Search

တရားဟောချက်များ

ဘာသာရပ် ၁၀ - ဗျာဒိတ်ကျမ်း (ဗျာဒိတ်ကျမ်းအနက်ဖွင့်ကျမ်းများ)

[အခန် 2-5] အဘယ်သူသည် အပြစ်မှကယ်တင်ခြင်း ရသနည်း။ (ဗျာဒိတ်ကျမ်း ၂း၈-၁၁)

အဘယ်သူသည် အပြစ်မှကယ်တင်ခြင်း ရသနည်း။
( ဗျာဒိတ်ကျမ်း ၂း၈-၁၁ )
 
ဤကျမ်းပိုဒ်သည် ရှုပ်ဝတ္တုပိုင်ဆိုင်မှုတွင်း ဆင်းရဲသော်လည်း ဝိညာဉ်ရေးရာ ယုံကြည်ခြင်းတွင် ချမ်းသာသည့် အာရှိပြည်၌ရှိသော စမုရ နအသင်းတော်သို့ သခင်ဘုရား ပေးပို့သောစာဖြစ်သည်။ သူတို့သည် ယုဒလူတို့၏ ညှင်းပန်းနှိပ်စက်ခြင်းခံရသည့် ကြားမှပင် ယုံကြည်ခြင်း တွက်ခုခံကာ ကွယ်ခဲ့ကြသည်။ ထို့ပြင်သူတို့၏ သေဘေးကြုံနေသော အချိန်၌ပင် သခင်ဘုရားနှင့်သူ၏ရေနှင့်ဝိညာဉ်တော် သတင်းကောင်းကို ငြင်းပယ်ခြင်း မရှိခဲ့ပေ။ သူတို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်ကို ယုံ ကြည်ခြင်းဖြင့် တိုက်ခိုက် အောင်မြင် ခဲ့ကြသည်။
သခင်ဘုရားသည် စမုရနအသင်းတော်၏ သန့်ရှင်းသူတို့အား ရောက် လာမည့် ဆင်းရဲဒုက္ခကို မကြောက်ဘဲ သေသည်ထိမကြောက်ဘဲ သစ္စာရှိရန် အသက်သရဖူကို ကတိထား၍ မိန့်တော်မူခဲ့သည်။
ဘုရားသခင်သည် သူလူတို့အား မိမိကိုယ်ကိုယ်ပရောဖက်ဟု ခေါ်ဆိုသောသူတို့၏ မှားယွင်းသောသြဝါဒကို တိုက်ခိုက်အောင်မြင်ရန် မိန့်တော်မူခဲ့သည်။ ကျွန်ုပ်တို့၏အပြစ်အားလုံံးမှကယ်တင်ခြင်းရရှိရန်မည် သို့သောယုံကြည်ခြင်းမျိုးရှိရန် လိုအပ်သည်ကို ကျွန်ုပ်တို့သိ ထားရမည် ဖြစ်သည်။ ရေနှင့်ဝိညာဉ်တော်သတင်းကောင်းသည် စစ်မှန်သောသတင်း ကောင်းဖြစ်ကြောင်းကို ကျွန်ုပ်တို့သဘောပေါက်ထားသင့်ကာ ဤယုံ ကြည်ခြင်းဖြင့်ပင် ကျွန်ုပ်တို့သည် ယနေ့ခရစ်ယာန်လောက၌ ကပ်ဆိုက်နေ သည့် မှားယွင်းသောသြဝါဒနှင့် လိမ်ညာခြင်းတို့ကို တိုက်ခိုက်အောင်နိုင်ရ မည်ဖြစ်သည်။ လောကတစ်ခွင်လုံးစာတန်၏လိမ်ညာမှုအောက် ရောက်နေ သောအချိန်တွင် ဘုရားသခင်သည် ကျွန်ုပ်တို့၏သခင်ကို စေလွှတ်ကာ ရေနှင့် ဝိညာဉ်တော်သတင်းကောင်းကို ပြည့်စုံစေခဲ့သည်။ သူသည် ထို အရာ၌ယုံကြည်သောသူအား လုံးတို့အားလည်း သူတို့၏အပြစ်မှကယ် တင် ခဲ့သည်။ ကျွန်ုပ်တို့သည် ဤသမ္မာတရား၌ သဘောပေါက်နားလည်ယုံ ကြည်သင့်သည်။
ဘုရားသခင်ရှေ့၌ အပြစ်အားလုံးမှကယ်တင်ခြင်းရသူသည် မည်သို့ သောသူများဖြစ်သနည်း။ ထိုသူတို့သည် သန်မာသောခန္ဓာရှိသူများ (သို့)ကောင်းမွန်သောလူများမဟုတ်ဘဲ ရေနှင့်ဝိညာဉ်တော်သတင်းကောင်း ကိုသာ ယုံကြည်ခြင်းအားဖြင့် မိမိတို့အပြစ်အားလုံးမှ ကယ်တင်ခြင်းရခဲ့ သူများဖြစ်သည်။ ဤလူတို့သည် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို သိကာယုံကြည်ခြင်းဖြင့်မှားယွင်းသောသြဝါဒနှင့် လိမ်ညာခြင်းတို့ကို တိုက် ခိုက်အောင်မြင်ကြသူတို့ဖြစ်သည်။ ဤသတင်းကောင်းကို ယုံကြည်ကာမှား ယွင်းသော သြဝါဒကိုယုံကြည် သူတို့အား ဘုရားသခင်သည် ဒုတိယ သေခြင်းကို ရှောင်ရှားခြင်းဖြစ်သော ကောင်းကြီးမင်္ဂလာကို ပေးတော်မူ၏။
 
 

ဘုရားသခင်၏ကယ်တင်ခြင်းသည် အောင်မြင်သောသူတို့အား ပေးအပ်ခဲ့သည်။

 
ဗျာဒိတ်ကျမ်းစကားလုံးတို့သည် ကျွန်ုပ်တို့အား ပြောသည့်အ တိုင်းပင် “အောင်မြင်သောသူကို ဒုတိယသေခြင်းသည် မညှင်းဆဲရ။`` အောင်မြင် သောသူတို့ကိုသာလျှင် ဘုရားသခင်သည် သူ၏အသစ်သောအ သက်တာနှင့် အသစ်သောနိုင်ငံတော်ကို ပေးမည်ဖြစ်သည်။ ကျွန်ုပ်တို့တွင် နားနှစ်ဖက်ရှိသည်နည်းတူ တစ်ချိန်တည်း၌ပင် ကျွန်ုပ်တို့သည် သမ္မာ တရားနှင့် မှားယွင်းသည့် အရာနှစ်ခုလုံးကို ကြားသိရသည်။ ဘုရားသ ခင်၏နှုတ်ကပတ်တော်နှင့် စာတန်၏စကားကြား ကျွန်ုပ်ုတို့၏ လမ်းဆုံး သည် မည်သူ၏စကားကို ကျွန်ုပ်တို့လက်ခံကာ မည်သူ၏စကားကို ငြင်း ပယ်သည်ဆိုသည့် အပေါ်တွင်မူတည် ဆုံးဖြတ်သည်။ 
