Search

တရားဟောချက်များ

ဘာသာရပ် ၉ - ရောမဩဝါဒစာ (ရောမဩဝါဒစာအနက်ဖွင့်ကျမ်းများ)

[8-10] မှားယွင်းသောအယူဝါဒများ (ရောမ ၈း၂၉-၃၀)

(ရောမ ၈း၂၉-၃၀)
“အကြောင်းမူကား ဘုရားသခင်သည် သိထားနှင့်တော်မူသောသူတို့ကို မိမိသားတော်၏ပုံသဏ္ဌာန်နှင့်တူညီစေရန် ကြိုတင်သတ်မှတ်ထားတော်မူ၏။ ဤသည်ကား သားတော်သည် များစွာသောညီအစ်ကိုတို့တွင် သားဦးဖြစ်မည့်အကြောင်းတည်း။ 30ထိုသို့ကြိုတင်သတ်မှတ်ထားတော်မူသောသူတို့ကို ဘုရားသခင်သည် ခေါ်ယူတော်မူပြီး ခေါ်ယူတော်မူသောသူတို့ကို ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုတော်မူ၍ ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုတော်မူသောသူတို့ကို ချီးမြှောက်တော်မူ၏။”
 

ဘုရားသခင်သည် သခင်ယေရှုခရစ်တော်၌ လူများကို ကယ် တင်တော်မူရန် ကြိုတင်ခွဲခန့်တော်မူခဲ့သည်ဟု ဤကျမ်းချက်များက ပြောကြားသည်။ ထိုသို့ဖြစ်ရန် ဘုရားသခင်သည် ခရစ်တော်၌ သူတို့ ကို ခေါ်ဖိတ်တော်မူခဲ့၍ ကိုယ်တော်ခေါ်ခဲ့သောသူများကို ဖြောင့်မတ် စေတော်မူလျက် ဖြောင့်မတ်သောသူများကို ချီးမြှောက်တော်မူ သည်။ သမ္မာကျမ်းစာအခြေခံသဘောတရားများအားလုံးကို သခင် ယေရှုခရစ်တော်၌ ကြံစည်၍ လုပ်ဆောင်ခဲ့သည်။ ဤအရာသည် ရောမသြဝါဒစာပြောကြားသောအရာဖြစ်သော်လည်း သီအိုလော်ဂျီ များစွာနှင့်မိစ္ဆာအမှုတော်ဆောင်များက ဤရှင်းလင်းသောအရာကို မှောက်လှန်ခဲ့၍ ရိုးရိုးဓမ္မခံယူချက်အဖြစ်သို့ သမ္မာတရားကို သာမန် သာဖြစ်စေကြ၍ သူတို့၏အတွေးအခေါ်များနှင့် မိမိအကျိုးစီးပွါးများ ထည့်သွင်း၍ ဟောပြောကြသည်။ ယခုတွင် လူများစွာတိ့သည် ဤ သမ္မာတရားကို မည်သို့ နားလည်မှုလွှဲချော်သွားခဲ့သည်ကို ကျွန်ုပ်တို့ အာရုံပြုကြလိမ့်မည်။
သီအိုလော်ဂျီအချို့တို့သည် ဤကျမ်းချက်မှ အဓိက ဓမ္မခံယူ ချက်ငါးချက်ကို ကောက်ချက်ချကြသည်။ ၎င်းတို့မှာ- ၁။ ကြိုတင်သိ မြင်ခင်း၊ ၂။ ကြိုတင်ခွဲခန့်ခြင်း၊ ၃။ ထိရောက်သောခေါ်ခြင်း၊ ၄။ ဖြောင့်မတ်ခြင်း၊ နှင့် ၅။ ချီးမြှောက်ခြင်း တို့ဖြစ်ကြသည်။ ဤဓမ္မခံယူ ချက်ငါးချက်တို့ကို “ကယ်တင်ခြင်း၏ရွှေကွင်းဆက်”အဖြစ် သိရကြ ၍ ယုံကြည်သူများနှင့် မယုံကြည်သူများထံ သမ္မာတရားအဖြစ် ဟော ပြောကြသည်။ သို့သော် သူတို့ဟောကြားချက်တို့သည် မှားယွင်းမှု များဖြင့် ပြည့်နေသည်။
ဓမ္မခံယူချက်များငါးခုအားလုံးတို့သည် ဘုရားသခင်ပြုတော်မူခဲ့ သော “ဘုရားသခင်သိတော်မူခဲ့ခြင်း၊ ရွေးကောက်တော်မူခဲ့ခြင်း၊ ခေါ် တော်မူခဲ့ခြင်း၊ ဖြောင့်မတ်စေတော်မူခဲ့ခြင်းနှင့် ချီးမြှောက်တော်မူခဲ့ ခြင်း”အကြောင်းတို့ကိုသာ ပြောသည်။ သို့သော် ကြိုတင်ခွဲခန့်ခြင်း ဓမ္မခံယူချက်မှာ ဘုရားသခင်သည် ကိုယ်တော်ကယ်တင်မည့်သူများ ကို မမွေးခင်ကတည်းက အခြေအနေမဲ့ ရွေးကောက်တော်မူခဲ့သည် ဟု ကြွေးကြော်သော ဓမ္မခံယူချက် ဖြစ်သည်။ သို့သော် သမ္မာကျမ်း စာနှင့်ညီညွတ်သော ကြိုတင်ခွဲခန့်ခြင်းသမ္မာတရားက ဘုရားသခင် သည် အပြစ်သားများအပေါ် မိမိမေတ္တာတော်ကို သွန်းလောင်းတော် မူခြင်းအားဖြင့် မိမိသားသမီးများဖြစ်စေတော်မူခဲ့သည်ဟု သွန်သင် သည်။ ထိုကြောင့် ဘုရားသခင်သည် သူတို့ကို ရွေးကောက်တော်မူခဲ့ ပြီးနောက် သူတို့ကို ခေါ်၍ဖြောင့်မတ်စေကာ ချီးမြှောက်တော်မူခဲ့ သည်။ 
 


ကြိုတင်ခွဲခန့်ခြင်းနှင့်ရွေးကောက်ခြင်းတို့၏သီအိုလော်ဂျီ ဆိုင်ရာ ဓမ္မခံယူချက်များမှားယွင်းမှု


ခရစ်ယာန်သီအိုလော်ဂျီတွင် ကျွန်ုပ်တို့သည် ဂျွန်းကယ်လ်ဗင် ဟောပြောခဲ့သော ကယ်လ်ဗီးနီးယမ်း၏ “ဓမ္မခံယူချက်ငါးခု”ကို ကျွန်ုပ်တို့တွေ့ရကြသည်။ ၎င်းတို့ကြားမှာ ကြိုတင်ခွဲခန့်ခြင်းဓမ္မခံယူ ချက်နှင့် ရွေးကောက်ခြင်းဓမ္မခံယူချက်များ ဖြစ်ကြသည်။ အောက် တွင် ဖော်ပြထားသည့်အတိုင်း သမ္မာကျမ်းစာအရ ဓမ္မခံယူချက်များ ၏ မှားယွင်းမှုများကို ညွှန်ပြ၍ ရေနှင့်ဝိညာဉ်တော်သတင်းကောင်း ကို ကျွန်တော်သက်သေခံသည်။
ရွေးကောက်ခြင်းဓမ္မခံယူချက်သည် ဂျွန်းကယ်လ်ဗင်ခေါ် သီအို လော်ဂျီပညာရှင်တစ်ပါးမှ စတင်လာခဲ့သည်။ ကယ်လ်ဗင်ချိန်မတိုင်မီ ဘုရားသခင်သည် သခင်ယေရှုခရစ်တော်၌ ရွေးနှုတ်ခြင်းကို ပြော ကြားတော်မူခဲ့သည်။ သို့သော် ရွေးနှုတ်ခြင်းဓမ္မခံယူချက်သည် လူ များစွာတို့အား ရှုပ်ထွေးခြင်းသို့ လမ်းပြုသည်။ ဤမိစ္ဆာဓမ္မခံယူချက် သည် ဘုရားသခင်၏မေတ္တာတော်ကို ကန့်သတ်၍ ၎င်းကို လူတန်း စားခွဲခြားမှုနှင့် မတရားသောအမှုအဖြစ် ဖော်ပြကြသည်။ အခြေခံ ကျကျ ပြောရလျှင် ဘုရားသခင်၏မေတ္တာတော်သည် အကန့်အ သတ်မရှိပေ။ နယ်နိမိတ်မရှိပေ။ ထိုကြောင့် ကြိုတင်ခွဲခန့်ခြင်း ဓမ္မခံ ယူချက်က ဘုရားသခင်၏မေတ္တာတော်ကို ကန့်သတ်သောကြောင့် မှားယွင်းခြင်းဖြစ်သည်ဟု ပြဌာန်းသည်။ သို့သော် အမှန်မှာ ယနေ့ သခင်ယေရှုကို ယုံကြည်သူများစွာတို့သည် ဤဓမ္မခံယူချက်ကို သ ဘာဝကျ၍ သေစေနိုင်သောအရာအဖြစ် လက်ခံခဲ့ကြသည်။
