Search

တရားဟောချက်များ

ဘာသာရပ် ၉ - ရောမဩဝါဒစာ (ရောမဩဝါဒစာအနက်ဖွင့်ကျမ်းများ)

[8-4] ဇာတိစိတ်သည် သေခြင်းဖြစ်၍ ဝိညာဉ်တော်စိတ်သည် အသက်နှင့် ငြိမ်သက်ခြင်း ဖြစ်သည် (ရောမ ၈း၄-၁၁)

(ရောမ ၈း၄-၁၁)
“ဤသည်ကား သွေးသားဇာတိအလိုအတိုင်းမဟုတ်ဘဲ ဝိညာဉ်တော်အလိုအတိုင်း အသက်ရှင်လျှောက်လှမ်းနေကြသောငါတို့၌ ပညတ်တရား၏ပြဋ္ဌာန်းချက်များ ပြည့်စုံစေရန်ဖြစ်၏။ သွေးသားဇာတိအလိုအတိုင်း အသက်ရှင်သောသူတို့သည် သွေးသားဇာတိနှင့်ဆိုင်သောအရာများကို စွဲလမ်းကြ၏။ ဝိညာဉ်တော်အလိုအတိုင်း အသက်ရှင်သောသူတို့မူကား ဝိညာဉ်တော်နှင့်ဆိုင်သောအရာများကို စွဲလမ်းကြ၏။ သွေးသားဇာတိနှင့်ဆိုင်သောစိတ်သဘောသည် သေခြင်းဖြစ်၏။ ဝိညာဉ်တော်နှင့်ဆိုင်သောစိတ်သဘောမူကား အသက် ရှင်ခြင်းနှင့်ငြိမ်သက်ခြင်းဖြစ်၏။ အဘယ်ကြောင့်ဆိုသော် သွေးသားဇာတိနှင့်ဆိုင်သောစိတ်သဘောသည် ဘုရားသခင်နှင့် ရန်ဘက်ဖြစ်၏။ အကြောင်းမူကား ထိုစိတ်သဘောသည် ဘုရားသခင်၏ပညတ်တရားကို နာခံခြင်းမရှိ။ အမှန်စင်စစ် နာခံ၍လည်းမရနိုင်။ ထို့ ကြောင့် သွေးသားဇာတိအားဖြင့်အသက်ရှင်သောသူတို့သည် ဘုရား သခင်ကိုမနှစ်သက်စေနိုင်ကြ။ သို့သော် ဘုရားသခင်၏ဝိညာဉ်တော်သည် သင်တို့အထဲ၌ကိန်းဝပ်တော်မူလျှင် သင်တို့သည် သွေးသားဇာတိ၌မဟုတ်ဘဲ ဝိညာဉ်တော်၌ရှိကြ၏။ ခရစ်တော်၏ဝိညာဉ်တော်ကိုမရသောသူသည် ခရစ်တော်နှင့်မဆိုင်။ သို့ရာတွင် ခရစ်တော်သည် သင်တို့အထဲ၌ရှိတော်မူလျှင် ကိုယ်ခန္ဓာသည် အပြစ်ကြောင့် သေနေသော်လည်း ဝိညာဉ်သည် ဖြောင့်မတ်ခြင်းကြောင့် အသက် ရှင်လျက်ရှိ၏။ ထိုမျှမက ယေရှုကို သေသောသူတို့ထဲမှ ထမြောက်စေတော်မူသောဘုရားရှင်၏ဝိညာဉ်တော်သည် သင်တို့အထဲ၌ကိန်းဝပ်တော်မူလျှင် ခရစ်တော်ကို သေသောသူတို့ထဲမှထမြောက်စေတော်မူသောဘုရားရှင်သည် သင်တို့အထဲ၌တည်နေသော မိမိ၏ဝိညာဉ်တော်အားဖြင့် သေတတ်သော သင်တို့၏ကိုယ်ခန္ဓာကိုလည်း အသက်ရှင်စေတော်မူလိမ့်မည်။”
 

ယခု ကျွန်ုပ်တို့လုပ်ဆောင်နေသောအရာ စာပေလုပ်ငန်းအား ဖြင့် ပြုလုပ်သောအခါ အပြည်ပြည်ဆိုင်ရာသာသနာလုပ်ငန်းသည် အကျိုးပြုသည်။ ကျွန်ုပ်တို့သည် နှုတ်ကပတ်တော်ကို ယုံကြည်ကြ သောကြောင့် ဘုရားသခင်၏နှုတ်ကပတ်တော်ကို ဖတ်ရှု၍ ယုံကြည် ခြင်းများ၌ ကြီးထါားသောအခါ ကောင်းကြီးမင်္ဂလာများစွာခံစားရ ကြသည်။ 
လူများသည် လွန်ခဲ့သောငါးရာစုနှစ်အတွက် ဒုက္ခခံရကြ၍ သန့် ရှင်းစင်ကြယ်ခြင်းဓမ္မခံယူချက်၊ ဖြောင့်မတ်ခြင်းဆိုင်ရာ ဓမ္မခံယူချက်၊ နှင့် နောင်တနှင့်စပ်ဆိုင်သောဆုတောင်းခြင်းများအားဖြင့် ရွေးနှုတ် ကယ်တင်ခြင်းရရှိနိုင်သည်ဟူသော ကြွေးကြောခြင်းဖြစ်သောအခြား သောအရာများဖြစ်သည် မိစ္ဆာဓမ္မခံယူချက်များ၏လှည့်စားခြင်းကို ခံ ရကြသည်။
ဇာတိပကတိအားဖြင့် အားနည်းသောအရာကို ပညတ်တော်က မလုပ်ဆောင်ပေးနိုင်သောအရာကို ဘုရားသခင်လုပ်ဆောင်ပေး တော်မူခဲ့သည်ဟု ရောမ ၈း၃ တွင် ဖော်ပြထားသည်။ ဘုရားသခင် သည် တစ်ပါးတည်းသောသားတော်ကို အပြစ်သားဇာတိပကတိကဲ့ သို့ စေလွှတ်တော်မူ၍ အပြစ်များအားလုံးမှ ကယ်တင်တော်မူရန်အ တွက် ကိုယ်ခန္ဓာဖြင့် အပြစ်ဒဏ်ခံစေ၍ တရားစီရင်တော်မူခဲ့သည်။
ယနေ့ ဘုရားသခင်၏သမ္မာတရားအတွက် ရောမ ၈း၄-၁၁ကို ပြန်ကြည့်ကြပါစို့။ ရောမ ၈း၃-၄ တွင် “ဘုရားသခင်သည် မိမိ၏သားတော်ကို အပြစ်နှင့်ပြည့်ဝသည့် သွေးသားဇာတိနှင့်တူညီသောသဏ္ဌာန်၌ အပြစ်အတွက်စေလွှတ်တော်မူ၍ သွေးသားဇာတိ၌ရှိသောအပြစ်ကို ဒဏ်ခတ်တော်မူပြီး သွေးသားဇာတိကြောင့် အား နည်း၍ ပညတ်တရားမဆောင်ရွက်နိုင်သောအမှုကို ဆောင်ရွက်ပေးတော်မူ၏။ 4ဤသည်ကား သွေးသားဇာတိအလိုအတိုင်းမဟုတ်ဘဲ ဝိညာဉ်တော်အလိုအတိုင်း အသက်ရှင်လျှောက်လှမ်းနေကြသောငါတို့၌ပညတ်တရား၏ပြဋ္ဌာန်းချက်များပြည့်စုံစေရန်ဖြစ်၏” ဟု ဖော်ပြ ထားသည်။
 


ပထမအနေဖြင့်၊ ဇာတိပကတိနှင့်အသက်မရှင်ခြင်းမှာ အဘယ်အရာကို ဆိုလိုသနည်း


ဇာတိပကတိအကျိုးများကို မရှာဖွေခြင်းကို ဆိုလိုသည်။ ထိုအ ရာသည် ဝိညာဉ်ဆန္ဒများနှင့် ဇာတိပကတိတပ်မက်ခြင်းများအကြား ခြားနားချက်ဖြစ်၍ ဘုရားသခင်၏နှုတ်ကပတ်တော်မနာခံသူများနှင့် အတူမနေထိုင်ခြင်း ဖြစ်သည်။ အခန်းငယ် ၅ တွင် “သွေးသားဇာတိအလိုအတိုင်း အသက်ရှင်သောသူတို့သည် သွေးသားဇာတိနှင့်ဆိုင် သောအရာများကို စွဲလမ်းကြ၏။ ဝိညာဉ်တော်အလိုအတိုင်း အသက် ရှင်သောသူတို့မူကား ဝိညာဉ်တော်နှင့်ဆိုင်သောအရာများကို စွဲလမ်းကြ၏”ဟု ဖော်ပြထားသည်။ “ဇာတိပကတိအရာများ”မှာ အ ဘယ်အရာကို ဆိုလိုသနည်း။ ဘုရားကျောင်းသို့ တက်ရောက်သော် လည်း မိမိဆန္ဒများကိုသာ ရှာဖွေသောသူများကို ဆိုလိုသည်။