ဤအတွက်ကြောင့်ပင် ကျွန်ုပ်တို့အားလုံးသည် ရေနှင့်ဝိညာဉ် တော် သတင်းကောင်းကို ယုံကြည်ကာ ဤသမ္မာတရားနှင့် ကျွန်ုပ်တို့၏ ထိုအရာပေါ် ယုံကြည်ခြင်းဖြင့်မှားယွင်းသောသင်ကြားခြင်းများကိုတိုက် ခိုက်အောင်မြင်ရမည်ဖြစ်သည်။အဘယ်ကြောင့်ဆိုသော် လောကရှိ လူအား လုံးတို့သည် အပြစ်၏အခတော်၌ ဆင်းရဲဒုက္ခခံနေကြရသူများဖြစ်သော ကြောင့် ကျွန်ုပ်တို့၏အပြစ်အားလုံးတို့မှ လုံးဝကယ်တင်နိုင်သည့် ရေနှင့် ဝိညာဉ်တော်သတင်းကောင်းကို ရှာဖွေသင့်ပေသည်။ သို့သော် သမ္မာ တရားကိုလက်မခံနိုင်သောသူများစွာရှိ၏အဘယ်ကြောင့်ဆိုသော် မှားယွင်း သောဆရာများအားဖြင့် ကြားသိခဲ့ပြီးသော လိမ်ညာမှုများဖြင့် သူတို့၌ ပြည့် နှက်နေသောကြောင့်ဖြစ်သည်။ ဤမှားယွင်းသော ပရောဖက်တို့ဟော ပြောသည့်ဖြစ်နိုင်ချေ။ကယ်တင်ခြင်းမျိုးသည် အကယ်၍သင်သည် မကျူး လွန်ပါကသင်သည်ကောင်းကြီးခံစားမည်ဟုဆိုသောပြောဆိုမှုတွင် အခြေခံ သည်။
သို့သော် ကျွန်ုပ်တို့သည် အပြစ်ပြုရန်စီမံခြင်းခံထားပြီးသူများဖြစ် ကြသည်။ အပြစ်ပြုခြင်းသည် ကျွန်ုပ်တို့၏မရှောင်လွှဲနိုင်သော သဘာဝဖြစ် သည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ဤလောက၏အပြစ်များကြား၌ ချီနှောင် ထားခြင်းခံရပေသည်။ အကယ်၍ အပြစ်သားတို့၏ နှလုံးသားသည် မှား ယွင်းသော ပရောဖက်များအားဖြင့် လောကကို မည်သို့ယုံကြည်ကာ အပြစ် မှကယ်တင်ခြင်းမည်သို့ရနိုင်ပါမည်နည်း။ သူတို့သည် ဘုရားသခင်၏ အ သင်းတော်သို့လှည့်ပြန်သင့်ကာ ရေနှင့်ဝိညာဉ်တော်သတင်းစကားကို ကြား နာပြီး သူတို့၏အပြစ်လွှတ်ခြင်း ခံယူကာ သူတို့နှလုံးသား၏ စစ်မှန်သော နားခိုရာကို ရှာဖွေသင့်သည်။ ဤကမ္ဘာကြီး၌ များစွာသော သူတို့သည် ဘုရားသခင်၏စစ်မှန်သောအသင်းတော်ကို ရှာဖွေကာ သူတို့၏ ကယ်တင် ခြင်းရရန် ပြင်းပြသည့် ဆန္ဒရှိကြသည်။ သို့သော် များစွာသောသူတို့သည် ထိုအရာကို ရှာဖွေတွေ့မည့်အစား ပညတ်တရားအသင်းတော်တို့၌ အဆုံး သတ်ကြသည်။ ထို့အတွက်ကြောင့်ပင် သူတို့သည် ငရဲ၌ချီဆောင်ခြင်း ခံရကြသည်။ 
ထိုသို့ဆိုသော် အပြစ်သားတို့အမှန်တကယ်လိုအပ်သည့် နေရာ သင်၏အသင်းတော်သည် မည်သို့သောအသင်းတောဖြစ်ပါသနည်း။ အပြစ် သားအားလုံးတို့ကို လိုအပ်သည့် ဘုရားသခင်၏အသင်းတော်သည် ရေနှင့် ဝိညာဉ်တော်သတင်းကောင်းကို ဟောပြောသည့်အသင်းတော်ဖြစ်သည်။ ကျမ်းစာ၌ပြောသည့် ဘုရားသခင်၏အသင်းတော်သည် ယေရှု၏ဗတ္တိဇံနှင့် သူ၏ကားတိုင်ပေါ်မှအသွေးအကြောင်းကိုပြောပါသည်။စစ်မှန်သော ဘုရား သခင်၏အသင်းတော်သည် ယေရှုကလောက၏အပြစ်အားလုံးတို့အား သူ ကိုယ်ပေါ်တင်ကာ ထိုအရာများကို မည်သို့ပျောက်ပျက်စေကြောင်း ထိုအ ရာအားလုံးကို ရေနှင့်ဝိညာဉ်တော်သတင်းကောင်းအားဖြင့် စစ်မှန်တိကျစွာ သင်ပေးသည်။ သူ/သူမ၏အပြစ်မှ ကယ်တင်ခြင်းရပြီးသောအပြစ်သား ရှိသမျှတို့သည် ဘုရားသခင်၏အသင်းတော်ဖြင့်ကြားရသောရေနှင့် ဝိညာဉ် တော် သတင်းကောင်းပေါ် ယုံကြည်ခြင်းဖြင့်ဖြစ်သည်။
သို့ဖြစ်သည့်တိုင် များစွာသော ခရစ်ယာန်တို့သည် ရေနှင့်ဝိညာဉ် တော်သတင်းကောင်းကို ကြားခြင်းဆက်သွယ်ခြင်းနှစ်မျိုးလုံး မရှိသော အခါ သူတို့သည် အပြစ်များအားလုံးမှ ကယ်တင်ခြင်းမရနိုင်ဘဲနေကြ သည်။ သို့သော် ဘုရားသခင်က ရေနှင့်ဝိညာဉ်တော် သတင်းကောင်းကို ယုံကြည်ကာ မှားယွင်းသောသတင်းကောင်းကို တိုက်ခိုက်အောင်မြင်သော သူတို့အားအပြစ်မှကယ်တင်မည်ဖြစ်ကြောင်း ကျွန်ုပ်တို့ကိုပြောပါသည်။ အောင်မြင်သောသူသည် ဒုတိယသေခြင်း၏ညှင်းဆဲမခံရဟု ဘုရားသခင် ကျွန်ုပ်တို့အား ကတိတော်ထားခဲ့ပါသည်။
