Search

တရားဟောချက်များ

ဘာသာရပ် ၁၀ - ဗျာဒိတ်ကျမ်း (ဗျာဒိတ်ကျမ်းအနက်ဖွင့်ကျမ်းများ)

[အခန် 2-2] မာတုရကို ပိုက်ထွေးနိုင်သော ယုံကြည်ခြင်း ( ဗျာဒိတ်ကျမ်း ၂း၁-၇ )

( ဗျာဒိတ်ကျမ်း ၂း၁-၇ ) 
 
မာတုရဆိုသည့်စကားလုံးသည် ကျွန်ုပ်တို့အားလုံးနီးပါးအတွက် ရင်းနှီးမှုမရှိသောစကားလုံးဖြစ်သည်။သို့သော်ခရစ်ယာန်ထုံးစံကို မသိသော သူများကြား၌ ကြီးပြင်းလာသူတို့အတွက် ပို၍ပင် စိမ်းနေသော စကား လုံးဖြစ် ပါသည်။ မာတုရ (Martyrdom) ဆိုသည့် စကားလုံးသည် ကျွန်ုပ်တို့၏နေ့စဉ်အသက်တာတွင် ကျွန်ုပ်တို့မကြာခဏတွေ့ဆုံနေရသည့် စကားလုံးမဟုတ်ပေ။ ကျွန်ုပ်တို့၏ အမှန်တကယ်ကြုံတွေ့လာရမည့် မာတု ရသည်တွေးကြည့်ရန်ပင် ခက်ခဲလှသောကြောင့် ထိုစကားလုံးမှ ကျွန်ုပ် တို့ကင်းကွာ လိုပါသည်။ သို့ဖြစ်သော် ဗျာဒိတ်ကျမ်း၏ အခန်းကြီး (၂) နှင့် (၃)တွင် ဤမာတုရအကြောင်းကို ဆွေးနွေးထားကာ ထိုစကားလုံးမှ ကျွန်ုပ် တို့၏နှလုံးသားတွင် မာတုရယုံကြည်ခြင်းမျိုး တည်ရှိနေစေရမည်ဖြစ် သည်။ ထိုယုံကြည်ခြင်းဖြင့် ကျွန်ုပ်တို့သည် မာတုရခံနိုင်မည်ဖြစ်သည်။ 
ရောမဧကရာဇ်ဘုရင်တို့သည် သူတို့လူများအား လုံးဝအုပ်ချုပ် နိုင်ကြသည့် အင်ပါယာကြီးတစ်ခုဖြစ်ပါသည်။ သူတို့၏ ပိုင်နက်အတွင်းအာ ဏာ အပြည့်အဝသုံးကာ သူတို့စိတ်ဆန္ဒရှိသည့် အရာမှန်သမျှတို့ကို ပြုလုပ် နိုင်ကြသည်။ ရောမအင်ပါယာကြီးသည် သူတို့၏အုပ်ချုပ်မှုအောက်၌ မရေ တွက်နိုင်လောက်အောင်များပြားသော နိုင်ငံများကို နှိပ်ကွပ်ကာ စစ်ပွဲများ အနိုင်ရပြီး ထိုနိုင်ငံများမှပေးသော လက်ဆောင်ပဏ္ဍာတို့ဖြင့် ချမ်းသာလာ ခဲ့ကြပါသည်။ စစ်ပွဲတစ်ခုမျှရှုံးနိမ့်ခြင်းမရှိပါဘဲ သေးငယ်လှသောနိုင်ငံသည် ကမ္ဘာ့အကြီးဆုံး အင်ပါယာအဖြစ်သို့ ရောက်ခဲ့ပါသည်။ ကောင်းကင်တစ်ခု သာလျှင် ဧကရာဇ်တို့၏ အာဏာအသုံးမပြုနိုင်သည့်နေရာ ဖြစ်လာခဲ့၏။ အသက်ရှင်သောဘုရား များအဖြစ် ကိုးကွယ်ခြင်းကို ခံလာရကြပါသည်။
ဧကရာဇ်တို့အနေဖြင့် မိမိတို့ရှုပ်တုများကိုပြုလုပ်ကာလူများ အား သူတို့ရှေ့တွင် ဦးချစေခြင်းမျိုးပြုသည်မှာ အဆန်းမဟုတ်တော့ပေ။ မိမိ ကိုယ်မိမိ ဘုရားအဖြစ်ကြေငြာပြော ဆိုကြသောဧကရာဇ်များကြောင့် ပျံ့နှံ့ နေသည့်ယေရှုခရစ်၌ရှိသောယုံကြည်သူတို့သည် ဘာမျှမတတ်နိုင်ဘဲ သူတို့ ၏အကြွင်းမဲ့ အာဏာအောက်၌ အလွန်ပင်ခြောက်လှန့်ခြင်းမျိုးခံရ ကြပါသည်။ ခရစ်ယာန်တို့၏ စုဝေးခြင်းကို ဝရမ်းပြေးများအဖြစ် သတ်မှတ် ကာ ယုံကြည်သူများအားဖမ်းဆီးခြင်း၊ ထောင်တွင်းအကျဉ်းချခြင်း၊ ညှင်း ပန်းနှိပ်စက်ခြင်းနောက်ဆုံး၌သူတို့၏ယုံကြည်ခြင်းအတွက် အသေသတ် ခြင်းများပြုရန် ဆုံးဖြတ်ချက်ချခဲ့ ကြပါသည်။ ကနဦးအသင်းသားတို့သည် ညှင်းပန်းနှိပ်စက်ခြင်းများမှ လွတ်မြောက်ရန် အတွက်မြေအောက် သင်္ချိုင်းကဲ့သို့သော နေရာသို့တိမ်းရှောင်ကြသည်ဆိုသော သမိုင်းနောက်ခံ ပြောပြချက်သည် ဤအရာနှင့်ဆန့်ကျင်ကာ ဤညှင်းပန်းနှိပ်စက်ခြင်းသည် ယုံကြည်သူတို့ အတွက်သူတို့၏ဖြောင့်မတ်သောယုံကြည်ခြင်းကို ကာ ကွယ်ကာမာတုရကိုပွေ့ဖက်စေနိုင်သောအခြေခံကျသည့် အချက်ဖြစ် သည်။ ဤနည်းဖြင့်ကနဦးအသင်းတော်၌ မာတုရခံရခြင်း မျိုးထွက်ပေါ် လာခဲ့ပါသည်။ ထိုခေတ်၌ရှိခဲ့သော သန့်ရှင်းသူတို့သည် ဧကရာဇ် မင်းတို့၏ အာဏာကိုအသိအမှတ်မပြုခြင်းသတ်သတ်ဖြင့် မာတုရခံရခြင်းမျိုး ဟုတ်ခဲ့ ပါ။ သူတို့၏လောကီနိုင်ငံအပေါ် အာဏာရှိမှုကို အသိအမှတ်ပြုပေးခဲ့ပါ သည်။ သို့သော်ထိုအာဏာရှင်တို့က သူတို့အားယေရှုကို သူတို့၏နှလုံး သားမှ စွန့်ပယ်ပြီးလူတို့အား ဘုရားအဖြစ်ကိုးကွယ်ရန် အတင်းအကြပ် တွန်းအားပေးချိန်တွင် သူတို့၏အသက်ကိုပင် တန်ဖိုးမထားဘဲ ငြင်းပယ်ခဲ့ ကြပါသည်။ ရောမဧကရာဇ်မင်းတို့သည် ခရစ်ယာန်တို့အား ယေရှုကိုသာ ငြင်းပယ်စေခြင်းမျိုးမဟုတ်ဘဲ သူတို့အားဧကရာဇ်မင်း အဖြစ်ကိုးကွယ် လုသာ မဟုတ်ဘုရားအဖြစ် ကိုးကွယ်စေခဲ့ကြသည်။ ခရစ်ယာန်တို့သည် သူတို့အား ဘာသာရေးလွတ်လပ်ခွင့်ယူဆောင်လာသည့် မီလန်အမိန့်ပြန် တမ်း ၃၁၃ အေဒီ (Edict of Milan ၃၁၃ AD) အထိသူတို့၏ ယုံကြည် ခြင်းကိုကာကွယ်ရန်တွက် ညှင်းပန်းနှိပ်စက် ခြင်းနှင့်မာတုရခံရခြင်းတို့အား ထိုအမိန့်အောက်၌ ကနဦးအသင်းသားတို့ မလွှဲမရှောင်သာ ခံခဲ့ကြပါသည်။ ကျွန်ုပ်တို့၏ယခင်ကရှိခဲ့ကြသောယုံကြည်ခြင်းဖခင်များကဲ့သို့ပင် ကျွန်ုပ်တို့ သည်လည်း ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို စွန့်ပယ်ခြင်းထက် ဖြောင့်မတ် စွာသေခြင်းကို ကြုံတွေ့ကြရ မည်ဖြစ်ပါသည်။
အာရှိပြည်၌ရှိသော အသင်းတော်ခုနစ်ပါးအကြောင်းပြောသည့် ကျမ်းပိုဒ်များသည် ထိုခေတ်ကပတ်ဝန်းကျင်အခြေအနေကိုဖော်ပြခြင်း သက်သက်သာမဟုတ်ဘဲ နောင်လာမည့် ကမ္ဘာအတွက်ဗျာဒိတ်ထားသည့် စကားများသည်လည်းဖြစ်သည်။ထိုဖော်ပြချက်ထဲ၌ ဘုရားသခင်၏အစေခံ နှင့်သူ၏သန့်ရှင်းသူတို့သည် သူတို့၏ယုံကြည်ခြင်းကို ကာကွယ်ရန် အ တွက်မာတုရခံရမည်ကို တွေ့ရပါသည်။ ရောမဧကရာဇ်ဘုရင်းများ လက်ထက်က ကဲ့သို့ပင် အကြွင်းမဲ့အာဏာရှင် ထွက်ပေါ်လာကာသူ၏ အတင်းအကြပ်အုပ်ချုပ်မှု့အောက်၌သူ၏ရုပ်တုပြုကာ လူအားလုံးတို့ကို သူ့အားဘုရားအဖြစ် ကိုးကွယ်စေသောအချိန် ရောက်ကာပေဦးမည် ဖြစ်သည်။ ကျွန်ုပ်တို့အချိန်နှင့် သိပ်မဝေးတော့သော နေ့ရက်၌ရှိကာ ထို နေ့ရက် ရောက်သောအချိန်၌ များစွာသောသန့်ရှင်းသူတို့သည် ကနဦးအ သင်းတော်ရှိယုံကြည်သူများ၏ခြေရာကိုလိုက်ကာမာတုရခံ ကြမည်ဖြစ် သည်။
ထို့ကြောင့် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့သခင်၏အာရှိပြည်၌ရှိသော အသင်းတော်ခုနစ်ပါးထံသို့ပြောသည့်ဆုံးမစကားကို နှလုံးသွင်းထားသင့် ပေသည်။ အာရှိပြည်၌ရှိသော အသင်းတော်အား နှုတ်ဆက်ခြင်း၊ အားပေး ခြင်းနှင့်ဆုံးမသြဝါဒပေးခြင်း၌ ဘုရားသခင်သည် “အကြင်သူသည် အောင် မြင်၏။ ထိုသူသည် ငါ၏ဘုရားသခင်ပရဒိဥယျာဉ်၌ရှိသော အသက် ပင်၏အသီးကိုစားစေခြင်းငှာငါအခွင့်ပေးမည်” ဟု ကတိတော်ထားခဲ့သည်။ မာတုရခံပြီး အောင်မြင်မှုရသူတို့အတွင် ထာဝရကောင်းကင်ဆုကျေးဇူးပေး မည်ဆိုသော စကားမှဘုရားသခင်၏ သစ္စာနှင့်ပြည့်သောကတိတော်ဖြစ် သည်။
ထိုသို့ဆိုသော် ကနဦးအသင်းတော်၏သန့်ရှင်းသူတို့သည်မည် သည့်နည်းဖြင့် သူတို့၏မာတုရခံခြင်းကို ရင်ဆိုင်ခဲ့သနည်း။ မာတုရခံနိုင် သူများ သည် ဘုရားသခင်၏ အစေခံနှင့်သူ၏ သန့်ရှင်းသူများဖြစ်ကြောင်း ကျွန်ုပ်တို့ပထမသတိရသင့်သည့်အရာဖြစ်ပါသည်။ လူတိုင်းမာတုရခံနိုင် ခြင်းမရှိပေ။ ယေရှုအားမိမိ၏ကယ်တင်ပိုင်ရှင်အဖြစ် လက်ခံသူတို့သာလျှင် ညှင်းပန်းနှိပ်စက်မှုအောက်၌လက်နက်မချဘဲ မိမိယုံကြည်ခြင်းကို ဆုပ်ကိုင် ပြီး သခင်ဘုရားကို ကိုးစားသောသူများသာ မာတုရခံနိုင်ကြပါသည်။
ဤနေရာတွင် ကျွန်ုပ်တို့တွေ့ရသည့် တမန်တော်ယောဟန် ပတ်မုကျွန်းတွင် ပြည်နှင်ဒဏ်ခံရစဉ် ဧဖက်အသင်းတော်အား ဆုံးမသြဝါဒ ပေးနေသူသည် ယေရှု၏တမန်တော်ဆယ့်နှစ်ပါးအတွင်းမှ နောက်ဆုံးလူ ဖြစ်သည်။ အခြားတမန်တော်များနှင့် သန့်ရှင်းသူတို့သည် မာတုရခံခဲ့ပြီ ဖြစ်သည်။ သမိုင်းအရဆိုသော် အာရှိပြည်၌ရှိသော အသင်းတော် ခုနစ်ပါး ၏ သန့်ရှင်းသူတို့သည် အေဒီ၃၁၃ ခုနှစ်ထိ မာတုရခံခဲ့ရသော မရေတွက် နိုင်သည့် ခရစ်ယာန်များအတွင်းမှ အနည်းငယ်ရှိသော လူစုတစ်စုဖြစ် ပေသည်။ရောမအာဏာပိုင်တို့၏ညှင်းပန်းနှိပ်စက်မှုအောက်၌ ရှောင်ပြေး ကာ ခရစ်ယာန်တို့သည် မြေအောက်၌ဝတ်ပြု ကိုးကွယ်ခြင်းပြုရန် စုဝေး ခဲ့ကြသည်။ထိုနေရာအားမြေအောက်သင်္ချိုင်းဟုခေါ်တွင်၏။ ဤအရာများ အပြင် သူတို့သည် သူတို့၏ယုံ ကြည်မှုအပေါ် ဘယ်သောအခါမျှ သစ္စာ ဖောက်ခြင်းမရှိဘဲ မာတုရအား လိုလိုလားလားပင် ပွေ့ဖက်ခဲ့ပါသည်။
ဤနေရာတွင် ဧဖက်အသင်းတော်အပါအဝင် အာရှိပြည်ရှိအသင်း တော်ခုနစ်ပါး၏ အစေခံနှင့်သန့်ရှင်းသူတို့သည်လည်း ဘုရားသခင်၏ဆုံးမ ခြင်းခံခဲ့ရသည့်ကြားမှပင် မာတုရခံခဲ့ကြပါသည်။ သူတို့အား မာတုရခံစေ နိုင်သည့်အရာမှာ သူတို့၏သခင်ပေါ်၌ထားသော ယုံကြည်ခြင်းကြောင့်ဖြစ် ပါသည်။ သခင်သည် ဘုရားဖြစ်ကာသူတို့၏အပြစ်အားလုံးကို သယ်ဆောင် သွားပြီး သူသည်သူတို့အားလုံးအား အနှစ်တစ်ထောင်နိုင်ငံနှင့် ကောင်း ကင်သစ်မြေကြီးသစ်သို့ ဦးဆောင်မည့်သိုးထိန်းဖြစ်ကြောင်း သူတို့အားလုံး ယုံကြည်ကြသည်။ ဤယုံကြည်ခြင်းနှင့် မျှော်လင့်ခြင်းသည် သူတို့အား မာတုရ၏အကျိုးဆက်ဖြစ်သည့် ကြောက်ရွံ့ခြင်းနှင့်နာကျင်ခြင်း၊ သေခြင်း တို့ကို အောင်မြင်ကျော်လွှားစေနိုင်ခဲ့သည်။
ကျွန်ုပ်တို့သည် ယခုနောက်ဆုံးသောကာလ၌ နေထိုင်သက်ရှင် နေကြပါသည်။ ကမ္ဘာကြီးသည် အာဏာကိုအကြွင်းမဲ့ အသုံးပြုမည့်အာ ဏာရှင်ပေါ်လာကာ တစ်ဦးတည်း အောက်စည်းလုံးစွာရှိလာမည့် အချိန် သည်သိပ်မဝေးလှတော့ပေ။ ဤအာဏာရှင်သည် ဗျာဒိတ်ကျမ်း ၁၃တွင် ရေးထားသည့်အတိုင်း သန့်ရှင်းသူတို့၏ အသက်တာအား ခြောက်လှန့် ကာသူတို့၏ ယုံကြည်ခြင်းများကို စွန့်ပစ်ရန်အမိန့်ပေးမည်ဖြစ်သည်။ သို့ သော်နောက်ဆုံးသောကာလ၏ သန့်ရှင်းသူတို့ဖြစ်ကြသည့် ကျွန်ုပ်တို့သည် သူ၏ခြောက်လှန့်ခြင်း၊ အတင်းအကြပ်ခိုင်းစေခြင်းများကို ကျွန်ုပ်တို့၏ ယုံ ကြည်ခြင်းကိုကာကွယ်ရန် မာတုရအားဖြင့် အောင်မြင်နိုင်ပေလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် ကျွန်ုပ်တို့၌တွင် ကနဦးအသင်းတာ်သားများ၌ရှိ သော ယုံကြည်ခြင်းမျိုးရှိသောကြောင့်ဖြစ်ပါ သည်။
