Search

တရားဟောချက်များ

ဘာသာရပ် ၉ - ရောမဩဝါဒစာ (ရောမဩဝါဒစာအနက်ဖွင့်ကျမ်းများ)

[15] ကမ္ဘာတစ်ဝှမ်းလုံးသို့ သတင်းကောင်း ဟောပြောကြပါစို့

“သို့ဖြစ်၍ ခွန်အားရှိသောငါတို့သည် မိမိတို့နှစ်သက်သည့်အ တိုင်းမပြုဘဲ အားနည်းသောသူတို့၏အားနည်းချက်တို့ကို ထောက်မပေးသင့်၏။ ငါတို့အသီးသီးသည် မိမိဝန်းကျင်၌ရှိသောသူကိုတည် ဆောက်မြှင့်တင်ပေးရန် သူ၏ကောင်းကျိုးကိုထောက်၍ သူ့ကိုနှစ် သက်စေရမည်”(ရောမ ၁၅း၁-၂)။
သခင်ယေရှုခရစ်တော်သည် မိမိဖြောင့်မတ်ခြင်းကို ရှာဖွေတော် မမူခဲ့သောကြောင့် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ယုံကြည်သူ များသည်လည်း မိမိကိုယ်ပိုင် ဖြောင့်မတ်ြခင်းကို မရှာဖွေရကြပေ။ ဖြောင့်မတ်သူများသည် ဘုရားသခင်၏နိုင်ငံတော်နှင့် သူတပါး ကောင်းမှုအတွက် သတင်းကောင်းဟောပြောခြင်းအားဖြင့် အသက် ရှင်ကြသည်။ အားသန်သူများသည် မိမိကိုယ်ကိုကိုယ် ဝမ်းမြောက် စေကြမည့်အစား ခွန်အားချည့်နည်းသောသူများ၏ အားနည်းချက် များကို ထမ်းသင့်သည်ဟု ရှင်ပေါလုက ပြောခဲ့သည်။ 
ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ယုံကြည်သူများသည် သ တင်းကောင်းဟောပြောကြသောကြောင့် သူတို့သည် သခင်ယေရှုခ ရစ်တော်၏ဗတ္တိဇံနှင့်အသွေးတော်အားဖြင့် သူတပါး၏အပြစ်များကို ဆေးကြောပေးနိုင်ကြသည်။ ဤအကြောင်းကြောင့် ဘုရားသခင် သည် ပျင်းရိသောသူများနှင့် အပြစ်သားများကို ကယ်တင်ရန် သ တင်းကောင်းမဟောပြောသူများကို မုန်းတော်မူခြင်း ဖြစ်သည်။ ထို ကြောင့် ကျွန်ုပ်တို့သည် မိမိကိုယ်ပိုင်ဖြောင့်မတ်ခြင်းကို မရှာဖွေကြ ဘဲ သူတပါးထံ ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ဟောပြောရကြ မည် ဖြစ်သည်။ အပြစ်သားများသည် ယုံကြည်ခြင်းအားဖြင့် ကယ် တင်ခြင်းခံရမည့်အကြောင့် ကျွန်ုပ်တို့သည် ရေနှင့်တိညာဉ်တော်သ တင်းကောင်းကို ဟောပြောရကြမည် ဖြစ်သည်။ ကျွန်ုပ်တို့သည် အ ချင်းချင်းတည်ဆောက်ရကြမည် ဖြစ်သည်။
 


သူတပါးတည်ဆောက်သောအုတ်မြစ်ပေါ်တွင် ယုံကြည် ခြင်းအိမ်ကို မတည်ဆောက်ရပေ


အပိုဒ်ငယ် ၂၀ တွင် “ထိုသို့ဟောပြောရာ၌ ငါသည် သူတစ်ပါး၏အုတ်မြစ်ပေါ်တွင် တည်ဆောက်ခြင်းမပြုမည့်အကြောင်း ခရစ် တော်၏အမည်နာမကို ကြားသိခြင်းမရှိသေးသောအရပ်၌ ကောင်း မြတ်သောသတင်းကိုဟောပြောရန် ရည်မှန်းကြိုးစားလာခဲ့၏”ဟု ဖော်ပြထားသည်။
ရှင်ပေါလုဟောပြောသော သတင်းကောင်းတွင် ထူးခြားမှုအရာ တစ်စုံတစ်ခုရှိခဲ့သည်။ ၎င်းမှာ သူသည် ရေနှင့်ဝိညာဉ်တော်သတင်း ကောင်းကိုသာ ဟောပြောရန် ကြိုးစားခြင်း ဖြစ်သည်။ ရှင်ပေါလုကဲ့ သို့ ဘုရားသခင်၏ဖြောင့်မတ်ခြင်းယုံကြည်သူများသည် ရေနှင့်ဝိ ညာဉ်တော်သတင်းကောင်းကို ဟောပြောရန် စိတ်ဆန္ဒရှိကြသည်။ ဤအရာဖြစ်ပျက်နိုင်ရန်အတွက် ကျွန်ုပ်တို့သည် မိမိအကျိုးကိုရှာဖွေ မည့်အစား သူတပါးကောင်းမှုအတွက် ရှာဖွေရကြမည် ဖြစ်သည်။ သူ တပါးကောင်းမှုအတွက်ရှာဖွေသောသူများသည် ခရစ်တော်နှင့်အတူ အသေခံ၍ ကိုယ်တော်နှင့်အတူ ရှင်ပြန်ထမြောက်ခဲ့ကြသောကြောင့် သူတို့သည် ထိုသို့ပြုကြခြင်း ဖြစ်သည်။ ခရစ်တော်ကို ယုံကြည်သူ များသည် လူသေများမဟုတ်ဘဲ အသက်ရှင်ကြသူများဖြစ်ကြသည်။
