Search

တရားဟောချက်များ

ဘာသာရပ် ၉ - ရောမဩဝါဒစာ (ရောမဩဝါဒစာအနက်ဖွင့်ကျမ်းများ)

[13] ဘုရားသခင်၏ဖြောင့်မတ်ခြင်း အတွက် အသက်ရှင်ပါ

‌ရောမ ၁၃း၁ တွင် “အထက်အာဏာပိုင်များကို လူတိုင်းနာခံစေ။ အကြောင်းမူကား ဘုရားသခင်ထံမှမဟုတ်သောအာဏာဟူ၍မရှိ။ တည်လျက်ရှိသောအာဏာများသည် ဘုရားသခင်ခန့်အပ်တော်မူရာဖြစ်၏”ဟု ဖော်ပြထားသည်။
ကျွန်ုပ်တို့သည် လူမှုရေးစံနှုန်းဘောင်အတွင်း အသက်ရှင်ရကြ မည် ဖြစ်သည်။ ဝိညာဉ်ရေးရာ၌ဖြစ်စေ၊ အသွေးအသား၌ဖြစ်စေ အခွင့်အာဏာပိုင်များကို ကြောက်၍ လေးစားရန် ဘုရားသခင်မိန့် တော်မူခဲ့သည်။ ဘုရားသခင်သည် အစိုးရအာဏာရှင်များအပေါ် အ ‌ကြောင်းတစ်ခုခုအတွက် အခွင့်အာဏာပေးအပ်တော်မူသောကြောင့် ကျွန်ုပ်တို့သည် သူတို့ကို လျစ်လျူမရှိရကြပေ။ “အချင်းချင်းချစ်ခြင်းမှတစ်ပါး မည်သည့်အကြွေးမျှ မတင်စေကြနှင့်”(ရောမ ၁၃း၈)ဟု ရှင် ပေါလုပြောကြားမှုကို ကျွန်ုပ်တို့ သတိရကြမည် ဖြစ်သည်။
ဤအကြောင်းကြောင့် ကျွန်ုပ်တို့သည် အခမဲ့စာအုပ်များထုတ် ဝေ၍ ဤလှပသော သတင်းကောင်းကို ကမ္ဘာတစ်ဝှမ်းလုံးတွင်ရှိ သောလူသားများအားလုံးထံ ဖြန့်ဝေခြင်း ဖြစ်သည်။
ကိုယ်တော်သည် “မေတ္တာသည် ပညတ်တော်၏ပြည့်စုံခြင်း ဖြစ် သည်”ဟု မိန့်တော်မူခဲ့သည်။ လူတို့သည် သူတို့၏ဘာသာတရားအ သက်တာများ၌ ပညတ်တော်ကို သစ္စာရှိစွာဖြင့် စောင့်ရှောက်နေကြ သည်သူသော ထင်ယောင်ထင်မှားဖြင့် စွဲလမ်းတတ်ကြသည်။
ဘုရားသခင်သည် ကျွန်ုပ်တို့အား အပြစ်မှ ကယ်တင်ရန် မိမိ ဖြောင့်မတ်ခြင်းကို ထင်ရှားစေသော ရေနှင့်ဝိညာဉ်တော်သတင်း ကောင်းကို ပေးအပ်တော်မူခဲ့သည်။ ရေနှင့်ဝိညာဉ်တော်သတင်း ကောင်း၌ ထင်ရှားသော ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ကျွန်ုပ်တို့ ယုံကြည်ရန် လိုအပ်ကြသည်။ 
ကိုယ်တော်ပေးအပ်တော်မူခဲ့သော ဤလှပသောသတင်း ကောင်းဟောပြောခြင်းသည် လူများအား အပြစ်များအားလုံးမှ ကယ် တင်ပေးသောကြောင့် ထိုသတင်းကောင်းသည် သူတပါးထံ အသက် များကို အမှန်အကန် ပေးနေသည်။ ကျွန်ုပ်တို့သည် သခင်ယေရှုခရစ် တော်၏မေတ္တာတော်အားဖြင့် ရရှိသော မေတ္တာအကြွေးကလွှဲ၍ အ ခြားသောအကြွေးတစ်စုံတစ်ခုမျှ မတင်ရကြပေ။
 


နိုးထရန် အချိန်ရောက်နေပြီ


