Search

တရားဟောချက်များ

ဘာသာရပ် ၉ - ရောမဩဝါဒစာ (ရောမဩဝါဒစာအနက်ဖွင့်ကျမ်းများ)

[12] ဘုရားရှေ့တော်၌ သင်၏စိတ်ကို အသစ်ပြုပြင်ခြင်း

“သို့ဖြစ်၍ ညီအစ်ကိုတို့၊ ဘုရားသခင်၏ကရုဏာတော်အားဖြင့် သင်တို့အား ငါတိုက်တွန်းနှိုးဆော်လိုသည်မှာ သင်တို့၏ကိုယ်ခန္ဓာကို ဘုရားသခင်နှစ်သက်တော်မူသည့် သန့်ရှင်း၍အသက်ရှင်သောယဇ်အဖြစ် ပူဇော်ကြလော့။ ဤသည်ကား သင်တို့ပြုအပ်သော ဝိညာဉ် ရေးဆိုင်ရာဝတ်ပြုခြင်းဖြစ်၏”(ရောမ ၁၂း၁)။
 

ကျွန်ုပ်တို့သည် ဘုရားသခင်ထံပေးရမည့် the New International Version (NIV)၌ “ဝိညာဥ်ရေးရာ ဝတ်ပြုကိုးကွယ်မှု” အဖြစ်ဘာသာပြန်ဆိုထားသော “နှစ်လိုဖွယ်သောဝတ်ပြုခြင်း”မှာ အ ဘယ်အရာ ဖြစ်သနည်း။ ဘုရားသခင်ထံ နှစ်လိုဖွယ်သောအ စေခံခြင်းမှာ ကိုယ်တော်၏ဖြောင့်မတ်သောလုပ်ငန်းကို လုပ်ဆောင် ရန် ကိုယ်တော့်ထံ မိမိကိုယ်ခန္ဓာကို ဆက်ကပ်ခြင်း ဖြစ်သည်။ ကျွန်ုပ် တို့သည် ကယ်တင်ခြင်းခံရကြသောကြောင့် ကျွန်ုပ်တို့သည် ဖြောင့် မတ်ခြင်းသတင်းကောင်းဟောပြောခြင်းအတွက် ဘုရားသခင်ထံ မိမိကိုယ်ခန္ဓာများကို တင်ပြ၍ ကိုယ်တော်လက်ခံနိုင်သော အရာကို လုပ်ဆောင်ရန် လိုအပ်ကြသည်။ ဘုရားသခင်ထံ ကျွန်ုပ်တို့ ပေးအပ် ရမည့် အကျိုးပေးကိုးကွယ်ခြင်းမှာ ကျွန်ုပ်တို့ကိုယ်ခန္ဓာများကို ကိုယ် တော့်ထံပေးအပ်ရန် သန့်ရှင်းစင်ကြယ်စေခြင်း ဖြစ်သည်။
အခန်းကြီး ၁၂ တွင် ရှင်ပေါလုက ဝိညာဉ်ရေးရာ ကိုးကွယ်ခြင်း သည်အဘယ်အရာဖြစ်သည်ကို ပြေထားသည်။ ၎င်းမှာ ဤလောက ကို လောကပုံသဏ္ဌာန်ကို မဆောင်ခြင်းဖြစ်သည်။ ကျွန်ုပ်တို့သည် ဘု ရားသခင်၏ကောင်းသော၊ ဝမ်းမြောက်စေသော ပြည့်စုံစေသောအ လိုတော်ကို အဘယ်အရာဖြစ်သည်ကို သက်သေထူနိုင်မည့်အ ကြောင်း ကျွန်ုပ်တို့စိတ်များကို အသစ်ပြုခြင်းခြင်းအားဖြင့် ပုံသွင်းပြု ပြင်ရကြမည် ဖြစ်သည်။
နှစ်လိုဖွယ်သောကိုးကွယ်ခြင်းမှာ ကျွန်ုပ်တို့ကိုယ်ခန္ဓာများနှင့် နှလုံးသားများကို ဘုရားသခင်ထံ ဆက်ကပ်ခြင်း ဖြစ်သည်။ ထို နောက် ဖြောင့်မတ်သူများသည် ဘုရားရှေ့တော်၌ ဤသို့သော ဘဝ မျိုးဖြင့် မည်သို့အသက်ရှင်နိုင်ကြမည်နည်း။ ကျွန်ုပ်တို့သည် လောကီ ပုံသဏ္ဌာန်ကို မဆောင်ဘဲ စိတ်နှလုံးသားများကို အသစ်ပြုပြင်ခြင်း အားဖြင့် ပုံသွင်းပြုပြင်ကာ ဘုရားသခင်၏ဖြောင့်မတ်ခြင်းအမှုများ အတွက် မိမိကိုယ်ခန္ဓာများကို ဆက်ကပ်သင့်သည်ဟု ရှင်ပေါလုက ပြောကြားသည်။ ကျွန်ုပ်တို့နှလုံးသားများနှင့်ကိုယ်ခန္ဓာများဆက်ကပ် စဉ် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ယုံကြည်ခြင်းသည် ဘုရားသ ခင်ထံ နှစ်လိုဖွယ်သောအစေခံခြင်း ဖြစ်သည်။
ဤကျမ်းချက်က ကျွန်ုပ်တို့သည် ဤလောကပုံသဏ္ထာန်ကို မ ဆောင်ကြဘဲ ဘုရားသခင်၏အမှုတော်အတွက် အစေခံကာ စိတ်နှ လုံးသားများအသစ်ပြုပြင်ခြင်းအားဖြင့် ပုံသွင်းပြုပြင်သင့်ကြသည်ဟု ပြောထားသောကြောင့် အလွန်အရေးကြီးသောကျမ်းချက် ဖြစ်သည်။
ကျွန်ုပ်တို့သည် နှလုံးသားများရှေ့ဉီးစွာ အသစ်ပြုပြင်ခြင်းမရှိဘဲ ဝိညာဉ်ရေးရာ ကိုးကွယ်ခြင်း မပြုနိုင်ကြပေ။ ဖြောင့်မတ်သောသူ များသည် ကိုယ်တော်၏ဖြောင့်မတ်ခြင်းယုံကြည်မှုကို ရပ်တန့်ခဲ့လျှင် သူတို့သည် မိမိကိုယ်ခန္ဓာများ သို့မဟုတ် နှလုံးသားများကို ဘုရားသ ခင်ထံ ဆက်ကပ်နိုင်မည်မဟုတ်ပေ။
ရှင်ပေါလု၏မျိုးဆက်၌ ဖြစ်ပျက်သကဲ့သို့ ကျွန်ုပ်တို့သည်လည်း ဤမျိုးဆက်များ၏လွှမ်းမှိုးမှုကို ခံရနိုင်ကြသည်။ ကျွန်ုပ်တို့သည် ဤ ဆိုးသွမ်းသောမျိုးဆက်များ၏ ဆိုးယုတ်သောခေတ်ရေစီးကြောင်း အ လယ်၌ အသက်ရှင်နေကြသောကြောင့် ကျွန်ုပ်တို့သည် ဘုရားသခင် ၏ဖြောင့်မတ်ခြင်းကို ယုံကြည်ခြင်းမရှိကြလျှင် ကျွန်ုပ်တို့သည် ဤ ခေတ်ကာလ၏နောက်သို့ မလွဲမသွေ လိုက်လျှောက်ကြလိမ့်မည်။ ဘု ရားသခင်၏ဖြောင့်မတ်ခြင်းကို ယုံကြည်သော ဖြောင့်မတ်သူများ သည် လောကလူသားများနှင့် အသက်ရှင်နေကြသောကြောင့် သူတို့ သည် လောကခေတ်ရေစီးကြောင်း၏ လွှမ်းမိုးမှုကို လုံးဝ ရှောင်ကြဉ် နိုင်ကြမည် မဟုတ်ပေ။ ဤအကြောင်းကြောင့် သမ္မာကျမ်းစာက ဤ လောကပုံသဏ္ဌာန်ကို မ‌ဆောင်ကြရန် ပြောနေရခြင်း ဖြစ်သည်။
ထိုနောက် ဖြောင့်မတ်သူများသည် ဤလောကသို့ ပြဌာန်းနေ ကြသောအခါ သူတို့၏နှလုံးသားများနှင့် ကိုယ်ခန္ဓာများဖြင့် ဘုရားသ ခင်ထံ နှစ်လိုဖွယ်သောကိုးကွယ်ခြင်း၊ သန့်ရှင်းသောယဇ်ပူဇော်ခြင်း ကို မည်သို့ ပြုနိုင်ကြမည်နည်း။ ကျွန်ုပ်တို့၏စိတ်နှလုံးများကို အစဉ် မပြတ် အသစ်ဖြစ်စေသော ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို ယုံကြည်ခြင်းအားဖြင့်သာလျှင် ဤအရာဖြစ်နိုင်သည်။ ဖြောင့်မတ်သူ များသည် ကိုယ်တော်၏ဖြောင့်မတ်ခြင်းအားဖြင့် မိမိစိတ်များကို အ သစ်ဖြစ်စေ၍ ပုံသွင်းပြုပြင်သောအခါ သူတို့သည် ဘုရားသခင်၏ ကောင်းမြတ်၍ ပြည့်စုံသောအလိုတော်ကို သိကာ လိုက်လျှောက်နိုင် ကြမည် ဖြစ်သည်။
