Search

တရားဟောချက်များ

ဘာသာရပ် ၉ - ရောမဩဝါဒစာ (ရောမဩဝါဒစာအနက်ဖွင့်ကျမ်းများ)

[9-3] ယာကုပ်ကိုချစ်ရန် ဘုရားအ တွက် မှားမည်လော (ရောမ ၉း၃၀-၃၃)

(ရောမ ၉း၃၀-၃၃)
“သို့ဖြစ်လျှင် ငါတို့သည် မည်သို့ဆိုရမည်နည်း။ ဖြောင့်မတ်ခြင်းကိုရရှိရန် မကြိုးစားသောလူမျိုးခြားတို့သည် ဖြောင့်မတ်ခြင်းကိုခံယူရရှိကြ၏။ တစ်နည်းဆိုသော် ယုံကြည်ခြင်းအားဖြင့်ရရှိသော ဖြောင့်မတ်ခြင်းဖြစ်၏။ သို့ရာတွင် ဖြောင့်မတ်ခြင်းနှင့်ဆိုင်သည့်တရားကို ရရှိရန်ကြိုးစားသောအစ္စရေးလူမျိုးတို့သည် ထိုတရားသို့မပေါက်ရောက်ကြ။ အဘယ်ကြောင့် မပေါက်ရောက်သနည်း။ ယုံကြည်ခြင်းအားဖြင့်မဟုတ်ဘဲ အကျင့်အားဖြင့်ရရှိနိုင်သကဲ့သို့ ကြိုးစားသောကြောင့်ဖြစ်၏။ 
သူတို့သည် ခလုတ်တံသင်းဖြစ်သောကျောက်ကို တိုက်မိကြပြီ။ 
ဤသည်ကား“ကြည့်ရှုလော့။ခလုတ်တံသင်းဖြစ်သောကျောက်၊ မှားယွင်းစေသောကျောက်ကို ဇိအုန်၌ ငါချထား၏။ ထိုကျောက်ကိုယုံကြည်သောသူသည် အရှက်ရလိမ့်မည်မဟုတ်”ဟု ကျမ်းစာ၌ရေးထားသည့်အတိုင်းဖြစ်၏။”
 

ကိုယ်တော်သည် ကျွန်ုပ်တို့အားလုံးကို ခေါ်ခြင်း၌ ကိုယ်တော် သည် “‘အကြောင်းမူကား ဖြောင့်မတ်သောသူတို့ကိုခေါ်ရန် ငါလာသည်မဟုတ်။ အပြစ်သားတို့ကိုခေါ်ရန်ငါလာ၏”ဟု မိန့်တော်မူ၏” (မဿဲ ၉း၁၃)ဟု မိန့်တော်မူခဲ့သည်။ မိမိကိုယ်ကျိုးကိုလိုက်လံရှာဖွေ သောသူများအပေါ် ကယ်တင်ခြင်းဆုကျေးဇူးမပေးအပ်ခဲ့သည်ဟု ကျွန်ုပ်တို့နား လည်သဘောပေါက်သင့်ကြသည်။ ဤအရာကို ရှောင် လွှဲရန် ကျွန်ုပ်တို့သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ယုံကြည်ရ ကြမည်။
ဘုရားသခင်သည် ယာကုပ်ကိုချစ်၍ ဧသောကို မုန်းတော်မူခဲ့ သည်ဟု ရောမ ၉း၁၃ တွင် ဖော်ပြထားသည်။ ဘုရားသခင်၏ဖြောင့် မတ်ခြင်းကို ကျေးဇူးတင်ခြင်းအားဖြင့် ရရှိသောသူများအပေါ် ဘုရား သခင်သည် အပြစ်များဖြေလွှတ်ခြင်းဆုကျေးဇူးနှင့်အတူ သူတို့အား ကိုယ်တော်၏လူများဖြစ်စေသော ကောင်းကြီးမင်္ဂလာလည်း ပေး အပ်ခဲ့သည်။ ကျွန်ုပ်တို့အားလုံးသည် ကိုယ်တော်၏ဖြောင့်မတ်ခြင်း ပညာဖြင့် ဘုရားသခင်ကို ယုံကြည်ရကြမည် ဖြစ်သည်။
ကျွန်ုပ်တို့အားလုံးအပေါ် ပေးအပ်ခဲ့သော ဘုရားသခင်၏ဖြောင့် မတ်ခြင်းနှုတ်ကပတ်တော်ကို ကျွန်ုပ်တို့သည် သင်ယူ၍ နားလည်သ ဘောပေါက်သင့်ကြသည်။ လူတစ်ဉီးသည် အပြစ်မှ ဖြေလွှတ်ခြင်းခံ လိုလျှင် သူသည် မိမိအပြစ်များနှင့်အားနည်းချက်များကို ရှေ့ဉီးစွာသိ ၍ ဘုရားသခင်၏ဖြောင့်မတ်ခြင်းကိုလည်း သိရမည် ဖြစ်သည်။ ကျွန်ုပ်တို့သည် ကိုယ်တော်၏ဖြောင့်မတ်ခြင်းကို သိ၍ ယုံကြည်ရကြ မည် ဖြစ်သည်။ အပ္ပါယ်ငရဲသို့ ချုပ်နှောင်ခြင်းခံရသောသူများဖြစ်ကြ သည်ဟု သိသောသူများသာလျှင် ကိုယ်တော်၏ဖြောင့်မတ်ခြင်းလို အပ်သူများဖြစ်ကြသည်ဟု ဘုရားသခင်မိန့်တော်မူခဲ့သည်။ ကျွန်ုပ် တို့သည် မိမိအပြစ်များကို အသိအမှတ်ပြုကြ၍ ကျွန်ုပ်တို့အပြစ်များ ကြောင့် ကျွန်ုပ်တို့သည် မလွှဲသာမရှောင်သာနိုင်သောအပြစ်ဒဏ်ခံ စေမည့် ဘုရားသခင်၏အမျက်တော်ကို ကြုံရကြသည်။
သို့သော် ကိုယ်တော်၏ဗတ္တိဇံ၊ ကားတိုင်ပေါ်တွင် အသေခံခြင်း၊ နှင့် ရှင်ပြန်ထမြောက်ခြင်းအားဖြင့် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို သိသောသူများသာလျှင် ဤဖြောင့်မတ်ခြင်းကို ယုံကြည်သူနိုင်ကြ သောကြောင့် ကျွန်ုပ်တို့သည် နှလုံးသားများ၌ ရေနှင့်ဝိညာဉ်တော်သ တင်းကောင်းကို လက်ခံနိုင်ကြသည်။ ဤအရာမှာ ဘုရားသခင်၏ ကျေးဇူးတော်နှင့်မေတ္တာသည် ဘာသာရေးများစွာ ကျင့်သုံးနေသော နောင်တနှင့်စပ်ဆိုင်သောဆုတောင်းခြင်းများ သို့မဟုတ် ဘာသာတ ရားကိုင်းရှိုင်းခြင်းအားဖြင့် ရရှိနိုင်သောအရာတစ်စုံတစ်ခု မဟုတ်ပေ။ သို့သော် ဘုရားသခင်ပေးထားသော အပြစ်များဖြေလွှတ်ခြင်းမှာ ကိုယ်တော်၏ဖြောင့်မတ်ခြင်းကို ကိုးကွယ်၍ ယုံကြည်သူများအား လုံးအတွက် ဖြစ်သည်။
ကျွန်ုပ်တို့အားလုံးသည် နှလုံးသားများ၌ ရေနှင့်ဝိညာဉ်တော်သ တင်းကောင်းကို လိုလိုလားလား ယုံကြည်ရန် အသင့်ပြင်ဆင်ရကြ မည် ဖြစ်သည်။ သင်သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို လက်ခံ လိုသလော။ ထိုနောက် ဘုရားရှေ့တော်၌ ကိုယ်တော်၏ပညတ် တော်အားဖြင့် မစုံလင်မှုများကို ဝန်ခံပါ။ သင်၏အပြစ်များကြောင့် သင်သည် ဘုရားသခင်၏အမျက်တော်အောက်၌နေသည်ကိုလည်း ကောင်း၊ သင်သည် ကိုယ်တော်၏ဖြောင့်မတ်ခြင်းကို လိုအပ်သည်ကို လည်းကောင်း အသိအမှတ်ပြုပါ။သင်သည် ရေနှင့်ဝိညာဉ်တော်သ တင်းကောင်းကို ယုံကြည်၍ နှလုံးသား၌ လက်ခံသောအခါ ဘုရားသ ခင်၏ဖြောင့်မတ်ခြင်းသည် သင့်အတွက်ဖြစ်လိမ့်မည်။ သင်သည် ဤ သမ္မာတရားကို သိရမည် ဖြစ်သည်။
 

ဘုရားသခင်၏ဖြောင့်မတ်ခြင်းမယုံကြည်သူများ၏စိတ် များသည် ရှုပ်ပွ၍ ဝရုံးသုံးကားဖြစ်သည်

