြစ်ရှိ၏။ အဘယ်ပညတ်တရားမျှ မရှိလျှင် မဖြစ်ရှိသည်ဟု မှတ်စရာ မရှိ။” ကျွန်ုပ်တို့ တပါးအမျိုးသားတို‹သည် ထိုပညတ်တရားတော်ကို နားမ လည်မီ အပြစ်ကျူးလွန်ခဲ့သည်။ ကိုးရီးယားအများစုသည် ကျောက် ဆောင်ကို “ဗုဒ္ဓွ” ဟု ထင်မှတ် ကာ ကိုးကွယ်ခဲ့ကြသည်။ ထိုသူတို့က အခြားဘုရားကို ကိုးကွယ်ခြင်းသည် ဘုရားသခင် ရှေ›တော်မှောက်၌ အပြစ်ဖြစ်ကြောင်း နားမလည်ကြပါ။
ပညတ်တော်မရှိမီ အပြစ်တရားသည် လောက၌ ရှိခဲ့ပြီဖြစ် သော် လည်း ဘုရားသခင်က အာဒံကို ဖန်ဆင်းပြီးနောက် နှစ်ပေါင်း (၂၅၀ဝ) ခန်‹တွင် ကျွန်ုပ်တို့ကို ပညတ်တော်ပေးခဲ့သည်။ ဘုရားသခင်က သူ၏ပ ညတ်တော်ကို ဣသရေလ လူမျိုးများအား ၁၄၅၀ ဘီစီ ဝန်းကျင်တွင် မောရှေအားဖြင့် ပေးခဲ့သော်လည်း အပြစ်တရားသည် တယောက်သောသူ အာဒံအားဖြင့် လောကသို့ ဝင်ရောက်ခဲ့သည်။ 
 
 
ယေရှုသည် သူ၏လူများအတွက် ကယ်တင်ရှင်
 
ယေရှုကသာ လောကအပြစ်အားလုံးကို ဖယ်ရှားခဲ့ပါသလား။ မှန်ပါ၏။ အခန်းငယ် (၁၄) တွင် “သို့သော်လည်း အာဒံလက်ထက်မှစ၍ မောရှေလက်ထက် တိုင်အောင် သေခြင်းတရားသည် အစိုးရ၏။ အာဒံ ပြစ်မှားသည်နည်းတူ မပြစ်မှား သောသူတို့ကိုပင် အစိုးရ၏။ ထိုအာဒံသည် နောက်လာလတံ့သောသူ၏ ပုံပမာ ဖြစ်သတည်း။” လူသားသည် တယောက်သောအားဖြင့် အပြစ်သားများဖြစ်ကြသည်။ အလားတူ ယေရှု ခရစ်သည် ဤလောသို့ ကြွဆင်းလာပြီး ရေနှင့်ဝိညာဉ် တော်သတင်း ကောင်းအားဖြင့် ကျွန်ုပ်တို့ကို အပြစ်မှ ကယ်တင်ခဲ့သည်။ 
ယေရှုသည် သူ၏လူများကို သူတို့အပြစ်မှ ကယ်တင်သောကြောင့် သူ သည် ကယ်တင်ရှင်ဖြစ်၏။ (တ ၄း၁၂) “ထိုသခင်၏ နာမတော်မှတပါး ငါတို့ကို ကယ်တင်နိုင်သော နာမတစုံတခုမျှ ကောင်းကင်အောက် လူတို့ တွင် မပေါ်မရှိဟု ပေတရုသည် ထိုသူတို့အား ¹မြွက်ဆို၏။” ထိုသူ၏ အမည် နာမသည် ယေရှုခရစ် ထာဝရကယ် တင်ရှင်ဖြစ်၏။
အာဒံအားဖြင့် ကျွန်ုပ်တို‹သည် အလိုအလျောက် အပြစ်သားများဖြစ် ကြောင်းကို နားလည်ရမည်။ ယေရှုခရစ်သည် တခါတည်းဖြင့် လောကအ ပြစ်အား လုံးဖယ်ရှားပြီး ကယ်တင်ရှင်ဖြစ်ကြောင်း သင်နားလည်ပါသ လား။ ယေရှုခရစ်သည် သူ၏ဗတ္တိဇံနှင့်ကားတိုင်ပေါ် အသွေးတော်သွန်း လောင်းခြင်းဖြင့် လောကအပြစ်ဟူသမျှကို ဆောင်ယူပြီး ကယ်တင်ရှင်ဖြစ် ကြောင်း သင်ယုံကြည်ပါသလား။ အာဒံသည် အမှားတခုကို ကျူးလွန်ခြင်း အားဖြင့် အပြစ်အားလုံး စတင်ရာဖြစ် လာသကဲ့သို့ယေရှုခရစ်သည်လည်း လောကအပြစ်များကို ဖယ်ရှားခြင်းဖြင့် လူသားအားလုံး၏ စစ်မှန်သော ကယ်တင်ရှင်ဖြစ်လာကြောင်းကို မိတ်ဆွေ ယုံကြည်ပါသလား။
