Search

တရားဟောချက်များ

ဘာသာရပ် ၉ - ရောမဩဝါဒစာ (ရောမဩဝါဒစာအနက်ဖွင့်ကျမ်းများ)

[8-8] ဖြောင့်မတ်သူများကို မစသော သန့်ရှင်းသောဝိညာဉ်တော် (ရောမ ၈း၂၆-၂၈)

(ရောမ ၈း၂၆-၂၈)
“ထိုနည်းတူ ဝိညာဉ်တော်သည်လည်း ငါတို့၏အားနည်းခြင်းကို ဖေးမကူညီပေးတော်မူ၏။ ငါတို့သည် ဆုတောင်းသင့်သည့်အတိုင်း မည်သို့ဆုတောင်းရမည်ကို မသိကြ။ သို့သော် ဝိညာဉ်တော်ကိုယ် တော်တိုင် စကားဖြင့်ဖော်ပြ၍မရနိုင်သော ညည်းတွားသံများဖြင့် ငါတို့အတွက် အသနားခံပေးတော်မူ၏။ စိတ်နှလုံးတို့ကိုစူးစမ်းတော်မူသောအရှင်သည်လည်း ဝိညာဉ်တော်၏စိတ်သဘောကို သိတော်မူ၏။ အကြောင်းမူကား ဝိညာဉ်တော်သည် ဘုရားသခင်၏အလိုတော်နှင့်အညီ သန့်ရှင်းသူများအတွက် အသနားခံပေးတော်မူ၏။”
 

ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ယုံကြည်သူများ၏နှလုံးသား များ၌ သန့်ရှင်းသောဝိညာဉ်တော်ရှိတော်မူသည်။ သန့်ရှင်းသောဝိ ညာဉ်တော်သည် သူတို့ကိုဆုတောင်းစေတော်မူ၍ ဆုတောင်းရန် မ စတော်မူသည်။ သူသည် သူတို့အတွက် နားမလည်နိုင်သော ညည်း တွားခြင်းအားဖြင့် ကိုယ်စားပြုဆု‌တောင်းပေးတော်မူသည်။ သန့်ရှင်း သောဝိညာဉ်တော်သည် ဘုရားသခင်၏အလိုတော်နှင့်အညီ ဆု တောင်းရန် သူတို့ကို မစတော်မူသည်ကို ဆိုလိုသည်။ ထိုအကြောင်း ကြောင့် ဘုရားသခင်၏ဖြောင့်မတ်ခြင်းယုံကြည်သူများကို ဘုရားသ ခင်၏သားသမီးများအဖြစ် မှည့်ခေါ်ရခြင်း ဖြစ်သည်။ ကိုယ်တော် သည် ကပ်ကမ္ဘာကုန်ဆုံးသောအခါ သူတို့နှင့်အတူ အစဉ်အမြဲနေ တော်မူလိမ့်မည်ဟု ကတိပြုတော်မူသည်။
သန့်ရှင်းသောဝိညာဉ်တော်သည် ဖြောင့်မတ်သူများနှင့်အတူရှိ တော်မူ၍ ဘုရားသခင်၏အလိုတော်နှင့်အညီ ကိုယ်စားပြုဆု‌တောင်း စေတော်မူသည်။ သင်သည် သန့်ရှင်းသောဝိညာဉ်တော်ရရှိနိုင်သည် ဟု မည်သို့ထင်သနည်း။ ဆုတောင်းခြင်းအားဖြင့် လော။ သင်သည် မိမိအပြစ်များအားလုံးကို လျစ်လျူရှု၍ သန့်ရှင်းသောဝိညာဉ်တော် ရရှိနိုင်သည်ဟု သင်ယူဆသလော။ သန့်ရှင်းသောဝိညာဉ်တော်သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ယုံကြည်သူများ၏နှလုံးသားများ၌ သာ အမှုပြုတော်မူ၍ ကိန်းဝပ်တော်မူသည်။
ဘုရားသခင်၏အလိုတော်နှင့်အညီ ဆုတောင်းလိုသောခရစ် ယာန်များသည် သန့်ရှင်းသောဝိညာဉ်တော်ထံမှ မစခြင်းခံရကြ သည်။ သူတို့သည် မည်သည့်ဆုကို ‌တောင်းရမည်ကို သိ၍ နားလည် သဘောပေါက်သည်။ သင်သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ယုံကြည်ခြင်းအားဖြင့် သန့်ရှင်းသောဝိညာဉ်တော်ရရှိလျှင် သန့်ရှင်း သောဝိညာည်တော်သည် သင့်အတွက် ကိုယ်စားပြုဆုတောင်းပေး တော်မူ၍ သင်၏လမ်းကို ညွှန်ပြတော်မူလိမ့်မည်။
 


အရာအားလုံးသည် တညီတညွှတ်ပြုစုသည်


“ဘုရားသခင်ကိုချစ်သောသူများတည်းဟူသော အကြံအစည်တော်အတိုင်းခေါ်ယူတော်မူခြင်းခံရသောသူများအတွက်ဘုရားသခင် သည် ခပ်သိမ်းသောအမှုအရာတို့ကို ပူးပေါင်းလုပ်ဆောင်စေ၍ ကောင်းကျိုးဖြစ်စေတော်မူကြောင်းကိုငါတို့သိကြ၏”(ရောမ ၈း၂၈)။
ဘုရားသခင်သည် ယုံကြည်သူများဘက်၌ရှိတော်မူ၍ ဘုရားသ ခင်ကို ချစ်သောသူများအတွက် အရာခပ်သိမ်းကို အကျိုးအတွက် တ ညီတညွတ်တည်းပြုစုတော်မူသည်။ ဘုရားသခင်သည် ဒုတိယမွေး ဖွားခြင်းခံရသောယုံကြည်သူများကို ချစ်တော်မူသည်။ တစ်ခါတစ်ရံ ကိုယ်တော်သည် ကျွန်ုပ်တို့အတွက် ရန်သူများကိုပင် အသုံးပြုတော် မူနိုင်သည်။ သို့သော် နောက်ဆုံးတွင် ကိုယ်တော်သည် သူတို့အား မိ မိအပြစ်များအတွက် ဒဏ်ခတ်တော်မူမည်။ ထိုကြောင့် ဘုရားသခင် သည်အရာအားလုံးအားယုံကြည်သူများအတွက်အကျိုးကိုသာ ခွင့်ပြု တော်မူသည့်အတိုင်း ကျွန်ုပ်တို့ရန်သူများအားလုံး ကွယ်ပျောက်စေ တော်မူလိမ့်မည်။