Search

တရားဟောချက်များ

ဘာသာရပ် ၉ - ရောမဩဝါဒစာ (ရောမဩဝါဒစာအနက်ဖွင့်ကျမ်းများ)

[8-9] အရာခပ်သိမ်းတို့သည် အကျိုးကို တညီတညွတ်တည်း ပြုစုကြသည် (ရောမ ၈း၂၈-၃၀)

(ရောမ ၈း၂၈-၃၀)
“ဘုရားသခင်ကိုချစ်သောသူများတည်းဟူသော အကြံအစည်တော်အတိုင်းခေါ်ယူတော်မူခြင်းခံရသောသူများအတွက်ဘုရားသခင် သည် ခပ်သိမ်းသောအမှုအရာတို့ကို ပူးပေါင်းလုပ်ဆောင်စေ၍ ကောင်းကျိုးဖြစ်စေတော်မူကြောင်းကို ငါတို့သိကြ၏။ အကြောင်း မူကား ဘုရားသခင်သည် သိထားနှင့်တော်မူသောသူတို့ကို မိမိသားတော်၏ပုံသဏ္ဌာန်နှင့်တူညီစေရန် ကြိုတင်သတ်မှတ်ထားတော်မူ၏။ ဤသည်ကား သားတော်သည် များစွာသောညီအစ်ကိုတို့တွင် သားဦးဖြစ်မည့်အကြောင်းတည်း။ 30ထိုသို့ကြိုတင်သတ်မှတ်ထားတော်မူသောသူတို့ကို ဘုရားသခင်သည် ခေါ်ယူတော်မူပြီး ခေါ်ယူတော်မူသောသူတို့ကို ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုတော်မူ၍ ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုတော်မူသောသူတို့ကို ချီးမြှောက်တော်မူ၏။”
 

ယနေ့ ရောမ အခန်းကြီး ၈၌ ဖော်ပြထားသော အထက်က ကျမ်းချက်ကို ကျွန်ုပ်တို့ စဉ်းစားကြပါစို့။ ဘုရားသခင်၏သားတော်၊ သခင်ယေရှုခရစ်တော်၌ရှိသော ကျွန်ုပ်တို့သည် ဘုရားသခင်ခွဲခန့် တော်မူ၍ ခေါ်ကာ ချီးမြှောက်တော်မူသည်ဟု ‌ဖော်ပြထားသည်။ ကျွန်ုပ်တို့ဤအကြောင်းကို ပြောကြလိမ့်မည်။ ထိုနောက် သန့်ရှင်း စင်ကြယ်ခြင်းဆိုင်ရာ ဓမ္မခံယူချက်အပေါ် လူများသည် မည်သို့နား လည်သဘောပေါက်သည့်အကြောင်းကိုလည်း ပြောကြလိမ့်မည်။
ရောမ ၈း၂၈ တွင် “ဘုရားသခင်ကိုချစ်သောသူများတည်းဟူ သော အကြံအစည်တော်အတိုင်း ခေါ်ယူတော်မူခြင်းခံရသောသူများအတွက် ဘုရားသခင်သည် ခပ်သိမ်းသောအမှုအရာတို့ကို ပူးပေါင်းလုပ်ဆောင်စေ၍ ကောင်းကျိုးဖြစ်စေတော်မူကြောင်းကို ငါတို့သိကြ၏”ဟု ဖော်ပြထားသည်။ “ဘုရားသခင်ကို ချစ်သောသူများ” အကြောင်းကို ကျွန်ုပ်တို့စဉ်းစားရန် လိုအပ်သည်။
အရာခပ်သိမ်းတို့သည် အကျိုးကို တညီတညွတ်တည်းပြုစုသ လော။ ပြုစုတော်မူသည်ဟု ဘုရားသခင်မိန့်တော်မူခဲ့သည်။ ဘုရား သခင်သည် လူကို ဖန်ဆင်းတော်မမူမီ အစအဉီး၌ ကိုယ်တော်သည် မိမိအကြံအစည်တော်နှင့်အညီ မိမိလူများ ကျွန်ုပ်တို့ကို ဖန်ဆင်း တော်မူရန် ကြံစည်တော်မူ၍ တပါးတည်းသောသားတော် သခင်ယေ ရှုခရစ်တော်အားဖြင့် အကျိုးအတွက် ကိုယ်တော်သည် ထိုသို့ပြု တော်မူခဲ့သည်။
ဧဒင်ဥယျာဉ်ထဲတွင် အကောင်းနှင့်အဆိုးသိကျွမ်းရန်အပြစ်ရှိ သည်ကို ကျွန်ုပ်တို့မှတ်ထားရကြမည် ဖြစ်သည်။ “ဘုရားသခင်သည် ဘာကြောင့် ဤသစ်ပင်ကို ဖန်ဆင်းတော်မူခဲ့သနည်း။ ဘုရားသခင် ပထမပိုင်းနေရာတွင် အကောင်းနှင့်အဆိုးသိကျွမ်းရာ အပင်ကို မ စိုက်ခဲ့လျှင် ပိုကောင်းလိမ့်မည်။” လူများစွာတို့သည် ဤအချက်ကို အလွန်သိချင်ကြသည်။
သို့သော် ထိုအရာသည် ဘုရားသခင်၏လေးနက်သောရည်ရွယ် ချက်နှင့်အကြံအစည်တော်ဖြစ်သည်။ ဘုရားသခင်သည် မိမိပုံသ ဏ္ဌာန်တော်နှင့်အညီ သူတို့ကို ဖန်ဆင်းတော်မူခဲ့သည်။ ကျွန်ုပ်တို့ သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို မခံစားရမီ လူသားများသည် အခြားဖန်ဆင်း သောအရာများနှင့် ခြားနားမှုမရှိပေ။ 
 


ဘုရားသခင်သည် ဘာကြောင့် အကောင်းနှင့်အဆိုးကို ဖန်ဆင်းတော်မူခဲ့သနည်း


ထိုကြောင့် ဘုရားသခင်သည် ဘာကြောင့် အာဒံနှင့်ဧဝတို့အား အကောင်းနှင့်အဆိုးသိမြင်နိုင်သော အပင်၏အသီးကို မစားရန် အ မိန့်ပေးတော်မူခဲ့သည့်အကြောင်းကိုကျွန်ုပ်တို့သိရကြမည် ဖြစ်သည်။ ဘာကြောင့်နည်း။ ဘုရားသခင်၏ပညတ်တော်အောက်၌ လူသား များကို စောင့်ထိန်းရန်နှင့် ကျွန်ုပ်တို့အား သခင်ယေရှုခရစ်တော်အား ဖြင့် ကျွန်ုပ်တို့အား ကယ်တင်တော်မူ၍ ကိုယ်တော်၏သားသမီးများ ဖြစ်စေတော်မူရန်အတွက် ဖြစ်သည်။ ဘုရားသခင်၏ဖြောင့်မတ်ခြင်း အားလုံးသည် နှုတ်ကပတ်တော်၌ ဖုံးအုပ်ထားသည်။ “ဘုရားသခင်ကိုချစ်သောသူများတည်းဟူ သောအကြံအစည်တော်အတိုင်း ခေါ်ယူတော်မူခြင်းခံရသောသူများအတွက် ဘုရားသခင်သည် ခပ်သိမ်းသောအမှုအရာတို့ကို ပူးပေါင်းလုပ်ဆောင်စေ၍ ကောင်းကျိုးဖြစ်စေတော်မူကြောင်းကို ငါတို့သိကြ၏။” ဘုရားသခင်သည် “ဘုရားသခင်ကိုချစ်သောသူများတည်းဟူ သောအကြံအစည်တော်အတိုင်း ခေါ်ယူတော်မူခြင်းခံရသောသူများအတွက် ဘုရားသခင်သည် ခပ်သိမ်းသောအမှုအရာတို့ကို ပူးပေါင်းလုပ်ဆောင်စေ၍ ကောင်းကျိုးဖြစ်စေတော်မူကြောင်းကို ငါတို့သိကြ၏” (ရောမ၈း၂၈)ဟု မိန့်တော်မူခဲ့ သောအခါ ကျွန်ုပ်တို့သည် သခင်ယေရှုခရစ်တော်ပေးအပ်တော်မူခဲ့ သော ရေနှင့်ဝိညာဉ်တော်သတင်းကောင်း၌ ထိုမေးခွန်း၏အဖြေကို တွေ့ရကြ မည် ဖြစ်သည်။
ထိုသို့ဖြစ်ရန်အတွက် ကျွန်ုပ်တို့သည် ဘုရားသခင်၏ဖြောင့်မတ် ခြင်းကို ရှေ့ဉီးစွာ အသိအမှတ်ပြုရကြမည် ဖြစ်သည်။ ထိုနောက် ကျွန်ုပ်တို့သည် ဘုရားသခင်၏အကြံအစည်တော်များနှင့် လုပ် ဆောင်ချက်များအားလုံးသည် ကောင်းသည်ဟု နားလည်သဘော ပေါက်နိုင်ကြလိမ့်မည်။ သို့သော် ဤသမ္မာတရားကို နားလည်သ ဘောပေါက်နိုင်ရန်အတွက် ကျွန်ုပ်တို့သည် ရေနှင့်ဝိညာဉ်တော်သ တင်းကောင်းကို ယုံကြည်ခြင်းအားဖြင့် ဒုတိယမွေးဖွားခြင်းခံရကြ မည် ဖြစ်သည်။ ကျွန်ုပ်တို့သည် ဘုရားသခင်ချပေးတော်မူခဲ့သော သ တင်းကောင်း၌ အဖြေကို ရှာဖွေရကြမည် ဖြစ်သည်။
ဘုရားသခင်သည် ကျွန်ုပ်တို့အား ဖန်ဆင်းတော်မူခြင်း၊ ဧဒင်ဉ ယျာဉ်၌ အကောင်းနှင့်အဆိုးကို သိမြင်နိုင်သောသစ်ပင်ကို ဖန်ဆင်း တော်မူခြင်း၊ အာဒံနှင့်ဧဝတို့အား ၎င်းကို စားခွင့်ပြုတော်မူခြင်း၊ ကျွန်ုပ်တို့အား ပညတ်တော်သိစေတော်မူခြင်းမှာ ကျွန်ုပ်တို့သည် ကိုယ်တော်၏သားသမီးများဖြစ်စေတော်မူခြင်း ဖြစ်သောကြောင့် ဖြစ်သည်။ ကျွန်ုပ်တို့အားလုံးအား ရွေးနှုတ်တော်မူသော ကိုယ်တော် သည် ဤအရာများအားလုံးကို ဖြစ်ပျက်ရန် ခွင့်ပြုတော်မူခဲ့သော ကြောင့် ကိုဘ်တော်သည် ကျွန်ုပ်တို့အား အပြစ်များဖြေလွှတ်ခြင်း၊ ထာဝရအသက်၊ ဘုန်းအသရေနှင့် ကောင်းကင်နိုင်ငံတော်ပေးအပ် တော်မူနိုင်ခြင်း ဖြစ်သည်။ ဘုရားသခင်သည် မြေမှုန့်မှ လူကို ဖန် ဆင်းတော်မူ၍ လူသားများကို အားနည်းရန် ဖန်ဆင်း၍ မွေးဖွားစေ တော်မူခဲ့သည်။ သမ္မာကျမ်းစာက ကျွန်ုပ်တို့အား ရွှံ့မြေအိုးဖြင့် မကြာ ခဏ နှိုင်းယှဉ်ခြင်း ဖြစ်သည်။ အိုးထိန်းဖြစ်သူ ဘုရားသည် လူသား ကို မြေမှုန့်ဖြင့် ပုံသွင်းဖန်ဆင်းတော်မူခဲ့သည်။ ကိုယ်တော်သည် လူ သားကို မြေမှုန့်ဖြင့် ဖန်ဆင်းတော်မူခဲ့၍ ‌ရေနှင့်ဝိညာဉ်တော်မေတ္တာ ကို ၎င်း၌ မှုတ်သွင်းတော်မူခဲ့သည်။ ဘုရားသခင်သည် ကျွန်ုပ်တို့အား ရေနှင့်ဝိညာဉ်တော်သမ္မာတရားကို ပေးအပ်တော်မူခဲ့သောကြောင့် ကျွန်ုပ်တို့အား ကိုယ်တော်၏သားသမီးများဖြစ်စေတော်မူသည်။
မြေမှုန့်ဖြင့်ဖန်ဆင်းထားသောမြေအိုးသည် အလွယ်တကူ ကွဲ နိုင်သည်။ ဤသို့ဖြင့် ဘုရားသခင်သည် ပထမဉီးဆုံးလူသား၏ကိုယ် ခန္ဓာကို ဖန်ဆင်းတော်မူ၍ သူ့အား မိမိသားသမီးဖြစ်စေတော်မူရန် ဝိညာဉ်ကို အားနည်းစေတော်မူသည်။ ကိုယ်တော်၏ရည်ရွယ်ချက် မှာ လူသားများ၏အပြစ်များအားလုံးကို ဆေးကြော၍ ဘုရားသခင် ၏သန့်ရှင်းခြင်းကို လွှမ်းခြုံစေတော်မူသော သခင်ယေရှုအားဖြင့် ပြည့်စုံ၍ ရေနှင့်ဝိညာဉ်တော်သတင်းကောင်းအားဖြင့် သူတို့အား ဒု တိယမွေးဖွားခြင်းခံစေတော်မူခြင်းအားဖြင့် ထာဝရအသက်ပေးအပ် တော်မူခဲ့သည်။ ထိုကြောင့် ဘုရားသခင်သည် ကျွန်ုပ်တို့အား အပြစ် ကင်းစင်သူအဖြစ်ထက် အစကတည်းက မပြည့်စုံ၍ အားနည်းသူများ အဖြစ် ဖန်ဆင်းတော်မူခဲ့ခြင်း ဖြစ်သည်။
 