အရိုးရှင်းဆုံးဖော်ပြရလျှင် ခရစ်ယာန်များသည် လောက၌ အ ကျိုးစီးပွားကိုသာရည်ရွယ်ချက်အတွက် ဘုရားကျောင်းသို့ မသွား သင့်ကြပေ။ ဤအရာသည် ဇာတိပကတိနှင့်အညီ အသက်ရှင်ခြင်း ဖြစ်သည်။ ဤသို့သောပုဂ္ဂိုလ်များသည် ပုံမှန်နှင့်သစ္စာရှိသော ဖောက် သည်များရရှိခြင်းမြော်လင့်ခြင်းအတွက် သူတို့၏ စီးပွားရေးကို မိတ် ဆက်ပေးရန်နှင့် ကြော်ငြာရန်အတွက် များပြားသောပရိတ်သတ်များ ရှိရာ အသင်းတော်များသို့ သွားကြသည်။ သူတို့သည် မိမိဇာတိပက တိအကျိုးအတွက် ဘုရားကျောင်းသို့ သွား၍ သခင်ယေရှုကို ယုံ ကြည်ကြသည်။
အခြားသူများလည်းရှိသေးသည်။ ခရစ်ယာန်အသိုင်းအဝိုင်းတွင် ဂိုဏ်းဂဏဝါဒကို သွန်သင်သူများနှင့် သူတို့၏နောက်လိုက်သူများ အား စည်းစိမ်ဉစ္စာကောင်းကြီးမင်္ဂလာများကိုသာ လိုက်လံရှာဖွေရန် သွန်သင်သူများသည် ဇာတိပကတိနှင့်အညီ အသက်ရှင်သူများနှင့် ဇာတိပကတိအရာများပေါ်တွင်သာ စိတ်ထားရှိသောသူများ ဖြစ်ကြ သည်။
ကျွန်ုပ်တို့သည် ခရစ်ယာန်အသိုင်းအဝိုင်း၌ ဂိုဏ်းဂဏဝါဒီများ ကို လွယ်ကူစွာ တွေ့ရှိနိုင်ကြသည်။ ဤဂိုဏ်းဂဏဝါဒီများသည် မည် သူများ ဖြစ်ကြသနည်း။ သူတို့သည် ဂိုဏ်းဂဏကို အထွတ်အထိပ် ထားခြင်းအားဖြင့် မှားယွင်းသောယုံကြည်မှုဖြင့် မိမိကိုယ်ကိုကိုယ် လှည့်စားသောသူများ ဖြစ်ကြသည်။ သူတို့၏ဂိုဏ်းဂဏသည် အင် အားကြီးသည်ကိုလည်းကောင်း၊ သူတို့မှာ သီအိုလော်ဂျီပညာရှင်များ စွာရှိကြသည်ကိုလည်းကောင်း၊ သူတို့သည် တစ်ကမ္ဘာလုံးတွင် နာ မည်ကျော်ကြားသည်ကိုလည်းကောင်း၊ ခိုင်မာသောအဖွဲ့အစည်းဖြစ် သည်ကိုလည်းကောင်း စသည်ဖြင့် သူတို့ပြောကြသည်။ ဤသို့ဝါ ကြွားသောအရာများအားလုံးသည် ဤပုဂ္ဂိုလ်များ အချည်းနှီးတီထွင် ဖန်တီးသောအရာများဖြစ်၍ သူတို့၏ယုံကြည်မှုကို တည်ဆောက် ထားသည်။ ဤသို့သော ယုံကြည်မှုသည် ဤကမ္ဘာပေါ်တွင် များစွာ ရှိကြသည်။
ဂိုဏ်းဂဏအစွဲများသည် သခင်ယေရှုကို မိမိဇာတိပကတိအ ကျိုးအတွက် ယုံကြည်ကြသည်။ ဇာတိပကတိနှင့်အညီ အသက်ရှင် သူများ မိမိအသင်းတော်များကို ဝါကြွားကြ၍ ကြီးမားသောဘုရား ကျောင်းသို့ တက်ရောက်ခြင်းအားဖြင့် ရုပ်ဝတ္တုပစ္စည်းကောင်းကြီး မင်္ဂလာကို ရှာဖွေကြသည်။ အချို့သောအသင်းတော်များသည် “သင့် ဇနီးကို ချစ်ပါ”ဟူသော အများလူမှုအသိုင်းအဝိုင်းပန်းတိုင်များရှိကြ သည်။ သို့သော် ဤအရာသည် “ဇာတိပကတိနှင့်အညီ အသက်ရှင် သူများ”ပြုသောအရာ ဖြစ်သည်။ အသင်းတော်များသည် လူတစ်ဉီး ၏ဇနီးကိုချစ်ခြင်းအား သူတို့၏ပန်းတိုင်အဖြစ် မျက်စိမှတ်သင့်သ လော။ သူတို့သည် မလုပ်သင့်ပေ။ ထိုနောက် ကျွန်ုပ်တို့သည် မိမိဇ နီးများကို မချစ်သင့်ပေဟု ကျွန်တော်ပြောကြားခြင်း ဖြစ်သလော။ မဟုတ်ပေ။ သို့သော် ဤသို့သောပန်းတိုင်များသည် လှပ၍ ဆွဲ ဆောင်မှုရှိသော်လည်း ကျွန်ုပ်တို့အသင်းတော်၏အခြေခံကျသော ရည်ရွယ်ချက်မဖြစ်နိုင်ပေ။
ဇာတိပကတိနှင့်အညီ အသက်ရှင်သောသူများသည် ဇာတိပက တိအရာများပေါ်တွင် မိမိစိတ်များကို ချထားကြသည်။ ယနေ့ အမှု တော်ဆောင်များစွာတို့သည် သူတို့၏အသင်းတော်သင်းဝင်သူ၊ အ လှူငွေများ၊ နှင့်အဆောက်အဉီးများ တိုးတက်ရေးအတွက်သာ စိတ် ဝင်စားခြင်းအားဖြင့် ဤသို့သောပုဂ္ဂိုလ်များအဖြစ်သို့ မိမိကိုယ်ကို ကိုယ်ပြောင်းလဲကြ၍ ယခုတွင် ဤအရာတို့သည် သူတို့ယုံကြည်မှု၏ အဓိက ရည်ရွယ်ချက် ဖြစ်လာခဲ့သည်။ ပို၍ကြီးမားသော၊ မြင့်မား သော၊ ကျယ်ဝန်းသောဘုရားကျောင်းတည်ဆောက်ခြင်းသည် သူတို့ ၏အကြီးမားဆုံးသော ပန်းတိုင် ဖြစ်လာခဲ့သည်။ သူတို့သည် နောက် လိုက်သူများစွာ စုစည်းခြင်းသည် ကောင်းကင်နိုင်ငံသို့ လူများကို လမ်းပြခြင်းဖြစ်၍ ဤသို့သော ဆင်ခြေများအတွက် ဆက်ကပ်ကြ သည်ဟု အပြင်ပန်းသဏ္ဌာန်အားဖြင့် ပြောလျှင်တောင် သူတို့၏ နောက်ဆုံးရည်ရွယ်ချက်မှာ သူတို့၏ဘုရားကျောင်းပို၍ ကြီးမားစွာ တည်ဆောက်ရန် ရံပုံငွေစုဆောင်းခြင်း သက်သက် ဖြစ်သည်။
သူတို့၏အသင်းတော်များသည် ဇာတိပကတိအရာများနောက် သို့လိုက်လျှောက်နိုင်ရန်အတွက် သူတို့သည် မိမိနောက်လိုက်သူများ အား ဘာသာရေးအယူဝါဒများထဲသို့ ပြောင်းလဲစေခဲ့ကြသည်။ အချို့ သောသင်းအုပ်ဆရာများသည် သူတို့၏အသင်းတော်ကို အယူသန်သူ များ၊ တစ်ဝက်တစ်ပျက်၊ ကယောင်ကတမ်းနှင့် လုံးလုံးလွှဲမှားစွာ လှည့်စားနိုင်သည့်စွမ်းရည်ဖြင့် သူတို့၏အောင်မြင်မှုကို တည် ဆောက်ကြသည်။
 


ဘုရားသခင်၏ဝိညာည်တော်နှင့်အညီ အသက်ရှင်သူများ


သို့သော် ခရစ်ယာန်များအကြား ဘုရားသခင်၏ဝိညာဉ်တော် နှင့်အညီ အမှန်အကန် အသက်ရှင်သူများစွာ ရှိကြသည်။ ဝိညာဉ် တော်နှင့်အညိ အသက်ရှင်သူများသည် ဘုရားသခင်၏နှုတ်ကပတ် တော်နှင့်အညီအသက်ရှင်၍ သူတို့၏အတွေးအခေါ်များကို ငြင်းဆို ကာ နှုတ်ကပတ်တော်‌ရေးထားသည့်အတိုင်း ယုံကြည်၍ ဘုရားသ ခင်ဝမ်းတော်မူသောအရာများကို လုပ်ဆောင်ကာ ရေနှင့်ဝိညာဉ် တော်သတင်းကောင်းကို ဟောပြောကြသည်။