အခန်းငယ် ၄ နှင့် ၅တွင် ဘုရားသခင်သည် ဧဖက်အသင်းတော် အား “သို့သော်လည်း၊ သင်သည် ရှေးဦးစွာသောချစ်ခြင်းမေတာလျော့ပြီဟု သင်၌အပြစ်တင်စရာရှိ၏။ ထို့ကြောင့်ပင် သင်သည် မရွေ့လျော့မှီအရင် နေရာအရပ်ကို အောက်မေ့လော့။ နောင်တရလော့။ ရှေးဦးစွာသော အ ကျင့်ကိုကျင့်လော့။ သို့မဟုတ် သင်ရှိရာသို့ငါသည် အလျင်အမြန် လာမည် ဟု ပြစ်တင်ဆုံးမခဲ့သည်။ ဤအရာသည် ဘာကိုဆိုလိုပါသနည်း။`` ဤဆို လိုချက်မှာ ဧဖက်အသင်းတော်သည် ရေနှင့်ဝိညာဉ်တော်သတင်းကောင်း ကိုချန်ထားခဲ့သည်ဟုပင်ဖြစ်သည်။ ထိုဧဖက်အသင်းတော် အပါအဝင် ကနဦး အသင်းတော်၏ သန့်ရှင်းသူအားလုံးတို့သည် ရေနှင့်ဝိညာဉ်တော်သ တင်းကောင်းကို ယုံကြည်ခဲ့ကြသည်။ ဤသို့ဖြစ်ခဲ့ရခြင်းမှ ယေရှု၏တပည့် တော်များသည် ပျံ့နှံ့ကာရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို ပြောခဲ့ သောကြောင့်ဖြစ်ပါသည်။ ထို့ကြောင့်ထိုအချိန်၌ရှိခဲ့သော သန့်ရှင်းသူတို့ တမန်တော်များထံမှရခဲ့သော သတင်းကောင်းသည် မှားယွင်းသောသတင်း ကောင်းမဟုတ် လက်ဝါးကားတိုင်ပေါ်မှ အသွေးကိုသာယုံကြည်သည့် လူတို့ပြုခဲ့သောသတင်း ကောင်းမဟုတ်ဘဲ ပြည့်စုံသော သတင်းကောင်း ဖြစ်သည်။
သို့သော်ဤနေရာ၌ ဧဖက်အသင်းတော်၏အစေခံတို့သည် ရှေးဦး စွာသော ချစ်ခြင်းမေတ္တာကို ချန်ထားခဲ့ပြီဟုဆို၏။ ဤဆိုလိုချက်မှာ ဧဖက် အသင်းတော်၏ အစေခံတို့သည် သူတို့၏အသင်းတော်တာဝန်ထမ်း ဆောင်ရာတွင် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို စွန့်ပယ်ခဲ့သည်ဟု အဓိပ္ပါယ်သက်ရောက်ပါသည်။ ထို့ကြောင့်သခင်ဘုရားက သူနောင်တမရခဲ့ ပါက ထိုနေရာမှမီးခွက်ကို ရွေ့ပစ်မည်ဟု ပြောခဲ့ခြင်းဖြစ်သည်။ မီးခွက်ကို ဖယ်ခြင်းဆိုသည်မှာ သန့်ရှင်းသောဝိညာဉ်တော်သည် ဧဖက်အသင်းတော် တွင်း၌ အလုပ် လုပ်တော့မည်မဟုတ်ဟုဆိုခြင်းဖြစ်ပါသည်။
ဧဖက်အသင်းတော်၏ အစေခံများအတွက် ရေနှင့်ဝိညာဉ်တော် သတင်းကောင်း ထံသို့လှည့်ပြန်ခြင်းဆိုသည်မှာ အမှန်တကယ်အားဖြင့် ပြုလုပ်ရန်ခက်ခဲလှသည့်အရာမဟုတ်ပေ။ ထိုအရာသည် အငယ်ဆုံးသော ပြဿနာတစ်ခုဖြစ် သည်။ အသင်းတော်အား ဒုက္ခရောက်စေသည့်အရာမှာ နှလုံးသား၌ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို ယုံကြည်ပါလျှက် ယုံ ကြည်ထားသည့်အရာအား အသေးစိတ်ဟောပြောခြင်းဖြစ်ပင်။ ရေနှင့်ဝိ ညာဉ်တော်သတင်းကောင်းကို မယုံကြည်သော်လည်း ယေရှုအားမိမိ၏ ကယ်တင်ပိုင်ရှင်အဖြစ် သာမန်ဝန်ခံကြသူတို့အား သူ၏အသင်းတော်တွင်း ၌ လက်ခံခဲ့သည်အမှန်တွင် ရေနှင့်ဝိညာဉ်တော် သတင်းကောင်းကို ယုံ ကြည်ကြောင်းဝန်ခံခြင်းဆိုသည်မှာ ယုံကြည်သူတို့အား မာတုရ အတွက် ပြင်ဆင်ရန်ကို ဆိုလိုခြင်းဖြစ်သည်။
ဤအကြောင်းကြောင့် သူကြိုဆိုခဲ့သည် အခြားစကားလုံးဖြင့်ဆို သော် သူ့အသင်းတော်သို့လာသောသူမှန်သမျှအား ဘုရားသခင်နှင့်သူ၏ ရေနှင့်ဝိညာဉ်တော်သတင်းကောင်း အပေါ်ယုံကြည်ခြင်းရှိသည်ဖြစ်စေ၊ မရှိ သည်ဖြစ်စေ သူလက်ခံခဲ့သည်။ အဘယ့်ကြောင့် ဆိုသော် ဘုရားသခင်၏ အသင်းဝင်ရန်များစွာသော ကိုယ်ကျိုးစွန့်ပေးဆပ်မှုရှိရသော ကြောင့်ဧဖက် အသင်းတော်၏ အစေခံတို့ကြောက်ရွံ့သည်မှာ ဤပေးဆပ်မှုများက မှားယွင်းသောလူတို့ကို အသင်းဝင်ရန်တားမြစ်မည်ကိုပင် ထို့ကြောင့်ပင်သူ သည်စစ်မှန်သောသမ္မတရားအား တိကျသောစကားလုံးများဖြင့် ဟောပြော ခြင်းမပြုနိုင်ခဲ့ပေ။
သို့သော်သမ္မာတရားမရှိသော နေရာ၌သန့်ရှင်းသောဝိညာဉ်တော် မရှိ နိုင်သောကြောင့်ဘုရားရှင်က မီးခွက်ကိုပြောင်းရွေ့မည်ဟု ပြောခဲ့ခြင်း ဖြစ်သည်။ ထိုအရာမှာ ဧဖက်အသင်းတော်၏ အစေခံနှင့်သန့်ရှင်းသူတို့ အလုပ်လုပ်မှုနည်းသောကြောင့် ဘုရားသခင်က အသင်းတော်ကို ပြောင်း ရွေ့စေမည်ဟု မိန့်တော်မူခဲ့သည်မဟုတ် သူဆိုလိုသည်မှာ သူအသင်း တော်၌ ကျိန်းဝပ်နိုင်ခြင်းရှိတော့မည်မဟုတ်ဟု ဆိုခြင်းဖြစ်သည်။ အဘယ့် ကြောင့် ဆိုသော်ထိုအထဲ၌သမ္မာတရားတွေ့နိုင်တော့မည်မဟုတ်သော ကြောင့်ပင်ဖြစ်ပါသည်။
ဘုရားသခင်၏အသင်းတော်သည် ရေနှင့်ဝိညာဉ်တော်သတင်း ကောင်းကို အကြွင်းမဲ့လိုက်နာခြင်းရှိရန်လိုအပ်ပါသည်။ ဘုရားသခင်၏ အစေခံနှင့်သန့်ရှင်းသူတို့သည် ဤသတင်းကောင်း၌ ယုံကြည်ရုသာမဟုတ် တိကျသော စကားလုံးများဖြင့် ဟောပြောရန် လိုအပ်ပါသည်။ ဤသတင်း ကောင်းအတွင်း၌သာ ဘုရားသခင်၏ချစ်ခြင်းမေတ္တာအား ကျွန်ုပ်တို့တွေ့ နိုင်ကာ ကျွန်ုပ်တို့တွက်ထားသော သူ၏ကျေးဇူးတော်နှင့် ကောင်းကြီးမင်္ဂ လာအားလုံးကို တွေ့နိုင်မည်ဖြစ်သည်။
ဤသတင်းကောင်းအား ဟောပြောရမည့်အစား ဧဖက်အသင်း တော်၏အစေခံတို့သည် ကားတိုင်ပေါ်မှ အသွေးတော်ကိုသာ ယုံကြည် သော သူတို့အားသူ့အသင်းတော်တွင်း၌လက်ခံခဲ့သည်။ သို့သော် ဒုတိယအ ကြိမ်မွေးဖွားခြင်းခံပြီးသော အစေခံအားလုံးကို သယ်ဆောင်သွားသည့် ယေရှု ၏ဗတ္တိဇံနှင့်ကားတိုင်ပေါ်မှသူ၏အသွေးတော်သတင်းကောင်းကို မဟောပြောပါကကျွန်ုပ်တို့သခင်ဘုရား၏ အလုပ်အားလုံးတို့အား အသုံးမ ဝင်ဖြစ်ပေမည်။
ကျွန်ုပ်တို့သည် သခင်ဘုရားရှေ့၌ ခဏတာလဲကျသော်လည်း ဤသတင်းကောင်း အားယုံကြည်ကာ ဟောပြောပါက သခင်ဘုရားသည် ကျွန်ုပ်တို့အတွင်း၌ သန့်ရှင်းသောဝိညာဉ်တော်အဖြစ် ရှိနေနိုင်ပါသည်။ အ ကယ်၍ဘုရားသခင်၏ အစေခံ (သို့) သန့်ရှင်းသူတို့သည် ချွတ်ယွင်းချက် အပြည့်နှင့်ရှိနေလျှက်ပင် သခင်ဘုရားသည်သူ၏ နှုတ်ကပတ်တော်ဖြင့် သူတို့အား သင်ကြားပို့ဆောင်နိုင်ပေသည်။ ရေနှင့်ဝိညာဉ်တော်သတင်း ကောင်း၏ အသင်းတော်၌ သန့်ရှင်းသောဝိညာဉ်တော်တွေ့ရ၏။ သန့်ရှင်း သောဝိညာဉ်တော် မျက်မှောက်ရှိနေခြင်းဆိုသည်မှာ အသင်းတော်သည် သန့်ရှင်းသည်ဟုဆိုခြင်း ဖြစ်သည်။
ဘုရားသခင်၏ အစေခံ(သို့) သန့်ရှင်းသူတို့အတွက် ရေနှင့်ဝိညာဉ် တော် သတင်းကောင်းဟောပြောခြင်းမရှိပါက သန့်ရှင်းခြင်းရှိနိုင်တော့မည် မဟုတ်ပေ။ သူတို့က မိမိတို့၌အပြစ်မရှိတော့ဟု ပြောနိုင်ပေမည်။ သို့သော် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းဟောပြောခြင်းမရှိသည့်နေရာတွင် သန့် ရှင်းခြင်းတွေ့နိုင်ခြင်းမရှိပေ။
ဤရေနှင့်ဝိညာဉ်တော်သတင်းကောင်းသည် ကနဦးအသင်းတော် ၏သန့်ရှင်းသူတို့ယုံကြည်ခဲ့သောသတင်းကောင်း ၊သခင်ဘုရားသည်လော ကသို့ကြွလာပြီး သူ၏ဗတ္တိဇံနှင့် ကားတိုင်ပေါ်တွင် သေခြင်းဖြင့်လောက၏ အပြစ် အားလုံးကို သယ်ဆောင်သွားခဲ့ကြောင်းပြောသည့်သတင်းကောင်း ဖြစ်သည်။ သူသည်ကျွန်ုပ်တို့၏ အားနည်းခြင်းနှင့်ချို့ယွင်းချက် အားလုံးတို့ ကို သူ၏ဗတ္တိဇံနှင့်သယ်ဆောင်သွားခဲ့ပါသည်။ ဘုရားသခင်သည် ကျွန်ုပ် တို့၏ အားနည်းခြင်းနှင့် ချို့ယွင်းချက်များမှ ကျွန်ုပ်တို့အပြစ်များကို သယ် ဆောင်သွားပြီး ကျွန်ုပ်တို့၏ သိုးထိန်းဖြစ်လာခဲ့ပါသည်။
တစ်ဦးတစ်ယောက်သည်ကြွယ်ဝစွာကောင်းကြီးခံစားပြီးမှ သခင် ဘုရားအား ရောမဧကရာဇ်များနှင့် လဲလှယ်ပြီး သေဆုံးသွား မည့်အရာအား သူ (သို့) သူမ၏ဘုရားအဖြစ် မည်သို့လက်ခံနိုင်ပါမည်နည်။ ဘုရားသ ခင်၏ကျေးဇူးတော်သည် အလွန်ကြီးမားကာ ကြွယ်ဝသောကြောင့် ရောမဧ ကရာဇ်များ၏ အတင်းအကျပ်စေခိုင်းခြင်းနှင့် ခြောက်လှန့်ခြင်းများသည် သန့်ရှင်းသူတို့အား သူ့ချစ်ခြင်းမေတ္တာကို ငြင်းပယ်ရန်မတတ်နိုင်ခဲ့ပေ။ သူတို့သည် သူတို့၏ယုံကြည်ခြင်းကို ကွယ်ကာရန်အတွက် လိုလားနှစ် သက်စွာပင် မာတုရကိုပွေ့ဖက်နိုင်ခဲ့ကြသည်။ သူတို့သည် သူတို့၏ ယုံကြည်ခြင်းကို စွန့်လွှတ်စေသည့် ခြောက်လှန့်မှု့နှင့် သူတို့အားရုပ် ဝတ္ထုပစ္စည်းများ အကျိုးတွက် သူတို့၏ယုံကြည်ခြင်းကို စွန့်လွှတ်စေခြင်းနှ စ်မျိုးလုံးကို ငြင်းပယ်ကြသည်။ သူတို့ ၏ယုံကြည်ခြင်းကို စွန့်ပစ်ရန်နှင့် သူတို့၏ဘုရားကိုစွန့်ပယ်ရန် အဘယ်အရာကမျှမပြုနိုင်ခဲ့ဘဲ ဤမသေ ဆုံးသောသစ္စာရှိခြင်းသည် သူတို့အားမာတုရကို ပွေ့ချီစေနိုင်ခဲ့သည့်အ ရာဖြစ်သည်။
မာတုရခံသူများ၏ နှလုံးသား၌သူတို့အား အပြစ်များအားလုံးမှရေ နှင့် ဝိညာဉ်တော်သတင်းကောင်းအားဖြင့် ကယ်တင်ခဲ့သည့် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် ကျေးဇူးတော်အပေါ် ကျေးဇူးတင်ခြင်းအပြည့်ရှိနေ၏။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာအပေါ် သစ္စာဖောက်ခြင်းမရှိနိုင်သော သူတို့ ၏ယုံကြည်ခြင်းသည် မိမိကိုးကွယ်သည့် ဘာသာကိုစွန့်ပယ်ခြင်းထက် သူတို့အပြစ်မှ ထာဝရကယ်တင်ခဲ့သည့် ယုံကြည်ခြင်းအားဖြင့် မာတုရကို ပွေ့ချီလိုကြသည်။ရောမဧကရာဇ်များက ကနဦးအသင်းတော်ရှိ သန့်ရှင်းသူ တို့အား မိမိတို့ကိုဘုရားအဖြစ်ကိုးကွယ်ရမည်ဟု အမိန့်ထုတ်သောအချိန် မျိုးကဲ့သို့ ကျွန်ုပ်တို့၏ယုံကြည်ခြင်းကိုအတင်းစွန့်ပယ်စေသော အချိန် ရောက်လာပေလိမ့်မည်။ဤအရာဖြစ်လာချိန်တွင် ကျွန်ုပ်တို့သည် ယုံကြည် ခြင်းဖခင်များ၏ခြေရာကိုလိုက်ကာ ကျွန်ုပ်တို့၏ယုံကြည်ခြင်းအား မာတုရ ခံခြင်းဖြင့် ကာကွယ်ရမည်ဖြစ်သည်။
ကျွန်ုပ်တို့သည် ချို့ယွင်းချက်အပြည့်နှင့်ဖြစ်သော်လည်း ဘုရား သခင်သည် ကျွန်ုပ်တို့အား အလွန်ချစ်တော်မူသောကြောင့် ကျွန်ုပ်တို့ အပြစ်အားလုံးကို သူ့ကိုယ်ပေါ်သို့ တင်ခဲ့သည်။ ကျွန်ုပ်တို့သည် သူ၏အသ ရေကို မည်မျှပင် ပျက်စေကာမသိသူသည် ကျွန်ုပ်တို့အား သူ့ရင်ခွင်၌ လက်ခံခဲ့ပါသည်။ကျွန်ုပ်တို့အားပွေ့ချိုင်သက်သက်သာမဟုတ်ဘဲ ကျွန်ုပ်တို့ ၏ အပြစ်ပြဿနာအားလုံးကိုလည်း ဖြေရှင်းပေးကာ သူ၏သားသမီးနှင့် သတို့သမီးအဖြစ် ကျွန်ုပ်တို့အားပြုလုပ်ခဲ့ပါသည်။ ထို့အတွက်ကြောင့်ပင် ကျွန်ုပ်တို့သည် သူ့အပေါ်ထားရှိသော ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို ဘယ် သောအခါမျှ သစ္စာမဖေါက်ဘဲ သူ့နာမတော်အတွက် လိုလားဝမ်းမြောက်စွာ မာတုရခံသင့်ပေသည်။ မာတုရသည် ဘုရားသခင်ကျွန်ုပ်တို့အား ပေးထား သည့် ရှေ့ဦးစွာသော ချစ်ခြင်းမေတ္တာကို ကာကွယ်ရန်အတွက်ဖြစ်သည်။ ဤအရာသည် ကျွန်ုပ်တို့ လူသားများ၏ ခံစားချက်မှုမှထွက်ပေါ်လာသော အရာမဟုတ်ဘဲ ဘုရားသခင်သည် ကျွန်ုပ်တို့၏အားနည်းခြင်းနှင့် ချို့ယွင်း ချက်များကြားမှပေးထားသည့်သူ၏ကောင်းကြီးမင်္ဂလာများအပေါ်ယုံကြည် ခြင်းမှ ဖြစ်လာခဲ့ခြင်းဖြစ်သည်။ ကျွန်ုပ်တို့၏စွမ်းအားအလိုအတိုင်း မာတုရ ခံနိုင်ခြင်းမဟုတ်ဘဲကျွန်ုပ်တို့၏ဘုရားသခင်၏ကြီးမားခြင်းအပေါ် ယုံကြည် ခြင်းကြောင့်ဖြစ်သည်။ 
