Search

တရားဟောချက်များ

ဘာသာရပ် ၉ - ရောမဩဝါဒစာ (ရောမဩဝါဒစာအနက်ဖွင့်ကျမ်းများ)

[16] အချင်းချင်း နှုတ်ဆက်ကြလော့

တမန်တော်ရှင်ပေါလုက ရောမမြို့တွင်ရှိသောယုံကြည်သူများ နှင့် ကျွန်ုပ်တို့အား ဇာတ်ဝင်ခန်းတွင် အချင်းချင်း နှုတ်ဆက်ကြရန် ပြောကြားခဲ့သည်။ ဤခေတ်ကာလတွင် ကိုယ်တော်၌ ကျွန်ုပ်တို့ သည် မည်သူ့ကို စိတ်နှလုံးအကြွင်းမဲ့ နှုတ်ဆက်ရကြမည်နည်း။ ကျွန်ုပ်တို့သည် တစ်ကမ္ဘာလုံးသို့ ဘုရားသခင်၏နှုတ်ကပတ်တော် ဟောပြောသူ အမှုတော်ဆောင်များနှင့် ယုံကြည်သူများကို ဝမ်း မြောက်စွာ နှုတ်ဆက်နိုင်ကြသည်။ ကျွန်ုပ်တို့သည် ရေနှင့်ဝိညာဉ် တော်သတင်းကောင်းဖတ်ရှုခြင်းအားဖြင့် ကယ်တင်ခြင်းခံရသောသူ များနှင့်အတူ မိတ်သဟာယဖွဲ့နိုင်ကြသည်။ ကျွန်ုပ်တို့သည် ခရစ် တော်၌ နှုတ်ဆက်နိုင်သော အသင်းတော်များ၊ ယုံကြည်သူများနှင့် ဘု ရားသခင်၏အစေခံများကိုလည်း ရှိကြသည်။
ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို လူတိုင်းက မယုံကြည် ကြသောကြောင့် ဖြောင့်မတ်သူများသည် အားလုံးကို မနှုတ်ဆက်နိုင် ကြပေ။ ကျွန်ုပ်တို့သည် ဝမ်းမြောက်စွာ မနှုတ်ဆက်နိုင်သောသူ ဤ လောကတွင် လူများစွာ ရှိကြသည်။ ကျွန်ုပ်တို့သည် တူညီသော ယုံ ကြည်ခြင်းအားဖြင့် နှုတ်ဆက်နိုင်၍ မိတ်သဟာယဖွဲ့နိုင်သူ ရေနှင့်ဝိ ညာဉ်တော်သတင်းကောင်း ယုံကြည်သူများစွာ မရှိခြင်းသည် ဝမ်း နည်းစရာ ဖြစ်သည်။ လောကအသင်းတော်များ၌ ဘုရားသခင်၏အ စေခံဟန်ဆောင်သော အပြစ်သားများနှင့်အတူ ကျွန်ုပ်တို့သည် မိတ် သဟာယမဖွဲ့နိုင်ကြပေ။
အပြစ်နှင့်သန့်ရှင်းသောဝိညာဉ်တော်သည် အတူတူ မကိန်းဝပ် ကြသောကြောင့် အပြစ်သားများသည် ဖြောင့်မတ်သူများသည် အ ချင်းချင်း နှုတ်ဆက်၍မရနိုင်ကြပေ။ ရေနှင့်ဝိညာဉ်တော်သတင်း ကောင်း ယုံကြည်သူများသည် ဘုရားသခင်ထံ ဝိညာဉ်ရေးရာကိုး ကွယ်မှုများ ဆက်ကပ်နိုင်ကြ၍ ဝိညာဉ်ရေးရာများ လုပ်ဆောင်နိုင်ကြ သည်။ သို့သော် အပြစ်များဖြေလွှတ်ခြင်းမခံရသေးသော အပြစ်သား များသည် ဘုရားသခင်၏ပညတ်တော် စောင့်ရှောက်ခြင်းအားဖြင့် ကယ်တင်ခြင်းခံရရန် ကြိုးစားခဲ့ကြသောကြောင့် သူတို့သည် ဖြောင့် မတ်သူများနှင့် ဝိညာဉ်ရေးရာ၌ မိတ်သဟာယမဖွဲ့နိုင်ကြပေ။ သားရဲ တစ်ကောင်နှင့် လူသားတစ်ဉီးသည် အချင်းချင်း စကားမပြောနိုင်ကြ သကဲ့သို့ ဖြောင့်မတ်သူများသည် အပြစ်သားများနှင့်အတူ ဝိညာဉ်‌ရေး ရာ၌ မိတ်သဟာယမဖွဲ့နိုင်ကြပေ။
ရှင်ပေါလုနှင့် ဝိညာဉ်ရေးရာမိတ်သဟာယဖွဲ့သောသူများသည် သူကဲ့သို့ ယုံကြည်ခြင်းရှိသူများဖြစ်ကြသည်ကို ကျွန်ုပ်တို့သိနိုင်ကြ သည်။ လူတစ်ဉီးသည် ရှင်ပေါလုနှင့် မိတ်သဟာယဖွဲ့လျှင် ရှင်ပေါလု သည် သူ၏ယုံကြည်ခြင်းကို ထောက်ခံခဲ့သည်ကို ဆိုလိုကြောင်း ကျွန်ုပ်တို့ သိကြသည်။ ထိုကြောင့် “ကျွန်တော်သည် ယနေ့ ဒေသ တစ်ခုသို့ သွားမည်ဆိုရင် ဘယ်သူ့ထံသို့ သွား၍ နှုတ်ဆက်ရမှာလဲ” ဟု ကျွန်တော် တွေးခဲ့သည်။ ကျွန်တော်သည် Sokcho သို့သွားလျှင် Sokcho အသင်းတော်နှင့် Gangneung သို့သွားလျှင် Gangneung အသင်းတော်သို့ သွားလိမ့်မည်ကို သေချာသည်။ ကျွန်တော်သည် ဘု ရားသခင်၏အစေခံများနှင့် ယုံကြည်သူများကို တွေ့နိုင်၍ သူတို့နှင့် အတူ မိတ်သဟာယဖွဲ့ကာ ပွဲဆောင်သုံးနိုင်သည်။ ထိုနေရာတွင် ရှိ သော ညီအစ်ကို မောင်နှမများ၏ နေအိမ်များသို့ သွားရောက်၍ သူ တို့ကို ကျွန်တော် နှုတ်ဆက်လိမ့်မည်။ သို့သော် ကျွန်တော်နှုတ်ဆက် နိုင်မည့်သူများမှာ ရေနှင့်ဝိညာဉ်တော်သတင်းကောင်း ယုံကြည်သူ များနှင့် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် တူညီသောယုံကြည်ခြင်း ရှိသူများ ဖြစ်ကြသည်။
