Search

တရားဟောချက်များ

ဘာသာရပ် ၉ - ရောမဩဝါဒစာ (ရောမဩဝါဒစာအနက်ဖွင့်ကျမ်းများ)

[14] အချင်းချင်း တရားမစီရင်ရပေ

‌ရောမ ၁၄း၁ တွင် “ယုံကြည်ခြင်းအားနည်းသောသူကို လက်ခံကြလော့။ သူ၏တွေးတောကြံစည်မှုများကို မဝေဖန်ကြနှင့်”ဟု ဖော် ပြထားသည်။
ရှင်ပေါလုက ရောမမြို့တွင်ရှိသော သန့်ရှင်းသူများအား တစ်ဉီး ချင်းစီတိုင်း၏ယုံကြည်မှုကို တရားမစီရင်ရန် သို့မဟုန် ဝေဖန်ခြင်းမ ပြုရန် သတိပေးခဲ့သည်။ ထိုအချိန်တွင် ရောမမြို့အသင်းတော်၌ အ လွန်သစ္စာရှိသူများနှင့် သစ္စာမရှိသူများရှိကြသောကြောင့် သူတို့သည် တစ်ဉီးချင်းစီတိုင်း၏ယုံကြည်မှုကို ဝေဖန်ခဲ့ကြသည်။ ဤအရာသည် သင့်အပေါ် ဖြစ်ပျက်ခဲ့လျှင် ကျွန်ုပ်တို့သည် တစ်ဉီးချင်းစီတိုင်း၏ ယုံ ကြည်မှုကို လေးစား၍ ဘုရားသခင်၏အစေခံများပြစ်တင်ဝေဖန်မှု ကို ဘေးချိတ်ထားရမည် ဖြစ်သည်။ ကိုယ်တော်၏အစေခံများ ပြုစု ပျိုးထောင်၍ တည်ဆောက်ခြင်းသည် ဘုရားသခင်၏အလိုတော်အ တိုင်း ဖြစ်သည်။ ကျွန်ုပ်တို့ဆန္ဒအတိုင်းမဟုတ်ပေ။
ဘုရားသခင်၏အသင်းတော်၌ပင်လျှင် ယုံကြည်သူများအကြား ပြဿနာများစွာ ပေါ်ပေါက်သည်။ ကျွန်ုပ်တို့သည် သူတို့၏ယုံကြည် မှုကို ကြည့်ကြလျှင် ယုံကြည်ခြင်းအမျိုးအစားများအားလုံးကို တွေ့ နိုင်သည်။ လူအချို့တို့သည် သူတို့၏ရွေးနှုတ်ခြင်းမတိုင်မီ ပညတ် တော်၌ ချုပ်နှောင်ခြင်းခံရကြသဖြင့် သူတို့သည် ပညတ်တရား ဟောင်းယုံကြည်မှုအငွေ့အသက်ရှိသေးသည်။
ခရစ်ယာန်အချို့တို့သည် အစားအသောက်အား အလွန်အရေး ပါသည်ဟု ယူဆကြသည်။ ဥပမာအားဖြင့် ဤသို့သောပုဂ္ဂိုလ်များ သည် ဝက်သားမစားရပေဟု ယုံကြည်နိုင်ကြသည်။ အခြားသူများက သူတို့သည် အခြေအနေများအောက်၌ ဥပုသ်စောင့်ရှောက်ရမည်ဟု ယုံကြည်နိုင်ကြသည်။ သို့သော် ကျွန်ုပ်တို့သည် ဘုရားသခင်၏ဖြောင့် မတ်ခြင်းကို ယုံကြည်ခြင်းအားဖြင့် ဤမတူညီမှုများကို ဖြေရှင်း၍ ပြ ဿနာအသေးအမွှားကြောင့် အချင်းချင်း ဝေဖန်ခြင်းမပြုသင့်ကြပေ။ ဤအရာသည် ရှင်ပေါလုပြောကြားသောအရာ၏ အနှစ်ချုပ် ဖြစ်ပါ သည်။ 
ကျွန်ုပ်တို့၏လုပ်ဆောင်ဖက် ယုံကြည်သူများသည် ဘုရားသခင် ၏ဖြောင့်မတ်ခြင်းကို ယုံကြည်ကြလျှင် သူတို့၏အားနည်းချက်များ ကို ဝေဖန်ခြင်းမပြုသင့်ပေဟု ရှင်ပေါလုက အခန်းကြီး ၁၄ တွင် သွန် သင်သည်။ အဘယ်ကြောင့်နည်း။ သူတို့သည် အားနည်းနေကြ သော် လည်း ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ယုံကြည်ကြသည်။
ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ယုံကြည်ခြင်းအားဖြင့် ဘုရား သခင်၏မြင့်မြတ်သောလူများအဖြစ် အပြစ်များမှ ရွေးနှုတ်ခြင်းခံရ သောသများအကြောင်းကို သမ္မာကျမ်းစာ ဖော်ပြထားသည်။ သူတို့ သည် အခြားသူများ၏မျက်စိများရှေ့တွင် မစုံလင်နိုင်ကြသော်လည်း ဘုရားသခင်သည် အခြားယုံကြည်သူများ၏ယုံကြည်မှုကို ဝေဖန်ခြင်း မပြုရန် ကျွန်ုပ်တို့ကို အမိန့်ပေးတော်မူခဲ့သည်။ သူတို့သည် ဇာတိပ ကတိ၌ မစုံလင်ကြသော်လည်း သူတို့သည် ယုံကြည်ခြင်းအားဖြင့် ဘု ရားသခင်၏သားသမီးများဖြစ်ကြသောကြောင့် ဖြစ်သည်။
 


