Search

တရားဟောချက်များ

ဘာသာရပ် ၉ - ရောမဩဝါဒစာ (ရောမဩဝါဒစာအနက်ဖွင့်ကျမ်းများ)

[10-1] အခန်းကြီး ၁၀ ကို မိတ်ဆက်ခြင်း

မိမိကိုယ်ပိုင်ဖြောင့်မတ်ခြင်းလိုက်လံရှာဖွေစဉ် ‌ရေနှင့်ဝိညာဉ် တော်သတင်းကောင်းကို ယုံကြည်သူများရှိကြသလော။ ဘုရားသခင် ၏‌ဖြောင့်မတ်ခြင်းကို မယုံကြည်ဘဲ မိမိကိုယ်ပိုင်ဖြောင့်မတ်ခြင်းကို သာလိုက်လံရှာဖွေသောဤသို့သောပုဂ္ဂိုလ်များသည် ဘုရားသခင်ကို ဆန့်ကျင်သူများဖြစ်ကြသည်ဟု သမ္မာကျမ်းစာက ပြောသည်။ ဤ ပုဂ္ဂိုလ်များသည် မည်သည့်အရာကို ပြုလုပ်လိမ့်မည်နည်း။
ဘုရားသခင်သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းဖြစ်သော ကိုယ်တော်၏ကယ်တင်ခြင်းကို လူသားများအားလုံးထံပေးအပ်၍ ဣသရေလလူမျိုးများအားဖြင့် သခင်ယေရှုခရစ်တော်ကို စေလွှတ် ရန် ဘုရားသခင်ကြံစည်တော်မူခဲ့သလော။ ကိုယ်တော်ကြံစည်တော် မူခဲ့သည်။ သခင်ယေရှုသည် အပြစ်သားများအားလုံးကို အပြစ်များမှ ကယ်တင်ရန် အလိုတော်ရှိသောကြောင့် ကိုယ်တော်သည် ဤလော သို့ ကြွလာတော်မူ၍ ဗတ္တိဇံယောဟန်အားဖြင့် ဗတ္တိဇံခံယူကာ ကား တိုင်ပေါ်တွင် အသေခံတော်မူ၍ သေခြင်းမှ ရှင်ပြန်ထမြောက်တော် မူခဲ့သည်။ တစ်နည်းအားဖြင့် ကိုဘ်တော်သည် ကိုယ်တော်ကို ယုံ ကြည်သူများအားလုံးကိုကယ်တင်တော်မူရန် ကြွလာတော်မူခဲ့သည်။
ခမည်းတော်ဘုရားသခင်သည် ဣသရေလလူမျိုးများအား သူ တို့အပြစ်များမှ ကယ်တင်တော်မူရန် သခင်ယေရှုခရစ်တော်ကို စေ လွှတ်တော်မူခဲ့သည်။ သို့သော် ဣသရေလလူမျိုးများသည် ဘုရားသ ခင်၏ဖြောင့်မတ်ခြင်း၊ သခင်ယေရှုကို မလက်ခံခဲ့ကြပေ။ သူတို့သည် မိမိကိုယ်ပိုင်ဖြောင့်မတ်ခြင်းကို လိုက်လံရှာဖွေခြင်းအားဖြင့် စွဲလန်း ကြသည်။ ယခုချိန်၌ပင် သူတို့သည် ကိုယ်တော်၏ မိမိလူများ၏မေရှိ ယနှင့် သူတို့ဝိညာဉ်များ၏ကယ်တင်ရှင်အဖြစ် လက်မခံခဲ့ကြပေ။
ဘုရားသခင်စေလွှတ်တော်မူသောသူများ ရှိကြသည်ကိုလည်း ကောင်း၊ သူတို့အားဖြင့် လှပသောသတင်းကောင်းကြားနာရကြသည် ကိုလည်းကောင်း ရှင်ပေါလုက ပြောခဲ့သည်။ ကိုယ်တော်စေလွှတ် တော်မူခဲ့သော ဘုရားသခင်၏အစေခံများမှ ကြားရသောသတင်း ကောင်းမှာ ဘုရားသခင်၏ဖြောင့်မတ်ခြင်းဖြစ်သောသတင်းကောင်း ဖြစ်သည်။ သင်သည်ဤအခွင့်အရေးကို လက်လွှတ်မဆုံးရှုံးနိုင်ပေ။ ကိုယ်တော်၏ဖြောင့်မတ်ခြင်းကို သိ၍ယုံကြည်သူ ဘုရားသခင်၏အ စေခံများအားဖြင့်ဟောပောသော ဤရေနှင့်ဝိညာဉ်တော်သတင်း ကောင်းကို ကြားနာခြင်းအားဖင့်သာလျှင် အပြစ်များဖြေလွှတ်ခြင်း နှင့် ကိုယ်တော်၏ဖြောင့်မတ်ခြင်းကို သင့်အားဘုရားပေးအပ်တော်မူ ခဲ့သည်ဟု သင်ယုံကြည်နိုင်သည်။
ရေနှင့်ဝိညာဉ်တော်သတင်းကောင်းမှာ ကမ္ဘာပေါ်တွင် အ ကောင်းဆုံးနှင့် အလှပဆုံးသေသာသတင်းများဖြစ်သည်။ ဤအရာ မှာ အပြစ်သားများအား အပြစ်များမှ ကယ်တင်ခဲ့သော ကောင်း၍လှ ပသောသတင်းကောင်းများ ဖြစ်သည်။ ဘုရားသခင်ချပေးတော်မူခဲ့ သောရေနှင့်ဝိညာဉ်တော်သတင်းကောင်းမှာ ဝိညာဉ်များအတွက် စစ် မှန်သောအစာဖြစ်သောကြောင့် ဤလှပသောသတင်းများသည် လူ များ၏ဝိညာဉ်များကို ပြုပြင်မွမ်းမံသည်။
ဘုရားသခင်ပြင်ဆင်ပေးတော်မူခဲ့သော ရွေးနှုတ်ခြင်းလှပသော သတင်းကောင်းမှာ လူတိုင်း၏အပြစ်များကိုခွင့်လွှတ်ရန် တန်ခိုးရှိ သည်။ ရေနှင့်ဝိညာဉ်တော်သတင်းကောင်းမှာ အပြစ်များဖြေလွှတ် ခြင်းအားဖြင့် ကျွန်ုပ်တို့စိတ်များကို ငြိမ်သက်ခြင်း‌ပေးရန် ကောင်း ကြီးမင်္ဂလာ၏တန်ခိုး ဖြစ်သည်။
ဘုရားသခင်၏ပညတ်တော်ကို ဗဟိုပြု၍ ဣသရေလလူမျိုး များသည် ကိုယ်ပိုင်ဖြောင့်မတ်ခြင်းကို လိုက်လံရှာဖွေကြသည်။ သူ တို့က ကိုယ်ပိုင်ဖြောင့်မတ်ခြင်းမှာ ပညတ်တော်နာခံခြင်းဖြင့် ကြွယ် ဝသည်ဟု ထင်ခဲ့ကြသောကြောင့် သူတို့သည် သခင်ယေရှုကို ကယ် တင်ရှင်အဖြစ် မလက်ခံခဲ့ကြပေ။ သူတို့သည် ပညတ်တော်၏လုပ် ငန်းများလိုက်လံရှာဖွေရန် စိတ်အားထက်သန်ကြသောကြောင့် သူတို့သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ခွင့်မပြုနိုင်ကြခြင်း ဖြစ်သည်။ သူတို့သည် ယခုတွင် ကိုယ်ပိုင်ဖြောင့်မတ်ခြင်းကို လိုက် လံရှာဖွေရန် ကြိုးစားကြသောကြောင့် ကိုယ်တော်ကို ကယ်တင်ရှင် အဖြစ် မလက်ခံခဲ့ကြပေ။
ဣသရေလလူမျိုးများသည် ကိုယ်ပိုင်ဖြောင့်မတ်ခြင်းကို တည် ထောင်ရန် ဘုရားသခင်ဖြောင့်မတ်ခြင်းကို ဆန့်ကျင်ခဲ့ကြသည်ဟု သမ္မာကျမ်းစာက ပြောသလော။ ပညတ်တော်ကို လိုက်လျှောက်ရန် စွဲလမ်းကြသူဣသရေလလူမျိုးများကို စကားပြော၍ “ယုံကြည်သော သူအပေါင်းတို့သည် ဖြောင့်မတ်ရာသို့ ရောက်မည်အကြောင်း၊ ပ ညတ်တရားသည် ခရစ်တော်အားဖြင့် စုံလင်ခြင်းရှိ၏”(ရောမ ၁၀း၄) ဟုပြောခြင်းအားဖြင့် သူတို့၏ယုံကြည်မှုကို ရှင်ပေါလုက ဆုံးမသည်။
လူတစ်ဉီး၏ကိုယ်ပိုင်ဖြောင့်မတ်ခြင်းလိုက်လံရှာဖွေခြင်း ဖြစ် သောဘာသာတရားယုံကြည်မှုမှာ ဘုရားရှေ့တော်၌ မမှန်ကန်သော ယုံကြည်ခြင်းဖြစ်သည်။ ဣသရေလလူမျိုးများသည် ဓမ္မဟောင်း ကျမ်း၏ပညတ်တော်များလိုက်လျှောက်ခြင်းအားဖြင့်သာ သိမ်းပိုက် ကြသောကြောင့် ဘုရားသခင်၏ဖြောင့်မတ်ခြင်းဖြစ်လာခဲ့သူ သခင် ယေရှုသည် သူတို့၏ကယ်တင်ရှင်ဖြစ်ရန် နားမလည်ကြ၍ ကိုယ် တော့်ကို ဆန့်ကျင်ကြသည်။ သူတို့သည် ဘုရားသခင်၏နှုတ်ကပတ် တော်ကို ခံယူရန် ရွေးကောက်ခြင်းခံရသောသူများနှင့် ၎င်းကို လိုက် လျှောက်မည်သူများဖြစ်ကြသည်ဟု ဝါကြွားရန် စိတ်အားထက်သန် ကြ၍ ဣသရေလလူမျိုးများသည် ဘုရားသခင်ဖြောင့်မတ်ခြင်းကို ဆန့်ကျင်သော လူများအဖြစ် နိဂုံးချုပ်ခဲ့ကြသည်။
 