“ဤအကြောင်းကြောင့် ငါသည် သင်တို့ထံသို့မလာရန် အဖန် ဖန်တားဆီးခြင်းကို ခံခဲ့ရသော်လည်း ယခုအခါ ဤအရပ်တို့၌ ငါလုပ်ဆောင်ရမည့်နေရာမရှိတော့သည့်အပြင် သင်တို့ထံသို့လာရန် နှစ်ပေါင်းများစွာကပင် ဆန္ဒရှိခဲ့သည်နှင့်အညီ စပိန်ပြည်သို့ ငါသွားသောအခါ သင်တို့ကို လမ်းကြုံဝင်တွေ့၍ အတော်အတန်အလိုဆန္ဒပြည့်စုံအောင် သင်တို့နှင့်အတူနေပြီးမှ သင်တို့၏ပို့ဆောင်ပေးခြင်းအားဖြင့် ထိုပြည်သို့သွားမည်ဟု ငါမျှော်လင့်ထား၏။သို့သော် ယခု ငါသည် သန့်ရှင်းသူများ၏အမှုကိုဆောင်ရွက်ရန် ဂျေရုဆလင်မြို့သို့ သွားရမည်။ အဘယ်ကြောင့်ဆိုသော် မာကေဒေါနိပြည်သားနှင့် အခါယပြည်သားတို့သည် ဂျေရုဆလင်မြို့၌ရှိသော သန့်ရှင်းသူများထဲမှ ဆင်းရဲသောသူတို့ကို ကူညီပံ့ပိုးပေးရန် စေတနာစိတ်ရှိကြ၏။ သူတို့သည် စေတနာစိတ်ရှိကြသည်မှန်သကဲ့သို့ ထိုသူတို့အပေါ် အကြွေးတင်သူများလည်းဖြစ်ကြ၏။ အကြောင်းမူကား လူမျိုးခြားတို့သည် ထိုသူတို့၏ဝိညာဉ်ရေးနှင့်ဆိုင်သောအရာများကို မျှဝေခံယူရကြသည်ဆိုလျှင် ရုပ်ဝတ္ထုနှင့်ဆိုင်သောအရာများအားဖြင့် သူတို့၏အမှုကို ဆောင်ရွက်ပေးသင့်၏။ ထို့ကြောင့် ငါသည် ဤအမှုကိစ္စကို ပြီးစီးအောင်ဆောင်ရွက်၍ ဤအလှူပစ္စည်းကို သူတို့အား သေချာစွာအပ်နှင်းပြီးမှ သင်တို့နေရာကိုဖြတ်လျက် စပိန်ပြည်သို့သွားမည်။ သင်တို့ထံသို့ ငါလာသောအခါ ခရစ်တော်၏ကောင်းချီးမင်္ဂလာအပြည့်အစုံနှင့်လာမည်ကို ငါသိ၏” (ရောမ ၁၆း၂၂-၂၉)။
 

ရှင်ပေါလုသည် တတ်ကျွမ်းသောတရားဆရာနှင့် ဘုရား သခင်၏အသင်းတော်ကို စောင့်ရှောက်သူ ဖြစ်သည်

ရှင်ပေါလုသည် ခရစ်ယာန်များအား အစေခံရန် ယေရှရှလင်မြို့ သို့ သွားသောလမ်းတွင် သူသည် မာကေဒေါနိနှင့် အခါယများထံမှ အလှူငွေများ ကောက်ခံခဲ့သည်။ ဟေလသလူမျိုးများသည်လည်း ဝိညာဉ်ရေးရာအရာများ၌ပါဝင်ကြလျှင် သူတို့၏တာဝန်မှာ ပစ္စည်း ဥစ္စာများအားဖြင့် သူတို့ထံ ကူညီခြင်း ဖြစ်သည်ဟု ရှင်ပေါလုက ထည့်သွင်း ဖော်ပြထားသည်။ ယေရှရှလင်အသင်းတော်၌ရှိသော ယုံ ကြည်သူများသည် ထိုအချိန်တွင် ညှဉ်းပန်းနှိပ်စက်မှု ခံရသောအချိန် ဖြစ်သည်။ သူတို့သည် ငွေကြေးအခက်အခဲများ တွေ့ကြုံနေရသော အချိန် ဖြစ်သည်။ သခင်ယေရှုခရစ်တော်ခရစ်တော်ကို ယုံကြည်ခြင်း အတွက် ယေရုရှလင်အသင်းတော်သည် ကြီးမားသော ညှဉ်းပန်းနှိပ် စက်ခြင်းခံရကြသည်။ ဟေလသ ညီအစ်ကို မောင်နှမများသည် သူ တို့ကို အလွန်အမင်းနှစ်သိမ့်အားပေးခဲ့ကြသည်။
အတိတ်ကဲ့သို့ ပစ္စုပ္ပန်ကာလတွင်လည်း ဘုရားသခင်၏အသင်း တော်များသည် မိမိကြွယ်ဝချမ်းသာမှုဖြင့် ပျော်ရွှင်နေကြမည့်အစား ဆင်းရဲသားများထံ မိမိပစ္စည်းဥစ္စာများကို မျှဝေရကြမည် ဖြစ်သည်။ အထူးသဖြင့် ဝိညာဉ်တော်ဖြင့် ပြည့်ဝသော ယုံကြည်သူများသည် ကိုယ့်အတွက်သာ အသက်မရှင်နိုင်ကြပေ။ အဘယ်ကြောင့်နည်း။ သန့်ရှင်းသောဝိညာဉ်တော်သည် သူတို့အထဲ၌ ကိန်းဝပ်တော်မူသော ကြောင့် ဖြစ်သည်။ သူတို့သည် သူတို့အထဲ၌ ကိန်းဝပ်တော်မူသော သန့်ရှင်း သောဝိညာဉ်တော်၏လမ်းပြမှုကို ခံရကြသည်။
ဟေလသအသင်းတော်များသည် ယေရုရှလင်အသင်းတော်ကို ထောက်ပံ့၍ ရံပုံငွေပေးပို့ခြင်းမှာ အလွန်အံ့သြစရာ ဖြစ်သည်။ ဤအ ရာသည် သန့်ရှင်းသောဝိညာဉ်တော်၏အလုပ် ဖြစ်သည်။ သန့်ရှင်း သောဝိညာဉ်တော်သည် အခြားပုဂ္ဂိုလ်တစ်စုံတစ်ဉီးအတွက်မဟုတ်၊ ရေနှင့်ဝိညာဉ်တော်သတင်းကောင်းအတွက် ယေရုရှလင်အသင်း တော်ကို ထောက်ပံ့ခဲ့ကြ၍ ပစ္စည်းဥစ္စာများကယ်ဆယ်မှုကိုလည်း ပေးလှူခဲ့ကြသည်။ ဣသရေလလူမျိုးများ၌ ထိုအချိန်တွင် လူများစွာ တို့သည် ခရစ်တော်အား ကယ်တင်ရှင်အဖြစ် ယုံကြည်ခြင်းအတွက် အရိုက်ခံရကြသည်။ ထောင်ထဲ၌ လှောင်ခြင်းခံရကြသည်။ သတ် ဖြတ်ခြင်းကိုလည်း ခံရကြသည်။
