Search

တရားဟောချက်များ

ဘာသာရပ် ၉ - ရောမဩဝါဒစာ (ရောမဩဝါဒစာအနက်ဖွင့်ကျမ်းများ)

[8-13] ခရစ်တော်၏မေတ္တာတော်နှင့် ငါတို့ကို အဘယ်သူ ကွာစေမည်နည်း (ရောမ ၈း၃၅-၃၉)

(ရောမ ၈း၃၅-၃၉)
“မည်သူသည် ငါတို့ကို ခရစ်တော်၏ချစ်ခြင်းမေတ္တာတော်နှင့် ကွဲကွာစေမည်နည်း။ ဆင်းရဲဒုက္ခ၊ နာကျင်ခြင်းဝေဒနာ၊ ညှဉ်းဆဲခြင်း၊ငတ်မွတ်ခေါင်းပါးခြင်း၊ အဝတ်အချည်းစည်းရှိခြင်း၊ ဘေးအန္တ ရာယ်နှင့်ဓားဘေးစသည်တို့လော။ 
“အကျွန်ုပ်တို့သည် ကိုယ်တော် အတွက် တစ်နေ့လုံးသေခြင်းနှင့်ရင်ဆိုင်နေကြရပါ၏။ 
အကျွန်ုပ်တို့သည် သတ်ရန်လျာထားသောသိုးများကဲ့သို့ မှတ်ယူခြင်းခံရကြပါ၏”ဟု ကျမ်းစာ၌ရေးထားသည့်အတိုင်းဖြစ်၏။
သို့သော် ငါတို့သည် ငါတို့ကိုချစ်တော်မူသောအရှင်အားဖြင့် ထိုအမှုခပ်သိမ်းတို့ကိုခံရစဉ်၌ပင် လုံးလုံးလျားလျားအောင်မြင်လျက်ရှိကြ၏။ အကြောင်းမူကား သေခြင်းဖြစ်စေ၊ အသက်ရှင်ခြင်းဖြစ်စေ၊ ကောင်းကင်တမန်များဖြစ်စေ၊ အုပ်ချုပ်သူများဖြစ်စေ၊ မျက်မှောက်အရာများဖြစ်စေ၊ နောင်လာမည့်အရာများဖြစ်စေ၊ တန်ခိုးများဖြစ်စေ၊ အထက်အရာဖြစ်စေ၊ အောက်အရာဖြစ်စေ၊ ဖန်ဆင်းတော်မူသောအခြားမည်သည့်အရာပင်ဖြစ်စေ ငါတို့၏သခင်ခရစ်တော်ယေရှု၌ရှိသော ဘုရားသခင်၏ချစ်ခြင်းမေတ္တာတော်နှင့် ငါတို့ကို မကွဲကွာစေနိုင်ဟု ငါသည် ယုံကြည်စိတ်ချ၏။”
 

အပိုဒ်ငယ် ၃၅ တွင် “မည်သူသည် ငါတို့ကို ခရစ်တော်၏ချစ်ခြင်းမေတ္တာတော်နှင့် ကွဲကွာစေမည်နည်း။ ဆင်းရဲဒုက္ခ၊ နာကျင်ခြင်းဝေဒနာ၊ ညှဉ်းဆဲခြင်း၊ ငတ်မွတ်ခေါင်းပါးခြင်း၊ အဝတ်အချည်းစည်းရှိခြင်း၊ ဘေးအန္တရာယ်နှင့် ဓားဘေးစသည်တို့လော”ဟု ဖော် ပြထားသည်။ ဘုရားသခင်၏ဖြောင့်မတ်ခြင်းပါဝင်သော ရေနှင့်ဝိ ညာဉ်တော်သတင်းကောင်းကို ယုံကြည်သူများအပေါ် ပေးထားသော ခရစ်တော်၏မေတ္တာတော်နှင့် ကျွန်ုပ်တို့ကို အဘယ်သူကွာစေနိုင် မည်နည်း။ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် ဆင်းရဲဒုက္ခများက ထိုမေတ္တာ နှင့်ကွဲကွာစေနိုင်မည်လော။ ခုနစ်နှစ်ဘေးဒဏ်ကြီးကာလကလည်း ထိုမေတ္တာနှင့် ကွဲကွာစေနိုင်မည်လော။ မကွဲကွာစေနိုင်ပေ။
ဤလောက၌ ဘေးဒဏ်ကြီး သို့မဟုတ် ဆင်းရဲဒုက္ခသည် ကျွန်ုပ်တို့အား အပြစ်များမှ ကယ်တင်ပေးခဲ့သော ကိုယ်တော်၏ မေတ္တာတော်နှင့် မခွဲစေနိုင်ပေ။ ကျွန်ုပ်တို့သည် မောပန်းနွယ်နွယ် သောအချိန်နှင့် အထီးကျန်သောအချိန်များ၌ပင် လူတစ်ဉီးက သခင် ယေရှုသည် ကျွန်ုပ်တို့အား အပြစ်များမှ ကယ်တင်တော်မူခဲ့သ‌လော ဟုမေးလျှင် သခင်ယေရှုသည် ကျွန်ုပ်တို့ကို အမှန်အကန်ကယ်တင် တော်မူခဲ့သောကြောင့် ကျွန်ုပ်တို့မှာ အပြစ်မရှိကြပေဟု ကျွန်ုပ်တို့ တုန့်ပြန်ကြလိမ့်မည်။ ကျွန်ုပ်တို့နှလုံးသားများ၌ မည်သို့ပင် စိုးရိမ်မှု နှင့် ဆင်းရဲဒုက္ခရောက်နေပါစေ ကိုယ်တော်သည် ကျွန်ုပ်တို့ကို ကယ် တင်တော်မူ၍ ကျွန်ုပ်တို့၏ထာဝရကယ်တင်ရှင် ဖြစ်တော်မူသည်။ ကျွန်ုပ်တို့သည် အလွန်မောပန်းခြင်း သို့မဟုတ် ဖျားနာခြင်းခံစားရ၍ ခန္ဓာကိုယ်များမြဲမြံစွာမထိန်းနိုင်လျှင်လည်း ဘုရားသခင်၏ဖြောင့် မတ်ခြင်းအတွက် ကျွန်ုပ်တို့သည် ကျေးဇူးတော်ကိုဝန်ခံနိုင်ကြသည်။ မည်သည့်ပူဆွေးမှုများက ကျွန်ုပ်တို့အား အပြစ်များမှ ကယ်တင် တော်မူခဲ့သော ဘုရားသခင်၏ဖြောင့်မတ်ခြင်းနှင့် ခွဲခြားနိုင်မည်မ ဟုတ်ပေ။
ညှဉ်းပန်းနှိပ်စက်ခြင်း၊ အစာခေါင်းပါးခြင်း၊ အချည်းစည်းဖြစ် ခြင်း၊ ဘေးဉပဒ်ဖြစ်စေခြင်း၊ သတ်ဖြတ်ခြင်းတို့သည် ကျွန်ုပ်တို့အား ဘုရားသခင်၏ဖြောင့်မတ်ခြင်းမှ မကွာစေနိုင်ကြပေ။ တစ်ခါတစ်ရံ ဘာသာရေးလူများ၏ရှုတ်ချခြင်းနှင့် တရားစီရင်ခြင်းတို့မှာ ကျွန်ုပ်တို့ ရင်ဆိုင်ရမည့် ညှဉ်းပန်းနှိပ်စက်မှု ဖြစ်သည်။ ညှဉ်းပန်းနှိပ်စက်မှုများ တွင် ကျွန်ုပ်တို့အား အယူဝါဒလွှဲမှားသူများအဖြစ် မတရားစွပ်စွဲခြင်း ခံရမည်ဖြစ်သောကြောင့် သူငယ်ချင်းများ၊ အိမ်နီးချင်းများ၊ ဆွေမျိုး များ၊ နှင့်မိသားစုဝင်များ၏စွန့်ပစ်ခြင်းကိုလည်း ခံရကြလိမ့်မည်။ ဤညှဉ်းပန်းနှိပ်စက်မှုများက ကျွန်ုပ်တို့အား သခင်ယေရှုခရစ်တော် ၏ မေတ္တာတော်နှင့် ခွဲခွါစေနိုင်မည်လော။ လုံးဝခွဲခွါစေနိုင်မည်မ ဟုတ်ပေ။ 
ကျွန်ုပ်တို့သည် မည်သို့ပင် ညှဉ်းပန်းနှိပ်စက်ခြင်းခံရပါစေ ၎င်းသည် ကျွန်ုပ်တို့ကို ကယ်တင်ခဲ့သော ဘုရားသခင်၏မေတ္တာ တော်မှ မခွဲခွါစေနိုင်ပေ။ ဘုရားသခင်၏ဖြောင့်မတ်ခြင်းသည် ကျွန်ုပ် တို့အား အပြစ်ကင်းစင်စေတော်မူသောကြောင့်လည်းကောင်း၊ ဤအ ရာသည် မပြောင်းလဲသောသမ္မာတရားဖြစ်သောကြောင့်လည်း ကောင်း မည်သူမည်ဝါနှင့် အဘယ်အရာသည် ကျွန်ုပ်တို့သည် ဘု ရားသခင်၏မေတ္တာတော်မှ မခွဲခွါစေနိုင်ပေ။
အစာခေါင်းပါးခြင်း၊ ဝိညာဉ်ရေး သို့မဟုတ် ကိုယ်ကာယက ကျွန်ုပ်တို့အား မခွဲခွါစေနိုင်ပေ။ ကျွန်ုပ်တို့သည် ရေနှင့်ဝိညာဉ်တော် သတင်းကောင်းကို ယုံကြည်ကြသောကြောင့် ကျွန်ုပ်တို့နှလုံးသား များ၌ အမြဲတမ်းကျန်ရစ်သောအရာမှာ ဘုရားသခင်၏ဖြောင့်မတ် ခြင်းဖြစ်သောကြောင့် ဖြစ်သည်။ ၎င်းမှာ ရေနှင့်ဝိညာဉ်တော်သတင်း ကောင်းအားဖြင့် ကျွန်ုပ်တို့အား အပြစ်ကင်းစင်စေတော်မူခဲ့သည်ဟု ကိုယ်တော်ကို ယုံကြည်ခြင်း ဖြစ်သည်။ ဤယုံကြည်ခြင်းသည် ဘု ရားသခင်၏ဖြောင့်မတ်ခြင်းကို ယုံကြည်သော ယုံကြည်ခြင်းနှင့် ကောင်းကြီးမင်္ဂလာဖြစ်သည်။ “ကိုယ်တော်သည် ကျွန်တော့်အပြစ် များအားလုံးကို ကွယ်ပျောက်စေတော်မူခဲ့သောကြောင့် ကျွန်တော့် မှာအပြစ်မရှိပါ။ ဘုရားသခင်သည် ကျွန်တော့်အား ဖြောင့်မတ်သူနှင့် အပြစ်ကင်းစင်သူဖြစ်စေတော်မူတယ်။ ကိုယ်တော်၏ဖြောင့်မတ် ခြင်းအားဖြင့် လွှမ်းခြုံစေတော်မူတယ်။” ဤကြောင်းကြောင့် ဘုရား သခင်၏ဖြောင့်မတ်ခြင်း၌ ကျွန်ုပ်တို့ယုံကြည်ခြင်းသည် မည်သို့ပင် ပြင်းထန်သောကပ်ကြီးဖြစ်စေကာမူ ကွယ်ပျောက်ခြင်းမရှိပေ။
 