ယေရှုခရစ်သည် တယောက်သောသူ အာဒံအားဖြင့် အပြစ်သားများ ဖြစ်လာသော လောကီသားများကို ကယ်တင်ရန် ယောဟန်ထံ၌ ဗတ္တိဇံခံ ခြင်း၊ အပြစ်အားလုံး၏ တရားစီရင်မှုကိုခံယူ၍ ကားတိုင်ပေါ်၌ အသွေး တော်သွန်းလောင်းခြင်းဖြင့် ကျွန်ုပ်တို‹အပြစ်များကို ပယ်ဖျက်ပေးသည့် ဘုရားသခင်၏ ဖြောင့် မတ်ခြင်းကို ပြည့်စုံစေရန် လောကသို့ ကြွ လာခဲ့သည်။ ဤနည်းအားဖြင့် သူသည် ကျွန်ုပ်တို‹၏ ကယ်တင်ရှင်ဖြစ် လာသည်။
ဖြောင့်မတ်ခြင်း အယူဝါဒနှင့် အဆင့်ဆင့် ပြောင်းလဲ သန့်ရှင်းခြင်း အယူ ဝါဒတို့ကို ယုံကြည်ခြင်းဖြင့် ကျွန်ုပ်တို့က ကယ်တင်ခြင်းအကြောင်း ကို သက်သေ မပြနိုင်ပါ။ ယေရှုသည် တခါတည်းဖြင့် ကျွန်ုပ်တို့အား ထာဝရ ကယ်တင်ခြင်းကို ပေးခဲ့ပါသည်။ ယေရှုက ရေနှင့်ဝိညာဉ်တော်သ တင်းကောင်း၌ အသစ်တဖန်မွေးဖွားခြင်း ခံယူသူများကသာ ကောင်းကင် နိုင်ငံတော်ကို ဝင်စားနိုင်မည်ဟု ပြောခဲ့ သည်။
မည်သည့် ထင်မြင်ချက်သည် လူသား၏ အသိတရားထဲ၌ တည်ရှိသ နည်း။ ထိုအရာမှ အဓိကကျသော အချက်ဖြစ်သည်။ လူသားတို့သည် မိမိကြိုးစားအားထုတ်ခြင်းဖြင့် ကယ်တင်ခြင်း သို့ရောက်ရှိနိုင်မည်ဟု ထင် မှတ်ခဲ့ကြသည်။ အမှန်မှာလူသားသည် ရေနှင့်ဝိညာဉ်တော်၏ သတင်း ကောင်းကို ယုံကြည်မှသာ ကယ်တင်ခြင်းသို့ ရောက်ရှိနိုင်မည်ဖြစ်သည်။ ထို့ကြောင့် ခရစ်တော်သည် ဤ လောကသို့ ကြွဆင်းလာခဲ့၍ ကားတိုင်၌ အသေခံခြင်းအားဖြင့် ကျွန်ုပ်တို့၏ ကယ် တင်ရှင် ဖြစ်လာလေသည်။
မိတ်ဆွေ၊ နောင်တရကာ ဆုတောင်းခြင်းဖြင့် ဖြောင့်မတ်သောသူအ ဖြစ်သို့ ရောက်ရှိနိုင်သည်ဟူသော မှားယွင်းသည် ယူဆချက်ကို အဝေးသို့ ဖယ်ရှားရ မည်ဖြစ်သည်။ သခင်ယေရှုခရစ်တော်သည် ကျွန်ုပ်တို့အဖို့ကား တိုင်၌ ပေးဆပ်ခဲ့ခြင်းသည် ပြည့်စုံလောက်ကြောင်း သမ္မာကျမ်းထဲ၌ ဖော်ပြလျှက်ရှိသည်။
 
 
ထာဝရအပြစ်လွှတ်ခြင်း
 
အခန်းငယ် (၁၅) က ပြောသည်။ “သို့သော်လည်း ပြစ်မှားခြင်းသ ဘောနှင့် ကျေးဇူးတင်သဘောမတူ။ အကြောင်းမူကား လူတယောက်သည် ပြစ်မှားသောအားဖြင့်လူများတို့သည်သေခြင်းသို့ရောက်ကြ၏။တ ယောက် သောသူတည်းဟူသော ယေရှုခရစ်အားဖြင့် ဘုရားသခင်၏ ကျေးဇူးတော် နှင့်ကျေးဇူးတော်၏အကျိုးသည် လူများတို့၏သာ၍ကြွယ်ဝပြည့်စုံ၏။”