ရှင်ပေါလုသည် လောကအရာများကို လျစ်လျူရှုသောကြောင့် ဤအရာများ ပြောကြားနေခြင်း မဟုတ်ပေ။ သူသည် ပတ်ဝန်းကျင် အခြေအနေများနှင့် စွမ်းရည်များကို လျစ်လျူရှု၍ “ကောင်းမှုကုသိုလ် ပြုကြပါစို့”ဟု ပြောခြင်းအားဖြင့် ယုံကြည်သူများအား ဘာသာရေး သင်ခန်းစာများ ပေးအပ်ခြင်းလည်းမဟုတ်ပေ။ ဘုရားသခင်ကို အ စေခံရန် ကျွန်ုပ်တို့နှလုံးသားများအသစ်ဖြစ်စေမည့်အကြောင့် ကျွန်ုပ် တို့အား ရှင်ပေါလုခွန်အားပေးခြင်းမှာ ယုံကြည်သူများသည် ဤ လောက၏လမ်းများအားဖြင့် လမ်းလွှဲချော်နိုင်ကြသည်ကို သူက ကောင်းမွန်စွာ သိသောကြောင့် ဖြစ်သည်။
ဒုတိယမွေးဖွားခြင်းခံရသောသူများဖြစ်စေ၊ မခံရသေးသောသူ များဖြစ်စေ ကိုယ်ခန္ဂာများသည် တစ်ဉီးနှင့်တစ်ဉီး ခြားနားမှုမရှိကြ ပေ။ သို့သော် ဒုတိယမွေးဖွားခြင်းခံရသူများနှင့် ဒုတိယမွေးဖွားခြင်းမ ခံရသေးသောသူများအကြား ကြီးမားသောခြားနားမှုတစ်ခုရှိသည်။ ၎င်းမျာ ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ယုံကြည်ခြင်း ဖြစ်သည်။ ဖြောင့်မတ်သူများသည် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို ယုံ ကြည်ကြသောအခါမှသာလျှင် သူတို့သည် မိမိစိတ်များကို အမြဲတမ်း အသစ်ပြုပြင်ခြင်းအားဖြင့် ကိုယ်တော်၏အလိုတော်နှင့်အညီ အ သက်ရှင်နိုင်ကြမည် ဖြစ်သည်။
ထိုနောက် မည်သည့်အရာသည် ကျွန်ုပ်တို့နှလုံးသားများကို အ သစ်ဖြစ်စေနိုင်သနည်း။ အပြစ်မှ လုံးဝလွှတ်မြောက်သည်ဟု ကြွေး ကြော်သော သတင်းကောင်းနှုတ်ကပတ်တော်ကို ယုံကြည်ခြင်းသည် ကျွန်ုပ်တို့နှလုံးသားများကို အသစ်ဖြစ်စေသောအရာ ဖြစ်သည်။ ကျွန်ုပ်တို့အသွေးအသား၏အားနည်းချက်များနှင့် မစွမ်းဆောင်နိုင် ခြင်းဖြင့် ကျွန်ုပ်တို့သည် ကိုယ်ခန္ဂာများနှင့် စိတ်များဖြင့် ကျူးလွန်ခဲ့ ကြသော အပြစ်များအားလုံးကို ကိုယ်တော်သည် ခွင့်လွှတ်တော်မူခဲ့ သည်။ ကိုယ်တော်သည် ဗတ္တိဇံနှင့် ကားတိုင်ပေါ်တွင် အသွေးတော် အားဖြင့် လောကအပြစ်များအားလုံးကို ခွင့်လွှတ်တော်မူခဲ့သော ကြောင့် ဖြောင့်မတ်သူများ၏စိတ်များ၏စိတ်များသည် အသစ်ပြုပြင် နိုင်ကြခြင်းဖြစ်သည်။ တစ်နည်းအားဖြင့် ကျွန်ုပ်တို့သည် ဘုရားသခင် ၏ဖြောင့်မတ်ခြင်းကို ယုံကြည်ခဲ့ကြသောကြောင့် ကျွန်ုပ်တို့စိတ်များ သည် အသစ်ပြုပြင်ခြင်းခံရကြသည်။
ယခုတွင် ကျွန်ုပ်တို့သည် ဘုရားရှေ့တော်၌ မည်သည့်အရာ လုပ်ရကြသည်ကို မှန်ကန်သောအသိပညာရှိရန် လိုအပ်ကြသည်။ ကိုယ်တော်၏ပြည့်စုံသောအလိုတော်မှာ အဘယ်အရာဖြစ်သည်ကို လည်းကောင်း၊ ကိုယ်တော်သည် ကျွန်ုပ်တို့ထံမှ အဘယ်အရာလိုအပ် တော်မူသည်ကိုလည်းကောင်း၊ ကိုယ်တော်သည် ကျွန်ုပ်တို့သည် မည်သည့်သာသနာလုပ်ငန်းပေးအပ်တော်မူခဲ့သည်ကိုလည်းကောင်း၊ ဒုတိယမွေးဖွားခြင်းခံရသောဖြောင့်မတ်သူများသည် အဘယ်အရာကို လုပ်ဆောင်ရကြမည်ကိုလည်းကောင်း ကျွန်ုပ်တို့သည် ပိုင်းခြားတတ် ရကြမည် ဖြစ်သည်။ ကျွန်ုပ်တို့သည် ဤနယ်ပယ်များ၌ နှလုံးသား များအပြစ်ပြုပြင်၍ ကိုယ်တော်ကို အစေခံရကြမည် ဖြစ်သည်။ ဘု ရားသခင်၏အလိုတော်မှာ ကျွန်ုပ်တို့ကိုယ်ခန္ဂာများနှင့်စိတ်များကို ဆက်ကပ်၍ ကိုယ်တော်အတွက် သန့်ရှင်းသောယဇ်ကောင်များအ ဖြစ် မိမိကိုယ်ကိုကိုယ် ဆက်ကပ်ခြင်း ဖြစ်သည်။ ကျွန်ုပ်တို့သည် မိမိ စိတ်များကို အသစ်ပြုပြင်ကြသောအခါ ကျွန်ုပ်တို့သည် မိမိကိုယ်ကို ကိုယ် ယဇ်ကောင်များအဖြစ် ကိုယ်တော်ထံ ပေးဆပ်နိုင်ကြသည်။ ကျွန်ုပ်တို့စိတ်များအပြစ်ပြုပြင်ခြင်းများသည် ဘုရားသခင်က ကျွန်ုပ် တို့အပြစ်များအားလုံး ယူဆောင်သွားတော်မူခဲ့သည်ဟု ယုံကြည် ခြင်းမှ လာသည်။
ဒုတိယမွေးဖွားခြင်းခံရသူများနှင့် မခံရသူများအကြားခြားနားမှု ရှိသည်။ ဖြောင့်မတ်သူများသာလျှင် ဘုရားသခင်၏ဖြောင့်မတ်ခြင်း ကို ယုံကြည်ခြင်းအားဖြင့် သူတို့၏စိတ်များကို အသစ်ပြုပြင်နိုင်ကြ သည်။ ကျွန်ုပ်တို့ ဖြောင့်မတ်သူများသည် မိမိနှလုံးသားများကို ဆေး ကြော၍ အသစ်ပြုပြင်ခြင်းနှင့် အသွေးအသားတပ်မက်မှု လောကအ ရာများငြင်းပယ်ခြင်း၍ ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်ကို ဝမ်း မြောက်စေတော်မူသောအရာများကို အမြဲတမ်းလုပ်ဆောင်နိုင်ကြ သည်။ ဖြောင့်မတ်သူများသည် မိမိနှလုံးသားများကို အသစ်ပြုပြင်၍ ကိုယ်တော်ကို အမြဲတမ်းအစေခံကာ ကိုယ်တော်နှင့်အတူ လျှောက် လှမ်းကြသောကြောင့် သူတို့သည် အပြစ်များနှင့် ခြားနားသည်။
 


သင်သည် ယုံကြည်ခြင်းအားဖြင့် နှလုံးသားအသစ်ပြုပြင် ရမည် ဖြစ်သည်


တီဗီပေါ်တွင် နာမည်ကြီးများစွာ ရှိကြသည်။ ဤလောကလူ သားများသည် ဤနာမည်ကြီးများ၏ စတိုင်များနှင့်ဖက်ရှင်များကို အ တုခိုးရန် ကြိုးစား၍ အလုပ်ရှုပ်ကြသည်။ ကျွန်ုပ်တို့သည် တီဗီကြည့် ခြင်းအားဖြင့် နောက်ဆုံးခေတ်ရေစီးကြောင်းကို လွယ်ကူစွာ သိနိုင် ကြသည်။ ကျွန်ုပ်တို့သည် အဝေးထိန်းစနစ်ဖြင့် ကမ္ဘာကို ဖွင့်နိုင်ကြ သည်။ သင်၏ဘဝသည် ဤလောကပုံသဏ္ဌာန်ကို ဆောင်သလော။