စစ်မှန်သောအပြစ်မှကယ်တင်ခြင်းသည် မှားယွင်းသောအရာများ အားဆန့်ကျင်ရပ်တည်ကာ အောင်နိုင်သူတို့အတွက်သာ များပြားစွာရှိပါ သည်။ ကျွန်ုပ်တို့သည် အပြစ်သားအဖြစ်မွေးဖွားသောကြောင့် အကယ်၍ မှားယွင်းသော သင်ကြားမှုများကို ကျွန်ုပ်တို့မအောင်မြင်ပါက ကျွန်ုပ်တို့ သည် အပြစ်အားဖြင့် ချည်နှောင်ခြင်းခံရကာစာတန်၏ အကျဉ်းသားများ အနေဖြင့် အဆုံးသတ်ပြီး နောက်ဆုံး၌ငရဲသို့သွားရန် စီမံခြင်းခံထားပြီး သူ တို့ကဲ့သို့ဖြစ်နေပေမည်။ ထို့ကြောင့်ဘုရားသခင်သည် ကျွန်ုပ်တို့တစ်ဦးစီ တိုင်းအား ကျွန်ုပ်တို့၏ကယ်တင်ခြင်း ဝိညာဉ်ရေးရာတိုက်ပွဲတွင် ရန်သူ တို့အားအောင်နိုင်ရန် ပြောခြင်းဖြစ်သည်။
ခြင်္သေ့နှင့်ကျားကဲ့သို့ အချို့သောတိရိစ္ဆာန်များသည် သူတို့၏က လေးငယ်များအား တောင်ခြေသို့ချကာ သူတို့ဘာသာသူတို့ ပြန်လည်တက် လာစေပြီး သင်တန်းပေးကြသည်ဟု အချို့ကပြောကြသည်။ တောင်ပေါ်သို့ ပြန်လည်တက်လာနိုင်သည့် သားပေါက်များသာလျှင် ကြီးထွားလာမည်ဖြစ် သည်။ ထိုနည်းလည်းကောင်းပင် ဘုရားသခင်သည် ကျွန်ုပ်တို့အားရေနှင့် ဝိညာဉ်တော်သတင်းကောင်းကို ပေးထားကာ မှားယွင်းသောသင်ကြားခြင်း များအား ဤသတင်းကောင်းဖြင့် တိုက်ခိုက်အောင်မြင်သောသူကိုသာလျှင် ဘုရား သခင်သည် ကောင်းကင်သို့ဝင်ခွင့်ပြုမည်ဖြစ်သည်။
ကျွန်ုပ်တို့၏ကယ်တင်ခြင်းသည် ကျွန်ုပ်တို့၏အသွေးခန္ဓာအား ဖြင့် ရသည်မဟုတ်။ ကျွန်ုပ်တို့သည် ရေနှင့်ဝိညာဉ်တော်သတင်းကောင်း အား ယုံကြည်ခြင်းအားဖြင့်သာ ကယ်တင်ခြင်းရနိုင်ပါသည်။ စစ်မှန်သော ကယ်တင်ခြင်းသည် ယေရှု၏ဗတ္တိဇံနှင့်သူ၏ကားတိုင်ပေါ်မှ အသွေးတော် ကို ယုံကြည်ခြင်းဖြစ်သည်။ လောက၏အပြစ်အားလုံးတို့ကို သယ်ဆောင် သွားသည့်ဘုရားသခင်၏သားတော်၏အသွေးသွန်းခြင်းနှင့် ဗတ္တိဇံ၌ ကျွန်ုပ် တို့ယုံကြည်သောအချိန်တွင် ကျွန်ုပ်တို့သည် အပြစ်အားလုံးမှကယ်တင် ခြင်းရကာ ပျက်စီးခြင်းမှကယ်တင်ရာသို့ရောက်၏။ ကောင်းကင်သို့ဝင် သော သူတစ်ဦးတစ်ယောက်စီတိုင်းသည် ရေနှင့်ဝိညာဉ်တော် သတင်း ကောင်းကို ယုံကြည်ခြင်းဖြင့် ထိုကဲ့သို့ဖြစ်ပြီး ငရဲ၌အဆုံးသတ်ရသောသူ ရှိသမျှတို့သည် ဤသတင်းကောင်းတွင် မယုံကြည်ခြင်းအားဖြင့် ထိုကဲ့သို့ ဖြစ်ရခြင်းဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့ အားလုံးသည် ရေနှင့်ဝိညာဉ် တော် သတင်းကောင်းကို ယုံကြည်ကာ မှားယွင်းသော သတင်းကောင်းကို ငြင်းပယ်သင့်ခြင်းဖြစ်ပါသည်။
မှားယွင်းသောသင်ကြားခြင်းနှင့် လိမ်ညာမှုများကို ပျံ့နှံ့စေခြင်း အားဖြင့် စာတန်သည် လူတို့အားရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို ယုံ ကြည်ကာ ပြောင်းလဲခြင်းသို့ ရောက်ရန်ကာကွယ်ထားပါသည်။ ထိုသို့ဆို သော် ဤမှားယွင်းသော သင်ကြားခြင်းသည် အဘယ်အရာများဖြစ်ပါသ နည်း။ မှားယွင်းသောသတင်းကောင်းမှာ ယေရှုသည်လောက၏ အပြစ် အားလုံးတို့အား သူ၏ဗတ္တိဇံအားဖြင့် သယ်ဆောင်ခြင်းမရှိဟု သင်ပေးသော အရာဖြစ်သည်။ ထိုသူတို့သင်ပေးသည်မှာ ယေရှုသည် ကျွန်ုပ်တို့၏ မူလ အပြစ်များကိုသယ်ဆောင်သွားစဉ်ချိန်တွင် ကျွန်ုပ်တို့၏ နေ့စဉ်အပြစ်များ အား နောင်တနှင့်ဆိုင်သော ဆုတောင်းခြင်းဖြင့် သန့်စင်စေရမည်ဟုဖြစ် သည်။ ဤသင်ကြားခြင်းသည် ဖြစ်နိုင်ခြေအားဖြင့် ဘာသာရေးသင်္ကေတ အတွက်အဓိပ္ပ္ပါယ်ရှိသည်ဟုထင်ရသည်။သို့သော်စစ်မှန်သော ရေနှင့်ဝိညာဉ် တော်သတင်းကောင်းအားဖြင့်ကြည့်သော် ထိုအရာများသည် မှားယွင်း သည်မှာရှင်းပါ၏။ 