ကြိုတင်ခွဲခန့်ခြင်းဓမ္မခံယူချက်ယူဆချက်များသည် ဒဿဗေဒ နှစ်သက်သူများအတွက် သင့်တော်သောဓမ္ဓမခံယူချက်အဖြစ် လူများ စွာတို့၏စိတ်များကို အုပ်ချုပ်သည်။ သူတို့၏စိတ်များကို လွှမ်းမိုး သည်။ သူတို့ကို ယုံကြည်စေသည်။ ဘုရားသခင်သည် လူအချို့တို့ကို အခြေအနေမဲ့ ကြိုတင်ခွဲခန့်၍ ရွေးကောက်တော်မူကာ အခြားသူများ ကို ရွေးကောက်ခြင်းမခံရရန် ကြိုတင်ခွဲခန့်ခြင်းပြုတော်မမူဟု ဓမ္မခံ ယူချက်က ကြွေးကြော်သည်။ ဤဓမ္မခံယူချက်သည် မှန်ကန်လျှင် ရွေးကောက်ခြင်းမခံရသော ဝိညာဉ်များသည် ဘုရားသခင်ကို စောဒ ကတက်၍ ပုန်ကန်ဆန္ဒပြနိုင်ကြလိမ့်မည်။ ကိုယ်တော်သည် သူတို့ အတွက် တရားမျှတမှုမရှိသော၊ သနားမှုကင်းမဲ့သော ဘုရား ဖြစ် တော်မူလိမ့်မည်။
ဤဓမ္မခံယူချက်များကြောင့် ယနေ့ ခရစ်ယာန်ဘာသာသည် ကြီးမားသောရှုပ်ထွေးမှုသို့ လဲကျခဲ့ကြသည်။ ထိုကြောင့် ခရစ်ယာန် များစွာတို့သည် “ငါ ရွေးကောက်ခြင်းခံရသလား။ ဘုရားသခင်သည် ကျွန်တော်ကို ဖန်ဆင်းခြင်းမတိုင်မီ ပစ်ထားတော်မူခဲ့လျှင် သခင်ယေ ရှုကို ကျွန်တော်ယုံကြည်ခြင်းမှာ အဘယ်အကျိုးရှိမည်နည်း”ဟု တွေ ဝေ၍ စိတ်ဒုက္ခရောက်ကြသည်။ သူတို့သည် ဘုရားသခင်ရွေး ကောက်ခြင်းတွင် ပါဝင်သလော သို့မဟုတ် မပါဝင်သလောဟု ပို၍ စိတ်ဝင်စားလာခဲ့ကြသည်။ ဤအကြောင်းကြောင့် ကြိုတင်ခွဲခန့်ခြင်း ဓမ္မခံယူချက်က ဘုရားသခင်ပေးအပ်တော်မူခဲ့သော ရေနှင့်ဝိညာဉ် တော်သတင်းကောင်းကို လူများက စိတ်ဝင်စားကြမည့်အစား သူတို့ ရွေးကောက်ခြင်းခံရသလော၊ မခံရသလောဟူသော အချက်ကို အ ရေးကြီးသောအရာအဖြစ် သခင်ယေရှုကို ယုံကြည်သူများအကြေား အငြင်းပွားမှု ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။
ဤဓမ္မခံယူချက်သည် ခရစ်ယာန်ဘာသာ၏သမ္မာတရားကို အ ခြားသော အခြားကမ္ဘာ့ဘာသာတစ်ခုအဖြစ်သို့ ပြောင်းလဲစေခဲ့သည်။ သို့သော် ယခုချိန်မှာ ဘုရားသခင်၏ဖြောင့်မတ်ခြင်းသက်သေခံသော သတင်းကောင်းဖြင့် ဤမှားယွင်းသောဓမ္မခံယူချက်များကို ခရစ် ယာန်ဘာသာမှ ပယ်ဖျက်ရမည့်အချိန် ဖြစ်သည်။ ဤသို့ဖြင့် ကြိတင် ခွဲခန့်မှတ်သားခြင်းဓမ္မခံယူချက်သည် မှားသည်/မှန်သည်ကို မိမိ ကိုယ်ကိုကိုယ် ရှေးဉီးစွာသိ၍ ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို သိ၍ ယုံကြည်ခြင်းအားဖြင့် အပြစ်များအားလုံးမှ ရွေးနှုတ်ကယ်တင် ခြင်းခံရမည် ဖြစ်သည်။ ဘုရားသခင်အမှန်အကန် ရွေးကောက်ခြင်း ခံရသောသူများသည် ကိုယ်တော်၏ဖြောင့်မတ်ခြင်းကို သိ၍ ယုံ ကြည်သူများ ဖြစ်သည်။
 


သမ္မာတရားဖွင့်ပြသော ကြိုတင်ခွဲခန့်ခြင်းနှင့် ‌ရွေးကောက်ခြင်း


ဧဖက် ၁း၃-၅ တွင် “အထက်ကောင်းကင်အရပ်တွင်ရှိသော ဝိညာဉ်ရေးဆိုင်ရာကောင်းချီးမင်္ဂလာအပေါင်းတို့ဖြင့် ငါတို့ကို ခရစ်တော်၌ ကောင်းချီးပေးတော်မူသည့် ငါတို့သခင်ယေရှုခရစ်တော်၏ခမည်းတော်ဖြစ်တော်မူသော ဘုရားသခင်သည် မင်္ဂလာရှိပါစေသော။ 4ငါတို့သည် ရှေ့တော်၌ သန့်ရှင်း၍ အပြစ်အနာအဆာကင်းသောသူဖြစ်ကြမည့်အကြောင်း ဘုရားသခင်သည် ကမ္ဘာမတည်မရှိမီကပင် ငါတို့ကို ခရစ်တော်၌ရွေးကောက်တော်မူပြီး 5မိမိအလိုတော်နှင့်ညီသောစေတနာအတိုင်း ယေရှုခရစ်တော်အားဖြင့် ငါတို့ကို မိမိ၏သားသမီးအရာ၌ မေတ္တာတော်ဖြင့် ကြိုတင်သတ်မှတ်ထားတော်မူ၏”ဟုပြောထားသည်။ ဧဖက်သြဝါဒစာ ဤကျမ်းချက်၌ ဖော် ပြထားသော ရွေးနှုတ်ခြင်းမှာ “ဤကမ္ဘာမတည်မရှိမှီ ငါတို့ကိုခရစ် တော်၌”ရွေးကောက်တော်မူခြင်းဖြစ်သည်။ သခင်ယေရှုသည် အပြစ် မှ ကယ်တင်ခြင်းကျေးဇူး တော်မှ လူတစ်ဉီးကိုမှ ပယ်တော်မမူခဲ့ပေ။
ကြိုတင်ခွဲခန့်ခြင်းဓမ္မခံယူချက်မှာ အလွန်မှားယွင်းသည်ကို ဤ ကျမ်းချက်အားဖြင့် ကျွန်ုပ်တို့သေချာစွာ သိရကြသည်။ ဤဓမ္မခံယူ ချက်၏အခြေခံ မှားယွင်းချက်မှာ ၎င်းသည် ဘုရားသခင်ရွေးကောက် ခြင်း၏စံချိန်စံညွန်းကို ဆန့်ကျင်သည်။ ၎င်းမှာ ကယ်တင်ခြင်းခံရ မည့်သူများကို ကြိုတင်ခွဲခန့်ခြင်း ဖြစ်သည်။ ဘုရားသခင်၏နှုတ်က ပတ်တော်ပေါ်တွင် မီခိုခြင်းမရှိပေ။ ကိုယ်တော်၏အခွင့်အာဏာ နှင့် အခြေအနေမဲ့ဆုံးဖြတ်ချက်ပေါ်တွင် မှီခိုသည်။