ဘုရားသခင်သည် အစအဉီး၌ လူသားကို အားနည်းရန် ဘာကြောင့် ဖန်ဆင်းတော်မူခဲ့သနည်း


ဘုရားသခင်သည်ဘာကြောင့် ဧဒင်ဥယျာဉ်၌ အကောင်းနှင့်အ ဆိုးကို သိကျွမ်းရာ အပင်ကို စိုက်ပျိုး၍ အာဒံနှင့်ဧဝတို့အား မစားရန် တားမြစ်တော်မူခဲ့သနည်း။ ဤအရာနောက်ကွယ်မှအကြောင်းရင်းကို ရေနှင့်ဝိညာဉ်တော်သတင်းကောင်းအားဖြင့် နားလည်သဘောပေါက် ၍ ယုံကြည်ရမည် ဖြစ်သည်။ အာဒံနှင့်ဧဝတို့သည် လဲကျ၍ အပြစ် ကျူးလွန်ခဲ့သောအေခါ မိန်းမ၏အမျိုးသည် စာတန်၏ခေါင်းကို ကြိတ်၍ စာတန်သည် သူ၏ခြေဖနောင့်ကို ကြိတ်လိမ့်မည်ဟု ဘုရား သခင်သည် ဘာကြောင့် မိန့်တော်မူခဲ့သနည်း။ ဤအရာများအားလုံး သည် လူများအား ကိုယ်တော်၏သားသမီးများဖြစ်စေရန်အတွက် ဖြစ်သည်။ ဤအရာသည် တပါးတည်းသောသားတော်သခင်ယေရှု ခရစ်တော်အားဖြင့် ကျွန်ုပ်တို့အတွက် ကိုယ်တော်၏အကြံအစည် တော်မြတ် ဖြစ်သည်။
ထိုနောက် ဘုရားသခင်၏အကြံအစည်နှင့်အညီ မည်သူများ သည် “ခေါ်ခြင်း”ခံရကြသနည်း။ သူတို့၏အပြစ်များနှင့် ဒုစရိုက်များ ကို အသိအမှတ်ပြု၍ ဘုရားသခင်၏မေတ္တာတော်နှင့်ဂရုဏာတော် ကို ရှာဖွေသောသူများ ဖြစ်ကြသည်။ အခြေအနေမဲ့ရွေးကောက်ခြင်း ဓမ္မခံယူချက်နှင့် စင်ကြည်ခြင်းဆိုင်ရာဓမ္မခံယူချက်တို့သည် မှားယွင်း သည်ဟု ကျွန်ုပ်တို့နားလည်သဘောပေါက်ရကြမည် ဖြစ်သည်။ ဘု ရားသခင်သည် အကြောင်းမဲ့ အခြားသူများကို လျစ်လျူရှု၍ အချို့ တို့ကို အခြေအနေမဲ့ရွေးကောက်တော်မူသော ဘုရားမျိုးမဟုတ် သောကြောင့် အခြေအနေမဲ့ရွေးကောက်ခြင်းဓမ္မခံယူချက်သည်မှား ယွင်းနေသည်။ 
ဘုရားသခင်ရွေးကောက်၍ ခေါ်ခြင်းခံရသောသူများသည် ချွင်း ချက်မရှိ အပ္ပါယ်ငရဲသို့သွားရမည်ဟု မိမိအပြစ်များအပေါ် စိတ်ပျက် ၍ ဝန်ခံသောသူများဖြစ်ကြသည်။ သူတို့သည် ဘုရားသခင်ချပေး တော်မူသော ဂရုဏာတော်ကို ခံရ၍ ရေနှင့်ဝိညာဉ်တော်သတင်း ကောင်းဖြင့် ခေါ်ခြင်းခံရသောသူများ ဖြစ်ကြသည်။
ဤလောကသို့ ဖွားမြင်၍ ဘုရားသခင်ထံတော်သို့ ပြန်လှည့် သောမရေတွက်နိုင်သောသူများအကြား ဘုရားသခင်သည်အ ကြောင်းမဲ့ရွေးကောက်ခြင်းခံရသောသူ သို့မဟုတ် စွန့်ပစ်ခြင်းခံရ သောသူတစ်ဉီးမျှ မရှိပေ။ ဘုရားသခင်သည် သင့်ကို အကြောင်းမဲ့ ရွေးကောက်တော်မမူလျှင် သင်သည် ဘုရားသခင်ကို ဆန့်ကျင်လိမ့် မည်။ ဘုရားသခင်သည် သင် သို့မတုတ် အခြားသူတစ်ဉီးကို အ ကြောင်းမရှိဘဲ စာတန်မာရ်နတ်၏သားသမီးဖြစ်စေတော်မူခဲ့သည်ဟု ပြောခြင်းမှာ အဓိပ္ပါယ်မရှိပေ။ ဤအရာသည် ဘုရားသခင်ပြုတော်မူ ခဲ့သောအရာမဟုတ်ပေ။
သင်သည် ဘုရားသခင်၏ရွေးကောက်တော်မူခြင်းကို မခံစားခဲ့ လျှင် သင်သည် ရေနှင့်ဝိညာဉ်တော်သတင်းကောင်း မယုံကြည်ခြင်း ကြောင့် ဖြစ်သည်။ သင်သည် ဘုရားသခင်ချပေးတော်မူခဲ့သော ရေ နှင့်ဝိညာဉ်တော်သတင်းကောင်းကို ယုံကြည်ခြင်းမရှိလျှင် ဘုရားသ ခင်သည် “အကြောင်းမူကား ဖြောင့်မတ်သောသူတို့ကိုခေါ်ရန် ငါလာသည်မဟုတ်။ အပြစ်သားတို့ကိုခေါ်ရန်ငါလာ၏”(မဿဲ ၉း၁၃)ဟု မိန့်တော်မူခဲ့သောကြောင့် ဘုရားသခင်သည် သင့်ကို စွန့် ပစ်တော် မူလိမ့်မည်။ ဝမ်းနည်းစရာမှာ သီအိုလော်ဂျီပညာရှင်များပြု ခဲ့သော အရာများသည် ကျွန်ုပ်တို့ဘုရားအားတယူသန်၍ တရားမမျှ တသော ဘုရားဖြစ်စေကြသည်။
 