ယေရှုဗတ္တိဇံခံယူစဉ်တွင် ကျွန်ုပ်တို‹၏ အပြစ်များသည် သူ့အပေါ်သို့ ကျရောက်ပါသလား။ ကျရောက်ပါသည်။ ယေရှုသည် လောကအပြစ်အား လုံးကို ထမ်းဆောင်ပြီး ကားတိုင်ဘက်ကိုဦးတည်ကာ ကျွန်ုပ်တို့အပြစ် သားများအတွက် တ ရားစီရင်ခြင်းကို ခံခဲ့သည်။
ဘုရားသခင်၏ ကယ်တင်ခြင်းဖြစ်သော ကျေးဇူးတင်ခြင်းနှင့် ပြစ် မှားခြင်းသဘောမတူ။
ယေရှုက အသက် (၃၃) နှစ်တွင် သူ၏ဗတ္တိဇံနှင့် ကားတိုင်ပေါ် အသွေးတော်အားဖြင့် ကျွန်ုပ်တို့ကို အပြစ်မှ ကယ်တင်ခဲ့သည်။ ကျွန်ုပ်တို့ သည် အပြစ်လွှတ်ခြင်းကို ယုံကြည်ခြင်းဖြင့် ကယ်တင်ခြင်းကို သက်သေပြ ခဲ့သည်။ ကျွန်ုပ်တို့၏ ဇာတိပကတိက ဒုစရိုက် ဆက်လက် ကျူးလွန်ခြင်း သည် မလုံလောက်သည့်အပြင် ပျက်စီးလွယ်၏။ ကျွန်ုပ်တို့၏ဇာတိသည် အပြစ်ကို ဆက်လက် ကျူးလွန်နေသော်လည်း ကျွန်ုပ်တို့သည် ယေရှုခ ရစ်က ဗတ္တိဇံခံခြင်းဖြင့် ကျွန်ုပ်တို‹အပြစ်အားလုံးကို ယူဆောင်သွားပြီး အသွေးသွန်းလောင်းခြင်းဖြင့် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို ပြည့်စုံစေ ခဲ့ကြောင်း ယုံကြည်လျှင် အပြစ်မှ ထာဝရလွတ်ငြိမ်းခွင့်ကို ရရှိနိုင်ပါသည်။
အပြစ်မှလွှတ်ခြင်း၊ ကယ်တင်ခြင်းသည် အာဒံ၏ ပြစ်မှုကျူးလွန်ခြင်း နှင့် မတူ။ ထို့ပြင် နေ့စဉ်ပြစ်မှားခြင်းနှင့်လည်းမတူ။ လွန်ခဲ့သော အနှစ် (၂၀ဝ၀) တွင် ယေရှုသည် သူ၏ဗတ္တိဇံနှင့် ကားတိုင်ပေါ် အသွေးတော်သွန်း လောင်းခြင်းဖြင့် ကျွန်ုပ်တို့ကို လောကအပြစ်အားလုံးမှ ကယ်တင်သည်ဟု အပြစ်လွှတ်ခြင်း တရားက ဖေါ်ပြထားသည်။ 
ဘုရားသခင်သည် အပြစ်သားဖြစ်သော ကျွန်ုပ်တို့၏ အပြစ်ပြုလုပ် ခြင်းကို သိသောခရစ်တော် ယေရှု၏ ရေနှစ်ခြင်းအားဖြင့် ဆေးကြောပေးခဲ့ ပြီးဖြစ်သည်။ ထို့ကြောင့် ခမည်းတော်ဘုရားသည် သားတော်၏ ရေနှစ်ခြင်း နှင့် ကားတိုင်ပေါ်၌ အသေခံခြင်းအားဖြင့် ဖြောင့်မတ်ခြင်းအဖြစ် ပြည့်စုံစေခဲ့သည်။ ယေရှုခရစ်သည် ရေနှစ်ခြင်း ခံယူခဲ့ခြင်း၊ ကားတိုင်ပေါ်၌ အသေခံကာ အသွေးတော်စီဆင်းစေခြင်း ရှင်ပြန်ထမြောက်ခဲ့ခြင်းဖြင့် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို ပြည့်စုံစေခဲ့ပါသည်။အဖိုးအခပေးရန် မလိုသောဘုရားသခင်၏ ဖြောင့်မတ်ခြင်း လက်ဆောင်သည်။ ယနေ့ယေရှု ခရစ်ကို ယုံကြည်ကာ နောင်တရ ဆုတောင်းခြင်းဖြင့် ဖြောင့်မတ်ရာသို့ ရောက်ရှိသည်ဟုမဆိုလိုပေ။ ရှင်ပေါလုက ယုံကြည်ခြင်းဖြင့် ဖြောင့်မတ်ရာ သို့ ရောက်သည်ဟု ဆိုခဲ့ခြင်းမှာ ယနေ့ခရစ်ယာန်များ ယူဆသည်။ ဖြောင့် မတ်ခြင်းကို ရှာဖွေခြင်းကို မဆိုလိုပါ။ 
ယနေ့ခရစ်ယာန် အများစုသည် နောင်တရ ဆုတောင်းခြင်းဖြင့် အပြစ် လွှတ်ခြင်းခံသည်ဟု ယုံကြည်ကြသည်။ ဤအရာသည် မှန်ပါသလား။ မမှန်ပါ။ လူတယောက်သည် လူသတ်မှုအပြစ် ကျူးလွန်ပြီးမှ နောင်တရ ဆုတောင်းခြင်းဖြင့် ကျေအေးစေရန် ပူဇော်ခြင်း အတွေးအခေါ်သည် မှား၏။ အပြစ်ကို ဖယ်ရှားရန် အတွက် အပြစ်၏အဖိုးအခကို ပေးဆပ်ရန် လိုအပ်သည်။ ထို‹ကြောင့် ဘုရားသခင် သည် ယေရှုကို ယောဟန်ထံ၌ ဗတ္တိဇံကို ခံစေပြီး ကားတိုင်ပေါ်၌ အသွေးတော်ကို သွန်းလောင်းစေခဲ့ သည်။ နောတရ ဆုတောင်းခြင်းဖြင့် အပြစ်မှသန့်ရှင်းသည်မရှိ။ ယေရှု ဗတ္တိဇံနှင့် ကားတိုင်ပေါ် အသွေးတော် ယုံကြည်ခြင်းအားဖြင့်သာလျှင် အပြစ် ကို ဖယ်ရှားနိုင်သည်။ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းအားလုံးသည် ရှင်ပြန်ထ မြောက်ခြင်းအားဖြင့် ပြည့်စုံနေပါသည်။ လူ့အပြစ်ကို နောင်တရ ဆုတောင်း ခြင်းအားဖြင့် သန့်ရှင်းသည် မရှိ၊ ယေရှုဗတ္တိဇံနှင့် အသွေးတော် အားဖြင့်သာလျှင် သန့်ရှင်းနိူင်သည်။
ထို့ကြောင့် ကျမ်းစာက ပြောသည်။ “အကြောင်းမူကား လူတယောက် သည် ပြစ်မှားသောအားဖြင့် လူများတို‹သည် သေခြင်းသို့ရောက်ကြ၏။ တ ယောက်သောသူတည်းဟူသော ယေရှုခရစ်အားဖြင့် ဘုရားသခင်၏ ကျေး ဇူးတော်နှင့် ကျေးဇူးတော်၏အကျိုးသည် လူများတို‹၌သာ၍ ကြွယ်ဝပြည့် စုံ၏။” ဘုရားသခင်၏ ကျေးဇူးတော်သည် အမြဲစီးဆင်းလျက်ရှိ၏။ ကျွန်ုပ် တို့သည် စီးဆင်းနေ သော ရေကဲ့သို့ ဒုစရိုက်အပြစ်ကို ကျူးလွန်ခဲ့သော် လည်း ဘုရားသခင်၏ ကယ်တင်ခြင်းသည် ကျွန်ုပ်တို့ကို အပြစ်မှ ကယ် ဆယ်ရန် လုံလောက်သည်။
ယေရှုသည် ဗတ္တိဇံခံယူခြင်းဖြင့် လောကအပြစ်ဟူသမျှကို ဆောင်ယူခဲ့ သည်။ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်၏ ကယ်တင်ခြင်းသည် ကျွန်ုပ်တို့က ဒုစရိုက်အပြစ်ကို ကျူးလွန်သောမတရားမှုထက်ပို၍ ကြီး မားပြီး ဘုရားသခင်၏ ကယ်တင်ခြင်းသည် ကျွန်ုပ်တို‹ကို ကယ်တင်ရန် အတွက် နွမ်းသည်မရှိ။
 
 