သင်သည် ကိုယ်ပိုင်ဖြောင့်မတ်ခြင်းကိုတည်ထောင်ခြင်း အားဖြင့် စွဲလမ်းနေသလော


ပညတ်တော်အတွက် ဣသရေလလူမျိုးများ၏ပြဿနာမှာ သူ တို့၏စိတ်ပြင်းပြမှုမှာ ကိုယ်တိုင်ဖြောင့်မတ်ခြင်းတည်ဆောက်ခြင်း ဖြစ်သည်။ ကိုယ်ပိုင်ဖြောင့်မတ်ခြင်းအားဖြင့် ကိုယ်တော်တည် ထောင်ခဲ့သော ဘုရားသခင်၏ဖြောင့်မတ်ခြင်းမှာ လုံးလုံးလျားလျား လျစ်လျူရှုခြင်းခံရသည်။
ဣသရေလလူမျိုးများ၏ဘာသာရေးယုံကြည်မှုဆိုးကျိုးမှာ သူ တို့သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ဆန့်ကျင်ခြင်းအားဖြင့် နိ ဂုံးချုပ်ခြင်း ဖြစ်သည်။ ထိုကြောင့် သူတို့သည် ဤဆိုးကျိုးအား နောက်ပြန်ဆုတ်၍မရနိုင်သောအဖျက်အဆီးဖြစ်သည်ကို နားမလည် ကြသေးပေ။ သူတို့သည် ပညတ်တော်လုပ်ဆောင်ချက် လိုက်လံရှာ ဖွေခြင်းအားဖြင့် ဘာကောင်းမှု သို့မဟုတ် ဘာအကျိုးပေးသနည်း။ ဘုရားသခင်၏နှုတ်ကပတ်တော်လိုက်လျှောက်ခြင်းအတွက် သူတို့၏ စိတ်ဆန္ဒပြင်းပြမှုသည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းသိရှိရန်နှင့် ယုံ ကြည်ရန်အတွက် အနှောင့်အယှက်အဖြစ်သာ နိဂုံးချုပ်သည်။ ပ ညတ်တော်ကို မှန်ကန်စွာ နားလည်သဘောပေါက်ခြင်းမရှိသောသူ များ၏ “ဆန္ဒပြင်းပြမှု”သည် နောက်ဆုံးတွင် သူတို့အား ဘုရားသခင် ၏ဖြောင့်မတ်ခြင်းဆန့်ကျင်ရန် လမ်းပြုလိမ့်မည်ဟု ကျွန်ုပ်တို့နား လည်သဘောပေါက်ရကြမည် ဖြစ်သည်။
ယုံကြည်သူများအားလုံးအတွက် သခင်ယေရှုသည် ဖြောင့်မတ် သူများအတွက် ပညတ်တော်ပြည့်စုံစေရန် ကြွလာတော်မူခဲ့သည်ဟု သမ္မာကျမ်းစာက ရှင်းလင်းစွာ ပြောထားသည်။ ဣသရေလလူမျိုး များနှင့် ဟေလသလူမျိုးများ၏အပြစ်များအားလုံးဆေးကြောပေးရန် အတွက် ကိုယ်တော်သည် ဗတ္တိဇံနှင့်ကားတိုင်ပေါ်တွင် အသွေးတော် သွန်းလောင်းခြင်းအားဖြင့် လောကအပြစ်များအားလုံးကို ယူဆောင် တော်မူခြင်းအားဖြင့် ဘုရားသခင်၏‌ဖြောင့်မတ်ခြင်းကို ပြည့်စုံစေ တော်မူခဲ့သည်။ ဤသို့ဖြင့် ပညတ်တော်မဟုတ်၊ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းပါဝင်သော ရေနှင့်ဝိညာဉ်တော်သတင်းကောင်းသည် အပြစ်သားများအားလုံးအတွက် သဲကန္တရာ၌ စမ်းချောင်းတစ်ခုဖြစ် လာခဲ့သည်။ ရေနှင့်ဝိညာဉ်တော်သတင်းကောင်းသည် ကျွန်ုပ်တို့အ ပြစ်များကို ဖယ်ရှားပေး၍ ကျွန်ုပ်တို့အား စစ်မှန်သောစင်ကြယ်ခြင်း ကို ပြင်ဆင်ပေးခဲ့သောအရာ ဖြစ်သည်။ လောကအပြစ်သားများ အားလုံးသည် မိမိနှလုံးသားများ၌ စစ်မှန်သောစင်ကြယ်ခြင်းကို ရှာ ဖွေတွေ့ရှိနိုင်ရန် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကလွှဲ၍ အခြား မည်သည့်အရာရှိသနည်း။
ရောမသြဝါဒစာတွင် လူတစ်ဉီး၏ဖြောင့်မတ်ခြင်းတည်ထောင် ခြင်းမှာ ဘုရားသခင်၏ဖြောင့်မတ်ခြင်းယုံကြည်မှုမဟုတ်လျှင် ကြီး လေးသောအပြစ် ဖြစ်သည်ဟု ဖော်ပြထားသည်။ ကျွန်ုပ်တို့ ဟေလ သလူမျိုးများအတွက် ဤသတင်းကောင်းမှာ မည်သို့လှပသောသ တင်းကောင်း ဖြစ်သနည်း။ သခင်ယေရှုသည် ဗတ္တိဇံအားဖြင့် လော ကအပြစ်များအားလုံးကို ယူဆောင်သွားတော်မူခဲ့သည်ဟု ကျွန်ုပ်တို့ အားပြောသောသတင်းကောင်းဖြစ်သည်။
မဿဲ ၃း၁၃-၁၇ တွင် သခင်ယေရှု၏ လောကအပြစ်များကို ယူ ဆောင်သွားတော်မူသောသက်သေခံသောသတင်းကောင်းကို မှတ် တမ်းတင်ထားသည်။ “ထိုကာလတွင် ယေရှုသည် ယောဟန်ထံ၌ဗတ္တိဇံခံရန် ဂါလိလဲနယ်မှ ဂျော်ဒန်မြစ်နားရှိ ယောဟန်ထံသို့ ကြွလာတော်မူ၏။သို့ရာတွင် ယောဟန်သည် ကိုယ်တော်ကိုတားဆီးလျက် “အကျွန်ုပ်ကသာကိုယ်တော်ထံ၌ ဗတ္တိဇံခံရမည်ဖြစ်ပါလျက်နှင့် ကိုယ်တော်သည် အကျွန်ုပ်ထံသို့ ကြွလာတော်မူပါသလော”ဟု ဆို၏။ယေရှုကလည်း“ယခုအခါတွင် အခွင့်ပေးလော့။ အကြောင်းမူ ကား ငါတို့သည် ဖြောင့်မတ်ခြင်းအလုံးစုံကို ဤသို့ပြည့်စုံစေသင့်၏”ဟု မိန့်တော်မူ၏။ ထိုအခါ ယောဟန်သည် ကိုယ်တော်ကိုအခွင့်ပေးလေ၏။ယေရှုသည် ဗတ္တိဇံခံပြီးနောက် ရေထဲမှထွက်လာသည်နှင့် ကောင်းကင်သည်ပွင့်၍ ဘုရားသခင်၏ဝိညာဉ်တော်သည် ချိုးငှက်ကဲ့သို့ဆင်းသက်ကာ မိမိအပေါ်သို့ ကြွလာတော်မူသည်ကို မြင်တော်မူ၏။ကောင်းကင်မှလည်း “ဤသူကား ငါ၏ချစ်သားပေတည်း။ သူ့ကိုငါနှစ်သက်၏”ဟု အသံတော်ထွက်ပေါ်လာ၏။”သခင်ယေရှု သည် ယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် လောကအပြစ် များအားလုံးကို မိမိအပေါ်သို့ မည်သို့ ယူဆောင်သွားတော်မူခဲ့ သည်ကို ဖော်ပြထားသည်။
“ယုံကြည်ခြင်းအားဖြင့်ရရှိသောဖြောင့်မတ်ခြင်းမူကား “သင်၏စိတ်နှလုံးထဲ၌ ကောင်းကင်သို့ မည်သူတက်မည်နည်းဟု မပြောနှင့်။ (ဤသည်ကား ခရစ်တော်ကို အောက်သို့ခေါ်ဆောင်လာခြင်းဖြစ်၏။)” (ရောမ ၁၀း၆)ဟု မေးခြင်းအားဖြင့် ဘုရားသခင်၏ဖြောင့်မတ် ခြင်းကို မယုံကြည်သောဘာသာရေးသများထံ ရှင်ပေါလုက ဆုံးမခဲ့ သည်။ တစ်နည်းအားဖြင့် ဤမေးခွန်းက “ပညတ်တော်လိုက် လျှောက်ခြင်းအားဖြင့် မည်သူသည် ကယ်တင်ခြင်းခံရနိုင်သနည်း” ဟု မေးမြန်းခြင်း ဖြစ်သည်။ ရှင်ပေါလုမေးသောမေးခွန်း၏ရည်ရွယ် ချက်မှာ ပညတ်တော်လိုက်လျှောက်ခြင်းသည် အပြစ်မှ ကယ်တင် ခြင်းဘယ်တော့မှ ယူဆောင်မည်မဟုတ်ပေဟု ညွှန်ပြသောအမှတ် အသားဖြစ်သည်။ တစ်နည်းအားဖြင့် ကျွန်ုပ်တို့သည် အပြစ်ကို မိမိ ကိုယ်ကိုကိုယ်ဖျက်နိုင်သောအရာတစ်စုံတစ်ခုမျှမရှိပေဟု ကိုယ် တော်မိန့်တော်မူခဲ့သည်။
ရှင်ပေါလုသည် မိမိပို့စာများတွင် ဘုရားသခင်၏ဖြောင့်မတ် ခြင်းကို ပြောလေ့ရှိသည်။ စစ်မှန်သောယုံကြည်မှုအတွက် ရောမ ၁၀း၁၀ တွင် စစ်မှန်သောယုံကြည်ခြင်းအတွက် ရှင်ပေါလု၏အဖြေ ကို တွေ့ရသည်။ “သင်သည် မိမိနှုတ်ဖြင့် ယေရှုသည် အရှင်သခင်ဖြစ်ကြောင်းဝန်ခံ၍ သင်၏စိတ်နှလုံးထဲ၌ ဘုရားသခင်သည် သူ့ကို သေသောသူတို့ထဲမှ ထမြောက်စေတော်မူပြီဟု ယုံကြည်လျှင် ကယ်တင်ခြင်းခံရမည်။”ရှင်ပေါလုဟောပြောခဲ့သောသတင်းကောင်း မှာ ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ထင်ရှားစေသော ကိုယ်တော် ၏ဗတ္တိဇံနှင့်ကားတိုင်ပေါ်တွင် အသွေးတော်ကို ယုံကြည်ခြင်းအား ဖြင့် ကျွန်ုပ်တို့သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ရရှိနိုင်ကြ သည်ဟု ပြောကြားသော သတင်းကောင်း ဖြစ်သည်။ ကိုယ်တော် သည် ကျွန်ုပ်တို့အား ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို ပေးအပ် တော်မူခဲ့သည်ကိုလည်းကောင်း၊ ကိုယ်တော်သည် ဤသတင်း ကောင်း ယုံကြည်သူများအား စစ်မှန် သောစိတ်ငြိမ်သက်ခြင်းပေး အပ်တော်မူသည်ကိုလည်းကောင်း ကျွန်ုပ်တို့သည် ယုံကြည်ရကြ မည် ဖြစ်သည်။ 
 


