Search

တရားဟောချက်များ

ဘာသာရပ် ၉ - ရောမဩဝါဒစာ (ရောမဩဝါဒစာအနက်ဖွင့်ကျမ်းများ)

[8-5] ဘုရားသခင်၏ဖြောင့်မတ်ခြင်း၌ ကျင်လည်ခြင်း (ရောမ ၈း၁၂-၁၆)

(ရောမ ၈း၁၂-၁၆)
“သို့ဖြစ်၍ ညီအစ်ကိုတို့၊ ငါတို့သည် သွေးသားဇာတိအလိုအတိုင်းအသက်ရှင်ရန် သွေးသားဇာတိအပေါ် တာဝန်ရှိသည်မဟုတ်။ အဘယ်ကြောင့်ဆိုသော် သင်တို့သည် သွေးသားဇာတိအလိုအတိုင်းအသက်ရှင်လျှင် သေကြရမည်။ သို့သော် ဝိညာဉ်တော်အားဖြင့် ကိုယ်ခန္ဓာ၏လုပ်ဆောင်မှုများကိုသေစေလျှင် သင်တို့သည် အသက်ရှင်ကြလိမ့်မည်။ အကြောင်းမူကား ဘုရားသခင်၏ဝိညာဉ်တော်ရှေ့ဆောင်လမ်းပြမှုကို ခံယူသမျှသောသူတို့သည် ဘုရားသခင်၏သားများဖြစ်ကြ၏။ သင်တို့သည် ကြောက်ရွံ့ခြင်းသို့ တစ်ဖန်ရောက်စေသော ကျွန်၏ဝိညာဉ်ကိုခံယူရရှိကြသည်မဟုတ်ဘဲ သား သမီးအရာကိုပေးသောဝိညာဉ်တော်ကို ခံယူရရှိကြ၏။ ထိုဝိညာဉ်တော်အားဖြင့် “အဗ္ဗ၊ အဖ”ဟု ငါတို့ခေါ်ကြ၏။ ငါတို့သည် ဘု ရားသခင်၏သားသမီးများဖြစ်ကြောင်းကို ဝိညာဉ်တော်ကိုယ်တိုင် ငါတို့၏ဝိညာဉ်နှင့်အတူသက်သေခံတော်မူ၏။”
 

ဘုရားသခင်ထံတော်မှ ကယ်တင်ခြင်းရရှိခဲ့သောလူပုဂ္ဂိုလ်၊ တ မန်တော်ရှင်ပေါလုက ဒုတိယမွေးဖွားခြင်းခံရသောယုံကြည်သူများ သည် ဇာတိပကတိနှင့်အညီ အသက်မရှင်ဘဲ ဝိညာဉ်တော်နှင့်အညီ အသက်ရှင်သင့်သည်ဟု ပြောခဲ့သည်။ အထူးသဖြင့် ဘုရားသခင် ဖြောင့်မတ်ခြင်းရရှိကြသော ကျွန်ုပ်တို့သည် ဇာတိပကတိနှင့်အ သက်ရှင်ကြလျှင် ကျွန်ုပ်တို့သေကြ၍ သို့သော် ဝိညာဉ်တော်အားဖြင့် အသက်ရှင်ကြလျှင် ကျွန်ုပ်တို့အသက်ရှင်ကြလိမ့်မည်ဟု ရှင်ပေါလု က ပြောခဲ့သည်။ ကျွန်ုပ်တို့သည် ဤသမ္မာတရားကို ယုံကြည်ရကြ မည် ဖြစ်သည်။ ထိုနောက် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ယုံ ကြည်သူများသည် မည်သည့်အရာဖြင့် အသက်ရှင်ရမည်နည်း။ သူ တို့သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းအားဖြင့် အသက်ရှင်သင့်သ လော။ သို့မဟုတ် ဇာတိပကတိတပ်မက်ခြင်းအားဖြင့် အသက်ရှင် သင့်ကြသလော။ သူတို့သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းအတွက် မိမိကိုယ်ကိုကိုယ် ဆက်ကပ်ရန် မှန်ကန်သောအရာကို သိ၍ မိမိ ကိုယ်ခန္ဓာများကို စည်းကမ်းရှိရကြမည် ဖြစ်သည်။
 