တယောက်သောသူ (ယေရှု) အားဖြင့်
 
အခန်းငယ် (၁၆-၁၇) တွင် “ထိုမှတပါး လူတယောက်ပြစ်မှားသော အရာနှင့် ကျေးဇူးတော်အရာမှာ အပြစ်တခုကြောင့် ဒဏ်ခံစေဟုစီရင်၏။ ကျေးဇူး တော်အရာမှာ အပြစ်များလျက်ပင် လွတ်စေဟု စီရင်၏။ ထိုမှတ ပါး လူတယောက် သည် ပြစ်မှားသောကြောင့် ထိုတယောက်သောအားဖြင့် သေခြင်းတရားသည် အစိုးရ၏။ ကျေးဇူးတော်၏ ကြွယ်ဝခြင်းကို၄င်း၊ ဖြောင့်မတ်ရာသို့ သွင်းပေးတော်မူခြင်းကို၄င်း ခံရသောသူတို့သည်တ ယောက် သောသူတည်းဟူသော ယေရှုခရစ်အားဖြင့် အသက်ရှင်လျက်သာ ၍ စိုးစံရကြလတ္တံ့။”
အပြစ်တရားအားဖြင့် သေခြင်းတရားသည် လူကို အစိုးရ၏။ တ ယောက်သောသူအာဒံက လူသားအားလုံးကို အပြစ်သားများဖြစ်စေပြီး ထိုအပြစ်ကြောင့် ဘုရားသခင်၏ ကျိန်ဆဲခြင်းကို လူတိုင်းကြုံတွေ့ရမည်ကို ဤအရာကညွန်းပြသည်။ အပြစ်ရှိသောသူအားလုံး ငရဲသို့သွားရလိမ့်မည်။ ထိုနည်းတူ တယောက်သောသူ ယေရှုခရစ်၌ အသက်ရှင်သောသူတို့ကို ဘုရားသခင်၏ ဖြောင့်မတ်ခြင်းက အစိုးရ၏။ ရေနှင်ဝိညာဉ်တော်သတင်း ကောင်းကို ယုံကြည်ခြင်းဖြင့် ကယ်တင်ခြင်းရရှိ သောသူတို့အထဲ၌ ဘုရားသခင်၏ ဖြောင့်မတ်ခြင်း စမ်းရေသည် စီးဆင်း၏။ ထို သူတို့သည် ဘုရားသခင်၏ ဂဂုဏာတော်အားဖြင့် အသက်ရှင်နေထိုင်ကြသည်။
အခန်းငယ် (၁၈) တွင် “ထို‹ကြောင့် တယောက်သောသူ၏ ပြစ်မှားခြင်းအားဖြင့် လူအပေါင်းတို့သည် အပြစ်စီရင်ခြင်းနှင့် တွေ့ကြုံကံရ ကြ သည်နည်းတူ တယောက်သောသူ၏ ဖြောင့်မတ်ခြင်းအားဖြင့် လူအ ပေါင်းတို့သည် အသက်နှင့် ယှဉ်သောဖြောင့်မတ်ရာသို့ ရောက်ခြင်းအ ခွင့်ကို ရကြ၏။”
လူတယောက်၏ ဒုစရိုက်အပြစ်ကြောင့် ကျွန်ုပ်တို့သည် အပြစ်သား များ ဖြစ်ကြပါသလား။ သင်၏အပြစ်တရားကြောင့် သင်သည် အပြစ်သား ဖြစ်သလော။ (သို့) အာဒံက ဘုရားသခင်ကို ဆန့်ကျင်သော အပြစ်တရား ကြောင့်လော။ အာဒံ၏ ပြစ်မှားခြင်းကြောင့် ကျွန်ုပ်တို့သည် အပြစ်သား များဖြစ်လာပြီး ယေရှုခရစ်က ကျွန်ုပ်တို့ကို အပြစ်မှ ကယ်တင်ကြောင်း ယုံကြည်သူများသည် ဖြောင့်မတ်ကြသည်။ ဘုရားသခင်၏ ဖြောင့်မတ်ခြင်း ကို ယုံကြည်သောသူတဦးသည် စစ်မှန်သော အပြစ် ဖယ်ရှားခြင်းကို ရရှိပါ သလား။ ရရှိပါသည်။ 
