Search

တရားဟောချက်များ

ဘာသာရပ် ၉ - ရောမဩဝါဒစာ (ရောမဩဝါဒစာအနက်ဖွင့်ကျမ်းများ)

[8-3] မည်သူသည် ခရစ်ယာန် တစ်ဉီးဖြစ်သနည်း (ရောမ ၈း၉-၁၁)

(ရောမ ၈း၉-၁၁)
“သို့သော် ဘုရားသခင်၏ဝိညာဉ်တော်သည် သင်တို့အထဲ၌ကိန်းဝပ်တော်မူလျှင် သင်တို့သည် သွေးသားဇာတိ၌မဟုတ်ဘဲ ဝိညာဉ်တော်၌ရှိကြ၏။ ခရစ်တော်၏ဝိညာဉ်တော်ကိုမရသောသူသည် ခရစ်တော်နှင့်မဆိုင်။ သို့ရာတွင် ခရစ်တော်သည် သင်တို့အထဲ၌ရှိတော်မူလျှင် ကိုယ်ခန္ဓာသည် အပြစ်ကြောင့် သေနေသော်လည်း ဝိညာဉ်သည် ဖြောင့်မတ်ခြင်းကြောင့် အသက်ရှင်လျက်ရှိ၏။ 11ထိုမျှမက ယေရှုကို သေသောသူတို့ထဲမှ ထမြောက်စေတော်မူသောဘုရားရှင်၏ဝိညာဉ်တော်သည် သင်တို့အထဲ၌ကိန်းဝပ်တော်မူလျှင် ခရစ်တော်ကို သေသောသူတို့ထဲမှထမြောက်စေတော်မူသောဘုရားရှင်သည် သင်တို့အထဲ၌တည်နေသော မိမိ၏ဝိညာဉ်တော်အားဖြင့် သေတတ်သော သင်တို့၏ကိုယ်ခန္ဓာကိုလည်း အ သက်ရှင်စေတော်မူလိမ့်မည်။”
 