ဝိညာဉ်တော်နှင့်အညီ အသက်ရှင်သူများသည် ဝိညာဉ်တော်အ ရာများအပေါ် မိမိစိတ်များကို ချထားကြသည်ဟု ကျမ်းစာက ဖော်ပြ ထားသည်။ ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ယုံကြည်ခြင်းအားဖြင့် အပြစ်များအားလုံးဖြေလွှတ်ခြင်းကို ကျွန်ုပ်တို့ခံရကြလျှင် ကျွန်ုပ်တို့ သည် နမော်နမဲ့အသက်မရှင်သင့်ကြပေ။ သို့သော် ဝိညာဉ်တော်လုပ် ဆောင်ချက်ကို ဆင်ခြင်အောက်မေ့ခြင်းအားဖြင့် အသက်ရှင်ကြ သည်။ ဝိညာဉ်တော်အားဖြင့် အသက်ရှင်သူများသည် ဝိညာဉ်ရေးရာ အရာများကို တွေးကြ၍ ယုံကြည်ခြင်းအားဖြင့် ဝိညာဉ်တော်အရာ များကို လုပ်ဆောင်ရန် စိတ်ဝင်စားကြသည်။ မင်္ဂလာရှိသောသူများ သည်ဝိညာဉ်ရေးရာအရာများကို လိုက်လံရှာဖွေကြသည်။ ဤသူများ သည် ဘုရားသခင်ကို ဝမ်းမြောက်စေတော်မူသောသူများဖြစ်ကြ၍ သူတစ်ပါးကို လောကအပြစ်များမှ ကယ်တင်တော်၍ ယုံကြည်ခြင်း အားဖြင့် အသက်ရှင်ကြသည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့အပြစ်များမှ ခွင့်လွှတ်ခြင်းခံရကြသောကြောင့် ဝိညာဉ်ရေးရာအရာများကို စိတ် ဝင်စား၍ ကိုယ်တော်နှင့်အညီ အသက်ရှင်ရမည် ဖြစ်သည်။
ကျွန်ုပ်တို့ဘဝများ၌ ပန်းတိုင်မှာ ရေနှင့်ဝိညာဉ်တော်သတင်း ကောင်းဟောပြောခြင်းဖြစ်သော ဝိညာဉ်တော်၏အလုပ်ကို ပြည့်စုံ စေခြင်း ဖြစ်သည်။ ကျွန်ုပ်တို့သည် ဝိညာဉ်တော်အရာများပေါ်တွင် စိတ်ဝင်စားသင့်ကြသည်။ သင်သည် ဝိညာဉ်တော်အရာများပေါ်တွင် မိမိစိတ်ကို မည်မျှ ထားသနည်း။ ကျွန်ုပ်တို့သည် ဝိညာဉ်ရေးရာတိုက် ပွဲကို ဆင်နွဲကြ၍ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို ယုံကြည်ခြင်း နှင့် ဟောပြောခြင်းအားဖြင့် ဝိညာဉ် ရေးရာအရာများကို ကျင့်ဆောင် ရကြမည် ဖြစ်သည်။ ကျွန်ုပ်တို့သည် ကိုယ်တော်ဝမ်းမြောက်စေ တော်မူသောအရာများကို အမြဲတမ်းစဉ်းစား၍ ကျွန်ုပ်တို့သည် အား နည်း၍ အပြစ်ဒုစရိုက်ဖြင့်ပြည့်နေကြသော်လည်း ဘုရားသခင်၏အ မှုပေါ်၌သာ စိတ်များကို ချထားခြင်းအားဖြင့် ဝိညာဉ်တော်၏အမှုကို စိန်ခေါ်ရကြမည် ဖြစ်သည်။ လုပ်ငန်းအချို့ကို ပြီးမြောက်သောအခါ ကျွန်ုပ်တို့သည် ကိုယ်တော်ဝမ်းမြောက်စေသော ပို၍များပြားသော အလုပ်အတွက် နောက်တဖန်ကြိုးစားရကြမည်ဖြစ်သည်။
ယခုတွင် ကျွန်ုပ်တို့သည် စာပေအားဖြင့် တစ်ကမ္ဘာလုံးသို့ ရေ နှင့်ဝိညာဉ်တော်သတင်းကောင်းကို ဟောပြောနေကြသည်။ ကျွန်ုပ် တို့ ဝက်ဆိုဒ်များကို ကြည့်ရှုခြင်းအားဖြင့် နေ့တိုင်း အခမဲ့ခရစ်ယာန် စာအုပ်များနှင့်အီး-စာအုပ်များကို အယောက် ၂၀၀ မှ ၃၀၀ အထိရရှိ ကြသည်။ ကျွန်ုပ်တို့သည် ကမ္ဘာပေါ်တွင်ရှိသောနိုင်ငံအားလုံးတွင်ရှိ သောလူသားအားလုံးထံ ရေနှင့်ဝိညာဉ်တော်သတင်းကောင်းဟော ပြောရန်အတွက် ယုံကြည်ခြင်းအားဖြင့် ကြိုးစားခြင်းအားဖြင့် ကျွန်ုပ် တို့သည် ကိုယ်တော်၏အသင်းတော်၌ရှိသောသင်တို့နှင့်အတူ သ တင်းကောင်းကို အစေခံကြသည်။ ကျွန်ုပ်တို့သည် ဝိညာဉ်တော်၏ အရာများပေါ်တွင် မိမိစိတ်များမချထားခဲ့ကြလျှင် ကျွန်ုပ်တို့သည် ဝိ ညာဉ်တော်အသီးများကို သီးခွင့်ရရှိကြမည် မဟုတ်ပေ။ ကျွန်ုပ်တို့ သည် ဝိညာဉ်တော်အရာများအပေါ် မိမိစိတ်များကို တစ်ခုပြီးတစ်ခု ချထားခြင်းအားဖြင့် ကိုယ်တော်၏အမှုတော်ကို ထမ်းဆောင်သင့်ကြ သည်။ ထိုနောက် ကျွန်ု်ပတို့သည် သုတ္တံအခန်းကြီး ၃၁ တွင် တွေ့ရ သည့်အတိုင်း မြင့်မြတ်သောဇနီးကဲ့သို့ ဝိညာဉ်ရေးရာ၌သတို့သား၊ သခင်ယေရှုခရစ်တော်ကို ဝမ်းမြောက်စေကြလိမ့်မည်။
အပိုဒ်ငယ် ၈ တွင် “ထိုကြောင့် ဇာတိပကတိ၌ ကျင်လည်သော သူတို့သည် ဘုရားသခင်၏ စိတ်တော်နှင့်မတွေ့နိုင်ကြ”ဟု ဖော်ပြ ထားသည်။ ဤကျမ်းချက်သည် အပြစ်များဖြေလွှတ်ခြင်းမခံရသေး သောသူများကို ရည်ညွှန်းသည်။ “အဘယ်ကြောင့်ဆိုသော် သွေးသားဇာတိနှင့်ဆိုင်သောစိတ်သဘောသည် ဘုရားသခင်နှင့် ရန်ဘက်ဖြစ်၏။ အကြောင်းမူကား ထိုစိတ်သဘောသည် ဘုရားသခင်၏ပညတ်တရားကို နာခံခြင်းမရှိ။ အမှန်စင်စစ် နာခံ၍လည်းမရနိုင်။ 8ထို့ကြောင့် သွေးသားဇာတိအားဖြင့်အသက်ရှင်သောသူတို့သည် ဘုရားသခင်ကိုမနှစ်သက်စေနိုင်ကြ”(ရောမ ၈း၇-၈)။ ဤသို့ဖြင့်၊ သူတို့အထဲ၌ ဝိညာဉ်တော်မရှိသောအပြစ်သားများသည် ဘုရား သခင်၏အမှုတော်ကို မထမ်းဆောင်နိုင်ကြပေ။ ကိုယ်တော်ကိုလည်း ဝမ်းမြောက်စေတော်မမူနိုင်ကြပေ။