ကျွန်ုပ်တို့အတွေးအခေါ်များသည် အစကတည်းက ရှုပ်ပွခဲ့ကြ သည်ဟု ဘုရားသခင်မိန့်တော်မူခဲ့သည် (ကမ္ဘာ ၁း၂)။ လူသားများ၏ အတွေးအခေါ်များသည် အစကတည်းက ဘာကြောင့် ရှုပ်ပွခဲ့ကြသ နည်း။ ဤသို့ဖြစ်ရခြင်းမှာ ဘုရားသခင်ကို ဆန့်ကျင်သော ပစ်ချခြင်း ခံရသောကောင်းကင်တမန်သည် လူများအား သူတို့စိတ်များကို ရှုပ် ပွစေ၍ ဝရုံးသုံးသားဖြစ်စေခြင်းအားဖြင့် ဘုရားသခင်၏ဖြောင့်မတ် ခြင်းနှုတ်ကပတ်တော်ကို မယုံကြည်ရန် တားဆီးပိတ်ပင်နေသည်။ ဤသို့ဖြင့် လူသားများ၏နှလုံးသားသို့ အပြစ်ရောက်ရှိလာခဲ့ခြင်း ဖြစ် သည် (ကမ္ဘာ ၃း၁-၈)။
ဘုရားသခင်ဖန်ဆင်းတော်မူခဲ့သော ကောင်းကင်တမန်တစ်ပါး သည် ကိုယ်တော်ကို ဆန့်ကျင်ခဲ့သည်ဟု သမ္မာကျမ်းစာက ပြော ထားသည်။ ဤကောင်းကင်တမန်သည် မိမိအစွမ်းအစနှင့်ဉာဏ်ရည် ဉာဏ်နက်ဖြင့် ဘုရားသခင်၏ပလ္လင်တော်ကို အပြီးသိမ်းပိုင်ရန် ကြိုး ခဲ့သော်လည်း သူ၏ပုန်ကန်မှုကို ဆုံးရှုံးခဲ့၍ သူသည် မိမိအခွင့်အာ ဏာရာထူးမှ နှင်ထုတ်ခြင်းခံရသည်။ ဤကောင်းကင်မှကျဆင်းသော ကောင်းကင်တမန်သည် လူသားများကို သွေးဆောင်ဖြားယောင်း၍ လှည့်စားကာ ဘုရားသခင်ကို ဆန့်ကျင်ဘက်ပြုစေသည်။ ဤ ကောင်းကင်တမန်ကို စာတန်ဟု ‌ခေါ်သည်။ ဤမာန်မာနထောင် လွှားသော ကောင်းကင်တမန်သည် အလွန်ဝါကြွား၍ ပုန်ကန်သော အပြုအမူများအားလုံးဖြင့် ယုံကြည်သူများနှင့် မယုံကြည်သူများ၌ အ လုပ်လုပ်နေသည်။ သူသည် လူသားများကို လှည့်ဖြားခြင်းအားဖြင့် သူတို့သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းနှုတ်ကပတ်တော်နှင့် ကိုယ်တော်၏အခွင့်အာဏာကို စိန်ခေါ်ခဲ့သည်။
စာတန်သည် လူသားများအား ရေနှင့်ဝိညာဉ်တော်သတင်း ကောင်းမယုံကြည်နိုင်ရန်အတွက် အမြဲတမ်းလိမ်လည်လှည့်ဖြား သည်။ လူများစွာတို့သည် စာတန်မာရ်နတ်၏လှည့်စားခြင်းကိုခံရပြီး နောက် သူသည် မိမိကိုယ်ပိုင် ဖြောင့်မတ်ခြင်းကို ထူထောင်ရန် အ ချည်းနှီးကြိုးစားသည်။ သူသည် လူသားများကို အပြစ်သို့ ကျဆင်း စေခဲ့၍ ဆိုးကျိူးမှာ သူတို့ဘဝများကို ရှုပ်ပွ၍ ဝရုံးသုံးကားစိတ်များ ဖြင့် အသက်ရှင်စေသည်။
 


ဘုရားသခင်ပေးအပ်တော်မူခဲ့သော အပြစ်များဖြေလွှတ် ခြင်းနှင့်ဖြောင့်မတ်ခြင်း


စာတန်၏ဆိုးသွမ်းသောစုံစမ်းခြင်းအားဖြင့် အပြစ်သို့ ကျဆင်း ခဲ့သော လူများအတွက် အပြစ်မှ ရွေးနှုတ်ခြင်းသည် လူတစ်ဉီး၏စိတ် ဆန္ဒပြင်းပြမှု သို့မဟုတ် ကိုယ်ပိုင်ဖြောင့်မတ်ခြင်းပေါ်တွင် မမှီခိုပေ။ သို့သော် လူများစွာတို့သည် မိမိအားနည်းချက်များကို နားမလည်ဘဲ ဘုရားသခင်ကို ဆန့်ကျင်ဘက်ပြု၍ အချည်းနှီးအပြစ်များမှ လွှတ် မြောက်ရန် စိတ်ပျက်လက်ပျက်ကြိုးစားကြသည်။ ဘုရားသခင်သည် ကိုယ်ပိုင်ဖြောင့်မတ်ခြင်းရှာဖွေသူများ၊ အကျင့်အားဖြင့် ဘုရားသခင် ၏ဖြောင့်မတ်ခြင်းကို ရရှိရန် ကြိုးစားသူများကို ငြင်းပယ်တော်မူ သည်။ ရွေးနှုတ်ကယ်တင်ခြင်းမှာ ဤသို့သောပုဂ္ဂိုလ်များအတွက် မ ဟုတ်ပေ။ သူတို့သည် အပြစ်သားများဖြစ်ကြသည်ဟု သိသူများနှင့် စစ်မှန်သောရေနှင့်ဝိညာဉ်တော်သတင်းကောင်း ယုံကြည်သူများအ ပေါ် ဘုရားသခင်သည် မိမိဖြောင့်မတ်ခြင်းကို ခွင့်ပြုတော်မူခဲ့သည်။
ဘုရားသခင်၏အစိုးပိုင်သောအလိုတော်မှာ လူသားများ၏အ တွေးအခေါ်များနှင့် အနှစ်သာရ မတူပေ။ လူတစ်ဉီးသည် ဘုရား ကျောင်းသို့ သစ္စာရှိစွာ တက်ရောက်ခြင်း၊ ညလုံးပေါက် ဆုတောင်း ခြင်း၊ နံနက်စောစောဆု‌တောင်းခြင်း၊ အစာရှောင်ခြင်း၊ အလှူငွေ ပေးကမ်းခြင်း၊ နောင်တနှင့်စပ်ဆိုင်သောဆုတောင်းခြင်းစ‌သော ဘာသာရေးအပြင်ပန်းသဏ္ဌာန်လှုပ်ရှားမှုများ မည်မျှပင် ကောင်းမွန် စေကာမူ သူသည် မိမိအပြစ်များ ဆေးကြောပေးနိုင်မည်ဟုတ်ပေဟု ရှင်ပေါလုက ပြောခဲ့သည်။ 
ပညတ်တော်လုပ်ဆောင်ချက်များက ကျွန်ုပ်တို့အပြစ်များမှ မ ရွေးနှုတ်နိုင်၍ ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ကျွန်ုပ်တို့အတွက် ဖြစ်သည်ဟု ဘုရားသခင်မိန့်တော်မူသည်။ အခန်းကြီး ၉ အပိုဒ်ငယ် ၃၂-၃၃ တွင် “အဘယ်ကြောင့် မပေါက်ရောက်သနည်း။ ယုံကြည်ခြင်းအားဖြင့်မဟုတ်ဘဲ အကျင့်အားဖြင့်ရရှိနိုင်သကဲ့သို့ ကြိုးစားသောကြောင့်ဖြစ်၏။ သူတို့သည် ခလုတ်တံသင်းဖြစ်သောကျောက်ကို တိုက်မိကြပြီ။ 33ဤသည်ကား “ကြည့်ရှုလော့။ ခလုတ်တံသင်းဖြစ်သောကျောက်၊ မှားယွင်းစေသောကျောက်ကို ဇိအုန်၌ ငါချထား၏။ ထိုကျောက်ကိုယုံကြည်သောသူသည် အရှက်ရလိမ့်မည်မဟုတ်”ဟု ကျမ်းစာ၌ရေးထားသည့်အတိုင်းဖြစ်၏”ဟု ဖော်ပြထားသည်။
ဤသို့ဖြင့် ကျွန်ုပ်တို့သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ရ ရှိနိုင်ရန် ဘုရားသခင်နှင့်လူသားများအကြား ယဇ်ပူဇော်ခြင်းဖြစ်လာ သူ သခင်ယေရှုအားဖြင့် သခင်ယေရှု၏ဗတ္တိဇံနှင့် ကားတိုင်ပေါ်တွင် အသွေးတော်ကို ယုံကြည်ရကြမည် ဖြစ်သည်။ ထိုကြောင့် သင်သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ရရှိနိုင်ရန်အတွက် ကိုယ်ပိုင်ဖြောင့် မတ်ခြင်းကို ပယ်ထုတ်ရမည်ဟု သင်နားလည်သဘောပေါက်ခြင်းမှာ အလွန်အရေးကြီးသည်။ ကျွန်ုပ်တို့သည် သခင်ယေရှုကို ကယ်တင် ရှင်အဖြစ် ဝန်ခံကြ၍ ကျွန်ုပ်တို့အပေါ် အခမဲ့ပေးထားခဲ့သော ဘုရား သခင်၏ဖြောင့်မတ်ခြင်းကို မငြင်းပယ်သင့်ပေ။