ကျွန်ုပ်တို့သည် သခင်ယေရှုယုံကြည်မှုကို ဤသို့အခြေအနေမဲ့ ကြိုတင်ခွဲခန့်ခြင်းနှင့် ရွေးကောက်ခြင်းများယုတ္တိပေါ်တွင် အခြေပြု ကြလျှင် ကျွန်ုပ်တို့သည် မသေချာမရီရာမှုများနှင့် စိုးရိမ်ပူပန်မှုများ အားဖြင့် သခင်ယေရှုကို မည်သို့ ယုံကြည်နိုင်ကြမည်နည်း။ ကယ်လ် ဗီးနီးယမ်းဘာသာက ဖြောင့်မတ်တော်မူသောဘုရားကို မတရား၊ မ ဖြောင့်မတ်သောဘုရားဖြစ်စေသော မိစ္ဆာဓမ္မခံယူချက်ကို ဟောပြော ကြသည်။ ကယ်လ်ဗင်းက ဘာကြောင့် အမှားတစ်ခုပြုခဲ့သည့်အ ကြောင်းမှာ သူသည် ဘုရားသခင်၏ကြိုတင်ခွဲခန့်ခြင်းမှ “သခင်ယေ ရှုခရစ်တော်၌”၏အခြေအနေကို ထုတ်ယူသောကြောင့် ဖြစ်၍ ဤ မှားယွင်းမှုကြောင့် လူများစွာတို့အား စိတ်ရှုပ်ထွေးစေ၍ လမ်းမှားသို့ ပို့ဆောင်ခဲ့သည်။ သို့သော် သမ္မာကျမ်းစာက ကျွန်ုပ်တို့အား “ ဘုရား သခင်သည်ကမ္ဘာမတည်မရှိမီကပင်ငါတို့ကို ခရစ်တော်၌ရွေးကောက် တော်မူပြီ”(ဧဖက် ၁း၄)ဟု ရှင်းလင်းစွာ ဖော်ပြထားသည်။
ကယ်လ်ဗီးနစ်ယုံကြည်သူများပြောထားသည့်အတိုင်း ဘုရားသ ခင်သည်အခြေအနေမဲ့ရွေးကောက်ခြင်းခံရသူအချို့တို့၏ဘုရား ဖြစ် တော်မူရန် ကိုယ်တော်သည် သူတို့ကို ရွေးကောက်တော်မူလျှင် ဤ အရာထက် အဓိပ္ပါယ်မဲ့သောအရာ ရှိမည်လော။ ကယ်လ်ဗင်းက ဘု ရားသခင်ကို လူများစွာတို့၏စိတ်များ၌ မတရားသောဘုရားအဖြစ်သို့ မှောက်လှန်တော်မူခဲ့သည်။ သို့သော် သမ္မာကျမ်းစာက ရောမ ၃း၂၉ တွင် “သို့မဟုတ် ဘုရားသခင်သည် ဂျူးလူမျိုးတို့၏ဘုရားသာ ဖြစ်တော်မူသလော။ လူမျိုးခြားတို့၏ဘုရားလည်း ဖြစ်တော်မူသည်မဟုတ်လော။ ဟုတ်ပေ၏။ လူမျိုးခြားတို့၏ဘုရားလည်း ဖြစ်တော်မူ၏။ (ရောမ ၃း၂၉)ဟု ဖော်ပြထားသည်။ ဘုရားသခင်သည် လူသား အားလုံးတို့၏ဘုရားနှင့် ကယ်တင်ရှင် ဖြစ်တော်မူသည်။
သခင်ယေရှုသည် အားလုံး၏ကယ်တင်ရှင် ဖြစ်တော်မူသည်။ ကိုယ်တော်သည် ယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူခြင်းနှင့် ကားတိုင် ပေါ်တွင် အသွေးတော်သွန်းလောင်းတော်မူခြင်းအားဖြင့် လူသားများ ၏အပြစ်များအားလုံးကို ယူဆောင်သွားတော်မူခြင်းအားဖြင့် လူသား အားလုံးအပေါ် ကယ်တင်ခြင်းချပေးတော်မူခဲ့သည် (မဿဲ ၃း၁၅)။ ခရစ်တော်သည် ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် လောကအပြစ်များ အားလုံးကို ထမ်းတော်မူ၍(ယောဟန် ၁း၂၉)၊ ကျွန်ုပ်တို့နေရာတွင် ဤအပြစ်များအတွက် တရားစီရင်ခြင်းခံယူတော်မူခြင်း(ယောဟန် ၁၉)အားဖြင့် အပြစ်များအားလုံးကို ကယ်တင်တော်မူခဲ့သည်ဟု သမ္မာကျမ်းစာက ဖော်ပြထားသည်။ ယောဟန် ၃း၁၆ တွင် “ဘုရားသခင်သည် မိမိ၏တစ်ပါးတည်းသောသားတော်ကို စွန့်တော် မူသည့်တိုင်အောင် လောကီသားတို့ကိုချစ်တော်မူ၏။ ဤသည်ကား သားတော်ကိုယုံကြည်သောသူတိုင်း မပျက်စီးဘဲ ထာဝရအသက်ကိုရရှိစေရန်ဖြစ်၏”ဟု ဖော်ပြထားသည်။ သခင်ယေရှု ခရစ်တော်သည် ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် လူသားအားလုံး၏ အပြစ်များကို ယူဆောင်သွားတော်မူခဲ့၍ ကားတိုင်ပေါ်တွင် အသေခံကာ ဘုရား သခင်၏ဖြောင့်မတ်ခြင်းအားဖြင့် လူသားများအားလုံးအတွက် သေ ခြင်းမှ ရှင်ပြန်ထမြောက်တော်မူခဲ့သည်။
ဘုရားသခင်ခေါ်ခြင်းခံရသောသူများအပေါ် ကျွန်ုပ်တို့၏နား လည်မှုသည် ကိုယ်တော်၏နှုတ်ကပတ်တော်ပေါ်တွင် အခြေပြုရ မည် ဖြစ်သည်။ ထိုသို့အမှီပြုနိုင်ရန်အတွက် ကျွန်ုပ်တို့သည် ရောမ ၉း၁၀-၁၁ကို ကြည့်ကြပါစို့။ “ထိုမျှမက ရေဗက္ကာသည်လည်း ငါတို့၏ရှေးဘိုးဘေးဣဇက်တစ်ဦးတည်းနှင့်ပင်စုံဖက်၍ ကိုယ်ဝန်ရရှိသောအခါ သားတို့မမွေးဖွားမီ၊ ထိုသားတို့သည် အကောင်းအဆိုးကိုမပြုကျင့်မီကပင် ဘုရားသခင်၏ရွေးကောက်ခြင်းနှင့်ဆိုင်သော အကြံအစည်တော်သည် အကျင့်အားဖြင့်မဟုတ်ဘဲ ခေါ်ယူတော်မူသောသူအားဖြင့် တည်စေရန် “အကြီးသည် အငယ်ကို အစေခံရလိမ့်မည်”ဟု ရေဗက္ကာအား မိန့်တော်မူ၏။ “ယာကုပ်ကို ငါချစ်၏။ ဧသောကိုမူကား ငါမုန်း၏”ဟု ကျမ်းစာ၌ရေးထားသည့်အတိုင်းဖြစ်၏။”
ဘုရားသခင်၏အကြံအစည်တော်သည် “ခေါ်တော်မူသော ကိုယ်တော်၌”တည်နိုင်သည်ဟု ဤကျမ်းချက်က ဖော်ပြထားသည်။ ထိုနောက် ဘုရားသခင်သည် သခင်ယေရှုခရစ်တော်အားဖြင့် မည်သူ များကို ခေါ်ဖိတ်တော်မူခဲ့သနည်း။ သူတို့သည် ဘုရားသခင်ခေါ်ခဲ့ သော အပြစ်သားများ ဖြစ်ကြသည်။ ဧသောနှင့်ယာကုပ်အကြား ဘု ရားသခင်သည် မည်သူ့ကို ချစ်တော်မူခဲ့သနည်း။ ကိုယ်တော်သည် ယာကုပ်ကို ချစ်တော်မူခဲ့သည်။ ဘုရားသခင်သည် မိမိဖြောင့်မတ် ခြင်းဖြင့် ပြည့်နေသော ဧသောကဲ့သို့သော သူများကို ချစ်တော်မမူဘဲ ကိုယ်တော်သည် ယာကုပ်ကဲ့သို့သော အပြစ်သားများကို ခေါ်တော်မူ ၍ ရေနှင့်ဝိညာဉ်တော်သတင်းကောင်းအားဖြင့် သူတို့ကို ဒုတိယမွေး ဖွားခြင်းခံယူစေတော်မူခဲ့သည်။ ဤအရာသည် ဘုရားသခင်၏ဖြောင့် မတ်ခြင်း၏အလိုတော်ဖြစ်၍ ယာကုပ်ကဲ့သို့သော အပြစ်သားများကို ချစ်ရန် ရွေးကောက်တော်မူခဲ့၍ သခင်ယေရှုခရစ်တော်အားဖြင့် သူ တို့ကို ‌ခေါ်ဖိတ်တော်မူခဲ့သည်။