အပြစ်သားများသည် ဘုရားသခင်၏ပညတ်တော်အပေါ် မိမိ ကိုယ်ကိုကိုယ် မဆက်ကပ်ကြပေ။ သူတို့သည် ဘုရားသခင်၏ဖြောင့် မတ်ခြင်းအပေါ်လည်းမဆက်ကပ်ကြပေ။ သူတို့သည် ကိုယ်တော်ကို ဝမ်းမြောက်စေတော်မမူနိုင်ကြပေ။ အကြောင်းမှာ သူတို့အထဲ၌ သန့် ရှင်းသောဝိညာဉ်တော်ကိန်းဝပ်တော်မမူသောကြောင့် သူတို့သည် ဘု ရားသခင်၏အလိုတော်သည် အဘယ်အရာဖြစ်သည်ကို နားမလည် ကြပေ။ ကိုယ်တော်ကို ဝမ်းမြောက်စေတော်မူသောအရာမှာ ရေနှင့် ဝိညာဉ်တော်သတင်းကောင်းအားဖြင့် လူသားများ၏အပြစ်များအား လုံးကို ခွင့်လွှတ်ခြင်း ဖြစ်သည်။ ကိုယ်တော်သည် အပြစ်သားများ၏ ချီးမွမ်းကိုးကွယ်ခြင်းကို ဝမ်းမြောက်တော်မမူပေ။
အပြစ်သားများသည် ကိုယ်တော်ကို ချီးမွမ်းသောအခါ ဘုရားသ ခင်သည် ဝမ်းမြောက်တော်မမူပေ။ အပြစ်သားများသည် လက် မြှောက်ပင့်၍ ကိုယ်တော်ကို ချီးမွမ်းကာ ကိုးကွယ်ခြင်း၌ မည်သို့ပင် မျက်ရည် တစ်ပေါက်ပေါက်ကျစေကာမူ သူတို့သည် ကိုယ်တော်ကို ဝမ်းမြောက်စေတော်မမူနိုင်ကြပေ။ အပြစ်ပြုသော ခရစ်ယာန်များ သည် စိတ်လှုပ်ရှားမှုများအားဖြင့် ဘုရားသခင်ကို ဝမ်းမြောက်စေ တော်မူရန် ကြိုးစားနေကြသည်။ သူတို့သည် ကိုယ်တော်ကို ဝမ်း မြောက်စေတော်မမူနိုင်ကြပေ။ အပြစ်ရှိသောသူများသည် အပြစ် သားများဖြစ်ကြသောကြောင့် ကိုယ်တော်ကို ဝမ်းမြောက်စေတော်မ မူနိုင်ကြပေ။ သူတို့သည် မည်သို့ပင်ကြိုးစားနေစေကာမူ အပြစ်သား များသည် ကိုယ်တော်ကို ဝမ်းမြောက်စေတော်မမူနိုင်ကြပေ။ သူတို့ သည် မည်သို့ပင် ဆန္ဒရှိစေကာမူ ကိုယ်တော်ကို ဝမ်းမြောက်စေ တော်မမူနိုင်ကြပေ။ သူတို့သည် ကိုယ်တော်ကို ဝမ်းမြောက်စေရန် မည်သို့ပင် ကြိုးစားနေစေကာမူ မဖြစ်နိုင်ပေ။
လူများသည် ကြီးမားသောဘုရားကျောင်းများတည်ဆောက်ကြ သောအခါ ဘုရားသခင်ဝမ်းမြောက်တော်မူမည်လော။ ဝမ်းမြောက် တော်မူမည်မဟုတ်ပေ။ ထိုနောက် ပိုကြီးသောဘုရားကျောင်းအ ဆောက်အအုံသို့ ပြောင်းရွှေ့ရန်လိုအပ်လျှင် ပို၍ကြီးမားသော ဘုရား ကျောင်းကို တည်ဆောက်ရမည်ကို ဆိုလိုသည်။ သို့သော် ပို၍ကြီး မားသောအဆောက်အအုံသည် အဆောက်အဉီးသာဖြစ်သောကြောင့် ၎င်းသည် ဘုရားသခင်ကို ဝမ်းမြောက်ခြင်းမပေးနိုင်ပေ။
ဥပမာအားဖြင့် ကျွန်တော့်မြို့တွင်ရှိသောအသင်းတော်တစ်ပါး သည် ယခု ဘုရားကျောင်းအသစ်ဆောက်လုပ်ရန် ဒေါ်လာ ၃ သန်း ကျော်သုံးစွဲခဲ့သည်။ ဘုရားကျောင်းဟောင်းသည် ၎င်း၏ဘေးမှာရှိ၍ အကောင်းဆုံးပုံစံနှင့်နေရာထိုင်ခင်းရှိသေးသည်။ လူများ အယောက် ၂၀၀-၃၀၀ခန့် ဝင်ဆံ့နိုင်သောအဆောက်အဉီးရှိလျှင် အခြားသောဘု ရားကျောင်းတစ်ကျောင်း တည်ဆောက်ရန် အမှန်အကန် လိုအပ်သ လော။ ဘုရားသခင်၏အသင်းတော်သည် အုတ်ခဲများဖြင့် မတည် ဆောက်ပေ။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ဗိမာန်တော်များဖြစ်ကြ သည်ကိုလည်းကောင်း ဘုရားသခင်၏ဝိညာဉ်တော်သည် ဖြောင့်မတ် သူများ၏နှလုံးသားများ၌ ကျိန်းဝပ်တော်မူသည်ကိုလည်းကောင်း ဘုရားသခင်မိန့်တော်မူသည်။
လိုအပ်လျှင် ပို၍ကြီးမားသောဘုရားကျောင်းတည်ဆောက်ခြင်း မှာ မှန်ကန်သည်။ သို့သော် ပို၍ကြီးမားသော ဘုရားကျောင်းများ အားဖြင့်ဘုရားသခင်၏ဘုန်းတော်ပို၍ ထင်ရှားသလော။ လုံးဝမထင် ရှားပေ။ ဘုရားကျောင်းတွင် ပို၍လူများစွာ စုရုံးသောအခါ ဘုရားသ ခင်၏ဘုန်းတော်ပို၍ ထင်ရှားသလော။ မထင်ရှားပေ။ သင်သည် ထို သို့ပြုခြင်းအားဖြင့် ဘုရားသခင်၏ဘုန်းတော်မထင်ရှားစေနိုင်ပေ။ ဇာ တိပကတိ၌ရှိသောသူများသည် ဘုရားသခင်ကို ဝမ်းမြောက်စေတော် မမူနိုင်ပေ။
တစ်ခါတစ်ရံ ဇာတိပကတိအကျိုးကိုသာလိုက်လံရှာဖွေသော ဖြောင့်မတ်သူများတောင်ရှိသေးသည်။ ဤပုဂ္ဂိုလ်များသည် ကိုယ် တော်ကို ဝမ်းမြောက်စေတော်မမူနိုင်ပေ။ ဖြောင့်မတ်သူများအကြား၊ အပြစ်သားများကဲ့သို့ ဇာတိပကတိအတွေးအခေါ်များ၏ ချည်နှောင် ခြင်းကို ခံရသောသူအချို့ရှိကြသည်။ ဤပုဂ္ဂိုလ်များသည် ဘုရားသ ခင်ကို ဝမ်း‌မြောက်စေတော်မမူနိုင်ပေ။ သူတို့သည် အသင်းတော်၌ ယုံကြည်ခြင်းဆိုင်ရာ ကျန်းမာသောဘဝဖြင့် အသက်မရှင်နိုင်ကြပေ။ သူတို့သည် ဘုရားသခင်၏အသင်းတော်ကို စောဒကတက်၍ နာ ကြည်းကြသည်။ သူတို့သည် အသင်းတော်ကို စွန့်လွှတ်ကြသည်။
ထိုကြောင့် ကျွန်ုပ်တို့ဖြောင့်မတ်သူများ ရှင်သန်သောဘဝသည် ဖြောင့်မတ်၍ ဘုရားသခင်ကို ဝမ်းမြောက်စေတော်မူသည်။ ဇာတိပ ကတိ၏အကျိုးကိုသာ ရှာဖွေသောဘဝမရှိကြပေ။ ကျွန်ုပ်တို့သည် ဘုရားသခင်၏လုပ်ငန်းများနှင့် ဖြောင့်မတ်ခြင်းအပေါ် စဉ်းစား၍ ကိုယ်တော်၏ဖြောင့်မတ်ခြင်းလုပ်ငန်းများကို အစေခံကာ ကျွန်ုပ်တို့ ကိုယ်ခန္ဓာများ၊ စိတ်များနှင့် ပိုင်ဆိုင်မှုများကို ဘုရားသခင်၏ဖြောင့် မတ်ခြင်းတန်ဆာပလာများအဖြစ်သာ အသုံးပြုသင့်သည်။ ကျွန်ုပ်တို့ သည် ဘုရားသခင်ကို ဝမ်းမြောက်စေတော်မူသောဘဝဖြင့် အသက် ရှင်ရကြမည် ဖြစ်သည်။
 


ခရစ်တော်၏ဝိညာဉ်တော်၌ရှိသောသူများ


အပိုဒ်ငယ် ၉ကို အတူတူ ဖတ်ကြပါစို့။ “သို့သော် ဘုရားသခင်၏ဝိညာဉ်တော်သည် သင်တို့အထဲ၌ကိန်းဝပ်တော်မူလျှင် သင်တို့သည် သွေးသားဇာတိ၌မဟုတ်ဘဲ ဝိညာဉ်တော်၌ရှိကြ၏။ ခရစ်တော်၏ဝိညာဉ်တော်ကိုမရသောသူသည် ခရစ်တော်နှင့်မဆိုင်။” 