ဤလောကသည် တဟုန်ထိုး ပြောင်းလဲသည်ဟု ကျွန်တော်ခံ စားသည်။ ကျွန်ုပ်တို့သည် ယခုတွင် ဘီလ်များဆောင်ထားကြသော် လည်း ကျွန်ုပ်တို့သည် လျှပ်စစ်ငွေနှင့် လျှပ်စစ်ကတ်များကို အမှန်အ ကန် ယူဆောင်ကြသည်။ ဤလျှပ်စစ်ကတ်များပျောက်ဆုံးခြင်းက စိတ်အနှောင့်အယှက်ဖြစ်လျှင် ကျွန်ုပ်တို့သည် ပို၍ အဆင်ပြေချော မွေ့စေရန်အတွက် မိမိလက်များ သို့မဟုတ် နဖူးများပေါ်တွင် ဘား ကုတ်များကို ရရှိရန် မှတ်ထားရကြမည် ဖြစ်သည်။ ထိုအချိန်တွင် သ ဘာဝဘေးအန္တရာယ်များရှိလိမ့်မည်ဟု ကျွန်တော်ယူဆမိသည်။ ကျွန်ုပ်တို့စိတ်များသည် အပြစ်ပြုပြင်ခြင်းနှင့် ဤသို့သောအချိန်မ ရောက်မီ ဘုရားသခင်၏သတင်းကောင်းကို ဟောပြောခြင်းအားဖြင့် မိမိနှလုံးသားများကို ချထားကြပါစို့။ သို့မှသာလျှင် ကျွန်ုပ်တို့ဖြောင့် မတ်သူများသည် ဤလောကပုံသဏ္ဌာန်ကို ဆောင်မည်မဟုတ်ပေ။
ကျွန်တော်နိုးထသည့်အခါတိုင်းတွင် ဘုရားသခင်ကို အစေခံ ခြင်းကြောင်း ကျွန်တော်တွေးသည်။ ကျွန်ုပ်တို့လက်များနှင့်နဖူးများ ပေါ်တွင် ဘားကုတ်များထားရမည့်အချိန်ရောက်လာသောအခါ ကိုယ်တော်၏နှုတ်ကပတ်တော်သည် ဟောပြောနိုင်ရန် ဖြစ်နိုင်မည် မဟုတ်သောကြောင့် ယခုတွင် ကိုယ်တော်၏ဖြောင့်မတ်ခြင်းပါဝင် သော သတင်းကောင်းကို ကျွန်တော် အားရဝမ်းမြောက်စွာ ဟော ကြားရန် ဆန္ဒရှိသည်။ ကျွန်တော်သည် ဘုရားသခင်၏အလိုတော်ကို လိုက်လျှောက်ရန် မရပ်စတမ်း လုပ်ဆောင်နေသည်။ ကျွန်တော် လုံး ဝမလုပ်ဆောင်နိုင်သောအချိန်ရောက်လာသည့်အခါမှသာလျှင် ကျွန် တော် အနားယူနိုင်လိမ့်မည်။ ထိုအချိန်ရောက်လာသောအခါ ကျွန် တော်သည် မိမိပစ္စည်းဥစ္စာများအားလုံးကို ဆင်းရဲသားများထံ ပေး အုပ်နိုင်မည် ဖြစ်သည်။
သို့သော် ယခုတွင် ကျွန်တော်သည် ဘုရားသခင်၏အလိုတော် ကိုသာ လိုက်လျှောက်နိုင်၍ သီးခြားထားရှိကာ လောကပုံသဏ္ဌာန် ကို မဆောင်ရပေ။ ရှင်ပေါလုဟောပြောသော သတင်းကောင်းအား ဖြင့် ကယ်တင်ခြင်းခံရသောသူ ရောမမြို့တွင်ရှိသော ဖြောင့်မတ်သူ များစွာတို့သည် အချိန်ကြာလာသည်နှင့်အမျှ လောကပုံဏ္ဌာန်ကို ဆောင်ကြ၍ ကိုယ်တော်ထံမှ လမ်းလွှဲခဲ့ကြသည်။ ကျွန်ုပ်တို့သည် သူ တို့၏ခြေရာများနောက်သို့ မလိုက်လျှောက်ရန် သတိပြုရကြမည် ဖြစ်သည်။ 
ရောမမြို့၌ ယုံကြည်သူများသည် လောကပုံဏ္ဌာန်ကို ဆောင် ကြသောအခါ ရှင်ပေါလုသည် စိုးရိမ်စိတ်ကြောင့် ဤကျမ်းချက်ကို ရေးသားခဲ့ခြင်း ဖြစ်သည်။ “သင်ရဲ့ကိုယ်ခန္ဓာများသည် ဤလောက ပုံ သဏ္ဌာန်ကို ဆောင်ကြတယ်။ သို့သော် သင်လုပ်ဆောင်နိုင်သော မြင့် မြတ်သောအရာတစ်ခုရှိတယ်။ သင်ရဲ့စိတ်ကို အသစ်ပြုပြင်ပါ။ ကိုယ် တော်သည် သင်ရဲ့အပြစ်များအားလုံးကို ရွေးနှုတ်တော်မူခဲ့သည်မ ဟုတ်လား။ ဘုရားသခင်၏ဖြောင့်မတ်ခြင်းသတင်းကောင်းကို သတိ ရ၍ ကိုယ်တော်ကို ဝမ်းမြောက်စေတော်မူသောအရာများကို စဉ်းစား ပါ။ သင်၏စိတ်များကို အသစ်ပြုပြင်၍ ဇာတိစိတ်များမဟုတ်၊ ဝိ ညာဉ်ရေးရာ စဉ်းစားခြင်းအားဖြင့် ကောင်း၍ လက်ခံဖွယ်သော အ ကျင့်များကို လုပ်ပါ။” ဤအရာသည် ယနေ့ကျွန်ုပ်တို့အပေါ် ဖြစ်စေ၊ ရောမမြို့၌ယုံကြည်သူများအပေါ် ရှင်ပေါလု အကြံပြုခဲ့သောအရာ များ ဖြစ်သည်။
ကျွန်ုပ်တို့သည် ဤလောကပုံသဏ္ဌာန်ကို အပြင်ပန်းသဏ္ဌာန် အားဖြင့် မဆောင်ဟန်တူကြသော်လည်း ကျွန်ုပ်တို့သည် ပုံဆောင် ကြသည်။ သို့သော်လည်း ကျွန်ုပ်တို့သည် မိမိစိတ်များကို အသစ်ပြု ပြင်ခြင်းအားဖြင့် ကိုယ်တော်ကို အစေခံနိုင်ကြသေးသည်။ ကျွန်ုပ်တို့ သည် မိမိအားနည်းချက်ကြောင့် လောကီပုံသဏ္ဌာန်ကို မဆောင်ရန် ခက်ခဲသည်ဟု သိကြသော်လည်း ကိုယ်တော်သည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းအားဖြင့် ကျွန်ုပ်တို့အပြစ်များအားလုံးကို ယူဆောင် သွားတော်မူခဲ့သည်ဟု ကျွန်ုပ်တို့ယုံကြည်ကြသေးသည်။ ဤအ ကြောင်းကြောင့် ကျွန်ုပ်တို့သည် ကိုယ်တော်၏ဖြောင့်မတ်ခြင်းကို ယုံ ကြည်ခြင်းအားဖြင့် ဘုရားသခင်၏ဖြောင့်မတ်ခြင်းအမှုများကို အမြဲ တမ်းအစေခံနိုင်ကြခြင်း ဖြစ်သည်။ ကျွန်ုပ်တို့သည် ကိုယ်တော်ကို ယုံ ကြည်ခြင်းအားဖြင့် ဘုရားသခင်၏ကောင်းမြတ်၍ ယုံကြည်စုံသော အလိုတော်ကို လုံးလုံးလျားလျား လိုက်လျှောက်နိုင်ကြသည်။
ကျွန်ုပ်တို့သည် အချိန်တိုင်း မိမိစိတ်များကို အသစ်ပြုပြင်ရကြ မည် ဖြစ်သည်။ ဤလောကသို့ သေသူများ ဖြောင့်မတ်သူများသည် လောကလူသားများထက် ပို၍ စင်ကြယ်ကြသောကြောင့် သူတို့သည် မှားယွင်းသောအတွေးအခေါ်များ၊ စိတ်များနှင့် ကိုယ်ခန္ဓာများကို လောကလူများထက်ပို၍ အသစ်ပြုပြင်ရန် ပို၍စွန့်စားရကြမည် ဖြစ် သည်။ ဤအကြောင်းကြောင့် ကျွန်ုပ်တို့သည် ဘုရားသခင်၏ဖြောင့် မတ်ခြင်းကို ယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့နှလုံးသားများကို အစဉ် မပြတ် စောင့်ရှောက်ရကြခြင်း ဖြစ်သည်။
