Search

တရားဟောချက်များ

ဘာသာရပ် ၁၀ - ဗျာဒိတ်ကျမ်း (ဗျာဒိတ်ကျမ်းအနက်ဖွင့်ကျမ်းများ)

[အခန် 1-1] ဘုရားသခင်၏ဗျာဒိတ်စကားကို နားထောင်ပါ (ဗျာဒိတ်ကျမ်း ၁း၁-၂၀)

(ဗျာဒိတ်ကျမ်း ၁း၁-၂၀ )
``ကာလမကြာမမြင့်မှီဖြစ်ရမည့်အမှုအရာများကို ယေရှုခရစ်သည် မိမိအစေခံကျွန်တို့အားပြစေခြင်းငှါ၊ ဘုရားသခင်အပ်ပေးတော်မူသော ထို သခင်၏ဗျာဒိတ်တော်ကိုဆိုပေအံ့။ ထိုသခင်သည် မိမိကောင်းကင်တမန်ကို စေလွှတ်၍ မိမိအစေခံကျွန် ယောဟန်အား ဗျာဒိတ်တော်အရိပ်ကို ပြတော် မူ၏။ ယောဟန်သည်လည်း ဘုရားသခင်၏နှုတ်ကပတ်တော်နှင့် ယေရှုခ ရစ်၏သက် သေခံတော်မူချက်ကို၊ မြင်သမျှအတိုင်းသက်သေခံ၏။ ကာလ အချိန်ရောက်လုနီးပြီဖြစ်၍ ဤအနာဂတ္တိကျမ်းစကားကို ကြည့်ရှုဖတ်ရွတ် နားထောင်၍ ရေးထားသမျှတို့ကို စောင့်ရှောက်သောသူတို့သည် မင်္ဂလာ ရှိကြ၏။ ငါယောဟန်သည်အာရှိပြည်၌ ရှိသောအသင်းတော်ခုနစ်ပါးကို ကြားလိုက်ပါ၏။ ပစ္စုန်ပ္ပါန်၊အတိတ်၊အနာဂတ်ကာလအစဉ် ရှိတော်မူသော ဘုရားသခင်အထံတော်က၄င်း ပလ္လင်တော်ရှေ့၌ရှိသော ဝိညာဉ်တော်ခုနစ် ပါးအထံက၄င်း၊ သစ္စာစောင့်သောသက်သေခံဖြစ်တော်မူထသော၊ လောကီ ဘုရင်တို့၏ အထွန်ုဖြစ်တော်မူသော ယေရှုခရစ်တော်အထံတော်က၄င်း၊ ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည် သင်တို့၌ရှိပါစေသော်။ ငါတို့ကိုချစ်၍ မိမိသွေးနှင့် ငါတို့အပြစ်များကိုဆေး ကြောတော်မူ၍ မိမိခမည်းတော်ဘုရား သခင်ရှေ့၌ ငါတို့ကို ရှင်ဘုရင်အရာ၌၄င်း၊ ယဇ်ပုရောဟိတ်အရာ၌၄င်း ခန့် ထားတော်မူသောသူသည် ကမ္ဘာအဆက်ဆက်ဘုန်းအသရေ၊ အစွမ်းသတ္တိရှိ တော်မူ စေသတည်း။ အာမင်။ ကြည့်ရှုလော့ မိုဃ်းတိမ်နှင့်တက်ကြွ လာတော်မူသည်ဖြစ်၍ ကိုယ်တော်ကိုထိုးဖောက်သောသူတို့နှင့် ရှိသမျှ သောသူတို့သည် ကိုယ်တော်ကိုရှုမြင်ရကြလိမ့်မည်။ မြေကြီးသားအပေါင်း တို့သည် ကိုယ်တော်ကြောင့် ငြွေိုကးမြည်တမ်း ရကြလိမ့်မည်။ မှန်ပေ၏။ အာမင်။ ငါသည်အာလဖဖြစ်၏။ သြမေဃလည်းဖြစ်၏ဟု အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူ၍ပစ္စုန်ပ္ပန်၊ အတိတ်၊ အနာဂါတ်ကာလ အစဉ် ရှိတော်မူသော ထာဝရအရှင်ဘုရားသခင်မိန့်တော်မူ၏။ ယေရှုခရစ်၏ဆင်း ရဲခြင်းဒုက္ခမှ စ၍ နိုင်ငံတော်ကို၄င်း၊သည်းခံတော်မူခြင်းကို၄င်း၊ သင်တို့နှင့်အတူ ဆက်ဆံ သောအဖော်အဖက်၊ သင်တို့အစ်ကို ငါယောဟန်သည်၊ ဘုရားသခင်၏ နှုတ်ကပတ်နှင့်ယေရှုခရစ်၏သက်သေခံတော်မူချက်ကြောင့်၊ ပတ်မုကျွန်း မှာနေစဉ်တွင် သခင်ဘုရားနေ့၌ ဝိညာဉ်တော်ကိုခံရ၍ တံပိုးခရာအသံ ကဲ့ သို့ ငါ့နောက်၌မြည်သောအသံကြီးကိုကြား၏။ မြည်သောအချက်ဟူမူကား သင်သည် မြင်သောအရာကို စာစောင်၌ ရေးထား၍ ဧဖက်မြို့၊ စမုရနမြို့၊ ပေရဂံမြို့၊ သွာတိရမြို့၊ သာဒိမြို့၊ ဖိလဒေလဖိမြို့၊ လောဒိကိမြို့၌ ရှိသော အသင်းတော်ခုနစ်ပါးထံသို့ပေးလိုက်လော့ဟုဆိုသတည်း။ထိုသို့ငါနှင့်စကား ပြော၍ အသံမြည်သောသူကို မြင်ခြင်းငှါ။ ငါသည်လှည့် ကြည့်လျှင် ရွှေမီး ခွက်ခုနစ်လုံးကို၄င်း၊ထိုမီးခွက်ခုနစ်လုံးအလယ်၌ လူသားတော်နှင့် တူသော တစ်ဦးကို၎င်း၊မြင်၏။ထိုသူသည်ခြေသို့တိုင်အောင်ဝတ်ခြုံလျက်၊ ရက်တော် ၌ ရွှေခါးပန်းကို စည်းလျက်ဖြစ်၏။ ခေါင်းတော်နှင့်ဆံပင်တော်သည် ဖြူ သော သိုးမွေးကဲ့သို့၎င်း၊ မိုဃ်းပွင့်ကဲ့သို့၎င်းဖြူ၏။ မျက်စိတော်သည်လည်း မီး၌ချွတ်ပြီးသောကြေးဝါစစ်နှင့်တူ၏။ အသံတော်သည်လည်း သမုဒ္ဒရာ သံကဲ့သို့ဖြစ်၏။ လကျာ်လက်တော်သည်လည်း ကြယ်ခုနစ်လုံးကိုကိုင်၏။ ခံတွင်းတော်ထဲကလည်း ထက်သန်သောသန်လျက်ထွက်၏။ မျက်နှာ တော်သည် အရှိန်တန်ခိုးနှင့်ထွန်းတောက်သောနေကဲ့သို့ဖြစ်၏။ ထိုသူကိုငါ မြင်သောအခါ၊ သေမတတ်ဖြစ်၍ ခြေတော်ရင်း၌လဲကျလျက်နေ၏။ ထိုသူသည်လကျာ်လက်တော်ကို ငါ့အပေါ်သို့တင်လျက်၊ ကြောက်ရွံ့ခြင်း မရှိနှင့်၊ငါသည် အဦးဆုံးသောသူ၊ နောက်ဆုံးသောသူဖြစ်၏။ အသက်ရှင် သောသူသည်လည်းဖြစ်၏။ ငါသည် အရင်သေသည်ဖြစ်၍ ကမ္ဘာအဆက် ဆက်အသက်နှင့်ပြည့်စုံ၏။ မရဏာနှင့် မရဏာနိုင်ငံကိုလည်း ငါအစိုးရ၏။ ထို့ကြောင့် သင်သည်မြင်ပြီး သောအရာတို့ကို၎င်း၊ ယခုရှိသောအရာတို့ ကို၎င်း၊နောက်ဖြစ်လတ္တံ့သောအရာတို့ကို၎င်းရေးထားလော့။ ငါ့လကျာ် လက်၌ထင်ရှားသောကြယ်ခုနစ်လုံးနှင့်ရွှေမီးခွက် ခုနစ်လုံး၏နက်နဲခြင်းအ ရာဟူမူကား မီးခွက်ခုနစ်လုံးသည် အသင်းတော်ခုနစ်ပါးဖြစ်၏။ ကြယ်ခုနစ် လုံးသည်လည်း ထိုခုနစ်ပါးသော အသင်းတော်တို့ကို အုပ်သောတမန်ဖြစ် ကြ၏။`` 
 
