Search

တရားဟောချက်များ

ဘာသာရပ် ၉ - ရောမဩဝါဒစာ (ရောမဩဝါဒစာအနက်ဖွင့်ကျမ်းများ)

[4-2] ယုံကြည်ခြင်းအားဖြင့် ကောင်းကြီးမင်္ဂလာခံစားခြင်း (ရောမဩဝါဒစာ ၄း၁-၈)

( ရောမဩဝါဒစာ ၄း၁-၈ )
“ထိုသို့ဖြစ်လျှင် ငါတို‹အဘအာဗြဟံသည် ဇာတိပကတိအားဖြင့် အဘယ် အကျိုးကိုရသနည်း။ အာဗြဟံသည် အကျင့်အားဖြင့် ဖြောင့်မတ် ရာသို့ ရောက်သည်မှန်လျှင် ဝါကြွားစရာအကြောင်းရှိသည်။ ဘုရားသခင် ရှေ့တော်၌ ထိုသို့မဟုတ်။ ကျမ်းစာ၌ အဘယ်သို့လာသနည်း။ အာဗြဟံ သည် ဘုရားသခင်ကို ယုံကြည်သည်ဖြစ်၍ သူ၏ယုံ ကြည်ခြင်းကို ဖြောင့် မတ်ခြင်းကဲ့သို့ မှတ်တော်မူ၏။ အကျင့်ရှိသောသူမည်သည်ကား ကျေးဇူး
အားဖြင့် အကျိုးကိုခံရသည်မဟုတ်။ ခံထိုက်သောအား ဖြင့်ခံရ၏။ အကျင့် မရှိသောသူမည်သည်ကား မတရားသော သူ၏အပြစ်ကို ဖြေသောသူကို ယုံကြည်လျှင် သူ၏ယုံကြည်ခြင်းကို ဖြောင့်မတ်ခြင်း ကဲ့သို့ မှန်လျက်ရှိ၏။ ထို‹အတူ ဘုရားသခင်သည် အကျင့်ကို မထောက်ဘဲလျက် ပေးတော်မူ သော ဖြောင့်မတ်ခြင်းကို ရသောသူ၏ မင်္ဂလာကို ဒါဝိဒ်သည် ရည်မှတ် ၍ဆိုသည်ကား အပြစ်မှလွှတ်ခြင်း၊ ဒုစရိုက်အပြစ် ကို ဖုံးအုပ်ခြင်းသို့ ရောက်သော သူတို့သည် မင်္ဂလာရှိကြ၏။ ထာဝရ ဘုရားအပြစ်တင်တော်မူ ခြင်းနှင့် လွတ်သော သူသည် မင်္ဂလာရှိ၏ဟု ပြောဆိုသတည်း။”
 
 

အပြစ်လွှတ်ခြင်းခံသောသူသည် ကောင်းကြီးမင်္ဂလာရှိ၏

 
ယနေ့ထိတိုင် ပျောက်ဆုံးသော ဝိညာဉ်မြောက်မြားစွာတို့ကို ကယ် တင် လျက်နေသော ထာဝရဘုရား၏ ဂုဏ်တော်ကို ချီးမွှမ်းပါသည်။ သမ္မာ ကျမ်းစာက ရောမအခန်းကြီး (၄) တွင် ကောင်းကြီးမင်္ဂလာခံစား သောသူ တို့အကြောင်းကို ဖေါ်ပြထားပါသည်။
(ရော ၄း၆-၈) “ထို့အတူ ဘုရားသခင်သည် အကျင့်ကိုမထောက် ဘဲလျက် ပေးတော်မူသော ဖြောင့်မတ်ခြင်းကို ရသောသူ၏ မင်္ဂလာကို ဒါဝိဒ်သည် ရည်မှတ်၍ ဆိုသည်ကား အပြစ်မှလွှတ်ခြင်း၊ ဒုစရိုက်အပြစ်ကို ဖုံးအုပ်ခြင်းသို့ ရောက်သော သူတို့သည် မင်္ဂလာရှိကြ၏။ ထာဝရဘုရားအ ပြစ်တင်တော်မူခြင်းနှင့် လွတ်သောသူသည် မင်္ဂလာရှိ၏ဟု ပြောဆိုသ နည်း။” ဘုရားသခင်ရှေ့မှောက်တော်၌ ကောင်းကြီး မင်္ဂလာခံစားနေသော သူတို့အကြောင်းကို သမ္မာကျမ်းစာက ဖေါ်ပြထားသည်။ ကျွန်ုပ်တို့သည် ကောင်းကြီးမင်္ဂလာခံစားသူလော။ မခံစားသူလော။ ကိုယ့်ကိုယ်ကို စမ်းစစ် ကြည့်ကြပါစို့။ 
ကျမ်းစာကို မဆွေးနွေးမှီ ကိုယ့်ကိုကိုယ် စမ်းစစ်ကြပါစို့။ သမ္မာကျမ်း စာက အပြစ်လွှတ်ခြင်းခံသော သူသည် မင်္ဂလာရှိ၏ဟု ပြောပါသည်။ ကျွန်ုပ်တို့သည် ကောင်းကြီးမင်္ဂလာခံစားသူလော (သို့) မခံစားသူလော၊ ကိုယ့်ကိုကိုယ် စစ်ဆေး ကြပါစို့။
ဟေရှာ ၄၄း၂၂ တွင် သင်၏ ဒုစရိုက်တို့ကို တိမ်တိုက်ကဲ့သို့၄င်း၊ သင်၏ အပြစ်တို့ကို တိမ်လွှာကဲ့သို‹၄င်း ငါချေပြီဟု ဖေါ်ပြထားသည်။ မည်သူသည် ထာဝရဘုရား၏ စီရင်မှုကို ဂရုဏာတော်မပါဘဲ ရှောင်နိုင်မည် နည်း။
ယေရှုဗတ္တိဇံ၊ ကားတိုင်ပေါ် အသွေးတော်အားဖြင့် ကျွန်ုပ်တို‹သည် အပြစ်လွှတ်ခြင်းခံပြီး ထာဝရဘုရား၏ စီရင်မှုအောက်မှလည်း လွတ်ခဲ့သည်။ ယေရှု ခရစ်ကိုယ်တိုင် ပူဇော်ခြင်းကြောင့် ယခုကျွန်ုပ်တို‹က အသက်ရှင်နိုင် သည်။ အသက် တာတခုလုံးတွင် အပြစ်မကျူးလွန်သောသူ တစုံတယောက်မျှရှိပါသလား။ ကျွန်ုပ်တို့က ထိုအရာကို သတိမရဘဲ ဒုစရိုက်အပြစ်ကျူးလွန်ခဲ့လျှင် စီရင်ခြင်းနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။ 
ယေရှကို ယုံကြည်သော်လည်း အပြစ်ကျူးလွန်သောသူသည် ငရဲသို့ သွားရလိမ့်မည်။ အဘယ်ကြာင့်နည်း။ ကျမ်းစာက အပြစ်၏အခကား သေခြင်းပေတည်း (ရော ၆း၂၃) ဟု ဖေါ်ပြထားပါသည်။ အပြစ်၏ အခကား သေခြင်းပေတည်း ဟူ၍ အထက်ကျမ်းပိုဒ်က ဖော်ပြထားသည့်အတိုင်း လူတစ်ဦးသည် အပြစ်လွှတ်ခြင်းခံလိုလျှင် သူ၏အပြစ်အတွက် ပေးဆပ်ရန် လိုအပ်ပါသည်၊ အပြစ်တခု တည်းကသာ လူကို တရားစီရင်ခြင်းသို့ ရောက် စေပါသည်။
ကျွန်ုပ်တို့သည် အပြစ်အားလုံ၏ အလယ်၌ ကျင်လည်သူများ ဖြစ်ကြ သည်။ ကျွန်ုပ်တို့သည် ဘုရားသခင်ရှေ့မှောက်တော်၌ အပြစ်ဝန်ချခြင်း မှအပ အခြားလုပ်ဆောင်နိုင်စွမ်းမရှိပါ။ ကျွန်ုပ်တို့သည် အပြစ်အကြောင်း နှင့် ပတ်သက်၍စိတ်ရှုပ်ထွေးရန် အလိုတော့ပါ။ အကြောင်းမှာ ကျွန်ုပ်တို့ အားလုံးသည် အပြစ် လွှတ်ခြင်းခံသူများ ဖြစ်ကြသည်။ လူသားအားလုံး သည် သူတို့၏ ပြစ်မှားကျူး လွန်မှုများကို ဝန်ခံရမည်ဖြစ်ပါသည်။
 
 

