Search

တရားဟောချက်များ

ဘာသာရပ် ၉ - ရောမဩဝါဒစာ (ရောမဩဝါဒစာအနက်ဖွင့်ကျမ်းများ)

[11] ဣသရေလလူမျိုးများသည် ကယ်တင်ခြင်း ခံရကြမည်လော

ရောမ ၁၁း၁ တွင် “သို့ဖြစ်လျှင် ငါမေးလိုသည်မှာ ဘုရားသခင်သည် မိမိ၏လူမျိုးတော်ကို ပစ်ပယ်တော်မူပြီလော။ လုံးဝပစ်ပယ်တော်မမူ။ ငါကိုယ်တိုင်လည်း အစ္စရေးလူမျိုး၊ အာဗြဟံမှဆင်းသက်လာသူ၊ ဗင်္ယာမိန်အနွယ်ဝင်ဖြစ်၏”ဟု ပြောထားသည်။ တစ်နည်း အားဖြင့် ရှင်ပေါလုသည် ဣသရေလလူမျိုးတစ်ဉီးဖြစ်သောကြောင့် ဘုရားသခင်သည် ဣသရေလလူမျိုးများကို စွန့်ပစ်တော်မမူပေ။ 
ရောမ ၁၁း၂-၅ တွင် ဘုရားသခင်သည် “ဘုရားသခင်သည် သိထားနှင့်တော်မူသော မိမိ၏လူမျိုးတော်ကို ပစ်ပယ်တော်မမူ။ ပရော ဖက်ဧလိယက အစ္စရေးလူမျိုးကို ဘုရားသခင်ထံ တိုင်ကြားသော အခါ ကျမ်းစာ၌ ထိုအကြောင်းနှင့်ပတ်သက်၍ မည်သို့ဆိုထားသည်ကို သင်တို့မသိကြသလော။ သူက “အိုထာဝရဘုရား၊ သူတို့သည် ကိုယ်တော်၏ပရောဖက်များကိုသတ်လျက် ကိုယ်တော်၏ယဇ်ပလ္လင်များကိုဖြိုဖျက်ကြပါပြီ။ အကျွန်ုပ်တစ်ဦးတည်းကျန်ရစ်ခဲ့၍ အကျွန်ုပ်၏အသက်ကိုလည်း ရန်ရှာနေကြပါ၏”ဟု လျှောက်လေ၏။ သို့ရာ တွင် ဘုရားသခင်သည် သူ့ကို မည်သို့ ပြန်၍မိန့်တော်မူသနည်း။ “ငါသည် ဗာလရှေ့၌ဒူးမထောက်သော လူခုနစ်ထောင်ကို ငါ့အတွက်ချန်ထား၏”ဟု မိန့်တော်မူ၏။ ထိုနည်းတူ ယခုအချိန်အခါ၌လည်း ကျေးဇူးတော်အားဖြင့် ရွေးကောက်ခံရသည့် ကြွင်းကျန်သောသူရှိသေး၏”ဟု မိန့်တော်မူခဲ့သည်။ 
 သခင်ယေရှုကို ယုံကြည်ခြင်းအားဖြင့် ဣသရေလလူမျိုးများ သည် ကိုယ်တော့်ထံတော်သို့ ပြန်လည်ကြလိမ့်မည်ဟု ဘုရားသခင် မိန့်တော်မူခဲ့သည့်အတိုင်း ယုဒလူများစွာတို့သည် အပြစ်များမှ ကယ် တင်ခြင်းခံရကြသည်။ နောက်ဆုံးသောကာလရောက်လာသောအခါ ဟေလသလူမျိုးများစွာတို့သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းခံရကြ၍ သခင်ယေရှုခရစ် တော်ထံတော်သို့ ပြန်လှည့်ကြလိမ့်မည်ဟု ကျွန်ုပ်တို့ယုံကြည်ရကြ မည် ဖြစ်သည်။
ရှင်ပေါလုက “ဧလိယအကြောင်းနှင့်ပတ်သက်၍ သမ္မာကျမ်းစာ ပြောကြားသောအရာကို သင်မသိသလော”ဟု မေးခဲ့သည်။ ဤတွင် ရှင်ပေါလုက သူတို့အပြစ်များကို ယူဆောင်သွားမည့် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို ကိုးစားသူဣသရေလလူမျိုးများစွာရှိလိမ့်မည်ဟူ သောအချက်ကို ရည်ညွှန်းသည်။ ဧလိယထံ ပြောသောဘုရားသခင် ၏နှုတ်ကပတ်တော်အားဖြင့် ဣသရေလလူမျိုးများအကြား များစွာ တို့သည် သခင်ယေ ရှုခရစ်တော်ကို ကယ်တင်ရှင်အဖြစ် လက်ခံကြ လိမ့်မည်ဟု သမ္မာကျမ်းစာက ပြောကြားသည်။ ကျွန်ုပ်တို့သည် ဤ နှုတ်ကပတ်တော်ကို ယုံကြည်ကြသည်။
