Search

တရားဟောချက်များ

ဘာသာရပ် ၉ - ရောမဩဝါဒစာ (ရောမဩဝါဒစာအနက်ဖွင့်ကျမ်းများ)

[10-2] ယုံကြည်ခြင်းသည် ကြားနာခြင်းအားဖြင့် ဖြစ်၏ (ရောမသြဝါဒစာ ၁၀း၁၆-၂၁)

(ရောမ ၁၀း၁၆-၂၁)
“သို့သော် ဤကောင်းမြတ်သောသတင်းကို သူတို့အားလုံးနာခံကြသည်မဟုတ်။ ပရောဖက်ဟေရှာယက “အိုထာဝရဘုရား၊ အ ကျွန်ုပ်တို့၏သတင်းစကားကို မည်သူယုံကြည်ပါသနည်း”ဟု ဆိုထား၏။ သို့ဖြစ်၍ ယုံကြည်ခြင်းသည် ကြားနာခြင်းအားဖြင့်ဖြစ်ပြီး ကြားနာခြင်းသည် ခရစ်တော်၏စကားတော်အားဖြင့်ဖြစ်၏။ သို့ သော် ငါမေးလိုသည်မှာ ထိုသူတို့မကြားခဲ့ရသလော။ အမှန်ပင်ကြားခဲ့ရ၏။ 
“သူတို့၏အသံသည် မြေကြီးတစ်ပြင်လုံးသို့ ပျံ့နှံ့သွား၍ 
သူတို့၏စကားသည် ကမ္ဘာလောကအစွန်အဖျားတိုင်အောင် ရောက်လေ၏။ ”
တစ်ဖန် ငါမေးလိုသည်မှာ အစ္စရေးလူမျိုးတို့သည် မသိကြသလော။ ပထမဦးစွာ မောရှေက “ငါသည် မပြောပလောက်သောလူမျိုးအားဖြင့် 
သင်တို့၌ မနာလိုစိတ်ဖြစ်ပေါ်စေ၍ အသိတရားကင်းမဲ့သောလူမျိုးအားဖြင့် သင်တို့ကို မခံမရပ်နိုင်ဖြစ်စေမည်”ဟု ဆို၏။
ပရောဖက်ဟေရှာယကလည်း “ငါ့ကိုမရှာသောသူတို့သည် ငါ့ကိုတွေ့ရှိကြ၏။ ငါ့အကြောင်းကိုမမေးမြန်းသောသူတို့ထံ ငါ့ကိုယ်ငါထင်ရှားပြ၏”ဟု ရဲရင့်စွာဆိုထား၏။ အစ္စရေးလူမျိုးနှင့်ပတ်သက်၍မူကား “နာခံခြင်းမရှိ၊ ဆန့်ကျင်ပုန်ကန်တတ်သောလူမျိုးထံသို့ တစ်နေ့လုံး ငါ့လက်ကို ကမ်းလျက်နေခဲ့၏”ဟု ဆို၏။”
 

အပိုဒ်ငယ် ၁၇ တွင် “သို့ဖြစ်၍ ယုံကြည်ခြင်းသည် ကြားနာခြင်းအားဖြင့်ဖြစ်ပြီး ကြားနာခြင်းသည် ခရစ်တော်၏စကားတော်အားဖြင့်ဖြစ်၏”ဟု ဖော်ပြထားသည်။ အပြစ်များအားလုံးမှ လူတစ်ဉီးအား ကယ်တင်ပေးသောယုံကြည်ခြင်းကို မည်သည့်နေရာမှ လာသနည်း။ စစ်မှန်သောယုံကြည်ခြင်းသည် ဘုရားသခင်၏နှုတ် ကပတ်တော် ကြားနာခြင်းမှ လာသည်။
ကျွန်တော်သည် နှုတ်ကပတ်တော်အားဖြင့် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းသတင်းကောင်းကို သက်သေခံလိုသည်။ ရောမ ၃း ၁၀-၂၀ ကိုကြည့်၍ အစပြုကြပါစို့။
“ဤသည်ကား “ဖြောင့်မတ်သောသူမရှိ၊ တစ်ယောက်မျှမရှိ။
တတ်သိနားလည်သောသူမရှိ၊ 
ဘုရားသခင်ကိုရှာသောသူမရှိ။ 
လူအပေါင်းတို့သည် လမ်းလွဲကြ၍ 
တညီတညွတ်တည်းအသုံးမကျသောသူများဖြစ်ကြပြီ။ 
ကောင်းသောအမှုကိုပြုသောသူမရှိ၊ တစ်ယောက်မျှမရှိ။ 
သူတို့၏လည်ချောင်းသည် ဖွင့်ထားသောသင်္ချိုင်းတွင်းဖြစ်ကြ၏။ 
သူတို့သည် မိမိတို့လျှာဖြင့် လိမ်လည်ပြောဆိုတတ်ကြ၏။ 
သူတို့၏နှုတ်ခမ်းအောက်၌ မြွေဆိုး၏အဆိပ်အတောက်ရှိ၏။ 
သူတို့၏နှုတ်သည် ကျိန်ဆဲသောစကား၊ ခါးသီးသောစကားတို့ဖြင့် ပြည့်ဝလျက်ရှိကြ၏။ 
သူတို့၏ခြေသည် လူကိုသတ်ဖြတ်ရန်လျင်မြန်ကြ၏။ 
သူတို့သွားရာလမ်း၌ ပျက်စီးခြင်းနှင့်ဒုက္ခဆင်းရဲခြင်းရှိ၍ 
သူတို့သည် ငြိမ်းချမ်းရာလမ်းကိုမသိကြ။ 
သူတို့၏မျက်စိရှေ့တွင် ဘုရားသခင်ကိုကြောက်ရွံ့ခြင်းမရှိ”ဟု ကျမ်းစာ၌ရေးထားသည့်အတိုင်းဖြစ်၏။
ပညတ်တရားဆိုထားသမျှတို့သည် ပညတ်တရားအောက်၌ရှိသောသူများအတွက်ဆိုထားကြောင်း ငါတို့သိကြ၏။ ဤသည်ကား နှုတ်ရှိသမျှသည် ပိတ်ထားခြင်းခံရ၍ လောကီသားအပေါင်းတို့သည် ဘုရားသခင်၏တရားစီရင်ခြင်းလက်အောက်သို့ ကျရောက်ကြရန်ဖြစ်၏။သို့ဖြစ်၍ပညတ်တရားနှင့်ဆိုင်သောအကျင့်အားဖြင့် မည်သူမျှ ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရမည်မဟုတ်။ အကြောင်းမူကား ပညတ်တရားအားဖြင့် အပြစ်အကြောင်းကိုသိရှိရုံမျှသာဖြစ်၏။”
ကျွန်ုပ်တို့သည် ဤကျမ်းချက်များကို ကယ်တင်ခြင်းရရှိရန် မည်သို့နားလည်၍ ယုံကြည်သင့်သနည်း။ အစအဉီး၌ ဖြောင့်မတ် သောသူမရှိ။ ဘုရားကို ရှာသောသူလည်းမရှိပေ။ အားလုံးသည် အ ပြစ်သားများဖြစ်ကြသည်။ သူတို့သည် လည်ချောင်းသည် ဖွင့်ထား သောသင်္ချိင်းတွင်း ဖြစ်သည်။ သူတို့လျှာသည် လှည့်စားတတ်ကြ သည်။ သူတို့နှုတ်ခမ်းအထဲမှ မြွေဆိုးအဆိပ်အတောက်ရှိသည်။ သူ တို့နှုတ်သည် ကျိန်ဆဲသောစကား၊ ကြမ်းတမ်းသောစကားနှင့်ပြည့် သည်။ သူတို့ခြေသည် လူအသက်ကို သတ်ခြင်းငှါ လျှင်မြန်သည်။ သူ တို့သွားရာလမ်း၌ ပျက်စီးခြင်း၊ ဒုက္ခဆင်းရဲခြင်းရှိသည်။ ချမ်းသာ လမ်းကို သူတို့မသိကြပေ။ ဘုရားသခင်ကို ကြောက်ရွံ့ရသောအ ကြောင်းသည် သူတို့မျက်စိ၌ မထင်ပေ။ လူတိုင်းသည် ဘုရားသခင် ၏ဖြောင့်မတ်ခြင်းကို သိ၍မယုံကြည်မီ အပြစ်သားများဖြစ်ကြသည်။ သူတို့သည် ဘုရားရှေ့တော်၌ အပြစ်သားများဖြစ်ကြသည်ကို သိရှိ နိုင်သောနည်းလမ်းမှာ ပညတ်တော်အားဖြင့် ဖြစ်သည်။ 
ကျွန်ုပ်တို့သည် ပညတ်တော်မပါဘဲ အပြစ်များကို မည်သို့သိနိုင် ကြမည်နည်း။ ဘုရားသခင်ကို မည်သို့သိနိုင်ကြမည်နည်း။ ရောမ ၃း၁၈ တွင် “ဘုရားသခင်ကို ကြောက်ရွံ့ရသော အကြောင်းသည် သူတို့မျက်စိ၌ မထင်”ဟု ဖော်ပြထားသည်။ ကျွန်ုပ်တို့ကိုယ်ခန္ဂာမျက် စိများသည် ကိုယ်တော့်ကို မြင်တွေ့ခဲ့ကြသလော။ ကျွန်ုပ်တို့သည် ဘုရားသခင်တည်ရှိခြင်းအကြောင်းကို စိတ်ထဲမှာ အနည်းငယ်မျှ အာ ရုံပြုနိုင်ကြသည်။ သို့သော် ကျွန်ုပ်တို့သည် ကိုယ်တော့်ကို မမြင်ဘူး သို့မဟုတ် မကြောက်ကြပေ။ ထိုနောက် ကျွန်ုပ်တို့သည် အပြစ်သား များဖြစ်ကြသ်ဟု မည်သို့ သိနိုင်ကြသနည်း။ ကျွန်ုပ်တို့သည် နှုတ်က ပတ်တော်အားဖြင့် ဘုရားသခင်တည်ရှိခြင်းကို သိနိုင်ကြသည်။ ဤ အရာသည် ဘုရားသခင်၏နှုတ်ကပတ်တော်ကြားနာခြင်းမှ လာ သောကြောင့် ဖြစ်သည်။
“အစအဉီးသည် ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူ၏”(ကမ္ဘာ ၁း၁)ဟု ကျမ်းစာက ဖော်ပြထားသော ကြောင့် ဘုရားသခင်သည် ကမ္ဘာကို ဖန်ဆင်းတော်မူခဲ့သည်ဟု ကျွန်ုပ်တို့ သိကြသည်။ ကျွန်ုပ်တို့သည် ဤနှုတ်ကပတ်တော်ကို ကြားနာခြင်းအားဖြင့် ကိုယ်တော်၏တည်ရှိခြင်းကို သိ၍ ယုံကြည် လာခဲ့ကြသည်။ ကိုယ်တော်သည် စကြာဝဠာတစ်ခုလုံး၏ဖန်ဆင်းရှင် ဖြစ်တော်မူသည်ဟုလည်း ယုံကြည်ကြသည်။ ဘုရားသခင်၏နှုတ်က ပတ်တော်မရှိလျှင် ကိုယ်တော့်ကို သိသောသူ၊ ကိုယ်တော်ကို ကြောက်သောသူတစ်စုံတစ်ဉီးမျှ ရှိလိမ့်မည် မဟုတ်ပေ။ ဘုရားသ ခင်၏နှုတ်ကပတ်တော်မရှိလျှင် တစ်ဉီးတစ်ယောက်မျှ ကျွန်ုပ်တို့အ ပြစ်များကို သိကြမည်မဟုတ်ပေ။ 
