Search

တရားဟောချက်များ

ဘာသာရပ် ၉ - ရောမဩဝါဒစာ (ရောမဩဝါဒစာအနက်ဖွင့်ကျမ်းများ)

[8-2] ဘုရားသခင်၏ဖြောင့်မတ်ခြင်း၊ ပညတ်တရား၏ ဖြောင့်မတ်သောတောင်းဆိုမှု ပြည့်စုံခြင်းး (ရောမ ၈း၁-၄)

(ရောမ ၈း၁-၄)
“ထို့ကြောင့် ယခုအခါ ခရစ်တော်ယေရှု၌ရှိသောသူတို့သည် ပြစ်ဒဏ်စီရင်ခြင်းမခံရ။ အကြောင်းမူကား ခရစ်တော်ယေရှု၌ရှိသည့်အသက်ရှင်ခြင်း၏ဝိညာဉ်တော်နှင့်ဆိုင်သောတရားသည်အပြစ် နှင့်သေခြင်းတို့နှင့်ဆိုင်သောတရားမှ သင့်ကိုလွတ်မြောက်စေပြီဖြစ်၏။ ဘုရားသခင်သည် မိမိ၏သားတော်ကို အပြစ်နှင့်ပြည့်ဝသည့် သွေးသားဇာတိနှင့်တူညီသောသဏ္ဌာန်၌ အပြစ်အတွက်စေလွှတ်တော်မူ၍ သွေးသားဇာတိ၌ရှိသောအပြစ်ကို ဒဏ်ခတ်တော်မူပြီး သွေးသားဇာတိကြောင့် အားနည်း၍ ပညတ်တရားမဆောင်ရွက်နိုင်သောအမှုကို ဆောင်ရွက်ပေးတော်မူ၏။ ဤသည်ကား သွေးသားဇာတိအလိုအတိုင်းမဟုတ်ဘဲ ဝိညာဉ်တော်အလိုအတိုင်း အသက်ရှင်လျှောက်လှမ်းနေကြသောငါတို့၌ ပညတ်တရား၏ပြဋ္ဌာန်းချက်များ ပြည့်စုံစေရန်ဖြစ်၏။ ဘုရားသခင်ကယ်လွှတ်တော်မူသောကြောင့် ယေရှုခရစ်၌တည်၍၊ ဇာတိပကတိအတိုင်းမကျင့်၊ ဝိညာဉ်ပကတိအ တိုင်းကျင့်သောသူတို့သည် အပြစ်စီရင်ခြင်းနှင့် လွတ်ကြ၏။ ယေရှုခ ရစ်၌တည်၍အသက်ရှင်စေသော ဝိညာဉ်တော်၏တရားသည် အပြစ် တရား၏လက်မှ၎င်း၊ သေခြင်းတရား၏လက်မှ၎င်း၊ ငါ့ကိုကယ်လွှတ် ပြီ။ ဇာတိပကတိကြောင့် ပညတ်တရားသည် အားနည်း၍ မတတ် နိုင်သောအမှုကို ဘုရားသခင်ပြုတော်မူခြင်းငှါ၊ အပြစ်နှင့်ပြည့်စုံသော ဇာတိပကတိ၏ သဏ္ဌာန်ကို ဆောင်သော မိမိသားတော်ကို စေလွှတ် တော်မူ၍၊ အပြစ်ဖြေဘို့ရာဇာတိပကတိ၌ အပြစ်ကို ဒဏ်ပေးတော်မူ ၏။အကြောင်းမူကား၊ ဇာတိပကတိအတိုင်းမကျင့်၊ ဝိညာဉ်ပကတိအ တိုင်း ကျင့်သောငါတို့သည်၊ တရား၌ပါသောပညတ်တို့ကို စောင့် ရှောက်မည်အကြောင်းတည်း။”
 
 
ရောမ ၈း၁-၄ တွင် ခရစ်တော်၌ရှိသောသူများ၏ယုံကြည်ခြင်း အမျိုးအစားကို ကျွန်ုပ်တို့အား ပြောထားသည်။ ဤကျမ်းချက်၏ လျှို့ဝှက်ချက်မှာ ကျွန်ုပ်တို့သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ယုံကြည်ခြင်းအားဖြင့် ပညတ်တရား၏တောင်းဆိုမှုများအားလုံးကို တွေ့နိုင်ကြခြင်း ဖြစ်သည်။
ထိုနောက် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ယုံကြည်သော ယုံ ကြည်ခြင်းမှာ အဘယ်အရာ ဖြစ်သနည်း။ ကိုယ်တော်သည် လောက အပြစ်များအားလုံးကို ယူဆောင်သွားတော်မူခဲ့သော သခင်ယေရှု၏ ဗတ္တိဇံနှင့် အသွေးတော်ကို ယုံကြည်ခြင်းအားဖြင့် အပြစ်များဖြေ လွှတ်ခြင်းခံရသော ယုံကြည်ခြင်း ဖြစ်သည်။ ထိုကြောင့် ကျွန်ုပ်တို့၏ ကယ်တင်ရှင်အဖြစ် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို လိုက်လံခြင်း အားဖြင့် ဖြောင့်မတ်ခြင်းအားလုံးကို ပြည့်စုံစေသော သခင်ယေရှုကို ယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် အပြစ်အပေါ် အနိုင်ယူနိုင်ကြ သည်။ ဤအရာသည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို လိုက် လျှောက်စေ၍ ယုံကြည်ခြင်းအားဖြင့် အောင်မြင်မှုရရှိစေသော ယုံ ကြည်ခြင်း ဖြစ်သည်။
ပထမအနေဖြင့် ရောမ ၈း၁ တွင် “ထို့ကြောင့် ယခုအခါ ခရစ်တော်ယေရှု၌ရှိသောသူတို့သည် ပြစ်ဒဏ်စီရင်ခြင်းမခံရ။ အကြောင်းမူကား ခရစ်တော်ယေရှု၌ရှိသည့် အသက်ရှင်ခြင်း၏ဝိ ညာဉ်တော်နှင့်ဆိုင်သောတရားသည် အပြစ်နှင့်သေခြင်းတို့နှင့်ဆိုင် သောတရားမှ သင့်ကိုလွတ်မြောက်စေပြီဖြစ်၏”ဟု ဖော်ပြထား သည်။ ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ယုံကြည်ခြင်းအားဖြင့် သ ခင်ယေရှုခရစ်တော်၌ ကိန်းဝပ်သောသူများသည် အမှန်အကန် အ ပြစ်မရှိပေ။ ဤသို့သောယုံကြည်ခြင်းသည် ပညတ်တရား၏ဖြောင့် မတ်သောတောင်းဆိုမှုများအားလုံးကို ပြည့်စုံစေခဲ့သော သခင်ယေရှု ၏ဗတ္တိဇံနှင့်အသွေးတော်ပေါ်တွင် အခြေခံခဲ့သည်။ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို ယုံကြည်ခြင်းမှာ ဒုတိယမွေးဖွားခြင်းခံရသော ယုံ ကြည်သူများအတွက်အဓိကအကျဆုံးသော ယုံကြည်ခြင်း ဖြစ်သည်။ ပုထုဇဉ်လူသားများသည် မည်သို့ဖြင့် အပြစ်ကင်းစင်နိုင်ကြမည် နည်း။ သခင်ယေရှုခရစ်တော်အား ဖြင့် ဘုရားသခင်၏ဖြောင့်မတ် ခြင်းကို မယိမ်းမယိုင်ယုံကြည်ခြင်း အားဖြင့် သူတို့၏အပြစ်များအား လုံး ကွယ်ပျောက်ခဲ့သည်။ သခင်ယေရှုသည် ဘုရားသခင်၏ဖြောင့် မတ်ခြင်းယုံကြည်သူများအတွက် ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် လောကအပြစ်များအားလုံးကို မိမိကိုယ်ပေါ်သို့ ယူဆောင်သွားတော် မူခဲ့သောကြောင့် ဤသို့ဖြစ်ရခြင်း ဖြစ်သည်။
ရောမ ၈း၃ တွင် ဘုရားသခင်သည် “ဘုရားသခင်သည် မိမိ၏သားတော်ကို အပြစ်နှင့်ပြည့်ဝသည့် သွေးသားဇာတိနှင့်တူညီသောသဏ္ဌာန်၌ အပြစ်အတွက်” စေလွှတ်တော်မူခဲ့ သည်ကိုလည်း ကောင်း၊ “သွေးသားဇာတိ၌ရှိသောအပြစ်ကို ဒဏ်ခတ်တော်မူပြီး သွေးသားဇာတိကြောင့် အားနည်း၍ ပညတ်တရားမဆောင်ရွက်နိုင်သောအမှုကို ဆောင်ရွက်ပေးတော်မူသည်”ကို လည်းကောင်းပြော သည်။ တစ်နည်းအားဖြင့် သခင်ယေရှု၏ “အသွေးအသား”ဖြင့် အပြစ်အတွက်တရားစီရင်ခြင်းခံတော်မူခြင်းအားဖြင့် ခမည်းတော်ဘု ရားသခင်သည် မိမိ သားတော်အပေါ်သို့ လောကအပြစ်များအားလုံး ကို လွှဲပြောင်းပေးတော်မူခဲ့သည်။ သမ္မာတရားနှုတ်ကပတ်တော်ကို မဿဲ ၃း၁၃-၁၇ တွင် ဖော်ပြထားသည်။ (ဤအကြောင်းကို ကျွန်တော်ရေး သားခဲ့သော “သင်သည် ရေနှင့်ဝိညာဉ်တော်အားဖြင့် ဒုတိယမွေးဖွား ခြင်းအမှန်အကန် ခံခဲ့ပြီလော”စာအုပ်တွင် ပို၍ တိ ကျစွာ ဖော်ပြထားသည်)။ ဘုရားသခင်သည် မိမိဖြောင့်မတ်ခြင်းအား ဖြင့် လောကအ ပြစ်များအားလုံးကို ခွင့်လွှတ်တော်မူခဲ့သောကြောင့် ဤသမ္မာတရား ကို ယုံကြည်သူများသည် အပြစ်မရှိပေ။
 