ဘုရားသခင်၏အလိုတော်နှင့်အညီ မည်သူသည် ခေါ်ခြင်းကို ခံရကြသနည်း 


ဘုရားသခင်ခေါ်ခြင်းခံရသောသူများသည် အပ္ပါယ်ငရဲသို့ သွား မည်အပြစ်သားများ ဖြစ်ကြသည်။ သူတို့သည် အားနည်း၍ သေ သည့်ထိတိုင်အောင် ဘုရားသခင်၏ပညတ်တော်များကို ခြွင်းချက်မရှိ မနာခံကြသောကြောင့် သူတို့သ်ည အပ္ပါယ်ငရဲသို့ သွားရန် ထိုက်တန် ကြသည်ဟု ဘုရားသခင်ထံလာ၍ ဝန်ခံကြသည်။ ဘုရားသခင်သည် အပြစ်သားများကို ခေါ်တော်မူ၍ ရေနှင့်ဝိညာဉ်တော်သတင်းကောင်း အားဖြင့်အပြစ်များကို စင်ကြယ်စေတော်မူခဲ့သည်။ ကိုယ်တော်သည် အပ္ပါယ်ငရဲသို့ ပစ်ချခြင်းခံရသူများကို ခေါ်တော်မူ၍ ရေနှင့်ဝိညာဉ် တော်သတင်းကောင်းအားဖြင့် သူတို့အပြစ်များမှ သူတို့ကို ကယ်တင် တော်မူခဲ့သည်။
ဘုရားသခင်သည် လူကောင်းများနှင့် ပညတ်တော်ကို နာခံ သောသူများကို ခေါ်ရန် ကြွလာတော်မမူပေ။ ဘုရားသခင်သည် မိမိ အလိုတော်နှင့်အညီ အသက်ရှင်ရန် အမှန်အကန် ကြိုးစားသူများကို ခေါ်တော်မူသည်။သို့သော် သူတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်း ရှိ၍ ဘုရားသခင်ပေါ် မှီခိုကြသော်လည်း သူတို့အား အပြစ်ပြုရန် မိမိ အားနည်းချက်များက သူတို့ကို အတင်းအဓမ္မစေခိုင်းသည်ဟု အသိ အမှတ်ပြုကြသည်။ ဘုရားသခင်၏ရည်ရွယ်ချက်မှာ အားနည်းသူ၊ မ စွမ်းဆောင်သောသူနှင့် အားလျော့သူများကို ဖြောင့်မတ်သူများဖြစ် လာရန်နှင့် ကိုယ်တော်၏သားသမီးများဖြစ်လာရန်ဖြစ်သည်။ ဤအ ရာသည် ကိုယ်တော်၏အလိုတော်နှင့်အညီ ဘုရားသခင်၏ခေါ်ခြင်း ဖြစ်သည်။ ဘုရားသခင်၏ရည်ရွယ်ချက်နှင့်အညီ ခေါ်ခြင်းခံရသော သူများအပေါ် အကျိုးကို အရာခပ်သိမ်းတို့အား တညီတညွတ် ပြုစု တော်မူသည်။
ကျွန်ုပ်တို့သည် ဘုရားသခင်၏ခေါ်ခြင်းကို ယုံကြည်ရကြမည် ဖြစ်သည်။ ကျွန်ုပ်တို့သည် သခင်ယေရှုကို အကြောင်းမဲ့ ယုံကြည်ကြ သည်ဟု မပြောရပေ။ ဤသို့သော ယုံကြည်ခြင်းသည် သင့်တော် သောယုံကြည်ခြင်း မဟုတ်ပေ။ သင့်တော်သောယုံကြည်ခြင်းမှာ သင်၏ရည်ရွယ်ချက်မဟုတ်၊ ဘုရားသခင်၏ရည်ရွယ်ချက်နှင့်အညီ ကိုယ်တော်ကို ယုံကြည်ခြင်း ဖြစ်သည်။ ဘုရားသခင်၏သည် ကျွန်ုပ် တို့၏အားနည်းချက်များကို ကောင်းကောင်းသိတော်မူသည်ကို လည်းကောင်း၊ ကိုယ်တော်သည် ကျွန်ုပ်တို့အပြစ်များ တစ်ကြိမ် တည်း ယူဆောင်သွားတော်မူသည်ကိုလည်းကောင်း၊ ကိုယ်တော် သည် ကျွန်ုပ်တို့အား အပြစ်ကင်းစင်သူများဖြစ်စေတော်မူသည်ကို လည်းကောင်း ယုံကြည်ခြင်းကို ဆိုလိုသည်။ ဘုရားသခင်၏အကြံအ စည်တော်၊ သခင်ယေရှုခရစ်တော်၏ဗတ္တိဇံနှင့် အသွေးတော်အပေါ် ယုံကြည်ခြင်းချထားခြင်းအားဖြင့် ကျွန်ုပ်တို့သည် ကိုယ်တော်၏ သားသမီးများ ဖြစ်လာနိုင်ကြသည်။ ကျွန်ုပ်တို့သည် ကိုယ်တော်၏ အကြံအစည်တော်ကို အသိအမှတ်ပြု၍ လက်ခံကြသောအခါ ဘုရား သခင်၏အလိုတော်သည် ကျွန်ုပ်တို့အား ကိုယ်တော်၏အပြစ်ကင်း စင်သောသားသမီးများဖြစ်စေတော်မူခြင်းဖြစ်သည်။ ဤပုဂ္ဂိုလ်များ သည် ဘုရားသခင်ချစ်တော်မူသောသူများနှင့် ဘုရားသခင်ခေါ်ဖိတ် သောသူများ ဖြစ်ကြသည်။
 