 
အဖွင့်ဋီကာ
 
အခန်းငယ် (၁) ``ကာလမကြာမမြင့်မှီ ဖြစ်ရမည် အမှုအရာများကို ယေရှု ခရစ်သည်မိမိအစေခံကျွန်တို့အားပြစေခြင်းငှါ ဘုရားသခင်ပေးအပ် တော်မူ သောထိုသခင်၏ဗျာဒိတ်တော်ကိုဆိုပေအံ့။ ထိုသခင်သည်မိမိကောင်းကင် တမန်ကိုစေလွှတ်၍ မိမိအစေခံကျွန် ယောဟန်အားဗျာဒိတ် တော်အရိပ် ကိုပြတော်မူ၏။`` 
ဗျာဒိတ်ကျမ်းသည် ယေရှုခရစ်၏ဗျာဒိတ်တော်အရိပ်တို့အား (အေဒီ၉၅ခုနှစ်ခန့်)က ရောမအင်ပါယာ Domitian အုပ်စိုးမှုအောက်ကျ ဆင်းသည့် ကာလ၌ Aegean Seaရှိပတ်မုကျွန်းသို့ ပြည်နှင်ဒါဏ်ခံရသူ တမန်တော်ရှင်ယောဟန်မှ ရေးသားထားခဲ့ခြင်းဖြစ်ပါသည်။ ယောဟန် သည် ဘုရားသခင်၏နှုတ်ကပတ်တော်နှင့် ယေရှုအတွက်သက်သေခံ သောကြောင့် ပတ်မုကျွန်းသို့ပြည်နှင်ဒါဏ်ခံခဲ့ရပါသည်။ ထိုကျွန်း၌ပင် ယောဟန်သည် သန့်ရှင်းသောဝိညာဉ်တော်၏မှုတ်သွင်းတော်မူခြင်း ဘုရား သခင်၏ ကောင်းကင်တမန်အားဖြင့် ယေရှုခရစ်၏အကူအညီဖြင့် ဘုရား သခင်၏နိုင်ငံတော်ကို တွေ့မြင်ခဲ့ပါ သည်။ 
``ဗျာဒိတ်တော်`` ယေရှုခရစ်ဖေါ်ပြခြင်းသည် အဘယ်နည်း။ ယေရှုခရစ် ဖေါ်ပြခြင်းဖြင့် ဘုရားသခင်သည် သူ့အားကိုယ်စားပြုသော ယေရှုခရစ်အားဖြင့် အနာဂတ်တွင် ကောင်းကင်နိုင်ငံနှင့် ဤကမ္ဘာကြီး၌ အ ဘယ်အရာများဖြစ်လာမည်ကို ကျွန်ုပ်တို့အားဖေါ်ပြပေလိမ့်မည်။ ယေရှု သည်သူ၏ အခြေခံ၌ မည်သို့သောသူဖြစ်သနည်း။ သူသည် ဖန်ဆင်းရှင် ဘုရားသခင်နှင့်လူမျိုးနွယ်တို့အား သူ၏အပြစ်လောကမှ ကယ်တင်ခဲ့သည့် ကယ်တင်ရှင်ဖြစ်ပါ သည်။ 
ယေရှုခရစ်သည်ဘုရားသခင်၏ကိုယ်စားပြုသောသူဖြစ်ပြီးကျွန်ုပ် တို့အား ဤလာမည့်နိုင်ငံတော်၏အကြောင်းအရာအားလုံးတို့ကို ဖေါ်ပြခဲ့ သည့်အသစ်သောနိုင်ငံ၏ဘုရားသခင်ဖြစ်ပါသည်။ယောဟန်မှတ်တမ်းတင် ထားသည့်ဗျာဒိတ်ကျမ်းတော်စကားများအားဖြင့် ယေရှုသည် ဓမ္မဟောင်း နှင့်ဓမ္မသစ်တို့အားမည်သို့ကိုင်တွယ်သွားမည်ကိုကျွန်ုပ်တို့သိနိုင်ပါသည်။ 
 