“အို ငါသည် ငြိုငြင်သောသူဖြစ်ပါသည်တကား။”


ရောမ ၇း၂၄ မှ ၈း၆ ကျမ်းချက်များတွင် နှိုင်းယှဉ်သောဆောင် ပုဒ်နှစ်ပုဒ်ကို ဖော်ပြထားသည်။ ပထမအချက်မှာ အပြစ်၏ပြဿနာ အကြောင်းဆွေးနွေးခြင်း ဖြစ်သည်။ တစ်နည်းအားဖြင့် ဇာတိအသွေး အသားကို တပ်မက်ခြင်းများကြောင့် ဘုရားသခင်ကို နာမခံခြင်း ဖြစ် သည်။ အခြားတစ်ခုမှာ သခင်ယေရှုခရစ်တော်၌ တွေ့ရသော အပြစ် ၏ပြဿနာကို ဖြေရှင်းခြင်းဆွေးနွေးချက် ဖြစ်သည်။
ရောမ ၇း၂၄-၂၅တွင် “ငါသည် အလွန်စိတ်ပျက်ဖွယ်ကောင်းသောသူဖြစ်ပေ၏။ မည်သူသည် သေခြင်းနှင့်ဆိုင်သော ဤကိုယ်ခန္ဓာမှ ငါ့ကို ကယ်နုတ်မည်နည်း။ သို့သော် ငါတို့၏သခင်ယေရှုခရစ်တော်အားဖြင့် ဘုရားသခင်၏ကျေးဇူးတော်ကိုချီးမွမ်း၏။ ဤသို့ ဖြင့် ငါသည် မိမိစိတ်နှလုံးအားဖြင့် ဘုရားသခင်၏တရားတော်ကို အစေခံလျက်ရှိသော်လည်း သွေးသားဇာတိအားဖြင့် အပြစ်နှင့်ဆိုင် သောတရားကို အစေခံလျက်ရှိ၏”ဟု ဖော်ပြထားသည်။ ရှင်ပေါ လုသည် မိမိအသွေးအသားကို ကြည့်ခဲ့သောအခါ သူသည် ငြိုငြင် သောသူဖြစ်သည်ဟု ငိုကြွေးခဲ့သည်။ သို့သော် သူသည် သခင်ယေရှု ခရစ်တော်အားဖြင့် မိမိဇာတိပကတိမှ လွှတ်မြောက်ခဲ့သောကြောင့် သူသည် ဘုရားသခင်ကို ကျေးဇူးတင်သည်။ ရှင်ပေါလုသည် မိမိစိတ် ထဲ၌ ဘုရားသခင်၏ပညတ်တရားကို အစေခံလျှင်တောင် သူသည် ဇာတိပ ကတိ၌ အပြစ်တရား၏ပညတ်တရားကို အစေခံခဲ့သည်ဟု ကျွန်ုပ် တို့နားလည်သဘောပေါက်နိုင်သည်။
ရှင်ပေါလုက မိမိဇာတိအသွေးအသားသည် အပြစ်၏ပညတ်တ ရားသို့လိုက်၍ ဘုရားသခင်ကို ဝမ်းမြောက်စေသောဘဝဖြင့်အသက် ရှင်မည့်အစား ကိုယ်တော်ကို ဝမ်းနည်းစေတော်မူသည်။ သို့သော် သူ သည် မိမိစိတ်ထဲ၌ ဘုရားသခင်၏ဝိညာဉ်တော်၏ပညတ်တရားကို သာလိုက်လျှောက်နေသေးသည်ဟု ပြောခဲ့သည်။ ဤပညတ်နှစ်ခု အ ကြားရှုပ်ထွေးမှုမှာ ရှင်ပေါလုသည် ငြိုငြင်၍ စိတ်ပျက်မှုကို ခံစားရ သော်လည်း သူသည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ပြည့်စုံစေ တော်မူခဲ့သူ သခင်ယေရှုကို ယုံကြည်ခြင်းအားဖြင့် အပြစ်များမှ ရွေး နှုတ်ခြင်းခံရသောကြောင့် ဘုရားသခင်ကို ကျေးဇူးတင်ခြင်းအားဖြင့် ယုံကြည်ခြင်းအောင်မြင်မှုကို ကြွေးကြော်ခဲ့သည်။
သခင်ယေရှုခရစ်တော်သည် ကျွန်ုပ်တို့အပြစ်များအားလုံးနှင့် လူသားများအားလုံး၏အပြစ်များအတွက် ပြစ်ကြွေးပေးဆပ်ကျေ အေးစေတော်မူခဲ့သည်ဟု ယုံကြည်ခဲ့သောကြောင့် ရှင်ပေါလုသည် ဤသို့ဖြင့် ကျေးဇူးတော်ချီးမွမ်းနိုင်ခြင်း ဖြစ်သည်။ သခင်ယေရှုသည် လောကအပြစ်များကို ယူဆောင်သွားတော်မူရန် ယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် လူသားများ၏အပြစ်များအားလုံးကို မိမိကိုယ်ပေါ်သို့ ယူဆောင်သွား‌တော်မူခဲ့သည်။ ကားတိုင်ပေါ်တွင် အပြစ်အတွက် တရားစီရင်ခြင်းခံ‌တော်မူခြင်းအားဖြင့် ကိုယ်တော် သည် လောကအပြစ်များအားလုံးမှ ကိုယ်တော်ကို ကြည်သူအား လုံးကို ကယ်တင်တော်မူခဲ့သည်။ ထိုကြောင့် ရှင်ပေါလုက ရောမ ၈း ၁ တွင် “ထို့ကြောင့် ယခုအခါ ခရစ်တော်ယေရှု၌ရှိသောသူတို့သည် ပြစ်ဒဏ်စီရင်ခြင်းမခံရ။ အကြောင်းမူကား ခရစ်တော်ယေရှု၌ရှိသည့်အသက်ရှင်ခြင်း၏ဝိညာဉ်တော်နှင့်ဆိုင်သောတရားသည်အပြစ် နှင့်သေခြင်းတို့နှင့်ဆိုင်သောတရားမှ သင့်ကိုလွတ်မြောက်စေပြီဖြစ်၏”ဟု ကြွေးကြော်ခဲ့သည်။ အပြစ်တရားစီရင်ခြင်းမရှိတော့ပေဟု ဆိုရာတွင်ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ယုံကြည်သူများ၌ အပြစ် လုံးဝမရှိခြင်းကို ဆိုလိုသည်။ ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ယုံကြည်ခြင်းအားဖြင့် သခင်ယေရှုခရစ်တော်၌ ရှိသောသူများသည် မိမိနှလုံးသားများ၌ အပြစ်လုံးဝမရှိပေ။ သူတို့သည် ဇာတိအသွေး အသား၌ အားနည်းနိုင်ကြ သော်လည်း သူတို့မှာ အပြစ်လုံးဝမရှိပေ။
တစ်ဖက်တွင် တရားစီရင်ခြင်းအဓိပ္ပါယ်မှာ အပြစ်တည်ရှိခြင်း ဖြစ်၍ တရားစီရင်ခြင်းအခြေအနေ ဖြစ်သည်။ လူတစ်ဉီးသည် အမှား တစ်စုံတစ်ခုပြုမိသောအခါ ကျွန်ုပ်တို့သည် ၎င်းကို အပြစ်ဟု ခေါ်ကြ သည်။ သို့သော် သူသည် အပြစ်သားဖြစ်သည်ဟု ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို မယုံကြည်သောကြောင့် အပြစ်ဖြစ်သည်။ သို့ သော် အထက်ကျမ်းချက်အရ သခင်ယေရှုခရစ်တော်၌နေသောသူ များအပေါ် အပြစ်တရားစီရင်ခြင်းမရှိပေဟု သိရသည်။ 
