Search

တရားဟောချက်များ

ဘာသာရပ် ၉ - ရောမဩဝါဒစာ (ရောမဩဝါဒစာအနက်ဖွင့်ကျမ်းများ)

[8-7] သခင်ဘုရား ဒုတိယအကြိမ် ကြွလာခြင်းနှင့် အနှစ်တစ်ထောင်နိုင်ငံတော် (ရောမ ၈း၁၈-၂၅)

(ရောမ ၈း၁၈-၂၅)
“ယခုမျက်မှောက်ကာလ၌ ခံရသောဒုက္ခဝေဒနာများသည် ငါတို့၌ထင်ရှားမည့်ဘုန်းအသရေနှင့်နှိုင်းလျှင် မပြောပလောက်ဟု ငါမှတ်ယူ၏။ ဖန်ဆင်းခံလောကသည် ဘုရားသခင့်သားများ၏ထင်ရှားခြင်းကို အလွန်တောင့်တသောစိတ်ဖြင့် စောင့်မျှော်လျက်နေ၏။ အဘယ်ကြောင့်ဆိုသော် ဖန်ဆင်းခံလောကသည် အချည်းနှီးအဖြစ်သို့ချထားခြင်းခံရသည်မှာ မိမိဆန္ဒအလျောက်မဟုတ်ဘဲ ချထားတော်မူသောအရှင်ကြောင့်သာဖြစ်ပြီး ဖန်ဆင်းခံလောကကိုယ်တိုင် ပျက်စီးခြင်း၏အနှောင်အဖွဲ့မှ လွတ်မြောက်၍ ဘုရားသခင့်သား သမီးများ၏ဘုန်းအသရေနှင့်ပြည့်စုံသော လွတ်လပ်ခြင်းသို့ဝင်စားခွင့်ရမည်ဟူသည့် မျှော်လင့်ခြင်းရှိသောကြောင့်ဖြစ်၏။ ဖန်ဆင်းခံလောကတစ်ခုလုံးသည် ယခုတိုင်အောင် အတူတကွညည်းတွားလျက် အတူတကွသားဖွားခြင်းဝေဒနာကိုခံစားလျက်ရှိကြောင်း ငါတို့သိကြ၏။ ထိုမျှမက ဝိညာဉ်တော်၏အသီးဦးကိုရရှိသော ငါတို့ကိုယ်တိုင်သည်လည်း သားသမီးအရာကိုရခြင်းတည်းဟူသော ငါတို့၏ကိုယ်ခန္ဓာရွေးနုတ်ခံရခြင်းကို စောင့်မျှော်လျက် စိတ်နှလုံးထဲ၌ ညည်းတွားနေကြ၏။ ငါတို့သည် ဤမျှော်လင့်ခြင်းအားဖြင့် ကယ်တင်ခြင်းခံရကြ၏။ သို့သော် မြင်နေရသောမျှော်လင့်ခြင်းသည် မျှော်လင့်ခြင်းမဟုတ်။ အကြောင်းမှာ မည်သူသည် မြင်နေသောအရာကို ဆက်၍မျှော်လင့်မည်နည်း။ မမြင်သေးသောအရာကို ငါတို့မျှော်လင့်ကြလျှင်မူကား ထိုအရာကို သည်းခံသောစိတ်နှင့်စောင့် မျှော်ကြ၏။”
 

ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ယုံကြည်ခြင်းဖြင့် ဖြောင့်မတ် သူများသည် ကောင်းကင်နိုင်ငံဘုန်းအသရေကို ရရှိခဲ့ကြသည်။ ဤ အရာမှာ သူတို့သည် သခင်ယေရှု၏ရေနှင့်ဝိညာဉ်တော်သတင်း ကောင်းအတွက် ဆင်းရဲဒုက္ခခံ၍ ကောင်းကင်ဘုန်းအသရေဖြင့် လူ သားများအားလုံးကို လွှမ်းခြုံကြခြင်း ဖြစ်သည်။ ခရစ်တော်၏ဆင်းရဲ ဒုက္ခခံခြင်းများ၌ ပါဝင်ခြင်းသည် ဘုန်းအသရေနှင့်ဖြောင့်မတ်ခြင်း ဖြစ်သောကြောင့် ယုံကြည်သူများသည် ဘုရားသခင်၏ဖြောင့်မတ် ခြင်းသတင်းကောင်းအတွက် မိမိကိုယ်ကိုကိုယ် ဆက်ကပ်ကြသည်။
ကျွန်ုပ်တို့အလွန်ကြည်ညိုလေးစားသော ဘုရားသခင်အတွက် ဆင်းရဲဒုက္ခခံစားရခြင်းသည် ကျွန်ုပ်တို့အတွက် ဂုဏ်ယူစရာဖြစ် သည်မဟုတ်လော။ ဂုဏ်ယူစရာဖြစ်သည်။ ၎င်းသည် မြင့်မြတ်သော ဆင်းရဲဒုက္ခခံရခြင်း ဖြစ်သည်။ ဤအကြောင်းကြောင့် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းယုံကြည်သူများသည် ကိုယ်တော်ဖြောင့်မတ်ခြင်းအ တွက် ဆင်းရဲဒုက္ခခံရခြင်း ဖြစ်သည်။ သင်သည် ယခုတွင် မည်သူ့အ တွက် ဆင်းရဲဒုက္ခခံရသနည်း။ သင်သည် လောကနှင့်ဇာတိပကတိအ တွက် ဆင်းရဲဒုက္ခခံနေသလော။ လောက၏ဆင်းရဲဒုက္ခခံရခြင်းသည် သင့်ဝိညာဉ်အတွက် ဘာအကျိုးရှိလိမ့်မည်နည်း။ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းအတွက် ဆင်းရဲဒုက္ခခံ၍ ယုံကြည်ပါ။ ဘုရားသခင်၏ ဘုန်းတော်သည် သင့်အပေါ် သက်ရောက်လိမ့်မည်။
 