‌ရေနှင့်ဝိညာဉ်တော်သတင်းကောင်းအားဖြင့် ဘုရား သခင်၏ဖြောင့်မတ်ခြင်း


လူတစ်ဉီးသည် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို ယုံ ကြည်ခြင်းမရှိလျှင် သူ၏နှလုံးသား၌ အပြစ်ရှိသေးသည်။ သို့သော် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ယုံကြည်သူတစ်ဉီးမှာ အပြစ်မရှိ ပေ။ ဤအကြောင်းကြောင့် အသီးကို ကြည့်ခြင်းအားဖြင့် အပင်၏သ ဘောကို သိနိုင်ကြသည်ဟု ကိုယ်တော်မိန့်တော်မူခဲ့ခြင်း ဖြစ်သည်။ ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို မယုံကြည်သူများသည် အနည်း ငယ်ခက်ခဲမှု၊ အစာခေါင်းပါးမှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ ဘေးအန္တရာယ် များကို တွေ့ကြုံကြသောအခါ သူတို့သည် သခင်ယေရှု၌ မိမိယုံ ကြည်ခြင်းများကို စွန့်လွှတ်ကြသည်။
“သခင်ယေရှုသည် ကျွန်ုပ်တို့အပြစ်များအတွက် ကားတိုင်ပေါ် တွင် တရားစီရင်ခြင်းခံတော်မူသော်လည်း ဗီဇအပြစ်ကိုသာ ဖယ်ရှား ၍ နေ့တိုင်းကျူးလွန်သောအပြစ်များအတွက် ခွင့်လွှတ်ခြင်းကို နေ့ တိုင်း တောင်းလျှောက်ရမည်”ဟု ထင်မှတ်သောသူများ ရှိကြသည်။ ဤသို့သော ယုံကြည်မှုပိုင်ဆိုင်သူများသည် သခင်ယေရှုက သူတို့အ ပြစ်များအားလုံးကို ယူဆောင်သွားတော်မူခဲ့သည်ဟု မယုံကြည်ကြ သောကြောင့် ဘုရားသခင်ကို အမှန်အကန် ဆန့်ကျင်ကြသော ကြောင့် သူတို့သည် မိမိကိုယ်ကို အပြစ်စီရင်၍ ပျက်စီးကြသည်။ ဤ ပုဂ္ဂိုလ်များသည် သခင်ယေရှုကို ငြင်းပယ်သောသူများနှင့် ဘုရားသ ခင်၏ဖြောင့်မတ်ခြင်းကို မယုံကြည်သောသူများ ဖြစ်ကြသည်။
သို့သော် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းယုံကြည်သူများ သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းယုံကြည်သူများ ဖြစ်ကြသည်။ သူတို့သည် မည်သို့သို့သော အခြေအနေများကို တွေ့ကြုံနေပါစေ သူတို့သည် မိမိ ယုံကြည်ခြင်းကို မားမားမတ်မတ် ဆုပ်ကိုင်ကြ၍ “ဘုရားသခင်သည် ကျွန်ုပ်ကို လောကအပြစ်များအားလုံးမှ အမှန် အကန် ကယ်တင်တော်မူခဲ့တယ်။ ကျွန်တော် အပြစ်ကင်းစင်တယ်” ဟု ပြောကြသည်။ ကျွန်ုပ်တို့သည် ဝိညာဉ်ရေးရာ အစာခေါင်းပါးခြင်း နောက်ဆုံးနေ့ရက်၌ သေခြင်းကိုပင် တွေ့ကြုံလျှင်လည်း ဘုရားသ ခင်သည် ကျွန်ုပ်တို့အား အပြစ်ကင်းစင်စေတော်မူခဲ့သည်ကို လည်း ကောင်း၊ ကျွန်ုပ်တို့သည် ကိုယ်တော်၏လူများဖြစ်ကြသည်ကိုလည်း ကောင်း ကျွန်ုပ်တို့မငြင်းဆိုနိုင်ကြပေ။ ကျွန်ုပ်တို့အပြစ်များအားလုံး ယူဆောင်ပေးတော်မူခဲ့သော ဘုရားသခင်၏ဖြောင့်မတ်ခြင်းသည် ယုံကြည်ခြင်းအဖြစ် ကျွန်ုပ်တို့နှလုံးသားများ၌ ကျန်ရစ်နေသည်။ ရေနှင့်ဝိညာဉ်တော်သတင်းကောင်းမှာ အလွန်တန်ခိုးကြီး၍ ကြီးမား သည်။ ကျွန်ုပ်တို့ဘဝများတွင် မည်သို့သော ဒုက္ခမျိုးကို ကြုံတွေ့နေ ပါစေ ခရစ်တော်၌ ဘုရားသခင်၏ဖြောင့်မတ်ခြင်းရှိသောကြောင့် ကျွန်ုပ်တို့သည် ခရစ်တော်၏မေတ္တာတော်နှင့် မည်သူမည်ဝါကမျှ မ ခွဲခွါစေနိုင်ပေ။
အထက်ကကျမ်းချက်တွင်ဖော်ပြထားသော “အဝတ်အချည်း စည်း”မှာ အဘယ်အရာကို ဆိုလိုသနည်း။ “အဝတ်အချည်းစည်း” သည် ကျွန်ုပ်တို့ပိုင်ဆိုင်မှုများအားလုံးဆုံးရှုံးခြင်းကို ရည်ညွှန်းသည်။ အလယ်ခေတ်အထိ ဉရောပနိုင်ငံရှိ ရွာ သို့မဟုတ် နိုင်ငံတွင် ဒုက္ခရှိ သောအခါ လူများသည် စုန်းအတတ်များကို ဆည်းကပ်ခဲ့ကြသည်။ ဒုက္ခဆင်းရဲများအားလုံးအတွက် ပြစ်တင်ရန် ဆိတ်များကို အသုံးကြ သည်။ လူများသည် ခပ်သိမ်းသောအရာကို သူတို့ထံမှ ယူဆောင်ခဲ့ ကြ၍ သူတို့ကို အယူဝါဒလွှဲမှားသူများအဖြစ် စွပ်စွဲခဲ့ကြသည်။ ဤအ ကြောင်းကြောင့် ရှင်ပေါလုသည် “အဝတ်အချည်းစည်း”စကားလုံးကို အသုံးပြုခဲ့ခြင်း ဖြစ်သည်။
ထိုအချိန်များတွင် အယူဝါဒလွှဲမှားသူများကို မတရားစွပ်စွဲ၍ သက်သေခံ တစ်ဉီး သို့မဟုတ် နှစ်ဉီးရှိလျှင် သူတို့ကို တိုင်ပေါ်တွင် မီးရှို့၍တရားစီရင်ခြင်းခံရ၍သူတို့၏ပိုင်ဆိုင်မှုအားလုံးကို သိမ်းပိုက်၍ ဂုဏ်သိက္ခာကို ဖျက်ခဲ့ကြသည်။
ကျွန်ုပ်တို့သည် ဤသို့သောအပြုအမူဖြင့် အဝတ်အချည်းစည်း ရှိရန် တွန်းပို့ခြင်းခံရ၍ ပိုင်ဆိုင်မှုအားလုံးကို ဆုံးရှုံးကာ အသေခံရ လျှင်ပင် ကျွန်ုပ်တို့အပြစ်များအားလုံး ယူဆောင်သွားသော ကိုယ် တော်၏မေတ္တာတော်၌ရှိသော ဘုရားသခင်၏ဖြောင့်မတ်ခြင်းသည် ကျွန်ုပ်တို့ထံမှ ဘယ်တော့မှ ကွယ်ပျောက်လိမ့်မည် မဟုတ်ပေ။ ဤ သို့ဖြစ်ရခြင်းမှာ ရေနှင့်ဝိညာဉ်တော်သတင်းကောင်းပြည့်စုံခြင်း ကြောင့် ဖြစ်သည်။
အန္တရာယ်နှင့်ဓားတို့သည် ကျွန်ုပ်တို့အား ခရစ်တော်၏မေတ္တာ မှ မခွဲခွါနိုင်ပေ။ ကျွန်ုပ်တို့သည် ဓားဖြင့် အသတ်ခံရန် နေခဲ့ရကြ သော်လည်းကျွန်ုပ်တို့သည်အပြစ်ကင်းစင်သောသူများ ဖြစ်ကြသည်။ ကနဉီးအသင်းတော်၌ရှိသောများစွာသောခရစ်ယာန်များသည် ရော မမြို့ကို မီးရှို့ခဲ့ကြသည်ဟု မတရားစွပ်စွဲခြင်းကို ခံရကြသဖြင့် သူတို့ ခြင်္သေ့များကျွေးခြင်းခံရရန် ကိုလီစီယမ်၌ လူအများရှေ့မှာ အသတ်ခံ ရကြသည်။ သူတို့သည် အသေခံရကြသည့်အတိုင်း သူတို့ကို ကယ် တင်တော်မူခဲ့သော ကိုယ်တော်ကို ချီးမွမ်းကြသည်။ သူတို့သည် ရေ နှင့်ဝိညာဉ်တော်သတင်းကောင်းကို ယုံကြည်သူများဖြစ်ကြသော ကြောင့် သူတို့သည် ချီးမွမ်းနိုင်ကြခြင်း ဖြစ်သည်။ ဘုရားသခင်သည် သူတို့ကို ချစ်တော်မူခဲ့၍ အပြစ်များအားလုံးမှ ကယ်တင်တော်မူခဲ့ သည်ဟူသောသမ္မာတရားကို ယုံကြည်ခြင်းအားဖြင့် ရွေးနှုတ်ခြင်းခံရ သောသူများသည် အသတ်ခံရကြ၍ ခြင်္သေ့များကိုက်စားခြင်းခံရကြ သည့်အချိန်၌ပင် ကိုယ်တော်ကို ချီးမွမ်းနိုင်ကြသည်။
