Search

တရားဟောချက်များ

ဘာသာရပ် ၁၀ - ဗျာဒိတ်ကျမ်း (ဗျာဒိတ်ကျမ်းအနက်ဖွင့်ကျမ်းများ)

[အခန် 2-4] သေသည့်တိုင်အောင်သစ္စာစောင့်လော့ ( ဗျာဒိတ်ကျမ်း ၂း၈-၁၁ )

( ဗျာဒိတ်ကျမ်း ၂း၈-၁၁ ) 
 
ကနဦးအသင်းတော်ကာလတွင် များစွာသောခရစ်ယာန်တို့သည် ရောမအာဏာပိုင်တို့၏ ညှင်းပန်းနှိပ်စက်ခြင်းလက်မှ မည်သို့လွှတ်မြောက် နိုင်မည့်အကြောင်း လုံခြုံရာအရပ်ကို လှည့်လည်ရှာဖွေခဲ့ကြရသည် ရောမ အင်ပါယာသည် Nero ဘုရင်သေဆုံးပြီး နောက်ပိုင်း၌ပင် ခရစ်ယာန်တို့ အား ညှင်းပန်းနှိပ်စက်ရေးပေါ်လစီကို ဆက်လက်တည် စေခဲ့သည်။ ခရစ်ယာန်တို့သည်လည်း နောက်ဆက်တွဲအင်ပါယာတို့အပေါ် နာခံခြင်းမရှိ ခဲ့ကြပေ။ ကနဦးသန့်ရှင်းသူတို့သည် ရောမအင်ပါယာ၏ လောကီအာဏာ ရှိခြင်းအပေါ် အသိအမှတ်ပြုသဘောပေါက်လက်ခံခဲ့သော်လည်း သူတို့၏ ယုံကြည်ခြင်းကို စွန့်ပယ်စေသောအခါတွင် အသိအမှတ်မပြုပေးနိုင်တော့ ပေ။ အဘယ့်ကြောင့်ဆိုသော် သူတို့သည် ထိုကဲ့သို့ သောရောမအာဏာ ရှင်တို့၏တောင်းဆိုမှုကို ဆန့်ကျင်ရပ်တည်ကြသည်။ ကနဦးအသင်းတော် ၏မှတ်တမ်းသည် ညှင်းပန်းနှိပ်စက်ခြင်းမာတုရခံခြင်းများဖြင့် ပြည့်နှက် လျက်ရှိသည်။ 
ဗျာဒိတ်ကျမ်း၏စကားလုံးများသည် ယနေ့ယုံကြည်သူများအ တွက် အထူးသဖြင့်ဆီလျော်မှုရှိမရှိကို ကျွန်ုပ်တို့ကိုယ် ကျွန်ုပ်တို့မေးသင့် ပေသည်။ ထို့နောက်တွင် ထိုအရာသည် ယခုမဟုတ်ဘဲ လွန်ခဲ့သောအနှစ် နှစ်ထောင်ခန့်က ရေးသားခဲ့ကာ ကျွန်ုပ်တို့အတွက် မဟုတ်ဘဲ အာရှိပြည် ၌ရှိသောအသင်းတော်ခုနှစ်ပါးထံသို့ရေးထားခဲ့ခြင်းဖြစ်သည်။ထိုအရာသည် မည်သို့ကျွန်ုပ်တို့ နှင့်ဆီလျော်ခြင်းရှိနိုင်ပါမည်နည်း။
ထိုအရာသည် ဆီလျော်မှုရှိသည် အဘယ်ကြောင့်ဆိုသော် ထိုအ ရာသည် ကျွန်ုပ်တို့အား အနာဂါတ်တွင်ဖြစ်လာမည့် လျှို့ဝှက်ချက်များကို ကျွန်ုပ်တို့တွက်ဖေါ်ပြသောကြောင့် ဖြစ်သည်။ ကျွန်ုပ်တို့သည် ဗျာဒိတ် ကျမ်း (၆) ၌ဖေါ်ပြထားသည့် တတိယခေတ်ဖြစ်သည့် မြင်းနက်ခေတ်တွင် အသက်ရှင်နေကြောင်း သဘောပေါက်နားလည်ထားရပေမည်။ မြင်းဖြူနှင့် မြင်းနီခေတ်ကို ကျော်လွန်ပြီး ကျွန်ုပ်တို့သည် ယခုတွင်မြင်းနက်ခေတ်ကုန် ဆုံးလုနီး အချိန်တွင် အသက်ရှင်နေကြသည်။ ကမ္ဘာကြီးတစ်ခုလုံးသည် ခန္ဓာနှင့်ဝိညာဉ်ဆိုင်ရာခေါင်းပါးမှုကို လျှင်မြန်စွာကြုံတွေ့ရတော့မည်ဖြစ် သည်။ အမှန်တွင် အစာခေါင်းပါးသည့်ခေတ်သည် ယခုပင်ရောက်ခဲ့ပြီဟု ပင် ပြောနိုင်ပါသည်။ ယခု မျက်မှောက်ခေါင်းပါးသည့် မြင်းနက်ခေတ် ဖြတ် ကျော်ပြီးချိန်တွင် မြင်းမွဲခေတ် ရောက်ရှိလာမည်ဖြစ်သည်။ 
ဗျာဒိတ်ကျမ်း (၆) ၌ဖေါ်ပြသော တံဆိပ်ခုနှစ်ချက်မှာ ဘုရားသခင်သည် သူပထမဦးစွာ စင်္ကြာဝဠာကြီးကို ဖန်ဆင်းကတည်းကမှစ၍ ခရစ်တော်၌ ခေတ်ကြီးခုနစ်ခေတ်ကို စီမံထားခဲ့ပြီးဖြစ်သည်။ ပထမခေတ်မြင်းဖြူခေတ် သည် သတင်းကောင်းခေတ်ဖြစ်သည်။ ဒုတိယခေတ် မြင်းနီခေတ်သည် စာတန်၏ခေတ်မကောင်းဆိုးဝါးသည် ကမ္ဘာကြီးပေါ်တွင် ကြီးမားသည့် ရှုပ် ထွေးမှုသယ်ဆောင်လာသည့် စစ်ပွဲတိုက်ပွဲနှင့် ဘုရားသခင်၏ အသင်း တော်ကို ဆက်လက်ရန်ညှိုးဖွဲ့သောခေတ်ဖြစ်သည်။ ဤခေတ်များနောက် ၌ မြင်းနက်ခေတ်လိုက်လာခဲ့၏။ ဤခေတ်ကြီးတွင် ကမ္ဘာတစ်ဝှမ်း၌ ခန္ဓာ နှင့်ဝိညာဉ်ပိုင်း ခေါင်းပါးမှုက ဖျက်ဆီးသည့်ခေတ်ဖြစ်သည်။ ဤမြင်းနက် ခေတ်သည် အချိန်တော်တော်ကြာကတည်းမှစတင်ခဲ့ပြီးဖြစ်သည်။ 
ဤခေတ်ကြီး ကုန်ဆုံးသွားသောအခါတွင် မြင်းမွဲခေတ်သည် စတင်လာတော့မည်ဖြစ်သည်။ ထိုအတွင်း၌ အန္တိခရစ်ထွက်ပေါ်လာပြီး သည်နှင့် တစ်ပြိုင်နက် ဗျာဒိတ်ကျမ်း (၈) တွင် ဖေါ်ပြထားသည့် ဘေးဒါဏ် ကြီးကာလ တန်ခိုးခုနစ်လုံးသည်လည်း စတင်လာပေလိမ့်မည်။ တံပိုးခုနစ် ချက်၏နောက်ဆုံးတံပိုးမှုတ်သောအချိန်တွင် သန့်ရှင်းသူတို့သည် ချီဆောင် ခြင်းခံရကာ အရာသည် အမျက်တော်ဖလားခုနစ်လုံးဖြင့် လိုက်လာပေ မည်။ ထို့နောက် ချီဆောင်ခြင်းခံပြီးသော သန့်ရှင်းသူတို့အတွက် လေထဲ တွင် သိုးသူငယ်၏မင်္ဂလာဆောင်ပွဲနောက် အမျက်တော်ခွက်ဖလားခုနစ် လုံးပြီးနောက်တွင် သခင်ဘုရားသည် ကျွန်ုပ်တို့နှင့်အတူ ကမ္ဘာကြီးသို့ကြွ လာကာ သူ၏အနှစ်တစ်ထောင်နိုင်ငံတော်ကို စတင်တည်ထောင်ပေလိမ့် မည်။ အနှစ်တစ်ထောင်နိုင်ငံနောက်၌ အနှစ်တစ်ထောင်တွင်နေထိုင်ကြ သော သန့်ရှင်းသူတို့ထံ ရောက်ရှိလာပေမည်။ 
ထို့ကြောင့် ဗျာဒိတ်ကျမ်း၏ကျမ်းပိုဒ်များဖြစ်သည့် “သေသည့် တိုင်အောင်သစ္စာစောင့်လော့ အသက်သရဖူကို ငါပေးမည်”ဟူသည့် ကျမ်း ပိုဒ်နှင့် “အောင်မြင်သောသူကို ဒုတိယသေခြင်းသည် မညှင်းဆဲရ” ဆို သည့်ကျမ်းပိုဒ်တို့သည်ကျွန်ုပ်တို့အတွက်တိုက်ရိုက်ဆီလျှော်သော ကျမ်းပိုဒ် များဖြစ်သည်။ အခြားစကားလုံးဖြင့်ဆိုသော် ဗျာဒိတ်ကျမ်းစကားတို့သည် ယနေ့ကမ္ဘာတွင် အသက်ရှင်နေကြသော ခရစ်ယာန်တို့အတွက် အလွန်ဆီ လျော်လှပါသည်။ ဗျာဒိတ်ကျမ်းသည် ကျွန်ုပ်တို့အတွက် မဆီလျှော်ပါက ဤဘုရားသခင်၏နှုတ်ကပတ်တော်ရှိသမျှတို့သည် အဓိပ္ပါယ်ရှိတော့မည် မဟုတ်ပေ။ 