လူတိုင်း၏ယုံကြည်မှုသည် တစ်ဉီးနှင့်တစ်ဉီး မတူပေ


အခန်းငယ် ၂-၃ တွင် “အချို့သောသူသည် အစားအစာအားလုံးကိုစား၍ရသည်ဟု ယုံကြည်၏။ အားနည်းသောသူမူကား ဟင်းသီး ဟင်းရွက်ကိုသာစား၏။ စားသောသူသည် မစားသောသူကိုမထီမဲ့မြင်မပြုနှင့်။ မစားသောသူသည်လည်း စားသောသူကို မစီရင်နှင့်။ အ ကြောင်းမူကား ဘုရားသခင်သည် သူ့ကိုလက်ခံတော်မူပြီ”ဟု ဖော်ပြ ထားသည်။
ကိုယ်တော်၏ဖြောင့်မတ်ခြင်းကို ယုံကြည်၍ ကိုယ်တော်၏ နောက်တော်သို့ လိုက်လျှောက်ခြင်းအားဖြင့် ဘုရားသခင်၏အစေခံ များအကြား ကွဲပြားမှု ရှိနိုင်သည်။ ကယ်တင်ခြင်း၌ ယုံကြည်ခြင်း သည် အတူတူဖြစ်သော်လည်း နှုတ်ကပတ်တော်ယုံကြည်မှုသည် ခြားနားနိုင်သည်။
လူတစ်ဉီးသည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းသတင်းကောင်း ကိုယုံကြည်ခြင်းအားဖြင့် ဒုတိယမွေးဖွားခြင်းမခံရမီ ပညတ်တရား ယုံကြည်သူတစ်ဉီး ဖြစ်ခဲ့လျှင် သူသည် ဘုရားသခင်၏ဖြောင့်မတ် ခြင်းကို လုံးဝယုံကြည်ခြင်းအားဖြင့် မိမိကိုယ်ပိုင် ဖြောင့်မတ်ခြင်းကို စွန့်ပစ်ရမည့်အချိန်ရှိလိမ့်မည်။ ဤပုဂ္ဂိုလ်များသည် ဥပုသ်စောင့် ရှောက်မှုကို အလွန်အရေးကြီးသည်ဟု ယူဆကြသည်။ သို့သော် သူ တို့သည်လည်း ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ယုံကြည်ကြသော ကြောင့် သင်သည် သူတို့ကို မဝေဖန်သင့်ပေ။
ဘုရားသခင်သည် ကိုယ်တော်၏ဖြောင့်မတ်ခြင်းကို သိ၍ယုံ ကြည်သူများများ၏ယုံကြည်မှုအားဖြင့် ဝမ်းမြောက်တော်မူသည်။ ကိုယ်တော်သည် သူတို့ကို မိမိလူများအဖြစ် မှတ်ယူတော်မူခဲ့သည်။ ထိုကြောင့် ဘုရားသခင်၏ဖြောင့်မတ်ြခင်းကို အမှန်အကန် ယုံကြည် သူများသည် သူတို့၏ယုံကြည်ခြင်းအားနည်းချက်ကို ဝေဖန်ကြမည့် အစား ဘုရားသခင်၏ဖြောင့်မတ်ခြင်းအားဖြင့် မိမိအပေါင်းအသင်း ယုံကြည်သူများ၏ ပြုစုရန် ကြိုးစားအားထုတ်သင့်ကြသည်။
 