စစ်မှန်သောယုံကြည်ခြင်းသည် ဘုရားသခင်၏နှုတ်ကပတ် တော်ကြားနာခြင်းမှ လာသည်


စစ်မှန်သောယုံကြည်ခြင်းအကြောင်းနှင့်ပတ်သက်၍ ရှင်ပေါလု က မည်သည့်အရာကို ပြောကြားသနည်း။ ရောမ ၁၀း၁၇တွင် “သို့ဖြစ်၍ ယုံကြည်ခြင်းသည် ကြားနာခြင်းအားဖြင့်ဖြစ်ပြီး ကြားနာခြင်းသည် ခရစ်တော်၏စကားတော်အားဖြင့်ဖြစ်၏”ဟု ပြောထား သည်။ တစ်နည်းအားဖြင့် ဘုရားသခင်ပြောကြားတော်မူ သောအစေ ခံများကနှုတ်ကပတ်တော်အားဖြင့် ဟောပြောသောသ တင်းကောင်း ကို ကျွန်ုပ်တို့ကြားနာသောအခါ စစ်မှန်သောယုံကြည် ခြင်းရောက် လာသည်။
ဘုရားသခင်၏နှုတ်ကပတ်တော်ကြားနာခြင်းအားဖြင့် စစ်မှန် သောယုံကြည်ခြင်းလာသည်။ ကျွန်ုပ်တို့သည် စစ်မှန်သောယုံကြည် ခြင်းရှိသူများဖြစ်လာကြရန်အတွက် နှုတ်ကပတ်တော်ကို ကြားနာ၍ ယုံကြည်ရကြမည် ဖြစ်သည်။ ဘုရားသခင်၏နှုတ်ကပတ်တော်ကို ကားမှသာလျှင် ကျွန်ုပ်တို့သည် စစ်မှန်သောယုံကြည်ခြင်းရှိနိုင်ကြ၍ ဤအရာအားဖြင့်သာလျှင် ကျွန်ုပ်တို့ယုံကြည်ခြင်းများ တိုးတက်လာ နိုင်သည်။ ဤအကြောင်းကြောင့် ဘုရားသခင်သည် မိမိဖြောင့်မတ် ခြင်းကို ဟောပြောသူ မိမိအစေခံကျွန်ုပ်တို့ကို စေလွှတ်တော်မူခြင်း ဖြစ်သည်။
ကျွန်ုပ်တို့သည် လူသားများထံ ဘုရားသခင်ပေးအပ်တော်မူခဲ့ သော ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို ယုံကြည်ကြလျှင် ကျွန်ုပ်တို့သည် အပြစ်များဖြေလွှတ်ခြင်းရရှိနိုင်၍ နှလုံးသားငြိမ်ဝပ် ခြင်းခံရကြလိမ့်မည်။ အပြစ်မှ လွှတ်မြောက်ခြင်းမှာ ကျွန်ုပ်တို့သည် စိတ်ငြိမ်သက်ခြင်းရှာဖွေတွေ့ရှိနိုင်သော ဘုရားသခင်၏ဖြောင့်မတ် ခြင်းကို ယုံကြည်ခြင်းအားဖြင့်သာ ရရှိနိုင်သည်။ 
ကိုယ်တော်၏ဖြောင့်မတ်ခြင်းသည် ကျွန်ုပ်တို့မျက်ရည်များကို သုတ်သင်ဖယ်ရှားပေး၍ ကျွန်ုပ်တို့၏ နာကျင်ကိုက်ခဲခြင်းများမှ ကယ်တင်တော်မူခဲ့သည်ဟု ကျွန်ုပ်တို့သိရကြသည်မဟုတ်လော။ ဟုတ်ပါသည်။ သိရကြသည်။ ဘုရားသခင်ချပေးတော်မူသော ရေနှင့် ဝိညာဉ်တော်သတင်းကောင်းဖြောင့်မတ်ခြင်းကို ယုံကြည်ခြင်းအား ဖြင့် ကျွန်ုပ်တို့နာကျင်မှုများအားလုံးကို ယူဆောင်သွားခဲ့သည်။ ရေ နှင့်ဝိညာဉ်တော်သတင်းကောင်းမှာ ကမ္ဘာပေါ်တွင် အလှပဆုံးသ တင်းဖြစ်၍ ဘုရားသခင်၏ဖြောင့်မတ်ခြင်း၏ပြည့်စုံခြင်းဖြစ်သည်။
ဘုရားသခင်သည် ဣသရေလလူမျိုးများအပေါ် မိမိဖြောင့်မတ် ခြင်းပြည့်စုံစေသော ကိုယ်တော်ကို စေလွှတ်တော်မူခဲ့‌သော်လည်း သူ တို့သည် မိမိဖြောင့်မတ်ခြင်းကိုသာ လိုက်လံရှာဖွေခြင်းအားဖြင့် ကိုယ်တော်ထံတော်သို့ ပြန်မလာကြပေ။ ဘုရားသခင်သည် အဘယ် အရာကို ပြုတော်မူခဲ့သနည်း။ ဘုရားသခင်သည် ဣသရေလလူမျိုး များကို နှိုးဆော်စေခြင်းငှါ ဟေလသလူမျိုးများယုံကြည်ရမည့် ကိုယ် တော်၏ဖြောင့်မတ်ခြင်း၏ပြည့်စုံခြင်း သတင်းကောင်းကို ပေးအပ် တော်မူခဲ့သည်။ ထိုနောက် ဘုရားသခင်သည် ဟေလသလူမျိုးများ အား ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို ယုံကြည်ရန် အခွင့်အ ရေးပေးအပ်တော်မူခဲ့သလော။ သူတို့သည် ကိုယ်တော်ကို မရှာ၊ မခေါ် ဣသရေလလူမျိုးများကဲ့သို့ ကိုယ်တော်ကို မကိုးကွယ်ခဲ့ကြ သော်လည်း ကိုယ်တော်သည် သူတို့အား ရေနှင့်ဝိညာဉ်တော်သ တင်းကောင်း ယုံကြည်ရန် အခွင့်အရေးချပေးတော်မူခဲ့သည်။
ဤအကြောင်းကြောင့် ဟေလသလူမျိုးများသည် ကိုယ်တော်၏ ဖြောင့်မတ်ခြင်းပြည့်စုံခြင်းလှပသောသတင်းကောင်းများကို ယုံ ကြည်ခြင်းအားဖြင့် ဘုရားသခင်၏သားသမီးများဖြစ်လာရကြခြင်း ဖြစ်သည်။ ဣသရေလလူမျိုးများအပြင်ဘက်၌ ဘုရားသခင်၏ဖြောင့် မတ်ခြင်းကို အမြတ်တနိုးထား၍ ဘုန်းအသရေရှိခဲ့သည်ဟု သမ္မာ ကျမ်းစာက ပြောကြားခြင်း ဖြစ်သည်။
ဘုရားသခင်၏ဖြောင့်မတ်ခြင်းပြည့်စုံစေသော ရေနှင့်ဝိညာဉ် တော်သတင်းကောင်းကို ကျွန်ုပ်တို့အားလုံးအား ပေးအပ်တော်မူခြင်း အတွက် လူမည်မျှသည် ဘုရားသခင်ကို ကျေးဇူးတင်ကြသနည်း။ ကိုယ်တော်သည် လောကအပြစ်များအားလုံးကို ရေနှင့်ဝိညာဉ်တော် သတင်းကောင်းအားဖြင့် ဖယ်ရှားပေးတော်မူခဲ့သည်။ သို့သော် ခရစ် ယာန်များစွာတို့သည် ဤသမ္မာတရားကို ယုံကြည်ခြင်းမရှိကြပေ။ ထို နောက် ဘုရားရှေ့တော်၌ ကျွန်ုပ်တို့ချမှတ်နိုင်သည်ဟု ကျွန်ုပ်တို့၌ ဖြောင့်မတ်ခြင်းတစ်စုံတစ်ခုရှိသလော။ လုံးဝမရှိပေ။ ကျွန်ုပ်တို့သည် ဘာကြောင့် မယုံကြည်ကြသနည်း။ ဘုရားသခင်၏ဖြောင့်မတ်ခြင်း ပြည့်စုံစေသော သတင်းကောင်းမှာ အဘယ်အရာဖြစ်သည်ကို ကျွန်ုပ် တို့မသိကြသောကြောင့် ဖြစ်သည်မဟုတ်လော။ သို့သော် ဤသ တင်းကောင်းသိရှိခြင်းမှာ ရိုးရိုးလေးပဲ ဖြစ်သည်။ 
ဣသရေလလူမျိုးများပြုသကဲ့သို့ ကျွန်ုပ်တို့သည်လည်း ကိုယ် ပိုင်ဖြောင့်မတ်ခြင်းကို လိုက်လံရှာဖွေခဲ့သောသူများ ဖြစ်ကြသည်။ သို့သော် ဘုရားသခင်သည် လှပသောရေနှင့်ဝိညာဉ်တော်သတင်း ကောင်းကို ပေးအပ်တော်မူခြင်းအားဖြင့် ကျွန်ုပ်တို့အား အပြစ်များ အားလုံးမှ ကယ်တင်တော်မူခဲ့သည်။ ကျွန်ုပ်တို့သည် ယုံကြည်ရန် ဘု ရားသခင်၏ဖြောင့်မတ်ခြင်း၊ ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို ကျွန်ုပ်တို့အားပေးအပ်ရန်အတွက် ကိုယ်တော်ကို ကျေးဇူးတင်သည်။
 