ဤသို့သောခွန်အားသည် ကျွန်ုပ်တို့အပြစ်များအားလုံးကို ယူ ဆောင်သါားတော်မူခဲ့သည်ဟူသော ဘုရားသခင်၏ဖြောင့်မတ်ခြင်း နှင့် ကိုယ်တော်၏မေတ္တာတော်ကို ယုံကြည်ခြင်းမှလာသည်။ ဘုရား သခင်သည် ကျွန်ုပ်တို့နှင့်အတူရှိတော်မူ၍ စကားပြောကာ ခိုင်ခံ့စွာ ထောက်မပြီး ကွယ်ကာလျက်နှစ်သိမ့်အားပေးတော်မူသောကြောင့် ဤသို့သောခွန်အားမျိုးကို တွေ့ရနိုင်ခြင်း ဖြစ်သည်။ အန္တရာယ်၊ ဓား၊ မတရားဆက်ဆံခြင်း၊ သတ်ဖြတ်ခြင်းများက ကျွန်ုပ်တို့အား ဘုရား သခင်၏မေတ္တာတော်နှင့် မခွဲခွါစေနိုင်ပေ။
ရေနှင့်ဝိညာဉ်တော်သတင်းကောင်းယုံကြည်သူများသည် ဘု ရားသခင်၏ဖြောင့်မတ်ခြင်းယုံကြည်သူများနှင့် ခရစ်တော်၏လူများ ဖြစ်ကြသည်။ ဘုရားသခင်၏ဖြောင့်မတ်ခြင်းယုံကြည်သူများသည် ခရစ်တော်၏အချစ်ကို ခံရသောသူများ ဖြစ်ကြသည်။ သို့သော် လူအ ချို့တို့သည် ခရစ်တော်၏ပြည့်စုံသောမေတ္တာကို စိတ်လှုပ်ရှားဖွယ် သောမေတ္တာမျှအဖြစ်သာ ပြောင်းလဲစေ၍ ကားတိုင်ပေါ်တွင် ကိုယ် တော်၏အသေခံတော်မူခြင်းကို ကြည့်၍ ကိုယ်တော်၏ဆင်းရဲဒုက္ခ အပေါ် ဝမ်းနည်းကာ ငိုကြွေးကြသည်။ သို့သော် လူသားများ၏ခံစား ချက်များသည် နေ့ချင်းညချင်း ပြောင်းလဲနိုင်သည်။
ကျွန်ုပ်တို့၏ခံစားချက်များ မနက်နှင့်ညနေပြောင်းလဲသော် လည်း ကျွန်ုပ်တို့အား ကယ်တင်တော်မူခဲ့သော ကိုယ်တော်၏မေတ္တာ သည် ပြောင်းလဲခြင်းမရှိပေ။ အခြားသောအရာများနှင့်နှိုင်းယှဉ်၍မရ နိုင်ပေ။ ကိုယ်တော်၏မေတ္တာတော်သည် ထာဝရတည်တံ့သည်။ ဤ အရာသည် တန်ခိုးရှိသောရေနှင့်ဝိညာဉ်တော်သတင်းကောင်း ဖြစ် သည်။ ဤအရာသည် အလွန်ကြီးမားသောဘုရားသခင်၏ဖြောင့်မတ် ခြင်း ဖြစ်သည်။ ကျွန်ုပ်တို့အား ကျန်းမာစေ၍ ကိုယ်တော်၏မေတ္တာ တော်အားဖြင့် လွှမ်းခြုံစေတော်မူခဲ့သော ကိုယ်တော်နှင့်ကျွန်ုပ်တို့ကို မည်သူမည်ဝါကမျှ မခွဲခွါစေနိုင်ပေ။ ဤအရာသည် ရေနှင့်ဝိညာဉ် တော်သတင်းကောင်း၏တန်ခိုးတော်ဖြစ်သည်။ ထိုအရာသည် ဘုရား သခင်၏ဖြောင့်မတ်ခြင်း၌ကျွန်ုပ်တို့ယုံကြည်ခြင်း၏တန်ခိုးဖြစ်သည်။
ဂရိဘာသာစကားအားဖြင့်“သတင်းကောင်း”မှာ “euaggelion” ဖြစ်၍ ဂရိဘာသာစကားအားဖြင့် “dunamis” ရှိသည်ဟုပြောကြ ကာ ခွန်အား၊ တန်ခိုး သို့မဟုတ် အစွမ်းအစ ဟု အဓိပ္ပါယ်ရသည်။ ဘု ရားသခင်၏ “ဒိုင်နမိုက်”စကားလုံးကို ၎င်းမှ ရရှိခြင်း ဖြစ်သည်။ လက်တစ်ဆုပ်စာဒိုင်နမိုက်သည် အိမ်တစ်လုံးကို အုတ်မြစ်မှ ဖြိုချနိုင် ၍ မြေမှုန့်အဖြစ်သို့ ချေသွားနိုင်သည်။ သင်္ဘောမှလွှတ်လိုက်သော ဒုံ ကျည်တစ်ခုသည် ကြီးမားခိုင်ခံသောအဆောက်အဉီးကို ဖျက်ဆီး၍ ကြေမွစေနိုင်သည်။ အဆောက်အဉီးသည် မည်သို့ပင် ခိုင်ခံစေကာမူ ဒုံးကျည်၏ဖျက်ဆီးတတ်သောတန်ခိုးကို ခုခံနိုင်ခြင်းမရှိပေ။
အရပ်သားလေယာဉ်ပျံနှစ်စင်းက နယူးယောက်မြို့တွင်ရှိသော ကမ္ဘာ့ကုန်သွယ်ရေးစင်တာနှစ်ခုကိုဖျက်ဆီးခဲ့သည်။ လေယာဉ်ပျံများ သည် အဆောက်အဉီးများကို တိုက်ခိုက်သောအခါ မည်သည့်အရာ ဖြစ်ပျက်သနည်း။ လေယာဉ်ပျံများ၏ပေါက်ကွဲမှုအားဖြင့် မီးလောင် ကျွမ်းပြီး ဂျက်လေယာဉ်ပျံမှ ကျွေးသောလောင်စာဆီများသည် အ လွန်ပူပြင်းသောကြောင့် လေယာဉ်ပျံမှထွက်လာသောအပူများသည် ကြမ်းပြင်များ၌ရှိသောအရာအားလုံးကို အရည်ပျော်သွားစေခဲ့သည်။ ကြမ်းပြင်၏သံမဏိအဆောက်အအုံများနှင့် အဆောက်အဉီးများကို ထောက်ပေးသောကော်လံတို့သည် အရည်ပျော်ခဲ့ကြသောကြောင့် ကြမ်းပြင်သည် ရုတ်တရက်ပြိုကျခဲ့၍ အဆောက်အဉီးသည် ဤပြို လဲသောကြမ်းပြင်များ၏အလေးချိန်ကို မထမ်းနိုင်သောကြောင့် နောက်ဆုံးတွင် အဆောက်အဉီးတစ်ခုလုံး ပြိုလဲခဲ့ရသည်။ ကြမ်းပြင် များသည် ဖြည်းညှင်းစွာ ပြိုလဲလျှင် အဆောက်အဉီးများသည် ပြိုကျ လိမ့်မည် မဟုတ်ပေ။ သို့သော် ကြမ်းပြင်များသည် ရုတ်တရက်နှင့် အရှိန်အဟုန်ဖြင့် ပြိုလဲသောကြောင့် ကော်လံများနှင့် အခြား ထောက်မသောအဆောက်အဉီးများသည် ပြိုလဲ၍ အဆောက်အဉီး တစ်ခုလုံးသည် ကျွန်ုပ်တို့အားလုံး သိကြသည့်အတိုင်း စက္ကန့်ပိုင်းအ တွင်း လုံးဝ ပြိုလဲသွားခဲ့ရသည်။ 
ဘုရားသခင်၏သတင်းကောင်းတန်ခိုးတော်မှာ ရေနှင့်ဝိညာဉ် တော်သတင်းကောင်း ဖြစ်သည်။ ၎င်းသည် ကိုယ်တော်၏ဖြောင့်မတ် ခြင်းပိုင်ဆိုင်သောတန်ခိုး ဖြစ်သည်။ ဤဝမ်းနည်းဖွယ်ကောင်းသော အရာသည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ဖော်ထုတ်ရန် အသုံးမ ပြုသင့်သော်လည်း ဘုရားသခင်၏ဖြောင့်မတ်ခြင်းအားဖြင့် ပေးအပ် ခဲ့သော ရေနှင့်ဝိညာဉ်တော်သတင်းကောင်း၏တန်ခိုးတော်မှာ အပြစ် များအားလုံးကို လုံးလုံးလျားလျား ဖယ်ရှားပေးနိုင်သော ဒိုင်နာမိုက် နှင့်တူသည်။ ဘုရားသခင်၏ဖြောင့်မတ်ခြင်းမှာ ကိုယ်တော်သည် ဤလောကသို့ ကြွဆင်းတော်မူခြင်း၊ ဗတ္တိဇံခံယူတော်မူခြင်း၊ ကား တိုင်ပေါ်တွင် အသေခံတော်မူခြင်းနှင့် သေခြင်းမှရှင်ပြန်ထမြောက် တော်မူြခင်းအားဖြင့် ကျွန်ုပ်တို့၏အပြစ်များအားလုံးကို ယူဆောင် သွားတော်မူခြင်းအားဖြင့် ကျွန်ုပ်တို့အား ကယ်တင်ပေးတော်မူခဲ့ သောအရာ ဖြစ်သည်။ 
ရေနှင့်ဝိညာဉ်တော်သတင်းကောင်းမှာ ကမ္ဘာအစမှ အဆုံးထိ တိုင်အောင် လူသားများကျူးလွန်ခဲ့ကြသော အပြစ်များအားလုံးကို သခင်ယေရှုယူဆောင်သွားတော်မူခဲ့ပေးသော ဘုရားသခင်ဖြောင့် မတ်ခြင်း ဖြစ်သည်။ ဤအကြောင်းကြောင့် ဘုရားသခင်၏ဖြောင့် မတ်ခြင်းသတင်းကောင်း ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းရရှိ ကာ ကိုယ်တော်၏အချစ်ခံသောသူများကို မည်သည့်အရာတစ်စုံတစ် ခုကမျှ ဘုရားသခင်နှင့် မခွဲခွါစေနိုင်ခြင်း ဖြစ်သည်။ ရှင်ပေါလု၏ယုံ ကြည်ခြင်းသည်လည်း ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ယုံကြည် သောအရာတစ်ခု ဖြစ်သည်။