ဤကျမ်းချက်ဆိုလိုသည်မှာ ရှင်ပေါလုဖော်ပြချက်အရ ကျွန်ုပ် တို့သည် ရေနှင့်ဝိညာဉ်တော်သတင်းကောင်း၊ တနည်းအားဖြင့် ဘု ရားသခင်၏ဖြောင့်မတ်ခြင်းကို ယုံကြည်ကြ၍ အပြစ်များမှ ရွေးနှုတ် ခြင်းခံရကြလျှင် ကျွန်ုပ်တို့သည် ဇာတိပကတိ၌ မနေကြတော့ဘဲ ဝိ ညာဉ်တော်၌သာရှိကြသည်။ လူတစ်ဉီးသည် မိမိနှလုံးသား၌ ဝိညာဉ် တော်ရှိလျှင် ဤပုဂ္ဂိုလ်သည် ခရစ်တော်၌ရှိ၍ လူတစ်ဉီးသည် ခရစ် တော်၏ဝိညာဉ်တော်၌မရှိလျှင် ဤပုဂ္ဂိုလ်သည် ကိုယ်တော်နှင့်မ သက်ဆိုင်ပေ။
ထိုကြောင့် ကျွန်ုပ်တို့သည် ဇာတိပကတိ၌မနေကြဘဲ ဝိညာဉ် တော်၌ရှိကြသည်။ ဝိညာဉ်တော်၌ရှိ၍ ရေနှင့်ဝိညာဉ်တော်သတင်း ကောင်းအားဖြင့် အပြစ်မှ ရွေးနှုတ်ခြင်းခံရသောကျွန်ုပ်တို့သည် ခရစ် တော်၌ ဖြောင့်မတ်သူများအဖြစ် ဘုရားသငခ်ကို ဝမ်းမြောက်စေ တော်မူရန် အစွမ်းအစရှိသူများ ဖြောင့်မတ်ခြင်း၏စစ်သည်များဖြစ် ကြသည်ကို ကျွန်ုပ်တို့မမေ့သင့်ပေ။ ကျွန်ုပ်တို့သည် ဇာတိပကတိ၏ အားနည်းချက်များ၌ စိတ်ပျက်ခြင်းမပြုသင့်ပေ။ သို့သော် ကျွန်ုပ်တို့ သည် အားနည်းနေကြသော်လည်း ကျွန်ုပ်တို့သည် ကိုယ်တော်၏လူ များဖြစ်ကြ၍ ကိုယ်တော်၌ရှိနေကြကာ ကိုယ်တော်၏အမှုဆောင် များဖြစ်ကြသောကြောင့် ကျွန်ုပ်တို့သည် ယုံကြည်ခြင်းအားဖြင့် ဘု ရားသခင်ကို ဝမ်းမြောက်စေရကြမည် ဖြစ်သည်။
ကျွန်ုပ်တို့သည် ဒုတိယမွေးဖွားခြင်းခံရကြပြီးနောက် ဇာတိပက တိအကျိုးသာလိုက်လံရှာဖွေရန် ကျွန်ုပ်တို့ကို ခွင့်ပြုခြင်းမရှိသည်ကို ကျွန်ုပ်တို့သိရကြမည် ဖြစ်သည်။ ဖြောင့်မတ်သူများသည် ဘုရားသ ခင်၏ဖြောင့်မတ်ခြင်းအတွက်သာ အသက်ရှင်ရန် ဉီးတည်နေကြ သည်ကို ကျွန်ုပ်တို့သိ၍ အသက်ရှင်ရကြမည် ဖြစ်သည်။ အပိုဒ်ငယ် ၁၀ တွင် ခရစ်ယာန်များသည် မည်သို့အသက်ရှင်သင့်ကြသည်ကို ဖော်ပြထားသည်။ “သို့သော် ဘုရားသခင်၏ဝိညာဉ်တော်သည် သင်တို့အထဲ၌ကိန်းဝပ်တော်မူလျှင် သင်တို့သည် သွေးသားဇာတိ၌မဟုတ်ဘဲ ဝိညာဉ်တော်၌ရှိကြ၏။”
သမ္မာတရားမှာ ကျွန်ုပ်တို့၊ ကျွန်ုပ်တို့ကိုယ်ခန္ဓာများသည် အပြစ် များကြောင့် သခင်ယေရှုခရစ်တော်နှင့်အသွေး ကားတိုင်ပေါ်တွင် အ သေခံခဲ့ကြသည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းလုပ် ဆောင်ချက်ကြောင့် အပြစ်များအားလုံးမှ ကယ်တင်ခြင်းခံရကြ သည်။ ဤဖြောင့်မတ်ခြင်းကြောင့် ဖြောင့်မတ်သူများ၏ဝိညာဉ်များ သည် ထာဝရအသက်ရရှိကြသည်။ ထာဝရအသက်။ ဖြောင့်မတ်ခြင်း ခံရသောသူများသည် ဇာတိပကတိအတွက်သာ အသက်မရှင်နိုင်ကြ သည်ကို ကျွန်ုပ်တို့သိသင့်ကြသည်။ ဒုတိယမွေးဖွားခြင်းခံရပြီး နောက် ဘုရားသခင်၏ဖြောင့်မတ်ခြင်းအတွက် အသက်မရှင်သော သူများသည် ကိုယ်တော်၏ကောင်းကြီးမင်္ဂလာများနှင့်ဝေးကွာသည်။
ကျွန်ုပ်တို့သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းအတွက် အသက် ရှင်ရန် ဉီးတည်နေကြသည်။ သင်တို့အချို့တို့သည် ရေနှင့်ဝိညာဉ် တော်သတင်းကောင်းအားဖြင့် ဒုတိယမွေးဖွားခြင်းခံရပြီးနောက် “ဇာ တိပကတိ၌ အသက်ရှင်သူများသည် ဘုရားသခင်ကို ဝမ်းမြောက်စေ တော်မမူနိုင်ပေ”ဟု စိတ်ပျက်ဖွယ်ကောင်းသောအရာများကို တွေးခဲ့ ကြသည်။ သို့သော် ဤအရာသည် မမှန်ကန်ပေ။ ဘုရားသခင်သည် ကျွန်ုပ်တို့အား ကိုယ်တော်၏ဖြောင့်မတ်ခြင်းစစ်သည်များအဖြစ် အ သက်ရှင်ရန် အသစ်ပြုပြင်ပေးတော်မူခဲ့သည်။
လူအချို့တို့သည် သမ္မာကျမ်းစာကို မှန်ကန်စွာ နားမလည်ကြ သောအကြောင့် သူတို့သည် ထိုသို့ ထင်မှတ်တတ်ကြသည်။ ဖြောင့် မတ်သူအချို့ပင်လျှင် သူတို့၏ကိုယ်ခန္ဓာများသည် ဇာတိအသွေးအ သားဖြင့်အသက်ရှင်ကြသောကြောင့်လည်းကောင်း၊ အားနည်းနေကြ သောကြောင့်လည်းကောင်း သူတို့သည် ဘုရားသခင်၏အလိုတော် နှင့်အညီ အသက်မရှင်နိုင်ကြပေ။ သူတို့၌ သန့်ရှင်းသောဝိညာဉ်တော် ရရှိသောသူများသည် ဘုရားသခင်၏အမှုတော်များလုပ်ဆောင်ခြင်း အားဖြင့် ဝမ်းမြောက်နေကြသည်မှာ သမ္မာတရား ဖြစ်သည်။ ဘုရား သခင်၏အမှုတော်နှင့်အညီလုပ်ဆောင်ခြင်းက သူတို့အား ဝမ်း မြောက်စေသည်။ ပျော်ရွှင်စေသည်။ အဆင်ပြေစေသည်။ တစ်ဖက် တွင် ဘုရားသခင်၏အမှုတော်များလု်ပဆောင်ခြင်းမရှိသောဘဝ သည် လှုံ့ဆောင်ခြင်းနှင့်ရည်မှန်းချက်မရှိ၊ ကျိန်ခြင်းအမင်္ဂလာခံ သောဘဝ ဖြစ်သည်။
ကျွန်ုပ်တို့သည် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို လက်ခံ ၍ ဘုရားသခင်၏ဖြောင့်မတ်ခြင်း၌ ကိန်းဝပ်ကြပြီးနောက် သန့်ရှင်း သောဝိညာဉ်တော်သည် ကျွန်ုပ်တို့၌ ကျိန်းဝပ်တော်မူသည်။ သန့်ရှင်း သောဝိညာဉ်တော်သည် ရွေးနှုတ်ကယ်တင်ခြင်းခံခဲ့သောသူများအား လုံး၌ ကြွလာတော်မူ၍ ကိန်းဝပ်တော်မူသည်။ သန့်ရှင်းသောဝိညာဉ် တော်ကိန်းဝပ်သောသူများအပေါ် မည်သည့်အရာ ဖြစ်ပျက်သနည်း။ သူတို့သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို အစေခံရန်နှင့် ကိုယ် တော်၏ဖြောင့်မတ်ခြင်းအမှုလုပ်ဆောင်ရန် ဉီးတည်နေကြသည်။