“မည်သူသည် ကောင်းကင်သို့တက်မည်နည်း”ဟု မပြောရ

အပိုဒ်ငယ် ၆ တွင် “ယုံကြည်ခြင်းအားဖြင့်ရရှိသောဖြောင့်မတ်ခြင်းမူကား “သင်၏စိတ်နှလုံးထဲ၌ ကောင်းကင်သို့ မည်သူတက်မည်နည်းဟု မပြောနှင့်။ (ဤသည်ကား ခရစ်တော်ကို အောက်သို့ခေါ်ဆောင်လာခြင်းဖြစ်၏။)ဟု ဖော်ပြထားသည်။ ကျွန်ုပ်တို့ရွေးနှုတ် ခြင်းနှင့် သမ္မာတရားသတင်းကောင်းအစေခံခြင်းတို့သည် ရေနှင့်ဝိ ညာဉ်တော်သတင်း ကောင်းယုံကြည်ခြင်းအားဖြင့်ဖြစ်သည်။ အကျင့် အားဖြင့် မဟုတ်ပေ။ ဘုရားသခင်၏ဖြောင့်မတ်ခြင်းပြည့်စုံစေသာ သမ္မာတရားကို ယုံကြည်ခြင်းမရှိလျှင် ကျွန်ုပ်တို့သည် ကိုယ်ပိုင် ဖြောင့်မတ်ခြင်း လိုက်လံရှာဖွေသောဘာသာရေးသမားများအဖြစ် အပြစ်သားများဖြစ်ကြကာ ဘုရားသခင်ကို နှောင့်ယှက်ခဲ့သည်။
ကျွန်ုပ်တို့ကယ်တင်ခြင်းမှာ ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ယုံကြည်ခြင်းအားဖြင့်လာသည့်အတိုင်း ကျွန်ုပ်တို့သည်လည်း ဤ ဖြောင့်မတ်ခြင်းကို ယုံကြည်ခြင်းအားဖြင့် ကိုယ်တော့်အတွက် အ သက်ရှင်နိုင်ကြသည်။ ဤဖြောင့်မတ်ခြင်းပညာသည် ရေနှင့်ဝိညာဉ် တော်သတင်းကောင်းယုံကြည်ခြင်းအားဖြင့် ပေါ်ထွန်းသည့်အတိုင်း ကျွန်ုပ်တို့အသက်များဖြင့် အသက်ရှင်စေ‌သောခွန်အားသည် ဘုရား သခင်၏ဖြောင့်မတ်ခြင်းကို ယုံကြည်ခြင်းမှ လာသည်။ 
ရွေးနှုတ်ကယ်တင်ခြင်းခံရမည့်သူများအတွက် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းယုံကြည်ခြင်းထက် အခြားသောသမ္မာတရားကို ရှိသ လော။ လုံးဝမရှိပေ။ ခရစ်ယာန်ဘာသာ၏အနှစ်သာရမှာ ယုံကြည် ခြင်းပေါ်တွင် ဗဟိုပြုသည်။ ဘုရားသခင်၏ဖြောင့်မတ်ခြင်းသည် ခ ရစ်ယာန်ယုံကြည်မှုဖြစ်သည်ဟု ပြောခြင်းမှာ ပုံကြီးချဲ့ခြင်းမဟုတ် ပေ။ ဖြောင့်မတ်ခြင်းခံရသောသူများသည် ဤဖြောင့်မတ်ခြင်းကို ယုံ ကြည်ခြင်းအားဖြင့် သတင်းကောင်းအတွက် အသက်ရှင်၍ ဟော ပြောနိုင်ကြသည်။ ထိုနောက် ဘုရားသခင်၏ဖြောင့်မတ်ခြင်းယုံ ကြည်သူများသည် ဒုက္ခများကြုံတွေ့သလော။ သို့သော် ဘုရားသခင် ၏ဖြောင့်မတ်ခြင်းယုံကြည်ခြင်းအားဖြင့် သူတို့သည် မိမိပြဿနာ များကို ဘုရားသခင်သည် တာဝန်ယူဆောင်ရွက်ပေးတော်မူလိမ့်မည် ဟု ယုံကြည်ကိုးစားကြသဖြင့် သူတို့သည် ဒုက္ခများအားလုံးကို အောင်မြင်နိုင်ကြသည်။ ဤသို့သော ယုံကြည်မှုများသည် ဘုရားသ ခင်၏ဖြောင့်မတ်ခြင်းယုံကြည်မှုမှ စတင်လာခဲ့သည်။
ဘုရားသခင်၏ဖြောင့်မတ်ခြင်းမပါသောအခြားယုံကြည်မှုများ မှာ အဘယ်သို့နည်း။ မှားယွင်းသောယုံကြည်မှုများအားလုံးသည် လူ သားများအကျင့်များပေါ်တွင် အခြေခံသလော။ ဟုတ်ပါသည်။ အ ခြေခံသည်။ သခင်ယေရှုကို ယုံကြည်သူများ၏ယုံကြည်မှုများသည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းယုံကြည်ခြင်းမပါလျှင် စစ်မှန်သော ယုံကြည်မှုများမဟုတ်ပေ။
သင်နှင့်ကျွန်တော်တို့သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ယုံကြည်ခြင်းမရှိဘဲ အပြစ်များမှ ရွေးနှုတ်ခြင်းခံနိုင်ကြမည်လော။ ကိုယ်တော်၏ဖြောင့်မတ်ခြင်းကို ယုံကြည်ခြင်းမရှိဘဲ ဘုရားသခင်ကို ယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် အသက်ရှင်နိုင်ကြမည်လော။ လုံးဝမဖြစ်နိုင်ပေ။ ကိုယ်တော်ကိုအစေခံရန် ဖြောင့်မတ်သူများ၏ ခွန်အားသည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ယုံကြည်ခြင်းအား ဖြင့် ဆုကျေးဇူးတစ်ခုအဖြစ် သူတို့ထံပေးအပ်သော သန့်ရှင်းသောဝိ ညာဉ်‌တော်၏တန်ခိုးမှ လာသည်။ သင်သည် ကိုယ်အစွမ်းအစ သို့မ ဟုတ် လောကစည်းစိမ်ဥစ္စာများဖြင့်သာ ဤလောက၌ အသက်ရှင် နိုင်မည်လော။ သင်သည် ဤအရာများဖြင့် စိတ်ငြိမ်းချမ်းခြင်းကို အ မှန်အကန် တွေ့ရှိနိုင်မည်လော။
ကျွန်ုပ်တို့သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ယုံကြည်ခြင်း အားဖြင့် စိတ်ငြိမ်သက်စွာဖြင့် သတင်းကောင်းကို အစေခံနိုင်ကြ သည်။ ရေနှင့်ဝိညာဉ်တော်သတင်းကောင်းအစေခံသူများသည် ယုံ ကြည်ခြင်း၊ ရဲရင့်ခြင်း၊ ခွန်အားနှင့် ငြိမ်သက်ခြင်းရှိကြသည်။ ဘုရား သခင်၏ဖြောင့်မတ်ခြင်းပြည့်စုံခြင်း၊ ရေနှင့်ဝိညာဉ်တော်သတင်း ကောင်းကို အစေမခံသောဖြောင့်မတ်သူများသည် ငြိမ်သက်ခြင်းနှင့် ရဲရင့်ခြင်းမရှိနိုင်ကြပေ။ ဖြောင့်မတ်သူများ၏စိတ်သည် ငြိမ်သက် ခြင်းလိုအပ်သလော။ လိုအပ်ကြသည်။ သူတို့သည် ရေနှင့်ဝိညာဉ် တော်သတင်းကောင်းဟောပြောခြင်းသာမက ပြည့်စုံခြင်းရှိရန် မိမိ ဘဝများဖြင့်အသက်ရှင်နိုင်ရန် ငြိမ်သက်ခြင်းလိုအပ်ကြသည်။
သင်၏စိတ်သည် ငြိမ်သက်ခြင်းရှိသလော။ သင်သည် ကိုယ်အ တွက်သာ အသက်ရှင်လျှင် သင်သည် ကြီးထွားရန် သင်၏စိတ်၌ ငြိမ် သက်ခြင်းရရှိစရာအကြောင်းမရှိပေ။ သင်သည် ကိုယ်ခန္ဓာဖြင့်အ သက်ရှင်ရန် ဇာတိပကတိလိုအပ်မှုများတွေ့ဆုံးရန် လိုအပ်သောအခါ သင်သည် ငြိမ်သက်ခြင်း သို့မဟုတ် ယုံကြည်ခြင်းကို ဘာကြောင့်ပို၍ လိုအပ်သနည်း။ သို့သော် သင်သည် ဘုရားသခင်ကို အစေခံလျှင် သင်၏စိတ်ထဲ၌ရှိသော ငြိမ်သက်ခြင်းသည် တိုးတက်ရန် လိုအပ် သည်။ ဘုရားသခင်၏ဖြောင့်မတ်ခြင်းပြည့်စုံစေသောသတင်း ကောင်းကို အစေခံနိုင်ရန် သင်၏ယုံကြည်ခြင်းနှင့် ငြိမ်သက်ခြင်း သည် တိုးတက်ကြီးထွားစေရမည် ဖြစ်သည်။
ဘုရားသခင်၏ဖြောင့်မတ်ခြင်းသတင်းကောင်းကို ယုံကြည်သူ များသည် တစ်ကမ္ဘာလုံးသို့ သူတို့၏ငြိမ်သက်ခြင်းဟောပြောရန်အ တွက် တာဝန်ရှိကြသည်။ ဤအရာသည် လူပုဂ္ဂိုလ်တစ်စုံတစ်နှင့် ပတ်သက်သောကိစ္စမျိုးမဟုတ်ပေ။ သို့သော် သခင်ယေရှုခရစ်တော် သည် လူတိုင်းအတွက် ပေးအပ်တော်မူခဲ့သော စိတ်ငြိမ်သက်ခြင်း ဟောပြောရန် လိုအပ်သူများနှင့်သက်ဆိုင်၍ ကျွန်ုပ်တို့သည် ဘုရား သခင်၏ဖြောင့်မတ်ြခင်းသတင်းကောင်းကို တစ်ကမ္ဘာလုံးသို့ ဟော ပြောရန် လိုအပ်ကြသည်။ ဘုရားသခင်၏ငြိမ်သက်ခြင်းသည် သူတ ပါးအတွက်လိုအပ်သည်။ ကျွန်ုပ်တို့အတွက် လိုအပ်သည်။ ကျွန်ုပ်တို့ သည် သူတစ်ပါးထံ ဤငြိမ်သက်ခြင်းဟောပြောရန် ကြိုးပမ်းသော အခါ ဘုရားသခင်ထံမှ အကူအညီများစွာ လိုအပ်ကြသည်။ ကျွန်ုပ်တို့ သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းဟောပြောရန် အသက်ရှင်ကြ သောအခါ စိတ်ငြိမ်သက်ခြင်းသည်လည်း ကြီးထွား၍ ကျွန်ုပ်တို့သည် ရှင်းလင်း၍ တန်ဖိုးရှိသောဘဝပန်းတိုင်များကို တွေ့ရကြလိမ့်မည်။
သင်သည် ဘုရားသခင်ပေးအပ်တော်မူခဲ့သော စစ်မှန်သော ငြိမ် သက်ခြင်းကို သင်ယူလိုလှှင် သင်သည် ကိုယ်တော်၏ဖြောင့်မတ် ခြင်းပြည့်စုံခဲ့သော သတင်းကောင်းကို သိ၍ယုံကြည်ရန် လိုအပ် သည်။ သင့်အတွက် ဘုရားသခင်ပြင်ဆင်တော်မူခဲ့သော စိတ်ငြိမ် သက်ခြင်းကို သင့်ဘဝတွင် တွေ့ကြုံရန် လိုအပ်သည်။
သင်သည် ယခုထိ ကိုယ်တော်ကို အစေခံခဲ့သည်။ သို့သော် သူ တစ်ပါးသည် ငြိမ်သက်ခြင်းမျှဝေခံစားနိုင်ရန်အတွက် သင်သည် ကိုယ်တော်ရှိတော်မူရာအရပ်သို့ ခေါ်တော်မူခြင်းခံသည့်အထိ ကိုယ် တော့်ကို ဆက်လက်အစေခံရန် လိုအပ်သည်။ သင်သည် ဘုရားသ ခင်၏ဖြောင့်မတ်ခြင်းကို ယုံကြည်ခြင်းအားဖြင့် ငြိမ်သက်ခြင်းအဆင့် သို့ရောက်လာသောအခါ ရွေးနှုတ်ခြင်းသို့ သင်၏ခြေရာများကို လိုက် လျှောက်သောယုံကြည်သူများသည် သူတပါး၏ငြိမ်သက်ခြင်းအ တွက် အသက်ရှင်ကြလိမ့်မည်။
ယုံကြည်ခြင်း၌ နုနယ်သေးသောသူများသည် ယုံကြည်ခြင်း နယ်ပယ်၌ ဇဝေဇဝါဖြစ်ကြ၍ နားလည်သဘောပေါက်ရန် မိမိအစွမ်း အစများကို ကန့်သတ်ကြသည်။ သို့သော် သင်သည် ယုံကြည်ခြင်း များအားဖြင့် အသက်ရှင်သောအခါ အချိန်အချို့ယူရမည်ဖြစ်သော် လည်း ကျွန်ုပ်တို့နောက်သို့လိုက်သောသူများသည် ကျွန်ုပ်တို့၏ယုံ ကြည်ခြင်းခြေလှမ်းကို လိုက်လျှောက်ကြခြင်းအားဖြင့် သူတို့သည် ရွေးနှုတ်ခြင်းခံရသောသူများသည် ငြိမ်သက်ခြင်းဖြင့် မည်သို့အသက် ရှင်ရကြမည်ကို အမှန်အကန် နားလည်သဘောပေါက်ကြသည်။
သင်၏နောက်သို့လိုက်သောသူများကို ယုံကြည်ခြင်းအားဖြင့် အသက်ရှင်စေရန် သွန်သင်ခြင်းသည် ခက်ခဲသည်ဟု သင်သိသ လော။ ဤသို့သောသွန်သင်ခြင်းဘဝသည် တစ်ညတည်းမရောက်နိုင် ပေ။ သူတို့သည် ငြိမ်သက်ခြင်းအသက်ရှင်ရန် လိုအပ်သောယုံကြည် ခြင်းမျိုးရရှိအောင် သူတို့ကို လမ်းမပြမီ အချိန်အကြာကြီးယူရပါ သည်။ သို့သော် အစောပိုင်းက ဘုရားသခင်ကို အစေခံသောယုံကြည် သူများသည် ကိုယ်တော်ထံမှ စိတ်ငြိမ် သက်ခြင်းတွေ့ရကြသကဲ့သို့ ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ယုံကြည်ခြင်းအားဖြင့် ရွေးနှုတ် ခြင်းခံရသောသူများသည် သူတို့ရှေ့ ကျွန်ုပ်တို့ထံမှ သင်ယူခြင်းအား ဖြင့် ယုံကြည်ခြင်းရှိသူများအဖြစ် ငြိမ်သက်ခြင်းဖြင့် အသက်ရှင်ရန် သင်ယူကြလိမ့်မည်။
သင်နှင့်ကျွန်တော်၊ ကျွန်ပ်တို့အားလုံးသည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို ယုံကြည်ခြင်းအားဖြင့် အသက်ရှင်ရကြမည် ဖြစ် သည်။ ဖြောင့်မတ်သူများသည် နှုတ်ကပတ်တော်ကို ယုံကြည်ခြင်း များအားဖြင့် အသက်ရှင်ရကြမည် ဖြစ်သည်။ ပစ္စုပ္ပန်နှင့်အနာဂတ် အသက်တာများသည် ယုံကြည်ခြင်းအားဖြင့် ဆုံးဖြတ်ရသည်။ သမ္မာ ကျမ်းစာက “ဟောပြောသောသူမရှိလျှင် မည်သို့ကြားနိုင်မည်နည်း”
(ရောမ ၁၀း၁၄)ဟု မေးထားသည်။ကျွန်ုပ်တို့သည် ဘုရားသ ခင်၏ ဖြောင့်မတ်ခြင်းကို ယုံကြည်ကြသောကြောင့် ကျွန်ုပ်တို့သည် မယုံ ကြည်သူများထံ သတင်းကောင်းကို ဟောပြောရကြမည် ဖြစ်သည်။ ကျွန်ုပ်တို့သည် ယုံကြည်ခြင်းအားဖြင့် သတင်းကောင်းဟော ပြောစဉ် ကြုံတွေ့ရမည့် စိန်ခေါ်မှုအားလုံးကို တွေ့ရနိုင်ကြသည်။
ယုံကြည်ခြင်းအားဖြင့် အသက်မရှင်သော ဖြောင့်မတ်သူများ၏ အသက်တာများသည် စိတ်များတွင် ငြိမ်သက်ခြင်းဆုံးရှုံးခဲ့သောသူ များ ဖြစ်ကြသည်။ ဘုရားသခင်၏ဖြောင့်မတ်ခြင်းယုံကြည်ခြင်းသည် စိတ်ငြိမ်သက်ခြင်းရရှိရန် လူများကိုခွင့်ပြုသည်။ ကျွန်ုပ်တို့သည် အ ရာခပ်သိမ်းအတွက် ဘုရားသခင်၏နှုတ်ကပတ်တော်နှင့် ဖြောင့်မတ် ခြင်းကို ယုံကြည်ကြသောအခါ ကျွန်ုပ်တို့သည် ငြိမ်သက်ခြင်းခံစား ရရှိကြလိမ့်မည်။
သင်သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ယုံကြည်ခြင်းအား ဖြင့် ငြိမ်သက်ခြင်းနှင့်ယုံကြည်ခြင်း၌ ခိုင်ခံစွာ ရပ်တည်ရမည် ဖြစ် သည်။ ဘုရားသခင်သည် ကိုယ်တော်၏ဖြောင့်မတ်ခြင်းနှင့် ငြိမ်သက် ခြင်း၏ ရွေးနှုတ်ခြင်းအားဖြင့် သင့်အားအသက်ရှင်စေတော်မူသော ကြောင့် သင်သည် ဘုရားသခင်၏နာမတော်ကို ချီးမွမ်းရမည် ဖြစ် သည်။ သင်သည် ငြိမ်သက်ခြင်းကို ရရှိနိုင်သောဘုရားသခင်ကို ယုံ ကြည်ခြင်းရှိ၍ သတင်းကောင်းဟောပြောခြင်းအားဖြင့် အသက်ရှင်ရ မည် ဖြစ်သည်။