ဘုရားသခင်ရွေးကောက်တော်မူသောသူများသည် မည်သူများ ဖြစ်ကြသနည်း

ဘုရားသခင်သည် လူများအား မျဉ်းနှစ်ကြောင်းဖြင့် ရပ်တည် စေတော်မမူပေ။ ကိုယ်တော်သည် မိမိလက်ျာဘက်၌ရှိသောသူအား လုံးကို “လာ၍ သခင်ယေရှုကို ယုံကြည်ပြီး ကောင်းကင်သို့သွားပါ” ဟု ရွေးကောက်တော်မူ၍ မိမိလက်ဝဲဘက်သို့လှည့်၍ သူတို့ထံ “အပ္ပါယ်ငရဲသို့သွားပါ”ဟု မိန့်တော်မမူခဲ့ပေ။
ဘုရားသခင်သည် အစကတည်းက လူအချို့ကို အကြောင်း ပြချက်မရှိ ရွေးကောက်တော်မူ၍ ကျန်သူများကို စွန့်ပစ်ရန် ဆုံး ဖြတ်တော်မူခဲ့သည်ဟု ကယ်လ်ဗီးနစ်သမားများက ပြောကြသည်။ သို့သော် ဘုရားသခင်သည် ထိုသို့မဟုတ်ပေ။ ဘုရားသခင်သည် မိမိ ရည်ရွယ်ချက်နှင့်အညီ ခေါ်ဖိတ်ခြင်းခံရသောသူများအပေါ် အကျိုး ကို အရာခပ်သိမ်း တညီတညွတ်တည်း ပြုစုတော်မူသည်။ ကျွန်ုပ်တို့ သည် အကြောင်းပြချက်မရှိဘဲ အခြေအနေမဲ့ ရွေးကောက်ခြင်းခံရ ကြသည်ဟု ထင်ခြင်းမှာ အဓိပ္ပါယ်မရှိပေ။
ထိုနောက် ဘုရားသခင်သည် မတရားသောဘုရားဖြစ်တော်မူ သလော။ မဟုတ်ပေ။ လူတိုင်းသည် ဘုရားသခင်နှင့်ကိုယ်တော်၏ ပညတ်တော်ရှေ့မျာ တန်းတူရည်တူ ဖြစ်သည်။ လူတိုင်းသည် တရား စီရင်ခြင်းရှေ့မှာ အတူတူ ဖြစ်သည်။ ကျွန်ု်ပတို့သည် သခင်ယေရှု ခရစ်တော်အားဖြင့် အပြစ်များမှ ကယ်တင်ခဲ့တော်မူသော ဘုရားသ ခင်ထံတော်မှ ကယ်တင်ခြင်းကျေးဇူးတော်ကို ရရှိခဲ့ကြသည်။ ဤ သမ္မာတရားကို ယုံကြည်ရန် အခွင့်အရေးမှာ လူတိုင်းအတွက် တန်း တူရည်တူ ဖြစ်သည်။ ကိုဘ်တော်သည် ဘုရားသခင်၏ရည်ရွယ်ချက် လက်ခံသူများကို ခွင့်ပြုတော်မူ၍ သူတို့၏အားနည်းချက်များကို သိ စေကာ ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို ယုံကြည်စေတော်မူ သည်။
ထိုနာက် စစ်မှန်သောဘုရားသခင်ကြိုတင်ခွဲခန့်ခြင်းနှင့် ရွေး ကောက်ခြင်းတို့သည် အဘယ်အရာနည်း။ ၎င်းမှာ ကိုယ်တော်သည် ကျွန်ုပ်တို့အား ပေးအပ်တော်မူခေဲ့သော ရေနှင့်ဝိညာဉ်တော်သတင်း ကောင်းအားဖြင့် ကိုယ်တော်၏ရည်ရွယ်ချက်နှင့်အညီ ခေါ်ဖိတ်ခြင်း ခံရသော ကျွန်ုပ်တို့အတွက် ပြင်ဆင်ပေးသောအရာ ဖြစ်သည်။ ဘု ရားသခင်သည် သခင်ယေရှုအားဖြင့် ကျွန်ုပ်တို့အပြစ်များကို ယူ ဆောင်သွားတော်မူခဲ့၍ ကျွန်ုပ်တို့သည် ဤလောကသို့ မွေးဖွား၍ သ တင်းကောင်းကြားရန် အခွင့်အရေးကို ချပေးတော်မူခဲ့ခြင်းအားဖြင့် ကျွန်ုပ်တို့အား ကိုယ်တော်၏လူများဖြစ်စေတော်မူရန် ကြံစည်တော် မူခဲ့သောကြောင့် ဤသို့ဖြစ်ရခြင်း ဖြစ်သည်။ ဘုရားသခင်သည် သ ခင်ယေရှုခရစ်တော်အားဖြင့် ဤအရာအားလုံးကို ကြိုတင်ပြင်ဆင် ပေးတော်မူခဲ့သည်။ ဤအရာမှာ ဘုရားသခင်၏အကြံအစည်တော် ဖြစ်သည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏မျက်မှောက်တော်သို့ တိုး ဝင်ချဉ်းကပ်ကြသောအခါ ကျွန်ုပ်တို့သည် ယာကုပ်နှင့်တူသလော၊ သို့မဟုတ် ဧသောနှင့်တူသလောဟု ရှေးဉီးစွာ စဉ်းစားရကြမည် ဖြစ် သည်။ 
ဘုရားသခင်သည် ဧသောကို မုန်း၍ ယာကုပ်ကို ချစ်တော်မူခဲ့ သည်ဟု ကျမ်းစာက ဖော်ပြထားသည်။ ဘုရားသခင်သည် အာဗေလ ကိုချစ်တော်မူ၍ ကာဣနကို မုန်းတော်မူခဲ့သည်ဟု ကာဣနနှင့်အာ ဗေလတို့အကြောင်းကို ပြောကြားသည်။ ဘုရားသခင်သည် အ ကြောင်းမဲ့ ဧသောနှင့်ကာဣနကို မုန်း၍ ယာကုပ်နှင့်အာဗေလတို့ကို ချစ်တော်မူခဲ့သလော။ ဧသောနှင့်အာဣနတို့သည် မိမိအစွမ်းအစကို သာကိုးစားခဲ့ကြ၍ ဘုရားသခင်၏ဂရုဏာတော်အတွက် တောင်း လျှောက်ခြင်းမရှိသောကြောင့် ဖြစ်သည်။ ယာကုပ်နှင့်အာဗေလတို့ သည် မိမိအားနည်းချက်များကို သိခဲ့ကြ၍ ဘုရားသခင်၏ဂရုဏာ တော်ကိုတောင်းလျှောက်၍ နှုတ်ကပတ်တော်ကို ကိုးစားခဲ့ကြသည်။
ဘုရားသခင်၏ကြိုတင်ခွဲခန့်မှတ်သားခြင်းနှင့် ရွေးကောက်ခြင်း တို့ကို ဤပုဂ္ဂိုလ်များကို စံနမူနာအဖြစ် အသုံးပြု၍ နှုတ်ကပတ် တော်က ရှင်းပြထားသည်။ ကျွန်ုပ်တို့သည် မည်သူ့ဘက်မှာ ပါဝင်ကြ သနည်း။ ဧသောကဲ့သို့ ကျွန်ုပ်တို့သည် မိမိခွန်အားများကို ကိုးစားကြ လျှင် ဘုရားသခင်ကို တွေ့နိုင်ကြမည်လော။ မတွေ့နိုင်ကြပေ။ ဘု ရားသခင်ကို တွေ့ဆုံးစေသောတစ်ခုတည်းသောနည်းလမ်းမှာ ဘု ရားသခင်၏ဂရုဏာတော်အားဖြင့် ပြည့်သော ရေနှင့်ဝိညာဉ်တော်သ တင်းကောင်းအားဖြင့် ကိုယ်တော်ကို တွေ့ခြင်း ဖြစ်သည်။ ကျွန်ုပ်တို့ သည် ဘုရားရှေ့တော်၌ မည်သူ့ဖက်တွင် ရပ်တည်ကြသနည်း။ ကျွန်ုပ်တို့သည် ဘုရားသခင်၏မျက်မှောက်တော်၌ ကောင်းကြီးမင်္ဂ လာခံစားရသောသူများ ဖြစ်ကြသည်။ သို့သော် ကျွန်ုပ်တို့သည် အား နည်းချက်များကြောင့် ကောင်းကြီးမင်္ဂလာဆုံးရှုံးကြသည်။ ကျွန်ုပ်တို့ သည် ဘုရားသခင်၏အကြံအစည်တော်နှင့်အညီ အသက်ရှင်ရန် ဆန္ဒရှိကြသော်လည်း ကျွန်ုပ်တို့သည် ဘုရားရှေ့တော်၌ အားနည်း ကြ၍ ယိမ်းယိုင်ကြသောကြောင့် ကျွန်ုပ်တို့ တောင်းလျှောက်ရသော အရာတစ်ခုမှာ ကိုယ်တော်၏ဂရုဏာတော် ဖြစ်သည်။
ကျွန်ုပ်တို့သည် ဘုရားသခင်၏ကောင်းကြီးမင်္ဂလာကို ခံစားလို ကြလျှင် ကျွန်ုပ်တို့သည် ယာကုပ်ကဲ့သို့ ဖြစ်ရကြ၍ အာဗေလကဲ့သို့ ယုံကြည်ခြင်း ရှိရကြမည် ဖြစ်သည်။ ကျွန်ုပ်တို့သည် အားနည်းသူ များ၊ မစွမ်းဆောင်နိုင်သောသူများနှင့် သတ္တိမရှိသောသူများဖြစ်ကြ သည်ဟု ဘုရားရှေ့၌ ကျွန်ုပ်တို့သည် အသိအမှတ်ပြုရကြမည် ဖြစ်သည်။
ဆာလံ ၁၄၅း၁၄ တွင် “ထာဝရဘုရားသည် လဲကျသောသူရှိသမျှတို့ကို ထောက်မ၍ကိုင်းညွတ်နိမ့်ကျနေသောသူအပေါင်းတို့ကို ထူမတော်မူ၏”ဟု ဖော်ပြထားသည်။ လူတိုင်းသည် ဘုရားသခင်၏ မျက်မှောက်တော်၌ ဉီးညွတ်ကြသည်။ ကျွန်ုပ်တို့မှာ ရဲရင့်မှုမရှိကြ ပေ။ ကျွန်ုပ်တို့သည် အသေးငယ်ဆုံးအကျိုးအတွက် အပေးအယူလုပ် ကြသည်။ ကျွန်ုပ်တို့သည် သတ္တိနည်းသောသူများ ဖြစ်ကြသည်။ ကျွန်ုပ်တို့သည် သတ္တိရှိဟန်တူသောအချိန်များရှိနိုင်ကြသော်လည်း တစ်စက္ကန့်မျှသာ ဖြစ်သည်။ ကျွန်ုပ်တို့သည် မိမိဘဝများကို နီးနီးကပ် ကပ်ကြည့်ကြလျှင် ကျွန်ုပ်တို့သည် သတ္တိမရှိသောသူများဖြစ်ကြ သည်ဟု လွယ်ကူစွာ တွေ့နိုင်ကြလိမ့်မည်။ ကျွန်ုပ်တို့သည် အားသန် သောသူများနှင့် သမ္မာတရားကို ဖျက်စီးရန် တိုက်တွန်းသော မတရား သောအမှုများအပေါ်၌ ဆက်ကပ်ကြသည်။ သို့သော် ဘုရားသခင် သည် အားနည်းသောသူများကို သခင်ယေရှုခရစ်တော်၌ ချစ်ရန် နှင့် ကယ်တင်ခြင်းချပေးတော်မူရန် ခေါ်ဖိတ်တော်မူခဲ့သည်။ ကိုယ်တော် သည် သူတို့အား ကိုယ်တော်၏သားသမီးများဖြစ်စေတော်မူခဲ့သည်။
ကျွန်ုပ်တို့သည် ဘုရားသခင်၏အချစ်ကိုခံရရန် မည်သို့အား နည်းကြ၍ အပြစ်ပြုကြသည်ကို နားလည်သဘောပေါက်ရန် လိုအပ် ကြသည်။ ကျွန်ုပ်တို့သည် ပြညတ်တော်ကို ပြည့်စုံသောရောင့်ရဲမှုသို့ အမှန်အကန် နာခံနိုင်ကြမည်လောဟု ကျွန်ုပ်တို့ မေးရန် လိုအပ် သည်။ ထိုနောက် ကျွန်ုပ်တို့သည် ပညတ်တော်ကို မစောင့်ရှောက် နိုင်ကြသည်ဟု ကျွန်ုပ်တို့သည် နားလည်သဘောပေါက်ရကြမည် ဖြစ်သည်။ ဤသို့ဖြင့် ကျွန်ုပ်တို့သည် ပြည့်စုံသောဘဝများဖြင့် အ သက်မရှင်နိုင်ကြပေ။ 
