Search

တရားဟောချက်များ

ဘာသာရပ် ၁၀ - ဗျာဒိတ်ကျမ်း (ဗျာဒိတ်ကျမ်းအနက်ဖွင့်ကျမ်းများ)

[အခန် 1-2] ကျွန်ုပ်တို့သည် ခေတ်ကြီးခုနစ်ခုကို သိထားရပေမည်။

( ဗျာဒိတ်ကျမ်း ၁း၁-၂၀ ) 
 
ဤမှောင်မိုက်သောခေတ်၌ ကျွန်ုပ်တို့အား မျှော်လင့်ခြင်းပေးခဲ့ သည့် သခင်ဘုရားကိုကျွန်ုပ်ကျေးဇူးတင်ပါသည်။ ကျွန်ုပ်တို့၏မျှော်လင့် ခြင်းမှာအရာအားလုံးသည် ဗျာဒိတ်ကျမ်း၌ ရေးထားသည့် အတိုင်းပင် ဖြစ်လာမည်။ ထို့အပြင်ဗျာဒိတ်တော်ရှိသမျှတို့သည် ပြည့်စုံလိမ့်မည်ဟုပင် ဖြစ်သည်။ 
ဗျာဒိတ်ကျမ်းနှင့် ပတ်သတ်၍များစွာသော သူတို့ကရေးသားခဲ့ပြီး ဖြစ်ပါသည်။ ကျမ်းတတ်ပုဂ္ဂိုလ်များ၏ သီအိုရီများနှင့် ဘာသာပြန်ချက်များ စွာရှိသည့်ကြားမှပင် ကျမ်းစာအတိုင်း ချဉ်းကပ်သည့်နည်းဖြင့် ရေးသား ထားသည်များကိုတွေ့ရှိရန် ခက်ခဲနေပါသေးသည်။ ဘုရားသခင်၏ ကျေးဇူး တော်သက်သက်အားဖြင့်သာကျွန်ုပ်သည် ဗျာဒိတ်ကျမ်းစကားကို ရှိသမျှတို့ အားလေ့လာကာ နာရီပေါင်းမရေတွက်နိုင်အောင် ရှာဖွေလေ့လာပြီးနောက် ဤစာအုပ်ကို ရေးသားနိုင်ခြင်းဖြစ်ပါသည်။ ယခုကျွန်ုပ်ပြောနေချိန်၌ပင် ကျွန်ုပ်၏နှလုံးသား၌ ဗျာဒိတ်ကျမ်းသမ္ဘာတရားများဖြင့် ပြည့်နှက်လျှက်ရှိပါ သည်။ ဤစာအုပ်အတွက် ကျွန်ုပ်၏ရှင်းလင်းချက်နှင့် တရားဟောချက် များကို ပြင်ဆင်ချိန်၌ပင် သန့်ရှင်းသောဝိညာဉ်တော်သည်လည်း ကျွန်ုပ်ကို ပြည့်နှက်စေပါသည်။ 
ကျွန်ုပ်၏ စိတ်နှလုံး၌လည်း ကောင်းကင်နိုင်ငံနှင့် အနှစ်တစ် ထောင်နိုင်ငံ၌ ဘုန်တော်ထင်ရှားခြင်းများဖြင့်ကြွယ်ဝစွာရှိနေသည်မှာ အံ့ သြစရာသိပ် မရှိလှပေ။ယခုပင်ကျွန်ုပ်သည် သန့်ရှင်းသူတို့၏ မာတုရ- (အာ ဇာနည်အဖြစ်သေခြင်းသည်) သခင်ဘုရား၏ ဘုန်းတော်ထင်ရှားဖို့ရန်ဖြစ် ကြောင်း ကျွန်ုပ်နားလည်လာခဲ့ပါသည်။ ယခုပင် ဘုရားသခင်သည် ကျွန်ုပ် တို့အား ဖေါ်ပြထားသည့် ပညာစကားလုံးများကို သင့်တို့အားဝေငှကာ ထိုအရာကို နားလည်စေ ရန် ကူညီဖို့အဆင်သင့်ဖြစ်နေပါသည်။
ကျွန်ုပ်၏ဗျာဒိတ်ကျမ်းအပေါ်မူတည်၍ ရေးသားသကဲ့သို့ ဘုရား သခင်၏ဘုန်းတော်သည် ကျွန်ုပ်၏နှလုံးသား၌ ထာဝရပြည့်ဝနေပါသည်။ အပွင့်လင်းဆုံးဆိုသော် ကျွန်ုပ်သည် ဗျာဒိတ်ကျမ်းစကားများကို မည်မျှပင် မြင့် မြတ်လှကြောင်း နားလည်သဘောပေါက်ခြင်းမရှိခဲ့ပေ။ 
ဘုရားသခင်သည် ယောဟန်အား ယေရှုခရစ်၏ဗျာဒိတ်တော်ကို ဖေါ်ပြခဲ့ပါသည်။ အဖွင့်စကားဖြစ်သည့် ယေရှုခရစ်၏ “ဗျာဒိတ်တော်” ဆို သည်မှာမည်သည်ကိုဆိုလိုပါသနည်း။ အဘိဓာန်၌ “ဗျာဒိတ်တော်”ဆိုသည့် စကားလုံးသည် ``အများသိရန်ဖေါ်ထုတ်ခြင်း (သို့) ဘုရားသခင်နှင့်ဆိုင် သောသမ္မာတရားများကို ဆက်သွယ်ပေးခြင်းကိုဆိုလိုကြောင်း ဖေါ်ပြထား သည်။ ထိုသို့ဆိုသော်ယေရှုခရစ်၏ဗျာဒိတ်တော်ဆိုသည်မှာအနာဂတ်တွင် ယေရျှု ခရစ်၌မည်သည့်အရာများဖြစ်လာမည်ကို ဖေါ်ပြနေခြင်းဖြစ်ပါ သည်။ ဘုရားသခင်သည် ယေရှုခရစ်၏အစေခံကျွန်ယောဟန်အား နောက် ဆုံးသောကာလ၌ ဖြစ်ပျက်မည့်အရာအားလုံးတို့ကို သီးသန့်ခြားနားစွာ ဖေါ် ပြထားခဲ့ပါသည်။ 