အပိုဒ်ငယ် ၁၁ တွင် “သင်တို့သည် အချိန်အခါကိုသိကြ၏။ သင်တို့အိပ်ပျော်ရာမှ နိုးထရမည့်အချိန်နာရီရောက်လေပြီ။ အဘယ် ကြောင့်ဆိုသော် ယခုအခါ ငါတို့၏ကယ်တင်ခြင်းသည် ငါတို့စတင်ယုံ ကြည်ချိန်ကထက် ပို၍နီးကပ်လာပြီဖြစ်၏”ဟု ဖော်ပြထားသည်။ ကျွန်ုပ်တို့ချည့်နည်းနေသောကိုယ်ခန္ဂာများပြောင်းလဲခြင်း၊ ကျွန်ုပ်တို့ ကိုယ်ခန္ဓာများရွေးနှုတ်ခြင်းခံရကြသောအခါ ကျွန်ုပ်တို့သည် ခရစ် တော်နှင့်အတူ အနှစ်တစ်ထောင်အုပ်စိုးကြလိမ့်မည်။ 
ကျွန်ုပ်တို့၏မျိုးဆက်နှင့် နေဧ၏မျိုးဆက်တို့အကြား တူညီမှုအ ချို့ရှိကို ကျွန်ုပ်တို့ တွေ့နိုင်ကြသည်။ တက္ကသိုလ်ကျောင်းများတွင် လိင်တူဆက်ဆံရေးရေလှိုင်းသည် ပေါ်ထွက်လာသည်။ ငွေပေးချေမှု ဖုန်းကို အကြာကြီးသုံးရုံဖြင့် လူတစ်ဉီးသည် အခြားလူတစ်ဉီးကို ဓား ဖြင့်သတ်သောအခါ ဤကမ္ဘာသည် မည်မျှ ဆိုးသွမ်းသနည်း။ ဤမျိုး ဆက်တွင် ဤသို့သော ရက်စက်ကြမ်းကြုတ်၍ ဆိုးသွမ်းမှုများစွာ ပေါ်ပေါက်နေပြီ ဖြစ်သည်။
ယခုချိန်သည် ကျွန်ုပ်တို့အတွက် နိုးထရမည့်အချိန်ဖြစ်နေပြီဟု ကျွန်ုပ်တို့နားလည်သဘောပေါက်ရကြမည် ဖြစ်သည်။ ကိုယ်တော်၏ ဒုတိယအကြိမ်ပြန်လည်ကြွလာတော်မူခြင်းမှာ အလွန်နီးနေပြီး ဖြစ် သည်။ ဤခေတ်သည် အဘယ်အရာနှင့်တူသည်ကိုလည်းကောင်း၊ ကိုယ်တော်၏ဒုတိယအကြိမ်ပြန်လည်ကြွလာတော်မူခြင်းသည် အ လွန်နီးနေပြီကိုလည်းကောင်း ကျွန်ုပ်တို့သည် စိတ်အားထက်သန်ပြီး ပိုင်းခြားတတ်ရကြမည် ဖြစ်သည်။ သို့သော် ထိုနည်းတူ ဤခေတ် ကာကို လုံးဝသတိမမူသောသူများစွာရှိသည်ကို သတိရပါ။
“လူ့သား၏ကြွလာခြင်းသည် နောဧ၏နေ့ရက်များကဲ့သို့ဖြစ်လိမ့်မည်” (မဿဲ ၂၄း၃၇)။ နောဧခေတ်တါင် လူများသည် အိမ်များ တည်ဆောက်ခဲ့ကြသည်။ ဘုရားသခင်၏တရားစီရင်ခြင်းကို တစ်နေ့ တွင် သူတို့အပေါ် ရုတ်တရက် သွန်းလောင်းသည့်အထိ အိမ်ထောင် ပြုခဲ့ကြသည်။ အပြစ်များအား လုံးကျူးလွန်ခဲ့ကြသည်။ နေ့တိုင်းစီး ပွါးရေးကိုင်ခဲ့ကြသည်။ သင်္ဘော၌ ခိုလှုံသောသူအနည်းငယ်လွှတ် မြောက်ခြင်းခံရသောသူကလွှဲ၍ အားလုံးကို သုတ်သင်ဖယ်ရှားသော သည်း ထန်စွာရွာသောမိုးနှင့်ရေလွှမ်းမိုးခြင်းကို နောဧကလွှဲ၍ အခြား မည်သူ မည်ဝါကမျှ မမြော်လင့်ကြပေ။ ဘာမျှ မြော်လင့်ခြင်းမရှိဘဲ လွှတ်လပ်စွာ စားသောက်နေစဉ် ပျက်စီးခဲ့သောသူများသည် ဘုရား သခင်၏ဆိုးရွားသောတရားစီရင်ခြင်းကို ခံရကြသည်။