အာဒံသည် လူသားအားလုံးတို့၏အဘိုးဖြစ်ခဲ့သောကြောင့် လူ သားအားလုံးသည် အပြစ်သားတစ်ဉီး၏ရင်သွေးအဖြစ် မွေးဖွားလာခဲ့ ကြသည်။ ဆာလံ ၅၁ တွင် ဒါဝိဒ်က သူသည် အမိဝမ်း၌ ပဋိသန္ဓေယူ သည့်အချိန်၌ပင် အပြစ်သားဖြစ်သည်ဟု ပြောခဲ့သည်။ လူသားများ သည် အပြစ်သားများအဖြစ် မွေးဖွားလာခဲ့ကြသောကြောင့် သူတို့ သည် မည်သို့ပင် ဆုံးဖြတ်ချက်ချစေကာမူ အပြစ်များကို ကျူးလွန် ကြသည်။ သူတို့သည် ဘာဝများတစ်လျှောက် အဆုံးထိတိုင်အောင် အပြစ်၏အသီးများကို ဆက်လက်သီးနေကြသည်။ မာကု ၇း၂၁-၂၃ တွင် ပန်းသီးပင်သည် ပန်းသီးကို သီး၍ သစ်တော်ပင်သည် သစ် တော်သီးကို သီးသကဲ့သို့ လူသားများသည် အပြစ်ဖြင့်မွေးဖွားလာခဲ့ ကြသောကြောင့် သူတို့သည် တစ်ဘဝလုံး အပြစ်၌ အသက်ရှင်ရန် ချုပ်နှောင်ခြင်းခံရကြသည်ဟု ဖော်ပြထားသည်။
သင်သည် မိမိလိုအပ်ဆန္ဒများကို ဆန့်ကျင်၍ အပြစ်တစ်ခုကျူး လွန်ခြင်းအတွေ့အကြုံရှိရမည် ဖြစ်သည်။ ဤသို့ဖြစ်ရခြင်းအ ကြောင်းမှာ သင်သည် အပြစ်သားတစ်ဉီးအဖြစ် မွေးဖွားလာခဲ့သော ကြောင့် ဖြစ်သည်။ လူများသည် မကောင်းသောကြံစည်ခြင်း၊ သူမ ယားကို ပြစ်မှားခြင်း၊ မိန်းမလွတ်နှင့်မှားယွင်းခြင်း၊ လူ့အသက်ကို သတ်ခြင်း၊ သူ့ဉစ္စာကို ခိုးခြင်း၊ လောဘလွန်ကျူးခြင်း၊ မနာလိုခြင်း၊ လှည့်စားခြင်း၊ ညစ်ညူးခြင်း၊ ငြူစူခြင်း၊ သူ့အသရေကို ဖျက်ခြင်း၊ ထောင်လွှားစော်ကားခြင်း၊ လျှပ်ပေါ်ခြင်း စသောသူတို့စိတ်များ၌ မကောင်းသောအရာများဖြင့် မွေးဖွားလာခဲ့ကြသည်။ ဤအကြောင်း ကြောင့် လူသားအားလုံးသည် အပြစ်ဖြင့် အသက်ရှင်ရကြခြင်း ဖြစ် သည်။ အပြစ်သည် အမွေခံရသည်။ ကျွန်ုပ်တို့သည် အဘိုးမှ ဆင့်ကဲ ဆင့်ကဲအမွေဆက်ခံသော အပြစ်များဖြင့် မွေးဖွားလာခဲ့ကြသော ကြောင့် ကျွန်ုပ်တို့သည် အခြေခံအားဖြင့် အပြစ်ဖြင့် အသက်ရှင်ရန် ဆုံးဖြတ်ချက်ချထားခြင်း ဖြစ်သည်။ ဤအကြောင်းကြောင့် ကျွန်ုပ် တို့သည် သခင်ယေရှုကို ကယ်တင်ရှင်အဖြစ်ယုံကြည်ကြ၍ ဘုရားသ ခင်၏ဖြောင့်မတ်ခြင်းကို ယုံကြည်ရန် လိုအပ်ခြင်း ဖြစ်သည်။
ထိုနောက် အစောပိုင်း၌ အာဒံသည် ရှုံးနှိမ့်ခဲ့သည်ကို ဤအရာ ဆိုလိုခြင်း ဖြစ်သလော။ မဟုတ်ပေ။ ဘုရားသခငသ်ည် လူသားများ အား မိမိသားသမီးများဖြစ်စေတော်မူရန် ဆုံးဖြတ်တော်မူခဲ့သော ကြောင့် ကိုယ်တော်သည် ပထမလူသားကို အပြစ်သို့ ကျဆင်းစေ တော်မူခဲ့ခြင်း ဖြစ်သည်။ ဘုရားသခင်သည် ကျွန်ုပ်တို့အား ကယ်တင် တော်မူနိုင်ရန်အတွက် ကိုယ်တော်သည် ကျွန်ုပ်တို့အား အခြေခံအား ဖြင့် အပြစ်သားများဖြစ်စေတော်မူ၍ သခင်ယေရှုခရစ်တော်၏ဗတ္တိဇံ နှင့် အသွေးတော်အားဖြင့် ကျွန်ုပ်တို့အား ကိုယ်တော်၏သားသမီး များဖြစ်စေတော်မူခဲ့သည်။ ထိုကြောင့် ကျွန်ုပ်တို့သည် ခြွင်းချက်မရှိ အပြစ်သားများအဖြစ် မွေးဖွားလာခဲ့ကြသည်ဟု ကျွန်ုပ်တို့ သိရကြ မည် ဖြစ်သည်။
သို့သော် ဘုရားသခင်သည် လူသားများအား အပြစ်သားများ ဖြစ်လာကြလိမ့်မည်ဟု သိတော်မူသောကြောင့် ကိုယ်တော်သည် ဖန် ဆင်းခြင်းမတိုင်မီ သခင်ယေရှုခရစ်တော်ကို ဤလောကသို့ စေလွှတ် တော်မူရန် ဆုံးဖြတ်တော်မူခဲ့သည်။ ထိုနောက် သခင်ယေရှုသည် ယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် ကိုယ်တော်သည် သ ခင်ယေရှုအပေါ်သို့ လောကအပြစ်များအားလုံးကို ချတော်မူခဲ့၍ ကား တိုင်ပေါ်တွင် အသေခံစေတော်မူခဲ့သည်။ တစ်နည်းအားဖြင့်၊ ကိုယ်တော်သည် ယုံကြည်သူအားလုံးအပေါ် အပြစ်မှရွေးနှုတ်ခြင်း ကောင်းကြီးမင်္ဂလာကို ချပေးတော်မူရန်နှင့် ဘုရားသခင်၏သားသမီး များဖြစ်လာရန် ဆုံးဖြတ်တော်မူခဲ့သည်။ ဤအရာသည် ဘုရားသခင် ၏အကြံအစည်တော်နှင့် လူသားများအားဖန်ဆင်းခြင်းအတွက် ကိုယ်တော်၏ရည်ရွယ်ချက်ဖြစ်တော်မူသည်။ 
လူအချို့တို့က မိမိမှားယွင်းချက်များအားဖြင့် “ယာကုပ်နှင့်ဧ သောတို့ကို ကြည့်ပါ။ ဘုရားသခင်သည် တစ်ဉီးကို ရွေးကောက် တော်မူ၍ အခြားတစ်ဉီးကို စွန့်ပစ်တော်မူသည်မဟုတ်လော”ဟု မေး မြန်းနိုင်သည်။ သို့သော် ဘုရားသခင်သည် သခင်ယေရှုခရစ်တော်မှ အပ ကယ်တင်ခြင်းခံရရန် ခုခံသောသူများကို အခြေအနေမဲ့ ရွေး ကြော်ကတော်မမူပေ။ ကျွန်ုပ်တို့သည် ဓမ္မဟောင်းကျမ်းကို စဉ်းစား ကြသောအခါ ဘုရားသခင်သည် တစ်ဘက်မှသာ ရွေးကောက်တော် မူသည်ဟု ကျွန်ုပ်တို့ခံယူနိုင်ကြသည်။ သို့သော် ဓမ္မသစ်ကျမ်းတွင် ကိုယ်တော်သည် သခင်ယေရှုခရစ်တော်အားဖြင့် အပြစ်သားများ အားလုံးကို ကယ်တင်တော်မူရန် ယာကုပ်ကဲ့သို့ လူများကို ရွေး ကောက်လိမ့်မည်ဟု မှားယွင်းစွာ သိနိုင်ကြသည်။ ကျွန်ုပ်တို့သည် နှုတ်ကပတ်တော်အားဖြင့် ဘုရားသခင်ခေါ်တော်မူသောသူများကို ရှင်းလင်းစွာနားလည်သဘောပေါက်၍ ယုံကြည်ရကြမည် ဖြစ်သည်။