သဘုရားသခင်၏ဖြောင့်မတ်ခြင်းသည် မည်သို့ပြည့်စုံသည်ကို ရောမသြဝါဒစာမှ သင်သည်သင်ယူခဲ့ပြီးပြီလော။ ရောမသြဝါဒစာ တွင် ဘုရားသခင်၏ဖြောင့်မတ်ခြင်းသည် မည်သည့်အရာဖြစ်သည် ကို အသေးစိတ် ဖော်ပြထားသည်။ ကျွန်ုပ်တို့ဟောပြောသော ဘုရား ခင်၏ဖြောင့်မတ်ခြင်းသည် လူသားများဖန်တီးသောအရာမဟုတ်ဘဲ ဘုရားသခင်ကိုယ်တော်တစ်ပါးတည်းသာပြုတော်မူသော ဖြောင့် မတ်ခြင်း ဖြစ်သည်။
ဘုရားသခင်၏ဖြောင့်မတ်ခြင်းသည် ကျွန်ုပ်တို့အား အပြစ်များ အားလုံးမှ ကယ်တင်တော်မူရန် ပြည့်စုံ၍ ပို၍လုံလောက်သည်။ သ ခင်ယေရှုသည် ဗတ္တိဇံအားဖြင့် လောကအပြစ်များကို ယူဆောင်သွား တော်မူခြင်းအားဖြင့် သူတို့အားလုံးကို ပြည့်စုံစွာ ယူဆောင်သွား‌ တော်မူခဲ့သည်။ သခင်ယေရှုခရစ်တော်ကို ကျွန်ုပ်တို့ယုံကြည်ခြင်းမှာ ဘုရားသခင်၏ဖြောင့်မတ်ခြင်း ပြည့်စုံသောကြောင့် ဖြစ်သည်။ ဤ ဘုရားသခင်၏ဖြောင့်မတ်ခြင်းသည် ကျွန်ုပ်တို့အား အပြစ်များအား လုံးမှ လုံးဝကယ်တင်တော်မူသောကြောင့် ကိုယ်တော်၏ဖြောင့်မတ် ခြင်းပြည့်စုံခြင်းဖြစ်သော သတင်းကောင်းကို ကျွန်ုပ်တို့သည် မရှိမ ဖြစ် ယုံကြည်ရမည် ဖြစ်သည်။
ကျွန်ုပ်တို့သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ယုံကြည်ခြင်း အားဖြင့် ၎င်းကို လေးစားခြင်း၊ ကျေးဇူးတင်ခြင်းနှင့် ချီးမွမ်းခြင်းအား ဖြင့် အသက်ရှင်နိုင်ကြသည်။ လူများသည် ကိုယ်တော်၏ဖြောင့်မတ် ခြင်းကို ယုံကြည်ခြင်းအားဖြင့်သာလျှင် ဘုရားသခင်၏စင်ကြယ်ခြင်း ၌ ကိန်းဝပ်နိုင်ကြသည်။ ဤဖြောင့်မတ်ခြင်းကို ယုံကြည်ခြင်းအား ဖြင့် ကျွန်ုပ်တို့စိတ်များသည် သန့်ရှင်း၍ ကျွန်ုပ်တို့သည် ဘုရားသခင် ကို ချီးမွမ်းကြကာ ကျွန်ုပ်တို့ဘဝများသည် ကိုယ်တော်၏ဘုန်းတော် ဖြင့် အသက်ရှင်နိုင်ကြသည်။
ဘုရားသခင်၏ဖြောင့်မတ်ခြင်းသည် ပြည့်စုံခြင်းမရှိလျှင် ကျွန်ုပ် တို့သည် အပြစ်များမှ ရွေးနှုတ်ခြင်းခံရနိုင်ကြမည် မဟုတ်ပေ။ သခင် ယေရှုကို ယုံကြည်ခြင်းအားဖြင့် ဗီဇအပြစ်သည် ခွင့်လွှတ်ခြင်းခံရ သော်လည်း ၎င်းနောက် ကျွန်ုပ်တို့နေ့စဉ် ကျူးလွန်သောအပြစ်များ အားလုံးသည် နေ့စဉ်နောင်တနှင့်စပ်ဆိုင်သောဆုတောင်းခြင်းများ လိုအပ်သည်။
သို့သော် ကျွန်ုပ်တို့သည် ရေနှင့်ဝိညာဉ်တော်သတင်းကောင်း၌ ထင်ရှားသော ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ယုံ ကြည်ခြင်းအား ဖြင့် ရွေးနှုတ်ခြင်းခံရပြီးနောက် ဤဘုရားသခင်၏ဖြောင့်မတ်ခြင်း သည် ပြည့်စုံသည်ဟု ကျွန်ုပ်တို့နားလည်သဘောပေါက်နိုင်ကြသည်။ ဤအကြောင်းကြောင့် ဘုရားသခင်၏ဖြောင့်မတ်ခြင်းသည် ထာဝရ ယုံကြည်စရာနှင့်ပြည့်စုံသည်ဟူသောအချက်အတွက် ကျေးဇူးတော် ချီးမွမ်းနိုင်ကြသည်။ ဘုရားသခင်၏ဖြောင့်မတ်ခြင်းသည် ကျွန်ုပ်တို့ အား တစ်သက်လုံးကျူးလွန်သောအပြစ်များအားလုံးကိုမှ ရွေးနှုတ် ကယ်တင်တော်မူခဲ့သောကြောင့် ကျွန်ုပ်တို့သည် ကိုယ်တော်၏ ဖြောင့်မတ်ခြင်းကို ယုံကြည်ခြင်းအားဖြင့် အပြစ်မှ ကယ်တင်ခြင်းခံရ ကြသည်။
ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို လူသားများ၏ညစ်ညမ်းမှု ဖြင့် မနှိုင်းယှဉ်သောသူများသည် ကိုယ်တော်၏ဖြောင့်မတ်ခြင်းသည် မည်မျှကြီးမားသည်ကို နားမလည်ကြသောကြောင့် သူတို့သည် ကိုယ်တော်၏ဖြောင့်မတ်ခြင်းကို မယုံကြည်နိုင်ကြပေ။ အပြည့်စုံဆုံး သောလူများပင်လျှင် ဘုရားသခင်၏ဖြောင့်မတ်ခြင်းနှင့် နှိုင်းယှဉ် လျှင် ဘာမျှမဟုတ်ပေ။ ထိုကြောင့် ကျွန်ုပ်တို့သည် ကိုယ်တော်၏ ဖြောင့်မတ်ခြင်းကို ယုံကြည်ကြ၍ ကိုယ်တော်၏သန့်ရှင်းခြင်း၌ ကိန်း ဝပ်နိုင်ကြခြင်း ဖြစ်သည်။ တစ်နည်းအားဖြင့် ကျွန်ုပ်တို့သည် ကိုယ် တော်၏ဖြောင့်မတ်ခြင်းကို ယုံကြည်၍ ကိန်းဝပ်ခြင်းအားဖြင့် ဘုရား သခင်၏ဘုန်းတော်ကို ထင်ရှားစေသောသူများဖြစ်လာခဲ့ကြသည်။
ကျွန်ုပ်တို့သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို နှလုံးသား များဖြင့် မှန်ကန်စွာ နားလည်သဘောပေါက်ရန် လိုအပ်သည်။ ဘု ရားသခင်၏ဖြောင့်မတ်ခြင်းသည် ကျွန်ုပ်တို့အား အပြစ်များမှ ရွေး နှုတ်ကယ်တင်ရန် လုံးဝပြည့်စုံသည်ဟု ကျွန်ုပ်တို့နားလည်သဘော ပေါက်ရကြမည် ဖြစ်သည်။ ကျွန်ုပ်တို့သည် မိမိဘဝများ၌ မရေတွက် နိုင်သောအပြစ်များ ကျူးလွန်ကြသည်မဟုတ်လော။ ထိုနောက် ဘု ရားသခင်သည် ဤသို့မရေတွက်နိုင်သောအပြစ်များမှ ကျွန်ုပ်တို့ကို ကယ်တင်ခဲ့သော‌ဖြောင့်မတ်ခြင်းလုပ်ဆောင်ချက်ကို မည်သို့အ ကောင်အထည်ဖော်စေတော်မူခဲ့သနည်း။ ကိုယ်တော်သည် ဇာတိအ သွေးအသားဖြင့် ဤလောကသို့ ကြွလာတော်မူခြင်း၊ ယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် ကျွန်ုပ်တို့အပြစ်များအားလုံး ယူ ဆောင်သွားတော်မူခြင်း၊ ကားတိုင်ပေါ်တွင် အသေခံတော်မူခြင်းနှင့် သေခြင်းမှရှင်ပြန်ထမြောက်တော်မူခြင်း၊ အကျဉ်းအားဖြင့် ဘုရားသ ခင်၏ဖြောင့်မတ်ခြင်းအားလုံးကို ပြည့်စုံစေတော်မူခြင်းအားဖြင့် ၎င်း ကို ပြည့်စုံစေတော်မူခဲ့သည်။
လူကြီးနှင့်လူငယ်၊ ချမ်းသာသူနှင့်ဆင်းရဲသာ၊ သန်မာသူနှင့်အား နည်းသူ၊ လူသားအားလုံးသည် အပြစ်များကျူးလွန်ကြသည်။ ထို နောက် မည်သူသည် ကျွန်ုပ်တို့အား လောကအပြစ်များအားလုံးမှ ကယ်တင်တော်မူခဲ့သနည်း။ ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ပြည့် စုံစေတော်မူသော သခင်ယေရှုခရစ်တော်သည် ကျွန်ုပ်တို့အား အပြစ် များအားလုံးမှ ကယ်တင်တော်မူခဲ့သည်။ ဘုရားသခင်သည် ကျွန်ုပ် တို့အပြစ်များအားလုံးယူဆောင်သွားရန်နှင့် ၎င်းတို့ကို လုံးဝဖျက်ဆီး ရန်အတွက် သခင်ယေရှုကို စေလွှတ်တော်မူခြင်းမှာ ဘုရားသခင်၏ ဖြောင့်မတ်ခြင်း ဖြစ်သည်။
ဤအရာသည် အခြားသောအရာမဟုတ်ဘဲ ကျွန်ုပ်တို့အား အ ပြစ်များအားလုံးမှ ကယ်တင်ခဲ့သော ဘုရားသခင်၏ဖြောင့်မတ်ခြင်း ဖြစ်သည်။ ဘုရားသခင်၏ဖြောင့်မတ်ခြင်းသည် ကျွန်ုပ်တို့အား လော ကအပြစ်များအားလုံးမှ တစ်ကြိမ်တည်း ရွေးနှုတ်တော်မူခဲ့သည်။ ကိုယ်တော်၏ဖြောင့်မတ်ခြင်းသည် လုံးဝ ပြည့်စုံသလော။ ကျွန်ုပ် တို့သည် ကျွန်ုပ်တို့ဘဝနှင့်ထာဝရတည်တံ့သော ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို ကျွန်ုပ်တို့အားချပေးတော်မူခဲ့သော ဤမေတ္တာကို ကျွန်ုပ်တို့ ခေါ်ကြသည်။
ဗတ္တိဇံယောဟန်သည် သခင်ယေရှုကို ဗတ္တိဇံပေးခဲ့ပြီးနောက် “ဤလောက၏အပြစ်ကို ဆောင်သွားသော ဘုရားသခင်၏ သိုးသ ငယ်ကိုကြည့်လော့”(ယောဟန် ၁း၂၉)ဟု ကိုယ်တော်ကိုကြည့်၍ ကြွေးကြော်ခဲ့သည်။ ဗတ္တိဇံယောဟန်သည် သခင်ယေရှုအား ဗတ္တိဇံ ပေးရန် ငြင်းခဲ့သောအခါ ကိုယ်တော်က “အလုံးစုံသောတရားတို့ကို အကုန်အစင်ကျင့်သင့်သည်ဖြစ်၍ ယခုအခွင့်ပေးပါ”(မဿဲ ၃း၁၅)ဟု မိန့်တော်မူခဲ့သည်။ဤကျမ်းချက်များသည် မည်သည့်အရာကို ဆိုလို သနည်း။ သခင်ယေရှု၏ဗတ္တိဇံနှင့် ကားတိုင်ပေါ်တွင် သေခံခြင်းတို့ သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းဖြစ်သည်ဟူသော သမ္မာတရား ကို ဆိုလိုသည်။ ဤဘုရားသခင်၏ဖြောင့်မတ်ခြင်းသည် ကျွန်ုပ်တို့ အားနည်း၍ ကိုယ်တော်၏ဘုန်းတော်ကို ရှုတ်ချကြသောအခါ ကျွန်ုပ် တို့ကို စွန့်ပစ်ခြင်းမရှိပေ။
ကျွန်ုပ်တို့ကို ကယ်တင်၍ ကိုယ်တော်၏ဖြောင့်မတ်ခြင်း၌ ကိန်း ဝပ်စေသော ဤကြွယ်ဝသောမေတ္တာအတွက် ကျွန်ုပ်တို့သည် ဘုရား သခင်ကို ချီးမွမ်း၍ ဘုန်းတော်ထင်ရှားစေနိုင်ကြသည်။ ဘုရားသခင် ၏ဖြောင့်မတ်ခြင်းကို ယုံကြည်သူများသည် တစ်ဘဝလုံးတွင် ကိုယ် တော်၏ဖြောင့်မတ်ခြင်းအတွက် အသက်ရှင်ကြသည်။ ဘုရားသခင် ကို ကိုးစားခြင်းသည် လူသားများ သို့မဟုတ် လောကကို ကိုးစား ခြင်းထက် ပို၍ ကောင်းသည်။ လှပသောဘဝမှာ အပြစ်မှ လုံးဝကယ် တင်သောဤသတင်းကောင်းဟောပြောသာဘဝ ဖြစ်သည်။ ဤအ ကြောင်းကြောင့် ကျွန်ုပ်တို့သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို သိ၍ ယုံကြည်ရကြခြင်း ဖြစ်သည်။
အပြစ်များဖြေလွှတ်ခြင်းခံရသောသူများသည် “သခင်ယေရှုက ယောဟန်ထံမှ ဗတ္တိဇံခံယူတော်မူခြင်းအားဖြင့် ကျွန်တော့်အပြစ် များအားလုံး ယူဆောင်သွားတော်မူခဲ့တယ်။ ကိုယ်တော်သည် လော ကအပြစ်များအားလုံးအတွက် ကျွန်တော့်နေရာတွင် တရားစီရင်ခြင်း ခံတော်မူခဲ့တယ်”ဟု သက်သေခံကြလိမ့်မည်။ကျွန်ုပ်တို့သည် ဘုရား သခင်၏ဖြောင့်မတ်ခြင်းကို ယုံကြည်ကြသောအခါ ဤသို့သော ကောင်းကြီးမင်္ဂလာများအတွက် ကိုယ်တော့်ကို ကျေးဇူးတင်နိုင်ကြ ခြင်းဖြစ်သည်။
သင်သည် မိမိအားနည်းချက်များကြောင့် လဲကျသည့်အခါ၌ ဖြစ်စေ၊ အသွေးအသားကြောင့် အပြစ်သို့ကျဆင်းသည့်အခါ၌ဖြစ်စေ၊ အပြစ်များကြောင့် စိတ်ပျက်၍ စိတ်နှောင့်ယှက်သည်အခါ၌ဖြစ်စေ၊ သင့်အား ကျန်းမာစေသော ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ကြည့် ပါ။ ဘုရားသခင်၏ဖြောင့်မတ်ခြင်းသည် ကျွန်ုပ်တို့အား ‌ဖြောင့်မတ် သူများဖြစ်စေခဲ့သလော။ သခင်ယေရှုသည် ဗတ္တိဇံအားဖြင့် ကျွန်ုပ်တို့ အပြစ်များကို အကုန်အစင် ယူဆောင်သွားတော်မူခဲ့သလော။ အနာ ဂတ်တွင် ကျွန်ုပ်တို့ကျူးလွန်မည့်အပြစ်များအပါအဝင် ကျွန်ုပ်တို့အ ပြစ်များအားလုံးမှ ကိုယ်တော်၏ရွေးနှုတ်ခြင်းသည် ကျွန်ုပ်တို့ကို ကယ်တင်ခဲ့သလော။
သခင်ယေရှုခရစ်တော်သည် ကျွန်ုပ်တို့ကို လုံးဝကယ်တင်တော် မူခဲ့သည်ဟု ကျွန်ုပ်တို့ယုံကြည်သောအခါ ကျွန်ုပ်တို့သည် ဘုရားသ ခင်၏ဖြောင့်မတ်ခြင်းကို ယုံကြည်ကြသည်။ ကျွန်ုပ်တို့သည် ဘုရား သခင်၏ဖြောင့်မတ်ခြင်းကို ယုံကြည်ကြသောအခါ ကျွန်ုပ်တို့သည် ဖြောင့်မတ်ခြင်းခံရကြသည်။ ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ယုံ ကြည်သူများသည် ကိုယ်တော်၏ဖြောင့်မတ်ခြင်းအတွက် တန်ဆာပ လာများဖြစ်လာနိုင်ကြသည်။ ဘုရားသခင်၏ဖြောင့်မတ်ခြင်းသည် လုံးဝပြည့်စုံသည်။ မိမိဖြောင့်မတ်ခြင်းကို လိုက်လံရှာဖွေသောသူ သည် ဘုရားသခင်၏‌ဖြောင့်မတ်ခြင်းကို လျစ်လျူရှုကြ၍ သူတို့သည် ဘုရားသခင်၏ကျိန်ခြင်းခံရန် ပျက်စီးခြင်း၌ ထင်နေသော လူမိုက် များ ဖြစ်ကြသည်။
 