တစ်နည်းအားဖြင့် ကျွန်ုပ်တို့သည် အခြေခံအားဖြင့် ဘုရားကို လျစ်လျူရှုကြ၍ အချည်းနှီးသောအရာများကို ကိုးကွယ်ကာ မိမိအ ပြစ်များကို သတိမထားကြပေ။ သို့သော် ဘုရားသခင်သည် ကျွန်ုပ် တို့အား ပညတ်တော်ကို ပေးအပ်တော်မူခဲ့သောကြောင့် ကျွန်ုပ်တို့ သည် ဘုရားရှေ့တော်၌ မိမိအပြစ်များကို သိကြခြင်း ဖြစ်သည်။ ကိုယ်တော်၏ပညတ်တော်နှုတ်ကပတ်တော်ကို ပညတ်တော်ဆယ် ပါးနှင့် ပညတ်တော်၏အသေးစိတ်ပုဒ်မ ၆၁၃အဖြစ် ကြားနာခြင်း အားဖြင့် ကျွန်ုပ်တို့သည် မိမိအားနည်းချက်များနှင့် အပြစ်များကို သိ ရကြသည်။
ပညတ်တော်နှုတ်ကပတ်တော်မပါဘဲ မည်သူမည်ဝါကမျှ မိမိအ ပြစ်များကို မသိနိုင်ကြပေ။ အကျဉ်းထောင်၌ ချုပ်နှောင်ခင်းခံရသူ အားလုံးနီးပါးသည် မိမိကျူးလွန်သောအပြစ်များကို မသိကြပေ။ ဘာ ကြောင့် ချုပ်နှောင်ခြင်းခံရသည်ကိုလည်း မသိကြပေ။ သူတို့သည် အပြစ်မရှိ၊ အကျဉ်းထောင်သို့ မှားယွင်းစွာနှင့် မတရားစွာ ပို့ဆောင် ခြင်းခံရကြသည်ဟု များစွာ ပြောကြသည်။ ဘုရားသခင်၏နှုတ်က ပတ်တော်မသိဘဲ ကျွန်ုပ်တို့သည် မိမိအပြစ်များကို မသိနိုင်ကြဘဲ “ကျွန်တော်သည် ဤသို့ ပြုခဲ့မိတယ်။ လူတိုင်းလည်းပြုခဲ့ကြတယ်။ ဤအရာသည် မည်သို့အပြစ်ဖြစ်နိုင်သလဲ”ဟု ပြောကြသည်။
ဘုရားသခင်၏ပညတ်တော်ကို မြင်တွေ့ခြင်းနှင့်ကြားနာခြင်း အားဖြင့်သာလျှင် ကျွန်ုပ်တို့သည် မိမိအပြစ်များကို နားလည်သဘော ပေါက်ကြသည်။ ဘုရားသခင်၏နှုတ်ကပတ်တော်အားဖြင့် ကျွန်ုပ်တို့ သည် အခြားသောဘုရားများကိုးကွယ်သူများ၊ ဘုရားသခင်၏နာမ တော်ကို မုသာနှင့်ဆိုင်၍မြွက်ဆိုသောသူများ၊ ဥပုသ်နေ့ကို မစောင့် သောသူများ၊ လူ့အသက်သတ်သောသူများ၊ သူ့မယားကို ပြစ်မှား သောသူများ၊ သူ့ဥစ္စာကို ခိုးသောသူများ၊ မုသာကို သုံးသောသူများ၊ သူတပါးကို မနာလိုသောသူများဖြစ်ကြသည်ကို သိကြသည်။ ဘုရား သခင်၏ပညတ်တော်ပြောထားသောကြောင့် ဤလုပ်ဆောင်ချက် များသည် အပြစ်ဖြစ်သည်ဟု ကျွန်ုပ်တို့သိကြခြင်း ဖြစ်သည်။ ကျွန်ုပ် တို့သည် ဘုရားသခင်၏ပညတ်တော်နှုတ်ကပတ်တော်အားဖြင့် ဘု ရား‌ရှေ့တော်၌ အပြစ်သားများဖြစ်ကြသည်ဟု နားလည်သဘော ပေါက်၍ အသိအမှတ်ပြုရကြခြင်း ဖြစ်သည်။ ဤပညတ်တော်မတိုင် မှီ ကျွန်ုပ်တို့သည် မိမိအပြစ်များကိုပင် မသိခဲ့ကြပေ။
ကျွန်ုပ်တို့သည် အပြစ်သားများဖြစ်ကြသည်ဟု နားလည်သ ဘောပေါက်ပြီးနောက် ကျွန်ုပ်တို့သည် ဘုရားရှေ့တော်၌ မည်သည့် အရာကို လုပ်သင့်ကြသနည်း။ ကျွန်ုပ်တို့သည် မိမိအပြစ်များမည်သို့ ခွင့်လွှတ်ခြင်းခံရမည်ကို မေးမြန်းရန် လိုအပ်ကသည်။ ကျွန်ုပ်တို့ သည် ဘုရားသခင်၏နှုတ်ကပတ်တော်ကို ကြားနာခြင်းအားဖြင့် အပြစ်များကို သိကြ၍ ကယ်တင်ခြင်းလိုအပ်သည်ကို နားလည်သ ဘောပေါက်ကြသည်။ ဆာလောင်မွတ်သိပ်သောသူသည် အစာလို အပ်သည်ဟု ခံစားရသည့်အတိုင်း သူတို့သည် ဘုရားသခင်၏ပညတ် တော်ချိုးဖောက်ခဲ့ကြသည်ဟု အသိအမှတ်ပြုသူများနှင့် သူတို့သည် အပြစ်သားများဖြစ်ကြသည်ဟု သိသူများသည် ကယ်တင်ခြင်းလိုအပ် မှုကို နားလည်သဘောပေါက်ကြသည်။ ကျွန်ုပ်တို့သည် ကိုယ်တော် စေလွှတ်တော်မူခဲ့သော သခင်ယေရှုခရစ်တော်အားဖြင့် ဘုရားသခင် ကို မည်သို့ရှာဖွေ၍ ကိုယ်တော်၏ဖြောင့်မတ်ခြင်းကို ယုံကြည်ရန် ကျွန်ုပ်တို့လိုအပ်မှုကို အသိအမှတ်ပြုကြခြင်း ဖြစ်သည်။ “ယုံကြည် ခြင်းသည် ကြားနာခြင်းအားဖြင့် ဖြစ်၏”ဟု ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်ကို ကြားနာခြင်း အားဖြင့် မိမိအပြစ်များကို သိကြသည်။
 


ကျွန်ုပ်တို့သည် အပြစ်သားများဖြစ်ကြသည်ဟု ယခုသိ ကြသည်။ ကျွန်ုပ်တို့သည် အပြစ်များမှ လွှတ်မြောက်ရန် ဘာလုပ်သင့်ကြသနည်း


ကျွန်ုပ်တို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်ကို ကြားနာ၍ သင်ယူကြသည့်အတိုင်း ကျွန်ုပ်တို့နှလုံးသားအတွင်း၌ ရပ်တည်သော နှုတ်ကပတ်တော်ကို ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းလာ သည်။ ရောမ ၃း၂၁-၂၂ တွင် “သို့ရာတွင် ယခုအခါ၌ ပညတ်တရားနှင့်ပရောဖက်များသက်သေခံသော ဘုရားသခင်၏ဖြောင့်မတ်ခြင်းသည် ပညတ်တရားမပါဘဲ ထင်ရှားလေပြီ။ ၎င်းမှာ ယေရှုခရစ်တော်ကိုယုံကြည်ခြင်းအားဖြင့် ယုံကြည်သူအပေါင်းတို့အပေါ်သက်ရောက်သော ဘုရားသခင်၏ဖြောင့်မတ်ခြင်းဖြစ်၏။ ဤတွင် မည်သည့်ခြားနားမှုမျှမရှိ”ဟုဖော်ပြထားသည်။
ဘုရားသခင်သည် မိမိပညတ်တော်ကို ပေးအပ်တော်မူခြင်းအား ဖြင့် ကျွန်ုပ်တို့သည် ကိုယ်တော်ရှေ့တော်၌ အပြစ်သားများဖြစ်ကြ၍ နှုတ်ကပတ်တော်အားဖြင့် အသက်မရှင်နိုင်ကြသူများဖြစ်ကြသည်ကို သိစေတော်မူခဲ့သည်။ ကျွန်ုပ်တို့မှာ မတူညီသောလိုအပ်မှု နှစ်ခုရှိကြ သည်။ ကျွန်ုပ်တို့သည် ပညတ်တော်အားဖြင့် အသက်ရှင်လိုကြ သည်။ ထိုနည်းတူ ကျွန်ုပ်တို့သည် အပြစ်မှ ကယ်တင်ခြင်းကို ရှာဖွေ နေကြသည်။ သို့သော် “...ယခုတွင် ပညတ်တော်မှ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို ထင်ရှား”သောကြောင့် အပြစ်များမှ ကယ်တင် ခြင်းခံရမည့်သူများသည် ပညတ်တော်အားဖြင့် မဟုတ် ဘုရားသခင် ၏ဖြောင့်မတ်ခြင်းအားဖြင့် ရွေးနှုတ်ကယ်တင်ခြင်းကို ရှာဖွေရကြ မည် ဖြစ်သည်။ ဤရွေးနှုတ်ကယ်တင်ခြင်းသည် ဘုရားသခင်၏ပ ညတ်တော်နာခံခြင်းအားဖြင့်လာသည်ကိုလည်းကောင်း၊ သခင်ယေ ရှုခရစ်တော်အားဖြင့် ကျွန်ုပ်တို့အား ကယ်တင်ခဲ့သော ဘုရားသခင် ၏ဖြောင့်မတ်ခြင်း၊ ဘုရားသခင်ပေးအပ်တော်မူခဲ့သော ကယ်တင် ခြင်းအားဖြင့်သာဖြစ်သည်ဟု ကျွန်ုပ်တို့သိကြသည်။
