Search

တရားဟောချက်များ

ဘာသာရပ် ၉ - ရောမဩဝါဒစာ (ရောမဩဝါဒစာအနက်ဖွင့်ကျမ်းများ)

[8-12] အဘယ်သူသည် ငါတို့တ ဘက်၌ နေနိုင်မည်နည်း (ရောမ ၈း၃၁-၃၄)

(ရောမ ၈း၃၁-၃၄)
“သို့ဖြစ်လျှင် ဤအရာများကိုထောက်၍ မည်သို့ဆိုရမည်နည်း။ ဘုရားသခင်သည် ငါတို့ဘက်၌ရှိတော်မူလျှင် မည်သူသည် ငါတို့ကို ဆန့်ကျင်နိုင်မည်နည်း။ 32မိမိသားတော်ရင်းကိုပင် ချန်လှပ်မထားဘဲ ငါတို့အားလုံးအတွက် စွန့်တော်မူသောအရှင်သည် သားတော်နှင့်တကွ အရာခပ်သိမ်းတို့ကိုလည်း ငါတို့အားမပေးဘဲနေတော်မူမည်လော။ 33မည်သူသည် ဘုရားသခင်ရွေးကောက်တော်မူသောသူတို့ကို ပြစ်တင်စွဲဆိုမည်နည်း။ ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုတော်မူသောအရှင်ကား ဘုရားသခင်ပေတည်း။ 34မည်သူသည် ပြစ်ဒဏ်စီရင်မည်နည်း။ အသေခံတော်မူသည်သာမက ထမြောက်တော်မူသော ခရစ်တော်ယေရှုသည် ဘုရားသခင်၏လက်ယာတော်ဘက်၌နေ၍ ငါတို့အတွက် အသနားခံပေးတော်မူ၏။”
 

ရော ၈း၃၁-၃၄ တွင် ရှင်ပေါလု ရေနှင့်ဝိညာဉ်တော်သတင်း ကောင်းကို အနှစ်ချုပ်တင်ပြခြင်းအားဖြင့် ယုံကြည်သူများအပေါ် ခ ရစ်တော်၏မခွဲခွါနိုင်သောမေတ္တာတော်ကို သက်သေခံခဲ့၍ နောက် ဆုံးနိဂုံးချုပ်ခဲ့သည်။ ဤကျမ်းချက်သည် ယုံကြည်ခြင်း၏အထိတ်အ ထိပ်၌ရှိသော ကယ်တင်ခြင်းကြီးမားသော ဝမ်းမြောက်ခြင်းကို ဖော် ပြထားသည်။
ရှင်ပေါလုက ရောမ ၈း၃၁ တွင် “သို့ဖြစ်လျှင် ဤအရာများကိုထောက်၍ မည်သို့ဆိုရမည်နည်း။ ဘုရားသခင်သည် ငါတို့ဘက်၌ရှိတော်မူလျှင် မည်သူသည် ငါတို့ကို ဆန့်ကျင်နိုင်မည်နည်း”ဟု ပြောခဲ့သည်။ ရှင်ပေါလုကဲ့သို့ ရေနှင့်ဝိညာဉ်တော်သတင်းကောင်း သည် အချိန်ကြာလာသည်နှင့်အမျှ ဖြာထွက်ရှိသည်ကို ကျွန်ုပ်တို့ တွေ့ကြုံခံစားခဲ့ရကြ၍ ကျွန်ုပ်တို့အားနည်းချက်များ ထင်ရှားလာ သည်နှင့်အမျှ ကယ်တင်ခြင်းသတင်းကောင်းသည် ပို၍ ကြီးမားလာ သည်။ ကျွန်ုပ်တို့သည် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းအတွက် အစေခံလေလေ ယုံကြည်မှုနှင့် ဝမ်းမြောက်မှုဖြင့် ပြည့်လေလေ ဖြစ် ပါသည်။
ရှင်ပေါလုက မိမိယုံကြည်သောသတင်းကောင်းကို “ငါသတင်း ကောင်း”(၂တိ ၂း၈)ဟု မှည့်ခေါ်သည်။ ရှင်ပေါလုဟောပြောသောသ တင်းကောင်းမှာ အခြားသတင်းကောင်းမဟုတ်ဘဲ သခင်ယေရှု၏ ဗတ္တိဇံနှင့်နှင့်အသွေးတော် ယုံကြည်ခြင်း ဖြစ်သည်။
ရှင်ပေါလုဟောပြောခဲ့သော “ငါသတင်းကောင်း”သည် ဘာ သာရေးလူများယုံကြည်ကြသော ကားတိုင်၏သတင်းကောင်းကို ရည်ညွှန်းထားခြင်းမဟုတ်ဘဲ သခင်ယေရှုသည် လူသားများ၏အပြစ် များအားလုံးကို တစ်ကြိမ်တည်းယူဆောင်သွားတော်မူခဲ့သည်ဟူ သောကောင်းကြီးမင်္ဂလာကြွေးကြော်သည့် ရေနှင့်ဝိညာဉ်တော်သ တင်းကောင်း ဖြစ်သည်။
ဤသတင်းကောင်းက ရှင်ပေါလုက အလွန်သတ္တိရှိသောပုဂ္ဂိုလ် ဖြစ်စေခဲ့သည်။ သူသည် အပြစ်များဖြေလွှတ်ခြင်းခံခဲ့သောကြောင့် ဘုရားသခင်ဖြောင့်မတ်ခြင်းသည် သူ၏နှလုံးသားပြည့်စေခဲ့သော ကြောင့် သူ၏နှလုံးသားသည် သန့်ရှင်းသောဝိညာည်တော်ဖြင့် ပြည့် ခဲ့သည်။ သူသည် တစ်ဘဝလုံး ရေနှင့်ဝိညာဉ်တော်သတင်းကောင်း အပေါ် သက်သေခံရန် မိမိကိုယ်ကိုကိုယ် ဆက်ကပ်ခဲ့ရသည်။ ရေနှင့် ဝိညာဉ်တော်သတင်းကောင်းမှာ လူသားများ၏အပြစ်များအားလုံး ကို တစ်ကြိမ်တည်း ဖယ်ရှားပေးနိုင်သော တန်ခိုးနှင့်အခွင့်အာဏာရှိ သည်။ 
ထိုနောက် ရှင်ပေါလုယုံကြည်ခဲ့သော ရေနှင့်ဝိညာဉ်တော်သ တင်းကောင်းကို မည်သူသည် ဆန့်ကျင်နိုင်မည်နည်း။ မည်သူမည်ဝါ မျှ ဆန့်ကျင်နိုင်မည် မဟုတ်ပေ။ ရောမ ၈း၃၁ တွင် “သို့ဖြစ်၍ ဤ အရာများတို့၌ အဘယ်သို့ ပြောစရာရှိသနည်း။ ဘုရားသခင်သည် ငါတို့ဘက်၌ ရှိတော်မူလျှင်၊ အဘယ်သူသည် ငါတို့တဘက်၌ နေနိုင် မည်နည်း”ဟု ဖော်ပြထားသည်။ ရေနှင့်ဝိညာဉ်တော်သတင်းကောင်း ယုံကြည်သူများကို ဤလောက၌ အဘယ်သူသည် ဆန့်ကျင်နိုင်ကြ မည်နည်း။ ဘုရားသခင်သည် လူသားများအား ရေနှင့်ဝိညာဉ်တော် သတင်းကောင်းအားဖြင့် လောကအပြစ်များမှ ကယ်တင်တော်မူခဲ့ သောအခါ မည်သူသည် ကိုယ်တော်၏တန်ခိုးကို အချည်းနှီးယူ ‌ဆောင်နိုင်ကြမည်နည်း။ ရေနှင့်ဝိညာဉ်တော်သတင်းကောင်း ယုံ ကြည်သူများအပေါ် သခင်ယေရှုကို နာမည်ခံယုံကြည်သူများဖြစ်စေ၊ စာတန်ဖြစ်စေ သူတို့ကို တိုက်ခိုက်နိုင်မည်မဟုတ်ပေ။ အနိုင်လည်း ယူနိုင်မည် မဟုတ်ပေ။
 


ကိုယ်တော်သည် ကျွန်ုပ်တို့အား တစ်ကြိမ်တည်း ဖြောင့်မတ်စေတော်မူခဲ့သည်


‌ရောမ ၈း၂၉-၃၀ တွင် “အကြောင်းမူကား ဘုရားသခင်သည် သိထားနှင့်တော်မူသောသူတို့ကို မိမိသားတော်၏ပုံသဏ္ဌာန်နှင့်တူညီစေရန် ကြိုတင်သတ်မှတ်ထားတော်မူ၏။ ဤသည်ကား သားတော်သည် များစွာသောညီအစ်ကိုတို့တွင် သားဦးဖြစ်မည့်အကြောင်းတည်း။ထိုသို့ကြိုတင်သတ်မှတ်ထားတော်မူသောသူတို့ကို ဘုရားသ ခင်သည် ခေါ်ယူတော်မူပြီး ခေါ်ယူတော်မူသောသူတို့ကို ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုတော်မူ၍ ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုတော်မူသောသူတို့ကို ချီးမြှောက်တော်မူ၏”ဟု ဖော်ပြထားသည်။
ခမည်းတော်ဘုရားသခင်သည် ခရစ်တော်၌ အပြစ်သားများ အားလုံးကို ကယ်တင်တော်မူရန်ကြံစည်တော်မူခဲ့သည်ကိုလည်း ကောင်း၊ ရေနှင့်ဝိညာဉ်တော်သတင်းကောင်းအားဖြင့် သူတို့ကို ခေါ် တော်မူ၍ သူတို့အား ကိုယ်တော်၏သားသမီးများဖြစ်လာရန် သူတို့ အပြစ်များအားလုံးကို တစ်ကြိမ်တည်းဆေးကြောပေးခဲ့သည်ကို လည်းကောင်း ဤအရာက ဖော်ပြထားသည်။ ကိုယ်တော်သည် ရေ နှင့်ဝိညာဉ်တော်သတင်းကောင်းအားဖြင့် အပြစ်သားများအားလုံးကို အပြစ်များမှ ရွေးနှုတ်ကယ်တင်တော်မူခဲ့သောအခါ မည်သူသည် ကိုယ်တော်ပြုတော်မူခဲ့သောအမှုကို ဆန့်ကျင်နိုင်မည်နည်း။
ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ခြင်းခံရသောသူများအပေါ် မည်သူသည် ဆန့်ကျင်ကာ အ နိုင်ယူနိုင်ကြမည်နည်း။ ဤအရာသည် အဓိပ္ပါယ်မရှိပေ။ ရေနှင့်ဝိ ညာဉ်တော်သတင်းကောင်းကို ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ် ခြင်းခံရသောသူများကို ဆန့်ကျင်သူများသည် ဘုရားသခင်ကို ဆန့် ကျင်သူများဖြစ်ကြသည်ဟု သင်နားမည်သဘောပေါက်ရမည် ဖြစ် သည်။ သင်သည် အပြစ်များအားလုံးကို အဖိုးအခများအားလုံးပေး ဆပ်၍ ကယ်တင်ခြင်းခံရရန် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို ယုံကြည်ရမည် ဖြစ်သည်။ သင်၏စိတ်နှင့်နှလုံးသည် သမ္မာတရား သ တင်းကောင်းကို ဆန့်ကျင်နေလျှင် သင်သည် အပြစ်များမှ ကယ်တင် ခြင်းမခံရနိုင်ဘဲ သင်သည် အပ္ပါယ်ငရဲသို့ တရားစီရင်ခြင်း ခံရမည် ဖြစ်သည်။
 


