Search

တရားဟောချက်များ

ဘာသာရပ် ၉ - ရောမဩဝါဒစာ (ရောမဩဝါဒစာအနက်ဖွင့်ကျမ်းများ)

[9-1] အခန်းကြီး ၉ကို မိတ်ဆက်ခြင်း

ရေနှင့်ဝိညာဉ်တော်သတင်းကောင်းသည် ဣသရေလလူ မျိုးများနှင့်ဟေလသလူမျိုးများအတွက် ဖြစ်သည်

 
ရှင်ပေါလုသည် ဘာကြောင့် မိမိလူမျိုးများအတွက် မိမိနှလုံး သား၌ ကြီးမားသောဝမ်းနည်းမှုနှင့် အံသွားခဲ့ကြိတ်ခြင်းခံရသည်ဟု ပြောခဲ့သနည်း။ ရှင်ပေါလုသည် မိမိညီအစ်ကိုများအတွက် အလွန် ဆန္ဒပြင်းပြသောကြောင့် သူသည် မိမိနှလုံးသား၌ သူတို့အဖို့အလိုငှါ ကျိန်ခြင်းနှင့်ခရစ်တော်မှ ဖြတ်တောက်ခြင်းကို ခံလိုခဲ့ခြင်း ဖြစ်သည်။ သူသည် မိမိကိုယ်ခန္ဓာအားဖြင့် မိမိလူမျိုးများကို အမှန်အကန် ကယ် တင်ရန် ဆန္ဒရှိခဲ့သည်။
ဤနောက်ဆုံးခေတ်ကာလတွင် ကျွန်ုပ်တို့သည် ရေနှင့်ဝိညာဉ် တော်သတင်းကောင်းကို တစ်ကမ္ဘာလုံးသို့ ဟောပြောရန် စိတ်ဝင် စားကြသည်။ ဤသတင်းကောင်းသမ္မာတရားဟောပြောခြင်းသည် ဘုရားသခင်၏စိတ်ဝင်စားဆုံးသောအရာဖြစ်၍ ထိုနည်းတူ ဒုတိယ မွေးဖွားခြင်းခံရသူများ၏ အရေးကြီးဆုံးသော ပန်းတိုင်လည်း ဖြစ် ဖြစ်သည်။ နောက်ဆုံးသောကာလတွင် ဣသရေလလူမျိုးများသည် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းလက်ခံမည်၊ မလက်ခံမည်ကို ကျွန်ုပ်တို့စဉ်းစားရမည့် အခြားအချက်တစ်ချက် ဖြစ်သည်။ ဣသရေ လလူမျိုးများသည် သတင်းကောင်းကို လက်ခံမည့်အကြောင်း သူတို့ ကိုယ်စား ကျွန်ုပ်တို့ဆုတောင်းရကြမည် ဖြစ်သည်။ သူတို့သည် သ တင်းကောင်းကို လက်ခံသောအခါ ကိုယ်တော်၏ဒုတိယအကြိမ်ပြန် လည်ကြွလာတော်မူခြင်းရောက်နေပြီဟု ကျွန်ုပ်တို့သိကြသည်။
ဤနှစ်အတွက် ကျွန်တော့်၏ဆုတောင်းခေါင်းစဉ်မှာ တစ်ကမ္ဘာ လုံးဧဝံဂေလိနှင့် ဣသရေလလူမျိုးများသည် စစ်မှန်သောသတင်း ကောင်းလက်ခံခြင်းအတွက် ဆုတောင်းခြင်း ဖြစ်သည်။ ဣသရေလ လူမျိုးများသည် မိမိလူမျိုးများမှ ဘုရားသခင်၏အစေခံများမွေးထုတ် လိမ့်မည်ဟု ကျွန်တော် ဆုတောင်းသည်။ ဘုရားသခင်သည် ဣသ ရေလလူမျိုးများထံ ပညတ်တော်တစ်ကြိမ်ပေးအပ်တော်မူခဲ့၍ မိမိ မျက်စိရှေ့မှာ ယဇ်ပရောဟိတ်များ၏နိုင်ငံကိုလည်း ပေးအပ်တော်မူ ခဲ့သည်။ ခရစ်တော်သည် ဇာတိပကတိအတိုင်း ဣသရေလလူမျိုး များမှ ကြွလာတော်မူခဲ့သော်လည်း သူတို့သည် ကိုယ်တော်ကို မယုံ ကြည်ကြဘဲ ကိုယ်တော်၏အလိုတော်ကို ဆက်လက်ဆန့်ကျင်ခြင်း အားဖြင့် ဘုရားသခင်၏ဆန့်ကျင်နေသေးကြသည်။
 


ကိုယ်တော်ပြန်လည်ကြွလာတော်မူသောအခါ ယုံကြည်မှု တွေ့ရှိရန် ခက်ခဲလိမ့်မည်ဟု ကိုယ်တော်မိန့်တော်မူခဲ့သည်


ရေနှင့်ဝိညာဉ်တော်သတင်းကောင်းသည် ယေရုရှလင်မြို့မှ စ တင်လာခဲ့၍ တစ်ကမ္ဘာလုံးသို့ ပျံ့နှံ့ခြင်းသည် ဘုရားသခင်၏အလို တော် ဖြစ်သည်။ သို့သော် လူသားများ၏နှလုံးသားများသည် ယခု ချိန်တွင် အလွန်မာကြောသည်။ လူများစွာတို့သည် သမ္မာတရားရှာ ဖွေခြင်းမှ အဝေးသို့ ထွက်ခွါခဲ့ကြသည်။
မျက်မှောက်တွင် ကိုးရီးယားနိုင်ငံ၌ “ခရစ်တော်၏နောက်ဆုံးစုံ စမ်းနှောင့်ယှက်ခြင်း” ဇာတ်လမ်းတွင် သခင်ယေရှုအား မတရား သောကလေးအဖြစ် သရုပ်ဆောင်ပြခြင်းကို ဖြန့်ဝေခဲ့သည်။ ထိုဇာတ် လမ်းမှာ ဘုရားသခင်၏နာမတော်ရှုံ့ချခြင်း ဖြစ်သည်။ ၎င်းမှာ ဘုရား သခင်၏နာမတော်ရှုံ့ချခြင်းသက်သက် ဖြစ်သည်။ ၎င်း၏ အဓိက အ ကြောင်းရင်းမှာ ဗုဒ္ဂအဖြစ်လူသိများသော အိန္ဒိယနိုင်ငံမှ သိဒ္ဂတ္တမင်း သားသရုပ်ဆောင်ခြင်းဖြစ်၍ သခင်ယေရှုသည် ဘုရားမဟုတ်၊ လူ သားတစ်ဉီးသာဖြစ်ခြင်း ဖြစ်သည်။ သခင်ယေရှုသည် ဘုရားနှင့် ကယ်တင်ရှင်ဖြစ်သည်ဟူသော သမ္မာတရားကို ဤရုပ်ရှင်က နင်း ချေသည်။ ဤအကြောင်းကြောင့် ဘုရားသခင်သည် “သင်တို့အား ငါဆိုသည်ကား ဘုရားသခင်သည် သူတို့အတွက် တရားသဖြင့် လျင်မြန်စွာစီရင်ပေးတော်မူလိမ့်မည်။ သို့သော် လူ့သားကြွလာသောအခါ မြေကြီးပေါ်၌ ယုံကြည်ခြင်းကို တွေ့ရပါမည်လော” (လု ကာ ၁၈း၈) ဟု မိန့်တော်မူခဲ့ခြင်း ဖြစ်သည်။
ကျွန်ုပ်တို့ယုံကြည်သော သခင်ယေရှုခရစ်တော်သည် ကိုယ် တော်၏ဖန်ဆင်းခြင်းများအားလုံးထက် ပို၍မြှင့်မားတော်မူ၍ ထာဝ ရချီးမွမ်းရန် ထိုက်တန်တော်မူသည်။ ကိုယ်တော်သည် ဣသရေလ လူမျိုးများ၌ ဖွားမြင်တော်မူ၍ ကိုယ်တော်ကို ယောဟန်ထံမှ ဗတ္တိဇံ ခံယူတော်မူခြင်းအားဖြင့် လူသားများ၏အပြစ်များအားလုံးကို ယူ ဆောင်သွားတော်မူ၍ ကားတိုင်ပေါ်တွင် အသွေးတော်သွန်းလောင်း အသေခံကာ သုံးရက်မြောက်သောနေ့၌ သေခြင်းမှရှင်ပြန်ထ‌မြောက် တော်မူလျက် ကိုယ်တော်ကို ယုံကြည်သူများအားလုံးအတွက် ကယ် တင်ရှင် ဖြစ်တော်မူခဲ့သည်။ ဘုရားသခင်၏ဖြောင့်မတ်ခြင်းဖြစ်တော် မူသော ကိုယ်တော်သည် ကိုယ်တော်ကို ယုံကြည်သူများအား ဖြောင့် မတ်စေတော်မူခြင်းအားဖြင့် ကျွန်ုပ်တို့အား အပြစ်များမှ ကယ်တင် တော်မူခဲ့သည်။
ဣသရေလလူမျိုးများသည် အာဗြဟံ၏အမျိုးအနွယ် မည်သို့ပင် ဖြစ်စေကာမူ ဘုရားသခင်၏သားသမီးများဖြစ်လာနိုင်သောသူများ သည် သခင်ယေရှုကို ယုံကြည်သူများဖြစ်သည်ဟု ရှင်ပေါလုက ပြော ကြားခဲ့သည်။