ကျွန်ုပ်တို့သည် ဘုရားသခင်၏အစေခံများကို တရားမစီရင်ရကြပေ


အပိုဒ်ငယ် ၄ တွင် “သင်သည် မည်သူဖြစ်၍ သူတစ်ပါး၏အစေခံကို စီရင်သနည်း။ ထိုသူရပ်သည်ဖြစ်စေ၊ လဲသည်ဖြစ်စေ သူ့သခင်နှင့်ဆိုင်၏။ သို့ရာတွင် သူသည်ရပ်လိမ့်မည်။ အကြောင်းမူကား သခင်ဘုရားသည် သူ့ကိုရပ်စေနိုင်တော်မူ၏”ဟု ပြောထားသည်။ 
ကျွန်ုပ်တို့သည် ဘုရားသခင်ထောက်ခံတော်မူခဲ့သောဘုရားသ ခင်၏အစေခံများနှင့် သူတို့၏ယုံကြည်မှုများကို အသိအမှတ်ပြုရကြ မည် ဖြစ်သည်။ သင်သည် ခရစ်ယာန်အသက်တာဖြင့် အသက်ရှင်စဉ် ဘုရားသခင်၏အစေခံများကို ဝေဖန်၍ တရားစီရင်သလော။ ထို နောက် ဘုရားသခင်သည် သင်၏ယုံကြည်မှုကို ဆုံးမတော်မူလိမ့် မည်။ သင်သည် ဘုရားသခင်ထောက်ခံသောသူများ၏ယုံကြည်မှုကို မနှစ်သက်သောကြောင့် တရားစီရင်လျှင် သင်သည် ဘုရားသခင်၏ တရားစီရင်ခြင်း ပလ္လင်သို့ မိမိကိုယ်ကိုကိုယ် တက်၍ ကိုယ်တော်၏ အစေခံများကို တရားစီရင်လိမ့်မည်။ ဤအရာသည် မမှန်ကန်ပေ။ သို့သော် သင်မနှစ်သက်သော ဘုရားသခင်၏အစေခံများကို ဝမ်း မြောက်စွာလက်ခံ၍ ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ချီးမြှောက် သော သူတို့၏ညွှန်ကြားမှုကို နာခံရမည် ဖြစ်သည်။
ဘုရားသခင်သည် ကျွန်ုပ်တို့ယုံကြည်မှုကို ထောက်ခံတော်မူ သည်။ ဘုရားသခင်၏ချီးမွမ်းခြင်းနှင့် ဆုလဒ်ဖြင့် ထိုက်တန်သော စစ် မှန်သောယုံကြည်မှုရှိသင့်ကြသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့အား သခင်ယေရှုခရစ်တော်တော်ထံ အသက်တာများကို ဆက်ကပ်ပါမည့် အကြောင်း ခွင့်ပြုတော်မူခဲ့သောကြောင့် ကျွန်ုပ်တို့သည် ကိုယ်တော် ၏ဖြောင့်မတ်ခြင်းအတွက် ကိုယ်တော့်ကို ကျေးဇူးတင်ကြသည်။ ကျွန်ုပ်တို့သည်ဘုရားသခင်ထောက်ခံတော်မူသောသူများကိုထောက် ခံ၍ ဘုရားသခင်မထောက်ခံသောသူများကို မထောက်ခံရပေ။ သင် သည် မိမိဖြောင့်မတ်ခြင်းကို ချီးမြှောက်မည့်အစား ကိုယ်တော်၏ ဖြောင့်မတ်ခြင်းကို ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်၏ဘုန်းတော် ကို ထင်ရှားစေလိမ့်မည်ဟု ကျွန်တော် မြော်လင့်သည်။ ဘုရားသခင် သည် သင်၏ယုံကြည်မှုကို ထောက်ခံလိမ့်မည်ဟု ကျွန်တော်မြော် လင့်သည်။ ထိုနောက် သင်သည် ကိုယ်တော်၏ဖြောင့်မတ်ခြင်းကို ယုံကြည်သောကြောင့် သင်သည် ချီးမြှောက်ခြင်းခံရလိမ့်မည်။
 

သူတို့သည်လည်း ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ယုံကြည်ကြလျှင်...

“အချို့သောသူသည် နေ့ရက်တစ်ရက်ကို အခြားနေ့ရက်ထက် ပို၍မြတ်သည်ဟုယူဆ၏။ အချို့မူကား နေ့ရက်အားလုံးအတူတူဖြစ်သည်ဟုယူဆ၏။ လူတိုင်း မိမိတို့ယူဆထားသောအရာအပေါ် စိတ်နှ လုံးထဲ၌ အပြည့်အဝယုံကြည်ပါစေ။ နေ့ရက်ကိုစောင့်ထိန်းသောသူသည် သခင်ဘုရားအတွက်စောင့်ထိန်း၏။ စားသောသူသည်လည်း သခင်ဘုရားအတွက်စား၏။ အကြောင်းမူကား သူသည် ဘုရားသခင်ကိုကျေးဇူးတင်၏။ မစားသောသူသည်လည်း သခင်ဘုရားအတွက်မစားဘဲနေ၍ ဘုရားသခင်ကိုကျေးဇူးတင်၏”(ရောမ ၁၄း၅-၆)။
ယုဒလူမျိုးများအကြား ရေနှင့်ဝိညာဉ်တော်သတင်းကောင်း၏ အရှင်သခင် ခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းခံရ ကြသည်။ များစွာတို့သည် သခင်ယေရှုကို ယုံကြည်ခဲ့ကြသော်လည်း သူတို့သည် ပညတ်တော်၏ချုပ်နှောင်ခြင်းကို ခံရကြသေးသည်။ သို့ သော် သူတို့သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းအစေခံများဖြစ်ခဲ့ကြ သော်လည်း သူတို့သည် ပညတ်တော်ကို စောင့်ရှောက်သည့်အချိန် တိုင်းတွင် သူတို့သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ဟောပြော ရန် ပြုခဲ့ကြသည်။
ထိုအကြောင်းကြောင့် ရှင်ပေါလုက “ဂျူးလူမျိုးတို့ကိုရရှိနိုင်ရန် ဂျူးလူမျိုးတို့တွင် ဂျူးလူမျိုးကဲ့သို့ဖြစ်၏။ ငါကိုယ်တိုင် ပညတ်တရားအောက်၌မရှိသော်လည်း ပညတ်တရားအောက်၌ရှိသောသူတို့ကိုရရှိနိုင်ရန် ပညတ်တရားအောက်၌ရှိသောသူတို့အတွက် ပညတ်တရားအောက်၌ရှိသောသူကဲ့သို့ဖြစ်၏။ ငါသည် ဘုရားသခင်၏ပညတ်တရားနှင့် ကင်းဝေးသောသူမဟုတ်ဘဲ ခရစ်တော်၏ပညတ်တရားအောက်၌ရှိသော်လည်း ပညတ်တရားနှင့်ကင်းဝေးသောသူတို့ကိုရရှိနိုင်ရန် ပညတ်တရားနှင့်ကင်းဝေးသောသူတို့တွင် ပညတ်တရားနှင့်ကင်းဝေးသောသူကဲ့သို့ဖြစ်၏”(၁ ကော ၉း၂၀-၂၁)ဟု ပြောခဲ့ခြင်း ဖြစ်သည်။
ကျွန်ုပ်တို့သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ယုံကြည်သူ များ၏ယုံကြည်ကို လျစ်လျူရှုခြင်း သို့မဟုတ် ငြင်းပယ်ခြင်းမပြုရကြ ပေ။ သူတို့သည် ဘုရားသခင်၏ဖြောင့်မတ်ြခင်းကို ယုံကြည်၍ ကိုယ် တော့်ကို အစေခံကြလျှင် ကျွန်ုပ်တို့သည် သူတို့ကို ဘုရားသခင်၏ အ စေခံများအဖြစ် သတ်မှတ်ရကြမည် ဖြစ်သည်။ 
 