အခန်းငယ် (၂)``ယောဟန်သည်လည်းဘုရားသခင်၏နှုတ်ကပတ်တော်နှင့် ယေရှုခရစ်၏သက်သေခံတော်မူချက်ကိုမြင်သမျှအတိုင်းသက်သေခံ၏။``
ယောဟန်သည် သစ္စာတရားသတင်းကောင်းကို အထူးသဖြင့် သက်သေခံနိုင်ရခြင်းမှာ အနာဂတ်၌ ယေရှုခရစ်သည် ဘုရားသခင်၏ ကိုယ်စားပြုသူအဖြစ် အနာဂတ်တွင်မည်သို့ပြုမည်ကို မြင်ခဲ့သောကြောင့် ဖြစ်ပါသည်။ ယောဟန်သည် ယေရှုခရစ်အားဖြင့် မည်သည့်အရာများပြည့် စုံမည်ကို ကြားမြင်ခဲ့သဖြင့် ထိုအရာအားလုံးအတွက် မြင်သမျှအတိုင်း သက်သေခံနိုင်ခဲ့ပါ သည်။ 
 
အခန်းငယ် (၃) ``ကာလအချိန်တန်လုနီးပြီဖြစ်၍ ဤအနာဂတ္တိကျမ်းစ ကားကိုကြည့်ရှုဖတ်ရွတ်နားထောင် ရေးသားထားသမျှတို့ကို စောင့်ရှောက် သောသူတို့သည် မင်္ဂလာရှိကြ၏။ ``
ယောဟန်သက်သေခံခြင်းအားဖြင့် ဘုရားသခင်၏ နှုတ်ကပတ် တော်များကို ကြည့်ရှုဖတ်ရွတ်နားထောင်၍ ရေးသားထားသမျှတို့ကို စောင့် ရှောက်သောသူတို့သည် မင်္ဂလာရှိကြ၏ဟုလာ၏။ အဘယ်သူများသည် မင်္ဂလာရှိသူများဖြစ်ကြပါသနည်း။ ပထမဦးဆုံးအနေဖြင့် ထိုသူများသည် ဘုရားသခင်၏နှုတ်ကပတ်တော်၌ ယုံကြည်ခြင်းဖြင့် မိမိအပြစ်များခွင့် လွှတ်ခြင်းရကာ ဘုရားသခင်၏လူသားများဖြစ်လာကြသည်။ သန့်ရှင်းသူ များသာလျှင် မင်္ဂလာရှိသောသူများဖြစ်နိုင်ကြပါသည်။ အဘယ်ကြောင့် ဆိုသော် ယောဟန်မှတ်တမ်းတင်ထားသမျှသော ယေရှုခရစ်အားဖြင့်ဖြစ် လာမည့် ဘုရားသခင်၏နှုတ် ကပတ်တော်များကို ထိုသူများကသာလျှင် ကြည့်ရှုဖတ်ရွတ်နားထောင်၍ စောင့်ရှောက်ကြသောကြောင့်ဖြစ်ပါသည်။ ဤနည်းလမ်းဖြင့်ဘုရားသခင်၏သန့်ရှင်းသောသူဖြစ်လာသူတို့သည်ဘုရား သခင်၏နှုတ်ကပတ်တော်ကို ကြားနာခြင်း သူ့အပေါ်၌ ယုံကြည်ခြင်းဖြင့် ကောင်းကင်နှင့်ဆိုင်သော ကောင်းကြီးမင်္ဂလာကို ခံစားရမည်ဖြစ်ပါသည်။ 
ဤကမ္ဘာကြီးနှင့် ကောင်းကင်၌ ဖြစ်လာမည့် သမ္မာတရား လျှို့ဝှက်ချက်များကို သန့်ရှင်းသူတို့မည်သို့ ကြားနာမြင်တွေ့ရန် ဘုရားသ ခင်သည် ယောဟန်အားဖြင့်ကျွန်ုပ်တို့အား ကြိုတင်မိန့်တော်မူခဲ့ သည်မ ဟုတ်လော။ သူတို့သည် ဤကမ္ဘာကြီး၌တွေ့ကြုံရမည့် ပြောင်းလဲမှုအား လုံးအပေါ်ကြိုတင်သိရှိကာယုံကြည်နိုင်သောကောင်းကြီးမင်္ဂလာကိုမည်ကဲ့ သို့ ရရှိခဲ့ပါသနည်း။ ဤကမ္ဘာကြီးနှင့် ကောင်းကင်နိုင်ငံ၌ဖြစ်လာမည့် အရာ အားလုံးတို့ကို ကျွန်ုပ်တို့အား ယောဟန်အားဖြင့် သိခွင့်ပေးတော်မူသော ကြောင့် ဘုရားသခင်ကို ကျွန်ုပ်ကျေးဇူးတင်မိပါသည်။ ကျွန်ုပ်တို့၏ ယခု မျက်မှောက်ကာလ၌ မင်္ဂလာရှိသောသူများမှာ ယေရှုခရစ်အားဖြင့် ဖေါ်ပြ သော ဘုရားသခင်၏ဗျာဒိတ်တော်များကို မိမိမျက်စိဖြင့် တွေ့မြင်ဖတ်ရှုနိုင် ကြသူ များဖြစ်ပါသည်။ 
 