ဣသရေလလူမျိုးများသည် အနာဂတ်တွင် စုံစမ်းခြင်းများနှင့် ဆင်းရဲဒုက္ခများတွေ့ကြုံကြလိမ့်မည်။ ဘုရားသခင်၏အလိုတော်မှာ နောက်ဆုံးအချိန်တွင် သူတို့အချို့တို့သည် ကိုယ်တော်ကို ကယ်တင် ရှင်အဖြစ် ယုံကြည်ခြင်း ဖြစ်သည်။ ကိုယ်တော်သည် ဣသရေလလူ မျိုးများ၏အပြစ်များအပါအဝင် လောကအပြစ်များအားလုံးကို ဖယ် ရှားပေးတော်မူခဲ့‌သော်လည်း သူတို့သည် သခင်ယေရှုကို ကယ်တင် ရှင်အဖြစ် ယုံကြည်ရန် ငြင်းဆိုကြသေးသည်။
သင်သည် အားနည်းနေသလော။ ကျွန်ုပ်တို့အချို့တို့သည် သူ တစ်ပါးထက် ပို၍ အားနည်းနိုင်သည်။ သို့မဟုတ် ပို၍ အားသန်နိုင် ကြသည်။ သို့သော် ဘုရားရှေ့တော်၌ ကျွန်ုပ်တို့သည် အားနည်းမှု များဖြင့် ပြည့်ဝနေကြသည်။ ကိုယ်တော်သည် ဤလောကသို့ ကြွ ဆင်းတော်မူခဲ့၍ ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် မိမိပုခုံးပေါ်သို့ ကျွန်ုပ်တို့အပြစ်များကို ထမ်း၍ ကားတိုင်ပေါ်တွင် အသေခံတော်မူ ခြင်းအားဖြင့် တရားစီရင်ခြင်းခံရကာ ပြစ်ဒဏ်ခံယူတော်မူခဲ့သည်ဟု ယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် အပြစ်မှ လွှတ်မြောက်သော ဘုရားသခင်၏သားသမီးများ ဖြစ်လာနိုင်ကြသည်။ ကျွန်ုပ်တို့အား အပြစ်မှ လွှတ်မြောက်ခြင်း၊ ကိုယ်တော်၏လူများဖြစ်စေသော ဘုရား သခင်၏တန်ခိုးတော်ကို ကျွန်ုပ်တို့ ချီးမွမ်း၍ ယုံကြည်ရကြမည် ဖြစ် သည်။ ကိုယ်တော်သည် အမှန်အကန် ကြီးမြတ်တော်မူသည်။
လူအချို့တို့သည် လူသားများကြောင့် အရာခပ်သိမ်းတည်ရှိ သည်ဟု ထင်တတ်ကြသည်။ ဥပမာအားဖြင့် ဥပဒေများသည် လူ သားများပြဌာန်း၍ သူတို့အတွက် တည်ရှိခြင်းဖြစ်သည်ဟု သူတို့ထင် တတ်ကြသည်။ သို့သော် အရာခပ်သိမ်းတို့သည် လူသားများထံမှ စ တင်ခဲ့ခြင်းမဟုတ်ဘဲ ဘုရားသခင်၏အလိုတော်အားဖြင့်သာ ပြုလုပ် ခြင်းဖြစ်သည်ကို ကျွန်ုပ်တို့နားလည်သဘောပေါက်ရကြမည် ဖြစ် သည်။ ဘုရားသခင်သည် ဤလောကနှင့် စကြာဝဠာတစ်ခုလုံးကို ဖန်ဆင်းတော်မူခဲ့သည်။ ကျွန်ုပ်တို့အား အုပ်စိုးသော လူသားများပြ ဌာန်းသောဉပဒေများသည် အနှစ်သာရအားဖြင့် ဘုရားသခင်၏အ လိုတော် ဖြစ်သည်။
ဘုရားသခင်သည် အရာခပ်သိမ်းကို ဖန်ဆင်းတော်မူခဲ့၍ ကိုယ် တော်၏အလိုတော်နှင့်အညီ အရာခပ်သိမ်းတို့သည် ထင်ရှားသော် လည်း ကျွန်ုပ်တို့သည် အရာခပ်သိမ်း၌ ကိုယ်တော်၏ဖြောင့်မတ်ခြင်း ကို တွေ့ရကြမည် ဖြစ်သည်။ ကျွန်ုပ်တို့သည် အပြစ်များကြောင့် အားနည်းသောအချိန် ၌ဖြစ်စေ၊ ဘုရားသခင်ကို ဆန့်ကျင်ခြင်းအပြစ် ကျူးလွန်သည့်အချိန်၌ ဖြစ်စေ၊ ကိုယ်တော်နှင့်အဆက်အသွယ် ဖြတ် သည့်အချိန်၌ ဖြစ်စေ၊ ဘုရားသခင်သည် သခင်ယေရှုခရစ်တော်ကို စေလွှတ်ရန် ကတိပြုတော်မူခဲ့သည်။ ကိုယ်တော်သည် ကျွန်ုပ်တို့ အား လောကအပြစ်များမှ ရွေးနှုတ်ကယ်တင်ပေးတော်မူသော သခင်ယေရှု၏လူ့ဇာတိကိုခံယူတော်မူခြင်းနှင့် ဗတ္တိဇံအားဖြင့် မိမိ ကတိတော်ကို ပြည့်စုံစေတော်မူခဲ့သည်။
ယခုတွင် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းသည် တစ်ကမ္ဘာ လုံးသို့ ဟောပြောသောအခါ ဘုရားသခင်၏မူလအကြံအစည်သည် ပြည့်စုံလိမ့်မည်။ ကျွန်ုပ်တို့သည် ကမ္ဘာပေါ်တွင် ဖြစ်ပျက်သောအရာ များသည် မည်သို့ထင်ရှားသည်ကို ကြည့်ကြသောအခါ အမေရိကနှင့် ဣသရေလလူမျိုးများသည် ဗဟိုဖြစ်ကြသည်ကို ကျွန်ုပ်တို့ တွေ့နိုင် ကြသည်။ ဘုရားသခင်၏ကြားဝင်စွပ်ဖက်ခြင်းမရှိဘဲ အခြားကမ္ဘာ့ စစ်ပွဲသည် ဖြစ်နိုင်ချေရှိသည်ဟု ကျွန်တော်ယုံကြည်သည်။
ကမ္ဘာ့ကုန်သွယ်ရေးစင်တာပြိုလဲသောအခါ တကမ္ဘာလုံးသို့ အ လွန်အမင်းခံစားစေခဲ့သည်။ ယခုချိန်တွင် ကမ္ဘာစစ်ပွဲပြန်ဖြစ်လျှင် ကျွန်ုပ်တို့အပေါ် မည်သည့်အရာ ဖြစ်ပျက်လိမ့်မည်နည်း။ ကျွန်ုပ်တို့ သည် အခြားစစ်ပွဲမှ အမှန်အကန် နလန်ထူနိုင်ကြမည် မဟုတ်ပေ။ ကျွန်ုပ်တို့ဖျက်ဆီးသောအရာများအားလုံးကို သဘာဝကပင် ပြန်ရ နိုင်မည် မဟုတ်ပေ။ သင်တို့အားလုံးသည် တစ်ကမ္ဘာလုံးငြိမ်းချမ်းရန် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းဟောပြောနိုင်ရန်အတွက် ဆု တောင်းလိမ့်မည်ဟု ကျွန်တော် မြော်လင့်သည်။ ကမ္ဘာပေါ်တွင် ငြိမ် သက်ခြင်းမရှိလျှင် ကျွန်ုပ်တို့သည် ရေနှင့်ဝိညာဉ်တော်သတင်း ကောင်းဟောပြောနိုင်ကြမည်မဟုတ်ပေးဟု ကျွန်ုပ်တို့ စိုးရိမ်ပူပန်ကြ သည်။ ကျွန်ုပ်တို့အားလုံးသည် ငြိမ်သက်ခြင်းအတွက် ဆုတောင်း၍ စစ်ပွဲနှင့်အကြမ်းဖက်များပပျောက်ရန် တောင့်တသင့်ကြသည်။
လူသားများတီထွင်သောဘာသာတရားသည် လူသားများ၏အ ပြစ်များကို မဖယ်ထုတ်နိုင်ပေ။ သခင်ယေရှုခရစ်တော်၊ ကိုယ်တော် တစ်ပါးတည်းသာလျှင် ကျွန်ုပ်တို့အား အပြစ်များမှ ရွေးနှုတ်တော်မူ နိုင်သည်။ ယောဟန်ထံမှ ကိုယ်တော်၏ဗတ္တိဇံခံယူခြင်းနှင့် ကားတိုင် ပေါ်တွင် အသွေးတော်သွန်းလောင်းတော်မူခြင်းအားဖြင့် အပြစ်များ ကို ဖယ်ရှားနိုင်၍ တရားစီရင်ခြင်း ခံနိုင်သည်။ ဘုရားသခင်၏ဖြောင့် မတ်ခြင်းကို ယုံကြည်သူများထံ ဤကောင်းကြီးမင်္ဂလာကို ပေးအပ် သည်။ ကျွန်ုပ်တို့သည် အပြစ်များမှ ‌ရွေးနှုတ်ခြင်းခံယူနိုင်သော တစ်ခု တည်းသောနည်းလမ်းမှာ ခရစ်တော်၏ဗတ္တိဇံနှင့်အသွေးတော်ကို ယုံကြည်ခြင်းအားဖြင့် ဖြစ်သည်။ အခြားနည်းလမ်းမရှိပေ။ ဘာသာ တရားများစွာ ပို၍နှစ်သက်သော နောင်တနှင့်စပ်ဆိုင်သော ဘာသာ ရေးဆုတောင်းခြင်းများအားဖြင့် ကျွန်ုပ်တို့သည် အပြစ်ဖြေလွှတ်ခြင်း မခံစားရကြပေ။ အပြစ်များဖြေလွှတ်ခြင်းရရှိနိုင်သောနည်းလမ်းတစ် ခုမှာ ဗတ္တိဇံနှင့် ကားတိုင်ပေါ်တွင် အသေခံတော်မူခြင်းအားဖြင့် ကျွန်ုပ်တို့အပြစ်များအားလုံး ယူဆောင်သွား‌တော်မူခဲ့သော သခင် ယေရှု၏လူ့ဇာတိခံယူတော်မူခြင်းအားဖြင့် အပြစ်များအားလုံးမှ ကျွန်ုပ် တို့ကို လုံးဝကယ်တင်ပေးခဲ့သော ဘုရားသခင်၏ဖြောင့်မတ် ခြင်းကို ယုံကြည်ခြင်း ဖြစ်သည်။
 
 