ထိုနောက် ဘုရားသခင်၏‌ဖြောင့်မတ်ခြင်းနှင့် ကယ်တင်ခြင်းမှာ အဘယ်အရာ ဖြစ်သနည်း။ ဤအရာသည် ဓမ္မဟောင်းနှင့် ဓမ္မသစ် ကျမ်းများတွင် ဖော်ပြထားသော ရေနှင့်ဝိညာဉ်တော်သတင်းကောင်း ဖြစ်သည်။ ဓမ္မဟောင်းကျမ်းတွင် ရေနှင့်ဝိညာဉ်တော် သတင်း ကောင်းကို ယဇ်ပူဇော်ခြင်း၌ ယုံကြည်ခြင်းအားဖြင့် ရရှိသော ကယ် တင်ခြင်းအဖြစ်ထင်ရှား၍ ဓမ္မသစ်ကျမ်းတွင် သခင်ယေရှု၏ဗတ္တိဇံနှင့် ကားတိုင်ကို ယုံကြည်ခြင်းအဖြစ် ထင်ရှားသည်။ ရောမ ၃း၂၁-၂၂ တွင် “သို့ရာတွင် ယခုအခါ၌ ပညတ်တရားနှင့်ပရောဖက်များသက် သေခံသော ဘုရားသခင်၏ဖြောင့်မတ်ခြင်းသည် ပညတ်တရားမပါဘဲ ထင်ရှားလေပြီ။ ၎င်းမှာ ယေရှုခရစ်တော်ကိုယုံကြည်ခြင်းအားဖြင့် ယုံကြည်သူအပေါင်းတို့အပေါ်သက်ရောက်သော ဘုရားသခင်၏ဖြောင့်မတ်ခြင်းဖြစ်၏။ ဤတွင် မည်သည့်ခြားနားမှုမျှမရှိ”ဟု ဖော်ပြထား သည်။ 
ကျွန်ုပ်တို့သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို မည်သို့ရရှိ နိုင်ကြသနည်း။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို သခင်ယေရှုသည် ဘုရားနှင့်ကယ်တင်ရှင်ဖြစ်တော်မူသည်ဟု ပညတ် တော်နှင့်ပရောဖက်များသက်သေခံသော ဘုရားသခင်၏နှုတ်ကပတ် တော်သိရှိခြင်းအားဖြင့် ရရှိကြ၍ ကိုယ်တော်ကို ယုံကြည်ခြင်းအား ဖြင့် အပြစ်များအားလုံးမှ ကယ်တင်ခြင်းခံရကြသည်။
တစ်နည်းအားဖြင့် ကျွန်ုပ်တို့သည် ဓမ္မဟောင်းကျမ်း၏ပညတ် တော်နှင့်ပရောဖက်များအားဖြင့် သက်သေခံသော ကိုယ်တော်နှုတ် ကပတ်တော်ကို ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်၏ဖြောင့်မတ် ခြင်းကို ရရှိကြသည်။ ပညတ်တော်နှင့်ပရောဖက်များသည် ဟေဗြဲသြ ဝါဒစာနှင့်ရောမသြဝါဒစာများ၏ ပထမအခန်းကြီး၌ ဖော်ပြထား သောဘုရားသခင်၏နှုတ်ကပတ်တော်ကို သက်သေခံခဲ့သည်။
သခင်ယေရှုသည် ကျွန်ုပ်တို့အား ရွေးနှုတ်ရန် ကြွလာတော်မူခဲ့ ခြင်းမှာဘုရားသခင်ကတိပြုတော်မူခဲ့သောကယ်တင်ခြင်း ဖြစ်သည်။ ပညတ်တော်အောက်၌နေ၍ ပျက်စီးခြင်း၌ ချုပ်နှောင်ခြင်းခံရသော အပြစ်သားများကို ကယ်တင်ရန် ဤကတိတော်သည် လွန်ခဲ့သော နှစ်ပေါင်းထောင်ချီကတည်းက ဘုရားသခင်ကတိပြုတော်မူခဲ့ပြီး ဖြစ် သည်။ ကိုယ်တော်သည် ဤကတိတော်ကို ကြိမ်ဖန်များစွာ ပြန်လည် တင်ပြတော်မူ၍ ကျွန်ုပ်တို့ရှေ့က လာသော ကိုယ်တော်၏အစေခံ များစွာအားဖြင့် ကိုယ်တော်သည် ထိုကတိတော်ကို မည်သို့စောင့် ရှောက်တော်မူခဲ့သည်ကို ထင်ရှားစေတော်မူခဲ့သည်။
ဥပမာအားဖြင့် ကျမ်းချက်တစ်ချက်ကို ကြည့်ကြပါစို့။ ဝတ်ပြု ရာကျမ်း ၁၆း၂၁ တွင် “အာရုန်သည် မိမိလက်နှစ်ဖက်ကို အသက်ရှင်သောဆိတ်သငယ်၏ခေါင်းပေါ်၌ တင်၍ အစ္စရေးအမျိုးသားတို့၏ဒုစရိုက်ရှိသမျှ၊ သူတို့ကျူးလွန်သောအပြစ်ရှိသမျှတို့ကို ဖော်ပြဝန်ခံရမည်။ ထိုအပြစ်တို့ကို ဆိတ်သငယ်၏ခေါင်းပေါ်၌တင်ထားပြီး ထိုဆိတ်သငယ်ကို တာဝန်ရှိသူမှတစ်ဆင့် တောကန္တာရထဲသို့ လွှတ်လိုက်ရမည်”ဟု ဖော်ပြထားသည်။ ရောမ ၃း၂၁-၂၂ တွင် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ပညတ်တော်နှင့်ပရောဖက်များ အားဖြင့် သက်သေခံခဲ့သည်ဟု ဖော်ပြထားသည်။ ဆိုလိုသည်မှာ သ ခင်ယေရှု၏ပြည့်စုံသောကယ်တင်ခြင်းမှာ တဲတော်၏ဓမ္မဟောင်း ကျမ်းယဇ်ပူဇော်ခြင်းနှင့် ဟေရှာယ၊ ယေဇကျေလ၊ ဒံယေလကဲ့သို့ သော ပရောဖက်များအားဖြင့် ထင်ရှားခဲ့သည်။ 
တစ်နည်းအားဖြင့် ဘုရားသခင်သည် သခင်ယေရှုခရစ်တော်ကို စေလွှတ်တော်မူခြင်း၊ ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် လောကအပြစ် များအားလုံးကို ယူဆောင်သွားတော်မူခြင်း၊ ကားတိုင်ပေါ်တွင် ကျွန်ုပ်တို့ကိုယ်စားအသေခံတော်မူခြင်း၊ နှင့် ဘုရားသခင်၏ဖြောင့် မတ်ခြင်းအားဖြင့် အပြစ်မှ ရွေးနှုတ်ကယ်တင်ရန် မိမိကိုယ်ခန္ဓာဖြင့် ကျွန်ုပ်တို့အပြစ်များအားလုံးပေးဆပ်တော်မူခြင်းအားဖြင့် ကိုယ်တော် ပြုတော်မူသောအရာဖြစ်‌သော ကယ်တင်ခြင်းကတိတော်ကို ကိုယ် တော်သည် မည်သို့စောင့်ရှောက်တော်မူခြင်း၊ ဓမ္မဟောင်းနှုတ်က ပတ်တော်အားဖြင့် ဘုရားသခင်သည် ထင်ရှားတော်မူခဲ့သည်။ ထို ကြောင့် ကျွန်ုပ်တို့ကယ်တင်ခြင်းသည် ပညတ်တော်အားဖြင့်မဟုတ် ဘဲ ပညတ်တော်နှင့်ပရောဖက်များ သက်သေခံသော သခင်ယေရှုခ ရစ်တော်၊ ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းရရှိသည်။
ကျွန်ုပ်တို့သည် သခင်ယေရှုခရစ်တော်အားဖြင့် ပြည့်စုံခဲ့သော ကိုယ်တော်၏ဖြောင့်မတ်ခြင်းကို ယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့ သည် အပြစ်များမှ ကယ်တင်ခြင်းခံရကြသည်ဟု ဘုရားသခင်မိန့် တော်မူသည်။ ကျွန်ုပ်တို့ယုံကြည်ခြင်းသည် သခင်ယေရှုခရစ်တော်၏ နှုတ်ကပတ်တော်၊ ဘုရားသခင်၏နှုတ်ကပတ်တော်ကို ကြားနာခြင်း အားဖြင့် ရရှိသည်။ သခင်ယေရှုသည် ကယ်တင်ရှင်ဖြစ်တော်မူသည် ဟု ကျွန်ုပ်တို့သည် မည်သို့သိ၍ ယုံကြည်ကြသနည်း။ ကိုယ်တော်၏ အစေခံများဟောပြောသော ဘုရားသခင်၏နှုတ်ကပတ်တော်ကို ကြားနာခြင်းအားဖြင့် သခင်ယေရှုသည် ကယ်တင်ရှင်ဖြစ်တော်မူ သည်ကိုလည်းကောင်း၊ ကိုယ်တော်၏အကြံအစည်တော်နှင့်အညီ ကျွန်ုပ်တို့အား ကယ်တင်ရန် ကိုယ်တော်သည် ကတိပြုတော်မူခဲ့ သည်ကိုလည်းကောင်း၊ ဤကတိတော်နှင့်အကြံအစည်တော်နှင့်အ ညီ ကျွန်ုပ်တို့ကို ကယ်တင်တော်မူရန် သခင်ယေရှုသည် ကြွလာ တော်မူခဲ့သည်ကိုလည်းကောင်း ကျွန်ုပ်တို့သိ၍ ယုံကြည်ကြသည်။ ဒံယေလ ၉း၂၄ တွင်
“အပြစ်ကျူးလွန်ခြင်းကို ရပ်တန့်ဖို့၊ အပြစ်ကို အဆုံးသတ်ဖို့၊ 
ဒုစရိုက်အပြစ်ကို ဖြေလွှတ်ဖို့၊ 
ထာဝရဖြောင့်မတ်ခြင်းကို ယူဆောင်လာဖို့၊ 
ဗျာဒိတ်နိမိတ်နှင့် ပရောဖက်ပြုဟောပြောခြင်းတို့ကိုတံဆိပ်ခတ်ဖို့၊ 
အသန့်ရှင်းဆုံးဌာနကို ဘိသိက်သွန်းဖို့ 
သင့်လူမျိုးတော်နှင့်သန့်ရှင်းသောမြို့တော်အတွက် ရက်သတ္တ ပတ်ခုနစ်ဆယ်ကို စီရင်သတ်မှတ်တော်မူပြီ”ဟု ဖော်ပြ ထားသည်။
 


ဘုရားသခင်သည် လူများအတွက် သိတင်းခုနစ်ဆယ်ကို ချမှတ်တော်မူခဲ့သည်