အခန်းငယ် (၄) ``ယောဟန်သည် အာရှိပြည်၌ရှိသော အသင်းတော်ခုနစ် ပါးကို ကြားလိုက်ပါ၏။ ပစ္စုန်ပ္ပန်၊ အတိတ်၊ အနာဂတ်၊ကာလ အစဉ်ရှိတော် မူသောဘုရားသခင် အထံတော်မှ၎င်း၊ ပလ္လင်ရှေ့၌ရှိသော ဝိညာဉ်တော် ခု နစ်ပါးအထံမှ၎င်း၊``
ယောဟန်ကသူသည်သူ၏စာများကို အာရှိပြည်၌ရှိသော အသင်း တော်ခုနစ်ပါးကို ပေးပို့လိုက်ကြောင်းပြောနေပါသည်။ ယောဟန်သည် ပတ်မုကျွန်း၌ပြည်နှင်ဒဏ်ခံရစဉ်တွင် ဘုရားသခင်၏ ပရောဖက်ပြုချက်နှင့် ဗျာဒိတ်တော်များကို မှတ်တမ်းတင်ကာ အာရှိပြည်၌ရှိသော အသင်းတော် ခုနစ်ပါးနှင့် တကွကမ္ဘာတစ်ဝှမ်းရှိ ဘုရားသခင်၏ အသင်းတော်ထံသို့ ပေးပို့ လိုက်ပါသည်။ 
 
အခန်းငယ်(၅)``သစ္စာစောင့်သောသက်သေခံဖြစ်တော်မူထသော၊သေသော သူတို့တွင် သားဦးဖြစ်တော်မူထသော၊ လောကီဘုရင်တို့၏အထွဋ် ဖြစ် တော်မူသော ယေရှုခရစ်ထံတော်မှ၎င်း၊ ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်း သည် သင်တို့၌ရှိပါစေသော်၊ ငါတို့ကိုချစ်၍ မိမိအသွေးနှင့် ငါတို့အပြစ်များ ကိုဆေးကြောတော်မူပါ။`` 
ယောဟန်သည်ယေရှုခရစ်အား အဘယ်ကြောင့် ``သစ္စာစောင့် သောသက်သေခံ`` ဟုခေါ်ပါသနည်း။ ကျွန်ုပ်တို့သခင်ဘုရားသည် ဤလော ကသို့ကြွက လာပြီးအပြစ်နှင့် မိမိ၏အပြစ်အတွက် ပျက်စီးခြင်းခံရန် ချည် နှောင်ခြင်းခံရသူတို့လွှတ်မြောက်ခြင်းရရှိရန်အတွက် ဗတ္တိဇံဆရာယောဟန် အားဖြင့် ဗတ္တိဇံခံခဲ့ပါသည်။ ယေရှုသည် သူ၏ဗတ္တိဇံအားဖြင့် လောက၏ အပြစ်အားလုံးတို့ကိုသူ့အပေါ်တွင် အသွေးသွန်းခြင်းဖြင့် အပြစ်၏အခကို ပေးဆပ်ခဲ့ပါသည်။ ထို့နောက်သုံးရက်မြောက်သောနေ့တွင် သေခြင်းမှရှင် ပြန်ထမြောက်ကာ ယုံကြည်သူအားလုံးတို့အား သူတို့အပြစ်မှ ကယ်တင်ခဲ့ သူသည်အခြားသူမဟုတ်ဘဲယေရှုကိုယ်တိုင်ပင်ဖြစ်သောကြောင့်ခရစ်တော် သည်ဤကယ်တင်ခြင်းအတွက်အသက်ရှင်သော သက်သေပင်ဖြစ်ပါသည်။ 
သေသောသူတို့တွင် သားဦးဖြစ်တော်မူထသောဟု ဆိုခြင်းအား ဖြင့် ယောဟန်သည် ကျွန်ုပ်တို့အား ယေရှုလောကသို့ကြွလာပြီး ပညတ်တ ရား၏တောင်းဆိုမှုများကို ပြည့်စုံစေကာ၊ အခြားစကားလုံးဖြင့်ဆိုသော်၊ အပြစ်၏အခအတွက် သူ၏ဗတ္တိဇံအားဖြင့် အပြစ်အားလုံးကို သယ်ဆောင် ခဲ့ပြီး ကားတိုင်ပေါ်တွင် အသေခံကာသေခြင်းမှတဖန် ရှင်ပြန်ထမြောက် ခြင်းဖြင့် ပေးဆပ်ခဲ့ပြီး အဦးဆုံးသော အသီးဖြစ်လာခဲ့ကြောင်းပြောပါသည်။ ထို့ပြင် ယေရှုသည် ငါတို့ကို ချစ်၍ မိမိအသွေးနှင့် ငါတို့အပြစ်များကို ဆေး ကြောတော်မူခဲ့သောကြောင့် ဘုရားသခင်သည် ရေနှင့်ဝိညာဉ်တော်သ တင်းကောင်းအပေါ် ယုံကြည်သောသူတို့အား အပြစ်မှ လွှတ်ခြင်းပေးခဲ့ ပါသည်။ 
 
အခန်းငယ် (၆) ``မိမိခမည်းတော်ဘုရားသခင်ရှေ့၌ ငါတို့ကို ရှင်ဘုရင်အ ရာ၌၎င်း၊ ယဇ်ပုရောဟိတ်အရာ၌၄င်း၊ ခန့်ထားတော်မူသောသူသည် ကမ္ဘာ အဆက်ဆက်ဘုန်းအသရေ အစွမ်းသတ္တိရှိတော်မူစေသတည်း။ အာမင်။``
ယေရှုသည် ခမည်းတော်ဘုရားသခင်၏ ကိုယ်စားပြုသော သူ ဖြစ်သကဲ့သို့လောကသို့ လူသားသဏ္ဍာန်ဖြင့်ကြွလာကာ အပြစ်သားများ အားသူ၏ ဗတ္တိဇံနှင့်ကားတိုင်ပေါ်မှ အသွေးတော်အားဖြင့် ကယ်တင်ခဲ့ ပါသည်။ ဤကျေးဇူးတော်နှင့်ပြည့်သော လုပ်ရပ်အားဖြင့် ခရစ်တော်သည် ကျွန်ုပ်တို့အား သန့်ရှင်းစေပြီး ဘုရားသခင်၏ ယဇ်ပုရောဟိတ်အရာ၌ခန့် ထားတော်မူ၏။ ကျွန်ုပ်တို့အား အံ့ဖွယ်သောကျေးဇူးတော် ကောင်းကြီး မင်္ဂလာပေးခဲ့မည့် ခမည်းတော်ဘုရားနှင့်သူ၏ကိုယ်စားဖြစ်သော ကျွန်ုပ်တို့ ၏ကယ်တင်ရှင်သားတော်ချီးမွမ်းခြင်းနှင့် ဘုန်းတော်အစဉ်အမြဲတည်ပါ စေ သော်။ ခရစ်တော်၏လူ့ဇာတိခံယူသောရည်ရွယ်ချက်မှာကျွန်ုပ်တို့အားခ မည်းတော်ဘုရားသခင်ရှေ့၌ ယဇ်ပုရောဟိတ်အရာနှင့် သူ၏လူများ အ ဖြစ်သို့ ရောက်စေရန်ဖြစ်ပါသည်။ကျွန်ုပ်တို့သည် ရှင်ဘုရင်အရာ၌ ခန့် ထား ခြင်းခံရ၏။အခြားစကားလုံးဖြင့်ဆိုသော် ကျွန်ုပ်တို့ဘုရားသခင်နှင့်ထာဝရ နေထိုင်မည့်ကောင်းကင်နိုင်ငံ၏လူများအဖြစ်ခန့်ထားသည်ဟုဖြစ်သည်။ 
 