ဤလောကသည် စစ်ပွဲအန္တရာယ်များသာမက တစ်ကမ္ဘာလုံးသို့ ရာသီဥတုပြောင်းလဲမှုများနှင့်အတူ ဖြစ်ပျက်နေသော သဘာဝဘေး အန္တရာယ်များပေါ်ပေါက်နေပြီဟု ပြဌာန်းသည်။ ကျွန်ုပ်တို့သည် စား ရသည့်အချိန်၌ပင် ပြင်းထန်သောအန္တရာယ်ရှိသည်။ ကျွန်ုပ်တို့သည် အစားအသောက်အတွက် စိတ်ပူပန်မှုမရှိဘဲ အစာများသုံးဆောင်ခြင်း မရှိနိုင်ကြတော့ပေ။ ဤအကြောင်းကြောင့် ကျွန်ုပ်တို့သည် ဤခေတ် ကာလတွင် လိမ္မာစွာ အသက်ရှင်ရကြခြင်း ဖြစ်သည်။ ကျွန်ုပ်တို့ ကိုယ်ခန္ဓာများ၏ကယ်တင်ခြင်းသည် ကျွန်ုပ်တို့စတင်ယုံကြည်သည့် အချိန်ထက် ပို၍ နီးကပ်လာသည်ကို မှတ်ထားပါ။
 


သင်သည် ခရစ်တော်၏ကယ်တင်ခြင်းဖြင့် မိမိကိုယ်ကို ကိုယ် လွှမ်းခြုံခဲ့ပြီလော


ဤကမ္ဘာပျက်စီးခြင်းသည် ယုံကြည်ခြင်းနယ်ပယ်ဖြင့် မသက် ဆိုင်သည်ကိုလည်းကောင်း၊ လောကနိုင်ငံရေးနှင့်စီးပွားရေးနှင့်အရာ အားလုံးပတ်သက်သည်ကိုလည်းကောင်း သင်တွေးနိုင်သည်။ သို့‌ သော် ကမ္ဘာ့ကပ်ဘေးများသည် ကမ္ဘာပျက်စိးရန်အတွက် နိမိတ် လက္ခဏာများကို သတိပေးသည်။ ဤကမ္ဘာသည် မကြာမီ စီးပွါးရေး နှင့် ပတ်ဝန်းကျင်အခက်အခဲများကို ပြင်းထန်စွာ တွေ့ကြုံရင်ဆိုင်ရ လိမ့်မည်။ ကိုယ်တော်၏ဒုတိယအကြိမ်ကြွလာတော်မူသည် နီးတ ထက်နီးနေပြီဖြစ်‌သောကြောင့် ကျွန်ုပ်တို့သည် “အချင်းချင်းချစ်ခြင်း ကလွှဲ၍ အခြားသောအရာတစ်စုံတစ်ခုမျှ မရှိပေ”ဟု သမ္မာကျမ်းစာ က ဖော်ပြထားသည်။ အချင်းချင်း ချစ်ခြင်းမေတ္တာဖြင့် ကူညီရမည်။ ကာကွယ်ရမည်။ လမ်းပြရမည်။ လက်တွဲလုပ်ဆောင်ရကြမည် ဖြစ် သည်။ ကျွန်ုပ်တို့သည် မြော်လင့်ချက်သည် ပထမ စတင်ယုံကြည် သည့်အချိန်ထက် ပို၍ နီးကပ်လာပြီ ဖြစ်သည်ဟု ကျွန်ုပ်တို့နားလည် သဘောပေါက်ရကြမည် ဖြစ်သည်။
ကျွန်ုပ်တို့သည် မြော်လင့်ချက်ဖြင့် အသက်ရှင်ရန် လိုအပ်သော အချိန်ကာလနှင့် သခင်ယေရှုခရစ်တော်ပြန်လည်ကြွလာခြင်းကို စောင့်မြော်ရသောအချိန်၌ အသက်ရှင်နေကြသည်။