ကျွန်ုပ်တို့ ဗျာဒိတ်ကျမ်းစကားလုံးများအား နက်နဲစွာမလေ့လာမှီ တွင်ကျွန်ုပ်တို့သေချာစွာသိထားမည့် အရာတစ်ခုရှိပါသည်။ ရေးသားဖေါ်ပြ ထားသည့်ဗျာဒိတ်တော်စကားလုံးများသည် သင်္ကေတလက္ခဏာကို ဖေါ်ပြ ခြင်းလော(သို့)အမှန်တကယ်ဖြစ်သည့်အချက်ကို ဖေါ်ပြခြင်းလောဆို သည် ကို သိရှိအောင်လုပ်ပေမည်။ ဗျာဒိတ်ကျမ်း၌ ရေးသားထား ဖေါ်ပြထား သည့်အရာရှိသမျှတို့သည် အမှန်တကယ်ဖြစ်သည့် အချက်အလက်တို့ဖြစ် ပြီး ဘုရားသခင်သည် ယောဟန်မြင်သည့်ရူပါရုံအားဖြင့် ကျွန်ုပ်တို့အား ဤ ကမ္ဘာကြီးတွင်ဖြစ်လာမည့် အရာအားလုံးတို့ကို အသေးစိတ်ဖေါ်ပြထားပါ သည်။ 
များစွာသောကျမ်းတတ်ပုဂ္ဒိုလ်များက ဗျာဒိတ်ကျမ်းတွင် ဖေါ်ပြ ထားသည့်အရာများအပေါ်အမျိုးမျိုးသောဘုရားတရားပိုင်းဆိုင်ရာသီအိုရီ နှင့်ဘာသာပြန်ချက်များကိုဖေါ်ပြထားကြသည်မှာ အမှန်ပင်ဖြစ်သည်။ ဤ ကျမ်းတတ်ပုဂ္ဂိုလ်တို့သည် မိမိတို့၏အကောင်းဆုံး သောစွမ်းဆောင်မှုများ ဖြင့်ဗျာဒိတ်ကျမ်းသမ္မာတရားစကားများကိုဖေါ်ပြရန်ကြိုးစားကြ သည်မှာ လည်းမှန်ပေ၏။ သို့သော်ထိုကဲ့သို့သော ဖြစ်နိုင်ခြေကို မှန်းဆအဆိုပြု ခြင်းများသည် ကျမ်းစာ၏ဖေါ်ပြချက်များကို အတည်မပြုဘဲ ရှုတ်ထွေးခြင်း များကိုသာဖြစ်စေသောကြောင့် ခရစ်ယာန်လောကကို ပို၍ထိခိုက်စေပါ သည်။ ဥပမာအားဖြင့် ပြောင်းလဲမှုကို မလိုလားသော ကျမ်းတတ်ပုဂ္ဂိုလ် များစွာတို့သည် အနှစ်တစ်ထောင်နိုင်ငံရှိလာမည်မဟုတ်ဟုပြောသည် အ ရာကို ထောက်ခံအားပေးကြပါသည်။ သို့သော် ထိုကဲ့သို့သောအတွေးအမြင် များသည် သမ္မာတရားမှ ပို၍ ပင်ဝေးကွာလှပါသည်။ 
အနှစ်တစ်ထောင်နိုင်ငံတော်သည် ဗျာဒိတ်ကျမ်းအခန်းကြီး (၂၀) တွင်အမှန်တကယ်ဖြစ်ကြောင်းရေးသားထားကာ ထိုနေရာ၌ သန့်ရှင်းသူတို့ သည် ဤနိုင်ငံတော၌စိုးစံရသည် သာမကခရစ်တော်နှင့်အတူ အနှစ်တစ် ထောင်အတူတကွ နေထိုင်အသက်ရှင်ရမည်ဟုရေး သားထားပါသည်။ အခြားတစ်ဖက်၌ အခန်းကြီး (၂၁) တွင် အနှစ်တစ်ထောင်ကာလပြီးသည့် နောက်သန့်ရှင်းသူတို့သည် ကောင်းကင်သစ်နှင့်မြကြီးသစ်ကို အမွေခံရကာ ခရစ်တော်နှင့် အတူထာဝရစိုးစံရမည်ဟုဖေါ်ပြထားပါသည်။ ဤအရာအား လုံးတို့သည် အမှန်တကယ်ဖြစ် မည့်အရာများဖြစ်ပါသည်။ ဤသမ္မာတရား အလုံးစုံတို့သည် လက္ခဏာသက်သက်အဖြစ် ယုံကြည်သူတို့၏ နှလုံးသား သာ ပြည့်စုံသည့်အရာမဟုတ်ဘဲ သမိုင်းတွင်အမှန်တကယ်ပြည့် စုံသည့်အ ရာများဖြစ်သည်ဟု ကျမ်း စာက ကျွန်ုပ်တို့အား ပြောပြပါသည်။ 
သို့သော် ယနေ့ခရစ်ယာန်များကို ကျွန်ုပ်တို့ကြည့်ချိန်တွင် များစွာ သောခရစ်ယာန်တို့သည် အနှစ်တစ်ထောင်နိုင်ငံတော်အတွက် အနည်းငယ် သော မျှော်လင့်ခြင်းရှိသည်ကိုတွေ့မြင်ရပါသည်။ သူတို့၏ ငြင်းပယ်မှုသည် မှန်ကန်ခဲ့ပါက ယုံကြည်သူတို့အတွက် ဘုရားသခင်၏ကတိတော်စကား သည် အနှစ်မပါသော စကားများဖြစ်နေမည်မဟုတ်လော။ အကယ်၍ ယုံ ကြည်သူများအတွက် အနှစ်တစ်ထောင်နိုင်ငံတော်နှင့် ကောင်းကင်သစ်၊ မြေကြီးသစ်တို့စောင့် မျှော်နေခြင်းမရှိပါက ယေရှုအားမိမိ၏ကယ်တင်ပိုင် ရှင်အဖြစ်ယုံကြည်ပြီး ကယ်တင်ခြင်းရခဲ့သူများ၏ ယုံကြည်ခြင်းသည်အသုံး မဝင်သည့် အရာအဖြစ်သို့ ရောက်သွားပေမည်။ 
ဗျာဒိတ်ကျမ်း၌ပရောဖက်ပြုထားသည့်ခြောက်သုံးလုံး(၆၆၆)အ မှတ်တံဆိပ်နှင့် ပတ်သက်သော ရှင်းလင်းချက်မှတ်စုများတွင် များစွာသော ယနေ့ ဘာသာရေးပညာတတ်ကျွမ်းသည့်ပုဂ္ဒိုလ်နှင့် အမှုဆောင်တို့က ထို အရာသည် သင်္ကေတသက်သက်အတွက်သာ ဖြစ်ကြောင်းပြောကြပါသည်။ သို့သော် ဤပရောဖက်ပြုချက်ပြည့်စုံသည့်နေ့ရောက်သော အခါတွင်ထို မှားယွင်းသည့် ကြေငြာချက်ကို ယုံကြည်ကြသော ကံဆိုးသည့်ဝိညာဉ် တို့သည် သဲပေါ်၌ဆောက်သောအိမ်ကဲ့သို့ တစ်ကြိမ်တည်းဖြင့် နစ်သွားမည် ဖြစ်ပါသည်။ 