ကျွန်ုပ်တို့သည် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းသမ္မာ တရားကို ယုံကြည်ခြင်းအားဖြင့် အပြစ်များအားလုံးမှ ကယ်တင်ခြင်းခံရကြသည်

ဤသမ္မာတရားကို ကမ္ဘာဆုံးထိတိုင်အောင် ဟောပြောရကြ မည် ဖြစ်သည်။ ဤသမ္မာတရားကို မယုံကြည်ခြင်းသည် ဣသရေလ လူမျိုးများ၏အပြစ်နှင့် ဟေလသလူမျိုးများ၏အပြစ်ဖြစ်သည်ဟု ကျွန်ုပ်တို့ နားလည်သဘောပေါက်ရကြမည် ဖြစ်သည်။ လူတိုင်း သည် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို ဟောပြောရကြမည် ဖြစ်သည်။
ဣသရေလလူမျိုးများဖြစ်စေ၊ ဟေလသလူမျိုးများဖြစ်စေ ဤ လောက၌အသက်ရှင်နေကြစဉ် အပြစ်ကျူးလွန်ကြသည်။ သို့သော် ကိုယ်တော်သည် ဗတ္တိဇံခံယူတော်မူခြင်အားဖြင့် ဤအပြစ်များအား လုံးကို တစ်ကြိမ်တည်း ယူဆောင်သွားတော်မူခဲ့သည်။ သခင်ယေရှု ၏ဗတ္တိဇံနှင့် ကားတိုင်ပေါ်တွင် အသွေးတော်သမ္မာတရားကလွှဲ၍ အ ခြားပို၍ ရိုးရှင်း၍ရှင်းလင်းသောသမ္မာတရားရှိနိုင်မည်လော။ သခင် ယေရှုသည် ဘာကြောင့် ဗတ္တိဇံခံယူတော်မူခဲ့သနည်း။ ကိုယ်တော် သည် ယောဟန်အားဖြင့် ဗတ္တိဇံခံယူတော်မူ၍ ကားတိုင်ပေါ်တွင် အ သေခံတော်မူခဲ့သောကြောင့် ကိုယ်တော်သည် ကျွန်ုပ်တို့အပြစ်များ အားလုံးကို တစ်ကြိမ်တည်း ယူဆောင်သွားတော်မူနိုင်သည်။ လူများ သည် ဤသမ္မာတရားကို ယုံကြည်ခြင်း သို့မဟုတ် နှလုံးသားများ၌ လက်ခံခြင်းမရှိကြသဖြင့် သူတို့သည် မိမိအပြစ်များကြောင့် ပျက်စီး ခြင်းများသို့ ခြေဉီးတည့်နေကြသည်။
သခင်ယေရှုခံယူ‌တော်မူခဲ့သော ဗတ္တိဇံ“ထိုကြောင့်”(မဿဲ ၃း ၁၅)သည် ဖြောင့်မတ်ခြင်းအားလုံးကို ပြည့်စုံစေသည်။ ‘ထိုကြောင့်’ စကားလုံးသည် ဂရိဘာသာစကားအားဖြင့် ‘hoo’-tos gar’ ဖြစ်၍ အ ဓိပ္ပါယ်မှာ ‘ဤနည်းလမ်းအားဖြင့်’ ‘အသင့်တော်ဆုံး’ သို့မဟုတ် ‘ဤ အရာကလွှဲ၍ အခြားနည်းလမ်းမရှိ’ဖြစ်သည်။ သခင်ယေရှုသည် ယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် မိမိအပေါ်သို့ လူသား များ၏အပြစ်များကို မလွဲမသွေး ယူဆောင်သွား‌တော်မူခဲ့သည်ကို ဤ စကားလုံးက ပြသသည်။ သခင်ယေရှုသည် ယောဟန်ထံမှ ဗတ္တိဇံခံ ယူတော်မူခြင်းအားဖြင့် လောကအပြစ်များအားလုံးကို ယူဆောင် သွားတော်မူခဲ့သောကြောင့် ကိုယ်တော်သည် ကားတိုင်ပေါ်တွင် ထမ်းတော်မူ၍ ကျွန်ုပ်တို့ကိုယ်စား အသွေးတော်သွန်းလောင်းတော် မူခဲ့သည်။ ဤအရာသည် လူသားများအားလုံးက အပြစ်များမှ ရွေး နှုတ်ကယ်တင်ခြင်းရရှိစေသော အပြစ်ဖြေလွှတ်ခြင်းဆိုင်ရာ သမ္မာတ ရားဖြစ်သည်ဟု ကျွန်ုပ်တို့နားလည်သဘောပေါက်ရကြမည် ဖြစ် သည်။
ကိုယ်တော်သည် ကျွန်ုပ်တို့အား “ထို့ကြောင့် ယေရှုသည် မိမိကိုယုံကြည်သော ဂျူးလူမျိုးတို့အား“သင်တို့သည် ငါ၏တရားစကား၌တည်လျှင် ငါ့တပည့်အမှန်ဖြစ်ကြပြီး သမ္မာတရားကိုသိကြသဖြင့် သမ္မာတရားသည် သင်တို့ကို လွတ်မြောက်စေလိမ့်မည်” (ယောဟန် ၈း၃၁-၃၂) ဟု မိန့်တော်မူခဲ့သည်။ သခင်ယေရှု၏ ဗတ္တိဇံနှင့် အသွေး တော်တို့သည် ကျွန်ုပ်တို့အား အပြစ်များမှ ရွေးနှုတ်ပေးသော ဘုရားသခင်၏သမ္မာတရားဖြစ်၍ ဘုရားသခင်၏နှုတ်ကပတ် တော်၌ လုံးဝ အခြေချထားသည်။ အပြစ်ဖြေလွှတ်ခြင်း သမ္မာတရား မှာ ထာဝရအဝွက် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းအားဖြင့် တည်တံ့ သည်။ ခမည်းတော်ဘုရားသခင်သည် သခင်ယေရှု၏ဗတ္တိဇံနှင့် ကား တိုင်ပေါ်တွင် အသွေးတော်အားဖြင့် အပြစ်သားများ၏ပြစ် ကြွေးများ ပေးဆပ်ပေးရန် ဆုံးဖြတ်တော်မူခြင်းမှာ ကိုယ်တော်၏အ လိုတော် ဖြစ်သည်။ ကျွန်ုပ်တို့သည် ကယ်တင်ခြင်းအတွက် ကိုယ်တော်၏ ဗတ္တိဇံနှင့်အသွေးတော်ကို ယုံကြည်ကြသောအခါ ကျွန်ုပ်တို့အတွက် ဘုရားသခင်ချမှတ်တော်မူခဲ့သောအရာများကို ယုံကြည်ကြသည်။ ကျွန်ုပ်တို့သည် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းသမ္မာတ ရားကို ယုံကြည်ကြသောအခါမှသာလျှင်အပြစ်များဖြေလွှတ်ခြင်းခံကြသည်။ 
ခရစ်တော်၏ဗတ္တိဇံနှင့် ကားတိုင်ပေါ်တွင် အသွေးတော်၊ အပြစ် ဖြေလွှတ်ခြင်းသမ္မာတရားကို သင်၏ကယ်တင်ခြင်းအဖြစ် သင်ယုံ ကြည်လျှင် ယခုတွင် သင်သည် ဖြောင့်မတ်ခြင်းခံရသည်။ တစ်ဘက် တွင် သင်သည် ယုံကြည်ခြင်းမရှိလျှင် အပြစ်သား ဖြစ်သည်။ “အကြောင်းမူကား လူအပေါင်းတို့သည် အပြစ်ပြု၍ ဘုရားသခင်၏ဘုန်းအသရေတော်နှင့် အလှမ်းဝေးကြပြီ”(ရောမ ၃း၂၃)။ ကျွန်ုပ် တို့သည် သခင်ယေရှုခရစ်တော်ကို ကယ်တင်ရှင်အဖြစ် ယုံကြည် ခြင်းအားဖြင့် အပြစ်များအားလုံးမှ ခွင့်လွှတ်ခြင်းခံရကြ၍ ဘုရားသ ခင်၏သားသမီးများဖြစ်လာခဲ့ကြသည်။ ရေနှင့်ဝိညာဉ်တော်သတင်း ကောင်းသမ္မာတရားကို လူအချို့တို့သည် မယုံကြည်သင့်သည့်အ ကြောင်း တစ်စုံတစ်ခုမျှ မရှိပေ။ ဤရွေးနှုတ်ခြင်းသတင်းကောင်းကို မလိုအပ်သောသူတစ်စုံတစ်ဉီးမျှ မရှိပေ။ လူတိုင်းသည် သတင်း ကောင်းလိုအပ်ကြသည်။ လူသားအားလုံးသည် အပြစ်များ ဆေး ကြောခြင်းခံရလိုကြ၍ ရေနှင့်ဝိညာဉ်တော်သတင်းကောင်းသမ္မာတ ရားသည် သူတို့ရှေ့မှာ ရှင်းလင်းစွာ ချထားသောအခါ လူတိုင်းသည် ဘာကြောင့် သတင်းကောင်းကို မယုံကြည်လိုလိမ့်မည်နည်း။