လူတစ်ဦးတစ်ယောက်စီတိုင်း၏ ရွေးကောက်ခြင်းသည် ရေနှင့် ဝိညာဉ်တော်သတင်းကောင်းကို ယုံကြည်ခြင်းအားဖြင့်ဖြစ်သည်။ မှားယွင်း သောသ တင်းကောင်းသည် ကျွန်ုပ်တို့အား ဘယ်သောအခါမှ အပြစ်မှ ကယ်တင်မည်မဟုတ်ပေ။ ထို့ကြောင့်ပင် ကျွန်ုပ်တို့သည် ဤမှားယွင်းသော သင်ကြားခြင်းများကို တိုက်ခိုက်အနိုင်ယူ အောင်မြင်ကျော်လွှားခြင်းဖြစ် သည်။ စာတန်အားဆန့်ကျင်တိုက်ခိုက်ခြင်းဆိုသည်မှာ မစစ်မှန်သောအရာ ကို ဆန့်ကျင်တိုက်ခိုက်ခြင်းဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ရေနှင့် ဝိညာဉ်တော်သတင်းကောင်းတွင် ယုံကြည်မည် (သို့) မှားယွင်းသော သ တင်းကောင်းကို ယုံကြည်မည်ဆိုသည့် အပေါ်ဆုံးဖြတ်ရွေးချယ်ပြီး အခြား တစ်ခုကို ဆန့်ကျင်တိုက်ခိုက်ရမည်ဖြစ်သည်။ ရေနှင့်ဝိညာဉ်တော်သတင်း ကောင်းကို ယုံကြည်သောသူများသည်ပင်လျှင် အကယ်၍ သူတို့ယုံ ကြည်ခြင်းသည် မပူမနွေးဖြစ်နေပါက စာတန်အားအောင်နိုင်ခြင်းရှိမည် မဟုတ်ပေ။ 
ယခင်အချိန်များ၌ ကယ်တင်ခြင်းရပြီးသောသူများစွာတို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်နှင့် စာတန်၏စကားများကြား အငြင်းပွား မှုများရှိခဲ့ကြသည်။ သူတို့၏အပြစ်များသည် ရေနှင့်ဝိညာဉ်တော်သတင်း ကောင်းအပေါ် သူတို့ယုံကြည်မည်ဟု ဆုံးဖြတ်သောအချိန်မှသာ ခွင့်လွှတ် ခြင်းသို့ရောက်သည်။ ဖန်ဆင်းခြင်းကာလမှသည် ယခုအချိန်အထိတိုင် ကယ်တင်ခြင်းရပြီးသူတို့သည် မှားယွင်းသောသတင်းကောင်းကို တိုက်ခိုက် အောင်မြင်ခဲ့ကြသူများဖြစ်ကြသည်။ ကျွန်ုပ်တို့ရှိသမျှတို့သည် ရေနှင့် ဝိညာဉ်တော်သတင်းကောင်းအား ရှာဖွေတွေ့သင့်ပြီး မှားယွင်းသော သ တင်းကောင်းကို ငြင်းပယ်ကာ ယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့၏အပြစ် အားလုံးတို့မှ ကယ်တင်ခြင်းရ သင့်သည်။ 
 
 
အဘယ်အရာများသည် မှားယွင်းသောသတင်းကောင်းများဖြစ် ပါသည်။ 
 
နားလည်စေနိုင်ရန်အတွက် ရည်ရွယ်လျှက် မျက်စိတစ်ဖက်ထဲ သာ ပိုင်ဆိုင်သည့်ရွာသားများကြားသို့ မျက်စိနှလုံးပိုင်ဆိုင်သည့် ဧည့်သည် တစ်ဦး ရောက်လာသည်ဆိုကြပါစို့။ ထိုရွာ၌ နေထိုင်ကြသောသူအားလုံးတို့ သည် ထိုသူအား “သူစိမ်း၊ စိတ်မမှန်သူ” “အလွန်ခြားနား သောသူ” (သို့) “အများနှင့် ဆန့်ကျင်သူ” ဟုပင်ခေါ်ကြပေမည်။ ဧည့်သည်အား အများနှင့် ဆန့်ကျင်သူဟုသူတို့ခေါ်ဆိုရသောအကြောင်းမှာဤကိစ္စတွင်လုံးဝအများစုများဖြစ်သည့် ရွာသားများသည် သူနှင့်ခြားနားမှုရှိနေသောကြောင့်ပင် ဖြစ်သည်။ထိုနည်းလည်းကောင်းပင်အများစုအုပ်စိုးသည့်နေရာ(သို့) အခြား နည်းဖြင့်ဆိုသော် အများစု၌ မှန်ကန်နေပါက လွမ်းမိုးမှုရှိသည်။ သို့သော် ကျွန်ုပ်တို့နားလည်သဘောပေါက်ထားရမည်မှာ ထိုကဲ့သော အဆင့်အတန်း ရှိသည့်တရားစီရင်မှုနှင့် အဆုံးသတ်ခြင်းသည် လုံးဝမှားယွင်းမည်ကိုဖြစ် သည်။ 
ထာဝရကမ္ဘာ၌သမ္မာတရားသည် အများစု၏ဆုံးဖြတ်ခြင်းအား ဖြင့်မဟုတ် အခြေခံအဆင့်အတန်းတွင် မူတည်ပါသည်။ ထိုသို့ဆိုသော် ဤသမ္မာတရားသည် အဘယ်နေရာ၌ တွေ့နိုင်ပါသနည်း။ ထိုအရာသည် အပြစ်သားများ၏ရွေးဝယ်ခြင်းနှင့် သူတို့၏ပျက်စီးခြင်းမှ ကယ်တင်ခြင်းခံရ ခြင်းတွေ့ရသည်။ ဖြောင့်မတ်သောသူဖြစ်လာသူရှိသမျှတို့သည်ရေနှင့်ဝိ ညာဉ်သတင်းကောင်းကိုသူတို့နားဖြင့်ကြားကာ ထိုသတင်းကောင်း၌ သူတို့ နှလုံးသားဖြင့် ယုံကြည်ခြင်းအားဖြင့် သူတို့၏အပြစ်များမှ ကယ်တင်ခြင်းရ ပါသည်။ 
သို့သော်များစွာသောလူတို့သည် မှားယွင်းသော သတင်းကောင်း ၌အချိန်ကြာမြင့်မှာလဲကျခဲ့ပြီးဖြစ်သောကြောင့် စစ်မှန်သောသမ္မာတရားသူ တို့ သူတို့ရှေ့၌ဖေါ်ပြသောအခါတွင် ထိုအရာအားသူစိမ်း အများနှင့်ဆန့် ကျင်သော မှန်ကန်သည့်အရာဟုပင် ပြောဆိုငြင်းပယ်ကြသည်။ သို့သော်သူ တို့ငြင်းပယ်ခဲ့ကြသည့် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းသည် တမန် တော်များခေတ်သို့ပြန်လည်ကြည့်သောအခါတွင် ထိုအရာသည် တမန် တော်များကိုယ်တိုင်ဖေါ်ပြ ယုံကြည်သောအခါတွင် ထိုအရာသည် တမန် တော်များကိုယ်တိုင် ဖေါ်ပြယုံကြည်ကာဟောပြောခဲ့သည့် သမ္မာတရားဖြစ် သည်။ ဘုရားသခင်ရှေ့တွင် အပြစ်ပြဿနာသည်ရေနှင့်ဝိညာဉ်တော်သ တင်း ကောင်းကို ယုံကြည်ခြင်းအားဖြင့်သာ ဖြေရှင်းနိုင်ပါသည်။ 