ဧသောနှင့်ယာကုပ်တို့နှစ်ဉီးမှာ ဘုရားသခင်သည် မည်သူ့ကို ခေါ်၍ချစ်တော်မူခဲ့သနည်း။ ကိုယ်တော်သည် အပြစ်များစွာကျူးလွန် သူ၊ လိမ်ညာသူ၊ မဖြောင့်မတ်သူ ယာကုပ်ကို ဘုရားသခင်၏ဖြောင့် မတ်ခြင်းအားဖြင့် သူ့ကို ချစ်၍ကယ်တင်တော်မူရန် ခေါ်ဖိတ်တော်မူ ခဲ့သည်။ သင်သည်လည်း ခမည်းတော်ဘုရားသခင်သည် မိမိဖြောင့် မတ်ခြင်းအားဖြင့် သခင်ယေရှုခရစ်တော်အားဖြင့် သင့်ကိုခေါ်တော်မူ ခဲ့သည်ဟူသော သမ္မာတရားကို ယုံကြည်ရမည် ဖြစ်သည်။ သခင်ယေ ရှုခရစ်တော်၌ ရေနှင့်ဝိညာဉ်တော်သတင်းကောင်းသည် ဘုရားသခင် ၏ဖြောင့်မတ်ခြင်းဖြစ်သည်ဟူသောအချက်ကို သင်ယုံကြည်ရမည် ဖြစ်သည်။
ဘုရားသခင်သည် ဘာကြောင့် ယာကုပ်ကဲ့သို့လူများကို ရွေး ကောက်တော်မူခဲ့သနည်း။ ယာကုပ်သည် မဖြောင့်မတ်သောလူသား များအားလုံးကို ကိုယ်စားပြုခဲ့သောကြောင့် ဘုရားသခင်သည် သူ့ကို ရွေးကောက်တော်မူခြင်း ဖြစ်သည်။ ဘုရားသခင်သည် ယောကုပ်ကို ခေါ်ခြင်းမှာ မိမိအလိုတော်နှင့်ညီညွတ်သောခေါ်ခြင်း ဖြစ်သည်။ “ကျွန်ုပ်တို့သည် သခင်ယေရှုခရစ်တော်၌ ရွေးကောက်ခြင်းခံရကြ သည်”ဟူသော ဘုရားသခင်၏နှုတ်ကပတ်တော်နှင့်ညီညွှတ်သော ခေါ်ခြင်း ဖြစ်သည်။ ဤခေါ်ခြင်းမှာ “ဘုရားသခင် ရွေးကောက်တော် မူခြင်းနှင့် ယှဉ်သောအကြံတော်သည် အကျင့်အားဖြင့် မတည်၊ ခေါ် တော်မူသော သူ၏အလိုတော်အားဖြင့်တည်မည်အကြောင်း”ဟူ သောနှုတ်ကပတ်တော်နှင့်ညီညွှတ်သည်။
သခင်ယေရှုခရစ်တော်အားဖြင့် အပြစ်သားများအား ကယ်တင် တော်မူရန် နည်းလမ်းမှာ ကိုယ်တော်၏မေတ္တာတော်အားဖြင့် ဘုရား သခင်၏ဖြောင့်မတ်ခြင်းကို လုံးဝအကုန်အစင် ပြည့်စုံစေခြင်း ဖြစ် သည်။ ဤအရာသည် အပြစ်သားများအတွက် ဘုရားသခင်၏ဖြောင့် မတ်ခြင်းအားဖြင့် ချမှတ်ထားသော ကယ်တင်ခြင်းပညတ်တရား ဖြစ် သည်။ သူတို့သည် ကိုယ်တော်၏ဖြောင့်မတ်ခြင်းကို လွှမ်းခြုံနိုင်ရန် အတွက် ဘုရားသခင်သည် မိမိဖြောင့်မတ်ခြင်းလုံးလုံးလျားလျားမရှိ သော ယာကုပ်ကဲ့သို့သောသူများနှင့် သခင်ယေရှုခရစ်တော်အားဖြင့် ကိုယ်တော်၏ခြေခြင်းကို ပြန်ထူးသောသူများကို ဘုရားသခင် ခေါ် တော်မူခဲ့သည်။ 
ဘုရားသခင်သည် မိမိဖြောင့်မတ်သောသူများနှင့် မိမိကိုယ်ကို ကောင်းဟန်တူသောသူများကို ခေါ်ဖိတ်တော်မူခဲ့သလော။ သို့မ ဟုတ် ဘုရားသခင်သည် အပြစ်များစွာဖြင့် ပြည့်နေသော မဖြောင့် မတ်သူများကို ခေါ်တော်မူခဲ့သလော။ ဘုရားသခင်ခေါ်တော်မူသော သူများသည် ယာကုပ်ကဲ့သို့သော သူများ ဖြစ်ကြသည်။ မိမိအပြစ် ကြောင့် အပ္ပါယ်ငရဲ၌သာ ပစ်ချခြင်းခံရမည့်အပြစ်သားများကို ကယ် တင်တော်မူခဲ့သည်။ သင်သည် မွေးစကတည်းက ဘုရားသခင်၏ ဘုန်းတော်ကို ရှုတ်ချသောအပြစ်သားတစ်ဉီးအဖြစ်ဖွားမြင်ခဲ့သည်။ သင်သည် အပ္ပါယ်ငရဲသို့ ပစ်ချရန် ချုပ်နှောင်ခြင်းခံရသည်။ တနည်း အားဖြင့် သင်သည် မိမိအဖြစ်မှန်ကို သိရမည် ဖြစ်သည်။ ဘုရားသ ခင်သည် သခင်ယေရှုခရရစ်တော်အားဖြင့် အပြစ်သားများအားလုံး ကို ခေါ်ဖိတ်တော်မူခဲ့၍ ကိုယ်တော်၏ဖြောင့်မတ်ခြင်းအားဖြင့် သူတို့ ကို ကယ်တင်တော်မူခဲ့သည်။
ဘုရားသခင်၏လူများသည် ကိုယ်တော်၏ဖြောင့်မတ်ခြင်းကို ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ခြင်းခံရသောသူများ ဖြစ်ကြသည်။ ဘုရားသခင်သည် အပြစ်သားများအားလုံးကို သခင်ယေရှုအားဖြင့် ကြိုတင်ခွဲခန့်မှတ်သားတော်မူ၍ ကိုယ်တော်ကြိုတင်ခွဲခန့်သောအ ရာများကို ပြည့်စုံစေတော်မူခဲ့သည်။ ဤအရာသည် ဘုရားသခင် မိန့်တော်မူခဲ့‌သော သခင်ယေရှုခရစ်တော်အားဖြင့် ကြိုတင်ခွဲခန့် ခြင်း နှင့်ရွေးကောက်ခြင်း ဖြစ်သည်။ ဤစစ်မှန်သောဘုရားသခင်၏ရွေး ကောက်ခြင်းကို နားလည်သဘောပေါက်ရန် ကျွန်ုပ်တို့သည် ဓမ္မ ဟောင်းကျမ်း၌ ဖော်ပြထားသည့်အတိုင်း ရွေးကောက်ခြင်းအပေါ် ဤသမ္မာတရား၏နောက်ခံသမိုင်းကို ရှေ့ဉီးစွာ နားလည်သဘော ပေါက်ရကြမည် ဖြစ်သည်။
 

ဓမ္မဟောင်းကျမ်းမှ ဘုရားသခင်၏ရွေးကောက်ခြင်း နောက်ခံသမိုင်း