ဘုရားသခင်၏ဖြောင့်မတ်ခြင်းခံရသောသူများကို မည်သူ မည်ဝါကမျှ မဆန့်ကျင်နိုင်ပေ


“သို့ဖြစ်လျှင် ဤအရာများကိုထောက်၍ မည်သို့ဆိုရမည်နည်း။ ဘုရားသခင်သည် ငါတို့ဘက်၌ရှိတော်မူလျှင် မည်သူသည် ငါတို့ကို ဆန့်ကျင်နိုင်မည်နည်း”(ရောမ၈း၃၁)။ ထိုဘုရားသည် ရေ နှင့်ဝိညာဉ် တော်သတင်းကောင်းအားဖြင့် ကျွန်ုပ်တို့အပြစ်များအားလုံးကို ယူ ဆောင်သွားတော်မူခဲ့၍ ကယ်တင်တော်မူခဲ့သောဘုရား ဖြစ်တော်မူ သည်။ ထိုနောက် ရေနှင့်ဝိညာဉ်တော်သတင်းကောင်း ယုံ ကြည် ခြင်းအားဖြင့် အပြစ်များမှ ကယ်တင်ခြင်းခံရသောသူများကို မည် သူသည် ဆန့်ကျင်နိုင်မည်နည်း။ ဤသို့သော ယုံကြည်မှုသည် မှားယွင်းနေသည်ဟု မည်သူပြောနိုင်မည်နည်း။ ဆန့်ကျင်လျှင် အ ချည်းနှီးကျင့်ဆောင်ခြင်း ဖြစ်လိမ့်မည်။ ဘုရားသခင်သည် ရေနှင့်ဝိ ညာဉ်တော်သတင်းကောင်း ယုံကြည်သူများ၏ယုံကြည်ခြင်ကို အသိ အမှတ်ပြုတော်မူခဲ့သည်။
လူတစ်ဉီးသည် ဤအရာကို မည်သို့ စိန်ခေါ်နိုင်မည်နည်း။ သ ခင်ယေရှုသည် ဗတ္တိဇံနှင့် ကားတိုင်ပေါ်တွင် အသွေးတော်အားဖြင့် လောကအပြစ်များအားလုံးကို ယူဆောင်သွားတော်မူခဲ့သည်။ ဤအ ရာကို ယုံကြည်သူများသည် မှားယွင်းသည်ဟု မည်သူပြေနိုင်ကြမည် နည်း။ မည်သူမည်ဝါမျှ မပြောနိုင်ပေ။
ရှင်ပေါလုက ရောမ ၆း၃ တွင် “သို့မဟုတ် ခရစ်တော်ယေရှု၌ ဗတ္တိဇံခံခဲ့သောငါတို့သည် ကိုယ်တော်၏အသေခံတော်မူခြင်း၌ ဗတ္တိ ဇံခံခဲ့ကြောင်း သင်တို့မသိကြသလော”ဟု ပြောခဲ့သည်။ ရှင်ပေါလုက သူ၏အပြစ်များအားလုံး သခင်ယေရှုအပေါ်သို့ လွှဲပြောင်းစေ၍ ဆေးကြောသန့်ရှင်းစင်ကြယ်စေ၍ရှင်ပေါလုသည်သခင်ယေရှုနှင့်အတူ အသေခံ၍ သေခြင်းမှရှင်ပြန်ထမြောက်စေသော သခင်ယေရှု၏ ဗတ္တိဇံနှင့် ကားတိုင်ပေါ်တွင် အသွေးတော်ကို ယုံကြည်ခဲ့သည်ကို သူဖော်ပြလိုခြင်း ဖြစ်သည်။
ဂလာတိ ၃း၂၇ တွင်လည်း “အဘယ်ကြောင့်ဆိုသော် ခရစ် တော်၌ဗတ္တိဇံခံသောသူရှိသမျှတို့သည် ခရစ်တော်ကိုဝတ်ဆင်ကြ၏” 
ဟု ပြောထားသည်။ ဤကျမ်းချက်က သခင်ယေရှုသည် ဗတ္တိဇံခံယူ တော်မူခြင်းအားဖြင့် လောကအပြစ်များအားလုံးကို ယူဆောင်သွား တော်မူ၍ ဤအပြစ်များအတွက် ကားတိုင်ပေါ်တွင် အသေခံကာ ရှင် ပြန်ထမြောက်တော်မူခဲ့သည်။ ဤသမ္မာတရားကို ယုံကြည်သူများ သည် ဘုရားသခင်၏သားသမီးဖြစ်လာလိမ့်မည်ဟူသောကောင်းကြီး မင်္ဂလာကို အားလုံးအပေါ် ချပေးတော်မူသည်။ ရှင်ပေါလု၏ယုံကြည် ခြင်းသည် သခင်ယေရှု၌ သူဗတ္တိဇံခံယူခဲ့၍ ကိုယ်တော်နှင့်အတူ ကား တိုင်ပေါ်တွင်အသေခံခဲ့ကာကိုယ်တော်နှင့်အတူသေခြင်းမှ ရှင်ပြန်ထ မြောက်ခဲ့သည်ဟူသော ယုံကြည်ခြင်း၌ ခိုင်ခံ့စွာ အမြစ်တွယ်ခဲ့သည်။ ထိုကြောင့် သင်သည် သခင်ယေရှု၏ဗတ္တိဇံကို တစ်ကြိမ်ယုံကြည် သောအခါ သင်၏အပြစ်များအားလုံး ဆေးကြောခြင်းခံရ၍ သင် သည် ခရစ်တော်နှင့်အတူ သေခြင်းမှထမြောက်ခြင်းအားဖြင့် ဘုရား သခင်၏သားဖြစ်လာသည်။
“အဘယ်ကြောင့်ဆိုသော် ခရစ် တော်၌ဗတ္တိဇံခံသောသူရှိသမျှတို့သည် ခရစ်တော်ကိုဝတ်ဆင်ကြ၏။”တစ်နည်းအားဖြင့်၊ သခင် ယေရှုသည် လောကအပြစ်များအားလုံးကို ယူဆောင်သွားတော်မူရန် ဤလောကသို့ ကြွဆင်းတော်မူ၍ ဗတ္တိဇံယောဟန်ထံမှဗတ္တိဇံခံယူ တော်မူခဲ့သည်ဟု ယုံကြည်သူများသည် သခင်ယေရှု၌ ဗတ္တိဇံခံယူကြ သည်။ ထိုပြင်၊ သူတို့သည် သခင်ယေရှုနှင့်အတူ ကားတိုင်ပေါ်တွင် အသေခံခဲ့ကြသည်ကိုလည်းကောင်း၊ ယုံကြည်ခြင်းအားဖြင့် သူတို့ သည် ကိုယ်တော်နှင့်အတူ ရှင်ပြန်ထမြောက်ခဲ့ကြသည်ကိုလည်း ကောင်း သူတို့သည်လည်း ယုံကြည်ကြသည်။
သခင်ယေရှု၏ဗတ္တိဇံနှင့်အသွေးတော်ကို ယုံကြည်သူများသည် သူတို့၏အပြစ်များမှ ကယ်တင်ခြင်းခံရလိမ့်မည်။ သခင်ယေရှုသည် ဘုရားသခင်၏သားတော်ဖြစ်တော်မူသည့်အတိုင်း ခရစ်တော်၏ဗတ္တိ ဇံနှင့် အသွေးတော်ကို ယုံကြည်သူများသည် ဘုရားသခင်၏သားသ မီးများဖြစ်ရသည်ဟု ယုံကြည်ခြင်းအားဖြင့် သူတို့သည် အပြစ်များမှ ရွေးနှုတ်ခြင်းခံရကြသည်။ “အဘယ်ကြောင့်ဆိုသော် ခရစ် တော်၌ဗတ္တိဇံခံသောသူရှိသမျှတို့သည်ခရစ်တော်ကိုဝတ်ဆင်ကြ၏။” ကျွန်ုပ် တို့သည် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို ယုံကြည်ကြ သော အခါကျွန်ုပ်တို့သည်ဘုရားသခင်၏သားသမီးများဖြစ်လာရန် အတွက် ခရစ်တော်၏ဖြောင့်မတ်ခြင်းကို ယူဆောင်ဝတ်ဆင်ကြ သည်။ 
ရှင်ပေါလုသည် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို ယုံ ကြည်ခြင်းအားဖြင့် ကြီးမားသောကောင်းကြီးမင်္ဂလာရရှိခဲ့သော ကြောင့် သူသည် ထိုအကြောင်းကို ပြောကြားခဲ့ခြင်း ဖြစ်သည်။ သို့ သော် လူများစွာတို့သည် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းနှင့်အ တူရောက်လာသော ဘုရားသခင်ထံတော်မှ ဤသို့ကောင်းကြီးမင်္ဂ လာကို မရရှိကြပေ။ လူအများစုတို့သည် ရှင်ပေါလုဟောပြောခဲ့သော သတင်းကောင်းမှာ ကားတိုင်ပေါ်တွင် အသွေးတော်သတင်းကောင်း ဖြစ်သည်ဟု ထင်တတ်ကြသည်။ သို့သော် သမ္မာတရားမှာ သူသည် သခင်ယေရှု၏ဗတ္တိဇံနှင့် ကားတိုင်ပေါ်တွင် အသွေးတော်ပေါင်းစည်း ထားသော ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို ယုံကြည်၍ ဟော ပြောခြင်း ဖြစ်သည်။