ကျွန်တော်သည် ပြည့်စုံလျှင် ကျွန်တော်သည် ကယ်တင်ရှင်လို အပ်လိမ့်မည် မဟုတ်ပေ။ ကျွန်ုပ်တို့သည် ပြည့်စုံလျှင် ဘုရားသခင် ၏စမခြင်းနှင့် ကောင်းကြီးမင်္ဂလာများ ဘာကြောင့် လိုအပ်ကြမည် နည်း။ ကျွန်ုပ်တို့သည် ဘုရားးသခင်ရှေ့တော်၌ အလွန်အားနည်းနေ ကြသောကြောင့် ကျွန်ုပ်တို့သည် ကိုယ်တော်၏ကောင်းကြီးမင်္ဂလာ များ လိုအပ်နေကြသည်။ ကျွန်ုပ်တို့သည် ကိုယ်တော်၏ဂရုဏာတော် ကို လိုအပ်ကြသည်။ ဘုရားသခင်၏သနားခြင်းဂရုဏာတော်မှာ အ လွန်သန်မာသောကြောင့် ကိုယ်တော်သည် တပါးတည်းသောသား တော်ကို စေလွှတ်တ်ောမူ၍ အပြစ်များအားလုံးကို ဆေးကြောရန် ၎င်းတို့ကို ယူဆောင်သွားတော်မူစေခဲ့သည်။ ဘုရားသခင်သည် ကျွန်ုပ်တို့အပေါ်၌အစား သခင်ယေရှုအပေါ် အပြစ်အတွက် တရားစီ ရင်ခြင်းကို လွှဲပြောင်းစေတော်မူခဲ့သောကြောင့် ကျွန်ုပ်တို့သည် အ ပြစ်မှ ရွေးနှုတ်ခြင်းခံရနိုင်ကြသည်။ ဤအရာသည် ကျွန်ုပ်တို့ယုံ ကြည်ရမည်အရာ ဖြစ်သည်။
ဤယုံကြည်ခြင်းအားဖြင့်သာလျှင် ကျွန်ုပ်တို့သည် ဘုရားသခင် အချစ်ခံရသောသားသမီးများဖြစ်လာနိုင်ကြသည်။ ဤဂရုဏာတော် အားဖြင့် ကျွန်ုပ်တို့သည် ကိုယ်တော်၏မေတ္တာတော်ကို လွှမ်းခြုံကြ သည်။ ကယ်တင်ခြင်းရရှိရန် ကျွန်ုပ်တို့ကြိုးပမ်းအားထုတ်မှုကြောင့် မဟုတ်ပေ။
များစွာသောခရစ်ယာန်များသည် ကြိုတင်ခွဲခန့်ခြင်းနှင့် ရွေး ကောက်ခြင်းကို သွန်သင်၍ လိုက်လျှောက်နေကြသော်လည်း သူတို့ သည် ဤဓမ္မခံယူချက်များအကြောင်းကို စိုးရိမ်ပူပန်မှုခံစားနေရ ကြသည်။ ဤသို့ဖြစ်ရခြင်းအကြောင်းမှာ သူတို့သည် ဘုရားသခင်၏ ရွေးကောက်ခြင်းခံရသောသူများဖြစ်ကြသည်ကိုလည်းကောင်း၊ မ ဖြစ်ကြသည်ကိုလည်းကောင်း မသိကြသောကြောင့် ဖြစ်သည်။
ဤဓမ္မခံယူချက်နှစ်ပါးတို့သည် ကယ်လ်ဗင်းနစ် သီအိုလော်ဂျီ၏ ၉၀%တီထွင်ထားခြင်း ဖြစ်သည်။ မေးခွန်းမှာ သူတို့သည် သခင်ယေ ရှုကို ယုံကြည်ကြသော်လည်း သူတို့သည် ရွေးကောက်ခြင်းခံရသည် ကိုလည်းကောင်း၊ မခံရသည်ကိုလည်းကောင်း မသိကြသောကြောင့် သူတို့သည် ပူပန်နေရကြခြင်း ဖြစ်သည်။ သို့သော် သင်သည် ရွေး ကောက်ခြင်းခံရသည်ဖြစ်စေ၊ မခံရသည်ဖြစ်စေ အရေးမကြီးပေ။ သင့်အတွက် အရေးကြီးသောအရာမှာ သင်သည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို ရရှိခြင်းအားဖြင့် ကယ်တင်ခြင်းခံရရန် ရေနှင့်ဝိ ညာဉ်တော်သတင်းကောင်း ယုံကြည်ခြင်း ဖြစ်သည်။ ယုံကြည်ခြင်း အားဖြင့် ဘုရားသခင်၏ဖြောင့်မတ်ခြင်းရရှိခဲ့သောသူများသည် ရွေး နှုတ်ခြင်းခံရသောသူများ ဖြစ်ကြသည်။
တစ်ချိန်က ရှေးရိုးစွဲဓမ္မပညာ၏သခင်အဖြစ် သတ်မှတ်ခြင်းခံရ သောသီအို‌လော်ဂျီပါရဂူတစ်ပါးရှိခဲ့သည်။ သူက ကယ်လ်ဗင်းနီးယမ်း သွန်သင်ချက်ဖြစ်သော ကြိုတင်ခွဲခန့်မှတ်သားခြင်းနှင့် ဘုရားရွေး ကောက်ခြင်းဓမ္မခံယူချက်များကို အလွန်တန်ဖိုးထားသည်။ 
တစ်နေ့၊ သူသည် ဤခေါင်းစဉ်နှစ်ခုအကြောင်းကို သင်တန်းပို့ ချခဲ့စဉ် ကျောင်းသားတစ်ဉီးက “ကောင်းပြီ။ သင်သည် ဘုရားသခင် ရွေးကောက်ခြင်းခံခဲ့သလား။ ဘုရားသခင်ရွေးကောက်တော်မူသော သူဖြစ်သည်ဟု သင် မည်သို့သိနိုင်သလဲ”ဟု မေးခဲ့သည်။
သီအိုလော်ဂျီပညာရှင်က “မည်သူ သိနိုင်မလဲ။ ကျွန်ုပ်တို့သည် ဘုရားသခင်ရှေ့တော်၌ရပ်ကြသောအခါ ကျွန်ုပ်တို့ သိကြလိမ့်မည်” ဟု ပြန်ဖြေခဲ့သည်။ 
ထိုကြောင့် ကျောင်းသားက “သင်သည် ဘုရားရှေ့မှာရပ်၍ ကိုယ်တော်က သင်ဟာ ရွေးကောက်ခြင်းခံရသောသူမဟုတ်ပါဟု ပြောရင် ဘာလုပ်ရမည်နည်း”ဟု မေးခဲ့သည်။
ပါမောက္ခက “ဘုရားသခင် ဆုံးဖြတ်ခဲ့ပြီးသောအရာကို ငါဘာ လုပ်နိုင်တော့မလဲ။ ဒါကြောင့် မင်းက ဘုရားရှေ့တော်၌ရပ်သောအခါ မှသာ မင်းသိလိမ့်မည်ဟု ငါပြောရခြင်း ဖြစ်တယ်”ဟု ပြန်ပြော ခဲ့သည်။
ကျောင်းသားများက “သူသည် အလွန်နှိမ့်ချသောသူဖြစ်တယ်။ သူနှင့်တူသော နာမည်ကျော်ပုဂ္ဂိုလ်တစ်ဉီးကပင် သူသည် ရွေး ကောက်ခြင်းခံရသည် သို့မဟုတ် မခံရသည်ကို မသိပေဟု ပြော တယ်။ ဒါကြောင့် မည်သူမည်ဝါကမျှ သူ/သူမသည် ရွေးကောက်ခြင်း ခံရသည်/မခံရသည်ကို မသိနိုင်ခြင်းမှ သဘာဝဖြစ်တယ်”ဟု တွေး တောကြသည်။
သို့သော် ဘုရားသခင်၏ဖြောင့်မတ်ခြင်း၌ဖုံးအုပ်ထားသော သမ္မာတရားသည် ယခုတွင် ရှင်းလင်းစွာ ထင်ရှားလျက်ရှိသည်။ ဘု ရားသခင်သည် လူသားများထံမှ ဖုံးကွယ်ထားသော အရာအနည်း ငယ်ရှိခဲ့သည်။ သို့သော် ကိုယ်တော်သည် အချိန်တန်လာသောအခါ ၎င်းတို့ကို ထင်ရှားစေတော်မူခဲ့သည်။ ဧဝံဂေလိဆရာများက သူတို့ သည် ကယ်တင်ခြင်းခံရသည်/မခံရသည်ကို မသိလျှင် သူသည် မည် သို့ဖြင့် သတင်းကောင်းဟောပြောနိုင်ကြမည်နည်း။ ဘုရားသခင်ခေါ် ခြင်းခံရသောသူများသည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ယုံ ကြည်သောသူများ ဖြစ်ကြသည်။
ရောမ ၈း၂၉ တွင် “အကြောင်းမူကား ဘုရားသခင်သည် သိထားနှင့်တော်မူသောသူတို့ကို မိမိသားတော်၏ပုံသဏ္ဌာန်နှင့်တူညီစေရန် ကြိုတင်သတ်မှတ်ထားတော်မူ၏။ ဤသည်ကား သားတော်သည် များစွာသောညီအစ်ကိုတို့တွင် သားဦးဖြစ်မည့်အကြောင်းတည်း”ဟု ဖော်ပြထားသည်။ ခမည်းတော်ဘုရားသခင်သည် ကျွန်ုပ် တို့အား တစ်ပါးတည်းသောသားတော်၊ သခင်ယေရှုခရစ်တော်နှင့်ပုံ သဏ္ဌာန်တူရန် ပုံသွင်းပြုပြင်တော်မူရန် ကြိုတင်ခွဲခန့်မှတ်သားတော် မူခဲ့သောကြောင့် ကိုယ်တော်သည် ညီအစ်ကိုများအကြေား အဉီဆုံး သောသူဖြစ်နိုင်လိမ့်မည်။ ဤတွင် သခင်ယေရှုကို “သားဉီး”ဟု မှည့်ခေါ်ခဲ့သည်။ ကျွန်ုပ်တို့သည် သခင်ယေရှုကို ယုံကြည်၍ ဘုရား သခင်ချပေးတော်မူခဲ့သော ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို ယုံကြည်ကြလျှင် ကျွန်ုပ်တို့သည် အပြစ်များအားလုံးမှ ကယ်တင် ခြင်းခံရကြ၍ ဘုရားသခင်၏သားသမီးများဖြစ်လာကြလိမ့်မည်။ ထို နောက် သခင်ယေရှုသည် ကျွန်ုပ်တို့နှင့် မည်သို့ ပတ်သက်မှုရှိတော်မူ သနည်း။ ကိုယ်တော်သည် ကျွန်ုပ်တို့၏သားကြီးဖြစ်တော်မူလိမ့် မည်။ ကိုယ်တော်သည် သားဉီးဖြစ်တော်မူ၍ ကျွန်ုပ်တို့သည် ကိုယ် တော်၏ညီငယ်၊ ညီမငယ်များဖြစ်ကြသည်။
လွန်ခဲ့သောအချိန်က ဆုတောင်းအိမ်တစ်အိမ်သို့ ကျွန်တော်နေ ထိုင်ခဲ့သောအခါ အသက်ကြီးသောဧဝံဂေလိဆရာတစ်ပါးလာလည့် ခဲ့သည်။ သူသည် တရုတ်ပြည်၌နေထိုင်၌ သခင်ယေရှုကို ယုံကြည်ခဲ့ ပြီးနောက် ကိုးရီးယားနိုင်ငံသို့ ရောက်ရှိလာခဲ့သည်။ တစ်နေ့သူ၏ဆု ‌တောင်းသံကို ကျွန်တော်ကြားခဲ့သည်။ သူကဤသို့ ဆုတောင်းခဲ့ သည်။ “အစ်ကိုယေရှုနှင့် ခမည်းတော်ဘုရားသခင်၊ ကျွန်တော့်ကို ကယ်တင်တော်မူခဲ့သောကြောင့် ကျေးဇူးတင်ပါ၏။ အစ်ကို ယေရှု ကျွန်တော့်ကို မစတော်မူပါ။” သခင်ယေရှုသည် ကျွန်ုပ်တို့၏အစ်ကို ဖြစ်တော်မူသည်။