ယခုမှစ၍ သခင်ယေရှုကို ကယ်တင်ရှင်အဖြစ် ဝန်ခံသူများစွာ တို့သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းထင်ရှားသော သတင်း ကောင်းကို မယုံကြည်ကြသောကြောင့် သူတို့သည် အပြစ်သားများ အဖြစ် ကျန်ရစ်နေသည်။ လူများသည် ကိုယ်တော်၏ပညတ်တော် ကို လိုက်လျှောက်ခြင်းအားဖြင့် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို မ ရရှိနိုင်ကြပေ။ ဘုရားသခင်၏ဖြောင့်မတ်ခြင်းနှုတ်ကပတ်တော်ကို ယုံကြည်သူများသည် ကိုယ်ပိုင်ဖြောင့်မတ်ခြင်းလိုက်လံရှာဖွေခြင်းကို စွန့်ပစ်ရကြမည် ဖြစ်သည်။ သခင်ယေရှုသည် ပညတ်တော်အကျင့် များအားဖြင့် ဘုရားသခင်၏ရွေးနှုတ်ကယ်တင်ခြင်းနှင့်ဖြောင့်မတ် ခြင်းကို လိုက်လံသောသူများအတွက် ဆူးငြောင့်ခလုတ်ဖြစ်လာခဲ့ သည်ဟု သင်သည် မှတ်ထားသင့်သည်။
ဘုရားသခင်ပေးအပ်တော်မူခဲ့သော ရေနှင့်ဝိညာဉ်တော်သတင်း ကောင်းမှာ သခင်ယေရှုခရစ်တော်ကို ကယ်တင်ရှ်ငအဖြစ် ယုံကြည် သူများ ကယ်တင်ခဲ့သည်ကိုလည်းကောင်း၊ ဘုရားသခင်၏ဖြောင့် မတ်ခြင်းကို လိုက်လံသောသူများနှင့် ပေါင်းဖော်ရမည်ကိုလည်း ကောင်း ဖော်ပြ‌သောသမ္မာတရား ဖြစ်သည်။ ရွေးနှုတ်ခြင်းနှင့် ထာဝ ရအသက်အတွက် မရှိမဖြစ်လိုအပ်သောအရာမှာ သခင်ယေရှု၏ဗတ္တိ ဇံနှင့် ကားတိုင်ပေါ်တွင် အသွေးတော်အားဖြင့် ထင်ရှားသော ဘုရား သခင်၏ဖြောင့်မတ်ခြင်းနှုတ်ကပတ်တော်ကို ယုံကြည်ခြင်း ဖြစ် သည်။ ဤနှုတ်ကပတ်တော်သည် ခရစ်ယာန်များအကြား အပြစ်များ ဖြေလွှတ်ခြင်းမခံရသောသူများကို ဖွင့်ပြသည်။ ထိုနည်းတူ၊ ရေနှင့် ဝိ ညာဉ်တော်သတင်းကောင်း ယုံကြည်သူများသည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းရရှိကြလိမ့်မည်ဟူသောသမ္မာတရားကိုလည်း သွန် သင်ထားသည်။
ထိုကြောင့် စစ်မှန်သော ယုံကြည်မှုမှာ ဘုရားသခင်သည် လူအ ချို့တို့ကို အကြောင်းမဲ့ကောက်၍ သူတို့ကို အပ္ပါယ်ငရဲသို့ ပို့ဆောင် ရန် ဆုံးဖြတ်တော်မမူခဲ့ပေဟူသော ပညာလိုအပ်သည်။ ဘုရားသခင် သည် လူအချို့ကို အမှန်အကန် ချစ်တော်မူ၍ အခြားသူများကို အ ကြောင်းမဲ့ မုန်းတော်မူလျှင် လူများသည် ကိုယ်တော်၏ဖြောင့်မတ် ခြင်းကို ရိုသေလေးစားကြမည် မဟုတ်ပေ။
ဘုရားသခင်သည် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းအားဖြင့် အပြစ်သားများအားလုံးကို အပြစ်များမှ ရွေးနှုတ်တော်မူရန် ရွေးနှုတ် ခြင်းဆိုင်ရာ ဖြောင့်မတ်ခြင်းပညတ်ကို ချထား‌တော်မူခဲ့၍ ကျွန်ုပ်တို့ အား ကိုယ်တော်၏မေတ္တာအားဖြင့် လွှမ်းခြုံထားသောကောင်းကြီး မင်္ဂလာကို ချပေးတော်မူခဲ့သည်။ လူတိုင်းသည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းအားဖြင့် ပြောကြားခဲ့သော ရေနှင့်ဝိညာဉ်တော်သ တင်းကောင်းရှေ့မှာ မိမိကိုယ်ပိုင်ဖြောင့်မတ်ခြင်းကို စွန့်ပစ်ရကြမည် ဖြစ်သည်။ ဘုရားသခင်သည် ၎င်းကို ယုံကြည်သူများအပေါ် မိမိ ဖြောင့်မတ်ခြင်းကို ပေးအပ်တော်မူခဲ့သည်။
ဘုရားသခင်သည် လူသားများအား ကိုယ်ပိုင်ဖြောင့်မတ်ခြင်း အားဖြင့် အပြစ်မှ မိမိကိုယ်ကိုကိုယ် ကယ်တင်နိုင်ရန် ခွင့်ပြုတော်မမူ ပေ။ ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို ဘုရားသခင်၏ဖြောင့် မတ်ခြင်းအဖြစ် ယုံကြည်ခြင်းမရှိဘဲ သခင်ယေရှုကို ယုံကြည်ကြ သော်လည်း မည်သူမည်ဝါမျှ ဤဖြောင့်မတ်ခြင်းကို မရနိုင်ကြပေ (ယောဟန် ၃း၁-၈)။
သခင်ယေရှုခံယူတော်မူခဲ့သော ဗတ္တိဇံနှင့် ကားတိုင်ပေါ်တွင် သွန်းလောင်းတော်မူခဲ့သောအသွေးတော်သည် ဘုရားသခင်၏ဖြောင့် မတ်ခြင်း ဖြစ်လာသည်။ ဤအကြောင်းကြောင့် သခင်ယေရှုသည် မိ မိကိုယ်ပိုင်ဖြောင့်မတ်ခြင်းကို လိုက်လံရှာဖွေသောသူများကို ခုခံ သောကျောက်ဆောင်ဖြစ်တော်မူခြင်း ဖြစ်သည်။ ထိုကြောင့် သခင် ယေရှုကို ယုံကြည်သူများသည် မိမိကိုယ်ပိုင်ဖြောင့်မတ်ခြင်းကို လိုက် လံကြသောအခါ ဘုရားသခင်၏ဖြောင့်မတ်ခြင်း နင်းခြေခြင်းဖြစ် သည်ကို နာလည်သဘောပေါက်၍ သိရကြမည် ဖြစ်သည်။ ဘုရား သခင်၏ဖြောင့်မတ်ခြင်းကို ယုံကြည်ခြင်းမရှိဘဲ အပြစ်သားတစ်ဉီး သည် ကောင်းကင်တံခါးသို့ မဝင်ရောက်နိုင်ပေ။ သခင်ယေရှုကို ယုံ ကြည်သူကျွန်ုပ်တို့သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ယုံကြည် ခြင်းအားဖြင့် အပြစ်များဖြေလွှတ်ခြင်းခံစားရကြမည် ဖြစ်သည်။