ထိုနောက် ယနေ့ ခရစ်တော်၏နောက်လိုက်သူများသည် ဘာ ကြောင့် ဤရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို သတိမမူကြသ နည်း။ အကြောင်းမှာ ကနဉီးအသင်းတော်၌ ရေနှင့်ဝိညာဉ်တော်သ တင်းကောင်းဟောပြောခြင်းကို ကာလအချိန်ကြာလာသည်နှင့်အမျှ ပြောင်းလဲသောကြောင့် ဖြစ်သည်။ ကနဉီးအသင်းတော်ခေတ်ကာလ တွင် ယုံကြည်သူများအားလုံးသည် ရေနှင့်ဝိညာဉ်တော်သတင်း ကောင်းကို ယုံကြည်ကြ၍ ဟောပြောခဲ့ကြသည်။
သို့သော် သတင်းကောင်းသည် ပြောင်းလဲခဲ့၍ ကိုယ်တော်၏ ဗတ္တိဇံကို ပယ်ဖျက်ကြကာ ခရစ်တော်၏အသွေးတော်ကိုသာ ဟော ပြောခဲ့ကြသည်။ ဤအရာက ယခုတွင် ဘာကြောင့် လူများစွာတို့က ကနဉီးအသင်းတော်ခေတ်ကာလ၏စစ်မှန်သောသတင်းကောင်းမှ လမ်းလွှဲသွေဖယ်သော ကားတိုင်ပေါ်တွင် အသွေးတော်ကိုသာ ယုံ ကြည်ကြသည်ဟု ရှင်းပြထားသည်။
ဤပုဂ္ဂိုလ်များသည် သူတို့၌ အပြစ်ရှိသေးသည်။ သူတို့သည် ဘု ရားသခင်၏ဖြောင့်မတ်ခြင်းကို ထင်ရှားစေသော ရေနှင့်ဝိညာဉ်တော် သတင်းကောင်းကို လျစ်လျူရှုကြသောကြောင့် သူတို့သည် အပြစ် သားများဖြစ်ကြ၍ သူတို့သည် သခင်ယေရှုကို ယုံကြည်ကြသည်ဟု ပြောကြသော်လည်း ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ဆန့်ကျင်နေ ကြသေးသည်။
ဝိညာဉ်ရေးရာမျက်ကန်းသူများသည် မည်သည့်အရာကို မြင်နိုင် ကြမည်နည်း။ မျက်ကန်းသောသူများသည် ဆင်ကြီးကို တို့ထိ၍ သိရှိ ရန်ကြိုးစားနိုင်ကြသည်။ မျက်ကန်းသူတစ်ဉီးသည် ဆင်ကြီး၏ခြေ ထောက်ကို တို့စမ်း၍ ဆင်ကြီးသည် သစ်တိုင်ကြီးဖြစ်သည်ဟု ပြော နိုင်သည်။ အခြားမျက်ကန်းသူတစ်ဉီးသည် ဆင်ကြီး၏နှာခေါင်းကို တို့ထိ၍ သူသည် ဆင်းကြီးကို ယခင်က မမြင်ဘူးခဲ့သော်လည်း သူက ဆင်ကြီးမှာ ရှည်လျားသောအရာဖြစ်သည်ဟု ပြောသည်။ ထိုနည်း တူ၊ ဝိညာဉ်ရေးရာမျက်ကန်းသူတစ်ဉီးသည် ရေနှင့်ဝိညာဉ်တော်သ တင်းကောင်း၏ကြီးမြတ်မှုကို လုံးဝပြောနိုင်မည် မဟုတ်ပေ။
ထိုကြောင့် ရေနှင့်ဝိညာဉ်တော်သတင်းကောင်း၏ကောင်းကြီး မင်္ဂလာကို မသိသောသူများက ထိုအကြောင်းကို မဟောပြောနိုင်ကြ ပေ။ မျက်မြင်သောသူသည် နှုတ်ဖြင့် လူတစ်ဉီးပြောသောအရာများ ကို အလွယ်တကူ နားလည်သဘောပေါက်နိုင်ကြသည်။ သို့သော် မျက်ကန်းသူတစ်ဉီးသည် ထိုအရာကို အမှန်အကန် နားလည်နိုင်မည် မဟုတ်ပေ။
လူများသည် အပြစ်သားများဖြင့် မွေးဖွားလာခဲ့ကြသည်။ ကျွန်ုပ် 
တို့သည်မွေးစကတည်းက ဝိညာဉ်ရေးရာ၌ အပြစ်သားများဖြစ်ကြ သောကြောင့် ကျွန်ုပ်တို့သည် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို မသိကြခြင်း ဖြစ်သည်။ ကားတိုင်ပေါ်တွင် အသွေးတော်ကိုသာ ယုံ ကြည်သောသူများသည် ခရစ်ယာန်ဘာသာကို ကိုယ့်နည်းကိုယ်ဟန် ဖြင့် ဗားရှင်းအသစ် ဖြစ်စေခဲ့ကြသည်။ သူတို့သည် သခင်ယေရှုကို ယုံကြည်ကြသော်လည်း ကားတိုင်ပေါ်တွင် အသွေးကိုသာ ယုံကြည် ကြသည်ဟု သူတို့ပြောကြသောအခါ သူတို့၏အပြစ်များကို မည်သို့ ဆေးကြောပေးနိုင်မည်နည်း။ ကာလအချိန်ကုန်လာသည်နှင့်အမျှ သူ တို့၏အပြစ်များကို ပို၍ စုပုံလာပါသည်။
သခင်ယေရှု၏အသွေးတော်သာလျှင် ကယ်တင်ခြင်းအဖြစ် ယုံ ကြည်သူများသည် ဝိညာဉ်ရေးရာ၌ မနိုးကြားသောသူများဖြစ်ကြ သည်။ သို့သော် သခင်ယေရှုက ယောဟန် ၃း၅ တွင် “သင့်အား ငါအမှန်အကန်ဆိုမည်။ လူသည် ရေနှင့်ဝိညာဉ်တော်အားဖြင့် မွေးဖွားခြင်းကိုမခံလျှင် ဘုရားသခင်၏နိုင်ငံတော်သို့မဝင်နိုင်”ဟု မိန့်တော် မူခဲ့သည်။ ထိုကြောင့် ကျွန်ုပ်တို့သည် ဘုရားသခင်၏သားသမီးများ ဖြစ်လာခြင်းဘုန်းအသရေဖြင့် ကောင်းကြီး မင်္ဂလာခံစားနိုင်ရန်နှင့် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်နိုင်ရန်အတွက် ရေနှင့်ဝိညာဉ် တော်သတင်းကောင်းကို ယုံကြည်ရကြမည် ဖြစ်သည်။ 
ရှင်ပေါလုသည် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို ယုံ ကြည်ခဲ့သောကြောင့် သူက ယုံကြည်ခြင်းအားဖြင့် “သို့ဖြစ်လျှင် ဤအရာများကိုထောက်၍ မည်သို့ဆိုရမည်နည်း။ ဘုရားသခင်သည် ငါတို့ဘက်၌ရှိတော်မူလျှင်မည်သူသည်ငါတို့ကို ဆန့်ကျင်နိုင်မည်နည်း”
(ရောမ ၈း၃၁)ဟု ပြောခဲ့သည်။ ရေနှင့်ဝိညာဉ်တော် သတင်းကောင်း မသိသောသူများသည် ဘုရားသခင်၏သားသမီးများကို ဆန့်ကျင်နိုင် ကြမည်လော။ သူတို့သည် ဘုရားသခင်၏သားသမီးများကို ဆန့် ကျင်နိုင်ကြသော်လည်း သူတို့သည် သူတို့အပေါ် ဘယ်တော့မှ အနိုင် မယူနိုင်ကြပေ။ ကားတိုင်ပေါ်တွင် အသွေးတော်တစ်ခု တည်းကိုသာ ယုံကြည်သူများသည် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းယုံ ကြည် သူများအပေါ် အနိုင်မယူနိုင်ကြပေ။ 
ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ဆန့်ကျင်သူများသည် ကိုယ် တော်၏ရန်သူများသာ ဖြစ်နိုင်ကြသောကြောင့် သူတို့သည် ကိုယ် တော်၏ကောင်းကြီးမင်္ဂလာများကို ဘယ်တော့မှ မခံစားနိုင်ကြပေ။ ဘုရားသခင်၏ဖြောင့်မတ်ခြင်းထင်ရှားသော သတင်းကောင်း၊ ရေနှင့် ဝိညာဉ်တော်သတင်းကောင်းကို ယုံကြည်ခြင်းမရှိဘဲ မည်သူမည်ဝါ မျှ ကယ်တင်ခြင်းမခံစားနိုင်ပေ။ ကောင်းကင်နိုင်ငံတော်သို့ သွားရန် ယုံကြည်ခြင်းလည်းမရှိနိုင်ပေ။ ရေနှင့်ဝိညာဉ်တော်သတင်းကောင်း ယုံကြည်သူများသည် မိစ္ဆာသတင်းကောင်းအပေါ် အောင်မြင်ခြင်းအ ခွင့်ရရှိကြ၍ စစ်မှန်သောအရာတစ်ခုသို့ ပြန်လှည့်နိုင်ကြသည်။ ဘု ရားသခင်၏သားသမီးများသည် လောကနှင့် မာရ်နတ်ကို အောင်နိုင် ကြသည်။