ဘုရားသခင်သည် ကျွန်ုပ်တို့အကြောင်းကို အကုန်အစင်သိ တော်မူသလောဟု ကျွန်ုပ်တို့မေးနိုင်ကြသည်။ သိတော်မူသည်ဟု ဖြေရမည် ဖြစ်သည်။ ဘုရားသခင်သည် ကျွန်ုပ်တို့အကြောင်းကို အ ကုန်အစင်သိတော်မူသည်။ ခမည်းတော်ဘုရားသခင်သည် ကျွန်ုပ်တို့ အကြောင်းကို အကုန်အစင် သိတော်မူသည်။ ဤလောကမဖန်ဆင်း မီအချိန်ကတည်းက ကိုယ်တော်သည် တစ်ပါးတည်းသောသားတော် အားဖြင့် ကျွန်ုပ်တို့အား အပြစ်များမှ ကယ်တင်တော်မူရန် ကြံစည် တော်မူခဲ့သည်။ ဤအရာသည် ဘုရားသခင်၏အကြံအစည်တော် ဖြစ်သည်။ သားတော်သခင်ယေရှုသည် ဤလောကသို့ ကြွလာတော် မူ၍ ကျွန်ုပ်တို့အား အပြစ်များမှ ကယ်တင်တော်မူရန် ဗတ္တိဇံခံယူ တော်မူ၍ ကားစင်တင်အသေခံတော်မူခဲ့သည်။
ဤကမ္ဘာမတည်မရှိမီ ဘုရားသခင်သည် “သုံးပွင့်ဆိုင်ဓမ္မညီလာ ခံ”ကို ဘုရားက ကျင်းပတော်မူခဲ့သည်။ သုံးပါးတစ်ဆူဖြစ်တော်မူ သော ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်တို့သည် ကိုယ်တော်၏ဖြောင့်မတ်ခြင်းကို ယုံကြည်သူများအား ကယ်နှုတ် တော်မူရန် ကြံစည်းတော်မူခဲ့သည်။ ကိုယ်တော်၏အကြံအစည်တော် မှာ လူသားများကို ဖန်ဆင်း၍ ကိုယ်တော်၏ပြည့်စုံသော နိုင်ငံတော် တွင် သူတို့နှင့်အတူ နေထိုင်ရန် သူတို့အား ကိုယ်တော်၏သားသမီး များဖြစ်စေတော်မူခြင်း ဖြစ်သည်။
ခမည်းတော်၊ သားတော်၊ နှင့်သန့်ရှင်းသောဝိညာဉ်တော်အား လုံးသည် ဤစီမံချက်ကို သဘောတူကြသည်။ ထိုနောက် ကိုယ် တော်သည် လူသားကို မည်သို့ဖန်ဆင်း၍ လူသားများကို မိမိသား သမီးများ မည်သို့ ဖြစ်စေတော်မူသည့်ဖြစ်စဉ်ကို စဉ်းစားတော်မူ သောအခါ ဘုရားသခင်သည် သားတော်၊ သခင်ယေရှုကို ဤလောက သို့ စေလွှတ်တော်၍ သူ့ကို ဗတ္တိဇံခံစေလျက် ကားတိုင်ပေါ်တွင် အ သေခံတော်မူရန် ကြံစည်တော်မူခဲ့သောကြာင့် သူတို့သည် သားတော် ၏ပုံသဏ္ဌာန်တော်အဖြစ် ပုံသွင်းပြုပြင်ခြင်း ခံနိုင်ကြသည်။
ကျွန်ုပ်တို့အား ဖန်ဆင်းခြင်းအတွက် ဘုရားသခင်၏ရည်ရွယ် ချက်မှာ အဘယ်နည်း။ ကျွန်ုပ်တို့သည် ကိုယ်တော်၏သားသမီးများ ဖြစ်လာရန်အတွက် ဖြစ်သည်။ သခင်ယေရှုသည် ဘုရားသခင်၏ သားဉီး ဖြစ်တော်မူသလော။ ဟုတ်ပါသည်။ ကိုယ်တော်သည် ဘုရား သခင်၏သားဉီး ဖြစ်တော်မူသည်။ ကျွန်ုပ်တို့သည်လည်း ဘုရားသ ခင်၏သားသမီးများဖြစ်လာခဲ့ကြသောကြောင့် ကျွန်ုပ်တို့သည် ကိုယ် တော်၏ညီတော်များဖြစ်ကြသည်။
သခင်ယေရှုသည် ဤလောက၌ အသက် ၃၃ နှစ်အသက်ရှင်နေ စဉ် လူသားများအားလုံး၏ အားနည်းချက်များနှင့် အပြည့်စုံခြင်းများ ကို တွေ့ကြုံတော်မူခဲ့သည်။ ထိုကြောင့် ကျွန်ုပ်တို့ဆုတောင်းကြ သောအခါ “သခင်ယေရှု၊ ကျွန်ုပ်အလွန်အားနည်းတယ်။ ကျွန်ုပ်ဟာ အားနည်းသောသူ ဖြစ်ပါတယ်။ မစတော်မူ၍ ကွယ်ကာတော်မူပါ။ နှလုံးသားသိမ်မွေ့သောသူများသည် ကိုယ်တော်၏နှုတ်ကပတ်တော် ကို လက်ခံရန်၊ စောင့်ထိန်းရန်၊ ကျေးဇူးတော်ချီးမွမ်းရန် သူတို့ကို မ စတော်မူပါ”ဟု ပြောကြသည်။ ကိုယ်တော်သည် ကျွန်ုပ်တို့ဆု တောင်းသံများကို နားညောင်းကာ အဖြေပေးတော်မူသည်။ သခင် ယေရှုထံဆုတောင်းခြင်းနှင့် ဘုရားသခင်ထံဆုတောင်းခြင်းသည် တစ်ခုတည်း၊ အတူတူ ဖြစ်သည်။
ကျွန်ုပ်တို့ကို ဖန်ဆင်းခြင်း၌ ဘုရားသခင်၏ရည်ရွယ်ချက်မှာ အ ဘယ်အရာ ဖြစ်သနည်း။ ကျွန်ုပ်တို့ကို ကိုယ်တော်၏သားသမီးများ ဖြစ်စေရန်အတွက် ဖြစ်သည်။ ဘုရားသခင်သည် ကျွန်ုပ်တို့အ ကြောင်းကို သိတော်မူသည်။ ကိုယ်တော်သည် ကျွန်ုပ်တို့အား ဤ လောကသို့ ဖွားမြင်စေတော်မူ၍ ကိုယ်တော်သည် ကမ္ဘာမတည်မရှိ မီအချိန်ကတည်းက ကျွန်ုပ်တို့အား ကြိုတင်ခွဲခန့်တော်မူ၍ ကိုယ် တော်၏သားသမီးရင်းချာများအဖြစ် အမွေခံစေတော်မူခဲ့သော ကြောင့် ကျွန်ုပ်တို့အား အပြစ်များအားလုံးမှ ကယ်တင်တော်မူခဲ့ သည်။ ထိုကြောင့် ကိုယ်တော်သည် ကျွန်ုပ်တို့အသက်ရှင်ခြင်းနှင့် သေခြင်းများ သာမက လှုပ်ရှားမှုတိုင်းကို သိတော်မူသည်။ ကျွန်ုပ် တို့ မွေးဖွားခဲ့သည့်အချိန်ကိုလည်းကောင်း၊ ကျွန်ုပ်တို့သည် မည်သူထံမှ မွေးဖွားခဲ့ကြမည်ကိုလည်းကောင်း၊ မည်သည့်အချိန်တွင် အိမ်ထောင် ပြုမည်ကိုလည်းကောင်း၊ သားသမီး မည်သည့်အချိန်တွင် မွေးဖွားခဲ့ ကြမည်ကိုလည်းကောင်း၊ ကျွန်ုပ်တို့ဘဝများအပေါ် မည်သည့်အရာ ဖြစ်ပျက်မည်ကိုလည်းကောင်း သိတော်မူသည်။ ကျွန်ုပ်တို့ဘဝများ အကြောင်းအကုန်လုံးသိတော်သော ဘုရားသခင်သည် ကျွန်ုပ်တို့ အား ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို ပေးတော်မူသော ကြောင့် ကျွန်ုပ်တို့သည် သခင်ယေရှုခရစ်တော်ကို ယုံကြည်၍ ဘု ရားသခင်၏သားသမီးများ ဖြစ်လာနိုင်ကြသည်။
ဘုရားသခင်သည် ကျွန်ုပ်တို့ကို ကြိုတင်သိတော်မူ၍ ကြိုတင်ခွဲ ခန့်မှတ်သားတော်မူသည်။ ရောမ ၈း၃၀ တွင် “ထိုသို့ကြိုတင်သတ်မှတ်ထားတော်မူသောသူတို့ကို ဘုရားသခင်သည် ခေါ်ယူတော်မူပြီး ခေါ်ယူတော်မူသောသူတို့ကို ဖြောင့်မတ်သည်ဟုအသိအ မှတ်ပြုတော်မူ၍ ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုတော်မူသောသူတို့ကို ချီးမြှောက်တော်မူ၏”ဟု ဖော်ပြထားသည်။ ကျွန်ုပ်တို့ သည် ဤကျမ်းချက်ကို နားလည်သဘောပေါက်၍ ယုံကြည်ခြင်းမှာ မည်မျှ အရေးကြီးသည်ကို ကျွန်တော် အထူးပြုဖော်ပြ၍မရနိုင်ပေ။
လူများစွာတို့သည် သန့်ရှင်းစင်ကြယ်ခြင်းဓမ္မခံယူချက်ကို ထောက်ခံရန် အထက်ကကျမ်းချက်ကို ယူတတ်ကြသည်။ ဤကျမ်း ချက်ကို အခြေပြု၍ ဘုရားသခင်သည် ကျွန်ုပ်တို့အား ကြိုတင်ခွဲခန့် တော်မူသည်။ ခေါ်တော်မူသည်။ ဖြောင့်မတ်စေတော်မူသည်။ ချီး မြှောက်တော်မူသည်။ ကျွန်ုပ်တို့သည် မိမိနှလုံးသားများ၌ အပြစ်ရှိ ကြသော်လည်း ဘုရားသခင်သည် ကျွန်ုပ်တို့အားအပြစ်မရှိသူများအ ဖြစ် သတ်မှတ်တော်မူသည်ဟု သူတို့က ကြွေးကြော်ကြခြင်း ဖြစ် သည်။ သူတို့က ကျွန်ုပ်တို့သည် သန့်ရှင်းစင်ကြယ်ခြင်းအချိန်ပြုလုပ် ခဲ့ပြီးနောက် ကျွန်ုပ်တို့သည် သန့်ရှင်သူများအဆင့်သို့ ‌ရောက်သောသူ များအဖြစ် ချီးမြောက်ခြင်းခံရသည်ဟု ဆိုကြသည်။
ဘုရားသခင်သည် သခင်ယေရှုခရစ်တော်အားဖြင့် အပြစ်သား များအားလုံးကို ခေါ်ရန် သူတို့ကို ကြိုတင်ခွဲခန့်တော်မူခဲ့သလော။ ကိုယ်တော်သည် ကျွန်ုပ်တို့အားလုံးကို ခေါ်တော်မူခဲ့သည်။ သို့သော် လူအချို့တို့သည် ကိုယ်တော်၏ခေါ်ခြင်းကို မတုံ့ပြန်ခဲ့ကြပေ။ သူတို့ သည် ဧသောနှင့်ကာဣနကဲ့သို့ ဖြစ်ကြသည်။ သူတို့သည် အပ္ပါယ်ငရဲ သို့ ပို့ခြင်းခ့ရသောသူများ ဖြစ်ကြသည်။
 