အနာဂတ်တွင် ကျွန်ုပ်တို့ကောင်းကြီးမင်္ဂလာခံရမည့် အမွေအနှစ်


ကျွန်ုပ်တို့ခံစားရမည့် အမွေအနှစ်အကြောင်းကို ကျွန်ုပ်တို့စဉ်း စားကြပါစို့။ ကောင်းကင်နိုင်ငံတော်တွင် ကျွန်ုပ်တို့ခံရမည့် အမွေအ နှစ်မှာ မြေကြီးသစ်နှင့်ကောင်းကင်သစ်တွင် သခင်ယေရှုနှင့်အတူ စိုး စံခြင်းအမွေ ဖြစ်သည်။ အနှစ်တစ်ထောင်နှင့် ဘုရားသခင်၏ထာဝရ နိုင်ငံတော်တွင် ကျွန်ုပ်တို့ခံရမည့် ဘုန်းအသရေမှာ အတိုင်းအဆမရှိ အလွန်ကြီးမားသည်။ ဒုတိယမွေးဖွားခြင်းခံရသော ယုံကြည်သူများ သာလျှင် သူတို့ကို စောင့်ကြိုသော ဤဘုန်းအသရေကို သိ၍ ပိုင်ဆိုင် ကြလိမ့်မည်။
 

အနှိုင်းမဲ့ဘုန်းအသရေ

“ယခုမျက်မှောက်ကာလ၌ ခံရသောဒုက္ခဝေဒနာများသည် ငါတို့၌ထင်ရှားမည့်ဘုန်းအသရေနှင့်နှိုင်းလျှင် မပြောပလောက်ဟု ငါမှတ်ယူ၏”(ရောမ ၈း၁၈)။ 
ယခုမျက်မှောက်ကာလ၌ ယုံကြည်သူများခံရသောဆင်းရဲဒုက္ခ ကို သူတို့ရရှိမည့် ဘုန်းအသရေနှင့်နှိုင်းယှဉ်လျှင် သူတို့ခံရမည့်ဘုန်း အသရေသည် ယခုမျက်မှောက် ကာလ၌ခံရသောဆင်းရဲဒုက္ခထက် သာလွန်သည်။ ဤအကြောင်းသည် အလွန်မှန်ကန်သည်။ ကျွန်ုပ်တို့ အား စောင့်နေသောဘုန်းအသရေသည် ယခု ကျွန်ုပ်တို့ထမ်းရသော ဆင်းရဲဒုက္ခထက် ပို၍အလွန်ကြီးမားသည်။ 
 