“သူတို့သည် ဘုရားသခင်အတွက် စိတ်အားထက်သန်ကြ သော်လည်း ပညာအားဖြင့်မဟုတ်ပေ”ဟု ရှင်ပေါလု၏ ပြောကြားချက်ကို အာရုံပြုပါ

ကျွန်ုပ်တို့သည် ကိုယ်တော်၏ဖြောင့်မတ်ခြင်းကို လျစ်လျူရှုကြ လျှင် ကျွန်ုပ်တို့သည် ယုံကြည်ခြင်း၊ ကယ်တင်ခြင်း ဘဝဖြင့် မည်သို့ အသက်ရှင်နိုင်ကြ၍ ဘုရားသခင်၏လူများ မည်သို့ဖြစ်လာနိုင်ကြ မည်နည်း။ ပညတ်တော်လိုက်လျှောက်သောသူများက သူတို့အပြစ် များသည် ပျက်စီးခြင်းသို့ ဉီးဆောင်သည်ကို သိ၍ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းသည် သူတို့ကို လုံးဝကယ်တင်ခဲ့သည်ဟု ကျေးဇူး တင်ရမည် ဖြစ်သည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏‌ ဖြောင့်မတ် ခြင်းကို သိ၍ယုံကြည်ကြသောကြောင့် သခင်ယေရှုသည် ကျွန်ုပ်တို့ ကယ်တင်ရှင်ဖြစ်တော်မူသည်ကိုလည်းကောင်း၊ကျွန်ုပ်တို့သည်ကိုယ် တော်ကို ယု ကြည်ကြသည်ကိုလည်းကောင်း၊ ကျွန်ုပ်တို့သည် ကိုယ် တော်ဘုန်းတော်ကို ထင်ရှားစေနိုင်ကြသည်။ ကျွန်ုပ်တို့သည် ကိုယ် တော်၏ဖြောင့်မတ်ခြင်းကို ယုံကြည်ခြင်းအားဖြင့်သာလျှင် ကိုယ် တော်၏သားသမီးများ၊ အပြစ်ကင်းစင်သူများနှင့် ထာဝရအသက်ရရှိ သူများဖြစ်လာခဲ့ကြသည်။ သခင်ယေရှုကို ယုံကြည်၍ သစ္စာရှိစွာအ သက်ရှင်ကြသော်လည်း ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို လျစ်လျူ ရှုသူများသည် ကျိန်ခြင်းအမင်္ဂလာခံရသောသူများ ဖြစ်ကြသည်။
ဣသရေလလူမျိုးများသည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို လျစ်လျူရှုခဲ့ကြ၍ မိမိဖြောင့်မတ်ခြင်းကို ရှာဖွေကြကာ ထိုသို့ပြုခြင်း အားဖြင့် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို နာမခံကြပေဟု ရှင်ပေါ လုက ရောမသြဝါဒစာတွင် သက်သေခံထားသည်။ သူတို့သည် ဘု ရားသခင်၏ဖြောင့်မတ်ခြင်းကို ယုံကြည်ရကြမည် ဖြစ်သည်။
ဘုရားသခင်သည် ကျွန်ုပ်တို့အား လောကအပြစ်များမှ ကယ် တင်တော်မူခဲ့သည်ဟု ကျွန်ုပ်တို့ယုံကြည်ရကြမည် ဖြစ်သည်။ ကျွန်ုပ်တို့အပြစ်များအားလုံးသည် လောကအပြစ်များတွင် ပါဝင် သည်။ ၎င်းတို့အားလုံးသည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းအားဖြင့် ကွယ်ပျောက်သွားခဲ့ကြသည်။ သင်သည်ဤသမ္မာတရားကို ယုံကြည် သလော။
 

“ခရစ်တော်သည် ယုံကြည်သူများအားလုံးအတွက် ဖြောင့် မတ်ခြင်းဆိုင်ရာပညတ်တော်၏နိဂုံးဖြစ်သည်”