ဖြောင့်မတ်သူများသည် သခင်အတွက် အသက်ရှင်သင့်ကြသည်


အပိုဒ် ၇-၉ တွင် “ငါတို့တွင် ကိုယ့်အတွက်အသက်ရှင်သောသူ တစ်ယောက်မျှမရှိ။ ကိုယ့်အတွက်သေသောသူလည်း တစ်ယောက်မျှမရှိ။ အကြောင်းမူကား ငါတို့သည် အသက်ရှင်လျှင် သခင်ဘုရားအ တွက်အသက်ရှင်၍သေလျှင် သခင်ဘုရားအတွက်သေ၏။ ထို့ကြောင့် ငါတို့သည် အသက်ရှင်သည်ဖြစ်စေ၊ သေသည်ဖြစ်စေ သခင်ဘုရားပိုင်ဆိုင်တော်မူရာဖြစ်ကြ၏။ 9အဘယ်ကြောင့်ဆိုသော် ခရစ်တော်သည်သေလွန်သောသူတို့နှင့် အသက်ရှင်သောသူတို့၏အရှင်သခင် ဖြစ်ရန်အတွက် အသေခံတော်မူပြီးနောက် အသက်ပြန်ရှင်တော်မူ၏” ဟု ဖော်ပြထားသည်။
သတင်းကောင်း၌ ထင်ရှားသောဘုရားသခင်၏ဖြောင့်မတ်ခြင်း ကို ယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် အပြစ်များအားလုံးမှ ကယ် တင်ခြင်းခံရကြ၍ ဘဝသစ်များရရှိခဲ့ကြသောကြောင့် ကျွန်ုပ်တို့သည် ခရစ်တော်နှင့်အတူအသက်ရှင်၍ ကိုယ်တော်နှင့်အတူ သေကြသည်။ ခရစ်တော်၌ ဇာတိဟောင်းအရာများအားလုံးသည် ကွယ်ပျောက်ခဲ့ ၍ ကျွန်ုပ်တို့သည် အသစ်ပြုပြင်သောသတ္တဝါများဖြစ်လာခဲ့ကြသည်။ ဘုရားသခင်၏ဖြောင့်မတ်ခြင်း အမှန်အကန် ယုံကြည်ခြင်းမှာ သင် သည် ခရစ်တော်၏လူများဖြစ်သည်ဟူသော သမ္မာတရားကို သိ၍ ယုံ ကြည်ခြင်းကို ဆိုလိုသည်။ ထိုကြောင့် ဘုရားသခင်၏ဖြောင့်မတ်ခြင်း ကို ယုံကြည်သူများသည် ဤလောကနှင့် သက်ဆိုင်မှု လုံးဝမရှိဘဲ ဘုရားသခင်၏အစေခံများဖြစ်လာခဲ့ကြသည်။
သင်သည် ဘုရားသခင်၏အစေခံဖြစ်လာလျှင် သင်သည် ကိုယ် တော်ကို ချီးမြှောက်လိမ့်မည်။ ကိုယ်တော်ကို ချစ်လိမ့်မည်။ ကိုယ် တော်၏ဘုန်းတော်အတွက် အသက်ရှင်လိမ့်မည်။ ဤသို့ဖြင့် သင်အ သက်ရှင်ရန် ခွင့်ပြုတော်မူသောကြောင့် ကိုယ်တော်ကို ကျေးဇူးတင် လိမ့်မည်။
သင်သည် ခရစ်တော်၏လူအမှန်အကန် ဖြစ်သလော။ ရေနှင့် ဝိညာဉ်တော်သတင်းကောင်း ယုံကြည်သူများသည် ခရစ်တော်နှင့်အ တူ အသေခံခဲ့၍ ကိုယ်တော်နှင့်အတူ အသက်ရှင်ခဲ့ကြသည်။ ကျွန်ုပ် တို့သည် အသက်ရှင်သည်ဖြစ်စေ၊ သေသည်ဖြစ်စေ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းအားဖြင့် ခရစ်တော်၏လူများဖြစ်ကြသည်။ ကိုယ် တော်သည် ကယ်တင်ခြင်းခံရသူများ၏သခင် ဖြစ်တော်မူသည်။
 