ကျွန်ုပ်တို့သည် ဒံယေလကျမ်းမှ အထက်တွင်ဖော်ပြထားသော ကျမ်းချက်ဖြင့် ဆက်ကြသည်။ အထင်ကျမ်းချက်ဖော်ပြချက်မှာ ဗာ ဗုလွန်အားဖြင့် ဣသရေလလူမျိုးများ၏ ကျဆင်းခြင်း ဖြစ်သည်။ ဣ သရေလလူမျိုးများသည် ရုပ်တုကိုးကွယ်ခြင်းကြောင့် အကျဉ်းသား များအဖြစ် ဗာဗုလုန်တွင် ဖမ်းဆီးချုပ်‌‌နှောင်ခြင်းခံ၍ သီတင်းခုနစ် ဆယ် ကျွန်များအဖြစ် အသက်ရှင်ရန် ဘုရားသခင်ဆုံးဖြတ်တော်မူခဲ့ သည်။ ဘုရားသခင်ဆုံးဖြတ်တော်မူခဲ့သည့်အတိုင်း ဣသရေလလူမျိုး များသည် ဗာဗုလုန်များ၏ တိုက်ခိုက်ခြင်းနှင့် သိမ်းပိုက်ခြင်းခံရကြ သည်။ ဣသရေလလူမျိုးများသည် ခုခံတိုက်ခိုက်နိုင်စွမ်းမရှိကြသော ကြောင့် သူတို့ကို အကျဉ်းသားများအဖြစ် သိမ်းပိုက်၍ သူတို့ကို ကျေးကျွန်များအဖြစ်သိမ်းပိုက်သော ကျူးကျော်သူထံ သူတို့သည် အ ညံ့ခံအရှုံးပေးခဲ့ကြရသည်။ အကျဉ်းသားများအဖြစ် သိမ်းသွားခြင်းခံ ရသောသူများအကြား ဗာဗုလုန်ရှင်ဘုရင်က မိမိအကြံပေးသူဖြစ် သော ဒံယေလကဲ့သို့သာ ပညာရှင်များလည်း ပါဝင်သည်။
ထိုကြောင့် ဘုရားသခင်သည် ဤနည်းလမ်းအားဖြင့် သူတို့အ ပြစ်များကြောင့် ဣသရေလလူမျိုးများကို ဒဏ်ခတ်တော်မူခဲ့သည်။ သို့သော် ကိုယ်တော်သည် ဂရုဏာတော်ရှိတော်မူသောကြောင့် ကိုယ် တော်သည် မိမိအမျက်တော်ကို အမြဲတမ်းမထိန်းသိမ်းဘဲ သီတင်း ခု နစ်ဆယ်တွင် သူတို့ကို လွှတ်မြောက်စေရန် ကြံစည်တော်မူခဲ့သည်။
ဒံယေလသည် မိမိလူများကိုယ်စား ဘုရားရှေ့မှာ နောင်တရ၍ ကိုယ်တော်၏ဂရုဏာနှင့်လွှတ်မြောက်ခြင်းအတွက် ဆုတောင်းခဲ့ သည်။ ဘုရားသခင်သည် အထက်တွင် ကျမ်းချက်ပြောခဲ့သော ကောင်းကင်တမန်တစ်ပါးကို စေလွှတ်တော်မူခဲ့သည်။ “အပြစ်ကျူး လွန်ခြင်းကို ရပ်တန့်ဖို့၊ အပြစ်ကို အဆုံးသတ်ဖို့၊ ဒုစရိုက်အပြစ်ကို ဖြေလွှတ်ဖို့၊ ထာဝရဖြောင့်မတ်ခြင်းကို ယူဆောင်လာဖို့၊ ဗျာဒိတ်နိ မိတ်နှင့် ပရောဖက်ပြုဟောပြောခြင်းတို့ကိုတံဆိပ်ခတ်ဖို့၊ အသန့်ရှင်း ဆုံးဌာနကို ဘိသိက်သွန်းဖို့ သင့်လူမျိုးတော်နှင့် သန့်ရှင်းသောမြို့တော်အတွက် ရက်သတ္တပတ်ခုနစ်ဆယ်ကို စီရင်သတ်မှတ်တော်မူပြီ။”ဤကျမ်းချက်မှာ သူတို့ကျူးလွန်မှုများကုန်ဆုံးသောအခါ ကိုယ်တော်သည် သီတင်း ခုနစ်ဆယ်တွင် မိမိလူများ၏အပြစ်များ အားလုံးကို ခွင့်လွှတ်တော်မူလိမ့်မည်ဟု ဒံယေလထံ ဘုရားသခင်၏ ကတိတော် ဖြစ်သည်။ ထိုအရာသည် သခင်ယေရှုခရစ်တော်အားဖြင့် ဘုရားသခင်၏ရွေးနှုတ်ခြင်းကတိတော်ကို ကျွန်ုပ်တို့ထံ ထင်ရှားခြင်း ဖြစ်သည်။
ဣသရေလလူမျိုးများသည် အပြစ်များစွာ ကျူးလွန်ခဲ့သော ကြောင့် ဘုရားသခင်သည် သူတို့ကို ဒဏ်ခတ်တော်မူ၍ ကျေးကျွန် အဖြစ် သီတင်း ၇၀ အဖိုးအခပေးဆပ်ပြီးနောက် ဘုရားသခင်သည် သူတို့၏အပြစ်များအားလုံးကို ခွင့်လွှတ်တော်မူခဲ့သည်။ အပြစ်ကို ခွင့်လွှတ်ခြင်းခံရ၍ အပြစ်များကုန်ဆုံးစေသောအခါ ဣသရေလလူ များ၏အပြစ်များအားလုံးသည် လုံးဝမရှိ‌တော့ပေ။ အပြစ်အတွက် ပြန်လည်သင့်မြတ်ခြင်းပြုသောအခါ ထာဝရဖြောင့်မတ်ခြင်းသည် ယူဆောင်လာ၍ ရူပါရုံနှင့်ပရောဖက်များသည် တံဆိပ်ခတ်၍ ဒံယေ ထံ ဘုရားသခင်၏နှုတ်ကပတ်တော်အားလုံးသည် ပြည့်စုံလိမ့်မည်။ ကျွန်ခံခြင်း သီတင်း ၇၀ အားဖြင့် ဤအရာအားလုံးသည် အကောင် အထည်ဖော်၍ သီတင်း ၇၀ ပြီးနောက် ဣသရေလလူမျိုးများသည် မိမိတိုင်းပြည်သို့ ပြန်လှည့်ကြလိမ့်မည်။
ဤအရာသည် ကောင်းကင်တမန်အားဖြင့် ဒံယေလထံ ဘုရား သခင်ပြောကြားတော်မူသောကြောင်းအရာ ဖြစ်သည်။ ဤကတိ တော်သည် ဣသရေလလူမျိုးများထံ ပြုခဲ့သော ဂတိ ဖြစ်သည်။ သို့ သော် ဤအရာသည် ဝိညာဉ်ရေးရာ အရေးပါမှုလည်း ဖြစ်သည်။ ဘု ရားသခင်သည် ဣသရေလလူမျိုးများနှင့်သန့်ရှင်းသောမြို့တော်အ တွက် သီတင်း ၇၀ ကို ချမှတ်တော်မူခဲ့၍ ဘုရားသခင်၏နိုင်ငံတော်၊ ကောင်းကင်မြို့တော်ရရှိရန် ကိုယ်တော်ကို ယုံကြည်ကျွန်ုပ်တို့အား လုံးအတွက် ဘုရားသခင်ပြင်ဆင်တော်မူခဲ့သည်။
ရောမသြဝါဒစာတွင် “သို့ရာတွင် ယခုအခါ၌ ပညတ်တရားနှင့်ပရောဖက်များသက်သေခံသော ဘုရားသခင်၏ဖြောင့်မတ်ခြင်းသည် ပညတ်တရားမပါဘဲ ထင်ရှားလေပြီ။ 22၎င်းမှာ ယေရှုခရစ်တော်ကိုယုံကြည်ခြင်းအားဖြင့် ယုံကြည်သူအပေါင်းတို့အပေါ်သက်ရောက်သော ဘုရားသခင်၏ဖြောင့်မတ်ခြင်းဖြစ်၏။ ဤတွင် မည်သည့်ခြားနားမှုမျှမရှိ”ဟု ဖော်ပြထားသည်။ သခင်ယေရှုသည် ဤလောက သို့ ကြွလာတော်မူ၍ ဗတ္တိဇံခံယူတော်မူလျက် ကားတိုင်ပေါ်တွင် အသေခံတော်မူခဲ့သောအခါ ကျွန်ုပ်တို့အပြစ်များကို ဖယ်ရှားပေး တော်မူခဲ့သည်။ ကျွန်ုပ်တို့အပြစ်များ နိဂုံးချုပ်သည်။ ထာဝရ ဖြောင့်မတ်ခြင်းသည် ထင်ရှားသည်။ ရူပါရုံနှင့်ပ‌ရော ဖက်ပြုချက် များသည် တံဆိပ်ခတ်ခဲ့သည်။ ဒံယောလကျမ်းချက် သည် “အလွန် သန့်ရှင်းသော အရပ်ဌာနကိုလိမ်းစေခြင်းငှါ”ဖြင့် နိဂုံးချုပ်ခဲ့သည်။ ဤအရာသည် အဘယ်အရာကို ဆိုလိုသနည်း။ “အ သန့်ရှင်း ဆုံး”သည် ဘိသိက်ခြင်းခံရန် ဤလောကသို့ ကြွလာတော်မူ ခဲ့သော သခင်ယေရှုခရစ်တော်ကို ရည်ညွှန်းထားသည်။
ဘိသိက်ခံရခြင်းသည် အဘယ်အရာကို ဆိုလိုသနည်း။ သခင် ယေရှုသည် ရှင်ဘုရင်၊ ဘုရားသခင်၏နိုင်ငံတော်၏ယဇ်ပရောဟိတ် ကြီးနှင့် ပရောဖက်စသောရာထူးသုံးမျိုးကို တာဝန်ယူမည့်အကြောင်း ကို ဆိုလိုသည်။ သခင်ယေရှုသည် ကျွန်ုပ်တို့၏ရှင်ဘုရင်၊ ယဇ်ပရော ဟိတ်ကြီးနှင့် ပရောဖက်အဖြစ် ကျွန်ုပ်တို့အား အပြစ်များအားလုံးမှ ကယ်တင်တော်မူရန် ဘုရားသခင်၏အလိုတော်ကို ပြည့်စုံစေတော်မူ လိမ့်မည်။ ဒံယေလထံ စကားပြောခဲ့သောကောင်းကင်တမန်အား ဖြင့် ပရောဖက်ပြုထားသည့်အတိုင်း သခင်ယေရှုခရစ်တော်သည် မိ မိအပေါ်သို့ ကျွန်ုပ်တို့အပြစ်များအားလုံးကို ယူဆောင်သွားတော်မူခဲ့ ၍ ဤလောကသို့ကြွလာတော်မူခြင်းနှင့် ဗတ္တိဇံခံယူတော်မူခြင်းအား ဖြင့် ကျွန်ုပ်တို့ကိုယ်စား တရားစီရင်ခြင်းခံတော်မူခဲ့သည်။