မိမိ၏နိုင်ငံအတွက် (သို့) အယူဝါဒအတွက် မာတုရခံခဲ့ကြသူ များလည်း ရှိသည်မှာ မှန်ပေ၏။ ဤလူများသည် သူတို့မှန်သည်ထင်သည့် အရာအပေါ်တွင်မယိုင်မလဲရပ်တည်ကာ ထိုအရာအတွက် သူတို့၏အသက် ပင်ပေးတတ်ကြ၏။ သို့သော် ကျွန်ုပ်တို့သည် အဘယ်နည်း။ ဘုရားသခင် ၏ သားသမီးများသည် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းအားဖြင့် ယေရှု ခရစ်အပေါ်ထားရှိသော သူတို့၏ယုံကြည်ခြင်းဖြင့် မည်သို့မာတုရခံနိုင်ကြ သနည်း။ ကျွန်ုပ်တို့မာတုရခံနိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ် တို့သည် ကျွန်ုပ်တို့သခင်က ကျွန်ုပ်တို့အား ချစ်ကာကင်တင်ခဲ့သည်ဆိုသည့် သတင်းကောင်းအပေါ် ကျွန်ုပ် အလွန်ကျေးဇူးတင်မိသောကြောင့် ဖြစ်သည်။ ကျွန်ုပ်တို့၏မရေတွက်နိုင်သောကြောင့် ကျွန်ုပ်တို့အား သန့်ရှင်း သောဝိညာဉ်တော်ကိုပေးထားခဲ့သောကြောင့်သူသည် ကျွန်ုပ်တို့အား သူ့လူ များအဖြစ်သို့ရောက်စေကာ သူ့မျက်မှောက်၌ ထာဝရနေထိုင်ခွင့်ပြုသော ကြောင့် ကျွန်ုပ်တို့သည် သူ့အားမည်သည့် အခါမျှ စွန့်ပစ်နိုင်မည်မ ဟုတ်ပေ။ 
ဘုရားသခင်သည် ကျွန်ုပ်တို့အား ကောင်းကင်သစ်နှင့် မြေကြီး သစ်ကိုပေးမည်ဟု ကတိပေးထားခဲ့၏။ ထိုမျှော်လင့်ခြင်းအတွက်နှင့်ပင် ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို မစွန့်ပစ်နိုင်ပေ။ မည်သည့်အရာပင်ဖြစ် နေပါ စေ။အကယ်၍အန္တိခရစ်သည်ကျွန်ုပ်တို့အားနောက်ဆုံးသောအချိန်ကာလ၌ ခြိမ်းခြောက်ကာသေသည်အထိညှင်းပန်းနှိပ်စက်ခြင်းပြုလျှင်ပင် ကျွန်ုပ်တို့ သည် ကျွန်ုပ်တို့သခင်နှင့် သူ၏ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို ဘယ်သောအခါမျှ ငြင်းပယ်နိုင်မည်မဟုတ်ပေ။ အကယ်၍ကျွန်ုပ်တို့သည် အန္တိခရစ်၏ခြေရင်း၌ အတင်းဒရွတ်တိုက်ဆွဲကာ သေခြင်းသို့ပို့ခံရလျှင်ပင် ကျွန်ုပ်တို့အား ကယ်တင်ခဲ့သည့် ဘုရားသခင်၏ကျေးဇူးတော်နှင့် ချစ်ခြင်း မေတ္တာတော်အပေါ် သစ္စာဖေါက်နိုင် မည်မဟုတ်ပေ။ ဆှိုုရုံးစကား ရှိသည့် အတိုင်း “ကျွန်ုပ်တို့၏သေသောခန္ဓာသည် ပင်လျှင် သခင်များကို အတင်း အကြပ်ခိုင်းစေခြင်းခံရမည်။ သို့သော်ကျွန်ုပ်တို့ သေသည်အထိ မပြုလုပ် နိုင်သည့်အရာတစ်ခုရှိ၏။ ထိုအရာမှာကျွန်ုပ်တို့အား ကယ်တင်ခဲ့သည့် ခရစ် တော်၏ ချစ်ခြင်းမေတ္တာကို ငြင်းပယ်ခြင်းဖြင့် သစ္စာဖေါက်ခြင်းမျိုးပင်။
ကျွန်ုပ်တို့၌ချို့ယွင်းချက်ရှိသောကြောင့် အန္တိခရစ်သည် ကျွန်ုပ်တို့ အပေါ်သနားလိမ့်မည်ဟု သင်ထင်ပါသလား။ သနားလိမ့်မည်မဟုတ်ပေ။ သူသည် အနည်းငယ်မျှပင် ခရုစိုက်နိုင်မည်မဟုတ်ပေ။ သို့သော် ကျွန်ုပ်တို့ မည်မျှပင် ဆိုးသွမ်းကာ အားနည်းစေကာမူ ကျွန်ုပ်တို့သခင်ဘုရားသည် ကျွန်ုပ်တို့၏ပြဿနာအားလုံးသူ့အပေါ်တင်ကာကျွန်ုပ်တို့နေရာ၌တရားစီ ရင်ခြင်းခံခဲ့ပြီး ကျန်းမာခြင်းပေးခဲ့ပါသည်။ ထို့တွက်ကြောင့် ဘုရားသခင်၏ ကယ်တင်ခြင်းချစ်ခြင်းမေတ္တာကို ကျွန်ုပ်တို့စွန့်ပယ်နိုင်ခြင်းမရှိဘဲ ရေနှင့်ဝိ ညာဉ်တော်၏သတင်းကောင်းအားဖြင့် ကျွန်ုပ်တို့အား ကယ်တင်ခဲ့သည့် ရှေးဦးစွာသောချစ်ခြင်းမေတ္တာကို မစွန့်ပစ်နိုင်ခြင်းဖြစ်ပါသည်။ ထိုအရာ အား ကျွန်ုပ်တို့၏နှလုံးသား၌ စွန့်ပယ်ခြင်းမရှိသရွေ့ အဘယ်အရာကမျှ စွန့်ပယ်စေနိုင်မည်မဟုတ်ပေ။ 
ထိုနည်းလည်းကောင်းပင် အကယ်၍ ကျွန်ုပ်တို့၏ယုံကြည်ခြင်း အား နှလုံးသားထဲ၌နက်ရှိုင်းစွာထားမည်ဆိုပါက မည်မျှသော ခြိမ်းခြောက် မှုအတင်းအကြပ်ခိုင်စေမှုများကျွန်ုပ်တို့အပေါ်ကျရောက်နေပါစေ။ ကျွန်ုပ် တို့၏ယုံကြည်ခြင်းကို နောက်ဆုံးချိန်အထိတိုင် ကာကွယ်နိိုင်မည်ဖြစ် သည်။ အကယ်၍ ဘုရားသခင်ကျွန်ုပ်တို့အပေါ် ထားရှိသောအဖိုးတန် လှသည့် ချစ်ခြင်းမေတ္တာကို နှလုံးသားမှနားလည်ကာ အဆုံးထိဆုပ်ကိုင် ထားမည်ဆိုပါက သတင်းကောင်းအတွက် နောက်ဆုံးသောနေ့ရက် ရောက် သည့်ချိန်ထိ ကာကွယ်နိုင်မည်ဖြစ်ပါသည်။ ယုံကြည်ခြင်း၌ လျောက်လှမ်း သူတို့အတွက် မာတုရသည် မည်သည့်အချိန်တွင်မဆို ပွေ့ဖက်ရန် ဆက်ခဲ့ သည့်အရာမဟုတ်ပေ။
ကျွန်ုပ်တို့အားလုံးသည် ကိုယ်စီကြုံတွေ့လာမည့် မာတုရခံရခြင်း အတွက် လေးနက်စွာ တွေးကြည့်ထားရပေမည်။ မာတုရသည် နာကျင် ခြင်းနှင့်ဆင်းရဲဒုက္ခကိုခံရခြင်းသက်သက်အတွက်သာမဟုတ်ပေ။ ကျွန်ုပ်တို့ ၏ခန္ဓာသည် သေးငယ်ဆုံးသောအပ်ဖြင့် ထိုးခြင်းခံရလျှင်ပင် မခံရပ်နိုင် လောက်သော နာကျင်မှုမျိုးပေးနိုင်သည့် ခန္ဓာမျိုးဖြစ်သည်။ မာတုရသည် ထိုကဲ့သို့သော ခန္ဓာ၏နာကျင်မှုအား ကြံ့ကြံ့ခံထားနိုင်ကို မဆိုလိုပေ။ ထို့ ထက်မာတုရသည် ကျွန်ုပ်တို့၏ အသက်ကိုပေခြင်းဖြစ်သည်။ ခန္ဓာကိုယ် နာကျင်ခြင်းခံ သက်သက် မဟုတ်ပါဘဲ တစ်ဦးတစ်ယောက်၏ အသက်အ မှန်တကယ် ဆုံးရှုံးခံရခြင်းသည် မာတုရဖြစ်သည်။ အန္တိခရစ်သည်ကျွန်ုပ်တို့ အား အတင်းအကြပ်၊ သူ့အား ဘုရားအဖြစ်ခေါ်ကာ ကိုးကွယ်စေခြင်းပြုရန် ပြောဆိုပါက ကျွန်ုပ်တို့သေသည်အထိ ခုခံသွားမည်ဖြစ်သည်။ အဘယ် ကြောင့်ဆိုသော် သခင်ဘုရားတစ်ဦးတည်းသာလျှင် ကျွန်ုပ်တို့၏ ဘုရားဖြစ် ကာ သူတစ်ဦးတည်းသာလျှင် ကျွန်ုပ်တို့၏ကိုးကွယ်ခြင်းခံထိုက်ပေ၏။ ကျွန်ုပ်တို့သည် သူ့နာမအတွက် မာတုရခံခြင်းသည် အသင့်လျှော်ဆုံးဖြစ် ပါသည်။ဤယုံကြည်ခြင်းအားကျွန်ုပ်တို့သည် မည်သည့်အရာနှင့်မျှ မလဲနိုင် ပေ။ 
ဘုရားသခင်သည် ငြင်းပယ်ကာ ဘုရားအဖြစ်ကိုးကွယ်စေသော အန္တိခရစ်သည် အမှန်ပင် ကိုးကွယ်ရန် ထိုက်တန်ပါသလား။ မထိုက်တန် သည်မှာ အမှန်ပင်ဖြစ်သည်။ ဘုရားသခင်သာလျှင်ကမ္ဘာကြီးနှင့်စင်္ကြဝဠာ တစ် ခုလုံးအား ဖန်ဆင်းရန် တန်ခိုးရှိတော်မူ၏။ သူတစ်ဦးတည်းသာလျှင် သေခြင်းနှင့်ရှင်ခြင်းအပေါ်တန်ခိုးရှိကာသူတစ်ဦးတည်းသာလျှင်အပြစ်ဆို ဖွယ်ရာမရှိ။ အပြစ်ကင်းပြီးဖန်ဆင်းထားသော သတ္တာဝါအားလုံးရှေ့၌ ဖြောင့်မတ်ခြင်းအပြည့်ရှိကာသူတစ်ဦးတည်းသာလျှင် လောက၏အပြစ် များအားလုံးကို သယ်ဆောင်သွားရန်တန်ခိုးရှိပါသည်။ ထိုသို့ဆိုသော် အန္တိ ခရစ်သည် မည်သို့နည်း။ အန္တိခရစ်၌ရှိသော တစ်ခုတည်းသော အရာ မှာလောကီ အာဏာတန်ခိုးပင်ဖြစ်သည်။ ထို့ကြောင့်ပင် ကျွန်ုပ်တို့ သူ့အား သခင်ဘုရားနှင့်မလဲနိုင်ဘဲ ထို့အတွက်ကြောင့် ကျွန်ုပ်တို့သည် တန်ခိုးကြီး သော ဘုရားသခင်ကို သစ္စာမဖေါက်နိုင်ခြင်းဖြစ်သည်။ 
ဘုရားသခင်သည် ကျွန်ုပ်တို့အား ထဝရပျော်ရွင်မှုအမှန်တကယ် ပေးနိုင်သည့် သူတစ်ဦးဖြစ်သည်။ သူသည် ယေရှုခရစ်အားယုံကြည်ခြင်း ဖြင့်အပြစ်ကင်းမဲ့သူများအဖြစ်သို့ရောက်သောသူများအားဘုန်းတော်ဝင်စား သော ခန္ဓာသစ်ဆီသို့ ရှင်ပြန်ထမြောက်စေပြီး အနှစ်တစ်ထောင်နိုင်ငံနှင့် ကောင်းကင် သစ်မြေကြီးသစ်အတွက် ဂိတ်တံခါးဖွင့်ပေးမည်ဖြစ်သည်။ သို့သော် အန္တိခရစ်ရှေ့၌ ရှိခိုးကြသောသူများသည် ထာဝရအပြစ်ပေးခြင်း ခံကာစာတန်နှင့်အတူငရဲသို့ချခြင်းခံရမည်ဖြစ်သည်။ခဏသာနာကျင်ဒုက္ခခံ စားရသည့်အတွက်အန္တိခရစ်နှင့် အတူရပ်တည်ကာ ကျွန်ုပ်တို့၏ထာဝရ ပျော်ရွှင်ခြင်းကို စွန့်ပယ်မည်ဆိုပါက ထိုအရာသည် အလွန်ရှုူးသွပ်ခြင်း ပင်ဖြစ်လိမ့်မည်။ ဤသမ္မာတရားကို သိနားလည်ပြီး မိမိ၏နှလုံးသား၌ ရေနှင့်ဝိညာဉ်တော်သတင်းကောင်း ကို ယုံကြည်သူတို့သည် အန္တိခရစ်အား ရဲ့ရင့်စွာ ဆန့်ကျင်ရပ်တည်ပြီး မာတုရခံကာ သူတို့၏ ပေးဆပ်ခြင်းအတွက် ထာဝရပျော်ရွှင်ခြင်းကို ဆုလဒ်အဖြစ် ခံယူရပေမည်။
သင်နှင့် ကျွန်ုပ်တို့အားလုံးသည်လည်း မာတုရခံရမည့်သူများဖြစ် သည်။ မြင်းနက်ခေတ်ကုန်ဆုံးသွားသောအခါတွင် မြင်းမွဲခေတ်ရောက်လာ ကာ အနိခရစ်အတွက်ပေါ်လာပြီး တံပိုးခုနစ်လုံး၏ ဘေးဒါဏ်ကြီးသည် စတင်လာမည်မှာ မှားယွင်းချက်မရှိပေ။ အန္တိခရစ်သည် သေချာပါက်မာ တုရခံပြီး ကျွန်ုပ်တို့၏ရှင်ပြန်ထမြောက်ခြင်းနှင့်အတူ ကျွန်ုပ်တို့သည် သေချာပေါက်ပင်ချီဆောင်ခြင်းခံရခြင်းနှင့်အတူ ကျွန်ုပ်တို့သည်သေချာ ပေါက်ပင် ချီဆောင်ခြင်း ခံရပေမည်ဖြစ်သည်။ ထို့နောက် ကျွန်ုပ်တို့သည် အနှစ်တစ်ထောင်နိုင်ငံသို့ သေချာပေါက်ဝင်ရောက်ရမည်ဖြစ်သည်။ ထို့ ကြောင့် ကျွန်ုပ်တို့အား အန္တိခရစ်ညှင်းပန်းနှိပ်စက်ကာ သေစေသောအခါ ကျွန်ုပ်တို့သည် လိုလားစွာပင် မာတုရခံရခြင်းဖြစ်သည်။ 
ရုပ်ရှင်ကားတစ်ခုတွင် သေတွင်းပို့ခံရသော်လည်း ယုံကြည်ခြင်း ကို ကာကွယ်ရန်အတွက် ချီးမွမ်းသီချင်းဆိုလျှက်ပင် မိမိအသက်ကို ပေးခဲ့ကြသောခရစ်ယာန်တို့၏ အကြောင်း သရုပ်ဖေါ်ထားသည်။ရုပ်ရှင် သည် စိတ်ကူးယဉ်ဆန်သော်လည်း သမိုင်းဖြစ်ရပ်များသည် မှန်ကန် သည့်အရာများသာဖြစ်သည်။ များစွာသောခရစ်ယာန်တို့မှာ မိမိတို့၏ယုံ ကြည်ခြင်းကို ကာကွယ်ရန်အတွက် အသက်ကိုစွန့်ခဲ့ကြသည်။ သူတို့အ ဘယ်ကြောင့်ထိုသို့ပြုရသနည်း။ အဘယ်ကြောင့်ဆိုသော် ရောမအင်ပါ ယာတို့၏သူတို့အပေါ်တောင်းဆိုသည့်အရာမှာဘုရားသခင်ကို ငြင်း ပယ်ပြီး အခြားဘုရားကို ကိုးကွယ်ရန်သူတို့ ၏ယုံကြည်ခြင်းကို စွန့်ပယ်ခိုင်းခြင်း ဖြစ်သည်။ ထိုအရာမှာ ခရစ်ယာန်တို့ မပြုလုပ်နိုင်သည့် အရာတစ်ခု ဖြစ်သောကြောင့်ပင်ဖြစ်သည်။ 
အကယ်၍ ရောမအင်ပါယာက တောင်းဆိုသည့်အတိုင်း သူတို့ ဘုရားကိုပြောင်းလဲခဲ့ပါက သူတို့သည် အရာအားလုံးကို ပြောင်းလဲရပေ မည်။ ဧကရာဇ်မင်းသည် သူတို့၏ဘုရားဖြစ်လာကာ သူတို့နယ်ရုပ်လေး တသရုပ်အဖြစ် သေဆုံးရမည်ဖြစ်သည်။ သူတို့သည် အပြစ်မှကယ် တင်ခြင်းနှင့် ကောင်းကင်သစ်မြေကြီးသစ်သို့ ဝင်ရောက်နိုင်ခြင်း နှစ်မျိုးလုံး ပြုနိုင်မည်မဟုတ်ပေ။ ထို့ကြောင့်ပင် သူတို့သည် သူတို့၏ယုံကြည်ခြင်း အပေါ်သစ္စာမဖေါက်နိုင်ဘဲ ဝမ်းမြောက်မှုအပြည့်ဖြင့် သေခြင်းကိုရွေးချယ်ခဲ့ ကြသည်။ သူတို့သည် သေခါနီးအချိန် ထိတိုင်အောင်ပင် သခင်ဘုရားထံ ချီးမွမ်းသီချင်းဆိုနိုင်ကြသည်။ အဘယ်ကြောင့်ဆိုသော်သူတို့၏မျှော်လင့် ခြင်းသည် သူတို့၏နာကျင်စွာသေခံရခြင်းထက် ပို၍ကြီးမားသောကြောင့် ပင်ဖြစ်သည်။ 