ဖြောင့်မတ်သောသူများကသာ ဂုဏ်တော်ကို ချီးမွှမ်းလျက်ရှိသည်

 
အပြစ်လွှတ်ခြင်းခံ၊ ဖြောင့်မတ်သောသူတို့သည် ထာဝရဘုရားကို ချီးမွမ်း၏။ တိမ်ကဲ့သို့ထူသော ကျွန်ုပ်တို့၏ အပြစ်အားလုံးကို ထာဝရ ဘုရားက ဆောင်ယူခဲ့သောကြောင့် ကျွန်ုပ်တို‹သည် အချိန်တိုင်း ဂုဏ်တော် ကို ချီးမြှောက် ရမည်ဖြစ်သည်။ ယာဒန်မြစ်မှ ယောဟန်ခံ ဗတ္တိဇံခံယူပြီး ကျွန်ုပ်တို့၏ ကိုယ်စားကားတိုင်ပေါ်တွင် တရားစီရင်ခြင်းခံယူခြင်းဖြင့် လောကအပြစ်အားလုံး ဆောင်ယူ သွားသော ကိုယ်တော်ကို ချီးမွမ်းပါ၏၊
အကယ်၍ယေရှုခရစ်က သူ၏ဗတ္တိဇံနှင့် ကျွန်ုပ်တို့၏ အပြစ်များကို မယူဆောင်ခဲ့လျှင် ကျွန်ုပ်တို့၏ အပြစ်အဖိုးအခအတွက် ကားတိုင်ပေါ်၌ အသေခံ၍ မပေးဆပ်ခဲ့လျှင် ကျွန်ုပ်တို‹သည်ဘုရားသခင်ကို အဘ (ခမည်းတော်) ဟု ခေါ်ဝံ့မည်လော။ ကျွန်ုပ်တို့သည် မည်သို့ဖြင့်ဘုရား သခင်ကို ချီးမွှမ်းရမည်နည်း။ ဤအရာအားလုံးသည် ဘုရားသခင်၏ ဂရု ဏာတော်သက်သက်သာ ဖြစ်သည်။
ကျွန်ုပ်တို့သည် ဘုရားသခင်ကို ချီးမွှမ်းနိုင်ရခြင်းမှာ ကျွန်ုပ်တို့သည် အပြစ်မှ လွှတ်ခြင်းခံရသော ကြောင့်ဖြစ်သည်။ ယေရှုကိုယ်တိုင် ပူဇော်ခြင်း အားဖြင့် ဘုရားသခင်သည် ကျွန်ုပ်တို့အပြစ်အားလုံးကို ဆောင်ယူခဲ့သော ကြောင့် ကျွန်ုပ်တို့က ဘုရား သခင်ကို ချီးမွှမ်းနိုင်ခဲ့ခြင်းဖြစ်သည်။
ကျွန်ုပ်တို့သည် ဤလောက၌ အသက်ရှင်နေစဉ်တွင် အပြစ်လွှတ်ခြင်း ခံခဲ့ သော်လည်း ကျွန်ုပ်တို့သည် အကျင့်ကောင်းကျင့်ခြင်းအားဖြင့် မပြည့် စုံနိုင်ပါ။ ကျွန်ုပ်တို့အားလုံးသည် အားနည်းသောသူများဖြစ်သော်လည်း ဘုရားသခင်၏ဂုဏ်တော်ကို ချီးမွှမ်းနိုင်သည်။ သင်သည် အမှောင်ထဲမှပဲ လား။ မည်ကဲ့သို့သော မှောင်မိုက်ဖုံးလွှမ်းမှု တည်ရှိနေပါစေ ဘုရားသခင် ရှေ့မှောက်၌ ကျွန်ုပ်တို့၏ အသေးငယ်ဆုံးသော အပြစ်ကို သိနားလည်း လျှင် သူ၏ရှေ›တော်တွင် ကျွန်ုပ်တို့အပြစ် ကျူးလွန်ခဲ့ကြောင်းကို ဝန်ခံလျှင် ထိုအပြစ်များကို ခရစ်တော်ကယူဆောင် သွားခဲ့ကြောင်းကို ယုံကြည်လျှင် ခရစ်တော်၏ အမှန်တရားက ကျွန်ုပ်တို့အား ချီးမွှမ်းခြင်းနှင့် ကျေးဇူးတင်ခြင်းအခွင့်ကို ပေးသနားတော်မူလိမ့်မည်။ ဘုရားသခင်၏ ဂရုဏာတော်နှင့် အပြစ်လွှတ်မှုတို့ကြောင့် ကျွန်ုပ်တို့သည် သန့်ရှင်းသော ဝိညာဉ် များဖြစ်လာကြသည်။ ထို့အပြင် ကျွန်ုပ်တို့က စိတ်နှလုံးအားဖြင့် အပြစ်လွှတ်ခြင်းဟူသော ဂရုဏာတော်ကို ရရှိပြီးနောက်တွင် ကျွန်ုပ်တို့ သည် ဘုရားသခင်ကို ယုံကြည်သူများဖြစ်လာသည်။
 