ဗျာဒိတ်ကျမ်း၌ဖေါ်ပြထားသည့်ခေတ်ကြီးခုနှစ်ခု၏ အစီအစဉ် သည် ကျွန်ုပ်တို့၏သခင်ခရစ်တော်၌ ပြည့်စုံခဲ့သည်။ မြင်းပွဲခေတ်ရောက် လာချိန်တွင်အန္တိခရစ်သည် ထွက်ပေါ်လာပေမည်။ ကျွန်ုပ်တို့သခင်ဘုရား သည် ထိုအချိန်၌ ကျွန်ုပ်တို့အတွက် မည်သို့သော ရည်ရွယ်ချက်ရှိသည်ကို ကျွန်ုပ်တို့သည် နှုတ်ကပတ်တော်မှရှာဖွေရမည်ဖြစ်သည်။ ဘုရားသခင် သည် ကျွန်ုပ်တို့အတွက် မည်သို့သောအစီအမံချမှတ်ထားသည်နှင့် ထိုအရာ ကို သူမည်သို့ ပြည့်စုံစေမည်။ မည်သို့သောဘေးဒါဏ်ကြီး ဤသို့ဖြစ် လာမည်။ မယုံကြည်သူတို့အပေါ် မည်သို့သော ရုပ်တရက်ဘေးဒါဏ်ကျ ရောက်မည်ဆိုသည်နှင့် ထိုကဲ့သို့သောအရာများကို ဗျာဒိတ်ကျမ်း စကား များမှနားလည်ခြင်းသည် လုံးဝအရေးပါသည့်အရာတစ်ခုဖြစ်သည်။ ဤပ ရောဖက်ပြုသောစကားများသည် သင့်အတွက် အလွန်အရေးပါပြီး ဆက် စပ်ပတ်သက်မှုရှိကြောင်းကို သင်လက်ခံကာ ယုံကြည်ထားသင့်ပေသည်။ 
သင်သည်ဗျာဒိတ်ကျမ်းမှ ပြောသည့်ခုနနှစ်တာဘေးဒါဏ်ကြီး ကာလနှင့်ခရစ်တော်၏ဒုတိယအကြိမ် ကြွလာတော်မူခြင်းအပေါ်၌လည်း ကောင်းစွာနားလည်ထားခြင်းရှိရမည် ဖြစ်သည်။ ယနေ့များစွာသော ခရစ် ယာန်တို့သည် ပထမဦးစွာ အင်္ဂလန်နိုင်ငံ၌ ၁၉၃၀ ခန့်တွင် ပေါ်လာပြီး နောက်ပိုင်းတွင် Moody Bible Institute၌ ပါမောက္ခဖြစ်သည့် C.I Scofield ဟုခေါ်သည့် ပညာရှင်မှကျယ်ပျံ့စွာ ဖေါ်ပြခဲ့သည့် ဘေးဒါဏ်ကြီး ကာလမတိုင်မှီ ချီဆောင်ခြင်း (Pre-tribulation rature) အားယုံ ကြည် ကြသည်။ 
ဤသီအိုရီ သန့်ရှင်းသူတို့၏ ချီဆောင်ခြင်းသည်“၇” နှစ်တာဘေး ဒါဏ်ကြီးကာလမတိုင်မှီဖြစ်မည်ဟု အကြောင်းပြပြောဆိုသည်။ ဤအမြင် ၌ ဟေလသလူတို့သည် ပထမဦးစွာ ချီဆောင်ခြင်းခံရပြီး ထို့နောက်မှ ဘုရားသခင်သည် ဣသရေလတို့ကို ကယ်တင်မည့်အလုပ်ကို စတင်မည် ဟုဖြစ်သည်။ ထို့အပြင် သန့်ရှင်းသူတို့၏ချီဆောင်ခြင်းသည် အန္တီခရစ်ပေါ် လာခြင်းနှင့် အမျက်တော်ခွက်ဖလားကြီး မသွန်းမှီချိန်တွင်ဖြစ်မည်ဟု ဆို၏။
ယေဘုယျအားဖြင့်များစွာသောခရစ်ယာန်တို့က Amilennialism (သို့)ဤဘေးဒါဏ်ကြီးကာလမတိုင်မှီချီဆောင်ခြင်းသီအိုရီ(Pre-ribulation ratpure)ကို ယုံကြည်ကြသည်။ သို့သော် ဤအရာတို့သည် ကျမ်းစာကို ကောင်းစွာနားမလည်ခြင်းကြောင့် စိတ်ကူးယဉ်သက်သက်ဖြင့် တည် ဆောက်ထားသည့်အရာများဖြစ်သည်။ ယုံကြည်သူတို့၌ရှိသော ဗျာဒိတ် ကျမ်းနှင့်ပတ်သက်သည့်မေးခွန်းကို ဖြေမည့်အစား ဤစိတ်ကူးအယူအ ဆသည် ဗျာဒိတ်ကျမ်း၏စကားများနှင့် ပတ်သက်၍ပို၍ပင်များသော သံသ ယမေးခွန်းများထွက်ပေါ်လာစေကာ အကောင်းထက်နာကျင်မှုကို ပို၍ဖြစ် စေသည်။ 
အကယ်၍ ဘေးဒါဏ်ကြီးကာလမတိုင်မှီ ချီဆောင်ခြင်းသီအိုရီ မှန်ခဲ့ပါက ဟေလသယုံကြည်သူတို့တွက် ဗျာဒိတ်ကျမ်းစကားတို့သည် မည် သို့ ဆက်စပ်ပတ်သက်မှုရှိမည်နည်း။ ကျွန်ုပ်တို့အားလုံးတို့သည် ကြိုတင်၍ ချီဆောင်ခြင်းခံရပါက ဗျာဒိတ်ကျမ်း၌ ပရောဖက်ပြုထားသည့်ဘေး ဒါဏ် ကြီးကာလနှင့် အရေးပါသည့်ဖြစ်ရပ်စဉ်တို့သည် ကျွန်ုပ်တို့အတွက် ဆက် စပ်ပတ်သက်ခြင်း ရှိတော့မည်မဟုတ်ပေ။ ဤအတွက်ကြောင့်ပင် များစွာ သောသူတို့သည် ဗျာဒိတ်ကျမ်းစကားတို့အား ယုံကြည်ရန်ထက် သိလိုစိတ် ဖြစ် ပေါ်စေသည့် အကြောင်းအရာတစ်ခု အဖြစ်သာ သတ်မှတ်ကြသည်။
သို့သော် ဗျာဒိတ်ကျမ်းစကားများသည် ယနေ့ကမ္ဘာတွင် အသက် ရှင်နေကြသော ကျွန်ုပ်တို့အားလုံးတွက် ဆက်စပ်မှုရှိကာ နားလည်သဘော ပေါက် ထားရပေမည်။ သင့်အား ဤမေးခွန်းတစ်ခုမေးပါရစေ။ သင်သည် ဘုရားသခင်၏နှုတ်ကပတ်တော်ကို ယုံကြည်ပါသလား (သို့) ကျမ်းတတ် ပုဂ္ဂိုလ်တို့၏ စကားကိုယုံကြည်နေပါသလား။ နောက်ဆုံးသောကာလ၌ Amillenialism မှ အနှစ်တစ်ထောင်ကာလပြီး ချီဆောင်ခြင်း (Post- Tribulationrature)ဘေးဒါဏ်ကြီးကာလမတိုင်မှီချီဆောင်ခြင်း၊ ဘေးဒါဏ် ကြီးကာလအလယ်ချီဆောင်ခြင်းနှင့် ထိုကဲ့သို့သော သီအိုရီပေါများစွာရှိနေ ပါသည်။ဤကျမ်းတတ်ပုဂ္ဂိုလ်များတင်ပြသည့်သီအိုရီများသည် စိတ်ကူးနှင့် ထင်ကြေးသက် သက်ထက် မပိုပေ။
ဤသီအိုရီများထဲမှ အဘယ်အရာ၌ သင်ယုံကြည်ပါသလဲ။ များစွာ သော ယုံကြည်သူတို့သည် ဘေးဒါဏ်ကြီးကာလမတိုင်မှီ ချီဆောင်ခြင်း (Pre-tribulation rapture) သီအိုရီကို ယုံကြည်သည်ဟု ပြောကြသည်။ အဘယ့်ကြောင့်ဆိုသော် ထိုအရာသည် သူတို့သင်းအုပ် ဆရာများသင်ပေး ထားသည့် ရာဖြစ်သောကြောင့်ပင် ဖြစ်သည်။ သို့သော် သင့်အား ကျွန်ုပ် တို့သည် ရှင်းလင်းပြတ်သားစွာ ပြောပါရစေ။ သင်နှင့်ကျွန်ုပ်တို့သည် တံပိုး ခုနစ်ချက်မှုတ်သည့်ဘေးဒါဏ်ကြီးကာလကို ဖြတ်ကျော်ကာ ထိုကာလကြီး ၏အလယ်၌ အသက်ရှင်ကြရမည်ဖြစ်သည်။ ကျွန်ုပ်တို့သည် ဘေးဒါဏ်ကြီး ကာလကို ဖြတ်သွားရန် ကြံမ္မာဖန်လာသူများ ဖြစ်သကဲ့သို့ ကျွန်ုပ်တို့၏ ယုံကြည်ခြင်းသည် ကျွန်ုပ်တို့အား စောင့်မျှော်နေသည့် စုံစမ်းခြင်းဘေး ဒါဏ်ကြီးများကို ကျော်လွှားနိုင်သော စစ်မှန်ခိုင်မာသည့် ယုံကြည်ခြင်းဖြစ် ရမည်ဖြစ်သည်။ 