ရှင်ပေါလုထောက်ခံသော ယုံကြည်ခြင်းရှိသူများသည် မည်မျှ ကောင်းကြီးမင်္ဂလာများခံစားရကြသည်ကို ကျွန်ုပ်တို့ သိနိုင်ကြသည်။ ကျွန်ုပ်တို့သည် သူတပါး၏ယုံကြည်မှုကို အချင်းချင်း အတည်ပြုရန် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို ပိုင်ဆိုင်ကြ၍ အချင်းချင်း နှုတ်ဆက်ခြင်းမှ မည်မျှ ကြီးမြတ်သတည်း။ သင်သည် အချင်းချင်း နှုတ်ဆက်စေသော ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို ယုံကြည် ခြင်း ရှိသလော။ သင့်မှာ အပြစ်တစ်စုံတစ်ခုမျှ မရှိသည်ဟု သံသယ ကင်းမဲ့စွာဖြင့် ဘုရားသခင်ထံ သင်သည် သစ္စာရှိစွာဖြင့် ဝန်ခံနိုင် မည် လော။
ကျွန်တော်သည် တရုတ်နိုင်ငံသို့ သွားခဲ့သောအခါ လုပ်ဆောင် ဖက် ယုံကြည်သူများကို နှုတ်ဆက်ခွင့် ရရှိခဲ့သည်။ ဟဲရမ်မြစ်ကမ်း ခြေတွင်နေထိုင်သူညီအစ်ကိုတစ်ဉီးထံ ကျွန်တော် သွားလည်ခဲ့သည်။ ကျွန်တော် နောက်တစ်နေ့ အိပ်ရာမှ နိုးထလာသောအခါ သူက ကျွန်ုပ်တို့အတွက် မနက်စာ ကောင်းကောင်း ပြင်ဆင်ပေးခဲ့သည်။ ကျွန်ုပ်တို့သည် ကြီးမားသောစားပွဲဝိုင်းတွင် ထိုင်ခဲ့ကြသည်။ ထိုစားပွဲ ဝိုင်းမှာ ကြီးမားသောမိသားစုဝင်များ ထိုင်လေ့ရှိသောပုံစံဖြင့် ကျွန်ုပ် တို့ ထိုင်နေကြသည်။ ကျွန်တော်သည် ထိုနေရာတွင် ယုံကြည်သူများ နှင့်အတူ မိတ်သဟာယဖွဲ့ခဲ့ကြသည်။ ကျွန်ုပ်တို့ကို မြင်တွေ့ရန် စိတ် အားထက်သန်သော ထိုမြို့နှင့်နီးသောနေရာ၌ ဧဝံဂေလိဆရာတစ်ပါး ရှိခဲ့သည်။ ထိုကြောင့် ကျွန်ုပ်တို့သည် သူ့ထံသို့ သွား၍ မိတ်သဟာယ ဖွဲ့ခဲ့ကြသည်။ ကျွန်ပ်တို့သည် ရေနှင့်ဝိညာည်တော်သတင်းကောင်း ယုံကြည်သူများအားလုံးကို နှုတ်ဆက်နိုင်ကြသည်။
ကျွန်တော်သည် အမေရိနိုင်ငံသို့သွားလျှင် မည်သည့်နေရာသို့ သွားရလိမ့်မည်နည်း။ ကျွန်တော်သည် နယူးရောက်မြို့၊ Flushing တွင်နေထိုင်သော သင်းအုပ်ဆရာ Sangchan Lee နှင့် သူ၏ဇနီးထံ သို့ သွားလည်လိမ့်မည်။ ထိုနေရာတွင် The New Life အသင်းတော် သို့သွား၍ ညီအစ်ကို မောင်နှမများကို တွေ့လိမ့်မည်။ လွန်ခဲ့သောနှစ် အနည်းငယ်ခန့်က ရုရှနိုင်ငံတွင် နေထိုင်သော ဒုတိယမွေးဖွားခြင်းခံ ရသောအသင်းတော်တစ်ပါးသို့ ကျွန်တော်သွားလည်ခဲ့သည်။ ဂျပန် နိုင်ငံ၊ တိုကျိုမြို့တွင်ရှိသော သင်းထောက်လူကြီး Soon-Ok Park ထံ လည်း သွားခဲ့သည်။
ကျွန်ုပ်တို့သည် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို ယုံကြည် ခြင်းအားဖြင့် ကယ်တင်ခြင်းခံရသော ဖြောင့်မတ်သူများ ဖြစ်ကြ သည်။ ကျွန်ုပ်တို့သည် ဇာတိအသွေးအသားပြည့်စုံခြင်းများကြောင့် ကယ်တင်ခြင်း မခံရကြပေ။ သို့သော် ကျွန်ုပ်တို့သည် ရေနှင့်ဝိညာဉ် တော်သတင်းကောင်းကို ယုံကြည်ခြင်းအားဖြင့် ရရှိသော ဘုရားသ ခင်၏ဖြောင့်မတ်ခြင်းကြောင့် ကယ်တင်ခြင်းခံရကြသည်။
ရောမသြဝါဒစာ အခန်းကြီး ၁၆ တွင် သင်တွေ့ရသည့်အတိုင်း ရှင်ပေါလုသည် နှုတ်ဆက်ရမည့်သူများစာရင်းပြုစုခဲ့သည့်အတိုင်း ဖြောင့်မတ်သူများအတွက် နှုတ်ဆက်ရမည့်သူများ သီးသန့်ရှိသည်ကို သင်တွေ့နိုင်သည်။ ရှင်ပေါလုပြုခဲ့သည့်အတိုင်း လူတိုင်းသည် မှန် ကန်သောယုံကြည်ခြင်းမရှိကြသောကြောင့် ကျွန်ုပ်တို့သည် ခရစ် ယာန်အားလုံးကို မနှုတ်ဆက်နိုင်ကြပေ။ သို့သော် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို သိ၍ ယုံကြည်သူများသာလျှင် ကျွန်ုပ်တို့ နှုတ် ဆက်နိုင်ကြသည်။ ကျွန်ုပ်တို့နှုတ်ဆက်နိုင်၍ နှုတ်ဆက်ခြင်းခံရမည့် ယုံကြည်ခြင်းကို ဘုရားသခင်သည် ကျွန်ုပ်တို့အားပေးအပ်တော်မူခဲ့ သောကြောင့် ဘုရားသခင်၏နာမတော်ကို ချီးမွမ်းသည်။
 