“ယုံကြည်ခြင်းသည် ကြားနာခြင်းအားဖြင့် ဖြစ်၏။” ထိုနောက် ကျွန်ုပ်တို့သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းသတင်းကောင်းကို ကြား၍ ယုံကြည်နိုင်ကြသည်။ သခင်ယေရှုခရစ်တော်သည် ကျွန်ုပ် တို့၏ကယ်တင်ရှင်ဖြစ်တော်မူသည်ဟု ကျွန်ုပ်တို့သည် မည်ကဲ့သို့ ယုံ ကြည်နိုင်ကြသနည်း။ ဘုရားသခင်၏ပရောဖက်များနှင့် အစေခံများ ပြောကြားသောစကားများဖြစ်သော ဓမ္မဟောင်းနှင့်ဓမ္မသစ်ကျမ်း၌ ပြောကြားသော ဘုရားသခင်၏နှုတ်ကပတ်တော်အားဖြင့် ကျွန်ုပ်တို့ သည် ကြားနိုင်၍ ယုံကြည်နိုင်ကြသည်။ ဤအကြောင်းကြောင့် ယုံ ကြည်ခြင်းသည် ကြားနာခြင်းအားဖြင့် ဖြစ်၏ဟု ရှင်ပေါလုက ပြော ကြားခဲ့ခြင်း ဖြစ်သည်။ ဤယုံကြည်ခြင်းသည် ခရစ်တော်၏နှုတ်က ပတ်တော်ကြားနာခြင်းအားဖြင့်လာသည်။
ဒံယေလာနှင့်ဟေရှာယကဲ့သို့သော ဓမ္မဟောင်းကျမ်း၏ပရော ဖက်များက သခင်ယေရှုခရစ်တော်ကြွလာတော်မူခြင်းအကြောင်းကို ပရောဖက်ပြုခဲ့ကြသည်။ အထူးသဖြင့် ‌ဟေရှာယက “အကယ်စင်စစ် သူသည် ငါတို့၏အနာရောဂါများကို ယူဆောင်သွား၏။” “သူသည် ညှဉ်းဆဲနှိပ်စက်ခြင်းခံရသော်လည်း နှုတ်ကိုမဖွင့်ဘဲနေ၏။ အသတ်ခံရမည့်နေရာသို့ ခေါ်ဆောင်သွားခြင်းခံရသောသိုးသငယ်ကဲ့သို့၊ အမွေးညှပ်သောသူရှေ့၌ တိတ်ဆိတ်စွာနေသောသိုးကဲ့သို့ နှုတ်ကိုမဖွင့်ဘဲနေ၏”(ဟေရှာယ ၅၃း၄၊၇)ဟု ပရောဖက် ပြုခဲ့သည်။
သခင်ယေရှုခရစ်တော်သည် သာမန်လူသားအဖြစ် ဤလောက သို့ကြွလာတော်မူရန် အပျိုကညာမှ ဖွားမြင်၍ အသက် ၃၃ အသက် ရှင်ကာ ဗတ္တိဇံခံယူတော်မ၍ အသေခံကာ သုံးရက်မြောက်သောနေ့ ၌ သေခြင်းမှ ရှင်ပြန်ထမြောက်လိမ့်မည်ဟု ဟေရှာယခေတ်က မည် သူသည် ယုံကြည်လိမ့်မည်နည်း။ သို့သော် ဤအရာများအားလုံး သည် ဖြစ်လာလိမ့်မည်ဟု သခင်ယေရှုကြွလာတော်မမူမီ နှစ်ပေါင်း ၇၀၀ခန့်က ဟေယယက မြင်တွေ့ခဲ့၍ ပရောဖက်ပြုခဲ့သည်။ ခရစ် တော်သည် ကျွန်ုပ်တို့ငိုကြွေးခြင်းနှင့် အပြစ်များအားလုံးကို ယူ ဆောင်သွားတော်မူမည့်အကြောင်း ကိုယ်တော်သည် သက်သေခံ တော်မူခဲ့သည်။
ဤအကြောင်းကြောင့် ရှင်ပေါလုက သခင်ယေရှုသည် ဤ လောကသို့ ကြွလာတော်မူခြင်း၊ ကျွန်ုပ်တို့အပြစ်များအားလုံး ယူ ဆောင်သွားတော်မူခြင်းနှင့် ဘုရားသခင်၏ဖြောင့်မတ်ခြင်းအားဖြင့် ကျွန်ုပ်တို့ကို ကယ်တင်တော်မူခြင်းအားဖြင့် ကျွန်ုပ်တို့၏ကယ်တင် ရှင်မည်သို့ ဖြစ်လာမည်ကို ဘုရားသခင်၏အစေခံများသည် မည်သို့ သက်သေခံရမည်ကို ရှင်ပြရန် ရောမသြဝါဒစာကို ရေးသားသောအ ခါ ရှင်ပေါလုသည် ဓမ္မဟောင်းကျမ်းစကားကို အလုံးပြုရခြင်း ဖြစ် သည်။
 


အားလုံးသည် အပြစ်ကျူးလွန်ကြသည်


ရောမ ၃း၂၃-၂၄ တွင် “အကြောင်းမူကား လူအပေါင်းတို့သည် အပြစ်ပြု၍ ဘုရားသခင်၏ဘုန်းအသရေတော်နှင့် အလှမ်းဝေးကြပြီ။ 24သူတို့သည် ဘုရားသခင်၏ကျေးဇူးတော်ကြောင့် ခရစ်တော်ယေရှု၏ရွေးနုတ်ခြင်းအားဖြင့် အဖိုးအခမပေးရဘဲ ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရကြ၏”ဟု ဖော်ပြထားသည်။ ကျွန်ုပ်တို့သည် အပြစ်၌ မွေးဖွား၍ ဘုရားသခင်ကို ဆန့်ကျင်ဘက်အပြစ်ပြုကြ သောကြောင့် ကျွန်ုပ်တို့သည် ကိုယ်တော်ဘုန်းတော်နှင့်နိုင်ငံတော် ရှေ့မှ အသရေပျက်ကြပြီ။ သို့သော် ကျွန်ုပ်တို့သည် သခင်ယေရှုခရစ် ၏ရွေးနှုတ်ခြင်းနှင့် ဘုရားသခင်၏ကျေးဇူးတော်အားဖြင့် ဖြောင့်မတ် ခြင်းကို အခမဲ့ခံရကြသည်။ ကျွန်ုပ်တို့၏ဖြောင့်မတ်ခြင်းသည် အခမဲ့ဖြစ်၍ အဖိုးအခမလိုအပ်ပေ။ သခင်ယေရှုသည် ကိုယ်တော်ကို ကြား၍ ယုံကြည်သူကျွန်ုပ်တို့အားလုံးကို ကယ်တင်တော်မူရန် ကား တိုင်ပေါ်တွင် မိမိအသက်ကို စတေးတော်မူခြင်းအားဖြင့် အပြစ်များ အားလုံးကို ယူဆောင်သွားတော်မူ၍ ပြစ်ကြွေးများကို ပေးဆပ်တော် မူခဲ့သောကြောင့် ကျွန်ုပ်တို့သည် အပြစ်များအတွက် ပြစ်ကြွေးပေး ဆပ်ရန် မလိုတော့ပေ။ 
ကျွန်ုပ်တို့သည် အပြစ်များအားလုံးမှ ကယ်တင်ခြင်းကို ယုံ ကြည်ဖြင့်ခံရသည်ကို မည်သည့်အရာ ဆိုလိုသနည်း။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ယုံကြည်ခြင်း ဆိုလိုသည်။ ဘုရား သခင်၏ဖြောင့်မတ်ခြင်းကို ယုံကြည်ခြင်းသည် အကျင့်များနှင့်မ သက်ဆိုင်ပေ။ သို့သော် အရာခပ်သိမ်းတို့သည် နှလုံးသားများနှင့် လုပ်ဆောင်ရသည်။ ကျွန်ုပ်တို့သည် ကိုဘ်တော်၏နှုတ်ကပတ်တော် ကို ကြားနာ၍ နှလုံးသားဖြင့် ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ခြင်း ခံရကြသည်။ ကိုယ်တော်သည် ကျွန်ုပ်တို့အား အပြစ်များမှ ကယ် တင်တော်မူရန်အတွက် ဤလောကသို့ ကြွလာတော်မူ၍ ဗတ္တိဇံ ယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူခြင်းနှင့် ကားတိုင်ပေါ်တွင် အသေ ခံတော်မူခြင်းအားဖြင့် လောကအပြစ်များအားလုံးကို ယူဆောင်သွား တော်မူခဲ့‌သော ဘုရားသခင်၏သိုးသငယ်ဖြစ်တော်မူခဲ့သည်။ သုံးရက် မြောက်သောနေ့၌ ကိုယ်တော်သည် သေခြင်းမှရှင်ပြန်ထ‌မြောက် တော်မူ၍ ယခုတွင် ခမည်းတော်ဘုရားသခင်၏လက်ျာဘက်၌ စိုးစံ တော်မူသည်။
သခင်ယေရှုသည် လောကအပြစ်များအားလုံးကို မိမိအပေါ်သို့ ယူဆောင်သွားတော်မူခဲ့၍ မိမိအသက်တာဖြင့် ကျွန်ုပ်တို့အပြစ်များ ၏ပြစ်ဒဏ်အတွက် ကျွန်ုပ်တို့အားလုံးအား သေခြင်းများမှ ကယ်တင် တော်မူရန်အတွက် အဖိုးအခပေးဆပ်တော်မူခဲ့၍ သေခြင်းမှရှင်ပြန် ထမြောက်တော်မူခဲ့သည်။ ကျွန်ုပ်တို့သည် ဤအရာကို ယုံကြည်ခြင်း အားဖြင့် ကယ်တင်ခြင်းခံရကြသည်။ ကယ်တင်ခြင်းသည် ယုံကြည် ခြင်းအားဖြင့် ရရှိသည်။ ဘုရားသခင်၏နှုတ်ကပတ်တော်ကို ကြား နာခြင်းအားဖြင့် ယုံကြည်ခြင်းများရောက်လာသည်။ ခရစ်တော်၏ နှုတ်ကပတ်တော်အားဖြင့် ကြားနာခြင်းလာသည်။
“ယုံကြည်ခြင်းသည် ကြားနာခြင်းအားဖြင့် ဖြစ်၏။” ကျွန်ုပ်တို့ သည် နှလုံးသားများဖြင့် ယုံကြည်ကြသည်။ ကျွန်ုပ်တို့ဉာဏ်သည် အ သိပညာအားဖြင့် ဖြစ်သည်။ ကျွန်ုပ်တို့ကိုယ်ခန္ဓာများသည် အလုပ် အတွက် ဖြစ်သည်။ ကျွန်ုပ်တို့သည် နှလုံးသားများဖြင့် ယုံကြည်ကြ သည်။ ထိုနောက် ကျွန်ုပ်တို့သည် နှလုံးသားများဖြင့် မည်သည့်အရာ ကို မည်သို့ ယုံကြည်ရကြမည်နည်း။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ကြားနားခြင်းအားဖြင့် ကိုယ်တော်၏သတင်း ကောင်းကို ကားနိုင်ကြ၍ သတင်းကောင်းကြားနားခြင်းအားဖြင့် ယုံ ကြည်ခြင်းရှိကြသည်။ ယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် ကယ် တင်ခြင်းခံရကြသည်။ ကျွန်ုပ်တို့သည် ယုံကြည်ကြသောအခါ ခရစ် တော်သည် ဗတ္တိဇံခံယူခြင်းအားဖြင့် ကျွန်ုပ်တို့အပြစ်များအားလုံးကို ယူဆောင်သွားတော်မူခဲ့၍ သူတို့ကို ထမ်းကာ ကားတိုင်ပေါ်တွင် အ သေခံတော်မူလျက် သေခြင်းမှ ရှင်ပြန်ထမြောက်တော်မူခဲ့သည်ဟု ကြွေးကြော်သော နှုတ်ကပတ်တော်ကိုယုံကြည်ခြင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်အားဖြင့် ကျွန်ုပ်တို့ယုံကြည်ကြသည်။ 