အကယ်၍ သင်သည် ဘေးဒါဏ်ကြီးကာလမတိုင်မှီ ချီဆောင်ခြင်း သီအိုရီ (Pre-tribulation reature theory) ကိုယုံကြည်ခဲ့ပါက မည်သို့ဖြစ် မည်နည်း။ သင့်ကိုယ်သင် ပြန်လည် စဉ်းစားကြည့်ပါ။ ငါသည် ဘေးဒါဏ် ကြီး ကာလမတိုင်မှီ ချီဆောင်ခြင်းခံရမည် ငါထိုအရာကြောင့် ဂရုစိုက်စ ရာမလိုပါဘူးဟုတွေးကာ နောက်ဆုံးသောကာလတွက် သင်၏ယုံ ကြည် ခြင်းကို ပြင်နေမည်မဟုတ်ပေ။ ဘုရားသခင်၏နှုတ်ကပတ်တော်မှ ဖြစ်လာ လိမ့်မည်ဟုဆိုထားသည့်အတိုင်းခုနစ်နှစ်တာဘေးဒါဏ်ကြီးကာလ ရောက် လာသောအခါတွင် မိမိ၏ယုံကြည်ခြင်းအား ဘေးဒါဏ်ကြီးကာလတွက် မပြင်ဆင်ထား သူတို့သည် ကြီးမားသောရှုပ်ထွေးမှုဖြင့် လွှမ်းခြုံကာ ဆင်း ရဲဒုက္ခနှင့် ဖြစ်နိုင်ခြေအားဖြင့် သေခြင်းပင်ဖြစ်ပေမည်။ ထိုအရာသည် သူတို့၏ ယေရှုပေါ်ယုံကြည်သော ယုံကြည်ခြင်းပင်လျှင် ပျက်ယွင်းသွား မည်ဟုပင်များစွာ သောသူတို့သည် ဘေးဒါဏ်ကြီးကာလကို ကျော်လွှာနိုင် ခြင်းမရှိဘဲ သူတို့၏ ယုံကြည်ခြင်းတိုက်ပွဲတွင် ရှုံးနိမ့်ခြင်းဖြင့် အဆုံးသတ် ပေမည်။ 
ဘေးဒါဏ်ကြီးကာလမတိုင်မှီ ချီဆောင်ခြင်း သီအိုရီ (Pre-tribulation rapture theory) မပေါ်ထွက်လာမှီချိန်၌ များစွာသောခရစ် ယာန်တို့သည် ခုနစ်နှစ်တာဘေးဒါဏ်ကြီးကာလကို သူတို့ကျော်ဖြတ်သွား မည်ဖြစ်ကြောင်းနှင့် ထိုအရာပြီးရစ်တော်ဒုတိယအကြိမ်ပြန်လည်ကြွလာ သောအချိန်မှသာ သူတို့သည် ချီဆောင်ခြင်းခံရမည်ဖြစ်ကြောင်းကို အမှန် ပင် ယုံကြည်ခဲ့ကြသည်။ မိမိတို့သည် ခုနစ်နှစ်တာ ဘေးဒါဏ်ကြီးကာလကို ဖြတ်ကျော်သွားရမည်ဟုတွေးကြကာ သူတို့၏ယုံကြည်ခြင်းအား ထက်သန် စွာ ထို့အပြင်ကြောက်ရွံ့စွာဖြင့် ပြင်ဆင်ကြသည်။ သူတို့တွက် ဘေးဒါဏ် ကြီးကာလကို ဖြတ်သွားရမည်မှာ ကြောက်ရွံ့ဖွယ် မြင်ကွင်းဖြစ်ခဲ့သလို ထို အရာသည် လူတိုင်းအတွက် ဖြစ်ခဲ့ပါသည်။ သို့သော် ထိုကဲ့သို့သော ယုံကြည်မှုသည်လည်း စာပေသင်ကြားမှုနှင့်ဆိုင်သော သီအိုရီမျှသာဖြစ် ကာ ဘုရားသခင်၏နှုတ်ကပတ်တော်အား လျစ်လျူရှုခြင်းမှ ဖြစ်လာခဲ့ခြင်း ဖြစ်သည်။ 
ထို့နောက်ရှေးရှုဝါဒကိုကိုင်ကာ amillennialism အားယုံကြည် သူများလည်းရှိ၏။ ဤသူတို့သည် အနှစ်တစ်ထောင်နိုင်ငံအား သင်္ကေတ အားဖြင့်သာမြင်ကြ၏။ ထိုသူတို့သည် ထိုအရာအား ခရစ်တော်၌ရှိသော ယုံကြည်သူတို့ကယ်တင်ခြင်းအားဖြင့် ရရှိထားသောငြိမ်သက်ခြင်းကို ကိုယ် စားပြုရန်အတွက်ထားသောသင်္ကေတတစ်ခုအဖြစ်သာမြင်ကြ၏။ ထိုကဲ့သို့ သောစာပေသင်ကြားမှုမှဖြစ်သောသီအိုရီများမှန်ကန်ခဲ့သော်ကျွန်ုပ်တို့သည် လောက၌ ဖြစ်နေသောအရာတို့အပေါ် သတိမထားဘဲမနေနိုင်ပေ။ အ ကြောင်းမှာ ကျွန်ုပ်တို့အားလုံးသည် ဘေးဒါဏ်ကြီးမစတင်မှီဘုရားသခင် အားဖြင့် လေထဲသို့ မြောက်ခြင်းခံရမည်ဖြစ်သောကြောင့်ပင်ဖြစ်ပါသည်။
သို့သော် အကယ်၍ သူတို့မမှန်ခဲ့ပါက အဘယ်အရာဖြစ်လာမည် နည်း။ ကျွန်ုပ်တို့ယုံကြည်ခြင်းကို မပြင်ဆင်ဘဲကြီးမားသည့် ဘေးဒါဏ်ကြီး ကာလကို ကြုံတွေ့သောအခါတွင် ကျွန်ုပ်တို့သည် မလှုပ်နိုင်အောင်ပင် အကြောက်တရား၏ ဖမ်းဆီးခြင်းခံရပေမည်။ ကျွန်ုပ်တို့ သည် ကျွန်ုပ်တို့၏ ယုံကြည်ခြင်းအတွက် ကာကွယ်နိုင်ခြင်းမရှိဘဲ စုံစမ်းခြင်းနှင့် ဘေးဒါဏ် ကြီး လှိုင်းတို့ကြားလက်နက်ချကာ ကျန်ရှိနေသော လောကကဲ့သို့ပင် ကျရှုံး သွားမည်ဖြစ်သည်။ သို့သော် ဘုရားရှင် ကျွန်ုပ်တို့အား မိန့်တော်မူခဲ့သည်မှာ အသက်စာစောင်၍ အမည်ရေးထားသူတို့မှာ -(ထိုအရာသည် ရေနှင့် ဝိညာဉ်တော်အားဖြင့် ဒုတိယအကြိမ်မွေးဖွားခြင်းခံရသူများ ကိုဆိုလိုသည်) ဘယ်သောအခါမျှ အရှုံးပေးမည် မဟုတ်ပင်ဖြစ်သည်။ 
ဘုရားရှင်သည် ကျွန်ုပ်တို့အား သူ၏ဗျာဒိတ်တော်စကား၌ မိန့် တော်မူခဲ့သည်မှာ ဒုတိယအကြိမ်မွေးဖွားခြင်းခံသူတို့သည် ဘေးဒါဏ်ကြီး ကာလအား ယုံကြည်ခြင်းဖြင့် ကျော်လွှားနိုင်မည်ဖြစ်ကာ ထိုဘေးဒါဏ်ကြီး ကာလ အလယ်၌သူသည် သူတို့အားလုံးလေထဲတွင် မြောက်ထားမည်ဟု ဖြစ်သည်။ ဘေးဒါဏ်ကြီးကာလမတိုင်မှီ ချီဆောင်ခြင်းသီအိုရီ (Pre-tribulation rapture theory) သည် သမ္မာတရားမှ လွှဲချော်နေကာ ဆိုလို သည်မှာထိုအရာသည်လူ၏ထင်မြင်ချက်တစ်ခုသာဖြစ်သည်။ အခြားစကား လုံးဖြင့်ဆိုသော် ထိုအရာသည် သမ္မာတရားမဟုတ်ဘဲ လိမ်ညာမှုတစ်ခုသာ ဖြစ်သည်ဟုပင်ဖြစ်လေသည်။
သို့သော် ယခုအချိန်တွင် ကမ္ဘာတစ်ဝှမ်းများစွာသော လူတို့သည် ဤဘေးဒါဏ်ကြီး ကာလမတိုင်မှီ ချီဆောင်ခြင်း (Pre-tribulation rapture theory) ကို လက်ခံကြပြီဖြစ်သည်။ စကောလ်ဖီး၏ သင်ကြား ခြင်းဖြစ်သည့် ဘေးဒါဏ်ကြီးကာမတိုင်မှီ ချီဆောင်ခြင်း (Pre-tribulation rapturetheory)ကိုယုံကြည်သူတို့သည် အောက်ပါအချက်များကို ယုံကြည် ကြသည်။ 
၁။    ခုနစ်နှစ်တာဘေးဒါဏ်ကြီးကာလသည် နောက်ဆုံးသောကာလ၌ အန္တိခရစ် ထွက်ပေါ်လာပြီးနောက်ပိုင်းတွင် စတင်လိမ့််မည်။
၂။ ခုနစ်နှစ်တာ ဘေးဒါဏ်ကြီးကာလ၌ အန္တိခရစ်သည် လောကကိုအုပ် စိုးလိမ့်မည်။ ခုနစ်နှစ်ကာလ၏ပထမတစ်ဝက်တွင်သူသည် စေတနာ သဒ္ဒါကောင်းသောအုပ်ချုပ်သူအဖြစ်အုပ်ချုပ်လိမ့်မည်ဖြစ်ကာကျန်တစ် ဝက်၌ မင်းဆိုးမင်းညစ်အဖြစ် အုပ်ချုပ်မည်ဖြစ်သည်။ 
၃။ ယေရှုရှလင်ရှိ ဗိမာန်တော်သည် ပြန်လည်တည်ဆောက်ကာ ယဇ်ပူ ဇော်ခြင်းများ တစ်ဖန်ပြန်လည် ပြုလုပ်လာမည်ဖြစ်သည်။ 