ကမ္ဘာပေါ်တွင် ရှိသောလူများစွာတို့သည် ရေနှင့်ဝိညာဉ်တော် သတင်းကောင်းကို လက်ခံခဲ့ကြ၍ ၎င်းကို ပို၍ ကျယ်ပြန့်စွာ ဟော ပြောနေကြသည်။ သူတို့အချို့တို့သည် ကျွန်ုပ်တို့စာအုပ်များကို စေ တနာ့ဖြန့်ဝေသူများဖြစ်လာကြရန် တောင်းဆိုခဲ့ကြသည်။ သင်သည် ကားတိုင်၏အသွေးကိုသာ ယုံကြည်ခြင်းအားဖြင့် အပြစ်များမှ လွှတ် မြောက်နိုင်လျှင် ဤကမ္ဘာပေါ်တွင်ရှိသော လူသားအားလုံးသည် ဖြောင့်မတ်သူများဖြစ်လာခဲ့ကြ၍ အပြစ်မှ လွှတ်မြောက်ကြလိမ့် မည်။ လူတစ်ဉီးသည် ကားတိုင်၏အသွေးတစ်ပါးတည်းကိုသာ ယုံ ကြည်လျှင် သူသည် နေ့တိုင်း နောင်တနှင့်စပ်ဆိုင်သော ဆုတောင်း ခြင်းများကို အလေ့အထအဖြစ်၊ စိတ်အားထက်သန်စွာ ပြု၍ ဘာသာ ရေးကျင့်စဉ်တစ်ခုအဖြစ်သာ လေ့ကျင့်သော်လည်း သူသည် အပြစ်၌ ဆက်လက်တည်ရှိနေသေးခြင်း ဖြစ်သည်။
သင်သည် နောင်တနှင့်စပ်ဆိုင်သောဆုတောင်းခြင်းများပြုခြင်း အားဖြင့် အပြစ်များဆေးကြောရန် ကြိုးစားနေလျှင် သင်သည် ကိုယ် ကျင့်တရားအားဖြင့် မဟုတ်၊ သခင်ယေရှုသည် သင်၏အပြစ်များ အားလုံးယူဆောင်သွားတော်မူ၍ သင်၏နေရာတွင် ပြစ်ဒဏ်ခံခြင်း ဖြစ်သော သခင်ယေရှု၏ဗတ္တိဇံနှင့် ကားတိုင်ပေါ်တွင် အသေခံတော် မူခြင်းအားဖြင့်သာ ပြည့်စုံစေသော ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို သင်၏လုပ်ဆောင်ချက်အားဖြင့် စောကားမော်ကားပြုခြင်းဖြစ်သဖြင့် သင်သည် ဘုရားသခင်ကို ဆန့်ကျင်သောကြီးလေးသောအပြစ်ကို အ မှန်အကန် ကျူးလွန်ခြင်း ဖြစ်သည်။
သင်သည် သခင်ယေရှုကို ကယ်တင်ရှင်အဖြစ် လက်ခံလျှင် သ ခင်ယေရှု၏ဗတ္တိဇံနှင့် ကားစင်တင်အသေခံတော်မူခြင်းအားဖြင့် သင် ၏အပြစ်ကြွေးများပေးဆပ်ခြင်းဖြစ်သည်ဟု ယုံကြည်ပါ။ သခင်ယေ ရှုသည် အပြစ်များကို အပြစ်များမှ ကယ်တင်တော်မူရန် ကတိပြု တော်မူခဲ့၍ ယောဒန်မြစ်၌ ယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူခြင်းနှင့် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ပြည့်စုံစေတော်မူရန်အတွက် ကား တိုင်ပေါ်တွင် အသွေးတော်သွန်းလောင်းတော်မူခြင်းအားဖြင့် ထိုက တိတော်နှင့်အညီ အသက်ရှင်တော်မူခဲ့သည်။ ဤသမ္မာတရားကို မ ယုံကြည်ရန် မည်သည့်အကြောင်းရှိသနည်း။ သင်သည် သခင်ယေရှု ၏ဗတ္တိဇံနှင့် ကားတိုင်ပေါ်တွင် သွန်းလောင်းသောအသွေးတော်ကို သင်၏ကယ်တင်ခြင်းအဖြစ် ယုံကြည်ရမည် ဖြစ်သည်။ 
မဿဲ ၃း၁၃-၁၇ တွင် သခင်ယေရှုသည် ဗတ္တိဇံခံယူတော်မူခဲ့ သောအခါ ကိုယ်တော့်အပေါ်သို့ လောကအပြစ်များအားလုံးကို သ ခင်ယေရှုသည် ယူ‌ဆောင်သွားတော်မူခဲ့သည်ဟူသော သမ္မာတရား ကို တွေ့ရသည်။ အပြစ်များအားလုံးမှ ခွင့်လွှတ်ခြင်းခံရရန် ဆန္ဒမရှိ သောသူများသာလျှင် ဤသမ္မာတရားကို ယုံကြည်ရန် ငြင်းဆိုကြ သည်။ သင်သည် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းသမ္မာတရားကို ယုံကြည်ခြင်းအားဖြင့်သာလျှင် ဘုရားသခင်၏သားသမီးဖြစ်လာ၍ ထာဝရအသက်ရရှိနိုင်သည်။ အခြားသောအရာများက သင့်ကို သင် ၏အပြစ်များမှ မကယ်တင်နိုင်ပေ။ ဤသမ္မာတရားကို ယုံကြည်ခြင်း ကလွှဲ၍ အခြားပိုကောင်းသောအရာတစ်စုံတစ်ခုမျှ မရှိပေ။ ကိုယ် တော်၏အပြစ်ခွင့်လွှတ်ခြင်းကလွှဲ၍ ဘုရားသခင်ထံမှ အခြားပို ကောင်းသောဆုကျေးဇူးတစ်စုံတစ်ခုမျှ မရှိပေ။ ကျွန်ုပ်တို့အပေါ် ဘု ရားသခင်ချပေးတော်မူခဲ့သော ဆုကျေးဇူးများစွာ အကြား ကျွန်ုပ်တို့ အပြစ်များဖြေလွှတ်ခြင်းသည် အကောင်းဆုံးဆုကျေးဇူး ဖြစ်သည်။
ကျွန်ုပ်တို့အပေါ် ဘုရားသခင်ချပေးတော်မူခဲ့သော ဒုတိယအ ကောင်းဆုံးဆုကျေးဇူးမှာ ကျွန်ုပ်တို့အုပ်စိုးမည့် အနှစ်တစ်ထောင် နိုင်ငံတော် ရောက်လာခြင်း ဖြစ်သည်။ တတိယဆုကျေးဇူးမှာ ကျွန်ုပ် တို့သည် ဘုရားသခင်နှင့်အတူ ကောင်းကင်နိုင်ငံတော်၌ ထာဝရအ သက်ရှင်၍ အုပ်စိုခြင်းဖြစ်သည်။ ဤနောက်ဆုံးကာလ၌ပင် ဘုရား သခင်သည် ဣသရေလလူမျိုးများနှင့် ဟေလသလူမျိုးများထံ ဤ ရွေးနှုတ်ခြင်းသမ္မာတရားကို ထင်ရှားစေတော်မူခဲ့ပြီး ဖြစ်သည်။
ကျမ်းချက်တွင် ပုရောဖက်ပြုထားသည့်အတိုင်း ဘုရားသခင်၏ အစေခံနှစ်ပါးတို့သည် ဣသရေလလူမျိုးများအကြားမှ ပေါ်ထွက်လာ ၍ ဘုရားသခင်သည် သူတို့အားဖြင့် သတင်းကောင်းနိမိတ်လက္ခဏာ များကို ပြုလုပ်တော်မူလိမ့်မည်။ ထိုနောက် ဣသရေလလူမျိုးများ သည် သူတို့လူများထံမှ ဘုရားသခင်ပေါ်ပေါက်စေတော်မူသော အ စေခံနှစ်ပါးအားဖြင့် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို ကြားနာ ၍ များစွာတို့သည် သခင်ယေရှုကို မေရှိယအဖြစ် ယုံကြည်လာကြ လိမ့်မည်။ ယောဟန်သည် “သခင်ယေရှု၊ ကြွလာတော်မူပါ”(ဗျာဒိတ် ၂၂း၂၀)ဟု တောင်းလျှောက်ခြင်းအားဖြင့် စောင့်မြော်သည့်အတိုင်း ကျွန်ုပ်တို့လည်း ထိုနေ့ကို စောင့်မြော်နေကြသည်။