သမ္မာကျမ်းစာတွင် “၇”နံပါတ်သည် ပြည့်စုံခြင်းကို ပုံဆောင် သည်။ ဘုရားသခင်သည် ခြောက်ရက်အတွင် ဤလောကကို ဖန် ဆင်းတော်မူခဲ့၍ ခုနစ်ရက်မြောက်သောနေ့တွင် အနားယူတော်မူခဲ့ သည်။ ဘုရားသခင်သည် ဗာလဘုရားရှေ့မှာ ဒူးမထောက်သောသူ ခု နစ်ထောင်သီးသန့်ထားရန် ဂတိပြုတော်မူခဲ့သည်။ သခင်ယေရှုခရစ် တော်ကို ကယ်တင်ရှင်အဖြစ် လက်ခံခြင်းအားဖြင့် သူတို့အပြစ်များ မှ ကယ်တင်ခြင်းခံရမည့် ဣသရေလလူမျိုးများစွာရှိလိမ့်မည်ကို ဤ အရာက ဆိုလိုသည်။
ရှင်ပေါလုသည် ဣသရေလလူမျိုးများနှင့် ဟေလသလူမျိုးများ အကြား ဆက်နွယ်မှုကို ရှင်းပြခြင်းအားဖြင့် ဣသရေလလူမျိုးများအ ကြား များစွာတို့သည် ကယ်တင်ခြင်းခံရကြလိမ့်မည်ဟု သူယုံကြည် ခဲ့သည်။
 

သူတို့သည် ခလုတ်တိုက်လဲကျခဲ့ကြသလော

ရောမ ၁၁း၆-၁၂ တွင် ရှင်ပေါလုက ဣသရေလလူမျိုးများသည် သခင်ယေရှုကို သူတို့၏ကယ်တင်ရှင်အဖြစ် ပြည့်ပြည့်စုံစုံ လက်ခံကြ လျှင် ဟေလသလူမျိုးများ၏ကယ်တင်ခြင်းခေတ်ရှိလိမ့်မည် မဟုတ် ပေဟု ပြောခဲ့သည်။ ဣသရေလလူမျိုးများသည် သခင်ယေရှုကို ကယ်တင်ရှင်အဖြစ် လက်မခံကြသောကြောင့် ဘုရားသခင်သည် ရေ နှင့်ဝိညာဉ်တော်သတင်းကောင်းအားဖြင့် ဟေလသလူမျိုးများသည် ကယ်တင်ခြင်းခံရသောအခွင့်ရရှိရန် ဘုရားသခင်သည် ခွင့်ပြုတော်မူ ခဲ့သည်။ ဤအရာအားဖြင့် သခင်ယေရှုကို ယုံကြည်၍ ကိုယ်တော်၏ သားသမီးများဖြစ်လာသူ ဟေလသလူမျိုးများကို ဣသရေလလူမျိုး များက သဝန်တိုလိမ့်မည်ဟု ဘုရားသခင်ကြံစည်တော်မူခဲ့သည်။ ထို နောက် ဣသရေလလူမျိုးများသည် သခင်ယေရှုခရစ်တော်ကို ကယ် တင်ရှင်အဖြစ် စတင်လက်ခံ၍ သခင်ယေရှုခရစ်တော်သည် သူတို့၏ မေရှိယဖြစ်တော်မူသည်ဟူသောအချက်ကို အမှန်အကန် လက်ခံကြ လိမ့်မည်။
 

အမြစ်သည် မြင့်မြတ်သောကြောင့် အကိုင်းအခက်များ သည်လည်း မြင့်မြတ်သည်

ရောမ ၁၁း၁၃တွင် “ထို့ကြောင့် လူမျိုးခြားဖြစ်သောသင်တို့အား ငါပြောလိုသည်မှာ ငါသည် လူမျိုးခြားနှင့်ဆိုင်သော တမန်တော်ဖြစ်သည့်အလျောက် ငါ၏အမှုတော်လုပ်ငန်းကို ဂုဏ်ယူသည်”ဟု ဖော် ပြထားသည်။ ရှင်ပေါလုက သူ၏သာသနာလုပ်ငန်းကို ဟေလသလူ မျိုးများထံ တမန်တော်တစ်ပါးအဖြစ် တင်စားခဲ့သည်။ သူသည် ဒုတိ ယမွေးဖွားခြင်းခံရသော ဟေလသလူမျိုးများအား မနာလိုဖြစ်စေ ခြင်းအားဖြင့် မိမိအသွေးအသားဆိုင်ရာ လူများကို ကယ်တင်ရန် ဆန္ဒရှိခဲ့သည်။