သင်၏မြော်လင့်ချက်မှာ ဘယ်မှာရှိသနည်း။ ကျွန်ုပ်တို့မြော် လင့်ချက်မှာ ဘေးဒဏ်ကြီးကာလ ခုနစ်နှစ်ပြီးနောက် ဖြစ် ပျက်မည့် အနှစ်တစ်ထောင်နိုင်ငံ၌ ကျွန်ုပ်တို့အား အသက်ရှင်စေ၍ ချီးမြှောက် မည့် ခရစ်တော်၏ပြန်လည်ကြွလာခခြင်းအတွက် စောင့်မြော်ခြင်း၌ တွေ့ရကြသည်။ အချိန်သည် ပို၍နီးကပ်လာသည်နှင့်အမျှ ကျွန်ုပ်တို့ သည် မြော်လင့်ချက်ဖြင့် အသက်ရှင်၍ ခရစ်တော်၏ဖြောင့်မတ်ခြင်း ကို ပိုင်ဆိုင်ရကြမည် ဖြစ်သည်။ ကျွန်ုပ်တို့သည် ရေနှင့်ဝိညာဉ်တော် သတင်းကောင်း၌ ပို၍ခိုင်ခံ့စွာ ရပ်တည်၍ နှလုံးသားအကြွင်းမဲ့အစေ ခံရကြမည် ဖြစ်သည်။ ကျွန်ုပ်တို့သည် တစ်ကမ္ဘာလုံး၌ရှိသော ဝိ ညာဉ်များအားလုံးထံ သတင်းကောင်းဟောပောာရန် ကျွန်ုပ်တို့၏ သာသနာလုပ်ငန်းကို တိုးချဲ့ရကြမည် ဖြစ်သည်။
 

ကျွန်ုပ်တို့သည် အချင်းချင်းချစ်ခြင်းကလွဲ၍ အခြားအကြွေး တစ်စုံတစ်ခုမျှ မရှိရပေ

မြေငလျင်လှုပ်ခြင်းများနှင့် မီးတောင်ပေါက်ကွဲခြင်းများကဲ့သို့ သော သဘာဝဘေးအန္တရာယ်အတွက် ဆင်းရဲဒုက္ခများစွာရှိလိမ့်မည် ဟု ကျွန်တော်သိသည်။ ယခုချိန်များတွင် ကမ္ဘာပျက်စီးခြင်းဆောင် ပိုဒ်များဖော်ပြသော ရုပ်ရှင်ဇာတ်လမ်းများစွာရှိသည်။ ဟော်လီဝုဒ် စာရေးဆရာစိတ်ကူးသည့်အတိုင်း ကမ္ဘာသော ပြောင်းလဲနိုင်ဖွယ်ရှိ သောကြောင့် ဤသို့ဖြစ်ရခြင်း ဖြစ်သည်ဟု ကျွန်တော်ထင်သည်။ ကမ္ဘာသည် မကြာခင်ပျက်စီးတော့မည်ဟု လူများသည် မိမိမနော စိတ်ထဲမှ သက်သေအထောက်အထားများရှိနေကြသည်။
ထိုကြောင့် ကျွန်ုပ်တို့သည် ဇာတိပကတိအကျင့်ကို မစိုးရိမ်ကြ ဘဲ ဝိညာဉ်ပကတိများကိုသာ စိုးရိမ်သင့်ကြသည်။ 
ရေနှင့်ဝိညာဉ်တော်သတင်းကောင်းဟောပြောခြင်း ဘာဝသည် အလှပဆုံးသောဘဝဖြစ်သည်ဟု ကျွန်ုပ်တို့ ယုံကြည်ရကြမည် ဖြစ် သည်။ ကမ္ဘာပေါ်တွင်ရှိသောလူများသည် ကျွန်ုပ်တို့သာသနာလုပ် ငန်းကို အံ့သြကြသည်။ မရေတွက်နိုင်သောလူများသည် ကျွန်ုပ်တို့ ၏သာသနာလုပ်ငန်းအားဖြင့် မည်သို့ဖြင့် စိန်ခေါ်မှုခံရကြသည်ကို ပြောခဲ့ကြသည်။ သေးငယ်သောနိုင်ငံ၊ ကိုးရီးယားမှ ဘုရားသခင်၏ အစေခံလူအချို့၊ ကျွန်ုပ်တို့သည် မည်သို့ဖြင့် ဘုရားသခင်၏ဖြောင့် မတ်ခြင်းကို တန်ခိုးရှိစွာ ဟောပြောနိုင်ကြသည်ကို သူတို့သည် မယုံ ကြည်နိုင်ကြပေ။ ဟုတ်ပါသည်။ ကျွန်ုပ်တို့သည် သေးငယ်၍ အား နည်းကြသည်။ သို့သော် ကျွန်ုပ်တို့သည် ဘုရားသခင်၏ဖြောင့်မတ် ခြင်းပါဝင်သော ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို ယုံကြည်ကြ သောကြောင့် ကျွန်ုပ်တို့သည် တစ်ကမ္ဘာလုံးသို့ သတင်းကောင်းဟော ကြားနိုင်ခြင်း ဖြစ်သည်။