အနှစ်ချုပ်အားဖြင့် အပြစ်များဖြေလွှတ်ခြင်းခံရသောသူများနှင့် ဖြောင့်မတ်ခြင်းခံရသောသူများသည် ယုံကြည်ခြင်းအားဖြင့်သာလျှင် အသက်ရှင်ကြသည်။ ဖြောင့်မတ်သူများသည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်၍ ဘုရားသခင်၏အမှုတော်များကို လုပ်ဆောင်ကြသော အခါ သူတို့သည် ယုံကြည်ခြင်းကို စောင့်ရှောက်ကြသည်။ သင်သည် ဖြောင့်မတ်ခြင်းခံရသော်လည်း ဇာတိပကတိအားဖြင့် အလောက၌ အသက်ရှင်လိမ့်မည်ဟု သင်တွေးလျှင် သင်သည် အပြစ်များဖြေ လွှတ်ခြင်းခံရသည်ကိုလည်းကောင်း၊ သင်၏ပန်းတိုင်သည်လည်း ပြောင်းလဲခဲ့သည်ကိုလည်းကောင်း သင်နားလည်သဘောပေါက်ခြင်း ဖြစ်သည်။
ဖြောင့်မတ်သူများ၏ပန်းတိုင်သည် ပြောင်းလဲခဲ့သည်။ သူတို့ သည် ဒုတိယမွေးဖွားခြင်းမခံရမီ သူတို့သည် လောကအတွက်နှင့် သူတို့၏ကိုယ်ပိုင် ရည်ရွယ်ချက်များအတွက်သာ အသက်ရှင်ကြ သည်။ သူတို့သည် မိမိဇာတိပကတိဆန္ဒဖြင့်အသက်ရှင်စဉ် ဝမ်း မြောက်နေကြသည်။ သို့သော် ဒုတိယမွေးဖွားခြင်းခံရပြီးနောက် ထို သို့အသက်ရှင်ခြင်းမှာ မဖြစ်နိုင်ပေ။ ကျွန်ုပ်တို့သည် အပြစ်များဖြေ လွှတ်ခြင်းခံရကြသည်။ ကျွန်ုပ်တို့သည် ခြောက်ပုံတစ်ပုံဝင်ငွေရလျှင် ပျော်နိုင်ကြမည်လော။ ကျွန်ုပ်တို့သည် အခြားဝိညာဉ်များအား ဤ လောကမှ ရွေးနှုတ်ခြင်းအတွက် မိမိကိုယ်ကိုကိုယ် ဆက်ကပ်ကြ သောအခါ ကျွန်ုပ်တို့သည် ပစ္စည်းဥစ္စာများဖြင့်သာ ကျေနပ် ရောင့်ရဲမှု ရှိနိုင်မည်လော။
တစ်နည်းအားဖြင့် သင်သည် ဇာတိပကတိအရာများနှင့် ဝိညာဉ် ပကတိအရာများအကြောင်းကို စဉ်းစားရန် ကျွန်တော်တောင်းဆို သည်။ သင်သည် ၎င်းတို့ကို သိရန်အတွက် ထိုအရာများကို မလုပ် ဆောင်နိုင်ပေ။ သင်လုပ်ဆောင်ရမည့်အရာများအားလုံးမှာ ဤကိစ္စ ကို ပြင်းထန်စွာ စဉ်းစားတွေးခေါ်ခြင်း ဖြစ်သည်။
ကျွန်တော်သည် ရောမသြဝါဒစာအခြေပြု ယခင်တရားဟော ချက်၌ အခန်းကြီး ၁ မှ ၆ အထိနှင့် ဤစာအုပ်၌ အခန်းကြီး ၇မှ ၁၆ အထိ ဟောပြောခဲ့သည်။ ဤတရားဟောချက်စာအုပ်နှစ်ခု၊ ခရစ် ယာန်စာအုပ်အတွဲ ၅ နှင့် ၆ တို့ကို တစ်ကမ္ဘာလုံးတွင်ရှိသော ခရစ် ယာန်များထံ ဖတ်ရှုရန် ဖြန့်ချီခဲ့ပြီး ဖြစ်သည်။ ကျွန်တော်ရေးသား သောခရစ်ယာန်စာအုပ်အတွဲများအားဖြင့် လူများစွာတို့သည် ဘုရား သခင်၏ဖြောင့်မတ်ခြင်းကို သိကြလိမ့်မည်ဟု ကျွန်တော်ယုံကြည် သည်။ ယခင်က ကျွန်တော်တရားဟောချက်စာအုပ်သုံးအားဖြင့် ဘု ရားသခင်၏ကယ်တင်ခြင်းအကြောင်းနှင့်ပတ်သက်၍ အခြေခံကျ သောတရားများအကြောင်းကို ကျွန်တော်ပြောခဲ့သည်။ ပထမအတွဲ သည် သတင်းကောင်းအကြောင်းကို ပြောခဲ့သည်။ ဒုတိယအတွဲ သည် သီအိုလော်ဂျီအကြောင်း ဆွေးနွေးသည်။ တတိယအတွဲသည် သန့်ရှင်းသောဝိညာဉ်တော်နှင့် သန့်ရှင်းသောဝိညာဉ်တော်ရရှိရန် မှန် ကန်သောနည်းလမ်းကို ဖော်ပြသည်။ ပဉ္စမနှင့်ဆဠမအတွဲသည် ရော မသြဝါဒစာကို အခြေပြု၍ သီအိုလော်ဂျီဓမ္မခံယူချက်များသည် မည် သို့နည်းလမ်းဖြင့် မှားယွင်းသည်ကိုလည်းကောင်း၊ ခရစ်ယာန်များ သည် သခင်ယေရှုကို ယုံကြည်ကြသော်လည်း အပြစ်များ ဘာ ကြောင့်ကွယ်ပျောက်ခြင်းမရှိသည်ကိုလည်းကောင်း၊ ရေနှင့်ဝိညာဉ် တော်သတင်းကောင်းသည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းအဖြစ် မည်သို့ ထင်ရှားခဲ့သည်ကိုလည်းကောင်း ထဲထဲဝင်ဝင်တင်ပြသည်။
သတင်းကောင်းသည် ဤစာအုပ်အားဖြင့် တစ်ကမ္ဘာလုံးသို့ ပို ၍ကျယ်ပြန့်စွာ ဟောပြောလိမ့်မည်ဟု ကျွန်တော်ယုံကြည်သည်။ ကျွန်ုပ်တို့ထုတ်ဝေသော တတိယအတွဲကို ကျွန်ုပ်တို့ထုတ်ဝေခဲ့သော ပထမနှင့်ဒုတိယအတွဲများနှင့် နှိုင်းယှဉ်ပါက သတင်းကောင်းဟော ပြောခြင်းသည် ပို၍ တိုးတက်လျက်ရှိသည်ကို မှတ်သားရသည်။ ယခု တွင် တတိယအတွဲပြီးနောက် ပို၍များစွာသောလူများသည် ခရစ် ယာန်စာအုပ်အတွဲများ၏ ပထမနှင့်ဒုတိယအတြွများကို တောင်းဆို နေကြသည်။
ဤစာအုပ်များထုတ်ဝေခဲ့ပြီးနောက် ရေနှင့်ဝိညာဉ်တော်သ တင်းကောင်း၏တန်ခိုးသည် မည်မျှ ကြီးမားသည်ကို ကျွန်ုပ်တို့သိရ ကြလိမ့်မည်။ကိုယ်တော်၏ဖြောင့်မတ်ခြင်းကို သိသောသူများအပေါ် ဘုရားသခင်သည် ကောင်းကြီးမင်္ဂလာများ ကြွယ်ဝစွာ ရွာစေတော်မူ ပါစေမည့်အကြောင်း ကျွန်တော်ဆုတောင်းသည်။ သူတို့သည် ရောမ သြဝါဒစာအုပ် မည်သို့နားလည်မည်ကို သိကြလိမ့်မည်။ ထိုအရာ သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းပါဝင်သော သတင်းကောင်းကို ယုံကြည်ခြင်းအားဖြင့် နားလည်သဘောပေါက်ကြလိမ့်မည်။