“အကြောင်းမူကား သူတို့ပစ်ပယ်ခံရခြင်းသည် လောကီသားတို့အတွက် ပြန်လည်သင့်မြတ်ခြင်းအခွင့်ဖြစ်လျှင် သူတို့ကို ပြန်၍လက် ခံခြင်းသည် သေလွန်သောသူတို့အသက်ပြန်ရှင်ခြင်းဖြစ်လိမ့်မည်မဟုတ်လော။ အသီးဦးအဖြစ်ပူဇော်သောမုန့်ညက်သည် သန့်ရှင်းလျှင် မုန့်ညက်တစ်ပုံလုံးသည်လည်း သန့်ရှင်း၏။ အမြစ်သည် သန့်ရှင်းလျှင် အကိုင်းအခက်များသည်လည်း သန့်ရှင်းကြ၏”(ရောမ ၁၁း၁၅- ၁၆)။ ဣသရေလလူမျိုးများ၏အမြစ်၊ အာြဗဟံသည် နှုတ်ကပတ် တော်ကို ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းခံရ၍ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို ရရှိခဲ့လျှင် အာြဗဟံ၏အကိုင်းအခက်များ၊ ဣသ ရေလလူမျိုးများသည်လည်း ကယ်တင်ခြင်းခံရနိုင်ကြသည်ဟု ဤ ကျမ်းချက်က ဆိုလိုသည်။
ထိုနည်းတူ ဟေလသလူမျိုးများသည် တောသံလွင်ပင်၏ပျက် စီးသောအကိုင်းမှ စိုက်ပျိုးထားသောသံလွင်ပင်များအဖြစ် ဘုရားသ ခင်၏သန့်ရှင်းသောလူများဖြစ်လာခဲ့ကြသောကြောင့် သူတို့သည် ဝါ ကြွးခြင်းမပြုသင့်ကြပေဟု ရှင်ပေါလုက ဒုတိယမွေးဖွားခြင်းခံရသော ဟေလသလူမျိုးများကို သတိပေးခဲ့သည်။  ရောမ ၁၁း၁၈ တွင် “ထိုအကိုင်းအခက်များအပေါ် ဝါကြွားသောစိတ်မရှိနှင့်။ ဝါကြွားလျှင်လည်း သင်သည် အမြစ်ကိုထောက်မသည်မဟုတ်။ အမြစ်ကသာ သင့်ကိုထောက်မ၏”ဟု ဖော်ပြထားသည်။
ကျွန်ုပ်တို့သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ယုံကြည်ခြင်း အားဖြင့် အပြစ်များမှ ကယ်တင်ခြင်းခံရကြသောကြောင့် ဘုရားသ ခင်၏လူများဖြစ်လာခဲ့ကြသည်။ သို့သော် ကျွန်ုပ်တို့သည် ဘုရားသ ခင်၏ဖြောင့်မတ်ခြင်းကို စွန့်လွှတ်ခဲ့ကြလျှင် ကျွန်ုပ်တို့သည် စွန့်ပစ် ခြင်းခံရကြလိမ့်မည်။ သခင်ယေရှုခရစ်တော်သည် ကျွန်ုပ်တို့အား အ ပြစ်များအားလုံးမှ ကယ်တင်တော်မူရန် ဘုရားသခင်၏ ဖြောင့်မတ် ခြင်းအားလုံးကို ပြည့်စုံစေတော်မူခဲ့သောကြောင့်လည်းကောင်း၊ ကျွန်ုပ်တို့သည် အပြစ်များအားလုံးမှ အမှန်အကန် ကယ်တင်ခြင်းခံရ ကြသောကြောင့်လည်းကောင်း ကျွန်ုပ်တို့သည် ဤသို့မပြုနိုင်ကြပေ။ ကျွန်ုပ်တို့သည် အကျင့်များကြောင့်မဟုတ်ဘဲ ဘုရားသခင်၏ဖြောင့် မတ်ခြင်းကို ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းခံရကြသည်။ ကျွန်ုပ်တို့ ဟေလသလူမျိုးများသည် ပျက်စီးခဲ့သော ဣသရေလလူ မျိုးများ၏အကိုင်အခက်များအစားထိုးခြင်းအဖြစ် ကိုယ်တော်၏ ဖြောင့်မတ်ခြင်းကို ယုံကြည်ခြင်းအားဖြင့် ကိုယ်တော်၏လူများဖြစ် လာခဲ့ကြသည်။
 