အခန်းငယ် (၇) ``ကြည့်ရှုလော့။ မိုးတိမ်နှင့်တက်ကြွလာတော်မူသည်ဖြစ် ၍ ကိုယ်တော်ကို ထိုးဖောက်သောသူတို့နှင့် ရှိသမျှသောသူတို့သည် ကိုယ် တော်ကို ရှုမြင်ရကြလိမ့်မည်။ မြေကြီးသားအမျိုးမျိုးရှိသမျှတို့သည် ကိုယ် တော် ကြောင့်ငိုကြွေးမြည်တမ်းရကြလိမ့်မည်။ မှန်ပေ၏။ အာမင်။`` 
ခရစ်တော်သည် မိုးတိမ်နှင့်တကြွကလာတော်မူသည်ဟု ဖေါ်ပြ ထားပါသည်။ ကျွန်ုပ်ထိုအရာပေါ်၌ လုံးဝယုံကြည်ပါ၏။ ဤသည်မှာ သိစိတ်ကူးယဉ်ပုံပြင်တစ်ခုမဟုတ်ပေ။ထို့ကြောင့် ယေရှုခရစ်သည် ကောင်း ကင်ဘုံမှ ဤလောကသို့ အမှန်တကယ်ပြန်လည်ကြွလာတော်မူမည့် ပရော ဖက်ပြုချက်ဖြစ်ပါသည်။ ကိုယ်တော်ကို အားကိုးသော သူတို့သည်လည်း သူ့အားတွေ့မြင်ရမည်ဟုဆို၏။ ဤလူများသည် မည်သူများဖြစ်ကြပါသ နည်း။ဤသူများသည်ရေနှင့်ဝိညာဉ်တော်သတင်းကောင်းက သူတို့အားလုံး အား ကယ်တင်နိုင်ခဲ့သည့် တန်ခိုးရှိပါသော်လည်း ဤစကားလုံးများအား လောက၌ရှိသော ဘာသာရေးအသင်းအဖွဲ့များတွင် သြဝါဒတစ်ခုအဖြစ်သာ မြင်ခဲ့ကြသူများဖြစ်ပါသည်။ 
ခရစ်တော်ပြန်လည်ကြွလာတော်မူသောအချိန်၌ သူ့အားထိုး ဖောက်ခဲ့သောသူတို့သည် အမှန်ပင်ငိုကြွေးပေလိမ့်မည်။ ထိုသူတို့သည် ပူဆွေးသောကဖြင့်ငိုကြွေးကြပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ထို အချိန်ရောက်မှသာလျှင် ထိုသူတို့သည် ရေနှင့်ဝိညာဉ်တော်သတင်းကောင်း မှာ ရွေးဝယ်ခြင်းနှင့်အပြစ်မှ လွှတ်မြောက်စေသည့် သတင်းကောင်းဖြစ် ကြောင်းနှင့် ယေရှုသည် လောက၏အပြစ်အားလုံးတိုိ့ကို သယ်ဆောင် သွားရန် ယောဟန်အားဖြင့် ဗတ္တိဇံခံခဲ့ကြောင်း နားလည်သဘောပေါက် လာပေမည်။ထိုသူတို့အတွက်ထိုအချိန်သည် အလွန်နောက်ကျ နေပေမည်။
 
အခန်းငယ် (၈) “ငါသည် အာလဖဖြစ်၏။ သြမေဃလည်းဖြစ်၏ဟု အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူ၍ ပစ္စုန်ပ္ပန်၊ အတိတ်၊ အနာဂတ်ကာလ အစဉ်ရှိတော်မူသော ထာဝရအရှင် ဘုရားသခင် မိန့်တော်မူ၏။” 
အစနှင့်အဆုံးဖြစ်သည်ဟု ဆိုခြင်းအားဖြင့် ယောဟန်သည် ကျွန်ုပ်တို့အား ဘုရားသခင်သည် တရားစီရင်တတ်သည့် ဘုရားဖြစ်ကာ သူ့ ထံမှ စကြာဝဠာတစ်ခုလုံးနှင့် လူမျိုးနွယ်တို့၏အစနှင့်အဆုံးသည် ဖြစ်ပေါ် ခဲ့ကြောင်းကို ပြောပါသည်။ သခင်ဘုရားသည် ဖြောင့်မတ်သူများကို ဆုပေး ကာအပြစ်သားများကို စီရင်ရန်အတွက် ပြန်လညြွ်ကလာတော်မူမည်ဖြစ် ပါသည်။ သူသည် လူတို့၏အပြစ်များကိုတရားစီရင်ကာ သူ၏ဖြောင့်မတ် ခြင်း၌ ယုံကြည်သောဖြောင့်မတ်သူများကို ဆုပေးမည့် ဘုန်းတန်ခိုးနှင့် ပြည့်စုံသော ဘုရားသခင်ဖြစ်ပါသည်။ 
 