ကျွန်ုပ်တို့၏ သမ္မာတရားဖြစ်သော ယေရှုသည် လောက၏အပြစ် အားလုံးတို့အား အာရုန်၏မျိုးဆက်ဖြစ်သော ယောဟန်အားဖြင့် ဗတ္တိဇံခံပြီး ကားတိုင်ပေါ် ကျွန်ုပ်တို့အတွက် အသွေးသွန်းခဲ့သည်။ ယေရှုသည် လောက ၏အပြစ်အားလုံးတို့အား သူ၏ဗတ္တိဇံအားဖြင့် သယ်ဆောင်သွားခဲ့ကြောင့် ဘုရားသခင်၏နှုတ်ကပတ်တော်က အသက်သေခံသည်။ သမ္မာတရားသည် လွန်ခဲ့သောအနှစ်နှစ်ထောင်ခန့်က ယေရှုလောက၏ အပြစ်အားလုံးတို့အား သူ၏ဗတ္တိဇံနှင့် သူ၏ကားတိုင်ပေါ်မှ အသွေးတော်အားဖြင့် သယ်ဆောင် သွား ခဲ့ချိန် ပြည့်စုံခဲ့သည်။
သို့ဖြစ်သည့်တိုင်လိမ်ညာမှုခံနေရသောသူတို့သည်သူတို့၏ ယေရှု အပေါ်ယုံကြည်ခြင်းသည် အပြစ်မှလုံးဝကယ်တင်ခြင်းသို့ရောက်စေသည် ကိုမသိကြပေ။ ပို၍ဆိုးဝါးသည်မှာ ယနေ့ခရစ်ယာန်လောက၌ များစွာသော ဝိညာဉ်တို့သည် အပြစ်၌ ပျောက်ဆုံးကာ မှားယွင်းသော သတင်းကောင်း အားဖြင့်ရှုပ်ထွေးနေကြသည်။ ဤအတွက်ကြောင့်ပင် စစ်မှန် သောသတင်း ကောင်းအား ကြားနာခြင်းအားဖြင့်သာ လူတို့သည် သူတို့၏အပြစ်မှ ကယ် တင်ခြင်းရနိုင် သည်။ 
ကျမ်းစာ၌ ရေးသားဖေါ်ပြထားသော သမ္မာတရားသည် ရေနှင့် ဝိညာဉ်တော်သတင်းကောင်းဖြစ်သည်။ (ရှင်မဿဲခရစ်ဝင် ၃း၁၃-၁၇၊ ဧ ဖက်သြဝါဒစာ ၁း၁၃) အထက်ပါကျမ်းပိုဒ်၌ ဘုရားသခင်သည် စမုရန အသင်းတော်အား သူတို့၏ရုပ်ဝတ္ထုပိုင်း ဆင်းရဲသည့်ကြားမှ ယုံကြည်ခြင်း၌ ချမ်းသာကြောင်း ချီးကျူးတော်မူ၏။ သို့သော် သူသည် ယုဒလူတို့အား စာတန်၏အစေခံများဟုခေါ်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ယုဒလူတို့ သည် ဘုရားသခင်အား ယုံကြည်သည်ဟုဆိုသော်လည်း သူတို့သည် ရွေးနှုတ်ကယ်တင်ခြင်း သတင်းကောင်းအားသူတို့နှလုံးသား၌လက်ခံရန် ငြင်းပယ်ခဲ့သည်။ ကျွန်ုပ်တို့သခင်ဘုရားသည် ရေနှင့်ဝိညာဉ်တော်သတင်း ကောင်းအားဖြင့်သူတို့၏အပြစ်များကိုသယ်ဆောင်သွားခဲ့ပါသော်လည်း သူ တို့သည်ယေရှုအား သူတို့၏ကယ်တင်ရှင်နှင့် ဘုရား၏သားတော်အဖြစ် မယုံကြည်ကြပေ။ ယေရှုသည် သူတို့၏အပြစ်များကို သယ်ဆောင်သွားခဲ့ သည် ဆိုသည့်အချက်ကို လက်မခံသေးသဖြင့် သူတို့သည် ယေဟောဝါဘု ရားသခင်အား ယုံကြည်ပါသည်ဟု ဆိုသော်လည်း သူတို့၏နှလုံးသား၌ အ ပြစ်ဆက်လက်ရှိနေပါသေး၏။ 
ထိုကဲ့သို့သောသူများသည် သူတို့ဘုရားသခင်အား ယုံကြည်ပါ ကြောင်း နှုတ်ဖြင့်ဝန်ခံပြီး အမှန်တွင်သူ့အားမယုံကြည်ကြသည် စာတန်၏ အပေါင်းအသင်းများဖြစ်ကြသည်။ ယေရှုအားယုံကြည်ပါသည်ဟုဆိုသော သူများသည်ပင်လျှင် သူ၏ရွေးကောက်ခြင်းအား နှလုံးသား၌လက်မခံပါက ဤစာတန်၏အ ပေါင်းအသင်းများပင်ဖြစ်သည်။ 
ဤကမ္ဘာကြီး၌ တရားဇရပ်နှစ်ခုတည်ရှိပါသည်။ တစ်ခုသည်စာ တန်ပိုင်ဖြစ်ပြီး အခြားတစ်ခုသည် ဘုရားသခင်ပိုင်ဖြစ်သည်။ သခင်ဘုရား ပြန်လည်ကြွလာတော်မူသောအချိန်တွင် စာတန်၏တရားဇရပ်သည် ထာဝ ရဖျက်ဆီးခြင်းခံရပြီး၊ ဘုရားသခင်၏တရားဇရပ်သည် ထာဝရကောင်းကြီး ခံစားရမည်ဖြစ်သည်။အခြားစကားလုံးဖြင့်ဆိုသော်ဘုရားသခင်သည်ဖြောင့် မတ်သူတို့အား အပြစ်သားများထံမှ ခွဲထားမည်ဖြစ်သည်။ ယေရှုအား သူ/သူမ ၏ကယ်တင်ရှင်ဖြစ်ပါသည်ဟု ကြေငြာသူရှိသမျှ ကောင်းကင်သို့ သွားရမည်မဟုတ်ပေ။ 