ဤလောကသို့ ကြွလာတော်မူခဲ့သော သခင်ယေရှုခရစ်တော် သည် အပြစ်သားများ၏ကယ်တင်ရှင်ဖြစ်တော်မူ၍ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းလည်း ဖြစ်တော်မူသည်။ သခင်ယေရှုသည် ရေနှင့် ဝိ ညာည်တော်ဖြစ်သောနှုတ်ကပတ်တော်အားဖြင့် ကျွန်ုပ်တို့အပြစ်များ ကို ခွင့်လွှတ်တော်မူခဲ့သောကြောင့် ကျွန်ုပ်တို့သည် ဤဘုရားသခင် ၏ဖြောင့်မတ်ခြင်းကို အမှန်အကန် ယုံကြည်ရကြမည် ဖြစ်သည်။ သ ခင်ယေရှုကို ယုံကြည်သူများသည် ယောဟန်ထံမှ သခင်ယေရှုခံယူ တော်မူခဲ့သော ဗတ္တိဇံနှင့် ကားတိုင်ပေါ်တွင် အသွေးတော်တို့ကို ဘု ရားသခင်၏ဖြောင့်မတ်ခြင်းအဖြစ် ယုံကြည်ရကြမည် ဖြစ်သည်။ ရေ နှင့်ဝိညာဉ်တော်သတင်းကောင်းနှုတ်ကပတ်တော်ကို ယုံကြည်သူ များသာလျှင် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်နိုင်ကြသည်။
 


ကျွန်ုပ်တို့သည် အမျက်တော်တန်ဆာပလာများနှင့်ဂရုဏာ တန်ဆာပလာများကို ခွဲခြားရမည် ဖြစ်သည်


ကိုယ်တော်က“လူသည် ကမ္ဘာလောကတစ်ခုလုံးကိုရရှိသော် လည်း မိမိအသက်ဝိညာဉ်ဆုံးရှုံးလျှင် မည်သည့်အကျိုးရှိမည်နည်း။ တစ်နည်းအားဖြင့် လူသည် မည်သည့်အရာကိုပေး၍ မိမိအသက်ဝိညာဉ်ကို ပြန်ရွေးနိုင်မည်နည်း”(မဿဲ ၁၆း၂၆)ဟု မိန့် တော်မူ ခဲ့သည်။ လူတစ်ဉီးသည် မိမိထာဝရအသက်ဆုံးရှုံးခြင်းကို သောအခါ သူသည် မည်သို့သောသူဖြစ်ပါစေ ဤလောကတွင် သူ၏ အောင် မြင်မှုများသည် အချည်းနှီးသက်သက် ဖြစ်သည်။ လူတစ်ဉီးသည် တစ်ကမ္ဘာလုံး သို့မဟုတ် စကြာဝဠာတစ်ခုလုံးကို သိမ်းပိုင် လျှင် တောင် သခင်ယေရှု၏ဗတ္တိဇံနှင့် ကားတိုင်ပေါ်တွင် အသွေး တော်ကို ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို မ ရခဲ့လျှင် အကျိုးမရှိပေ။
သီအိုလော်ဂျီဓမ္မတွေးခေါ်မှုများသည် မည်သို့ပင် တိုးတက်စေ ကာမူ ဘုရားသခင်၏ဖြောင့်မတ်ခြင်းပြည့်စုံစေသော ရေနှင့်ဝိညာဉ် တော်သတင်းကောင်းကို ယုံကြည်ခြင်းအားဖြင့်သာ လူတစ်ဉီးသည် ဤဖြောင့်မတ်ခြင်းကို ရရှိ၍ ယုံကြည်နိုင်သည်။ သူတို့သည် ယုံ ကြည်ခြင်းအားဖြင့် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ရရှိမှသာလျှင် သခင်ယေရှုကို ယုံကြည်သူများသည် သူတို့အပြစ်များမှ လွှတ် မြောက်နိုင်ကြသည်။
ယခုနေ့ရက်များတွင် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ယုံ ကြည်သောယုံကြည်သူများသည် နံနက်ဆုတောင်းခြင်းအစည်းအ ဝေးတိုင်း၌ သူတို့အပြစ်အတွက် နာကျင်မှုခံစားရကြသည်။ သူတို့ သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို အမှန်အကန် မယုံကြည်ကြ ပေ။ ကိုယ်တော်၏ဖြောင့်မတ်ခြင်းဖြင့် ရွေးနှုတ်ကယ်တင်ခြင်းကို မ ယုံကြည်သူများပြောသော ဤသို့သောယုံကြည်မှုများသည် ဘုရားသ ခင်ကို ဝမ်းမြောက်စေတော်မမူဘဲ ကိုယ်‌တော်ကို အမျက်ထွက်စေ တော်မူသည်ဟု ကျွန်ုပ်တို့နားလည်ရကြမည် ဖြစ်သည်။ သူတို့သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ဆန့်ကျင်ကြသောကြောင့် သူတို့ သည် ကိုယ်တော်၏ရန်သူများအဖြစ်သာ ကျန်ရစ်ခဲ့ကြသည်။
ယောဟန် ၃း၅တွင် “ရေနှင့်ဝိညာဉ်တော် မမွေးသောသူမည် သည်ကား၊ဘုရားသခင်၏နိုင်ငံတော်သို့ မဝင်ရ”ဟု ဖော်ပြထား သည်။ ဤအကြောင်းကြောင့် သင်သည် ရေနှင့်ဝိညာဉ်တော်သတင်း ကောင်းနှင့် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ယုံကြည်ခြင်းအားဖြင့် အပြစ်ပြဿနာများအားလုံးကို သင်ဖြေရှင်းနိုင်ခြင်း ဖြစ်သည်။ ရေ နှင့်ဝိညာဉ်တော်သတင်းကောင်းသည် သင်အား အပြစ်များဖြေလွှတ် ခြင်းနှင့် ကိုယ်တော်၏ဖြောင့်မတ်ခြင်းပေးနိုင်သော ဘုရားသခင်၏ ဖြောင့်မတ်ခြင်းဖြစ်လာခဲ့သည်။ 
ဘုရားသခင်၏ဖြောင့်မတ်ခြင်းအားဖြင့် သင့်အားဖြောင့်မတ် စေသော ယုံကြည်ခြင်းမျိုးကို သင်ပိုင်ဆိုင်လိုလျှင် သင်သည် ဤ ဖြောင့်မတ်ခြင်းပါဝင်သော ရေနှင့်ဝိညာဉ်တော်နှုတ်ကပတ်တော်ကို လိုက်လျှောက်၍ ယုံကြည်ရမည် ဖြစ်သည်။ သင်၏နှလုံးသားသည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ယုံကြည်ခြင်းဖြင့် ပြည့်နိုင်ရန်အ တွက် သင်သည် မိမိကိုယ်ပိုင်ဖြောင့်မတ်ခြင်းကို ပယ်ဖျက်ရန် လို အပ်သည်ဟု သင်နားလည်သဘောပေါက်ရမည် ဖြစ်သည်။ ဣသရေ လလူမျိုးများနှင့် ဟေလသလူမျိုးများအပေါ် ရှင်ပေါလုပြောကြား သောအရာမှာ သူတို့သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ရယူလို လျှင် သူတို့သည် မိမိကိုယ်ပိုင် ဖြောင့်မတ်ခြင်းလိုက်လံခြင်းကို စွန့် ပစ်ရခြင်း ဖြစ်သည်။
ဘုရားသခင်သည် အာြဗဟံအား ဘုရားသခင်၏ဖြောင့်မတ်ခြင်း ကို ယုံကြည်ခြင်း၏အသီးအပွင့်အဖြစ် သားကို ပေးအပ်တော်မူခဲ့ သည်။ ဘုရားသခင်၏ဖြောင့်မတ်ခြင်းသည် ရေနှင့်ဝိညာဉ်တော်နှုတ် ကပတ်တော်အားဖြင့် ထင်ရှားသည်။ ဖြောင့်မတ်ခြင်းနှုတ်ကပတ် တော်ကို ယုံကြည်သူများသည် ဖြောင့်မတ်သူများဖြစ်လာကြသည်။ ဣဇာက်၏ဇနီး၊ ရေဗက္ကသည် ကလေးအမွှာနှစ်ဉီးကိုယ်ဝန်ဆောင်ခဲ့ သည်။ သူတို့မမွေးဖွားမီ သို့မဟုတ် အကောင်း သို့မဟုတ်အဆိုးမပြု မီ “သားကြီးသည် သားငယ်ကို အစေခံသင့်သည်”ဟု သူမထံပြော ကြားခဲ့သည်။ ဤကျမ်းချက်မှ ဘုရားသခင်သည် မတရားသောဘု ရားဖြစ်တော်မူသည်ကိုလည်းကောင်း၊ ဤအရာသည် မှားယွင်းသော ဆုံးဖြတ်ချက်ဖြစ်သည်ကိုလည်းကောင်း လူအချို့တို့က နိဂုံးချုပ် တတ်ကြသည်။