အချို့တို့သည် သခင်ယေရှု၏ဗတ္တိဇံနှင့် အသွေးတော်တို့ကို ရှင်း လင်းစွာ နားလည်သဘောပေါက်ကြပေ။ သူတို့မှားယွင်းသော နား လည်သဘောပေါက်ခြင်းများက သူတို့ကို မှားယွင်းသော ယုံကြည် ခြင်းသို့ ပို့ဆောင်ပေးသည်။ သင်သည် ကားတိုင်ပေါ်တွင် အသွေး တော်ကို ယုံကြည်သော်လည်း သခင်ယေရှု၏ဗတ္တိဇံသတင်းကောင်း ကို ယုံကြည်ခြင်းအားဖြင့် အပြစ်များဖြေလွှတ်ခြင်းအကြောင်းကို များစွာ မတွေ့လျှင် သင်၏ယုံကြည်မှုသည် မှားယွင်းသည်။
ဘုရားသခင်ရှေ့တော်၌ ရေနှင့်ဝိညာဉ်တော်သတင်းကောင်းယုံ ကြည်သူများသည် ကိုယ်တော်၏ဖြောင့်မတ်ခြင်းရရှိ၍ စစ်မှန်သော ယုံကြည်ခြင်းရှိသူများ ဖြစ်ကြသည်။ ကားတိုင်ပေါ်တွင် သားတော်၏ အသွေးကိုသာ ယုံကြည်သူများသည် မှားနေသည်ဟု ဘုရားသခင်မိန့် တော်မူသည်။ ကိုယ်တော်၏ဖြောင့်မတ်ခြင်းကို မယုံကြည်သူများ သည် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို မယုံကြည်၊ အသိအ မှတ်မပြုကြပေ။ သို့သော် ကိုယ်တော်၏ဖြောင့်မတ်ခြင်းကို ယုံကြည် သူများသည် ကားတိုင်ပေါ်တွင် ခရစ်တော်၏အသွေးတော်နှင့် သူတို့ အပြစ်များဖယ်ရှားပေးသော ဗတ္တိဇံကို ယုံကြည်ကြသည်။
ကျွန်ုပ်တို့သည် မိမိလည်ပင်ခိုင်မာမှုကို စွန့်ပစ်ရကြမည် ဖြစ် သည်။ ရေနှင့်ဝိညာဉ်တော်သတင်းကောင်း မထောက်ခံသောသူများ က မိစ္ဆာယုံကြည်မှုများသည် မှန်ကန်သည်ဟု ဆိုတတ်ကြသည်။ အ သွေးတော်ကိုသာ ယုံကြည်သူများသည် ကိုယ်တော်၏ဖြောင့်မတ် ခြင်းတစ်ဝက်ယုံကြည်မှုရှိကြသည်။ ရေနှင့်ဝိညာဉ်တော်သတင်း ကောင်း ယုံကြည်သူများသာလျှင် ပြည့်စုံသောယုံကြည်ခြင်းရှိကြ သည်။ သူတို့သာလျှင် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ယုံကြည်ကြ ၍ ကိုယ်တော်၏ဖြောင့်မတ်ခြင်းကို ရရှိကြသည်(မဿဲ ၃း၁၅၊ ၁၁း၁၁)။
အသွေးကိုသာယုံကြည်ခြင်းအားဖြင့်ရေးသားသောစာအုပ်များ သည် စက္ကူကို အမှိုက်သို့ ပြောင်းလဲလိုက်သည်။ တစ်ကြိမ်က သီအို လောဂျီပညာရှင်များဆွေး‌နွေးခဲ့ကြသော ဓမ္မခံယူချက်များကို ယခု တွင် ခရစ်ယာန်များအားဖြင့် လျစ်လျူရှုခြင်းခံရကြသည်။ သို့သော် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းသည် အာရုံစူးစိုက်ခြင်းခံရသည်။ ဤသမ္မာတရားသည် တမန်တော်ခေတ်ကတည်းကတည်ရှိခဲ့၍ ဘယ်တော့မှ ပြောင်းလဲမှုမရှိပေ။ ဘုရားသခင်၏နှုတ်ကပတ်တော် သည် ထာဝရတည်တံ့သည်။ သို့သော် အသွေးတော်တစ်ခုတည်းကို သာယုံကြည်သူများသည် လူများ၏စိတ်များမှ ပယ်ဖျက်ခြင်းခံရကြ သည်။ မည်သည့်အကြောင်းကြောင့်နည်း။ အကြောင်းမှာ ဘုရားသ ခင်၏ဖြောင့်မတ်ခြင်းတစ်ဝက်ဖြစ်သောအသွေးသည် အပြစ်သားများ အပေါ် မည်သည့်အကျိုးတစ်စုံတစ်ခုမျှ မပေးနိုင်သောကြောင့် ဖြစ် သည်။
ပွင့်ပွင့်လင်းလင်းပြောရလျှင် ယနေ့ ခရစ်ယာန်များဖြစ်စေ၊ ခ ရစ်ယာန်မဟုတ်သောသူများဖြစ်စေ၊ လူအများစုတို့သည် အပြစ်များ စွာ ကျူးလွန်ကြသည်။ ဤအပြစ်များအားလုံးကို အသွေးတော်တစ် ပါးတည်းအားဖြင့် မည်သို့ လွတ်မြောက်ခြင်းခံရနိုင်မည်နည်း။ ကား တိုင်ပေါ်တွင် အသွေးတော်ကိုသာ အထူးပြုသောဓမ္မခံယူချက်များက သူတို့သည် အပြစ်ကျူးလွန်သည့်အချိန်တိုင်းတွင် ခွင့်လွှတ်ခြင်းအ တွက် ဆုတောင်းရန် လူများကို တိုက်တွန်းသည်။ သို့သော် သူသည် မိမိအပြစ်များခွင့်လွှတ်ခြင်းခံရရန် မည်မျှကြာ ဆုတောင်းနိုင်ကြမည် နည်း။ သူတို့သည် မည်သည့်အပြောစေကာမူ သူတို့သည် အပြစ်များ ဖြေလွှတ်ခြင်းအခွင့်ရရှိလိမ့်မည် မဟုတ်ပေ။
သခင်ယေရှုသည် ဤလောကသို့ ကြွဆင်းတော်မူ၍ ဗတ္တိဇံခံယူ ‌တော်မူခြင်းမရှိဘဲ အသွေးတော်သွန်းလောင်းတော်မူခဲ့သလော။ ဤ အရာသည် မမှန်ကန်ကြောင်း သင်သိသည်။ သခင်ယေရှုသည် ဤ လောကသို့ ကြွဆင်းတော်မူ၍ ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် အပြစ် များအားလုံးကို ယူဆောင်သွားတော်မူခဲ့သည် (မဿဲ ၃း၁၅)။ ကိုယ် တော်သည် ကားတိုင်ပေါ်တွင် အသေခံတော်မမူမီ ယောဟန်အား ဖြင့် ဗတ္တိဇံခံယူတော်မူခဲ့ပြီးနောက် ကားစင်တင် အသေခံတော်မူခဲ့ သည်။ သခင်ယေရှုသည် ဤသို့ဖြင့် ဖြောင့်မတ်ခြင်းအားလုံးကို ပြည့် စုံစေတော်မူခဲ့သည်။ သင်သည် ယောဟန်ထံမှ သခင်ယေရှုခံယူ တော်မူခဲ့သော ဗတ္တိဇံကို ယုံကြည်လျှင် နေ့တိုင် အပြစ်များခွင့်လွှတ် ခြင်းအတွက် ကိုဘ်တော်၏ဂရုဏာတော်ရရှိရန် ငိုကြွေးစရာမလိုအပ် ပေ။ ထိုသို့ဖြစ်မည့်အစား သင်သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်း ကို ယုံကြည်၍ ပြည့်စုံသောကယ်တင်ခြင်းရရှိရမည် ဖြစ်သည်။
သခင်ယေရှုသည် လောကအပြစ်များအားလုံးကို မိမိပခုံးပေါ် တွင် ယူဆောင်သွားရန် ဗတ္တိဇံခံယူတော်မူခဲ့၍ လောကအပြစ်များကို တစ်ကြိမ်တည်းတရားစီရင်ခြင်းခံရန်အတွက် ကားစင်တင်အသေခံ တော်မူခဲ့သည်။ သခင်ယေရှု၏ဗတ္တိဇံနှင့် အသွေးတော်တို့ကို ယုံ ကြည်ခြင်းအားဖြင့်သာလျှင် ရွေးနှုတ်ကယ်တင်ခြင်းခံရနိုင်သည်။
 