ကျွန်ုပ်တို့အားလုံးသည် သတင်းကောင်းအတွက် အတူတူ လုပ် ဆောင်ကြသည်။ သင်သည်လည်း ဘုရားသခင်၏အမှုကို လုပ် ဆောင်နေသလော။ သင်သည် အပြစ်သားများအား အပြစ်များမှ ကယ်တင်ရန် သတင်းကောင်းဟောပြောခြင်း သာသနာကို ထောက် ပံ့နေသည်။ ကျွန်ုပ်တို့သည် မိမိအပိုင်းများ၌ သစ္စာရှိကြ၍ သတင်း ကောင်းကို အစေခံကြလျှင် ကမ္ဘာပေါ်တွင်ရှိသောဝိညာဉ်များစွာတို့ သည် အပြစ်များအားလုံးမှ ကယ်တင်ခြင်းခံရကြလိမ့်မည်။ ထို နောက် ကျွန်ုပ်တို့သည် လောကအလုပ်များအတွက် ဤမွန်မြတ် သောအလုပ်ကို မည်သို့ စွန့်ပစ်နိုင်ကြမည်နည်း။
ကျွန်ုပ်တို့ ဖြောင့်မတ်သူများသည် ဇာတိပကတိအတွက်သာ အ သက်ရှင်ရန် မဉီးတည်နိုင်ကြသည်ကို ကျွန်တော် မျက်ဝါးထင်ထင် တင်ပြလိုပါသည်။ ယခုတွင် ကျွန်ုပ်တို့ပန်းတိုင်သည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို ပြည့်စုံစေရန်၊ ဝိညာဉ်များကို ကယ်တင်ရန်နှင့် ဖြောင့်မတ်ခြင်းအတွက်အသက်ရှင်ရန် ချမှတ်ကြသည်။ ဘုရားသခင် အတွက်ဖြစ်စေ၊ စစ်မှန်သော သတင်းကောင်းအတွက်ဖြစ်စေ၊ အပြစ် ၌ပျောက်ဆုံးနေသောဝိညာဉ်များကယ်တင်ခြင်းခံရရန်အတွက် ဖြစ် စေ သင်သည် ဤအရာကို သိ၍ အသက်ရှင်ရကြမည် ဖြစ်သည်။
ရောမသြဝါဒစာပြောလိုသောအရာမှာ ဤအကြောင်းအရာ ဖြစ် သည်။ အပိုဒ်ငယ် ၁၀-၁၁ကို ကြည့်ကြပါစို့။ “သို့ရာတွင် ခရစ်တော်သည် သင်တို့အထဲ၌ရှိတော်မူလျှင် ကိုယ်ခန္ဓာသည် အပြစ်ကြောင့် သေနေသော်လည်း ဝိညာဉ်သည် ဖြောင့်မတ်ခြင်းကြောင့် အသက် ရှင်လျက်ရှိ၏။ ထိုမျှမက ယေရှုကို သေသောသူတို့ထဲမှ ထမြောက်စေတော်မူသောဘုရားရှင်၏ဝိညာဉ်တော်သည် သင်တို့အထဲ၌ကိန်း ဝပ်တော်မူလျှင် ခရစ်တော်ကို သေသောသူတို့ထဲမှထမြောက်စေတော်မူသောဘုရားရှင်သည် သင်တို့အထဲ၌တည်နေသော မိမိ၏ဝိညာဉ်တော်အားဖြင့် သေတတ်သော သင်တို့၏ကိုယ်ခန္ဓာကိုလည်း အသက်ရှင်စေတော်မူလိမ့်မည်။”
အထက်ကျမ်းချက်ဆိုလိုသည်မှာ ကျွန်ုပ်တို့၊ ကိုယ်ခန္ဓာများ သည် အပြစ်များကြောင့် သေနေကြသည်။ သို့သော် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းနှင့် ယုံကြည်ခြင်းကြောင့် ကျွန်ုပ်တို့ဝိညာဉ်များသည် အသက်ရှင်ကြသည်။ လူတစ်ဉီးသည် ဘုရားသခင်၏ဖြောင့်မတ်ခြင်း ကို ယုံကြည်လျှင် သူသည် အသစ်သောဘဝကို ပိုင်ဆိုင်ကြလိမ့် မည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ယုံကြည် ခြင်းအားဖြင့် အသစ်သောဘဝများကို ပိုင်ဆိုင်ရရှိကြသည်။
အပိုဒ်ငယ် ၁၁ တွင် “ထိုမျှမက ယေရှုကို သေသောသူတို့ထဲမှ ထမြောက်စေတော်မူသောဘုရားရှင်၏ဝိညာဉ်တော်သည် သင်တို့အထဲ၌ကိန်းဝပ်တော်မူလျှင် ခရစ်တော်ကို သေသောသူတို့ထဲမှထမြောက်စေတော်မူသောဘုရားရှင်သည် သင်တို့အထဲ၌တည်နေသော မိမိ၏ဝိညာဉ်တော်အားဖြင့် သေတတ်သော သင်တို့၏ကိုယ်ခန္ဓာကိုလည်း အသက်ရှင်စေတော်မူလိမ့်မည်”ဟု ဖော်ပြထား သည်။ ဆိုလိုသည်မှာ ကိုဘ်တော်သည် ကပ်ကမ္ဘာ ကုန်ဆုံးသော အခါ ကျွန်ုပ်တို့ကို ရှင်ပြန်ထမြောက်စေတော်မူလိမ့်မည်။ ကျွန်ုပ်တို့ သည် ဇာတိပကတိနှင့်အပြစ်ဖြင့် ကြာမြှင့်စွာရှင်ခဲ့ သောဘဝသည် ယခုတွင် ကုန်ဆုံး၍ ဘုရားသခင်နှင့်ကိုယ်တော်၏ ဖြောင့်မတ်ခြင်း အတွက် တစ်ဘဝလုံးအသက်ရှင်ရန် ကျွန်ုပ်တို့၏ ပန်းတိုင်များ ပြောင်းလဲခဲ့သည်။
သင်သည် “ဖြောင့်မတ်သူများသည် သူတို့ပြောသောအရာများ ပြောကြားရန် စုရုံးလေ့ရှိကြလိမ့်မည်ဟု သံသယမရှိပါ”ဟု တွေး၍ ဖြောင့်မတ်ခြင်းအသက်တာများကို ငြီးငွေ့နိုင်ပေမည်။ သို့သော် သင် သည် သင်၏ဘေးနားတွင်ထိုင်နေသော ဒုတိယမွေးဖွားခြင်းခံရသော ယုံကြည်သူတစ်ဉီး ပြောသောစကားကို ကြား၍ သူတို့၏ချီးမွမ်းခြင်း များနှင့်အသံများကို နားထောင်ခြင်းအားဖြင့် သင်သည် ဘုရား ကျောင်း၌နေလျှင် သင်၏စိတ်များသည် အသစ်ပြုပြင်လိမ့်မည်။ ဤ သို့ဖြစ်ရခြင်းအကြောင်းမှာ ဘုရားသခင်၏အသင်းတော်နှင့် ယုံကြည် သူများ၏နှလုံးသားများ၌ သန့်ရှင်းသောဝိညာဉ်တော်သည် အမှုပြု တော်မူသောကြောင့် ဖြစ်သည်။ သင်၏စိတ်သည် အသစ်ပြုပြင်နိုင် လိမ့်မည်။ သင်သည် နှလုံးသား၌ အသစ်သောခွန်အားများရှိလိမ့် မည်။ သင်သည် ဝိညာဉ်အသက်မုန့်ကို စားရလိမ့်မည်။ သင်သည် သွား၍လုပ်ဆောင်ရန် ဝိညာဉ်ရေးရာတာဝန်ကို ရရှိကာ ဝိညာဉ်ရေး ရာအမှုများကို ပြုလုပ်လိမ့်မည်။
သင်သည် ယုံကြည်သူများစုရုံးသည့်နေရာတွင် လန်းဆန်းမှုရရှိ နိုင်လိမ့်မည်။ သင်သည် လောကမှ ခွဲခွါခြင်းခံရခြင်းမှာ သင်၏ပန်း တိုင်သည် ပြောင်းလဲခဲ့သည်ကို ဆိုလိုသည်။ ထိုအကြောင်းကြောင့် ဇာတိပကတိနှင့်အညီ အသက်ရှင်သောသူများသည် မိမိစိတ်များကို ဇာတိပကတိအရာများပေါ်တွင်သာ ချထားသောကြောင့် ဖြစ်သည်။ သို့သော် ဝိညာဉ်တော်နှင့်အညီ အသက်ရှင်သောသူများသည် ဝိညာဉ် အရာများပေါ်တွင် ချထားကြသည်။ ယခု ဖြောင့်မတ်ခြင်းခံရသော ကျွန်ုပ်တို့သည် ဇာတိပကတိနှင့်အညီ အသက်မရှင်ကြ‌တော့ပေ။ ဖြောင့်မတ်သူများသည် အပြစ်ပြုရန် ကျေးကျွန်မခံရကြတော့ပေ။ ကျွန်ုပ်တို့သည် အနည်းဆုံး ဝိညာဉ်တော်နှင့်အညီ အသက်ရှင်၍ ဝိ ညာဉ်တော်၏အရာများပေါ်တွင် မိမိစိတ်များကို ချထားသည်။ ဖြောင့်မတ်သူများသည် ဝိညာဉ်အရောများ၊ ခရစ်တော်ထံတော်သို့ ဝိညာဉ်များပို့ဆောင်ခြင်းအမှုကို လုပ်ဆောင်ကြသည်။