သို့ရာတွင် ဤကြေငြာချက်သည် ကမ္ဘာ့ဘာသာတရားများက ရပ်တည်ရန် ကြွေးကြော်သော ဖြောင့်မတ်ခြင်းဆိုင်ရာ ဓမ္မခံယူချက် ပေါ်တွင် အခြေမခံပေ။ ‘ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ခြင်းခံရ သည်ဟု မှတ်ယူခြင်း၏အယူဝါဒ’ အဓိပ္ပါယ်မှာ သူသည် ဖြောင့်မတ် သူအမှန်အကန်မဟုတ်၊ သခင်ယေရှုကို ယုံကြည်သောကြေင့် သူ၏ နှလုံးသား၌ အပြစ်ရှိသေးသော်လည်း ဘုရားသခင်သည် လူတစ်စုံ တစ်ဉီးအား ဖြောင့်မတ်သူအဖြစ် မှတ်တော်မူသည်ဟု ဟန်ဆောင်မှု ဖြင့် ကြွေးကြော်ခြင်း ဖြစ်သည်။ သို့သော် ဤအရာသည် မှားယွင်း သောအရာ ဖြစ်သည်။ ဘုရားသခင်သည် လှည့်စား၍ အပြစ်သား တစ်ဉီးကို အပြစ်မရှိဟု မည်သို့ မှည့်ခေါ်တော်မူမည်နည်း။ ကိုယ် တော်သည် ထိုသို့မှည့်ခေါ်တော်မမူ။ ကိုယ်တော်သည် အပြစ်သား တစ်ဉီးအား “သင်သည် အပြစ်များကြောင့် သေခြင်းကို ကြုံရမည်။ ရေနှင့်ဝိညာဉ်တော်သတင်းကောင်း၌ ထင်ရှားသော ငါ၏ဖြောင့်မတ် ခြင်းကို ယုံကြည်ပါ” ဟုပြောခြင်းအားဖြင့် ခေါ်တော်မူလိမ့်မည်။ 
ယခုနေ့ရက်များတွင် လူများစွာတို့သည် ဤသို့သော ဓမ္မခံယူ ချက်များကို စွဲကိုင်ခြင်းအားဖြင့် မှားယွင်းသောယုံကြည်မှုများရှိရန် နှင့် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို အကျင့်ဖြင့်ယူရန် ကြိုးစားနေ ကြသည်။ သို့သော် ဤသို့သောယုံကြည်ခြင်းမျိုးသည် မှားယွင်း၍ အန္တရာယ်ရှိသည်။ သခင်ယေရှုသည် သမ္မာတရား၏ဘုရားဖြစ်တော် မမူလျှင် ကိုဘ်တော်သည် အပြစ်သားတစ်ဉီးကို မိမိနောက်လိုက်သူ အဖြစ် မှည့်ခေါ်နိုင်တော်မူသည်။ သို့သော် သမ္မာတရား၊ သခင်ယေရှု သည် အပြစ်သားတစ်ဉီးအား ဖြောင့်မတ်သူနှင့်အပြစ်ကင်းစင်သူဟု မှည့်ခေါ်တော်မမူပေဟု သင်နားလည်သဘောပေါက်ရမည်။ ကိုယ် တော်၏ဖြောင့်မတ်ခြင်းနှင့်သန့်ရှင်းခြင်း၊ ဘုရားသခင်၏ဖြောင့်မတ် ခြင်းရှေ့၌ အပြစ်သားတစ်ဉီးကို ဖြောင့်မတ်ခြင်းနှင့်အပြစ်ကင်းစင်သူ အဖြစ် ခေါ်ခြင်းမှာ မဖြစ်နိုင်ပေ။
သခင်ယေရှုကို ယုံကြည်ခြင်းအားဖြင့်သာလျှင် အပြစ်မှ သင်၏ ရွေးနှုတ်ကယ်တင်ခြင်းသည် မလာဘဲ သင့်အတွက်ရောက်လာသော ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ယုံကြည်ခြင်းအားဖြင့်သာ ရရှိနိုင် သည်ကို သင်နားလည်သဘောပေါက်ရမည်။ သင်သည် သခင်ယေရှု ကို ယုံကြည်လျှင်တောင် သင်သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်း ကို မသိဘဲ မယုံကြည်လျှင် ဘုရားသခင်သည် သင့်အား ဖြောင့်မတ် သူဟုမှည့်ခေါ်တော်မူလိမ့်မည်မဟုတ်ပေ။ သို့သော် ယနေ့ဖြစ်ရပ်မှန် မှာ ဤသို့သော ဓမ္မခံယူချက်များကို သန့်ရှင်းစင်ကယ်ခြင်းဓမ္မခံယူ ချက်နှင့် ဖြောင့်မတ်ခြင်းဓမ္မခံယူချက်ဖြစ်သည်ဟု ရှေးဟောင်းခရစ် ယာန်ဓမ္မခံယူချက်အဖြစ် လူများစွာတို့သည် လက်ခံခဲ့ကြသည်။ သို့ သော် ရှေးဟောင်းဓမ္မခံယူချက်များသည် ဘုရားသခင်၏ဖြောင့်မတ် ခြင်းကို သိခြင်း သို့မဟုတ် ရရှိခြင်းမှ အမှန်အကန် တားဆီးပိတ်ပင် နိုင်ခဲ့သည်ဟု လူအနည်းငယ်ကသာ နားလည်သဘောပေါက်ကြ သည်။ သူတို့သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ဆန့်ကျင်သူ များအမှန်အကန်ဖြစ်ကြသည်ဟု နားမလည်ဘဲ ဤဓမ္မခံယူချက်များ ကို ယုံကြည်ခြင်းအားဖြင့် လူများစွာတို့သည် ဘုရားသခင်၏ဖြောင့် မတ်ခြင်းကို မရရှိခဲ့ကြဘဲ ဤသို့သော ဓမ္မခံယူချက်များသည် ၎င်းတို့ ၏ထိမိ၍လဲစရာများဖြစ်လာခဲ့သည်။
သင်သည် စစ်မှန်သောခရစ်ယာန်တစ်ဉီးဖြစ်လိုလျှင် သင်သည် ခရစ်တော်၌ အမှန်အကန်ရှိသည် သို့မဟုတ် မရှိသည်ကို သိရန် ဘု ရားသခင်၏နှုတ်ကပတ်တော်ဖြင့် မိမိကိုယ်ကိုကိုယ် တိုင်းတာရမည် ဖြစ်သည်။ ထိုသို့ဖြစ်နိုင်ရန်အတွက် သင်သည် ရေနှင့်ဝိညာဉ်တော် သတင်းကောင်းနှုတ်ကပတ်တော်ကို ကြား၍ သိကာ နားလည်သ ဘောပေါက်ရမည် ဖြစ်သည်။ မိမိကိုယ်ကိုကိုယ် “သခင်ယေရှု၌ ငါ၏ ယုံကြည်ခြင်းမှာ မှန်ကန်သလား။ ကျွန်တော်သည် သခင်ယေရှုကို ယုံကြည်သည်ဟု ပြောသောအခါ ဘာသာတရားကို ကျင့်ဆောင်နေ သလား။ ကျွန်တော်သည် လမ်းတစ်ဝက်မှာ ရပ်နေသလား။ သို့မ ဟုတ် သခင်ယေရှုနှင့်ဝေးကွာသလား”ဟု မေးပါ။ “အသက်ရှင်ခြင်း၏ဝိညာဉ်တော်နှင့်ဆိုင်သောတရားသည် အပြစ်နှင့်သေခြင်းတို့နှင့် ဆိုင်သောတရားမှ သင့်ကိုလွတ်မြောက်စေပြီဖြစ်၏”ဟူသော သမ္မာ တရားယုံကြည်ခြင်းကို ယုံကြည်ခြင်းနှင့် ကိန်းဝပ်ခြင်းအားဖြင့် သင် သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ရရှိသောအချိန် မှာ ယခုချိန် ဖြစ်သည်။
ဧဖက်သြဝါဒစာတွင် ကျွန်ုပ်တို့သည် “သခင်ယေရှု၌ရှိသော ရွေး နှုတ်ကယ်တင်ခြင်းအားဖြင့်”ဟူသော ကျမ်းချက်ကို မကြာခဏတွေ့ ရသည်။ ဘုရားသခင်သည် သခင်ယေရှုခရစ်တော်၌ ကျွန်ုပ်တို့အား အပြစ်များအားလုံးမှ ကယ်တင်တော်မူရန် ကြိုတင်ခွဲခန့်၍ ရွေး ကောက်တော်မူခဲ့သည်ကို ဆိုလိုသည်။ သခင်ယေရှုအားဖြင့် ဘုရား သခင်၏ဖြောင့်မတ်ခြင်းအားဖြင့် အပြစ်ကြွေးပေးဆပ်ခြင်းခံရသူများ နှင့် ခရစ်တော်၌ ဝင်ရောက်ခဲ့သောသူများသည် အပြစ်များ လုံးလုံး လျားလျားဖယ်ရှားခြင်းခံရသောသူများ ဖြစ်ကြသည်။ ထိုကြောင့် ကိုယ်တော်ချ‌ပေးတော်မူခဲ့သော ရေနှင့်ဝိညာဉ်တော်သတင်းကောင်း ယုံကြည်သူများသည် သခင်ယေရှုခရစ်တော်၌ တရားစီရင်ခြင်းမခံ ရကြတော့ပေ။ လူတစ်ဉီးသည် ရေနှင့်ဝိညာဉ်တော်သတင်းကောင်း ကို ယုံကြည်သောအခါ သူသည် ကိုယ်တော်၌ ဘုရားသခင်၏ ဖြောင့် မတ်ခြင်းကိုရရှိ၍ ဤသတင်းကောင်းကို ဟောပြောသောသူဖြစ်လာ သည်။