ကမ္ဘာဉီးကျမ်း ၂၅း၂၁-၂၆တွင် ယာကုပ်နှင့်ဧသောတို့သည် သူ တို့၏မိခင်း၊ ရေဗက္က၏ဝမ်း၌နေကြသည့်အချိန်တွင် ဖြစ်ပျက်သော အရာများကို ပြောကြားသည်။ ဘုရားသခင်သည် နှစ်ဉီးမှာ တစ်ဉီးကို ရွေးကောက်တော်မူခဲ့သည်။ ကယ်လ်ဗင်းက ရွေးကောက်ခြင်းဓမ္မခံ ယူချက်ကို ဤကျမ်းချက်ပေါ်တွင် အခြေပြုခဲ့သည်။ သို့သော် သူ၏ နားလည်သဘောပေါက်ခြင်းသည် ဘုရားသခင်အလိုတော်နှင့်မဟပ် စပ်ခဲ့သည်ဟု ကျွန်ုပ်တို့ တွေ့မြင်ကြလိမ့်မည်။ ဘုရားသခင်သည် ဧသောထက်ယာကုပ်ကို ပို၍ချစ်တော်မူသည့်အကြောင်းရင်းတစ်ခု ရှိသည်။ အကြောင်းရင်းမှာ ဧသောကဲ့သို့သောသူများသည် ဘုရားကို မှီခို၍ ကိုးစားကြမည့်အစား မိမိအစွမ်းအစခွန်အားများကိုယုံကြည် ခြင်းအားဖြင့် အသက်ရှင်ကြခြင်း ဖြစ်သည်။ ယာကုပ်ကဲ့သို့သော လူ များသည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို မှီခို၍ ကိုးစားခြင်းအား ဖြင့် အသက်ရှင်ကြသည်။ ဘုရားသခင်သည် ဧသောထက် ယာကုပ် ကိုပို၍ ချစ်တော်မူခဲ့သည်ဟု ပြောသောအခါ ဘုရားသခင်သည် ယာ ကုပ်ကဲ့သို့သောလူများကို ချစ်တော်မူသည်ကို ဆိုလိုသည်။ ဤအ ကြောင်းကြောင့် ကျွန်ုပ်တို့သည် “ခရစ်တော်၌ ရွေးကောက်ခြင်းခံရ သော”(ဧဖက် ၁း၄)သူများ ဖြစ်ကြသည်။
သခင်ယေရှုနှင့် ဘုရားသခင်၏ဖြောင့်မတ်ခြင်းမပါသော “အ ခြေအနေမဲ့ရွေးကောက်ခြင်း”သည် မှားယွင်းသော ခရစ်ယာန်ဓမ္မခံ ယူချက် ဖြစ်သည်။ ဤယူဆချက်မှာ ခရစ်ယာန်ဘာသာသို့ မှားယွင်း သောဘုရားအတုအယောင်ကို ယုံကြည်ခြင်းနှင့် တူသည်။ သို့သော် ဘုရားသခင်သည် အပြစ်သားအားလုံးကို သခင်ယေရှုအားဖြင့် ‌ရွေး ကောက်တော်မူခဲ့သည်ဟု သမ္မာတရားက ပြေထားသည်။ “သခင် ယေရှုခရစ်တော်၌” အပြစ်သားများအားလုံးကို ကယ်တင်ရန် ဘုရား သခင်သည် ရွေးကောက်တော်မူခဲ့သောကြောင့် ကိုယ်တော်၏ရွေး ကောက်ခြင်းသည် တရားမျှတသောရွေးကောက်ခြင်း ဖြစ်သည်။ ဘု ရားသခင်သည် အခြေအနေမဲ့ ယာကုပ်ကို ရွေးကောက်တော်မူ၍ အ ခြေအမြစ်မရှိ ဧသောကို ငြင်းပယ်တော်မူခဲ့လျှင် ကိုယ်တော်သည် တ ရားမျှတမှုမရှိသောဘုရားဖြစ်တော်မူလိမ့်မည်။ သို့သော် ကိုယ်တော် သည် သခင်ယေရှုခရစ်တော်၌ ကျွန်ုပ်တို့ကို ခေါ်တော်မူခဲ့သည်။ ကိုယ်တော်ခေါ်ခဲ့သောသူများကို ကယ်တင်တော်မူရန် ကိုယ်တော် သည် သခင်ယေရှုကို ဘုရားသခင်၏ဖြောင့်မတ်ခြင်းပြည့်စုံစေခဲ့ သောဗတ္တိဇံအားဖြင့် လောကအပြစ်များကို ယူဆောင်သွားတော်မူ ၇န် ဤလောကသို့ စေလွှတ်တော်မူခဲ့၍ ကားတိုင်ပေါ်တွင် အသွေး တော်သွန်းလောင်းစေတော်မူခဲ့သည်။ ဤအရာမှာ ဘုရားသခင်သည် သခင်ယေရှုခရစ်တော်အားဖြင့် ကျွန်ုပ်တို့ကို ရွေးကောက်တော်မူ၍ ချစ်တော်မူခြင်းကြောင့် ဖြစ်သည်။
ကျွန်ုပ်တို့သည် စာပေဝါဒကို ယုံကြည်ခြင်းမဟုတ်ဘဲ ဝိညာဉ် ရေးရာယုံကြည်မှုများဖြင့် လူ့အတွေးအခေါ်များကို စွန့်ပစ်၍ နှုတ်က ပတ်တော်ကို ယုံကြည်ရကြမည် ဖြစ်သည်။ တစ်နည်းအားဖြင့် ခ မည်းတော်ဘူရားသခင်သည် သခင်ယေရှုခရစ်တော်အားဖြင့် ကျွန်ုပ်် တို့အားလုံးကို ရွေးကောက်တော်မူခဲ့သည်။ သို့သော် ကယ်လ်ဗင်း သည် ဘုရားသခင်၏ရွေးကောက်ခြင်းကို မည်သို့ခံယူသနည်း။ လူ တစ်ဉီးသည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို သိ၍ ယုံကြည်မှသာ လျှင်စစ်မှန်သောယုံကြည်ခြင်းကို တွေ့ရသည်။ လူ့အတွေးအခေါ်ကို သမ္မာတရားအဖြစ် ယုံကြည်ခြင်းမှာ ဘုရားကို ကိုးကွယ်ခြင်းမဟုတ်၊ ရုပ်တုကို ကိုးကွယ်ခြင်းနှင့်တူသည်။
သခင်ယေရှုအားဖြင့် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ယုံ ကြည်ခြင်းမှာ မှားယွင်းသော ကြိုတင်ခွဲခန့်ခြင်းဓမ္မခံယူချက်ကို ယုံ ကြည်ခြင်းနှင့် လုံးဝမတူပေ။ ကျွန်ုပ်တို့သည် ဘုရားသခင်၏နှုတ်က ပတ်တော်နှင့်အညီ သခင်ယေရှုကို မသိ၊ ယုံကြည်ခြင်းမရှိကြလျှင် ကျွန်ုပ်တို့သည် ဆင်ခြင်ခြင်းသုံးသတ်ခြင်းမရှိနိုင်သော သားရဲများနှင့် ခြားနားမှုမရှိကြပေ။ ကျွန်ုပ်တို့သည် “သခင်ယေရှုခရစ်တော်အား ဖြင့်” ဘုရားသခင်၏ဖြောင့်မတ်ခြင်းတံဆိပ်အားဖြင့် ဘုရားသခင်၏ သားသမီးများအဖြစ် ရွေးကောက်ခြင်းခံရကြသည်။ ကျွန်ုပ်တို့သည် နှုတ်ကပတ်တော်သမ္မာတရားကို အခြေပြု၍ မိမိယုံကြည်မှုများကို ဆန်းစစ်ရကြမည် ဖြစ်သည်။