ကျွန်ုပ်တို့သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ယုံ ကြည်ကြသောကြောင့် ခိုင်ခံ့စွာ ရပ်တည်နိုင်ကြသည်


ထို‌ကြောင့် ခရစ်ယာန်များနှင့် ယုဒလူမျိုးများတို့သည် ဘုရားသ ခင်၏ဖြောင့်မတ်ခြင်းကို ယုံကြည်ခြင်းအားဖြင့် ကိုယ်တော်၏လူများ အဖြစ် သခင်ယေရှု၌ စိုက်ပျိုးနိုင်ကြသည်။ ကျွန်ုပ်တို့သည် ဘုရားသ ခင်၏ဖြောင့်မတ်ခြင်းကို မယုံကြည်ကြလျှင် ကိုဘ်တော်၏ဖြောင့် မတ်သောတရားစီရင်ခြင်းအားဖြင့် ကျွန်ုပ်တို့အပြစ်များကြောင့် အ မှန်အကန် သေရကြမည် ဖြစ်သည်။ ရှင်ပေါလုသည် ဣသရေလလူ မျိုးများထံ ရှေးဉီးစွာ ဤအကြောင်းကို သတိပေးခဲ့သည်။ သို့သော် ကျွန်ုပ်တို့သည်လည်း သတိပေးခြင်းမှ ကင်းလွှတ်ခွင့်မရှိကြပေ။
ဘုရားသခင်သည် ကျွန်ုပ်တို့ ဟေလသလူမျိုးများအပေါ် သနား ခြင်းရှိတော်မူခဲ့၍ ကိုယ်တော်၏ဖြောင့်မတ်ခြင်းအားဖြင့် လုံးဝကယ် တင်တော်မူခဲ့သည်။ ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို သိ၍ ယုံ ကြည်သူများသည် သူတို့အပြစ်များအားလုံးမှ ကယ်တင်ခြင်းခံရကြ သည်။ ယနေ့ခရစ်ယာန်များအားလုံးသည် အပြစ်များ ပြည့်စုံစွာကယ် တင်တော်မူခဲ့သော ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ယုံကြည်ခြင်း မရှိကြလျှင် သခင်ယေရှုသည် သူတို့၏ကယ်တင်ရှင်အဖြစ် ဝန်ခံခဲ့ ကြသော်လည်း သူတို့သည် ပျက်စီးခြင်းခံရကြမည် ဖြစ်သည်။
ရောမ ၁၁း၂၃-၂၄ တွင် “သူတို့သည်လည်း မယုံကြည်မှုကိုစွန့်ပယ်လျှင် ကိုင်းဆက်ကူးခြင်းခံရကြလိမ့်မည်။ အကြောင်းမူကား သူတို့ကို နောက်တစ်ဖန်ကိုင်းဆက်ကူးရန် ဘုရားသခင်တတ်နိုင်တော်မူ၏။ အဘယ်ကြောင့်ဆိုသော် သင်သည် သဘာဝအတိုင်း ရိုင်းသည့်သံလွင်ပင်မှ ခုတ်ဖြတ်ခံရ၍ ကောင်းသည့်သံလွင်ပင်၌ သဘာဝနှင့်ဆန့်ကျင်လျက် ကိုင်းဆက်ကူးခြင်းခံရသည်မှန်လျှင် သဘာဝအ တိုင်း ကောင်းသည့်သံလွင်ပင်၏အကိုင်းများကိုမူကား မူရင်းသံလွင်ပင်၌ မည်မျှပို၍လွယ်ကူစွာ ကိုင်းဆက်ကူးနိုင်လိမ့်မည်နည်း”ဟု ဖော်ပြထားသည်။ တစ်နည်းအားဖြင့် ဘုရားသခင်သည် မိမိဖြောင့် မတ်ခြင်းကို ယုံကြည်ရန် လူတိုင်းကိုလမ်းပြ‌ပေးသောတန်ခိုးရှိတော် မူသည်။ ထိုတန်ခိုးသည် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းအားဖြင့် ဘုရားသခင်၏ဖြောင့်မတ်ခြင်း၌ ကတိပြုထားခဲ့သည်။