သခင်ယေရှုခရစ်တော်အားဖြင့် ဘုရားသခင်၏ဖြောင့်မတ်ခြင်း ကို ယုံကြည်သူ၍ ကိုယ်တော်၏လက်မောင်းသို့ ဝင်ရောက်ခဲ့သော သူများသည် အပြစ်မရှိကြပေ။ ဤအရာသည် သမ္မာတရားဖြစ်၍ မှန် ကန်သောအဖြေ ဖြစ်သည်။ သခင်ယေရှု၏ဗတ္တိဇံနှင့် ကားတိုင်ပေါ် တွင် အသွေးတော်သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ယုံကြည် ခြင်းအားဖြင့် ခရစ်တော်၌ရှိသောသူများအတွက် အပြစ်များအားလုံး ကို ကွယ်ပျောက်စေသောကြောင့် သူတို့သည် အပြစ်မရှိကြခြင်း ဖြစ် သည်။ ထိုကြောင့် ခရစ်တော်၌ရှိသောသူများသည် အမှန်အကန်အ ပြစ်မရှိကြပေ။ ဤသမ္မာတရား- ခရစ်တော်၌ ရှိသောသူများအတွက် အပြစ်မရှိခြင်းသည် ရေနှင့်ဝိညာဉ်တော်နှုတ်ကပတ်တော်၌ တွေ့ရ သောအဖြေဖြစ်၍ အပြစ်ပြဿနာနှင့်ပတ်သက်၍ ရှုပ်ထွေးမှုမရှိပေ။ ရေနှင့်ဝိညာဉ်တော်သတင်းကောင်းအားဖြင့် ထင်ရှားခဲ့သော ဘုရား သခင်၏ဖြောင့်မတ်ခြင်းကို သင်ယုံကြည်သောအခါ သင်သည်လည်း မှန်ကန်သောဖြောင့်မတ်သူဖြစ်လာနိုင်သည်။ ရေနှင့်ဝိညာဉ်တော်သ တင်းကောင်း၌ ဘုရားသခင်၏ဖြောင့်မတ်ခြင်းရှိသောကြောင့် သင် သည် ၎င်းကို သိ၍ယုံကြည်ရမည် ဖြစ်သည်။ ထိုနောက် သင်သည် ခ ရစ်တော်၌ ကိန်းဝပ်သော ဖြောင့်မတ်သောယုံကြည်သူ ဖြစ်လာလိမ့် မည်။
သင်သည် အခက်အခဲပြဿနာကို တွေ့နေသည်ဆိုကြပါစို့။ ကျွန်ုပ်တို့သည် ဤပြဿနာကို ဖြေရှင်းခြင်းတစ်ခုကို အမှန်အကန် တွေ့လှိလျှင် သင်တွေ့သော အခက်အခဲများနှင့်ပြဿနာများကို လျစ်လျူရှု၍ အဖြေကို ဆက်လက်ရှာဖွေရမည် ဖြစ်သည်။ ထိုနည်း တူ၊ သခင်ယေရှုကို ယုံကြည်သူများနှင့် ကိုယ်တော်၌ မဝင်ရောက် သေးသောသူများသည် ရေနှင့်ဝိညာည်တော်သတင်းကောင်း၌ ထင် ရှားသော ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ရှာဖွေရကြမည်ဖြစ် သည်။
လူအချို့တို့သည် ခရစ်ယာန်ဘာသာအား ကမ္ဘာ့ဘာသာများထဲ က တစ်ခုအဖြစ် ထင်မှတ်၍ သန့်ရှင်းစင်ကယ်ခြင်းဓမ္မခံခံယူအဖြစ် ဤသို့သော ဓမ္မခ့ယူချက်ကို ယုံကြည်ခြင်းအားဖြင့် အပြစ်များအ တွက် ဖြေရှင်ခြင်းကို ရှာဖွေရန် ကြိုးစားကြသည်။ သို့သော် မကြာမီ သူတို့သည် ဤသို့သောဓမ္မခံယူချက် သို့မဟုတ် ကိုယ်ပိုင်ဖြောင့်မတ် ခြင်းများက သူတို့၏အပြစ်များမဆေးကြောနိုင်သည်ကို သူတို့သည် နားလည်သဘောပေါက်ကြလိမ့်မည်။ သူတို့၏အပြစ်ပြဿနာကို ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို ယုံကြည်ခြင်းအားဖြင့် လွယ် ကိူစွာ ဖြေရှင်းနိုင်လိမ့်မည်ဟု သူတို့သည် တွေ့ရကြလိမ့်မည်။
သင်သည် စစ်မှန်သောခရစ်ယာန်ဖြစ်လိုလျှင် သင်သည် ရေနှင့် ဝိညာဉ်တော်သတင်းကောင်းကို နှလုံးသား၌ ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ရရှိရကြမည် ဖြစ်သည်။ သို့သော် ဘာသာရေးသမားများသည် ဤသို့သော ဓမ္မခံယူချက်များကို စင် ကယ်သော ဓမ္မခံယူချက်နှင့် ဖြောင့်မတ်ခြင်းဓမ္မခံယူချက်ဖြင့် တိုင်း တာခြင်းအားဖြင့် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ရရှိရန် ကြိုးစား ၍ သူတို့၏အကျင့်များအားဖြင့် အပြစ်ပြဿနာများအားလုံးကို ဖြေ ရှင်ရန် ကြိုးစားအားထုတ်ကြသည်။ ဤသို့သော ယုံကြည်ခြင်းသည် နောင်တနှင့်စပ်ဆိုင်သောဆုတောင်းခြင်းများကို အမှီပြုကြသည်။ သူ တို့သည် ဤသို့သောဆု‌တောင်းခြင်းများပြုနေစဉ် သူတို့၏အပြစ်များ ကို ကြည့်သည့်အခါတိုင်းတွင် ပို၍အပြစ်ကျူးလွန်ကြသည်ဟု သိကြ သောကြောင့် သူတို့သည် ပျက်စီးခြင်းမှ ၎င်းက နောက်ဆုံးတွင် မ ကယ်တင်နိုင်ပေ။ 
သို့သော် ရေနှင့်ဝိညာဉ်တော်သတင်းကောင်း ယုံကြည်သူများ သည် ကိုယ်ကာယ၌ အားနည်းနိုင်ကြသော်လည်း သူတို့သည် ဘုရား သခင်၏ဖြောင့်မတ်ခြင်းကို ယုံကြည်ခြင်းအားဖြင့် အပြစ်ပြဿနာ များအားလုံးကို ဖြေရှင်းနိုင်ခဲ့ကြသည်။ ယုံကြည်ခြင်းအားဖြင့် ဘုရား သခင်၏ဖြောင့်မတ်ခြင်းကို ရရှိခဲ့သောသူများသည် မိမိစိတ်များ၌ အ ပြစ်မရှိတော့ပေ။ သူတို့ကို ဆန့်ကျင်သော တရားစီရင်ခြင်းလည်း မ ရှိတော့ပေ။
 

ဘုရားသခင်၏ဖြောင့်မတ်ခြင်းသည် သခင်ယေရှု၌ ရှိသောကြောင့် ဖြစ်သည်

အပိုဒ်ငယ် ၂ တွင် “အကြောင်းမူကား ခရစ်တော်ယေရှု၌ရှိသည့် အသက်ရှင်ခြင်း၏ဝိညာဉ်တော်နှင့်ဆိုင်သောတရားသည် အပြစ်နှင့်သေခြင်းတို့နှင့်ဆိုင်သောတရားမှ သင့်ကိုလွတ်မြောက်စေပြီဖြစ်၏” ဟု ပြောထားသည်။ ဘုရားသခင်သည် လူတစ်ဉီးအား သခင်ယေရှု အားဖြင့် အသက်၏ဝိညာဉ် တော်ပညတ်တရားနှင့်သေခြင်းနှင့်အ ပြစ်၏ပညတ်တရား - ပညတ်တရားနှစ်ပါးတို့ကို ပေးအပ်တော်မူခဲ့ သည်။ ရှင်ပေါလုပြောသည့်အတိုင်း အသက်၏ဝိညာဉ်ပညတ်တ ရားသည်ကျွန်ုပ်တို့အားသေခြင်းနှင့်အပြစ်ပညတ်တရားမှ၊ အပြစ်များ အားလုံးမှ လွှတ်မြောက်စေသည်။ သင်သည် ဘဝသစ်ကို ရရှိရန် ရှင်ပေါလုပြောကြားခဲ့သော ဤသမ္မာတရားကို နားလည်သဘော ပေါက်ရမည် ဖြစ်သည်။ ဤသမ္မာတရား ဤလောက၌ရှိသောလူ သားအားလုံးအပေါ် တန်းတူရည်တူ အသုံးချသည်။