 
ကျွန်ုပ်တို‹၏ ဖြောင့်မတ်ခြင်းသည် ဘုရားသခင်၏ကျေးဇူး
 
(ရော ၄း၁-၅) “ထိုသို့ဖြစ်လျှင် ငါတို့အဘ အာဗြဟံသည် ဇာတိပကတိ အားဖြင့် အဘယ်အကျိုး ကိုရသနည်း။ အာဗြဟံသည် အကျင့်အားဖြင့် ဖြောင့်မတ်ရာသို့ ရောက်သည်မှန်လျှင် ဝါကြွားစရာအကြောင်းရှိ၏။ ဘုရား သခင်ရှေ့တော်၌ ထိုသို့မဟုတ်။ ကျမ်းစာ၌အဘယ်သို့လာသနည်း။ အာဗြ ဟံသည် ဘုရားသခင်ကို ယုံကြည်သည်ဖြစ်၍ သူ၏ယုံကြည်ခြင်းကို ဖြောင့် မတ်ခြင်းကဲ့သို့ မှတ်တော်မူ၏။ အကျင့်ရှိသောသူမည်သည်ကား ကျေးဇူး အားဖြင့် အကျိုးကိုခံရသည်မဟုတ်။ ခံထိုက်သောအားဖြင့် ခံရ၏။ အကျင့် မရှိသောသူမည်သည်ကား မတရားသောသူ၏ အပြစ်ကို ဖြေသော သူကို ယုံကြည်လျှင် သူ၏ယုံကြည်ခြင်းကို ဖြောင့်မတ်ခြင်း ကဲ့သို့မှတ် လျက်ရှိ၏။”
အမှန်တကယ် သင်၏ သြတ္တပ္ပစိတ်သည် ကြည်လင်ပါသလား။ အပြစ် ၏ အခပေးဆပ်ပြီးမှ ကျွန်ုပ်တို့အပြစ် သားများသည် သေခြင်းမှအပ အခြား ရွေးချယ် စရာမရှိ။ သို့သော် ဘုရားသခင်သည် ကျွန်ုပ်တို့အပြစ် သားအား လုံး၏ နေရာတွင် အသေခံခဲ့သည်။ အပြစ်သားများသည် ကယ်တင်ခြင်း အားဖြင့် ဖြောင့်မတ်သော သူများဖြစ်လာကြသည်။
ရောမသြဝါဒစာစောင် အခန်းကြီး (၄) တွင် ရှင်ပေါလုက ဘုရားသခင်၏ စကားတော်ကို ယုံကြည်ခြင်း၊ အာဗြဟံကို ဥပမာအဖြစ် အသုံးပြုကာ အပြစ်သားများသည် ယော်ဒန်မြစ်၌ ဗတ္တိဇံခံ၍ လောကီအ ပြစ်များကို ယူဆောင်ပြီး ကားတိုင် ပေါ်၌ ထိုသူတို့၏ အပြစ်များအတွက် အသေခံခဲ့သော ယေရှုခရစ်အားဖြင့် ကယ်တင်ခဲ့ရကြောင်းကို ပြောပြခဲ့ သည်။ ကျမ်းစာက အာဗြဟံသည် ဘုရားသခင်ကို ယုံကြည်သောကြောင့် ဖြောင့်မတ်သည်ဟု ဖေါ်ပြထားသည်။ သူသည် သူ၏ အကျင့်ကောင်း ကျင့်ခြင်းအားဖြင့် ကယ်တင်ခြင်းကိုမခံ၊ နှုတ်ကပတ်တော် ယုံကြည် ခြင်း အားဖြင့်သာ ခံရသည်။ ထို့ကြောင့် ဘုရားသခင်သည် သူ့ကို ဖြောင့်မတ် သူဟု ခေါ်ဆို၏။ အာဗြဟံသည် နှုတ်ကပတ်သော်ကို ယုံကြည်သော ကြောင့် ယုံကြည်သူ အားလုံး၏ဖခင် ဖြောင့်မတ်သူဖြစ်လာခဲ့သည်။
ကျွန်ုပ်တို့အပြစ်သားများကို အပြစ်မှ ကယ်တင်ခြင်းနှင့် ဘုရားသခင် ၏ ကျေးဇူးတော်ဆိုသည်မှာ အဘယ်နည်း။ ဤအရာကို ရှင်းလင်းအောင် စဉ်းစားကြပါစို့။(ရော ၄း၄) “အကျင့်ရှိသောသူမည်သည်ကား ကျေးဇူး အားဖြင့် အကျိုးကိုခံရသည်မဟုတ်။ ခံထိုက်သောအားဖြင့် ခံရ၏။” ဤကျမ်းပိုဒ်သည် ကျွန်ုပ်တို့ကို အပြစ်မှကယ်တင်သော အပြစ်လွှတ်ခြင်း အကြောင်းကို ဖေါ်ပြခဲ့သည်။ တမန်တော် ရှင်ပေါလုသည် အာဗြဟံအ ကြောင်းကို ဥပမပေးကာ ကယ်တင်ခြင်းအကြောင်းကို ရှင်းပြခဲ့သည်။ ဤအရာသည် လူတစ် ယောက်၏ကြိုးစားအားထုတ်မှုအားဖြင့် ဖြစ်လာ သော အကျိုးကျေးဇူးသာ ဖြစ်သည် သို့သော် ကျွန်ုပ်တို့သည် မွန်မြတ်သော အသက်တာနှင့် အသက်မရှင်လျှင်လည်း ဖြောင့်မတ်သော သူတော် ကောင်းများ အဖြစ် ပြောင်းလဲစေသော အရာသည် ကျွန်ုပ်တို့၏ကြိုးစား အားထုတ်မှုကြောင့်မဟုတ်။ ဘုရားသခင်၏ ကျေးဇူးတော်သက်သက် သာဖြစ်၏။
(ရော ၄း၄) “အကျင့်ရှိသောသူမည်သည်ကား ကျေးဇူးတော်အားဖြင့် အကျိုးကိုခံရသည်မဟုတ် ခံထိုက်သောအားဖြင့် ခံရ၏။” ကယ်တင်ခြင်း သည် ယေရှုဗတ္တိဇံနှင့် အသွေးတော်သွန်းလောင်းခြင်းဟူသော အပြစ်လွှတ် ခြင်းမှလာ၏။ ကယ်တင်ခြင်းသည် ဂဂုဏာတော်နှင့်အပြစ်လွှတ်ခြင်း အားဖြင့် ဖွဲ့စည်းထားပါသည်။ လူသားသည် ဒုစရိုက်ကျူးလွန်ခြင်းကို မရှောင်နိုင်ခဲ့သည်မှာ သူတို့သည် အပြစ်၌ ကိုယ့်ကိုယ်ကို အပ်နှံသော ကြောင့်ဖြစ်သည်။ ထိုသူတို‹သည် အယူဝါဒများကို ယုံကြည်ကာ ကြိုး စားခဲ့သော်လည်း သူတို‹အပြစ်များကို ဆေးကြော နိုင်ခြင်းမရှိ။ 
လောကအပြစ်အားလုံးကို သူ့အပေါ်သို့ တင်ဆောင်ပြီး ယောဒန်မြစ်မှ နှစ်ခြင်းဆရာ ယောဟန်ထံဗ တ္တိဇံခံယူခြင်း၊ အပြစ်၏အခများကြောင့် အမျိုးမျိုးသော တရားစီရင်ခြင်းများ ရင်ဆိုင်ခြင်း၊ ကားတိုင်ပေါ် အသေခံ ခြင်းဖြင့် လောက လူသားအားလုံးကို ရွေးနှုတ်သော ကယ်တင်ခြင်းတရား ယုံကြည်ခြင်းမှအပ အပြစ်သားများအတွက် အပြစ်လွှတ်ခြင်းခံရန် အခြား နည်းလမ်းမရှိပါ။ အပြစ်သားများသည် လူတို့အပြစ်၏ အခကို ပေးဆပ်ရန် လုပ်ဆောင်နိုင်စွမ်းမရှိ မည်ကဲ့သို့သော ပူဇော်ခြင်းဖြင့်လည်း မပေးဆပ်နိုင်။ ကိုယ်ကိုကိုယ် ပေးဆပ်ရန်လည်း မထိုက်တန်ပါ။ သူတို့၏ အပြစ်များအား လုံးကို အပြစ်လွှတ်ခြင်းဟူသော ကယ်တင်ခြင်းတရား ယုံကြည်ခြင်းကသာ ပေးဆပ်နိုင်သည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ဂရုဏာတော် တခုတည်း ကိုသာ မှီခိုအားထားရမည် ဖြစ်သည်။
ယေရှုဗတ္တိဇံခံခြင်းနှင့် ကားတိုင်ပေါ်အသေခံခြင်းအားဖြင့် လူသား အားလုံးကို အပြစ်မှကယ်တင် ခဲ့သည်။ ကျွန်ုပ်တို့အားနည်းမှုကြောင့် ကျူး လွန်သော သေးငယ်သောအပြစ်များသည် စာတန်၏ သွေးဆောင်မှု ကြောင့်ဖြစ်ပြီးနောက် ဆုံးတွင် ထိုအပြစ်များသည် ကြီးမားသောတောင်ကဲ့ သို့ ဖြစ်လာပါသည်၊ ထို့ကြောင့် အပြစ်သားများသည် ထိုအရာကို ယုံကြည် ခြင်းဖြင့် ကယ်တင်ခြင်းကို ရရှိခဲ့သည်။ ဘုရားသခင်၏ ကယ်တင်ခြင်း အားဖြင့် ယခုအပြစ်သားများသည် ဖြောင့်မတ်သူများဖြစ်လာသည်။ 
 