အခန်းငယ် (၉-၁၀) “ယေရှုခရစ်၏ ဆင်းရဲခြင်းဒုက္ခမှစ၍နိုင်ငံတော်ကို၎င်း၊ သည်း ခံတော်မူခြင်းကို၎င်း၊ သင်တို့နှင့်အတူ ဆက်ဆံသောအဖော်အဖက် သင်တို့အစ်ကိုငါယောဟန်သည်ဘုရားသခင်၏နှုတ်ကပတ်တော်နှင့် ယေရှု ခရစ်၏ သက်သေခံတော်မူချက်ကြောင့် ပတ်မုကျွန်းမှာ နေစဉ်တွင်၊ သခင် ဘုရားနေ့၌ ဝိညာဉ်တော်ကို ခံရ၍ တံပိုးခရာအသံကဲ့သို့ ငါ့နောက်၌ မြည် သောအသံကြီးကို ကြားရ၏။”
ညီအစ်ကိုဆိုသည့်စကားလုံးသည် ယုံကြည်သူတစ်ဦးနှင့်တစ်ဦး ခေါ်သောအခါတွင် အသုံးပြုပါသည်။ ဒုတိယအကြိမ်မွေးဖွားခြင်းခံပြီးသော ဘုရားသခင်၏အသင်းတော်၌ ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို ယုံ ကြည်ခြင်းအားဖြင့် မိသားစုဝင်များဖြစ်လာကြသော သူတို့သည် တစ်ဦးနှင့် တစ်ဦး အစ်ကို၊ အစ်မဟု ခေါ်ဝေါ်ကြပါသည်။ ထို့ပြင် ဤနာမများစသည် ကျွန်ုပ်တို့၏ ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို ယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့ကို ပေးထားခြင်းဖြစ်ပါသည်။ 
ဤနေရာတွင်သခင်ဘုရားနေ့ဆိုသည်မှာယေရှုသေခြင်းမှ ရှင်ပြန် ထမြောက်သော အချိန်ဥပုသ်နေ့ (Sabbath) ပြီးနောက် တစ်ရက်ကိုဆိုလို ပါသည်။ ထိုနေ့၌ပင် ယေရှုသည် ရှင်ပြန်ထမြောက်ခဲ့ပါသည်။ ထို့ကြောင့် ပင် ကျွန်ုပ်တို့သည် တနင်္ဂနွေနေ့အား “သခင်ဘုရားနေ့”ဟု ခေါ်ခြင်းဖြစ် ပါသည်။ ဤနေ့သည်ပညတ်တော်ခေတ်၏အဆုံးသတ်ခြင်းနှင့် ကယ်တင် ခြင်းခေတ်သစ်ကိုဖွင့်ပေးသည့်အမှတ်အသားဖြစ်ပါသည်။ ထို့အပြင် ကျွန်ုပ် တို့ သခင်ဘုရားသည် သူ၏ရှင်ပြန်ထမြောက်ခြင်းအားဖြင့် သူ့နိုင်ငံတော် သည် ဤလောက၌ မဟုတ်ကြောင်း ကျွန်ုပ်တို့အားပြောပါသည်။ 
 
အခန်းငယ် (၁၁) ``မြည်သောအချက်ဟူမူကား သင်သည်မြင် သောအရာ ကို စာစောင်၌ ရေးထား၍ ဧဖက်မြို့၊ စမုရနမြို့၊ ပေရဂံမြို့၊ သွာတိရမြို့၊ သာဒိမြို့၊ ဖိလဒေလဖိမြို့၊ လောဒိကိမြို့၌ရှိသော အသင်းတော်ခုနစ်ပါး ထံသို့ ပေး လိုက်လော့ဟု ဆိုသတည်း။”
ယောဟန်သည် ယေရှုခရစ်၏ဖေါ်ပြခြင်းဖြင့် သူတွေ့မြင်သည့် အရာများကို ရေးထားကာ အာရှိပြည်၌ ရှိသောအသင်းတော်ခုနစ်ပါးတို့ကို စာအဖြစ်ပေးပို့ရန်လိုအပ်ပါသည်။ ဤအရာသည်ကျွန်ုပ်တို့အား ဘုရားသ ခင်သည် ကျွန်ုပ်တို့ထက်အရင်ကျသောသူ၏ အစေခံများအားဖြင့် သတင်း တော်တစ် ခုလုံးကို စကားပြောကြောင်းပြောပါသည်။ 
 
အခန်းငယ် (၁၂) “ထိုသို့ငါနှင့်စကားပြော၍ အသံမြည်သော သူကို မြင်ခြင်းငှါငါသည် လှည့်ကြည့်လျှင် ရွှေမီးခွက်ခုနစ်လုံးကို၄င်း၊” 
တမန်တော်များခေတ်၌ ဘုရားသခင်၏ သမ္မာကျမ်းစာသည် ပြည့်စုံခြင်းမရှိသေးသောကြောင့် တပည့်တော်များအား နိမိတ်လက္ခဏာ နှင့် ရုပါရုံပေးရန် လိုအပ်ပါသည်။ ယောဟန်သည် ဘုရားသခင်၏ စကားကို ကြားနာရန် လှည့်ကြည့်သောအခါ သူသည် ရွှေမီးခွက်ခုနစ်လုံးကိုမြင် လေ၏။ ဤနေရာတွင် မီးခွက်ခုနစ်လုံး သည် ဘုရားသခင်၏ အသင်းတော်၊ ရေနှင့်ဝိညာဉ်တော်သတင်းကောင်း၏ဖေါ်ပြခြင်းကိုယုံကြည်သည့် သန့်ရှင်း သူတို့၏ စုဝေးခြင်းကို ပုံဆောင်ပါသည်။ ဘုရားသခင်သည် အာရှိပြည်၌ ရှိသော အသင်းတော်ခုနစ်ပါး၏ သခင်ဖြစ်ကာ သူသည် သန့်ရှင်းသူအား လုံးတို့အား ကြည့်ရှုစောင့်ရှောက်သည့် သိုးထိန်းဖြစ်ပါသည်။ 
 