တီဗီမှတ်တမ်းအရ မာတုရအသတ်ခံရသူများနှင့် တောင်ပေါ် လှိုင်ဂူများ၌ ပုန်းအောင်းနေသူကျန်ရစ်သူများကို ကျွန်ုပ်တို့ မြင်တွေ့ လေ့ရှိကြသည်။ ဤအရာသည် ထိုအချိန်တွင် ယေရုရှလင်အသင်း တော်တွေ့ကြုံခဲ့သောအရာ ဖြစ်သည်။ ဘုရားသခင်၏အသင်းတော် သည်အခက်အခဲများ ကြုံတွေ့ကြသောအခါ ကျွန်ုပ်တို့သည် သူတို့ကို ကူညီရကြမည် ဖြစ်သည်။
ကနဉီးအသင်းတော်၌ အချင်းချင်းကူညီကြသကဲ့သို့ ကျွန်ုပ်တို့ သည်လည်း အချင်းချင်း ကူညီ၏အရေးပါမှုကို ဖြတ်တောက်နိုင် သော်လည်း ဤအချိန်သည် ယုံကြည်သူများ ညှဉ်းပန်းနှိပ်စက်ခြင်းမှ လွှတ်မြောက်ရန်ပုန်းအောင်းနေ၍ နေထိုင်ကြသည့်အချိန် ဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော်သာလျှင် ဤသို့သောအခြေအနေများ၌ မျှ ဝေနိုင်သည်။ ယေရုရှင်အသင်းတော်သည် ညှဉ်းပန်းနှိပ်စက်မှု အောက်၌ရှိခဲ့သောကြောင့် အခြားအသင်းတော်များက ၎င်းကို ကူညီ ခြင်းသည် သဘာဝကျသည်။ ဤအရာသည် သန့်ရှင်းသောဝိညာဉ် တော်၏အမှုဖြစ်သောကြောင့် ၎င်းသည် သင့်တော်၍ လှပသည်။ 
ဘုရားသခင်၏ဖြောင့်မတ်ခြင်းယုံကြည်သူသင်သည် ဤသို့လုပ် ငန်းများ၌လည်း ပါဝင်သင့်သည်။ The New Life Mission အသင်း တော်များသည် ရံပုံငွေရှာဖွေ၍ တစ်ကမ္ဘာလုံးသို့ သတင်းကောင်း ဟောပြောရန် ရင်းနှီးကြသည်။ သူတို့အားလုံးသည် ငွေရေးကြေးရေး အခက်အခဲမျိုးအချို့ရှိကြသော်လည်း သူတို့သည် ဝိညာဉ်များကို ကယ်တင်ရန် သတင်းကောင်းဟောပြောရာတွင် စိတ်အားထက်သန် ကြသေးသည်။
ရှင်ပေါလုသည် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းဟောပြော ရန် တဲချုပ်ရှင်အဖြစ် အလုပ်လုပ်ခဲ့သည်။ သူက အသင်းတော်ကို ပြု စုမည်သူတစ်စုံတစ်ဉီးရှိသောအခါ သူက သူ့ထံ အသင်းတော်ကို စောင့်ရှောက်ရန် အပ်နှံ၍ သတင်းကောင်းဟောပြောရန် အခြားဒေ သသို့သွားခဲ့သည်။ သူသည် တဲချုပ်ခြင်းအားဖြင့် အသက်မွေးဝမ်း ကျောင်းပြုခဲ့သည်။
သင်သည် ကိုယ့်အတွက်သာ အသက်မရှင်သကဲ့သို့ ကျွန်ုပ်တို့ အမှုတော်ဆောင်များသည်လည်း ကိုယ့်အတွက်သာအသက်မရှင်ကြ ပေ။ သူတို့၌ သန့်ရှင်းသောဝိညာဉ်တော်ပိုင်ဆိုင်သောသူများသည် ပျောက်ဆုံးသောဝိညာဉ်များကို အပြစ်များအားလုံးမှ ကယ်တင်ခြင်း အမှုဖြစ်သော ဘုရားသခင်၏အမှုတော်များအတွက် မိမိကိုယ်ကို ကိုယ် ဆက်ကပ်ကြသည်။ ကျွန်ုပ်တို့ သာသနာလုပ်ငန်း၏အမှုတော် ဆောင်များနှင့် သာမန်ယုံကြည်သူများသည် “တဲချုပ်ရှင်သာသနာ လုပ်ငန်း”အားဖြင့် သတင်းကောင်းကို အစေခံကြသည်။ သူတို့သည် မိမိကိုယ်ကိုကိုယ် ထောက်ပံ့ရန် ကိုယ်ပိုင်လုပ်ဆောင်အသီးသီးရှိကြ ၍ ထိုနည်းတူ သတင်းကောင်းဟောပြောရန်အတွက် ငွေကြေးလှူ ဒါန်းခြင်းအားဖြင့်ဖြစ်စေ၊ စေတနာ့အစေခံခြင်းအားဖြင့်ဖြစ်စေ ကြိုး စားနေကြသည်။