 
အပြစ်လွှတ်ခြင်းသည် ဂရုဏာတော်နှင့်ကျေးဇူးတော်အားဖြင့်သာ
 
“အကျင့်ရှိသောသူမည်သည်ကား ကျေးဇူးအားဖြင့် အကျိုးကိုခံရ သည် မဟုတ်။ ခံထိုက်သောအားဖြင့် ခံရ၏။” အပြစ်လွှတ်ခြင်းတရားသည် ဘုရားသခင်၏ ကျေးဇူးဂဂုဏာတော်သက်သက်သာဖြစ်ဿ၊ အပြစ်သား တဦးသည် ဘုရားသခင် ရှေ့မှောက်တော်၌အပြစ်ကျူးလွန်ပြီးမှ ကယ်တင် ခြင်း ယူနိုင်ခြင်းသည် သူ၏ကောင်း မြတ်မှုလုပ်ဆောင်မှုကြောင့် မဟုတ်။ ဘုရားသခင်၏ ကျေးဇူးဂရုဏာတော်သာ လျှင်ဖြစ်၏။ ကျွန်ုပ်တို့သည် အပြစ်သားများဖြစ်သော်လည်း။ ဘုရားသခင်၏ ဂရုဏာတော်ခံစား နိုင်ခြင်းသည် မှန်ပါ၏လော (သို့) မှားပါ၏လော၊ မှန်ပါ၏။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ အပြစ်များကြောင့် အပြစ်စီရင်ခြင်းခံရမည်မှအပ အခြားရွေး ချယ်ရမည့်အရာ မရှိပါ။ သို့သော် ကျွန်ုပ်တို့၏ ကယ်တင်ရှင်ယေရှု ခရစ် သည် ယောဒန်မြစ်မှနှစ်ခြင်းဆရာ ယောဟန်ထံ ဗိတ္တိဇံခံယူခြင်းဖြင့် ကျွန်ုပ် တို့အ ပြစ်အားလုံးကို ဆောင်ယူခဲ့ပါသည်။
အပြစ်လွှတ်ခြင်းဟူသော ကယ်တင်ခြင်းကို အကျင့်ကောင်းကျင့်ခြင်း အားဖြင့်၄င်း၊ ကြိုးစားအားထုတ်မှု အားဖြင့်၄င်း မည်သူသည် ရရှိနိုင်မည် နည်း။ မရရှိနိုင်ပါ။ ဂရုဏာတော်အားဖြင့်သာလျှင် အပြစ်လွှတ်ခြင်းကို ရရှိနိုင်သည်။ ယေရှုခရစ်က အပြစ်အတွက် အဖိုးအခပေးဆပ်ခြင်းကို ယုံကြည်ခြင်းဖြင့် ကျွန်ုပ်တို့သည် အပြစ်မှကယ်တင်ခြင်းကို ရရှိခဲ့သည်။ သူ၏ဗတ္တိဇံနှင့် ကားတိုင်ပေါ် အသွေးတော်သွန်းလောင်းခြင်းဖြင့် သူသည် လောကအပြစ်အလုံးစုံကို ဆောင်ယူ ပြီး ကျွန်ုပ်တို‹အပြစ်သားအားလုံးကို သန့်ရှင်းစေခဲ့ပါသည်။ ဤအရာသည် ကြီးမားသော ဂရုဏာတော်သာလျှင် ဖြစ်၏။ အဖိုးအခပေးရန်မလိုသော ကယ်တင်ခြင်း ဖြစ်သည်။
(ရော ၄း၅) “အကျင့်မရှိသောသူမည်သည်ကား မတရားသောသူ၏ အပြစ်ကို ဖြေသောသူကို ယုံကြည်လျှင် သူ၏ယုံကြည်ခြင်းကို ဖြောင့်မတ် ခြင်းကဲ့သို့မှတ်လျက်ရှိ၏။ အကျင့်မရှိသောသူမည်သည်ကား” သည် အကျင့်ကောင်း ကျင့်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ မရောက်နိုင်ကြောင်း ကို ဆိုလိုသည်။ “မတရားသောသူ၏ ဤပြစ်ကိုဖြေသောသူကို ယုံကြည် လျှင် သူ၏ယုံကြည်ခြင်းကို ဖြောင့်မတ်ခြင်းကဲ့သို့ မှတ်လျက်ရှိ၏” ဟူ၍ ရှင်ပေါလုက ဆက်လက်၍ ရှင်းပြခဲ့သည်။
သူသည် မတရားသောသူကို ဥပမာပေးခြင်းဖြင့် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို ရှင်းလင်းစေပါသည်။မတရား သာသူဆိုသည်ကား အဘယ်နည်း။မတရားသောသူသည် ဘုရားသခင်ကို မယုံကြည်ဘဲသူ၏ အသက်တာဖြင့် ဘုရားသခင်ကို ဆန့်ကျင့်၍ လောကီရေးရာ၌ မွေ့လျော်သူ ကို ဆိုလိုပါသည်။ ဤအရာက လူသားအားလုံးသည် မွေးစက အပြစ်သား များဖြစ်ကြောင်းကို ဖော်ပြထားပါသည်။ လူသားအားလုံးသည် သူတို့၏ အပြစ်များကြောင့် ဘုရားသခင်၏တရားစီရင်ခြင်းခံရမည်မှာ အံ့သြဖွယ်မ ဟုတ်ပါ။
“အကျင့်မရှိသောသူမည်သည်ကား မတရားသောသူ၏ အပြစ်ကို ဖြေ သောသူကို ယုံကြည်လျှင် သူ၏ယုံကြည်ခြင်းကို ဖြောင့်မတ်ခြင်းကဲ့သို့ မှတ်လျက် ရှိ၏။” “အကျင့်မရှိသောသူမည်သည် ကား” ၏အနက်အဓိပ္ပါယ် ကား သူသည် ဘုရားသခင်ရှေ›မှောက်တော်၌ တရားကြည်ညိုသောသူဖြစ် ကြပါသလား။ မဖြစ်ပါ။
ဘုရားသခင်က ကျွန်ုပ်တို့အား သင်တို‹၌ အပြစ်မရှိသောကြောင့် ဖြောင့် မတ်သူများဖြစ်ကြသည်ဟု မိန်‹ဆို၏။ ဘုရားသခင်သည် ကျွန်ုပ်တို့ အတွက် အပြစ်၏အဖိုးအခကို ပေးဆပ်ခဲ့သည်။ ယေရှုခရစ်သည် အပြစ်၏ အဖိုးအခကို ပြည့်စုံစွာ ပေးဆပ်ကြောင်း သင်ယုံကြည်ပါသလား။ ဘုရားသ ခင်က သင်သည် ငါ့လူ၊ ဖြောင့်မတ်သောသူဟု ကျွန်ုပ်တို့ကို ခေါ်တော်မူ၏။ ဘုရားသခင်က ယောဟန်ထံ ဗတ္တိဇံခံယူခြင်းနှင့် ကားတိုင်ပေါ် စီရင်ခြင်း ဖြင့် သင့်၌အပြစ်မရှိဟု ကျွန်ုပ်တို‹ကို ပြောခဲ့သည်။ 
ဘုရားသခင်သည် ဤလောကရှိ မတရားသောသူတို့၏ အပြစ်များကို ယေရှုဗတ္တိဇံခံယူခြင်းဖြင့် ဆောင်ယူခဲ့ပါသည်။ ဘုရားသခင်သည် တပါးတည်းသော သားတော်ယေရှုကို စေလွှတ်ပြီး သူ၏ဗတ္တိဇံနှင့် မတရား သောသူများ၏ နေရာ၌ ကားတိုင်ပေါ်အသေခံခြင်းဖြင့် အပြစ်ဟူသမျှကို ဆောင်သွားခဲ့သည်။ ဤသို့ဖြင့် ဘုရားသခင်သည် အပြစ်သားများကို သူတို့အပြစ်မှ ကယ်ချွတ်ခဲ့သည်။ 
ငါ့သားက သင့်ကို ကယ်တင်သောကြောင့် သင်သည် အပြစ်ကင်းမဲ့ သော သူဖြစ်သည်ဟု ဘုရားသခင်ပြောပါ၏။ အပြစ်သားများကိုယ်စား သူ၏ဖြောင့်မတ်ခြင်းအားဖြင့် ယေရှုသည် ယောဒန်မြစ်မှ ဗိတ္တိဇံခံယူခြင်း ဖြင့် လောကအပြစ် အားလုံး ဆောင်ယူသွားကြောင်း ယုံကြည်သူများသည် ကယ်တင်ခြင်းဟူသော အပြစ်လွှတ်ခြင်းကို ခံရကြ၏။ ထိုသူတို့သည် မတရားသူများဖြစ်ကြသော်လည်း ဖြောင့်မတ်သူများဖြစ်ကြပါသည်။ သူတို့ သည် မတရားသောသူများ ဖြစ်ကြသော် လည်း သူတို့၏ ယုံကြည်မှုကို မြင် သောအခါ ဘုရားသခင်က သင်တို့သည် အပြစ် ကင်းမဲ့သော သူများဖြစ်ကြ သည်ဟု ပြောပါသည်။ဘုရားသခင်ထံမှ စီရင်ခြင်းမ ခံသူသည် မင်္ဂလာရှိ၏။
အာဗြဟံသည် ဖြောင့်မတ်သူဖြစ်ကြောင်းကို ကျမ်းစာက ကျွန်ုပ်တို့ကို ရှင်းလင်းစွာ ပြောပြထားပါသည်၊ သူ၏လုပ်ဆောင်မှုဖြင့် ကယ်တင်ခြင်းရရှိ ရန် ကြိုးစာသူသည် ငြင်းပယ်ခြင်းကို ခံရလိမ့်မည်။ ထိုသူတို့သည် သတင်းကောင်း ကြားနားခြင်းအားဖြင့် ပျော်ရွှင်ငြိမ်သက်ခြင်းမရနိုင်သော ကြောင့် ဖြစ်သည်။ အခန်းငယ် (၄) က အကျင့်ရှိသောသူမည်ကာ ကျေးဇူး တော်အားဖြင့် အကျိုးကို ခံရသည်မဟုတ်။ ခံထိုက်သော အားဖြင့် ခံရ၏ဟု ဖော်ပြထားပါသည်၊ အဘယ်သူ ကမှ ကိုယ့်အကျင့်အားဖြင့် ကောင်းကင်ဘုံ ကို ဝင်စားနိုင်မည်မဟုတ်။ ဤကဲ့သို့သော သူများသည် ဘုရားသခင်၏ ပူဇော်ခြင်းကိုလည်း မချီးမွမ်းနိုင်။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ထိုသူသည် သတင်းကောင်း၌ မွေ့လျော်ခြင်း မရှိ။ သူ၏ကျော်ကြားသော လုပ်ဆောင်မှုအမျိုးမျိုအပြစ်လွှတ်ခြင်းခံရန် ကြိုးစားသောကြောင့် အမှန်ဆို ရသော် လူသားသည် အကျင့်တရားအားဖြင့် ဘုရားသခင်၏ ကယ်တင် ခြင်းကို မရရှိနိုင်ပါ။
 