ကျွန်ုပ်တို့အတွက် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို ကာ ကွယ်ရန်မှာ အလွန်အရေးကြီးသည့်အရာဖြစ်သည်။ ထိုအရာသည် ကျွန်ုပ် တို့အား မျှော်လင့်ခြင်းဖြင့်အသက်ရှင်နေရန် အမိန့်ပေးနေသည်။ ကျွန်ုပ် တို့၏သေခြင်း နောက်၌ ထည်ဝါခြင်းနှင့် ပျော်ရွှင်ခြင်း အပြည့်ရှိသော ကမ္ဘာသစ်၌နေထိုင်ရန် ထာဝရအသက်စောင့်မျှော်နေသည်ကို မျှော်လင့်နေ ရပေမည်။ 
သင်သည် သခင်ဘုရားအတွက် ဆင်းရဲဒုက္ခခံဖူးပါသလား။ သင် ၏ကိုယ် ချို့ယွင်းချက် (သို့) မှားယွင်းမှုကြောင့်မဟုတ်ပါဘဲ သခင်ဘုရား အတွက်သင်ဆင်းရဲဒုက္ခခံဖူးပါသလား။ အကယ်၍ကျွန်ုပ်တို့၏ ဆင်းရဲဒုက္ခခံ ခြင်းသည် သခင်ဘုရားအတွက်ဖြစ်ပါက ကျွန်ုပ်တို့၏ နာကျင်မှုအားလုံး သည် ပျှော်ရွှင်ခြင်းသို့ပင်ပြောင်းလဲသွားမည်ဖြစ်သည်။ တမန်တော်ပေါလု ပြောခဲ့သကဲ့သို့ ပင် “ငါတို့အားပေါ်ထွန်းလတံ့သောဘုန်းကို ထောက်သော် မျက်မှောက် ကာလ္ခခံရသောဆင်းရဲဒုက္ခကို ပမာဏမပြုထိုက်ဟု ငါသ ဘောရှိ၏`` (ရောမသြဝါဒစာ ၈း၁၈) ဟုဖြစ်၏။ အဘယ့်ကြောင့်ဆိုသော် ကျွန်ုပ်တို့၌ပေါ်ထွန်းလာမည့်ဘုန်းသည်သခင်ဘုရားအတွက်ကျွန်ုပ်တို့ခံစား ရသည့် ဆင်းရဲဒုက္ခထက်ပို၍ကြီးမားသောကြောင့်ဖြစ်သည်။ ယခု မျက် မှောက်ကျွန်ုပ်တို့ ခံစားနေရသည့် ဆင်းရဲဒုက္ခအားလုံးတို့သည် ကျွန်ုပ်တို့၏ ယုံကြည်ခြင်း၏ကြီးမားသော ဝမ်းမြောက်မှု့အောက်၌ ပျောက်ကွယ် သွားရပေမည်။အခြားစကားလုံးဖြင့်ဆိုသော်ကနဦးအသင်းတော်၏သန့်ရှင်း သူနှင့်မာတုရခံခဲ့ရသူများသည် သခင်ဘုရားအတွက်အသက်ကိုပေးခဲ့ကြ သည်။ အဘယ့်ကြောင့်ဆိုသော် သူတို့အတွက်စောင့်နေသည့် ပျော်ရွှင်ခြင်း မှာ သူတို့လက်ရှိခံစားနေရသည့် ဆင်းရဲဒုက္ခထက် ကြီးမားသော ကြောင့်ဖြစ်သည်။ မာတုရခံရခြင်းမှာ သူတို့၏ဆင်းရဲဒုက္ခခံနိုင်ခြင်းစွမ်းအင် ရှိသောကြောင့် မဟုတ်ဘဲသူတို့အတွက် စောင့်မျှော်နေသည့် ဘုန်းအပေါ် ထားသော မျှော်လင့်ချက်ကြောင့်ပင်ဖြစ်သည်။
ယေဘုယျအားဖြင့် လူတို့သည် သူတို့၏နာကျင်မှု့များမှာ ခံသင့် သည့်အရာများဖြစ်သည်ဟု ငြင်းခံတတ်ကြ၏။ ဤသည်ခက်ခဲမောပန်းနိုင် သောစစ်ပွဲဖြစ်သည်။ သူတို့၏သည်းခံခြင်းသည် စိတ်ဓါတ်ကျစရာအကျိုးရ လဒ်များကြုံလာသောအခါ သူတို့၏အချီနှီး ဖြစ်ခြင်းပို၍ကြီးမားလာခဲ့ သည်။ ထိုကဲ့သို့သော ဒုက္ခခံခြင်းအားလုံးသည် အကျိုးမရှိပေ။ သို့သော် ကျွန်ုပ်တို့ခရစ်ယာန်များအတွက် ပို၍ကြီးမားလာသည့်အရာမှာ ကျွန်ုပ်တို့ ၏ ဇွဲရှိခြင်းတွက် ပျော်ရွှင်ခြင်းနှင့်ဝမ်းမြောက်ခြင်းပင် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ဆုအတွက် စိတ်ချမှုအပြည့်ရှိပေသည်။ အကယ်၍ကျွန်ုပ် တို့သည် သခင်ဘုရားထံ၌သူ၏သစ္စာရှိသော ငယ်သားကောင်းအဖြစ် အစေ ခံရန် ဆုံးဖြတ်ထားပါက ကျွန်ုပ်တို့တွက် စောင့်မျှော်နေသည့် နာကျင်မှု ထက်ကြီးမားသည်ကို ကျွန်ုပ်တို့သိပါသည်။ အဘယ့်ကြောင့်ဆိုသော် ခက် ခဲမှုရှိသမျှတို့သည် ဤပျော်ရွှင်မှု့အောက်ရောက်ကာ ကျွန်ုပ်တို့အားလုံး သခင်ဘုရားအတွက် အသက်ရှင်နိုင် ကာမာတုရကိုပင် ပွေ့ဖက်ထား နိုင်ပါသည်။
လူတို့၌ ဝိညာဉ်၊ စိတ်ခံစားမှု့၊ အတွေးအခေါ်နှင့် ယုံကြည်ခြင်းရှိ ကြသည်။ ဒုတိယ အကြိမ်မွေးဖွားခြင်းခံပြီးသော ဝိညာဉ်များအတွက် သခင်ဘုရား၏ဝိညာဉ်တော်သည် သူတို့အတွင်း၌ကျိန်းဝပ်နေသောကြောင့် သူတို့၏ဖြောင့်မတ်ခြင်းကြောင့် ညှင်းပန်းနှိပ်စက်ခံရပါသော်လည်း သူတို့ အတွက် စောင့်နေသည့်ဘုန်းတော်ကြောင့် နှုတ်ဖြင့်ဖော်မပြနိုင်သည့် ဝမ်း မြောက်ခြင်းကိုသာ သယ်ဆောင်လာပါသည်။ သို့သော်အကယ်၍ သူတို့ သည် ရှေးဦးစွာ သောချစ်ခြင်းမေတ္တာကို ထားခဲ့ပါက သခင်ဘုရားသည် မီးခွက်ကိုပြောင်းရွှေ့ ပစ်ရန် တုံ့ဆိုင်းနေမည်မဟုတ်ပေ။
အကယ်၍ရေနှင့်ဝိညာဉ်တော်သတင်းကောင်းအား မိမိစိတ်နှလုံး အကြွင်းမဲ့ဖြင့် အစေခံရန် ဆုံးဖြတ်ထားသူတို့ ထိုကဲ့သို့ပြုရန် ရပ်တန့် သည်ဆိုပါက ထိုအရာသည် သတင်းကောင်းအတွက် အစေခံရသော ဝမ်း မြောက်ခြင်းဖြစ်သည့် သူတို့၏ရှေးဦးစွာသောချစ်ခြင်းမေတ္တာကိုတဖြည်း ဖြည်းဖြင့် ချန်ထားခြင်းပင်ဖြစ်သည်။ သူတို့၏ပုဂ္ဂိုလ်ရေးရာ ယုံကြည်ခြင်း ကိုဆက်လက်ဆုပ်ကိုင် ထားနေမည်ဖြစ်သော်လည်း သတင်းကောင်းဟော ပြောခြင်းအပေါ် အလေးမထားပါက ကယ်တင်ခြင်းရရန် မည်သို့ပြုရ မည်ဆိုသည့်အပေါ်တွင် ရှင်းလင်းစွာနားလည်နိုင်ခြင်းရှိမည်မဟုတ်ပေ။ ကားတိုင်ပေါ်မှ အသွေးတော်သည် ကယ်တင်ခြင်းအတွက် လုံလောက်မှု မရှိပေ။ သူတို့၏ယုံကြည်ခြင်းသည် ပျော့လျော့ကာသူတို့၏မာတုရ သည် လည်းသူတို့အတွက်မလုပ်နိုင်သည့်အရာဖြစ်နေပေသည်။ ထိုအခါဘုရားသ ခင်သည် သူတို့၏မီးခွက်အားရှိသည့် နေရာမှ ရွှေ့ပြောင်းပစ်မည်ဖြစ်သည်။
သတင်းကောင်းအားဝမ်းမြောက်ခြင်းဖြင့် ခိုင်မြဲစွာရပ်တည်အစေခံသူ များ သာလျှင် မာတုရအားလိုလားစွာ ပွေ့ဖက်နိုင်မည်ဖြစ်သည်။ အကြောင်းမှာ သူတို့သည်သူတို့၏ရှေးဦးစွာသောချစ်ခြင်းမေတ္တာကို ဘယ်သောအခါမျှ စွန့်ပယ်မည်မဟုတ်သောကြောင့်ပင်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် လူများသည် ခရစ်တော်၏ချစ်ခြင်းပေါ်ယုံကြည်ကာ ဟောပြောကြခြင်း ကြောင့် ဘုရားသခင်၏ကောင်းကြီးပေးခြင်းခံရသူများဖြစ်ကြကာ မာတုရခံ နိုင်ကြသည်။ သင်မည်မျှပင် တတ်စွမ်းကာ ဆုကျေးဇူးခံစားရသူဖြစ်နေ ပါစေ အကယ်၍ရေနှင့်ဝိညာဉ်တော်သတင်းကောင်းအား ပျံ့နှံ့စေခြင်းမရှိ ပါက အသင်းတော်မီးခွက်သည် ရှိသည့်နေရာမှပယ်ခြင်းကို ခံရမည်ဖြစ် သည်။ ဤသည်ဘုရားသခင်က ကျွန်ုပ်တို့အားခိုင်မြဲစွာ ဆုပ်ကိုင်ထားလို သည့် သတင်းကောင်းဖြစ်သည်။ အကယ်၍ကျွန်ုပ်တို့သည် ဤသမ္မာ တရားကို သဘောပေါက်နားလည်ယုံကြည်ပါက နောက်ဆုံးသောအချိန် ကာလ၌ ကျွန်ုပ်တို့နှလုံးသားကို ခွန်အားသစ်ဖြည့်စည်းကာ သခင်ဘုရား ၏နာမတော်အတွက် မာတုရခံနိုင်မည် ဖြစ်သည်။
ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို မကျအောင်ထိန်းထားသည့် အခြေ ခံအချက်သည် အဘယ်အရာနည်း။ ထိုအရာသည် ရေနှင့်ဝိညာဉ်တော်သ တင်းကောင်းဖြစ်သည်။ ထိုအရာ သည်ရေနှင့်ဝိညာဉ်တော် သတင်းကောင်း အတွက် မဟုတ်ခဲ့ပါက ကျွန်ုပ်တို့၏ယုံကြည်ခြင်း အလုပ်သည်မည်သို့ အသုံးဝင်ပါမည်နည်း။ ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို စောင့်ထိန်းထားနိုင်ရ သောအကြောင်းရင်းမှာ ဘုရားသခင်သည် ကျွန်ုပ်တို့အားချစ်ကာ ရေနှင့် ဝိညာဉ်တော် သတင်းကောင်းအားဖြင့် ကျွန်ုပ်တို့အား သူ့ရင်ခွင်တွင် ပွေ့ချီ ထားသောကြောင့်ဖြစ်သည်။ ဤချစ်ခြင်းမေတ္တာသည် ပြောင်းလဲခြင်းမရှိဘဲ ကျွန်ုပ်တို့အားဘုန်းထင်ရှားစေ သောကြောင့် ကျွန်ုပ်တို့၏ ယုံကြည်ခြင်းကို ဆက်လက်ထိန်းသိမ်းကာ ထိုအရာအား ဟောပြောပျံ့နှံ့စေနိုင်ကြခြင်း ဖြစ်သည်။
ကျွန်ုပ်တို့၏အားနည်းခြင်းများကြားမှပင် နောက်ဆုံးသောအချိန် ထိတိုင်ဘုရားသခင်ဘက်သို့ ကျွန်ုပ်တို့ပြေးနိုင်ကြသည်။ အဘယ့်ကြောင့် ဆိုသော် ရေနှင့်ဝိညာဉ်တော် သတင်းကောင်းသည် ကျွန်ုပ်တို့အား ကယ် တင်ကာ ဤသတင်းကောင်းတွင်ခရစ်တော်၏ ချစ်ခြင်းမေတ္တာကို တွေ့ရ သောကြောင့် ဖြစ်သည်။ ကျွန်ုပ်တို့၌ ချို့ယွင်းမှုများဖြင့်ပြည့်လျှက်ရှိပါ၏။ သို့သော်ကျွန်ုပ်တို့သည်ရေနှင့်ဝိညာဉ်တော်သတင်းကောင်းအားဖြင့် ဝတ် ခြုံထားသောကြောင့် ကျွန်ုပ်တို့သခင်ဘုရား၏ ချစ်ခြင်းမေတ္တာဖြင့်ပြည့် လျှက်ရှိ၏။ ထို့ကြောင့်ကျွန်ုပ် တို့၏ညီအစ်ကိုမောင်နှမများကို ချစ်ခင်နိုင် ကာ ဘုရားသခင်၏အစေခံများနှင့် လောကရှိ ပျောက်ဆုံးသောဝိညာဉ် အားလုံးတို့ကိုလည်း ချစ်နိုင်ခြင်းဖြစ်သည်။ အခြေခံအားဖြင့် ပြည့်စုံ သောချစ်ခြင်းမေတ္တာသည် လူတို့ရောက်နိုင်သည့် အရာ၏တစ်ဖက်၌ရှိ၏။ ကျွနု်ုပ်တို့အတွင်း၌ ချစ်ခြင်းမေတ္တာမရှိသောကြောင့် ကျွန်ုပ်တို့သည် တစ်ဦးတစ်ယောက်ကိုမျှ ချစ်ခြင်းမရှိဘဲ တစ်ကိုယ်ကောင်းစိတ်ဖြင့် မိမိ ကိုယ်သာချစ်နိုင်ကြခြင်းဖြစ်သည်။များစွာသောလူတို့သည်အပေါ်ယံလွှာကို ကြည့်ခြငး်ဖြင့် လိမ်ညာခံရကြသည်။ အတွင်းပိုင်း၌ရှိသော တောက်ပနေ သည့်မျက်နှာစာကိုကြည့်ပါ။ ထိုသူတို့သည် လူများအား သူတို့၌ရှိသော ရှုပ်ဝတ္တုပိုင်ဆိုင်မှုများဖြင့်တရားစီရင်တတ်ကြသည်။ သို့သော် စစ်မှန် သော ယုံကြည်သူများကြား၌ဘုရားသခင်၏ချစ်ခြင်းမေတ္တာရှိ၏။ ထိုအရာသည် ကျွန်ုပ်တို့အားပြည့်စုံသော သခင်ဘုရား၏ချစ်ခြင်း မေတ္တာကိုပျံ့နှံ့စေသည့် အရာဖြစ်သည်။
ကျွန်ုပ်တို့သခင် ဤလောကသြွို့ကလာကာ ဗတ္တိဇံခံပြီးကျွန်ုပ်တို့ ၏ချို့ယွင်းချက်အားလုံးတို့ကို လက်ခံကာအပြစ်အားလုံးတို့ကို ဆေးကြော ပြီး ကျွန်ုပ်တို့အားကယ်တင်ခဲ့သည်။ ထိုသို့ဆိုသော် ကျွန်ုပ်တို့အားဘုရား သခင်၏ သားသမီးများဖြစ်စေသည့် သူ၏ရှေးဦးစွာသော ချစ်ခြင်းမေတ္တာ ကို မည်သို့စွန့်ပယ်နိုင်ပါမည်နည်း။ ကျွန်ုပ်တို့သည် အားနည်းချက်များစွာရှိ ပေမည်။ သို့သော်ဤသမ္မာတရား၌ ကျွန်ုပ်တို့သည် ဘယ်သောအခါမျှ ယုံကြည် ခြင်းကိုအားမနည်းစေသင့်ပေ။ ကျွန်ုပ်တို့သည် ဤသတင်း ကောင်းအား ကျွန်ုပ်တို့၏လုံးဝ ယုံကြည်ခြင်းဖြင့် ဟောပြောရမည်ဖြစ် သည်။ ဘေးဒါဏ်ကြီးကာလ၌ အလိုအပ်ဆုံးသော အရာမှာ ရေနှင့်ဝိညာဉ် တော်ဖြစ်ပါသည်။ကျွန်ုပ်တို့ဆင်းရဲခြင်းနှင့်ဘေးဒါဏ်ကြီးကြုံတွေ့လာသော အချိန်တွင် ကျွန်ုပ်တို့၏ယုံ ကြည်ခြင်းကို ကာကွယ်ရန်ခွန်အားနှင့်ခက်ခဲ မှုများကို ကျော်လွှားစေနိုင်သည့်အရာမှာ ရေနှင့်ဝိညာဉ်တော်သတင်း ကောင်းအပေါ်ယုံကြည်ခြင်းအားဖြင့် သာဖြစ်သည်။ ကျွန်ုပ်တို့၏မျက်နှာ တောက်ပနိုင်ခြင်းမှာ သတင်းကောင်းတန်ခိုးတော်ကြောင့်ဖြစ်ပြီး ကျွန်ုပ်တို့ ၏နေ့စဉ်ရုန်းကန်လှုပ်ရှားမှု့များကြား မောပန်းချိန်၌ ပင်ဝမ်းမြောက်နိုင် ကြသည်။ ဤသည်ကျွန်ုပ်တို့သခင်၏ ချစ်ခြင်း မေတ္တာဖြစ်သည်။