ဤသို့ဖြင့် ရှင်ပေါလု၏သာသနာလုပ်ငန်းနှင့် ယနေ့ဘုရားသ ခင်၏အသင်းတော်အကြား တူညီမှုများစွာတို့ကို ကျွန်ုပ်တို့ တွေ့ရှိ နိုင်ကြသည်။ ကျွန်ုပ်တို့သည် စိတ်တူကိုယ်တူရှိကြ၍ သန့်ရှင်းသော ဝိညာဉ်တော်ဝမ်းမြောက်စေတော်မူသော ဘဝများဖြင့် အသက်ရှင် ကြသည်။ အအေးလွန်ကဲသည့်အချိန်တွင် ကျွန်ုပ်တို့စိတ်များ၌ အ ဘယ်အရာရှိသနည်း။ ကျွန်ုပ်တို့သည် လုပ်ဆောင်ဖက်ခရစ်ယာန် များနှင့် ဘုရားသခင်၏အစေခံများကို အမှန်အကန် တွေး၍ သူတို့ သည်လည်းအအေးခံစားနေကြသည်ကို မြင်တွေ့ကြသည်။ ကျွန်ုပ် တို့ ဒုတိယမွေးဖွားခြင်းခံရသောခရစ်ယာန်များသည် အချင်းချင်း ဂရု စိုက်၍ စောင့်နေကြသည်။ သမ္မာကျမ်းစာ၌ ဖြောင့်မတ်သူအားလုံး သည် အချင်းချင်းလိုအပ်ကြ၍ ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို အ တူတူ အစေခံကြသည်။ ဤဖြောင့်မတ်ခြင်းအသက်တာသည် ဖြောင့် မတ်သူများ၏စစ်မှန်သောအသက်တာများ ဖြစ်သည်။
ကျွန်ုပ်တို့သည် ဤသို့စိတ်ထားများဖြင့် အသက်ရှင်ခဲ့ကြသည်။ ကျွန်ုပ်တို့သည် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို စတင်ဟော ပြောကြသောအခါ ကျွန်ုပ်တို့မှာ ဘာမျှမရှိသောကြောင့် အစက စ တင်ခဲ့ကြသည်။ ကျွန်ုပ်တို့သည် ငွေကြေးအကျပ်အတည်းကြောင့် တစ်ခါတစ်ရံ အိမ်ငှါးရမ်းခနှင့် ဘုရားကျောင်းအဆောင်အဉီး ဘီလ် ပေးဆောင်ရန် ဒေါ်လာရာဂဏန်းလုအပ်သောအချိန်ကို ရင်ဆိုင် တတ်ကြသည်။ သို့သော် ကျွန်ုပ်တို့သည် ဤနိုင်ငံတလျှောက် စာပေ သာသနာလုပ်ငန်းအတွက် မိမိကိုယ်ကိုကိုယ် ဆက်ကပ်ခဲ့ကြသည်။
ကျွန်ုပ်တို့သည် ငွေကြေးအခက်အခဲများတွေ့ကြုံကြသောအခါ ကျွန်ုပ်တို့အတွက် ထိုပြဿနာများဖြေရှင်းပေး၍ ကျွန်ုပ်တို့သာသနာ လုပ်ငန်း၏အသီးအပွင့်များ မြင်တွေ့စေတော်မူသောသူမှာ ဘုရား ဖြစ်တော်မူသည်။သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်ုပ်တို့နှလုံး သားများ၌ ကိန်းဝပ်တော်မူသောကြောင့်ကျွန်ုပ်တို့ရှေ့မှာ မည်သို့ သောအခက်အခဲမျိုးရှိနေပါစေ သတင်းကောင်းဟောပြောရန် ကျွန်ုပ် တို့ဆန္ဒသည် ကျွန်ုပ်တို့နှလုံးသားများ၌ လောင်ကျွမ်းနေသည်။ ဘု ရားသခင်၏အသင်းတော်များနှင့် သမ္မာကျမ်းစာ၌ မှတ်တမ်းတင် ထားသောဖြောင့်မတ်သူများပြုခဲ့ကြသကဲ့သို့ ကျွန်ုပ်တို့သည် ရေနှင့် ဝိညာဉ်တော်သတင်းကောင်းဟောပြောခြင်းအားဖြင့် ပျောက်ဆုံး သောဝိညာဉ်များအားလုံးထံ ဘုရားသခင်၏မေတ္တာတော်ကို ဝေမျှရန် ဆန္ဒရှိကြသည်။
ကနဉီးအသင်းတော်၏ဒုတိယမွေးဖွားခြင်းခံရသောခရစ်ယာန် များသည် အချင်းချင်း ပြုစုစောင့်ရှောက်ခဲ့ကြသည်ကိုလည်းကောင်း၊ ကျွန်ုပ်တို့သည်လည်း ထိုသို့ပြုကြသည်ကိုလည်းကောင်း တွေ့နိုင် သည်။ ဤအရာသည် သန့်ရှင်းသောဝိညာဉ်တော်၏လမ်းပြမှုမပါဘဲ မဖြစ်နိုင်ပေ။ သန့်ရှင်းသောဝိညာဉ်တော်သည် ဒုတိယမွေးဖွားခြင်းခံ ရသောသူများ၏ဆက်ကပ်မှုများအားဖြင့် တစ်ကမ္ဘာလုံးသို့ ဘုရားသ ခင်၏ဖြောင့်မတ်ခြင်းအကြောင်းဟောပြော၍ ထိုနည်းတူ ဆက် လက်ဟောပြောရဉီးမည် ဖြစ်သည်။
 

ကျွန်ုပ်တို့သည် နောက်ဆုံးနေ့များဖြင့် ကြုံတွေ့လျှင်လည်း

ယခုတွင် သမ္မာကျမ်းစာ၌ ပရောဖက်ပြုခဲ့သော အခက်အခဲများ အားလုံးကို ပြည့်စုံလာသောအခါ ကျွန်ုပ်တို့သည် နောက်ဆုံးသော ကာလတွင် အသက်ရှင်ကြသည်ဟု လူများက ပြောကြသည်။