ဖန်ဆင်းခြင်း၏လေးနက်သောမြော်လင့်ချက်

“ဖန်ဆင်းခံလောကသည် ဘုရားသခင့်သားများ၏ထင်ရှားခြင်းကိုအလွန်တောင့်တသောစိတ်ဖြင့် စောင့်မျှော်လျက်နေ၏။ အဘယ် ကြောင့်ဆိုသော် ဖန်ဆင်းခံလောကသည် အချည်းနှီးအဖြစ်သို့ချထားခြင်းခံရသည်မှာ မိမိဆန္ဒအလျောက်မဟုတ်ဘဲ ချထားတော်မူသောအရှင်ကြောင့်သာဖြစ်ပြီး ဖန်ဆင်းခံလောကကိုယ်တိုင် ပျက်စီးခြင်း၏အနှောင်အဖွဲ့မှ လွတ်မြောက်၍ ဘုရားသခင့်သားသမီးများ၏ဘုန်းအသရေနှင့်ပြည့်စုံသော လွတ်လပ်ခြင်းသို့ဝင်စားခွင့်ရမည်ဟူသည့် မျှော်လင့်ခြင်းရှိသောကြောင့်ဖြစ်၏” (ရောမ ၈း၁၉-၂၁)။
ဘုရားသခင်၏ဖန်ဆင်းခြင်းအရာအားလုံးသည် အပြစ်ပျက်စီး ခြင်းမှ လွှတ်မြောက်ရန် တောင့်တကြသည်။ ထိုသို့လွှတ်မြောက်ရန် အတွက် ဘုရားသခင်၏နိုင်ငံတော်ကို ဤလောက၌ တည်ထောင်ရ မည် ဖြစ်သည်။ ဤဖန်ဆင်းခြင်းများသည်လည်း အနှစ်တစ်ထောင် နိုင်ငံတော်၏သခင်များဖြစ်လာကြရန် ဘုရားသခင်၏သားသမီးများ ကို စောင့်မျှော်နေကြသည်။ ထိုကြောင့် ဘုရားသခင်၏နိုင်ငံတော် ရောက်လာရန်အတွက် ဘုရားသခင်၏ဘုန်းအသရေကို လွှမ်းခြုံ၍ ဘုရားသခင်၏သားများသည် ကိုယ်တော်၏အတူ အုပ်စိုးမည့်နေ့ရက် ကို ဖန်ဆင်းထားသောအရာအားလုံးသည် စောင့်မျှော်နေကြသည်။
 