 
ကျွန်ုပ်တို့သည် ကယ်တင်ခြင်းကိုယုံကြည်ခြင်းဖြင့် အသက်ရှင်ရမည်
 
ဘုရားသခင်သည် ကျွန်ုပ်တို့၏ အပြစ်အဖိုးအခကို ပေးဆပ်ခဲ့ခြင်းဖြင့် အပြစ်လွှတ်ခြင်းဟူသော ကယ်တင်ခြင်းကို ကျွန်ုပ်တို‹ရရှိလာပြီး ဂုဏ် တော်ကို ချီးမွမ်းနိုင်ခဲ့သည်။ သူ၏ဗတ္တိဇံနှင့် ကားတိုင်တော်အားဖြင့် ကျွန်ုပ်တို့၏ အပြစ်အ ဖိုးအခအတွက် လုံလောက်စွာ ပေးဆပ်ခဲ့သော်လည်း ကျွန်ုပ်တို့က မချီးမြှောက်နိုင်ခြင်းမှာ ဘုရားသခင်ရှေ့မှောက်တော်၌ ကျွန်ုပ်တို့သည် မတရားသောသူများ ဖြစ်ကြသောကြောင့် ဖြစ်သည်။
ယေရှုခရစ်၌ယုံကြည်ခြင်းရှိသူများသည် ဖြောင့်မတ်ကြသည်။ အပြစ် လွှတ်ခြင်းယုံကြည်သူများကို ထိုအရာက သူတို့ကို ဖြောင့်မတ်စေပြီး ဘုရားသခင်၏ ဂရုဏာတော်ကို ရရှိခံစားကြသည်။ အဘယ်သူမျှ ဘုရား သခင်ရှေ›မှောက်တော်၌ တရားသောသူမရှိ။ အကြာင်းမူကား သူတို့သည် တရားမှုနှင့် အသက်ရှင်ရန် óကိးစားနေစဉ် လုပ်မိခဲ့သည်။
လူသားသည် မတရားသောသူများကို သူတို့မတရားခြင်းအပြစ်မှ မကယ်တင်နိုင်။ ထို့ကြောင့် ကျွန်တော်သည် မတရားသော်လည်း ဘုရား သခင်၏ ကယ်တင်ခြင်းကို ယုံကြည်ခြင်းဖြင့် အသက်ရှင်ခဲ့သည်။ ယုံကြည် ခြင်းနှင့် အသက်ရှင်ခြင်းသည် ဝမ်းမြောက်ခြင်းနှင့် အသက်ရှင်ခြင်းကို မဆိုလို။သို့သော် ယုံကြည်ခြင်းဖြင့် အသက်ရှင်ခြင်းသည် လူကို ဖြောင့်မတ် စေသည်။
အသစ်တဖန်မွေးဖွားခြင်းခံသော သန့်ရှင်းသူများသည်ကယ်တင် ခြင်း သတင်းကောင်းကို နေ့စဉ်နှင့်အမျှ လိုအပ်လျက်ရှိသည်။ အဘယ့်ကြောင့် နည်း။ အဘယ့်ကြောင့်ဆိုသော် သူတို့၏ အကျင့်ကောင်းများသည် မတရား သောကြောင့်ပင်။ ယေရှုသည် သူ၏ဗတ္တိဇံအားဖြင့် လောကအပြစ်အားလုံး ဆောင်ယူသွားသည် ဟူသောသတင်းကောင်းကို လူတိုင်းကြားနာသင့် သည်။ ဖြောင့်မတ်သူသည်နေ့စဉ် သတင်းကောင်းကို ကြားနာရမည်။ သို့မှသာ သူတို့၏ဝိညာဉ်သည် စပရိန်းကဲ့သို့ ဖြစ်လာမည်။ အကျင့်မရှိသော သူမည်သည်ကား မတရားသောသူ၏ အပြစ်ကို ဖြောင့်မတ်ခြင်းကဲ့သို့ မှတ်လျက်ရှိ၏။ ဤ“ကျင့်မရှိသောသူမည်သည်ကား မတရား သော သူ၏ အပြစ်ကို ဖြေသောသူကို ယုံကြည်လျှင် သူ၏ယုံကြည်ခြင်းကို ဖြောင့် မတ်ခြင်းကဲ့သို့ မှတ်လျက်ရှိ၏။” ဤကျမ်းပိုဒ်သည် အဘယ်သူအတွက် နည်း။ ကျွန်တော်နှင့်သင်အပါအဝင် လောကလူသားအားလုံးအတွက်ပင် ဖြစ်သည်။
အာဗြဲဟံကို မည်ကဲ့သို့ ဖြောင့်မတ်စေကြောင်း သမ္မကျမ်းစာက ရှင်း လင်းစွာ ဖော်ပြထားပါသည်။ အကျင်းအားဖြင့် ကယ်တင်ခြင်းရရှိရန် ကြိုးစားသူသည် ငြင်းပယ်ခြင်းခံလိမ့်မည်။ အကြောင်းမှာ ထိုသူသည် သတင်းကောင်း၌ မွေ့လျော် ခြင်းမရှိခြင်းကြောင့်ဖြစ်သည်။ ဦးစွာ အခန်းငယ် (၄) က အကျင်းအားဖြင့် ကောင်းကင်ဘုံ ဝင်စားရန် ကြိုးစား သူအကြောင်းကို ဖော်ပြထားပါသည်။ ဤကဲ့သို့သော သူသည် ယေရှုပူဇော် ခံရခြင်း၌ ဝမ်းမြောက်ခြင်းမရှိသူများ ဖြစ်ကြ သည်။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ သူ၏အကျင့်ကောင်းကျင့်ခြင်း၊ သူ၏ နေ့စဉ်အပြစ်မှ လွတ် မြောက်ရန် နောင်တရ ဆုတောင်းဆက်ကပ်ခြင်းတနည်း တလမ်းအားဖြင့် သူ၏ ကျော်ကြားသော လုပ်ဆော်မှုအားဖြင့် အပြစ်လွတ်ခြင်းခံရန် ကြိုးစားခြင်းနှင့် သတင်းကောင်းဖြစ်သောသူ၏ ဂဂုဏာတော်၌ ဝမ်း မြောက်ခြင်း မရှိခြင်းတို့ကြောင့်ဖြစ်သည်။ ထို့ကြောင့် သူသည် ဘုရားသခင် ၏ စစ်မှန်သော ကယ်တင်ခြင်းဆုကျေးဇူး (လက်ဆောင်) ကိုမရနိုင်ခြင်း ဖြစ်သည်။
ကျမ်းစာက ပြောသည် (ရော ၄း၅) အ“ကျင့်မရှိသောသူမည် သည်ကား မတရားသော သူ၏အပြစ်ကို ဖြေသောသူကို ယုံကြည်လျှင် သူ၏ယုံကြည်ခြင်းကို ဖြောင့်မတ်ခြင်းကဲ့သို့ မှတ်လျက်ရှိ၏။” ဤကျမ်းပိုဒ် သည် အကျင့်ကောင်းကျင့်ခြင်း အားဖြင့် အပြစ်လွှတ်ခြင်းမခံသောသူများ နှင့် မတရားသောသူများ ဘုရားသခင်က ကယ်တင်ကြောင်းကို ဆိုလို သည်။ ဤအရာက အပြစ်လွှတ်ခြင်း ယုံကြည်ခြင်းဖြင့် ကယ်တင်ခြင်းခံသူ များ အကြောင်းကို ရှင်းလင်းစွာ ဖော်ပြထားပါသည်.
 