၄။ အန္တိခရစ်သည် ဣသရေလလူတို့နှင့် ခုနစ်နှစ်တာ ပဋိညာဉ်ပြု မည်ဖြစ် သည်။ 
၅။ ဘေးဒါဏ်ကြီးကာလ သုံးနှစ်ခွဲပြီးသော အချိန်တွင် အန္တိခရစ်သည် ဣသရေလလူတို့နှင့် ပြုထားသည့် ပဋိညာဉ်ကို ဖျက်ဆီးမည်ဖြစ်သည်။ 
၆။ ဆက်လက်ရောက်လာမည့် သုံးနှစ်ခွဲသည် ဣသရေလလူတို့အတွက် ကြီးမားသော ဘေးဒါဏ်ကြီးနှင့် ညှင်းပန်းနှိပ်စက်ခြင်းတို့ဖြစ်လာပေ မည်။ ဤလောကအတွင်း ကျေးဇူးတော်သတင်းကောင်းအစား အနှစ် တစ်ထောင်နိုင် ငံတော်သတင်းကို ဟောပြောကြမည်ဖြစ်သည်။ 
၇။    ဣသရေလလူတို့အတွင်း၌ ၁၄၄၀ဝ၀ တို့သည် ဘေးဒါဏ်ကြီးကာ လ၌ အသက်ရှင် ကျန်ခဲ့မည်ဖြစ်သည်။ 
၈။    ဘေးဒါဏ်ကြီးကာလသည် အမာဂေဒုန်တိုက်ပွဲဖြင့် ပြီးဆုံးသွား မည် ဖြစ်သည်။ 
အထက်တွင် ဘေးဒါဏ်ကြီးကာလအား အဓိပ္ပါယ်ဖွဲ့ထားပြီးနောက် စကောလ်ဖီးသည် ဘေးဒါဏ်ကြီးကာလ၌ ဟေလသလူတို့၌ မည်သို့ဖြစ် မည်ကို ရှင်းပြခဲ့ခြင်းမရှိပေ။ အခြားစကားလုံးဖြင့်ဆိုသော် စကောလ်ဖီးက ခရစ်တော်ကို ယုံကြည်သောဟေလသလူရှိသမျှတို့သည် ဘေးဒါဏ်ကြီး ကာလမစတင်မှီတွင်ချီဆောင်ခြင်းခံကာသူတို့၏ ချီဆောင်ခြင်းခံပြီးနောက် ပိုင်းမှသာ ဘုရားသခင်သည် ဣသရေလလူတို့အတွင်း၌ စတင်အလုပ် လုပ်နေမည်ဖြစ်သည်။ သူ၏အလုပ်သည် ဣသရေလလူမျိုး၁၄၄၀ဝ၀ ယောက်တို့အားကယ်တင်ပြီးထိုအရာအားဖြင့်သူသည်သူ၏ ကယ်တင်ခြင်း အလုပ်ကို ပြီးဆုံးစေမှာဖြစ်သည်။ ထို့နောက် အနှစ်တစ်ထောင် နိုင်ငံစ တင်လာမည်ဖြစ်သည်။
Sofieldနှင့်သူဖေါ်ပြသည့် Pre-tribulation rapture theory ၏လွှမ်း မိုးခြင်း၏အစသည်PlymouthBrethrenအဖွဲ့၏စတင်တည်ထောင်သူဖြစ် သည့်John Nelson Darbyမှဖြစ်ကာသူသည် ဤသီအိုရီအား pentecostalခေါင်းဆောင်များနှင့်တွေ့ဆုံပြီးနောက်ပိုင်းတွင်စတင် ဖေါ်ပြခဲ့ သည်။ အမှန်တကယ်တွင် ဤခေါင်းဆောင်မှာ Margaret Mac Donald ဟုခေါ်သည့် စကော့တလန်မှ အသက်ဆယ့်ငါးနှစ်အမျိုးသမီးငယ်လေးဖြစ် ကာ သူမသည် ၁၈၃၀ခုနှစ်၌ ခရစ်ယာန်တို့သည် ဘေးဒါဏ်ကြီးကာလမ စတင်မှီအချိန်ကလေး၌ပင် ချီဆောင်ခြင်းခံရကြောင်း ရှုပါရှုံမြင်တွေ့သည် ဟုဖော်ပြ သူဖြစ်သည်။ Darbyသည် ဤအမျိုးသမီးငယ် လေးထံသွား ရောက်လည်ပတ်ပြီး နောက်ပိုင်းမှသာ Pre-tribulation rapture အား စတင်သင် ပေးခဲ့သည်။
ထို့နောက် Darby၏ သြဝါဒများသည် အမေရိကန်လူမျိုးဘာသာရေး တတ်ကျွမ်းသူ Scofieldထံသို့ရောက်ခဲ့သည်။ မိမိ၏ဘဝတစ်ခုလုံးအား Scofield Bible referenceတွက် မြှုပ်နှံကာ အလုပ်လုပ်နေခဲ့သည့် Scofieldသည် ထိုအချိန်၌ချီဆောင်ခြင်းသည် ဘေးဒါဏ် ကြီးကာလမတိုင် မီသို့ပြီး မှဖြစ်မည် မဖြစ်မည်ကို တွေဝေနေသောအချိန်ဖြစ်သည်။ Darby ၏ ဘေးဒါဏ်ကြီးကာလ မတိုင်မှီချီဆောင်ခြင်း သီအိုရီအား Scofield ကြားစသောအချိန်၌သူသည် ထိုအရာတွင်လုံးဝနှစ်မြောခဲ့ကာထိုအရာတစ် ခုလုံးအား တွေးတောပြီးနောက်တွင် သူ၏ Scofield reference Bible တွင်၌သီအိုရီ အသစ်ကို ထည့်သွင်းကာ ဆွဲကိုင်ခဲ့သည်။ ဤနည်းဖြင့် Scofieldသည် ဘေးဒါဏ်ကြီးကာလမတိုင်မှီချီဆောင်ခြင်း သီအိုရီကို စတင်လက်ခံကာ ဤနည်းဖြင့်ပင်များစွာသော ခရစ်ယာန်တို့သည်လည်း လိုက်လာခဲ့ကြသည်။
Darby နှင့် Scofieldတို့၏ဘေးဒါဏ်ကြီးကာလမတိုင်မှီ ချီဆောင်ခြင်း သီအိုရိအား ရှင်းလင်းပြောဆိုခြင်းမရှိမှီချိန်က များစွာသော ခရစ်ယာန်တို့ သည် ဘေးဒါဏ်ကြီးကာလပြီးချီဆောင်ခြင်း (Postribulation rapture) ကိုယုံကြည်ခဲ့ကြသည်။ သို့သော် အမေရိကပြည်ရှိ Moody Bible Institute ၌ပါမောက္ခဖြစ်သော Scofieldသည်သြဝါဒပိုင်းတွင် အလွန်ပင် ထင်ရှားစွာ လွှမ်းမိုးမှုကြောင့် ဘေးဒါဏ်ကြီးကာလမတိုင်မီ ချီဆောင်ခြင်း သီအိုရီသည် ကမ္ဘာ တစ်ဝှမ်းရှိ ခရစ်ယာန်အသင်းအဖွဲ့တို့တွင် ပျံ့နှံ့လာခဲ့သည်။
ထိုအကျိုးအဆက်အနေဖြင့် ကံဆိုးစွာပင် ယနေ့များစွာသော ခရစ် ယာန်တို့သည်ယခုအချိန်တွင်သူတို့၏ယုံကြည်ခြင်း၌ အိပ်ပျော်လျှက်ရှိနေ ကြသည်။ သူတို့အိပ်ပျော်နေရခြင်းမှာ အန္တိခရစ်ထွက်ပေါ်လာခြင်းသည် သူတို့နှင့်မည်သို့မျှသက်ဆိုင်မည်မဟုတ်ဟု မှားယွင်းစွာတွေးခေါ်ကြသော ကြောင့်ဖြစ်သည်။ သူတို့သည် ဘေးဒါဏ်ကြီးကာလမတိုင်မှီ ချီဆောင်ခြင်း ခံရမည်ဟု ယုံကြည်ထားသည့်အတိုင်း ပြင်ဆင်ထားခြင်းမကြပေ။ သို့သော် မည်သည့်အချိန်တွင် ပျက်စီးခြင်းရောက်လာမည်ကို မည်သူမျှမသိသော ကြောင့် ကျွန်ုပ်တို့သခင်ဘုရားသည် ကျွန်ုပ်တို့အား အစဉ်အမြဲနိုးထနေရန် ပြောပါသည်။ သို့ဖြစ်သည့်တိုင် ဝမ်းနည်းစရာကောင်းသည်မှာ ဘုရားသ ခင်၏နှုတ်ကပါတ်တရားတော်ကို အလေးထားခြင်း မရှိဘဲဘေးဒါဏ်ကြီး ကာလမတိုင်မှီချီဆောင်ခြင်းသီအိုရီ (Pre-tribulation rapture) အပေါ် တွင်အားထားသူတို့သည် နှစ်ခြိုက်စွာ အိပ်ပျော်လျက်ရှိနေကြပါသည်။