ရှင်ပေါလုသည် ဤပုဂ္ဂိုလ်များမှ ဝေးဝေးနေထိုင်ရန် ကျွန်ုပ်တို့ကို သတိပေးခဲ့သည်


အပိုဒ်ငယ် ၁၇ မှစ၍ ရှင်ပေါလုက သူတို့ဝမ်းဗိုက်များအတွက် သာအစေခံသောသူများမှ ဝေးဝေးနေထိုင်ရန် ကျွန်ုပ်တို့အား ဒုတိယ အကြံပြုချက်ကို တွေ့ရသည်။ “ညီအစ်ကိုတို့၊ သင်တို့ခံယူပြီးသောသွန်သင်ချက်ကိုဆန့်ကျင်၍ ကွဲပြားခြင်းနှင့်မှားယွင်းခြင်းတို့ကို ဖြစ် ပွားစေသောသူတို့ကိုသတိပြုလျက် ရှောင်ရှားကြရန်သင်တို့အား ငါတိုက်တွန်းနှိုးဆော်၏။ အကြောင်းမူကား ထိုသို့သောသူတို့သည် ငါတို့၏သခင်ခရစ်တော်ကို အစေမခံဘဲ မိမိတို့၏ဝမ်းဗိုက်ကိုသာ အ စေခံ၍ ချိုသာသောစကားနှင့် မြှောက်ပင့်သောစကားတို့ဖြင့် ရိုးစင်းသောသူတို့၏စိတ်နှလုံးကို လှည့်ဖြားတတ်ကြ၏” (ရောမ ၁၆း ၁၇-၁၈)။ ခရစ်တော်ကိုအစေမခံဘဲ မိမိဝမ်းဗိုက်များကိုသာ အစေခံ သူများ ရှိကြသည်။ ယုံကြည်သူများအကြား ပဋိပက္ခမီးမွေးသူများနှင့် နှုတ်ဖြင့် ချော့မော့သောစကားလုံးများနှင့် ချော့မော့သောလေသံများ ဖြင့် လှည့်စားတတ်သောသူများ ရှိကြသည်။ ကျွန်ုပ်တို့သည် ဤသို့ သောပုဂ္ဂိုလ်များကို မနှုတ်ဆက်ဘဲ သူတို့ထံမှ ဝေးဝေးနေရကြမည် ဖြစ်သည်။
သူတို့သည် အသင်းတော်၌ စိတ်ဆင်းရဲမှုများကို ဖြစ်စေ၍ ဘု ရားသခင်ကို သစ္စာရှိစွာဖြင့် ယုံကြည်သူမျာကို ဖျက်ဆီးကာ သူတို့ ၏လောဘစိတ်ကိုသာ ကျွေးမွေးရန် စုရုံးကြသောကြောင့် ဤသို့ သောပုဂ္ဂိုလ်များထံမှ ဝေးဝေးနေထိုင်ရန် ရှင်ပေါလုသည် ကျွန်ုပ်တို့ ကို သတိပေးခဲ့သည်။ ဤသို့ယုတ်မာသောခရစ်ယာန်ခေါင်းဆောင် များသည် သူတို့နောက်လိုက်သူများအား ပညတ်တော်ကို ပြည့်စုံစွာ နာခံရန် သွန်သင်ခြင်းအားဖြင့် လူများကို အပြစ်အောက်၌ ချုပ်နှောင် ရန် ကြိုးစားကြသည်။ သူတို့သည် သခင်ယေရှု၏နာမတော်အားဖြင့် မိမိဝမ်းဗိုက်များကိုသာ ဖြည့်စားကြပြီး အပြစ်ကင်းစင်သောသူများ ကို လှည့်စားကြသည်။ သူတို့သည် မိမိဝမ်းဗိုက်အတွက်သာ အမှု တော်ထမ်းဆောင်ကြသောကြောင့် သူတို့ကို နှုတ်ဆက်ရန် လုံးဝမလို အပ်ပေ။
 


ရေနှင့်ဝိညာဉ်တော်သတင်းကောင်းသည် နိုင်ငံအားလုံးသို့ ဟောပြောရမည် ဖြစ်သည်


တတိယအနေဖြင့် ရှင်ပေါလုသည် တိုင်းနိုင်ငံအားလုံးသို့ သ တင်းကောင်းဟောပြောရန်လိုအပ်သည့်အကြောင်းကို ပြောကြားခဲ့ သည်။ အပိုဒ်ငယ် ၂၆ တွင် “ငါဟောပြောသည့်ကောင်းမြတ်သောသတင်းနှင့် ယေရှုခရစ်တော်အကြောင်းကိုဟောပြောခြင်းအားဖြင့်လည်းကောင်း၊ ရှေးကာလပတ်လုံး ဝှက်ထားခြင်းခံရသော်လည်း ယခုအခါ ထာဝရဘုရားသခင်၏အမိန့်တော်အတိုင်း ပရောဖက်ကျမ်းများ၌ထင်ရှားပြီး ယုံကြည်ခြင်းနှင့်ဆိုင်သောနာခံမှုရှိစေရန် လူမျိုးအပေါင်းတို့အားသိစေသည့် လျှို့ဝှက်နက်နဲသောအရာကို ဖွင့်ပြခြင်းအားဖြင့်လည်းကောင်း သင်တို့ကို ခိုင်ခံ့မြဲမြံစေနိုင်သောအရှင်...”ဟု ဖော်ပြထားသည်။ ရှင်ပေါလုဟောပြောခဲ့သော ရေနှင့်ဝိညာဉ်တော် သတင်းကောင်းသည် လူတိုင်း ယုံကြည်၍ နာခံရမည့် သတင်း ကောင်းအမှန်အကန် ဖြစ်သည်။ ရေနှင့်ဝိညာဉ်တော်သတင်းကောင်း ကို ယုံကြည်သူများဖြင့် ရှင်ပေါလုစတင်တည်ထောင်ခဲ့‌သောအသင်း တော်များ၌ရှိသော နိုင်ငံအများစုတို့သည် ယခုတွင် အစ္စလမ်ဘာ သာဝင်များဖြစ်လာခဲ့ခြင်းမှာ အလွန်ဝမ်းနည်းစရာ ဖြစ်သည်။