ကိုယ်ခန္ဓာရွေးနှုတ်ခြင်းအတွက် စောင့်မျှော်ခြင်း

“ဖန်ဆင်းခံလောကတစ်ခုလုံးသည် ယခုတိုင်အောင် အတူတကွညည်းတွားလျက် အတူတကွသားဖွားခြင်းဝေဒနာကိုခံစားလျက်ရှိကြောင်း ငါတို့သိကြ၏။ 23ထိုမျှမက ဝိညာဉ်တော်၏အသီးဦးကိုရရှိသော ငါတို့ကိုယ်တိုင်သည်လည်း သားသမီးအရာကိုရခြင်းတည်းဟူသော ငါတို့၏ကိုယ်ခန္ဓာရွေးနုတ်ခံရခြင်းကို စောင့်မျှော်လျက် စိတ်နှလုံးထဲ၌ ညည်းတွားနေကြ၏။ 24ငါတို့သည် ဤမျှော်လင့်ခြင်းအားဖြင့် ကယ်တင်ခြင်းခံရကြ၏။ သို့သော် မြင်နေရသောမျှော်လင့်ခြင်းသည် မျှော်လင့်ခြင်းမဟုတ်။ အကြောင်းမှာ မည်သူသည် မြင်နေသောအရာကို ဆက်၍မျှော်လင့်မည်နည်း။ 25မမြင်သေးသောအရာကို ငါတို့မျှော်လင့်ကြလျှင်မူကား ထိုအရာကို သည်းခံသောစိတ်နှင့်စောင့်မျှော်ကြ၏” (ရောမ ၈း၂၂-၂၅)။
ဘုရားသခင်၏ဖြောင့်မတ်ခြင်းသတင်းကောင်းကို ယုံကြည်သူ များသည် အပြစ်များအားလုံးမှ ကယ်တင်ခြင်းခံရကြသည်။ သူတို့ သည် ဘုရားသခင်၏နိုင်ငံတော်ရောက်လာမည့်နေ့ရက်ကို ဆင်းရဲ ဒုက္ခများအားလုံးအားဖြင့် သည်းခံခြင်းနှင့်အတူ စောင့်မျှော်နေကြ သည်။ သူတို့သည် သတင်းကောင်းအတွက် ဆင်းရဲဒုက္ခံခံရကြသည်။ ဆင်းရဲဒုက္ခအားဖြင့် ဘုရားသခင်၏ကောင်းကင်နိုင်ငံတော်အတွက် သူတို့၏မြော်လင့်ခြင်းသည် ပို၍ ထက်သန်လာသည်။ ဤအရာသည် သူတို့အတွက် သဘာဝကျသည်။ သူတို့သည် ကာယမျက်စိများဖြင့် မြင်တွေ့နိုင်သော မြော်လင့်ချက်မျိုးအတွက် စောင့်မျှော်နေကြခြင်း မဟုတ်ပေ။ သို့သော် သူတို့သည် မျက်စိဖြင့်မမြင်နိုင်သော ဘုရားသ ခင်၏ကောင်းကင်နိုင်ငံတော်နှင့် သူတို့၏ပုံသဏ္ဌာန်ပြောင်းလဲခြင်း ကို စောင့်မျှော်နေကြသည်။
ယနေ့ကမ္ဘာပေါ်တွင် လူသားများသည် အခြားသောအရာများ အားလုံးသည် မဖော်ပြနိုင်သောပင်ပန်းသောဘဝဖြင့် အသက်ရှင်ကြ သည်။ အချိန်ကြာလာသည်နှင့်အမျှ ကမ္ဘာသည် ပြောင်းလဲသည်။ နည်းပညာနှင့်ယဉ်ကျေးမှုများ ဖွံ့ဖြိုးသည်။ အနာဂတ်အတွက် လူ သားများ၏မြော်လင့်ချက်သည် တိုးတက်လာသည်။ တိုးတက်မှုအား လုံးရှိနေသော်လည်း စိတ်ပူပန်ခြင်း၊ ကြောက်ခြင်းနှင့် ပင်ပန်းနွမ်း နယ်မှုများအချိန်ကြာြမှင့်စွာ ဖြစ်ပျက်နေသော်လည်း အနာဂတ်အ တွက် လူသားများ၏မြော် လင့်ချက်သည် တိုးတက်လာသည်။ ကွန် ပျူတာများ၊ မော်တော်ယဉ်များနှင့် အခြားစက်မှုနည်းပညာများနှင့် သိပ္ပံပညာဆိုင်ရာတိုးတက်မှုများစွာရှိနေသော်လည်း လူသားများ၏ ရယ်မောသံကို ကြားရန် ပို၍ ခက်ခဲလာသည်။
လူသားများ၏အနာဂတ်အတွက် မြော်လင့်ချက်ရှိသလော။ အ ဖြေမှာ မြော်လင့်ချက်မရှိပေ။ ဗျာဒိတ်ကျမ်း၌ဖော်ပြထားသောနှုတ် ကပတ်တော်နှင့်အညီ သိပ္ပံပညာရှင်များ၌ အမြင်အပါအဝင် လူများ စွာတို့ကို အစာငတ်၍ အပူဖြင့်သေစေသော ရေရှားပါးမှု၊ အိုဇုန်းလွှာ ပျက်စီးခြင်း၊ မိုးခေါင်ခြင်းနှင့် သစ်တော်ဖြုန်းတီးမှုများနှင့်အတူ ဘေး အန္တရာယ်များသည် ကျွန်ုပ်တို့ကို စောင့်နေကြသည်။ ဤသဘာဝ ဘေးအန္တရာယ်များအားလုံးသည် သင်၏နှလုံးသား၌ ကျွန်ုပ်တို့ကို စောင့်ကြိုနေသည်ဟု သင်ခံစားနိုင်သလော။