ယေရှုခရစ်တော်ကိုယုံကြည်သောသူတို့သည်သူတို့အတွက်ကျမ်း စာ၌ဖေါ်ပြထားသော သမ္မာတရားများကို ယုံကြည်ခြင်းမရှိပါက ဘုရားရှင် သည် မယုံကြည်သူများအားဆက်ဆံသကဲ့သို့ပင် ထိုသူများကို ဆက်ဆံခြင်း ခံရပေမည်ဖြစ်သည်။ ဤအရာအားဖြင့် ထိုသူများသည် ဘုရားသခင်ပေး ထားသည့်ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကိုမသိသည်သာမကသူတို့၏ စိတ်နှလုံး၌သန့်ရှင်းသောဝိညာဉ်တော်မကျိန်းဝပ်ကြောင်းကိုဆိုလိုပါသည်။ ထို့အတွက်ကြောင့်ပင် ဘုရားသခင်သည် ကျွန်ုပ်တို့အား ဂတိတော်ထားခဲ့ သည့် အနှစ်တစ်ထောင်နိုင်ငံတော်နှင့် ကောင်းကင်သစ်၊ မြေကြီးသစ်အ တွက် သူတို့၏စိတ်နှလုံးထဲ၌ မျှော်လင့်ထားခြင်း မရှိခြင်းဖြစ်သည်။ အ ကယ်၍ ထိုသူများ သည် ယေရျှုအားယုံကြည်ခဲ့ပါသည်ဟုဆိုလျှင်ပင် ရေးသားထားသော ဘုရား သခင်၏နှုတ်ကပတ်တော် သမ္မာတရားနှင့်အညီ မယုံကြည်ကြပေ။ ဗျာဒိတ်ကျမ်း၌ ရေးသားထားသော ဘုရားသခင်၏ နှုတ် ကပတ်တော်သည် ဤကမ္ဘာကြီး၌ လျှင်မြန်စွာဧကန်အမှန် ဖြစ်ပျက်လာ မည့်အရာများကို ကျွန်ုပ်တို့အား ဖေါ်ပြပါသည်။ 
ဗျာဒိတ်ကျမ်းအခန်းကြီး (၂နှင့်၃တွင်) အာရှိပြည်၌ျရှိသော အသင်းတော်ခုနစ်ပါးကို ဆုံးမပဲ့ပြင်သည့် စကားများမှတ်တမ်းတင်ထားပါ သည်။ ထိုအထဲတွင် အသင်းတော်ခုနုစ်ပါးအတွက် ဘုရားသခင်၏ချီးကျူး ခြင်းနှင့်အပြစ်တင်ခြင်းစကားနှစ်မျိုးလုံးပါဝင်ပေသည်။အထူးသဖြင့် ဘုရား သခင်သည် ဒုက္ခဆင်းရဲကိုခံပြီးသည့်တိုင်အောင် သစ္စာရှိသောသူများအား အသက်သရဖူကို ပေးမည်ဟု ကတိတော်ထားခဲ့ပါသည်။ ဤဆိုလိုချက်မှာ ယုံကြည်သူအားလုံးတို့၏နောက်ဆုံးသောကာလ၌မာတုရ (Martyrdom) ခံ ရမည်ကို သေချာပေါက် စောင့်စားနေသည်ဟုဖြစ်သည်။ 
ဗျာဒိတ်တော်စကားများသည် သန့်ရှင်းသူတို့၏ မာတုရခံရခြင်းအ ကြောင်းနှင့်သူတို့၏ရှင်ပြန်ထမြောက်ခြင်းအကြောင်း၊ ဘုရားသခင်သည်သူ တို့အတွက် ပြုထားသောအနှစ်တစ်ထောင်နိုင်ငံတော်၊ ကောင်းကင်သစ် နှင့်မြေကြီးသစ်အဓိပ္ပါယ်အကြောင်းတို့ကိုပြောထားပါသည်။ ဗျာဒိတ်စကား များတော်သည် မိမိတို့၏မာတုရခံရခြင်းကို သေချာသောယုံကြည် သူများ အတွက် ကြီးမားသောနှစ်သိမ့်မှုနှင့် ကောင်းကြီးမင်္ဂလာဖြစ်စေ၏။ သို့သော် ထိုအရာ၌မယုံကြည်သောသူများအတွက်အနည်းငယ်သော ပေးကမ်းစရာရှိ ပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ဗျာဒိတ်ကျမ်း၌ ရေးထားသော ဂတိ တော်စကားများကိုမယိုင်လဲသောယုံကြည်ခြင်းအားဖြင့်တည်လျှက်နောက် ဆုံးသောကာလကြီး၌ ထိုသစ္စာတရားစကားတော်ပေါ်၌ခိုင်မြဲစွာရပ်တည် နိုင်ပေမည်။ 
ဗျာဒိတ်ကျမ်း၏ အလွန်အဓိကအကျဆုံးသော အကြောင်းအရာ များမှာ မာတုရခံခြင်း၊ သန့်ရှင်းသူတို့၏ ရှင်ပြန်ထမြောက်ခြင်းနှင့် ချီဆောင် ခြင်း၊ အနှစ်တစ်ထောင်နိုင်ငံတော်၊ ကောင်းကင်သစ်နှင့်မြေကြီးသစ်တို့၏ အကြောင်းဖြစ်သည်။ ထို့ကြောင့် ကနဦးအသင်းတော်အပေါ်၌ ထားရှိသော ဘုရားသခင်၏အလိုတော်နှင့် ရည်ရွယ်ချက်မှာ သန့်ရှင်းသူတို့အား သူတို့ ၏နောက်ဆုံးချိန်အထိတိုင် မာတုရခံရခြင်းဖြင့် သူတို့ယုံကြည်ခြင်းများကို ခုခံရန်ဖြစ်ပါသည်။ထိုသို့ဖြစ်ရခြင်းအကြောင်းမှာဘုရားသခင်သည်သန့်ရှင်း သူအားလုံးတို့အားမာတုရခံခြင်းအကြောင်းပြောကြားကာ ထိုအရာအားလုံး ကိုစီမံခဲ့သောကြောင့်ဖြစ်ပါသည်။အခြားသောစကားလုံးဖြင့်ဆိုသော် ဘုရား သခင်သည် သန့်ရှင်းသူအားလုံးတို့သည် နောက်ဆုံးသော ကာလ၌ သူတို့ ၏မာတုရခံခြင်းဖြင့်အန္တိခရစ်ကို အောင်နိုင်လိမ့်မည်ဟု ဖေါ်ပြခြင်းကဲ့သို့ ဖြစ်ပါသည်။ 