သို့သော်ယခုသည် နိုးထရမည့်အချိန်ဖြစ်သည်။ ယခုသည် သင်၏ဘေး ဒါဏ်ကြီးကာလမတိုင်မှီချီဆောင်ခြင်း (Pre-tribulation reature) သီအိုရီပေါ် မှားယွင်းစွာယုံကြည်နေမှုကို စွန့်ပယ်ကာ နှုတ်ကပတ်တရား စကားကို ယုံကြည်ရမည့်အချိန်ဖြစ်သည်။ ဘေးဒါဏ်ကြီးကာလမတိုင်မှီ ချီဆောင်ခြင်း သီအိုရီနှင့်ဘေးဒါဏ်ကြီးကာလပြီး ချီဆောင်ခြင်း သီအိုရီ နှစ်ခုလုံး၌သမ္မာတရားအခြေခံမရှိပေ။သင်သည်ဘုရားသခင်၏စစ်မှန်သော နှုတ်ကပတ်တရားတော်သို့ လှည့်ပြန်သင့်ပါသည်။ ဗျာဒိတ်ကျမ်း ၆း၈ ၌ ကျွန်ုပ်တို့အား “ထိုအခါငါကြည့်လျှင်၊ မြင်းမွဲတစ်စီးရှိ၏။ မြင်းစီးသောသူ သည် မရဏဟူသော အမည်ရှိ၏။ မရဏနိုင်ငံသည် ထိုသူနောက်သို့ လိုက်လေ၏။ သူသည်မြေကြီးလေးစိတ်တစ်စိတ်ကို အစိုးရထားဘေး၊ မွန်းသိပ်ခြင်းဘေး၊ နာ၍သေဘေး၊ မြေသားရဲဘေးအားဖြင့် သတ်ပိုင်သော အခွင့်ကိုရ၏”` မိန့်တော်မူခဲ့သည်။
ဤနေရာတွင် မိန့်တော်မူသည်မှာ မြင်းမွဲပေါ်တွင်ထိုင်နေသူ၏အမည် မှာ အန္တီခရစ်ဖြစ်ပြီးသေခြင်းဖြစ်ကာ မရဏသည် သူ့နောက်လိုက်နေ၏။ ဤဆိုလိုချက်မှာ အန္တီခရစ်သည် လူသတ်သမားဖြစ်ကာ သူ၏သားကောင် များကို ငရဲသို့ပို့သောသူဟု ဖြစ်သည်။ ထိုအရာကလည်း သူသည်မြေကြီး လေးစိတ်တစ်စိတ်ကို အစိုးရ၍ဓားဘေး၊ မွတ်သိပ်ခြင်းဘေး၊ နာ၍ သေခြင်း ဘေး၊မြေသားရဲဘေးဖြင့် သတ်ပိုင်သောအခွင့်ရှိသည်ဟု ဆို၏။ အခြားစ ကားလုံးဖြင့် ဆိုသော်အန္တိခရစ်သည် ရောမအင်ပါယာ၏ရက်စက်ကြမ်း ကြုတ်မှုမျိုး ကျူးလွန်ကာ ထိုထက်ပို၍ပင် သတ်ဖြတ်ခြင်း၊ မမှန်မကန်ပြု ခြင်းနှင့် ခရစ်ယာန်တို့၏ယုံကြည်ခြင်းကို ဖျက်စီးရန် ညှင်းပန်းနှိပ်စက်ခြင်း များ ပြုမည်ဖြစ်သည်။
မြင်းမွဲခေတ်သည် အန္တိခရစ်၏ခေတ်ဖြစ်ကြောင်းသင်သဘောပေါက် နားလည် ထားသင့်ပေးသည်။ သခင်ဘုရားသည် ကျွန်ုပ်တို့အား “နံနက်ယံ ၌ကား၊ ယခုမိုးအုံံ့လျက်ရှိ၏။ နီမောင်းသော အဆင်းလည်းရှိ၏။ ယနေ့ မိုးသက်မုန်တိုင်းလာလိမ့်မည်ဟုဆိုတတ်ကြ၏။လျှို့ဝှက်သောသူတို့သင်တို့ သည်မိုးကောင်းကင်၏မျက်နှာကိုပိုင်းခြား၍သိနိုင်ကြ၏။ ကပ်ကာလ၏ နိမိတ် လက္ခဏာတို့ကို ပိုင်းခြား၍မသိနိုင်ကြ” ဟု (ရှင်မ္မဲခရစ်ဝင် ၁၆း၃) ၌ မိန့်တော်မူခဲ့သည်။ ကျွန်ုပ်တို့သည် အချိန်ကာလ၏နိမိတ်လက္ခဏာအား ပိုင်းခြား၍မသိနိုင်သောအခါ အဘယ်သို့သောယုံကြည်ခြင်းမျိုးရှိရမည်ကို ကျွန်ုပ်တို့မသိဖြစ်ကာ ကျွန်ုပ်တို့သည် စိုက်ပျိုးခြင်းအသီး ရိတ်သိမ်းခြင်းမျိုး များ အပြုနိုင်ကြပေ။အခြားစကားလုံးဖြင့်ဆိုသော်ကျွန်ုပ်တို့သည် သခင်ဘု ရားထွက် အလုပ်မလုပ်နိုင်ကြပေ။ ယနေ့မြင်းနီခေတ် ကျော်လွန်ပြီးဖြစ်ကာ ကျွန်ုပ်တို့သည် မြင်းနက်ခေတ်၌အသက်ရှင်နေကြသည်။ ကမ္ဘာကြီးသည် မကြာမှီပင် စီးပွားရေးကျဆင်းမှုများနှင့် ကြီးစွာသောငတ်မွတ်ခေါင်းပါးမှု ဘေးကို တွေ့ကြုံရမည်ဖြစ်သည်။ ငတ်မွတ်ခေါင်းပါးမှုဘေးကို တွေ့ကြုံကြ ရမည်ဖြစ်သည်။ ငတ်မွတ်ခေါင်းပါးမှုသည် ကမ္ဘာတစ်ဝှမ်းတွင် ကြုံတွေ့ကြ ရမည်ဖြစ်သည်။ ဤအရာအားလုံး ကျော်လွန်လာသောအခါတွင် များစွာ သောသူတို့သည် ပြင်းထန်သော ဝေဒနာခံစားရကာ နောင်တရကြပေမည်။ သင်သည် ထိုသူများထဲမှ တစ်ဦးဖြစ်မနေဘဲ ထိုအရာထက်ကပ်ကာလ၏ နိမိတ်လက္ခဏာတို့ကို ပိုင်းခြားတတ်သည့် ယုံကြည်ခြင်းရှိသော သူအဖြစ် ရှိပါသည်။
ယနေ့ခေတ်သည် မြင်းနက်ခေတ်ဖြစ်သည်။ ဤမြင်းနက်ခေတ်ကျော် လွန်ပြီးသောအခါတွင်မြင်းမွဲခေတ်ရောက်လာပေလိမ့်မည်ဖြစ်သည်။ အန္တိခ ရစ်သည် ဤခေတ်တွင် ထွက်ပေါ်လာပြီး သန့်ရှင်းသူတို့အား ပရမ်းပတာ ညှင်းပန်းနှိပ်စက်သတ်ဖြတ်မည်ဖြစ်သည်ကားဤခေတ်အား မာတုရခေတ် ဟု မှတ်သားနိုင်မည်ဖြစ်သည်။
ဗျာဒိတ်ကျမ်း ၁၃း၆-၈ ၌ “ဘုရားသခင်ကို ပြစ်မှားသောစကားအားဖြင့် နာမတော်နှင့်တဲတော်ကို၄င်း၊ ကောင်းကင်သားတို့ကို၄င်း၊ ပြစ်မှားခြင်းငှာ နှုတ်ကိုဖွင့်ထား၏။ သန့်ရှင်းသူတို့ကို စစ်တိုက်၍နိုင်ရသောအခွင့်ကိုရ၏။ အသီးအသီးဘာသာစကားကိုပြောသောလူမျိုးအနွယ်ခပ်သိမ်းတို့ကို အုပ်စိုး ရသောအခွင့်ကိုလည်းရ၏။ ကွပ်မျက်သော သိုးသငယ်၏ အသက်စာစောင် ၌ ကမ္ဘာဦးကပင် စာရင်းမဝင်သော မြေကြီးသားအပေါင်းတို့သည် သားရဲကို ကိုးကွယ်ကြ၏။``ဤကျမ်းပိုဒ်ကျွန်ုပ်တို့အားပြောသည်မှာ ကမ္ဘာကိုအုပ်ချုပ် မည့် ခေါင်းဆောင်တစ်ဦးသည် စာတန်၏တန်ခိုးအာဏာတို့ ပိုင်ဆိုင်ကာ ဘုရားသခင်ကို ပြစ်မှားသောစကားကိုပြောလျက် သန့်ရှင်းသူတို့ကို ညှင်း ပန်းနှိပ်စက် မည်ဟုဖြစ်သည်။ ဤသူသည် နဂါး၏တန်ခိုးဖြင့်ရှိသော နတ်ဆိုး၏သားဖြစ်၏။ သူ၏တန်ခိုးဖြင့်သူသည် သန့်ရှင်းသူတို့အား တိုက် ခိုက်အောင်နိုင်မည်ဖြစ်သည်။ သို့သော်အောင်နိုင်မည်ဆိုသည့်အရာမှာ သူ သည် သန့်ရှင်းသူတို့အား မာတုရခံစေမည်ကို ဆိုလိုခြင်းဖြစ်သည်။ ဤအ ရာသည် သန့်ရှင်းသူတို့၏ ခန္ဓာကိုယ်သေခြင်းကိုသာရည်ညွန်းပြီး အန္တိခ ရစ်သည်သန့်ရှင်းသူတို့၏ယုံကြည်ခြင်းကိုဘယ်သောအခါမျှ ယူဆောင်သွား မည်မဟုတ်ပေ။
Scofieldငြင်းဆိုသည်မှာ သန့်ရှင်းသူတို့သည် ဘေးဒါဏ်ကြီးကာလ အားလုံးဝကြုံတွေ့မည်မဟုတ်ဟုပင်ဖြစ်သည်။ သို့သော်ခုနစ်နှစ်တာဘေး ဒါဏ်ကြီး ကာလမရှိဘဲ သန့်ရှင်းသူတို့အတွက် အနှစ်တစ်ထောင်နိုင်ငံတော် ရှိလာနိုင်မည်မဟုတ်ပေ။ သန့်ရှင်းသူတို့သည်မာတုရအဖြစ်ဘေးဒါဏ်ကြီး ကာလမှထွက်လာမည်ဖြစ်သည်။ဤကျမ်းစာ၏ဗျာဒိတ်တော်ချက်တို့သည် ကမ္ဘာ့သမိုင်းရှိသမျှတို့သည် ခရစ်တော်ပြည့်စုံစေမည့် အလုပ်ဖြင့် အဆုံး သတ် မည်ဖြစ်သည်။