ကျွန်ုပ်တို့သည်လည်း အသက်၏ဝိညာဉ်တော်ပညတ်တရားကို ယုံကြည်ခြင်းအားဖြင့် အပြစ်နှင့်သေခြင်းပညတ်တရားမှ လွှတ် မြောက်ခဲ့ကြသည်။ သို့မဟုတ်လျှင် ကျွန်ုပ်တို့သည် အပြစ်နှင့်သေ ခြင်းပညတ်တရားအောက်၌ ပျက်စီးခြင်းသို့ ရောက်ကြလိမ့်မည်။ သို့ သော် သခင်ယေရှု-သခင်ယေရှု၏ဗတ္တိဇံနှင့် ကားတိုင်ပေါ်တွင် အ သွေးတော်-၌ ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို နှလုံးသား၌ ယုံ ကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် ကိုယ်တော်၏ဖြောင့်မတ်ခြင်းကို ရရှိခဲ့ကြသည်။ အသက်၏ဝိညာဉ်တော်ပညတ်တရား ရောက်လာခဲ့ ကြသည်။ ကျွန်ုပ်တို့အတွက် ပြင်ဆင်ထားသော ထာဝရအသက်ကို ရရှိခဲ့ကြသည်။ ထိုနောက် သင်သည် မိမိအပြစ်များအားလုံး ဖြေ လွှတ်ပေးနိုင်သော ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို မည်သည့် နေရာတွင် တွေ့နိုင်သနည်း။ ယောဟန်ထံမှ သခင်ယေရှုခံယူတော်မူ ခဲ့သော ဗတ္တိဇံနှင့် ကားတိုင်ပေါ်တွင် သွန်းလောင်းသောအသွေးတော် ၌ တွေ့ရကြသည်။ တစ်နည်းအားဖြင့် ဘုရားသခင်၏ဖြောင့်မတ်ခြင်း ကို ရေနှင့်ဝိညာဉ်တော်သတင်းကောင်း၌ တွေ့ရသည်။
ထိုနောက် အပြစ်နှင့်သေခြင်းပညတ်တရားမှ ကျွန်ုပ်တို့အား လွှတ်မြောက်စေသော ဘုရားသခင်၏ဖြောင့်မတ်ခြင်းသတင်း ကောင်းမှာ အဘယ်အရာနည်း။ ကိုယ်တော်သည် ဤလောက၌ ဖွား မြင်တော်မူခြင်း၊ လောကအပြစ်များအားလုံးကို ယူဆောင်သွားတော် မူရန် အသက်သုံးဆယ်စေ့သောအခါ ယောဟန်အားဖြင့် ဗတ္တိဇံခံယူ တော်မူခြင်း၊ ကားတိုင်ပေါ်တွင် အသေခံတော်မူခြင်းနှင့် ကျွန်ုပ်တို့ အားလုံးကို အပြစ်များမှ ကယ်တင်တော်မူရန် သေခြင်းမှ ရှင်ပြန်ထ မြောက်တော်မူခြင်းတို့ဖြစ်ကြသည်။ ဤအရာသည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်း ဖြစ်စေသော သတင်းကောင်း ဖြစ်သည်။
လူသားများသည် မိမိအားနည်းချက်များကောာင့် အပြစ်ကျူး လွန်ကြသူဖြစ်ကြသည်ဟု ဘုရားသခင်သည် သိတော်မူသောကြောင့် အပြစ်နှင့်သေခြင်းပညတ်တရားမှ သူတို့ကို ကယ်တင်တော်မူသော ကယ်တင်ခြင်းသတင်းကောင်းကို ပေးအပ်တော်မူခြင်းအားဖြင့် အ ပြစ်သားများအားလုံးကို သူတို့အပြစ်များမှ ကယ်တင်တော်မူရန် ကြံ စည်တော်မူခဲ့သည်။ ဤအရာသည် ယောဟန်အားဖြင့် သခင်ယေရှု ၏ဗတ္တိဇံနှင့် ကားတိုင်ပေါ်တွင် အသွေးတော်၌ တွေ့ရသော အပြစ် ဖြေလွှတ်ခြင်းသတင်းကောင်း ဖြစ်သည်။ လူသားအားလုံးသည် ဤ သတင်းကောင်းကို ယုံကြည်ခြင်းအားဖြင့် အပြစ်များ၏သေခြင်းပ ညတ်တရားမှ လွှတ်မြောက်စေနိုင်သည်။ ဤဘုရားသခင်၏ဖြောင့် မတ်ခြင်းသည် လူသားများအားလုံးကို ကယ်တင်သော အသက်၏ ပညတ်တရားဖြစ်သည်။
ဘုရားသခင်သည် ပညတ်တော်နှုတ်ကပတ်တော်ကို လူသား များအားပေးအပ်တော်မူခဲ့၍ အပြစ်ကို ပြုစေသော ပညတ်တော်အား ဖြင့် အသက်မရှင်နိုင်မှ ကယ်တင်တော်မူခဲ့သည်။ ထိုအချိန်တွင် ဘု ရားသခင်သည် အပြစ်သားများအား အပြစ်များမှ ကယ်တင်ပေးနိုင်‌ သော ပညတ်တရားကို ချထား‌တော်မူခဲ့သည်။ ကယ်တင်ခြင်းပညတ် မှာ ဘုရားသခင်၏ဖြောင့်မတ်ခြင်း၌ ဖုံးအုပ်ထားသော သမ္မာတရား ဖြစ်သည်။ ၎င်းကို ယုံကြည်သူများအားလုံးအပေါ် ပေးထားသော ထာဝရအသက်ဖြစ်သော ကျေးဇူးတော်ပညတ်တရား ဖြစ်သည်။ လူ သားများအတွက် ဘု ရားသခင်ချမှတ်တော်မူသော အပြစ်ဖြေရာ ပ ညတ်တရားမှာ ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို ယုံကြည်ခြင်း ပညတ်တရားဖြစ်သည်။ ၎င်းမှာ သခင်ယေရှု၏ဗတ္တိဇံနှင့် ကားတိုင် ပေါ်တွင် သွန်းလောင်းသောအသွေးတော်- နှင့် ဤယုံကြည်ခြင်း သည် သူတို့ကို ဘုရားသခင်၏ဖြောင့်မတ်ခြင်းလွှမ်းခြုံနိုင်သော အ သက်၏ပညတ်တရားဖြစ်သည်။ 
ထိုနောက် မည်သူသည် အသက်၏ပညတ်တရားကို ဆန့်ကျင် နိုင်ကြမည်နည်း။ ဘုရားသခင်ချပေးတော်မူခဲ့သော ရေနှင့်ဝိညာဉ် တော်သတင်းကောင်းယုံကြည်သူများကို လောကအပြစ်များအားလုံး မှ ရွေးနှုတ်ခြင်းခံရကြ၍ ဤယုံကြည်ခြင်းအားဖြင့် သူသည် ဘုရား သခင်၏ဖြောင့်မတ်ခြင်းကို ရရှိကြလိမ့်မည်။
ဘုရားသခင်သည် မည်သို့ဖြင့် သင့်အား အသက်၏ဝိညာဉ် တော်ပညတ်တရားကို ချပေးတော်မူခဲ့သနည်း။ မိမိတစ်ပါးတည်း သောသားတော်သခင်ယေရှုကို ဤလောကသို့ စေလွှတ်တော်မူခြင်း၊ အပျိုကညာမှ ဖွားမြင်စေတော်မူခြင်း၊ ယောဟန်ထံမှ ဗတ္တိဇံခံယူ တော်မူခြင်းအားဖြင့် ကိုယ်တော့်အပေါ်သို့ လောကအပြစ်များအား လုံးကို တင်ထားတော်မူခြင်း၊ ဤအပြစ်များ၏အခများအတွက် ကား တိုင်ပေါ်တွင် အသေခံစေတော်မူခြင်းအားဖြင့် ကိုယ်တော်သည် သ ခင်ယေရှုပေါ် ဤလောကအပြစ်များအားလုံးကို လွှဲပြောင်းတော်မူခဲ့ ၍ အပြစ်သားများအားလုံး၏ ကယ်တင်ရှင်ဖြစ်စေတော်မူသည်။
ဤသမ္မာတရားကိုယုံကြည်သူအားလုံအပေါ် ဘုရားသခင်သည် ခွင့်လွှတ်ခြင်းနှင့်ဘဝသစ်ကို ပေးအပ်တော်မူခဲ့သည်။ ဤအရာသည် ကျွန်ုပ်တို့အပေါ် ကိုယ်တော်ချပေးတော်မူခဲ့သော အသက်၏ဝိညာဉ် တော်ပညတ်တရား ဖြစ်သည်။
ထိုနောက် အပြစ်နှင့်သေခြင်းပညတ်တရားမှာ အဘယ်အရာ နည်း။ ဤအရာသည် လူသားများထံ ဘုရားသခင်ချပေးတော်မူခဲ့ သော ပညတ်တော်များဖြစ်သည်။ ဘုရားသခင်ချမှတ်တော်မူခဲ့သော ပညတ်တော်သည်“လုပ်ရန်များနှင့်ရှောင်ရန်များ”အပေါ် ကိုယ်တော့် အမိန့်တော်ပြည့်စုံသည်။ ဤပညတ်တော်များအတိုင်းအသက်မရှင် သောသူများသည် အပြစ်ကျူးလွန်သူများဖြစ်ကြသည်။ သေခြင်းအ ဖိုးအခများပေးဆပ်ရန်လိုအပ်သောသူများသည် အပ္ပါယ်ငရဲသို့ ပစ်ချ ခြင်းခံရကြမည် ဖြစ်သည်။