ဗျာဒိတ်ကျမ်းတစ်အုပ်လုံး၌အခန်းကြီး(၁မှ၆ အထိ) သည် ပြည့်ဝ စွာနားလည်စေရန်အတွက် အလွန်ခက်ခဲဆုံးသော အပိုင်းဖြစ်ပါသည်။ အ ခန်းကြီး (၂) နှင့် (၃) ၌ ကနဦးအသင်းတော်တွင်ရှိသော သန့်ရှင်းသူများ၏ မာတုရခံရခြင်းအကြောင်းပြောစဉ်တွင် အခန်းကြီး (၁) တွင် နိဒါန်းအဖြစ် ဖေါ်ပြနိုင်ပါသည်။ အခန်းကြီး (၄)၌ ခရစ်တော်သည် ဘုရားသခင်၏ ပလင် တော်ပေါ်တွင် ထိုင်ခြင်းအကြောင်း ကျွန်ုပ်တို့အားပြေပါသည်။ အခန်းကြီး (၅) ၌ ယေရှုခရစ်သည် ခမည်းတော်စီမံထားသော စာစောင်ကို ဖွင့်ခြင်းနှင့် ထိုအရာများပြည့်စုံခြင်းနှင့်အခန်းကြီး(၆)တွင် လူသားတို့အတွက် ဘုရား သခင်ထားရှိသော တံဆိပ်နှစ်ချက်အကြောင်း ဆွေးနွေးခြင်းများဖြစ် သည်။ အခန်းကြီး(၆)ကို နားလည်ခြင်းသည် အထူးသဖြင့် သင့်အတွက် အရေး ပါပါသည်။ အဘယ့်ကြောင့်ဆိုသော် ထိုအရာသည် ဗျာဒိတ်ကျမ်း တစ်ခု လုံးကို နားလည်စေရန်တံခါးပေါက်ဖြစ်သောကြောင့်ဖြစ်သည်။ 
အခန်းကြီး (၆) သည် ယေရှုခရစ်၌ ဘုရားသခင်သည်လူသားအား လုံးအတွက် စီမံထားသည့် တံဆိပ်ခုနစ်ချက်အတွက် ပုံစံအဖြစ်ဖေါ်ပြနိုင် ပါသည်။ ဤဘုရားသခင်ဖေါ်ပြထားသောပုံစံတွင် လူမျိုးနွယ်တစ်ခုလုံး၌ ဘုရားသခင်သယ်ဆောင်လာမည့် တံဆိပ်ခုနစ်ချက်အတွက် ဘုရားရှင်၏ စီမံချက်ကို တွေ့နိုင်ပါသည်။ တံဆိပ်ခုနစ်ချက်သည် မည်သည့်အရာများ ဖြစ်ကြောင်း ကျွန်ုပ်တို့သိနားလည်လာသောအချိန်တွင် ကျွန်ုပ်တို့သည် ဤ တံဆိပ်ကြီးခုနစ်ချက်အတွင်း အသက်ရှင်နေကြသည်ကို နားလည်နိုင်လာ ကြပေမည်။ထို့အပြင် ကျွန်ုပ်တို့သည်မြင်းမွဲရှင်အန္တိခရစ်၏ ခေတ်ကိုမည်သို့ သောယုံကြည်ခြင်းဖြင့် ကြိုးစားဆန့်ကျင်ကာ အောင်မြင်ကျော်လွှားရမည် ကိုလည်း သိရှိနားလည်နိုင် လာမည်ဖြစ်သည်။ 
ဗျာဒိတ်ကျမ်း (၆)၌ ဖေါ်ပြထားသကဲ့သို့ ပထမတံဆိပ်ကို ဖွင့် သောအခါတွင်မြင်းဖြူတစ်စီးထွက်ပေါ်လာခဲ့ပါသည်။ ထိုမြင်းစီးသောသူ သည် လေးကိုကိုင်၏။ သူ၌သရဖူကို ပေးတော်မူ၏။ အောင်မြင်လျှက်၄င်း၊ အောင်မြင်ခြင်းငှါ၄င်း ထွက်သွား၏။ ဤနေရာတွင် မြင်းဖြူစီးသူမှာ ယေရှု ခရစ် တော်ဖြစ်ကြောင်းရည်ညွှန်းကာ သူ၏လေးကိုင်ထားသည့် အချက်မှာ သူသည်စာတန်အားဆက်လက်ဆန့်ကျင်တိုက်ခိုက်ကာ အောင်မြင်မည်ဆို သည့်အချက်ကိုဆိုလိုပါသည်။မြင်းဖြူရှင်ခေတ်သည်ဘုရားသခင်ဤ လော က၌ခွင့်ပြုထားသည့်ရေနှင့်ဝိညာဉ်တော်သတင်းကောင်း၏အောင်မြင်ခြင်း ခေတ်ဖြစ် ကြောင်းရည်ညွှန်းကာ ထိုခေတ်ကြီးသည် ဘုရားသခင်၏ရည် ရွယ်ချက်အားလုံးပြည့်စုံသည့် အချိန်တိုင်အောင်ဆက်လက်ရှိနေမည်ကို သိ ထားရပေမည်။ 
ဒုတိယခေတ်သည် မြင်းနီခေတ်ဖြစ်သည်။ ဤအရာသည် စာတန် ၏ခေတ်ကို ဆိုလိုပြီးထိုခေတ်၌စာတန်သည် လူတို့၏စိတ်နှလုံးကို လိမ်ညာ ကာ စစ်ပွဲများဖြစ်စေပြီး၊ ငြိမ်ဝပ်ခြင်းကို မြေကြီးသည် ရိတ်သိမ်းခြင်းငှါ၎င်း၊ သန့်ရှင်းသူတို့အား ညှင်းပန်းနှိပ်စက်ခြင်းကို၎င်းပြုပေမည်။ 
မြင်းနီခေတ်ပြီးသောအခါ မြင်းနက်ခေတ်ရောက်လာပေသည်။ ထိုအချိန်၌လူတို့၏စိတ်နှင့်ဝိညာဉ်နှစ်ခုလုံးသည်အစာခေါင်းပါးခြင်း ရောက် လာမည်။သင်နှင့်ကျွန်ုသည် ယခုအချိန်၌် ဝိညာဉ်နှင့်ခန္ဓာပိုင်းအစာရေစာ ခေါင်းပါးခြင်းခေတ်၌အသက်ရှင်နေကြပါသည်။အနာဂတ်တွင်မြင်းမွဲခေတ်၊ နောက် ဆက်တွဲလာသောအချိန်တွင်အန္တိခရစ်ထွက်ပေါ်လာကာ၊ သူ၏ပေါ် ထွက်လာ ခြင်းနှင့်အတူ ဤကမ္ဘာကြီးသည် ကြီးကျယ်သောဘေးအန္တရာယ် အပျက်အဆီး များကြား၌ကျရှုံးသွားပေမည်။ 