ကယ်လ်ဗီးနီးယမ်း၏ဓမ္မခံယူချက်ငါးချက်မှ တစ်ချက်မှာ “အ ကန့်အသတ်ရှိသောပြစ်ကြွေးပေးဆပ်ခြင်း”အကြောင်း ပြောသည်။ ကမ္ဘာပေါ်တွင်ရှိသောလူများစွာထဲက အချို့တို့သည် ဘုရားသခင်၏ ကယ်တင်ခြင်းတွင် ပါဝင်မှုမရှိပေ။ သို့သော် ဘုရားသခင်၏မေတ္တာ တော်နှင့် ကိုယ်တော်၏ဖြောင့်မတ်ခြင်းကို တရားမျှတမှု ရှိသည်။ “လူအပေါင်းတို့သည် ကယ်တင်ခြင်းသို့ ရောက်၍ သမ္မာတရားကို သိ စေခြင်းငှါ ဘုရားသခင်အလိုတော်ရှိ၏” (၁တိ ၂း၄)ဟု သမ္မာကျမ်းစာ တွင် ဖော်ပြထားသည်။ ကယ်တင်ခြင်း၏ကောင်းကြီးမင်္ဂလာသည် အချို့သောလူများအပေါ် ပေးအပ်၍ အခြားသူများအပေါ် ခွင့်ပြုခြင်း မရှိသော အကန့်အသတ်ရှိသော ကောင်းကြီးမင်္ဂလာဖြစ်လျှင် သခင် ယေရှုအပေါ် မိမိယုံကြည်မှုများကို စွန့်လွှတ်သူများစွာ ရှိလိမ့်မည်။ ဤသို့မှားယွင်းသောဓမ္မခံယူချက်များကို ယုံကြည်သူများသည် ရေ နှင့်ဝိညာဉ်တော်သတင်းကောင်းသို့ ပြန်လှည့်၍ သခင်ယေရှုခရစ် တော်ကို ကယ်တင်ရှင်အဖြစ် သိကာယုံကြည်ခြင်းအားဖြင့် အပြစ် များမှ ကယ်တင်ခြင်းခံရ၍ ထာဝရအသက်ကို ရရှိရကြမည် ဖြစ် သည်။ ဘုရားသခင်သည် မိမိဖြောင့်မတ်ခြင်းကိုအခြေပြု၍ သခင် ယေရှုခရစ်တော်အားဖြင့် လူတိုင်းကို ကယ်တင်တော်မူခဲ့သည်။
ဘုရားသခင်သည် လူအချို့ကို ချစ်၍ အခြားသူများကို မုန်း တော်မူလျှင် လူများသည် ဘုရားသခင်ထံတော်မှ နောက်သို့ ပြန် လှည့်ကြလိမ့်မည်။ ဘုရားသခင်သည် ယခု ဤနေရာတွင် မတ်သပ် ရပ်နေတော်မူသည် ဆိုကြပါစို့။ ဘုရားသခင်သည် မိမိလက်ျာဘက်၌ မတ်သပ်ရပ်နေသောသူများကို ကယ်တင်ခြင်းရရှိရန် ရွေးကောက် တော်မူ၍ လက်ဝဲဘက်၌ရှိသောသူများကို အကြောင်းမဲ အပ္ပါယ်ငရဲ သို့သွားရန် ရွေးကောက်တော်မူလျှင် ကိုယ်တော်သည် တရားသော ဘုရားဖြစ်တော်မူမည်လော။ ဘုရားသခင်၏လက်ဝဲဘက်၌မတ်သပ် ရပ်နေသောသူများသည် ရွေးချယ်စရာမရှိဘဲ ဘုရားသခင်ကို ဆန့် ကျင်ကြလိမ့်မည်။ ဘုရားသခင်၏ဤသို့ဖြစ်တော်မူလျှင် ဤလောက တွင် မည်သူများသည် ဘုရားသခင်ကို စစ်မှန်သောဘုရားအဖြစ် အ စေခံ၍ ကိုးကွယ်ကြမည်လော။ အခြေအနေမဲ့ ဘုရားသခင်မုန်းတီး ခြင်းခံရသောသူအားလုံးသည် ဆန္ဒထုတ်ဖော်ကြ၍ ဘုရားသခင်ကို မုန်းကြလိမ့်မည်။ ဤလောကတွင် ရာဇဝတ်ကျူးလွန်သူများပင်လျှင် သူတို့မှာ ကိုယ်ကျင့်တရားများနှင့် တရားမျှတမှုများရှိကြသည်ဟု ဆို ကြသည်။ ထိုသို့ဆိုသော် ကျွန်ုပ်တို့ဖန်ဆင်းရှင်သည် မည်သို့ဖြင့် တ ရားမျှတမှုမရှိသောဘုရားဖြစ်တော်မူနိုင်မည်နည်း။ မည်သူများသည် ဤသို့ တရားမျှတမှုမရှိသောဘုရားကို ကိုးကွယ်ကြလိမ့်မည်နည်း။
ခမည်းတော်သည် သားတော်သခင်ယေရှုခရစ်တော်၌တွေ့ရ သော ဘုရားသခင်၏ဖြောင့်မတ်ခြင်းအားဖြင့် အပြစ်သားများအား လုံးကို ကယ်တင်တော်မူရန် ဆုံးဖြတ်တော်မူခဲ့သည်။ ဤအကြောင်း ကြောင့် အပြစ်ဖြေလွှတ်ခြင်းဆိုင်ရာ အကန့်အသတ်ရှိသော ကယ်လ် ဗီးနစ်ဓမ္မခံယူချက်သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းနှင့် လုံးဝ ပတ်သက်မှုမရှိပေ။ သို့သော် ဤသို့မှားယွင်းသောဓမ္မခံယူချက်များ ကြောင့် လူများစွာတို့သည် ဘုရားသခင်ကို မှားယွင်းစွာ ယုံကြည်ကြ သည်။ ကိုယ်တော်ထံမှ နောက်သို့ ပြန်လှည့်ကြသည်။ ဤအရာများ အားလုံးသည် သူတို့၏မှားယွင်းသောနားလည်သဘောပေါက်မှုများ ကြောင့် ဖြစ်သည်။
 

သစ္စာမဲ့ရုပ်ရှင်

စတီဗင်ကင်း၏ဝတ္တု “ရပ်တည်ခြင်း” ခေါင်းစဉ်ကို နှစ်အနည်း ငယ်ခန့်က တီဗီဇာတ်လမ်းကို ဖန်တီးခဲ့၍ တစ်ကမ္ဘာလုံးတွင် အလွန် ချီးကျူးခဲ့သည်။ ဝတ္တုဇာတ်ကွက်သည် ဤအတိုင်း ဖြစ်သည်။ ၁၉၉၁ ခုနှစ်တွင် ကပ်ကြီးသည် အမေရိကကို တိုက်ခတ်ခဲ့၍ ကပ်ရောဂါကို “ခုခံဆေး”ကုသသူ ထောင်ဂဏန်းမျှသာ အသက်ရှင်သည်။ အသက် ရှင်သူများမှ ဘုရားသခင်ကို သစ္စာရှိစွာ ကိုးကွယ်သူများသည် ဘိုအို ဒါ၊ ကိုလိုရာဒို၌ တွေ့ဆုံကြပြီး “အမှောင်လူသား”ကို ကိုးကွယ်သူများ သည် လား ဗီဂက်စ်၊ နယ်ဗားဒါသို့ သွားခဲ့ကြသည်။ ဤအဖွဲ့နှစ်ဖွဲ့တို့ သည် တစ်ဖွဲ့က အခြားတစ်ဖွဲ့ကို ဖျက်ဆီးသည့်အထိ သူတို့သည် အ ဖွဲ့အစည်းနှစ်ခုဖြင့် သီးသန့် ပြန်လည်တည်ဆောက်ကြသည်။
အသက်ရှင်သူများအကြား၊ စတွပ်ထ်ခေါ်လူငယ်တစ်ဉီးသည် အိပ်မက်တွင် ကမ္ဘာကုန်ဆုံးခြင်းကို မြင်မက်ခဲ့သည်။ အဘီဂဲလ်ခေါ် အသက်ကြီးသူအမျိုးသမီးတစ်ဉီးသည် သူ့အား နေရာတစ်နေရာသို့ သွားရန် အိပ်မက်တွင် ပြောခဲ့၍ ဘုရားသခင်သည် သူ့ကို ရွေး ကောက်တော်မူခဲ့သည်ဟု သိစေခဲ့သည်။ ဤရုပ်ရှင်ဇာတ်ကားတွင် သူသည် ဘုရားသခင် သို့မဟုတ် သခင်ယေရှုကို မယုံကြည်ခဲ့သည့်အ ချိန်၌ပင် ဖန်ဆင်းခြင်းမတိုင်မီဘုရားသခင်သည် သူ့ကို ကြိုတင်ခွဲခန့် တော်မူသောကြောင့် သူ့ကို ကိုယ်တော် ကယ်တင်တော်မူခဲ့သည်။
ထိုသို့ဆိုသော် ဘုရားသခငသ်ည် သခင်ယေရှုကို မယုံကြည် သောသူများပင်လျှင် အခြေအနေမဲ့ ကယ်တင်တော်မူခဲ့သလော။ ကယ်တင်တော်မမူခဲ့ပေ။ ဘုရားသခင်သည် မိမိဖြောင့်မတ်ခြင်းကို ယုံကြည်သူများကို အပြစ်မှ ကယ်တင်တော်မူရန် သခင်ယေရှုခရစ် တော်၌လူသားအားလုံးကို ကြိုတင်ခွဲခန့်တော်မူခဲ့သည်။