တစ်ခါတစ်ရံလူတို့သည်ဥပဒေကို စောင့်ထိန်းလိုက်နာခြင်း လှည့် ကွက်၌လဲကျတတ်ကြသည်။ သူတို့တွေးထင်သည်မှာ ဘုရားသခင်သည်သူ တို့ပြုခဲ့သည့်အရာပေါ်၌ ကောင်းကြီးပေးသည်ဟုဖြစ်သည်။ မှန်ပါ၏ ထို အရာအား ကျွန်ုပ်လုံးဝမှားယွင်းသည်ဟု ပြောဆိုမည်မဟုတ်ပါ။ သခင်ဘု ရားက ငါ့ကိုချစ်သောသူကို ငါချစ်တော်မူမည်ဟု မိန့်တော်မူခဲ့သည်။ သို့ သော်ဘုရားသခင်ကျွန်ုပ်တို့အား အလွန်ချစ်ကာအပြစ်မဲ့သူများ အပြစ်ပြု ရခြင်းမှာ ကျွန်ုပ်တို့ပြုခဲ့သောအရာများကြောင့်မဟုတ်ပေ။ အဘယ့် ကြောင့်ဆိုသော် ဘုရားရှင်သည် ကျွန်ုပ်တို့အပေါ်ထားခဲ့သော ကတိတော် အားလုံးကို သူသိထားပြီး၊ ကျွန်ုပ်တို့အပေါ်ထားခဲ့သော ကတိတော်အားလုံး ကိုသိကာသူ၏ပြည့်စုံသောချစ်ခြင်းမေတ္တာနှင့်အလိုတော်ဖြင့်ကျွန်ုပ်တို့အား ပွေ့ချီကာပကတိအတိုင်းဖြစ် စေပါသည်။ သူ၏ကောင်းကြီးမင်္ဂလာကြောင့် သာလျှင် ကျွန်ုပ်တို့သည် ဝမ်းမြောက်စွာသက်ရှင်နိုင်ကြခြင်းဖြစ်သည်။ ဘုရားသခင်သည် ကျွန်ုပ်တို့အား သူ့လူများအဖြစ်ပြုလုပ်သောကြောင့် သူ၏ဘုန်းတော်ဝတ်ဆင်ကာအခြားသူများထံသတင်းကောင်းကို ဟောကာ သခင်ဘုရားအတွင် အလုပ်လုပ်နိုင်ကြခြင်းဖြစ်သည်။ ထို့နောက်အချိန်ကျ သောအခါတွင် သူ့အတွက်မာတုရခံနိုင်ကြပါသည်။ သူသည်ကျွန်ုပ်တို့ အားဤအရာအားလုံးကို ပြုလုပ်စေနိုင်သော သူဖြစ်ပါသည်။
Quo Vadisကားတွင်း၌ သေတွင်းသို့ပို့ခံရသော်လည်း သခင် ဘုရားအားချီးမွမ်း သီချင်းဆိုနိုင်ကြသ့် အမျိုးသမီးမာတုရခံသူများသည် မည်သည့်နေရာမှခွန်အားရကြသနည်း။ သူတို့သည် ဘုရားသခင်၏ချစ်ခြင်း မေတ္တာမှခွန်အားရခြင်းဖြစ်ပါသည်။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကြီးမား လှသောကြောင့်ပင် သူတို့သည် မာတုရအား ချီးမွမ်းခြင်းဖြင့် ပွေ့ဖက် နိုင်ကြခြင်းဖြစ် သည်။
ထိုကဲ့သို့ပင် ကျွန်ုပ်တို့၏အသက်တာ၌ ဖြစ်ပျက်နေပါသည်။ ကျွန်ုပ်တို့ အသက်ရှင်နေရခြင်းမှာ သခင်ဘုရားကျွန်ုပ်တို့အား ရှင်သန်ခွင့် ပေးသောကြောင့်ဖြစ်သည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ အစေခံနှင့်သား သမီးများ အဖြစ်နေထိုင်နိုင်ခြင်းမှာ ကျွန်ုပ်တို့၏ လုပ်ဆောင်ခြင်းကြောင့် မဟုတ်ပေ။ ကျွန်ုပ်တို့ထိုအရာနှင့် ထိုက်တန်သောအပြုအမူတစ်ခုမျှ ပြုခဲ့ ခြင်းမရှိပေ။ ထိုအရာသည် ဘုရားသခင်၏ကျွန်ုပ်တို့အပေါ်၌ထားသော မပြောင်းလဲ နိုင်ဘဲ ပြည့်စုံသည့်ချစ်ခြင်းမေတ္တာကြောင့်သာ ထိုချစ်ခြင်း၌ ကျွန်ုပ်တို့ယုံကြည်နိုင်ခြင်း ဖြစ်ပြီး တစ်ခါတစ်ရံကျွန်ုပ်တို့ခလုတ်တိုက်မိ လျှင်ပင် နောက်ဆုံးသောကာလထိတိုင် သူ့နောက်ကို ကျွန်ုပ်တို့လိုက်နိုင် ကြသည်။ ဤခွန်အားသည် ကျွန်ုပ်တို့ ၏ခွန်အားမဟုတ်ဘဲ ဘုရားသခင်၏ ခွန်အားဖြစ်ပါသည်။ မာတုရသည် ကျွန်ုပ်တို့အား ကျန်းမာစေသည့်ဘုရား သခင်၏ ချစ်ခြင်းမေတ္တာအားဖြင့်သာ ဖြစ်နိုင်ပြီး သခင်ဘုရား၏ကျေးဇူး တော်သက်သက်အားဖြင့်သာ မာတုရကို ကျွန်ုပ်တို့ပွေ့ဖက်နိုင်ကြပါသည်။ ဘုရားသခင်သည် သင့်အားမာတုရခံနိုင် စေသူဖြစ်သောကြောင့် သင်၏ အချိန်ကိုမဖြုန်းပါနှင့်။ထိုအရာတွက်ပြင်ဆင်နေပါ။ထိုအရာတွက်သင်ပြုနိုင် သည့်အရာတစ်ခုတစ်လေမျှမရှိသည်ကို သတိရပါ။ ကျွန်ုပ်တို့၏ ရေနှင့် ဝိညာဉ်တော်သတင်းကောင်းပေါ်၌ထားသောယုံ ကြည်ခြင်းတစ်ခုတည်းက သာလျှင် ကျွန်ုပ်တို့၏နောက်ဆုံးထွက်သက်အထိ ဘုရားသခင်အား ချီးမွမ်း စေနိုင်မည်ဖြစ်သည်။
သခင်ဘုရားသည် အာရှိပြည်၌ရှိသော အသင်းတော်ခုနစ်ပါးသို့ ကြားလိုက်သည်မှာ “အကြင်သူသည်အောင်မြင်၏။ ထိုသူသည် ငါ၏ဘုရား သ ခင်ပရဒိသုဥယျာဉ်၌ရှိသောအသက်ပင်၏အသီးကို စားစေခြင်းငှာ ငါအခွင့်ပေးမည်”ဟုဖြစ်သည်။ အသက်ပင်သည် ကောင်းကင်သစ်နှင့် မြေ ကြီးသစ်တွင် တွေ့နိုင်ပါသည်။ ထိုနေရာ၌ ဘုရားသခင်၏ပလ္ဘင် ရှိပြီးအိမ် တော်သည် ကျောက်များဖြင့် တည်ဆောက်ထားကာ အသက်ရေသည် စီးဆင်း လျက်ရှိနေပါသည်။ အောင်မြင်သူတို့အတွက် ဘုရားသခင်သည် ဤသူ၏ပရဒိဘုံကို ကတိတော်ထားကာ ထိုနေရာ၌ထာဝရဘုရားနှင့် သူတို့ သည် ထာဝရ ပြည့်စုံစေခြင်းဖြင့် အတူနေရပေမည်။
အောင်မြင်သောသူတို့သည် ရေနှင့်ဝိညာဉ်တော်သတင်းကောင်း အပေါ် ယုံကြည်ခြင်းအားထားသောကြောင့်ဖြစ်သည်။ ဤသတင်းကောင်း မှလွှဲ၍ အခြားအရာများသည် အောင်မြင်ခြင်းမပေးနိုင်ဘဲ ဘုရားသခင်၏ ခွန်အားဖြင့်သာ ကျော်လွှားနိုင်ပြီး လူ၏ခွန်အားဖြင့်မဖြစ်နိုင်ပေ။ ကျွန်ုပ်တို့ အား အောင်မြင်စေနိုင်သည့် ခွန်အားသည် ဘုရားသခင်ထံမှ သာဖြစ်ပေါ် လာပါသည်။ ဘုရားသခင်၏ချစ်ခြင်းမေတ္တာနှင့်သူ၏ကယ်တင်ခြင်းသည် မည်မျှကြီးမားကြောင်းကို ကျွန်ုပ်တို့သဘောပေါက်နားလည်ကာ ချီးမွမ်း သင့်ပေ၏။ အဘယ်ကြောင့်ဆိုသော် ဤသတင်းကောင်းသည် ကျွန်ုပ်တို့ကို မာတုရအား ပွေ့ဖက်ရန် ခွန်အားပေးမည့် အရာဖြစ်နေကြောင့်ပေတည်း။ ကျွန်ုပ်တို့ရှိသမျှသည် အားနည်းခြင်း၊ ပါရမီမရှိသူ၊ ဆုကျေး ဇူးမခံစားရသူ၊ မပြည့်စုံသူ၊မိုက်မဲကာမသိနားမလည်သူများဖြစ်နေပေမည်။သို့သော် ကျွန်ုပ် တို့နှလုံးသား၌ရေနှင့်ဝိညာဉ်တော်သတင်းကောင်းတန်ခိုးရှိသောကြောင့် တန်ခိုးရှိနေပါသေး ၏။
ရေနှင့်ဝိညာဉ်တော်သတင်းကောင်း၌ ယုံကြည်သောသူတို့၏အ မည်များအား အသက်စာစောင်တွင် ရေးသားထားသည်။ အခြားတစ်ဖက်၌ အသက် စာစောင်၌အမည် ရေးသားထားခြင်းမရှိသူများသည် လဲကျကာစာ တန်ရှေ့၌ လက်နက်ချရပေလိမ့်မည်ဖြစ်သည်။ ရေနှင့်ဝိညာဉ်တော်သတင်း ကောင်းအား ယုံကြည်ခြင်းဖြင့် အသက်စောစောင်၌ အမည်ရေးထားခြင်း ခံရသူတို့သာမကောင်းဆိုးဝါးရှေ့၌ဒူးထောက်ခြင်းရှိမည်မဟုတ်ပေ။ သင်၏ အမည်သည် အသက်စာစောင်၌သေချာရှင်းစွာ ရေးထားခြင်းရှိမရှိကို သင် သေချာ သိထားရပေမည်။
ကျွန်ုပ်တို့မာတုရခံရချိန်တွင်ထိုအရာသည်ကျွန်ုပ်တို့၏သခင်ခရစ် တော်ပေးထား သည်ရှေးဦးစွာသော ချစ်ခြင်းမေတ္တာအပေါ် ယုံကြည်ခြင်း ကြောင့်ဖြစ်ပေမည်။ ကျွန်ုပ်တို့ သည်စိုးရိမ်ခြင်း (သို့) ကြောက်ရွံ့ခြင်းမရှိဘဲ ကျွန်ုပ်တို့၏မာတုရကို စောင့်နေနိုင်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ကျွန်ုပ်တို့အတွင်း၌ ကျိန်းဝပ်နေသောသန့်ရှင်းသောဝိညာဉ်တော် သည် ကျွန်ုပ်တို့အားမာတုရခံရန် ခွန်အားပေးပေလိမ့်မည်။ အဘယ့်ကြောင့် ဆိုသော်မာတုရကြောင့်ခံရသောဆင်းရဲဒုက္ခသည် ကျွန်ုပ်အားစောင့်မျှော် နေသည့် ကောင်းကင်ဘုန်းတော် ဖြင့်နှိုင်းယှဉ်နိုင်ခြင်း မရှိသောကြောင့် ပင်ဖြစ်သည်။ ကျွန်ုပ်တို့သည် သေခြင်း ရှေ့၌ကြောက်ရွံ့စွာနေမည့်အစား အဖိုးတန်လှသည့် သတင်းကောင်းကို ကာကွယ်ရန်အတွက် မာတုရအား ရဲဝံ့စွာပွေ့ဖက်ခဲ့သည်။ ကျွန်ုပ်တို့သည် မာတုရမည်သို့ခံနိုင်မည်ဆိုသည့် အတွေးအခေါ်တွင် တွေးတောနေခြင်းမရှိဘဲ နေသင့်သည်။ အဘယ် ကြောင့်ဆိုသော် ထိုအရာသည် ကျွန်ုပ်တို့၏ကြိုးစား ခြင်းကြောင့်မဟုတ်ဘဲ ဘုရားသခင်အားဖြင့်သာ မာတုရခံနိုင်ကြခြင်းဖြစ်သည်။
တစ်နေ့တွင်အောက်ပါ ကြေငြာချက်သည် ကျယ်လောင်စွာဟစ် ကြော်သံ ထွက်ပေါ်လာမည်ဟု ကျွန်ုပ်သေချာပေါက်ယုံကြည်သည်။ “နိုင်ငံ သားအပေါင်းတို့ ဤနေ့သည် အမှတ်တံဆိပ်ရယူရန် နောက်ဆုံးသော နေ့ရက်ဖြစ်သည်။ အနည်းငယ်မျှသော နိုင်ငံသားတို့သာ ယနေ့အမှတ် တံဆိပ်ကို ခံယူရန်ရှိသည်။ ယနေ့ထိသင်တို့၏ပူးပေါင်းပါဝင်မှုအပေါ် ကျွန်ုပ်တို့ကျေးဇူးတင်ပါသည်။ အမှတ်တံဆိပ်ကိုလက်ခံခြင်းသည် သင့်အ တွက်မရှိမဖြစ်လိုအပ်သည့်အရာဖြစ်သည် အဘယ်ကြောင့်ဆိုသော် ထိုအ ရာသည် ကျွန်ုပ်တို့နိုင်ငံ၏ အမိ်န့်ကိုအတည်ပြုစေရန်အတွက်ဖြစ်သည်။ ထို့ကြောင့်ကျေးဇူးပြု၍မြို့တော်ခန်းမသို့ အမှတ်တံဆိပ်ယူရန် ဖြစ်နိုင်သ လောက်အလျင်အမြန်ရောက်လာပါ။ တဖန်ကျွန်ုပ်ပြောလိုသည်မှာ ဤနေ့ သည် သင့်အတွက်အမှတ်တံဆိပ် ရယူရန် နောက်ဆုံးသောနေ့ရက်ဖြစ် သည်။ ယနေ့အချိန်ထိအမှတ်တံဆိပ် မခံယူသေးသူတို့သည် ပြင်းထန်စွာ အပြစ်ဒါဏ်ပေးခံရမည်ဖြစ်သည်။ ယခု ရှင်းလင်းစေရန်အတွက် အမှတ်တံ ဆိပ်မခံယူသေးသောသူများ၏အမည်ကို ကျွန်ုပ်ခေါ်မည်ဖြစ်သည်။” ဤ အရာသည် စိတ်ကူးအတွေးဖြစ်သည်မှာမှန်ပါ၏။ သို့သော်ထိုကဲ့သို့သော အကြောင်းအရာသည် မဝေးတော့သည့် အနာဂါတ်တွင် သေချာပေါက် ဖြစ်လာမည်ဖြစ်သည်။
ကနဦးအသင်းတော်၏ အသင်းသားများသည် တစ်ဦးနှင့်တစ်ဦး ငါးရုပ်ဖြင့်အမှတ်အသားပေးတတ်ကြသည်။ ဤအရာများသည် သူတို့ကြား ၌ လျှို့ဝှက်သင်္ကေတများဖြစ်သည်။ ကျွန်ုပ်တို့သည်လည်း ကျွန်ုပ်တို့၏ ညီအစ်ကို မောင်နှမများအား မှတ်မိသိရှိရန် အမှတ်အသားလုပ်ထားသင့် ပေသည်။ သို့မှသာ ကျွန်ုပ်တို့တစ်ဦးနှင့်တစ်ဦးမာတုရခံနိုင်ရန် ယုံကြည် ခြင်းဖြင့် ခွန်အားပေး နိုင်ကြမည်ဖြစ်သည်။
မာတုရသည် ကျွန်ုပ်တို့၏ကြိုးစားမှုဖြင့် ခံယူနိုင်သော အရာ တစ်ခုမဟုတ်သောကြောင့် ကျွန်ုပ်တို့၏စိုးရိမ်မှုများကို ဘေးဖယ်ကာထို အရာအားရဲဝံ့စွာရင်ဆိုင်သင့်ပေသည်။ ကျွန်ုပ်တို့၏ ဖြောင့်မတ်စွာသေခြင်း အတွက်ကြောက်ရွံ့စရာတစ်ခုမျှမရှိပေ။ ကျွန်ုပ်တို့ လုပ်ဆောင်ရမည့်အ ရာမှာ ဤလောကတွင် အသက်ရှင်စဉ်တွင် သခင်ဘုရားအတွက် အသက်ရှင်ရန်သာဖြစ်သည်။ ကျွန်ုပ်တို့၏ အသက်တာကိုသခင်ဘုရား အတွက် ကျွန်ုပ်တို့ပေးဆပ်နိုင်ကြသည်။ အဘယ့်ကြောင့်ဆိုသော် ကျွန်ုပ် တို့သည် သခင်ဘုရား၏နာမတော်အတွက် မာတုရခံရန် သတ်မှတ်ထား ခြင်းရသူများဖြစ်သောကြောင့်ပင်ဖြစ်သည်။ အကယ်၍ သင်သည် သင်၏ပိုင်ဆိုင်မှုများဆုံးရှုံးမည်စိုးသောကြောင့် မာတုရအား ရှောင်ပုန်းရန် ကြိုးစားပါကသင်သည် ပို၍ကြီးမားသော ဆင်းရဲဒုက္ခကိုပင် တွေ့ကြုံရမည် ဖြစ်သည်။ သင်သည် မိမိသည် ခရစ်တော်တွက် မာတုရခံရမည်ဟု သိနား လည်ထားကြသည့် ယုံကြည်ခြင်းရှိသူများကဲ့ သို့နောက်ဆုံးသော အချိန် ထိတိုင်သက်ရှင်သင့်ပေသည်။