ကျွန်ုပ်တို့သည် လုပ်ဆောင်ဖက်ယုံကြည်သူများကို တရားမစီရင်ရကြပေ

အပိုဒ်ငယ် ၁၀-၁၂ တွင် “သို့ဖြစ်လျှင် သင်သည် အဘယ်ကြောင့် သင့်ညီအစ်ကိုကို စီရင်သနည်း။ အဘယ်ကြောင့် သင့်ညီအစ်ကိုကို မထီမဲ့မြင်ပြုသနည်း။ ငါတို့အားလုံးသည် ဘုရားသခင်၏တရားပလ္လင်တော်ရှေ့၌ ရပ်ကြရလိမ့်မည်။ အကြောင်းမူကား “ထာဝရဘုရားမိန့်တော်မူသည်မှာ ငါသည် အသက်ရှင်သည်ဖြစ်၍ လူတိုင်း ငါ့ရှေ့၌ ဒူးထောက်လိမ့်မည်။ လူတိုင်း၏နှုတ်သည်လည်း ဘုရားသခင်ကိုချီးမွမ်းလိမ့်မည်”ဟု ကျမ်းစာ၌ရေးထား၏။ သို့ဖြစ်၍ ငါတို့တစ်ဦးစီသည် ဘုရားသခင်ရှေ့တော်၌ မိမိအကြောင်းကို မိမိဖြေရှင်းရလိမ့်မည်”ဟု ဖော်ပြထားသည်။
ကျွန်ုပ်တို့ဘုရား ခရစ်တော်သည် အသက်ရှင်တော်မူသော ကြောင့် ကျွန်ုပ်တို့သည် တစ်နေ့ ကိုယ်တော်ရှေ့တော်၌ ဒူးထောက်၍ အရာအားလုံး ဝန်ခံကြလိမ့်မည်။ ထိုကြောင့် ကျွန်ုပ်တို့သည် တရားစီ ရင်ရာပလ္လင်ပေါ်တွင် မထိုင်ဘဲ မိမိညီအစ်ကိုမောင်နှမများကို တရား မစီရင်ရကြပေ။ သို့သော် ဘုရားရှေ့တော်၌ ကျိုးနွံခြင်းနှင့် ရပ်နေကြ သည်။ ကိုယ်တော်၏အသင်းတော်၌ အချင်းချင်းတရားစီရင်ကာ ပြစ် ဒဏ်ပေးကြမည့်အစား ဘုရားသခင်၏အလိုတော်အတွက် အသက် ရှင်ခြင်းသည် ပို၍ အရေးကြီးသည်။ ကျွန်ုပ်တို့သည် ညီအစ်ကို မောင် နှမများ၏အားနည်းချက်များကို တရားစီရင်၍ ပြစ်ဒဏ်ပေးကြလျှင် ကျွန်ုပ်တို့သည် ဘုရားရှေ့တော်၌ မိမိအားနည်းချက်များအတွက် တ ရားစီရင်ခြင်းခံရကြလိမ့်မည်။ ဤအကြောင်းကြောင့် ကိုယ်တော်၏ အသင်းတော်၌ ဘုရားသခင်၏အလိုတော်အတွက် အတူတကွ အ သက်ရှင်ခြင်းသည် မည်မျှ ကောင်းသည်ကို နားလည်သဘောပေါက် ရကြခြင်း ဖြစ်သည်။
စစ်မှန်သောယုံကြည်ခြင်းသည် လုပ်ဆောင်ဖက်ယုံကြည်သူ များကို တည်ဆောက်စေ၍ ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို လိုက် လျှောက်စေသည်။ မှားယွင်းသောယုံကြည်မှုသည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို စွန့်လွှတ်၍ မိမိကိုယ်ပိုင်ဖြောင့်မတ်ခြင်းကိုသာ တည်ဆောက်ကြမည်ကို သတိရပါ။ သင်သည် အဘယ်သို့နည်း။ သင်သည် ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို လိုက်လျှောက်သလော။ သို့မဟုတ် သင်သည် ဇာတိအသွေးအသား ၏ဖြောင့်မတ်ခြင်းကိုသာ လိုက်လျှောက်သလော။
 