ခရစ်တော်သည် ကျွန်ုပ်တို့အပြစ်များအားလုံးကို ယူဆောင် သွားတော်မူခဲ့သောကြောင့် ကျွန်ုပ်တို့ယုံကြည်ခြင်းသည် ပြည့်စုံသည် ဟူသောအချက်ကို မိမိကိုယ်ကိုကိုယ် သေခြာစွာသိခြင်းအားဖြင့် ယုံ ကြည်ခြင်း၌ မားမားမတ်မတ် ရပ်တည်ရန်သာ လိုအပ်ကြသည်။ ကိုယ်တော်သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းအားဖြင့် သင်၏အ ပြစ်များအားလုံးကို ယူဆောင်သွားတော်မူခဲ့သည်ဟု သင်ယုံကြည်သ လော။ သင်သည် ယုံကြည်လျှင် ကိုယ်တော်သည် သင်၏အပြစ်များ ကြောင့် တရားစီရင်ခြင်းနှင့် ပြစ်ဒဏ်များအားလုံးကို သင့်ထံမှ ယူ ဆောင်သွားတော်မူခဲ့သောကြောင့် သင်သည် အတိတ်က မဖြောင့် မတ်ခြင်းအားလုံးကို လျစ်လျူရှု၍ ယုံကြည်ခြင်းအားဖြင့် ကိုယ်တော် ၏အမှုများကို လုပ်ဆောင်နိုင်သည်။
ကျွန်ုပ်တို့သည် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို ယုံ ကြည်ခြင်းအားဖြင့် မိမိစိတ်များကို အသစ်ပြုပြင်ရကြမည် ဖြစ်သည်။ ဤအရာသည် အလွန်အရေးကြီးသည်။ ကျွန်ုပ်တို့သည် ဤနောက် ဆုံးသောကာလ၌ ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို ယုံကြည် ခြင်းအားဖြင့် မိမိစိတ်များကို အသစ်မပြုပြင်ကြလျှင် ကျွန်ုပ်တို့အား လုံးသည် အသင်းတော်ကို အမှန်အကန် စွန့်လွှတ်၍ သေကြလိမ့်မည် ဖြစ်သည်။
အသစ်ပြုပြင်သောယုံကြည်ခြင်းအသက်တာအားဖြင့် အစဉ်မ ပြတ်အသက်ရှင်ခြင်းမှာ တောင်ထိပ်သို့ စက်ဘီးစီးနင်းခြင်းနှင့်တူ သည်။ လူတစ်ဉီး၏စိတ်ကို အသစ်မပြုပြင်ခြင်းမှာ တောင်ထိပ်လမ်း ပေါ်မှာ ရပ်တန့်ခြင်းနှင့် ခြေနင်းမဖိနင်းခြင်းနှင့်တူသည်။ သင်သည် ခြေနင်းကို မနင်းလျှင် သင်၏ရပ်တန်ရုံမက သင်သည် နောက်သို့ ပြန် ဆုတ်၍ တောင်အောက်သို့ လျှောကျနိုင်သည်။
ဘုရားသခင်၏ဖြောင့်မတ်ခြင်းယုံကြည်ခြင်းသည်လည်း ဤနိ ယာမအတိုင်း ဖြစ်သည်။ ကျွန်ုပ်တို့သည် တောင်ထိပ်သို့ စက်ဘီးစီး နင်းနေကြသည်။ ကျွန်ုပ်တို့၏ခွန်အားနှင့် ဆန္ဒအားဖြင့် တောင်ထိပ် သို့ရောက်ရန် အလွန်ခက်ခဲသည်။ ကျွန်ုပ်တို့သည် ဇာတိအသွေးအ သားဖြင့် အသက်ရှင်နေသေးသောကြောင့် ဘုရားသခင်၏ဖြောင့်မတ် ခြင်းကို ခိုင်ခံစွာ ဆုပ်ကိုင်ရန် လိုအပ်ကြသည်။ ဇာတိအသွေးအသား တွေးခေါ်မှုများမပါဘဲ အချိန်အခိုက်အတန့်မဖြတ်သန်းနိုင်ပေ။
ကျွန်ုပ်တို့သည် မိမိခွန်အားဖြင့် ပြေးကြသည့်အချိန်တိုင်းတွင် ဇာတိအသွေးအသား၌ ကျွန်ုပ်တို့ဆန္ဒမှာ အလွယ်တကူ အရှုံးပေး စွန့် လွှတ်ရန် သင့်တော်သည်။ “ငါက ဒီအရာကို မလုပ်နိုင်ပါ။ ငါက ဤ အရာနှင့်မသင့်တော်ပါ။ ငါ့ ဆန္ဒတန်ခိုးမှာ အလွန်အားနည်းတယ်။ သို့ သော် ညီအစ်ကို၏ဆန္ဒတန်ခိုးမှာ အမှန်အကန် အားသန်တယ်။ ငါ့ မှာ တန်ခိုးမရှိပေ။ သို့သော် ညီမသည် ကြီးသောတန်ခိုးရှိတယ်။ ငါက ညီအစ်ကိုမောင်နှမများနှင့် နှိုင်းယှဉ်သောအခါ အလွန်အားနည်း တယ်။သူတို့သည် ဘုရားသခင်ကို အစေခံရန် သင့်တော်ဟန်တူ တယ်။ သို့သော် ကျွန်တော်မသင့်တော်ပါ။” ဘုရားသခင်၏ဖြောင့် မတ်ခြင်းကို မယုံကြည်ဘဲ မဆုပ်ကိုင်သောသူများသည် ခြေနင်းကို မနင်းတော့ဘဲ တောင်အောက်သို့ အမှန်အကန် လျှောကျလိမ့်မည်။
ဤအရာသည် လူအနည်းငယ်နှင့်သာ သက်ဆိုင်သလော။ မ ဟုတ်ပေ။ ဤအရာသည် လူတိုင်းအတွက် အသုံးချသည်။ ကောင်း မွန်သောတတ်ကျွမ်းသောစက်ဘီးစီးတတ်သူများသည် တောင်ထိပ် သို့ စီးနိုင်သော်လည်း အားနည်းသူတစ်ဉီးသည် အခက်အခဲနှင့် ရင် ဆိုင်ရလိမ့်မည်။ သို့သော် ဖြောင့်မတ်သူများအတွက် ပြဿနာမှာ သူ တို့၏ကိုယ်ကာယအစွမ်းအစ၌ မတည်ပေ။ ရေနှင့်ဝိညာဉ်တော်သ တင်းကောင်းအပေါ် သူတို့၏ မားမားမတ်မတ်ဆုပ်ကိုင်မျုပေါ်၌သာ မူတည်သည်။ ကိုယ်ကာယခွန်အားဖြင့်သာလျှင် ဝိညာဉ်ရေးရာအ ထွတ်အထိပ်သို့ ရောက်နိုင်ရန် မဖြစ်နိုင်ပေ။ ကိုယ်ကာယ အားနည်း ခြင်း သို့မဟုတ် အားသန်ခြင်းများသည် ဘာမျှ အကျိုးမပြုပေ။
လူတစ်ဉီးသည် သန်မာသောဆန္ဒတန်ခိုးရှိသောကြောင့် သူ သည် ယုံကြည်ခြင်းအသက်တာအားဖြင့် အသက်ရှင်နိုင်မည်မဟုတ် သည်ကို သတိရပါ။ သင်သည် သူတပါးနှင့်မိမိကိုယ်ကိုကိုယ် နှိုင်း ယှဉ်၍ ခွန်အားချည့်မနည်းရပေ။ ဘုရားသခင်၏ဖြောင့်မတ်ခြင်းတစ် ခုတည်းကိုသာ ဆုပ်ကိုင်ပါ။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ဖြောင့် မတ်ခြင်းကို ယုံကြည်ခြင်းအားဖြင့် မိမိစိတ်များကို မရပ်မနား အသစ် ပြုပြင်ကြခြင်းအားဖြင့် ကိုယ်တော်သည် ကျွန်ုပ်တို့ကို ဆွဲထုတ်တော် မူလိမ့်မည်။ ကျွန်ုပ်တို့ရရှိခဲ့သော ကယ်တင်ခြင်းသတင်းကောင်းသည် ကျွန်ုပ်တို့နှလုံးသားများ၌ စိုက်ပျိုးလိမ့်မည်။ ကျွန်ုပ်တို့သည် မိမိနှ လုံးသားများကို နေ့တိုင်းဆန်းစစ်လျှင် ကိုယ်တော်သည် ကျွန်ုပ်တို့ကို ဆုပ်ကိုင်တော်မူလိမ့်မည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ဖြောင့်မတ် ခြင်းကို ယုံကြည်ခြင်းနှင့် ကိုယ်တော်၏အမှုကို လုပ်ဆောင်ခြင်းအား ဖြင့် မစင်ကြယ်သောစိတ်များကို ဆေးကြောရကြမည် ဖြစ်သည်။