ဘုရားသခင်၏ဂရုဏာတော်အားဖြင့်

ခမည်းတော်ဘုရားသခင်သည် ကျွန်ုပ်တို့အား တပါးတည်း သောသားတော်၊ သခင်ယေရှုခရစ်တော်အားဖြင့် ခေါ်ရန် ကြံစည် တော်မူ၍ ကျွန်ုပ်တို့သည် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းအား ဖြင့် အပြစ်များဆေးကြောပေးခြင်းအားဖြင့် ကိုယ်တော်၏သားများ အဖြစ် အမွေခံရန် ကြိုတင်ခွဲခန့်တော်မူခဲ့သည်။ ကိုယ်တော်သည် သူတို့အားလုံးကို ခေါ်ဖိတ်သောအခါ ဘုရားသခင်ထံတော်သို့ မသွား သေးသောသူများသည် ဘုရားသခင်၏ကယ်တင်ခြင်းအပြင်ဘက်၌ ရှိနေကြသည်။ ဤသို့သောပုဂ္ဂိုလ်များသည် ကိုယ်တော်၏ကျေးဇူး တော်မှ ထွက်ခွါသွားကြသည်။ သူတို့သည် အပ္ပါယ်ငရဲသို့ သွားမည့် သူများ ဖြစ်ကြသည်။ သို့သော် ဘုရားသခင်၏ခေါ်ခြင်းကို နာခံသူ များလည်းရှိသည်။ သူတို့က “ကိုယ်တော် ကျွန်တော်သည် ဤသို့ဖြင့် အားနည်းသော်လည်း ကိုဘ်တော်သည် ကျွန်တော်ကဲ့သို့သောသူကို လက်ခံတော်မူလိမ့်မည်လား။”
ဘုရားသခင်က “ဟုတ်ပါတယ်။ ငါလက်ခံမည်။”
“တကယ်လား။ ကျွန်တော်အားနည်းသောအခါ ကိုယ်တော် လက်ခံတော်မူမည်လေား။”
“ဟုတ်ပါတယ်။ ငါ မင်းတို့ကို လက်ခံမည်။”
“ဘုရားသခင်၊ ကျွန်တော်သည် ကိုယ်တော့်အတွက် ဆက်ကပ် ရန် အထူးအရာတစ်စုံတစ်ခုမျှမရှိပေ။ ကျွန်တော်သည် ယခုမှစ၍ အ ကျင့်ကောင်းလိမ့်မည်ဟု ကတိမပေးနိုင်ပါ။”
“ဘုရားသခင်၊ ကိုယ်တော့်အတွက် ကျွန်ုပ်တို့ အထူးပေးလှူရန် ဘာမှမရှိပါ။ ကျွန်ုပ်သည် ယခုမှစ၍ ကောင်းလိမ့်မည်ဟုလည်း ကိုယ် တော့်ကို ကျွန်ုပ်ကတိမပြုနိုင်ပါ။”
“ငါ မင်းကို လက်ခံမည်။”
“ကျွန်ုပ်သည် ပို၍ ကောင်းမွန်လာလိမ့်မည်ဟု မယုံကြည်ပါ။ အကောင်းလုပ်နိုင်ရန်လည်း စွမ်းရည်မရှိပါ။”
“သို့သော် ငါ မင်းကို လက်ခံလိမ့်မည်။”
“ကိုယ်တော်၏ ကျွန်ုပ်ကို သိတော်မမူသောကြောင့် ဖြစ်တယ်။ ကိုယ်တော်သည် ကျွန်ုပ်ကို စိတ်ပျက်တော်မူလိမ့်မည်။”
ကျွန်ုပ်တို့သည် မည်သို့သောသူများဖြစ်ကြသည်ကို သိ၍ မိမိ ကိုယ်ကိုကိုယ်ဖုံးကွယ်လို၍ လူတစ်ဉီးသည် ကျွန်ုပ်တို့အား ယုံကြည် သည်ဟု ပြောကြသောအခါ ကျွန်ုပ်တို့သည် အရှက်ခံစားလေ့ရှိကြ သည်မဟုတ်လော။ ကျွန်ုပ်တို့သည် ဘာကြောင့် ဖုံးကွယ်လိုကြသ နည်း။ ကျွန်ုပ်တို့သည် ပို၍ မကောင်းနိုင်ကြ၍ ကျွန်ုပ်တို့သည် ယခုအ ထိ ပြုခဲ့သောအရာများကိုပင် မဖော်ပြလိုကြသောကြောင့် ကျွန်ုပ်တို့ သည် ဖုံးကွယ်လိုကြခြင်း ဖြစ်သည်။
ဤအကြောင်းကြောင့် ကျွန်ုပ်တို့သည် “ကျွန်ုပ်အားနည်းနေ သော်လည် ကိုယ်တော်ကို လက်ခံတော်မူမည်လော။ ကိုယ်တော် သည် ကျွန်ုပ်ကို လက်ခံရန် အသင့်နေတော်မူသလော။ ကျွန်ုပ်သည် ကိုယ်တော့်ကို ယုံကြည်ခွင့်ရမည်လော။ ကျွန်ုပ်ကဲ့သို့သော လူတစ်ဉီး သည် အပြစ်များဖြေလွှတ်ခြင်းခံစားရရှိနိုင်မည်လော။ ကျွန်ုပ်သည် အနာဂတ်တွင် ကောင်းနိုင်မည်ဟုတ်သောအခါ ကျွန်ုပ်ကဲ့သို့သော လူတစ်ဉီးသည် ဖြောင့်မတ်သူ ဖြစ်လာနိုင်မည်လော”ဟု ဆုတောင်း ကြခြင်း ဖြစ်သည်။ သို့သော် ကျွန်ုပ်တို့ဘုရားသခင်သည် တောရိုင်း သံလွင်ပင်ကို စိုက်ပျိုးထားသောသံလွင်ပင်အဖြစ်သို့ ပြောင်းလဲပေး နိုင်သောတန်ခိုးရှိတော်မူသည်။
ကျွန်ုပ်တို့သည် သဘာဝအားဖြင့် တောရိုင်းသံလွင်ပင်များဖြစ်ခဲ့ ကြသော်လည်း ကျွန်ုပ်တို့သည် သခင်ယေရှုပေးအပ်တော်မူခဲ့သော သတင်းကောင်အားဖြင့် စိုက်ပျိုးထားသောသံလွင်ပင်များဖြစ်လာခဲ့ ကြသည်။ ကိုယ်တော်သည် အပြစ်ကိုသာကျူးလွန်သောကျွန်ုပ်တို့ ကို ခေါ်ဖိတ်တော်မူခဲ့သည်။ ကျွန်ုပ်တို့သည် အနည်းငယ်သာအား နည်းကြသောခါ ကိုယ်တော်သည် ကျွန်ုပ်တို့ကို ခေါ်တော်မူသလော။ ကျွန်ုပ်တို့သည် စွမ်းရည်အလွန်လိုအပ်သည့်အချိန်၌ပင်လျှင် ကိုယ် တော်သည် ကျွန်ုပ်တို့ကို ခေါ်တော်မူခဲ့သည်။ ကိုယ်တော်သည် ကျွန်ုပ်တို့၏ အပြစ်များနှင့် များစွာသောအားနည်းချက်များကို မှတ် တော်မမူဘဲ ကျွန်ုပ်တို့ကို သခင်ယေရှုခရစ်တော်၌ ခေါ်ဖိတ်တော်မူခဲ့ သည်။ ကိုယ်တော်သည် အားနည်းသောကျွန်ုပ်တို့ကို ခေါ်ဖိတ်တော် မူခဲ့သည်။ ကိုယ်တော်သည် ကျွန်ုပ်တို့အား ခေါ်ဖိတ်တော်မူခဲ့ပြီး နောက် မည်သည့်အရာကို လုပ်ဆောင်တော်မူခဲ့သနည်း။ ကိုယ်တော် သည် ကျွန်ုပ်တို့အပြစ်များအားလုံးကို ယူဆောင်သွားတော်မူခဲ့၍ ကိုယ်တော်၏ဖြောင့်မတ်ခြင်းကို ပေးအပ်တော်မူခဲ့သောကြောင့် ကျွန်ုပ်တို့သည် ထာဝရအသက်ရရှိနိုင်ကြခြင်း ဖြစ်သည်။
ကိုယ်တော်သည် ဤအရာများအားလုံးကို မည်သို့ ပြုတော်မူခဲ့ သနည်း။မဿဲအခန်းကြီး ၃ တွင် ဘုရားသခင်သည် လူသားများအား လုံးအတွက် ချပေးသော ဖြောင့်မတ်ခြင်းအားလုံးကို ပြည့်စုံစေတော် မူရန် သခင်ယေရှုသည် ဤလောကသို့ ကြွလာတော်မူခဲ့၍ ဗတ္တိဇံကို ခံယူတော်မူခဲ့သည်ဟု ဖော်ပြထားသည်။ သခင်ယေရှုသည် ယော ဟန်အားဖြင့် ဗတ္တိဇံခံယူတော်မူ၍ လူသားများ၏အပြစ်များအားလုံး ကို ယူဆောင်သွားကား အပြစ်များအားလုံးကို ထမ်းရန်အတွက် ကား တိုင်ပေါ်တွင် အသေခံတော်မူ၍ သူတို့ကို လောကအပြစ်များမှ ကယ် တင်တော်မူရန် သုံးရက်မြောက်သောနေ့၌ သေခြင်းမှ ရှင်ပြန်ထ မြောက်တော်မူခဲ့သည်။ ကိုယ်တော်သည် ကျွန်ုပ်တို့အား ဘဝသစ် များကို ပေးအပ်တော်မူခဲ့သည်။ ကိုယ်တော်သည် ဤသို့ပြုတော်မူ ခြင်းအားဖြင့် ကျွန်ုပ်တို့အား ဖြောင့်မတ်စေတော်မူ၍ ကျွန်ုပ်တို့အပြစ် များအားလုံးကို ဆေးကြောပေးတော်မူခဲ့သည်။ သခင်ယေရှုသည် ကျွန်ုပ်တို့အား ခေါ်ဖိတ်တော်မူခဲ့၍ ရေနှင့်အသွေးအားဖြင့် ကျွန်ုပ်တို့ အပြစ်များကို ဆေးကြောပေးတော်မူလျက် ဘုရားသခင်၏ဖြောင့် မတ်ခြင်းကို ပေးအပ်တော်မူခဲ့သည်။ ကိုဘ်တော်သည် ကျွန်ုပ်တို့အား အပြစ်ကင်းစင်သူများဖြစ်စေတော်မူခဲ့ပြီးနောက် ကိုယ်တော်ဖြောင့် မတ်စေတော်မူသောသူများအဖြစ် ချီးမြှောက်တော်မူခဲ့သည်။ ကိုယ် တော်သည် ကျွန်ုပ်တို့အား ဘုရားသခင်၏သားသမီးများဖြစ်စေတော် မူခဲ့သည်။
ကျွန်ုပ်တို့သည် ဘုရားသခင်၏သားသမီးများအဖြစ် ကောင်း ကင်နိုင်ငံတော်သို့ ဝင်ရောက်၍ ထာဝရနေထိုင်ရန်အတွက် သခင် ယေရှုသည် ကျွန်ုပ်တို့ကို ချီးမြှောက်တော်မူခဲ့သည်။ သင်သည် ဤအ ရာကို နားလည်သဘောပေါက်သလော။ သို့သော် ဘာသာရေးဓမ္မခံ ယူချက်များက သူသည် အပြစ်သားဖြစ်သော်လည်း သခင်ယေရှုကို ယုံကြည်လျှင် အချိန်အတွက် တဖြည်းဖြည်းစင်ကြယ်သည်ကိုလည်း ကောင်း၊ သင်သည် ဘုရားရှေ့တော်၌ ပြည့်စုံသူဖြစ်လိမ့်မည်ဟု သွန် သင်ကြသည်။ ဤအရာသည် သမ္မာတရားနှင့်ဆန့်ကျင်သည်။ ဤအ ရာသည် စစ်မှန်သောယုံကြည်ခြင်းမဟုတ်ပေ။ ဤသို့သော ယုံကြည် ခြင်းမှာ သမ္မာတရားမဟုတ်ဘဲ စင်ကြယ်ခြင်းဓမ္မခံခံယူချက်အတွက် သာ ဖြစ်သည်။
ကိုယ်တော်သည် ကျွန်ုပ်တို့အား အပြစ်များမှ ကယ်တင်တော် မူခဲ့သည်။ ဘုရားသခင်သည် ကျွန်ုပ်တို့အား ကြိုတင်ခွဲခန့်တော်မူ၍ ခေါ်ဖိတ်ကာ ရေနှင့်အသွေးအားဖြင့် တစ်ကြိမ်တည်း ကျွန်ုပ်တို့အ ပြစ်များကို ဆေးကြောပေးတော်မူခဲ့၍ စင်ကြာခဲ့ပြီးသော ကိုယ်တော် ၏သားသမီးများ ဖြစ်စေတော်မူခဲ့ပြီး ကောင်းကြီးမင်္ဂလာချပေးတော် မူခဲ့သောကြောင့် ကျွန်ုပ်တို့သည် ဘုန်းအသရေအားဖြင့် ဘုရားသခင် ၏နိုင်ငံတော်သို့ ဝင်ရောက်နိုင်ကြခြင်း ဖြစ်သည်။ ဤအရာသည် သမ္မာတရား ဖြစ်သည်။ ဤအရာသည် ကိုယ်တော်ပြောကြားတော် မူခဲ့သော သမ္မာတရားဖြစ်သည်။ သခင်ယေရှုခရစ်တော်သည် ကောင်းကြီးမင်္ဂလာများအားလုံးကို တစ်ကြောင်းတည်းဖြင့် ချထား သည်။ ဤအကြောင်းသည် သန့်ရှင်းစင်ကြယ်ခြင်းဆိုင်ရာ ဓမ္မခံယူ ချက်အဆင့်ခုနစ်ဆင့်အကြောင်း ပြောကြားခြင်းမဟုတ်ပေ။ ကျွန်ုပ် တို့သည် လုံးဝသန့်ရှင်းစင်ကြယ်ခြင်းခံရရန်အတွက် အဆင့်ခုနစ်ဆင့် အားဖြင့် တဖြည်းဖြည်းပြည့်စုံလာကြမည်ကို ဤအရာက မပြောပေ။