 
အကျင့်တရားကိုဂရုဏာဟူ၍မှတ်တော်မမူ
 
ရော ၄း၅ အကျင့်မရှိသောသူမည်သည်ကား မတရားသောသူ၏ အပြစ်ကိုဖြေသောသူကို ယုံကြည်လျှင်သူ၏ယုံကြည်ခြင်းကို ဖြောင့်မတ် ခြင်းကဲ့သို့ မှတ်လျက်ရှိ၏။ အပြစ်လွှတ်ခြင်းခံရန် အကျင့်ကောင်းကျင် သူနှင့် အပြစ်အား လုံးမှလွှတ်ခြင်းခံပြီးသော သူများဟူ၍ ခရစ်ယာန်နှစ်မျိုး ရှိပါသည်။ အခန်းငယ် (၄) နှင့် (၅) က “အကျင့်ရှိသောသူနှင့်ခံထိုက်သော အားဖြင့်ခံရ၏” ဟူ၍ ဖော်ပြထားပါသည်။ သူတို့သည် ယေရှုကို ယုံကြည် ပြီးမှ အကျင့်တရားနှင့် ဘုရားသခင် ထံရောက်ခြင်းဖြင့် ဂရုဏာတော်ဖြစ် သော အပြစ်လွှတ်ခြင်းကို ငြင်းပယ်ရာ ရောက်စေကြသည်။
လူတို့သည် အပြစ်သားများအဖြစ် ကျန်ရှိနေရခြင်းမှာ သူတို့၏ အကျင့် ကောင်းကျင့်ခြင်းနှင့် ဘုရားသခင်ထံ ဆက်ကပ်ကြသောကြောင့် ဖြစ်သည်။ အဆင့်ဆင့် ပြောင်းလဲသန့်ရှင်းစေခြင်း အယူဝါဒသည် ခရစ် ယာန်များ၏ အယူဝါဒဖြစ်ပြီး ၄င်းကသူတို့ကို ဘုရားသခင်၏ အပြစ်လွှတ် ခြင်းမှလမ်းလွဲစေပြီး ဘုရားသခင်ကို ဆန့်ကျင်ရာသို့ ဦးဆောင်ခဲ့သည်။ သမ္မာကျမ်းစာက လူတစ်ဦးသည် အကျင့်တရားအားဖြင့် ဖြောင့်မတ်သူဖြစ် နိုင်သည်ဟူ၍ ဖော်ပြထားခြင်းမရှိပါ။ လူတို့သည် သူတို့၏ ကောင်းသောအ ကျင့် အပြစ်လွှတ်ခြင်းရရှိရန် ဆုတောင်းခြင်းများဖြင့် .ဖြောင့်မတ်ခြင်းသို့ ရောက်ရှိနိုင်ရန် ကြိုးစားကြသည်။ ထိုသူတို့သည် စာတန်၏အစေခံများဖြစ် သည့်အားလျော်စွာ ငရဲသို့သာ သွားရလိမ့်မည်။ အဘယ် ကြောင့်ဆိုသော် သူတို့ ဘုရားသခင်၏ဂရုဏာတော်ကို ငြင်းဝယ်ကြပြီး ဖြောင့်မတ် ခြင်းများ ကို မှတ်တော်မမူကြသောကြောင့်တည်း။
ယခုတွင် လူများစွာတို့သည် မှားယွင်းသော ဦးတည်ချက် (အယူဝါဒ) ကိုယုံကြည်ကြသည်။ ယေရှုကသူတို့၏ လွန်ခဲ့ပြီးသော အပြစ်များဆေး ကြောခြင်းကို နားလည်ခြင်းဖြင့် နေ့စဉ်နောင်တရဆုတောင်းလျှင် ကျွန်ုပ် တို့နေ့စဉ်ပြစ်မှားသော အပြစ်များလွှတ်ခြင်းခံမည်ဟု ယုံကြည်ကြသည်။ ထိုသူတို့က သူတို့ကို သူတို့ဘုရား တရားကြည်ညိုသောသူများ ဖြစ်ကြ သည်ဟု စိတ်ကြီးဝင် ထင်မြင်မိခြင်းကြောင့် ဤကဲ့သို့ လုပ်ရခြင်းဖြစ်သည့် ဘုရားသခင်ရှေ့မှောက်တွင် သူတို့၏ သန့်ရှင်းခြင်းများ၊ အကျင့်တရားများ ကို ပြသကြ၏။ သို့သော်လည်း နောက်ဆုံးတွင် ဘုရားသခင်၏ လက်ဆောင်ဖြစ်သော အပြစ်မှလွှတ်ခြင်းကို ဆုံးရှုံးကြ၏။ 
 
 
အဘယ်သူသည် ကောင်းကြီးမင်္ဂလာခံစားသနည်း
 
သူတော်စင်များသည် ယေရှုကို ယုံကြည်ခြင်းဖြင့် အပြစ်မှလွတ်ခြင်း ကို ခံယူကြပြီးဖြောင့်မတ်သူများ ဖြစ်လာကြသည်။ မည်ကဲ့သို့သော လူ တန်းစားသည် ဖြောင့်မတ်သောသူဖြစ်နိုင်သည်ဟူသော မေးခွန်း၏ အဖြေ သည် ကိုယ့်ကိုကိုယ် ကောင်းသောသူဟူ၍မအောက်မေ့သောသူ မိမိအား နည်းချက်ကို နားလည်ပြီး ဘုရားသခင်ထံ ဆုတောင်းသောသူ ဘုရား တရား ကြည်ညိုသောသူ ဝိညာဉ်ရေးရာ၌ အားနည်းသောသူများတို့သည် ယေရှုထံမှ အပြစ်လွှတ်ခြင်း လက်ဆောင်ကို ရရှိကြပြီး ဖြောင့်မတ်သူများ ဖြစ်လာကြသည်။ ကိုယ့်ကိုကိုယ် ကောင်းသောသူ နောင်တရဆုတောင်း ခြင်းဖြင့် သူ၏အပြစ်များကို ပျောက်ကင်းရန် ကြိုးစားသော သူတို့သည် ဖြောင့်မတ်သောသူ ဖြစ်မလာနိုင်ပါ။ဘုရားသခင် ရှေ့မှောက်၌ လူတို့သည် အကျင့်ကောင်းကျင့်နိုင်သည်ဆိုသည်မရှိ။
ကျွန်ုပ်အပြစ်ကျူးလွန်မိပါသည်။ သေသောအခါ၌လည်း ကျွန်ုပ်တို့၏ အပြစ်များကြောင့် ငရဲသို့သွားရမည်မှအပ အခြားရွေးချယ်စရာမရှိပါဟူ၍ သူ့အပြစ် ကို ဝန်ခံခြင်းကိုသာ သူတို့လုပ်နိုင်သည်။ ထိုအခါ ယေရှုက သူဿမွန်မြန်သော အပြစ်မှလွှတ်ခြင်းဟူသော ကယ်တင်ခြင်းကိုသူတို့အား ပေးပါသည်။ ယေရှုသည် ယေဒန်မြစ်မှ ယောဟန်ထံဗိတ္တိဇံခံခြင်းဖြင့် လောကအပြစ်အားလုံးကို ဆောင်ယူခဲ့ပြီးအပြစ်သားများအားသူတို့၏ စိတ်ထဲရှိအပြစ်များမှ ကယ်တင်ရန် ကားတိုင်ပေါ် အသွေးတော်သွန်း လောင်ခဲ့ပါသည်။ ဤသတင်းကောင်းယုံကြည် သူများသည် ဘုရားသခင် ၏သားသမီးများဖြစ်လာပြီး ကောင်းချီးမင်္ဂလာကိုလည်း ခံစားကြပါသည်။ ဤအရာသည် အပြစ်သားများအတွက် ဘုရားသခင်၏ လက် ဆောင်သက် သက်သာဖြစ်သည်။ ကျွန်ုပ်တို့အပြစ်သားအားလုံးကို အပြစ်အားလုံးမှ ကယ်တင်သောကြောင့် ဂုဏ်တော်ကို ချီးမွမ်းပါ၏။
အခန်းငယ် (၆) တွင် ဘုရားသခင်က အကျင့်ကို မထောက်ဘဲလျက် ကောင်ကြီးမင်္ဂလာပေးတော်မူ သောသူအကြောင်းကို ရှင်ပေါလုက ဖော်ပြ ထားပါသည်။ လုပ်ရန်ဟူသော စကားလုံးကို သုံးပိုင်းပိုင်း၍ ရှင်ပြထား သေး၏။ ၄င်းတ္ကိုမှာ အကျင့်ရှိသောသူ၊အကျင့်မရှိသောသူနှင့် အကျင့်ကင်း မဲ့ခြင်းဟူ၍ဖြစ်ပါသည်၊ (ရော ၄း၆-၈) “ထို့အတူ ဘုရားသခင်သည် အကျင့်ကို မထောက်ဘဲလျက် ပေးတော်မူသော ဖြောင့်မတ်ခြင်းကို ရသော သူ၏ မင်္ဂလာကို ဒါဝိဒ်သည် ရည်မှတ်၍ ဆိုသည် ကား အပြစ်မှလွှတ်ခြင်း၊ ဒုစရိုက်အပြစ်ကို ဖုံးအုပ်ခြင်းသို့ ရောက်သောသူ တို‹သည် မင်္ဂလာရှိကြ၏။ ထာဝရဘုရား၏အပြစ်တင်တော်မူခြင်းနှင့် လွတ်သောသူသည် မင်္ဂလာရှိ၏ ဟု ပြောဆိုသတည်း။” ထာဝရဘုရားအပြစ်တင်တော်မူခြင်းနှင့် လွတ် သောသူ ဘုရားသခင်က အပြစ်ရှိသူ၏ အပြစ်မှတ်တော်မမူခြင်းကို မဆိုလို။ အမှန် စင်စစ် အပြစ်မရှိသောသူကို ဆိုလိုခြင်းသာလျှင် ဖြစ်ပါသည်၊
ဘုရားသခင်သည် ကောင်းကြီးမင်္ဂလာခံစားသူအကြောင်း ကျွန်ုပ်တို့ ကို ရှင်းပြခဲ့သည်။ အပြစ်လွှတ်ခြင်း ခံသောသူတို‹သည် ဝမ်းမြောက်သည် မဟုတ်လော။ အပြစ်လွှတ်ခြင်းခံသော ကျွန်ုပ်တို‹ထက် ဝမ်းမြောက်သော သူမရှိ။ အပြစ်လွှတ်ခြင်းခံသော ဖြောင့်မတ်သူတို့သည် ဝမ်းမြောက်ကြ၏။ အပြစ်အနည်းငယ်ရှိသော သူသည် ဘုရားသခင်ထံမှ စီရင်ခြင်းခံရမည်နှင့် ထိုသူသည် ပျော်ရွှင်ငြိမ်သက်ခြင်း မရှိကြောင်းကို ဆိုလိုပါသည်။ သို့သော် အပြစ်လွှတ်ခြင်းခံဖြောင့်မတ်သူများသည် အစဉ်ပျော်ရွှင်နေပါသည်။(ရော ၄း၈) “ထာဝရဘုရားအပြစ်တင်တော်မူခြင်းနှင့် လွတ်သောသူသည် မင်္ဂ လာရှိ၏ဟု ပြောဆိုသနည်း။”
ဒုစရိုက်အပြစ်ကို ဖုံးအုပ်ခြင်းသည် ဘုရားသခင်က လူသားအားလုံး၏ အပြစ်များဆောင်ယူခြင်းကို ဆိုလိုသည်။ ဒါဝိဒ်ကလည်း အပြစ်မှလွှတ်ခြင်း ခံ သောသူသည် မင်္ဂလာရှိ၏ဟုဆို၏။ ဤလောက၌နေ့စဉ်အပြစ် ကျူး လွန်လျှင်လည်း ဒုစရိုက်အပြစ်ဖုံးအုပ်ခြင်းခံသောသူသည် မင်္ဂလာရှိ၏၊ အပြစ်လွှတ်ခြင်းခံ ဖြောင့်မတ်သူများသည် ယေရှုခရစ်အားဖြင့် သူတို့သက် ဆုံးတိုင်ထိ ကယ်တင်ခြင်းကို ရရှိကြ၏။ဖြောင့်မတ်သူများသည် ငြိမ်သက် ခြင်းနှင့် ပြည့်ဝကြပြီး ဂုဏ်တော်တော်ကို နေ့စဉ်ချီးမွမ်းကြ၏။
 