ကျွန်ုပ်တို့စိတ်များကို အသစ်ပြုပြင်ခြင်းအားဖြင့် ကိုယ်တော်ကို အစေခံစေခဲ့သော ကိုယ်တော်၏ကျေးဇူး‌တော်အတွက် ဘုရားသခင် ကို ကျွန်တော်ကျေးဇူးတင်သည်။ ဘုရားသခင်သည် ကျွန်ုပ်တို့စိတ် များကို အသစ်ပြုပြင်စေတော်မူခြင်းအားဖြင့် ကျွန်ုပ်တို့သည် ယုံ ကြည်ခြင်းအားဖြင့် ကိုယ်တော်ရှေ့၌ အမြဲတမ်းပြေးနိုင်ရန် ကိုယ် တော်ခွင့်ပြုတော်မူခဲ့သည်။
 


ငါ၌ ကောင်းသောအရာတစ်ခုမျှ မကိန်းဝပ်သည်ကို ငါသိသည်


‌ရောမ ၇း၁၈ တွင် ရှင်ပေါလုက “သို့ဖြစ်လျှင် ထိုအရာကိုပြုသောသူမှာ ငါမဟုတ်တော့ဘဲ ငါ့အထဲ၌ကိန်းအောင်းနေသော အပြစ်ပင်ဖြစ်၏”ဟု ပြောခဲ့သည်။ ရှင်ပေါလုက မိမိအသွေးအသား၌ ကောင်းသောအရာတစ်စုံတစ်ခုမျှ မရှိခဲ့သည်ကို ကောင်းမွန်စွာ သိခဲ့ သည်ဟု ပြောခဲ့သည်။ ဇာတိအသွေးအသား၌ မည်သည့်ကောင်းမှုကို မကိန်းဝပ်ခြင်းမှာ စည်းကမ်းချက်ဖြစ်သည်။
ရှင်ပေါလုက မိမိဇာတိအသွေးအသား၌ မည်သည့်ကောင်းမှု တစ်စုံတစ်ခုမျှ မကိန်းဝပ်သည်ဟု အသိအမှတ်ပြုခဲ့သည်။ သူသည် ပ ညတ်တော်ကို မည်မျှချစ်ခဲ့သည်ဖြစ်ပါစေ၊ ပညတ်တော်အားဖြင့် အ သက်ရှင်ရန် မည်မျှ ကြိုးပမ်းနေပါစေ၊ သူသည် မလုပ်နိုင်ခဲ့သည်ကို သူသိခဲ့သည်။ နှလုံးသားသည် ကိုယ်တော်ကို လိုက်လျှောက်ရန် အ သစ်ပြုပြင်လိုခဲ့သော်လည်း ဇာတိအသွေးအသားသည် ဝိညာဉ်ရေးရာ စစ်ပွဲများမှ အဆက်မပြတ် ဆုပ်ခွာသွားလိုသည်။ 
ထိုကြောင့် ရှင်ပေါလုက ရောမ ၇း၂၁-၂၄ တွင် ဤသို့ ညည်း တွားခြင်း ဖြစ်သည်။ “သို့ဖြစ်၍ ကောင်းသောအမှုကိုပြုလိုသောငါ၌ မကောင်းသောအမှုရှိနေသည်ဟူသောသဘောတရားကို ငါတွေ့၏။ တစ်နည်းဆိုသော် ငါသည် အတွင်းဝိညာဉ်လူအားဖြင့် ဘုရားသခင်၏တရားတော်၌ နှစ်သက်ဝမ်းမြောက်လျက်ရှိသော်လည်း ငါ၏ကိုယ် အင်္ဂါများ၌ အခြားသောတရားရှိ၍ ၎င်းတို့သည် ငါ့စိတ်နှလုံး၏တရားနှင့် တိုက်ခိုက်လျက်နေသဖြင့် ငါ၏ကိုယ်အင်္ဂါများ၌ရှိသည့် အပြစ်နှင့်ဆိုင်သောတရားအားဖြင့် ငါ့ကိုဖမ်းဆီးချုပ်နှောင်ထားသည်ကို ငါမြင်၏။ငါသည် အလွန်စိတ်ပျက်ဖွယ်ကောင်းသောသူဖြစ်ပေ၏။ မည် သူသည် သေခြင်းနှင့်ဆိုင်သော ဤကိုယ်ခန္ဓာမှ ငါ့ကို ကယ်နုတ်မည်နည်း။”
ရှင်ပေါလုက မိမိကိုယ်ခန္ဓာကို မည်သို့ သတ်မှတ်ခဲ့သနည်း။ သူ က “အသေကောင်” အဖြစ် သတ်မှတ်ခဲ့သည်။ သင်၏ကိုယ်ခန္ဓာ သည် အဘယ်သို့နည်း။ အသေကောင် ဖြစ်သည် မဟုတ်လော။ ဟုတ်ပါသည်။ ကိုယ်ခန္ဓာသည် အသေကောင် ဖြစ်သည်။ ကိုယ်ခန္ဓာ သည် အပြစ်ကျူးလွန်ရန် ဆန္ဒသာရှိ၍ အပြစ်ရှိသောနေရာသို့ သွား သည်။ “သို့သော် ငါတို့၏သခင်ယေရှုခရစ်တော်အားဖြင့် ဘုရားသခင်၏ကျေးဇူးတော်ကိုချီးမွမ်း၏။ ဤသို့ဖြင့် ငါသည် မိမိစိတ်နှလုံးအားဖြင့် ဘုရားသခင်၏တရားတော်ကို အစေခံလျက်ရှိသော်လည်း သွေးသားဇာတိအားဖြင့် အပြစ်နှင့်ဆိုင်သောတရားကို အစေခံလျက်ရှိ၏” (ရောမ ၇း၂၅)။
ရှင်ပေါလုက ပညတ်နှစ်ပါးရှိသည်ဟု ထောက်ပြသည်။ ပထမ အချက်မှာ အသွေးအသားနှင့်စပ်ဆိုင်သောပညတ် ဖြစ်သည်။ ၎င်း သည် အသွေးအသား၏ဆန္ဒများကိုသာ လိုက်လျှောက်ရန် ရှာဖွေ၍ ဘုရားသခင်ကို ဝမ်းမြောက်စေတော်မူသောအရာများနှင့် လုံးဝ ဆန့် ကျင်သော အသွေးအသားဆိုင်ရာ တွေးခေါ်မှုများ၌ ကိန်းဝပ်သည်။
ဒုတိယအချက်မှာ အသက်ဝိညာဉ်၏တရား ဖြစ်သည်။ ဝိညာဉ် တော်၏တရားမှာ ဘုရားသခင်လိုက်လျှောက်စေလိုသော မှန်ကန် သောလမ်းသို့ ကျွန်ုပ်တို့ကို လမ်းပြရန် အလိုတော်ရှိသည်။ ဝိညာဉ် တော်၏တရားသည် ဇာတိပကတိ၏တရားနှင့် ဆန့်ကျင်သောအရာ ဖြစ်သည်။ ကျွန်ုပ်တို့ ခရစ်ယာန်များသည် ဤအရာနှစ်ခုအကြားတွင် ဖမ်းခြင်းခံရကြ၍ မည်သည့်နေရာသို့ သွားရမည်ကို ဆုံးဖြတ်ရန် ကြိုး စားကြသည်။
တစ်ခါတစ်ရံ ကျွန်ုပ်တို့သည် ဇာတိပကတိ၏အလိုသို့ လိုက် လျှောက်တတ်ကြသည်။ သို့သော် ကျွန်ုပ်တို့သည် မိမိစိတ်များကို အ သစ်ပြုပြင်ကြသောအခါ ကျွန်ုပ်တို့သည် ဝိညာဉ်တော်အားဖြင့် ဘု ရားသခင်၏လုပ်ငန်းကို လုပ်ဆောင်ရန် ဆန္ဒရှိကြ၍ လိုက်လျှောက် ကြသည်။ ကျွန်ုပ်တို့သည် ဤသို့လုပ်ရခြင်းအကြောင်းမှာ ကျွန်ုပ်တို့ သည် မိမိကိုယ်ခန္ဓာများကို ဘုရားသခင်ထံ ယဇ်ကောင်များအဖြစ် ဆက်ကပ်ပြီးနောက် ဇာတိပကတိအရာများကို ချက်ချင်း လုပ် ဆောင်တတ်ကြသည်။ ထိုသို့လုပ်ဆောင်ရခြင်းမှာ ကျွန်ုပ်တို့အားလုံး သည် ဇာတိပကတိအသွေးအသားရှိကြသောကြောင့် ဖြစ်သည်။ ကျွန်ုပ်တို့သည် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် မိမိစိတ်များကို အမြဲတမ်းအသစ်ပြုပြင်ရကြမည် ဖြစ်သည်။
ကျွန်ုပ်တို့သည် ကယ်တင်ခြင်းခံရကြသော်လည်း ဇာတိအသွေး အသား၌ ရှိနေကြသေးသောကြောင့် ကျွန်ုပ်တို့သည် ဤလောကပုံ သဏ္ဌာန်ကို လွယ်ကူစွာ ဆောင်တတ်ကြသည်။ ဤလောကတွင် ရှိ သောလူသားအားလုံးသည် ‌လောကပုံသဏ္ဌာန်ကို ဆာင်၍ အသက် ရှင်နေကြသောကြောင့် ကျွန်ုပ်တို့သည် လောကအရာများ၏လွှမ်းမိုး မှုကို လွယ်ကူစွာ ခံစားရကြသည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ နောက်တော်သို့ လိုက်လျှောက်နိုင်သော နည်းလမ်းတစ်ခုတည်းသာ ရှိ၍ ၎င်းမှာ ကျွန်ုပ်တို့စိတ်များ အသစ်ပြုပြင်ခြင်း ဖြစ်သည်။ ကျွန်ုပ် တို့သည် ယုံကြည်ခြင်းအားဖြင့် မိမိစိတ်များကို အမြဲတမ်းအသစ်ပြု ပြင်ခြင်းအားဖြင့် အသက်ရှင်နိုင်ကြသည်။ ဤအရာသည် ကိုယ်တော် ပြန်ကြွလာတော်မူသည့်အထိ ကိုယ်တော်၏နောက်တော်သို့ ကျွန်ုပ် တို့အမြဲတမ်းလိုက်လျှောက်နိုင်သောနည်းလမ်း ဖြစ်သည်။ 