ထိုနောက် ကျွန်ုပ်တို့သည် ကားတိုင်၏အသွေးတော်သတင်း ကောင်းအားဖြင့်သာ ဘုရားသခင်၏ဖြောင့်မတ်ခြင်းရရှိနိုင်သလော။ မရရှိနိုင်ပေ။ ကားတိုင်၏အသွေးတော်သတင်းကောင်းတစ်ခုတည်း ယုံကြည်ခြင်းက ကျွန်ုပ်တို့အား ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို မ ပေးနိုင်ပေ။ အခြားသောအရာများထင်မှတ်သူများသည် အနည်းငယ် သာဒေါသထွက်သောအခါ သခင်ယေရှုကို ယုံကြည်ခြင်း စွန့်လွှတ် တတ်ကြသည်။
ဥပမာအားဖြင့် သူတို့၏လောကပိုင်ဆိုင်မှုများ ဆုံးရှုံးသွားသော အခါတွင် ဖြစ်စေ၊ သူတို့၏ဘာသာရေးခံယူချက်များကြောင့် လုပ်ငန်း ခွင်၌ အခက်အခဲများကြုံတွေ့သည့်အခါတွင်ဖြစ်စေ သူတို့သည် မိမိ ယုံကြည်ခြင်းကို စွန့်လွှတ်ရန် အလွယ်တကူ အရှုံးပေးကြလိမ့်မည်။ ဤအရာသည် များစွာသောခရစ်ယာန်များအပေါ် မလွဲမသွေဖြစ်လာ ၍ အသုံးချနိုင်သည်။ ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို မယုံ ကြည်သူများသည် သူတို့နှလုံးသားများ၌ သန့်ရှင်းသောဝိညာဉ်တော် မရှိကြပေ။ သူတို့အပြစ်များမှ ရွေးနှုတ်ခြင်းမခံရကြပေ။ သူတို့သည် အနည်းငယ်သော ခြိမ်းခြောက်မှု၌ ကမောက်ကမ ဖြစ်ကြသည်။
ယနေ့ခရစ်ယာန်ဘာသာ၌ ကားတိုင်၏အသွေးတော်ကိုသာ အ ကန့်အသတ်ပြုသောယုံကြည်ခြင်းကြောင့် ဤကမ္ဘာပေါ်တွင် သူတို့ သည် အလွန်အားနည်းနေရခြင်း ဖြစ်သည်။ ဤသို့သောယုံကြည် ခြင်းသည် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းအားဖြင့် ဘုရားသခင် ၏ဖြောင့်မတ်ခြင်းမရရှိခဲ့သောအရာတစ်ခု ဖြစ်သည်။
ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ရရှိခြင်းအားဖြင့် အပြစ်များ အားလုံးမှ ရွေးနှုတ်ခြင်းခံရသော ဖြောင့်မတ်သူယုံကြည်သူတစ်ဉီး သည် များစွာသောဝိညာဉ်များအတွက် အလုပ်လုပ်နိုင်ကြသည်။ ရေ နှင့်ဝိညာဉ်တော်သတင်းကောင်း ယုံကြည်၍ သန့်ရှင်းသောဝိညာဉ် တော်ရရှိသောသူများသည် နှုတ်ကပတ်တော်အားဖြင့် ဘုရားသခင် သည် သူနှင့်အတူရှိတော်မူသောကြောင့် ထိုသူသည် များစွာသော ဝိ ညာဉ်ရေးရာလုပ်ငန်းများလုပ်နိုင်ကြ၍ ဘုရားသခင်ထံတော်သို့ ပျောက်ဆုံးသောဝိညာဉ်များစွာ ပြန်လည်ဆွဲခေါ်နိုင်ကြသည်။ ဤအ ရာသည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ယုံကြည်ခြင်း၊ ရေနှင့်ဝိ ညာဉ်တော်သတင်းကောင်း ယုံကြည်ခြင်း ဖြစ်သည်။ အကျင့်များ အားဖြင့် မဟုတ်၊ ဘုရားသခင်သည် ရေနှင့်ဝိညာဉ်တော်သတင်း ကောင်းကို ပေးအပ်တော်မူခဲ့သည်။ ထိုအရာသည် ဘုရားသခင်အား ဖြင့် ကျွန်ုပ်တို့သည် ကိုယ်တော်၏အမှုတော်များကို လုပ်ဆောင်နိုင် ကြခြင်း ဖြစ်သည်။
အပိုဒ်ငယ် ၃၆ တွင် “အကျွန်ုပ်တို့သည် ကိုယ်တော် အတွက် တစ်နေ့လုံးသေခြင်းနှင့်ရင်ဆိုင်နေကြရပါ၏။အကျွန်ုပ်တို့သည် သတ်ရန်လျာထားသောသိုးများကဲ့သို့ မှတ်ယူခြင်းခံရကြပါ၏”ဟု ကျမ်းစာ၌ရေးထားသည့်အတိုင်းဖြစ်၏”ဟု ဖော်ပြထားသည်။ ရေနှင့် ဝိ ညာဉ်တော်သတင်းကောင်းယုံ ကြည်သူများသည် ဤလောက၌ အသက်ရှင်နေကြစဉ် ဤသို့သော အခြေအနေမျိုးကို အမှန်အကန် ကြုံတွေ့ရကြသူများ ဖြစ်ကြသည်။ ရေနှင့်ဝိညာဉ်တော်သတင်း ကောင်း ယုံကြည်သူများသည် တစ်ခါတစ်ရံ မိမိကိုယ်ကိုကိုယ် ခရစ် ယာန်များဖြစ်ကြသည်ဟု ကြွေးကြော်သူ မှားယွင်းသောယုံကြည်မှုရှိ သူများ၊ သူတပါး၏မုန်းတီးမှုကို ခံရကြသည်။ 
တစ်နည်းအားဖြင့် ဒုတိယမွေးဖွားခြင်းခံရသော ခရစ်ယာန်များ သည် ဗုဒ္ဓဘာသာဝင်များထက် သာမန်ခရစ်ယာန်များက ပို၍ မုန်း တီးတတ်ကြသည်။ “အကယ်စင်စစ် ကိုယ်တော်အတွက် အကျွန်ုပ် တို့သည် အစဉ်မပြတ်အသေသတ်ခြင်းကို ခံရကြပါ၏။ သတ်ဘို့ရာ ထားသော သိုးကဲ့သို့ အကျွန်ုပ်တို့ကို သူတပါး မှတ်တတ်ကြပါ ၏”ဟု ဖော်ပြထားသောဤကျမ်းချက်သည် ရေနှင့်ဝိညာဉ်တော်သတင်း ကောင်းယုံကြည်သူများအပေါ် ပြောကြားခဲ့သော ဘုရားသခင်၏ နှုတ်ကပတ်တော် ဖြစ်သည်။ ဗတ္တိဇံနှင့်ကားတိုင်ပေါ်တွင် အသေခံ တော်မူခြင်းအားဖြင့် ခမည်းတော်၏အလိုတော်ကို လိုက်လျှောက် သော ကိုယ်တော်ကို “သတ်ဖို့ရာထားသောသိုးကဲ့သို့” မှတ်တတ်ကြ သည်။ ကိုယ်တော်သည် ဤလောကသို့ကြွလာတော်မူခြင်းသည် ဤ သို့သောဘဝဖြင့် အသက်ရှင်ခြင်းအားဖြင့် ကျွန်ုပ်တို့ကို ကယ်တင် တော်မူခဲ့သည်။
 


ဘုရားသခင်၏ဖြောင့်မတ်ခြင်းသည် လောကအပြစ်များ အားလုံးအပေါ် အနိုင်ယူခဲ့သည်


အပိုဒ်ငယ် ၃၇ တွင် “သို့သော် ငါတို့သည် ငါတို့ကိုချစ်တော်မူသောအရှင်အားဖြင့် ထိုအမှုခပ်သိမ်းတို့ကိုခံရစဉ်၌ပင် လုံးလုံးလျား လျားအောင်မြင်လျက်ရှိကြ၏”ဟု ဖော်ပြထား သည်။ ကျွန်ုပ်တို့သည် ဤအရာများအားလုံးအပေါ် မည်သို့အနိုင်ယူ နိုင်ကြမည်နည်း။ ကျွန်ုပ်တို့သည် ဘုရားသခင်၏မေတ္တာတော်ကို ယုံ ကြည်ခြင်းတန်ခိုး အားဖြင့် အောင်မြင်မှုကို ကြွေးကြော်ကြသည်။
ရေနှင့်ဝိညာဉ်တော်သတင်းကောင်း ယုံကြည်သူများသည် ဘု ရားသခင်၏တန်ခိုးတော်ပိုင်ဆိုင်ကြသည်။ သို့သော် ရေနှင့်ဝိညာဉ် တော်သတင်းကောင်းကို မယုံကြည်သူတစ်ဉီးသည် သူ၏နှလုံးသား ၌အပြစ်ရှိသည်။ အပြစ်ရှိသောသူများ၏ ယုံကြည်ခြင်းနှင့် ကယ်တင် ခြင်းသည် သူတို့၏စိတ်ခံစားချက်များကြောင့် တက်လိုက်၊ ကျလိုက် ဖြစ်သောကြောင့် သူတို့မှာ တန်ခိုးမရှိကြပေ။ သို့သော် ရေနှင့်ဝိညာဉ် တော်သတင်းကောင်းကို ယုံကြည်သူများမှာ တန်ခိုးရှိကြသည်။ သူ တို့သည် မိမိကိုယ်ကိုကိုယ် တန်ခိုးမရှိကြပေ။ သို့သော် ဘုရားသခင် ပေးအပ်တော်မူခဲ့သော သတင်းကောင်းတန်ခိုးကို သူတို့ရှိကြသည်။ ဤတန်ခိုးတော်အားဖြင့် သူတို့သည် ညှဉ်းပန်းနှိပ်စက်ခြင်းများနှင့် ဘေးဒုက္ခများအားလုံးကို ခုခံနိုင်၍ အောင်မြင်မှုရရှိကြသည်။ ဖြောင့် မတ်သူများသည် အပြစ်သားများတိုက်ခိုက်သော ဝိညာဉ်ရေးရာစစ် ပွဲ၌ ပါဝင်ဆင်နွှဲ၍ သူတို့ထံ ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို ဟောပြောရမည် ဖြစ်သည်။ ဖြောင့်မတ်သူများသည် သူတို့၏သဘာ ဝအရ သတင်းကောင်းအတွက် အသက်ရှင်စေ၍ ညှဉ်းပန်းနှိပ်စက်မှု ခံရကြမည် ဖြစ်သည်။