ဘုရားသခင်၏နှုတ်ကပတ်တော်ကို ယုံကြည်ခြင်းမှာ ကိုယ် တော်၏ဖြောင့်မတ်ခြင်းကို ယုံကြည်ခြင်း ဖြစ်သည်။ ထိုကြောင့် ဘု ရားသခင်၏နှုတ်ကပတ်တော်ကို ကြားနာခြင်းမရှိဘဲ ယုံကြည်ခြင်း သည် အချည်းနှီးသက်သက်ဖြစ်၍ အသုံးမဝင်ပေ။ ဘုရားသခင်သည် လူတစ်ဉီး၏အိပ်မက်များနှင့်အားဖြင့် ထင်ရှားတော်မူခဲ့၍ အားလုံး သည် မုသာမဟုတ်ပေ။
ကျွန်ုပ်တို့သည် ယုံကြည်ခြင်းအားဖြင့်သာလျှင် ကယ်တင်ခြင်းခံ ရကြသည်။ ရောမ ၃း၂၄-၂၆ကို နောက်တဖန် ဖတ်ကြပါစို့။ “သူတို့သည် ဘုရားသခင်၏ကျေးဇူးတော်ကြောင့် ခရစ်တော်ယေရှု၏ရွေး နုတ်ခြင်းအားဖြင့် အဖိုးအခမပေးရဘဲ ဖြောင့်မတ်သည်ဟုအသိအ မှတ်ပြုခြင်းခံရကြ၏။ ဘုရားသခင်သည် မိမိ၏ဖြောင့်မတ်ခြင်းကိုထင်ရှားစေရန် ခရစ်တော်ကိုခန့်ထား၍ ယုံကြည်ခြင်းအတွက် ခရစ် တော်၏သွေးတော်ကို အသနားခံခြင်းပူဇော်သက္ကာဖြစ်စေတော်မူ၏။ တစ်နည်းဆိုသော် ဘုရားသခင်သည် သည်းခံတော်မူခြင်းအားဖြင့် လွန်ခဲ့ပြီးသောအပြစ်များအတွက် အပြစ်မယူဘဲနေတော်မူ၏။ ဤသည်ကား ယခုအချိန်အခါ၌ မိမိ၏ဖြောင့်မတ်ခြင်းကို ထင်ရှားစေရန်နှင့် ဘုရားသခင်ကိုယ်တော်တိုင် ဖြောင့်မတ်သောအရှင်ဖြစ်တော်မူပြီး ယေရှုကိုယုံကြည်သောသူအား ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုတော်မူရန်ဖြစ်၏။”အာမင်။ကိုယ်တော်သည်ကျွန်ုပ်တို့ အပြစ်များအတွက် ပြစ်ကြွေးများအားလုံးပေးဆပ်ကျေအေးစေတော် မူခဲ့သည်။ ကျွန်ုပ်တို့အပြစ်များကြောင့် ကျွန်ုပ်တို့သည် ဘုရားသခင် ၏ရန်သူများဖြစ်ကြသော်လည်း သခင်ယေရှုသည် ဗတ္တိဇံ၊ သေခြင်း၊ နှင့်ရှင်ပြန်ထမြောက်တော်မူခြင်းအားဖြင့် ကျွန်ုပ်တို့အပြစ်များအ တွက် ပြစ်ဖြေရာယဇ်ကောင်ဖြစ်လာခြင်းအားဖြင့် ဘုရားသခင်နှင့် မိတ်သဟာယကို ပြန်လည်တည်ထောင်ပေးတော်မူခဲ့သည်။
ရောမ ၃း၂၅-၂၆ အလယ်တွင် “ဘုရားသခင်သည် မိမိ၏ဖြောင့်မတ်ခြင်းကိုထင်ရှားစေရန် ခရစ်တော်ကိုခန့်ထား၍ ယုံကြည်ခြင်းအတွက် ခရစ်တော်၏သွေးတော်ကို အသနားခံခြင်းပူဇော် သက္ကာဖြစ်စေတော်မူ၏။တစ်နည်းဆိုသော် ဘုရားသခင်သည် သည်း ခံတော်မူခြင်းအားဖြင့် လွန်ခဲ့ပြီးသောအပြစ်များအတွက် အပြစ်မယူဘဲနေတော်မူ၏”ဟု ဖော်ပြထားသည်။ ဘုရားသခင်သည် အချိန် ကြာမြှင့်စွာသည်းခံစောင့်တော်မူခဲ့သည်ကိုလည်းကောင်း၊ ကိုယ် တော်သည် တရားစီရင် ရာနေ့အထိ စောင့်တော်မူလိမ့်မည်ကိုလည်း ကောင်း ဤကျမ်းချက်က ပြောထားသည်။ သငခ်ယေရှုခရစ်တော်ကို ယုံကြည်သူများ၊ ရေနှင့်ဝိညာဉ်တော်သတင်းကောင်းအားဖြင့် ကယ် တင်ခြင်းကို ယုံကြည်သူများ၊ ခမည်းတော်ဘုရားသခင်အပေါ်ပေး ကြွေးပေးဆပ်ခဲ့သူ သားတော်၏ကယ်တင်ခြင်းကို ယုံကြည်သူ များအားလုံးအတွက် ဘုရားသခင်သည်သူတို့အပြစ်များအားလုံး လွှဲပြောင်းခဲ့ပြီး ဖြစ်သည်။ “အပြစ်များလွှဲပြောင်းခြင်း”အဓိပ္ပါယ်မှာ ဘုရားသခင်သည် ဘုရားသခင်၏နှုတ်ကပတ်တော်နှင့် ကိုယ်တော် ၏သတင်းကောင်းကို ကြား၍ ယုံကြည်သူများ၊ သခင်ယေရှု၏ဗတ္တိဇံ နှင့် ကားတိုင်ပေါ်တွင် သွန်းလောင်းသောအသွေးတော်ကို ယုံကြည် သူများ၏အပြစ်များကို လွှဲပြောင်းတော်မူခဲ့သည်ကို ဆိုလိုသည်။ 
ကျွန်ုပ်တို့သည် အသက်တာများ၌ တစ်ချိန်ပြီးတစ်ချိန် တုန်လှုပ် နိုင်ကြသည်။ သို့သော် အရာသည် ကျွန်ုပ်တို့ကိုယ်ခန္ဓာများနှင့်စိတ် များ၏အားနည်းချက်များကြောင့်မဟုတ်ပေ။ ကျွန်ုပ်တို့သည် သခင် ယေရှု၏ကယ်တင်ခြင်းကို မငြင်းပယ်နေသ၍ ဘုရားသခင်သည် ဤ အပြစ်များအားလုံးကို အပြစ်များအဖြစ် မြင်တွေ့တော်မူလိမ့်မည်မ ဟုတ်ပေ။ တစ်နည်းအားဖြင့် သခင်ယေရှုခရစ်တော်၏ရေနှင့်အ သွေးကို နှလုံးသားများ၌ ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းခံရ သောသူများ၏အပြစ်များကို ကြည့်တော်မမူတော့ဘဲ ထိုအပြစ်များ ကို လွှဲပြောင်းပေးတော်မူသည်။
ထိုနောက် ဘုရားသခင်သည် ကျွန်ုပ်တို့အပြစ်များကို ဘာ ကြောင့် လွှဲပြောင်းတော်မူသနည်း။ ကိုဘ်တော်သည် သန့်ရှင်း၍ တ ရားတော်မူသောဘုရားဖြစ်တော်မူသောအခါ ဤသို့သောအပြစ်များ ကို မည်သို့ဖြင့် လျစ်လျူရှုနိုင်မည်နည်း။ သခင်ယေရှုသည် ဤလော ကသို့ ကြွဆင်းတော်မူ၍ ဗတ္တိဇံခံယူတော်မူသောကြောင့် ဖြစ်သည်။ ဘုရားသခင်သည် အတိတ်က ကျူးလွန်ခဲ့သောအပြစ်များကို လွှဲ ပြောင်းပေးတော်မူခဲ့သော ကိုယ်တော်၏ဗတ္တိဇံနှင့်အသေခံတော်မူ ခြင်းအားဖြင့် လောကအပြစ်များအားလုံးကို သခင်ယေရှုသည် ဖယ် ရှားပေးတော်မူခဲ့သောကြောင့် ဖြစ်သည်။ အတိတ်ကကျူးလွန်သော အပြစ်များသည် ဗီဇ/ပင်ကို အပြစ်များကို ရည်ညွှန်းသည်မဟုတ် လော။ မဟုတ်ပေ။ ၎င်းတို့သည် ခမည်းတော်ထာဝရဘုရားသခင် အ တွက် ဗီဇ/ပင်ကိုအပြစ်များအဖြစ် ထင်ရှားသောကြောင့် အရာခပ် သိမ်းတို့သည် အတိတ်တွင် ရှိသည်။