ဣသရေလလူမျိုးများနှင့် ဟေလသလူမျိုးများနှစ်ခုစလုံးအ တွက် ဘုရားသခင်၏သားသမီးများဖြစ်လာရန် အကျင့်များက သူတို့ ကို လမ်းမပြနိုင်ပေ။ သို့သော် သူတို့သည် ကိုယ်တော်၏ဖြောင့်မတ် ခြင်းကို ယုံကြည်ခြင်းနှင့် ကိုယ်တော်၏လူများဖြစ်စေရန် ကိုယ်တော် ၏ကတိတော်အားဖြင့် ဘုရားသခင်၏သားသမီးများဖြစ်လာ နိုင်ကြ သည်။ ဘုရားသခင်၏ဖြောင့်မတ်ခြင်းတွင် ပညတ်တော်၏ဖြောင့် မတ်အကုန်အစင် ပါဝင်သည်။ ဘုရားသခင်၏ဖြောင့်မတ်ခြင်းအား ဖြင့် တစ်ကမ္ဘာလုံးတွင်ရှိသောဣသရေလလူမျိုးများနှင့် ဟေလသလူ မျိုးများသည် ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းခံရကြလိမ့်မည်။ ဤအရာသည် ကျွန်ုပ်တို့ဟောပြောသော သတင်းကောင်းအားဖြင့် ပြည့်စုံသော ဘုရားသခင်၏ကြီးမားသော ကယ်တင်ခြင်း ကောင်း ကြီးမင်္ဂလာ ဖြစ်သည်။ ဤဘုရားသတင်၏တန်ခိုးတော်မှာ ကိုယ် တော်၏ဖြောင့်မတ်ခြင်း၌ ပြုသော ကိုယ်တော်၏ယုံကြည်ခြင်း က တိတော် ဖြစ်သည်။
ရောမ ၁၁း၂၆-၂၇ တို့ကို ကြည့်ကြပါစို့။ “ဤသို့ဖြင့် အစ္စရေးလူမျိုးတစ်မျိုးလုံးသည် ကယ်တင်ခြင်းခံရမည်ဟူ၍ဖြစ်၏။ 
“ကယ်နုတ်သောအရှင်သည် ဇိအုန်မှကြွလာပြီး 
ယာကုပ်၏အမျိုးအနွယ်ထဲမှ ဘုရားတရားမဲ့ခြင်းများကို ဖယ် ရှားတော်မူလိမ့်မည်။ 
ဤသည်ကား သူတို့၏အပြစ်များကို ငါဖယ်ရှားသောအခါ သူတို့အား ငါပေးမည့်ပဋိညာဉ်ပေတည်း”ဟု ကျမ်းစာ၌ရေးထားသည့်အတိုင်းဖြစ်၏။
နောက်ဆုံးသောကာလတွင် ဘုရားသခင်သည် ဣသရေလလူ မျိုးများကို အမှန်အကန် ကယ်တင်တော်မူလိမ့်မည်ဟု ကိုယ်တော် ကတိပြုတော်မူခဲ့သည်။ ဘုရားသခင်သည် ဣသရေလလူမျိုးများ၏ စိတ်များမှ အပြစ်နှင့်ညစ်ညမ်းမှုများကို ဖျက်ဆီး၍ သခင်ယေရှုခရစ် တော်ကို ကယ်တင်ရှင်အဖြစ် ယုံကြည်စေတော်မူလိမ့်မည်ဟု ကတိ ပြုတော်မူခဲ့သည်။ သူတို့သည် သစ္စာရှိသောဘိုးဘေးများရှိခဲ့ကြသော် လည်း ဣသရေလလူမျိုးများသည် ကယ်တင်ခြင်းမခံရကြပေ။ သို့ သော် ဘုရားသခင်သည် သူတို့နှလုံးသားကို တို့ထိ၍ သူတို့အား မိမိ ဖြောင့်မတ်ခြင်းကို ယုံကြည်ခြင်းတော်မူခြင်းအားဖြင့် အနာဂတ်တွင် သူတို့ကို ကယ်တင်ရန် အလိုတော်ရှိခဲ့သည်။
 


ဘုရားသခင်သည် ကျွန်ုပ်တို့အားလုံးကို မနာမှုများပေးအပ် တော်မူခဲ့သောကြောင့် ကိုယ်တော်သည် ကျွန်ုပ်တို့အပေါ် ဂရုဏာရှိတော်မူနိုင်သည်


အပိုဒ်ငယ် ၃၂သည် အလွန်လေးနက်သောကျမ်းပိုဒ်ဖြစ်၍ ဖတ် ရှုကြပါစို့။ “ဘုရားသခင်သည် လူအပေါင်းတို့အပေါ်ကရုဏာထားတော်မူရန် လူအပေါင်းတို့ကို မနာခံမှုအဖြစ်၌ချုပ်ထားတော်မူ၏။” လူတိုင်းသည် ဘုရားသခင်ကို ပုန်ကန်၍ ဆန့်ကျင်ကြသည်။ မည်သူ မည်ဝါကမျှ ကိုယ်တော်ကို လုံးဝနာခံခြင်း မရှိကြပေ။ သို့သော် ဘု ရားသခင်သည် ကျွန်ုပ်တို့အား ဂရုဏာထား၍ ချစ်နိုင်ရန်အတွက် မ နာခံမှုအဖြစ်၌ ချုပ်ထားတော်မူသည်။ ဤအရာသည် အလွန်အံ့သြ ဖွယ်နှင့်အလွန်ကောင်းသော သမ္မာတရား ဖြစ်သည်။