အရှေ့တိုင်းစကားပုံတစ်ခုက “လူတစ်ဉီးသည် တစ်ရက်အ တွက် စာဖတ်ခြင်း လက်လွှတ်လျှင် သူသည် ရိုင်းစိုင်းသောစကားလုံး များပြောလိမ့်မည်”ဟု ပြောသည်။ ထိုနောက် ကျွန်ုပ်တို့သည် အ ဘယ်သို့ ဖြစ်သနည်း။ ကျွန်ုပ်တို့သည်လည်း ဘုရားသခင်နှင့်ကိုယ် တော်၏သတင်းကောင်းအတွက် တစ်ရက်တည်းအသက်မရှင်ခဲ့လျှင် ကျွန်ုပ်တို့သည် အကျင့်ပျက်ခြစားမှုထဲသို့ အလျင်စလို ‌ကျဆင်းနိုင် သည်။ ထိုကြောင့် ကျွန်ုပ်တို့သည် သေသည့်အထိ ဤသို့ဖြင့်အသက် ရှင်ကြလိမ့်မည်။ သို့သော် ကျွန်ုပ်တို့သည် ခရစ်တော်အတွက် အ သက်ရှင်၍ မိမိကိုယ်ကိုကိုယ် ပေးဆပ်ကာ ဘုရားသခင်အတွက် ညှဉ်းပန်းနှိပ်စက်ခြင်းခံရကြလျှင်၊ ကျွန်ုပ်တို့သည် မကောင်းမှု၏ ဝိ ညာဉ်ရေးရာတပ်များကို ဆန့်ကျင်သော ဝိညာဉ်ရေးရာစစ်ပွဲကို ဆင် နွှဲလျှင် ကျွန်ုပ်တို့သည် အသစ်သောခွန်အားများ တွေ့ရှိနိုင်သော ဝိ ညာဉ်ရေးရာအစာဖြင့် ကျွန်ုပ်တို့နှလုံးသားများ ပြည့်ကြလိမ့်မည်။
ခရစ်ယာန်များကျဆင်းခြင်းအကြောင်းမှာ သူတို့သည် ကိုယ် တော့်အတွက် အသက်မရှင်ကြသောကြောင့် ဖြစ်သည်။ သို့သော် ကျွန်ုပ်တို့သည် ကိုယ်တော့်အတွက် အသက်ရှင်ကြသောအခါ ကျွန်ုပ် တို့ဝိညာဉ်ရေးရာ ခွန်အားများသာ၍ တိုးပွားကာ ကိုယ်ခန္ဓာကျန်းမာ ရေးနှင့်ခွန်အားများသည် ပို၍ သန်မာလာသည်။
အပိုဒ်ငယ် ၃၈-၃၉ တွင် “အကြောင်းမူကား သေခြင်းဖြစ်စေ၊ အသက်ရှင်ခြင်းဖြစ်စေ၊ ကောင်းကင်တမန်များဖြစ်စေ၊ အုပ်ချုပ်သူများဖြစ်စေ၊ မျက်မှောက်အရာများဖြစ်စေ၊ နောင်လာမည့်အရာများဖြစ်စေ၊ တန်ခိုးများဖြစ်စေ၊ 39အထက်အရာဖြစ်စေ၊ အောက်အရာဖြစ်စေ၊ ဖန်ဆင်းတော်မူသောအခြားမည်သည့်အရာပင်ဖြစ်စေ ငါတို့၏သခင်ခရစ်တော်ယေရှု၌ရှိသော ဘုရားသခင်၏ချစ်ခြင်းမေတ္တာတော်နှင့် ငါတို့ကို မကွဲကွာစေနိုင်ဟု ငါသည် ယုံကြည်စိတ်ချ၏”ဟု ဖော်ပြထားသည်။ရှင်ပေါလုသည်‌ရေနှင့်ဝိညာဉ်တော်သတင်းကောင်း ယုံကြည်သူတစ်ဉီးအဖြစ် ဤအကြောင်းကို နားလည်သဘောပေါက် သည်။ ဤသမ္မာတရားသည် ကျွန်ုပ်တို့အပေါ်တွင်လည်း အသုံးချ သည်။ သေခြင်းဖြစ်စေ၊ အသက်ရှင်ခြင်းဖြစ်စေ ကျွန်ုပ်တို့အား ခရစ်တော်နှင့် မခွဲခွါစေနိုင်ပေ။
ရှေးခေတ်က ရောမအင်ပါယာများကဲ့သို့သော လောကတန်ခိုး စွဲကိုင်သူများသည် ခရစ်ယာန်များအား သူတို့၏ယုံကြည်ခြင်းစွန့် လွှတ်ရန် ဖြားယောင်းသွေးဆောင်ရန် ကြိုးစားခဲ့ကြသည်။ သူတို့ သည် မိမိလုပ်ဖော်ဆောင်ဖက်ယုံကြည်သူများအား အရာရှိများထံမှ ဇနီးများနှင့်လက်ဆောင်ပစ္စည်းများ၊ ဖြားယောင်းခြင်းမျိုးစုံအားလုံး ကို ပေးအပ်ခြင်းအားဖြင့် သူတို့၏ယုံကြည်မှု စွန့်လွှတ်ရန်အတွက် သ တင်းပို့တတ်ကြသည်။ သို့သော် သတင်းကောင်းအမှန်အကန် ယုံ ကြည်သူများသည် တန်ခိုး၊ ပစ္စည်းဥစ္စာ သို့မဟုတ် ဂုဏ်ပကာသန များ၏ သွေးဆောင်ခြင်းကို ဘယ်တော့မှ လက်လွှတ်မခံကြပေ။
ယုံကြည်ခြင်းသည် လောကအရာများပေးစွမ်းနိုင်သောအရာ များဖြင့် အစားထိုးလဲလှယ်ခြင်းပြုနိုင်သောအရာမဟုတ်ပေ။ လူတစ် ဉီးသည် ချက်လက်မှတ်အလွှတ်တစ်စောင်ကို ပြု၍ “မင်းက သတင်း ကောင်းဟောပြောြခင်းရပ်တန့်လျှင် ဒီချက်လက်မှတ်ကို ငါပေးမည်” ဟု ကျွန်ုပ်တို့အား ပြောလျှင် အနာဂတ်အတွက် ကျွန်ုပ်တို့မြော်လင့် ခြင်းနှင့် ကိုယ်တော်၌ သန်မာသောယုံကြည်ခြင်းကြောင့် ကျွန်ုပ်တို့ သည် “မင်းက ဒီဟာကို ပို၍လိုအပ်လိမ့်မည်။ အသုံးပြုလိုက်ပါ။ ငါ့ အတွက် အဲဒါက ဘာမျှမဟုတ်ဘူး။ စာရွက်သက်သက် ဖြစ်တယ်” ဟု ကျွန်ုပ်တို့ပြန်ပြောနိုင်ကြလိမ့်မည်။
 

‌ရေနှင့်ဝိညာဉ်တော်သတင်းကောင်းသာလျှင် ဘုရားသခင် ၏ဖြောင့်မတ်ခြင်းရှိသောသတင်းကောင်း ဖြစ်သည်

“ကားတိုင်၏အသွေးတော်ကိုသာ ယုံကြည်ခြင်းသည် မှန်ကန် သောယုံကြည်ခြင်းဖြစ်သည်ဟု မင်းဝန်ခံလျှင် ငါတို့သည် သင့်ယုံ ကြည်မှုကို ထောက်ခံလိမ့်မည်။ ငါတို့က မင်းကို ခံယူချက်လွှဲမှားသူ အဖြစ် မစွပ်စွဲတော့ဘဲ မင်းကို အမှန်အကန် ကူညီကြလိမ့်မည်”ဟု ပြောသူ များစွာရှိသည်။ အထူးသဖြင့် ဘာသာရေးခေါင်းဆောင်များ က ဤသို့သောအပေးအယူကို ကျွန်တော်ထံမှ ရရှိရန် ကြိုးစားခဲ့ကြ သည်။ သို့သော် ကျွန်ုပ်တို့သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို နှုတ်ကပတ်တော်ဖြင့် တိုင်းတာသောအခါ ၎င်းသည် တိကျမှန်ကန် သည်။ မှားသောအရာသည် မှားနေသည်။ သမ္မာတရားမှာ သမ္မာတ ရား ဖြစ်သည်။ မှားယွင်းသောယုံကြည်မှုကို အသိအမှတ်ပြုခြင်းမှာ ဘုရားသခင်ကို ဆန့်ကျင်တော်လှန်မှု ဖြစ်သည်။ ထိုကြောင့် ကျွန် တော်သည် သူတို့၏ယုံကြည်ခြင်းကို ထောက်ခံခြင်းမပေးနိုင်ပေ။ သို့ သော် ကျွန်တော်သည် သူတို့၏မှားယွင်းသောခံယူချက်များကို အမြဲ ထောက်ပြရမည် ဖြစ်သည်။
“သင်သည် ကားတိုင်၏အသွေးတော်ကိုသာ ယုံကြည်သ လော။ ယုံကြည်လျှင် သင်၏နှလုံးသား၌ အပြစ်ရှိသည်။ သင်သည် အပ္ပါယ်ငရဲသို့ သွားရမည် ဖြစ်သည်။ ကျွန်တော်သည် အလွန် စိတ် ပြင်းပြ၍ အလျှော့မပေးပါဟု သင်ထင်နေလျှင်တောင် ကျွန်တော်မ တတ်နိုင်ပါ။ သမ္မာတရားမှာ သမ္မာတရား ဖြစ်သည်။” ဤသို့သောစ ကားလုံးများကြောင့် လူများသည် ကျွန်တော့်ကို ဝေးဝေးရှောင်ကြဉ် နေကြသည်။ သူတို့သည် ကျွန်တော်ထံ မချဉ်းကပ်ဝံ့ကြပေ။ လူများ စွာတို့သည် ကျွန်တော်ထံချဉ်းကပ်ကြ၍ ကျွန်တော်သည် သူတို့နှင့် တူလိမ့်မည်ဟု ယူဆကြသည်။ သို့သော် သူတို့ချဉ်းကပ်သည့်အချိန် တိုင်းတွင် ကျွန်တော်က သူတို့အား “မင်းတို့က သိုးထိန်းအတုအ ယောင်များဖြစ်ကြတယ်။ အသက်မွေးဝမ်းကျောင်းအတွက် ဘုရား သခင်၏နာမတော်ကို ရောင်းစားကြ၍ သူခိုးများသာဖြစ်ကြတယ်” ဟုပြောခဲ့သည်။ ကျွန်တော်သည် ဤသို့ပြောကြားသောအခါ မည်သူ သည် ကျွန်တော်ကို နှစ်သက်ကြလိမ့်မည်နည်း။ သို့သော် မဟုတ် သောအရာကို မဟုတ်ပေ။ ဤအကြောင်းကြောင့် ကျွန်တော်သည် မိ မိရပ်တည်မှု၌ မယိမ်းယိုင်ဘဲ ခိုင်ခံ့စွာ ရပ်တည်ခဲ့သည်။