ထိုကြောင့် လူတိုင်းသည် သေခြင်းပညတ်တရားအောက်၌ နေ ရကြသည်။ သို့သော် သခင်ယေရှုခရစ်တော်သည် ဗတ္တိဇံခံယူခြင်းနှင့် ကားတိုင်ပေါ်တွင် အသွေးတော်သွန်းလောင်းတော်မူခြင်းအားဖြင့် သေခြင်းပညတ်တရားမှ ကျွန်ုပ်တို့ကို ကယ်တင်တော်မူခဲ့သည်။ သ ခင်ယေရှုကလွှဲ၍ အပြစ်များမှ အပြစ်သားများကို ကယ်တင်နိုင်သူ တစ်စုံတစ်ဉီးမျှ မရှိပေ။ ကျွန်ုပ်တို့အား အပြစ်များအားလုံးမှ ကယ် တင်ပေးအနုင်သောကိုယ်တော်ပေးအပ်တော်မူခဲ့သောရေနှင့် ဝိညာဉ် တော်သတင်းကောင်းအားဖြင့်လွှဲ၍ အခြားနည်းလမ်းမရှိပေ။ ထို ကြောင့် သခင်ယေရှုသည် သင့်ကို ကယ်တင်ရန် ဤလောကသို့ မည် သို့ ကြွဆင်းတော်မူခဲ့ကိုလည်းကောင်း၊ ဘုရားသခင်၏ဖြောင့်မတ် ခြင်းသည်အဘယ်အရာဖြစ်သည်ကိုလည်းကောင်း သင်သိ၍ ယုံ ကြည် ရမည်ဖြစ်သည်။
သို့သော် ယခုနေ့ရက်များတွင် သခင်ယေရှုကို သက်ဝင်ယုံ ကြည်၍ ပညတ်တရားပညာ - ၎င်းမှာ အပြစ်နှင့်သေခြင်း ပညတ်တ ရား-ကို အားကိုးယုံကြည်သူများသည်သူတို့ကို အပြစ်များအားလုံးမှ ကယ်တင်ပေးနိုင်ခဲ့သော ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို လုံး လုံးလျားလျား လျစ်လျူရှုခဲ့ကြသည်။ လူများစွာတို့သည် ဤလျစ် လျူရှုခြင်းဖြင့် သခင်ယေရှုကို ဆက်လက်ယုံကြည်ကြသည်။ ဤအ ရာမှ ကျွန်ုပ်တို့သည် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို မည်သို့ ဖြင့် အချိန်ကြာမြင့်စွာ ဖုံးအုပ်ထားသည်ကို သိနိုင်ကြသည်။ ဤရေ နှင့်ဝိညာဉ်တော်သတင်းကောင်းမှာ ကားတိုင်တစ်ခုတည်းကိုသာ ယုံ ကြည်သော သတင်းကောင်းနှင့် မတူပေ။ လူများစွာတို့သည် ကား တိုင်ပေါ်တွင် သခင်ယေရှု၏အသွေးတော်ကိုသာ အလွန်အမင်းအ ရေးထားကြသော်လည်း ကိုယ်တော်သည် ကားတိုင်ပေါ်တွင် အသေ ခံတော်မူသောအချိန်မဟုတ်၊ ယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူသော အချိန်တွင် လောကအပြစ်များအားလုံးကို ယူဆောင်သွားတော်မူခဲ့ သောကြောင့် သခင်ယေရှုသည် ကားတိုင်ပေါ်တွင် အသွေးတော် သွန်းလောင်းတော်မူခဲ့သည်ဟု ကျမ်းစာက ပြောထားသည်။
ဉာဏ်ပညာခြားနားခြင်းသည် ကောင်းကင်နှင့်ငရဲသွားခြင်းအ တွက် ခြားနားမှုဖြစ်စေသည်ကို သင်နားလည်သဘောပေါက်ရမည် ဖြစ်သည်။ ၎င်းသည် အရေးမကြီးခြားနားမှုဖြစ်ဟန်တူသည်။ သို့ သော် ဤနားလည်သဘောပေါက်မှုခြားနားမှုသည် တစ်ခုနှင့်တစ်ခု ခြားနားချက်ရှိသည်။ အခြေခံအားဖြင့်မတူညီသောဆိုးကျိုး/ ကောင်း ကျိုးများဖြစ်စေသည်။ ထိုကြောင့် သင်သည် သခင်ယေရှုအား ကယ် တင်ရှင်အဖြစ် ယုံကြည်ရန် ဆန္ဒရှိသောအခါ သင်သည် ရေနှင့်ဝိ ညာဉ်တော်သတင်းကောင်းကို ဗဟိုပြု၍ ယုံကြည်ရမည် ဖြစ်သည်။ ထိုသို့ပြုခြင်းအားဖြင့် သင်သည် အပြစ်များအားလုံးမှ လွှတ်‌မြောက် နိုင်မည် ဖြစ်သည်။ သို့သော် ယခုချိန်များတွင် သခင်ယေရှုကို ယုံ ကြည်သူများစွာတို့သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို လျစ်လျူ ရှုနေကြသည်။ 
ဤသို့သောသူများသည် ဘုရားရှေ့တော်၌ အတတ်နိုင်ဆုံးအ ပြစ်များအနည်းငယ်သာပြုရန်ကြိုးစားခြင်းနှင့် မိမိကိုယ်ကိုကိုယ် စင် ကြယ်ရန်ကြိုးစားခြင်းအားဖြင့် ပြည့်စုံသူများအဖြစ် ရပ်တည်ရန် ကြိုးစားကြသည်။ သို့သော် ဘုရားသခင်၏ဖြောင့်မတ်ခြင်းသည် လူ သားများ၏အတွေးအခေါ်များ၊ ကြိုးစားအားထုတ်ခြင်းများ၊ သို့မ ဟုတ်လုပ်ဆောင်ချက်များအားဖြင့် ရရှိနိုင်သောအရာမဟုတ်ပေ။ ရေ နှင့်ဝိညာဉ်တော်သတင်းကောင်း၌ ဖုံးအုပ်ထားသော အပြစ်ဖြေလွှတ် ခြင်းဆိုင်ရာ သမ္မာတရားကို ယုံကြည်ခြင်းအားဖြင့်သာလျှင် လူတစ် ဉီးသည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းရရှိသည်။ ပညတ်တရား လိုက်လျှောက်ခြင်းအားဖြင့် မိမိကိုယ်ကိုကိုယ် စင်ကြယ်စေရန် ကြိုး စားသောသူများ၏ယုံကြည်ခြင်းသည် မိုက်မဲသောယုံကြည်ခြင်း ဖြစ် သည်။ ပညတ်တရား၏တောင်းဆိုမှုများအားလုံးကို လိုက်လျှောက် နိုင်သောသူတစ်စုံတစ်ဉီးမျှ မရှိပေ။
 


သခင်ယေရှု၏ကိုယ်၌ တရားစီရင်ခြင်းအားဖြင့်


အပိုဒ်ငယ် ၃ တွင် “ဘုရားသခင်သည် မိမိ၏သားတော်ကို အပြစ်နှင့်ပြည့်ဝသည့် သွေးသားဇာတိနှင့်တူညီသောသဏ္ဌာန်၌ အပြစ်အတွက်စေလွှတ်တော်မူ၍ သွေးသားဇာတိ၌ရှိသောအပြစ်ကို ဒဏ်ခတ်တော်မူပြီး သွေးသားဇာတိကြောင့် အားနည်း၍ ပညတ်တရားမဆောင်ရွက်နိုင်သောအမှုကို ဆောင်ရွက်ပေးတော်မူ၏”ဟု ‌ဖော်ပြထားသည်။ ရေနှင့်ဝိညာဉ် တော်ပညတ်တရားအကြောင်းနှင့် ပတ်သက်၍ ရှင်ပေါလု၏သက် သေခံချက်ကို အသေးစိတ်လုံးစေ့ ပတ်စေ့ကိုဤကျမ်းချက်များတွင်ကျွန်ုပ်တို့တွေ့နိုင်ကြသည်။ဤတွင် ခမည်းတော်ဘုရားသခင်သည် သခင်ယေရှုအပေါ်သို့ လောကအပြစ် များအားလုံးကို မည်သို့ချထားတော်မူခဲ့သည်ကို ရှင်ပေါလုက ဖော် ပြထားသည်။ “ဘုရားသခင်သည် မိမိ၏သားတော်ကို အပြစ်နှင့်ပြည့်ဝသည့် သွေးသားဇာတိနှင့်တူညီသောသဏ္ဌာန်၌ အပြစ်အတွက်စေလွှတ်တော်မူ၍ သွေးသားဇာတိ၌ရှိသောအပြစ်ကို ဒဏ်ခတ်တော်မူပြီး သွေးသားဇာတိကြောင့် အားနည်း၍ ပညတ်တရားမဆောင်ရွက်နိုင်သောအမှုကို ဆောင်ရွက်ပေးတော်မူ၏။”