မြင်းမွဲခေတ်သည် စတုတ္ထခေတ်ဖြစ်သည်။ ဤခေတ်ကြီး၌ ကမ္ဘာ ကြီးသည်တံပိုးခုနစ်လုံး၏ကပ်ဆိုဒ်ခြင်းကို    ကြုံတွေ့ရပေမည်။ သစ် တော၏ သုံးစုတစ်စုသည် လောင်ကျွမ်းခြင်းသို့ ရောက်လိမ့်မည်။ ပင် လယ်ပြင်၏ ရေသုံးစုတစ်စုသည် သွေးဖြစ်ကာ သန့်ရှင်းသောရေ သုံးစု တစ်စုသည်လည်း သွေးအဖြစ်သို့ရောက်လိမ့်မည်ဖြစ်ကာ သုံးစုတစ်စုမျှထိ ခိုက်မှုခံပြီးသော နေနှင့်လသည်လည်း အမှောင်အတိအဖြစ်သို့ ရောက်ပေ လိမ့်မည်။ 
ပဉ္စမခေတ်သည်သန့်ရှင်းသူတို့၏ ပြန်လည်ရှင်ပြန်ထမြောက်ခြင်း နှင့် ချီဆောင်ခြင်းခေတ်ဖြစ်ပါသည်။ ဗျာဒိတ်ကျမ်း (၆း၉-၁၀) တွင်ရေးထား သကဲ့သို့ ``ပဉ္စမတံဆိပ်ကို ဖွင့်သောအခါ ဘုရားသခင်၏ နှုတ်ကပတ်တော် ကြောင့်၎င်း၊ မိမိတို့သက်သေခံချက်ကြောင့်၎င်း၊ အသေသတ်ခြင်းကိုခံရ သော သူတို့၏ဝိညာဉ်များကိုယဇ် ပလ္လင်အောက်၌ ငါမြင်၏။ သူတို့က လည်းသန့်ရှင်းဟုတ်မှန်၍ အစိုးပိုင်တော်မူသောအရှင် မြေပေါ်မှာနေသော သူတို့သည် ငါတို့အသွေးကို သွန်းကြသောအပြစ်နှင့် အလျောက်ဒဏ်မပေး ဘဲ အဘယ်မျှလောက်ကာလပတ်လုံးနေတော်မူမည်နည်းဟု ကြီးသောအ သံနှင့်ကြွေးကြော်ကြ၏။`` 
ဗျာဒိတ်ကျမ်း (၆း၁၂-၁၇) အရ “ဆဌမတံဆိပ်ကို ဖွင့်သောအခါ ငါကြည့်လျှင်၊ကြီးစွာသောမြေလှုပ်ခြင်းဖြစ်၏။ နေသည် အမွှေးဖြင့်ရက် သောအဝတ်ကြမ်းကဲ့သို့မည်း၏။လသည် အသွေးကဲ့သို့ဖြစ်၏။ သင်္ဘောသ ဖန်းပင်ကို ပြင်းစွာသောလေတိုက်လျှင်၊ အချိန်မတန်သော အသီးကြွေသ ကဲ့သို့ ကောင်းကင်ကြယ်တို့သည် မြေပေါ်သို့ကျ၏။ မိုဃ်းကောင်း ကင် သည်စာစောင် လိပ်ကဲ့သို့လွင့်သွား၏။ တောင်များ၊ ကျွန်းများအပေါင်းတို့ သည် မိမိတို့ နေရာအရပ်မှရွေ့ကြ၏။ လောကီဘုရင်၊ မူးမတ်၊ စစ်သူကြီး၊ သူဌေး၊ သူကြွယ်၊ ခွန်အားကြီးသောသူမှစ၍၊ ကျွန်များ၊ လူလွတ်များအ ပေါင်းတို့သည် မြေတွင်း၌၎င်း၊ တောင်ပေါ်မှာရှိသော ကျောက်များ၌၄င်း၊ ပုန်းရှောင်လျက်နေ၍၊ ထိုတောင်များ၊ ကျောက်များတို့ကိုခေါ်လျက်၊ ငါတို့ အပေါ်သို့ကျကြပါ။ ပလ္လင်ပေါ်မှာ ထိုင်တော်မူသောသူ၏ မျက်နှာနှင့် သိုး သူငယ်၏အမျက်တော်ကိုကွယ်ကာ၍ ငါတို့ကိုဖုံးအုပ်ကြပါ။ အမျက်တော် ထင်ရှားသောနေ့ကြီးရောက်ပါပြီတကား။ အဘယ်သူသည် ခံရပ်နိုင်မည် နည်းဟုပြောဆိုကြ၏။``
ထိုသို့ဆိုသော် ဘုရားသခင်ကျွန်ုပ်တိုု့အတွက် ပြင်ဆင်ထား သော သတ္တမခေတ်၌ မည်သည့်အရာများဖြစ်လာမည်နည်း။ ဤခေတ်ကြီး ၌ ဘုရားသခင်သည်သန့်ရှင်းသူတို့အား သူ၏အနှစ်တစ်ထောင်နိုင်ငံတော်၊ ကောင်းကင်သစ်နှင့်မြေကြီးသစ်ကိုပေးလေသည်။ 
ထိုသို့ဆိုသော် ယခုကျွန်ုပ်တို့သည် ဤခေတ်ကြီးခုနစ်ခေတ်တွင်း ၌ အသက်ရှင်နေထိုင်နေပါသလား။ ကမ္ဘာကြီးသည် များစွာသောစစ်ပွဲများ ဖြင့် ပျက်စီးခြင်းခံရသောမြင်းနီခေတ်ကို ကျော်လွန်ပြီးသောအခါ ကျွန်ုပ်တို့ သည် မြင်းနက်ခေတ်၌ အသက်ရှင်နေထိုင်ကြပါသည်။ 
ဗျာဒိတ်ကျမ်းရှိ စကားလုံးအားလုံးတိုု့့သည် ယုံကြည်သူများအ တွက် ငြင်းဆိုသောသဘောတရားအားဖြင့် မဟုတ်ဘဲ အပြုသဘောအဖြစ် သာ ရေးသားထားပါသည်။ ဘုရားသခင်က သူသည် ယုံကြည်သူများ၏ နောက်ဆုံးသောကာလ၌ သူ၏အနှစ်တစ်ထောင်နိုင်ငံ အတွက်သာမျှော် လင့်ချက် ပေးခြင်းမဟုတ်ဘဲထိုသူတို့အား ဤကမ္ဘာကြီးအတွင်း၌ မိဘမဲ့ကဲ့ သို့ မစွန့် ပစ်ဟု မိန့်တော်မူခဲ့သည်။ 