ကိုယ်တော်ပြန်လည်ကြွလာတော်မူမည့်နေ့ရောက်လာသောအ ခါ သင်သည် အပြစ်ဖြေလွှတ်ခြင်းခံရ၍ ကယ်တင်ခြင်းရရှိစေသော ဤသမ္မာတရားကို ယုံကြည်ခဲ့သောကြောင့် သင်သည် မည်မျှ ကျေး ဇူးတော်ခံစားရသည်ကို သင်နားလည်သဘောပေါက်လိမ့်မည်။ သင် သည် ရေနှင့်ဝိညာဉ်တော်သတင်းကောင်း သမ္မာတရားကို ယုံကြည် ခြင်းအားဖြင့် အပြစ်များအားလုံးမှ လွှတ်မြောက်လိမ့်မည်ဟု ကျွန် တော်နှလုံးသားဖြင့် ဆန္ဒပြုလိုက်ပါသည်။ လောကသည် ပြောင်းလဲ နိုင်သော်လည်း ကျွန်ုပ်တို့အား အပြစ်များမှ ကယ်တင်တော်မူခဲ့သော ရေနှင့်ဝိညာည်တော်သတင်းကောင်းသည် ပြောင်းလဲခြင်းမရှိ ထာဝ ရတည်မြဲသောသမ္မာတရား ဖြစ်သည်။ ကျွန်ုပ်တို့သည် မ‌ပြောင်းလဲ သောပြစ်ကြွေးပေးဆပ်ခြင်းကယ်တင်ခြင်းကို ရရှိရန် ဤသမ္မာတရား ကိုယုံကြည်ရကြမည် ဖြစသည်။ ဘုရားသခင်၏ကယ်တင်ခြင်းသမ္မာ တရားသည် သင့်အတွက် ဖြစ်ပါစေ။
 

ဘုရားသခင်သည် ကျွန်ုပ်တို့အား ဂရုဏာတန်ဆာပလာ များဖြစ်စေတော်မူခြင်းအားဖြင့် ကယ်တင်တော်မူခဲ့သည်

ရောမ အခန်းကြီး ၉ တွင် ဘုရားသခင်သည် ဧသောထက် ယာ ကုပ်ကို ပို၍ချစ်တော်မူခဲ့သောကြောင့် သူ့ကို ကယ်တင်တော်မူခဲ့ သည်ဟု မှတ်တမ်းတင်ထားသည်။ ဤသို့ဖြင့် ယာကုပ်သည် ဂရုဏာ ၏တန်ဆာပလာဖြစ်လာ၍ ဧသောသည် အမျက်တော်၏တန်ဆာပ လာဖြစ်လာခဲ့သည်။ ဘာကြောင့် ဤသို့ဖြစ်ရသနည်း။ ဘုရားသခင် သည် ဧသောထက် ယာကုပ်ကို ပို၍ မျက်နှာသာပေးတော်မူသော ကြောင့် ဖြစ်သလော။ “ဘုရားသခင်သည် လူတစ်ဉီးကို အခြေအနေ မဲ့၊ အကြောင်းမဲ့ ချစ်ရန် ရွေးချယ်တော်မူ၍ အခြားသူများကို အခြေ အနေမဲ့မုန်းရန် ရွေးချယ်တော်မူသောကြောင့် ကိုယ်တော်၏ ကြိုတင် ခွဲခန့်ခြင်းနှင့် ရွေးကောက်ခြင်းတို့သည် မှားယွင်းသည်”ဟု ငြင်းဆိုသူ များစွာ သံသယကင်း ရှိလိမ့်မည် ဖြစ်သည်။
ဘုရားသခင်ဖန်ဆင်းတော်မူခဲ့သော ကမ္ဘာကို ကျွန်ုပ်တို့ကြည့် ကြလျှင် ကိုယ်တော်ဖန်ဆင်းထားသောအရာများသည် မည်မျှလှပ၍ စင်ကြယ်သည်ကို ကျွန်ုပ်တို့ တွေ့နိုင်ကြသည်။ ဘုရားသခင်ဖန်ဆင်း တော်မူခဲ့သော သစ်ပင်များ၊ တိရစ္ဆာန်များနှင့် အခြားအရာအားလုံးတို့ သည် ပြည့်စုံဟန်တူသည်။ ထိုသို့ဆိုလျှင် ဘုရားသခင်သည် ဘက် လိုက်၍ လူတစ်ဉီးကို ချစ်ကာ အခြားလူတစ်ဉီးကို မည်သို့ မုန်းတီး တော်မူနိုင်မည်နည်း။ သို့သော် ဤအရာသည် အကြောင်းမဟုတ်ပေ။
အာဒံနှင့်ဧဝတို့၏နာမခံခြင်းကြောင့် အပြစ်သည် ဤလောက သို့ ဝင်ရောက်၍ ဤအပြစ်ကြောင့် လူသားအားလုံးသည် အပြစ်သို့ ဆက်လက် ခြေဉီးတည့်နေကြကာ အပ္ပါယ်ငရဲသို့ တရားစီရင်ခြင်းကို မလွှဲသာမရှောင်သာခံရကြမည် ဖြစ်သည်။ ဘုရားသခင်သည် ယာ ကုပ်ကို အပြစ်မှ ကယ်တင်တော်မူခဲ့၍ ဧသောကို ကယ်တင်တော်မ မူသောကြောင့် ကိုယ်တော်သည် အမှားကျူးလွန်တော်မူသည်ဟု မ သတ်မှတ်နိုင်ပေ။ ကိုယ်တော်၏မျက်စိတော်ရှေ့မှာ ဘုရားသခင်ပြု တော်မူသောအရာများသည် အကြောင်းပြချက်ရှိသည်။
ခရစ်ယာန်အသိုင်းအဝိုင်း၌ ဧသောကဲ့သို့ ကျင့်ဆောင်သောသူ များစွာတို့ကို ကျွန်ုပ်တို့ တွေ့နိုင်ကြသည်။ ဤသို့သောပုဂ္ဂိုလ်များ သည် ဝတ်ပြုအစည်းအဝေ မည်သည့်အချိန် သို့မဟုတ် မည်သည့်နေ ရာတွင် ကျင်းပနေပါစေ၊ နံနက်စောစောမှစ၍ မိုးချုပ်သည့်ထိကျင်း ပနေပါစေ ဝတ်ပြုခြင်းအစည်းအတွေးကို ပျက်ကွက်လိမ့်မည် မ ဟုတ်ပေ။ လူအချို့တို့သည် အိမ်ထက် ဘုရား‌ကျောင်း၌ ပို၍အချိန် ကိုအသုံးပြုကြကာ အလုပ်မှ အိမ်သို့သွားခြင်းထက် ဘုရားကျောင်း သို့ သွားကြသည်။ သူတို့ကို ‘ဘာသာတရားရှေ့ပြေးသူများ’ဟု မှည့် ကျွန်ုပ်တို့မှည့်ခေါ်နိုင်ကြသည်။ သို့ရာတွင် သူတို့ကြားမှ ဘုရားသခင် ၏ဖြောင့်မတ်ခြင်းကို လေးလေးနက်နက်မထားသူများစွာ ရှိသည်။ ဤအကြောင်းကြောင့် သူတို့သည် မိမိဖြောင့်မတ်ခြင်းကို တည် ဆောက်ရန် ကြိုးစားကြ၍ ထိုသို့ကြိုးစားခြင်းအားဖြင့် ဘုရားသခင် ၏ဖြောင့်မတ်ခြင်းကို လျစ်လျူရှုကြသည်။
ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို လျစ်လျူရှုသူများပင်လျှင် ကောင်းကင်နိုင်ငံတော်သို့ သွားလိုကြ၍ အပြစ်များဖြေလွှတ်ခြင်းခံ စားလိုကြသည်။ သို့သော် သူတို့၏အကျင့်များသည် ဘုရားရှေ့တော် နှင့်လူများရှေ့၌ ကိုယ်ပိုင်ဖြောင့်မတ်ခြင်းကို တည်ထောင်ရန် ကြိုး စားနေကြသည်။ သူတို့သည် အပြစ်များမှ ကယ်တင်ခြင်းခံရရန် မ ကြိုးစားကြပေ။ ဘုရားသခင်၏ဖြောင့်မတ်ခြင်းယုံကြည်မှုဖြစ်သော ကိုဘ်တော်၏ဖြောင့်မတ်ခြင်းကို မယုံကြည်သူများထံ ၎င်းသည် လူ တိုင်းအတွက် မဟုတ်ပေဟု ဘုရားသခင်မိန့်တော်မူခဲ့သည်။
ထိုနောက် မည်သို့သောသူများသည် ဘုရားသခင်၏ဖြောင့်မတ် ခြင်းကို ယုံကြည်နိုင်ကြသနည်း။ မိမိစိတ်များ၌ အပြစ်ကျူးလွန်သည် အသိအမှတ်ပြု၍ သူတို့သည် မည်သည့်အရာတစ်စုံတစ်နှင့်မျှ မ ထိုက်တန်ပေဟု နားလည်သဘောပေါက်သောသူများ ဖြစ်ကြသည်။ သူတို့သည် ရေနှင့်ဝိညာဉ်တော်သတင်းကောင်း၌ ထင်ရှားသော ကိုယ်တော်၏ပြစ်ကြွေးပေးဆပ်ကျေအေးစေခြင်းအားဖြင့် ဘုရားသ ခင်၏ဖြောင့်မတ်ခြင်းကို တွေ့ရှိသောသူများသည် ၎င်းကို ရုတ်တ ရက်ယုံကြည်၍ ဘုရားသခင်၏ဘုန်းအသရေသို့ လှည့်ကြသော လူ မျိုးရှိကြသည်။ ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ယုံကြည်၍ ကယ် တင်ခြင်းခံရသောသူများဟု ဆိုရာတွင် ကျွန်ုပ်တို့သည် ဘုရားသခင် ၏ဖြောင့်မတ်ခြင်းကို အလွန်လိုအပ်သောသူများ ဖြစ်ကြသည်။ သို့မ ဟုတ်လျှင်ကျွန်ုပ်တို့သည် တစ်ဘဝလုံး အပြစ်၌နေထိုင်ရန် ချုပ် ‌နှောင်ခြင်းခံရကြလိမ့်မည်။