ဘုရားသခင်၏ဖြောင့်မတ်ခြင်းသည် ပညတ်တော်၏နိဂုံးဖြစ် သည်။ အကြောင်းမှာ သခင်ယေရှုခရစ်တော်သည် ဗတ္တိဇံနှင့် ကား တင်ပေါ်တွင် အသေခံတော်မူခြင်းအားဖြင့် လောကအပြစ်များအား လုံးကို ယူဆောင်သွား‌တော်မူခြင်းအားဖြင့် ပညတ်တော်၏တောင်း ဆိုချက်များအားလုံးကို ဖြေကြားတော်မူခဲ့ခြင်း ဖြစ်သည်။
အပြစ်၏အခမှာ သေခြင်းဖြစ်သည်။ သို့သော် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းသည် ပညတ်တော်၏နိဂုံးဖြစ်သည်ဟု ရေးသားထား သည်။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ခမည်းတော်ဘုရားသ ခင်သည် လောကအပြစ်များအားလုံးကို ယူဆောင်သွားတော်မူရန် ဗတ္တိဇံခံယူပါမည့်အကြောင်း တစ်ပါးသောသားတော်ကို ဤလောက သို့စေလွှတ်တော်မူ၍ ကားတိုင်ပေါ်တွင် အသေခံစေကာ သေခြင်းမှ ရှင်ပြန်ထမြောက်တော်မူခြင်းအားဖြင့် ကျွန်ုပ်တို့ကို လုံးဝကယ်တင် တော်မူခဲ့သောကြောင့် ဖြစ်သည်။
ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို နှလုံးသားဖြင့် ယုံကြည်ခြင်း နှင့် ပညတ်တော်၏ဖြောင့်မတ်ခြင်းကို လိုက်လျှောက်ခြင်းတို့သည် မ တူညီသောအရာနှစ်ခု ဖြစ်သည်။ သင်သည် ကိုယ်ကျင့်တရားများ အားဖြင့် အပြစ်များဖြေလျွတ်ခြင်းခံရသလော။ သင်သည် ကောင်းမှု ကုသိုလ်ဖြင့် ကယ်တင်ခြင်းရရှိခဲ့သလော။ ဤကမ္ဘာပေါ်တွင်ရှိသော အခြားဘာသာတရားအားလုံးက ကောင်းမှုကုသိုလ်ပြုခြင်းအားဖြင့် အပြစ်များဖြေလွှတ်သောနည်းလမ်းကို သွန်သင်ကြသည်။ ဥပမာ အားဖြင့် ဗုဒ္ဂဘာသာဝင်များက အပြစ်အကြောင်းနှင့်ပတ်သက်၍ သင်သည် ပစ္စုပ္ပန်ဘဝ၌ ကောင်းမှုကုသိုလ်ပြုခြင်းအားဖြင့် အတိတ် ကအပြစ်များကို ကယ်တင်ခြင်းခံရနိုင်သည်ဟု သွန်သင်ကြသည်။ ဤအရာသည် သင့်အတွက် အဓိပ္ပါယ်ရှိသလော။
လူတစ်ဉီးသည် တစ်ကြိမ်မွေးဖွား၍ တစ်ကြိမ်သေပြီးနောက် တရားစီရင်ခြင်းခံရသည်။ လူသားအားလုံးသည် ဤလောကတွင် တစ်ကြိမ်မွေးပြီးနောက် ဘုရားသခင်ထံသို့ ပြန်လှည့်လာကြသော ကြောင့် မည်သူမည်ဝါမျှ သံသရာလည်ခြင်း ကမ္ဘာပေါ်သို့ ပြန်မလှည့် နိုင်ကြတော့ပေ။ ဤအကြောင်းကြောင့် လူသားများသည် ဤလော က၌နေစဉ် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ယုံကြည်ခြင်းအားဖြင့် ရွေးနှုတ်ခြင်းခံရကြမည် ဖြစ်သည်။ ဤဗုဒ္ဂသွန်သင်သောအဆုံးအမ သည် မည်သို့သောအဓိပ္ပါယ်ကင်းမဲ့သနည်း။
ကျွန်ုပ်တို့သည် အပြစ်များမှ ရွေးနှုတ်ခြင်းခံရသည့်ယုံကြည် ခြင်းမှာ ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ယုံကြည်ခြင်း ဖြစ်သည်။ ဘုရားသခင်၏ဖြောင့်မတ်ခြင်းယုံကြည်ခြင်းမှာ ကျွန်ုပ်တို့၏အကျင့် မဟုတ် ကိုယ်တော်၏ဖြောင့်မတ်ခြင်းကိုသာ ယုံကြည်ခြင်း ဖြစ် သည်။ ထိုနောက် ဘုရားသခင်၏ဖြောင့်မတ်ခြင်းယုံကြည်မှုသည် မည်သို့စကားပြောသနည်း။ ရောမသြဝါဒစာတွင် မှတ်တမ်းတင်ထား သည့်အတိုင်း “ကောင်းကင်သို့ အဘယ်သူတက်လိမ့်မည်နည်း။ နက်နဲရာထဲသို့အဘယ်သူဆင်းလိမ့်မည်နည်းဟုစိတ်ထဲမှာ မအောက် မေ့နှင့်”ဟူသောနည်းလမ်းဖြင့် ပြောသည်။ ဤအရာသည် ကိုယ်ကာ ယခွန်အားအမျိုးအစားအားဖြင့်မဟုတ်ဘဲ လူတစ်ဉီး၏နှလံးသား၌ ယုံကြည်ခြင်းအားဖြင့် တွေ့ရသော ဘုရားသခင်၏ဖြောင့်မတ်ခြင်း ဖြစ်သောကြောင့် ဖြစ်သည်။
ကျွန်ုပ်တို့သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ယုံကြည်ခြင်း အားဖြင့် ဘုရားသခင်၏သားသမီးများနှင့် ထာဝရအသက်ရရှိသော အပြစ်ကင်းစင်သောသူများဖြစ်ကြသည်။ ကျွန်ုပ်တို့သည် အပြစ်များ ကို မိမိကိုယ်ကိုကိုယ် မဖြေရှင်းနိုင်ကြသောကြောင့် ကျွန်ုပ်တို့သည် မည်သို့သော ကောင်းမှုကုသိုလ်များပြုနေပါစေ ကျွန်ုပ်တို့၏ကြိုး စားအားထုတ်ခြင်းသည် ဘုရားရှေ့တော်၌ ပို၍များပြားသောအပြစ် အဖြစ်သာ နိဂုံးချုပ်သည်။ ဤအကြောင်းကြောင့် ကျွန်ုပ်တို့သည် မိမိ ကိုယ်ကိုကိုယ်၌ ဤသို့သောယုံကြည်ခြင်းများစွန့်လွှတ်၍ ကိုယ် တော်၏ဖြောင့်မတ်ခြင်းကို လိုက်လံရှာဖွေသော ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို ယုံကြည်သင့်ကြသည်။ လူအချို့တို့က “ကျွန်ုပ်တို့ သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို လျစ်လျူရှုလျှင်ပင် သခင် ယေရှုကို ယုံကြည်ခြင်းအားဖြင့် ကယ်ငတ်ခြင်းခံရနိုင်မည်လော။ ကိုယ်တော်၏နာမတော်ကို ခေါ်သောသူများသည် ကယ်တင်ခြင်း ခံ ရလိမ့်မည်ဟု ရေးထားသည်မဟုတ်လော”ဟု မေးနိုင်သည်။ သို့ သော် ကိုယ်တော်သည် သခင်ယေရှု၏နာမတော်ကို ခေါ်ခြင်းအား ဖြင့်သာ မရောက်လာဘဲ ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို သိ၍ယုံ ကြည်ခြင်းအားဖြင့်သာ လာသည်။
 

ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ယုံကြည်သူများသည် အရှက်မကွဲပေ