ထိုအချိန်တွင် ရှင်ပေါလုသည် ဤဒေသများသို့သွား၍ အသင်း တော်ခေါင်းဆောင်များ တည်ထောင်မှုတွင် ဘုရားသခင်၏ဖြောင့် မတ်ခြင်းပါဝင်သော ရေနှင့်ဝိညာဉ်တော်သတင်းကောင်း ယုံကြည်သူ များလည်းရှိကြသည်။ ကျွန်ုပ်တို့သည် အမှုတော်ဆောင်များ ကျွန်ုပ် တို့၏သာသနာကျောင်း၌ သင်တန်းပေးခဲ့ပြီးနောက် ကျွန်ုပ်တို့အသင်း တော်သို့ စေလွှတ်သောနည်းလမ်းနှင့် ဆင်တူသည်။ ထိုအချိန်တွင် အသင်းတော်များသည် “သခင်တစ်ပါး၊ ယုံကြည်ခြင်းတစ်ပါး၊ ဗတ္တိဇံ တစ်ပါး”(ဧဖက် ၄း၅)ယုံကြည်ခြင်းကို စောင့်ရှောက်ခဲ့ကြသော်လည်း သူတို့သည် သတင်းကောင်းကို စာဖြင့် မှတ်သားခြင်းမပြုခဲ့ကြသော ကြောင့် သူတို့သည် သတင်းကောင်းယုံကြည်ခြင်းကို မပြဌာန်းနိုင်ကြ ပေ။
ယခုချိန်တွင် ကျွန်ုပ်တို့သည် တူရကီဘာသာဖြင့် ကျွန်ုပ်တို့စာ အုပ်များကို ဘာသာပြန်ခြင်း ဆောင်ရွက်နေပြီး ဖြစ်သည်။ တူရကီမှ လူအချို့တို့သည် ကျွန်ုပ်တို့၏အင်္ဂလိပ်တည်းဖြတ်ခြင်းများအားဖြင့် တို့ထိ၍ ၎င်းတို့ကို ဘာသာပြန်ဆိုရန် ဆက်ကပ်ကြသည်။ ယခုတွင် ကျွန်ုပ်တို့သည် ရှင်ပေါလုကိုယ်တိုင် သတင်းကောင်းဟောပြော၍ ဘု ရားသခင်၏အသင်းတော်များတည်ထောင်ခဲ့သော နေရာများသို့ ရေ နှင့်ဝိညာဉ်တော်သတင်းကောင်းကို ဟောပြောရန် စတင်နေပြီ ဖြစ် သည်။ ရှင်ပေါလုသွားရောက်ခဲ့သော တူညီသောနေရာတစ်လျှောက် သူဟောပြောခဲ့သော တူညီသောသတင်းကောင်းကို ကျွန်ုပ်တို့ဟော ပြောနေကြသည်။ ရှင်ပေါလုဟောပြောသော သတင်းကောင်းမှာ ၎င်း ကို ယုံကြည်ခြင်းနှင့်နာခံခြင်းအားဖြင့် လူမျိုးများအားလုံးကို ကယ် တင်နိုင်ခဲ့သော ရေနှင့်ဝိညာဉ်တော်သတင်းကောင်း ဖြစ်သည်။
ရောမသြဝါဒစာ၏နောက်ဆုံးကျမ်းချက်တွင် ရောမမြို့တွင်ရှိ သော သန့်ရှင်းသူများသည် အချင်းချင်း နှုတ်ဆက်ကြရန်၊ သူတို့၏ ဝမ်းဗိုက်များကိုသာ ဖြည့်ဆည်းသောသူများထံမှ ဝေးဝေးသို့ ရှောင် ကြဉ်ရန်နှင့် လူမျိုးတကာသို့ထံ ရေနှင့်ဝိညာဉ်တော်သတင်းကောင်း ကို ဟောပြောရန် ပြောကြားခဲ့သည်။
 

ရေနှင့်ဝိညာဉ်တော်သတင်းကောင်းသည် ကျွန်ုပ်တို့အား ခွန်အားပေးလိမ့်မည်

ရှင်ပေါလုဖော်ပြခဲ့သော စတုတ္ထအချက်မှာ ဤရေနှင့်ဝိညာဉ် တော်သတင်းကောင်းသည် ကျွန်ုပ်တို့အား တည်ဆောက်ပေးသော ဘုရားသခင်၏ညာဉ်တော်ဖြစ်သည်ဟူသောအချက် ဖြစ်သည်။ “ငါဟောပြောသည့်ကောင်းမြတ်သောသတင်းနှင့် ယေရှုခရစ်တော်အ ကြောင်းကိုဟောပြောခြင်းအားဖြင့်လည်းကောင်း၊ရှေးကာလပတ်လုံး ဝှက်ထားခြင်းခံရသော်လည်း ယခုအခါ ထာဝရဘုရားသခင်၏အမိန့်တော်အတိုင်း ပရောဖက်ကျမ်းများ၌ထင်ရှားပြီး ယုံကြည်ခြင်းနှင့်ဆိုင် သောနာခံမှုရှိစေရန် လူမျိုးအပေါင်းတို့အားသိစေသည့် လျှို့ဝှက်နက် နဲသောအရာကို ဖွင့်ပြခြင်းအားဖြင့်လည်းကောင်း သင်တို့ကို ခိုင်ခံ့မြဲ မြံစေနိုင်သောအရှင်၊ ပညာနှင့်ပြည့်စုံတော်မူသည့် တစ်ဆူတည်းသောဘုရားသခင်၌ ယေရှုခရစ်တော်အားဖြင့် ကာလအစဉ်အဆက် ဘုန်းအသရေတော်ရှိပါစေသော။ အာမင်” (ရောမ ၁၆း၂၅-၂၇)။ ရော မမြို့၌ မည်သည့်အရာက သန့်ရှင်းသူများကို တည်ဆောက်နိုင်ခဲ့သ နည်း။ ၎င်းမှာ ရောမမြို့တွင်ရှိသော သန့်ရှင်းသူများကို တည်ဆောက် နိုင်၍ တည်ဆောက်ပေးခဲ့သော ရှင်ပေါလု၏ ရေနှင့်ဝိညာဉ်တော်သ တင်းကောင်း ဖြစ်သည်။