ကပ်ဘေးနှင့်သဘာဝဘေးအန္တရာယ်များသည် နောက်ဆုံးသော ကာလတွင် တစ်ကမ္ဘာလုံးကို လွှမ်းမိုးလိမ့်မည်။ ကျွန်ုပ်တို့သည် ယုံ ကြည်သူများအနေဖြင့် ဘုရားသခင်၏ဖြောင့်မတ်ခြင်း၌ယုံကြည်မှုကို ပို၍ မားမားမတ်မတ်ရပ်တည်၍ ရေနှင့်ဝိညာဉ်တော်သတင်းကောင်း ကို အားရနှစ်ထောင်းစွာ ဟောပြောရကြမည် ဖြစ်သည်။ ဤနောက် ဆုံးသောကာလတွင် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ယုံကြည်သူ များသည် အချင်းချင်းတစ်ယောက်နှင့်တစ်ယောက် ကြည့်ရှုစောင့် ရှောက်သောနှလုံးသားရှိရကြမည် ဖြစ်သည်။ ကျွန်ုပ်တို့နှလုံးသား များသည်မယုံကြည်သူများ၏နှလုံးသားများကဲ့သို့ မာကျောနိုင်သည်။ သို့သော် ကျွန်ုပ်တို့သည် မိမိ၌ သန့်ရှင်းသောဝိညာဉ်တော်ရှိကြသော ကြောင့် နောက်ဆုံးတွင် ဤလောကကို အောင်နိုင်ကြသည်။ ပတ် ဝန်းကျင်များသည် မည်သို့သောအခြေအနေမျိုးဖြစ်နေပါစေ ကျွန်ုပ် တို့သည် ဘုရားသခင်၏အသင်းတော်များနှင့်ဝိညာဉ်များကို စောင့် ရှောက်ရန် လိုအပ်ကြသည်။ ကျွန်ုပ်တို့၏အကူအညီလိုအပ်သူများကို ကျွန်ုပ်တို့စောင့်ရှောက်ကြ၍ သူတို့ကို ချစ်ကြကာ လုပ်ဆောင်ဖက် ညီအစ်ကို မောင်နှမများကို စဉ်းစား၍ အဆုံးထိတိုင်အောင် သတင်း ကောင်းဟောပြောရကြမည် ဖြစ်သည်။
ကျွန်ုပ်တို့သည် မိမိကိုယ်ပိုင်ဖြောင့်မတ်ခြင်းကို ရှာဖွေကြမည့် အစား သူတပါး၏ကယ်တင်ခြင်းအတွက် မိမိကိုယ်ကိုကိုယ် ဆက် ကပ်ရကြမည် ဖြစ်သည်။ ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို မ ကြားရသေးသောသူ တစ်ကမ္ဘာလုံးတွင် ဝိညာဉ်များစွာရှိသေးသည်။ နိုင်ငံများတွင် ရှိသောလူများသည် ရေနှင့်ဝိညာဉ်တော်သတင်း ကောင်းကို မကြားခဲ့ကြပေ။ ဘုရားသခင်၏ဖြောင့်မတ်ခြင်းကိုလည်း သိခွင့်မရခဲ့ကြပေ။ ကျွန်ုပ်တို့သည် ရေနှင့်ဝိညာဉ်တော်သတင်း ကောင်းဖြင့် ပျောက်ဆုံးသောဝိညာဉ်များနှင့်တိုင်းနိုင်ငံများရရှိရန် တိုက်ခိုက်နေသူ စစ်သည်များကဲ့သို့ စိတ်ထားများချထားရကြမည် ဖြစ်သည်။ ဤသာသနာလုပ်ငန်းသည် အတင်းအဓမ္မစေခိုင်းခြင်းမှ ရောက်လာသောအမှု မဟုတ်ပေ။ သို့သော် သန့်ရှင်းသောဝိညာဉ် တော်ကိန်းဝပ်တော်မူခြင်းခံရသောကျွန်ပ်တို့၏နှလုံးသားများ၌ အလို အလျောက် ပေါ်ပေါက်သည်။ 
ကမ္ဘာဆုံးထိတိုင်အောင် ရေနှင့်ဝိညာဉ်တော်သတင်းကောင်း ဟောပြောရန် မဟာစေခိုင်းချက်သည် ယနေ့ ကျွန်ုပ်တို့နှလုံးသား များ၌ လှုပ်ရှားသည်။ ကျွန်တော်ပြောကြားလိုသောအရာမှာ ဤ လောကသည် ပို၍ခက်ခဲလာလေလော ဘုရားသခင်သည် ကျွန်ုပ်တို့ အပေါ် သန့်ရှင်းသောဝိညာဉ်တော် လုံလောက်စွာ သွန်းလောင်းလာ လေလေ ဖြစ်သည်။ ကျွန်ုပ်တို့သည် သမ္မာတရားကို ဆာငတ်သောသူ များအပေါ် စာအုပ်များနှင့် လျှပ်စစ်စာအုပ်များကို အခမဲ့ပေးကမ်း ခြင်းအားဖြင့် သတင်းကောင်းပြောပြောကြသည်။ ကျွန်ုပ်တို့သည် အင်တာနက်အားဖြင့် တစ်ကမ္ဘာလုံးသို့ သာသနာလုပ်ငန်း ဆက် လက် ထမ်းဆောင်ရကြလိမ့်မည်။
ကျွန်ုပ်တို့သည် အမေရိက သို့မဟုတ် ဥရောပနိုင်ငံများထက် ပို ၍ မချမ်းသာကြသော်လည်း ဘုရားသခင်၏ဖြောင့်မတ်ခြင်းပါဝင် သော သတင်းကောင်းကို သူတို့ထံ ပေးအပ်နိုင်ကြသေးသည်။ ထိုအ ခါ ပေတရုက “ငါ၌ ရွှေ၊ ငွေမရှိ။ သို့သော် ရှိသည့်အရာကို သင့်အား ငါပေးမည်။ နာဇရက်မြို့သားယေရှုခရစ်တော်၏နာမတော်၌ ထ၍ လမ်းလျှောက်လော့” (တမန် ၃း၆)ဟု ဆိုသည့်အတိုင်း ကျွန်ုပ်တို့ သည်လည်း ဤသို့သောစိတ်ထားရှိရကြမည် ဖြစ်သည်။ 