ဗျာဒိတ်ကျမ်း၌ ဖေါ်ပြထားသောသမ္မာတရားများကို သဘော ပေါက်နားလည် စေရန်အတွက် ကျွန်ုပ်တို့အနေဖြင့် ပထမဦးစွာ ဘေးဒါဏ် ကြီးကာ လမတိုင်မှီ ချီဆောင်ခြင်း သီအိုရီ (Pre-tribulation rapture) amillenialism နှင့် ဘေးဒါဏ်ကြီးကာလပြီး ချီဆောင်ခြင်း (Post-tribulation rapture)စသည့် မှားယွင်းသောသင်ကြားခြင်းများကို ဆွေး နွေးကာ သမ္မာကျမ်းစာသို့ လှည့်ပြန် လာသင့်ပါသည်။ 
ဘုရားသခင်သည် ယေရှုခရစ်တော်၌ ကျွန်ုပ်တို့အတွက်ခေတ် ကြီးခုနစ်ခုကိုထားပေးခဲ့ပါသည်။ ဤခေတ်ကြီးခုနစ်ခုသည် ယေရှုခရစ်၌ ရှိသောသန့်ရှင်းသူများအတွက် ဘုရားသခင်သည် သူ၏ဖန်ဆင်းခြင်းအစ အဦးကတည်းမှပင် စီမံခဲ့ပြီးသောအရာဖြစ်ပါသည်။ သို့ဖြစ်သည့်တိုင် ဘု ရားသခင်ထားရှိသော ဤခေတ်ကြီးခုနစ်ခုအား များစွာသောကျမ်းတတ် ပုဂ္ဂိုလ်တို့သည် မသိနားမလည်ခဲ့ဘဲ သူတို့၏ဘာသာပြန်ခြင်းနှင့် ဗျာဒိတ် ကျမ်းစကားလုံးများ၌ မတွေ့ရသော ဖြစ်နိုင်ခြေဟုမှန်းဆချက်များကို ဖေါ် ပြသောကြောင့် လူတို့သည် ပို၍ပင်ရှုပ်ထွေးမှုကို တွေ့ကြပါသည်။ သို့သော် ကျွန်ုပ်တို့သည် ဘုရားသခင်ထားရှိသည့်ခေတ်ကြီး ခုနစ်ခုကို အားလုံးသ ဘောပေါက်နားလည် သင့်ပြီး ဤသမ္မာတရား၌ ဉာဏ်ပညာနှင့် ယုံကြည် ခြင်းဖြင့် သူသည် ကျွန်ုပ်တို့အပေါ် ပြုခဲ့သောအရာများအတွက် ကျေးဇူးချီး မွမ်းကာ ဘုန်းတော်ထင်ရှားစေသင့်ပါသည်။ သန့်ရှင်းသူအားလုံးတို့အတွက် ဘုရားသခင်ထားရှိသောစီမံချက် အားလုံးတို့သည် ဤခေတ်ကြီးခုနစ်ခုအ တွင်းပြည့်စုံပါသည်။ 
ကျွန်ုပ်တို့၏ဤမျှထိသော ဆွေးနွေးမှုသည် သင့်အား ဗျာဒိတ် ကျမ်း တွက်နိဒါန်း ပိုင်းကျမ်းပိုဒ်များကို နားလည်စေရန် အခြေခံအချို့ပေးခဲ့ သည်ဟု ကျွန်ုပ်မျှော်လင့်ပါသည်။ ဗျာဒိတ်ကျမ်းအားဖြင့် ဘုရားသခင်၏ဖန် ဆင်းခြင်းသည် ရေနှင်ဝိညာဉ်တော်သတင်းကောင်းနှင့်အတူ ဘုရားသခင် ယေရှုခရစ်၌ ထားရှိသောခေတ်ကြီးခုနစ်ခု၏ အစအမှတ်အသားကို တွေ့ ရပါသည်။ ဤခေတ်ကြီးခုနစ်ခုအား သိလာခြင်းအားဖြင့် ကျွန်ုပ်တို့၏ ယုံ ကြည်ခြင်းသည်ပို၍ပင်ခိုင်မာလာမည်ဖြစ်ပါသည်။ ထိုအရာများကို သိထား ခြင်းအားဖြင့် မြင်းနက်ခေတ်တွင် အသက်ရှင်နေထိုင်ကြရင်း၊ မည်သို့သော ဒုက္ခဆင်းရဲများကျွန်ုပ်တို့အတွက်စောင့်မျှော်နေကြောင်းကို သဘောပေါက် နား လည်လာကာ ဤနားလည်သဘောပေါက်ခြင်းဖြင့် ကျွန်ုပ်တို့သည် ယုံ ကြည်ခြင်းဖြင့် အသက်ရှင်နိုင်မည်ဖြစ်ပါသည်။ 
သင်နှင့် ကျွန်ုပ်ပါဝင်သည့် ယုံကြည်သူများသည် ဘုရားသခင်စီမံ ထားခဲ့သည့်ခေတ်ကြီးခုနစ်ခုတွင် ပါဝင်သော မြင်းမွဲခေတ်ရောက်ချိန်တွင် မာတုရ (Martyred) ခံရမည့်သူများဖြစ်ပါသည်။ ယုံကြည်သူများသည် ဤအရာကိုနားလည်သဘောပေါက်ချိန်၌သူတို့၏နှလုံးသားများသည် မျှော် လင့်ခြင်းနှင့် ပြည့်ကာသူတို့၏ယခင်ကမမြင်နိုင်ခဲ့သောအရာများကိုတွေ့ မြင် ကြရမည်ဖြစ်ပါသည်။ ဘုရားသခင်၏ သန့်ရှင်းသူနှင့် အစေခံတို့သည် ရောက်အံ့ဆဲဆဲဖြစ်သော မာတုရခေတ်ကြီးကို သဘောပေါက်နားလည်လာ သောအခါ သူတို့၏အသက်တာများသည် အကျိုးအပဲ့အပျက်အစီးအားလုံး ရှင်းလင်းလာပေမည်။ ထိုအရာကိုသူတို့ သဘောပေါက်နားလည်လာသည့် နှင့်တစ်ပြိုင်နက်သူတို့သည် မြင်းမွဲခေတ်၌ မာတုရခံရန်ထားရှိသောသူ များဖြစ်လာပြီး သူတို့၏နှလုံးသားများသည် ထိုအရာအားအချိန်ပိုင်းနှင့် သဘောပေါက်နားမလည် သည့်တိုင် ပြင်ဆင်ပြီးဖြစ်နေပေမည်။ 