ကျွန်ုပ်တို့သည် မာတုရခံရမည်ကို နားလည်သဘောပေါက်လာ သောအခါတွင် ကျွန်ုပ်တို့သည် ယုံကြည်ခြင်း၌ စိတ်နှင့်လက်တွေ့ဘဝ၌ ပို၍ပညာရှိလာကြမည်ဖြစ်သည်။ ဤအသိဉာဏ်သည် ကျွန်ုပ်တို့၏ ရှုူးမိုက် မှုတွက် ကုသပေးနိုင်ပြီးလောကီရေးရာ အားလုံးတို့ကိုချန်ထားစေနိုင်ပါ သည်။ ထိုအရာမှာ ကျွန်ုပ်တို့အသက်တာကို အရှုံးပေးရမည်ဟု ဆိုလိုခြင်း မဟုတ်ပေ။ သို့သော် ထိုအရာသည် ကျွန်ုပ်တို့သခင်ဘုရားအတွက် အ သက်ရှင်ရမည်ကို ဆိုခြင်းဖြစ်သည်။ ဘုရားသခင်၏တန်ခိုးတော်သည် စာ တန်အား အဆုံးမဲ့တွင်းထဲသို့ မချမှီအချိန်ထိ ကျွန်ုပ်တို့အား ကယ်တင်ခဲ့ သည့်သခင်ဘုရားအတွက် ကျွန်ုပ်တို့ အသက်ရှင်ကာ စာတန်နှင့်အန္တိ ခရစ်အား ဆန့်ကျင်တိုက်ခိုက်အောင်မြင်ပြီး အောင်မြင်ခြင်းဘုန်းအားလုံး တို့အား ဘုရားသခင်ကိုသာ ပေးသင့်ပါသည်။ ဘုရားသခင်သည် ကျွန်ုပ် တို့အားဖြင့် ဘုန်းတော် ထင်ရှားလိုပါသည်။ ကျွန်ုပ်တို့၏ ယုံကြည်ခြင်း အားဖြင့် ကျွန်ုပ်အထူးကျေးဇူးတင်မိပါသည်။ 
ဘုရားသခင်သည် ကျွန်ုပ်တို့အား အဝေးသို့သယ်ဆောင်သွားရန် အလျင်အမြန်ပြန်လာမည်ကို ကျွန်ုပ်တို့ယုံကြည်ပါသည်။ မြောက်များစွာ သော ဝိညာဉ်တို့နောက်ဆုံးသော အချိန်ကာလ၌ ဘုရားသခင်ထံသို့ ပြန် ချိန်တွင်ဘုရားသခင်သည်သူတို့အားလုံးအား သူ့ရင်ခွင်၌ လက်ခံကာအဝေး သို့သယ်ဆောင်သွားမည်ဖြစ်သည်။ ဘုရားသခင်သည် ဖိလေဒေပိမြို့၌ရှိ သော အသင်းတော်အား ဗျာဒိတ်ကျမ်း ၃း၁၀ ၌ပြောသည့်အတိုင်း “သင် သည်ငါ၏သည်းခံခြင်းနှင့်စပ်ဆိုင်သော နှုတ်ကပတ်တရားကို စောင့်ရှောက် သောကြောင့်`` ဆိုသည့်စကားဖြင့် ဘုရားသခင်သည် သစ္စာရှိသော အ သက်တာဖြင့် အသက်ရှင်သောသန့်ရှင်းသူတို့ကို ရည်ညွှန်းပါသည်။ 
ထိုအရာ၏ ဆိုလိုချက်မှာ အခြားသူများကို သူတို့အပေါ် မည်သို့ ပြောဆိုပြုမူနေစေကာမူ သူတို့သည် ယုံကြည်ခြင်းကို ခိုင်မြဲစွာ ဆုပ်ကိုင် ထားကြသည်ဟု ဆိုခြင်းဖြစ်သည်။ “စုံစမ်းရာကာလတွင် သင့်ကို ငါစောင့် ရှောက်မည်”ဟု ဆိုရာတွင်ဘုရားသခင်သည် သူ၏အမိန့်တော်တို့ကို စောင့် ရှောက်သူတို့အား စုံစမ်းခြင်းမှ လွှတ်ကင်းစေမည်ဟု ပြောဆိုခြင်းပင်ဖြစ် သည်။
အခြားစကားလုံးဖြင့်ဆိုသော် ဘေးဒါဏ်ကြီးကာလနှင့် မာတုရခံ မည့် အချိန်ရောက်သောအခါတွင် ကျွန်ုပ်တို့သည် နေ့စဉ်ဝတ်ပြုခြင်း၊ ဆု တောင်းခြင်းဖြင့် လျှောက်လှမ်းသော သစ္စာရှိစွာ သက်ရှင်သည့်အတိုင်း ဘုရားသခင်သည် ကျွန်ုပ်တို့အား ကွယ်ကာပေမည်။ကျွန်ုပ်တို့၏ စိတ်တွင်း ၌ ကျွန်ုပ်တို့သည် မာတုရခံရမည်ဟုထားပါက နှလုံးသားအတွင်းမှ ရှုပ်ထွေး မှုများ ရှင်းလင်းသွားကာ အကျိုးအဆက်အားဖြင့် ကျွန်ုပ်တို့၏ ယုံကြည် ခြင်းသည် ပို၍ပင်ခိုင်မာလာမည်ဖြစ်သည်။ ကျွန်ုပ်တို့၏မာတုရခံခြင်းအား ဖြင့် ကျွန်ုပ်တို့အားလုံးသည် စုံစမ်းရာကာလတွင်စောင့်လျှောက်ခြင်းခံရ မည်ဆိုသည့် ဘုရားသခင်၏ကတိ တော်အား သတိရကာလက်ရှိအသက် တာတွင် ဘုရားသခင်ရှေ့၌ ယုံကြည်ခြင်းဖြင့်အသက်ရှင်ရမည်ဖြစ်သည်။ အတိုချုပ်အားဖြင့်ဆိုသော် ကျွန်ုပ်တို့သည်ယုံကြည်ခြင်းဖြင့် အသက်ရှင် ရမည် ဖြစ်သည်။
နောက်ဆုံးသောနေ့ရက်ကာလရောက်လာသောအချိန်တွင် ထို သူတို့သည် မိမိတို့မည်မျှ မှားယွင်းခဲ့ကြကြောင်းကို တွေ့ရှိပေလိမ့်မည်။ သူတို့၏လွှမ်း မိုးနိုင်သောနေ့ရက်နှင့်တန်ခိုးတို့သည် ရေတွက်ခံခဲ့ပြီး ဖြစ်သည် ကျွန်ုပ်တို့ပြုလုပ်ရန် လိုအပ်သောအရာတစ်ခုမှာ ဘုရားသခင် သည် သူ၏ကတိတော်စာများကို ပြည့်စုံစေလိမ့်မည်ဟူသော မျှော်လင့် ချက်ဖြင့် အသက်ရှင်ရန်ဖြစ်သည်။ 
ဘေးဒါဏ်ကြီးကာအလယ်သို့ ကျွန်ုပ်တို့ရောက်ရှိသောအချိန်တွင် ကျွန်ုပ်တို့သည်ယုံကြည်ခြင်းကိုကာကွယ်ရန်အတွက်မာတုရ(Martyrdom) ခံရမည်ဖြစ်သည်။ တံပိုးခုနှစ်လုံး မမှုတ်မှီအချိန်တွင် ကျွန်ုပ်တို့ရှိသမျှသည် ချီဆောင်ခြင်းခံကာ အနှစ်တစ်ထောင်နိုင်ငံတော် အတွင်းသို့ ဝင်ရောက်ကြ မည်ဖြစ်သည်။ ခရစ်တော်နှင့်အတူ စိုးစံရမည်ဟူသော ကျွန်ုပ်တို့၏ မျှော်လင့်ချက် အကောင်အထည်ဖေါ်လာသောအချိန်တွင် ကျွန်ုပ်တို့၏ ဤ ကမ္ဘာကြီးပေါ်ရှိခံစားခဲ့ရသောဆင်းရဲဒုက္ခရှိသမျှတို့သည် ကျွန်ုပ်တို့အား စောင့်မျှော်နေသော ဆုများဖြင့် ပေးလျှော်မည်ဖြစ်ကာ ကျွန်ုပ်တို့၏ ထာ ဝရအသစ်သော ကောင်းကင်နှင့်မြေကြီးသစ်သို့ ဝင်ရောက်ခြင်းသည် နှုတ် ဖြင့်မဖေါ်ပြနိုင်သော ဝမ်းမြောက်ခြင်းဖြစ်ပေသည်။ ယနေ့ ကျွန်ုပ်တို့သည် ဘုရားသခင်၏ ကတိတော်များ ပြည့်စုံလာမည့် မျှော်လင့်ချက်ဖြင့် သခင် ဘုရားအတွက် ယုံကြည်ခြင်းဖြင့် အသက်ရှင်ကြသည်။ ကျွန်ုပ်တို့သခင် ဘုရားအား သူ၏ကတိတော်များအားလုံးကို ပြည့်စေမည်ဆိုသော မျှော် လင့်ချက်ဖြင့်ကျွန်ုပ်တို့၏ဘုန်းတော်ဝင်စားသော ခန္ဓာနှင့်အတူ သူနှင့်ထာဝ ရနေရမည့်နေ့ရက်အားစိတ်အားတော်သန်စွာစောင့်စားလျက်နေ ပါသည်။ 
ကျွန်ုပ်သခင်ဘုရားအား ကျွန်ုပ်တို့အတွက် ပြည့်စုံသောအပြစ်ခွင့် လွှတ်ခြင်းသတင်းကောင်းကိုပေးခဲ့သည့်အတွက် သူ့၌တည်ခြင်းဖြင့် ကျွန်ုပ် တို့၏ယုံကြည်ခြင်းကို ကာကွယ်ရန်မာတုရကို တပွေ့ဖက်စေနိုင်ခြင်း အတွက်နှင့် သူ၏မင်္ဂလာရှိသောလူများကြားတွင် ရပ်တည် ခွင့်ပေးသော ကြောင့် ကျေးဇူးတင်ပါသည်။ 
 
 
ဧဖက်အသင်းတော်၏နောက်ခံသမိုင်း
 
အာရှိပြည်၌ရှိသော ရောမအင်ပါယာအုပ်စိုးသည့် ကြီးမားသော သင်္ဘောဆိပ်ကမ်းမြို့ကြီးဖြစ်သည့် ဧဖက်မြို့သည် စီးပွားရေးနှင့် ဘာသာ ရေးအတွက် အချက်အခြာကျသော နေရာဖြစ်သည်။ ကနဦးအသင်းတော် ခေတ်၌ ထိုမြို့သည် နိုင်ငံတကာတွင်ကျော်ကြားသော မြို့ဖြစ်၏။ မြို့၏ မြောက်ဘက်တွင် စမုရနမြို့ရှိပြီး တောင်ဘက်တွင် မိလတပ် (Miletus) မြို့ရှိ၏။ဒဏ္ဍာရီပုံပြင်အရဆိုသော်စစ်၏အရဲရင့်ဆုံးနတ်ဘုရားမ (Amazon) သည် ထိုမြို့အားဘီစီဆယ့်နှစ်ရာစုတွင် ပထမတည်ထောင်ကာ အေသင် ၏သရဖူဆောင်သည့် မင်းသား (Androclus) အားသူမပေးအပ်ခဲ့သည်ဟု ဖြစ်သည်။ 
ဧဖက်မြို့သည် ရုပ်ဝတ္တုပိုင်းဆိုသော် အလွန်ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံဖြစ်သည်။ ထိုအရာ၏ ဆိုလိုချက်မှာ ထိုမြို့သည် လောကီပိုင်းဆိုင်ရာ မြို့လည်းဖြစ်သည်ဟုပင်။ ထို့ကြောင့် ပင်ဘုရားသခင်သည် ဧဖက်အသင်း တော်အား နောက်ဆုံးသောကာလထိတိုင် စာတန်ကို တိုက်ခိုက်ရန် မိန့်တော်မူခဲ့၏။ သို့မှသာ ရေနှင့်ဝိညာဉ်တော်သင်းကောင်းကို မပျောက်ဆုံး ဘဲရှိစေ မည်ဖြစ်သည်။ ဘုရားသခင်၏သမ္မာတရားစကားများသည် မည်မျှ အရေး ကြီးသည်ကို ကျွန်ုပ်တို့ သဘောပေါက်နားလည်ကာ မည်သည့်နည်း ဖြင့် ကျွန်ုပ်တို့၏ ယုံကြည်ခြင်းအတွက် ကာကွယ်ရမည်ကိုပင်ဖြစ်သည်။ 
တမန်တော်ယောဟန်အားဖြင့် ဘုရားသခင်သည် ဧဖက်အသင်း တော်အား “လကျာ်လက်၌ကြယ်ခုနှစ်လုံးကိုကိုင်၍ ရွှေမီးခွက်ခုနှစ်လုံး အလယ်၌ သွားလာသောသူ၏အမိန့်တော်ကား သင်အကျင့်ကျင့်ခြင်း၊ ပင်ပန်းစွာလုပ်ဆောင်ခြင်း၊ သည်းခံခြင်းကိုငါသိ၏။ သင်သည် မတရား သောသူတို့ကို လက်မခံနိုင်ကြောင်းကို၄င်း၊ တမန်တော်မဟုတ်ဘဲ တမန် တော်ဖြစ်ယောင် ဆောင်သောသူတို့ကို စစ်ဆေး၍ လှည့်ဖြားသောသူဖြစ် သည်ဟု သိကြောင်းကို၄င်း၊ ခန္တိနှင့်ပြည်စုံ၍၊ ငါ၏နာမကြောင့် ဆင်းရဲ၍ အားမလျော့ကြောင်းကို၄င်းငါသိ၏”ဟု ရေးခဲ့သည်။ ဧဖက်အသင်းတော် သည် ဘုရားသခင်မှသူ၏အကျင့်ကျင့်ခြင်း၊ မတရားသောသူတို့ကို လက်မ ခံကြောင်းကိုသိခြင်း၊ တမန်တော် အယောင်ဆောင်သောသူတို့ကို စစ်ဆေး ခြင်း၊ သူ၏နာမတော်အတွက် ဆင်းရဲ၍ အားမလျော့ခြင်းအတွက် ချီးကျူး ခံခဲ့ရသည်။ 
သို့သော် ဧဖက်အသင်းတော်သည် သူ၏ပြုခဲ့သော အမှားအတွက် လည်း ပြစ်တင်ခြင်းခံခဲ့ရသည်။ ထိုကျမ်းပိုဒ်၌ ဆက်လက်ဖေါ်ပြထား သည့်အတိုင်း “သို့သော်လည်း သင်သည် ရှေးဦးစွာသော ချစ်ခြင်း မေတ္တာ လျော့ပြီဟု သင်၌အပြစ်တင်စရာရှိ၏။ ထို့ကြောင့် သင်သည် မရွေ့လျော့မှီ၊ အရင်နေရာ အရပ်ကို အောက်မေ့လော၊ နောင်တရလော့၊ ရှေးဦးစွာသော အကျင့်ကိုကျင့်လော့။ သို့မဟုတ် သင်ရှိရာသို့ငါသည် အလျင်အမြန် လာမည်၊ နောင်တမရလျှင် သင်၏မီးခွက်နေရာမှရွှေ့မည်။ သို့သော်လည်း ငါမုန်းသော နိကောလတပည့်တို့၏အကျင့်ကို သင်လည်း မုန်းသည်ဟု ပြောစရာရှိ၏။ဝိညာဉ်တော်သည်အသင်းတော်တို့အားအဘယ်သို့ မိန့်တော် မူသည်ကို နားရှိသောသူမည်သည်ကား ကြားပါစေ။ အကြင်သူသည် အောင်မြင်၏။ ထိုသူသည် ငါ၏ဘုရားသခင် ပရဒိသုဥယျာဉ်တွင်ရှိသော အသက်ပင်၏အသီးကို စားစေခြင်းရှိ အခွင့်ပေး မည်`` ဟုဖြစ်သည်။
အထက်ပါကျမ်းပိုဒ်၌ဘုရားသခင်သည်နိကောလတို့အား မုန်း သည်ကို ဖေါ်ပြထားသည်။ ဤနေရာရှိ နိကောလသည် ဘုရားသခင်အ သင်းတော် သမ္မာတရားအား ဆန့်ကျင်သောယုံကြည်သူ အဖွဲ့တစ်ချို့ကို ရည်ညွှန်းပါသည်။ ထိုကဲ့သို့ပင် နိကောလအတိအကျပြုခဲ့သောအရာမှာ ဧပ ရဂံအသင်း တော်၌ အသေးစိတ်အသေအချာ ပြုလုပ်ခဲ့သည်။ 
 
 
နိကောလ၏ အမှားပြုခြင်း
 
ဗျာဒိတ်ကျမ်း ၂း၁၄ ၌ “သို့သော်လည်း ဣသရေလအမျိုးသားတို့ သည် ရုပ်တုရှေ့မှာ ပူဇော်သော ယဇ်ကောင်ကို စားစေခြင်းငှာ၄င်း၊ မတရား သောမေထုန်ကို ပြုစေခြင်းငှာ၄င်း၊ ထိမိ၍လဲစရာအရာကို သူတို့ရှေ့၌ ချ ထားမည် အကြောင်း၊ တလက်မင်းကို အကြံပေးသော သူသည်ဟူသော ဗာလမ်၏အယူကို စွဲလမ်းသောသူတို့သည် သင်၏နေရာ၌ရှိကြသည်ဖြစ်၍ သင်၌အ နည်းငယ်သော အပြစ်တင်စရာရှိ၏” ဟုဆို၏။ ဤကျမ်းပိုဒ်ကို ကိုးကားသော ကျမ်းပိုဒ်သည် တောလည်ရာကျမ်း ၂၂ တွင် တွေ့နိုင်သည်။ ထိုကျမ်းပိုဒ်၌ ဗာလက်နှင့်မောဘ ဘုရင်တို့၏ သမိုင်းကြောင်းရေးသား ထားပါသည်။