ကျွန်ုပ်တို့သည် သူတို့မသိသေးသော ဘုရားသခင်၏ဖြောင့်မတ် ခြင်းပြည့်စုံစေခဲ့သော သတင်းကောင်းကို သူတို့ထံ အခမဲ့ပေးအပ်နိုင် ကြသည်။ ကျွန်ုပ်တို့သည် လောကီစံချိန်စံညွှန်းဖြင့် တိုင်းတာလျှင် အခြားသူများထက် ပို၍မကောင်းကြသော်လည်း ကျွန်ုပ်တို့သည် ဘု ရားသခင်၏ဖြောင့်မတ်ခြင်းပါဝင်သော သတင်းကောင်းကို ပေးအပ် နိုင်သောသူ ဘုရားသခင်၏အစေခံများ ဖြစ်ကြသည်။ ဤသာသနာ လုပ်ငန်းအားဖြင့် ဤသတင်းကောင်းကို သိ၍ယုံကြည်သူများသည် ကောင်းကြီးမင်္ဂလာများစွာ ခံစားရရှိကြသည်။
ဤအချိန်သည် အင်တာနက်ခေတ်ဖြစ်၍ အင်တာနက်ဖြင့်အ လုပ်လုပ်ရသောအချိန် ဖြစ်သည်။ ဘုရားသခင်သည် တစ်ကမ္ဘာလုံး သို့ ဖွင့်ရန် လမ်းကို ကျွန်ုပ်တို့အတွက် ပြင်ဆင်ပေးတော်မူခဲ့သည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းပြည့်စုံခဲ့သော သတင်း ကို လူများထံ ပေးအပ်ကြသောအခါ မည်သို့ ကျေးဇူးတင်၍ ဝမ်း မြောက်ကြသည်ကို တွေ့ရကြသည်။ ကမ္ဘာကြီးသည် ပို၍ ဆိုးရွား လာလေလေ ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ပျောက်ဆုံးသောဝိ ညာဉ်များထံ ဟောပြောသောအခါ ကျွန်ုပ်တို့သည် ပို၍ ကျေးဇူးတင် ၍ တန်ခိုးကြီးလာလေလေ ဖြစ်သည်။ ကမ္ဘာကြီးသည် ဤသို့ဖြင့် နိ ဂုံးချုပ်မည်လော။ သို့မဟုတ် ဘုရားသခင်သည် မိမိသတင်းကောင်း ဟောပြောရန် ပို၍ အခွင့်အရေးပေးလိမ့်မည်လော။ ဤအကြောင်း ကြောင့် ကျွန်ုပ်တို့သည် စဉ်းစား၍ ဆုတောင်းရကြမည် ဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် အရာခပ်သိမ်းတို့သည် ပြည့်စုံ စွာ အကောင်အထည်ဖော်လိမ့်မည်။
ကျွန်တော်သည် ဒုတိယမွေးဖွားခြင်းမခံရမီ တစ်ကိုယ်ကောင်း ဆန်၍ အသွေးအသားအတွက်သာ ဂရုစိုက်ခဲ့သည်။ ကျွန်တော်တစ် ဉီးတည်းမဟုတ်ဘဲ ကျွန်ုပ်တို့အားလုံးသည် ဤသို့ဖြစ်ကြသည်။ ဇာ တိအသွေးအသား၏ပျော်ရွှင်ခြင်းအတွက်သာ အသက်ရှင်သောသူ များသည် ချစ်ခြင်းရှိကြသည်ဟု ကြွေးကြော်နိုင်ကြသည်။ သို့သော် သူတို့သည် သူတပါးကို မချစ်တတ်ကြပေ။ ဤအရာသည် သန့်ရှင်း သောဝိညာဉ်တော်ရသူများနှင့် မရသောသူများ၏ ကွာခြားချက် ဖြစ် သည်။ အပြစ်သားများသည် သူတို့အတွက်သာ အသက်ရှင်နိုင်ကြ သည်။ သို့သော် သန့်ရှင်းသောဝိညာဉ်တော်ဝိညာဉ်တော်ရသောသူ များသည် သူတပါးအတွက် အသက်ရှင်ရန် တန်ခိုးရှိကြ၍ သူတပါး အတွက် အမှန်အကန် အသက်ရှင်ကြသည်။ သုံးပါးတစ်ဆူသည် ယုံ ကြည်သူများအား အခြားဝိညာဉ်များအတွက် အသက်ရှင်ရန် တန်ခိုး ကို ချပေးတော်မူသည်။ ဘုရားသခင်သည် သူတို့နှလုံးသားများ၌ ကိန်းဝပ်တော်မူ၍ သူတို့ကို လမ်းပြတော်မူသောကြောင့် သူတို့သည် ကိုယ်တော်၏ဖြောင့်မတ်ခြင်းအမှုများကို လုပ်ဆောင်နိုင်ကြသည်။
ဤလောကတွင် အသင်းတော်မြောက်များစွာရှိနေကြသော် လည်း အားလုံးနီးပါးသည် ယခုတွင် လောကစီးပွါးရေးလုပ်ငန်းမျှသာ ဖြစ်ကြသည်။ သူတို့သည် ကြီးမားသောဘုရားကျောင်းများတည် ဆောက်ရန် ငွေကြေးများစွာ အသုံးပြုခဲ့ကြ၍ ဒေါ်လာသန်းပေါင်း များစွာ ဘတ်ဂျက်များရေးဆွဲခဲ့ကြသည်။ သို့သော် သူတို့သည် အလှူ ဒါနများအတွက် သူတို့၏ငွေကြေးချမ်းသာမှု အနည်းငယ်သာ အသုံး ပြုတတ်ကြသည်။ သူတို့သည် ဤလောကမှ ပို၍ ကြွယ်ဝချမ်းသာ ရန် ရူးသွပ်နေကြ၍ ဝိညာဉ်များအား အပြစ်မှ ကယ်တင်ခြင်း သာသ နာလုပ်ငန်းကို ဒုတိယဉီးစားပေးနှင့်အရေးမကြီးသောအရာအဖြစ် ခံ ယူကြသည်။ ကိုယ်တော်၏အသင်းတော်သည် ဘုရားသခင်၏အရာ များထက်အခြားသောအရာများကို လိုက်လံခြင်းမရှိသောကြောင့် သူ တို့သည် ဘုရားသခင်၏အသင်းတော်နှင့်ပတ်သက်မှုမရှိနိုင်ကြပေ။