ထာဝရရှုထောင့်မှ ဤလောက၌ အချိန်သည် အမြဲတမ်း အ တိတ်အဖြစ် ထင်ရှားသည်။ ဤကမ္ဘာသည် အစနှင့်အဆုံးရှိသည်။ သို့ သော် ဘုရားသခင်သည် ထာဝရ ဖြစ်တော်မူသည်။ ထိုကြောင့် ကျွန်ုပ်တို့သည် ကိုယ်တော်၏အချိန်နှင့် လောကအချိန်များကို နှိုင်း ယှဉ်သောအခါ လောကအပြစ်များအားလုံးသည် ကိုယ်တော်ရှေ့၌ အ တိတ်၌ကျူးလွန်ခဲ့သောအရာအဖြစ် ထင်ရှားသည်။ “ဘုရားသခင်သည် မိမိ၏ဖြောင့်မတ်ခြင်းကိုထင်ရှားစေရန် ခရစ်တော်ကိုခန့်ထား၍ ယုံကြည်ခြင်းအတွက် ခရစ်တော်၏သွေးတော်ကို အသနားခံခြင်းပူဇော်သက္ကာဖြစ်စေတော်မူ၏။ တစ်နည်းဆိုသော် ဘုရားသခင်သည် သည်းခံတော်မူခြင်းအားဖြင့် လွန်ခဲ့ပြီးသောအပြစ်များအတွက် အပြစ်မယူဘဲနေတော်မူ၏။” ဤအကြောင်းကြောင့် ဘုရားသခင် သည် ကျွန်ုပ်တို့အပြစ်များကို မြင်တော်မမူပေ။ ကိုယ်တော်သည် ကျွန်ုပ်တို့အပြစ်များကို မြင်နိုင်ရန် မျက်စိရှိတော်မူသောကြောင့် မဟုတ်ဘဲ သခင်ယေရှုခရစ်တော်သည် ကျွန်ုပ်တို့အပြစ်များ၏ပြစ် ကြွေးများကို ပေးအပ်တော်မူခဲ့သောကြောင့် ကိုယ်တော်သည် မြင် တွေ့တော်မမူခြင်း ဖြစ်သည်။ ခရစ်တော်၏ဗတ္တိဇံနှင့်ကားစင်တင် အသေခံတော်မူခြင်းသည် ကျွန်ုပ်တို့အပြစ်များကို ဆေးကြောပေး တော်မူခဲ့သောကြောင့် ကျွန်ုပ်တို့သည် ဘုရားရှေ့တော်၌ အပြစ် ကင်းစင်သူများအဖြစ် ထင်ရှားကြသည်။ 
ဘုရားသခင်၏ဖြောင့်မတ်ခြင်းပြည့်စုံစေတော်မူခဲ့သူ သခင်ယေ ရှုခရစ်တော်သည် ယုံကြည်သူတို့အားလုံးကို ရွေးနှုတ်ကယ်တင် တော်မူ၍ ၎င်းတို့ကို ကျွန်ုပ်တို့ထံမှ ယူဆောင်သွားတော်မူခဲ့သောအ ခါ ဘုရားသခင်သည် ကျွန်ုပ်တို့အပြစ်များကို မည်ကဲ့သို့ မြင်တွေ့ တော်မူလိမ့်မည်နည်း။ သခင်ယေရှုခရစ်တော်သည် အတိတ်က ကျွန်ုပ်တို့ကျူးလွန်ခဲ့သောအပြစ်များကို ပေးဆပ်ပေးတော်မူခဲ့ခြင်း အားဖြင့် ယခုတွင် ဘုရားသခင်သည် ဤသို့ဖြင့် မိမိဖြောင့်မတ်ခြင်း ကို ထင်ရှားစေတော်မူခဲ့သည်။
ခရစ်တော်၏နှုတ်ကပတ်တော်တွင် ဘုရားသခင်၏ဖြောင့်မတ် ခြင်းပါဝင်သောကြောင့် ဘုရားသခင်၏ဖြောင့်မတ်ခြင်းယုံကြည်မှု သည် ခရစ်တော်၏နှုတ်ကပတ်တော်အားဖြင့် ရောက်လာသည်။ ဘု ရားသခင်သည် မိမိဖြောင့်မတ်ခြင်းကို ထင်ရှားစေတော်မူခြင်းအား ဖြင့် ဘုရားသခင်၏မိမိဖြောင့်မတ်ခြင်းသာမက သခင်ယေရှုခရစ် တော်ကို ယုံကြည်သူများ၏ဖြောင့်မတ်ခြင်းကိုလည်း ထင်ရှားစေ တော်မူခဲ့သည်။ ဘုရားသခင်သည် ကျွန်ုပ်တို့အပြစ်များအားလုံးကို ပယ်ဖျက်တော်မူခဲ့သည်။ သခင်ယေရှုသည် ကျွန်ုပ်တို့အပြစ်များအား လုံးကို ယူဆောင်သွားတော်မူခဲ့ခြင်းကို ကျွန်ုပ်တို့သည် နှလုံးသား များဖြင့် ယုံကြည်ကြသည်။ ဤအကြောင်းကြောင့် ကျွန်ုပ်တို့သည် ခ ရစ်တော်၏ဖြောင့်မတ်ခြင်းကို ယူတင်ဝတ်ဆောင်ကြသောကြောင့် ကျွန်ုပ်တို့သည် အပြစ်ကင်းစင်သူများနှင့် ဖြောင့်မတ်သူများ ဖြစ်လာ ခဲ့ကြသည် (ဂလာတိ ၃း၂၇)။ ဘုရားသခင်နှင့်ကျွန်ုပ်တို့သည် ဖြောင့် မတ်သူများဖြစ်ကြသသောကြောင့် ကျွန်ုပ်တို့အားလုံးသည် မိသားစု ဝင်များဖြစ်ကြသည်။ သင်နှင့်ကျွန်တော်တို့သည် ကိုယ်တော်၏သား သမီးများ ဖြစ်လာခဲ့ကြသည်။ သင်သည် ဤလှပသောသတင်း ကောင်းကို ယုံကြည်သလော။
ကျွန်ုပ်တို့ဝါကြွားနိုင်သောအရာ တစ်စုံတစ်ခု ကျွန်ုပ်တို့ရှိကြ သည်ကို ဤအရာက ဆိုလိုသလော။ မဟုတ်ပေ။ ကျွန်ုပ်တို့ကယ် တင်ခြင်းသည် ခရစ်တော်၏နှုတ်ကပတ်တော်ကို ကြားနာခြင်းနှင့် ယုံကြည်ခြင်းအားဖြင့် ဖြစ်နိုင်သောအခါ ကျွန်ုပ်တို့သည် မည်သည့် အရာကို ဝါးကြွားရမည်နည်း။ ကျွန်ုပ်တို့သည် အကျင့်များအားဖြင့် ကယ်တင်ခြင်းခံရကြသလော။ ကျွန်ုပ်တို့သည် ဝါကြွားစရာ မည် သည့်အရာရှိသနည်း။ မရှိပေ။ ကျွန်ုပ်တို့သည် ဘုရားကျောင်းစော စောတက်ကြသောကြောင့် ကယ်တင်ခြင်းခံရကြသလော။ ကျွန်ုပ် တို့သည် တနင်္ဂနွေနေ့ဝတ်ပြုကိုးကွယ်ခြင်း မပျက်ကွက်ခဲ့သော ကြောင့် ကယ်တင်ခြင်းခံရကြသလော။ ကျွန်ုပ်တို့သည် ဆယ်ဖို့တစ် ဖို့ပေးလှူခဲ့ကြသောကြောင့် ကယ်တင်ခြင်းခံရကြသလော။ လုံးဝ မဟုတ်ပေ။
ဤအရာများသည် လုပ်ဆောင်ချက်များဖြစ်ကြသည်။ အကျင့် များပေါ်တွင် အခြေခံသောယုံကြည်မှုများနှင့် အကျင့်များအားဖြင့် ဖြည့်စွက်ထားသောယုံကြည်မှုများသည် မှားယွင်းသောယုံကြည်မှု များဖြစ်ကြသည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို နှလုံးသားများဖြင့် ယုံကြည်ခြင်းအားဖြင့် အပြစ်များအားလုံးမှ ကယ် တင်ခြင်းခံရကြသည်။ ယုံကြည်ခြင်းသည် ကြားနာခြင်းအားဖြင့် ဖြစ် ၏။ ကယ်တင်ခြင်းသည် ခရစ်တော်၏နှုတ်ကပတ်တော်ကို ယုံကြည် ခြင်းအားဖြင့် ရောက်လာသည်။
စစ်မှန်သောယုံကြည်ခြင်းသည် ပညတ်တော်အကျင့်များ အား ဖြင့်မဟုတ်ဘဲ ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ယုံကြည်ခြင်း အား ဖြင့်သာလျှင် လာသောကြောင့် သခင်ယေရှုကို ယုံကြည်ပြီးနောက် နောင်တနှင့်စပ်ဆိုင်သော ဆုတောင်းခြင်းအားဖြင့် အပြစ်များဖြေ လွှတ်ခြင်းခံရရန် ကြိုးစားခြင်းသည် မှားယွင်းသောယုံကြည်ခြင်းဖြစ် သည်။ ဘုရားသခင်၏နှုတ်ကပတ်တော်သည် “သို့ဖြစ်လျှင် ဝါကြွားစရာအဘယ်မှာရှိသနည်း။ ၎င်းသည် ဖယ်ရှားခြင်းခံရလေပြီ။ မည် သည့်တရားအားဖြင့် ဖယ်ရှားသနည်း။ အကျင့်တရားအားဖြင့်လော။ မဟုတ်ပေ။ ယုံကြည်ခြင်းတရားအားဖြင့် ဖယ်ရှား၏။ အကြောင်း မူကား လူသည် ပညတ်တရားနှင့်ဆိုင်သောအကျင့်အားဖြင့်မဟုတ်ဘဲ ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရ၏ဟု ငါတို့မှတ်ယူကြ၏။ သို့မဟုတ် ဘုရားသခင်သည် ဂျူးလူမျိုးတို့၏ဘုရားသာ ဖြစ်တော်မူသလော။ လူမျိုးခြားတို့၏ဘုရားလည်း ဖြစ်တော်မူသည်မဟုတ်လော။ ဟုတ်ပေ၏။ လူမျိုးခြားတို့၏ဘုရားလည်း ဖြစ်တော်မူ၏”(ရောမ ၃း၂၇-၂၉) ဟုဖော်ပြထားသည်။
သခင်ယေရှုခရစ်တော်သည် ရေနှင့်သွေးတော်အားဖြင့် သူတို့ ကို ကယ်တင်တော်မူခဲ့သည်ဟု နှလုံးသားများဖြင့် ကြား၍ ယုံကြည် ခြင်းအားဖြင့် ဣသရေလလူမျိုးများနှင့်ဟေလသလူမျိုးများတို့သည် ကယ်တင်ခြင်းရရှိကြသည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏‌ဖြောင့် မတ်ခြင်းကို ယုံကြည်ကြသောအခါ အပြစ်များမှ ကယ်တင်ခြင်းခံရ ကြသည်။ ကျွန်ုပ်တို့သည် ခရစ်တော်ယေရှုခရစ်တော်ဖြစ်သော ဤ ဖြောင့်မတ်ခြင်းကို ယုံကြည်ကြသောအခါ ကျွန်ုပ်တို့သည် အပြစ်များ မှ ကယ်တင်ခြင်းခံရကြ၍ ဘုရားသခင်၏ကျွန်ုပ်တို့၏ခမည်းတော် ဖြစ်လာတော်မူပြီး ကျွန်ုပ်တို့သည် ကိုယ်တော်၏သားသမီးများဖြစ် လာကြသည်။ ဤသို့ဖြင့် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ယုံကြည် ခြင်း၊ ခရစ်တော်၏နှုတ်ကပတ်တော်ကို ကြားနာ၍ ယုံကြည်ခြင်း အားဖြင့် ကယ်တင်ခြင်းခံရကြသည်။ ကျွန်ုပ်တို့ယုံကြည်မှုများသည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ယုံကြည်ခြင်းအားဖြင့် ရရှိသည်။