ကျွန်ုပ်တို့သည် ဘုရားသခင်၏အမှုကို ကြိုးစားစွာလုပ်ဆောင် ရကြမည် ဖြစ်သည်။ ၎င်းအတွက် မိမိအတွေးများကို ငြင်းပယ်ရမည်။ ထိုအရာပေါ်တွင် မိမိစိတ်များကို ချရမည် ဖြစ်သည်။ ယခုတွင် ကျွန်ုပ်တို့သည် ဤနည်းလမ်းအတိုင်း အသက်ရှင်ရကြမည် ဖြစ် သည်။ သင်သည် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို ယုံကြည် ခြင်းအားဖြင့် ရွေးနှုတ်ခြင်းခံရကြသောကြောင့် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းအတွက်သာအသက်ရှင်ရန် သင်၏ပန်းတိုင်သည် ပြောင်းလဲခဲ့သည်။ သင်သည် ဤသမ္မာတရားကို သိသည်ဟု ကျွန် တော်မြော်လင့်သည်။
ကျွန်တော်ဝမ်းနည်းသည်။ သို့သော် သင်သည် လောကသို့ ပြန် မလှည့်နိုင်တော့ဘဲ အပြစ်တရား၌ နောက်တဖန် ကျွန်မခံနိုင်တော့ ပေ။ သင်သည် ယခုတွင် လောကသို့ ပြန်လျှည့်လျှင် သင်သည် သေ ခြင်းသို့ ပြန်လှည့်ခြင်း ဖြစ်သည်။ ဇာတိပကတိစိတ်သည် သေခြင်း သက်သက် ဖြစ်သည်။ သင်သည် ဇာတိပကတိဆန္ဒများကိုလိုက် လျှောက်နေသေးလျှင် သင်၏ဝိညာဉ်သည် သေလိမ့်မည်။ သင်၏ စိတ်သည် သေလိမ့်မည်။ သင်၏ကိုယ်ခန္ဓာသည် သေလိမ့်မည်။ ဣ သရေလလူမျိုးများသည် ထွက်ခွါသွားပြီးနောက် အဲဂုတ္တုပြည်သို့ ပြန် မလှည့်နိုင်ကြပေ။ သူတို့သည် ပင်လယ်နီကို ဖြတ်သန်းခဲ့ပြီးနောက် အဲဂုတ္တုလူများကို တွေ့ခြင်း၌ ဝမ်းမြောက်ခြင်းမရှိနိုင်ကြပေ။ ထို နည်းတူ ဖြောင့်မတ်ခြင်းခံခဲ့သောကျွန်ုပ်တို့သည် အဲဂုတ္တုသို့ နောက် တဖန်ပြန်မလှည့်နိုင်တော့ပေ။ ဝိညာဉ်ရေးရာ အဲဂုတ္တုလူများကို တွေ့ဆုံခြင်း၌ ဝမ်းမြောက်ခြင်းမရှိကြပေ။
ဒုတိယမွေးဖွားခြင်းခံသော ဖြောင့်မတ်သူတစ်ဉီးသည် လောက မှထွက်၍ လောကအပြစ်သားများနှင့်အသက်မရှင်လျှင် သူသည် ဘု ရားသခင်၏အသင်းတော်သို့ ပြန်လည်သွားရန် စိတ်ဆန္ဒပြင်းပြလာ လိမ့်မည်။သူသည် ဘုရားသခင်၏အသင်းတော်ကို တမ်းတလိမ့်မည်။ ထိုကြောင့် ကျွန်ုပ်တို့သည် ဝိညာဉ်တော်အရာများပေါ်တွင် မိမိစိတ် များကို ချထား၍ အသက်ရှင်ကြပါစို့။
ဘုရားသခင်၏ဝိညာဉ်တော်အရာများသည် အဘယ်အရာကို ဆိုလိုသနည်း။ ၎င်းတို့သည် ဘုရားသခင်၏အရာများဖြစ်သလော။ ဘုရားသခင်၏သတင်းကောင်းအစေခံခြင်းအရာများ ဖြစ်ကြသ လော။ သို့သော် ကျွန်ုပ်တို့သည် အားသန်၍ ပြည့်စုံကြသလော။ သင်သည် အားနည်းသည်။ ကျွန်တော်လည်း အားနည်းသည်။ သို့ သော် သင်သည် အားနည်း၍ မစုံလင်သောအခါ၌ပင် သင်သည် အ ပြစ်များဖြေလွှတ်ခြင်းခံခဲ့ပြီးပြီလော။ ခံရကြသည်။ သန့်ရှင်းသောဝိ ညာဉ်တော်သည် သင့်အထဲ၌ ကိန်းဝပ်တော်မူသလော။ အဖြေမှာ ကိန်းဝပ်တော်မူ၏ ဖြစ်သည်။
ကျွန်ုပ်တို့သည် ဝိညာဉ်တော်အရာများအပေါ်တွင် မိမိစိတ်များ ကို ချထားနိုင်ကြမည်လော။ မချထားနိုင်မည်လော။ ကျွန်ုပ်တို့အား လုံးသည် ဝိညာဉ်တော်၏အရာများပေါ်တွင် မိမိစိတ်များကို ချထား နိုင်ကြသည်။ ဘုရားသခင်သည် သင်၏ပန်တိုင်ကို ပြောင်းလဲတော်မူ ခဲ့သောကြောင့် ဝိညာဉ်တော်၏အရာများကို လုပ်ဆောင်နိုင်သည်ကို သင်သိသလော။ သင်သည် ဤအရာကို ယုံကြည်သလော။
ယခုတွင် ကျွန်ုပ်တို့စိတ်များသည် ပြောင်းလဲခဲ့သည်။ သင်၏ စိတ်သည ပြောင်းလဲခဲ့သည်ဟု သင်မသိလျှင် ထိုအရာက သင့်ကို ဒုက္ခသာပေးသည်။ သင်သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းအပေါ် မိမိစိတ်ကို ခိုင်မြဲစွာ ချထားရမည် ဖြစ်သည်။ ထိုနောက် ဘုရားသခင် ၏အသင်းတော်သည် သင်၏နေအိမ်ဖြစ်လိမ့်မည်။ တစ်နည်းအား ဖြင့် သင်၏လုပ်ဆောင်ဖက် ယုံကြည်သူများသည် တူညီသောဝိညာဉ် ၌သင်၏ ညီအစ်ကိုများ၊ မိဘများ၊ မိသားစုများ ဖြစ်လာကြလိမ့်မည်။ အသင်းတော်၌ရှိသောလူတိုင်းသည် သင်၏မိသားများဖြစ်လာလိမ့် မည်။ သင်သည် ယခင်က ထိုသို့မတွေးခဲ့လျှင် ယခုချိန်သည် ပြန် လည်စဉ်းစား၍ ဤတရားကို ပြင်းထန်စွာတွေးရမည့်အချိန် ဖြစ်သည်။
အသွေးအသားမိသားစုများသာလျှင် သင်၏မိသားဖြစ်သည်ဟု သင်မစဉ်းစားပါနှင့်။ ဤသည် သင်၏နေအိမ်နှင့် ဒုတိယမွေးဖွားခြင်း ခံရသူတိုင်း၏နေအိမ် ဖြစ်သည်။ သင်တို့အားလုံးသည် ဘုရားသခင် ၏အိမ်တော်သားများ ဖြစ်ကြသည်။ ထိုကြောင့် ကျွန်ုပ်တို့သည် ဝိညာဉ်တော်နှင့်အညီ အသက်ရှင်ရကြခြင်း ဖြစ်သည်။ ဝိညာဉ်စိတ် သည် ငြိမ်သက်ခြင်းပေးသောကြောင့် ကျွန်ုပ်တို့သည် ဘုရားသခင်အ တွက် အသက်ရှင်ရကြမည် ဖြစ်သည်။