စစ်မှန်သောဘုရားသခင်၏အသင်းတော်သည် ပျောက်ဆုံးဝိ ညာဉ်များ ပွင့်လင်းမြင်သာစွာနှင့်ရိုးသားစွာ ကယ်တင်ရန် ၎င်း၏ အ ရင်းအမြစ်များကို အသုံးပြုသည်။ သမ္မာကျမ်းစာက “သနားကြင်နာတတ်သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား သူတို့သည် သနားကြင်နာခြင်းကိုခံရကြလိမ့်မည်” (မဿဲ ၅း၇)ဟု ဖော်ပြ ထားသည့်အတိုင်း ဘုရားသခင်သည် ကျွန်ုပ်တို့အား ဤလောက၏ ဝိညာဉ်များ ပြုစုစောင့်ရှောက်ရန်နှင့် ကယ်တင်ခြင်းသို့ သူတို့ကို လမ်းပြရန် နှလုံးသားပေးအပ်တော်မူခဲ့သည်။ ကိုယ်တော်သည် ဤ အရာများအားလုံးကို ဖြစ်စေတော်မူခဲ့သည်။ ယခုတွင် ရေနှင့်ဝိညာဉ် တော်သတင်းကောင်းကို စာအုပ်များအဖြစ်သို့ စုစည်းပြုခဲ့၍ စာအုပ် ၆၀ ကျော်ကို ဘာသာစကား ၄၀ နီးပါးဖြင့် ဘာသာပြန်ဆိုခဲ့ကာ ဝိ ညာဉ်ရေးရာ၌ သေနေသောသူများထံ ဘုရားသခင်၏ဖြောင့်မတ် ခြင်းကို သက်သေခံနေသည်။
ကျွန်ုပ်တို့သည်ပို၍ရိုးသားစွာဆုတောင်းကြ၍ ဤလောကသည် ကြီးမားသောဘေးဒဏ်ကြီးသို့ ဝင်၍ ကမ္ဘာမကုန်ဆုံးမီ အပြစ်သား များကို ကယ်တင်ရန် သူတို့ထံ ရေနှင့်ဝိညာဉ်တော်သတင်းကောင်း ဟောပြောကြလျှင် ဘုရားသခင်သည် မည်သို့ဝမ်းမြောက်တော်မူ လိမ့်မည်နည်း။ ကျွန်ုပ်တို့သည် စိတ်ဓါတ်မကျကြဘဲ အဆုံးထိတိုင် အောင် သစ္စာရှိကြပါစို့။ 
အတိတ်က ဆင်းရဲသားများသည် အချင်းချင်းကူညီခြင်းအား ဖြင့် ရှင်သန်နိုင်ကြသည်။ သို့သော် ယခုတွင် အားသန်သောသူများ သာအသက်ရှင်သန်နိုင်သော အကန့်အသတ်မဲ့ပြိုင်ဆိုင်ခြင်းသို့ ကျွန်ုပ်တို့ဝင်ရောက်ခဲ့ကြသည်။ ကျွန်ုပ်တို့သည် ဤမျိုးဆက်များကို ကြည့်သည့်အချိန်တိုင်းတွင် ရေနှင့်ဝိညာဉ်တော်သတင်းကောင်း မ ကြားရသေးသောသူများထံ သတင်းကောင်းကို ကျွန်ုပ်တို့ဟောပြော ရကြမည်ဟူသော ကျွန်ုပ်တို့တာဝန်ကို ကျွန်ုပ်တို့သိကြသည်။ ကျွန်ုပ် တို့အားလုံးသည် ဤကြမ်းတမ်းသောကမ္ဘာ၌ အလူးအလဲခံစားနေ ကြသော မောပန်းနွမ်းနယ်၍ စိုးရိမ်ပူသူများထံ ငြိမ်သက်ခြင်းယူ ဆောင်လာသော သတင်းကောင်းကို ဟောပြောရန် နှလုံးသားရှိရကြ မည် ဖြစ်သည်။ ကျွန်ုပ်တို့သည် သူတို့ထံ ရေနှင့်ဝိညာဉ်တော်သတင်း ၏ဝိညာဉ်ရေးရာ ကောင်းကြီးမင်္းလာများကို ဟောပြောကြပါစို့။ ကိုယ်တော်သည် ကျွန်ုပ်တို့အပြစ်များအားလုံးကို ယူဆောင်သွား တော်မူခဲ့သောကြောင့် ကျွန်ုပ်တို့သည် ဘုရားသခင်၏ဖြောင့်မတ် ခြင်းကို ယုံကြည်ခြင်းအားဖြင့် ခရစ်တော်အတွက် အသက်ရှင်နိုင်ကြ သည်။
ဘုရားသခင်၏ဖြောင့်မတ်ခြင်းပါဝင်သောသတင်းကောင်းသည် အဆတစ်ဆယ်၊ အဆတစ်ရာ၊ အဆတစ်ထောင်နှင့် အဆသန်းပေါင်း များစွာ ယခုတွင် ဖြန့်ဝေလျက်ရှိသည်။ ကျွန်ုပ်တို့သည် လုပ်ဆောင်စ ရာများစွာ ရှိသောကြောင့် သစ္စာရှိကြပါစို့။ အစွမ်းအစရှိသောသူများ သည် ကိုယ်တော့်အတွက် မိမိအစွမ်းအစများကို ပေးအပ်၍ ဝိညာဉ် များအားလုံးထံ သတင်းကောင်းဟောပြောသည်။ ကျွန်ုပ်တို့အားလုံး သည် ဘုရားသခင်ချပေးတော်မူသော အစွမ်းအစများအားဖြင့် သ တင်းကောင်းဟောပြောကြပါစို့။ ကျွန်ုပ်တို့သည် ကိုယ်ပိုင်တန်ခိုးမရှိ ကြပေ။ သို့သော် ကျွန်ုပ်တို့အတွင်း၌ နိုးဆွသော သန့်ရှင်းသောဝိ ညာဉ်တော်အားဖြင့် ဘုရားသခင်ထံ ကျွန်ုပ်တို့ဆုတောင်းကြလျှင် ဘုရားသခင်သည် ကျွန်ုပ်တို့အားလုံးအပေါ် ဆန္ဒများကို ချပေးတော် မူလိမ့်မည်ဟု ကျွန်တော် ယုံကြည်သည်။