ကျွန်ုပ်တို့သည် သခင်ယေရှုကို ယုံကြည်ပြီးနောက် ဘုရားသ ခင်သည် ကျွန်ုပ်တို့ကိုခေါ်ဖိတ်တော်မူသည်ကိုလည်းကောင်း၊ ကျွန်ုပ် ပို၍အသက်ကြီးလာသည်နှင့်အမျှ ကျွန်ုပ်တို့သည် စင်ကြယ်ကြလိမ့် မည် ကိုလည်းကောင်း ရောမ ၈း၃၀ တွင် မပြောထားပေ။ ကျွန်ုပ်တို့ သည် နောက်ဆုံးစင်ကြယ်ခြင်းအဆင့်သို့ ရောက်သည့်တိုင်အောင် တစ်ဆင့်ပြီးတစ်ဆင့် စင်ကြယ်ခြင်းလှေကားသို့ တဖြည်းဖြည်းတက် ရောက်ကြသည်ဟု ထိုအရာက မပြောပေ။ ကျွန်ုပ်တို့သည် သခင် ယေရှုခရစ်တော်ကို သိကြ၍ သခင်ယေရှုခရစ်တော်သည် ကျွန်ုပ်တို့ ကို ခေါ်ဖိတ်တော်မူသောအခါ ကိုယ်တော်သည် ရေနှင့်အသွေးတော် အားဖြင့် ကျွန်ုပ်တို့အပြစ်များကို တစ်ကြိမ်တည်း ခွင့်လွှတ်တော်မူခဲ့ သည်။ ကျွန်ုပ်တို့သည် ဤသတင်းကောင်းသမ္မာတရားအားဖြင့် ဘု ရားသခင်ထံတော်သို့ တိုးဝင်ချဉ်းကပ်ကြသောအခါ ကျွန်ုပ်တို့သည် ကိုယ်တော်၏ရင်ခွင်၌ ပွေ့ဖက်ခြင်းကို ခံရကြမည် ဖြစ်သည်။
လူအချို့တို့က “ကျွန်တော်သည် အရင်က မိမိအပြစ်များကို တောင် မသိခဲ့ပါ။ သို့သော် ကျွန်တော်သည် တရားဟောချက်ကို ကြားခဲ့ပြီးနောက် ထိုအကြောင်းကို နားလည်သဘောပေါက်ရန် စ တင်လာတယ်။ ကျွန်တော် အတိတ်က အပြစ်တစ်ခု သို့မဟုတ် နှစ်ခု တို့ရှိသည်ကို သတိရတယ်။ ကျွန်တော်သည် အနာဂတ်တွင်လည်း အပြစ်ပြုနေဉီးမည် ဖြစ်တယ်။ ထိုကြောင့် ကျွန်တော်သည် ဘုရားသ ခင်ကို ယုံကြည်နိုင်မည်ဟု မထင်ပါ”ဟု တွေးတတ်ကြသည်။ သို့ သော် ထိုအရာသည် မမှန်ပေ။ ကျွန်ုပ်တို့သည် “အောင်မလေ၊ ထိုအ ရာသည် မှန်ကန်တယ်။ ကျွန်တော်သည် အပြစ်များကျူးလွန်သော် လည်း အပြစ်များကို မသိခဲ့ပါ။ ဘုရားသခင်၏နှုတ်ကပတ်တော်အား လုံးသည် မှန်ကန်တယ်။ ကျွန်တော်သည် ကိုယ်တော်၏နှုတ်ကပတ် တော်ကို ယုံကြည်ရမည်။ သို့သော် ကျွန်တော်သည် နှုတ်ကပတ် တော်နှင့်အညီ အသက်မရှင်နိုင်ပါ။ ကျွန်တော်သည် အပ္ပါယ်ငရဲသို့ သွားမည့် ဆိုးသောအပြစ်သားတစ်ဉီး ဖြစ်ပါတယ္။ ထိုအကြောင်း ကြောင့် သခင်ယေရှုသည် ကြွလာတော်မူခြင်းဖြစ်တယ်”ဟု တွေး တော်ရကြမည် ဖြစ်သည်။
ကျွန်ုပ်တို့သည် သခင်ယေရှုကို ယုံကြည်ခြင်းအားဖြင့် အပြစ် ကင်းစင်သူများဖြစ်ကြ၍ အပြစ်များဖြေလွှတ်ခြင်းခံရကြသည်။ ကျွန်ုပ်တို့သည် စင်ကြယ်သူများနှင့် ဘုရားသခင်၏သားသမီးများဖြစ် လာခဲ့ကြသည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏သားသမီးများဖြစ်ကြ သောကြောင့် ကျွန်ုပ်တို့သည် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက် နိုင်ကြ၍ ချီးမြှောက်ခြင်းခံရကြသည်။ ဤအရာသည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းနှင့် သမ္မာတရား ဖြစ်သည်။
ဘုရားသခင်သည် ကျွန်ုပ်တို့အား ကြိုတင်ခွဲခန့်တော်မူခဲ့၍ ခေါ် ဖိတ်တော်မူကာ ဖြောင့်မတ်စေတော်မူပြီး ချီးမြှောက်တော်မူသည်။ သန့်ရှင်းစင်ကြယ်ခြင်းဓမ္မခံယူချက်သည် မှန်ကန်သည်ဟု သင်ထင် လျှင် “ကျွန်တော်သည် တဖြည်းဖြည်းပြောင်းလဲ၍ အပြစ်ကင်းစင် သူဖြစ်လာလိမ့်မည်”ဟု ပြောကြသည်။ သို့သော် သင်သည် ရေနှင့်ဝိ ညာဉ်တော်သတင်းကောင်းကို ယုံကြည်သည့်အချိန်တွင် ဖြောင့်မတ် ခြင်းနှင့်စင်ကြယ်ခြင်းတစ်ကြိမ်တည်း ခံရသည်။ သင်၏နှလုံးသား သည် အဆင့်ဆင့်အားဖြင့် မပြောင်းလဲပေ။ သင်သည် ဘုရားသခင် ၏နှုတ်ကပတ်တော်နှင့် ကိုယ်တော်၏အသင်းတော်ကို ယုံကြည်လာ သောအခါ သင်၏နှလုံးသားသည် တစ်ကြိမ်တည်း အပြစ်ကင်းစင်၍ သင်၏ယုံကြည်ခြင်းသည် တဖြည်းဖြည်းတိုးတက်လာသည်။
ကျွန်ုပ်တို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်ကို စားကြ သောအခါ ကျွန်ုပ်တို့ယုံကြည်ခြင်းသည် သူတစ်ပါးကို သွန်သင်နိုင် သည်အဆင့်သို့ တဖြည်းဖြည်းတိုးသက်လာသည်။ သို့သော် ကျွန်ုပ် တို့သည် ပို၍ ပြည့်စုံခြင်းနှင့် အပြစ်ကင်းစင်ခြင်းရှိကြပြီးနောက် ဘု ရားသခင်၏သားသမီးများဖြစ်လာခြင်းမှာ သမ္မာကျမ်းစာပေါ်တွင် အ ခြေမပြုပေ။ ကျွန်ုပ်တို့သည် တစ်ကြိမ်တည်း စင်ကြယ်ခြင်းခံရကြ၍ အပြစ်ကင်းစင်ကြသည်။
ဘုရားသခင်သည် သခင်ယေရှုခရစ်တော်၌ မိမိကြိုတင်ခွဲခန့် ခြင်းနှင့်အညီ ကျွန်ုပ်တို့ကို ခေါ်ဖိတ်တော်မူခဲ့သလော။ ကိုယ်တော် သည် ခေါ်ဖိတ်တော်မူခဲ့သည်။ ကိုယ်တော်သည် သခင်ယေရှုခရစ် တော်၌ ကျွန်ုပ်တို့ကို ခေါ်ဖိတ်တော်မူခဲ့၍ ကျွန်ုပ်တို့ကို ဖြောင့်မတ်သူ များနှင့် အပြစ်ကင်းစင်သူများဖြစ်စေတော်မူခဲ့သည်။ ဘုရားသခင် သည် သခင်ယေရှုခရစ်တော်၌ ကျွန်ုပ်တို့သည် ဖြောင့်မတ်စေတော်မူ ၍ အပြစ်ကင်းစင်သူများ ဖြစ်စေတော်မူခဲ့လျက် ကျွန်ုပ်တို့အား ကိုယ် တော်၏သားသမီးများအဖြစ် လက်ခံတော်မူ၍ ကောင်းကင်နိုင်ငံ တော်သို့ ဝင်ရောက်ရန် ချီးမြှောက်တော်မူခဲ့သည်။
ကျွန်ုပ်ို့သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းအားလုံးကို ပြည့်စုံ စေတော်မူခဲ့သော သခင်ယေရှုခရစ်တော်၏ကယ်တင်ခြင်းကို ယုံ ကြည်ခြင်းအားဖြင့် တစ်ကြိမ်တည်း ဖြောင့်မတ်ခြင်းခံရကြသည်။ ကျွန်ုပ်တို့သည် အားနည်းနေကြသော်လည်း ဘုရားသခင်၏ခေါ်ခြင်း ကို နာခံ၍ ကျွန်ုပ်တို့အား အပြစ်ကင်းစင်စေရန်၊ ဘုရားသခင်၏သား သမီးများဖြစ်လာကြရန်နှင့် ကိုယ်တော်၏နိုင်ငံတော်သားများဖြစ်ကြ ရန်အတွက် သခင်ယေရှုသည် ကျွန်ုပ်တို့အပြစ်များအားလုံးကို ဆေး ကြောပေးတော်မူခဲ့သောကြောင့် ကျွန်ုပ်တို့သည် ကောင်းကြီးမင်္ဂလာ များကို ခံစားရကြသည်။ 
ထိုအကြောင်းကြောင့် သန့်ရှင်းစင်ကြယ်ခြင်းဓမ္မခံယူချက်သည် မှားယွင်းနေသည်။ အဓိပ္ပါယ်မရှိပေ။ သမ္မာကျမ်းစာက ကျွန်ုပ်တို့အား “ထိုသို့ကြိုတင်သတ်မှတ်ထားတော်မူသောသူတို့ကို ဘုရားသခင်သည် ခေါ်ယူတော်မူပြီး ခေါ်ယူတော်မူသောသူတို့ကို ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုတော်မူ၍ ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုတော်မူသောသူတို့ကို ချီးမြှောက်တော်မူ၏။”ယုံကြည်ခြင်းသည် တဖြည်းဖြည်းတိုးတက်လာသည်။ သို့သော် အပြစ်ဖြေလွှတ်ခြင်း၊ ဘု ရားသခင်၏သားသမီးဖြစ်လာခြင်းနှင့် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ခြင်းတို့သည် တစ်ကြိမ်တည်းဖြစ်ပျက်သည်။ သင်သည် ဤအရာကို ယုံကြည်သလော။
ကျွန်ုပ်တို့သည် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို ယုံ ကြည်ခြင်းအားဖြင့် ဘုရားသခင်၏သားသမီးများဖြစ်လာနိုင်ခဲ့ကြ သည်။ ဘုရားသခင်သည် ရေနှင့်ဝိညာဉ်တော်ကျေးဇူးတော်အားဖြင့် အပြစ်များအားလုံးမှ တန်ဖိုးမဲ့သောဘဝများကို ကယ်တင်တော်မူခဲ့ သည်။ ကျွန်ုပ်တို့သည် မိမိကယ်တင်ခြင်းအတွက် တနည်းတလမ်း အားဖြင့် ဘုရားသခင်အတွက် လုပ်ဆောင်နိုင်သော တစ်စုံတစ်ခုမျှ ရှိ သလော။ ကျွန်ုပ်တို့သည် ဖြောင့်မတ်သူများဖြစ်လာရန် ပေးလှူနိုင် သောအရာရှိခဲ့သလော။ ကျွန်ုပ်တို့ပြင်ဆိုင်ခဲ့သောအရာတစ်စုံတစ်ခု မျှ မရှိပေ။ လူတစ်ဉီးသည် မမွေးဖွားမီ၌ပင် သခင်ယေရှုကို ယုံကြည် ရန် ဆုံးဖြတ်ချက်မချနိုင်ပေ။ လူတစ်ဉီးသည် အမိဝမ်းထဲ၌နေစဉ် သ ခင်ယေရှုကို ယုံကြည်ရန် ဆုံးဖြတ်သူတစ်စုံတစ်ဉီး ရှိသလော။
ကျွန်ုပ်တို့သည် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းဟောပြော သူများထံမှ သမ္မာတရားကို ကြားနာခဲ့ကြ၍ ထိုအရာသည် သမ္မာတ ရားဖြစ်သည်ဟု နားလည်သဘောပေါက်၍ “ကျွန်ုပ်သည် ထိုအရာကို ယုံကြည်ခြင်းကလွှဲ၍ အခြားလုပ်ဆောင်စရာမရှိပါ။ ကျွန်တော်ကဲ့သို့ သောလူသားသည် ထိုအရာကို ယုံကြည်ရမည်”ဟု မိမိကိုယ်ကိုကိုယ် တွေးခဲ့ကြသည်။ ထိုအချိန်ကစ၍ ကျွန်ုပ်တို့သည် ရေနှင့်ဝိညာဉ် တော်သတင်းကောင်းကို စတင်ယုံကြည်ခဲ့ကြ၍ အပြစ်များဖြေလွှတ် ခြင်းခံရကာ ဘုရားသခင်၏သားသမီးများ ဖြစ်လာနိုင်ခဲ့ကြသည်။
ဖြောင့်မတ်သူများသာလျှင် ဘုရားသခင်၏သားသမီးများဖြစ်ကြ သည်။ ဘုရားသခင်သည် သူတို့ကို ထာဝရကြွယ်ဝချမ်းသာနှင့် ကောင်းကင်နိုင်ငံတော်၏ဂုဏ်ပြုခြင်းများအားဖြင့် ချီးမြှောက်တော်မူ ခဲ့သည်။ ထိုအရာသည် ချီးမြှောက်ခြင်းအားလုံးဖြစ်သည်။ ဘုရားသ ခင်သည် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းလက်ခံသော ယုံကြည် သူများအပေါ် ဤကောင်းကြီးမင်္ဂလာများအားလုံးကို ပေးအပ်တော် မူခဲ့သည်။
နာမတော်ကို ချီးမွမ်းကြလော့။