သင်သည် ဘုရားသခင်က ကျွန်ုပ်တို့အတွက် ထားရှိသောခေတ်ကြီး ခုနစ်ခုအား ပိုင်းခြားတတ်ရမည်ဖြစ်သည်။ ပထမခေတ်သည် မြင်းဖြူခေတ် ဖြစ်ကာ ထိုခေတ်၌ ဘုရားသခင်၏နှုတ်ကပတ်တော်သည် သူ၏အလုပ် ကိုစတင်ခဲ့သည်။ ဒုတိယခေတ် မြင်းနီခေတ်သည် မကောင်းဆိုးဝါး၏ခေတ် ဖြစ်သည်။ တတိယခေတ်ဖြစ်သည့် မြင်းနက်ခေတ်သည် ခန္ဓာနှင့် ဝိညာဉ် ပိုင်းအစာခေါင်းပါးမှု ကြုံရသောခေတ်ဖြစ်သည်။ စတုတ္တခေတ်သည် မြင်းမွဲ ခေတ်ဖြစ်ပြီးအန္တိခရစ်ထွက်ပေါ်လာသည့် ခေတ်ဖြစ်သည်။ ဤသည်တံပိုးခု နစ်ချက်ခေတ်ဖြစ်ကာမာတုရခေတ်ဖြစ်သည်။မြင်းမွဲခေတ်အားပိုင်းခြားနား လည် တတ်မှုမရှိခြင်းသည်လူတို့အား အလွန်ပင်ရှုပ်ထွေးမှုဖြစ်စေပါသည်။
ဤခေတ်ကို မသိဘဲနှင့်ကျွန်ုပ်တို့သည် ဒုတိယအကြိမ်မွေးဖွားခြင်း ခံပြီးသောခရစ်ယာန်အဖြစ် ကောင်းစွာသက်ရှင်နိုင်မည်မဟုတ်ပေ။ ကျွန်ုပ် တို့အား စောင့်မျှော်နေသည့်အရာကို ကျွန်ုပ်တို့ရှင်းလင်းစွာ တွေ့မြင်ထား ပါက ထိုအရာအတွက် မပြင်ဆင်ဘဲကျွန်ုပ်တို့ နေနိုင်ပါမည်လား။ စီးပွား ရေးလုပ်သောသူများပင်လျှင် အောင်မြင်မှုရရှိရန် ပြောင်းလဲနေသောအချိန် လမ်းကြောင်းကို သိထားရမည်ဖြစ်သည်။ ခရစ်တော်ဤရှိသော ကျွန်ုပ်တို့ ယုံကြည်သူတို့သည် ကျွန်ုပ်တို့အားစောင့်နေသည့်အရာပေါ် သဲလွန်စတစ်ခု မျှ သိရှိထားခြင်းမရှိပါက သူပြန်လာမည့်ချိန်ကို မည်သို့ပြင်ဆင်နိုင်ပါ မည်နည်း။
ကျွန်ုပ်တို့သည် ဘေးဒါဏ်ကြီးကာလအကြောင်းကို ရှင်းလင်းစွာနား လည်ပြီးထိုအရာတွက်ပြင်ဆင်ရန်လိုအပ်ပါသည်။သန့်ရှင်းသူတို့သည် ဦးစွာ ဖြင့်ပထမဘေးဒါဏ်ကြီးကာလ သုံးနှစ်ခွဲသက်ရှင်ကာ ထိုအချိန်တွင်း သူတို့ သည်မာတုရခံရမည်ဖြစ်သည်။ သူတို့သည် ဘေးဒါဏ်ကြီး ခုနစ်နှစ်တာ ကာလလုံး ဖြတ်ကျော်သွားရမည်မဟုတ်ဘဲ ပထမပိုင်း တစ်ဝက်သာ ခံကာ သူတို့၏မာတုရခံခြင်းဖြင့် သူတို့သည်ရှင်ပြန်ထမြောက်ကာ ချီဆောင်ခြင်း ခံရမည် ဖြစ်သည်။ သန့်ရှင်းသူတို့ ချီဆောင်ခြင်းခံရချိန်၌ ထိုအရာသည် ခရစ်တော်ဤ ကမ္ဘာသို့ ဆင်းသက်လာသည်ဟု မဆိုလိုဘဲ ထို့ထက် ဘုရား သခင်သည် သူတို့အားသိုးသူငယ်၏မင်္ဂလာပွဲအတွက် လေထဲတွင် မြှင့်တင် ထားမည်ဟုဖြစ်သည်။
ထိုအချိန်တွင်း ဤကမ္ဘာကြီးသည် အမျက်တော်ခွက်ဖလားကြီး ခုနစ် ခုဖြင့် လွှမ်းခြုံခြင်းခံရမည်ဖြစ်သည်။ ကပ်ကမ္ဘာဆိုက်ပြီးနောက် ခရစ်တော် နှင့်အတူ ဤကမ္ဘာကြီးသို့ ပြန်လည်ကြွလာသူတို့သည် သခင်ဘုရားပေး ထားသည့် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းအားဖြင့် အပြစ်များခွင့်လွှတ် ခြင်းရကာ မိုးပွင့်ကဲ့သို့ဖြူစင်သူများသာ ဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့ သည်ဤခေတ်ကို နားလည်ခြင်းနှင့်ထိုအရာ၏ ကျွန်ုပ်တို့အတွက် အလွန် အရေးပါကာ ဆက်စပ် မှုတို့ကို နားလည်ကာပြင်ဆင်ထားသင့်ပါသည်။
ကျွန်ုပ်တို့သခင်ဘုရားသည် စမုရနအသင်းတော်ရှိတမန်အား “သင့်အ ကျင့်ကျင့်ခြင်း၊ ဒုက္ခခံခြင်း၊ ဆင်းရဲခြင်းကို ငါသိ၏။ သို့သော်လည်း သင်သည် ကြွယ်ဝပြည့်စုံခြင်းရှိ၏။ ယုဒလူ ဖြစ်ယောင်ဆောင်၍ ယုဒလူ မှန်မဟုတ်၊ စာတန်၏အပေါင်းအသင်းဖြစ်သောသူတို့၏ ကဲ့ရဲ့ခြင်းကိုလည်း ငါသိ၏။ သင်သည်ခံရမည့်အရာ တစ်စုံတစ်ရာကိုမျှ မကြောက်နှင့် သင် တို့သည် စုံစမ်းခြင်းကိုခံရမည်အကြောင်း မာရ်နတ်သည် သင်တို့တွင်အ ချို့ကို ထောင်ထဲ၌လှောင် ထား၏။ သင်တို့သည်ဆယ်ရက်ပတ်လုံး ဆင်း ရဲဒုက္ခကို ခံရကြလိမ့်မည်။ သေသည် တိုင်အောင် သစ္စာစောင့်လော့။ သို့ ဖြစ်လျှင် အသက်သရဖူကို ငါပေးမည်”ဟု မိန့်တော်မူခဲ့သည်။ ဤကျမ်း ပိုဒ်မှ ကျွန်ုပ်တို့တွေ့မြင်ရနိုင်သည်မှာ စမုရနအသင်းတော်သည် ယုဒလူတို့ ၏ ပြင်းထန်စွာ ညှင်းပန်းနှိပ်စက်ခြင်းကို ခံခဲ့ရသည်ဟုဖြစ်သည်။ သို့သော် သခင်ဘုရား မိန့်တော်မူသည်မှာ ဤယုဒလူတို့သည် စစ်မှန်သောယုဒလူတို့ မဟုတ်စာတန်၏ အပေါင်းအသင်းတို့ဖြစ်သည်ဟုပင်ဖြစ်ပါသည်။ သူသည် ဤအရာအား စမုရနအသင်းတော်တွက် သက်သက်သာ မိန့်တော်မူခဲ့ သည်မဟုတ်။ အာရှိပြည်ရှိအသင်းတော်ခုနစ်ပါးကို လည်း မိန့်တော်ခဲ့ခြင်း ဖြစ်သည်။
ယုဒလူတို့သည် ခရစ်တော်၌ရှိသော ယုံကြည်သူများကဲ့သို့ပင် တူညီ သောဘုရားကို ကိုးကွယ်ကြသည်ဖြစ်သော်လည်း စမုရန၌ကြီးမားသော ယုဒအဖွဲ့အစည်းရှိနေ၏။ ထိုသူတို့သည် စမုရနအသင်းတော်ရှိ သန့်ရှင်းသူ တို့အား ဧရာမတို့ပြုခဲ့သည့်အတိုင်း ညှင်းပန်းနှိပ် စက်ခြင်းပြုခဲ့ကြသည်။ ဤညှင်းပန်းနှိပ်စက်ခြင်းကို ခံနေရသောသန့်ရှင်းသူတို့အား သခင် ဘုရား က “သေသည့်တိုင် သစ္စာစောင့်လော့။ သို့ပြုလျှင် အသက်သရဖူကို ငါ ပေးမည်။” “အောင်မြင် သောသူကို ဒုတိယသေခြင်းသည် မညှင်းဆဲရ” ဟု မိန့်တော်မူခဲ့သည်။ ဘုရားသခင် သန့်ရှင်းသူတို့အား မိန့်တော်မူခဲ့သည်မှာ သူတို့သည်အောင်မြင်ရမည်ဟုဖြစ်သည်။ ထိုနည်းလည်းကောင်းပင် ကျွန်ုပ် တို့သည်လည်းအန္တိခရစ်အားကျွန်ုပ်တို့၏ယုံကြည်ခြင်းတိုက်ပွဲ၌ အောင်မြင် ရမည်ဖြစ်သည်။ ထို့နောက်တွင် ကျွန်ုပ်တို့သခင်သည် ကျွန်ုပ်တို့အား အသက်သရဖူကိုပေးကာ အခြားစကားလုံးဖြင့်ဆိုသော် ကျွန်ုပ်တို့အား ကောင်းကြီးပေးပြီး အနှစ်တစ်ထောင်နိုင်ငံနှင့်ကောင်းကင်သစ် မြေကြီး သစ်တွင် ရှင်သန်ခွင့် ပေးမည်ဖြစ်သည်။