ကျွန်ုပ်တို့အပေါ် ဘုရားသခင်ချပေးတော်မူခဲ့သောသတင်း ကောင်းမှာ ကိုယ်တော်၏ဉာဏ်တော် ဖြစ်သည်။ ဤသတင်းကောင်း သည် အပြစ်များဖြင့် ပြည့်နေသောသူများ၏ အပြစ်များအားလုံးပင် လျှင် ဖယ်ရှားပေးနိုင်သော တန်ခိုးရှိသည်။ ရေနှင့်ဝိညာဉ်တော်သ တင်းကောင်းဟောပြောသူများသည် မည်သို့ပင် အားနည်း၍ အ ပြစ်များဖြင့် ပြည့်နေစေကာမူ ၎င်းကို ယုံကြည်သူများသည် အပြစ် ကင်းစင်ကြသည်။ ၎င်းမှလာသော ဘုရားသခင်၏ဉာဏ်ပညာနှင့် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းသာလျှင် ကျွန်ုပ်တို့အား ပြည့်စုံ သောသူများ ဖြစ်စေသည်။ ဤသတင်းကောင်းကလွှဲ၍ ကျွန်ုပ်တို့ဝိ ညာဉ်၊ နှလုံး၊ အတွေးအခေါ်များနှင့် ကိုယ်ခန္ဓာကို ခွန်အားပေးနိုင် သောသမ္မာတရားမရှိပေ။
ရှင်ပေါလုက သတင်းကောင်းကို “သတင်းကောင်း”ဟူ၍သာ ရှင်းရှင်းလင်းလင်းမခေါ်ဘဲ “ငါ့သတင်းကောင်း”ဟု ပြတ်ပြတ်သား သားမှည့်ခေါ်ခဲ့သည်။ ရှင်ပေါလုဟောပြောခဲ့သည်သတင်းကောင်းမှာ ဓမ္မဟောင်းနှင့်ဓမ္မသစ်ကျမ်းတို့၌ ထင်ရှားခဲ့သော ရေနှင့်ဝိညာဉ်တော် သတင်းကောင်း ဖြစ်သည်။ ဤရေနှင့်ဝိညာဉ်တော်သတင်းကောင်း မှာ ဓမ္မဟောင်းကျမ်း၌ ပရောဖက်များနှင့် ဓမ္မသစ်ကျမ်း၌ သခင်ယေ ရှုခရစ်တော်အားဖြင့် ပြည့်စုံစေတော်မူခဲ့သော သတင်းကောင်းပေါ် တွင် အခြေပြုထားသည်။ ဤအကြောင်းကြောင့် ‘သူ၏သတင်း ကောင်း’သည် ပရောဖက်ဆိုင်ရာ ကျမ်းချက်များ၌ ဖုံးအုပ်ထားသော လျှို့ဝှက်ဆန်းကြယ်‌သောဗျာဒိတ်နှင့်အညီ ထင်ရှားခဲ့သည်။
ရှင်ပေါလုဟောပြောခဲ့သော သတင်းကောင်းမှာ ဓမ္မဟောင်း ကျမ်းပထမငါးကျမ်း၌ ယဇ်ပူဇော်ခြင်းစနစ်၊ အထူးသဖြင့် ဝတ်ပြုရာ ကျမ်း၌ ပြဌာန်းထား၍ ကိုယ်တော်ဗတ္တိဇံ၊ ကားတိုင်ပေါ်တွင် အသေခံ တော်မူခြင်းနှင့် ရှင်ပြန်ထမြောက်တော်မူခြင်းအားဖြင့် ဘုရားသခင် ၏ဖြောင့်မတ်ခြင်းပြည့်စုံခြင်းအဖြစ် ဓမ္မသစ်ကျမ်းတွင် သခင်ယေရှု ခရစ်တော်အားဖြင့် ပြည့်စုံခဲ့သည်။ ဤအကြောင်းကြောင့် ရှင်ပေါလု က “ငါဟောပြောသည့်ကောင်းမြတ်သောသတင်းနှင့် အညီ သင်တို့ ကို တည်ထောင်ပေးသော ကိုယ်တော့်အပေါ်”ဟု ဘုန်းတော်အားလုံး ကို ပေးအပ်ခဲ့ခြင်း ဖြစ်သည်။
ရေနှင့်ဝိညာဉ်တော်သတင်းကောင်းသည် ဘုရားသခင်၏သန့် ရှင်းသူများနှင့် အစေခံများကို တည်ဆောက်ပေးသည်။ ဤသတင်း ကောင်းအားဖြင့် ကျွန်ုပ်တို့ယုံကြည်ခြင်း၊ ဝိညာဉ်များ၊ အတွေးအခေါ် များ၊ စိတ်များနှင့် ကိုယ်ခန္ဓာများကို ခွန်အားပေးခဲ့သည်။ ကျွန်ုပ်တို့ ယုံကြည်ခြင်းသည် မည်သို့ခွန်အားပေးနိုင်သနည်း။ ကျွန်ုပ်တို့သည် အမြဲတမ်းအားနည်းကြသောအချိန်တိုင်းတွင် မည်သည့်အရာက ကျွန်ုပ်တို့ကို ခိုင်ခံစေသနည်း။ 
ကိုယ်တော်၏ဗတ္တိဇံနှင့် ကားတိုင်ပေါ်တွင် သွန်းလောင်းသော အသွေးတော်အားဖြင့် ကျွန်ုပ်တို့အပြစ်များအားလုံးကို ယူဆောင်သွား တော်မူခဲ့သူ ခရစ်တော်၏ကယ်တင်ခြင်းကို ကျွန်ုပ်တို့ရရှိခဲ့ကြသော ကြောင့် ကျွန်ုပ်တို့ယုံကြည်မှုသည် ပို၍ ခိုင်ခံသန်မာလာသည်။ ကျွန်ုပ်တို့နှလုံးသားများ၌ ရှက်ကြောက်ခြင်းလုံးဝမရှိကြသော ကြောင့် ကျွန်ုပ်တို့သည် ဘုရားရှေ့တော်၌ အပြစ်မရှိကြပေဟု ကျွန်ုပ် တို့ပြောနိုင်ကြသည်။ ဤမရှက်ကြောက်သောဝိညာဉ်ရေးရာယုံကြည် ခြင်းအားဖြင့် ကျွန်ုပ်တို့သည် အပြစ်၌ချုပ်နှောင်ခြင်းခံရသောသူများ ထံ ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို ဟောပြောနိုင်ကြသည်။
 

နောက်ဆုံးအကြံပြုချက်များ

ရှင်ပေါလုက အခန်းကြီး ၁၆ တွင် “ပညာနှင့်ပြည့်စုံတော်မူသည့် တစ်ဆူတည်းသောဘုရားသခင်၌ ယေရှုခရစ်တော်အားဖြင့် ကာလအစဉ်အဆက် ဘုန်းအသရေတော်ရှိပါစေသော။ အာမင်”ဟု ဆု တောင်းခြင်းအားဖြင့် နိဂုံးချုပ်ခဲ့သည်။ မည်သည့်အရာသည် ဘုရား သခင်၏ဘုန်းတော်ကို အထင်ရှားဆုံးဖြစ်သနည်း။ သခင်ယေရှုခရစ် တော်အားဖြင့် ဘုရားသခင်၏ဖြောင့်မတ်ခြင်းဟောပြောခြင်းသည် ဘုရားသခင်၏ဘုန်းတော်အထင်ရှားစေဆုံး ဖြစ်သည်။ ကျွန်ုပ်တို့ သည် နှလုံးသားအကြွင်းမဲ့ သတင်းကောင်းကို အစေခံကြသောအခါ ဘုရားသခင်၏ဘုန်းတော်ထင်ရှားသည်။