ကျွန်ုပ်တို့သည် သာယာသောကမ္ဘာပေါ်တွင် အသက်ရှင်နေကြ သလော။ တစ်နည်းတစ်လမ်းအားဖြင့် ပျော်ရွှင်စရာဟန်တူသည်။ ငွေကြေးဖြင့် ဝယ်ယူ၍မရသောအရာမှာ အဘယ်အရာရှိသနည်း။ သို့ သော် ကျွန်ုပ်တို့သည် သန့်ရှင်းသောရေနှင့် ကျန်းမာသောပတ်ဝန်း ကျင်လိုအပ်သည်။ သို့သော် အိုဇုန်းလွှာသည် ပျက်စီးသည်။ သေစေ သော ရောင်ခြည်များသည် လေထူအားဖြင့် ဝင်ရောက်လာသည်။ ခ ရမ်းရောင်ခြည်များသည် သစ်ပင်များကို ဗီဇပြောင်းစေ၍ လူသား များ၏နှလုံးသားများကို မာကျောစေသည်။ “ဤလောက၌ မည် သည့်အရာ ဖြစ်ပျက်လိမ့်မည်နည်း”ဟု လူသားများ၏စိုးရိမ်ပူပန်မှု ကြီးထွားလာသည်။ သို့သော် ဒုတိယမွေးဖွားခြင်းခံရသော ကျွန်ုပ်တို့ ယုံကြည်သူများသည် လောကလူသားများနှင့်အတူကြဘဲ အနှစ်တစ် ထောင်အတွက် သခင်ယေရှုနှင့်အတူ ပထမရှင်ပြန်ထမြောက်ခြင်း နှင့် အုပ်စိုးခြင်း၌ ပါဝင်ကြလိမ့်မည်ဟု ယုံကြည်ခြင်းရှိကြသည်။
ကိုယ်တော်ကိုယ်တိုင် ကြွေးကြော်သံ၊ ကောင်းကင်တမန်၏အ သံနှင့် ဘုရားသခင်၏တံပိုးတော်အားဖြင့် ကောင်းကင်မှ ဆင်းကြွ တော်မူလိမ့်မည် (၁ သက် ၄း၁၆)ဟု သမ္မာကျမ်းစာက ဖော်ပြထား သည်။ 
မေးခွန်းမှာ ကိုယ်တော်သည် “မည်သည့်အချိန်”တွင် ကြွလာ တော်မူမည်နည်း ဖြစ်သည်။ ကိုယ်တော်သည် ရေ၊ အသွေးနှင့် ဝိ ညာဉ်တော်သတင်းကောင်းယုံကြည်သူများနှင့် ထိုနေ့ရက်ကို စောင့် မျှော်နေသူများကို သိမ်းဆည်းတော်မူရန် ကြွလာတော်မူလိမ့်မည်ဟု ကိုယ်တော်ကတိပြုတော်မူခဲ့သည်။
ဒုတိယမွေးဖွားခြင်းခံရသောသူများသည် ဤသတင်းကောင်းကို ယုံကြည်ကြသည်။ “သခင်ယေရှုဗတ္တိဇံခံယူတော်မူသောအခါ ကျွန်ုပ် အပြစ်များကို ကိုယ်တော့်အပေါ်သို့ လွှဲပြောင်းခဲ့တယ်။ ကိုယ်တော် သည် ကျွန်တော့်နေရာတွင် အပြစ်များအတွက် တရားစီရင်ခြင်းခံ သော ကယ်တင်ရှင်အဖြစ် ကျွန်တော်ယုံကြည်တယ်။” ဘုရားသခင် သည် တစ်ပါးတည်းသောသားတော်၊ သခင်ယေရှုခရစ်တော်အားဖြင့် ကျွန်ုပ်တို့အား ကယ်တင်ခြင်းကို ပေးအပ်တော်မူခဲ့သည်။ ကိုယ် တော်သည် မိမိလူများကို ရှင်ပြန်ထမြောက်စေတော်မူရန်နှင့် ဤ‌ လောက၌ အနှစ်တစ်ထောင်အုပ်စိုးရန် ပြန်လည်ကြွလာတော်မူလိမ့် မည်။ သမ္မာကျမ်းစာမှာ စာဖတ်သူများအတူတူယှဉ်တွဲရမည့် ပုံပ ဟေဠိတစ်ခုနှင့်တူသည်။
သခင်ယေရှုသည် ပထမကြွလာတော်မူသောအခါ ကိုယ်တော် သည် အပြစ်များကို နောင်တရရန် ခေါ်ဖိတ်တော်မူရန် ကြွလာတော် မူခဲ့သည်။ ကိုယ်တော်သည် ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် မိမိအ ပေါ်သို့ သူတို့၏အပြစ်များကို ထမ်း၍ ကားတိုင်ပေါ်တွင် သွန်း လောင်းတော်မူသောအသွေးတော်အားဖြင့် သူတို့အတွက် တရားစီ ရင်ခြင်းခံတော်မူသည်။ ကောင်းကင်ဘုံ၌ ကိန်းဝပ်တော်မူသော ကိုယ်တော်သည် ပြန်လည်ကြွလာတော်မူသောအခါ ကိုယ်တော်နှင့် အတူ အနှစ်တစ်ထောင်အုပ်စိုးရန် ကိုယ်တော်၏ဖြောင့်မတ်ခြင်းကို ယုံကြည်သူအားလုံးရှင်ပြန်ထမြောက်စေတော်မူလိမ့်မည်။
 