ဤအရာသည် ယေရှုကျွန်ုပ်တို့အား (ရှင်မဿဲ ၇း၂၁-၂၃) ထဲ၌ ပြောထားသည့်အရာမှ ရှင်းလင်းစွာယုံဖေါ်ပြထားသည်။ “သင်၊ သခင်ဟု ငါကိုလျှောက်သောသူတိုင်း ကေင်းကင်နိုင်ငံတော်သို့ ဝင်ရလိမ့်မည်မ ဟုတ်။ ကောင်းကင်ဘုံ၌ရှိတော်မူသော ငါ့ခမည်းတော်၏အလိုကို ဆောင် သောသူသာလျှင် ဝင်ရလိမ့်မည်။ ထို့နေ့၌ကားသခင်၊ သခင်၊ ကျွန်ုပ်တို့သည် ကိုယ်တော်အခွင့်နှင့် ဆုံးမသြဝါဒပေးပါပြီမဟုတ်လော။ ကိုယ်တော်အခွင့် နှင့်နတ်ဆိုးတို့ကို နှင်ထုတ်ပါပြီမဟုတ်လော။ ကိုယ်တော်အခွင့်နှင့်များ စွာ သောတန်ခိုးတို့ကိုပြပါပြီမဟုတ်လောဟု အများသောသူတို့သည် လျှောက် ကြလိမ့်မည်။”
အခြားစကားလုံးဖြင့်ဆိုသော် ကေင်းကင်သည် ယေရှုအားယုံ ကြည်ပါသည်ဟုဆိုကာ သူ၏နာမည်ခေါ်ကာ သူရှိသမျှတို့ ကယ်တင်ခြင်း ရနိုင်မည်ဟု ကျွန်ုပ်တို့မဆိုလိုနိုင်ပေ။ အကယ်၍ ယေရှုအား သူတို့၏ကယ် တင်ရှင်အဖြစ်ယုံကြည်လျှင်ပင်ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို မယုံ ကြည်ပါက ထိုသူတို့သည် နောက်ဆုံး၌ စာတန်၏အစေခံမျာဖြစ်ကာ ငရဲ၌ ချည်နှောင်ထားခြင်းခံရသူများဖြစ်ပေမည်။ သူတို့သည် မှားယွင်းသောသ တင်းကောင်း နောက်လိုက်သောကြောင့် သူတို့ယေရှုအားယုံကြည်သည်ဟု ဆိုသော်လည်း သူတို့ သည် ငရဲသို့ ပို့ရန် သင့်တော်သူများဖြစ်သည်။ 
အပြစ်ရှိကာ စာတန်၏ ပိုင်ဆိုင်ခြင်းခံရသူတို့သည် ငရဲသွားရန် ချီးနှောင် ခြင်းခံထားရသူတို့ဖြစ်သည်။ သို့သော် ရေနှင့်ဝိညာဉ်တော်သတင်း ကောင်းအားလက်ခံခြင်းဖြင့်အပြစ်အားလုံးခွင့်လွှတ်ခြင်းရပြီးသော သူတို့အ တွက်ကောင်းကင်တံခါးပွင့်နေမည်ဖြစ်သည်။ ယေရှု အားယုံကြည်သူရှိသ မျှတို့သည် ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို ယုံကြည်ခြင်းအားဖြင့် သာ ကောင်းကင် နိုင်ငံသို့ဝင်ရောက်နိုင်မည်ဖြစ်သည်။ 
လောက၏အပြစ်မှကယ်တင်ခြင်းရရန်အတွက်ကျွန်ုပ်တို့၌ကျွန်ုပ်တို့၏အပြစ်အကြောင်းရှင်းလင်းစွာနားလည်ထားရမည်ဖြစ်သကဲ့သို့ လိမ် ညာမှုကိုသမ္မာတရားအားဖြင့် ပိုင်းခြားနိုင်သော ဝိညာဉ်အရည်အသွေးရှိရ မည်ဖြစ်သည်။ ထိုသို့ပြုရန်အတွက်ကျွန်ုပ်တို့သည်ဘုရားသခင်၏ရေး သား ထားသောနှုတ်ကပတန်တော်၌ တည်ကာထိုအရာအတိုင်း ယုံကြည်ရမည် ဖြစ်သည်။ အကယ်၍သင်သည် ငရဲမီးအိုင်ထဲသို့ပစ်ချခြင်းမခံလိုပါက ယုံကြည်ခြင်းဖြင့် မှားယွင်းသောသတင်းကောင်းကို ငြင်းပယ်ရမည်ဖြစ် သည်။ သင်၏ယုံကြည်ခြင်းအတွက် အောင်မြင်သူဖြစ်ရန် သင်သည် ရေနှင့် ဝိညာဉ်တော်သတင်းကောင်းသည် မည်သို့ဖြစ်ကြောင်း နားလည်ထားရပေ မည်ဖြစ်သည်။ ထိုအရာအားဖြင့်သာ သင်သည် ဒုတိယသေခြင်းကို ရှောင် ရှားနိုင်ပြီး ထိုအရာအားဖြင့်သာ ဘုရားသခင်၏ပရဒိသုဥယျာဉ်သို့ ဝင် ရောက်နိုင်မည် ဟုဖြစ်သည်။ 
ရှင်ယောဟန်သြဝါဒစာ ဒုတိယစောင်(၁း၇) ၌ ``လူ့ဇာတိအားဖြင့် ကြွလာတော်မူသော ယေရှုခရစ်ကို ငြင်းပယ်လျက်၊ လှည့်ဖြားသောသူ အများတို့သည်လောကထဲသို့ဝင်ကြပြီ။ ထိုသို့သောသူသည် လှည့်ဖြားသော သူဖြစ်၏။ အန္တိခရစ်လည်းဖြစ်၏” ဟု ကျွန်ုပ်တို့ အားဆို၏။ ဤနေရာတွင် လှည့်ဖြားသောသူဆိုသည်မှာ ယေရှုသည် လူ့ဇာတိအားဖြင့် လောကသို့ ကြွလာသည် ဆိုသည့်အရာကို ငြင်းပယ်သောသူများကို ဆိုလိုခြင်းဖြစ် သည်။ တနည်းဖြင့်ဆိုသော် ထိုသူတို့သည် လူ့ဇာတိအားဖြင့် ခံယူသောသ ခင်သည် ဘုရားသခင်၏သားတော်ဖြစ်ကာ လောက၏အပြစ်အားလုံးတို့ အားသူ၏ယော်ဒန်မြစ်၌ခံယူသော ဗတ္တိဇံအားဖြင့် သယ်ဆောင်ကာ ကျွန်ုပ် တို့နေရာ၌ ကျွန်ုပ်တို့အပြစ်အတွက် ကားတိုင်ပေါ်တွင် သူ၏အသွေးတော် ဖြင့် စီရင်ခံခဲ့ခြင်းကို ငြင်းပယ်သူများဖြစ်သည်ဟုပင်။