အခန်းကြီး ၁၆တွင် ရှင်ပေါလုသတင်းစကား၏အနှစ်ချုပ်မှာ- အ ချင်းချင်းနှုတ်ဆက်ခြင်း၊ ဝမ်းဗိုက်ဖြည့်ဆည်းပေးသူများမှ ဝေးဝေး နေထိုင်ခြင်း၊ လူမျိုးတကာတို့ထံ သတင်းကောင်းဟောပြောခြင်း တို့ ဖြစ်ကြသည်။ ဤအရာသည် ရောမမြို့၌ အသင်းတော်ထံ ရှင်ပေါလု ပေးခဲ့သော နောက်ဆုံးအကြံပြုချက် ဖြစ်သည်။ ရှင်ပေါလုဟောပြော ခဲ့သော ရေနှင့်ဝိညာဉ်တော်သတင်းကောင်းသည် နည်းလမ်းမျိုးစုံ၌ ကျွန်ုပ်တို့အား ခွန်အားချပေးသော တန်ခိုး ရှိသည်။ ဤအရာသည် ကျွန်ုပ်တို့ယုံကြည်မှု ဖြစ်သည်။ ရေနှင့်ဝိညာဉ်တော်သတင်းကောင်း ယုံကြည်မျုမှာ သမ္မာကျမ်းစာ၌ တမန်တော်များပိုင်ဆိုင်သော ယုံ ကြည်ခြင်းနှင့် ယခုတွင် ကိုယ်ပိုင်အသင်းတော်ယုံကြည်သောအရာ နှင့်တူသည်။
သင်သည် တူညီမှုကို ခံစားနိုင်သလော။ ကျွန်တော်သည် ကျမ်း စားဖတ်သည့်အခါတိုင်းတွင် ကျွန်ုပ်တို့သည် လွန်ခဲ့သောနှစ်ပေါင်း နှစ်ထောင်ကျော်က ကျမ်းစားဖော်ပြသည့်အတိုင်း တူညီသောယုံ ကြည်ခြင်းရှိကြသည်ဟုနားလည်သောအခါကျွန်တော် အံ့သြမိသည်။
ကျွန်ုပ်တို့သည် နေ့တိုင်းလူပေါင်းမည်မျှထံ သတင်းကောင်း ဟောပြောကြသည်ဟု သင်တွေးခဲ့သလော။ ကျွန်ုပ်တို့သည် တစ်ရက် လျှင် လူအနည်းဆုံး နှစ်ထောင်ထံ သတင်းကောင်းဟောပြောကြ သည်။ နိုင်ငံအားလုံးတွင် ဒုတိယမွေးဖွားခြင်းခံရသောသန့်ရှင်းသူအ သစ်များသည် မိမိအိမ်နီးချင်းသို့ သတင်းကောင်းဟောပြောလျှင် မ ကြာမီ တစ်သောင်း တိုးပွားလိမ့်မည်။ လူတစ်သောင်းသည်လည်း တစ်ကြိမ်ဟောပြောလျှင် လူနှစ်သောင်း ဖြစ်လာလိမ့်မည်။ သင်မြင် တွေ့သည့်အတိုင်း တစ်ကမ္ဘာလုံးသို့ သတင်းကောင်းဟောပြောခြင်း မှာ မဖြစ်နိုင်သောလုပ်ငန်းကိစ္စမျိုးမဟုတ်ပေ။
ဟုတ်ပါသည်။ ရေနှင့်ဝိညာဉ်တော်သတင်းကောင်းအခြေပြု ကျွန်ုပ်တို့စာအုပ်များ၏အဓိကအင်္ဂါရပ်မှာ ၎င်းတို့သည် ပျောက်ကွယ် ခြင်းမရှိသော်လည်း သိမ်းဆည်းထားကာ လူမည်မျှ ဖတ်သည်ဖြစ်စေ သူတို့၏အဓိပ္ပါယ်များသည် ပြောင်းလဲခြင်း မရှိပေ။ ရေနှင့်ဝိညာဉ် တော်သတင်းကောင်းပါဝင်သောစာအုပ်တစ်အုပ်ရှိလျှင် လူများစွာ တို့သည် ငှါးရမ်း၍ ဖတ်ကြသည်။ ဘုရားသခင်၏သတင်းကောင်း သည် ကျယ်ပြန့်လျက်ရှိသည်။ တစ်ကမ္ဘာလုံးသို့ သတင်းကောင်း ရောက်ရှိ‌သောနေ့သည် အလှမ်းမဝေးတော့ပေ။
ယုံကြည်ခြင်းအားဖြင့် သင်ပိုင်ဆိုင်သော ဘုရားသခင်ဖြောင့် မတ်ခြင်းမှာ တိုးတက်သောနိုင်ငံများ၌ သတိမမူကြလျှင်တောင် ရေ နှင့်ဝိညာဉ်တော်သတင်းကောင်း ဖြစ်သည်။ တစ်ကမ္ဘာလုံးသို့ ကျွန်ုပ် တို့ဟောပြောသော စစ်မှန်သောသတင်းကောင်းမှာ ဤကမ္ဘာသို့ မသိ သော လျှို့ဝှက်ဆန်းကယ်မှုတစ်ခု ဖြစ်သည်။ ထိုကြောင့် ကျွန်ုပ်တို့ သည် အပြစ်များ၌ နစ်မွန်းနေသောသူများအားလုံးအပေါ် ကယ်တင် ခြင်းလျှို့ဝှက်ချက်ကို ထင်ရှားစေရန် စိတ်အားထက်သန်ကြသည်။ ရေနှင့်ဝိညာဉ်တော်သတင်းကောင်း၌ ထင်ရှားသော ဘုရားသခင်၏ ဤဖြောင့်မတ်ခြင်းသည် အလွန်ရှင်းလင်းသောကြောင့် ဤသတင်း ကောင်းကို လက်ခံသမျှသောသူတို့သည် ဘုရားသခင်ကို ကျေးဇူး တင်၍ ဂုဏ်တော်ကို ချီးမွမ်းကြသည်။