ကျွန်တော်သည် ကားတိုင်၏အသွေးကိုသာ ယုံကြည်လျှင် ဤ သို့သော အခွင့်အာဏာကို ပေးမည်ဟု ပြောသူများ၏စုံစမ်းခြင်းကို ကျွန်တော်ခံခဲ့ရသည်။ သို့သော် အထက်ကျမ်းချက် “အကြောင်းမူ ကား သေခြင်းဖြစ်စေ၊ အသက်ရှင်ခြင်းဖြစ်စေ၊ ကောင်းကင်တမန်များဖြစ်စေ၊ အုပ်ချုပ်သူများဖြစ်စေ၊ မျက်မှောက်အရာများဖြစ်စေ၊ နောင်လာမည့်အရာများဖြစ်စေ၊ တန်ခိုးများဖြစ်စေ၊ 39အထက်အရာဖြစ်စေ၊ အောက်အရာဖြစ်စေ၊ ဖန်ဆင်းတော်မူသောအခြားမည်သည့်အရာပင်ဖြစ်စေ ငါတို့၏သခင်ခရစ်တော်ယေရှု၌ရှိသော ဘုရားသခင်၏ချစ်ခြင်းမေတ္တာတော်နှင့် ငါတို့ကို မကွဲကွာစေနိုင်ဟု ငါသည် ယုံကြည်စိတ်ချ၏”ဟု ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့ သည် အခွင့်အာဏာ၊ အမြင့်နှင့်အနက်တို့ကို မလိုအပ်ကြပေ။ ကျွန်ုပ် တို့သည် လှည့်စားသူအချို့ပြောသော အနာရောဂါငြိမ်းခြင်းကို မလို အပ်ကြပေ။ ဒုတိယမွေးဖွားခြင်းခံရသောကျွန်ုပ်ုတိ့သည် ဤသို့သော အရာများကို မလိုအပ်ကြပေ။ ကျွန်ုပ်တို့သည် သူတို့နှင့်မတူကြပေ။
သခင်ယေရှုခရစ်တော်၌ ကျွန်ုပ်တို့အား ဘုရားသခင်၏မေတ္တာ တော်နှင့် အခြားဖန်ဆင်းခံအရာများက ခွဲခွါစေနိုင်မည်မဟုတ်ပေဟု ကျမ်းချက်က ဖော်ပြထားသည်။ ကမ္ဘာပေါ်တွင် ဂြိုဟ်သားများရှိ လျှင်လည်း သူတို့သည် ကျွန်ုပ်တို့အား ကယ်တင်ခဲ့သော ဘုရားသ ခင်၏မေတ္တာတော်နှင့်ခွဲခွါစေနိုင်မည်မဟုတ်ပေ။ 
ကမ္ဘာ့အပြင်သတ္တဝါများတည်ရှိခြင်းကို ယုံကြည်သော ခရစ် ယာန်အချို့ရှိကြသည်။ သင်းအုပ်ဆရာများပင်လျှင် လူများစွာတို့ သည် သူတို့၏တည်ရှိခြင်းကို ယုံကြည်ကြသည်။ သို့သော် ဂြိုဟ်သား မရှိပေ။ ကျွန်တော်ဆယ်မီနာတက်ခဲ့သောအခါ ဂရိစာသင်ပေးသော ပါမောက္ခတစ်ဉီးက ဂြိုဟ်သားများတည်ရှိခြင်းကို ယုံကြည်ခဲ့သည်။ ထိုကြောင့် ကျွန်‌တော်က သူ့အား “ဆရာရဲ့ယုံကြည်ခြင်းကို ကျမ်းစာ ဖြင့် သက်သေပြသနိုင်မလား”ဟု မေးခဲ့သည်။ သူသည် ကျွန်တော် ငြင်းဆိုမှုအတွက် အဖြေကို မပေးနိုင်ခဲ့သည်။ ဂြိုဟ်သားလုံးဝမရှိပေ။ ဘုရားသခင်သည် လောကသားများကို ချစ်တော်မူသောကြောင့် တစ်ပါးတည်းသောသားတော်ကို ပေးအပ်တော်မူခဲ့သည်။ အကယ်၍ ဂြိုဟ်သားရှိခဲ့လျှင် သခင်ယေရှုသည် ဤလောကသို့ ဖွားမြင်ရန် လို အပ်မည် မဟုတ်ပေ။
ကျွန်ုပ်တို့သည် ကြီးမားသောရင်းနှီးမြှုပ်မှုများနှင့် သုတေသနာ ပြုကြပြီးနောက် ကျွန်ုပ်တို့သည် လကမ္ဘာပေါ်သို့ ရောက်နိုင်ခဲ့ကြ သည်။ ကျွန်ုပ်တို့ အာကာသယာဉ်မှူးများသည် အင်္ဂါဂြိုဟ်များသို့ ဆင်းသက်သည်။ သို့သော် ကမ္ဘာ့အပြင်ဘက် အသက်ပုံစံများတည်ရှိ ခြင်းကို ညွှန်ပြပေးသောသာ သက်သေအထောက်အထား အစအန တစ်စုံတစ်ခုမျှ မတွေ့ကြပေ။ ကျွန်တော်သည် သမ္မာကျမ်းစာကို အ ခြေပြု၍ လူသားများ၏သိပ္ပံပညာနှင့်နည်းပညာများ စွမ်းရည်များ မည်သို့ပင် တိုးတက်စေကာမူ၊ စကြာဝဠာကို မည်သို့ပင် ကျယ်ပြန့် သည်ဟု ရှာဖွေတွေ့ရှိစေကာမူ ကမ္ဘာ့အပြင်ဘက်တွင် အသက်ရှိ သည်ဟု ကျွန်ုပ်တို့မတွေ့နိုင်ကြပေဟု ကျွန်တော်ထည့်သွင်း ဖော်ပြ လိုပါသည်။ မည်သည့်အရာတစ်စုံတစ်ခုမျှသည် သခင်ယေရှုခရစ် တော်၌ ကျွန်ုပ်တို့အား ဘုရားသခင်၏မေတ္တာတော်နှင့် မခွဲခွါစေနိုင် ပေဟု သမ္မာကျမ်းစာက ပြောထားသည်။ ထိုနောက် ဤဘုရားသခင် ၏မေတ္တာတော်သည် အဘယ်အရာ ဖြစ်သနည်း။ ဤအရာမှာ အ ခြားသောအရာမဟုတ်ဘဲ ရေနှင့်ဝိညာဉ်တော်သတင်းကောင်း ဖြစ် သည်။ ဤအရာသည် ဘုရားသခင်၏မေတ္တာတော် ဖြစ်သည်။ ရေနှင့် ဝိညာဉ်တော်သတင်းကောင်းအားဖြင့် ကျွန်ုပ်တို့အား ကယ်တင်၍ အ ပြစ်ကင်းစင်စေသာ ကယ်တင်ခြင်းမှာ ဘုရားသခင်၏မေတ္တာတော် ဖြစ်၍ မည်သည့်အရာတစ်စုံတစ်ခုကမျှ ကျွန်ုပ်တို့အား ဤမေတ္တာ တော်နှင့် ခွဲခွါစေနိုင်မည် မဟုတ်ပေ။ 
ရှင်ပေါလုက အခန်းကြီး ၉ တွင် ယုံကြည်ခြင်းအကြောင်းကို နောက်တဖန် ပြောသည်။ သို့သော် ယုံကြည်ခြင်း၏အထွတ်အထိပ် ရောက်သည့်နေရာကို အခန်းကြီး ၈ တွင် နိဂုံးချုပ်သည်။ ရောမသြ ဝါဒစာ အခန်းကြီး ၁ မှ ၈ သည် ဆောင်ပုဒ်တစ်ပိုဒ်ကို ဖွဲ့စည်းသည်။ အခန်းကြီး ၈ သည် အခန်းကြီး၏ နိဂုံးဖြစ်၍ ယုံကြည်ခြင်းအမြင့်သို့ ရောက်ခြင်း အကြောင်း ဖြစ်သည်။ အခန်းကြီး ၈၌ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖော်ပြထားသည့်အတိုင်း ရေနှင့်ဝိညာဉ်တော် သတင်းကောင်းယုံကြည်သူများသာလျှင် ဘုရားသခင်၏မေတ္တာ တော်နှင့် မခွဲခွါနိုင်ကြပေ။
သို့သော် ယုံကြည်ခြင်းမရှိသောသူများသည် ထိုသို့မဟုတ်ပေ။ သူတို့သည် ကိုယ်တော်အတွက် ခေတ္တအသက်ရှင်နိုင်ကြသော်လည်း သူတို့သည် မိမိယုံကြည်မှုကို မခုခံနိုင်ကြ၍ သေသည့်ထိတိုင်အောင် ကိုယ်တော်အတွက် အသက်မရှင်နိုင်ကြပေ။ သူတို့သည် ဘာသာတ ရားဖြင့် ၁၀ နှစ်၊ ၂၀ နှစ် အသက်ရှင်နိုင်ကြသော်လည်း သူတို့၏ ယုံ ကြည်မှုသည် ပျက်စီး၍ သေသွားကြကာ ဘုရားသခင်၏အဆက်အ သွယ် လုံးဝပျက်၍ ကိုယ်တော်နှင့်လုံးဝ မပတ်သက်တော့ပေ။ သူတို့ လုပ်ငန်းများသည် အားနည်းနေသောကြောင့် မဟုတ်ပေ။ သို့သော် ခ ရစ်တော်အတွက် သူတို့နှလုံးသား၌ ရှိသောမေတ္တာတော်သည် သူတို့ ထံမှ ကွယ်ပျောက်လိမ့်မည်။ သူတို့သည် မိမိစိတ်များ၌ သန့်ရှင်း သောဝိညာဉ်တော်မရှိကြသောကြောင့် သူတို့သည် မိမိနှလုံးသားများ ၌ ကိုယ်တော့်အတွက် မေတ္တာလည်းမရှိပေ။ အကျဉ်းအားဖြင့် သူတို့ ၏နှလုံးသားများ၌ အပြစ်သာရှိသည်။