ဤရုပ်ရှင်ဇာတ်လမ်း၏အဓိကအကြောင်းအရာသည် ကယ်လ် ဗင်း၏ ကြိုတင်ခွဲခန့်ခြင်းနှင့် ရွေးကောက်ခြင်း ဓမ္မခံယူချက်များအ ပေါ် အခြေခံထားသည်။ ဤရုပ်ရှင်မှာ သီအိုလော်ဂျီပညာရှင်တစ်ဉီး ၏ဓမ္မခံယူချက်အစိတ်အပိုင်းတစ်ခုသာ ပြောကြားသော ပုံပြင်တစ်ခု ဖြစ်သည်။ ဘုရားသခင်သည် မိမိအာဏာကို အသုံးပြုတော်မူ၍ အချို့ကို အပ္ပါယ်ငရဲသို့ စေလွှတ်ရန် ဆုံးဖြတ်ကာ အချို့ကို ကယ် တင်ခြင်းပေးအပ်တော်မူလိမ့်မည်နည်း။ ဘုရားသခင်သည် ဖြောင့် မတ်တော်မူသောကြောင့် ကိုယ်တော်သည် သခင်ယေရှုခရစ်တော် အားဖြင့် လူတိုင်းကို ကြိုတင်ခွဲခန့်တော်မူ၍ ရွေးကောက်တော်မူခဲ့ သည်။ ကိုယ်တော်၏ဖြောင့်မတ်ခြင်းကယ်တင်ခြင်းမှ တားမြစ်ခြင်းခံ ရသောသူ တစ်စုံတစ်ဉီးမျှ မရှိပေ။ သခင်ယေရှုခရစ်တော်မပါဘဲ ဘု ရားသခင်၏ကြိုတင်ခွဲခန့်ခြင်းနှင့်ရွေးကောက်ခြင်းသည် အဓိပ္ပါယ်မ ရှိပေ။သမ္မာကျမ်းစာနှင့်မညီညွတ်ပေ။ ဘုရားသခင်သည် အချို့တို့ကို ရွေးကောက်တော်မူ၍ အချို့တို့ကို ငြင်းပယ်တော်မူခဲ့သည်ဟု သီအို လော်ဂျီပညာရှင်များစွာဟောကြားချက်သည် လုံးဝ မှန်ကန်မှုမရှိပေ။
ဘုရားသခင်သည် စကြာဝဠာတစ်လုံးဖန်ဆင်းတော်မမူမီ အ ချိန်ကတည်းက သခင်ယေရှုခရစ်တော်အားဖြင့် မိမိဖြောင့်မတ်ခြင်း ကို အခြေခံ၍ အပြစ်သားများအားလုံးကို ကယ်တင်ကာ မိမိသားသ မီးများဖြစ်စေတော်မူရန် ကြံစည်တော်မူခဲ့သည်။ တနည်းအားဖြင့် ကိုယ်တော်သည် သခင်ယေရှု၏သတင်းကောင်းအားဖြင့် အပြစ်သား များအားလုံးကို ရွေးကောက်တော်မူခဲ့သည်။ သင်သည် ယုံကြည်ခြင်း ရှိသလော။ 
တောင်ပေါ်များတွင် တရားထိုင်သောဗုဒ္ဓဘုန်းကြီးများသည် ဘုရားသခင်၏ရွေးကောက်ခြင်းတွင် မပါဝင်ကြပေဟု သင်ယုံကြည် သလော။ ဘုရားသခင်၏ကြိုတင်ခွဲခန့်ခြင်းနှင့်ရွေးကောက်ခြင်းတို့ သည် ခရစ်တော်မပါဘဲ အခြေအနေမဲ့နေလျှင် ကျွန်ုပ်တို့သည် နှုတ် ကပတ်တော်ကို ယုံကြည်ရန်နှင့် ဟောပြောရန် လိုအပ်လိမ့်မည် မ ဟုတ်ပေ။ ကယ်တင်ရှင်သခင်ယေရှုခရစ်တော်မပါဘဲ လူအချို့တို့ သည် ကယ်တင်ခြင်းခံရ၍ အချို့တို့သည် ကယ်တင်ခြင်းမခံရကြ လျှင် အပြစ်သားများသည် သခင်ယေရှုကို ယုံကြည်ရန် လုံးဝလိုအပ် လိမ့်မည် မဟုတ်ပေ။ သခင်ယေရှုသည် ဗတ္တိဇံနှင့် ကားတိုင်ပေါ်တွင် အသွေးတော်အားဖြင့် ကျွန်ုပ်တို့အား အပြစ်များမှ ကယ်တင်တော်မူ ခြင်းမှာ နောက်ဆုံးတွင် အဓိပ္ပါယ်ရှိလိမ့်မည် မဟုတ်ပေ။ သို့သော် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို သခင်ယေရှုခရစ်တော်၌ တွေ့ရပြီး သခင်ယေရှုကို မယုံကြည်သူ ဗုဒ္ဓဘုန်းကြီးများသည်လည်း နောင်တ ရ၍ သူတို့စိတ်များဘုရားသခင်ထံတော်သို့ ပြန်လှည့်လျှင် ဘုရားသ ခင်သည် သူတို့ကို ကယ်တင်ခြင်းပေးအပ်တော်မူလိမ့်မည်။
ဤလောကတွင် သခင်ယေရှုကို ယုံကြည်ခြင်းအားဖြင့် အသက် ရှင်သူများစွာ ရှိကြသည်။ ကျွန်ုပ်တို့သည် အဖွဲ့နှစ်ဖွဲ့ဖြင့် ခွဲခြားနိုင်ကြ သည်။ ပထမအဖွဲ့မှာ ဧသောကဲ့သို့သော သူများဖြစ်ကြလိမ့်မည်။ အခြားအဖွဲ့မှာ ယာကုပ်ကဲ့သို့သာသူများ ဖြစ်ကြသည်။ ယာကုပ်ကဲ့ သို့သောသူများသည် မိမိကိုယ်ကိုကိုယ် အပ္ပါယ်ငရဲသို့သွားမည့်အ ပြစ်သားများဖြစ်ကြသည်ဟု အသိအမှတ်ပြုကြသည်။ ထိုကြောင့် သူ တို့သည် သခင်ယေရှုပေးအပ်တော်မူခဲ့သော ရေနှင့်ဝိညာဉ်တော်သ တင်းကောင်းကို ယုံကြည်ခြင်းအားဖြင့် သူတို့အပြစ်များမှ ကယ်တင် ခြင်းခံရကြသည်။ အခြားအဖွဲ့များသည် ဧသောကဲ့သို့သောသူများ ဖြစ်ကြသည်။ သူတို့သည် သခင်ယေရှုကို ယုံကြည်ခြင်းအပေါ် ကိုယ် ကျင့်တရားများကို ပေါင်းထည်းခြင်းအားဖြင့် ကောင်းကင်တံခါးဝသို့ ဝင်ရောက်ရန် ကြိုးစားကြသည်။
သင်သည် မည်သူနှင့်တူသနည်း။ ယာကုပ်နှင့်လော။ ဧသောနှင့် လော။ သင်သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ယုံကြည်သ လော။ သို့မဟုတ် သင်သည် မှားယွင်းသော ကြိုတင်ခွဲခန့်ခြင်းဓမ္မခံ ယူချက်ကို ယုံကြည်သလော။ ဤယုံကြည်မှုနှစ်ခုမှ သင်ရွေးချယ်မှု အပေါ်မူတည်၍ သင်သည် ကောင်းကင်နိုင်ငံ သို့မဟုတ် အပ္ပါယ်ငရဲ သို့ သွားရလိမ့်မည်။ သင်သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းအား ဖြင့် ပြောကြားတော်မူသော ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို ယုံကြည်ခြင်းအားဖြင့် မှားယွင်းသောဓမ္မခံယူချက်များကို စွန့်ပစ်၍ ငြိမ်သက်ခြင်းခံရရန် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ရရှိရမည် ဖြစ်သည်။ ဤယုံကြည်ခြင်းသည် ကျွန်ုပ်တို့အား အပြစ်များမှ ပြည့်စုံ စွာ ရွေးနှုတ်ကယ်တင်ခြင်းနှင့် ထာဝရအသက်ပေးအပ်သည်။