“တယောက်သောသူ၏ ဖြောင့်မတ်ခြင်းအားဖြင့် လူအပေါင်းတို့သည် အ သက်နှင့်ယှဉ်သော ဖြောင့်မတ်ရာသို့ ရောက်ခြင်းအခွင့်ကို ရကြ၏။” အဖိုးအခပေးရန် မလိုသောဘုရားသခင်၏ ဖြောင့်မတ်ခြင်း လက်ဆောင် သည်။ ယနေ့ယေရှု ခရစ်ကို ယုံကြည်ကာ နောင်တရ ဆုတောင်းခြင်းဖြင့် ဖြောင့်မတ်ရာသို့ ရောက်ရှိသည်ဟုမဆိုလိုပေ ရှင်ပေါလုက ယုံကြည်ခြင်း ဖြင့် ဖြောင့်မတ်ရာသို့ ရောက်သည်ဟု ဆိုခဲ့ခြင်းမှာ ယနေ့ခရစ်ယာန်များ ယူဆသည်။ ဖြောင့်မတ်ခြင်းကို ရှာဖွေခြင်းကို မဆိုလိုပါ။
ခရစ်ယာန်အများစုသည် ကားတိုင်ပေါ် အသွေးတော်တခုတည်းကို သာ ယုံကြည်ကြသောကြောင့် သူတို‹စိတ်ထဲ၌ အပြစ်ရှိကြသေး၏။ သူတို့သည် ဖြောင့်မတ်ခြင်းအယူဝါဒကို ယုံကြည်လက်ခံပြီး စိတ်ထဲရှိ အပြစ်များကို ဖုံးကွယ်ခြင်းဖြင့် သူတို့ကိုသူတို့ ခွန်အားယူကြသည်။ သို့သော် သူတို့သည် အပြစ်ကင်းမဲ့သောသူဟု ဆင်ခြင်ကြသော်လည်း သူတို့စိတ်မှာကား အပြစ်နှင့်ပြည့်လျှံ၏။ ဤအယူဝါဒသည် အဓိပ္ပါယ်မဲ့ပြီး ကျွန်ုပ်တို့ကို ကျိန်ဆဲရာသို့ ရောက်စေလိမ့်မည်။
အခန်းငယ် (၁၉) တွင် “အကြောင်းမူကား တယောက်သောသူသည် နားမထောင်သောအားဖြင့် လူများတို့သည် အပြစ်ရောက်သည်နည်းတူ၊ တ ယောက်သောသူသည် နားထောင်သောအားဖြင့် လူများတို့သည် ဖြောင့် မတ် ရာသို့ ရောက်ရကြ၏။”
ဤတွင် နားထောင်သောသူနှင့် နားမထောင်သောသူတို့ကို တွေ‹မြင်နိုင်သည်။တယောက်သည် အာဒံဖြစ်ပြီး ကျန်တယောက်သောသူ ကား လူသားတို့၏ ကယ်တင်ရှင် ယေရှုခရစ်ဖြစ်သည်။ အာဒံ၏ အမိန့် မနာခံခြင်းက လူသားအားလုံးကို အပြစ်သားဖြစ်စေ၏။ သို့သော် ယေရှု သည် ဘုရားသခင်၏ အလိုတော်ကို နာခံကာ ဗတ္တိဇံယူခြင်းဖြင့် လူတို့ကို ဘုရားသခင်နှင့် ပြန်လည်သင့်မြတ်စေပြီး လောကအပြစ်အတွက် ကားတိုင်ပေါ်တွင် အသေခံကာ ရှင်ပြန်ထမြောက်ခြင်းအားဖြင့် ကျွန်ုပ်တို့ ကို အပြစ်အားလုံးမှကယ်တင်ခဲ့သည်။ ဘုရားသခင်သည် သူ၏ ဖြောင့်မတ် ခြင်းဖြင့် ယေရှုကို ယုံကြည်သူအားလုံး ဖြောင့်မတ်စေ၏။ 
အခန်းငယ် (၂၀) တွင် “ထိုမှတပါး ပညတ်တရားသည် တဖန်ဝင်သ ဖြင့် ပြစ်မှားသောအပြစ်ပွားများ၏။ သို‹သော်လည်း အပြစ်ပွားများသည်အ ရာမှာ ကျေးဇူးတော်သာ၍ကြွယ်၏။”