ဘုရားသခင်သည် အသွေးအသား၌ အပြစ်ကို တရားစီရင်တော် မူသည်ဟု ပြောသောအခါ မည်သည့်အရာကို ဆိုလိုသနည်း။ ခမည်း တော်ဘုရားသခင်သည် တစ်ပါးတည်းသောသားတော်ကို ဤလော ကသို့ စေလွှတ်တော်မူ၍ မိမိကိုယ်ပေါ်သို့ လောကအပြစ်များအား လုံးကို ချထားရန် ယောဟန်အားဖြင့် ဗတ္တိဇံခံယူစေတော်မူခြင်းအား ဖြင့် ယုံကြည်သူများအပြစ်များကို ထာဝရ ဆေးကြောပေးတော်မူခဲ့ သည်။ ဤအကြောင်းကြောင့် ကျမ်းစာတွင် “ပညတ်တရားမလုပ် နိုင်သောအရာကို ဘုရားသခင်လုပ်နိုင်တော်မူသည်”ဟု ပြောရခြင်း ဖြစ်သည်။ ဘုရားသခင်သည် မိမိသားတော်အပေါ် လောကအပြစ် များအားလုံးကို ချထားတော်မူခြင်းအားဖြင့် ၎င်းတို့ကို ဖယ်ရှားပေး တော်မူခဲ့သည်။ ကိုယ်တော်သည် ကားတိုင်ပေါ်တွင် အသေခံတော် မူပြီး သေခြင်းမှရှင်ပြန်ထမြောက်တော်မူခဲ့ပြီးနောက် အပြစ်များအား လုံးသည် ကွယ်ပျောက်သွားခဲ့သည်။
ဤအရာသည် သင့်ကို ကယ်တင်သောသမ္မာတရားသတင်း ကောင်းဖြစ်ငေ ဤသတင်းကောင်းသည် ရေနှင့်ဝိညာဉ်တော်သတင်း ကောင်း ဖြစ်သည်။ ယောဟန် ၃း၅တွင် နိကောဒင်ထံ ကိုယ်တော် မိန့်တော်မူခဲ့သောအရာမှာ “ရေနှင့်ဝိညာဉ်တော် မမွေးသောသူမည် သည်ကား၊ ဘုရားသခင်၏နိုင်ငံတော်သို့ မဝင်ရဟု ငါအမှန်အကန် ဆို၏”ဟု မန့်တော်မူသည့်သောအရာမှာ ဤသတင်းကောင်းဖြစ် သည်။ သခင်ယေရှုသည် ယောဟန်အားဖြင့် ဗတ္တိဇံခံယူတော်မူ၍ ကားတိုင်ပေါ်တွင် အသွေးတော်သွန်းလောင်းကာ သေခြင်းမှ ရှင်ပြန် ထမြောက်တော်မူခဲ့သောအခါ ထင်ရှားသောဘုရားသခင်ဖြောင့်မတ် ခြင်းမှာ ဤသတင်းကောင်းဖြစ်သည်။ 
မဿဲ ၃း၁၅ တွင် “ယေရှုကလည်းယခုအခါတွင် အခွင့်ပေးလော့။ အကြောင်းမူကား ငါတို့သည် ဖြောင့်မတ်ခြင်းအလုံးစုံကို ဤသို့ပြည့်စုံစေသင့်၏ဟု မိန့်တော်မူ၏။ ထိုအခါ ယောဟန်သည် ကိုယ်တော်ကိုအခွင့်ပေးလေ၏”ဟု ဖော်ပြထားသည်။ ဤကျမ်းချက် သည် သခင်ယေရှုအားဖြင့် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို သက် သေခံ၍ ထင်ရှားစေသည်။ သခင်ယေရှုသည် ဂလိလဲပြည်မှယော ဟန်မြစ်သို့ ကြွတော်မူသောအခါ ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံပေးရန် မိန့်တော်မူခဲ့သောအခါ ယောဟန်သည် အစောပိုင်း တွင်ကိုယ်တော့် ကို “အကျွန်ုပ်သည် ကိုယ်တော်ထံ၌ ဗတ္တိဇံကိုခံရမည် အကြောင်း ရှိပါသည်”ဟု ပြော၍ ငြင်းပယ်ခဲ့သည်။ သို့သော် သခင်ယေရှုက “အကြောင်းမူကား ငါတို့သည် ဖြောင့်မတ်ခြင်းအလုံးစုံကို ဤသို့ပြည့်စုံစေသင့်၏”ဟု ပြန်ပြောတော်မူခြင်းအားဖြင့် ယောဟန်အား ဗတ္တိဇံပေးရန် မိန့်တော်မူခဲ့သည်။
ထိုနောက် “ဘုရားသခင်၏ဖြောင့်မတ်ခြင်း”မှာ အဘယ်ရာကို ဆိုလိုသနည်း။ သခင်ယေရှုသည် ယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူ ခြင်းအားဖြင့် လောကအပြစ်များအားလုံးကို မိမိအပေါ်သို့ ယူဆောင် သွားတော်မူခြင်းကို ဆိုလိုသည်။ သခင်ယေရှုသည် ဗတ္တိဇံခံယူတော် မူခဲ့ပြီးနောက် ရေမှ ပေါ်ထတော်မူစဉ်တွင် ကောင်းကင်သည် ဖွင့် လှစ်၍ ဘုရားသခင်၏ဝိညာဉ်တော်သည် ချိုးငှက်ကဲ့သို့ ဆင်းသက် တော်မူခဲ့သည်။ ထိုနောက် “ဤသူကား ငါနှစ်သက်မြတ်နိုးရာ၊ ငါ၏ ချစ်သား ပေတည်း”ဟု ကောင်းကင်က အသံတော်ဖြစ်လေသည်။ လောကအပြစ်များအားလုံး ယူဆောင်သွားတော်မူခြင်းဖြစ်သော သ ခင်ယေရှု၏ဗတ္တိဇံအားဖြင့် ဘုရားသခင်သည် ဝမ်းမြောက်တော်မူခဲ့ သည်။ ဤတွင် ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော် သုံးပါးတစ်ဆူဘုရားသခင်ကို ကျွန်ုပ်တို့တွေ့ရကြသည်။ သူတို့သည် ဤကတိတော်ကို လူသားများအား အပြစ်များမှ ကယ်တင်တော်မူ ရန်နှင့် ပြည့်စုံစေတော်မူရန် ဆုံးဖြတ်တော်မူခဲ့ကြသည်။ 
သခင်ယေရှုသည် ဗတ္တိဇံခံယူတော်မူခဲ့သောအခါ ကောင်းကင် ဖွင့်လှစ်သည်ကိုလည်းကောင်း၊ ကောင်းကင်မှ “ကောင်းကင်သည်ပွင့်၍ ဘုရားသခင်၏ဝိညာဉ်တော်သည် ချိုးငှက်ကဲ့သို့ဆင်းသက်ကာ မိမိအပေါ်သို့ ကြွလာတော်မူသည်ကို မြင်တော်မူ၏”ဟူသောအ သံထွက်ပေါ် လာခဲ့သည်ကိုလည်းကောင်း ကျမ်းစာကပြောထား သည်။ သခင်ယေရှုသည် ယောဟန်အားဖြင့် ဗတ္တိဇံခံယူတော်မူခဲ့ သည့်ချိန်တွင် လောကအပြစ်များအားလုံးကို သားတော်သည် ယူ ဆောင်သွားတော်မူခဲ့သောကြောင့် ခမည်းတော်ဘုရားသခင်သည် ဝမ်းမြောက်တော်မူခဲ့သည်။ သခင်ယေရှုသည် ဗတ္တိဇံခံယူတော်မူခဲ့ သောကြောင့်လည်းကောင်း၊ ကိုယ်တော်သည် ဗတ္တိဇံခံယူတော်မူ ခြင်းအားဖြင့် လောကအပြစ်များအားလုံးကို ယူဆောင်သွားတော်မူခဲ့ သောကြောင့် လည်းကောင်း ကိုယ်တော်သည် ကားတိုင်ပေါ်တွင် အသေခံတော်မူခြင်းအားဖြင့် ဖြောင့်မတ်ခြင်းအားလုံးကို ပြည့်စုံစေ တော်မူခဲ့၍ သေခြင်းမှ ရှင်ပြန်ထမြောက်တော်မူခဲ့သည်။
တနည်းအားဖြင့် သခင်ယေရှုသည် ဘုရားသခင်၏ဖြောင့်မတ် ခြင်းများအားလုံးကို ပြည့်စုံစေတော်မူရန်အတွက် ယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူခဲ့သည်။ထိုနောက် ကိုယ်တော်သည် ကားတိုင်ပေါ် တွင် အသေခံတော်မူခဲ့သည်။ ဤဗတ္တိဇံနှင့် အသေခံခြင်းတို့သည် ဘုရားခသင်၏ဖြောင့်မတ်ခြင်းကို ပြည့်စုံစေရန်အတွက် ဖြစ်သည်။ သခင်ယေရှုသည် ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် လောကအပြစ်များ အားလုံးကို ယူဆောင်သွားတော်မူခဲ့သည်။ ထိုကြောင့် ကိုယ်တော် သည် ကားတိုင်ပေါ်တွင် အသေခံတော်မူခြင်း ဖြစ်သည်။ ကိုယ်တော် သည် သေခြင်းမှ ရှင်ပြန်ထမြောက်တော်မူခြင်းအားဖြင့် ဘုရားသခင် ၏အလိုတော်များအားလုံးကို ပြည့်စုံစေတော်မူခဲ့သည်။