အခန်းငယ် (၁၃) “ထိုမီးခွက်ခုနစ်လုံးအလယ်ရှိ လူသားတော်နှင့်တူ သော သူတစ်ဦးကို၎င်း မြင်၏။ ထိုသူသည် ခြေသို့တိုင်အောင်ဝတ်ခြုံလျက်၊ ရင် တော်၌ ရွှေခါးပန်းကိုစည်းလျက်ဖြစ်၏။``
ယောဟန်မြင်ခဲ့သည့် ထိုမီးခွက်ခုနစ်လုံးအလယ်မှ လူသားတော် နှင့်တူသော သူဆိုသည်မှာ ယေရှုခရစ်ကို ရည်ညွှန်းပါသည်။ သန့်ရှင်းသူ တို့၏ သိုးထိန်းဖြစ်သကဲ့သို့ ယေရှုသည် သူ၏ဗတ္တိဇံနှင့်ကားတိုင် သမ္မာတ ရားစကားကို ယုံကြည်သောသူတို့ထံ လည်ပတ်ကာစကားပြောခဲ့ပါသည်။ ယောဟန်၏ ခရစ်တော်အား ထိုသူသည် ခြေသို့တိုင်အောင်ဝတ်ခြုံလျက် ရင်တော်၌ ရွေခါးပန်းကိုစည်းလျက်ဖြစ်၏ဟု ဖေါ်ပြချက်သည် ကျွန်ုပ်တို့၏ သခင်ဘုရားအားခမည်းတော်ဘုရား၏ကိုယ်စားဖြစ်သကဲ့သို့ ဂုဏ်အဆင့်အ တန်းလက္ခဏာကို ဖေါ်ပြခြင်းဖြစ်ပါသည်။ 
 
အခန်းငယ် (၁၄) “ခေါင်းတော်နှင့် ဆံပင်တော်သည် ဖြူသော သိုးမွေး ကဲ့သို့၄င်း၊ မိုးပွင့်ကဲ့သို့၎င်းဖြူ၏။ မျက်စိတော်သည်လည်း မီးလျှံကဲ့သို့ဖြစ် ၏။``
ကျွန်ုပ်တို့၏ သခင်ဘုရားသည် သန့်ရှင်းခြင်း၊ ထည်ဝါခြင်း၊ ဂုဏ် ကျက်သရေနှင့် ပြည့်စုံ၏။ သူ၏ မျက်စိတော်သည် မီးလျှံကဲ့သို့ဖြစ်၏။ ဟု ဆိုခြင်းမှာသူသည် ဘုန်းတန်ခိုးနှင့် ပြည့်စုံသောဘုရားအားလုံးတို့၏ တရား မျှတသော တရားသူကြီးဖြစ်သည်ဟုပင်။ 
 
အခန်းငယ် (၁၅) “ခြေတော်သည်လည်း မီး၌ချွတ်ပြီးသော ကြေးဝါစစ်နှင့် တူ၏။ အသံတော်သည်လည်း သမုဒ္ဒရာသံကဲ့သို့ ဖြစ်၏။`` 
ယေရှုသည် မည်သူဖြစ်သည်ဟု ကျွန်ုပ်တို့ထင်ကြပါသနည်း။ သ ရှင်းသူတို့က သူသည် လုံးဝပြည့်စုံသော လုံးလုံးလျားလျားဘုရားဖြစ်သည် ဟု ယုံကြည်ကြပါသည်။ ကျွန်ုပ်တို့၏သခင်ဘုရားသည် ဘုန်းတန်ခိုးနှင့် ပြည့်စုံသောဘုရားဖြစ်ကာအားနည်းခြင်းမရှိပေ။သို့သော်သူသည် ဤလော က၌ အသက် ရှင်စဉ်အခါက ကျွန်ုပ်တို့၏အားနည်းခြင်းများကို တွေ့ကြုံခဲ့ ကာ ကျွန်ုပ်တို့ ၏အခြေအနေကိုနားလည်သဘောပေါက်ပြီး ကျွန်ုပ်တို့အား ပို၍ ကောင်းစွာ ကူညီနိုင်ပါသည်။ သူ၏ အသံတော်သည် သမုဒ္ဒရာသံကဲ့သို့ ဖြစ်၏ဟုဆိုခြင်းမှာသူသည်မည်မျှသန့်ရှင်းကာဘုန်းတန်ခိုးနှင့် ပြည့်စုံသော ကျွန်ုပ်တို့၏ သခင်ဖြစ်ကြောင်းကို ဖေါ်ပြပါသည်။ ကျွန်ုပ်တို့သခင်ဘုရား၌ မပြည့်စုံခြင်း(သို့)အားနည်းခြင်းအစအနပင် မတွေ့ရပေ။ ထို့အပြင်သူသည် သူ၏သန့်ရှင်းခြင်း၊ ချစ်ခြင်း၊ထည်ဝါခြင်းနှင့် ဘုန်းတော်များဖြင့်သာ ပြည့် လျှက်ရှိပါသည်။ 
 
အခန်းငယ် (၁၆) “လကျာ်လက်တော်သည်လည်း ကြယ်ခုနစ်လုံးကို ကိုင် ၏။ခံတွင်းတော်ကလည်း ထက်သောသန်လျက်ထွက်၏။ မျက်နှာတော် သည် အရှိန်တန်ခိုးနှင့် ထွန်းတောက်သော နေကဲ့သို့ဖြစ်၏။”
လကျာ်လက်တော်သည်လည်း ကြယ်ခုနစ်လုံးကို ကိုင်၏ဟုဆို သည်မှာ ဘုရားသခင်၏အသင်းတော်ကို စောင့်ထိန်းသည်ဟုဆိုလိုခြင်းဖြစ် ပါသည်။ အခြားတစ်ဖက်၌သူ၏ခံတွင်းတော်က ထွက်သောသန် လျက် သည်ယေရှုသည်ဘုရားသခင်၏တန်ခိုးအာဏာနှင့်အတူရှိသောဘုန်းတန်ခိုး နှင့် ပြည့်စုံသည့် ဘုရားသခင်ဖြစ်သည်ဟုရည်ညွှန်းပါသည်။ အရှိန်တန် ခိုးနှင့်ထွန်းတောက်သောနေကဲ့သို့ဖြစ်၏ဆိုခြင်းမှာ ကျွန်ုပ်တို့၏ သခင်ဘု ရားသည် တန်ခိုးပေါင်း နှင့် ပြည့်စုံသောဘုရားဖြစ်သည်’ ဟုပင်ဖြစ်သည်။
 