ရောမ အခန်းကြီး ၁၄း၈ တွင် “အကြောင်းမူကား ငါတို့သည် အသက်ရှင်လျှင် သခင်ဘုရားအတွက်အသက်ရှင်၍ သေလျှင် သခင်ဘုရားအတွက်သေ၏။ ထို့ကြောင့် ငါတို့သည် အသက်ရှင်သည်ဖြစ် စေ၊ သေသည်ဖြစ်စေ သခင်ဘုရားပိုင်ဆိုင်တော်မူရာဖြစ်ကြ၏”ဟု ဖော်ပြထားသည်။ အပိုဒ်ငယ် ၇ တွင်လည်း ရှင်ပေါလုက “ငါတို့တွင် ကိုယ့်အတွက်အသက်ရှင်သောသူ တစ်ယောက်မျှမရှိ။ ကိုယ့်အတွက်သေသောသူလည်း တစ်ယောက်မျှမရှိ”ဟု ပြောခဲ့သည်။
ကျွန်ုပ်တို့သည် ကိုယ်တော်အားဖြင့် ဤလောကသို့ ဖွားမြင်ခဲ့ ကြ၍ ကိုယ်တော်၏ဖြောင့်မတ်ခြင်းအားဖြင့် ဖြောင့်မတ်သူများဖြစ် လာကြသောကြောင့် ကျွန်ုပ်တို့သည် အသက်ရှင်သည်ဖြစ်စေ၊ သေ သည်ဖြစ်စေ ခရစ်တော်၏လူများ ဖြစ်ကြသည်။ ကျွန်ုပ်တို့သည် ဘု ရားသခင်၏ဖြောင့်မတ်ခြင်းအတွက် အသက်ရှင်ခဲ့ကြပြီးနောက် ခရစ် တော်၏လူများအဖြစ် ဤလောက၌ အသက်ရှင်ကြ၍ ထွက်ခွါကြ လိမ့်မည်။ ဘုရားသခင်သည် ကျွန်ုပ်တို့အားဖြင့် ဝမ်းမြောက်တော်မူ ၍ တစ်ကမ္ဘာလုံးသို့ ဝမ်းမြောက်ဖွယ်ရာသတင်းကောင်းများဟော ပြောရန်အတွက် ကျွန်ုပ်တို့ကို တန်ဆာပလာများအဖြစ် ရွေးကောက် တော်မူခဲ့သည်။ ထိုကြောင့် ကိုယ်တော်သည် ကျွန်ုပ်တို့အတွက် ဧဝံ ဂေလိတံခါးကို ဖွင့်ပေးတော်မူခဲ့သည်။ ကိုယ်တော်သည် ကျွန်ုပ်တို့ အား ခြေကျင်ဖြင့် တိုင်းနိုင်ငံတိုင်းသို့ အမှန်အကန် မသွားကြဘဲ စာ အုပ်များအားဖြင့်သတင်းကောင်းဟောပြောရန် ခွင့်ပြုတော်မူခဲ့သည်။
ဘုရားသခင်၏ဖြောင့်မတ်ခြင်းသတင်းကောင်းပါဝင်သော စာ အုပ်အပိုင်းများကို ဘာသာပြန်ဆို၍ အင်္ဂလိပ်စကားသုံးနိုင်ငံ၊ စပိန်စ ကားပြောနိုင်ငံများ၊ အာရှ၊ အဖရိကနှင့် ဥရောပနိုင်ငံများအားလုံးသို့ ပေးပို့ခဲ့သည်။ ဤ ဘုရားသခင်၏ဖြောင့်မတ်ခြင်းဖြစ်လာသူ သခင် စာအုပ်အသစ်သောအပိုင်းများသည် ကမ္ဘာပေါ်တွင် ဝိညာများအား လုံးအပေါ် ဝိညာဉ်ရေးရာ ကြီးမားသောကောင်းကြီးမင်္ဂလာများပေး အပ်လိမ့်မည်။ ကိုယ်တော်၏ဖြောင့်မတ်ခြင်းယုံကြည်သူများအားဖြင့် ကိုယ်တော်၏အလိုတော်သည် ဘုရားသခင်၏မည်သို့ပြည့်စုံစေတော် မူခဲ့သည် အလွန်အံ့သြစရာ ဖြစ်သည်။