ရက်များကြာလာသောအခါ ရေနှင့်ဝိညာဉ်တော်သတင်း ကောင်းအားဖြင့် ကိုယ်တော်သည် ကျွန်ုပ်တို့အား ကယ်တင်တော်မူခဲ့ သည်ဟူသော ကယ်တင်ခြင်းမေတ္တာကို မည်သို့ ပို၍ နက်နဲ၍ မည် သို့ပြည့်စုံသည်ကိုလည်းကောင်း ကျွန်တော်နားလည်သဘောပေါက် သည်။ ကျွန်တော်သည် ကိုယ်တော်ကို စတင်တွေ့ရှိခဲ့သောအခါ ခ ရစ်တော်၏မေတ္တာတော်အတွက် တန်ဖိုးဖြတ်သတ်မှတ်မှုမှာ အိုင်ထဲ သို့ ပစ်ချခဲ့သော ကျောက်ခဲတစ်လုံးသည် သေးငယ်၍ မမြင်နိုင်သော လှိုင်းများဖြစ်စေသကဲ့သို့ တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။ ကျွန် တော့်တုံ့ပြန်မှုသည် အလွန်နားလည်သဘောပေါက်လွယ်ကူသည်။ ၎င်းမှာ သခင်ယေရှုသည် ကျွန်တော့်အပြစ်များအားလုံးကို ယူဆောင် သွားတော်မူခဲ့သည်ကိုလည်းကောင်း၊ အပြစ်ကင်းစင်ခဲ့သည်ကို လည်းကောင်းကျွန်တော်သိခဲ့သည်။သို့သော်ကျွန်တော်သည်သတင်း ကောင်းဟောပြော၍ အသက်ရှင်နေစဉ် ကျွန်တော့်နှလုံးသား၌ ဗုံး တစ်လုံးပေါက်ကွဲသကဲ့သို့ ကျွန်တော်နှလုံးသား၌ရှိသော လှိုင်းများ သည် ပို၍ ကြီးမားပြီး နက်ရှိုင်းလာသည်။
ကျွန်ုပ်တို့သည် ကားတိုင်၏အသွေးကိုသာ ယုံကြည်သင့်သည် ဟု မည်သူ ပြောသနည်း။ ရှင်ပေါလုက ဤအရာကို ပြောခဲ့သလော။ ရောမသြဝါဒစာအုပ်ထဲတွင် ရှင်ပေါလုက ရေနှင့်ဝိညာဉ်တော်သ တင်းကောင်းကို ရှင်းလင်းစွာနှင့် သံသယကင်းစွာ ပြောခဲ့သည်။ “သို့မဟုတ် ခရစ်တော်ယေရှု၌ ဗတ္တိဇံခံခဲ့သောငါတို့သည် ကိုယ်တော်၏အသေခံတော်မူခြင်း၌ ဗတ္တိဇံခံခဲ့ကြောင်း သင်တို့မသိကြသလော။ 4ထိုသို့ ငါတို့သည် အသေခံတော်မူခြင်း၌ ဗတ္တိဇံခံသောအားဖြင့် ကိုယ်တော်နှင့်အတူသင်္ဂြိုဟ်ခြင်းကိုခံကြ၏။ ဤသည်ကား ခရစ် တော်သည် ခမည်းတော်၏ဘုန်းအသရေတော်အားဖြင့် သေသောသူတို့ထဲမှ ထမြောက်တော်မူသည့်နည်းတူ ငါတို့သည်လည်း အသက် တာသစ်၌ အသက်ရှင်လျှောက်လှမ်းကြရန်ဖြစ်၏”(ရောမ ၆း၃-၄)။
ဤ‌ရေနှင့်ဝိညာဉ်တော်သတင်းကောင်းသည် အလွန်ကောင်း၍ ပြည့်စုံသည်မဟုတ်လော။ လူတစ်ဉီး၏ယုံကြည်မှုသည် မည်သို့ပင် သေးငယ်နေပါစေ လူတစ်ဉီးသည် ရေနှင့်ဝိညာဉ်တော်သတင်း‌ ကောင်းကို ယုံကြည်လျှင် သူသည် အပြစ်မှ ကယ်တင်ခြင်းခံရသည်။ သင်သည် မည်သို့ပင် အပြစ်ကျူးလွန်နေပါစေ သင်၏ယုံကြည်မှု သည် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းအားဖြင့် ပြည့်စုံသည်။ သင်သည် မည်သို့ပင် အားနည်းနေပါစေ ရေနှင့်ဝိညာဉ်တော်သတင်း ကောင်းကို ယုံကြည်ခြင်းအားဖြင့် သင်သည် ကယ်တင်ခြင်း ခံရ သည်။ ကျွန်ုပ်တို့သည် မိမိကိုယ်ကိုကိုယ် တန်ခိုးမရှိသော်လည်း ကျွန်ုပ်တို့သည် ဘုရားသခင်အတွက်ဖြစ်စေ၊ ဘုရားသခင်နှင့်အတူ ဖြစ်စေ အသက်ရှင်ကြလျှင် ကျွန်ုပ်တို့နှလုံးသားများမှ အညစ်အ ကြေးများအားလုံး ဖယ်ရှားခြင်းခံရသည်။
သို့သော် မယုံကြည်သူများသည် ဤသတင်းကောင်းကြားနာ ခြင်းနှင့် သတင်းကောင်းဖြင့်အသက်ရှင်ခြင်း ဆယ်နှစ်ရှိခဲ့သော်လည်း သူတို့သည် အစကတည်းကအဆုံးထိတိုင်အောင် ဘုရားသခင်ကို ဆန့်ကျင်၍ ကိုယ်တော်ကို စွန့်ခွါကြသည်။ ဘုရားသခင်၏နှုတ်က ပတ်တော်ကို မမြင်ရန် မိမိမျက်စိများကိုပိတ်၍ မကြားရန် နားပိတ် ရန် ဆုံးဖြတ်သောသူများသည် ဘုရားသခင်၏ကောင်းကြီးမင်္ဂလာ ကို မိမိလက်များဖြင့် ငြင်းပယ်၍ သူတို့၏သေခြင်းများသို့ ဉီးတည် နေကြသောကြောင့် မိုက်မဲသောသူများ ဖြစ်ကြသည်။ သခင်ယေရှု သည် ဗတ္တိဇံခံယူတော်မမူခဲ့လျှင် ကားတိုင်ပေါ်တွင် သေခံစရာအ ကြောင်းမရှိသောကြောင့် သူတို့သည် မိမိအပြစ်များဖြင့် နေ့တိုင်း ခရစ်တော်ကို သတ်ကြသည်။ 
ကျွန်တော်သည် နေ့ရက်များကုန်ဆုံးလာသည်နှင့်အမျှ ဤသ တင်းကောင်းသည် မည်မျှ ကြီးမြတ်၍ ပြည့်စုံသည်ကို နားလည်သ ဘောပေါက်သည်။ ကျွန်တော်အားနည်းလေလေ ဤသတင်းကောင်း အားဖြင့် ထင်ရှားသော ကိုယ်တော်၏ မေတ္တာတော်သည် မည်မျှ ကောင်း၍ ပြည့်စုံသည်ကို နားလည်သဘောပေါက်လေလေ ဖြစ် သည်။ ကျွန်တော်သည် ကိုယ်တော့်ကို ထိုအရာအတွက် ကျေးဇူး တင်သည်။ ကျွန်တော်သည် ဤသတင်းကောင်းကို ဟောပြောလေ လေ ပို၍ဟောရန် ဆန္ဒကြီးလေလေ ဖြစ်သည်။ ကျွန်တော်သည် ဤ သတင်းကောင်းကို ဟောပြောလေလေ ပို၍ အားသန်လေလေ ဖြစ် သည်။ ကျွန်တော်သည် ဤသတင်းကောင်းကို ဟောပြောလေလေ ကျွန်တော်သည် ပို၍နားလည်သဘောပေါက်လေလေ ဖြစ်သည်။
သင်သည် ဒုတိယမွေးဖွားခြင်းခံရလျှင်တောင် သင်သည် နှုတ် ကပတ်တော်ကို နားမထောင်၊ ကိုယ်တော့်ကို မကိုးကွယ်လျှင် မြက် ပင်များ သင်၏စိတ်ထဲ၌ ကြီးထွားလာလိမ့်မည်။ ဤမြက်ပင်များ ကြောင့် သင်၏စိတ်သည် မြေရိုင်းဖြစ်လာလိမ့်မည်။ ဤသို့ဖြစ်ပျက် လာသောအခါ ချီးမွမ်းခြင်းသီခင်းများ ဆို၍ ယေဟောဝါဘုရားကို စဉ်းစားပါ။ ဘုရားသခင်ကို ချီးမွမ်းခြင်းအားဖြင့် သင်၏စိတ်သည် စင် ကြယ်၍ သင်သည် မိမိစိတ်ကို တဖန် နိုးထလာနိုင်လိမ့်မည်။
သင်သည် မိမိစိတ်ထဲတွင် မသန့်ရှင်းသောအရာများအားလုံးကို စွန့်ပယ်ရန် မိမိစိတ်ကို သန့်ရှင်းစေ၍ ဘုရားသခင်နှင့်နှုတ်ကပတ်ကို ပြည့်စေခြင်းအားဖြင့် နှလုံးသားအသစ်ပြုပြင်သင့်သည်။ ကျွန်ုပ်တို့ နှလုံးသားများသည် စင်ကြယ်ခဲ့ပြီ ဖြစ်သော်လည်း လောကအညစ် အကြေးများသည် ကျွန်ုပ်တို့အား ရှုပ်ထွေးစေရန်နှင့် နှောင့်ယှက်ရန် ဝင်ရောက်သောအခါ ကျွန်ုပ်တို့သည် ကိုယ်တော်ကို ချီးမွမ်းသီချင်း ဆိုခြင်း၊ နှလုံးသား အသစ်ပြုပြင်ခြင်းနှင့် နိုးထစေခြင်းအားဖြင့် ဘု ရားသခင်ကို ပြန်လည်ကိုးကွယ်၍ ဆုတောင်းနိုင်ကြသည်။
ကျွန်ုပ်တို့သည် မည်သည့်နေရာတွင်ရှိနေပါစေ ဘုရားသခင်ကို ချီးမွမ်းခြင်းသည် ပျော်ရွှင်စရာနှင့်ကြည်နူးစရာကောင်းသော အတွေ့ အကြုံ ဖြစ်သည်။ ရွေးနှုတ်ခြင်းခံခဲ့ပြီးသောသူများ၏စိတ်များ၌ အ ပြစ်မရှိသောကြောင့် သူတို့သည် မိမိစိတ်များမှ ချီးမွမ်းခြင်းနှင့် ဝမ်း မြောက်ခြင်းသည် အလိုအလျောက် ထွက်လာသည်။ ကျွန်ုပ်နှလုံး သားများ၏ဝမ်းမြောက်ဖွယ်ကောင်းသော ချီးမွမ်းသီချင်းများသည် ကျွန်ုပ်တို့စိတ်များ၌ ပေါက်သော မြက်ပင်များကို ကွယ်ပျောက်စေ နိုင်သည်။