သခင်ယေရှုသည် ကျွန်ုပ်တို့ကျူးလွန်သောအပြစ်များထက် ပို၍ကြီးမားသောကယ်တင်ခြင်းကို ပေးခဲ့သလော

သခင်ယေရှုပေးအပ်တော်မူခဲ့သော ရွေးနှုတ်ကယ်တင်ခြင်းမှာ ကျွန်ုပ်တို့ကျူးလွန်ခဲ့သောအပြစ်များနှင့် ကျူးလွန်မည့်များအားလုံး ထက် အလွန်ကြီးမားသည်။ အကယ်၍ သခင်ယေရှု၏ဗတ္တိဇံနှင့်အ သွေးတို့သည် လူသားများ၏အပြစ်များထက် ပို၍မကြီးလျှင် ကျွန်ုပ် တို့သည် သခင်ယေရှုကို ကယ်တင်ရှင်အဖြစ် ယုံကြည်နိုင်မည်မ ဟုတ်ပေ။ ရွေးနှုတ်ကယ်တင်ခြင်းလည်းရရှိမည် မဟုတ်ပေ။သို့သော် ဘုရားသခင်၏ကောင်းမြတ်ခြင်းမှာ အလွန်ကြီးမားသောကြောင့် ကိုယ်တော်၏ဗတ္တိဇံအားဖြင့် လောကအပြစ်များကို ကိုယ်တော် သည် တစ်ကြိမ်တည်း ယူဆောင်ခဲ့ခြင်း ဖြစ်သည်။
ထိုနည်းတူ၊ ကောင်းကင်နိုင်ငံတံခါးဝသည် ကျယ်ပြန့်စွာ ဖွင့် နေသည်။ သို့သော် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းယုံကြည်ခြင်း မရှိဘဲ ဤတံခါးသို့ မည်သူမည်ဝါမျှ မဝင်နိုင်ကြပေ။ သင်သည် ရေ နှင့်ဝိညာဉ်တော်သတင်းကောင်းယုံကြည်သူများကို ဆန့်ကျင်နိုင် သည်။ သို့သော် သင်သည် ဘုရားသခင်၏ကြောက်မက်ဖွယ်ကောင်း သော တရားစီရင်ခြင်းမှ မဖုံးကွယ်နိုင်ပေ။ ထိုကြောင့် သင်သည် ဘု ရားသခင်၏ဖြောင့်မတ်ခြင်းပြည့်စုံစေသော သခင်ယေရှု၏ဗတ္တိဇံနှင့် အသွေးတော်ကို ယုံကြည်မှုအပေါ် အနိုင်ယူနိုင်မည်ဟု မတွေးသင့် ပေ။ 
ရေနှင့်ဝိညာဉ်တော်သတင်းကောင်းဆန့်ကျင်သူများစွာတို့သည် တမန်တော်ရှင်ပေါလုကိုလည်း ဆန့်ကျင်ကြသည်။ သို့သော် ရှင်ပေါ လုယုံကြည်ခဲ့သော ရေနှင့်ဝိညာဉ်တော်သတင်းသည် မှားနေသည်ဟု မည်သူမည်ဝါကမျှ မပြောနိုင်ပေ။ သခင်ယေရှုသည် ဘုရားသခင်၏ သားတော်နှင့်ကယ်တင်ရှင်ဖြစ်တော်မူခဲ့သည်ဟု သူတို့သည် ဝန်ခံခဲ့ ကြသည်။
ရောမ ၈း၃၂ တွင် “မိမိသားတော်ရင်းကို မနှမြောဘဲ၊ ငါတို့ရှိ သမျှ အဘို့အလိုငှါ စွန့်တော်မူသောသူသည်၊ သားတော်နှင့်တကွ ခပ် သိမ်းသောအရာတို့ကို ငါတို့အားမပေးဘဲ အဘယ်သို့ နေတော်မူမည် နည်း”ဟု ဖော်ပြထားသည်။ ခမည်းတော်ဘုရားသခင်သည် တစ်ပါး တည်းသောသားတော်ကို လောကသို့ စေလွှတ်တော်မူခဲ့၍ ကျွန်ုပ်တို့ အား အပြစ်များမှ ရွေးနှုတ်တော်မူရန်အတွက် ဗတ္တိဇံခံယူတော်မူ ခြင်း၊ကားတိုင်ပေါ်တွင် အသေခံတော်မူခြင်းနှင့် သေခြင်းမှရှင်ပြန်ထ မြောက်တော်မူခြင်းအားဖြင့် ထိုအပြစ်များအားလုံးကို ကိုယ်တော့အ ပေါ်သို့ လွှဲပြောင်းခဲ့သည်။
သခင်ယေရှုသည် ကျွန်ုပ်တို့အား လောကအပြစ်များမှ ကယ် တင်တော်မူ၍ မိမိသားသမီးများဖြစ်စေတော်မူရန်အတွက် ခမည်း တော်ဘုရားသခင်သည် ကျွန်ုပ်တို့အား တစ်ပါးတည်းသောသားတော် သခင်ယေရှုကို ပေးအပ်တော်မူခဲ့ည်။ ဘုရားသခင်သည် ရေနှင့်ဝိ ညာဉ်တော်သတင်း ကောင်းယုံကြည်သူအားလုံးကို ကိုယ်တော်၏ သားသမီးများဖြစ်စေရန်၊ ကောင်းကြီးမင်္ဂလာချပေးတော်မူရန်နှင့် ဖြောင့်မတ်သူများဖြစ်စေတော်မူရန်အတွက် ကိုဘ်တော်သည် တပါး တည်းသောသားတော်ကို စေလွှတ်တော်မူ၍ ဗတ္တိဇံခံယူတော်မူခဲ့ သည်။ ဘုရားသခင်သည် လူသားအားလုံးအား ကောင်းကင်ဆိုင်ရာ ကောင်းကြီးမင်္ဂလာများနှင့် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းပေး အပ်တော်မူရန် ကြံစည်တော်မူခဲ့သည်။ ဤကောင်းကြီးမင်္ဂလာများမှ တစ်ခုမှာ ရေနှင့်ဝိညာဉ်တော်သတင်းကောင်းယုံကြည်ခြင်းအားဖြင့် မိမိသားသမီးဖြစ်စေခြင်း ဖြစ်သည်။ 
“မိမိသားတော်ရင်းကိုပင် ချန်လှပ်မထားဘဲ ငါတို့အားလုံးအတွက် စွန့်တော်မူသောအရှင်သည် သားတော်နှင့်တကွ အရာခပ်သိမ်းတို့ကိုလည်း ငါတို့အားမပေးဘဲနေတော်မူမည်လော” (ရောမ ၈း ၃၂)။ “ခပ်သိမ်းသောအရာ”မှာ ဘုရားသခင်၏ဆုကျေးဇူးများကို ရည်ညွှန်းသည်။ မည်သည့်ဆုကျေးဇူးများဖြစ်သနည်း။ ဘုရားသခင် သည် သခင်ယေရှုကို ရရှိခဲ့သူများနှင့် ကိုယ်တော်၏နာမတော်ကို ယုံ ကြည်သူများအပေါ် ကိုယ်တော်၏သားသမီးများဖြစ်ရသောအခွင့်ကို ပေးအပ်တော်မူခဲ့သည်။ ရေနှင့်ဝိညာဉ်တော်သတင်းကောင်းယုံကြည် သူများသည် ဘုရားသခင်၏သားသမီးများဖြစ်စေတော်မူခဲ့သည်။ ရေ နှင့်ဝိညာဉ်တော်သတင်းကောင်း ယုံကြည်သူများသည် အပြစ်မရှိကြ ပေ။ သူတို့သည် ဖြောင့်မတ်သူများဖြစ်ကြ၍ ဘုရားသခင်၏စင် ကြယ်သောသားသမီးများဖြစ်လာကြသည်။ 
ဤအရာများအားလုံးကို ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်၏ သားသမီးများဖြစ်လာသူများသည် အနှစ်တစ်ထောင်နိုင်ငံတော်နှင့် ကောင်းကင်နိုင်ငံတော်ဖြင့် ဆုကျေးဇူးခံရကြသည်။ ဖြောင့်မတ်သူ များသည် ကောင်းကင်နိုင်ငံတော်၏ဘုန်းအသရေအားလုံးကို အမွေခံ ရန် ကောင်းကြီးမင်္ဂလာခံစားရကြသည်။
“ခပ်သိမ်းသောအရာကို အခမဲ့ပေးအပ်ခဲ့သည်”ကို လူအချို့တို့ က သန့်ရှင်းသောဝိညာဉ်တော်ပေးအပ်ခြင်းအဖြစ် အနက်ဖွင့်ဆို တတ်ကြသည်။ သူတို့က “ကျွန်ုပ်တို့သည် သခင်ယေရှုကို တစ်ကြိမ် ယုံကြည်သောအခါ သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်ုပ်တို့အ ပေါ်‌ ပေးအပ်ခဲ့သည်ကို ဆိုလိုသလော”ဟု တွေးကြသည်။ သင်သည် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို ယုံကြည်သောကြောင့် သင် သည် အပြစ်များဖြေလွှတ်ခြင်းနှင့် တစ်ချိန်တည်းမှာပင် သန့်ရှင်း သောဝိညာည်တော်ရရှိခြင်းမှာ မမှန်ကန်ပေ။ သန့်ရှင်းသောဝိညာဉ် တော်သည် အပြစ်ရှိသောနှလုံးသားများ၌ ကိန်းဝပ်တော်မမူပေ။ သန့် ရှင်းသောဝိညာဉ်တော်သည် ကျွန်ုပ်တို့အပြစ်များအားလုံးခွင့်လွှတ် ခြင်းခံရသောအခါ ကျွန်ုပ်တို့ထံ ရောက်ရှိတော်မူသည်။
ယုံကြည်သူများအတွက် သန့်ရှင်းသောဝိညာဉ်တော်ရရှိခြင်း ထက်ပိုများသောကောင်းကြီးမင်္ဂလာများရှိသေးသည်။ ကောင်းကင် ဆိုင်ရာ ကောင်းကြီးမင်္းလာများသည် ကျွန်ုပ်တို့အပေါ်သို့ မချထားမီ တိုင်အောင် ဘုရားသခင်၏ဆုကျေးဇူးများသည် မကုန်ဆုံးပေ။ ဤ လောက၌ လူများသည် အနာရောဂါငြိမ်းစေခြင်း၊ အခြားဘာသာစ ကားပြောခြင်းနှင့် ပရောဖက်ပြုခြင်းတို့ကို ဆုကျေးဇူးများအဖြစ်၊ အ စွမ်းအစများအဖြစ် ထင်တတ်ကြသည်။ သို့သော် ဤကျမ်းချက်တွင် ဖော်ပြထားသော ဆုကျေးဇူးများမှာ ကျွန်ုပ်တို့ခမည်းတော်ပိုင်ဆိုင် တော်မူသော ကောင်းကင်နိုင်ရာအရာများအားလုံးကို ရည်ညွှန်း သည်။ ဤဆုကျေးဇူးများအားဖြင့် ဘုရားသခင်သည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းရရှိသောမိမိသားသမီးများအပေါ် ချပေးတော်မူသော အရာများအားလုံးအကြောင်းကို ရှင်ပေါလုက ပြောကြားသည်။
ဘုရားသခင်သည် ကောင်းသောအရာအားလုံးကို ရေနှင့်ဝိညာဉ် တော်သတင်းကောင်းယုံကြည်သူအားလုံးအပေါ် ဆုကျေးဇူးအဖြစ် ပေးအပ်တော်မူလိမ့်မည်ဟု ကိုယ်တော်မိန့်တော်မူခဲ့သည်။ ဘုရားသ ခင်သည် ရေနှင့်ဝိညာဉ်တော်သတင်းကောင်း ယုံကြည်သူများအပေါ် ဒုတိယမွေးဖွားခြင်း ဆုကျေးဇူးကို ချပေးတော်မူခဲ့သည်။ ဘုရားသ ခင်သည် ရေနှင့်ဝိညာဉ်တော်သတင်းကောင်း ယုံကြည်သူများအပေါ် ကောင်းကင်နှင့်စပ်ဆိုင်သောအရာများအားလုံးကို ဆုကျေးဇူးအဖြစ် ချပေးတော်မူသည်။ ခရစ်ယာန်များသည် ဤလောက၌ အသက်ရှင် နေကြစဉ် ဒုက္ခဆင်းရဲများစွာ ခံစားရကြသည်။ သို့သော် ဘုရားသခင် ၏နိုင်ငံတော်ရောက်လာသောအခါ သူတို့သည် ကောင်းကင်ဘုန်းအ သရေကို ခံစားရရှိကြလိမ့်မည်။
 