ဤကျမ်းချက်အားဖြင့် ဘုရားသခင်သည် လူသားများအားနာမ ခံခြင်း၌ အဘယ်ကြောင့် ချုပ်ထားတော်မူခဲ့သည့်အကြောင်းကို နား လည်သဘောပေါက်နိုင်ကြသည်။ ကိုယ်တော်၏ပြင်ဆင်ချက်မှာ မည်မျှ အံ့သြဖွယ်ကောင်းသနည်း။ ဘုရားသခင်သည် ကျွန်ုပ်တို့အား မိမိပြည့်စုံသောဖြောင့်မတ်ခြင်းနှင့် ဂရုဏာမေတ္တာတော်အားဖြင့် လွှမ်းခြုံတော်မူနိုင်ရန်အတွက် မနာခံသူများအဖြစ် ကျွန်ုပ်တို့ကို ချ ထားတော်မူခဲ့သည်။ ကျွန်ုပ်တို့သည် ကိုယ်တော်၏အံ့သြဖွယ် သော ရည်ရွယ်ျက်အတွက် ကိုယ်တော်ကို ယုံကြည်၍ ကျေးဇူးတင်နိုင်ကြ သည်။ ဘုရားသခင်သည် ဣသရေလလူမျိုးများအား မိမိဖြောင့်မတ် ခြင်း မေတ္တာကို ပေးအပ်တော်မူရန် မနာခံခြင်း၌ ချုပ်ထားတော်မူ သည်။ ဟေလသခရစ်ယာန်များစွာတို့သည် သခင်ယေရှုကို ငွေကြေး ရရှိသောနည်းလမ်းအဖြစ် သုံးခဲ့ကြစဉ်တွင် ဣသရေလလူမျိုးများ သည် သခင်ယေရှုကို နာဇရက်ဆင်းရဲသားအဖြစ် ကိုယ်တော်ကို ထင် မှတ်ခြင်းအားဖြင့် အထင်သေးခဲ့ကြသည်။
ဘုရားသခင်၏ဂရုဏာမေတ္တာကို မနာခံသောသူများသည် အ ခြားရွေးချယ်စရာမရှိဘဲ အပ္ပါယ်ငရဲသို့ သွားရကြမည် ဖြစ်သည်။ ဘု ရားသခင်သည် သူတို့အတွက် လောင်ကျွမ်းသော အပ္ပါယ်ငရဲကို ပြင် ဆင်တော်မူခဲ့သော်လည်း ကိုယ်တော်သည် သူတို့ကို သနားတော်မူ သောကြောင့် အပ္ပါယ်ငရဲသို့ သွားခြင်းကို မြင်တွေ့ရန် ကိုယ်တော် သည် ခံနိုင်တော်မမူပေ။ “ငါသည် မင်းကို မည်သို့ဖြင့် အပ္ပါယ်ငရဲသို့ စေလွှတ်နိုင်မလဲ။” ဟေလသလူမျိုးများသည် ကိုယ်တော်၏ကယ် တင်ခြင်းသို့ လူများစွာ ဝင်ရောက်ခဲ့ကြပြီးနောက် ခုနစ်နှစ်ဘေးဒဏ် ကြီးကာလနောက်ဆုံးတစ်ဝက်အတွက် အန္တိခရစ်သည် ဣသရေလ လူမျိုးများကို ညှဉ်းပန်းနှိပ်စက်သောအခါ သူတို့သည် သခင်ယေရှုကို ကယ်တင်ရှင်အဖြစ် ယုံကြည်ကြလိမ့်မည်။ အနာဂတ်တွင် ဘုရားသ ခင်၏ဖြောင့်မတ်ခြင်းအဖြစ် သခင်ယေရှုကို ဝန်ခံသော ယုံကြည်သူ များစွာတို့သည် ဣသရေလလူမျိုးများအကြားပေါ်ထွန်လိမ့်မည်။
“ဘုရားသခင်သည် လူအပေါင်းတို့အပေါ်ကရုဏာထားတော်မူရန် လူအပေါင်းတို့ကို မနာခံမှုအဖြစ်၌ချုပ်ထားတော်မူ၏။” ဘုရား သခင်သည် မိမိဖြောင့်မတ်ခြင်းကို ယုံကြည်ခြင်းအားဖြင့် ကယ်တင် ခြင်းခံရရန် အပြစ်သားများအားလုံးကို ခွင့်ပြတော်မူခဲ့ဟု ဤကောင်း သောကျမ်းချက်က ရှင်းပြထားသည်။