“ဘုရားသခင်၏ဖြောင့်မတ်ခြင်းအားလုံး”ဟူသည်မှာ အပြစ် များအားလုံးမှ လူသားများအားကယ်တင်တော်မူခြင်း လုပ်ဆောင် ချက် ဖြစ်သည်။ သခင်ယေရှုသည် ဤဖြောင့်မတ်ခြင်းလုပ်ငန်းကို ပြည့်စုံစေတော်မူရန်အတွက် ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် လူသား များအားလုံး၏အပြစ်များကို ယူဆောင်သွားတော်မူခဲ့၍ ကားတိုင်‌ ပေါ်တွင် အသွေးတော်သွန်းလောင်းတော်မူခဲ့သည်။ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းအားလုံးသည် တရားမျှတဆုံးနှင့်အသင့်တော်ဆုံး နည်းလမ်းအားဖြင့် ပြည့်စုံခဲ့သည်။ သခင်ယေရှု၏ ဗတ္တိဇံ၊ အသွေး တော်နှင့် ရှင်ပြန်ထမြောက်ခြင်းတို့သည် ဘုရားသခင်၏ဖြောင့်မတ် ခြင်းပြည့်စုံခြင်းဖြစ်၍ ဤဘုရားသခင်၏ဖြောင့်မတ်ခြင်းသည် ကျွန်ုပ်တို့အား အပြစ်ကင်းစင်သူများဖြစ်စေ၍ ဘုရားသခင်၏ဖြောင့် မတ်ြင်းသို့ ကျွန်ုပ်တို့ကို ချထားသည်။ သုံးပါးတစ်ဆူတို့သည် ဤအ ရာကို စီရင်တော်မူခဲ့၍ သခင်ယေရှုသည် ဤအရာကို ပြည့်စုံစေ တော်မူ၍ သန့်ရှင်းသောဝိညာဉ်တော်သည် ယခုတွင် ၎င်း၏ဖြောင့် မတ်ခြင်းကို သက်သေခံတော်မူသည်။ “ဘုရားသခင်သည် မိမိ၏သားတော်ကို အပြစ်နှင့်ပြည့်ဝသည့် သွေးသားဇာတိနှင့်တူညီသောသဏ္ဌာန်၌ အပြစ်အတွက်စေလွှတ်တော်မူ၍ သွေးသားဇာတိ၌ရှိသောအပြစ်ကို ဒဏ်ခတ်တော်မူပြီး သွေးသားဇာတိကြောင့် အားနည်း၍ ပညတ်တရားမဆောင်ရွက်နိုင်သောအမှုကို ဆောင်ရွက်ပေးတော်မူ၏”ဟူ သောနှုတ်ကပတ်တော်ကို သင်ယုံကြည်ရမည် ဖြစ်သည်။
မိမိကိုယ်ကိုကိုယ် မေးကြည့်ပါ။ သင်သည် ဘဝတစ်လျှောက် ပညတ်တရားအမိန့်များအားလုံးကို အမှန်အကန် လိုက်လျှောက်နိုင် မည်လောဟု မိမိကိုယ်ကိုကိုယ် မေးကြည့်ပါ။ သူသည် အကောင်း ဆုံး ပညတ်တရားကို လိုက်လျှောက်လိမ့်မည်။ သို့သော် သင်သည် ပညတ်တော်အားလုံးကို အကုန်အစင် လိုက်လျှောက်ခြင်းအားဖြင့် အသက်ရှင်နိုင်မည် မဟုတ်ပေ။ သင်သည် ပညတ်တော်အသေးငယ် ဆုံးသောအချက်တစ်ခုကို ချိုးဖောက်လျှင် သင်သည် ပညတ်အား လုံးကို ချိုးဖောက်ခြင်းဖြစ်သည် (ယာကုပ် ၂း၁၀)။ ဤအရာသည် လူ သားအားလုံးသည် ပညတ်တော်အောက်၌ အပြစ်သားတစ်ဉီး၏ နိဂုံး ကို ချွင်းချက်မရှိတင်ပြခြင်း ဖြစ်သည်။
သင်သည် ပညတ်တော်ကို လိုက်လျှောက် စိတ်နှလုံးဖြူစင်စွာ ဖြင့် ဆန္ဒရှိကာ အကောင်းဆုံးကြိုးစားနိုင်ပေသည်။ သို့သော် ကျွန်ုပ် တို့ထံမှ ဘုရားသခင်တောင်းတော်မူသော ကိုယ်တော်၏ဖြောင့်မတ် ခြင်းကို ပညတ်တော်လိုက်လျှောက်ခြင်းအားဖြင့် ရရှိနိုင်မည် မဟုတ် ပေ။ ဘုရားသခင်သည် ကျွန်ုပ်တို့အား ပညတ်တော်ပေးအပ်တော်မူ ခြင်းအကြောင်းရင်းတစ်ခုမှာ ကျွန်ုပ်တို့သည် အပြစ်များကို အသိအ မှတ်ပြုမည့်အကြောင်း ဖြစ်သည်ဟု သင်နားလည်သဘောပေါက်ရ မည် ဖြစ်သည်။ ကျွန်ုပ်တို့သည် ကိုယ်ကာယ၌ အားနည်းနေကြသော ကြောင့် မည်သူမည်ဝမျှ ဘုရားသခင်၏ပညတ်တော်များကို ပြည့်စုံ စွာ မလိုက်လျှောက်နိုင်ကြပေ။
ဤအကြောင်းကြောင့် ဘုရားသခင်သည် ကျွန်ုပ်တို့အား အပြစ် များမှ ကယ်တင်တော်မူရန် တစ်ပါးတည်းသောသားတော်ကို ဤ လောကသို့ စေလွှတ်တော်မူခဲ့၍ လူသားအားလုံး၏အပြစ်များကို ယူ ဆောင်သွားတော်မူရန် ယောဟန်ထံမှ ဗတ္တိဇံကို ခံယူတော်ယူစေ တော်မူခဲ့သည်။ တစ်နည်းအားဖြင့်၊ ကိုယ်တော်သည် ဗတ္တိဇံခံယူ တော်မူခဲ့ပြီးနောက် လောကအပြစ်များအားလုံးသည် ကိုယ်တော့်အ ပေါ်သို့ လွှဲပြောင်းလိုက်ပြီ ဖြစ်သည်။ ထိုကြောင့် နှုတ်ကပတ်တော် က ဘုရားသခင်သည် သခင်ယေရှု၏ “ဇာတိပကတိ၌ အပြစ်ကို တ ရားစီရင်တော်မူသည်”ကို လည်းကောင်း၊ ဘုရားသခင်သည် ကျွန်ုပ် တို့အား မည်သို့ အပြစ်ကင်းစင်စေတော်မူသည်ကိုလည်းကောင်း ပြောထားသည်။ 
ဘုရားသခင်သည် ကျွန်ုပ်တို့အပြစ်များကွယ်ပျောက်စေတော်မူ ခဲ့သည်နည်းလမ်းကို ကျွန်ုပ်တို့သိ၍ ယုံကြည်ရကြမည် ဖြစ်သည်။ လူသားများကိုယ်စား ယောဟန်အားဖြင့် သားတော်သည် ဗတ္တိဇံခံယူ တော်မူခြင်းအားဖြင့် ဘုရားသခင်သည် သခင်ယေရှုအပေါ်သို့ ကျွန်ုပ် တို့အပြစ်များအားလုံးကို ချထား‌တော်မူခဲ့သည်။ ထိုနောက် ကိုယ် တော်သည် ကားတိုင်သို့ လောကအပြစ်များအားလုံးကို ထမ်းတော်မူ ခဲ့၍ ကျွန်ုပ်တို့ကိုယ်စား အပြစ်ကြွေးများပေးဆပ်ကာ အသွေးတော် သွန်းလောင်းအသေခံတော်မူခဲ့သည်။ ကိုယ်တော်သည် သေခြင်းမှ ရှင်ပြန်ထမြောက်တော်မူခြင်းအားဖြင့် ၎င်းကို ယုံကြည်သူအားလုံးအ တွက် ရွေးနှုတ်ကယ်တင်ခြင်းနည်းလမ်းကို ဖွင့်ပေးတော်မူခဲ့သည်။ ထိုကြောင့် ဘုရားသခင်သည် အပြစ်မှ ကယ်တင်ခြင်းကို ကြံစည် တော်မူ၍ အပြစ်များကို ယူဆောင်သွားတော်မူခဲ့သည်။
ထိုကြောင့် သခင်ယေရှု၏ဗတ္တိဇံနှင့် ကားတိုင်ပေါ်တွင် အသွေး တော်တို့သည် ကျွန်ုပ်တို့၏ပြစ်ကြွေးများအားလုံးပေးဆပ်ကျေအေး စေရန် ဖြစ်သည်ဟု ကျွန်ုပ်တို့သည် နှလုံးသားဖြင့် ယုံကြည်ရကြမည် ဖြစ်သည်။ ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ယုံကြည်သူများသည် သခင်ယေရှု၏ဗတ္တိဇံနှင့် ကားတိုင်ပေါ်တွင် အသွေးတော်တို့ကို အ မှန်အကန်ယုံကြည်ရကြမည် ဖြစ်သည်။
သင်သည်လည်း အပြစ်များအားလုံးဖြေလွှတ်ခြင်းခံရ၍ ပြည့်စုံ စွာ ဖြောင့်မတ်ခြင်းခံရကာ အပြစ်ကင်းစင်ရမည် ဖြစ်သည်။ ဘုရား သခင်သည် သင်၏အပြစ်များအား မည်သို့ ကွယ်ပျောက်စေတော်မူ သည်ကို မှန်ကန်စွာ နားလည်သဘောပေါက်၍ မိမိအကျင့်များကို ယုံကြည်မည့်အစား ကိုယ်တော်၏အလိုတော်သို့ လိုက်လျှောက်၍ ဘုရားရှေ့၌ ၎င်းကို ယုံကြည်ရမည်ဖြစ်သည်။