ကျွန်ုပ်တို့အားနည်းချက်များသည် ထင်ရှားသောအချိန်များ ရှိ တတ်သည်။ မတူညီသော ပတ်ဝန်းကျင်အခြေအနေအားဖြင့် ကျွန်ုပ် တို့အတွေးအခေါ်များနှင့်ခံစားချက်များသည် အလွယ်တကူ ပြောင်း လဲတတ်သောကြောင့် ကျွန်ုပ်တို့သည် ခရစ်တော်၌ ညီအစ်ကိုများနှင့် အတူရှိကြသောအခါ ဝမ်းမြောက်၍ သက်တောင့်သက်သာဖြစ်နိုင် ကြသော်လည်း ကျွန်ုပ်တို့သည် ကိုယ်တိုင်ရှိသောအခါ ညစ်ညမ်း၍ မ သန့်ရှင်းသောအတွေးအခေါ်များ ရှိနိုင်ကြသ်ည။ ထိုကြောင့် ရှင်ပေါ လုက မိမိကိုယ်ခန္ဓာကို ကြည်သောအခါ ဤသို့ ငြိုငြင်ခြင်း ဖြစ် သည်။ “ငါသည် အလွန်စိတ်ပျက်ဖွယ်ကောင်းသောသူဖြစ်ပေ၏။ မည်သူသည် သေခြင်းနှင့်ဆိုင်သော ဤကိုယ်ခန္ဓာမှ ငါ့ကို ကယ်နုတ်မည်နည်း။ သို့သော် ငါတို့၏သခင်ယေရှုခရစ်တော်အားဖြင့် ဘုရားသ ခင်၏ကျေးဇူးတော်ကိုချီးမွမ်း၏။ ဤသို့ဖြင့် ငါသည် မိမိစိတ်နှလုံးအားဖြင့် ဘုရားသခင်၏တရားတော်ကို အစေခံလျက်ရှိသော်လည်း သွေးသားဇာတိအားဖြင့် အပြစ်နှင့်ဆိုင်သောတရားကို အစေခံလျက်ရှိ၏”(ရောမ ၇း၂၄-၂၅)။
ရှင်ပေါလုသသည် ကိုယ်ခန္ဓာအားဖြင့် အားနည်းနေသေးသော် လည်း သူသည် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းအားဖြင့် ကယ် တင်ခြင်းခံရသောကြောင့် ကျန်းမာခြင်းရှိလာခဲ့သည်။ ရှင်ပေါလုတစ် ဉီးတည်းသာ ဤသို့သော သူဖြစ်သလော။ ကျွန်တော်သည်လည်း ရှင် ပေါလုကဲ့သို့ ဖြစ်သည်။ သင်သည်လည်း ရှင်ပေါလုကဲ့သို့ ဖြစ်သ လော။
မယုံကြည်သူများသည် အတူတူစုရုံးကြသောအခါ ယောက်ျား များသည် အများအားဖြင့် စားသောက်တတ်ကြသည်။ သူတို့သည် လုပ်ငန်းများအကြောင်း၊ မည်သူများ အလုပ်မြှင့်တင်ခြင်းခံရ၍ မည် သူများအလုပ်ဖြုတ်ချခြင်းခံရကြသည့်အကြောင်းကိုသာ ဆွေးနွေး လေ့ရှိကြသည်။ မိန်းမများသည် သူတို့၏လင်များ၊ သားသမီးများ၊ အိမ်များစသည်တို့ကို ဝါကြွားတတ်ကြသည်။ သို့သော် ဖြောင့်မတ် သူများ၏ဆွေးနွေးတိုင်ပင်မှုများသည် မယုံကြည်သူများနှင့် လုံးဝ ခြားနားမှုရှိသည်။ ကျွန်ုပ်တို့သည် အတူတူစားသောက်ကြသောအခါ ကျွန်ုပ်တို့သည် တစ်ကမ္ဘာလုံး၊ အိန္ဒိယ၊ ဂျပန်၊ ဉရောပ၊ အဖရိက၊ အ မေရိက စသည်ဖြင့် ကယ်တင်ခြင်းခံရသောဝိညာဉ်များအကြောင်းကို ပြော၍ ဘုရားသခင်ကို ချီးမွမ်းကာ စိတ်များဖြင့် မိတ်သာဟယမျှ ဝေ ကြသည်။
ကျွန်ုပ်တို့သည် ရောမသြဝါဒစာအုပ်ကို ဖတ်ရှုသောအခါ ရှင် ပေါလု၏ယုံကြည်မှုကို နှလုံးသားများ၌ ခံစား၍ မျှဝေကြသည်။ ဘု ရားသခင်ချပေးတော်မူခဲ့သော ကယ်တင်ခြင်းသည် မည်မျှ ကြီးမား သည်ကို ကျွန်ုပ်တို့ သိရကြသည်။ သတင်းကောင်း၏မြင့်မြတ်မှုကို လည်း ကျွန်ုပ်တို့ခံစားနိုင်ကြသည်။ ကျွန်ုပ်တို့သည် ကျမ်းချက်ကို နားလည်သဘောပေါက်၍ ၎င်းတွင် ဖုံးအုပ်ထားသောအနက်အ ဓိပ္ပါယ်ကိုလည်း ရှာဖွေကြသည်။ ကိုယ်တော်၏ကယ်တင်ခြင်းသည် မည်သို့ ပြည့်စုံ၍ စုံလင်သည်ကို ကျွန်ုပ်တို့သည် နားလည်သဘော ပေါက်ကြသောကြောင့် ကျွန်ုပ်တို့သည် အခြားရွေးချယ်စရာမရှိဘဲ ကိုယ်တော်၏ဖြောင့်မတ်ခြင်းကို ချီးမွမ်းကြသည်။
ယခုချိန်၌ပင် တစ်ကမ္ဘာလုံးသည် ပြောင်းလဲလျှင်တောင် ကျွန်ုပ်တို့အား အပြစ်များမှ ကယ်တင်ခဲ့သော ရေနှင့်ဝိညာဉ်တော်သ တင်းကောင်းသည် ပြောင်းလဲခြင်း မရှိပေ။ ခရစ်တော်၏မေတ္တာ သည် ကျွန်ုပ်တို့ကို ကယ်တင်ခဲ့သောကြောင့်လည်းကောင်း၊ ဤ မေတ္တာသည် ကျွန်ုပ်တို့အား ဘယ်တော့မှမစွန့်ပစ်ဘဲ ကျွန်ုပ်တို့၌ ကျန်ရစ်သောကြောင့်လည်းကောင်း၊ ကျွန်ုပ်တို့အားလုံးလုပ်ဆောင် ရမည့်အရာမှာ ကျွန်ုပ်တို့နှလုံးသားများသည် လောကမှ ပြန်လှည့်၍ ဘုရားသခင်အပေါ် တဖန် အာရုံစိုက်ခြင်း ဖြစ်သည်။ ကျွန်ုပ်တို့သည် အားနည်းကြသည်။ ဤအားနည်းချက်များကြောင့် ကျွန်ုပ်တို့သည် တစ်ခါတစ်ရံ လောကလမ်းများသို့ ကျတတ်ကြသည်။ သို့သော် ဤ သို့ဖြစ်ပျက်သည့်အချိန်တိုင်းတွင် ကျွန်ုပ်တို့သည် မိမိစိတ်များကို ဘု ရားသခင်ထံတော်သို့ ပြန်လျှည့်၍ ကိုယ်တော်သည် ကျွန်ုပ်တို့အား ကယ်တင်တော်မူခဲ့သည်ဟူသော သမ္မာတရားကို ယုံကြည်ရကြမည် ဖြစ်သည်။ ကျွန်ုပ်တို့ကိုယ်ခန္ဓာသည် အပြစ်၏ပညတ်တရားအောက် ၌ ပြောင်းလဲ၍ အသက်ရှင်သေးသည်။ ကျွန်ုပ်တို့သည် မိမိကိုယ်ခန္ဓာ ကို ငြင်းပယ်၍ ဝိညာဉ်ရေးရာအတွေးအခေါ်များအားဖြင့် အသက် ရှင်ရကြမည် ဖြစ်သည်။ ကျွန်ုပ်တို့နှလုံးသားများ၌ မြက်ပင်များ ရပ် တန့်နိုင်ရန်အတွက် ကျွန်ုပ်တို့သည် ဘုရားသခင်ထံတော်သို့ အမြဲ တမ်းပြန်လှည့်၍ ကိုယ်တော်၏ဖြောင့်မတ်ခြင်းကို ချီးမွမ်းရကြမည် ဖြစ်သည်။
ဤရေနှင့်ဝိညာဉ်တော်သတင်းကောင်းသည် မည်သို့တန်ခိုး ကြီးသည်ကို ယခုသင်နားလည်သဘောပေါက်သလော။ ရောမသြဝါ ဒစာတစ်အုပ်လုံးသည် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းပေါ်တွင် အခြေပြုသောကြောင့် ကျွန်ုပ်တို့သည် ဤသတင်းကောင်းကို ရှေးဉီး စွာ ယုံကြည်ခြင်းမရှိဘဲ ဘုရားသခင်၏နှုတ်ကပတ်တော်ကို နား လည်နိုင်မည် မဟုတ်ပေ။
ဘုရားသခင်သည် ကျွန်ုပ်တို့အား ဤနှုတ်ကပတ်တော်၏လျို့ ဝှက်ချက်များကို ဖွင့်ဟ၍ မြင်တွေ့စေတော်မူသောကြောင့် ကျေးဇူး တင်သည်။ မည်သူမည်ဝါကမျှ ခရစ်တော်၏မေတ္တာတော်ဖြစ်သော ဘုရားသခင်၏ဖြောင့်မတ်ခြင်းမှ ကျွန်ုပ်တို့ကို မခွဲခွါစေနိုင်ပေ။ သင် သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ယုံကြည်လိုလျှင် ယောဟန် ထံမှ သခင်ယေရှု၏ဗတ္တိဇံနှင့် ကားတိုင်ပေါ်တွင် အသွေးတော်ကို ရွေးနှုတ်ခြင်းနှင့် ကယ်တင်ခြင်းအဖြစ် ယုံကြည်ပါ။ သင်သည်လည်း ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ရရှိလိမ့်မည်။
ဘုရားသခင်၏ဖြောင့်မတ်ခြင်းကောင်းကြီးမင်္ဂလာများကို သင် နှင့်အတူရှိပါစေ။