ကျွန်ုပ်တို့သည် သူတပါး၏ယုံကြည်မှုကို တည်ဆောက်ရမည်

အပိုဒ်ငယ် ၁၃-၁၄ တွင် “ထို့ကြောင့် ငါတို့သည် နောက်ထပ် အ ချင်းချင်းမစီရင်ဘဲနေကြကုန်စို့။ ထိုမျှမက ညီအစ်ကိုအတွက် ခလုတ် တံသင်း၊ သို့မဟုတ် မှားယွင်းစေသောအရာကိုမထားရန် စီရင်ကြလော့။ ပကတိအလျောက် မစင်ကြယ်သောအရာတစ်စုံတစ်ခုမျှမရှိဟု သခင်ယေရှု၌ ငါအမှန်သိလျက် ယုံကြည်စိတ်ချ၏။ သို့သော် တစ်စုံတစ်ရာကိုမစင်ကြယ်ဟု မှတ်ယူသောသူအတွက် ထိုအရာသည်မစင်ကြယ်”ဟု ဖော်ပြထားသည်။
ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ယုံကြည်သူများအကြား ယုံ ကြည်မှုပမာဏသည် မတူညီသောကြောင့် ကျွန်ုပ်တို့သည် အချင်း ချင်းတည်ဆောက်ခြင်းအားဖြင့် တစ်ဉီးချင်းစီတိုင်း၏ယုံကြည်မှုကို တည်ဆောက်ရန် လုပ်ဆောင်သင့်ကြသည်။ ဤအရာသည် ဘုရားသ ခင်၏ဖြောင့်မတ်ခြင်းယုံကြည်သူများအပေါ် ကြီးထွားမှု ယူဆောင် လာသည်။ ကျွန်ုပ်တို့သည် ဘုရားသခင်နှင့် ကိုယ်တော်၏ဖြောင့်မတ် ခြင်းအတွက် အမှန်အကန် အသက်ရှင်ကြလျှင် ကျွန်ုပ်တို့အားလုံး သည် ကိုယ်တော်၏လူများဖြစ်လာကြသည်။
သင်သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ယုံကြည်သူခရစ် ယာန်တစ်ဉီးဖြစ်လျှင် သင်သည် ဘုရားသခင်၏နှုတ်ကပတ်တော်ကို ယုံကြည်ခြင်းအားဖြင့် မည်သည့်အရာမဆို လုပ်ဆောင်နိုင်သည်။ သင်မလုပ်ဆောင်နိုင်လျှင် သင်သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်း ကို လိုက်လျှောက်မည့်အစား မိမိကိုယ်ပိုင် ဖြောင့်မတ်ခြင်းကို လိုက် လျှောက်သောကြောင့် ဖြစ်သည်။ ဘုရားသခင်၏ဖြောင့်မတ်ခြင်း၌ မိမိကိုယ်ပိုင်ဖြောင့်မတ်ခြင်းကို လိုက်လျှောက်ခြင်းသည် လောကအ ရာကို လိုက်လျှောက်ခြင်းနှင့်တူ၍ မှားယွင်းသောယုံကြည်ခြင်း ဖြစ် သည်။
ကိုယ်ပိုင်ဖြောင့်မတ်ခြင်းကို ရှာဖွေသောသူများသည် ဘုရားသ ခင်၏ဖြောင့်မတ်ခြင်းကို ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းခံရကြ သော်လည်းဘုရားသခင်၏ရန်သူများအဖြစ် အသက်ရှင်နေကြသည်။ ကိုယ်တော်၏ဖြောင့်မတ်ခြင်းကို ယုံကြည်ခြင်းအားဖြင့် ကယ်တင် ခြင်းခံရသူများသည် ဘဝတစ်လျှောက် ကိုယ်တော်၏ဖြောင့်မတ် ခြင်းကို ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းခံရကြရန် ဘုရားသခင် အလိုတော်ရှိသည်။
 