အာဒံ၏မျိုးရိုးများဖြစ်သည့်အတိုင်း လူတို‹သည် အပြစ်သားအဖြစ်နှင့် ဖွားမြင်ပြီး အပြစ်ဒုစရိုက်မကျူး လွန်သော်လည်း အပြစ်သားများဖြစ်ကြ သည်။ ပညတ်တော်မရှိလျှင် အပြစ်ကိုမမြင်နိုင်။ ဘုရားသခင်၏ ပညတ် တော်အားဖြင့် အပြစ်အကြောင်းကို နားလည်နိုင်သည်။ လူတို့သည် အပြစ် နှင့်ပြည့်ဝသော်လည်း ပညတ်တော်ရရှိသည့်တိုင် ကိုယ့်ကိုယ်ကို အပြစ် သားဖြစ်မှန်း နားမလည်ကြပါ။ သို့သော်လည်း ကျွန်ုပ်တို့သည် ပညတ်တ ရားကို သိရှိလာသောအချိန်မှစ၍ မိမိအပြစ်ကို ပို၍သိရှိလာနိုင်သည်။ လူသားသည် အပြစ်ရှိလျက်ပင် ပညတ်တော်ကို နားမလည်သောကြောင့် မိမိ၌အပြစ်ရှိကြောင်း မသိရှိနိုင်ခဲ့ပေ။ထို့ကြောင့် ကျမ်းစာက “ထိုမှတပါးပ ညတ်တရားသည်တဖန်ဝင်သဖြင့် ပြစ်မှား သောအပြစ်ပွါးများ၏။”
“သို့သော်လည်း အပြစ်ပွားများသည့်အရာမှာ ကျေးဇူးတော်၌သာ၍ ကြွယ်၏” ဟု ဖေါ်ပြထားသည်။ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို ယုံကြည်ခြင်းဖြင့် တယောက်သောသူသည် သူ၏အပြစ်ကို နားလည်ပြီး ဘုရားသခင်၏ သားဖြစ်လာကြောင်းကို ဤကျမ်းပိုဒ်က ဆိုလိုပါသည်။ လူတို့သည် ဘုရားသခင်၏ ဂရုဏာတော်ကို စစ်မှန်သော သတင်းကောင်း အားဖြင့် သိမြင်နိုင်သည်။လူသားသည် ပညတ်တော်ပြဌာန်းမီ အပြစ်ရှိ သော်လည်း ယေရှုခရစ်၏ ရေနှစ်ခြင်းခံခဲ့ခြင်း၊ ကားတိုင်၌ အသွေးတော် သွန်းလောင်းခဲ့ခြင်းကို ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းသို့ ရောက်ရှိ နိုင်သည်။ ကျွန်ုပ်တို‹က ပညတ်တော်အားဖြင့် ကျွန်ုပ်တို့၏ အပြစ် အ ကြောင်းကိုပို၍ သိလေလေ၊ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကိုပို၍ ခံစား လေ လေဖြစ်၏။ 
အခန်းငယ် (၂၁) တွင် “ထိုသို့ဖြစ်လျှင် အပြစ်တရားသည် သေခြင်း အားဖြင့် အစိုးရသည်နည်းတူ၊ ငါတို့သည် ယေရှုခရစ်ပြုစုတော်မူ၍ ကျေးဇူး တရားသည် ထာဝရအသက်နှင့်ယှဉ်သော ဖြောင့်မတ်ရာသို့သွင်းခြင်းအား ဖြင့် အစိုးရလေအံ့သတည်း။”
အပြစ်က သေခြင်းတရားကို အစိုးရ၏ဟု ဆိုလိုခြင်းဖြစ်သည်။ ဘုရား သခင်၏ ဂရုဏာတော်တွင် သူ၏ဖြောင့်မတ်ခြင်း၊ ရေနှင့်ယေရှု၏ အသွေး တို့ပါဝင် သည်။ သူ၏ ဖြောင့်မတ်ခြင်းက ကျွန်ုပ်တို့ကို အပြစ်မှ ပြည့်စုံစွာ ကယ်တင်သော ကြောင့် ကျွန်ုပ်တို‹သည် သူ၏သားများဖြစ်လာကြသည်။