အနှစ်တစ်ထောင်နိုင်ငံ


ဤလောက၌ သူတပါးကို အမှန်အကန် ချစ်သောသူများသည် ဘုရားသခင်၏သားသမီးများ ဖြစ်ကြသည်။ သူတို့သည် ခရစ်တော် ထံတော်သို့ ပျောက်ဆုံးသောဝိညာဉ်များအားလုံး ရရှိရန် ဘုရားသခင် ၏ဖြောင့်မတ်ခြင်းသတင်းကောင်းကို ဟောပြောသောလူများ ဖြစ် ကြသည်။ ဤလောကလူများသည် ဘုရားသခင်၏သားသမီးဖြစ်ခွင့် ရရှိကြသလော။ မည်သူများ ရရှိကြသနည်း။ သခင်ယေရှုသည် ပြန် လည်ကြွလာတော်မူသောအခါ ကိုယ်တော်သည် ဒုတိယမွေးဖွားခြင်း ခံသူများကို ရှင်ပြန်ထမြောက်စေပြီး အနှစ်တစ်ထောင်အုပ်စိုးစေ တော်မူခြင်းအားဖြင့် သူတို့ကို ဆုချတော်မူလိမ့်မည်။
အနှစ်တစ်ထောင်သည် ဒုတိယမွေးဖွားခြင်းခံရသောယုံကြည် သူများ ကျွန်ုပ်တို့အတွက် ဖြစ်သည်။ ဤပစ္စုပ္ပန်ကမ္ဘာသည် ပျက်ဆီး သွားသော်လည်း ကိုယ်တော်သည် ပြန်လည်ကြွလာတော်မူသောအ ခါ ကျွန်ုပ်တို့သည် ကမ္ဘာသစ်၌ အသက်ရှင်ကြလိမ့်မည်။ ထိုနေရာ တွင် ကိုယ်တော်သည် ကျွန်ုပ်တို့အား ကိုယ်တော်၏အတူ အုပ်စိုးရ သောအခွင့်ကို ချပေးတော်မူ၍ ကျွန်ုပ်တို့ဆန္ဒရှိနေသရွေ့ ဝမ်း မြောက်ပျော်ရွှင်ဖွယ်ကောင်းသောဘဝများဖြင့် အသက်ရှင်စေတော် မူလိမ့်မည်။
ရှင်ပေါလုက ရောမ ၈း၂၃ တွင် “ထိုမျှမက ဝိညာဉ်တော်၏အသီးဦးကိုရရှိသော ငါတို့ကိုယ်တိုင်သည်လည်း သားသမီးအရာကိုရခြင်းတည်းဟူသော ငါတို့၏ကိုယ်ခန္ဓာရွေးနုတ်ခံရခြင်းကို စောင့်မျှော်လျက် စိတ်နှလုံးထဲ၌ ညည်းတွားနေကြ၏”ဟု ဖော်ပြထားသည်။ သင်သည် ထိုနေ့ရက်ကို စောင့်နေသလော။ ဝိညာဉ်တော်၏ပထမ အသီးပိုင်ဆိုင်သော ကျွန်ုပ်တို့သည်မိမိကိုယ်ကိုကိုယ် ညည်းတွား သော်လည်း ကိုယ်ခန္ဓာများရွေးနှုတ်ခြင်းအတွက် စိတ်အားထက် တန်စွာ စောင့်မြော်နေကြသည်။ ကိုယ်တော်သည် ကျွန်ုပ်တို့အား ရှင်ပြန်ထမြောက်စေတော်မူ၍ ကိုယ်ခန္ဓာပြောင်းလဲစေကာ ကိုယ် တော်၏အတူ အသက်ရှင်ခွင့်ပေးတော်မူလိမ့်မည်ဟု ဘုရားသခင်မိန့် တော်မူခဲ့သည်။ ဖြောင့်မတ်သူများအဖြစ် ဒုတိယမွေးဖွားခြင်းခံရ သောကျွန်ုပ်တို့သည် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ကိုယ်တော် ၏ဒုတိယအကြိမ်ကြွဆင်းတော်မူခြင်းကို မြော်လင့်၍ စောင့်မြော်ကြ သည်။