အပိုဒ်ငယ် ၁၁ တွင် “အဘယ်ကြောင့်ဆိုသော် ကျမ်းစာက “ထိုကျောက်ကိုယုံကြည်သမျှသောသူသည် အရှက်ရလိမ့်မည်မဟုတ်”ဟု ဆိုထား၏”ဟု ဖော်ပြ ထားသည်။ ဤကျမ်းချက်၏အဓိပ္ပါယ်မှာ အဘယ်အရာ ဖြစ်သနည်း။ ကိုယ်တော်ကို ယုံကြည်သူများသည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကိုယုံကြည်ကြသောကြောင့် သူတို့ သည် အရှက်မကွဲရပေ။ “ကိုယ် တော်ကို ယုံကြည်သူများ အားလုံး”သည် ကိုယ်တော်၏ဖြောင့်မတ် ခြင်းကို ယုံကြည်သူများကို ရည်ညွှန်းသည်။
““ထာဝရဘုရား၏နာမတော်ကိုပတ္ထနာပြုသောသူတိုင်း ကယ်တင်ခြင်းခံရမည်”ဖြစ်၏”(ရောမ ၁၀း၁၃)သည် အဘယ်အ ရာကို ဆိုလိုသနည်း။ ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို သိ၍ ယုံကြည်သူများသည် ကိုယ်တော်ကို ကယ်တင်ရှင်ဘုရားအဖြစ် ယုံ ကြည်ကြသောကြောင့် သူတို့သည် သခင်ယေရှု၏နာမတော်ကို ခေါ် ဖိတ်ကြသည်ကို ဆိုလိုသည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ဖြောင့် မတ်ခြင်းအားဖြင့် ကယ်တင်ခြင်းခံရကြသောကြောင့် ကျွန်ုပ်တို့၏ ရွေးနှုတ်ကယ်တင်ခြင်းကို ဤသမ္မာတရားယုံကြည်ခြင်းအားဖြင့် ပေး အပ်သည်ဟု ကျွန်ုပ်တို့ ယုံကြည်ကြသည်။
တစ်နည်းအားဖြင့် ဤယုံကြည်ခြင်းမပါဘဲ ကျွန်ုပ်တို့သည် သ ခင်ယေရှု၏နာမတော်ကို အချည်းနှီး အကြိမ်ပေါင်းများစွာ ခေါ်ဖိတ် နေလျှင်လည်း ကျွန်ုပ်တို့သည် အပြစ်များမှ ကယ်တင်ခြင်းခံရလိမ့် မည်မဟုတ်ပေ။ သမ္မာကျမ်းစာတစ်အုပ်လုံးတွင် သခင်ယေရှုအားဖြင့် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ပြောကြားထားသဖြင့် ကိုယ်တော် ၏နာမတော်ကို ခေါ်ဖိတ်ခြင်းတစ်ခုတည်းသည် ကျွန်ုပ်တို့အား ရွေး နှုတ်ခြင်း ပေးနိုင်မည် မဟုတ်ပေ။
သမ္မာကျမ်းစာသည် အစကတည်းက ဘုရားသခင်၏ဖြောင့် မတ်ခြင်းအကြောင်းကို ပြောထားသည်။ ကမ္ဘာဉီးကျမ်းတွင်ဖော်ပြ ထားသည့်အတိုင်း ဘုရားသခင်သည် ဧဒင်ဥယျာဉ်တွင် အသက်ပင် နှင့် အကောင်းနှင့်အဆိုးသိသောအပင်ထားတော်မူ၍ အာဒံနှင့်ဧဝ အား အကောင်းနှင့်အဆိုးကိုသိသောအပင်၏အသီးကို မစားရန် တား မြစ်တော်မူခဲ့သည်။ ဘုရားသခင်ပြုတော်မူခဲ့သောအရာမှာ နှုတ်က ပတ်တော်ကို ယုံကြည်ခြင်းတောင်းဆိုချက် ဖြစ်သည်။ တစ်နည်း အားဖြင့် ဘုရားသခင်သည် ထာဝရအသက်ရရှိရန် အသက်ပင်၏ အ သီးကို စားရန် ပြောကြားတော်မူခဲ့သည်။
ဘုရားသခင်၏နှုတ်ကပတ်တော်တွင် “ဖြောင့်မတ်သောသူများ သည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်လိမ့်မည်”ဟု ပြောထား သည်။ ကျွန်ုပ်တို့သည်လည်း ဘဝတစ်လျှောက် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို ယုံကြည်ခြင်းအားဖြင့် အသက်ရှင်ကြသည်။ ကျွန်ုပ်တို့သည် ကယ်တင်ခြင်းရရှိရန် ကိုယ်တော်ကို စတင်ယုံကြည် သည့်အချိန်မှစ၍ ကယ်တင်ခြင်းခံရကြကာ နောက်ဆုံးတွင် ဘုရား သခင်၏နိုင်ငံတော်သို့ ဝင်ရောက်ကြသည်။
ဤကမ္ဘာပေါ်တွင်ရှိသော ခရစ်ယာန်များစွာတို့သည် သခင်ယေ ရှုကို ယုံကြည်ခြင်းအားဖြင့် ပေးအပ်သော အပြစ်မှ ကယ်တင်ခြင်းခံ ရသည်ဟု ပြောကြသော်လည်း အမှန်မှာ များစွာသောသူတို့သည် ဘု ရားသခင်၏ဖြောင့်မတ်ခြင်းကို လျစ်လျူရှုခဲ့ကြသောကြောင့် သူတို့ သည် အပြစ်များမှ ဖြေလွှတ်ခြင်းမခံရကြပေ။ လူများသည် ဘုရားသ ခင်၏ဖြောင့်မတ်ခြင်းကို မသိဘဲ သခင်ယေရှုကို ယုံကြည်သောအခါ မည်သည့်ဆိုးကျိုးဖြစ်ပေါ်လိမ့်မည်နည်း။ ဤသို့သောသူများသည် ကိုးကွယ်ခြင်းနှင့်ဆုတောင်းခြင်းများအားဖြင့် ယုံကြည်သူများ ဖြစ်သည်ဟု အပြင်ပန်းသဏ္ဌာန်အားဖြင့် ထင်ရှားစေနိုင်ကြသည်။ သို့သော် သူတို့သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို လျစ်လျူရှု ကြသောကြောင့် သူတို့သည် ကယ်တင်ခြင်းမခံရသေးသော အပြစ် သားများအဖြစ် ဘာသာတရားကျင့်ဆောင်သူများအဖြစ်သာ ကျန် ရစ်ကြလိမ့်မည်။
ခရစ်ယာန်အသိုင်းအဝိုင်းနှင့် ဣသရေလလူမျိုးများမှ များစွာ တို့သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို လျစ်လျူရှုကြ၍ ကိုယ် တော်၏ဖြောင့်မတ်ခြင်းကို မနာခံကြပေ။ သခင်ယေရှုကို ယုံကြည် ကြသော်လည်း ဘုရားသခင်၏ဖြောင့်မတ်ခြင်း၊ အလွန်မှန်ကန်သော ဖြောင့်မတ်ခြင်းကို မယုံကြည်ကြပေ။ ကောင်းမှုကုသိုလ်ပြုခြင်း၊ အ လှူငွေများစွာပေးအပ်ခြင်းနှင့် ဘုရားရှေ့တော်၌ အခြားကောင်းမှု ပြုခြင်းများကြောင့်မဟုတ်ဘဲ သခင်ယေရှု၌ ယုံကြည်သူများသည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို လျစ်လျူရှုနေလျှင် ဤဖြောင့်မတ် ခြင်းကို ခံရနိုင်မည် မဟုတ်ပေ။
ဘုရားသခင်သည် ဖြောင့်မတ်ခြင်းကို ယုံကြည်သူများသည် မည်သို့သော ပတ်ဝန်းကျင်အခြေအနေမျိုးကို ကြုံတွေ့နေပါစေ သူ တို့သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ယုံကြည်ကြ၍ ဘုရားသ ခင်၏ဘုန်းတော်အတွက် ချီးမွမ်းခြင်းနှင့်ကျေးဇူးတင်ခြင်းအသက် တာဖြင့် အသက်ရှင်ကြသည်။ ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ယုံ ကြည်သူကျွန်ုပ်တို့သည် အပြစ်များပို၍ ထင်ရှားလေလော ကျွန်ုပ်တို့ ဝိညာဉ်များရှေ့မှာ ကိုယ်တော်၏ဖြောင့်မတ်ခြင်းကို ပို၍ တောက်ပ စွာ ထွန်းလင်းလေလေ ဖြစ်သည်။ သင်သည်လည်း ဤသို့သော နိုး ထမှုရှိလိမ့်မည်ဟု ကျွန်တော်ဆုတောင်းသည်။
ကျွန်ုပ်တို့သည် ကိုယ်ခန္ဓာဖြင့် ဖြောင့်မတ်ခြင်းအချို့ရှိကြသော ကြောင့် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ရရှိနိုင်ကြသလော။ မရ နိုင်ကြပေ။ ဘုရားသခင်၏ဖြောင့်မတ်ခြင်းကလွှဲ၍ ကျွန်ုပ်တို့၌ ဖြောင့်မတ်ခြင်း တစ်စုံတစ်ခုမျှ မရှိပေ။ ဘုရားသခင်သည် မိမိဖြောင့် မတ်ခြင်းအားဖြင့် ကျွန်ုပ်တို့အား အပြစ်များမှ လုံးဝကယ်တင်တော် မူခဲ့သောကြောင့် ကျွန်ုပ်တို့သည် ဤဖြောင့်မတ်ခြင်းကို ယုံကြည်၍ ချီးမွမ်းကြသည်။ ကိုယ်တော်၏ဖြောင့်မတ်ခြင်းသည် ကျွန်ုပ်တို့အား အပြစ်များမှ လုံးဝကယ်တင်ခဲ့သည်။
သင်သည် ဘဝ၌ အမှောင်ထုကိုကြုံတွေ့သောအခါ လုပ်ဆောင် ချက်ယုံကြည်မှု၌ မကျဆင်းရပေ။ သို့သော် သင်သည် မည်သို့သော အခြေအနေမျိုး၌နေရပါစေ ဘုရားသခင်ဖြောင့်မတ်ခြင်းကို အမြဲ တမ်းယုံကြည်ပါ။ ဘုရားသခင်၏ဖြောင့်မတ်ခြင်းသည် ထာဝရပြည့် စုံသည်။ ဤကမ္ဘာပေါ်တွင်ရှိသောလူသားအားလုံးသည် ကိုယ်တော် ၏ဖြောင့်မတ်ခြင်းကို သိရမည်။ သူတို့သည် ရေနှင့်ဝိညာဉ်တော်သ တင်းကောင်းကို နာခံခြင်းအားဖြင့် ယုံကြည်ရကြမည် ဖြစ်သည်။ သ ခင်ယေရှုကို ယုံကြည်သူများစွာတို့သည် ပညတ်တော်၏ဖြောင့်မတ် ခြင်းအားဖြင့် အသက်ရှင်ကြသေးသောကြောင့် သူတို့သည် ဘုရားသ ခင်၏ဖြောင့်မတ်ခြင်းကို သိကြသည်ဟု သိရကြမည် ဖြစ်သည်။
ဘုရားသခင်၏သတင်းကောင်းသည် ကိုယ်တော်၏ဖြောင့်မတ် ခြင်းကို ပြည့်စုံစေသည်ဟု ပြောခြင်းအားဖြင့် ရှင်ပေါလုသည် နိဂုံး ချုပ်ခဲ့သည်။ စစ်မှန်သောဘုရားသခင်၏သတင်းကောင်းကို သိရှိ ခြင်းမရှိဘဲ ကိုယ်တော်၏ဖြောင့်မတ်ခြင်းသည် အဘယ်အရာဖြစ် သည်ကို မည်သူမည်ဝါမျှ မရှင်းပြနိုင်ပေ။ ဘုရားသခင်၏ဖြောင့်မတ် ခြင်းအဓိပ္ပါယ်မှာ အဘယ်အရာဖြစ်သည်ကို မေးသောအခါ ဤသို့ သောပုဂ္ဂိုလ်များက “သခင်ယေရှုသည် ကားတိုင်ပေါ်တွင် အသေခံ တော်မူ၍ သေခြင်းမှ ရှင်ပြန်ထမြောက်ကာ ကျွန်တော့်အား အပြစ် များမှ ကယ်တင်ခဲ့သောကယ်တင်ရှင်ဖြစ်တော်မူတယ်”ဟု ပြောနိုင် ကြသည်။ သို့သော် သူတို့သည် နေ့တိုင်းအပြစ်များအတွက် နောင်တ နှင့်စပ်ဆိုင်သောဆုတောင်းခြင်းများ ပြုလုပ်ရမည်ဟု ပေါင်းထည့် ကြလိမ့်မည်။ သူတို့သည် ပြည့်စုံသူများဖြစ်လာရန်အတွက် စင်ကြယ် ခြင်းအမှုပြုရကြမည် ဖြစ်သည်။
သင်သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကိုသိရန် မိမိကိုယ်ကို ကိုယ် ရှေးဉီးစွာသိရမည် ဖြစ်သည်။ သင်သည် မိမိကိုယ်ကိုကိုယ်နှင့် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို သိလျှင် သင်သည် အခြားရွေးချယ် စရာမရှိဘဲ ဘုရားသခင်၏ဖြောင့်မတ်ခြင်းနှင့် မိမိကိုယ်ကိုကိုယ်နှိုင်း ယှဉ်သောအခါ ကိုယ်တော်၏ဖြောင့်မတ်ခြင်းသည် မည်မျှကြီးမား၍ မြှင့်မားကာ ကျယ်ပြန့်သည်ကို သိသဖြင့် သင်သည် ကိုယ်တော်၏ ဖြောင့်မတ်ခြင်းကို ယုံကြည်ခြင်း ဖြစ်သည်။ သို့သော် သင်သည် ကိုယ်တော်၏ဖြောင့်မတ်ခြင်းကို မသိလျှင် သင်သည် မိမိဖြောင့်မတ် ခြင်းကိုသာ လိုက်လံရှာဖွေခြင်းကို စွဲလမ်းလိမ့်မည်။ မိမိဖြောင့်မတ် ခြင်းကိုသာ စွဲလမ်းသောသူများသည် ဘုရားသခင်၏ဖြောင့်မတ်ခြင်း ကို နာခံခြင်းမရှိဘဲ မိမိဖြောင့်မတ်ခြင်းကိုသာ လိုက်လံရှာဖွေရန် ဆန္ဒရှိကြလိမ့်မည်။
ကျွန်ုပ်တို့သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို မယုံကြည်မီ ၎င်းကိုယုံကြည်၍ ကျေးဇူးတင်ရမည် ဖြစ်သည်။ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို သိခြင်းအားဖြင့် သခင်ယေရှုသည် ဗတ္တိဇံခံယူ တော်မူခြင်းနှင့် ကားတိုင်ပေါ်တွင် အသေခံတော်မူခြင်းအားဖြင့် မိမိ အပေါ်သို့ ၎င်းတို့ကို ယူဆောင်သွားတော်မူခြင်းအားဖြင့် လောကအ ပြစ်များအားလုံးကို ဖယ်ရှားပေးတော်မူခဲ့သည်ဟု ကျွန်ုပ်တို့ယုံကြည် နိုင်ကြသည်။ ကျွန်ုပ်တို့သည် ကောင်းမှုကုသိုလ်များအားဖြင့် ဖြောင့် မတ်နိုင်ကြလျှင် ဘုရားသခင်၏ဖြောင့်မတ်ခြင်းအားဖြင့် ကယ်တင် ခြင်းမလိုအပ်ပေ။ သို့သော် ဤအရာသည် မဖြစ်နိုင်ဟု ကျွန်ုပ်တို့ နားလည်သဘောပေါက်ကြသောအခါ ကောင်းမှုကုသိုလ်များပြုခြင်း အားဖြင့် အသက်မရှင်နိုင်ကြသော ကျွန်ုပ်တို့ကို ဘုရားသခင်ကယ် တင်တော်မူခဲ့သောကြောင့် ကျွန်ုပ်တို့သည် ကိုယ်တော်၏ဖြောင့်မတ် ခြင်းကို ချီးကျူးနိုင်ကြသည်။ 
သင်၏အတွေးအခေါ်များနှင့်အကျင့်များသည် ကောင်းသ လော။ မကောင်းပေ။ ကျွန်ုပ်တို့သည် အပြစ်များစွာရှိကြသော ကြောင့် ဘုရားသခင်သည် မိမိဖြောင့်မတ်ခြင်းအားဖြင့် ကျွန်ုပ်တို့ကို လုံးဝ ကယ်တင်တော်မူခြင်း ဖြစ်သည်။ ဘုရားသခင်၏ဖြောင့်မတ် ခြင်းကို ယုံကြည်ခြင်းသည် ကျွန်ုပ်တို့ကို ကယ်တင်ခဲ့သောကြောင့် ကျွန်ုပ်တို့သည် ထိုအကြောင်းကို မသိသေးသောသ ဤကမ္ဘာပေါ် တွင်ရှိသောလူသားများအားလုံးထံ ကိုယ်တော်၏ဖြောင့်မတ်ခြင်းကို ဟောပြောရန် ဆန္ဒရှိကြသည်။
မိမိကိုယ်ကိုကိုယ်မသိသောသူများသည် သူတပါးအပြစ်များကို တွေ့၍ သူတို့မကောင်းမှုကို ဖောက်သည်ချကြသည်။ သို့သော် သူ သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ယုံကြည်သူတစ်ဉီးဖြစ်လျှင် သူသည် ဤဖြောင့်မတ်ခြင်းကို ဂုဏ်ယူဝင့်ကြွားစွာ ကြွေးကြော်၍ မိမိဖြောင့်မတ်ခြင်းကို ဝါကြွားလိမ့်မည် မဟုတ်ပေ။ သို့သော် ဘုရား သခင်၏ဖြောင့်မတ်ခြင်းကို မယုံကြည်သူများသည် ကိုယ်တော်၏ ဖြောင့်မတ်ခြင်းကို ကျူးလွန်သောကြီးလေးသောအပြစ်ကို ကျူးလွန် ကြသည်။ ဘုရားသခင်သည် သူတို့ကို အပြစ်များအတွက် တရားစီ ရင်တော်မူလိမ့်မည်။
ဘုရားသခင်သည် မိမိသားတော်ကို ဤလောကသို့ စေလွှတ် တော်မူ၍ သင့်အား မိမိဖြောင့်မတ်ခြင်းကို ပေးအပ်တော်မူခဲ့သည်။ နောက်ဆုံးသောကာလရောက်နေပြီဖြစ်သောကြောင့် ကျွန်ုပ်တို့သည် အချင်းချင်း ပညတ်တော်၏ဖြောင့်မတ်ခြင်းရှိသူအပေါ် ပိုကောင်း သည် သို့မဟုတ် ပိုဆိုးသည်ဟု ငြင်းခုံခြင်း မပြုသင့်ကြပေ။ ဘုရားသ ခင်၏ဖြောင့်မတ်ခြင်းကို ယုံကြည်သူများသည် အသွေးအသား၊ ဇာတိ ပကတိအတွက် မစိုးရိမ်ကြပေ။ သို့သော် သူတို့သည် ကိုယ်တော်၏ ဖြောင့်မတ်ခြင်းကို ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်ထံ ကျေးဇူးတင် သင့်ကြသည်။
ကျွန်ုပ်တို့အား ကိုယ်တော်၏ဖြောင့်မတ်ခြင်းအားဖြင့် လုံးဝကယ် တင်တော်မူခဲ့သော ဘုရားသခင်ကို ကျွန်ုပ်တို့ကျေးဇူးတင်ကြပါစို့။ ဘု ရားသခင်၏ဖြောင့်မတ်ခြင်းသည် သင်၏အပြစ်များအားလုံးကို ခွင့် လွှတ်ခဲ့သောကြောင့် သင်သည် မိမိဖြောင့်မတ်ခြင်းကို လိုက်လံရှာ ဖွေခြင်းအားဖြင့် ဘုရားသခင်ကို ဆန့်ကျင်သူများကဲ့သို့ မဖြစ်လာရ ပေ။