မလွှဲရှောင်နိုင်သော တာဝန်


ကျွန်ုပ်တို့ခရစ်ယာန်များသည် ဘုရားသခင်၏အမျက်တော်မှ ကယ်တင်ခြင်းခံရကြ၍ ကိုယ်တော်၏ဖြောင့်မတ်ခြင်းသို့ လမ်းပြပို့ ဆောင်ခြင်းခံရကြသောကြောင့် ကျွန်ုပ်တို့သည် ဇာတိပကတိဖြင့် အ သက်မရှင်ဘဲ ဝိညာဉ်ပကတိဖြင့်အသက်ရှင်ရန် တာဝန်ရှိကြသည်ဟု ရှင်ပေါလုကပြောခဲ့သည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ဖြောင့်မတ် ခြင်းကို သတိမထားဘဲ မယုံကြည်ကြမီ ကျွန်ုပ်တို့သည် ဝိညာဉ်ပက တိအားဖြင့် အသက်မရှင်နိုင်ကြပေ။ သို့သော် ယခုတွင် ကျွန်ုပ်တို့ သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို သိ၍ ယုံကြည်ကြသော ကြောင့် ကျွန်ုပ်တို့နှလုံးသားများ၊ အတွေးအခေါ်များ၊ အရည်အချင်း များ၊ ကိုယ်အင်္ဂါများနှင့်အချိန်နာရီများသည် ကိုယ်တော်၏ဖြောင့် မတ်ခြင်းလုပ်ငန်းများအတွက် ဆက်ကပ်နိုင်ကြသည်။ ကျွန်ုပ်တို့ သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းတရားဟောပြောခြင်းနှင့် ကိုယ် တော်၏ဖြောင့်မတ်သောလုပ်ငန်းများလုပ်ဆောင်ခြင်းအတွက် တန် ဆာပလာများအဖြစ် မိမိကိုယ်ကိုအသုံးပြုသင့်ကြသည်။
 


ဇာတိပကတိအားဖြင့် အသက်ရှင်ခြင်း


သင်သည် ခရစ်တော်၌ရှိ၍ ဇာတိပကတိအားဖြင့် အသက်ရှင် ကာ ဝိညာဉ်ပကတိအားဖြင့် အသက်မရှင်လျှင် သင်သည် မယုံကြည် သူများအားလုံးကဲ့သို့ ပျက်စီးလိမ့်မည်ဟု သမ္မာကျမ်းစာက ဖော်ပြ ထားသည်။ သင်သည် ဒုတိယမွေးဖွားခြင်းခံရသောခရစ်ယာန်တစ် ဉီးဖြစ်သော်လည်း သင်သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းနှင့်အညီ အသက်မရှိသောကြောင့် ပျက်စီးရခြင်း ဖြစ်သည်။ သင်သည် စစ်မှန် သောခရစ်ယာန်တစ်ဉီးဖြစ်လျှင် သင်သည် ဇာတိပကတိအားဖြင့် အ သက်မရှင်သင့်တော့ပေ။ သို့သော် သင်သည် ဘုရားသခင်၏ဖြောင့် မတ်ခြင်းကို ယုံကြည်ခဲ့သောကြောင့် ထိုဖြောင့်မတ်ခြင်းကို အစေခံ ရန် ဉီးတည်ထားသဖြင့် ဘုရားသခင်၏ဖြောင့်မတ်ခြင်းအားဖြင့် အ သက်ရှင်ရမည် ဖြစ်သည်။ သင်သည် ဤအရာကို လျစ်လျူရှု၍ ဇာတိပကတိနှင့်အညီသာ အသက်ရှင်လျှင် သင်၏ဝိညာဉ်သည်သေ လိမ့်မည်။ သို့သော် သင်သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းနှင့်အ ညီ အသက်ရှင်လျှင် သင်သည် ငြိမ်သက်ခြင်း၌ ထာဝရအသက် ရှင်လိမ့်မည်။ 
 