သင်သည် အကြောင်းမဲ့ရွေးကောက်ခြင်းခံရသည်ဟု မပြောရပေ

‌ရောမ ၈း၃၃-၃၄ တွင် “မည်သူသည် ဘုရားသခင်ရွေးကောက်တော်မူသောသူတို့ကို ပြစ်တင်စွဲဆိုမည်နည်း။ ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုတော်မူသောအရှင်ကား ဘုရားသခင်ပေတည်း။ မည်သူသည် ပြစ်ဒဏ်စီရင်မည်နည်း။ အသေခံတော်မူသည်သာမက ထမြောက်တော်မူသော ခရစ်တော်ယေရှုသည် ဘုရားသခင်၏လက်ယာတော်ဘက်၌နေ၍ ငါတို့အတွက် အသနားခံပေးတော်မူ၏” ဟု ဖော်ပြသည်။ 
“မည်သူသည် ဘုရားသခင်ရွေးကောက်ခြင်းခံရသောသူများကို ဆန့်ကျင်နိုင်လိမ့်မည်နည်း။” သင်သည် ရေနှင့်ဝိညာဉ်တော်သတင်း ကောင်းအားဖြင့် ဘုရားသခင်ကယ်တင်တော်မူခဲ့သောသူများကို ဆန့်ကျင်နိုင်မည်လော။ မဆန့်ကျင်နိုင်ပေ။
သီအိုလောဂျီပညာရှင်များသည် အချို့ကို အခြေအနေမဲ့ရွေး ကောက်ခြင်းခံရ၍ အချို့တို့သည် ရွေးကောက်ခြင်းမခံရပေဟု ပြော ခြင်းအားဖြင့် ကယ်လ်ဗင်းပြောသောစကားကို ကိုးကားကြသည်။ သို့ သော် ကျွန်ုပ်တို့သည် ဘုရားသခင်၏ရှေ့တော်၌ “အခြေအနေမဲ့”စ ကားအသုံးအနှုန်းကို အသုံးမပြုရကြပေ။ ထိုသို့ပြုခြင်းအားဖြင့်၊ သူ တို့သည် ဘုရားသခင်ကို မသိကြသည်ကိုလည်းကောင်း၊ သူတို့ဓမ္မခံ ယူချက်သည်မှားနေသည်ကိုလည်းကောင်း သက်သေပြသည်။ အ ခြေအနေမဲ့ရွေးကောက်ခြင်းဟုဆိုရာတွင် ဘုရားသခင်သည် လူအချို့ တို့ကို အကြောင်းမဲ့ချစ်တော်မူ၍ အချို့တို့ကို မုန်းတော်မူသည်ကို ဆို လိုသည်။ ဘုရားသခင်သည် အချို့ကို ချစ်တော်မူ၍ အချို့ကို မုန်း တော်မူသည်ဟု ပြောသောအခါ ကိုယ်တော်သည် ဖြောင့်မတ်တော်မူ သည်ဟု ကျွန်ုပ်တို့ မည်သို့ ပြောနိုင်ကြမည်နည်း။ ဤအရာသည် ကျွန်ုပ်တို့ဘုရားမဟုတ်ပေ။ ကျွန်ုပ်တို့ဘုရားသည် ခရစ်တော်၌ လူ သားအားလုံးကို ချစ်တော်မူ၍ ပြုစုစောင့်ရှောက်တော်မူသည်။ 
အပိုဒ်ငယ် ၃၂ တွင် “မိမိသားတော်ရင်းကိုပင် ချန်လှပ်မထားဘဲ ငါတို့အားလုံးအတွက် စွန့်တော်မူသောအရှင်သည် သားတော်နှင့်တကွ အရာခပ်သိမ်းတို့ကိုလည်း ငါတို့အားမပေးဘဲနေတော်မူမည်လော”ဟု ဖော်ပြခဲ့သည်။ ဘုရားသခင်သည် လူသားများအား လုံးကို ကယ်တင်တော်မူရန်အတွက် သားတော်ကို စေလွှတ်တော်မူ ခဲ့သည်။ ကိုယ်တော်သည် ရေနှင့်ဝိညာဉ်တော်နှုတ်ကပတ်တော် အားဖြင့် ကျွန်ုပ်တို့အပြစ်များအားလုံးကို ဖယ်ရှားပေးတော်မူခဲ့သည် ဟု ဘုရားသခင်သည် ကျွန်ုပ်တို့အား ကိုယ်တော်အားဖြင့် ယုံကြည် စေတော်မူခဲ့သည်။ အပိုဒ်ငယ် ၃၃ တွင် “မည်သူသည် ဘုရားသခင်ရွေးကောက်တော်မူသောသူတို့ကို ပြစ်တင်စွဲဆိုမည်နည်း။ ဖြောင့် မတ်သည်ဟုအသိအမှတ်ပြုတော်မူသောအရှင်ကား ဘုရားသခင်ပေတည်း”ဟု ဖော်ပြထားသည်။ ဤတွင် “ဘုရားသခင်ရွေးကောက် တော်မူခြင်း”စကားလုံးမှာ ဘုရားသခင်သည် အခြေအနေမဲ့ လူအ ချို့တို့ကို ရွေးကောက်တော်မူခဲ့သည်ကို မဆိုလိုပေ။ ဘုရားသခင် သည် သခင်ယေရှုခရစ်တော်မပါဘဲ အသက်မရှင်သောသူများနှင့် ကိုယ်ပိုင်ဖြောင့်မတ်ခြင်းမရှိသော သူများကို မိမိဖြောင့်မတ်ခြင်းဝတ် လုံအားဖြင့် လွှမ်းခြုံရန် ရွေးကောက်တော်မူခဲ့သည်။
ဘုရားသခင်၏ဖြောင့်မတ်ခြင်းအားဖြင့် ရွေးကောက်ခြင်းခံရ သောသူများသည် သခင်ယေရှုဤလောကသို့ ကြွဆင်းတော်မူ၍ ဗတ္တိဇံခံယူကာ ကျွန်ုပ်တို့အပြစ်များအားလုံး ယူဆောင်သွားတော်မူ ရန်အတွက် ကားတိုင်ပေါ်တွင် အသက်တော်စတေးတော်မူခဲ့သည် ဟူသောသမ္မာတရားကို ယုံကြည်၍ မှီခိုအားထားသောသူများဖြစ်ကြ သည်။ သူတို့သည် ဘုရားသခင်ကို ယုံကြည်သူများဖြစ်ကြသည်။ ကိုယ်တော်သည် သူတို့ကို လောကအပြစ်များမှ ကယ်တင်တော်မူခဲ့ ၍ မိမိဖြောင့်မတ်ခြင်းဝတ်လုံတော်အားဖြင့် လွှမ်းခြုံတော်မူခဲ့သည်။
ထိုနောက် မည်သူသည် ဖြောင့်မတ်သူများကို ဆန့်ကျင်နိုင်မည် နည်း။ မည်သူကမျှ မဆန့်ကျင်နိုင်ကြပေ။ ကျွန်ုပ်တို့ယုံကြည်မှုသည် မှားယွင်းသည်ဟု မည်သူမည်ဝါကမျှ မပြောနိုင်ပေ။ ရေနှင့်ဝိညာဉ် တော်သတင်းကောင်းယုံကြည်ခြင်းအားဖြင့် အပြစ်များမှ ကယ်တင် ခြင်းခံရသူများနှင့် ရွေးကောက်ခြင်းခံရသောသူများကို မည်သူမည်ဝါ ကမျှ တရားမစီရင်နိုင်ကြပေ။ ကားတိုင်၏အသွေးတော်ကိုသာယုံ ကြည်သူများသည် ရေနှင့်ဝိညာဉ်တော်သတင်းကောင်း ယုံကြည်သူ များအား မှားယွင်းသည်ဟုမပြောနိုင်ကြပေ။ ဘုရားရှေ့တော်၌ သူတို့ ကိုလည်း မဆန့်ကျင်နိုင်ကြပေ။
လူအချို့တို့သည် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းယုံကြည် ခြင်းအားဖြင့် ဘုရားသခင်၏ဖြောင့်မတ်ခြင်းလွှမ်းခြုံသောသူများအ ပေါ် မှားယွင်းစွာ တရားစီရင်တတ်ကြသည်။ သို့သော ထိုအရာသည် မှန်ကန်သလော။ မမှန်ကန်ပေ။ ဘုရားသခင်၏မျက်မှောက်တော်၌ ဖြောင့်မတ်သူများဖြစ်လာရန် ရွေးကောက်ခြင်းခံရသောသူများ၏ ယုံကြည်ခြင်းသည် မည်သူမည်ဝါကမျှ မှားယွင်းစွာ တရားမစီရင်နိုင် ကြပေ။ 
ရေနှင့်ဝိညာဉ်တော်သတင်းကောင်းယုံကြည်သူများသည် အ ပြစ်သားများဖြစ်၍ သူတို့ယုံကြည်မှုသည် မှားယွင်းသည်ဟု မည်သူ ပြောနိုင်မည်နည်း။ ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ထင်ရှားစေ သော ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို ကျွန်ုပ်တို့သည် ကမ္ဘာ ပေါ်တွင်ရှိသောလူသားများအားလုံးထံ ဟောပြောနေကြသည်။
သို့သော် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းဟောပြောခြင်းအ တွက် မည်သူမည်ဝါကမျှ ကျွန်ုပ်တို့ကို မဆန့်ကျင်နိုင်ကြပေ။ ကား တိုင်၏အသွေးတော်ယုံကြည်ခြင်းကိုသာ မှန်ကန်သည်ဟု သက်သေ ပြသောလူအနည်းငယ်သာ ရှိကြသည်။ သို့သော် သူတို့က ရေနှင့်ဝိ ညာဉ်တော်သတင်းကောင်းယုံကြည်ခြင်းသည် မှားယွင်းသည်ဟု မ ပြောနိုင်ကြပေ။
စစ်မှန်သော ရေနှင့်ဝိညာဉ်တော်သတင်းကောင်းသည် ဘုရား သခင်၏ဖြောင့်မတ်ခြင်းပါဝင်သော သတင်းကောင်း ဖြစ်သည်။ ဤ အရာသည် စစ်မှန်သောသတင်းကောင်း ဖြစ်သည်။ အခြားသတင်း ကောင်းအားလုံးသည် မပြည့်စုံပေ။ ရေနှင့်ဝိညာဉ်တော်သတင်း ကောင်းဟောပြောခဲ့သော တမန်တော်ရှင်ပေါလုကဤစစ်မှန်သော သတင်းကောင်းကလွှဲ၍ အခြားသောသတင်းကောင်းမရှီနိုင်ပေဟု ပြောခဲ့သည်။ သူက “သို့သော် ငါတို့ကဖြစ်စေ၊ ကောင်းကင်မှ ကောင်းကင်တမန်ကဖြစ်စေ သင်တို့အား ငါတို့ဟောပြောသည့်ကောင်းမြတ်သောသတင်းနှင့် ကွဲလွဲခြားနားသည့်အရာကို ဟော ပြောလျှင် ထိုသူသည် ကျိန်ခြင်းကိုခံပါစေ။ ယခင်က ငါတို့ပြောခဲ့သည့်အတိုင်း ယခုထပ်မံ၍ ငါပြောသည်မှာ မည်သူမဆို သင်တို့လက်ခံခဲ့ပြီးဖြစ်သည့် ကောင်းမြတ်သောသတင်းနှင့် ကွဲလွဲခြားနားသည့်အရာကို ဟောပြောလျှင် ထိုသူသည် ကျိန်ခြင်းကိုခံပါစေ”(ဂ လာတိ ၁း၈-၉)ဟု ထည့်သွင်းထားသည်။
ရေနှင့်ဝိညာဉ်တော်သတင်းကောင်းသည် သမ္မာကျမ်းစာအရ မှားယွင်းသည်ဟု မည်သူမည်ဝါကမျှ မပြောနိုင်ပေ။ ရေနှင့်ဝိညာဉ် တော်သတင်းကောင်းမယုံကြည်သူများသည် ၎င်းကို ဆန့်ကျင်ကြ သည်။ ဘုရားသခင်ပေးထားတော်မူခဲ့သော ရေနှင့်ဝိညာဉ်တော်သ တင်းကောင်းသည် မှားသည်ဟု သင်ယုံကြည်လျှင် သင်သည် ဘုရား သခင်ကို ဆန္ဒဖော်ထုတ်ခြင်း ဖြစ်သည်။ ကျွန်ုပ်တို့သည်လည်း ကား တိုင်၏အသွေးတော်ကိုသာ အထူးပြုသောမှားယွင်း၍ မပြည့်စုံသော သတင်းကောင်းများကို ဆန့်ကျင်ကြသည်။ သခင်ယေရှုသည် ဗတ္တိဇံ ခံယူတော်မူခြင်းအားဖြင့် ကျွန်ုပ်တို့အပြစ်များကို ယူဆောင်သွား တော်မမူခဲ့လျှင် ကိုယ်တော်သည် ထိုအပြစ်များအတွက် မည်သို့အ သေခံနိုင်တော်မူမည်နည်း။
 