 
အပြစ်ဖုံးအုပ်ခြင်းခံသောသူတို‹သည် ကောင်းချီးမင်္ဂလာခံစားသူ များဖြစ်ကြ၏
 
မည်ကဲ့သို့သောသူများသည် ဝမ်းမြောက်ကြသနည်း။ အပြစ်ဖုံးအုပ် ခြင်း ခံရသူများ။ ယေရှုသည် သူ၏ဗတ္တိဇံနှင့် ကားတိုင်ပေါ်အသေခံခြင်းဖြင့် လောက အပြစ် အားလုံးကို ဆောင်ယူပြီး ကျွန်ုပ်တို့၏ အပြစ်များကို ဖုံး အုပ်ထားပါသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့ကို တရားစီရင်ရမည်လော။ အပြစ်သားများ၏ အပြစ်အားလုံးကို ဖုံးအုပ်ထားပါသလား။ ကျွန်ုပ်တို့သည် တရားစီရင်ခြင်းနှင့် ရင်ဆိုင်ရ မည်မဟုတ်။ အဘယ့်ကြောင့်ဆိုသော် ယေရှု သည် ကားတိုင်ပေါ် အသွေးတော် သွန်းလောင်းခြင်းနှင့် အသေခံခြင်းဖြင့် ကျွန်ုပ်တို့၏ အပြစ်အားလုံးကို ဆောင်ယူခဲ့သည်။
အပြစ်ဖုံးကွယ်ခြင်းခံသောသူတို‹သည် မင်္ဂလာရှိကြ၏။ အပြစ်၏အခ ကား သေခြင်းဖြစ်သော်လည်း သေခြင်းသည် ကျွန်ုပ်တို‹ထံမသက်ရောက် နိုင်ခြင်းမှာ ယေရှုသည် သူ၏ ဗတ္တိဇံနှင့် ကျွန်ုပ်တို့အပြစ်အားလုံးကို ဆောင် ယူ ခဲ့ပြီးသောကြောင့် ဖြစ်သည်။ ဟာလေလုယ။ ကျွန်ုပ်တို့သည် ပျော်ရွှင် သူများ ဖြစ်ကြသည်၊ ယခု ကျွန်ုပ်တို့၌ အပြစ်ရှိပါသလား။ မရှိတော့ပါ၊ ရေနှင့် သွေးတော်အားဖြင့် ကြွဆင်း လာသော ယေရှုခရစ်အနည်းဆို ရသော် လောကအပြစ်ဟူသမျှကို သူ့အပေါ်သို့ တင်ဆောင်ပြီး ယောဒန်မြစ် မှ ဗိတ္တိဇံခြင်းဖြင့် ဆောင်သွားသောသူ ယေရှုကို နားမလည်သူများသည် ယေရှုကို ယုံကြည်လျှင်လည်း အပြစ်သားများသာ ဖြစ်ကြပါသည်။
ကယ်တင်ခြင်းဟူသော သမ္မာတရားကို ယုံကြည်သောသူတို့၌ အပြစ် မရှိ။ ကောင်းကြီးမင်္ဂလာ ခံစားသောသူတို‹၏ အပြစ်များသည် ဖုံးကွယ် လျက်ရှိ၏။ ယေရှု ခရစ်သည် ယောဟန်ထံဗတ္တိဇံခံယူစဉ်တွင် သူတို့ အပြစ်များ အပ်နှံထားသော သူတို့သည် ကောင်းကြီးမင်္ဂလာရှိကြ၏။ မည်သူသည် ဤလောက၌ အမှန်တကယ် ဝမ်းမြောက်သနည်း။ လောက အပြစ်ဟူသမျှကို ဆောင်ယူသွားသော ယေရှုကို ကယ်တင်ရှင်အဖြစ် ယုံ ကြည်လက်ခံသူများသည် ကောင်းကြီးမင်္ဂလာခံစားကြပြီး ဝမ်းမြောက်ကြ သည်။
 
 
ဘုရားသခင်သည် ကောင်းချီးမင်္ဂလာခံစားသောသူတို့ကို အပြစ်မ တင်ပါ
 
ကယ်တင်ခြင်းဟူသော သမ္မာတရားကို ယုံကြည်သောသူတို့သည် မင်္ဂလာရှိကြ၏။ (ရော ၄း၈) “ထာဝရဘုရားအပြစ်တင်တော်မူခြင်းနှင့် လွတ်သော သူသည် မင်္ဂလာရှိကြ၏ဟု ပြောဆိုသတည်း။”
အပြစ်လွှတ်ခြင်းခံသော ကျွန်ုပ်တို့ အားနည်းမှုများရှိသော်လည်း ဖြောင့်မတ်ခြင်းကို ပိုင်ဆိုင်ကြသည်။ ကျွန်ုပ်တို့သည် ယုံကြည်ခြင်းဖြင့် ဖြောင့် မတ်သူများဖြစ်သော်လည်း ကျွန်ုပ်တို‹၏ဇာတိပကတိသည် အား နည်းနေဆဲပင် ဖြစ်သည်။ ယေရှုသည် သူ၏ဗတ္တိဇံနှင့် ကားတိုင်အားဖြင့် အပြစ် အားလုံးကို ဆောင်ယူခဲ့ပါသလား။ သူသည်ကျွန်ုပ်တို့ကိုယ်စား တရားစီရင်ခြင်းကို ခံခဲ့ပါသလား။ ခံခဲ့ပါသည်။ အဘယ့်ကြောင့်ဘုရား သခင်သည် ကျွန်ုပ်တို့ကို အပြစ် မတင်သနည်း။ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်သည် ကျွန်ုပ်တို‹၏ အပြစ် အဖိုးအခကို ပေးဆပ်ခဲ့ပြီး စီရင်ခြင်း ကို ခံခဲ့သောကြောင့် ကျွန်ုပ်တို့ကို အပြစ်မ တင်ရခြင်း ဖြစ်သည်။ 
ယုံကြည်ခြင်းဖြင့် ဖြောင့်မတ်သောသူသည် မင်္ဂလာရှိ၏။ ရေနှင့် ဝိညာဉ်တော်၌ အသစ်တဖန်မွေးဖွား ခြင်းခံသောသူသည် မင်္ဂလာရှိကြ၏ (ရော ၃း၅)။ ဘုရားသခင်၏ ကောင်းကြီးမင်္ဂလာသူ၏ကယ်တင်ခြင်းနှင့် လောကစည်းစိမ်များ ပျောက်ကွယ်ပြီးမှသာ ကျွန်ုပ်တို့သည် သူ၏ဂုဏ် တော်ကို ဖြစ်လည်ရှာဖွေတတ် သော သူများဖြစ်ကြသည်။ကျွန်ုပ်တို့သည် ဘုရားသခင်၏ ဂရုဏာတော်ကို အလေး မထားလျှင် ဘုရားသခင်ကို ဆန့်ကျင်ရာရောက်လိမ့်မည်။ ကျွန်ုပ်တို‹စိတ်ထဲ၌ ထိုအရာကိုထားရှိရမည်။ 
အပြစ်လွှတ်ခြင်းခံသောသူတို့အထဲ၌ သန့်ရှင်းသောဝိညာဉ်တော် ကျိန်းဝပ်လျက်ရှိသည်။ ဖြောင့်မတ်သော သူသည် တရားစီရင်ခြင်းကို ခံလိမ့်မည် မဟုတ်။ ဤလောက၌ဖြစ်စေ။ ကောင်းကင်နိုင်ငံတော်၌ဖြစ်စေ စီရင်ခြင်းမခံသူသည် မင်္ဂလာရှိကြ၏၊ အဘယ်ကြောင့်နည်း။ ထိုသူတို့သည် ဖြောင့်မတ်သူများဖြစ်ပြီး ဘုရားသခင်၏ သားတော်များလည်း ဖြစ်ကြ သောကြောင့်ပင်။
 