သင်၌မာတုရခံရန်သတ္တိရှိပါသလား။ ယခုသည်သင်၏မာတုရခံရန် ယုံ ကြည်ခြင်းကို ပြင်ဆင်ရမည့်အချိန်ဖြစ်သည်။ ထိုသို့ပြုရန်အတွက် သင့်အား သခင်ဘုရားရှေ့၌ လုံးဝရပ်နိုင်ရန် ခွင့်ပေးသည့် ရွေးနှုတ်ကယ်တင်သည့် ယုံ ကြည်ခြင်းရှိရမည့်အပြင် မာတုရအား တွန့်ဆုတ်ခြင်းမရှိဘဲ ပွေ့ဖက်နိုင် သည့်ယုံကြည်ခြင်းမျိုးရှိရမည်ဖြစ်သည်။
ကျွန်ုပ်တို့သည် ဤယုံကြည်ခြင်းအား ယခုပင်ပြင်ဆင်ထားသင့်သည်။ သခင်ဘုရားကကျွန်ုပ်တို့အားရေနှင့်ဝိညာဉ်တော်သတင်းကောင်းကိုမယုံဘဲ မည်သူမျှ ကောင်းကင်နိုင်ငံသို့ ဝင်ခြင်း(သို့)မြင်ခြင်းပင် မတတ်နိုင်ဟု မိန့်တော်မူခဲ့သည်။ ဤသတင်းကောင်း၌ ယုံကြည်ခြင်းသည် နောက်ဆုံး သောကာလ၌ ခံမည့်မာတုရ ယုံကြည်ခြင်း ဖြစ်သည်ဟုပင်ဖြစ်လေသည်။
အကယ်၍လူတို့၏ နှလုံးသား၌အပြစ်ရှိပါက သူတို့သည်မည်သို့ မာ တုရခံနိုင်ပါမည်နည်း။ မာတုရခံခြင်းထက် ထိုသူတို့သည် သားရဲ၏တံ ဆိပ်ကို လက်ခံရန်အခြားသူများကို ပို့ဆောင်သောသူများပင်ဖြစ်နေမည် ဖြစ်သည်။ အခြားမဟုတ်ဘဲ ရေနှင့်ဝိညာဉ်တော်သတင်းကောင်းသာလျှင် ကျွန်ုပ်တို့၏အပြစ်အားလုံးကို ဆေးကြောနိုင်ပါသည်။ သင်၏ထုံးတမ်း စဉ်လာအတိုင်း အမြဲတောင်းတတ်သော နောင်တနှင့်ဆိုင်သည့် ဆုတောင်း ခြင်းသည်လည်း သင့်အပြစ်များကိုဆေးကြောနိုင်မည်မဟုတ်ပေ။ နောင်တ နှင့်ဆိုင်သောဆုတောင်းခြင်းဖြင့် သင့်အပြစ်တို့အား ဆေးကြောရန်ကြိုးစား ခြင်းသည် အချိန်ကိုအလကားကုန်ဆုံးစေသည့် ကြိုးစားမှု သက်သက်သာ ဖြစ်သည်။
ထိုသို့ကြိုးစားပြုလုပ်ကြသူများသည်ဘုရားသခင်၏နှုတ်ကပတ်တော်က သူတို့အား ပြောသည်ထက် ဘာသာရေးပညာတတ်ကျွမ်းသူတို့၏ ပြော စကားကိုသာပို၍ယုံကြည်တတ်ကြသည်။များစွာသောခရစ်ယာန် ယုံကြည် သူတို့ယုံကြည်ထားသည့်ကျမ်းတတ်ပုဂ္ဂိုလ်တို့သည် amillennialists ကို ယုံကြည်ကာ အငြင်းပွားကြခြင်းသည် ကျမ်းစာကို မသိကျိုးကျွန် ပြုကာ ကျမ်းစာကိုခန့်မှန်း ကျွမ်းကျင်ကြသူများဖြစ်ကြောင်း ပြသည့်အချက်မ ဟုတ်ပါလား။ ဤ amillennialists များအဆိုအရ ဘေးဒါဏ်ကြီးကာလ၌ သန့်ရှင်း သူတို့၏မာတုရခံရခြင်း နှင့်အနှစ်တစ်ထောင်နိုင်ငံ နှစ်ခုလုံးဖြစ် လာမည် မဟုတ်ဟုပင်ဖြစ်လေသည်။ ဘေးဒါဏ်ကြီးကာလမတိုင်မှီ ချီ ဆောင်ခြင်း သီအိုရီ (Pre-tribulation rapture theory)နှင့် amillennialists တို့အား ယုံကြည်သူများအတွက် ဗျာဒိတ်ကျမ်းသည် လုံးဝ အဓိပ္ပါယ်ရှိမည်မဟုတ်ပေ။
ဗျာဒိတ်ကျမ်းစကားတို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်များဖြစ် သည်။ ဤသည် ခရစ်တော်၏အချစ်ဆုံးဖြစ်သော တမန်တော်ယောဟန် ရေးထားသည့် ဘုရားသခင်၏နှုတ်ကပတ်တော်ဖြစ်သည်။ မည်သူမျှ ဤအ ရာကို ငြင်းနိုင်မည်မဟုတ်ပေ။
ကျွန်ုပ်သည် ဘာသာရေးပညာတတ်ကျွမ်းသူတို့ ပြုထားသည့်သီအိုရီ နှင့်သြဝါဒများအားအကျိုးကြောင်းမဲ့ ဝေဖန်ကဲ့ရဲ့နေခြင်းမဟုတ်ပေ။ ကျွန်ုပ် ထိုသို့ပြုရခြင်းမှာ သင်၏ ယုံကြည် ခြင်းကိုပြင်ဆင်ရန်အတွက်ဖြစ်သည်။ သို့မှသာ သင်သည် သေသည်တိုင်အောင် သခင်ဘုရား အပေါ်သစ္စာရှိနိုင် မည်ဖြစ်သည်။ထိုအရာသည်သင့်အားနှုတ်ကပတ်တော်အားဖြင့်သင်ပေးရန် ဖြစ်ကာ ထိုသို့ပြုမှသာလျှင် သင်သည် ဘေးဒါဏ်ကြီးကာလတွင် ညှင်း ပန်းနှိပ်စက်ခြင်း နှင့် မာတုရအား အဆင်သင့်ဖြင့် ပွေ့ဖက်နိုင်ရန်ဖြစ်သည်။
ထိုသို့ပြုရန်တွက် သင်သည် သင်၏ယုံကြည်ခြင်းအားရေနှင့် ဝိညာဉ် တော်သတင်းကောင်းဖြင့် ယခုပြင်ဆင်ထားသင့်ပါသည်။ ရေနှင့်ဝိညာဉ် တော်သတင်းကောင်း၌ မယုံကြည်သူတို့သည် အခြားတစ်ဖက်၌ စာတန် ရှေ့၌ လက်နက်ချကာ ဘုရားသခင်ရန်သူအဖြစ်အဆုံး သတ်ရမည်ဖြစ် သည်။ အဘယ့်ကြောင့်ဆိုသော် အသက်စာစောင်၌ အမည်ရေးထားခြင်း မခံရသူတို့သည် စာတန်အားကိုးကွယ်ကြမည်ဖြစ်သည်။ ဤသည် ကျွန်ုပ် တို့အား နှုတ်က ပတ်တော်ကပြောသည့်အရာဖြစ်သည်။
ဘုရားသခင်သည် သန့်ရှင်းသူတို့အား ဘေးဒါဏ်ကြီးကာလအလယ်၌ မာတုရခံစေမည်ဖြစ်သည်။ ဘေးဒါဏ်ကြီးခုနစ်နှစ်ကာလ၏ ပထမသုံးနှစ် ခွဲကာလ ကုန်ဆုံးချိန်တွင် ရေနှင့် ဝိညာဉ်တော်သတင်းကောင်းအပေါ် ယုံ ကြည်သူတို့သည် မာတုရခံရမည်ဖြစ်သည်။ သူတို့၏ မာတုရခံရပြီး မကြာမှီ တွက်ပင် ရှင်ပြန်ထမြောက်ခြင်းနှင့် ချီဆောင်ခြင်း ဖြစ်ပွားမည်ဖြစ်သည်။ ဤသည် ဗျာဒိတ်ကျမ်း၏ အကျဉ်းချုပ်ဖြစ်ကာ ထိုအတွက်ကြောင့်ပင် ကျွန်ုပ်တို့သည် ဤသော့ချက်အား ထပ်ခါတလဲလဲဖေါ်ပြနေခြင်းဖြစ်သည်။
သင်သတိရသင့်သည်မှာ အန္တိခရစ်ခေတ်ရောက်လာသောအချိန်တွင် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို ယုံကြည်ခြင်းအတွက် မာတုရခံပြီး သောသူများ ခံပြီးမကြာမှီပင် ရှင်ပြန်ထမြောက်ခြင်းဖြစ်ကာ ချီဆောင်ခြင်း ခံရမည်ကိုဖြစ်သည်။ မြင်းမွဲခေတ်ရောက် လာသောအခါတွင် သူတို့၏ မာတုရခံနှင့်အတူ ယုံကြည်ခြင်းပန်းပွင့်လာမည်ဖြစ်သည်။ စစ်မှန်သော ယုံကြည်ခြင်းသည် အချိန်ကျရောက်သောအခါတွင် စစ်မှန်သောအသီးကို သီးကာ လှပသောပန်းပွင့်ဖြင့် ပွင့်လာပါသည်။ 