သူသည် ကျွန်ုပ်တို့၏အပြစ်အတွက် စီရင်ခံခြင်းခံရမည့်အရာအား လုံးတို့အား ကျွန်ုပ်တို့ထံမှ ဖယ်ယူသွားသည်ဆိုသော အမှန်တရားကို မယုံ ကြည်သူတို့သည်လှည့်ဖြားသူစာတန်၏အစေခံများဖြစ်ကြသည်။ ဤသူတို့ သည် ဘုရားသခင်၏ရန်သူနတ်ဆိုး၏သစ္စာရှိသော အစေခံများဖြစ်သည်။ ထိုသူတို့သည် စစ်မှန်သောရေနှင့် ဝိညာဉ်တော်သတင်းကောင်းအားဆန့် ကျင်ရန်တည်ပြီး သူတို့၏မှားယွင်းသောသင်ကြားခြင်းများကို ပျံ့နှံ့စေကား များစွာ သောသူတို့အား ရှုပ်ထွေးမှုနှင့် ပျက်စီးခြင်းသို့ရောက်စေသည်။ 
ရေနှင့်ဝိညာဉ်တော်သတင်းကောင်း၌ ယုံကြည်ပါသည်ဟုဆိုကာ ဝိညာဉ်တိုက်ပွဲဖြစ်သည့်စာတန်၏မှားယွင်းသော သတင်းကောင်းကို တိုက် ပွဲမဝင်သူတို့သည် နောက်ဆုံး၌ ဘုရားသခင်၏ နိုင်ငံတော်နှင့်သူ၏လူများ ၏ရန်သူအဖြစ် အဆုံးသတ်ပေမည်ဖြစ်သည်။ ထိုသို့သောသူတို့သည် သူတို့ ၏ နောက်လိုက်များ ရေနှင့်ဝိညာဉ်တော်သတင်းကောင်းပေါ် ယုံကြည်ခြင်း ရှိမရှိကို ဂရုမစိုက်တတ်ကြပေ။ သူတို့ဂရုစိုက်သည့် အရာများမှာ သူတို့၏ ဂုဏ်နှင့်ချမ်းသာခြင်းအတွက်သာဖြစ်သည်။ဤသူတို့သည် မိမိဝမ်းဗိုက်သာ ဖြည့်ရန် ဆန္ဒရှိကြသည့် မှားယွင်းသော အစေခံများဖြစ်ကြသည်။ အကျဉ်းအားဖြင့်ဆိုသော် ထိုသူတို့သည် ကျမ်းစာမှဖေါ်ပြသည့် အန္တိခရစ်၏ လူတို့ဖြစ်ကြ သည်။ 
 
 
မှားယွင်းသော ဝါဒစွဲကိုင်သူတို့၏ လှည့်ကွက်
 
ယေဇကျေလအနာဂတ္တိကျမ်း (၁၃း၁၇-၁၈)၌ “ထိုမှတပါး အချင်း လူသားကိုယ်အလိုအလျှောက် ပရောဖက်ပြုသောသင်၏အမျိုးသ မီးတို့တ ဘက်၌ မျက်နှာပြု၍ အရှင်ထာဝရဘုရား၏အမိန့်တော်ကို ဟော ပြော ဆင့်ဆိုရမည်မှာ အသက်ဝိညာဉ်တို့ကို ဖမ်းခြင်းငှါ ခပ်သိမ်းသောသူတို့၏ နံပါတ်၌ ခေါင်းအုံးကို ထည့်၍ လူကြီးအငယ်တို့ခေါင်းပေါ်မှာ ဦးထုပ်တို့ကို တင်ထားသောမိန်းမတို့သည် အမင်္ဂလာရှိကြ၏။ ငါ့လူတို့၏အသက်ဝိညာဉ် ကို ဖမ်း၍ ကိုယ်အသက်ဝိညာဉ်ကို သေခြင်းမှကယ်ချွတ်ကြလိမ့်မည် လော။” ဤကျမ်းပိုဒ်၌ စာတန်၏အစေခံတို့သည် လူဝိညာဉ်ကို မည်သို့ရှာ ဖွေဖမ်းယူရမည်ကို ရှာဖွေကြောင်း တွေ့ရသည်။ 
ဤကျမ်းပိုဒ်၌ စာတန်၏အစေခံတို့သည် လူများအပေါ် မှော်အတတ် ဖြင့်ပြကြကြေင်းကို ဖေါ်ပြထားသည်။ King James Version ၌ ခပ်သိမ်းသော သူတို့၏နံပါး၌ ခေါင်းအုံး ထည့်ထားသောအမျိုးသ မီးတို့သည် အမင်္ဂလာရှိကြ၏” ဟု ဘာသာပြန်ထားသည်။ သင်၏ နံပါး၌ ခေါင်းအုံးထားခြင်းသည် မည်မျှပင်မသက်မသာဖြစ်ပြီး မည်မျှကိုးယိုးကား ယားဖြစ်ကာ အခြားသူများအတွက်လည်း မည်မျှအမြင်မတော်ဖြစ်မည် နည်း။ ရေနှင့်ဝိညာဉ်တော်သတင်းကောင်း အားသိခြင်း ယုံကြည်ခြင်းမရှိ သောသူတို့အားအသင်းတော်၌ခေါင်းဆောင်နေရာတွင်ထားခြင်းသည်အတိ အကျပင် ကိုးယိုးကားယားဖြင့် မသက်မသာဖြစ်ပြီးအခြား သူများအတွက် လည်း အမြင်မတော်လှပေ။ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆို သော်အသင်းတော်၌ ထိုသူများကို နေရာပေးရန် မသင့်သောကြောင့်ဖြစ် သည်။ ထိုသူတို့သည် ဖြောင့်မတ်သူအဖြစ်ပင် စီရင်ခြင်း မခံရသေးဘဲ (သို့) ဒုတိယအကြိမ်မွေးဖွားခြင်းမခံရသေးသောဝိညာဉ်တော် သတင်းကောင်းကို မယုံကြည်သူများဖြစ်သည်ကို သိရသည်။ 
ထိုသို့ဆိုသော် ထိုသူတို့သည် သခင်ဘုရားအတွက် မည်သို့အလုပ် လုပ်နိုင်ပါမည်နည်း။ ဘုရားသခင်၏အလုပ်လုပ်ရန်အတွက် သင်သည် ပထ မဦးစွာပြုရမည့်အရာမှာ ရေနှင့်ဝိညာဉ်တော်သတင်းကောင်းအား ယုံကြည် ခြင်းဖြင့် သင်၏အပြစ်ခွင့်လွှတ်ခြင်းကို ပိုင်ဆိုင်ရန်ဖြစ်ကာ သန့်ရှင်းသော ဝိညာဉ်တော်သည် သင်၏နှလုံးသား၌ နေထိုင်ကြောင်း သေချာသိစေပြီး အသင်းတော်၌ နေရာတစ်ခုမယူမှီတွင် ဘုရားသခင်၏ နှုတ်ကပတ်တော် သမ္မာတရား၌ လုံလောက်စွာလေ့လာသင်ယူသင့်သည်။ 