လူတစ်ဉီးသည် စစ်မှန်သောခရစ်ယာန်ဖြစ်သည် သို့မဟုတ် မ ဖြစ်သည်ဟု ထိုသူအထဲ၌ ဘုရားသငခ်၏ဝိညာဉ်တော်ကိန်းဝပ်တော် မူခြင်း ရှိ/မရှိ ပိုင်းခြားရမည် ဖြစ်သည်။ လူတစ်ဉီးသည် သခင်ယေရှု ကို ယုံကြည်သော်လည်း သူ၏နှလုံးသား၌ သန့်ရှင်းသောဝိညာဉ် တော်မရှိလျှင် သူသည် စစ်မှန်သောခရစ်ယာန်မဟုတ်ပေ။ လူတစ် ဉီးသည် မိမိနှလုံးသား၌ သန့်ရှင်းသောဝိညာဉ်တော်မရှိလျှင် သူသည် သခင်ယေရှုကို ယုံကြည်သော်လည်း မည်သို့ ခရစ်ယာန်ဖြစ်လာနိုင် မည်နည်း။ ကျွန်ုပ်တို့သည် သခင်ယေရှုကို ယုံကြည်ခြင်းရှိ/မရှိခြင်း သည် အရေးကြီးဆုံးသောအရာမဟုတ်ဘဲ ဘုရားသခင်၏ဖြောင့်မတ် ခြင်းကို ရှာဖွေတွေ့ရှိခြင်းရှိ/မရှိသည်အရေးကြီးသည်ဟု ရှင်ပေါလု က ပြောကြားသည်။ ယုံကြည်သူများတောင်းဆိုသော စစ်မှန်သော ယုံကြည်ခြင်းမှာ သူတို့အထဲ၌ သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ် တော်မူရန်အတွက် အဆင်သင့်ရှိသောယုံကြည်ခြင်း ဖြစ်သည်။ သင် ၏အထဲ၌ သန့်ရှင်းသောဝိညာဉ်တော်အတူပါရှိခြင်းက သင်သည် ခရစ်ယာန်တစ်ဉီး ဖြစ်သည်/မဖြစ်သည်ကို ဆုံးဖြတ်ပေးလိမ့်မည်။
ထိုကြောင့် ရှင်ပေါလုက“ခရစ်တော်၏ဝိညာဉ်ကိုမရသော သူ မည်သည်ကား ခရစ်တော်နှင့်မဆိုင်”ဟု ပြောခဲ့သည်။ သူက “လူ တိုင်း”ဟု ပြောခဲ့သည်။ အမှုတော်ဆောင်ဖြစ်စေ၊ ဧဝံဂေလိဆရာဖြစ် စေ၊ နိုးထမှုအစီအစဉ်ဉီးဆောင်သူဖြစ်စေ ပြဿနာမရှိပေ။ သူတို့နှ လုံးသား၌ သန့်ရှင်းသောဝိညာဉ်တော်မရှိလျှင် သူသည် ကိုယ်တော် နှင့်မသက်ဆိုင်ပေ။ သင့်အား သန့်ရှင်းသောဝိညာဉ်တော်ရရှိစေသော ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို သင်ယုံကြည်ခြင်းမရှိလျှင် သင် သည် အပ္ပါယ်ငရဲသို့ သွားမည်သူဖြစ်သည်ကို သင်သည် စိတ်ထဲမှ မြဲ မြဲမှတ်ထားရမည် ဖြစ်သည်။ ထိုကြောင့် ကျွန်ုပ်တို့အားလုံးသည် ဘု ရားသခင်၏ဖြောင့်မတ်ခြင်းပါဝင်သော ရေနှင့်ဝိညာဉ်တော်သတင်း ကောင်းကို သတိချပ်ရမည် ဖြစ်သည်။
သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်ုပ်တို့အထဲ၌ ကိန်းဝပ် တော်မူလျှင် ကျွန်ုပ်တို့သည် ခရစ်တော်၏ဗတ္တိတဇံကို ယုံကြည်ခြင်း အားဖြင့် အပြစ်၌ သေခဲ့ကြသည်ကို ဆိုလိုသည်။ သို့သော် ကျွန်ုပ်တို့ ဝိညာဉ်များသည် ဖြောင့်မတ်ခြင်းအသစ်ရရှိခြင်းအားဖြင့် အသက်ရှင် ကြသည်။ ထိုပြင် ကိုယ်တော်ပြန်လည်ကြွလာတော်မူခဲ့သောနေ့တွင် ကျွန်ုပ်တို့ ပျက်စီးသောကိုယ်ခန္ဓာများသည် အသက်ရရှိကြလိမ့်မည်။ ဤအကြောင်းကြောင့် ကျွန်ုပ်တို့သည် သန့်ရှင်းသောဝိညာဉ်တော် ပေးအပ်သောသူ၏အကြောင်းကို စဉ်းစားရကြမည် ဖြစ်သည်။
သင်သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ယုံကြည်သော ယုံ ကြည်ခြင်းမရှိလျှင် သင်သည် ခရစ်တော်နှင့်မသက်ဆိုင်ပေ။ တနည်း အားဖြင့် သင်သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်း၌ ဤယုံကြည်မှု မရှိလျှင် ဘုရားသခင်၏ဝိညာဉ်တော်သည် သင့်အထဲ၌ ကိန်းဝပ် တော်မူလိမ့်မည်ဟုတ်ပေ။ ဤယုံကြည်ခြင်းမရှိလျှင် သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်ကို အုပ်စိုးတော်မူလိမ့်မည် မဟုတ်ပေ။ ထို ကြောင့် သင်သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းပါဝင်သော ရွေး နှုတ်ခြင်းဆိုင်ရာ နှုတ်ကပတ်တော်ကို မယုံကြည်လျှင် သင်သည် အ ပြင်ပန်းသဏ္ဌာန်အားဖြင့် တနင်္ဂနွေနေ့တိုင်းတွင် တမန်တော်များ ကျင့်သုံးခြင်းကို ဝန်ခံ၍ အလွတ်ကျက်နေသော်လည်း သင်သည် ခ ရစ်တော်နှင့် မသက်ဆိုင်ပေ။ သင်သည် ခရစ်တော်နှင့်မသက်ဆိုင် လျှင် သင်သည် ကောင်းသောအကျင့်ကျင့်ရန် မည်သို့ပင် ဆန္ဒရှိစေ ကာမူ သင်၏ဝိညာဉ်သည် ကျိန်ခြင်းခံ၍ သင့်အား ထာဝရပျက်စီး ခြင်း သို့ ပို့ဆောင်ပေးလိမ့်မည်။