ကျွန်ုပ်တို့သည် မိမိကိုယ်ကိုကိုယ် ညည်းတွားကြသည်။ ဤ ကမ္ဘာသည် မည်သို့ဖြစ်လိမ့်မည်ကို ဒုတိယမွေးဖွားခြင်းခံရသော ယုံ ကြည်သူများက သိကြသည်။ အနာဂတ်အတွက် ဗေဒင်ဆရာများ ဟောကြားချက်များသည် အချည်းနှီး ဖြစ်သည်။ ဒုတိယမွေးဖွားခြင်း ခံရသောယုံကြည်သူများသည် အနာဂတ်တွင် မည်သည့်အရာ ဖြစ် ပျက်လိမ့်မည်ကို တိကျစွာ သိကြသည်။ ကမ္ဘာသည် ကျွန်ုပ်တို့ ကြို တင်ဟောပြောချက်နှင့်အညီ ပြောင်းလဲလျှင်တောင် မည်သူမည်ဝါ ကမျှ ယခုတွင် ကျွန်ုပ်တို့ကို ယုံကြည်မည် မဟုတ်ပေ။ သို့သော် ဘု ရားသခင်၏နှုတ်ကပတ်တော်ကို ယုံကြည်သူများသည် ဝါကြွားခြင်း မရှိဘဲ စောင့်မြော်ကြသည်။ ဘုရားသခင်၏နှုတ်ကပတ်တော်ကို အ သိအမှတ်မပြုသော အခြားသူများသည် သူတို့ကို မထီမဲ့မြင်ပြုလျှင် တောင် သူတို့သည် မြော်လင့်ချက်ဖြင့် အသက်ရှင်ကြသည်။
ထိုကြောင့် မယုံကြည်သူများသည် သူတို့၏ဘဝများ နေမဝင်မီ ကယ်တင်ခြင်းကို လက်ခံရမည် ဖြစ်သည်။ သခင်ယေရှုသည် ဗတ္တိဇံ ခံယူတော်မူခြင်းအားဖြင့် သူတို့အပြစ်များကို ယူဆောင်သွားတော်မူ ၍ ကားတိုင်ပေါ်တွင် သူတို့ကိုယ်စားတရားစီရင်ခြင်းခံတော်မူခဲ့သည် ဟု သူတို့သည် ယုံကြည်ရကြမည် ဖြစ်သည်။ သို့မှသာလျှင် နောက် ဆုံးနေ့ရက်ရောက်လာသောအခါ သူတို့သည် ဘုရားသခင်၏နိုင်ငံ တော်သို့ ဝင်ရောက်နိုင်ကြမည် ဖြစ်သည်။
သင်သည် ဝမ်းနည်းသလော။ သင်သည် စိုးရိမ်ပူပန်သလော။ သို့မဟုတ် သင်သည် မိမိဘဝဖြင့် ရောင့်ရဲတင်းတိမ်မှုရှိသလော။ သင် သည် အသက်မကုန်ဆုံးမီ သခင်ယေရှုသည် ကျွန်ုပ်တို့၏ကယ်တင် ရှင်မည်သို့ဖြစ်တော်မူသည်ကို ရှင်းလင်းစွာ သိ၍ ယုံကြည်ရမည် ဖြစ်သည်။ ကျွန်ုပ်တို့သည် ကောင်းကင်နိုင်ငံတော်၌ မိမိဘဝများအ တွက် ပြင်ဆင်ရကြမည် ဖြစ်သည်။ ဤလောကသည် အရာခပ်သိမ်း မဟုတ်ပေ။ ဤသမ္မာတရားကို သိ၍ ကျွန်ုပ်တို့သည် ကောင်းကင်နိုင် ငံတော်တွင် အသက်ရှင်ရန် ကြိုတင်ပြင်ဆင်ထားရကြမည် ဖြစ် သည်။ ဤအရာသည် ပညာရှိသူများလုပ်ဆောင်သောအရာ ဖြစ် သည်။ သင်သည် နေ့တိုင်း ပျော်ရွှင်စွာ အသက်ရှင်သလော။ ရှင်လျှင် သင်သည် မိုက်မဲသောသူဖြစ်ပေသည်။ ပိုကောင်းသောအရာ၊ ကောင်းကင်နိုင်ငံတော်ကို ဆန္ဒရှိသူများသည် ၎င်းသို့ ဝင်ရောက်ခြင်း အားဖြင့် သူတို့၏အိပ်မက်များအမှန်အကန်ဖြစ်လာရန် ပြင်ဆင်ထား ရကြမည် ဖြစ်သည်။ တစ်နည်းအားဖြင့် သူတို့သည် ကျောက်ပေါ် တွင် မိမိအိမ်ကို အမှန်အကန် တည်ဆောက်သောပညာရှိသောသူ များဖြစ်ကြသည်။
 