ယာကုပ်နှင့်ဧသောတို့သည် ရေဗက္က၏ဝမ်း၌နေကြသည့်အချိန် ၌ပင် ဘုရားသခင်သည် သူတို့၏အနာဂတ်ယုံကြည်မှုများကို သိနှင့် တော်မူခဲ့သောကြောင့် ဖြစ်သည်။ ဘုရားသခင်၏ဖြောင့်မတ်ခြင်း လျှို့ဝှက်ချက်မှာ ရေနှင့်ဝိညာဉ်တော်သတင်းကောင်း၌ ဖုံးအုပ်ထား သည်။ ဧသောသည် မိမိပြုသောကောင်းမှုကုသိုလ်များကို ဝါကြွား တတ်သောသူဖြစ်သောကြောင့် ဘုရားသခင်သည် သူ့အား မိမိဖြောင့် မတ်ခြင်းကို ယုံကြည်သူဖြစ်သည်ဟု သတ်မှတ်တော်မမူခဲ့ပေ။ ထို ကြောင့် ဘုရားသခင်သည် သူ့ကို မုန်းတော်မူခြင်း ဖြစ်သည်။ တစ် ဘက်တွင် ယာကုပ်သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ယုံကြည် သူတစ်ဉီးဖြစ်၍ ကိုယ်တော်တစ်ပါးတည်းကိုသာ ဂုဏ်ပြုခြင်းအလုံး စုံပေးအပ်ခဲ့သည်။ ထိုကြောင့် ဘုရားသခင်သည် အခြားဘာတစ်ခုမျှ လုပ်ဆောင်တော်မမူဘဲ သူ့ကို ချစ်တော်မူခြင်း ဖြစ်သည်။
ထိုကြောင့် ဘုရားသခင်သည် ယာကုပ်ကိုချစ်တော်မူ၍ ဧသော ကို မုန်းတော်မူခြင်းမှာ သမ္မာတရားကိုအခြေပြုသောတရားမျှတမှု ဖြစ်သည်။ ဘုရားသခင်သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ယုံ ကြည်ခြင်းမရှိဘဲ မိမိတန်ခိုးကိုဝါကြွားသော ဧသောကဲ့သို့သောသူ များကို ချီးကျူးတော်မမူပေ။ သို့သော် ကိုယ်တော်၏ဖြောင့်မတ်ခြင်း အားဖြင့် မိမိအားနည်းချက်များကိုသိ၍ ယုံကြည်သူ ယာကုပ်ကဲ့သို့ သောသူများကို ချစ်တော်မူ၍ သူတို့အားဖြင့် ကိုယ်တော်သည် ဝမ်း မြောက်တော်မူသည်။
လူများသည် ဣဇာက်အပေါ်ဘုရားသခင်သည် မည်သို့ပြုတော် မူသည်ကို မေးခြင်းအားဖြင့် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို နား လည်မှုလွှဲချော်လေ့ရှိကြသည်။ ဘုရားသခင်သည် လူအချို့တို့ကို ချစ် တော်မူ၍ အခြားသူများကို မုန်းတော်မူလျှင် ဘုရားသခင်သည် မှား ယွင်းမှုတစ်စုံတစ်ခုရှိသည်ဟု သူတို့ထင်ကြသည်။ သူတို့သည် ကိုယ် တော်အား တရားမျှတမှုမရှိသောဘုရားဖြစ်တော်မူသည်ဟု ထင်ကြ သောကြောင့် သူတို့သည် သခင်ယေရှုကို ယုံကြည်ရန် ငြင်းဆိုတတ် ကြသည်။
သို့သော် ဘုရားသခင်သည် မည်သို့ဖြင့် မတရားနိုင်မည်နည်း။ လူတစ်ဉီးသည် ဘုရားသခင်အား တရားမျှတမှုမရှိသောသူအဖြစ် ထင်လျှင် သူသည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို မှန်ကန်စွာ နား လည်သဘောပေါက်ခြင်းမရှိသည့်အချက်၏ တုန့်ပြန်မှုသက်သက် ဖြစ်သည်။ ထိုပြင် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို မယုံကြည်ခြင်း အားဖြင့် အသက်ရှင်သူများသည် ဘုရားရှေ့တော်၌ ကြီးလေးသော အမှားကို ပြုကြ၍ လူသား၏ဖြောင့်မတ်ခြင်းအားဖြင့် ကိုယ်တော်၏ ဖြောင့်မတ်ခြင်းကို ဖုံးအုပ်ကြသည်။ လူသားအားလုံးသည် ဘုရားသ ခင်၏ဖြောင့်မတ်ခြင်းရှေ့မှာ မိမိဖြောင့်မတ်ခြင်းကို ပစ်ပယ်၍ ရေနှင့် ဝိညာည်တော်သတင်းကောင်းနှုတ်ကပတ်တော်ကို ယုံကြည်ရကြ မည် ဖြစ်သည်။
ဘုရားသခင်၏ဖြောင့်မတ်ခြင်းပါဝင်သော ရွေးနှုတ်ကယ်တင် ခြင်းနှုတ်ကပတ်တော်ကို ယုံကြည်ရန် နည်းလမ်းတစ်ခုတည်းရှိ သည်။ ဘုရားသခင်သည် တရားမျှတမှုမရှိခြင်းမှာ သူတို့၏စိတ်အ တွေးအခေါ် သက်သက် ဖြစ်၍ ကိုယ်တော်၏ အကြံအစည်နှင့် ကြို တင်ခွဲခန့်ခြင်းဖြင့် ချမှတ်သော ဘုရားသခင်၏လေးနက်သော ရည် ရွယ်ချက်ကို လျစ်လျူရှုခြင်းမှ ဆင်းသက်လာသည်။ဘုရားသခင်၏ ဖြောင့်မတ်သောအကြံအစည်တော်မှာ ကျွန်ုပ်တို့ရှေ့မှာ ကိုယ်တော် ၏ဖြောင့်မတ်ခြင်းထင်ရှားစေရန် ဖြစ်သည်။ ဘုရားသခင်သည် အမွှာ နှစ်ယောက်တို့၏အနာဂတ်ကို သိတော်မူခဲ့သောကြောင့် ဘုရားသ ခင်သည် မိမိဖြောင့်မတ်ခြင်းနှင့်အညီ စီစဉ်တော်မူ၍ ယုံကြည်သူများ ကို ချစ်တော်မူရန် ချမှတ်တော်မူခဲ့သည်။
ကျွန်ုပ်တို့သည် ကိုယ်တော်၏အကြံအစည်ဖြင့် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို နားလည်သဘောပေါက်၍ ယုံကြည်ရကြမည် ဖြစ်သည်။ ဘုရားသခင်သည် ယာကုပ်နှင့်ဧသောတို့အကြား မည်သူ့ ကို ရွေးကောက်တော်မူခဲ့သနည်း။ ကိုယ်တော်က “ဖြောင့်မတ်သူများ ကို ခေါ်ရန် မလာ၊ အပြစ်သားများကို ခေါ်ရန် လာသည်”ဟု မိန့် တော်မူခဲ့သည်။ တစ်နည်းအားဖြင့် ဘုရားသခင်၏ဖြောင့်မတ်ခြင်း သည် ယာကုပ်ကဲ့သို့သောသူများကို ခေါ်တော်မူသည်။ ဧသောသည် ဘုရားခသင်၏ဖြောင့်မတ်သောခေါ်ခြင်းကို တုန့်ပြန်တော်မမူဘဲ သူ သည် မိမိဖြောင့်မတ်ခြင်းကို ဝါကြွားခဲ့သည်။ ဤအကြောင်းကြောင့် ဧသောသည် အမုန်းခံရ၍ ယာကုပ်သည် ဘုရားသခင်၏ဖြောင့်မတ် ခြင်းခေါ်ခြင်းကို အဖြေပေးခဲ့သူတစ်ဉီး ဖြစ်လာခဲ့သည်။