ဘုရားသခင်၏ဖြောင့်မတ်ခြင်းယုံကြည်သူများသည် အပြစ်ရှိသည်ဟု မပြောရပေ

“စွဲချက်တင်ခြင်း”အဓိပ္ပါယ်မှာ အမှားတစ်ခုအတွက် တရားစီရင် ခြင်းပြုရန် တောင်းဆိုခြင်း ဖြစ်သည်။ ရေနှင့်ဝိညာဉ်တော်သတင်း ကောင်းယုံကြည်သူများကို ဆန့်ကျင်သောသူများသည် ဆိုးသွမ်း သောသူများ ဖြစ်ကြသည်။ ရေနှင့်ဝိညာဉ်တော်သတင်းကောင်း ယုံ ကြည်သူများသည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ယုံကြည်သူ များဖြစ်ကြသောကြောင့် မည်သူသည် သူတို့၏ယုံကြည်မှုကို မှား ယွင်းစွာ တရားစီရင်နိုင်ကြမည်နည်း။ သူတို့သည် မှားယွင်းသည်ဟု မည်သူပြောနိုင်မည်နည်း။ ဘုရားသခင်သည် သူတို့ကို တရားစီရင် မည့်အရှင်ဖြစ်တော်မူသောကြောင့် မည်သူကမျှ မပြောနိုင်ပေ။ ရေနှင့်ဝိညာဉ်တော်သတင်းကောင်းယုံကြည်သူများသည် အပြစ်ရှိ သည်ဟု မည်သူမည်ဝါကမျှ မစွပ်စွဲနိုင်ကြပေ။
“မည်သူသည် ဘုရားသခင်ရွေးကောက်တော်မူသောသူတို့ကို ပြစ်တင်စွဲဆိုမည်နည်း။ ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုတော်မူသောအရှင်ကား ဘုရားသခင်ပေတည်း”(ရောမ ၈း၃၃)။ ရေနှင့်ဝိ ညာဉ်တော်သတင်းကောင်း ယုံကြည်သူများကို အပြစ်ကင်းစင် ကြသည်ဟု အဘယ်သူပြောနိုင်ကြမည်နည်း။ ဘုရားတစ်ပါးတည်း သာ ပြောနိုင်သည်။ ရေနှင့်ဝိညာဉ်တော်သတင်း ကောင်းဘုံကြည် သူများသည် ဖြောင့်မတ်သည်ဟု ကိုယ်တော်၏ ဖြောင့်မတ်ခြင်းအား ဖြင့် ကိုယ်တော်ကြေငြာတော်မူသည်။ 
“ဖြောင့်မတ်ခြင်း”ကို အပြစ်ရှိသောသူများအတွက် အသုံးမချရ ပေ။ သို့သော် အပြစ်များဖြေလွှတ်ခြင်းအမှန်အကန် ခံရ၍ “အပြစ် ကင်းစင်ကာ ဖြောင့်မတ်ခြင်းခံရသောသူများ”အပြစ် အသုံးချသည်။ ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို ယုံကြည်သူများသည် အပြစ် ကင်းစင်ကြသည်ဟု ဘုရားသခင်မိန့်တော်မူသောအခါ သူတို့သည် မှားယွင်း၍ ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို မပိုင်ဆိုင်ကြပေဟု မည်သူသည် ပြောဝံ့ကြသနည်း။ ဤလောက၌ရှိသော သီအိုလော်ဂျီ ပညာရှင်များပင်လျှင် ထိုသို့မပြောနိုင်ကြပေ။
ယနေ့ခရစ်ယာန်ဘာသာသည် ဘာသာရေးသန့်ရှင်းခြင်းရရှိရန် ကြိုးပမ်းသော သန့်ရှင်းစင်ကြယ်ခြင်းဓမ္မခံယူချက်အားဖြင့် ပျက်ဆီး ခဲ့သည်။ အင်္ဂလန်နိုင်ငံ၌ သီအို‌လော်ဂျီပညာရှင်တစ်ပါးအား “ဘုရား သခင်၏အသင်းတော်သည် သန့်ရှင်းသလား” အမေးခံရသောအခါ သူ့ ဘုရားသခင်၏အသင်းတော်သည်လည်း အပြစ်ရှိသည်ဟု ပြောခဲ့ သည်။ ဤသီအိုလောဂျီပညာရှင်သည် ရေနှင့်ဝိညာဉ်တော်သတင်း ကောင်း၊ ဤသီအိုလျောဂျီမသိပေ။ ဘုရားသခင်၏ဖြောင့်မတ်ခြင်း ကိုလည်း ယုံကြည်ခြင်းမရှိပေ။
သို့သော် ဘုရားသခင်၏အသင်းတော်၌ ယုံကြည်သူအားလုံး သည် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို ယုံကြည်ကြ၍ အပြစ် လုံးဝကင်းစင်ကြသည်။ သူသည် ဇာတိအသွေးအသား၌ အားနည်း နိုင်သော်လည်း သူသည် ပြည့်စုံ၍ အပြစ်အနာအဆာကင်းမဲ့သော ဘု ရားသခင်၏ဖြောင့်မတ်ခြင်းကို လွှမ်းခြုံထားသည်။
ဘုရားသခင်၏အသင်းတော်၌ရှိသောသူအားလုံးသည် အပြစ် ကင်းစင်ကြသလော။ ကင်းစင်ကြသည်။ အသင်းတော်ဟူသည်မှာ ခရစ်တော်အားဖြင့် စင်ကြယ်ခြင်းခံရသောယုံကြည်သူများနှင့် အပြစ် ကင်းစင်သောသူများစုရုံးသည့်နေရာ ဖြစ်သည်။ ယုံကြည်သူများမှာ အပြစ်ရှိလျှင် သူတို့သည် ဘုရားသခင်၏သားသမီးများမဟုတ်ကြ ပေ။ မည်သည့်အရာက သူတို့ကို စင်ကြယ်စေသနည်း။ ဘုရားသခင် ၏ဖြောင့်မတ်ခြင်းကို ရရှိခြင်းအားဖြင့် သူတို့အား အပြစ်ကင်းစင်စေ သော ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို ယုံကြည်ခြင်းက သူတို့ ကို စင်ကြယ်စေသည်။ သီအိုလောဂျီပညာရှင်တစ်ပါးက ရေနှင့်ဝိ ညာဉ်တော်သတင်းကောင်းကို မယုံကြည်၊ မသိခဲ့သောကြောင့် ဘု ရားသခင်၏အသင်းတော်သည် အပြစ်အနာအဆာများရှိသည်ဟု ပြောခဲ့ခြင်း ဖြစ်သည်။
ရေနှင့်ဝိညာဉ်တော်သတင်းကောင်းယုံကြည်သူများသည် အ ပြစ်သားများဖြစ်ကြသည်ဟု မည်သူပြောဝံ့သနည်း။ သူတို့ကို ‘ဖြောင့် မတ်စေသော’သူမှာ ဘုရားသခင်ဖြစ်တော်မူသည်။ ရေနှင့်ဝိညာဉ် တော်သတင်းကောင်းယုံကြည်သူကျွန်ုပ်တို့သည် အားနည်းနေကြ သောကြောင့် အပြစ်ရှိနိုင်သလော။ ကျွန်ုပ်တို့မှာ မရှိနိုင်ကြပေ။ ကျွန်ုပ်တို့သည် အပြစ်များကျူးလွန်သည့်ချိန်၌ပင်လျှင် အပြစ်မရှိ သည်ကို ဆိုလိုသလော။ ဟုတ်ပါသည်။ ကျွန်ုပ်တို့မှာ အပြစ်မရှိပေ။ ထိုအကြောင်းကြောင့် ကျွန်ုပ်တို့သည် ရေနှင့်ဝိညာဉ်တော်သတင်း ကောင်းကို ယုံကြည်ရကြခြင်း ဖြစ်သည်။ လူများသည် ရည်ရွယ်ချက် ရှိစွာဖြင့် အပြစ်များမကျူးလွန်ကြပေ။ သို့သော် သူတို့၏အားနည်း ချက်များကြောင့် အပြစ်များကျူးလွန်ကြခြင်း ဖြစ်သည်။
အပြစ်များကျူးလွန်ရန် အမှန်အကန် ရည်ရွယ်ချက်ရှိသူအနည်း ငယ်သာရှိသည်။ အပြစ်ဒုစရိုက်အားလုံးနီးပါးသည် လူသားများ၏ အားနည်းချက်များကြောင့် ဖြစ်သည်။ ရေနှင့်ဝိညာဉ်တော်သတင်း ကောင်းယုံကြည်သူများသည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ရရှိ ခဲ့ကြသောကြောင့် သူတို့၏နှလုံးသားများ၌ အပြစ်မရှိကြပေ။ ဘုရား သခင်သည် မိမိဖြောင့်မတ်ခြင်းအားဖြင့် ကျွန်ုပ်တို့အပြစ်များအားလုံး ယူဆောင်သွားတော်မူခဲ့သောကြောင့် ကျွန်ုပ်တို့သည် အပြစ်မရှိကြ ပေ။ ထိုအကြောင်းကြောင့် သမ္မာကျမ်းစာက “ဖြောင့်မတ်ရာ ၌တည် စေသောသူကား ဘုရားသခင်ပေတည်း”ဟု ဖော်ပြထားခြင်း ဖြစ် သည်။ ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို ယုံကြည်သူများသည် ကိုယ်တော်၏ဖြောင့်မတ်ခြင်းကို ရရှိခဲ့ကြသောကြောင့် အပြစ်မရှိကြ ပေဟု ကြွေးကြော်သောသူမှာ ဘုရားဖြစ်တော်မူသည်။ ကျွန်ုပ်တို့ သည် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို ယုံကြည်ခြင်းအားဖြင့် အပြစ်များအားလုံးမှ ရွေးနှုတ်ခြင်းခံရကြသည်။
သခင်ယေရှုသည် ကျွန်ုပ်တို့အနာဂတ်အပြစ်များကိုပင် ယူ ဆောင်သွားတော်မမူလျှင် ကျွန်ုပ်တို့သည် အပြစ်များမှ မည်သို့ဖြင့် ကယ်တင်ခြင်းခံရနိုင်ကြမည်နည်း။ ကျွန်ုပ်တို့သည် အပြစ်သားများမ ဟုတ်ပေဟု မည်သို့ပြောနိုင်ကြမည်နည်း။ ကျွန်ုပ်တို့သည် ဘုရားသ ခင်၏ဖြောင့်မတ်ခြင်းကို ယုံကြည်ပြီးနောက် အပြစ်ကျူးလွန်၍ အ ပြစ်၌သာ အသက်ရှင်လျှင် ကျွန်ုပ်တို့သည် လုံလောက်သောစင် ကြယ်ခြင်းမခံရကြသည်ကို ဆိုလိုသလော။ သို့မဟုတ် ကယ်တင် ခြင်းအရည်အချင်းမမီသလော။ အပ္ပါယ်ငရဲသို့ နောက်တဖန်ပြန် လှည့်ရန် ဉီးတည်နေသလော။ မဟုတ်ပေ။ ကျွန်ုပ်တို့၏ကယ်တင် ခြင်းမှာ စင်ကြယ်ခြင်းအားဖြင့် ရောက်လာလျှင် ဤလောကတွင် မည်သူသည် ကယ်တင်ခြင်းခံရကြမည်နည်း။ မည်သူမည်ဝါကမှ ကယ်တင်ခြင်းမခံရပေ။ ဇာတိအသွေးအသားဖြင့် ပြည့်စုံသောဘဝ ဖြင့် မည်သူမည်ဝါကမျှ အသက်မရှင်နိုင်ပေ။ ပညတ်တော်များကို ပြည့်စုံစွာ စောင့်ရှောက်ခြင်းအားဖြင့်လည်း စင်ကြယ်ခြင်းမရနိုင်ပေ။ ထိုကြောင့် သမ္မာကျမ်းစာက “ဤသည်ကား “ဖြောင့်မတ်သောသူမရှိ၊ တစ်ယောက်မျှမရှိ”(ရောမ ၃း၁၀)ဟု ဖော်ပြထားခြင်း ဖြစ်သည်။
 

သဘာဝအားဖြင့် လူသားများသည် ကိုယ်ကျင့်တရားများ အားဖြင့် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို မခံရနိုင်ကြပေ