ကယ်တင်ခြင်းသည် ခရစ်တော်၏နှုတ်ကပတ်တော်ယုံကြည် ခြင်းအားဖြင့် ရရှိသည်။ ထိုနောက် ခရစ်တော်သည် သင်၏ကယ်တင် ရှင်ဖြစ်လာရန် ဤလောကသို့ ကြွလာတော်မူ၍ ဗတ္တိဇံခံယူတော်မူ ခြင်းအားဖြင့် ကိုယ်တော်သည် ဘုရားသခင်ထံ ပြစ်စေပေးဆပ်သူ အဖြစ် လောကအပြစ်များအားလုံးကို ယူဆောင်သွားတော်မူသည်ကို လည်းကောင်း၊ ကိုယ်တော်သည် ကားတိုင်ပေါ်တွင် အသေခံတော်မူ ၍ သုံးရက်မြောက်သောနေ့၌ သေခြင်းမှရှင်ပြန်ထမြောက်တော်မူခဲ့ ၍ ယခုတွင် ခမည်းတော်ဘုရားသခင်၏လက်ျာဘက်၌ စိုးစံတော်မူ သည်ကိုလည်းကောင်း သင်ယုံကြည်သလော။ သခင်ယေရှုခရစ် တော်၏ပြစ်ကြွေးပေးဆပ်ခြင်း၊ ဤကယ်တင်ခြင်းကို သင်သည် အ မှန်အကန် ယုံကြည်သလော။
ကိုယ်တော်ကို မျက်ဝါးထင်ထင် မိမိမျက်စိများဖြင့် မြင်တွေ့မှ သာလျှင် ယုံကြည်မည်ဟု ပြောသော သူတို့အိပ်မက်များ၌ ထင်ရှား တော်မူရန် ဘုရားသခင်ထံတော်သို့ တောင်းလျှောက်သူများစွာ ရှိကြ သည်။ သခင်ယေရှုကို အိပ်မက်တွင် မြင်တွေ့၍ ကိုယ်တော်သည် သူ တို့အား လုပ်ဆောင်ရမည့်အရာများပြောကာ အဆောက်အဉီးများ တည်ဆောက်ရန်၊ ဆုတောင်းခြင်းစင်တာများတည်ဆောက်ရန် ပြော ကြားတော်မူခဲ့သည်ဟု ပြောသူအချို့ရှိသောလည်း သူတို့သည် ငွေး ကြေးကို တောင်းလျှောက်ခြင်းနှင့် ဤသို့မှားယွင်းသောလှည့်စား ခြင်းအားဖြင့် လူများစွာတို့သည် လမ်းမှားလွှဲ၍ လမ်းမှားသို့ ရောက် ခဲ့ကြသည်။ ခရစ်ယာန်လောက၌ ဝမ်းနည်းစရာဖြစ်ပျက်မှုများစွာရှိ သည်။ ဤအရာများအားလုံးသည် ကိုယ်တော်ပြုတော်မူသောအမှု မဟုတ်ဘဲ စာတန်ပြုသောအမှုများဖြစ်ကြသည်ဟု သင်နားလည်သ ဘောပေါက်ရမည် ဖြစ်သည်။ 
အခွင့်အလမ်းတစ်ခုရရှိ၍ သခင်ယေရှုကို သင်၏အိပ်မက်တွင် မြင်တွေ့လျှင် ၎င်းကို အလေးအနက်မထားရပေ။ အိပ်မက်များသည် အိပ်မက်များသာ ဖြစ်သည်။ သခင်ယေရှုသည် ဤသို့ဖြင့် သင်‌ရှေ့မှာ ထင်ရှားတော်မူမည့်ပုဂ္ဂိုလ်မဟုတ်ပေ။ ထိုသို့ဆိုသော် ကျမ်းစာအုပ် လိုအပ်မည်မဟုတ်တော့ပေ။ သခင်ယေရှုသည် ကျွန်ုပ်တို့ရှေ့မှာ တစ်ကြိမ်တည်းထင်ရှင်လျှင် ကျွန်ုပ်တို့သည် ကျမ်းစာအုပ်ကို လိုအပ် တော့မည်မဟုတ်ပါသဖြင့် ကျမ်းစာအုပ်ကို ပိတ်ရမည် ဖြစ်သည်။ သို့ သော် ဤအရာသည် ခရစ်တော်၏ကယ်တင်ခြင်းလုပ်ငန်းကို ဆိုး ရွားစွာ ထိုခိုက်လိမ့်မည်။
ကျွန်ုပ်တို့သည် ကျမ်းစာအုပ်မပါဘဲ သခင်ယေရှုကို ယုံကြည် မည်ဆိုလျှင် ကိုယ်တော်သည် လူတိုင်းရှေ့မှ ပေါ်တော်မူလိမ့်မည် မ ဟုတ်ပေ။ သို့သော် ကိုယ်တော်သည် ကယ်တင်ခြင်းအတွက် လိုအပ် မှုများအားလုံးကို ပြည့်စုံစေတော်မူခဲ့သောကြောင့် ဤအရာကိုမလို အပ်တော့ပေ။ ဤအကြောင်းကြောင့် ယုံကြည်ခြင်းသည် ခရစ်တော် ၏နှုတ်ကပတ်တော်ကို ကြားနာ၍ ယုံကြည်ခြင်းအားဖြင့် ရရှိခြင်း ဖြစ်သည်။ ထိုနောက် လူများအားလုံးသည် သခင်ယေရှုခရစ်တော်၏ စကားကို ကြားခဲ့ကြသလော။ သူတို့သည် သခင်ယေရှု၏နာမတော် ကို ကြားနိုင်ခဲ့ကြသော်လည်း သူတို့အားလုံးသည် စစ်မှန်သောသ တင်းကောင်းကို ကြားကြလိမ့်မည်မဟုတ်ပေ။ ထို‌ကြောင့် ရှင်ပေါလု က “ဟောပြောသောသူမရှိလျှင် အဘယ်သို့ ကြားနိုင်မည်နည်း” (ရောမ ၁၀း၁၄)ဟု မေးခဲ့ခြင်း ဖြစ်သည်။
ထိုကြောင့် ကျွန်ုပ်တို့သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းပါ ဝင်သော ဤသတင်းကောင်းကို ဟောပြောရကြမည် ဖြစ်သည်။ သို့ သော် မည်သည့်အကြောင်းနှင့်အဘယ်သို့နည်း။ သတင်းကောင်းကို မည်သည့်နည်းစနစ် သို့မဟုတ် မည်သို့ဟောပြောသည်ကို အရေးမ ကြီးပေ။ စကားအားဖြင့်ဖြစ်စေ၊ စာအုပ်များအားဖြင့်ဖြစ်စေ သတင်း ကောင်းဟောပြောခြင်း နိယာမများအားလုံးကို အသုံးပြုသင့်သည်။ ယုံကြည်ခြင်းသည် ကြားနာခြင်းအားဖြင့်လာသည်။ ကြားနာခြင်း သည်လည်း ခရစ်တော်၏နှုတ်ကပတ်တော်မှ လာသည်။ စာအုပ် ဖြင့် ထုတ်ဝေသော သတင်းကောင်းဟောပြောခြင်းသည် စာဖတ်သူများ အား စစ်မှန်သောယုံကြည်ခြင်းသို့ လမ်းပြနိုင်သည်။ မည်သို့သော နည်းစနစ်ကို အသုံးပြုနေပါစေ ကြားနာခြင်းအားဖြင့် ယုံကြည်ခြင်း လာ၍ သတင်းကောင်းဟောပြောခြင်းအားဖြင့် ကြားနာခြင်းလာ သည်ကို သင်သတိရရမည် ဖြစ်သည်။
သင်သည် နှလုံးသား၌ ဘုရားသခင်၏နှုတ်ကပတ်တော်ကို အ မှန်အကန် ယုံကြည်လျှင် သင်သည် စစ်မှန်သောခရစ်ယာန်ဖြစ်သည် ဟု သင်သိလိမ့်မည်။ သင်သည် ဤအရာကို သိ၍ အပြစ်များမှ ကယ် တင်ခြင်းခံရလိမ့်မည်ဟု ကျွန်တော်မြော်လင့်၍ ဆုတောင်းသည်။ သင်သည် ရေနှင့်ဝိညာဉ်တော်နှုတ်ကပတ်တော်ကို ဆုပ်ကိုင်လိမ့် မည်ဟုလည်း ကျွန်တော်မြော်လင့်၍ ဆုတောင်းသည်။ ထိုနောက် ကျွန်ုပ်တို့သည် ရောမ ၁၀း၁၇ ကို အတူတူဖတ်ရှု၍ ဆွေးနွေးခြင်း နိ ဂုံးချုပ်ကြပါစို့။ 
“သို့ဖြစ်၍ ယုံကြည်ခြင်းသည် ကြားနာခြင်းအားဖြင့်ဖြစ်ပြီး ကြားနာခြင်းသည် ခရစ်တော်၏စကားတော်အားဖြင့်ဖြစ်၏။”အာ မင်။ ဘုရားသခင်၏နှုတ်ကပတ်တော်ကို သူတို့နှလုံးသားများ၌ ကြား နာခြင်းအားဖြင့်ယုံကြည်သူများသည် စစ်မှန်သောယုံကြည်ခြင်းရှိသူ များ ဖြစ်ကြသည်။ သင်သည် ဤစစ်မှန်သောယုံကြည်ခြင်းရှိသ လော။ ကိုယ်တော်သည် ကျွန်ုပ်တို့အား အပြစ်များအားလုံးမှ ကယ် တင်တော်မူခဲ့သည်။
ကိုယ်တော်သည် ကျွန်ုပ်တို့အပြစ်များအားလုံးကို ယူဆောင် သွားတော်မူခဲ့သောကြောင့် ကျွန်ုပ်တို့သည် မည်သို့ ကျေးဇူးတင်ကာ ဝမ်းမြောက်ကြသနည်း။ ကယ်တင်ခြင်းမရှိလျှင် လူသားများသည် အ မြဲတမ်း စိတ်ပျက်ကြသည်။ သို့သော် သခင်ယေရှုသည် ဗတ္တိဇံအား ဖြင့် ကျွန်ုပ်တို့အပြစ်များအားလုံး ယူဆောင်သွားတော်မူခဲ့သည်ဟု ကြားနာခြင်းအားဖြင့် ကျွန်ုပ်တို့နှလုံးသားများသည် ဝမ်းမြောက်မှု ဖြင့် ပြည့်ဝ၍ ကျွန်ုပ်တို့ယုံကြည်ခြင်းများသည် ကြီးထွားရန် စတင် နိုင်သည်။
ကျွန်ုပ်တို့ကို ကယ်တင်ခြင်းအတွက် ကိုယ်တော်ကို ကျွန်တော် ကျေးဇူးတင်သည်။