ကမ္ဘာသည် ဤလှပသောသတင်းကောင်းဖြင့် အမှန်အကန် ဖုံး လွှမ်းလိမ့်မည်။ ဘုရားသခင်၏ဖြောင့်မတ်ခြင်းပါဝင်သော သတင်း ကောင်းသည် ကမ္ဘာတစ်ဝှမ်းလုံးသို့ တစ်ကြိမ်ဟောပြောသောအခါ ကိုယ်တော်သည် ကျွန်ုပ်တို့အတွက် သိုထားတော်မူသော အကြံအ စည်များအားလုံးသည် ပြည့်စုံလိမ့်မည်။
ဤခေတ်ကာလသည် မုန်တိုင်းများကဲ့သို့ ပြင်းထန်သောခေတ် ဖြစ်သည်။ ရေနံဆီအကျပ်အတည်းများနှင့် ကမ္ဘာ့ငွေကြေးဝရုန်းသုံး ကားဖြစ်ခြင်းက ကမ္ဘာကို တစ်ကြိမ်ရိုက်ခတ်လာနိုင်သည်။ ကျွန်ုပ်တို့ အတွက် လုပ်ဆောင်ရန် အပ်နှင်းထားသောအရာကို ကျွန်ုပ်တို့သည် ပို၍ သစ္စာရှိရကြမည် ဖြစ်သည်။ ဤကမ္ဘာကုန်ဆုံးသည့်အထိ ကျွန်ုပ် တို့သည် ရေနှင့်ဝိညာဉ်တော်သတင်းကောင်း ဟောပြောရကြမည် ဖြစ်သည်။ ဤကမ္ဘာပေါ်တွင်ရှိသော လူသားအားလုံးသည် တစ် ယောက်မျှမကျန် ဤသတင်းကောင်းကြားနာနိုင်ရန်အတွက် ကျွန်ုပ် တို့သည် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို အားရနှစ်ထောင်းစွာ ဟောပြောကြပါစို့။ ကျွန်ုပ်တို့သည် တူညီသော ရည်ရွယ်ချက်အ တွက် ပူးပေါင်း၍ လုပ်ဆောင်ရကြမည် ဖြစ်သည်။ ကျွန်ုပ်တို့သည် ဂိ ဒေါင်၏သူရဲသုံးရာကဲ့သို့ အလုပ်လုပ်ရကြမည် ဖြစ်သည်။ ကျွန်ုပ်တို့ သည် လူအနည်းငယ်သာဖြစ်ကြသော်လည်း ကျွန်ုပ်တို့သည် ကောင်း ကင်နိုင်ငံတော်၏ရဲရင့်သောစစ်သူရဲများ ဖြစ်ကြ၍ ဘုရားသခင်သည် ကျွန်ုပ်တို့နှင့်အတူရှိတော်မူသည်။
အပြစ်များဖြေလွှတ်ခြင်းခံရသောသူများနှင့် ဘုရားသခင်ထံ ကျေးဇူးတင်သောသူများသည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းဟော ပြောရန် အရည်အချင်းပြည့်မီနိုင်ကြသည်။ ကျွန်ုပ်တို့သည် ဘုရားသ ခင်၏ဖြောင့်မတ်ခြင်းပိုင်ဆိုင်ကြသောကြောင့် ယုံကြည်ခြင်းအားဖြင့် အောင်မြင်ခြင်းခံရကြလိမ့်မည်။ ဘုရားသခင်၏ဖြောင့်မတ်ခြင်းယုံ ကြည်သူများသည် ဝိညာဉ်တော်အကျင့်များကို အမြဲတမ်းလိုက်လံ ရှာဖွေ၍ ဝိညာဉ်ရေးရာအကျင့်အများအတွက် ပန်းတိုင်များကို ချမှတ် ကြသည်။
ဘုရားသခင်၏ဖြောင့်မတ်ခြင်းသည် သင့်အပေါ်သို့ သက် ရောက်ပါမည်အကြောင်း ကျွန်တော်ဆုတောင်းသည်။