အနှစ်တစ်ထောင်နိုင်ငံတော်၌


ဘုရားသခင်သည် ကျွန်ုပ်တို့အား မိမိပုံသဏ္ဌာန်တော်နှင့်အညီ ဖန်ဆင်းတော်မူ၍ ကိုယ်တော်နှင့်အတူ ထာဝရအသက်ရှင်ရန် အလို ရှိတော်မူသည်။ ထိုအကြောင်းကြောင့် ကိုယ်တော်သည် ဤလောက သို့ကြွဆင်းတော်မူ၍ ဗတ္တိဇံခံယူကာ ကျွန်ုပ်တို့အား အပြစ်များအား လုံးမှ ကယ်တင်တော်မူရန် အသွေးတော်သွန်းလောင်းတော်မူခဲ့ သည်။ ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ယုံကြည်သောသူများသည် ကိုယ်တော်၏အတူအသက်ရျင်၍ ကိုယ်တော်သည် သူတို့ကို သရဖူ ပေးအပ်တော်မူလိမ့်မည်။ ကိုယ်တော်သည် သူတို့မျက်စိများမှ ကျ သောမျက်ရည်များကို သုတ်ပေးတော်မူ၍ သူတို့ခံရသော ဆင်းရဲဒုက္ခ များဖြစ်သော ခက်ခဲမှုများအားလုံးနှင့် အထီးကျန်ခြင်းများအားလုံးအ တွက် သရဖူပေးအပ်တော်မူလိမ့်မည်။
ဘုရားသခင်သည် အရာအားလုံးကို အသစ်ပြုပြင်တော်မူသည်။ ကိုယ်တော် ကမ္ဘာသစ်ကို ခွင့်ပြုတော်မူလိမ့်မည်။ ထိုနေရာတွင် နို့ ပြတ်ကလေးသူငယ်မျာသည် မြွေပွေး၏တွင်းသို့ နှိုက်သော်လည်း မြွေကိုက်ခံရကြမည် မဟုတ်ပေ (ဟေရှာယ ၁၁း၈)။ ကျွန်ုပ်တို့သည် မျက်စိဖြင့်မမြင်နိုင်သောအရာများကို ယုံကြည်၍ စိတ်အားထက်သန် စွာ စောင့်မျှော်ကာ ထိုနေ့ရက်အတွက် သည်းခံစွာဖြင့် ‌မြော်လင့်ရကြ သည်။ ကျွန်ုပ်တို့သည် မျက်စိဖြင့်မြင်တွေ့နိုင်သောအရာများကိုသာ စောင့်မျှော်ကြသည်ဟု ပြောကြလျှင် ကျွန်ုပ်တို့သည် မိုက်မဲသောသူ များ ဖြစ်ကြလိမ့်မည်။ တစ်နည်းအားဖြင့် ကျွန်ုပ်တို့သည် မျက်စိဖြင့် မမြင်နိုင်သောအရာများကို စောင့်၍ ဘုရားသခင်၏နှုတ်ကပတ် တော်ကို ယုံကြည်ကြလျှင် ကျွန်ုပ်တို့သည် ပညာရှိသူများဖြစ်ကြ သည်။ ကယ်တင်ခြင်းခံရပြီးနောက် ကျွန်ုပ်တို့သည် ပစ္စုပ္ပန်တွင် မျက်စိများဖြင့် မမြင်နိုင်သော်လည်း ဘုန်းအသ‌ရေ အမှန်အကန် ရောက်လာမည်ဟု ကျွန်ုပ်တို့ စောင့်မျှော်ကြသည်။
ကျွန်ုပ်တို့ညည်းတွားခြင်းထက် ဘုရားကိုယ်တော်တိုင် ပို၍ ညည်းတွားသော်လည်း ကိုယ်တော်သည် ကျွန်ုပ်တို့ကို စောင့်တော်မူ သည်။ ကျွန်ုပ်တို့သည် မိမိကိုယ်ခန္ဓာအား ဝိညာဉ်ရေးရာ ကိုယ်ခန္ဓာ များအဖြစ်သို့ ပြောင်းလဲခြင်းနှင့် အချိန်ရောက်လာသောအခါ အုပ်စိုး ရမည့်အချိန်ကို ကျွန်ုပ်တို့သည် စိတ်အားထက်သန်စွာ စောင့်မြော်နေ ကြသည်။ ကျွန်ုပ်တို့၌ ကိန်းဝပ်တော်မူသော သန့်ရှင်းသောဝိညာဉ် တော်သည် မည်သည့်အရာကို ပြောကြားတော်မူသနည်း။ အဘယ် အရာအတွက် ကိုယ်တော်သည် ကျွန်ုပ်တို့ကို စောင့်စေတော်မူသ နည်း။ ကိုယ်တော်သည် ကျွန်ုပ်တို့အား အနှစ်တစ်ထောင်နိုင်ငံတော် ကိုစောင့်စေတော်မူသည်။ ကိုယ်တော်သည် ကျွန်ုပ်တို့ကိုယ်ခန္ဓာများ ကို အသစ်ဖြစ်စေရန်နှင့် ကျွန်ုပ်တို့နှင့်အတူ အသက်ရှင်တော်မူရန် စောင့်တော်မူသည်။ ကျွန်ုပ်တို့သည် ဘုရားသခင်နှင့်အတူ အနှစ်တစ် ထောင်အုပ်စိုးရန် စောင့်မျှော်နေကြသည်။
ဟာလေလုယ။ ကျွန်ုပ်တို့သည် ကိုယ်တော့်အပေါ် ကျေးဇူးတင် ကြသည်။ 
ခရစ်ယာန်များသည် ကောင်းကင်နိုင်ငံတော်အတွက် မြော်လင့် ချက်ဖြင့် အသက်ရှင်ကြ၍ သူတို့၏မြော်လင့်ခြင်းအားဖြင့် ရောင့်ရဲ တင်းတိမ်မှုရှိကြသည်။ ဤရောင့်ရဲတင်းတိမ်မှုများသည် ကျွန်ုပ်တို့၏ ခံစားချက်များအပေါ် အခြေမပြုဘဲ မလှည့်ဖြားသူ ဘုရားသခင်၏ နှုတ်ကပတ်တော်အပေါ် အခြေပြုသည်။