ဘုရားသခင်၏သားများ


“အကြောင်းမူကား ဘုရားသခင်၏ဝိညာဉ်တော်ရှေ့ဆောင်လမ်းပြမှုကို ခံယူသမျှသောသူတို့သည် ဘုရားသခင်၏သားများဖြစ်ကြ၏”(ရောမ ၈း၁၄)။
ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ယုံကြည်သူများသည် သန့် ရှင်းသောဝိညာဉ်တော်ကို ဆုကျေးဇူးအဖြစ်ရရှိခဲ့ကြ၍ သန့်ရှင်းသော ဝိညာဉ်တော်သည် သူတို့ကို လမ်းပြတော်မူသည်။ ဤပုဂ္ဂိုလ်များ သည် “ဘုရားသခင်၏သားများ” ဖြစ်ကြသည်။ “ဘုရားသခင်၏သား များ”သည် သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ခြင်းခံရကြသည်။ ဤ သို့ဖြင့် သန့်ရှင်းသောဝိညာည်တော်ကိန်းဝပ်တော်မူခြင်း မခံရသော သူများသည် ကိုယ်တော်နှင့်မသက်ဆိုင်ပေ။ ဘုရားသခင်၏နောက် တော်သို့ လိုက်ခြင်းအချက်မှ ကိုယ်တော်၏ဖြောင့်မတ်ခြင်းယုံကြည် မှု စတင်လာသည်။ ဘုရားသခင်၏သားဖြစ်လာရန်အတွက် ရေနှင့် ဝိညာဉ်တော်သတင်းကောင်းနှုတ်ကပတ်တော်ကို ယုံကြည်ခြင်းအား ဖြင့် စတင်သည်။ တစ်နည်းအားဖြင့် ကိုယ်တော်၏ဖြောင့်မတ်ခြင်း ကို ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်၏သားဖြစ်လာခြင်း စတင် သည်။ သင်သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ယုံကြည်ခြင်း အားဖြင့် ဘုရားသခင်၏အိမ်ထောင်မိသားစုဖြစ်လာသည်ကိုလည်း ကောင်း၊ ဘုရားသခင်သည် သင်အား အပြစ်များမှ ကယ်တင်တော်မူ ရန် မိမိ‌ဖြောင့်မတ်ခြင်းပေးအပ်တော်မူခဲ့သည်ကိုလည်းကောင်း ထို အရာဆိုလိုသောအရာ ဖြစ်သည်။
သခင်ယေရှုထံ ယုဒလူမျိုးများခေါင်းဆောင်၊ နိကောဒင် သွား ရောက်သောအခါ လူတစ်ဉီးသည် ရေနှင့်ဝိညာဉ်တော်အားဖြင့် ဒုတိ ယမွေးဖွားခြင်းမခံရလျှင် ဘုရားသခင်၏သားတစ်ဉီးမဖြစ်လာနိုင်ပေ ဟု သခင်ယေရှုက သူ့အား မိန့်တော်မူခဲ့သည်။ နိကောဒင်သည် အံ့ သြတွေဝေ၍ “အသက်ကြီးသောသူသည် မည်ကဲ့သို့ မွေးဖွားခြင်းခံနိုင်မည်နည်း။ သူ့မိခင်၏ဝမ်းထဲသို့ နောက်တစ်ဖန်ဝင်၍ မွေးဖွားခြင်းကိုခံနိုင်ပါမည်လော”(ယောဟန် ၃း၄)ဟု လျှောက်လေ၏။ သခင် ယေရှုက “ သင့်အား ငါအမှန်အကန်ဆိုမည်။ လူသည် ရေနှင့်ဝိညာဉ်တော်အားဖြင့် မွေးဖွားခြင်းကိုမခံလျှင် ဘုရားသခင်၏နိုင်ငံတော်သို့မဝင်နိုင်။ အသွေးအသားအားဖြင့် မွေးဖွားသောအရာသည် အသွေးအသားဖြစ်၏။ ဝိညာဉ်တော်အားဖြင့် မွေးဖွားသောအရာသည် ဝိညာဉ်ဖြစ်၏။ သင်တို့သည် အသစ်တစ်ဖန်မွေးဖွားခြင်းခံရမည်’ဟု ငါဆိုသောကြောင့် မအံ့သြနှင့်။ လေသည် အလိုရှိရာသို့တိုက်တတ်၏။ သင်သည် သူ့အသံကိုကြားရသော်လည်း မည်သည့်အရပ်မှလာ၍ မည်သည့်အရပ်သို့သွားသည်ကိုမသိ။ ဝိညာဉ်တော်အားဖြင့် မွေးဖွားသောသူတိုင်းလည်း ထိုနည်းတူဖြစ်၏”(ယောဟန် ၃း၅-၈)ဟု မိန့်တော်မူခဲ့သည်။
ရေနှင့်ဝိညာဉ်တော်အားဖြင့် ဒုတိယမွေးဖွားခြင်းမခံရသောသူ သည် ဒုတိယမွေးဖွားခြင်းအဓိပ္ပါယ်ကို နားမလည်နိုင်ပေဟု သခင် ယေရှုမိန့်တော်မူခဲ့သည်။ ဗတ္တိဇံယောဟန်ထံမှ သခင်ယေရှုခံယူ တော်မူခဲ့သော ဗတ္တိဇံနှင့် ကားတိုင်ပေါ်တွင် သွန်းလောင်းတော်မူ သောအသွေးတော်ကို ယုံကြည်ခြင်းသည် ဘုရားသခင်၏ဖြောင့်မတ် ခြင်းကို ရရှိရန် ကိုယ်တော်၏ဖြောင့်မတ်ခြင်းလုပ်ဆောင်ချက်ကို သူ တို့အား ယုံကြည်စေသည်။ သတင်းကောင်းနှုတ်ကပတ်တော်ကို ယုံ ကြည်သောသူများသည် သန့်ရှင်းသောဝိညာဉ်တော်ကို ဆုကျေးဇူးအ ဖြစ်ရရှိသောသူများ ဖြစ်ကြသည်။ လူတစ်ဉီးသည် ရေနှင့်ဝိညာဉ် တော်သတင်းကောင်းကို ယုံကြည်ြခင်းအားဖြင့် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို ရရှိနိုင်သည်။ ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို လက်ခံသူအားလုံးသည် ဘုရားသခင်၏သားဖြစ်လာနိုင်ကြသည်။ ကိုယ်တော်၏လူများဖြစ်လာသူများသည် ညီအစ်ကို မောင်နှမများ ဖြစ်ကြသည်။
 