ဣသရေလလူတို့သည် အဲဂုတ္တုပြည်မှ ထွက်လာပြီး မောဘလွင် ပြင် သို့ရောက်သောအချိန်တွင် နွားသည်မြက်ပင်ကို စားသကဲ့သို့ ထိုပြည် ၏အမျိုးခုနှစ်မျိုးကို အောက်နိုင်ခဲ့သည်။ ဤအောင်မြင်မှုကို ကြားပြီးသော အခါ ဗာလက်မင်းသည် သူတို့၏ဘုရားကို ကြောက်ရွံ့လာခဲ့သည် သူ၏စိုး ရိမ်မူမှာမောဘသားတို့သည်လည်း ယခင်သိမ်းပိုက်ခြင်းခံခဲ့ပြီးသောကာနန် သားများကဲ့သို့ သိမ်းခံရမည်ကိုဖြစ်သည်။ ဣသရေလလူတို့၏ တိုက်ခိုက် အောင်မြင် ခြင်းမှလွှတ်မြောက်ရန် ကာကွယ်သည့်အနေဖြင့် ဗာလက်မင်း သည် မှားယွင်း သော ပရောဖက် ဗာလမ်ကို ခေါ်ကာကျိန်ဆဲစေသည်။
ဗာလမ်သည်မှားယွင်းသောပရောဖက်ဖြစ်သည်။ သို့သော်ဟေလ သ လူ (Gentile) တို့တွေးထင်သည်မှာ သူသည်ဘုရားသခင်၏ အစေခံဟု ပင် ဖြစ်ပါသည်။ သူသည် ယဇ်ပုရာဟိတ်မင်း အာရုန်၏အမျိုးလည်းမဟုတ် လေဝိအမျိုးလည်းမဟုတ်ပေ။သို့သော် ဗောဘဘုရင် ဗာလက်သည် ဗာလမ် ကောင်းကြီးပေးသောသူများသည် ကောင်းကြီးခံရကာ ကျိန်ဆဲသော သူများသည် ကျိန်ဆဲခြင်းခံ ရမည်ဟု ယုံကြည်ထားသည် ထိုအချိန်ကာလ၌ ဗာလမ်သည်မှားယွင်းသော ပုရောဖက်ဖြစ်သော်လည်း ထိုဒေသတစ်ဝိုက်၌ မှော်ဆရာအဖြစ် ထင်ပေါ် သောသူဖြစ်သည်။
ဗာလမ်သည် ဗာလက်မင်းသူအားပြုစေသည့် အရာကို မပြုလုပ် နိုင်ခဲ့ပေ။ ထိုသို့ဖြစ်ရခြင်းအကြောင်းမှာ ဣသရေလလူတို့သည် ဘုရားသ ခင်၏လူတို့ဖြစ်ကြကာ ဗာလမ်သည် ဣသရေလလူတို့အား ကျိန်ဆဲရန် ဘုရားသခင်ထံမှ အခွင့်မရသည့်အပြင် ထိုသို့ပြုလုပ်ရန် ကြိုးစာခြင်း သည်ပင် သူ့အပေါ်၌ ကျိန်ခြင်းပြန်လည် သက်ရောက်ရန် ပင်ဖြစ်သည်။ ဘုရားသခင်၏ဝိညာဉ်တန်းခိုး လွမ်းမိုးခြင်းခံထားရသော ဣသရေလ လူတို့ အား ဗာလမ်သည် ကောင်းကြီးပေရှုံမျှလွှဲ၍ ဘာမျှမတတ်နိုင်ပေ။ ဤအတွက်စိတ်ဆိုးကာ ဗာလက်သည် ဗာလမ်အားဣသရေလလူမျိုးတို့ကို သူမမြင်နိုင်သည့်နေရာမှ ကျိန်ဆဲရန်တောင်းဆိုခဲ့သည်။
ဗာလမ်သည် ဗာလက်မင်းထံမှ များစွာသောငွေကြေးဘဏ္ဍာတို့ ကိုရရှိသောကြောင့် အပြန်တွင်ဣသရေလလူတို့အပေါ် မည်သို့ကျိန်ခြင်း ရောက်ရန် ပြုရမည်ကိုသင်ပေးခဲ့သည်။ သူတို့၏အစီအစဉ်မှာ ဣသရေလ တို့အား မောဘပြည်၏ပွဲသို့ ဖိတ်ခေါ်ကာ မောဘအမျိုး သမီးများဖြင့် ဆက် ဆံစေခြင်းဖြစ်သည်။သို့မှသာဣသရေလလူတို့သည်သူတို့၏အပြစ်အတွက် ဘုရားသခင်၏ဆုံးမခြင်းကိုခံရမည်ဖြစ်သည်။ ဤနည်းဖြင့် ဣသရေလလူ တို့ထံသို့ကျိန်ခြင်းရောက်ရန်ဗာလမ်သည်ဗာလက်မင်းအားသင်ပေးခဲ့သည်။
ဘုရားသခင်မိန့်တော်မူသည်မှာ ဗာလမ်အားပုန်းသည်ဟုပင် အဘယ့်ကြောင့်ဆိုသော်ဗာလမ်သည် ငွေမက်သောသူဖြစ်သောကြောင့် ပင် ဖြစ်ပါသည်။ ယနေ့ခရစ်ယာန်အသိုင်းအဝိုင်းတွင် ဗာလမ်ကဲ့သို့ ငွေမက် သောသူများစွာရှိသည်။ အမှန်တွင်ထိုသူတို့သည် မှားယွင်းသော ပရောဖက် များဖြစ်သည် သို့သော်ထိုအတွင်းမှ များစွာသောသူတို့သည်ရိုသေလေးစား မှု ခံနေရသေး၏။ ဗာလမ်နှစ် သက်သည်မှာရှုပ်ပစ္စည်းများနောက်သာ လိုက်ချိန်တွင် မှားယွင်းသော ပရောဖက်အဖြစ်အဆုံးသတ်ကြသည်။ ထို့အ တွက်ကြောင့် ဘုရားသခင်သည် နိကော လကိုပုန်းခြင်းဖြစ်သည်။
ဘုရားသခင်၏ အသင်းတော်နှင့် သူ၏အစေခံများထံသို့ အဘယ် အရာက ပျက်စီးခြင်းဖြစ်သည်ကို သင့်သိပါသလား။ ထိုအရာသည် ငွေကို တပ် မက်ခြင်းဖြစ်သည်။ ရုပ်ပစ္စည်းများနောက်သာ လိုက်တတ်သော သူတို့ သည် ဘုရားသခင်ရှေ့၌ ပျက်စီးခြင်းကြုံတွေ့ရမည်ဖြစ်သည်။
 
 
ဗာလမ်၏လမ်းစဉ်ကိုလိုက်သည့်အသင်းတော်
 
တမန်တော်များခေတ်ကကဲ့သို့ပင် ယနေ့များစွာသော လောကီအ သင်းတော်နှင့်မှားယွင်းသောအစေခံတို့သည် ဗာလမ်၏လမ်းစဉ်ကို လိုက် လျှောက်ကြသည်။ သူတို့သည် သူတို့၏နောက်လိုက်များထံမှ နည်းမျိုးစုံ ဖြင့်ငွေရရန် အစွမ်းကုန်ကြိုးပမ်းကြသည်။ ဥပမာအားဖြင့် အဖွဲ့သားများ အတွင်းသူတို့၏ရုပ်ဝတ္တုပစ္စည်းပိုင်ဆိုင်မှုဖြင့်သူတို့၏လှူဒါန်းမှုသည် သူ/သူ မ၏ယုံကြည်ခြင်းကို တိုင်းတာသည့်အရာအလား ပြောဆိုကြသည့်အခါ တွင်ဖြစ်သည်။ အသင်းတော်အတွက်များစွာ လှူဒါန်းသောသူတို့သည် အ နည်းငယ်သာ လှူဒါန်းသောသူတို့ထက်သာ၍ ယုံကြည်ခြင်း၌ကြီးမား ကြောင်း အဓိပ္ပါယ်သက်ရောက်စေကာ သူတို့၏ရည်ရွယ်ချက်မှာ အသင်း တော်တိုးတက်စေရန်ဟု ပြောတတ်ကြ၏။
ယုံကြည်သူတစ်ယောက်သည် သူ၏ရုသားသောစိတ်နှလုံးဖြင့် ဘုရားသခင်နှင့်သူ၏သတင်းကောင်းအတွက် အစေခံမည်ဟု ဆုံးဖြတ်ခြင်း မှာ အံ့သြဖွယ်ဖြစ်သည်မျာ အမှန်ပင်ဖြစ်လေသည်။ သို့သော်ဗာလမ်ကဲ့သို့ သောမှားယွင်းသည့်ပရောဖက်သည်သူတို့၏ဝမ်းဝရေးအတွက် ယုံကြည်သူ များအား သားကောင်အဖြစ် ထားကြသည်။ ထိုသူတို့သည် သူတို့၏နောက် လိုက်များအား“ကျွန်ုပ်ဆယ်ဖို့တစ်ဖို့ကိုသစ္စာရှိစွာပေးသောကြောင့်ဘုရားသ ခင်သည် ကျွန်ုပ်၏စီးပွားရေးအားဖြင့် ဆယ်ဆပြန်လည်ဆုပါသည်`` ဆို သော ရုပ်ဝတ္ထုပိုင်းဆိုင်ရာတွင် သက်သေခံခြင်းမျိုးကို ပြိုင်ဆိုင်ပြောဆိုရန် လှုံ့ဆော်ကြသည်။ဗာလမ်၏လိမ်ညာခံရခြင်းဖြင့်သံသယမရှိသောယုံကြည် သူတို့က ဤသည် စစ်မှန်သောယုံကြည်ခြင်းလမ်းကြောင်းဟု တွေးထင်ကြ ၏။ အမှန်တွင် ထိုအရာသည် သူတို့၏ဝိညာဉ်ရေးနှင့် ရုပ်ဝတ္တုပိုင်းဆိုင်ရာ ချွတ်ခြုံကျခြင်း မှားယွင်းစွာ ဂုဏ်ယူမိခြင်းနှင့် သူတို့၏ပျက်စီးခြင်းပင်ဖြစ် သည်။
နိကောလ၏အကျင့်တို့သည် အခြားမဟုတ်ဘဲ ဗာလမ်၏အကျင့် များပင်ဖြစ်သည်။ ဗာလမ်ကဲ့သို့ပင် သူ၏လောဘစိတ်ဖြင့် ဘာလက်အား ဣသရေလလူတို့၏ ခလုတ်ဖြစ်စေခြင်းငှာ သင်ပေး၏။ ယနေ့ခရစ်ယာန် အဖွဲ့အစည်းတွင် မိမိကိုယ်ကိုဘုရားသခင်၏ အစေခံဟုကြေငြာသူတို့သည် အဖွဲ့သားများ၏အိပ်ထောင်ကိုသာ စိတ်ဝင်စားကြပါသည်။ ဤမှားယွင်း သောပရောဖက်များအားဖြင့်လမ်းလွဲသွားသောသူတို့သည်သူတို့၏ပိုင်ဆိုင် မှုရှိသမျှတို့အားဤမှားယွင်းသောသိုးထိန်းများထံပေးပြီးသောခါလက်ချည်း သက်သက်ရှိနေကြ၏။ ထို့ပြင်လျင်မြန်စွာ (သို့) နောက်ပိုင်းတွင်သာ သူတို့ ၏အသိစိတ်၌ မိမိတို့ယုံကြည်ခဲ့သည့်အရာမှာ လုံးဝမှားယွင်းကြောင်းသိ ခြင်းသည် ပို၍ဆိုးရွားသည့်အရာဖြစ်ပါသည်။ နောက်ဆုံး၌ သူတို့သည် မှား ယွင်းသောအသင်းတော်ကို အပြစ်တင်ကာ ယုံကြည်ခြင်းကို စွန့်ပယ်ကြပေ မည်ဖြစ်သည်။ ကံဆိုးစွာပင်အလွန်ဝမ်းနည်းစရာကောင်းသည့်ဖြစ်ရပ်မှန် မှာ ဤဝမ်းနည်းစရာကောင်းသည့် ပုံပြင်သည် မရင်းနှီးသောအရာမဟုတ် ဘဲ ဧဝံဂေလိအသင်းတော်ဟု ခေါ်သည့်အသင်းတော်များ၌ပင် တွေ့နေရ သည်။
သမ္မာကျမ်းစာက ဘုရားသခင်သည် နိကောလ၏အကျင့်ကိုမုန်း ကြောင်း ကျွန်ုပ်တို့အားပြောပါသည်။ အကယ်၍ကျွန်ုပ်တို့သည် နိကောလ နောက် လိုက်မည်ဆိုပါက ကျွန်ုပ်တို့၏ဘုရားသခင်၌ထားသော ယုံကြည် ခြင်းဆုံးရှုုံးသွားမည်ဖြစ်သည်။ ကျွန်ုပ်တို့၌ ဘုရားသခင်ပေးထားသည့် များ စွာသောသက်သေခံချက်များရှိ၏။ထိုအရာများအားလုံးသည်ဝိညာဉ် ရေးရာ တိုးတက် မှုများဖြစ်သည်။ သို့သော်ရုပ်ဝတ္တုပစ္စည်းများ ပိုင်ဆိုင်ရန်အတွက် သက်သေခံစေခြင်းမျိုးသည် ကျွန်ုပ်တို့လုံးဝရှောင်ရှားရမည့်အရာဖြစ်ကာ ထိုလမ်းသည် နိကောလ၏လမ်းစဉ်ဖြစ်ပြီး ဘုရားသခင်ကိုယ်တိုင်မုန်းတီး သည့် လမ်းစဉ်ဖြစ်သည်။
 
 
ဂုဏ်သိက္ခာရှိသောယုံကြည်ခြင်း
 
ဘုရားသခင်သည် အာရှိပြည်၌ရှိသော အသင်းတော်ခုနစ်ပါးအား နိကောလ၏ အကျင့်ကို ဆန့်ကျင်သတိပေးခဲ့သည်။ ဖြည်စွက်၍ ပြောမည် ဆိုပါကသူသည်အောင်မြင်သောသူသည် အသက်ပင်၏အသီးကို စားရမည် ဟုလည်း အသိပေးထားပါသည်။ ကျွန်ုပ်တို့ သခင်ဘုရားအတွက် အစေခံ ချိန်တွင် ထိုအရာသည် ယုံကြည်ခြင်းဖြင့် ပြုလုပ်ခြင်းဖြစ်သည်။ အဘယ့် ကြောင့်ဆိုသော်သူ၏ရွေးကောက်တော်မူခြင်းအတွက်ကျွန်ုပ်တို့၏ ကျေးဇူး တင်ခြင်းနှင့်ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို ဝေငှခြင်းမှာ မှန်သော လုပ်ရန်ဖြစ်သည် ကိုသိသောအသိညာဏ်ကြောင့်ဖြစ်သည်။ ကျွန်ုပ်တို့သည် အခြားသူများကိုပြသရန်ဘုရားသခင်အားအစေခံခြင်း (သို့) ကျွန်ုပ်တို့ကိုတ နည်းအားဖြင့်ကြည့်ကောင်းစေရန်အမှုတော် ဆောင်ခြင်းမပြုလုပ်ပါ။ ထိုသို့ ပြုလုပ်ခြင်းသည် စစ်မှန်သောအမှုဆောင်ခြင်းနှင့် စစ်မှန်သောယုံကြည် ခြင်း မျိုးမဟုတ်ပေ။ ဘုရားသခင်၏အသင်းတော်၌ ကျွန်ုပ်တို့သည် နိကော လ၏အကျင့်ကိုပို၍ သေချာစွာသတိပေးရပေမည်။ ဤအရာကြောင့်ပင် သခင်ဘုရားသည် အာရှိပြည်၌ရှိသော အသင်းတော်ခုနစ်ပါးအား နိကော လ၏အ ကျင့်နှင့်ပါတ်သက်၍ သတိပေးခြင်းဖြစ်၏။
ဒုတိယအကြိမ်မွေးဖွားခြင်းမခံသော အသင်းတော်များသည် အ ဘယ့်ကြောင့် လျင်မြန်စွာကြီးထွားနေကြသည်ကို သင်သိပါသလား။ သူတို့ကြီးပွားခဲ့သည်မှာ ဤအသင်းတော်များကို တည်ထောင်ခဲ့သည့်အရာ မှာ မှားယွင်းသောယုံကြည်ခြင်းနှင့်မှားယွင်းသော သက်သေခံချက်တို့ ကြောင့်ဖြစ်သည်။ဘုရားသခင်၏အစေခံတို့သည်ဘယ်သောအခါမျှ မိမိဝမ်း ဝရန်အတွက် သူတို့၏သိုးစုများထံမှ အခွင့်အရေးမယူသင့်ပေ။
စစ်မှန်သောယုံကြည်ခြင်းသည် ဘုရားသခင်ကျွန်ုပ်တို့အား ယေရှု ၏ဗတ္တိဇံ၊ သူ၏ကားတိုင်ပေါ်မှ အသွေးနှင့်သူ၏ကျွန်ုပ်တို့နေရာ၌ ကိုယ်စား တရားစီရင်ခံရခြင်းဖြင့် ပေးခဲ့ သည့်ကယ်တင်ခြင်း၌ယုံကြည်ခြင်းပင်ဖြစ် သည်။ သို့သော်များစွာသော အသင်းတော်များ သည်ဒုတိယအကြိမ်မွေးဖွား ခြင်း (သို့) ထိုကဲ့သို့မဟုတ်သော သက်သေခံချက်များကို ပရိတ်သတ်အိတ် ထဲမှ ငွေရရန်အတွက်ပြုကြသည်။ သင်သတိထားပြီး ပါးနပ်စွာဖြင့် နား လည်ထားရမည်မှာ စစ်မှန်သောသက်သေခံချက်များသည် သင်၏ယုံကြည် ခြင်းကို တည်ဆောက်စေပြီး ဘုရားသခင်၏ဘုန်းတော်ထင်ရှားစေချိန် မှားယွင်းသော သက်သေခံချက်သည် သင်၏ ထောင်ချောက်ပင်ဖြစ်သည်။