ကန္တာရတွင် တစ်ပတ်ကာလ အချိန်မျှတွင်းအဖူးဖူးကာ အပွင့်ပွင့်ပြီး အသီးသီးတတ်သောအပင်မျိုးရှိသည်။ ရေရှားပါးမှရှိသည့်ကြား မိုးရွာခြင်း ပင်မရှိသောကြောင့် အပင်တို့သည် သူတို့၏ကန္တာရနှင့် လိုက်လျှောညီထွေ မှုရှိကြခြင်းဖြစ်သည်။ သူတို့အနေဖြင့် လျှင်မြန်စွာဖူး ပွင့်ကာ အသီးသီးရ၏ အဘယ့်ကြောင့်ဆိုသော်ရေလုံလောက်စွာမရရှိခြင်းကထိုအတိုင်း အတာအ တွင်းသာ ခံစေသောကြောင့်ဖြစ်သည်။ 
ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကိုယုံကြည်သောသူတို့၏ ယုံကြည် ခြင်းသည် ခုနစ်နှစ်တာဘေးဒါဏ်ကြီးကာလ၌ ဤအပင်များကဲ့သို့ပင်ဖြစ် သည်။ ထိုသူတို့အတွက် ယုံကြည်ကာ သတင်းကောင်းအတွက် ကျွန်ုပ် တို့အတူ မာတုရခံပြီး တိုတောင်းလှသော အချိန်သည် လုံလောက်ပေ၏။ အန္တိခရစ် ၏ ရှုးသွပ်ခြင်းသည် ဘေးဒါဏ်ကြီးကာလ စတင်သည့် အချိန်မှ စ၍ သုံးနှစ်ခွဲ အချိန်ခန့်တွင် ထွဋ်ထိပ်သို့ရောက်မည်ဖြစ်သည်။ 
ဤသည် သန့်ရှင်းသူတို့၏ မာတုရခံခြင်းမည်သည့်အချိန်တွင် ဖြစ်လာ မည်ကိုဆိုလိုခြင်းဖြစ်သည်။ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို ကြားပြီး သောသူများပင်လျှင် အကယ်၍ ဘေးဒါဏ်ကြီးကာလတွင်းမှ သူတို့၏ နှလုံးသားတွင်း၌ ယုံကြည်ခြင်းကို ရနိုင်ကာ ကျွန်ုပ်တို့နှင့်အတူ မာတုရတွင် ပါဝင်နိုင်ပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ကမ္ဘာတစ်ဝှမ်းရှိ ခရစ်ယာန် တို့အား သူတို့၏ဝိညာဉ်အိပ်ပျော်နေခြင်းမှ နိုးထရန် သတင်းကောင်းကို ပျံ့နှံ့နေစေခြင်းဖြစ်သည်။ ကျွန်ုပ်တို့သည် ကိုယ်တိုင်မာတုရခံရသော အချိန် ခါထိ ရေနှင့်ဝိညာဉ်တော် သတင်းကောင်းကို ဟောပြောနေမည်ဖြစ်သည်။ အကယ်၍မာတုရခံခြင်းမရှိခဲ့ပါကကျွန်ုပ်တို့ဖြန့်ဝေနေသည့်သတင်းကောင်း သည်အကျိုးရှိမည်လော။ ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကိုယုံ ကြည် သူများသာလျှင် နောက်ဆုံးသောကာလ၌ မာတုရခံနိုင်မည် ဖြစ်သည်။ ကျွန်ုပ်တို့၏ယုံကြည်ခြင်းအား ထိုအရာတွက် ယခုပင်ပြင်ဆင်ရမည် ဖြစ် သည်။
အကယ်၍ကျွန်ုပ်တို့သည် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို ကာ ကွယ်ရန်နှင့်မာတုရကိုပွေ့ဖက်ရန်ယုံကြည်ခြင်းကိုယခုမပြင်ဆင်ပါ။ ကျွန်ုပ် တို့ဘုရားသခင်ရှေ့၌ ငြိမ်သက်ခြင်းဖြင့်ရှိနေမည့်အချိန်တွင် နောင်လာ မည့် အချိန်များတွင် နောင်တရမည်သာဖြစ်သည်။ နောက်ဆုံးသောကာလ ရောက်လာသောအချိန်တွင် ကျွန်ုပ်တို့သည် ကိုယ်တိုင် အလုပ်ရှုပ်ကာ “သခင် ကျွန်ုပ်အလွန် ယခုအလွန်အလုပ်များပါသည်။ ကျွန်ုပ်တွက် အနည်း ငယ်ပို၍စောင့်ပေးပါ။ ကျွန်ုပ်ယခုနောင်တရနေပါသည်” ဟု ပြောပေမည်။ အကယ်၍ ကျွန်ုပ်တို့ နောက်ဆုံးသောအချိန်ထိ ဆုပ်ကိုင်ထားသည့် ယုံ ကြည်ခြင်းမှာ ဤကဲ့သို့ဖြစ်ပါက သခင်ဘုရားသည် ကျွန်ုပ်တို့အား “သင်အဘယ့်ကြောင့် မီးအိုင်ထဲသို့ ကိုယ်တိုင်မခုန်ချပါသနည်း။ သင်သည် ထိုထက်ပို၍ပင်ခံထိုက်၏။” ယခုအပြစ်ရှိနေသေးသူများသည်နောက်ဆုံး သောကာလ၌ ဤကဲ့သို့အဆုံးသတ်ရမည်ကို သဘောပေါက်နားလည်ထား သင့်ပေသည်။ ထို့ကြောင့် သခင်ဘုရား မိန့်တော်မူသည်မှာ “ဝိညာဉ်တော် သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို နားရှိသော သူမည်သည်ကား ကြားရပါစေ”ဟု ဖြစ်သည်။
သန့်ရှင်းသူတို့ မာတုရခံသည်နှင့် တပြိုင်နက် ဤကမ္ဘာ၏သဘာဝ ပါတ်ဝန်းကျင်တို့ သည်လုံးဝဖျက်စီးခြင်းခံရမည်ဖြစ်သည်။ သစ်တောများ သည် လောင်ကျွမ်းကမြစ်၊ ချောင်း၊ အင်းအိုင်တို့သည် သွေးအဖြစ်ပြောင်း ကာ နေ၊ လ နှင့် ကြယ်တို့သည်လည်း အလင်းပျောက်ကွယ်ပြီး ကမ္ဘာ ကြီးတစ်ခုလုံးသည် အမှောင်လွှမ်းခြုံခြင်းဖြင့် ရှိနေမည်ဖြစ်သည်။ နတ်ဆိုး တို့၏ အုပ်ချုပ်မှုခံရသော ထိုဒေသတွင် နေထိုင်သူတို့သည် စိတ်ရူးပေါက် ကာ သူတို့၏ပန်းတိုင်သည် သူတို့တွေ့နိုင်သည့် ဘုရားသခင်၏ သားသ မီးများအား လှည့်ပတ်ရှာဖွေပြီး သတ်ရန်ပင်ဖြစ်လာပေမည်။ ဤအတွက် ကြောင့်ပင် သင်သည် ဗျာဒိတ်ကျမ်းစကားများအား နားလည် ယုံကြည်ရ မည်ဖြစ်သည်။
ယနေ့အသင်းတော်များသည် ပို၍ကြီးမားကျယ်ပြန့်ကာ မြင့်သောအ သင်းတော်များ ဆောက်လုပ်ရန်တွက်သာ စိတ်တွင်စွဲနေကြသည်။ သူတို့ သည် သူတို့၏အသင်းတော်များ တည်ဆောက်ရန် သန်းချီသောဒေါ်လာတို့ ကို အသုံးပြုကာသူတို့၏နှလုံးသား၌အပြစ်များသာတွေ့နေရကာ ယေရှုအ တွက် မာတုရကိုပွေ့ဖက်နိုင်သော ယုံကြည်ခြင်းမျိုးမရှိပေ။ ဤလူတို့သည် ပထမဦးစွာ သူတို့၏နှလုံးသား၌ အပြစ်ကင်းနေစေရမည်ဖြစ်သည်။
ဤကမ္ဘာကြီးသည် မြင်းမွဲခေတ်ဖြစ်သည့် ဘေးဒါဏ်ကြီးခေတ်ကို လျင်မြန်စွာ ဝင်ရောက်မည်ဖြစ်သည်။ ကျွန်ုပ်မျှော်လင့်ဆုတောင်းသည်မှာ သင်၌မာတုရအား ပွေ့ဖက်ကာ သေသည်အထိ ခရစ်တော်ပေါ်သစ္စာရှိစွာ ရပ်တည်နေသော ယုံကြည်ခြင်းပိုင်ဆိုင်ရန်တွက်ဖြစ်သည်။ ကျွန်ုပ်တို့သည် ဗေရိမြို့သားတို့၏ ဝိညာဉ်ကဲ့သို့ ကျမ်းစာအား ပြင်းထန်စွာ စမ်းစစ်ပြီး နောက်မှသာ ဗျာဒိတ်ကျမ်းစကားများကို ယုံကြည်သင့်ပေသည်။