ဤကျမ်းစာနှင့်ညီညွတ်သောသမ္မာတရားများအားလုံးကို ဘု ရားသခင်၏ဖြောင့်မတ်ခြင်းမေတ္တာတော်ကို သိ၍ယုံကြည်သော ယုံ ကြည်မှုဖြင့် နားလည်သဘောပေါက်ရမည် ဖြစ်သည်။ လူတစ်ဉီး သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းမေတ္တာနှင့်ပတ်သက်၍ မှန်ကန် သောပညာမရှိဘဲ ဘုရားသခင်၏ကြိုတင်ခွဲခန့်ခြင်းပြဿနာကို ဖြေ ရှင်ရန် ကြိုးစားလျှင် သူသည် မိမိရှေ့မှာ ချထားသော ပျက်စီးခြင်း သို့ ဉီးတည်သောထောက်ချောက်သို့ ကျဆင်းလိမ့်မည်။
ဘုရားသခင်သည် မိမိဖြောင့်မတ်ခြင်းမေတ္တာကို ထင်ရှားစေ တော်မူရန် ကြိုတင်ခွဲခန့်ခြင်းကို ချမှတ်တော်မူခဲ့သည်။ ယာကုပ် သည် မိမိအပြစ်များကို အသိအမှတ်ပြုသူနှင့် ဘုရားသခင်၏ဖြောင့် မတ်ခြင်းနှုတ်ကပတ်တော်ကို ယုံကြည်သူတစ်ဉီး ဖြစ်သည်။ ဘုရား သခင်သည် ယာကုပ်ကိုချစ်၍ ဧသောကို မုန်းခြင်းမှာ တရားမျှတ သည်။ ဘုရားသခင်၏ရှေ့တော်၌ လူတိုင်းသည် ကိုယ်တော်၏အ မျက်တော်ကို ခံထိုက်ကြသည်။ သို့သော် ကိုယ်တော်သည် ဖြောင့် မတ်ခြင်းကို ယုံကြည်သူများအားလုံးအတွက် ရွေးနှုတ်ခြင်းဖြင့် ပြင် ဆင်ပေးတော်မူခဲ့သည်။ ဘုရားရှေ့တော်၌ ဂရုဏာတော်လွှမ်းခြုံ သောသူများသည် မိမိဖြောင့်မတ်ခြင်းကို ဝါကြွားခြင်းမရှိသောသူများ ဖြစ်ကြသည်။ သို့သော် သူသည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ရွေးနှုတ်ခြင်းအဖြစ် ယုံကြည်ကြသည်။ ဤပုဂ္ဂိုလ်များသည် “ကျွန် တော်သည် အပြစ်များအတွက် အပ္ပါယ်ငရဲသို့ တရားစီရင်ရန် ခံထိုက် တယ်။ ကိုယ်တော်ဘုရား၊ ကျွန်တော့်အပေါ် ကျေးဇူးပြုတော်မူ၍ ကိုယ်တော်ဖြောင့်မတ်ခြင်းကို သွန်သင်တော်မူပါ”ဟု ဝန်ခံသောသူ များ ဖြစ်ကြသည်။ 
ဘုရားသခင်သည် ကိုယ်တော်၏ဖြောင့်မတ်ခြင်းမေတ္တာကို ယုံ ကြည်သူများအပေါ်၌သာ အပြစ်များဖြေလွှတ်ခြင်းပေးအပ်တော်မူ သည်။ ဤအရာသည် ကျွန်ုပ်တို့အပေါ် ထင်ရှားစေခဲ့သော ဘုရားသ ခင်၏သားသမီးများဖြစ်လာရန် ကျွန်ုပ်တို့အတွက် ဘုရားသခင်၏အ ကြံအစည်တော် ဖြစ်သည်။ ယာကုပ်ကိုချစ်ရန်နှင့် ဧသောကို မုန်းရန် ဘုရားသခင်၏အကြံအစည်ကို သင်သည် နားလည်မှုမလွှဲချော်ရပေ။ သင်သည် မတော်တဆ ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို မှန်ကန် စွာ နားမလည်ခဲ့လျှင် ယခုချိန်သည် သင့်အတွက် ကိုယ်တော်၏ ဖြောင့်မတ်ခြင်းအားဖြင့် ဘုရားသခင်၏ဖြောင့်မတ်ခြင်းမေတ္တာကို တဖန်ယုံကြည်ရမည့်အချိန် ဖြစ်သည်။
ကျွန်တော်သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ယုံကြည် သည်။ ဘုရားသခင်၏ဖြောင့်မတ်သောမေတ္တာကို မှန်ကန်စွာ နား လည်နိုင်သောသူများသည် ကိုယ်တော်၏ဖြောင့်မတ်ခြင်းဖြင့် ဘုရား သခင်၏ဖြောင့်မတ်ခြင်းပြင်ဆင်ချက်ကို မှန်ကန်စွာ ယုံကြည်နိုင်ကြ သည်။ သို့သော် ဤကမ္ဘာပေါ်တွင် လူအနည်းငယ်ကသာ ဘုရားသ ခင်၏ဖြောင့်မတ်ခြင်းအကြံအစည်ကို မှန်ကန်စွာ နားလည်သဘော ပေါက်၍ ယုံကြည်ကြသည်။ လူများစွာတို့သည် ဘုရားသခင်အ ကြောင်းကို နားလည်မှုလွှဲချော်ခြင်းအားဖြင့် လုံးပန်းနေကြသည်။
ဘုရားသခင်သည် ဧသောကို မုန်းတော်မူ၍ လူအချို့တို့ကို သူတို့၏ဆိုးသောကံကြမ္မာအဖြစ် မုန်းခြင်းခံရသူအဖြစ် အမုန်းခံရရန် ဘုရားသခင်သည် သူတို့ကို အကြောင်းမဲ့မုန်းတော်မူရန် ချမှတ် တော်မူခဲ့သည်။ သို့သော် ကျွန်ုပ်တို့ဘုရားသခင်သည် ဤသို့သော ယုတ်မာသောဘုရားမဟုတ်ပေ။ ဘုရားသခင်သည် မိမိဖြောင့်မတ် ခြင်းဂရုဏာနှင့်မေတ္တာကို ကျွန်ုပ်တို့အားလုံးအပေါ် ပေးအပ်တော်မူ သည်။
ဘုရားသခင်သည် သခင်ယေရှုခရစ်တော်အားဖြင့် မိမိဖြောင့် မတ်ခြင်းကို ကျွန်ုပ်တို့အား ပေးအပ်တော်မူရန် အလိုတော်ရှိခဲ့သည်။ ကိုယ်တော်သည် မိမိဂရုဏာတော်အားဖြင့် မိမိဖြောင့်မတ်ခြင်းကို ယုံကြည်သူများကို လွှမ်းခြုံတော်မူ၍ သူတို့ကို မိမိသားသမီးများဖြစ် စေတော်မူခဲ့သည်။
ဤသမ္မာတရားကို မဿဲ ၉း၁၂-၁၃ တွင် သခင်ယေရှုက “ကိုယ်တော်သည် ထိုစကားကိုကြားလျှင်“ကျန်းမာသောသူတို့သည် ဆေးဆရာကို မလိုအပ်ကြပေ။ နာမကျန်းဖြစ်သောသူတို့သာလျှင် လိုအပ်ကြ၏။ 13‘ငါသည် ယဇ်ပူဇော်ခြင်းကိုမဟုတ်ဘဲ ကရုဏာကို အလိုရှိ၏’ဟူသောကျမ်းစကားသည် မည်သည့်အရာကိုဆိုလိုကြောင်း သွား၍သင်ယူကြလော့။ အကြောင်းမူကား ဖြောင့်မတ်သောသူတို့ကိုခေါ်ရန် ငါလာသည်မဟုတ်။ အပြစ်သားတို့ကိုခေါ်ရန်ငါလာ၏”ဟု မိန့်တော်မူ၏”ဟု မိန့်တော်မူခဲ့သော ဓမ္မ သစ်ကျမ်း တွင် ထင်ရှားခဲ့သည်။ ကျန်းမာရေးကောင်းမွန်သူများသည် ဆေးသ မားကို အလိုမရှိဘဲ သူတို့ကို အနှောင့်အယှက်အဖြစ် ထင်မှတ်ကြ သည်။ လူများသည် ကျန်းမာသန်စွမ်းကြသောအခါ ဆေးသ မား၏ အရေးကြီးမျုကို နားမလည်ကြဘဲ ၎င်းကို ယုံကြည်ခြင်းအား ဖြင့် နှလုံးသားများ၌ ဘုရားသခင်၏ဖြောင့်မတ်ခြင်းရရှိခြင်း၏အ‌ရေး ပါမှု ကို နားလည်သဘောမပေါက်ကြပေ။ သူတို့သည် ဘုရားသခင်၏ ‌ဖြောင့်မတ်ခြင်းကို မသိဘဲ မိမိကိုယ်ပိုင်ဖြောင့်မတ်ခြင်းကိုသာ လိုက် လံရှာဖွေရန် အလုပ်ရှုပ်ကြသည်။