ယနေ့ကမ္ဘာရှိချမ်းသာသော အသင်းရှိသမျှတို့သည် ဗာလမ်ကဲ့သို့သော အမှု တော်ဆောင်များ၏ဦးဆောင်မှုအောက်၌ရှိ၏။ ဗာလမ်လမ်းစဉ်ကိုလိုက် သော အသင်းတော် ခေါင်းဆောင်များသည် သူတို့၏နောက်လိုက်များထံမှ ခေါင်းပုံဖြတ်ရန်သာစိတ်ဝင်စားကြသည်။ ဗာလမ်ကဲ့သို့သော ခရစ်ယာန် ခေါင်းဆောင်တို့သည် သူတို့၏နောက်လိုက်များအား ရုပ်ဝတ္တုပိုင်းဆိုင်ရာ သက်သေခံချက်များကိုသာပြိုင်ဆိုင်စေပြီးသူတို့ထံမှ ငွေနှိုက်ယူလျက်ရှိကြ သည်။ ကျွန်ုပ်ထိုသူများ၏ အကျင့်ကိုအလွန်မုန်းတီးဆက်ဆုပ်မိပါသည်။
စစ်မှန်သောယုံကြည်ခြင်းအသက်တာသည် အခြားအရာများအား ဖြင့်မဟုတ်ဘဲ ယုံကြည်ခြင်းဖြင့်စတင်ပါသည်။ ကျွန်ုပ်တို့သည် စာတန် ထားခဲ့သည့် နိကောလိ၏ထောက်ချောက်ကို ရှောင်ရှားရန်လိမ်မာပါးနပ်ဖို့ လိုပါသည်။ လောဘအတောမသတ်နိုင်သည့် စာတန်၏အစေခေံများ၏ လိမ်ညာခြင်းကို ဘယ်သောအခါမျှ မခံရရန်နိကောလိ၏ အကျင့်သည်မည် သို့ဖြစ်ကြောင်း လူတစ်ဦးစီတိုင်းသိထားရပေမည်။ အထူးသဖြင့် ဘုရားသ ခင်၏အစေခံများသည် ဤအရာနှင့်ပါတ်သက်၍ အလွန်ပင် သတိထား သင့်ပေသည်။ ဤအရာ၌ အမှုတော်ဆောင်များလည်းပါဝင်၏။ အမှု့တော် ဆောင်တို့သည် သူတို့၏ရုပ်ဝတ္ထုပစ္စည်း ပိုင်ဆိုင်မှုမည်သို့သောကားမောင်း ခြင်း၊သူတို့၏အိမ်မည်မျှကြီးမားခြင်း၊ မည်မျှသော ခြံမြေပိုင်ဆိုင်ခြင်း၊ သူတို့ ၏ဘဏ်စာရင်းမည်မျှ များပြားခြင်းအတွက် တွေးတောနေပါက သူတို့၏ အသင်းတော်အားပျက်စီးခြင်းသို့ ဦးဆောင်ကာ နိကောလိ၏လမ်းစဉ်အ တိုင်း ကျဆင်းသွားစေ မည်ဖြစ်သည်။
ဘုရားသခင်သည် အာရှိပြည်၌ရှိသောအသင်းတော်အား ဤအ ရေးနှင့်ပတ်သက်၍အထူးဂရုစိုက်ရန် မိန့်တော်မူခံသည်။ ဗာလမ်၏ယုံ ကြည်ခြင်းမျိုးရှိသောသူသည် ရုပ်ဝတ္ထုပိုင်ဆိုင်မှုအတွက်နှင့် မိမိဘုန်းထင် ရှားဖို့သာ ရှာဖွေကာနောက်ဆုံး၌ လမ်းလွှဲသူများ အသင်းဖွဲ့တည်ထောင် သူအဖြစ်သို့ ရောက်ရန်သာရည်ရွယ်လာကြသည်။ ဘုရားသခင်၏ အသင်း တော်သည် ရုပ်ဝတ္ထုပိုင်ဆိုင်မှုအတွက်သာ မရှာဖွေသင့်ပေ။ ဘုရားသခင် သည် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းနောက် လိုက်သူတို့အား ကောင်း ကြီးပေးမည်ဟု ကျွန်ုပ်တို့၌ကတိပေးထားသည်နည်းတူ ကျွန်ုပ်တို့၏ ရုပ်ဝတ္ထုပိုင်ဆိုင်မှုများအား သတင်းကောင်း ဟောပြောရန်သာ အသုံးပြုပြီး ထိုအရာများအား ဤကမ္ဘာပေါ်တွင် သိုလှောင်မထားသင့်ပေ။
မှားယွင်းသောသိုးထိန်းများကို ငြင်းပယ်ပါ။
ဒုတိယအကြိမ်မွေးဖွားခြင်းခံပြီးသော ယုံကြည်သူသည်ပင်လျှင် အကယ်၍နိကောလ၏ထောင်ချောက်၌မိထားပါက ပျက်စီးခြင်းသို့ ရောက် မည်ဖြစ်သည်။ အစပထမ၌ထိုကဲ့သို့ သောခေါင်းဆောင်များ၏ ယုံကြည် ခြင်းသည် အံ့သြဖွယ်ဖြစ်ကာခိုင်မာသည်ဟု သူတို့ထင်မိပေမည်။ သို့သော် မှားယွင်းသော သိုးထိန်းများ၏လိမ်ညာမှုသည် သူတို့အားနောက်ဆုံး၌ပျက် စီးခြင်းသို့ ပို့ပေလိမ့်မည်ဖြစ်သည်။
ဘုရားသခင်သည်နိကောလ၏အကျင့်ကို မုန်းကြောင်း ဧဖက်မြို့ ၌ ရှိသောအသင်းတော်၏တမန်ကို မိန့်တော်မူခဲ့သည်။ နိကောလိ၏ထောင် ချောက်၌မိသောသူရှိသမျှတို့သည် သူ/သူမ၏ပျက်စီးခြင်းနှင့် ကြုံရမည်မှာ မလွဲမသွေဖြစ်သည်။ သူ/သူမသည် ဒုတိယအကြိမ် မွေးဖွားခြင်းခံပြီး သော ယုံကြည်သူဖြစ်သည်။ ဘုရားသခင်၏အစေခံ (သို့) မည်သူတစ်ဦး တစ် ယောက်ဖြစ်ဖြစ် နိကောလ၏ထောင်ချောက်၌မိချိန်တွင် ပျက်စီးခြင်းသည် အသေချာပင်ရောက်လာမည်ဖြစ်သည်။ သိုးထိန်းဆိုးတို့သည် သိုးစုတို့အား သေခြင်းသို့ပို့ဆောင်သကဲ့သို့မှားယွင်းသော ပရောဖက်များသည် ကျိန်ခြင်း ကို သက်ရောက်စေပါသည်။
ထို့ကြောင့်ပင် ဘုရားသခင်သည် သူ့အစေခံတို့အား “ငါ့သိုးတို့ကို ကျွေးမွေးကြလော့”ဟု မိန့်တော်မူခဲ့ခြင်းဖြစ်သည်။ သိုးထိန်းတို့သည် မိမိ သိုးတို့ကိုကြည့်ရှုစောင့်ရှောက်သကဲ့သို့ဘုရားသခင်၏အစေခံတို့သည် ယုံ ကြည် သူတို့အားသိုးထိန်းများကဲ့သို့စောင့်ရှောက် ကာအန္တရာယ်မှ ကွယ် ကာပြီး သူတို့လိုအပ်သည်များကို ပြုစုစောင့်ရှောက်ရန်လိုအပ်သည်။ သိုး ထိန်းဖြစ်သကဲ့သို့ မိမိသိုးတို့သည်လမ်းလွှဲမသွားစေရန် သတိပေးကာ သူတို့ ရှေ့၌ မည်သို့သောအန္တရာယ်ခိုအောင်းနေမည်ကို ရှာဖွေကာ ထိုကဲ့သို့ သော အန္တရာယ်သို့ နီးကပ်စေခြင်း မရှိရန်ကာကွယ်ရပေမည်။
သိုးတို့သည် အလွန်ခေါင်းမာသော တိရစ္ဆာန်ဖြစ်ကြောင်း သိုးများ ကိုအမှန်တကယ်ထိန်းကျောင်းနေသူများထံမှကျွန်ုပ်ကြားမိပါသည်။ ကျွန်ုပ် တို့သည်လည်း ဘုရားသခင်ရှေ့၌ ဤကဲ့သို့သော ခေါင်းမာသည့် သိုးများ နှင့်တူသည် မဟုတ်ပါလား။ ဘုရားသခင်သည် ကျွန်ုပ်တို့အားဖော်ပြရာတွင် သိုးများနှင့်ဥပ မာတင်စားသုံးနှုန်းခြင်းမှာ ကောင်းသောရည်ရွယ်ချက်ရှိ သည် သူသည်ကျွန်ုပ်တို့အခြေခံအာရှုံ၌ ကျွန်ုပ်တို့မှာ မည်မျှခေါင်းမာ ကြောင်းကို ကောင်းစွာ သိထား ပြီးဖြစ်သည်။
ဘုရားသခင်သည် အာရှိပြည်၌ ရှိသော အသင်းတော်အား အဘယ့်ကြောင့်နိကောလ၊ယေဇဗေလနှင့်ဗာလမ်တို့၏အကျင့်ကို အကြိမ် ကြိမ်ပြောဆိုနေပါသနည်း။ အောင်မြင်သောသူအား အသက်ပင်၏အသီးကို စားစေမည်ဟုအဘယ့်ကြောင့်ပြောဆိုနေပါသနည်း။သူကျွန်ုပ်တို့အားထိုကဲ့ သို့သင်နေခြင်းမှာ မှားယွင်းသောပရောဖက်များ၏ လိမ်ညာခြင်းကို စောင့် ကြည့်ဆန့်ကျင်ရန်အတွက်ဖြစ်သည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏နှုတ် ကပတ်တော်၌ ဆင်ခြင်ကာ “စစ်မှန်သောရေနှင့် ဝိညာဉ်တော်သတင်း ကောင်းသည် အဘယ်နည်းဟု ကိုယ်ကိုကိုယ်မေးသင့်ပါသည်။” လူတို့၏ သင်ခန်းစာနှင့် ဘုရားသခင်၏နှုတ်ကပတ်တော်ကို ရောနှောစေကာမှန် ကန်သည့်သဘောဆောင်နေသည့်အရာသည် သတင်းကောင်းဖြစ်သည်ဟု မဆိုနိုင်ပါ။များစွာသောနာမည်ကြီး တရားဟောချက်များစွာရှိပါသည်။ များ စွာသောနာမည်ကြီး တရားဟောဆရာများ၌ သူတို့တွက်တရားဟောချက် ရေးပေးသည့် ကြေးစားစာရေးသူများရှိပါသည်။ သူတို့ပြုသည့်အရာမှာ တစ်စုံတစ်ယောက်ပြင်ဆင်ထားသည့် တရားဟောချက် အားဖတ်ရှုသက် သက်မျှသာဖြစ်သည်။
ကျွန်ုပ်တို့သည် ဘယ်သောအခါမှ နိကောလ၏ထောင်ချောက်အ မိမခံသင့်ပေ။ ဒုတိယအကြိမ်မွေးဖွားခြင်းခံပြီးသော အသင်းတော်သည် ရုပ် ဝတ္ထုနောက်သို့မလိုက်ရန် အလွန်သတိထားရမည်ဖြစ်ကာ၊ အထူးသဖြင့် အမှုတော်ဆောင်များသည် အဆက်မပြတ်စောင့်ထိန်းသင့်ပြီး အဖွဲ့အစည်း ၌ရှိသောတစ်ဦးတစ်ယောက်စီတိုင်းသည် ထိုကဲ့သို့ သတိထားရမည်ဖြစ် သည်။ အသင်းတော်အား ရုပ်ဝတ္တုပစ္စည်းများဖြင့် ချယ်လှယ်ရန်အတွက် အသင်းသားများထံမှ ငွေနိုက်ရန်ကြိုးစားပြီးအသင်းတော်သည် ဘုရားဝတ် ပြုသည့်ဘုရားကျောင်းထက်နန်းတော်နှင့်တူအောင်ပြုပြင်ခြင်းနှင့် ထိုသို့ပြု စဉ်တွင် သခင်ဘုရားသည် အလျင်အမြန် ကြွလာတော့မည်ဟု ပြောဆို နေခြင်းမျိုးသည် မှားယွင်းသော ယုံကြည်ခြင်းဖြစ်ကာ အတိအကျဖြင့်ဆို သော် နိကောလ၏အကျင့် ပင်ဖြစ်သည်။ 
ကျွန်ုပ်တို့သည်အထူးသဖြင့် မှားယွင်းသောသိုးထိန်းများကို သတိ ထားကာ ကျွန်ုပ်တို့သည် သူတို့၏ယုံကြည်ခြင်းနောက်လိုက်ရန် လိမ်ညာ ခြင်းမခံရစေဖို့ သတိထားနေရမည်ဖြစ်သည်။ သန့်ရှင်းသူတို့သည် ငွေကို မချစ်သင့်ပေ။ထိုအရာထက် ဘုရားသခင်၏ရှေးဦးစွာသော ချစ်ခြင်းမေတ္တာ ဖြစ်သည့် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို ချစ်ကာစောင့်ထိန်းထားရ မည်ဖြစ်သည်။ ကျွန်ုပ်တို့သည် သူနှင့်တွေ့ဆုံသည့် နေ့ရက်တိုင်အောင် သူသည်ကျွန်ုပ်တို့အားခရစ်တော်၏ရေနှင့်အသွေးတော်အားဖြင့် ကယ်တင် ခဲ့သည်ဆိုသည့် သမ္မာတရားကို ဆုပ်ကိုင်ကာ သစ္စာရှိစွာရပ်တည် နေရ မည်ဖြစ်သည်။ ယေရှုသည် ကျွန်ုပ်တို့၏အပြစ်အားလုံးတို့အား သူ၏ဗတ္တိဇံ နှင့်ကားတိုင်ပေါ်မှသေခြင်းအားဖြင့် သယ်ဆောင်သွားသည်ဆိုသည့် ဘုရား သခင်၏နှုတ်ကပတ်တော်၌ သယ်ဆောင်သွားမည်ဆိုသည့် ဘုရားသခင်၏ နှုတ်က ပတ်တော်၌ ယုံကြည်ရမည်ဖြစ်သည်။ 
နိကောလနောက်လိုက်သောသူတို့သည် ရေနှင့်ဝိညာဉ်တော်သ တင်းကောင်းကို ဘယ်သောအခါမျှဟောပြောမည်မဟုတ်ပေ။ သူတို့သည် ရေနှင့်ဝိညာဉ်တော် သတင်းကောင်း ဟောပြောခြင်းအလုပ်၌ စိတ်ဝင်စား ခြင်းမရှိဘဲ ငွေရရန်အတွက်သာ ကြိုးစားတတ်ကြသည်။ ဤသူတို့သည် ဣသရေလလူ တို့အား ခလုတ်တိုက်စေကာ ပျက်စီးခြင်းသို့ရောက်စေသည့် ယနေ့ခေတ်သစ်ဗာလမ်ဖြစ်ကြသည်။သင်ဤအရာကိုသတိရသင့်ပေသည်။ 
ဗာလမ်သည်နောက်ဆုံး၌ ယောရူသတ်ခြင်းကို ခံခဲ့ရသည်။ ယော ရှုမှတ်စာတွင် မှတ်တမ်းတင်ထားသည့်အရာတိုင်း ဤမှားယွင်းသောပရော ဖက်သည်ဣသရေလလူတို့ ကာနန်ပြည်ကို အောင်နိုင်သောအချိန်၌ ယေရှု ၏ဓားချက်ဖြင့် အသတ်ခံခဲ့ရသည်။ ဗာလမ် အသတ်ခံခဲ့ရသည့်အကြောင်း မှာ သူသည် စစ်မှန်သောဘုရားသခင်၏အစေခံမဟုတ်သော ကြောင့်ပင် ဖြစ်သည်။ အပြစ်မဲ့သည့် ယုံကြည်သူများအား ယေရှုနာမကို အသုံးပြု ပြီးခေါင်း ပုံဖြတ်ကာမိမိ ဝမ်းဖြည့်တတ်သူများသည် ယနေ့ခေတ်သစ် ဗာလမ်များဖြစ်ကြသည်။ ဗာလမ်သည်မိမိ၏ဝမ်းဖြည့်ရန်အတွက်မည်သို့ သောနည်းလမ်းကိုအသုံးပြုခဲ့သည်ကို ကျွန်ုပ်တို့ သတိထားရမည်ဖြစ်သည်။ 
ဘုရားသခင်သည်ဧဖက်အသင်းတော်၏ အစေခံတို့အား “အကြင် သူသည် အောင်မြင်၏ထိုသူသည် ငါ၏ဘုရားသခင်ပရဒိသုဥယျာဉ်၌ရှိ သောအသက်ပင်၏အသီးကို စားစေခြင်းငှါ ငါအခွင့်ပေးမည်”ဟု မိန့်တော် မူသည်။ ထိုအရာအားအခြားနည်းဖြင့်ထားသော် ဤကျမ်းပိုဒ်က ဆိုထား သည်မှာ တွန့်ဆုတ်ကာ၊ ဆုံးရှုံးသူတို့သည် သေရမည်ဟုလည်းဆိုထား၏။ ဗာလမ်လမ်း စဉ်လိုက်လျှောက်ခြင်းသည် တစ်ဦးတစ်ယောက်၏ မိမိသေ ခြင်းလမ်းကိုမိမိရွေးချယ်ခြင်းကဲ့သို့ဖြစ်သည်။ ဘုရားသခင်သည် သူ၏သတိ ပေးစကားကို ကျွန်ုပ်တို့ထံပေးထား၏။ သို့မှသာကျွန်ုပ်တို့သည် နိကောလ ၏ထောင် ချောက်တွင်း၌ ကျမည်မဟုတ်ပေ။ ထို့အတွက် ကျွန်ုပ်သူ့အပေါ် ကျေးဇူးတင်မိပါသည်။ ကျွန်ုပ်၏ရှုသားစွာသော မျှော်လင့်ဆုတောင်းချက် မှာ သင်သည် ရုပ်ဝတ္တုပိုင်းဆိုင်ရာစုံစမ်းခြင်း၌ သေဆုံးကာ သင်၏လော ဘအတွက် ဘုရားသခင်၏ စွန့်ပယ်ခြင်းမခံစေရန်ဖြစ်သည်။