ဘုရားသခင်သည်ကျမ်းစာအားဖြင့်ကျွန်ုပ်တို့အား မိန့်တော်မူ သည်မှာ သူ၏သမ္မာတရား၌ ယုံကြည်ကာ မှားယွင်းသောပရောဖက်များကို တိုက်ခိုက် အနိုင်ယူရမည်ဖြစ်သည်။ ရေနှင့်ဝိညာဉ်တော်သတင်းကောင်း အားဖြင့် ဒုတိယအကြိမ် မွေးဖွားခြင်းခံယူခြင်းသည် အရာတစ်ခုမျှမလုပ်ဘဲ ရရှိခဲ့ခြင်း မဟုတ်ပေ။ ထိုအရာသည် ရေနှင့်ဝိညာဉ်တော် သတင်းကောင်း၌ ယုံကြည်ခြင်း ဘုရားသခင်၏ဖြောင့်မတ်ခြင်း၌ အောင်မြင်ခြင်းအားဖြင့်ဖြစ် သည်။ ရှင်မဿဲခရစ်ဝင် ၁၁း၁၂ ၌ “ဗတ္တိဇံဆရာယောဟန်လက်ထက်မှ စ၍ ယခုတိုင် အောင်ကောင်းကင်နိုင်ငံတော်ကို အနိုင်အထက်ပြုကြ၏။ အနိုင်အထက်ပြုသောသူတို့သည်လည်းလုယူဝင်စားရကြ၏ဟုဆို၏။အနိုင် အထက်ပြုသော သူတို့သည် ကောင်းကင်နိုင်ငံတော်သို့ ဝင်ကြ၏ဆို၏။” ထိုဆိုလိုချက်မှာ မသမာမှုအပေါ် အနိုင်အထက်ပြုခြင်းကို ဆိုလိုပါသည်။ သင်သတိရ သင်သည်မှာ ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကို လက်ခံ ခြင်းအားဖြင့်သာ မှားယွင်းသောသင်ကြားခြင်းကို အောင်မြင်နိုင်ကာ ကယ် တင်ခြင်းရနိုင်ပြီး ထိုသို့ဖြစ်မှသာ သန့်ရှင်းသောဝိညာဉ်တော်သည် သင့်အ တွင်း ကိန်းဝပ်နိုင်မည် ဖြစ်သည်။ 
တစ်စုံတစ်ဦး၏ ပြည့်စုံသော ကယ်တင်ခြင်းသို့ရောက်ရန်မှာ ဤ ကမ္ဘာ၌မွေးဖွားသူတစ်ဦးတစ်ယောက်စီတိုင်းသည် မသာမာမှုအား ဘုရား သခင်၏သမ္မာတရားအားဖြင့် တိုက်ခိုက်အောင်မြင်ကျော်လွှားရမည်ဖြစ် သည်။ ဤကမ္ဘာကြီးသည် ဒုတိယအကြိမ်မွေးဖွား ခြင်းခံပြီးသူနှင့် မခံရ သေးသူသမ္မာတရား၏အားနှင့် သမ္မာတရားမဟုတ်သည့်အင်အားစုတိုက် ခိုက်ရာစစ် မြေပြင်ဖြစ်သည်။ ဤကမ္ဘာကြီးသည် စာတန်နှင့်ဘုရားသခင်၏ တိုက်ပွဲဖြစ်ရာနေရာဖြစ်လာခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် အာဒံနှင့်ဧဝ သည် ဘုရားသခင်၏အသက်ပေးခြင်းရခဲ့သော်လည်း နတ်ဆိုး၏လိမ်ညာ ခြင်းကိုဘုရားသခင်၏နှုတ်ကပတ်တော်ထက်ယုံကြည်ခြင်းဖြင့် အဆုံးသတ် သို့ ရောက်၏။
အထူးသဖြင့် ယနေ့ခေတ်သည် ပို၍အန္တရာယ်ရှိ၏။ စာတန်သည် သူ၏နေ့ရက်များ ရေတွက်ပြီးဖြစ်သည်ကိုသိလျှက် လူတို့အားရေနှင့်ဝိ ညာဉ်တော်သတင်းကောင်းကို ယုံကြည်ခြင်းမှကွယ်ကာရန် သူတို့အားမှား ယွင်းသောပရောဖက်၊ မှားယွင်းသောနိမိတ်လက္ခဏာနှင့် သန့်ရှင်းသောဝိ ညာဉ်တော်ဖြင့်လွှမ်းခြုံထားဟန်ဖြင့်မှားယွင်းသောအလုပ်များဖြင့် လိမ်ညာ ခဲ့ကြသည်။ “ဤအမှုသည် အံ့သြဖွယ်ဖြစ်သည်မဟုတ်။ စာတန်ပင်လျှင် လင်းသောကောင်းကင်တမန်ဖြစ်ယောင်ဆောင်တတ်၏။”(ကောရိနသုသြဝါဒစာဒုတိယစောင် ၁၁း၁၄) ဘာသာရေးပင်မကြီးပေါ် အောင်နိုင်ခြင်းဖြင့် စာတန်သည် ဖြောင့်မတ်သူတို့အားဆန့်ကျင်ပါသည်။ ဤခေတ်သည် လှည့်ဖြားမှုများကသမ္မာတရားအား လွှမ်းမိုးထားချိန်ရောက်နေ ပြီဖြစ်သော် လည်း နောက်ဆုံး၌ရေနှင့်ဝိညာဉ်တော် သတင်းကောင်းယုံကြည်သူတို့ သည်သမ္မာတရားမဟုတ်သည့် အရာများမှလွတ်မြောက်ခွင့်ရပြီး လုံးဝပင် အောင်မြင်မှုရမည် ဖြစ်သည်။
ကျွန်ုပ်တို့၏အပြစ်အားလုံးမှ ကယ်တင်ခြင်းရရန်တွက် ကျွန်ုပ် တို့သည်ရေနှင့်ဝိညာဉ်တော်သတင်းကောင်းကိုယုံကြည်ကာကျွန်ုပ်တို့သည် ခွင့် လွှတ်ခြင်းရရန်နေ့စဉ်နောင်တနှင့်ဆုတောင်းရမည် ဆိုသည့်မှားယွင်း သောသင်ကြားခြင်းမှရှောင်ရှားရမည်ဖြစ်သည်။ ဘုရားသခင် ကျွန်ုပ်တို့ အားကတိပေးထားသည်မှာ ထိုကဲ့သို့သော လှည့်ဖြားမှုအား သူ၏သမ္မာတ ရားဖြင့်အောင်နိုင်သူတို့သည်ဒုတိယသေခြင်း၏ဒုက္ခကို ခံရမည်မဟုတ် ပင် ဖြစ်သည်။ ဘုရားသခင်ရှေ့၌ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို ကာကွယ်ရန် တွက် စမုရနအသင်းတော်၏သန့်ရှင်းသူများကဲ့သို့ ကြိုးစားကြပါစို့ သို့မှသာ ကျွန်ုပ်တို့သည်လည်းသခင်ဘုရားအပေါ်သစ္စာရှိခြင်းအတွက်သူ့ထံမှချီးမွမ်း ခြင်းခံရမည်ဖြစ်သည်။