မေတ္တာ၌ လျှောက်လှမ်းခြင်း

အပိုဒ်ငယ် ၁၅-၁၈ တွင် “အစားအစာကြောင့် သင်၏ညီအစ်ကိုကို ဝမ်းနည်းစေလျှင် သင်သည် မေတ္တာဖြင့် အသက်ရှင်လျှောက် လှမ်းသည်မဟုတ်တော့ပေ။ ခရစ်တော်က ကိုယ်စားအသေခံပေးတော်မူသော သင့်ညီအစ်ကိုကို သင်၏အစားအစာကြောင့် မပျက်စီးစေနှင့်။ သင်တို့အတွက်ကောင်းသောအရာကိုလည်း ပြစ်တင်ပြောဆိုစရာမဖြစ်စေကြနှင့်။ အကြောင်းမူကား ဘုရားသခင်၏နိုင်ငံတော်သည် စားခြင်း၊ သောက်ခြင်းမဟုတ်ဘဲ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့်ခံစားရသော ငြိမ်သက်ခြင်း၊ ဖြောင့်မတ်ခြင်းနှင့် ဝမ်းမြောက်ခြင်းဖြစ်၏။ 18ထို့ကြောင့် ဤနည်းဖြင့် ခရစ်တော်ကိုအစေခံသောသူသည် ဘုရားသခင်ရှေ့တော်၌ နှစ်သက်ဖွယ်ဖြစ်ပြီး လူတို့ရှေ့၌ ယုံကြည်စိတ်ချရသူဖြစ်၏”ဟု ဖော်ပြထားသည်။
ဘုရားသခင်၏ဖြောင့်မတ်ခြင်းအားဖြင့် ကယ်တင်ခြင်းခံရသူ များနှင့် သတင်းကောင်းဟောပြောရန် အသက်ရှင်သူများသည် အ စားအသောက်အဖို့အလိုငှါ ကိုယ်တော်၏လူများကို လျစ်လျူမရှိကြ ပေ။ ကျွန်ုပ်တို့သည် တစ်ခါတစ်ရံ မေတ္တာအားဖြင့် အတူတူစား သောက်ကြ၍ မိတ်သဟာယဖွဲ့ကြသည်။ သို့သော် လုပ်ဆောင်ဖက် ခရစ်ယာန်များ ခလုတ်တိုက်လဲကျစေနိုင်သောကြောင့် ဆင်းရဲသော ညီအစ်ကို မောင်နှမများကို ဘေးဖယ်၍ ကြွယ်ဝချမ်းသာသူများနှင့် သာစားသောက်ခြင်းအမှုမပြုရန် ရှင်ပေါလုက သတိပေးသည်။
ကိုယ်တော်၏ဖြောင့်မတ်ခြင်းကို ယုံကြည်သူများအပေါ် ဘုရား သခင်ချပေးတော်မူခဲ့သော ကောင်းကြီးမင်္ဂလာများသည် ဘုရားသ ခင်၏ဖြောင့်မတ်ခြင်းကို ကျွန်ုပ်တို့အား လိုက်လျှောက်စေ၍ ရေနှင့် ဝိညာဉ်တော်သတင်းကောင်းအားဖြင့် ပေးထားသော စိတ်ငြိမ်သက် ခြင်းကို ဖြစ်စေကာ ကိုယ်တော်၏အတူတကွ အစေခံစေလျက် ကိုယ် တော်ချပေးတော်မူခဲ့သော အချင်းချင်းဝမ်းမြောက်ခြင်းကို မျှဝေစေ သည်။ ထိုကြောင့် ကြွယ်ဝချမ်းသာသူများသည် ဘုရားသခင်ထံမှ သူ တို့၏ချမ်းသာမှအားလုံးလာသည်ဟု နားလည်သဘောပေါက်သင့်ကြ သည်။ သူတို့သည် သတင်းကောင်းကို သူတစ်ပါးနှင့်အစေခံ၍ ဘုရား သခင်၏ဖြောင့်မတ်ခြင်းကို အတူတူ လိုက်လျှောက်သင့်ကြသည်။ ဘု ရားသခင်သည် ဤသို့သောဘဝများဖြင့် အသက်ရှင်သူများအပေါ် ဝမ်းမြောက်တော်မူ၍ ချစ်တော်မူသည်။
 

သူတပါးတည်ဆောက်ရန် ရှာဖွေခြင်း

အပိုဒ်ငယ် ၁၉-၂၁ တွင် “သို့ဖြစ်၍ ငြိမ်သက်ခြင်းကိုဖြစ်စေသောအမှုအရာများနှင့် အချင်းချင်းတည်ဆောက်မြှင့်တင်ပေးသောအမှု အရာများကို ကြိုးစားပြုကြကုန်စို့။ အစားအစာကြောင့် ဘုရားသခင်၏အမှုတော်ကို မဖျက်ဆီးနှင့်။ အမှန်စင်စစ် အရာခပ်သိမ်းတို့သည် စင်ကြယ်၏။ သို့သော် တစ်စုံတစ်ဦး၏စားသုံးခြင်းသည် သူတစ်ပါးအတွက်ခလုတ်တံသင်းဖြစ်လျှင် ထိုအမှုအရာသည် အပြစ်ဖြစ်၏။ အ သားကိုမစား၊ စပျစ်ဝိုင်ကိုမသောက်၊ သင့်ညီအစ်ကိုအား ခလုတ် တိုက်စေသောအရာကိုလည်း မပြုဘဲနေလျှင် ကောင်း၏”ဟု ဖော်ပြ ထားသည်။
လွန်ခဲ့သောအချိန်က ရောမနှင့်ကောရိန္သုစသောရှေးဟောင်းမြို့ ကြီးများတွင် ရုပ်တုများသို့ ပူဇော်သော အစားအစာများကို လူများ က ရောင်းချခဲ့ကြသည်။ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ယုံကြည် သူအချို့တို့သည် အသားများကို ဝယ်၍ စားသုံးလေ့ရှိကြသည်။ ထို နောက် ဘုရားသခင်၏အသင်းတော်၌ ယုံကြည်ခြင်းအားနည်းသော လုပ်ဆောင်ဖက်ယုံကြည်သူအချို့တို့သည် ဤသို့သောအသားကို စားခြင်းမှာ အပြစ်ဖြစ်သည်ဟု ထင်ခဲ့ကြသည်။ ဤအကြောင်း ကြောင့် ရှင်ပေါလုက “အစားအစာကြောင့် ဘုရားသခင်၏အမှုတော်ကို မဖျက်ဆီးနှင့်”(အပိုဒ်ငယ် ၂၀)ဟုပြောခဲ့ခြင်း ဖြစ်သည်။
ဝိုင်အရက်သည်လည်း ထိုနည်းတူ ဖြစ်သည်။ အရက်သောက် ခြင်းနှင့်ပတ်သက်၍ စိုးရိမ်ခြင်းမရှိခဲ့သော ယုံကြည်သူအချို့ရှိကြ သည်။ သို့သော် ဤသို့သောအကျင့်များသည် လုပ်ဆောင်ဖက်ယုံ ကြည်သူများ၏ ယုံကြည်ခြင်းကို အားနည်းစေလျှင် သူတို့သည် မိမိ လုပ်ဆောင်ဖက် ယုံကြည်သူများကို ခုခံခြင်းအားဖြင့် အရက်သောက် ခြင်းကို ရပ်တန့်ခြင်းသည် ကောင်းသည်ဟု ရှင်ပေါလုက အကြံပြု ထားသည်။ ဤအရာသည် ကျွန်ုပ်တို့အကြားတွင် ပေါ်ပေါက်သည်။ ထိုကြောင့် ကျွန်ုပတို့သည် သူတပါးကို အတည်ပြုစေသောနည်း လမ်းဖြင့် အသက်ရှင်သောခရစ်ယာန်အသက်တာများနှင့် ဘုရားသ ခင်၏ဖြောင့်မတ်ခြင်းကို ရှာဖွေခြင်းအားဖြင့် အသက်ရှင်ရကြမည် ဖြစ်သည်။ ယနေ့ ဘိုးဘေးများထံ ပူဇော်ခြင်းများအဖြစ် အစားအစာ အကြောင်းနှင့်အပတ်သက်၍ ပြဿနာများ ပေါ်ပေါက်လာနိုင်သည်။ ယုံကြည်ခြင်း၌ အားနည်းသောသူများအဖို့အလိုငှါ ဤသို့သောအ စားအစာမျိုးကို မစားခြင်းသည် ပို၍ကောင်းသည်။
 