ဘေးဒဏ်ကြီးကာလအတွင်း လုံလောက်သောဟေလသလူမျိုး များသည် မာတုရ အသေခံခဲ့ကြသောအခါ ကိုယ်တော်သည် ဣသ ရေလလူမျိုးများအား ခရစ်တော်၌ နောင်တရ၍ ယုံကြည်သောသူ များ ဖြစ်စေတော်မူလိမ့်မည်ဟု ဘုရားသခင်သည် ရှင်ပေါလုထံ မိန့် တော်မူခဲ့သည်။ ရောမ ၁၁း၃၃ိ တွင် ရှင်ပေါလုက “ဘုရားသခင်၏အသိပညာနှင့်ဉာဏ်ပညာတော်တို့၏ကြွယ်ဝမှုသည် နက်နဲလှပါတ ကား။စီရင်တော်မူချက်တို့ကို စူးစမ်းလေ့လာ၍မကုန်နိုင်။ လမ်းတော် တို့ကိုလည်း ချင့်မျှော်တွေးဆ၍မရနိုင်”ဟု ပြောခဲ့သည်။
စစ်မှန်သောဉာဏ်နှင့် ဘုရားပြင်ဆင်ချက်တို့သည် ဘုရားထံ တော်မှ လာခဲ့သည်။ ကိုယ်တော်သည် လူသားများအားလုံးကို အစ ကတည်းက မစုံလင်သူများအဖြစ် ဖန်ဆင်းတော်မူခဲ့သည်။ ဤအရာ က ကျွန်ုပ်တို့အား ကိုယ်တော်၏ကယ်တင်ခြင်းရရှိရန် ခွင့်ပေးသော ဘုရားသခင်၏ပညာတော်ကို ပြသသည်။ ဤအရာကြောင့် နောက် ဆုံးသောကာလ၌ ကိုယ်တော်ကို ယုံကြည်သူများသည် ဣသရေလ လူမျိုးများကိုပင် ကယ်တင်လိမ့်မည်။ ကျွန်ုပ်တို့အားလုံးသည် ‌အခြား ရွေးချယ်စရာမရှိ အပ္ပါယ်ငရဲမီးအိုင်သို့ ပစ်ချခြင်းခံရမည်သူများဖြစ် ကြသော်လည်း ဘုရားသခင်သည် ကိုယ်တော်ကြံစည်၍ ပြည့်စုံစေ တော်မူသော မိမိဖြောင့်မတ်ခြင်းအားဖြင့် ကျွန်ုပ်တို့အား အပြစ်များ အားလုံးမှ ကယ်တင်တော်မူခဲ့သည်။ လူသားအားလုံးသည် စာတန် ၏စုံစမ်းခြင်းခံရကြ၍ ဘုရားသခင်၏ပညတ်တော်ကို ချိုးဖောက်ခြင်း အားဖြင့် အပြစ်သားများဖြစ်လာခဲ့ကြသောအခါ ဓမ္မဟောင်းကျမ်းရှိ တဲတော်၌ ယဇ်ပူဇော်ခြင်းစနစ်နှင့်အညီ သခင်ယေရှု၏ဗတ္တိဇံနှင့်အ သွေးတော်အားဖြင့် ဘုရားသခင်သည် အပြစ်သားများအားလုံးကို ကယ်တင်တော်မူရန် အလိုရှိတော်မူသည်။
ထိုနောက် မည်သူသည် ဘုရားသခင်၏ပညာတော်ကို ဆန့် ကျင်ဝံ့မည်နည်း။ “အကြောင်းမူကား အရာခပ်သိမ်းတို့သည် ကိုယ် တော်ထံမှလည်းကောင်း၊ ကိုယ်တော်အားဖြင့်လည်းကောင်း၊ ကိုယ် တော်အတွက်လည်းကောင်း ဖြစ်တည်ကြ၏။ ကိုယ်တော်ရှင်၌ ကာ လအစဉ်အဆက် ဘုန်းအသရေတော်တည်ရှိပါစေသော။ အာမင်။”  ဘုရားသခင်သည် ကျွန်ုပ်တို့အား မိမိဂရုဏာပေးအပ်နိုင်ရန် မနာခံ ခြင်း၌ ကျွန်ုပ်တို့ကို ချုပ်‌‌‌နှောင်တော်မူခဲ့သည်ဟူသော ဤသမ္မာတ ရားကို မည်သူသည် နားလည်သဘောပေါက်နိုင်မည်နည်း။ ကိုယ် တော်သည် ဤအရာ၌ မှားယွင်းသည်ဟု မည်သူ ပြောဝံ့မည်နည်း။ မည်သူကမျှ မပြောနိုင်ပေ။ ဘုန်းတော်အားလုံးနှင့် ဘုရားစီမံချက် အားလုံးတို့သည် ထာဝရ ကိုယ်တော့်အတွက် ဖြစ်သည်။