 
ယုံကြည်ခြင်းဖြင့် ကောင်းချီးမင်္ဂလာခံစားသော ယုံကြည်သူများ
 
ယုံကြည်ခြင်းဖြင့် ဖြောင့်မတ်သောသူသည် မင်္ဂလာရှိ၏။ မိတ်ဆွေ အသစ် တဖန်မွေးဖွားခြင်းခံယူပြီလော။ (၁ သက် ၅း၁၆-၁၈) “အစဉ်မပြတ် ဝမ်းမြောက်ခြင်း ရှိကြလော။ အခြားမလပ် ဆုတောင်းပဌါနာပြုကြလော့။ အရာရာ၌ ကျေးဇူးတော်ကို ချီးမွှမ်းကြလော့။ အကြောင်းမူကား သင်တို့ သည် ထိုသို့ကျင့်စေခြင်းငှါ ယေရှုခရစ်၌ ဘုရားသခင်အလိုတော်ရှိ၏။” ကျွန်တော်တို့အားလုံးသည် အာဗြဟံ၏ မျိုးရိုးမှဆင်းသက်လာသူများဖြစ် ကြပါသည်။ ကျွန်တော်တို့ကဲ့သို့အာဗြဟံသည် လည်း ယုံကြည်ခြင်းဖြင့် ကယ်တင်ခြင်းကို ရရှိခဲ့ပါသည်။ (က ၁၅း၁) “ထိုနောက်မှာ ဗျာဒိတ်တော် အားဖြင့် ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် အာဗြဟံသို့ ရောက်၍ အချင်းအာဗြဟံမစိုးရိမ်နှင့်။ ငါသည်သင်၏ အကွယ်အကာဖြစ်၏။ သင်၏ အကျိုးသည် အလွန်ကြီးမားသည်ဟု မိန့်တော်မူ၏။”
ကျွန်ုပ်၏အိမ်သည် လည်း ဧလိဇားအော့ဖ်ဒမားစ်ကားစ် ဖြစ်သည်။ ကျွန်ုပ်ကို မည်သည့်အရာပေးမည်နည်း။ ယခု ကျွန်ုပ်၏အမွေကိုခံစားရန် သားစဉ်မြေးဆက်လည်းမရှိပါဟူ၍ ဘုရားသခင်ထံ ပြောပါသည်။ ထိုအခါ ဘုရားသခင်၏နှုတ်ကပတ်တော်သည် ဤသို့ဖြင့် သူ့ထံသို့ ပေါ်လာပါ သည်။ သင်၏ ခန္ဓာကိုယ်မှ မွေးလာသောသူသည် သင်၏အမွေအနှစ် များ ကို ခံစားလိမ့်မည်။ ကောင်းကင်တမန်များက သူ့ကိုအပြင်သို့ခေါ်ပြီး ကောင်း ကင်ယံရှိကြယ်များကဲ့သို့ သင်၏သားစဉ်မြေးဆက်သည် များပြား လိမ့်မည်ဟူ၍ ပြောကြသောအခါ ကိုယ်တော်ကိုယ်တော်၏ ကတိတော်ကို ကျွန်တော် ယုံကြည် ပါသည်ဟု ပြန်ပြောလေ၏။ 
မိတ်ဆွေ အာဗြဟံကဲ့သို့ ဘုရားသခင်၏နှုတ်ကပတ်တော်ကို ယုံကြည်ပါသလား။ အာဗြဟံ၏မိန်းမသည် ကလေးမွေးရန် အသက်အိုပြီ ဖြစ်သော်လည်း အာဗြဟံသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို စိတ် အားထက်သန်စွာဖြင့် ယုံကြည်ခဲ့ပါသည်။ ထို့ကြောင့် အာဗြဟံသည် ဘုရား သခင်၏ ရှေ့မှောက်တွင် ဖြောင့်မတ် သောကြောင့် ဖြောင့်မတ်သူဟု ခေါ်ခြင်းကို ခံပါသည်။ 
ယေရှုသည်သူ၏ဗတ္တိဇံနှင့် ကျွန်ုပ်တို‹၏အပြစ်အတွက် ကားတိုင်ပေါ် အသွေးတော်သွန်းလောင်းခြင်းဖြင့် ကျွန်ုပ်တို‹၏အပြစ်အားလုံးကို ယူ ဆောင်ခဲ့ပါသည်။ လူတို့က ဘုရားသခင်ကို လက်မခံချိန်တွင်ကျွန်ုပ်တို့ သည် ဘုရားသခင်၏ ကယ်တင်ခြင်းနှင့် အပြစ်မှလွတ်ခြင်း ယုံကြည်ခြင်း ဖြင့် ယခု ကျွန်ုပ်တို့သည် အာဗြဟံ၏ သားစဉ်မြေးဆက်များ ဖြစ်လာကြပါသည်၊ (၁ ကော ၁း၂၅) “သို့ဖြစ်၍ ပေါလု မိမိနာမ၌ ဗတ္တိဇံကို ပေးသည်ဟု အဘယ်သူမျှ ဆိုစရာအကြောင်းမရှိ။” ယေရှုဗတ္တိဇံ (ရေ) နှင့် ကားတိုင်တော် (အသွေးတော်) ယုံကြည်သူများကို ဘုရားသခင် က သူ၏ သားတော်များဖြစ်စေပါသည်။ ဤအရာသည် လူ့အမြင်တွင် ရှုးအခြင်းနှင့် တူသော်လည်း သူ၏ကယ်တင်ခြင်းနှင့် သူ၏နှုတ်ကပတ်တော်ဖြစ်သော အပြစ်မှလွှတ်ခြင်းသည် ထိုကဲ့သို့မဟုတ်ပါ။ မိုက်မဲသော သူ၏အမြင်တွင် ကယ်တင်ခြင်းဆိုသည်မရှိ။ သို့သော် ဘုရားသခင်သည် သူ၏ ကျေးဇူး တော်အားဖြင့် အပြစ် သားများကို သူတို‹အပြစ်မှ ကယ်တင်ခဲ့ပါသည်။ 
အရပ်ရှိလေးမျက်နှာမှ ရောက်ရှိလာသော လူတို့ကို ဘုရားသခင်က ထိုသူတို့ကို ကယ်တင်သည်သာမက ကောင်းကြီးမင်္ဂလာကိုလည်း သူတို့ ၏ သားစဉ်မြေးဆက်ထိတိုင်ပေးပါသည်။ ကျွန်တော်တို့သည် ကောင်းကြီး မင်္ဂလာ ခံစားသူလော (သို့မဟုတ်) မခံစားသူလော။ ကျွန်ုပ်တို့သည် ကောင်းချီးမင်္ဂလာခံစားသူများ ဖြစ်ကြပါသည်။ ဤအရာသည် သင်၏လုပ် ဆောင်မှုအားဖြင့် မဟုတ်ကြောင်း မှတ်မိသင့်ပါသည်။ ကျွန်ုပ်တို့သည် သူ၏နှုတ်ကပတ်တော်ကို ယုံကြည်ခြင်းဖြင့် ကောင်းချီးမင်္ဂလာ ခံစားသူ များဖြစ်ပါသည်။ ဘုရားသခင်က ရေတပါး၊ သွေးတပါး၊ ဝိညာဉ် တော်တပါး ဖြင့် ကျွန်ုပ်တို့ကို သူ၏သားများဖြစ်စေခဲ့ပါသည် (၁ ယော ၅း၄-၈)။ 
ကျွန်ုပ်တို့သည် ဇာတိပကတိ၌အားနည်းသူများဖြစ်သော်လည်း သူ၏ ကောင်းချီးမင်္ဂလာခံစားသူများဖြစ်ပါသည်။ ထို‹ကြောင့် အမှန်ပင် ဂုဏ် တော်ကို ချီးမွှမ်းပါ၏။ သူသည် ကျွန်ုပ်တို‹နှင့် မထိုက်တန်သောကောင်းချီး မင်္ဂလာပေးသည် သာမက ကျွန်ုပ်တို့၏အပြစ်များကိုလည်း ဖုံးကွယ်ခဲ့ပါ သည်။ ကျွန်ုပ်တို့သည် ကယ်တင်ခြင်းဟူသော အပြစ်ဖြေလွှတ်ခြင်း ကောင်းချီးမင်္ဂလာကို ယုံကြည်ခြင်းဖြင့် ခံစားလျက်ရှိပါသည်။