 
ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ယုံကြည်ပါ

အပိုဒ်ငယ် ၂၂-၂၃ တွင် “သင်သည် မိမိ၌ရှိသောယုံကြည်ခြင်းကို ဘုရားသခင်၏ရှေ့တော်၌သာရှိစေလော့။ မှန်သည်ဟုလက်ခံထားသောအမှုအရာ၌ မိမိ၏ဩတ္တပ္ပစိတ်ကြည်လင်သောသူသည် မင်္ဂလာ ရှိ၏။ သို့သော် သံသယရှိသောစိတ်နှင့်စားလျှင် ယုံကြည်ခြင်းအားဖြင့်မဟုတ်သောကြောင့် ပြစ်ဒဏ်စီရင်ခြင်းကိုခံရ၏။ ယုံကြည်ခြင်းအား ဖြင့်မဟုတ်သော အမှုအရာအားလုံးသည် အပြစ်ဖြစ်၏”ဟု ဖော်ပြ ထားသည်။
ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ယုံကြည်သူများသည် စစ်မှန် သောယုံကြည်ခြင်းရှိသူများဖြစ်ကြသည်။ ဘုရားသခင်၏ဖြောင့်မတ် ခြင်းယုံကြည်ခြင်းမျာ အပြစ်များအားလုံးကို ဆေးကြောပေးသော ဘု ရားသခင်ချပေးတော်မူသော ယုံကြည်ခြင်း ဖြစ်သည်။ ထိုကြောင့် ခ ရစ်ယာန်များသည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ယုံကြည်၍ ကိုယ်တော်၏ဖြောင့်မတ်ခြင်းကို ယုံကြည်ခြင်း၏ခံယူချက်ရှိရကြ မည် ဖြစ်သည်။
ကိုယ်တော်၏ဖြောင့်မတ်ခြင်းကို ယုံကြည်ခြင်းမရှိဘဲ ဘုရားသ ခင်၏နောက်သို့လိုက်လျှောက်ခြင်းသည် အပြစ်ဖြစ်သည်ဟု သမ္မာ ကျမ်းစာက ပြောထားသည်။ ယုံကြည်ခြင်းမပါသောအကျင့်သည် အ ပြစ်ဖြစ်သည်။ ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ယုံကြည်ခြင်းမရှိဘဲ လုပ်ဆောင်မှုတစ်စုံတစ်ခုသည် အပြစ်ဖြစ်သည်ဟု သိ၍ ကျွန်ုပ်တို့ သည် ကိုယ်တော်၏ဖြောင့်မတ်ခြင်းကို ပို၍ ယုံကြည်ရကြမည် ဖြစ် သည်။
သမ္မာကျမ်းစာက “သံသယရှိ၍စားသောသူသည် တရားစီရင် ခြင်းခံရမည်”ဟု ပြောထားသည်။ ဘုရားသခင်သည် သစ်ပင်များနှင့် တိရစ္ဆာန်များအားလုံကို ဖန်ဆင်းတော်မူခဲ့သောကြောင့် သင်သည် ဘု ရားသခင်၏ဖြောင့်မတ်ခြင်းကို ယုံကြည်ခြင်းအားဖြင့် စားသောက် လျှင် အရာအားလုံးသည် စင်ကြယ်သည်။
ဘုရားသခင်သည် ဖြောင့်မတ်ခြင်းကို သိ၍ ယုံကြည်ခြင်းသည် မည်မျှ အရေးကြီးသည်ကို ကျွန်ုပ်တို့နားလည်သဘောပေါက်ရကြ မည် ဖြစ်သည်။ ကျွန်ုပ်တို့သည်လည်း မိမိလုပ်ဆောင်ဖက် ဒုတိယ မွေးဖွားခြင်းခံရသူများကို တည်ဆောက်၍ သူတို့၏ယုံကြည်မှုကို လေးစားရကြမည် ဖြစ်သည်။