ကျွန်ုပ်တို့သည် မိမိဇာတိပကတိကိုသာကြည့်လျှင် မည်သူမည် ဝါကမျှ ကိုယ်တော်၏ဖြောင့်မတ်ခြင်းအမှုများကို လိုက်လျှောက်နိုင် ကြမည်မဟုတ်ပေ။ ကျွန်ုပ်တို့အားလုံးသည် ပျက်စီးခြင်းသို့ ချုပ်‌ နှောင်ကြသည်။ သို့သော် ကျွန်ုပ်တို့သည် မိမိစိတ်များကို အသစ်ပြု ပြင်ခြင်းနှင့် နှလုံးသားအကြွင်းမဲ့ဖြင့် ကိုယ်တော်၏ဖြောင့်မတ်ခြင်း ကို ဆုပ်ကိုင်ခြင်းအားဖြင့် ကိုယ်တော်နောက်တော်သို့ လိုက်လျှောက် နိုင်ကြသည်။ ထိုကြောင့် ရှင်ပေါလုက ရောမ ၈း၂ တွင် “အကြောင်း မူကား ခရစ်တော်ယေရှု၌ရှိသည့် အသက်ရှင်ခြင်း၏ဝိညာဉ်တော်နှင့် ဆိုင်သောတရားသည် အပြစ်နှင့်သေခြင်းတို့နှင့်ဆိုင်သောတရားမှ သင့်ကိုလွတ်မြောက်စေပြီဖြစ်၏”ဟု ဖော်ပြထားခြင်း ဖြစ်သည်။
ဇာတိအသွေးအသားအားဖြင့် အားနည်းခြင်းအရာ၌ ပညတ် တော်မလုပ်နိုင်သောအရာများကို ဘုရားသခင်၏ဖြောင့်မတ်ခြင်း အားဖြင့် ခရစ်တော်ပြုတော်မူခဲ့သည်။ ရောမ ၈း၃ တွင် “ဘုရားသခင်သည် မိမိ၏သားတော်ကို အပြစ်နှင့်ပြည့်ဝသည့် သွေးသားဇာတိနှင့်တူညီသောသဏ္ဌာန်၌ အပြစ်အတွက်စေလွှတ်တော်မူ၍ သွေးသားဇာတိ၌ရှိသောအပြစ်ကို ဒဏ်ခတ်တော်မူပြီး သွေးသားဇာတိကြောင့် အားနည်း၍ ပညတ်တရားမဆောင်ရွက်နိုင်သောအမှုကို ဆောင်ရွက်ပေးတော်မူ၏”ဟု ဖော်ပြထားသည်။ 
ဘုရားသခင်သည် တစ်ပါးတည်းသောသားတော် သခင်ယေရှု ခရစ်တော်ကို ဤလောကသို့ စေလွှတ်တော်မူ၍ မိမိကိုယ်ခန္ဓာဖြင့် အပြစ်များကို တရားစီရင်တော်မူခဲ့သည်။ “ကိုယ်တော်သည် ဇာတိအ သွေးအသား၌ အပြစ်ကို တရားစီရင်ခဲ့သည်”ဟု ဆိုရာတွင် ကျွန်ုပ်တို့ အပြစ်များအားလုံးကို ယူဆောင်သွားတော်မူခဲ့သောကြောင့် ကျွန်ုပ် တို့သည် အပြစ်ကင်းစင်သူများဖြစ်ကြသည်ကို ဆိုလိုသည်။ ကျွန်ုပ် တို့သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ယုံကြည်ခြင်းအားဖြင့် အ ပြစ်များမှ ရွေးနှုတ်ခြင်းခံရကြသည်။ ပညတ်တော်၏တရားမျှတခြင်း တောင်းဆိုမှုကို တွေ့နိုင်ရန်အတွက် အသွေးတော်နှင့် ကားတိုင်ပေါ် တွင် အသွေးတော်သွန်းလောင်းခြင်းအားဖြင့် ကျွန်ုပ်တို့အပြစ်များ အားလုံးယူဆောင်သွားတော်မူရန်နှင့် ကျွန်ုပ်တို့အား လောကအပြစ် များအားလုံးမှ ကယ်တင်တော်မူရန်အတွက် ဘုရားသခင်သည် တစ် ပါးတည်းသောသားတော်ကို စေလွှတ်တော်မူခဲ့သည်။ 
ကယ်တင်ခြင်းခံရပြီးနောက် လူတန်းစားနှစ်မျိုးပေါ်ပေါက်လာ သည်။ ဇာတိအသွေးအသားနှင့်အသက်အသက်ရှင်၍ ဇာတိပကတိ အရာများပေါ်တွင် မိမိစိတ်ထားရှိသူများနှင့် ဝိညာဉ်တော်နှင့်အညီ အသက်ရှင်၍ ဝိညာဉ်တော်အရာများပေါ်တွင် မိမိစိတ်များကို ချထား သူများ ဖြစ်ကြသည်။ ဇာတိအသွေးအသားတွေးခေါ်မှုများသည် သေ ခြင်းသို့ ပို့ဆောင်ပေးသော်လည်း ဝိညာဉ်တော်အတွေးအခေါ်များ သည် အသက်ရှင်ခြင်းနှင့် ငြိမ်သက်ခြင်းသို့ သင့်ကို ပို့ဆောင်ပေး သည်ကို သင်နားလည်သဘောပေါက်ရမည် ဖြစ်သည်။ ဇာတိပကတိ စိတ်များသည် ဘုရားသခင်နှင့် ဆန့်ကျင်ဘက် ဖြစ်သည်။
ကျွန်ုပ်တို့သည် ဘုရားသခင်၏ပညတ်တော်ကို မလိုက်နာကြ ပေ။ လိုက်နိုင်ကြမည်လည်းမဟုတ်ကြပေ (ရောမ ၈း၇)။ ဒုတိယမွေး ဖွားခြင်းခံရသောသူများပင်လျှင် သူတို့စိတ်များကို အသစ်ပြုပြင်ခြင်း မရှိကြလျှင် သူတို့သည် ဇာတိပကတိအတွေးများသို့ ကျဆင်းလိမ့် မည်။ ဘုရားသခင်သည် ကျွန်ုပ်တို့အပြစ်များအားလုံးကို ယူဆောင် သွားတော်မူခဲ့သည်ဟု ကျွန်ုပ်တို့ ယုံကြည်ခြင်းမရှိ၊ မိမိစိတ်များကို အ သစ်ပြုပြင်ခြင်းမရှိကြလျှင် ကျွန်ုပ်တို့သည် ဇာတိပကတိအလုပ်များ ၌ လွယ်ကူစွာ ကျဆင်း၍ ကိုယ်တော်ကို လိုက်လျှောက်နိုင်မည် မ ဟုတ်ပေ။ ဤအကြောင်းကြောင့် ကျွန်ုပ်တို့သည် မိမိစိတ်များကို အ မြဲတမ်းအသစ်ပြုပြင်ရကြမည် ဖြစ်သည်။
ကျွန်ုပ်တို့၊ ဒုတိယမွေးဖွားခြင်းခံရသောဖြောင့်မတ်သူများသည် ဇာတိပကတိအတွေးများကို လိုက်လျှောက်ခြင်းအားဖြင့် ဇာတိအ သွေးအသားသို့ ကျဆင်းနိုင်သည်။ သို့မဟုတ် မိမိစိတ်များကို အသစ် ပြုပြင်ခြင်းအားဖြင့် ဝိညာဉ်တော်၏အတွေးများသို့ လိုက်လျှောက်နိုင် ကြသည်။ ကျွန်ုပ်တို့သည် ဤအရာနှစ်ခုအကြားတွင် တွဲလောင်းလှုပ် နေကြသည်။ သို့သော် ရှင်ပေါလုက “သို့သော် ဘုရားသခင်၏ဝိညာဉ်တော်သည် သင်တို့အထဲ၌ကိန်းဝပ်တော်မူလျှင် သင်တို့သည် သွေး သားဇာတိ၌မဟုတ်ဘဲ ဝိညာဉ်တော်၌ရှိကြ၏။ ခရစ်တော်၏ဝိညာဉ်တော်ကိုမရသောသူသည် ခရစ်တော်နှင့်မဆိုင်” (ရောမ ၈း၉)ဟု ပြောခဲ့သည်။ 