ကျွန်ုပ်တို့သည် ဘုရားသခင်၏သားသမီးများဖြစ်ကြသည် ဟု ဝိညာဉ်တော်သည် သက်သေခံတော်မူသည်

“သင်တို့သည် ကြောက်ရွံ့ခြင်းသို့ တစ်ဖန်ရောက်စေသော ကျွန်၏ဝိညာဉ်ကိုခံယူရရှိကြသည်မဟုတ်ဘဲ သားသမီးအရာကိုပေးသောဝိညာဉ်တော်ကို ခံယူရရှိကြ၏။ ထိုဝိညာဉ်တော်အားဖြင့် “အဗ္ဗ၊ အဖ”ဟု ငါတို့ခေါ်ကြ၏။ 16ငါတို့သည် ဘုရားသခင်၏သားသမီးများဖြစ်ကြောင်းကို ဝိညာဉ်တော်ကိုယ်တိုင် ငါတို့၏ဝိညာဉ်နှင့်အတူသက်သေခံတော်မူ၏” (ရောမ ၈း၁၅-၁၆)။
ကျွန်ုပ်တို့သည် ဘုရားသခင်၏သားသမီးများဖြစ်ကြသည်ဟူ သောအသက်ကို သက်သေခံနိုင်သော နည်းလမ်းနှစ်လမ်းသာ ရှိ သည်။ ပထမလမ်းမှာ ရေနှင့်ဝိညာည်တော်သတင်းကောင်း၌ ထင် ရှားသော ဘုရားသခင်၏ဖြောင့်မတ်ခြင်းသည် ကျွန်ုပ်တို့အား ဘုရား သခင်၏သားသမီးများဖြစ်စေသည်။ ဒုတိယလမ်းမှာ သန့်ရှင်းသောဝိ ညာဉ်တော်သည် ကျွန်ုပ်တို့ထံ ကြွလာတော်မူသည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် ရေနှင့်ဝိညာဉ်တော်သတင်းကောင်း၌ အမှုပြု တော်မူသည်။ ဘုရားသခင်သည်ဤအရာများအားလုံးကို ပြင်ဆင် တော်မူခဲ့သည်။ ရေနှင့်ဝိညာည်တော်သတင်းကောင်းကို ယုံကြည် ခြင်းမှာ ကျွန်ုပ်တို့သည် ဘုရားသခင်၏သားသမီးများဖြစ်လာခဲ့ကြ သည်ဟု ပြောထားသောအရာကို ကျွန်ုပ်တို့၌ သက်သေ ဖြစ်သည်။ ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို သိ၍ ယုံကြည်ခြင်းအားဖြင့် ဘုရား သခင်၏သားသမီးများဖြစ်လာခဲ့သောသူများသည် ဘုရားသခင်အား “အဗ္ဗ၊ အဘ”၊ ကျွန်ုပ်တို့ခမည်းတော်အဖြစ် ဆုတောင်းရသောအခွင့် အရေးရှိကြသည်။
ကျွန်ုပ်တို့စဉ်းစားတွေးတောကြပါစို့။ နှလုံးသား၌ အပြစ်ရှိသော သူတစ်ဉီးသည် ဘုရားသခင်ကို မည်သို့ဖြင့် အဘ ဟုမှည့်ခေါ်နိုင်ကြ မည်နည်း။ ခမည်းတော်ဘုရားသည် အပြစ်သားတစ်ဉီးအား မိမိသား ဟု ဘယ်တော့မှ မခေါ်ခဲ့ပေ။ အပြစ်သားတစ်ဉီးသည် ဘုရားသခင် အား အဘအဖြစ် အစေမခံနိုင်ပေ။ သင်သည် မိမိကိုယ်ကိုကိုယ် စစ် ဆေးကြည့်ပါ။ သင်သည် မတော်တဆဖြင့် ဤသို့သောအမှားကို ပြု မိခဲ့သလော။ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ဘုရားသခင်၏ သားသမီးဖြစ်ခြင်း သက်သေခံသူများသည် ဘုရားသခင်၏ဖြောင့် မတ်ခြင်းကို ယုံကြည်သူများ ဖြစ်ကြသည်။ ကျွန်ုပ်တို့သည် ဘုရား သခင်၏ဖြောင့်မတ်ခြင်းကို လေးလေးနက်နက် စဉ်းစားရကြမည် ဖြစ်သည်။