ကျွန်ုပ်တို့သည် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းအကြောင်း ကို ထပ်ခါသလဲလဲ ဟောပြောကြသောကြောင့် လူအချို့တို့သည် ထူး ဆန်းသည်ဟု ထင်တတ်ကြသည်။ သို့သော် ကျွန်ုပ်တို့သည် အကြိမ် မည်မျှ ထပ်ခါသလဲလဲ ဟောပြောနေပါစေ ၎င်းသည် ဝမ်းမြောက်မှု ဖြစ်စေ၍ ကျွန်ုပ်တို့ဝိညာဉ်များ၌ ကျေးဇူးတင်စေသည်။ ခရစ်ယာန် များစွာတို့သ်ည အပြစ်၌ ချုပ်နှောင်ခြင်းခံရကြသောကြောင့် ကျွန်ုပ် တို့သည် တစ်ကမ္ဘာလုံးသို့ ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို ကြိမ်ဖန်များစွာ ဟောပြောရခြင်း ဖြစ်သည်။ ဤသတင်းကောင်းမှာ ရှင်ပေါလုအပါအဝင် တမန်တော်များလက်ဆင့်ကမ်းသောသတင်း ကောင်းဖြစ်သောကြောင့် ဝိညာဉ်များအားလုံးသည် ဤသတင်း ကောင်းကို ယုံကြည်သင့်ကြသည်။ ရေနင့်ဝိညာဉ်တော်သတင်း ကောင်းသည် ခရစ်ယာန်အားလုံးအတွက် မရှိမဖြစ် လိုအပ်သော ကြောင့် ကျွန်ုပ်တို့နှလုံးသားများ၌ ၎င်းကို နားထောင်၍ ကဗ္ဗည်းရေး ထိုးကြရန် လိုအပ်သည်။
ကျွန်ုပ်တို့သည် ပုံနှိပ်စာအုပ်များနှင့်လျှပ်စစ်စာအုပ်များနှင့် ဝက် ဆိုက်များအားဖြင့် တစ်ရက်လျှင် လူနှစ်ထောင်ကျော်ထံ သတင်း ကောင်းဟောပြောကြသည်။ သမ္မာတရားမျိုးစေ့သည် ကောင်းသော မြေဆီလွှာပေါ်တွင် ကျလျှင် ၎င်းသည် ကျဲသောအရာထက် အဆ သုံး ဆယ်၊ ခြောက်ဆယ်၊ နှင့် အဆတစ်ရာ တိုးပွားနိုင်လိမ့်မည်။ လူတစ် ဉီးသည် လူဒါဇင်များထံ သတင်းကောင်းဟောပြောနိုင်၍ ဤပုဂ္ဂိုလ် တစ်ဉီးချင်းစီတိုင်းသည် ဒါဇင်များစွာထံ သတင်းကောင်းဟောပြော နိုင်လျှင် သတင်းကောင်းသည် လူအုပ်ကြီးများစွာထံ ဟောပြောနိုင် လိမ့်မည်။
ကျွန်ုပ်တို့သည် ထိုသတင်းကောင်းအား တစ်ရပ်လျှင် လူထောင် ချီထက်မနည်းထံ ဟောပြောသည်ဟု ကြားရသောအခါ ကျွန်ုပ်တို့နှ လုံးသားများသည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းဖြင့် ပြည့်ဝသည်။ တစ်ကမ္ဘာလုံးသို့ ဤသတင်းကောင်းဟောပြောရန် ကျွန်ုပ်တို့အတွက် လမ်းဖွင့်ပေးခြင်းအတွက် ဘုရားသခင်ကို ကျေးဇူးတင်သည်။ ဘုရား သခင်သည် မိမိအစေခံများ၏ယုံကြည်မှုကို ပို၍ ခွန်အားပေးတော်မူ လိမ့်မည်ဟု ကျွန်တော် ဆုတောင်းသည်။
ယခုတွင် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းသည် တစ်ကမ္ဘာ လုံးသို့ ဟောပြောခြင်းမှာ ကယ်တင်ခြင်းအတွက် သမ္မာတရား၏အ သစ်သောလှိုင်း ဖြစ်သည်။ ဤသတင်းကောင်းမျာ သန့်ရှင်းသောဝိ ညာဉ်တော်ရရှိရန်နှင့် ဘုရားသခင်၏နိုင်ငံတော်သို့ဝင်ရောက်ရန် တစ်ခုတည်းသောနည်းလမ်း ဖြစ်သည်။ လောကဘာသာတရားများ၌ သင်ရှာဖွေတွေ့ရှိရန် မည်သို့ပင် ခက်ခဲစွာ ရှာဖွေနေပါစေ သင်သည် ရေနှင့်ဝိ ညာဉ်တော်သတင်းကို တွေ့ရလိမ့်မည် မဟုတ်ပေ။
ကမ္ဘာတစ်ဝှမ်းလုံးတွင်ရှိသောလူသားများသည် ရေနှင့်ဝိညာဉ် တော်သတင်းကောင်းအားဖြင့် ကိုယ်တော်၏ဖြောင့်မတ်ခြင်းကို ယခု ယုံကြည်နိုင်ကြသောကြောင့် သူတို့သည် ဘုရားသခင်ကို ကျေးဇူး တင်ကြလိမ့်မည်။ ကျွန်ုပ်တို့စာအုပ်ကို ဖတ်ရှုသူအားလုံး ဤသတင်း ကောင်းကို ယခင်က မကြားဖူးခဲ့သောကြောင့် သူတို့က“အောင် မလေ။ သခင်ယေရှုသည် ကျွန်ုပ်အား အပြစ်များမှ ဒီလိုကယ်တင် တော်မူခဲ့ပါလား”ဟု ပြောကြလိမ့်မည်။
အပြစ်၏ချည်နှောင်ခြင်းမှ လွှတ်မြောက်လိုသူများနှင့် သန့်ရှင်း သောဝိညာဉ်တော်ရရှိရန် စိတ်အားထက်သန်သူများသည် နောက် ဆုံးတွင် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို ကြားသိ၍ လက်ခံ ကြသောအခါ သူတို့သည် အပြစ်များဖြေလွှတ်ခြင်းကို ပြည့်စုံစွာရရှိ ကြ၍ သူတို့၏နှလုံးသားများ၌ ငြိမ်သက်ခြင်းကို ရရှိကြလိမ့်မည်။ ဤ အချိန်မှစ၍ ရေနှင့်ဝိညာဉ်တော်သတင်းကောင်းသည် ကမ္ဘာပေါ်တွင် ရှိသောလူသားအားလုံးထံ ဟောပြောနေပြီ ဖြစ်သည်။