ဘုရားသခင်သည် တပါးတည်းသောသားတော်ကို စေလွှတ် တော်မူ၍ ဗတ္တိဇံယောဟန်အားဖြင့် ဗတ္တိဇံခံယူတော်မူ၍ လူသားများ အားလုံးကို လောကအပြစ်များမှ ကယ်တင်တော်မူရန် ကားတိုင်ပေါ် တွင် အသေခံစေတော်မူခဲ့သည်။ ရေနှင့်ဝိညာဉ်တော်သတင်းကောင်း ကို ယုံကြည်သောသူများသည် ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်သူ များဖြစ်လာခဲ့ကြသည်။ ဤအကြောင်းကြောင့် ဤလောကတွင် ဖြောင့်မတ်သောသူတစ်စုံတစ်ဉီးမျှ မရှိခြင်း ဖြစ်သည်။ အာဗြဟံ သည် ဘုရားသခင်၏နှုတ်ကပတ်တော်ကို ယုံကြည်ခြင်းအားဖြင့် ယုံ ကြည်ခြင်းဖခင်ဖြစ်လာခဲ့သည်။
များစွာသောခရစ်ယာန်များသည် ဖြောင့်မတ်ခြင်းဓမ္မခံယူချက် အားဖြင့် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ရရှိနို်ငသည်ဟု ဆိုကြ သော်လည်း သူတို့သည် ထိုအရာကို လျစ်လျူရှုကြသည်။ ဘုရားသ ခင်၏ဖြောင့်မတ်ခြင်းမှာ အဘယ်အရာဖြစ်သနည်း။ ၎င်းသည် လူ သားများ၏ဖြောင့်မတ်ခြင်းနှင့် လုံးဝခြားနားသည်။ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို မည်သည့်သတင်းကောင်းတွင် ဖော်ပြထားသ နည်း။ ရေနှင့်ဝိညာဉ်တော်သတင်းကောင်း၌ ဘုရားသခင်၏ဖြောင့် မတ်ခြင်းကို ဖော်ပြထားသည်။ ကျွန်ုပ်တို့သည် ရေနှင့်ဝိညာဉ်တော် သတင်းကောင်းကို ယုံကြည်ခြင်းမရှိဘဲ ငြင်းပယ်ခဲ့ကြလျှင် ကျွန်ုပ် တို့သည် ဘုရားသခင်ကို ဆန့်ကျင်ခြင်းဖြစ်သည်ကို ဆိုလိုသည်။ 
ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို ယုံကြည်ခြင်းမရှိဘဲ မည်သူမည်ဝါမျှ အပြစ်မှ ရွေးနှုတ်ခြင်းမရနိုင်ပေ။ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကိုလည်း မရရှိနိုင်ပေ။ မည်သူသည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို အနည်းငယ်မျှ ဆန့်ကျင်နိုင်မည်လော။ ကျွန် တော်သည် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို လွန်ခဲ့သောနှစ် များစွာကတည်းကယုံကြည်၍ ဟောပြောခဲ့သော်လည်း ဤသတင်း ကောင်းကို ဆန့်ကျင်နိုင်သောသူတစ်စုံတစ်ဉီးကိုမျှ ကျွန်တော်မတွေ့ ခဲ့ရပေ။ ရေနှင့်ဝိညာဉ်တော်သတင်းကောင်းသည် ကျွန်ုပ်တို့အား အ ပြစ်များမှ ပြည့်စုံစွာ ကယ်တင်ပေးသော ဘုရားသခင်၏ဖြောင့်မတ် ခြင်းသတင်းကောင်း ဖြစ်သောကြောင့် ဘုရားသခင်၏နှုတ်ကပတ် တော်ကို အခြေပြုသော ဤသတင်းကောင်းကို မည်သူမည်ဝါကမျှ မ ဆန့်ကျင်နိုင်ကြပေ။ 
 

ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို မည်သူက တရား စီရင်နိုင်ကြမည်နည်း

ရောမသြဝါဒသာ ၈း၃၄ ကို ဖတ်ကြပါစို့။ “မည်သူသည် ပြစ်ဒဏ်စီရင်မည်နည်း။ အသေခံတော်မူသည်သာမက ထမြောက်တော်မူသော ခရစ်တော်ယေရှုသည် ဘုရားသခင်၏လက်ယာတော်ဘက်၌နေ၍ ငါတို့အတွက် အသနားခံပေးတော်မူ၏။”ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို ယုံကြည်သူများအား အပြစ်ကျူးလွန်သည်ဟု မည်သူမည်ဝါက တရားစီရင်နိုင်ကြမည်နည်း။ မည်သူမည်ဝါကမျှ တ ရားမစီရင်နိုင်ကြပေ။
ယုံကြည်ခြင်းအားဖြင့် အပြစ်များမှ ရွေးနှုတ်ခြင်းခံရသောသူ၊ ရေနှင့်ဝိညာဉ်တော်သတင်းကောင်းယုံကြည်သူများကို မည်သူမည်ဝါ က တရားစီရင်နိုင်မည်နည်း။ မည်သူကမျှ တရားစီရင်ခြင်းမပြုနိုင် ကြပေ။ “တရားစီရင်သူမှာ မည်သူနည်း။” ဘုရားသခင်၏ဖြောင့်မတ် ခြင်းခံရသောယုံကြည်သူများသည် အပြစ်သားများဖြစ်ကြသည်ဟု မည်သူပြောနိုင်သနည်း။ 
အပြစ်၏အခကားသေခြင်းပေတည်း။ သင်သည် မိမိနှလုံးသား ၌အပြစ်ရှိလျှင် သင်သည် အပ္ပါယ်ငရဲသို့ သွားရမည် ဖြစ်သည်။ လူ သားများသည် အပြစ်ရှိကြသောကြောင့် တရားစီရင်ခြင်းခံရကြ သည်။ သို့သော် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ယုံကြည်ခြင်းအား ဖြင့် အပြစ်များဖယ်ရှားခြင်းခံရသောသူများသည် တရားစီရင်ခြင်းခံ ရရန် အပြစ်တစုံတခုမျှ မရှိကြသောကြောင့် ဘုရားသခင်၏တရားစီ ရင်ခြင်းကို ခံရကြမည် မဟုတ်တော့ပေ။ ဘုရားသခင်သည် ဘုရား သခင်၏ဖြောင့်မတ်ခြင်းယုံကြည်သူများကို တရားစီရင်တော်မမူ လျှင် အဘယ်သူသည် သူတို့ကို တရားစီရင်ဝံ့မည်နည်း။ သခင်ယေရှု ခရစ်တော်ကို ယုံကြည်သူတစ်ဉီးသည် အပြစ်ရှိလျှင် သူသည် အပြစ် သားဖြစ်၍ ဘုရားသခင်၏တရားစီရင်တော်မူခြင်းကို ခံရမည် ဖြစ် သည်။ ဘုရားသခင်သည် မိမိနှလုံးသားများ၌ အပြစ်ရှိသောအပြစ် သားများကို တရားစီရင်တော်မူ၍ အခြားသူများ ရှောင်ဖယ်ခြင်းခံရ ကြသည်။ သို့သော် ခရစ်တော်၌ ယုံကြည်သူတစ်ဉီးသည် ရေနှင့် ဝိညာဉ်တော်သတင်းကောင်းကို ယုံကြည်၍ ဘုရားသခင်၏ဖြောင့် မတ်ခြင်းကို ရရှိကြလျှင် ထိုသူသည် ဘုရားရှေ့တော်၌ အပြစ်ကင်း စင်၍ မည်သူမည်ဝါကမျှ သူကို တရားစီရင်ခြင်းမပြုနိုင်ကြပေ။ ဤ သို့သောပုဂ္ဂိုလ်များ၏မနောစိတ်တွင်လည်းအပြစ်မရှိပေ။
“မည်သူသည် ပြစ်ဒဏ်စီရင်မည်နည်း။ အသေခံတော်မူသည်သာမက ထမြောက်တော်မူသော ခရစ်တော်ယေရှုသည် ဘုရားသခင်၏လက်ယာတော်ဘက်၌နေ၍ ငါတို့အတွက် အသနားခံပေးတော်မူ၏။”ဘုရားသခင်၏သားတော်၊ သခင်ယေရှုသည် ကျွန်ုပ်တို့အား ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ပေးအပ်တော်မူရန် ဤလောကသို့ ကြွဆင်‌ေးတာ်မူခဲ့၍ ကျွန်ုပ်တို့အပြစ်များအားလုံးကို ထမ်းရန်အ တွက် ဗတ္တိဇံယောဟန်ထံမှ ဗတ္တိဇံကို ခံယူတော်မူလျက်ကားတိုင် ပေါ်တွင် အသွေးတော်သွန်းလောင်းကာ ကျွန်ုပ်တို့ကယ်တင်ရှင်ဖြစ် လာတော်မူရန်အတွက် သေခြင်းမှ ရှင်ပြန်ထမြောက်တော်မူခဲ့သည်။ ယခုတွင် ကိုယ်တော်သည် ဘုရားသခင်၏လက်ျာဘက်၌ စိုးစံတော် မူ၍ ကျွန်ုပ်တို့၏ကယ်တင်ရျ်ငအဖြစ် ကျွန်ုပ်တို့အတွက် ကိုယ်စား ပြု ဆုတောင်းပေးတော်မူသည်။
သန့်ရှင်းသောဝိညာဉ်တော်သည် ဘုရားသခင်၏ဖြောင့်မတ် ခြင်းရရှိသောသူများအတွက် ဆုတောင်းပေးတော်မူသည်။ သခင်ယေ ရှုသည် ကောင်းကင်ဘုံ၌ ကျွန်ုပ်တို့အတွက် ဆုတောင်းပေးတော်မူ သည်။ သန့်ရှင်းသောဝိညာဉ်တော်သည်လည်း ခမည်းတော်ဘုရားသ ခင်ထံ ဆုတောင်းပေးတော်မူသည်။ သို့သော် သန့်ရှင်းသောဝိညာဉ် တော်သည် ကျွန်ုပ်တို့နှလုံးသားများ၌ အားနည်းသည့်အချိန်တိုင်း တွင် ခြားနားသောနည်းလမ်း “နှုတ်မမြွက်နိုင်သောညည်းတွားခြင်း အားဖြင့်” ဆုတောတောင်းပေးတော်မူသည်‌။
ရေနှင့်ဝိညာဉ်တော်သတင်းကောင်း ယုံကြည်သူများ၏နှလုံး သားများ၌ရှိသော ဘုရားသခင်၏ဖြောင့်မတ်ခြင်းသည် မည်မျှ ပြည့် စုံသနည်း။ ဘုရားသခင်၏ဖြောင့်မတ်ခြင်းပြည့်စုံခြင်းက ရေနှင့်ဝိ ညာဉ်တော်သတင်းကောင်းသည် အပြစ်ကင်းစင်၍ ပြည့်စုံသည်ဟု ကျွန်ုပ်တို့အား ပြောထားသည်။