ကျွန်ုပ်တို့အားလုံးသည်လည်း ကနဦးအသင်းတော်၏ သန့်ရှင်း သူတို့ မာတုရခံခဲ့ရသကဲ့သို့ပင် မာတုရခံရကြမည်ဖြစ်ပါသည်။ မြင်းမွဲ ခေတ်ရောက် လာချိန်တွင်စစ်မှန်သော ယုံကြည်သူများအတွက် မာတုရ ခံခြင်းသည် မလွှဲမရှောင်သာသော အမှန်တကယ်ဖြစ်လာမည့် အရာဖြစ်ပြီး သူတို့၏ မာတုရခံခြင်းပြီးသည်နှင့် တစ်ပြိုင်နက်ရှင်ပြန်ထမြောက်ခြင်း ဖြစ်မည်ကို သင်သဘော ပေါက်နားလည် ထားသင့်ပေသည်။ 
မာတုရခံပြီးသောနောက်ပိုင်းတွင်ရှင်ပြန်ထမြောက်ခြင်း၊ချီဆောင် ခြင်းနှင့်အတူ ကျွန်ုပ်တို့၏သခင်နှင့် ကောင်းကင်တွင် တွေ့ဆုံခြင်းရောက် လာပေမည်ဖြစ်သည်။သန့်ရှင်းသူတို့၏မာတုရခံပြီးနေက်တွင် ကျွန်ုပ်တို့၏ သခင်သည် သန့်ရှင်းသူတို့အား သေခြင်းမှထမြောက်စေကာ ချီဆောင်ခြင်း ဖြင့် ကောင်းကင်၌ သိုးသူငယ်၏မင်္ဂလာဆောင်ပွဲသို့ ခေါ်ဆောင်ပေလိမ့် မည်။ 
သန့်ရှင်းသူတို့၏ ချီဆောင်ခြင်းကာလရောက်ခြင်းအားဖြင့် ကမ္ဘာ မြေကြီးသည်ပျက်စီးခြင်းသို့ရောက်ကာ နေထိုင်ရန်ပင်မသင့်လျော်သော အ ခြေ အနေသို့ရောက်ပေလိမ့်မည်။ သုံးစုတစ်စုမျှသော သစ်တောတို့သည် သွေးအဖြစ်သို့ ပြောင်းလဲသွားပေမည်။ ထိုကဲ့သို့သော ကမ္ဘာ၌ သင်ဆက် လက်နေထိုင် လိုသောဆန္ဒရှိပါမည်နည်း။ ကမ္ဘာကြီးအတွက် မည်သို့သော မျှော်လင့်ခြင်းမျိုးမှ ကျန်ခဲ့တော့မည်မဟုတ်သောကြောင့် သန့်ရှင်းသူတို့ သည် မာတုရတွင် ပါဝင် ရန် ပို၍အကြောင်းပါလာခဲ့ပါသည်။ 
ကျမ်းစာက ကျွန်ုပ်တို့အား ရှင်းလင်းစွာပြောဆိုထားသည်မှာ ဘေးဒါဏ်ကြီးဒုက္ခခုနစ်နှစ်ကာလ၏ တစ်ဝက်သုံးနှစ်ခွဲအချိန်တွင် သန့်ရှင်း သူတို့သည် သူတို့၏ယုံကြည်ခြင်းနှင့်အတူ အန္တိခရစ်အား ဆန့်ကျင်ကြ ပေမည်။ထို့နောက်ဤအရာသည် သူတို့၏ရှင်ပြန်ထမြောက်ခြင်း၊ ချီဆောင် ခြင်းနှင့်အတူ ခရစ်တော်၏ဒုတိယအကြိမ်ပြန်လည်ကြွလာခြင်း တို့နောက် ဆက်တွဲဖြစ်ပေါ်လာပေမည်ဖြစ်ပါသည်။အခြားစကားလုံးဖြင့်ဆိုသော် ခရစ် တော်ပြန်လည်ကြွလာခြင်းနှင့် သန့်ရှင်းသူတို့၏ရှင်ပြန်ထမြောက်ခြင်းနှင့်ချီ ဆောင်ခြင်းသည် သူတို့၏မာတုရခံခြင်းအပြီး ဘေးဒါဏ်ကြီးကာလအတွင်း ဖြစ်ပွားမည်ဖြစ်ပါသည်။ ယခုချိန်သည် သင့်အတွက် ထိုအကြောင်းအရာ များအပေါ် အလွန်သတိရှိသော အတွေးမျိုးထားရမည်ဖြစ်ပါသည်။ 
ဘုရားသခင်စီမံထားသည်“မြင်းမွဲခေတ်မရောက်မှီကျွန်ုပ်တို့သည် မာတုရခံ ခြင်းမျိုးပြုနိုင်ပါမည်လော။ မလုပ်နိုင်ပါ။ သို့သော် ဘေးဒါဏ်ကြီး ကာလမတိုင်မှီ ချီဆောင်ခြင်းသီအိုရီ (Theory of pre-tribulation rapture) ကသင်ကြားပေးသည်မှာသန့်ရှင်းသူအားလုံးတို့သည် ဘေးဒါဏ် ကြီးကာလမတိုင်မှီ ဘုရားသခင်အားဖြင့် ချီဆောင်ခြင်းခံရမည်ဟုပင် သူတို့ သည် ခုနစ်နှစ်တာဘေးဒါဏ်ကြီးကာလကို ဖြတ်ကျော်သွားခြင်းမျိုးရှိမည်မ ဟုတ်ပေ။ ဤတွေးဆချက်က မာတုရမရှိဟု ပြောဆိုကာ မြင်းမွဲခေတ်သည် သန့်ရှင်းသူတို့ထံ ရောက်လာမည်ဟု ယုံကြည်ခြင်းမရှိပေ။ 