ရေနှင့်ဝိညာဉ်တော်သတင်းကောင်းသည် တစ်ကမ္ဘာလုံးသို့ ဟောပြောသောကြောင့် ကျွန်တော့်နှလုံးသားသည် ဝမ်းမြောက်မှုဖြင့် ပြည့်သည်။ ကျွန်တော်သည် သတင်းကောင်းကို အစေခံသော်လည်း ကျွန်တော်သည် အားနည်းချက်များနှင့် အပြစ်များဖြင့် ပြည့်နေသည် ကို ကျွန်တော် သိသည်။ သို့သော် ကျွန်တော်သည် ရေနှင့်ဝိညာဉ် တော်သတင်းကောင်းကို လုံးဝယုံကြည်၍ ဘုရားသခင်၏ဖြောင့်မတ် ခြင်းကို သိသောကြောင့် ကျွန်တော်သည် ကိုယ်တော်ထံမှ အသစ် သောခွန်အားကို အမြဲတမ်းရရှိ၍ ကိုယ်တော်၏သတင်းကောင်းကို ဆက်လက်အစေခံနိုင်သည်။ ယခုတွင် သတင်းကောင်းသည် များစွာ သောနိုင်ငံများသို့ ဝင်ရောက်နေသည်။ ပို၍ များစွာသောလူများသည် ကျွန်ုပ်တို့စာအုပ်များကို ဖတ်ရှုခဲ့ကြ၍ ဤသို့ပြည့်စုံသောသတင်း ကောင်းကို အံ့သြနေကြသည်။
တစ်ကမ္ဘာလုံးတွင်ရှိသောလူသားများအားလုံးသည် ဘုရားသ ခင်၏ဖြောင့်မတ်ခြင်းကို ယုံကြည်သူများသည် ရေနှင့်ဝိညာဉ်တော် သတင်းကောင်းကို ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းခံရသူများ ဖြစ်ကြသည်။ ကျွန်ုပ်တို့သည် အားနည်းချက်များစွာရှိကြသော်လည်း ပြည့်စုံ၊ စုံလင်စွာ ရပ်တည်နိုင်ခြင်းအကြောင်းမှာ ကျွန်ုပ်တို့သည် ကိုယ်တော်၊ ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ယုံကြည်ကြသော ကြောင့် ဖြစ်သည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏အမှုဆောင်များ ဖြစ်ကြသည်။ ကျွန်ုပ်တို့သည် မိမိဝမ်းဗိုက်များကျေနပ်စေရန်အတွက် သာမရှာဖွေကြပေ။ သို့သော် ကျွန်ုပ်တို့သည် တစ်ကမ္ဘာလုံးသို့ စစ်မှန် သောယုံကြည်ခြင်းကို ဟောပြောရန်အတွက်သာ ရှာဖွေကြသည်။ များစွာသော ဖြောင့်မတ်သောယုံကြည်သူများသည် တစ်ကမ္ဘာလုံးသို့ သတင်းကောင်းဟောပြောရန် စိန်ခေါ်မှုပေါ်ပေါက်လိမ့်မည်ဟု ကျွန် တော်ကောင်းကြီးပေး၍ မြော်လင့်သည်။ 
ရှင်ပေါလုကဲ့သို့ ကျွန်ုပ်တို့သည် ကိုယ်‌တော်ပြန်လည်ကြွလာ တော်မူသည့်အထိ ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို ဟောပြော နိုင်ကြသည်။ ဤကြီးမားသောမဟာစေခိုင်းချက်အတွက် ကျွန်ုပ်တို့ သည် အတူတကွ ကြိုးစားလုပ်ဆောင်ကြပါစို့။ ကျွန်ုပ်တို့သည် ကမ္ဘာ ဆုံးထိတိုင် သတင်းကောင်းဟောပြောကြသောအခါ ကိုယ်တော် သည် မိမိကတိတော်နှင့်အညီ ပြန်လည်ကြွလာတော်မူ၍ ကျွန်ုပ်တို့ ကို အိမ်သို့ သိမ်းဆည်တော်မူလိမ့်မည်။ ကျွန်ုပ်တို့သည် ရှင်ပေါလု အကြံပြုချက်များကို သတိရှိစွာဖြင့် နားထောင်၍ အချင်းချင်းနှုတ် ဆက်ကာ ခွန်အားပေးရကြမည် ဖြစ်သည်။ ကျွန်ုပ်တို့သည် ကိုယ် ကျင့်များ၌ အားနည်းနိုင်ကြသော်လည်း ကျွန်ုပ်တို့သည် ဘုရားသခင် ၏ဖြောင့်မတ်ခြင်းကို ယုံကြည်ခြင်းအားဖြင့် ဝိညာဉ်ရေးရာ၌ ကြီးမား စွာ ခွန်အားရရှိကြသည်။ ကျွန်ုပ်တို့သည် ရေနှင့်ဝိညာဉ်တော်သတင်း ကောင်း၌ ယုံကြည်မှု မည်သို့ တရားမျှတ၍ မှန်ကန်သည်ကို သိလာ ကြသည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ပြည့်စုံသောဖြောင့်မတ်ခြင်း ဖြစ်သူကိုယ်တော်ကို ယုံကြည်သူများ အမှန်အကန်ဖြစ်လာကြသည်။
ကျွန်ုပ်တို့သည် ကိုယ်တော်၏ဖြောင့်မတ်ခြင်း၌ ကျွန်ုပ်ယုံကြည် ခြင်းဖြင့် ဤလောကကို ကြည့်ကြလျှင် ကျွန်ုပ်တို့မှာ လုပ်ဆောင်စ ရာများစွာရှိသည်ကို သိရကြသည်။ ကျွန်ုပ်တို့အားလုံးသည် ဤကမ္ဘာ တစ် လျှောက်သို့ သတင်းကောင်းဟောပြောသောအသက်တာဖြင့် အသက်ရှင်နိုင်ကြသည်။ ဘုရားသခင်၏ဖြောင့်မတ်ခြင်းဖြစ်သူ ခရစ် တော်၌ ကျွန်ုပ်တို့ယုံကြည်မှုဖြင့် ဘုရားသခင်ကို ချီးမွမ်းနိုင်ကြသည်။
ဟာလေလုယာ။ ဘုရားသခင်၏ဖြောင့်မတ်ခြင်း၊ ကိုယ်တော်ကို ကျွန်တော့်ကို ကျွန်တော် ထာဝရချီးမွမ်းသည်။