သို့သော် အပြစ်သားများသည် မိမိကိုယ်ပိုင်ဖြောင့်မတ်ခြင်းကို စွန့်ပစ်၍ ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ယုံကြည်ကြသည်။ သင် သည် ဘုရားရှေ့တော်၌ ယာကုပ် သို့မဟုတ် ဧသော ဖြစ်နိုင်သည်။ သင်သည် မည်သူနှင့်တူချင်သနည်း။ ဘုရားသခင်၏ဆုပေးဒဏ်ပေး စနစ်မှာ ဘုရားသခင်၏ဖြောင့်မတ်ခြင်းရွေးနှုတ်ကယ်တင်ခြင်းကို ယုံ ကြည်ခြင်း သို့မဟုတ် မယုံကြည်ခြင်းအပေါ် သင်၏ဆုံးဖြတ်ချက် ပေါ်တွင် မူတည်သည်။
 

ဘုရားသခင်မှာ အမှားမရှိပေ

လူတိုင်းသည် သဘာဝအားဖြင့် အပြိုင်အဆိုင်ဖြစ်ကြသည်။ လူ အချို့တို့သည်အလွန်အမင်း ဉာဏ်ကောင်း၍ အောင်မြင်သောပုဂ္ဂိုလ် များဖြစ်ကြသည်။ အချို့တို့သည် သူတစ်ပါးအတွက် ကောင်းမှုကု သိုလ်များပြုနိုင်ခဲ့ကြသည်။ သို့သော် ဘုရားသခင်၏ဖြောင့်မတ်ခြင်း နားသဘောပေါက်ခြင်းနှင့်ယုံကြည်ခြင်းမရှိလျှင် သူတို့သည် ဘုရား သခင်၏အသိအမှတ်ပြုခြင်းမရကြပေ။ သင်နှင့်ကျွန်တော်အပါအဝင် လူသားအားလုံး၊ ဣသရေလလူမျိုးများပင်လျှင် ဘုရားရှေ့တော်၌ အပ္ပါယ်ငရဲသို့ သွားရမည့်သူများ ဖြစ်ကြသည်။ဤအရာကို လျစ်လျူ ရှု၍ ကျွန်ုပ်တို့သည် ကြိုးစားအားထုတ်ခြင်း၊ လုပ်ဆောင်ခြင်း သို့မ ဟုတ် ခွန်အားများကြောင့်မဟုတ် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ယုံကြည်ခြင်းအားဖြင့်သာလျှင် ကျွန်ုပ်တို့သည် ဖြောင့်မတ်ခြင်းခံရ ကြသည်။ 
ဘုရားသခင်သည် မိမိဖြောင့်မတ်သောမေတ္တာကို လူတိုင်းအ ပေါ်လူတန်းစားမခွဲဘဲ တရားမျှတစွာ ပေးအပ်တော်မူခဲ့သောကြောင့် ထိုအရာကို ယုံကြည်သူအားလုံးသည် အပြစ်များအားလုံးမှ ကယ် နှုတ်ခြင်းခံရနိုင်ကြသည်။ ကိုယ်တော်ကို သင်တွေးတောသည့်အ တိုင်း ဘုရားသခင်သည် တရားမျှတမှုမရှိသော ဘုရားမဟုတ်ပေ။
လူတစ်ဉီးသည် ဘုရားသခင်၏ရွေးနှုတ်ခြင်းကောင်းကြီးမင်္ဂလာ ခံရသောသူများသည် ၎င်းကို လက်ခံရန် သို့မဟုတ် ငြင်းပယ်ရန် ဆုံး ဖြတ်ချက်အပေါ်တွင် မှီခိုသည်။ ဤအကြောင်းကြောင့် လူအချို့တို့ သည် အမျက်တော်၏တန်ဆာပလာများဖြစ်လာခဲ့ကြ၍ အခြားသူ များသည် ဂရုဏာတော်၏တန်ဆာပလာများဖြစ်လာခဲ့ကြသည်။ တ နည်းအားဖြင့် ယာကုပ်သည် ဂရုဏာ၏တန်ဆာပလာဖြစ်လာခဲ့၍ ဧ သောသည် အမျက်တော်၏တန်ဆာပလာအဖြစ် နိဂုံးချုပ်ကြသည်။
သို့သော် သီအိုလော်ဂျီအချို့နှင့် သန့်ရှင်းသောဝိညာဉ်တော်မရှိ သောသူများသည် ဘုရားသခင်ကို ဆဲဆိုကြသည်။ သူတို့က “ကြည့် ပါ။ ဘုရားသခင်သည် ဖာရောအား အမျက်တော်၏တန်ဆာပလာအ ဖြစ်ပြုတော်မူခဲ့သလား။ ယာကုပ်နှင့်ဧသောကို ကြည့်ပါ။ ရေဗက္ကကို ကြည့်ပါ။ အိုးထိန်းပြုသောအရာကို ကြည့်ပါ။ ဘုရားသခင်သည် အ စအဉီး၌ လူအချို့ကို မျက်နှာသာအတွက် တန်ဆာပလာဖြစ်စေ တော်မမူခဲ့သလား။ ဒီအရာမှာ ဆိုးသောကံကြမ္ဘာဖြစ်တယ်”ဟု ပြော ကြသည်။ သူတို့၏ယုတ္တိဗေဒမှာ အောက်ပါအတိုင်း ဖြစ်သည်။ လူအ ချို့တို့သည် သူတို့မမွေးမီအချိန်ကတည်းက ဘုရားသခင်၏သားသမီး များဖြစ်လာရန် ရွေးကောက်ခြင်းခံတော်မူခဲ့သည်။ ဘုရားသခင်၏ မေတ္တာတော်ကို လွှမ်းခြုံရန် ကြိုတင်ခွဲခန့်ခြင်းနှင့်ရွေးကောက်ခြင်းခံ ရသောဤပုဂ္ဂိုလ်များအားလုံးသည် ဘုရားသခင်၏သားသမီးများဖြစ် လာခဲ့ကြသည်။ သူတစ်ပါးသည် အပ္ပါယ်ငရဲသို့ သွားရမည့်သူများဖြစ် ကြသည်။ ဤအရာမှာ ဘုရားသခင်၏ရွေးကောက်ခြင်းမည်သို့ အ တိုက်ခံရခြင်း ဖြစ်သည်။ သို့သော် ဘုရားသခင်သည် လူတိုင်းအပေါ် မိမိဖြောင့်မတ်ခြင်းကို ပေးအပ်တော်မူခဲ့သည်။ ကိုယ်တော်သည် ထို အရာကို ယုံကြည်သူများကို လူတန်းစားမရွေးဘဲ ရွေးကောက်တော် မူသည်။
ကျွန်ုပ်တို့သည် ဤအရာမတိုင်မီ ကိုယ်တော်၏လူများမဖြစ်ကြ သောအခါ ဘုရားသခင်၏ဖြောင့်မတ်ခြင်းယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် ဖြောင့်မတ်ခြင်းခံရကြသည်။ ကျွန်ုပ်တို့သည် နှုတ် ကပတ်တော်ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို ယုံကြည်ခြင်း အားဖြင့် ကျွန်ုပ်တို့သည် ဖြောင့်မတ်ခြင်းခံရကြသောကြောင့် ဘုရား သခင်သည် ကျွန်ုပ်တို့ယုံကြည်မှုများကို ထောက်ခံတော်မူသည်။ ဤ အရာသည် အလွန်အံ့သြဖွယ်ကောင်းသောဘုရားသခင်၏တန်ခိုးကို ထင်ရှားစေသော သတင်းကောင်းသမ္မာတရား ဖြစ်သည်။
အခြေခံအားဖြင့် ကျွန်ုပ်တို့၌ ဘုရားမရှိကြဘဲ ကိုယ်တော်ကို မ သိကြ၍ အားလုံးအပြစ်သားများဖြစ်ကြသည်။ သို့သော် ဘုရားသခင် ၏ဖြောင့်မတ်ခြင်းကို ယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် ကိုယ် တော်၏လူများဖြစ်လာခဲ့ကြသည်။ ကျွန်ုပ်တို့ယုံကြည်သော ရေနှင့် ဝိညာဉ်တော်သတင်းကောင်းသည် မစုံလင်သောသတင်းကောင်းမ ဟုတ်ဘဲ ပြည့်စုံသောသတင်းကောင်း ဖြစ်သည်။ ကျွန်ုပ်တို့သည် ကိုယ်တော်၏ဖြောင့်မတ်ခြင်းကို ရရှိနိုင်သော သမ္မာတရားကို ကျွန်ုပ် တို့အား ကိုယ်‌တော်ပေးအပ်တော်မူခဲ့သောကြောင့် နာမတော်ကို ချီး မွမ်းကြသည်။