သန့်ရှင်းတော်ရှင်ပေါလုသည် သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝတော်မူ၍ သူက “မည်သူသည် ထာဝရဘုရား၏စိတ်တော်ကိုသိသနည်း။ မည်သူသည် ကိုယ်တော်၏အတိုင်ပင်ခံဖြစ်ဖူးသနည်း။ မိမိအပေါ် ကိုယ်တော်ကျေးဇူးတုံ့ပြန်ရလေအောင် မည်သူသည် ကိုယ်တော်အား ဦးစွာကျေးဇူးပြုဖူးသနည်း။” အကြောင်းမူကား အ ရာခပ်သိမ်းတို့သည် ကိုယ်တော်ထံမှလည်းကောင်း၊ ကိုယ်တော်အားဖြင့်လည်းကောင်း၊ ကိုယ်တော်အတွက်လည်းကောင်း ဖြစ်တည်ကြ၏။ ကိုယ်တော်ရှင်၌ ကာလအစဉ်အဆက် ဘုန်းအသရေတော်တည်ရှိပါစေသော။ အာမင်”(ရောမ ၁၁း၃၄-၃၆)ဟု ရေးခဲ့သည်။
ကျွန်ုပ်တို့သည် အပြစ်များဖြင့် ပြည့်နေကြသော်လည်း ဘုရား သခင်၏ဖြောင့်မတ်ခြင်းသတင်းကောင်းကို ဟောပြောရန် အသက် ရှင်ကြသည်။ ဘုရားသခင်၏ဖြောင့်မတ်ခြင်းဤသတင်းကောင်းကို ဆန့်ကျင်သောသူများသည် ကိုယ်တော်၏ရန်သူများ ဖြစ်ကြသည်။ ထိုအရာသည် မှန်ကန်သည်။ ဤသို့သောပုဂ္ဂိုလ်များသည် ကျွန်ုပ်တို့ အကြား၌ပင် ပေါ်ပေါက်လာနိုင်သည်။ ထိုကြောင့် ကျွန်ုပ်တို့သည် ဆု တောင်း၍ ကျွန်ုပ်တို့သည် တစ်ယောက်မျှ ဤသို့သော စုံစမ်းခြင်း၌ မကျဆင်းအောင် သတိချပ်ရမည် ဖြစ်သည်။ ကျွန်ုပ်တို့သည် မည် သည့်အခြေအနေမျိုး၌ဖြစ်စေ သတင်းကောင်းကို မဆန့်ကျင်သင့်ကြ ပေ။  ကျွန်ုပ်တို့သည် မယုံကြည်သောနှလုံးသားများဖြင့် ရေနှင့်ဝိ ညာဉ်တော်ကို ဆန့်ကျင်ဘက်မပြုရကြပေ။ ၎င်းကို ဆန့်ကျင်သော သူများသည် ဤလောက၌ဖြစ်စေ၊ နောက်ကမ္ဘာ၌ဖြစ်စေ ဖျက်ဆီး ခြင်းခံရလိမ့်မည်။
ဣသရေလလူမျိုးတို့သည် သခင်ယေရှုကို ယုံကြည်ရမည့်အ ချိန်နီးကပ်သည်။ ဤကမ္ဘာပေါ်တွင် လူခြောက်ဘီလီယံတို့သည် ဘု ရားသခင်ထံပြန်လှည့်လာ၍ ကယ်တင်ခြင်းလက်ခံရရှိလျှင် မည်မျှ ဝမ်းမြောက်စရာကောင်းမည်နည်း။ ဘုရားသခင်၏ဖြောင့်မတ်ခြင်း ကို ယုံကြည်သူ ဖြောင့်မတ်သူများသည် ပစ္စုပ္ပန်အခြေအနေကိုသာ မကြည့်ကြဘဲ ဣသရေလလူမျိုးများအတွက် ဘုရားသခင်ပြင်ဆင် တော်မူခဲ့‌သောအမှုကိုလည်း ကြည့်၍ ကောင်းကင်သစ်နှင့် မြေကြီး သစ်သို့ ဝင်ရောက်၍ အသက်ရှင်ရန် ယုံကြည်ခြင်း ပြင်ဆင်ရကြမည် ဖြစ်သည်။ ဖြောင့်မတ်သည် ယုံကြည်ခြင်းနှင့် မြော်လင့်ခြင်းအားဖြင့် အစဉ်အမြဲအသက်ရှင်သင့်ကြသည်။
ဣသရေလလူမျိုးများသည် ခရစ်တော်ကို ကယ်တင်ရှင်အဖြစ် ယုံကြည်မည့်နေ့ရက်သည် နီးပြီဟု ကျွန်တော်သိသောကြောင့် ဘု ရားသခင်ကို ကျွန်တော်ကျေးဇူးတင်သည်။
သခင်ယေရှု၊ အလျှင်အမြန် ကြွလာတော်မူပါ။