အဆင့်ဆင့် ပြောင်းလဲသန်‹ရှင်းခြင်း အယူဝါဒနှင့် ဖြောင့်မတ်ခြင်း အယူ ဝါဒတို့သည် အဓိပ္ပါယ်မဲ့သော ယူဆချက်များဖြစ်ပြီး ၄င်းတို‹က ယုတ္တိ ဗေဒကို ဖြစ်ပေါ်စေပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သံသယရှိရန် လုပ်ခဲ့သည်။ မှားယွင်းသော အတွေးအခေါ် ပညာရှင်များ၏ ယူဆချက်များ ကို ထပ်တလဲလဲ မပြောသင့်ပေ။ ဘုရားသခင်၏ သမ္မာတရားသည် ရှင်းလင်ပြီး ခိုင်မာလျှက်ရှိသည်။ မိတ်ဆွေဘုရား၏ ဖြောင့်မတ်ခြင်းကို ယုံကြည်လျှင် ကယ်တင်ခြင်းသို့ ရောက်ရှိ နိုင်သည်။ 
ယေရှုခရစ် ယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို‹သည် လောကအပြစ် အားလုံးမှ ကယ်ချွတ်ခြင်းကို ခံရကြ၏။ ဘုရားသခင်၌ ယုံကြည်မှုရှိသူများ သည် ကယ်တင်ခြင်းကို ရရှိကြ၏။ ဤအကြောင်းကို သင်ယုံကြည်ပါသ လား။ ယုံကြည်ပါသည်။
ဘုရားသခင်သည် အပြစ်တရားမှ ပြည့်စုံစွာ ရွေးနှုတ်ကယ်တင်ခဲ့ပြီး ဖြစ်သည်။ မိတ်ဆွေပညတ်တော်၌လိုက်လျှောက်ခြင်းမရှိဘဲ နောင်တရကာ ဆုတောင်းခြင်းဖြင့် ဖြောင့်မတ်ရာသို့ ရောက်ရှိနိုင်သည်ဟူသော မှားယွင်း စွာ ဆွေးမြဲလုပ်ဆောင်လျှင် ခေါင်းမာသော ယုံကြည်သူဖြစ်သည်။ သမ္မာတ ရားမပါပဲ မည်ကဲ့သို့ ဖြောင့်မတ်သည်ဟု သင်ပေးစေကာမူ မိမိ၏ ကြိုးစား မူဖြင့် ကယ်တင်ခြင်းသို့ ရောက်နိုင်သည်ဟု ဆိုသော်လည်း ယေရှုခရစ် တပါးတည်းသော ကယ်တင်ခြင်း၏ တံခါးဖြစ်သည်။ ပညတ်တော်ကို ငရပြစ်လိုက်လျှောက်နိုင်ခြင်းသည် နှုတ်ကပတ်တော်ကို ၁၀ဝ မလိုက် လျှောက်နိုင်ခြင်းနှင့်တူလျက်ရှိသည်။ ကျွန်ုပ်တို့သည် ပညတ်တော်ကို ငရဲမျှမလိုက် လျှောက်နိုင်ကြောင်း ဘုရားသခင်သိသည်။ ပညတ်တော်ကို ၃ လိုက်လျှောက်ကာ နောက်မှ ၁၀ အထိ တိုးလာမည်ဟု ပြော သော သူများသည် အသိတရားကင်းမဲ့သူဖြစ်ပြီး ဘုရားသခင်၏ ဖြောင့်မတ်ခြင်း ကို ဆန့်ကျင်အသက်ရှင်သော သူများဖြစ်သည်။ မိမိအသိတရားများအား ဖြင့် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို နားလည်ရန် ကြိုးစာရန်မရပါ။ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို ယုံကြည်ရန် အပြစ်မှ ကယ်တင်ခဲ့ပြီး သူ၏သားသမီးဖြစ်ခြင်း အပေါ် ယုံကြည်ရန် ဘုရားသခင်မျှော်လင့်လျက်ရှိသည်။
ဘုရားသခင်သည် အနန္တတန်ခိုးတော်နှင့် ပြည့်စုံပြီး ကျွန်ုပ်တို့ကို သူ၏ ဖြောင့်မတ်ခြင်းဖြင့် ကယ်တင်ခဲ့ပါသည်။ ကျွန်ုပ်တို့ကို အပြစ်မှကယ်တင် တော်မူသော ယေရှုခရစ် ဗတ္တိဇံနှင့် ကားတိုင်ပေါ်အသွေး တော်တို့ကြောင့် ဂုဏ်တော်ကို အစဉ် ချီးမွှမ်းပါ၏။