ကျွန်ုပ်တို့ဘဝများသည် ဒုက္ခများဖြင့် ပြည့်နိုင်သော်လည်း ဘု ရားသခင်သည် ကျွန်ုပ်တို့အား တန်ခိုးတော်၏ကြီးမြတ်ခြင်းကို သွန် သင်တော်မူခဲ့သောကြောင့် ကျွန်ုပ်တို့သည် ဘုရားသခင်၏ဖြောင့် မတ်ခြင်းကို မမေ့ရပေ။ စကြာဝဠာတစ်ခုလုံးတွင် အပျော်ရွှင်ဆုံး သောသူမှာ ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို သိသောသူများဖြစ်ကြ သည်။ ဘုရားသခင်၊ သုံးပါးတစ်ဆူကို ယုံကြည်သူ ကျွန်ုပ်တို့အားလုံး သည် ဂရုဏာတော်၏ခမည်းတော်ဖြစ်တော်မူသည်။ ကိုယ်တော် သည် ယုံကြည်မည့်ကျွန်ုပ်တို့၏ဝိညာဉ်များ၌ ဘုရားသခင်၏ဖြောင့် မတ်ခြင်းယုံကြည်မှုကို ချထားခဲ့သည်။ ကျွန်ုပ်တို့သည် ကိုယ်တော်၏ ဖြောင့်မတ်ခြင်းကို သိ၍ယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် ဘုရား သခင်၏သားသမီးများဖြစ်လာခဲ့ကြ၍ ကိုယ်တော်၏ကျေးဇူး တော် နှင့် ကောင်းကြီးမင်္ဂများကိုကို ခံစားရသောသူများ ဖြစ်ကြသည်။
သို့သော် ကောင်းသောအကျင့်ကို လုပ်ဆောင်ရန် ကြိုးစားခြင်း ၌ နစ်မွန်းနေကြသည်။ သူတို့သည် အလှူငွေများပေးအပ်ခြင်း၊ အ သင်းတော်အတွက် စေတနာ့ဝန်ထမ်းအဖြစ်ထမ်းဆောင်ခြင်း၊ သူတ ပါးနှင့်ပြိုင်ဆိုင်၍ အလှူပစ္စည်းများစွာလှူဒါန်းခင်းအားဖြင့် သင်က ဤအရာများအားလုံးသည် ကောင်းမှုကုသိုလ်များဖြစ်သည်ဟု ထင် နိုင်သော်လည်း သူတို့သည် သင့်ကို ကယ်တင်နိုင်လိမ့်မည် မဟုတ် ပေ။ ဤလုပ်ငန်းများကိုသာ ဗဟိုပြုခြင်းသည် သင်သည် ဘုရားသ ခင်၏ဖြောင့်မတ်ခြင်းကို ယုံကြည်ကြောင်း သက်သေမပြသနိုင်ပေ။ သို့သော် သင်သည် ကိုယ်ပိုင်ဖြောင့်မတ်ခြင်းကိုသာ လိုက်လံသည် ဟူ၍သာ ညွှန်ပြသည်။ ဇာတိပကတိကြိုးစားခြင်းအားဖြင့် နစ်မွန်း သူများသည် ဘုရားသခင်ကို ဆန့်ကျင်ကြသည်။ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို မသိသောသူများသည် ဇာတိပကတိအရာများ၌ နစ်မွန်းသောသူများ ဖြစ်ကြသည်။
ဘုရားသခင်၏ကယ်တင်ခြင်းမှာ လိုက်လံရှာဖွေသူများအပေါ် မပေးဘဲ ကိုယ်တော်၏ဖြောင့်မတ်ခြင်းကို ယုံကြည်သူများအပေါ်၌ သာပေးအပ်သည်ဟု သမ္မာကျမ်းစာက ပြောထားသည်။ ဤဖြောင့် မတ်ခြင်းသည် ဂရုဏာတော်နှင့်ပြည့်စုံသောဘုရားသခင်ကို ယုံ ကြည်ခြင်းအားဖြင့်သာ ရရှိနိုင်သည်။ ကျွန်ုပ်တို့၏အကျင့်အားဖြင့် ဘုရားသခင်သည် ကျွန်ုပ်တို့ကို ချစ်တော်မမူပေ။ သို့သော် ကိုယ် တော်၏ဖြောင့်မတ်ခြင်းကို ယုံကြည်ခြင်းအားဖြင့်သာလျှင် ကျွန်ုပ်တို့ သည် ကိုယ်တော်၏ဂရုဏာမေတ္တာကို ရရှိကြသည်။ ဤအကြောင်း ကြောင့် စစ်မှန်သောယုံကြည်ြခင်းသည် ဘုရားသခင်၏ဖြောင့်မတ် ခြင်းကို သိ၍ယုံကြည်ခြင်းရှိမရှိပေါ်တွင် လုံးလုံးလျားလျား မှီခိုအား ထားရခြင်း ဖြစ်သည်။
ကျွန်ုပ်တို့သည် အစကတည်းက အသုံးမရသောသူများ ဖြစ်ကြ သလော။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ယုံ ကြည်ကြသောကြောင့် ကျွန်ုပ်တို့သည် လူကြီးလူကောင်းများဖြစ်ကြ သလော။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ယုံကြည် ခြင်းနှင့် ယခုတွင် ကျွန်ုပ်တို့အား ကိုယ်တော်၏သားသမီးများဖြစ်စေ သော အချက်၌ မိမိကိုယ်ကိုကိုယ် ရပ်တည်ခြင်းအားဖြင့် အဆုံးထိ တိုင်အောင် ကျွန်ုပ်တို့ယုံကြည်မှုများကို စောင့်ထိန်းနိုင်ကြသည်။
ဘုရားမရှိပေဟု အဆိုးပြု၍ကြွေးကြော်သူ ဤကမ္ဘာပေါ်တွင် လူပေါင်းများစွာရှိကြသည်။ သို့သော် ကျွန်ုပ်တို့သည် ကိုယ်တော်၏ ဖြောင့်မတ်ခြင်းကို ယုံကြည်ကြသောကြောင့် ဘုရားသခင်သည် ကျွန်ုပ်တို့အပေါ် ဂရုဏာရှိတော်မူသည်။ ကျွန်ုပ်တို့သည် ဘုရားရှေ့ တော်၌ ဂုဏ်အသေရှိသောသူများဖြစ်ကြ၍ ဘုရားသခင်၌ ကျွန်ုပ်တို့ မာနရှိရန် ထိုက်တန်သည်။ ကျွန်ုပ်တို့သည် ဤလောက၌အသက်ရှင် စဉ် စုံစမ်းခြင်းများနှင့် ဘေးဒုက္ခများကို ရင်ဆိုင်နိုင်ကြသည်။ သို့‌ သော် ကျွန်ုပ်တို့သည် အားလုံးသည် ဝိညာဉ်ရေးရာ၌ ချမ်းသာ၍ ဝမ်း မြောက်ကြသည်။ ကျွန်ုပ်တို့အားလုံးသည် ဘုရားသခင်၏ဖြောင့်မတ် ခြင်းကိုလိုက်လျှောက်၍သခင်ယေရှုကို ချီမ်းမြောက်ရမည်ဖြစ်သည်။
ဘုရားသခင်သည် အပြစ်သားများအားလုံးကို မိမိသားသမီးများ၊ အပြစ်ကင်းစင်သူများ၊ ဖြောင့်မတ်သူများနှင့် ပြည့်စုံသူများဖြစ်စေ တော်မူသည်။ ဘုရားသခင်၏ဖြောင့်မတ်ခြင်းသည် မည်သူ့အပေါ် သက်ရောက်သည်ကို ကျွန်ုပ်တို့နားလည်သဘောပေါက်ရကြမည် ဖြစ်သည်။ ဤဘုရားသခင်၏ဖြောင့်မတ်ခြင်းသည် ကျွန်ုပ်တို့၏အ ပြစ်များအားလုံးကို တွေ့တော်မူခဲ့၍ ကျွန်ုပ်တို့အပြစ်များအားလုံးကို ဆေးကြောပေးတော်မူခဲ့သည်။ သင်သည် ဤသမ္မာတရားကို ယုံ ကြည်သည်ဖြစ်စေ၊ မယုံကြည်သည်ဖြစ်စေ သင့်အပေါ်တွင် မူတည် သည်။ သင်သည်လည်း ဘုရားသခင်၏ဖြောင့်မတ်ခြင်းအားဖြင့် သင် ၏အပြစ်များမှ လုံးဝကယ်တင်ခြင်းခံရသည်။ ထိုနောက် သင်သည် အဘယ်သို့နည်း။ သင်သည် ယုံကြည်ရန် သင်၏ဆုံးဖြတ်ချက်ကို မ နက်ဖြန်သို့ ရွှေ့ဆိုင်းမည်လော။
ဘုရားသခင်၏ဖြောင့်မတ်ခြင်းသည် သင်နှင့်အတူရှိပါစေ။