အခန်းငယ် (၁၇) “ထိုသူကိုငါမြင်သောအခါ သေမတတ်ဖြစ်၍ ခြေတော် ရင်း၌လဲလျက်နေ၏။ ထိုသူသည်လကျာ်လက်တော်ကို ငါ့အပေါ်သို့ တင် လျက်၊ ကြောက်ရွံ့ခြင်းမရှိနှင့်ငါသည် အဦးဆုံးသောသူ နောက်ဆုံးသော သူဖြစ်၏။”
ဤကျမ်းပိုဒ်၌ ကျွန်ုပ်တို့သည် ဘုရားသခင်၏ သန့်ရှင်းခြင်းရှေ့၌ မည်မျှ အားနည်းပြီး မိုက်မှောင်ကြကြောင်းကိုဖေါ်ပြပါသည်။ ကျွန်ုပ်တို့၏ သခင်ဘုရားသည် အစဉ်ပင် တန်ခိုးနှင့်ပြည့်စုံသော ဘုရားဖြစ်ပြီး တစ်ခါ တစ်ရံတွင်ဘုရားသခင်၏အစေခံများတွင်သူငယ်ချင်းအဖြစ်၎င်း၊တစ်ခါတစ်ရံအ လွန်စည်းကမ်းကြီးသည့် တရားစီရင်သူ ဘုရားသခင်အဖြစ်၎င်း၊ သူ့ ကိုယ်သူ ဖေါ် ပြပါသည်။ 
 
အခန်းငယ် (၁၈) “အသက်ရှင်သောသူလည်းဖြစ်၏။ ငါသည် အရင်သေ သည်ဖြစ်၍ ကမ္ဘာအဆက်ဆက်အသက်နှင့် ပြည့်စုံ၏။ မရဏာနှင့် မရဏာ နိုင်ငံကိုလည်း ငါအစိုးရ၏။” 
ကျွန်ုပ်တို့၏ သခင်ဘုရားသည် ထာဝရအသက်ရှင်ကာ ခမည်း တော် ဘုရားသခင်၏ကိုယ်စားပြုသကဲ့သို့ ကောင်းကင်ရှိတန်ခိုးအာဏာ အပေါင်း ပိုင်ဆိုင်ပါသည်။ သူသည် လူမျိုးနွယ်တစ်ခုလုံး၏ ကယ်တင် ရှင်နှင့် တရားစီ ရင်ပိုင်သူနှစ်မျိုးလုံးဖြစ်သကဲ့သို့ သူသည် ထာဝရ အသက် နှင့် မရဏာနိုင်ငံကို လည်း အစိုးရသောဘုရားသခင်ဖြစ်ပါသည်။ 
 
အခန်းငယ် (၁၉) “ထို့ကြောင့် သင်သည် မြင်ပြီးသောအရာတို့ကို၎င်း၊ ယခု ရှိသောအရာတို့ကို၎င်း၊နောင်ဖြစ်လတံ္တ့သောအရာတို့ကို၎င်းရေးထားလော့။``
ဘုရားသခင်၏ အစေခံတို့သည် ယခုမျက်မှောက်နှင့် အနာဂတ် နှစ်မျိုးလုံး၌ဖြစ်သောဘုရားသခင်၏ရည်ရွယ်ချက်နှင့်အလုပ်တို့ကိုရေး မှတ် ထားရန်တာဝန်ရှိပါသည်။ ထို့ကြောင့် သခင်ဘုရားသည် ယောဟန်အားဖြင့် အသက်ကို ရမည့်ဘုရားသခင်၏ အသင်းတော်၏ ယုံကြည်ခြင်းနှင့် အနာ ဂတ်၌ဖြစ်လာမည့်အရာအားလုံးတို့ကို သူဖေါ်ပြသည့်အတိုင်း ယုံကြည်ခြင်း ဖြင့် ပျံ့နှံ့စေပါသည်။ဤသည် သခင်ဘုရားက ယောဟန်အားဖြင့် ကျွန်ုပ်တို့ ကိုလည်း ပြုစေချင်သောအရာဖြစ်ပါသည်။ 
 
အခန်းငယ် (၂၀) “ငါလကျာ်လက်၌ထင်ရှားသော ကြယ်ခုနစ်လုံးနှင့် ရွှေမီးခွက်ခုနစ်လုံး၏နက်နဲခြင်းအရာဟူမူကားမီးခွက်ခုနစ်လုံးသည်အသင်း တော်ခုနစ်ပါးဖြစ်၏။ ကြယ်ခုနစ်လုံးသည်လည်း ထိုခုနစ်ပါးသော အသင်း တော် တို့ကို အုပ်ချုပ်သောတမန်ဖြစ်ကြ၏။”
ကြယ်ခုနစ်လုံး၏နက်နဲခြင်းအရာသည်အဘယ်နည်း။ ထိုအရာ သည် ဘုရားသခင်သည် သူ၏အစေခံများဖြင့် ကျွန်ုပ်တို့အား သူ့လူများ အဖြစ်သို့ရောက်စေကာ သူ၏နိုင်ငံတော်ကို တည်ထောင်မည့်အကြောင်း ဖြစ်ပါသည်။ ရွှေမီးခွက်သည်ဘုရားသခင်၏လူသားအမျိုးနွယ်တို့ကိုပေး ထားသည့်ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို ယုံကြည်သောသန့်ရှင်းသူ များအားဖြင့် တည်ဆောက်ထားသည့် ဘုရားသခင်၏ အသင်းတော်၏ သင်္ကေတဖြစ်ပါသည်။ 
ဘုရားသခင်သည် သူ၏အစေခံနှင့်သူ၏အသင်းတော်အားဖြင့် ယုံ ကြည်သူများအား သူ၏ရည်ရွယ်ချက်နှင့် ကမ္ဘာကြီး၌ အနာဂတ်တွင် ဖြစ်လာမည့်အရာများကို ဖေါ်ပြခဲ့ပါသည်။ ယောဟန်အားဖေါ်ပြကာ ရေး မှတ်ထားစေသည့်ဗျာဒိတ်တော်စကားအားဖြင့် ကျွန်ုပ်တို့သည်လည်း သူ၏ အလုပ်များကို မကြာမှီတွင် မျက်မြင်တွေ့ရမည်ဖြစ်ပါသည်။ ဤကမ္ဘာ ကြီး၌ ဖြစ်ပေါ်လာမည့်အရာများကို ဖေါ်ပြခဲ့သည့် သူ၏ဖေါ်ပြချက်များ အတွက် ကျွန်ုပ်သည် ဘုရားသခင်အား ကျေးဇူးတင်ချီးမွမ်းမိပါသည်။