သို့သော် ဘုရားရှေ့တော်၌ ကိုယ်ပိုင်ဖြောင့်မတ်ခြင်းကို ရှာဖွေ သောသူများသည် အလွန်မာန်မာနထောင်လွှားသောသူများ ဖြစ်ကြ သည်။ ဤသို့သောပုဂ္ဂိုလ်များက “ကိုယ်တော်၊ ကိုယ်တော်ထံ ကျွန် တော် ဆယ်ဖို့တစ်ဖို့ ပေးလှူခဲ့တယ်။ ကိုယ်တော်ထံ ညလုံးပေါက် ဆု တောင်းခဲ့တယ်။ လွန်ခဲ့သောဆယ်နှစ်အတွင်း နံနက်တိုင်း ဝတ်ပြု ကိုးကွယ်ခြင်းများကို မပျက်ကွက်ခဲ့ပါ။ ကိုယ်တော့်အတွက် ကောင်း မှုကုသိုလ်ပြုခဲ့တယ်”ဟု ပြောနိုင်ကြသည်။
သို့သော် လူတစ်ဉီးသည် မိမိ၌ ဖြောင့်မတ်ခြင်း လုံးတမရှိပေဟု အသိအမှတ်ပြု၍သူတို့မပိုင်ဆိုင်နိုင်သော တစ်စုံတစ်ခု၊ အကျင့်အား ဖြင့် သက်သေပြသခြင်းထက် ရေနှင့်ဝိညာဉ်တော်ပြစ်ကြွေးပေးဆပ် ခြင်းအားဖြင့် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ယုံကြည်ရန် လိုအပ် လျှင် ကိုယ်တော်သည် ပို၍ ဝမ်းမြောက်တော်မူသည်။
ယခု၌ပင် ခရစ်ယာန်အသိုင်းအဝိုင်း၌ မိမိဖြောင့်မတ်ခြင်းကို ထင်ရှားစေရန် ကြိုးစား၍ အမျိုးမျိုးသောအရာအားလုံးကို လုပ် ဆောင်နေကြသူ များစွာရှိသည်။ လူအချို့တို့သည် မိမိနှုတ်များနှင့်အ ညီ သစ္စာရှိစွာဖြင့် လုပ်ဆောင်သည်။ သူတို့သည် ရေနှင့်ဝိညာဉ်တော် သတင်းကောင်းအားဖြင့် ထင်ရှားခဲ့သော ဘုရားသခင်၏ဖြောင့်မတ် ခြင်းကို မယုံကြည်ကြသောကြောင့် သူတို့အပြစ်များကို လုံးဝ ဆေး ကြောခြင်းမရှိပေ။ ဘုရားသခင်သည် သူတို့၏နိဂုံးများကို ဆုံးဖြတ် တော်မူလိမ့်မည်။ သူတို့သည် ကိုယ်တော်၏ဗတ္တိဇံနှင့်အသွေးတော် တို့ကို အပြစ်ဖြေလွှတ်ခြင်းသမ္မာတရားအဖြစ် ယုံကြည်ခြင်းအားဖြင့် အပြစ်များဖြေလွှတ်ခြင်းအားဖြင့် ဘုရားသခင်၏စစ်မှန်သောသားသ မီးများဖြစ်လာကြလိမ့်မည်ဟု ကျွန်ုပ်တို့အားလုံး မြော်လင့်ကြသည်။
တမန်တော်ရှင်ပေါလုသည် ကယ်တင်ခြင်းတန်ဆာပလာများ ကိုအခြေပြု၍ ဘုရားသခင်သည် ကျေးဇူးပြုလိုသောသူကို ကျေးဇူး ပြု၍ သနားလိုသောသူကို သနားမည်ဟု သူပြောခဲ့သည်။ ထိုနောက် မည်သူသည် ဘုရားသခင်၏ဂရုဏာတော်ကို ရရှိသူများ ဖြစ်ကြမည် နည်း။ လူသားများအားလုံးသည် ဘုရားသခင်၏နှုတ်ကပတ်တော် အားဖြင့် အသက်ရှင်လိုကြသော်လည်း အသက်မရှင်နိုင်ကြပေ။ သူ တို့သည် နှုတ်ကပတ်တော်ကို ယုံကြည်၍ အသက်ရှင်ရန် ဆန္ဒရှိကြ သော်လည်း သူတို့သည် မကြာခဏခလုတ်တိုက်ချော်လဲကြသည်။ သူတို့သည် ဘုရားရှေ့တော်၌ ဝမ်းနည်းမှုခံစားရကြ၍ အပြစ်ကျူး လွန်ခဲ့ကြသည်။ သူတို့သည် အပ္ပါယ်ငရဲသို့ အပြစ်စီရင်ခြင်းခံရရန် ထိုက်တန်သည်ဟု ယူဆကြသည်။ ထိုကြောင့် သူတို့သည် ဘုရားသ ခင်ထံ သနားခြင်းဂရုဏာကို တောင်းလျှောက်ကြ၍ သူတို့သည် ဤ လောက၌ဖြစ်စေ၊ ဘုရားသခင်၏နိုင်ငံတော်၌ဖြစ်စေ သနားစရာ ကောင်းသောသူများဖြစ်ကြသည်ဟု အသိအမှတ်ပြုကြသည်။ ဘုရား သခင်သည် သူတို့အပေါ် ဂရုဏာရှိတော်မမူလျှင် သူတို့သည် ကယ် တင်ခြင်းမခံရမည်ကို သူတို့သိကြသောကြောင့် သူတို့သည် ဘုရားသ ခင်ထံ ထိုအရာကို သိမ်ငယ်စွာဖြင့် တောင်းလျှောက်ကြသည်။
တစ်နည်းအားဖြင့် အပြစ်မှဖြေလွှတ်ခြင်းကို ဘုရားသခင်သနား တော်မူသောသူများနှင့် ကျေးဇူးပြုသောသူများအပေါ် တွေ့ရသည်။ ဤပုဂ္ဂိုလ်များအတွက် ဘုရားသခင်သည် သူတို့အား ပျက်စီးခြင်းမှ ကယ်တင်တော်မူရန်အတွက် မိမိတစ်ပါးတည်းသောသားတော်ကို ဗတ္တိဇံခံယူစေတော်မူခြင်း၊ ကားတိုင်ပေါ်တွင် အသေခံတော်မူခြင်း နှင့် သေခြင်းမှရှင်ပြန်ထမြောက်စေတော်မူ၍ အပြစ်များအားလုံးကို ယူဆောင်သွားတော်မူခြင်းအားဖြင့် သူတို့အပေါ် ရေနှင့်ဝိညာဉ်တော် သတင်းကောင်းကို ပေးအပ်တော်မူခဲ့သည်။ ကျွန်ုပ်တို့ခမည်းတော် သည် သနားစရာကောင်းသောသူများအပေါ် သနားခြင်းဂရုဏာရှိ တော်မူသည်။
သို့သော် ဘုရားသခင်၏သနားခြင်းဂရုဏာခံစားသောသူများ ထက် အမျက်တော်ခံစားသောသူများသည် ပို၍ များပြားဟန်တူ သည်။ ယနေ့ခရစ်ယာန်အသိုင်းအဝိုင်း၌ ဂရုဏာတန်ဆာပလာများ နှင့် အမျက်တော်တန်ဆာပလာများဟူ၍ နှစ်မျိုးရှိကြသည်။ တစ် နည်းအားဖြင့် ဘုရားသခင်၏အချစ်ခံရသောသူများနှင့် ကိုယ်တော် ၏အချစ်မခံရသောသူများရှိကြသည်။ 
ရောမ ၉း၁၇တွင် “အကြောင်းမူကား ကျမ်းစာ၌ ဖာရောဘုရင်အား “သင့်ကို ငါချီးမြှောက်ခြင်းမှာ သင်၌ ငါ့တန်ခိုးကိုပြသ၍ ကမ္ဘာ မြေတစ်ဝန်းလုံးတွင် ငါ၏နာမကို ကျော်ကြားစေရန်ဖြစ်၏”ဟု ဆိုထား၏”ဟု ဖော်ပြထားပါသည်။ ဘုရားသခင်သည် မိမိတန်ခိုး တော်ကို သိစေရန်အတွက် ဖာရောကဲ့သို့သော သူများကို ပေါ်ထွန်း ရန် ခွင့်ပြုတော်မူသည်။ သို့သော် ကိုယ်တော်သည် မိမိမေတ္တာ တော်ကို ဂရုဏာတန်ဆာပလာများအပေါ် ထင်ရှားစေတော်မူခဲ့သော ကြောင့် ကိုယ်တော်၏နာမတော်သည် တစ်ကမ္ဘာလုံးသို့ ကြွေး ကြော်နိုင်ကြခြင်း ဖြစ်သည်။ ကျွန်ုပ်တို့အပြစ်များနှင့် ဘုရားသခင်၏ အမျက်တော်ကြောင့် ကျွန်ုပ်တို့အားလုံးသည် အပ္ပါယ်ငရဲသို့ ဉီးတည် နေကြသည်။ သို့သော် ဘုရားသခင်သည် ကိုယ်တော်ကို ယုံကြည်သူ ကျွန်ုပ်တို့အပေါ် ဂရုဏာရှိတော်မူသောကြောင့် ဖြောင့်မတ်ခြင်း ဆိုင်ရာ ကိုယ်တော်၏မေတ္တာတော်ကို ဘုရားသခင်သည် ကျွန်ုပ်တို့ အပေါ် ချပေးတော်မူခဲ့သောကြောင့် ကျွန်ုပ်တို့သည် အပြစ်များမှ ကယ်တင်ခြင်းခံရကြသည်။
ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို မယုံကြည်သူများနှင့် ကိုယ် ပိုင်ဖြောင့်မတ်ခြင်းကို လိုက်လံရှာဖွေရန် စိတ်ဝင်စားသူများသည် ဘု ရားသခင်ကို ဆန့်ကျင်ဘက်ပြုကြသည်။ ဤပုဂ္ဂိုလ်များသည် ကိုယ် တော်၏အမျက်တော်အတွက် ဘုရားသခင်စွန့်လွှတ်တော်မူခဲ့သော လူများဖြစ်ကြသည်။ ကိုယ်တော်သည် မိမိတန်ခိုးအမျက်တော်ကို ထင်ရှားစေတော်မူရန်သောကြောင့် ကိုယ်တော်ကို ဆန့်ကျင်သောသူ များရှိရမည် ဖြစ်သည်။ ဤအရာများအားဖြင့် ဘုရားသခင်၏ဖြောင့် မတ်သောတရားစီရင်ခြင်းမှာ ထင်ရှားသည်။
ဖာရောကဲ့သို့သောပုဂ္ဂိုလ်များသည် ဘုရားသခင်၏ဖြောင့်မတ် ခြင်းမေတ္တာကို ငြင်းပယ်သောသူများ ဖြစ်ကြသည်။ ဘုရားသခင် သည် ဖာရောအပေါ် ကပ်ကြီးဆယ်ပါး စေလွှတ်တော်မူခဲ့၍ နောက် ဆုံးသောကပ်ကြီးမှာ သေခြင်း ဖြစ်သည်။ ဘုရားသခင်ကို ငြင်းပယ် သောသူများအပေါ် မငြိမ်းနိုင်သောမီးအိုင်ကြီးသည် သူတို့ကို စောင့် နေသည်။ ဤအရာသည် ဘုရားသခင်တန်ခိုးတော်၏အမျက် ဖြစ် သည်။ ဤကမ္ဘာပေါ်တွင် တန်ခိုးကြီးသောသူများစွာဖြင့် ဘုရားကို ငြင်းပယ်သူများစွာ ရှိကြသည်။ သို့သော် ဘုရားသခင်သည် သူတို့ကို ဆွဲချတော်မူ၍ မိမိအမျက်တော်တန်ခိုးကို ကြွေးကြော်တော်မူလိမ့် မည်။ ဤအကြောင်းကြောင့် ကိုယ်တော်သည် ကိုယ်တော်ကို ငြင်း ပယ်သောသူများ၏မာကျောသောနှလုံးသားများကို ချန်ရစ်တော်မူ ခြင်း ဖြစ်သည်။
ထိုနောက် ကျွန်ုပ်တို့အတွက် အရေးကြီးသောအရာမှာ ကျွန်ုပ် တို့သည် ဂရုဏာ၏တန်ဆာပလာများဖြစ်ရသည့်နည်းလမ်း ဖြစ် သည်။ ဤသို့ဖြစ်လာခြင်းအားဖြင့် ကျွန်ုပ်တို့သည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်း မေတ္တာကို ယုံကြည်နိုင်ကြသည်။ ကျွန်ုပ်တို့သည် ဘုရားသခင်ရှေ့မှာ ပြသရန် မည်သည့်အရာတစ်စုံတစ်ခုမျှ မရှိကြ ပေ။ ကျွန်ုပ်တို့သည် ကိုယ်တော်၏ဖြောင့်မတ်ခြင်းမေတ္တာကို ယုံ ကြည်ရန် မွေးဖွားလာခဲ့ကြသည်။ ဘုရားသခင်ရှေ့တော်၌ အခွန်ခံ နှင့် ဖာရိရှဲတစ်ဉီး၏ဆု‌တောင်းခြင်းကို သမ္မာကျမ်းစာက ဖော်ပြထား သည်။ ဘုရားသခင်သည် အခွန်ခံအပေါ် ဂရုဏာရှိတော်မူ၍ ဖာရိရှဲ အပေါ် ဂရုဏာရှိတော်မမူပေ။ အခွန်ခံကဲ့သို့သောသူများသည် ဘုရား ရှေ့တော်၌ မည်သည့်အရာတစ်စုံတစ်ခုမျှ မပြုလုပ်နိုင်ကြသည်ကို လည်းကောင်း၊ ကိုယ်တော်၏ဘုန်းအသရေးကို ပျက်ပြားစေကြသည် ကိုလည်းကောင်း အသိအမှတ်ပြုကြသောကြောင့် ဘုရားသခင်ထံ ကိုယ်တော်၏ဂရုဏာတော်ကို တောင်းလျှောက်နေခြင်း ဖြစ်သည်။
ဤသို့သော ပုဂ္ဂိုလ်များသည် ဘုရားသခင်၏ဖြောင့်မတ်ခြင်း မေတ္တာကို လွှမ်းခြုံသောသူများဖြစ်ကြသည်။ သို့သော် ဖာရိရှဲကဲ့သို့ သောသူများသည် ဆယ်ဖို့တစ်ဖို့ပေးခြင်း၊ တစ်ပတ်တစ်ကြိမ်အစာ ရှောင်ခြင်း၊ ဆုတောင်းခြင်းနှင့် ဘာသာတရားကို ကိုင်းရှိုင်းခြင်းပြု ကြသည်ဟု ဘုရားသခင်အတွက် ပြုခဲ့သောအရာများကို ဝါကြွား တတ်ကြသည်။ ဘုရားရှေ့တော်၌ ကျွန်ုပ်တို့ရပ်တည်သောနေရာအ ပေါ် အခြေခံ၍ ကျွန်ုပ်တို့သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်း မေတ္တာတော် လွှမ်းခြုံကြသည်ကိုလည်းကောင်း၊ ကိုယ်တော်၏ တ ရားစီရင်ခြင်းအမျက်တော်ခံစားရသည်ကိုလည်းကောင်း ဆုံးဖြတ် ပေးသည်။ ကျွန်ုပ်တို့သည် ဘုရားသခင်ရှေ့တော်၌ နှလုံးသားများမာ ကျောနေကြလျှင် ကျွန်ုပ်တို့အပြစ်များသည် ခွင့်လွှတ်ခြင်းမခံရဘဲ ထာဝရတည်နေလိမ့်မည်။ ခွင့်လွှတ်ခြင်းမရှိလျှင် ကျွန်ုပ်တို့၏ပန်း တိုင်မှာ အပ္ပါယ်ငရဲ ဖြစ်လိမ့်မည်။
ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို တစ်ကမ္ဘာလုံးသို့ ဟော ပြောခဲ့သည်။ ကယ်တင်ခြင်းမခံရသောသူများသည် နှလုံးသားများ မာကျောသောကြောင့် သူတို့သည် ကယ်တင်ခြင်းမခံရကြပေ။ လူ သားများ၌ ဖြောင့်မတ်ခြင်း တစ်စုံတစ်ခုမျှ မရှိပေ။ ကျွန်ုပ်တို့သည် ယုံကြည်ခြင်းအားဖြင့်သာလျှင် ဘုရားသခင်၏ဖြောင့်မတ်သော မေတ္တာကို လွှမ်းခြုံနိုင်ကြသည်။ ဘုရားသခင်သည် မိမိဖြောင့်မတ် ခြင်းအသိအမှတ်မပြုသောသူများကို မိမိဖန်ဆင်းထားသောသူများ ဖြစ်ကြသော်လည်း သူတို့ကို မုန်းတော်မူသည်။ သို့သော် ဘုရားသ ခင်သည် ဘုရားသခင်ဖြောင့်မတ်ခြင်း၊ ရေနှင့်ဝိညာဉ်တော်သတင်း ကောင်းကို ယုံကြည်သူများကို ချစ်တော်မူ၍ သူုတိ့သည် ထာဝရ အသက်ခံစားရရှိကြသည်။
ယနေ့ ဤကမ္ဘာပေါ်တွင် ခရစ်ယာန်များစွာတို့သည် ဘုရားသ ခင်ရှေ့တော်၌ အမျက်၏တန်ဆာပလာများအဖြစ် အသက်ရှင်နေကြ သည်။ ဤအကြောင်းကြောင့် ကျွန်ုပ်တို့သည် ဘုရားသခင်၏ဖြောင့် မတ်ခြင်းမှ အဘယ်အရာဖြစ်သည်ကို ရောမသြဝါဒစာမှ သင်ယူရန် လိုအပ်ကြခြင်း ဖြစ်သည်။ ဘုရားသခင်သည် အချို့ကို ချစ်တော်မူ၍ အချို့တို့ကို မုန်းတော်မူခြင်းမှာ အချို့တို့သည် ကိုယ်တော်၏ဖြောင့် မတ်ခြင်းကို ယုံကြည်ကြ၍ အချို့တို့သည် မယုံကြည်ကြသော ကြောင့် ဖြစ်သည်။ ကျွန်တော်ပြောကြားရန် ဆန္ဒရှိသောအရာမှာ ဤ သမ္မာတရား ဖြစ်သည်။ ဘုရားသခင်သည် ယာကုပ်နှင့် ဧသောတို့အ ပေါ်ပြုတော်မူခဲ့သောအရာမှာ မှန်ကန်သည်။ သခင်ယေရှုကို ယုံ ကြည်သူများအကြား ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို ယုံ ကြည်ခြင်းမရှိဘဲ ဘုရားသခင်၏အချစ်ကို ခံလိုသူများစွာ ရှိသည်။ ဤပုဂ္ဂိုလ်များသည် ဧသောနှင့်တူကြသည်။ ဘုရားသခင်သည် သူတို့ ကို သူတို့အပြစ်များနှင့်အညီ တရားစီရင်တော်မူလိမ့်မည်။