အကယ်၍ဤဘေးဒါဏ်ကြီးကာလ မတိုင်မှီ ချီဆောင်ခြင်း သီအို ရီ (Theory of pre-tribulation rapture) မှန်ကန်ခဲ့ပါက ဗျာဒိတ်ကျမ်း အခန်းကြီး (၁၃) တွင် ပြောဆိုထားသည့် သန့်ရှင်းသူတို့၏ မာတုရခံခြင်း သည် မည်သည်ကိုဆိုလိုပါသနည်း။ ဤနေရာတွင် သန့်ရှင်းသူတို့သည် မာတုရခံ မည်ကို ရှင်းလင်းစွာဖေါ်ပြထားပါသည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏ အသက်စာစောင်တွင် အမည်ရေးထားခြင်းခံရသူတို့သည် စာတန်ရှေ့၌ လက်နက် ချမည်မဟုတ်သောကြောင့်ပင်ဖြစ်ပါသည်။ 
ဘေးဒါဏ်ကြီးကာလပြီး ချီဆောင်ခြင်းသီအိုရီ (Theory of post-tribulation rapture) ကို သင်ပေးသောသူများသည်လည်း မြင်းမွဲခေတ်၊ မာတုရ၊ရှင်ပြန်ထမြောက်ခြင်းနှင့်သန့်ရှင်းသူတို့၏ချီဆောင်ခြင်းအကြောင်း ကို ကောင်း မွန်စွာနားလည်ထားခြင်းမရှိသူများဖြစ်သည်။
ဤခန့်မှန်းပြောဆိုချက်အရဆိုသော် သန့်ရှင်းသူတို့သည် ကပ် ကြီးခုနစ်ခု ဆိုက်ရောက်စေသော တံပိုးမှုတ်သံ၏နောက်ဆုံးအချိန်ထိ ဤ ကမ္ဘာကြီး၌ကျန်ရှိနေမည်ဟုဖြစ်သည်။သို့သော်ဗျာဒိတ်ကျမ်းတွင် ကျွန်ုပ်တို့ အားသေချာစွာပြောဆိုသည်မှာ သန့်ရှင်းသူတို့၏ ရှင်ပြန်ထမြောက်ခြင်းနှင့် ချီဆောင်ခြင်း မပြုမှီအချိန်တွင် ဖြစ်ပျက်မည်ဟုဖြစ်ပါသည်။ အခြားစကား လုံးဖြင့်ဆိုသော်ဘုရားသခင်၏ အမျက်တော်ခုနစ်ချက်မသွန်းလောင်းမှီအ ချိန်တွင်ဖြစ်ပါသည်။ ထို့ကြောင့်ပင် ဗျာဒိတ်ကျမ်းသည် ရေနှင့်ဝိညာဉ်တော် သတင်းကောင်းကို ယုံကြည်သူတို့အတွက်ကြီးမားသောနှစ်သိမ့်မှုနှင့် ကောင်း ကြီးမင်္ဂလာဖြစ် ပါသည်။ 
“Ammilianism”သည် လူတို့ထံ စိတ်ဓါတ်ကျခြင်းနှင့်ရှုပ်ထွေး ခြင်းကိုသာသယ်ဆောင်လာပြီးထိုအရာသည်သမ္မာတရားမဟုတ်ပေ။ကျွန်ုပ် တို့သခင်သည် သူ့တပည့်တော်များထံ ဂတိတော်ထားခဲ့သည်မှာ သန့်ရှင်း သူတို့သည်မြို့ငါးမြို့သို့မဟုတ်ဆယ်မြို့အား အုပ်စိုးနိုင်သော အခွင့်အာဏာ ချီမြင့်ခြင်းခံရမည်ဆိုသည့် အရာများသည် အနှစ်တစ်ထောင်နိုင်ငံတော် တွင် ဖြစ်ပျက်လာမည့် အရာများဖြစ်ပါသည်။ 
သင်သတိရသင့်သည်မှာ ထိုဘေးဒါဏ်ကြီးကာလမတိုင်မှီချီ ဆောင်ခြင်း (Theory of pre-tribulation rapture) ဘေးဒါဏ် ကြီးကာ လပြီး ချီဆောင်ခြင်း (post tribulation) နှင့် Ammilianism သီအိုရီများ သည် ယုံကြည်သူတို့ထံ မယုံကြည်ခြင်းနှင့်ရှုပ်ထွေးခြင်းများကိုသာသယ် ဆောင်လာသည့် အခြေအနေမဲ့ဖေါ်ပြချက်များဖြစ်ပါသည်။ 
ထိုသို့ဆိုသော် ဘုရားသခင်သည် ကျွန်ုပ်တို့အား အဘယ့်ကြောင့် ဗျာဒိတ်ကျမ်းကိုပေးထားခဲ့ပါသနည်း။ ဘုရားသခင်သည် ဗျာဒိတ်ကျမ်းအား ခေတ်ကြီးခုနှစ်ခုဖြင့် သူ၏စီမံချက်များကို ကျွန်ုပ်တို့အားပြရန်နှင့် ယေရှုခ ရစ်တော်၏တပည့်တော်များဖြစ်လာသည့်သူများအား ကောင်းကင်နှင့်ဆိုင် သော စစ်မှန်သည့် မျှော်လင့်ခြင်းပေးရန်ဖြစ်ပါသည်။ 
ယခုအချိန်ထိပင် အရာအားလုံးတို့သည် ဘုရားသခင်စီမံထား သည့်အတိုင်း ဖြစ်ပျက်နေပါသည်။ ကျွန်ုပ်တို့ယခုအသက်ရှင်နေထိုင်နေ သောခေတ်သည်မြင်းနက်ခေတ်ဖြစ်ပါသည်။အနာဂတ်တွင် ထိုမြင်းနက် ခေတ်သည် လျှင်မြန်စွာပြီးဆုံးကာ မြင်းမွဲခေတ်ရောက်ရှိလာမည်ဖြစ်ပါ သည်။ ထို့နောက် မြင်းမွဲခေတ်နှင့်အတူ သန့်ရှင်းသူတို့၏ မာတုရသည် အန္တိခရစ်ထွက်ပေါ်လာခြင်းနှင့်အတူ စတင်လာမည်ဖြစ်သည်။ ဤခေတ် သည် ကမ္ဘာတစ်ဝှမ်းလုံး အန္တိခရစ်၏သြဇာလွှမ်းမိုးမှုအောက်တွင် တစ်စု တည်းပူးပေါင်းခြင်းသို့ ရောက်မည်ဖြစ်သည်။ ယေရှုခရစ်၏ တပည့်တော် များသည် ယခုပင်ပြင် ဆင်ကာ လျှင်မြန်စွာ ရောက်လာမည့်မြင်းမွဲခေတ်ကို သူတို့၏ ယုံကြည်ခြင်းဖြင့် ရင်ဆိုင်ရန် အသင့်ရှိနေသင့်ပါသည်။