ကျွန်ုပ်တို့သည် ဘုရားသခင်၏ဝိညာဉ်လူများ ဖြစ်ကြသည်။ တစ်နည်းအားဖြင့် ကျွန်ုပ်တို့သည် ကိုယ်တော်၏လူများ ဖြစ်ကြ သည်။ ကျွန်ုပ်တို့သည် လောက၏တပ်မက်မှုသို့ လိုက်လျှောက်ကြ၍ မိမိအားနည်းချက်များကြောင့် လောကီပုံသဏ္ဌာန်ကို ဆောင်တတ် ကြသော်လည်း ကျွန်ုပ်တို့သည် ဒုတိယမွေးဖွားခြင်း ခံရသောသူများ ဖြစ်ကြသည်။ ကျွန်ုပ်တို့သည် ဇာတိပကတိ၏အရာများပေါ်တွင် မိမိ စိတ်များကို ချထားကြသောအခါ ဇာတိပကတိသို့ ကျဆင်းကြသည်။ သို့သော် ကျွန်ုပ်တို့အထဲ၌ ကိန်းဝပ်တော်မူသော သန့်ရှင်းသောဝိ ညာဉ်တော်ကို ကျွန်ုပ်တို့ပိုင်ဆိုင်ကြသောကြောင့် ကျွန်ုပ်တို့သည် ခရစ်တော်၏လူများ ဖြစ်ကြသည်။ တစ်နည်းအားဖြင့် ကျွန်ုပ်တို့သည် ဖြောင့်မတ်သူများ၊ ဘုရားသခင်၏လူများ ဖြစ်ကြသည်။
ကျွန်ုပ်တို့ကိုယ်ခန္ဓာများသည် ခရစ်တော်အားဖြင့် အသေခံခဲ့ကြ သည်ဟု ရှင်ပေါလုက ပြောခဲ့သည်။ သူက “သို့ရာတွင် ခရစ်တော်သည်သင်တို့အထဲ၌ရှိတော်မူလျှင်ကိုယ်ခန္ဓာသည်အပြစ်ကြောင့် သေ နေသော်လည်း ဝိညာဉ်သည် ဖြောင့်မတ်ခြင်းကြောင့် အသက်ရှင်လျက်ရှိ၏” (ရောမ ၈း၁၀)ဟု ထည့်သွင်းခဲ့သည်။ ကျွန်ုပ်တို့၏ဝိညာဉ် ရေးရာအတွေးအခေါ်များသည် နိုးကြားရကြမည် ဖြစ်သည်။ ကျွန်ုပ် တို့သည် အားနည်းနေသေး၍ ကျွန်ုပ်တို့ကိုယ်ခန္ဓာများသည်လည်း သေသည့်အထိတိုင်အောင် လွယ်ကူစွာ လမ်းလွှဲလိမ့်မည်။ သို့သော် ကျွန်ုပ်တို့စိတ်များနှင့် အတွေးအခေါ်များသည် ဘုရားသခင်၏ဖြောင့် မတ်ခြင်းကို ယုံကြည်ခြင်းအားဖြင့် အမြဲတမ်းနိုးကြားရကြမည် ဖြစ် သည်။
ကျွန်ုပ်တို့သည် မိမိအတွင်း၌ကိန်းဝပ်သော အပြစ်အတွက် ဆန္ဒ ကိုနားလည်သဘောပေါက်ကြသည့်အခါတိုင်းတွင် ကျွန်ုပ်တို့သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းပေါ် မိမိမျက်စိများကို ချထားကြပါစို့။ ထိုနောက် ကိုယ်တော်၏ဖြောင့်မတ်ခြင်းသည် ကျွန်ုပ်တို့အပြစ်များ အားလုံးကို ဖယ်ရှားပေးတော်မူခဲ့သည်ဟု ကျွန်ုပ်တို့သိနိုင်ကြသည်။ ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ကြည့်၍ ယုံကြည်ပါ။ ကျွန်ုပ်တို့အ ပြစ်များအားလုံးကို ယူဆောင်သွားတော်မူခြင်းအတွက် ကိုယ်တော့် ကို ကျေးဇူးတင်၍ ကိုယ်တော်၏အမှုများကို စဉ်းစားကြပါစို့။ ဘုရား သခင်၏အလိုတော်၊ ပြည့်စုံခြင်းနှင့် ကိုယ်တော်ကို ဝမ်းမြောက်စေ တော်မူသောအရာသည် အဘယ်အရာဖြစ်သည်ကို စဉ်းစားကြပါစို့။ ထိုနောက် သင်၏စိတ်သည် အမြဲတမ်းနိုးကြားလိမ့်မည် ဖြစ်သည်။
ကျွန်ုပ်တို့သည် ယုံကြည်ခြင်းအားဖြင့် မိမိစိတ်များကို အသစ်ပြု ပြင်၍ ဘုရားသခင်ကို ဝမ်းမြောက်စေသော အရာများအပေါ် မိမိစိတ် များကို ချထားကြပါစို့။ ဤအရာသည် ဖြောင့်မတ်သူများရှင်သင့် သောအသက်တာ ဖြစ်သည်။ ဤသို့လုပ်ဆောင်မှသာလျှင် ကျွန်ုပ်တို့ သည် ကိုယ်တော်ပြန်လည်ကြွလာတော်မူသည့်အထိ ကိုယ်တော်၏ နောက်တော်သို့ လိုက်လျှောက်နိုင်ကြလိမ့်မည်။ ကျွန်ုပ်တို့အားလုံး သည် နေ့စဉ်အသက်တာများအားဖြင့် ပင်ပန်းနွမ်းနယ်နေကြသည်ဟု ကျွန်တော်သိသည်။ အလုပ်လုပ်ရန် ခက်ခဲသည်။ ဘုရားကျောင်းသို့ တက်ရောက်ရန် ခက်ခဲသည်။ လူတိုင်းသည် အခက်အခဲများတွေ့ကြုံ ရင်ဆိုင်ရကြမည်။ ထိုချိန်များတွင် သခင်ယေရှုသည် အသေခံတော်မူ သောအခါ “အမှုပြီးပြီ”ဟု ငိုကြွေးသောအခါ ကျွန်တော်သည် ကိုယ် တော်ကို မနာလိုဖြစ်မိခဲ့သည်။ ကျွန်ုပ်တို့သည်လည်း “အမှုပြီးပြီ”ဟု ပြောနိုင်ကြ၍ ဤအခက်အခဲများအားလုံးမှ လွှတ်မြောက်ကြလိမ့် မည်ဟု ကျွန်တော် ရောင့်ရဲတင်းတိမ်မှုရှိသည်။
ကိုယ်တော်၏ဒုတိယအကြိမ်ကြွလာတော်မူခြင်းသည် နီးကပ် လာပါသည်။ ထိုကြောင့် ကျွန်ုပ်တို့သည် ဤလောကီပုံဏ္ဌာန်ကို မ ဆောင်ဘဲ ကျွန်ုပ်တို့စိတ်များကို အသစ်ပြုပြင်ကြပါစို့။ ကိုယ်တော်၏ နောက်တော်သို့လိုက်လျှောက်နိုင်ရန် ကျွန်ုပ်တို့နှလုံးသားများသည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ဆုပ်ကိုင်ရန်လိုအပ်သောကြောင့် ကျွန်ုပ်တို့စိတ်များကို အစဉ်အမြဲ အသစ်ပြုပြင်ရကြမည် ဖြစ်သည်။ ဤအရာသည် ကိုယ်တော်ပြန်လည်ကြွလာတော်မူသည့်အထိ ကိုယ် တော်၏နောက်တော်သို့ ကျွန်ုပ်တို့သည် မည်သို့ လိုက်လျှောက်သင့် သည်ကို ဖော်ပြထားသည်။ အချိန်ကာလသည် နီးနေပြီ ဖြစ်သည်။
အန္တာတိကအိုဇုံးပေါက်သည် အမေရိကနိုင်ငံထက် သုံးဆ ပို၍ ကြီးသည်ဟု သတင်းစာဆောင်းပါးတစ်ပိုဒ်တွင် မကြာသေးမီက ကျွန်တော်ဖတ်ခဲ့သည်။ ဒုံးကျည်ကာကွယ်ရေးအစပျိုးမှုအကြောင်း နှင့်ပတ်သက်၍အခြားဆောင်းပါးကိုလည်း ကျွန်တော် ဖတ်ရှုခဲ့သည်။ ဤစနစ်သည် ဝေဟင်မှ ပဲ့ထိန်းဒုံးချည်များကို ပစ်ချရန်ရည်ရွယ်ထား ၍ ကနဉီးစမ်းသပ်မှုကို အောင်မြင်ခဲ့သည်။ ဤတိုးတက်မှုများ၏ ဆိုး ကျိုးကိုလည်း ရှင်းလင်းသည်။ စစ်အာဏာရှင်များ၏ပျက်စီးမှုအစွမ်း အစများသည် အဆများစွာ တိုးတက်လာသည်နှင့်အမျှ ပတ်ဝန်း ကျင်သည်လည်း ပို၍ ပျက်စီးလာလိမ့်မည်။