ဘုရားသခင်သည် လောက၌ အပြစ်များအားလုံးကို တစ်ကြိမ် တည်းယူဆောင်သွားတော်မူရန် မိမိသားတော်ကို ယောဟန်အားဖြင့် ဗတ္တိဇံခံယူစေတော်မူခဲ့သည်။ သင်သည် ဤသမ္မာတရားကို ယုံကြည် သလော။ သင်သည် ၎င်းိကု နှလုံးသားအကြွင်းမဲ့ အမှန်အကန် ယုံ ကြည်သလော။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ထင်ရှားစေသော ရေနှင့်ဝိညာဉ်တော်သတင်းကောင်းသမ္မာတရားကို ယုံကြည်ကြသောအခါ ကျွန်ုပ်တို့အပြစ်များအားလုံးမှ တစ်ကြိမ် တည်း လွှတ်မြောက်ခြင်း ခံရကြသည်။ သခင်ယေရှုသည် ဤလော ကအပြစ်များအားလုံးကို ယူဆောင်သွားတော်မူခဲ့၍ ၎င်းတို့ကို မိမိ ပ ခုံးပေါ်သို့တင်ကာ ကားတိုင်ပေါ်တွင် အသေခံတော်မူခဲ့၍ သေခြင်းမှ တစ်ကြိမ်တည်း ထမြောက်တော်မူခြင်းအားဖြင့် ကျွန်ုပ်တို့သည် လည်း အပြစ်များမှ တစ်ကြိမ်တည်း လွှတ်မြောက်ခြင်းခံရနိုင်ကြ သည်။
သို့သော် ကျွန်ုပ်တို့သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ယုံ ကြည်ခြင်းမရှိဘဲ အပြစ်ဖြေရန် ကြိုးစားကြလျှင် ကျွန်ုပ်တို့သည် ကိုယ်တော်ကို ဆန့်ကျင်သောအပြစ်ကျူးလွန်ခြင်း ဖြစ်သည်။ ကျွန်ုပ် တို့သည် ကိုယ်တော်၏ဖြောင့်မတ်ခြင်းကို မယုံကြည်ကြလျှင် သခင် ယေရှုခရစ်တော်သည် ကျွန်ုပ်တို့အပြစ်များအတွက် နေ့တိုင်းဗတ္တိဇံခံ ယူတော်မူ၍ အသေခံရန် လိုအပ်မည်ကို ဆိုလိုသည်။ ဘုရားသခင် သည် မိမိ သဗ္ဗေညုတ္တဉာဏ်တော်အားဖြင့် ဤသို့သောလမ်းကို ရွေး တော်မူလိမ့်မည်။ ဘုရားသခင်သည် ကျွန်ုပ်တို့အား အပြစ်များမှ ကယ်တင်တော်မူရန်အတွက် မိမိသားတော်ကို တစ်ကြိမ်တည်း စေ လွှတ်တော်မူ၍ ဗတ္တိဇံခံစေပြီး ကားစင်တင်ခံစေကာ ကျွန်ုပ်တို့အပြစ် များအားလံဒးအတွက် သေခြင်းမှ တစ်ကြိမ်တည်းထမြောက်စေ တော်မူခဲ့သောကြောင့် ကိုယ်တော်သည် ကျွန်ုပ်တို့အား တစ်ကြိမ် တည်း လုံးဝ ကယ်တင်တော်မူနိုင်သည်။
ဘုရားသခင်သည် ဖြောင့်မတ်တော်မူသည်။ ဘုရားသခင်သည် မိမိဖြောင့်မတ်ခြင်းအားဖြင့် ကျွန်ုပ်တို့အပြစ်များကို ဖယ်ရှားပေးရန် ကြံစည်တော်မူခဲ့သည်။ ကျွန်ုပ်တို့သည် အပြစ်ကျူးလွန်သည့်အခါ တိုင်းတွင် အပြစ်များဖြေလွှတ်ခြင်းအတွက် ဆုတောင်းကြသော ကြောင့် ကိုယ်တော်သည် ကျွန်ုပ်တို့အပြစ်များကို ဖယ်ရှားပေးတော် မူခြင်းမဟုတ်ပေ။ ကိုယ်တော်သည် မိမိဖြောင့်မတ်ခြင်းကို ယုံကြည် ခြင်းအားဖြင့် တစ်ကြိမ်တည်းရွေးနှုတ်ခြင်းခံခဲ့သောသူများ၏အပြစ် များအားလုံးကို ထာဝရအတွက် တစ်ကြိမ်တည်း ဖယ်ရှားပေးတော်မူ ခဲ့သည်။
ထိုနောက် ကျွန်ုပ်တို့နေ့တိုင်းကျူးလွန်သောအပြစ်များအပေါ် အဘယ်အရာ ဖြစ်သနည်း။ ကျွန်ုပ်တို့သည် ဘုရားသခင်ကို သစ္စာရှိ စွာကိုးကွယ်၍ ကိုယ်တော်ကိုသာ ဘုန်းတန်ခိုးအားလုံးပေးအပ်ကြ သောအခါ ဤအပြစ်များ ဂရုစိုက်ခြင်းခံရသည်။ ဘုရားသခင်၏အ မြင်မှ သခင်ယေရှုသည် ကျွန်ုပ်တို့ကယ်တင်ခြင်းအတွက်ဗတ္တိဇံအား ဖြင့် လောကအပြစ်များအားလုံးကို မိမိအပေါ်သို့ တစ်ကြိမ်တည် ယူဆောင်သွားတော်မူ၍ကားတိုင်ပေါ်တွင်အသွေးတော်သွန်းလောင်း ကာကျွန်ုပ်တို့ကိုယ်စား တရားစီရင်ခြင်းခံတော်မူခြင်းအားဖြင့် ကျွန်ုပ် တို့အပြစ်များအားလုံးကို ယူဆောင်သွားတော်ခဲ့သည်။ ဘုရားသခင် ၏ဖြောင့်မတ်ခြင်းမေတ္တာတော်ကို လောကအအပြစ်များအားလုံး ဖယ်ရှားပေးတော်မူရန် ကိုယ်တော်၏အကြံအစည်တော်ဖြင့် ပြည့်စုံ ခဲ့သည်။
ရောမ ၉း၂၅ တွင် “ဟောရှေကျမ်း၌ “ငါ၏လူမျိုးမဟုတ်သောသူကို ‘ငါ၏လူမျိုး’ဟူ၍လည်းကောင်း၊ မချစ်သောသူကို ‘ချစ်သောသူ’ဟူ၍လည်းကောင်း ငါခေါ်မည်”ဟု ဖော်ပြထားသည်။ ဟုတ်ပါ သည်။ ဘုရားသခငသ်ည် မိမိလူမဟုတ်သောသူများကို မိမိလူများ အဖြစ် ခေါ်မည်ဟု ကိုယ်တော်မိန့်တော်မူခဲ့သည်။ ကျွန်ုပ်တို့ယုံကြည် သော ဘုရားသခင်၏ဖြောင့်မတ်ခြင်းသည် သီအိုလော်ဂျီမဟုတ်ဘဲ အမှန်တရားဖြစ်သောကြောင့် ကျွန်ုပ်တို့သည် ကိုယ်တော်၏ဖြောင့် မတ်ခြင်းကို ယုံကြည်ခြင်းအားဖြင့် အပြစ်များအားလုံးမှ ရွေးနှုတ် ခြင်းခံရကြသည်။ ထိုအရာသည် အမှန်တရားဖြစ်သောကြောင့် ကိုယ် တော်၏ဖြောင့်မတ်ခြင်းကို လျစ်လျူရှုသောသူများသည် ဧသောကဲ့ သို့မုန်းတီးခြင်းနှင့် တရားစီရင်ခြင်းခံရကြမည် ဖြစ်သည်။ ဘုရား ရှေ့ တော်၌ မိမိဖြောင့်မတ်ခြင်းကို ဝါကြွားနိုင်သူတစ်စုံတစ်ဉီးမျှ မရှိပေ။
ဘုရားသခင်သည် ကျွန်ုပ်တို့အပြစ်များအားလုံးမှ ကျွန်ုပ်တို့ကို ရွေးနှုတ်တော်မူရန် ကိုယ်တော်သည် မိမိဖြောင့်မတ်ခြင်းအားဖြင့် ကျွန်ုပ်တို့ကို ကယ်တင်တော်မူခဲ့သည်။ ကျွန်ုပ်တို့သည် ကိုယ်တော် ကို ကျေးဇူးတင်၍ မချီးမွမ်းဘဲ မည်သို့နေနိုင်ကြမည်နည်း။ ကျွန်ုပ်တို့ သည် ကျေးဇူးတရားနှင့် ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်၏ဖြောင့် မိတ်ခြင်းသတင်းကောင်းကို ဟောပြောနိုင်ကြသည်။