ခရစ်တော်သည် အပြစ်သားများကို ချစ်သော စစ်မှန်သော မေတ္တာကို ကျွန်ုပ်တို့အား ချပေးတော်မူခဲ့သည်။ ကျွန်ုပ်တို့သည် ဘု ရားသခင်၏ဖြောင့်မတ်ခြင်းကို ယုံကြည်ခြင်းအားဖြင့် ဤလောကအ ပြစ်များမှ ကယ်တင်ခြင်းခံရကြသည်။ ဤအကြောင်းကြောင့် ဤ လောက၌ အသက်ရှင်ရန် ပို၍ ခက်ခဲလာသော်လည်း ကျွန်ုပ်တို့သည် သတင်းကောင်းကို ပို၍ ဟောပြောရကြမည် ဖြစ်သည်။ ကျွန်ုပ်တို့ သည် ကယ်တင်ခြင်းမကြားရသေးသောသူများထံ သတင်းကောင်း ဟောပြောရန် တာဝန်ရှိကြသည်။
ဘုရားသခင်သည် “တစ်နည်းနည်းဖြင့် ငါ၏အမျိုးသားချင်းတို့၌ မနာလိုစိတ်ဖြစ်ပေါ်စေ၍ သူတို့ထဲမှ အချို့တို့ကိုကယ်တင်နိုင်ရန် ငါမျှော်လင့်နေ၏”(ရောမ ၁၁း၁၄)ဟု မိန့်တော်မူခဲ့သည်။ ဤကမ္ဘာပေါ် တွင်ရေနှင်းဝိညာဉ်တော်သတင်းကောင်းကို ရရှိရန် လိုအပ်သူများစွာ ရှိကြသည်။ ထိုကြောင့် သင်းအုပ်ဆရာများဖြစ်စေ၊ သီအိုလော်ဂျီပ ညာရှင်များဖြစ်စေ၊ သာမန်ယုံကြည်သူများဖြစ်စေ ဝိညာဉ်များစွာ ပေါ်ပေါက်သည်။
သတင်းကောင်းအတွက် ကျွန်ုပ်တို့လုပ်ဆောင်မှုသည် ခရစ် တော်၏မေတ္တာတော်ကြောင့် ဖြစ်သည်။ ကျွန်ုပ်တို့မှာ လုပ်ဆောင်စ ရာများစွာ ရှိသေးသည်။ တစ်ခါတစ်ရံ ကျွန်ုပ်တို့သည် သူတို့ကြောင့် မောပန်းနွမ်းနယ်မှု ခံစားရကြသည်။ သို့သော် ကျွန်ုပ်တို့သည် ပို၍ အ ခက်အခဲများ ကြုံတွေ့နေကြသော်လည်း ပို၍သစ္စာရှိကြ၍ သတင်း ကောင်းကို ပို၍ အားရနှစ်ထောင်းစွာ ဟောပြောသင့်ကြသည်။ ဤ အရာသည် ခရစ်တော်၏နှလုံးသား ဖြစ်သည်။ ဖြောင့်မတ်သူ သင် သည် ကိုယ်ကျိုးအတွက်သာ မစဉ်းစားရန် ကျွန်တော်ဆုတောင်း သည်။ သင်သည် ကိုယ့်အတွက်သာ စဉ်းစားလျှင် သင်သည် ကိုယ့် အတွက်သာအသက်ရှင်ရန်ကြိုးစား၍ ပျောက်ဆုံးသောဝိညာဉ်များ ကို စဉ်းစားခြင်းမရှိသောကြောင့် ယုံကြည်ခြင်း သို့မဟုတ်ဆုတောင်း ခြင်းများ မလိုအပ်ပေ။ သို့သော် သင်သည် မိမိကိုယ်ကိုကိုယ်နှင့် အခြားဝိညာဉ်များ ထောက်ပံရန် လုပ်အားခရရှိလျှင် မည်သည့်အရာ ဖြစ်ပျက်လိမ့်မည်နည်း။ သင်သည် အားနည်းသောကြောင့် ဘုရား သခင်ထံ အကူအညီ တောင်းရမည် ဖြစ်သည်။
ဤအရာသည် ကျွန်ုပ်တို့ယုံကြည်ခြင်းနှင့် ဆုတောင်းခြင်းများ တိုးတက်ရသောနည်းလမ်း ဖြစ်သည်။ ဤအကြောင်းကြောင့် ဘုရား သခင်သည်
“စွန့်ကြဲသော်လည်း ဥစ္စာပို၍တိုးပွားသူရှိ၏။
ပေးသင့်သည့်အရာကိုပင် ဆုပ်ကိုင်ထားသော်လည်း ချို့တဲ့နွမ်းပါးခြင်းသို့ရောက်သူလည်းရှိ၏”(သုတ္တံ ၁၁း၂၄)ဟု မိန့် တော်မူခဲ့သည်။
သူတပါးထံ ‌ရေနှင့်ဝိညာဉ်တော်သတင်းကောင်း ဟောပြောခြင်း သည် ခရစ်ယာန်များ၏ အဖြောင့်မတ်ဆုံးသောဘဝ ဖြစ်သည်။ ဝိ ညာဥ်ရေးရာအသက်တာမှာ လူများအား ခရစ်တော်ထံသို့ ပို့ဆောင် ပေးသော စစ်မှန်သောသတင်းကောင်းဟောပြောခြင်းအသက်တာ ဖြစ်သည်။ ကျွန်ုပ်တို့သည် မိမိအိမ်နီးချင်းများနှင့် သူတို့၏ဝိညာဉ်များ ကို စောင့်ရှောက်ကြ၍ တစ်ကမ္ဘာလုံးသို့ သတင်းကောင်း ဟောပြော ကြပါစို့။ ဘုရားသခင်၏ဖြောင့်မတ်ခြင်းကောင်းကြီးမင်္ဂလာသည် သင်နှင့်အတူ ရှိပါစေ။
ဟာလေလုယာ။ ဘုရားသခင်၏နာမတော်ကို ချီးမွမ်းကြပါစို့။ ကိုယ်တော်သည် ကျွန်ုပ်တို့အား မိမိဖြောင့်မတ်ခြင်းနှင့် ကောင်း သောလုပ်ငန်းများလုပ်ဆောင်ရန် ခွင့်ပြုတော်မူ၍ ကျွန်ုပ်တို့အား မှောင်မိုက်တန်ခိုးမှ ရွေးနှုတ်ကယ်တင်တော်မူလျက် သားတော်၏ နိုင်ငံတော်သို့ လမ်းပြတော်မူခြင်းအတွက် ကိုယ်တော့်ကို ကျွန်တော် ကျေးဇူးတင်သည်။