နိုင်ငံတစ်နိုင်ငံတွင် စစ်အင်အားတိုးတက်လာလျှင် ၎င်း၏ပြိုင် ဘက်များသည်လည်း ဤတိုးတက်မှုနှင့်ကိုက်ညီရန် ၎င်း၏စစ်အင် အားကို တိုးမြှင့်ပေးမည်မဟုတ်လော။ ကမ္ဘာ့တိုင်းနိုင်ငံအားလုံးသည် နိုင်ငံတစ်နိုင်ငံ၏ သြဇာအာဏာကြီးထွားလာမှုကို ရေငုံနှုတ်ပိတ်ရပ် ကြည့်နေကြမည် မဟုတ်ပေ။ ဤကြီးမားသောအင်အားများအကြား စစ်ပွဲစတင်လာလျှင် အဘယ်အရာ ဖြစ်ပျက်လိမ့်မည်နည်း။ 
တိုင်းနိုင်ငံအချို့များသည် နျူကလီးယား လက်နက်များတီထွင် ရန် ကြိုးစားကြသောအခါ အင်အားကြီးနိုင်ငံများသည် ၎င်းတို့အား နျူကလီးယားစွမ်းရည်များမရှိစေရန် ကြိုးပမ်းခဲ့ကြသည်။ သို့သော် ဤသို့သော တားဆီးရန် ကြိုးပမ်းမှုများသည် ဆုံးနှိမ့်ခဲ့ရသည်ဟု ကျွန်ုပ်တို့ပြောကြပါစို့။ အကြောင်းမှာ တိုင်းပြည်သည် အစုလိုက်အ ပြုံလိုက်ပျက်စီးစေသောလက်နက်များရရှိနိုင်ပြီး ၎င်းတို့ကို အသုံးပြု မည်ဟု ခြိမ်းခြောက်ကြသည်။ ထိုနောက် ကျန်ကမ္ဘာနိုင်ငံများသည် လည်း ဤအခြေအနေကို ရင်ဆိုင်ရန်အတွက် လက်နက်အသစ်များ တီထွင်ထုတ်လုပ်ရန် သေချာပေါက် ကြိုးစားကြမည် ဖြစ်သည်။
ဤသို့သော လက်နက်သစ်များသည် နျူးကလီးယားလက်နက် များထက် ပို၍ကြီးမားသောစွမ်းအားဖြင့် ဤကမ္ဘာကြီးကို ပျက်စီးစေ မည် ဖြစ်သည်။ စစ်ပွဲသည် အတိတ်ကကဲ့သို့ သေနတ်များဖြင့် တိုက် ခိုက်ကြမည် မဟုတ်ပေ။ လူသားများကိုသတ်ဖြတ်ကို ဘာမျှမဟုတ် ပေ။ မြို့ကြီးတစ်ခုလုံး သို့မဟုတ် နိုင်ငံများတစ်ခုလုံးသည် ချက်ခြင်း ပျက်သွားလိမ့်မည်။ နျူးကလီးယားများသည် ဒေသစံချိန်မဟုတ် သော်လည်း ကမ္ဘာကြီးသို့ ဉီးတည်နေပြီ ဖြစ်သည်။ ဤသို့သော စစ် ပွဲ များကြောင့် ပျက်စီးနေပြီဖြစ်သော သဘာဝဘေးအန္တရာယ်အသွင် ဖြင့် ကမ္ဘာကြီးသည် ပို၍ ကြီးမားသောပျက်စီးခြင်းသို့ စောင့်ကြိုနေ သည်။ အိုဇုံးအလွှာသည် ပို၍ လျှင်မြန်စွာ ပျက်စီးလိမ့်မည်။ သစ် တော်ဖြုန်းတီးမှုမှ ဒီရေလှိုင်းများနှင့် မုန်တိုင်းများသည် မဆက်မ ပြတ်တိုးမြှင့်လာမည် ဖြစ်သည်။ ထိုနောက် အန္တိခရစ်သည် ကြီးစွာ သောတန်ခိုးဖြင့် ထွက်ပေါ်လာ၍ ဤကမ္ဘာကို အောာင်လိမ့်မည်။
ကျွန်တော်သည် အဖြစ်အပျက်ကို လွန်ကဲစွာပြောသည်ဟု သင် ပြောနိုင်သည်။ သို့သော် လူ့သဘာဝသည် အခြေခံအားဖြင့် ဆိုးသွမ်း သည်။ နိုင်ငံများသည် တပ်များတည်ဆောက်၍ ကောင်းသော ရည် ရွယ်ချက်များအတွက် အသုံးပြုရန်မဟုတ်သော လက်နက်သစ်များ ကို တီထွင်ဖန်တီးကြသည်။ နျူးကလီးယားလက်နက်များကို အစုံ လိုက်အပြုံလိုက်ပျက်စီးနိုင်သောလက်နက်ကွဲတစ်မျိုးအဖြစ်သာ နှိုင်း ယှဉ်နိုင်သည်။ တိုင်းနိုင်ငံများသည် မိမိကိုယ်ကိုကိုယ် ရှင်သန်နိုင်ရန် အတွက် အချင်းချင်းတိုက်ခိုက်ကြလိမ့်မည်။ အခြားတိုင်းနိုင်ငံများ သည်လည်း ကမ္ဘာကြီးကို စိုးလိုသော မည်သည့်နိုင်ငံမဆို ဟန်ချက် ညီအောင် ကြိုးပမ်းကြလိမ့်မည်။ မည်သို့သောရည်ရွယ်ချက်များဖြင့် ရှိနေပါစေ နျူးကလီးယားလက်နက်များနှင့် စစ်စွမ်းရည်များ တစ် ကြိမ်ပြုလုပ်သောအခါ ၎င်းသည် ဆိုးသောရည်ရွယ်ချက်များအတွက် သာအသုံးပြုကြသည်။
လွန်ခဲ့သောနှစ်များစွာ၌ ရှင်ပေါလုက ရောမမြို့တွင်ရှိသော ယုံ ကြည်သူများထံ လောကီပုံသဏ္ထာန်ကို မဆောင်ဘဲ နှလုံးသားများကို အသစ်ပြုပြင်ခြင်းအားဖြင့် ကိုယတော်၏နောက်တော်သို့ လိုက် လျှောက်ရန် ပြောခဲ့သည်။ ဤကျမ်းချက်သည်လည်း ဤခေတ်ကာ လတွင် အသက်ရှင်သူကျွန်ုပ်တို့အတွက် သင့်တော်သော ကျမ်းချက် ဖြစ်သည်။ ဤနောက်ဆုံးသောနေ့များတွင် ကျွန်ုပ်တို့က အဘယ်အ ရာသည် ကောင်းသည်ကိုလည်းကောင်း၊ ကိုယ်တော်ကို ဝမ်းမြောက် စေတော်မူသည်ကိုလည်းကောင်း၊ ကိုယ်တော်၏အလိုတော်ဖြစ် သည်ကိုလည်းကောင်း ပိုင်းခြားသိမြင်၍ ယုံကြည်ခြင်းအားဖြင့် ကိုယ်တော်၏နောက်သို့ လိုက်ရကြမည် ဖြစ်သည်။
ကျွန်ုပ်တို့သည် အပြစ်များစွာရှိကြသော်လည်း ကိုယ်တော်သည် အနန္နတန်ခိုးရှင် ဖြစ်တော်မူသည်။ တန်ခိုးရှင်းသည် ကျွန်ုပ်တို့၌ သန့် ရှင်းသောဝိညာဉ်တော်အဖြစ် ကိန်းဝပ်သည်။ ကျွန်ုပ်တို့ကိုယ်ခန္ဓာ များသည် အားနည်းကြသော်လည်း ကျွန်ုပ်တို့အတွင်း၌ရှိသော သန့် ရှင်းသောဝိညာဉ်တော်သည် အလွန်အားကောင်းသည်။ ဤသန့်ရှင်း သောဝိညာဉ်တော်သည် နှုတ်ကပတ်တော်ကို ယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့စိတ်များကို အသစ်ပြုပြင်ပေးတော်မူသောကြောင့် ကျွန်ုပ် တို့သည် ကိုယ်တော်၏နောက်တော်သို့ လိုက်လျှောက်နိုင်ကြသည်။
ကျွန်ုပ်တို့အားလုံးသည် သန့်ရှင်းသောဝိညာဉ်တော်၏တန်ခိုး တော်ပေါ်တွင် မှီခို၍ မိမိစိတ်များကို အသစ်ပြုပြင်ကာ ကိုယ်တော် ကို အစေခံကြပါစို့။ ကျွန်ုပ်တို့သည် ကိုယ်တော်ကို အစေခံကြစဉ် ကျွန်ုပ်တို့ထံ ကိုယ်တော်ပြန်လည်ကြွလာတော်မူလျှင် ကျွန်ုပ်တို့ သည် ကိုယ်တော်နှင့်အတူ သွားကြပါစို့။ ခရစ်တော်ပြန်လည်ကြွလာ တော်မူသည့်အထိ ကျွန်ုပ်တို့သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ဟောပြောရန်အတွက် အသက်ရှင်ကြလိမ့်မည်။ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို ယုံကြည်ခြင်းအားဖြင့် သင်၏စိတ်ကို အသစ်ပြု ပြင်ပါ။